ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 1✰Edited

24.2K 1.7K 77
By Cora0411

Unicode

Chapter 1 : ဆောရီး ထပ်မချစ်တော့ဘူး

" သူဒီမှာဟေ့!"

" ရှူး! တိတ်တိတ်နေကြစမ်း!"

မွန်းလွဲ 4:30, အပြည်ပြည်ဆိုင်ရာမြို့တော်လေဆိပ်၏ VIPလိုင်းတွင်ဖြစ်သည်။

လက်နက်ကိုင်ဆောင်ထားတဲ့ ရဲအရာရှိအများအပြားက တိုးချဲ့ထားသောစောင့်ကြပ်မျဉ်းဘေးမှာ တန်းစီရပ်နေလျက်။ သူတို့အားလုံးက လက်နက်အပြည့်အစုံကိုင်ဆောင်ထားကြတာမို့ လူတွေပြည့်သိပ်နေတဲ့ လေဆိပ်ကြီးဟာ ပုံမှန်ထက်အများကြီးပိုတိတ်ဆိတ်နေ၏။

စောင့်ကြပ်မျဉ်းကနေ လုံးဝခွဲထုတ်ခံထားရတဲ့ဓာတ်ပုံဆရာတွေအပြင် တီဗီရုပ်သံလိုင်းအကြီးစားတွေမှ သတင်းတင်ဆက်သူတွေဖြစ်ပုံပေါ်တဲ့ ပရော်ဖက်ရှင်နယ်ကင်မရာတွေအား ကိုင်ဆောင်ထားသော ဝန်ထမ်းများစွာဟာလည်း အပြင်ဘက်၌ တိုးကြိတ်ပိတ်ဆို့နေလျက်ပင်။

ဖြစ်ရပ်ပွဲစဉ်ကို သတိမမူမိကြတဲ့ဖြတ်သွားဖြတ်လာအချို့ရှိနေဆဲဖြစ်ပြီး ၎င်းတို့က ဒီအခြေအနေအကြောင်းကို အနီးနားမှာရှိတဲ့ကိုယ်စားလှယ်တွေကိုမေးလိုက်ကြသည်
" ဘယ်ကြယ်ပွင့်က ဒီလောက်ကိန်းကြီးခန်းကြီးနဲ့ ရှိုးထုတ်နေရတာလဲ?"

ဝန်ထမ်းအများစုက သတင်းကိုကောင်းစွာသိထားပေမဲ့ ဘာမှမသိဘဲဒီအခြေအနေကို စိတ်ရှုပ်ထွေးနေကြတဲ့သူအချို့လည်းရှိသည်။

အတွင်းသတင်းအချို့ကိုသိတဲ့ တစ်စုံတစ်ယောက်က ဖြတ်သွားဖြတ်လာရဲ့မေးခွန်းကို ဖြေပေးလိုက်၏
" ကြယ်ပွင့်မဟုတ်ဘူး၊ ဒါပေမဲ့အဲ့ကြယ်ပွင့်ထက် ပိုကြီးတယ်! နိုင်ငံခြားမှာ သွားပြိုင်တဲ့ဂျီးနီးယပ်စ်ကောင်လေးလေ။ သူဒီနေ့တရုတ်ပြည်ကိုပြန်လာတာ!"

"...မင်းပြောနေတဲ့တစ်ယောက်က အရင်သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ အမေရိကန်နဲ့ဥရောပလူတွေ အကုန်လုံးကိုသိမ်းကျုံးအနိုင်ပိုင်းခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်က နိုင်ငံတကာစက်ရုပ်တီထွင်မှုပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နေခဲ့တဲ့သူလား? "

" ဟုတ်တယ် သူပဲ! သူ့နာမည်က ကျင်ရွှင်လေ!"

"ငါအရင်နှစ်ရက်က သတင်းမကြည့်ဖြစ်လိုက်ဘူး အဲ့ဒါဘယ်လိုဖြစ်သွားလဲ? သူနိုင်သွားလား?"

" ကျိန်းသေပေါက် သူနိုင်သွားတာပေါ့"

" သူရွှေတံဆိပ်ဆုကို ရခဲ့တာလေ၊ အဲ့မှာသားနားနားနားထည်ထည်ဝါဝါ ကြိုဆိုနေတာကိုပဲကြည့်လိုက်!"

ဆွေးနွေးနေစဉ်မှာပဲ ရှည်လျားတဲ့စောင့်ကြပ်လိုင်းနှစ်ခုကြားတွင် လူတစ်စုပေါ်ထွက်လာသည်။

အဖွဲ့ထဲမှာ လူငယ်အများအပြားပါဝင်ပြီး ရှေ့ကနေဦးဆောင်လျှောက်နေတဲ့တစ်ယောက်က ကြယ်အသင်္ချေဝန်းရံခြင်းခံထားရသော လမင်းလေးလိုဖြစ်နေကာ အနက်ရောင်ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားတဲ့လူငယ်လေးတစ်ယောက်ပင်။

လူငယ်လေးရဲ့အသွင်အပြင်က အရမ်းကိုထင်ရှား၏။ သူထွက်ပေါ်လာတဲ့ အခိုက်အတန့်မှာ TVရုပ်သံလိုင်းတင်ဆက်သူတွေရော စောင့်ကြပ်နေကြတဲ့ အရာရှိတွေပါ စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာကြသည်။

နိုင်ငံ့အဆင့် ဂျီးနီးယပ်စ်တစ်ယောက်အနေနဲ့ ကျင်ရွှင်ဟာ ဆယ့်ငါးနှစ်အရွယ်တည်းက နိုင်ငံအတွက်ပြိုင်ပွဲဝင်နေခဲ့တာပင်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း ပြိုင်ပွဲဆယ်ပွဲအထက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲက သေးငယ်သည်ဖြစ်စေ ကြီးမားသည်ဖြစ်စေ သူတစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးပေ။

သူက သတင်းတွေထဲမှာမကြာခဏပါလာတတ်တာကြောင့် လက်ရှိဖြစ်ပျက်နေတဲ့ကိစ္စတွေကို အာရုံထားတတ်သူတိုင်း သူ့ကိုကောင်းစွာသိကြ၏။

ဒါ့အပြင် အားနည်းနုနယ်နေတဲ့သူ့ခန္ဓာကိုယ်နဲ့ သိမ်မွေ့နူးညံ့တဲ့မျက်နှာအစိတ်အပိုင်းတွေကလည်း နက်ရှိုင်းတဲ့ထင်မြင်မှုကို စွဲကျန်ရစ်စေသည်။

__ဒီတစ်ခေါက်မှာ သူ့ပါးပြင်က ဦးထုပ်အနားကြောင့် တစ်ဝက်လောက်ဖုံးခံထားရသလိုဖြစ်နေပေမဲ့ ရှည်လျားသွယ်လျတဲ့နှာတံလေးနဲ့ ပါးလျတဲ့နှုတ်ခမ်းလေးကနေတစ်ဆင့် ကောင်လေးရဲ့မျက်နှာအစိတ်အပိုင်းတွေက အတော်လေးကိုချောမောကြောင်း အကဲဖြတ်နိုင်ပေသည်။

သို့ရာတွင် ဒီအလှလေးမှာ ချို့ယွင်းချက်တစ်ခုရှိနေသည်၊ သူကအရမ်းပိန်လွန်းနေတယ်

သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ရေပန်းစားလူကြိုက်များ အားကစားဝတ်စုံဟာ သူ့ရဲ့ပိန်ပါးလှတဲ့ပုံရိပ်လေးကို လုံလုံလောက်လောက်ဖော်ပြနေတာကြောင့် သူ့ကြည့်ရတာအရမ်းကိုပိန်လွန်းနေသည်။

သင်္ချာအိုလံပစ်နဲ့ ကွန်ပျူတာပရိုဂရမ်ရေးဆွဲပြိုင်ပွဲတွေက ဦးနှောက်သုံးရတဲ့အရာတွေလို့ ပြောလို့ရပေသည်။

၎င်းက သာမန်လူတွေလုပ်နိုင်တဲ့ အရာမျိုးမဟုတ်ပေ။

ချီးမွမ်းသံတွေနဲ့ လက်ခုပ်သြဘာသံတွေက တစ်ချိန်တည်းမှာပေါ်ထွက်လာကာ မရေမတွက်နိုင်တဲ့မိုက်ခရိုဖုန်းတွေကိုလည်း ကမ်းလှမ်းလာကြသည်။

" မတွန်းကြပါနဲ့!" ငြိမ်သက်အောင်ထိန်းသိမ်းရန် တာဝန်ရှိသောဝန်ထမ်းက ထပ်မံအော်ရပြန်၏။ မရေမတွက်နိုင်တဲ့ လက်နက်ကိုင်ရဲတွေက ချက်ချင်း လှုပ်ရှားတော့သည်။

အတိတ်မှာတုန်းက ဒီလောက်ထိ တိုးကြိတ်ကာပရမ်းပတာမဖြစ်ဖူးပေ။

သို့သော်ငြားလည်း ဒါက အောင်ပွဲခံပြီး အိမ်ကိုပြန်လာတဲ့ဂျီးနီးယပ်စ်တစ်ယောက်မို့ ဒီလိုစိတ်အားထက်သန်မှုမျိုးက သာမန်ပင်ဖြစ်လေသည်။

သို့ပေမဲ့ ကောင်လေးက သိမ်မွေ့ပြီးယဉ်ကျေးတဲ့ပုံစံမျိုးဆိုတာရှင်းလင်းလှသည် သူကရှိုးထုတ်တာလည်းမရှိသလို အထက်စီးဆန်တာမျိုးလည်းမရှိလေဘူး။

မိုက်ခရိုဖုန်းနဲ့ကင်မရာတွေက သူ့မျက်နှာကိုထိုးမိလုနီးပါးဖြစ်နေပေမဲ့ သူ့မျက်နှာမှာ ဒေါသအရိပ်အယောင် တစ်စိုးတစ်စိမျှပေါ်မလာခဲ့ချေ။ သူ့ရဲ့လှစ်ဟနေတဲ့ပါးပြင်က သွေးမရှိသလို ဖြူဖျော့နေသော်ငြား သူကအပြုံးလေးကို ဆင်မြန်းကာ သတင်းထောက်တွေရဲ့မေးခွန်းအချို့ကို ဖြေပေးနေဆဲပင်။

***

ကားထဲတွင် ကျင်ရွှင်ကထိုင်ခုံကိုမှီကာ ဖြည်းညင်းစွာအသက်ရှူနေ၏။

အောက်တိုဘာရောက်နေပြီ ဖြစ်ပေမဲ့ ကျင်ရွှင့်နဖူးပြင်ပေါ်မှာတော့ ချွေးတစ်လွှာစီဆင်းလို့နေသည်။

သူအေးနေသည်။ ၎င်းကချွေးစေးတွေပင်။

သူ ဘေ့စ်ဘောဦးထုပ်ချွတ်လိုက်ကာ သူ့နဖူးပေါ်က ချွေးတွေကို တစ်ရှူးဖြင့်သုတ်လိုက်၏။

အဲ့လိုလုပ်လိုက်တာကြောင့် သူ့ရဲ့ချောမောတဲ့မျက်နှာအသွင်အပြင်က လုံးဝကိုပေါ်ထွက်လာ၏ မျက်နှာကောက်ကြောင်းက ပြီးပြည့်စုံလုနီးပါးဖြစ်ကာ အသားအရေက နှင်းလွှမ်းနေသလိုမျိုး ဖြူဖွေးနေလျက်၊ အထင်ရှားဆုံးအင်္ဂါရပ်ကတော့ ညာဘက်မျက်လုံးထောင့်မှာရှိနေတဲ့ နူးနူးညံ့ညံ့မျက်ရည်ခံမှဲ့လေးပင်။

ဖြူဖျော့ဖျော့သူ့နှုတ်ခမ်းပါးက သူ့အားလွန်စွာအားနည်းပုံပေါ်စေပြီး ရှေးခတ်ကဗျာတွေထဲမှ နုနယ်သိမ်မွေ့တဲ့မိုးမခပင်လို အလှလေးနဲ့ အများကြီးတူစေသည်။

သူနဲ့ကားတူတူစီးလာတဲ့စီနီယာသုံးယောက်က စိုးရိမ်လာရပြီး
" ဂျူနီယာ မင်းအဆင်ပြေရဲ့လား? နည်းနည်းလောက်သည်းခံထားနော် မင်းမကြာခင်နားရတော့မှာပါ!"

ကျင်ရွှင်က ကလေးဘဝတည်းက ကျန်းမာရေးချူချာလှသည်။

သူကအသက်သုံးခါမရှူဘဲ ခြေတစ်လှမ်းမလှမ်းနိုင်တဲ့သူမျိုးပင်။

ဦးနှောက်ကိုအသုံးပြုရတဲ့ နောက်ဆုံးပွဲစဉ်တစ်သီတစ်တန်းကြီးပြီးဆုံးသွားပြီးနောက် တရုတ်ပြည်ကိုပြန်လာဖို့ သူဆယ်နာရီကျော်လေယာဉ်စီးခဲ့ရတာမို့ နုနယ်တဲ့သူ့ခန္ဓာကိုယ်က သဘာဝကျကျပင် ပင်ပန်းနွမ်းနယ်နေလေပြီ။

စီနီယာတွေက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သတိထားနေကြရပြီး သူက နိုင်ငံတော်ရဲ့အထူးဂရုစိုက်မှုအောက်မှာ ကြီးပြင်းလာတဲ့မိဘမဲ့မှန်းလည်း သူတို့သိကြ၏။ သူပြိုင်ပွဲကို ပြင်းပြင်းထန်ထန်ဝင်ပြိုင်ရတဲ့ အကြောင်းအရင်းက ကြင်နာမှုကို ပြန်ပေးဆပ်ချင်ရုံပင်...

အဲ့ဒီအတွေ့အကြုံက သူ့ကို သူတို့ရဲ့နှလုံးသားအောက်ခြေကနေ ဂရုစိုက်ပေးချင်လာအောင် ပြုလုပ်ပေးနေသည်။

ဒါကို မဆိုထားနှင့်ဦး။ သူတို့က တစ်နိုင်ငံလုံးကိုယ်စားပြုရွေးချယ်ခံထားရတဲ့ ထိပ်တန်းကိုယ်စားလှယ်တွေဖြစ်ပေမဲ့ သူတို့အားလုံးက ကျင်ရွှင်ထက်အသက်အများကြီးပိုကြီးတဲ့ PhDကျောင်းသားတွေဖြစ်သည်။

သို့သော် ကျွမ်းကျွင်နယ်ပယ်မှာတော့ သူတို့တွေက ကျင်ရွှင်လောက်မတော်ကြပေ။

ဒီAIစက်ရုပ်ပြိုင်ပွဲကိုပဲ ဥပမာအနေနဲ့ယူကြည့်လိုက်ပါ၊ systemအသစ်တစ်ခုနဲ့ firewallအသစ်တစ်ခုကို ကြိုတင်တည်ဆောက်ဖို့ ကျင်ရွှင်ရဲ့အချက်အလက်စုဆောင်းမှုကြောင့်သာ မဟုတ်ခဲ့ရင် သူတို့က ချန်ပီယံဆုကိုလွဲချော်နိုင်သည်။

ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်လှပပြီး ထိလိုက်တာနဲ့ ကွဲကြေသွားမလိုဖြစ်နေသော်ငြား မလျှော့သောဇွဲနဲ့ ကြိုးစားတတ်တဲ့ ဒီကျောင်းသားအရွယ်ကောင်ငယ်လေးနှင့် ဆုံတွေ့မှတော့ သူ့ကိုဂရုမစိုက်ပေးချင်တဲ့သူ ဘယ်သူရှိမှာလဲ?

စီနီယာ1: " မကြောက်နဲ့နော် အားရွှင် ငါတို့နားတဲ့နေရာကို ခဏလေးနေရင်ရောက်တော့မှာ...ဟားဟားဟား၊ ငါမင်းကို စိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုအကြောင်းပြောပြမယ်။ ငါအခုလေးတင်အဲ့ဝတ္ထုကိုလေယာဉ်ပေါ်မှာ ဖတ်လာတာ၊ အဲ့ထဲက ဇာတ်ဆောင်နာမည်က မင်းနဲ့တော်တော်ဆင်တယ်!"

စကားပြောနေရင်းမှာပဲ စီနီယာ1က စာအုပ်တစ်အုပ်ကိုထုတ်ယူလိုက်သည်။ ဒါကိုကြားလိုက်ရတဲ့အချိန် စီနီယာ2က ဘဝင်မကျဘဲ
" မင်းဘယ်လိုဇာတ်ရှုပ်တဲ့ဟာတွေကို ဖတ်ထားတာလဲ? အဲ့ဒါက အားရွှင်ကိုလွှမ်းမိုးသွားမှာကို ငါတို့ဘယ်လိုခွင့်ပြုရမှာလဲ..."

သူ့စကားတစ်ဝက်ပဲရှိသေး ကျင်ရွှင်ရဲ့ လိပ်ပြာတောင်ပံခတ်နေသလိုမျိုး မျက်တောင်ရှည်ကြီးတွေနဲ့ တောက်ပတဲ့မျက်လုံးတို့ကိုမြင်လိုက်ရတော့ သူရုတ်ခြည်းဆက်ပြောမထွက်တော့ဘူး။

" အစ်ကိုဖေ အဲ့ဒါဘာဝတ္ထုလဲ?" ကျင်ရွှင်က သိလိုစိတ်အပြည့်နှင့်မေးလိုက်သည်။

သူကမီဒီယာတွေရှေ့မှာ အရမ်းယဉ်ကျေးပေမဲ့လည်း သူကအမြဲပြိုင်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုသာလျှင် ရွေးဖြေခဲ့တာဖြစ်သည်။ အခြား မသက်ဆိုင်တဲ့ဘယ်အရာကိုမှ မဖြေခဲ့ဘူး။ ၎င်းက ဖြောင့်မတ်ပြီးတော့ သန့်စင်တယ်လို့ခံစားရစေကာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းကျန်ခဲ့တဲ့ အစွန်းအထင်းမရှိသော နတ်သူငယ်လေးလိုပင်။

သို့ပေမဲ့ သူ့ဆရာလိုမျိုး သူနဲ့ရင်းနှီးတဲ့သူတွေကတော့ ကျင်ရွှင်ဟာတကယ်တော့ အရာရာတိုင်းကို အရမ်းစူးစမ်းချင်စိတ်များမှန်း သိကြသည်။ သို့သော် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ စွမ်းအားပြတ်လပ်မှုကြောင့် သူ့ရဲ့အတတ်ပညာဆိုင်ရာ သင်ရိုးကလွဲပြီး အခြားအရာတွေကို သိမြင် တွေ့ကြုံနိုင်ဖို့ အချိန်မရှိလေဘူး။

ဒါကြောင့်မို့ စီနီယာတွေက အမြဲတမ်းလိုလို အပြင်ဘက်ကမ္ဘာအကြောင်းကို ကျင်ရွှင်ရှေ့မှာ ပြသခြင်းအားရှောင်ရှားကြသည်။

သို့တစေ ဒီတစ်ကြိမ်မှာတော့ စီနီယာတွေက အဲ့ဒါကိုအနည်းငယ်ဝမ်းနည်းနေကြသည်။

ဒီစာအုပ်က အခုခေတ်အွန်လိုင်းစာပေစတိုင် ဇာတ်ကြောင်းမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ထုတ်ဝေခဲ့တဲ့ အညှီအဟောက်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ကျင်ရွှင်နဲ့နာမည်ဆင်တဲ့ ဇာတ်ဆောင်က ဇာတ်လမ်းတစ်ပုဒ်လုံး စိတ်ပျက်ဖွယ်ခံစားခဲ့ရပြီး ဇာတ်သိမ်းကတော့ပိုလို့တောင် စိတ်ဓာတ်ကျစရာပင်။

ယေဘုယျကျကျပြောရရင်တော့ ဒီဟာက အထူးသဖြင့် လူမှုအသိုင်းအဝိုင်းပေါ်မှာ လက်စားချေပုံရတဲ့ ဝတ္ထုတစ်ပုဒ်ပင်။

"အဆင်ပြေပါတယ်" ကျင်ရွှင်က သူ့ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး သူ့ရဲ့ဖြူဖျော့တဲ့နှုတ်ခမ်းထောင့်လေးက အားနည်းတဲ့အပြုံးလေးကို လှစ်ဟပြနေပေမဲ့ သူ့မျက်လုံးတွေကတော့ တောက်ပနေခဲ့သည်။
" ကျွန်တော် နားထောင်ချင်တယ်"

"ကောင်းပြီ ဒီဟာကို...မင်းရဲ့စူးစမ်းချင်စိတ်ကို ကျေနပ်စေတယ်လို့ပဲ သဘောထားပေါ့!"

စီနီယာဖေက ကျင်ရွှင်ရဲ့မျက်လုံးထဲက တောက်ပမှုကို ခံနိုင်ရည်မရှိပေ။ သူ့ကို မကျေမနပ်ဖြစ်နေတဲ့စီနီယာ2ကို တစ်ချက်ကြည့်လိုက်ပြီး ကျင်ရွှင်ကို ဝတ္ထုထဲက ဇာတ်လမ်းအကြောင်းစတင်ပြောပြလိုက်သည်။

သိသိသာသာကိုပဲ စီနီယာဖေကအလွန်ကိုစကားပြောကောင်း၏။

ကျင်ရွှင်ရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းမှုကြောင့် သူကအချိန်အများစုမှာ သူ့မျက်လုံးတွေကိုပိတ်ကာ အနားယူနေရုံသာတတ်နိုင်ပေသည်။ တကယ်လို့ စီနီယာတွေက သူ့ကို"အချက်အလက်တွေဝေမျှ"ချင်ရင် သူတို့ကိုယ်တိုင် သူတို့ပါးစပ်နဲ့ပြောမှရပေသည်။

အဲ့ဒါကြောင့် အစကစကားပြောအဆင်မပြေတဲ့သူတွေတောင် လပေါင်းများစွာလေ့ကျင့်ပြီးနောက် စကားပြောကောင်းလာကြ၏။

စီနီယာတွေက တမင်သူ့ကိုချော့နေမှန်းကျင်ရွှင်သိတာမို့ သူအခုချိန်မှာမသက်မသာခံစားနေရတာတောင် သူကစိတ်ဝင်စားမှုပြကာ စူးစိုက်မှုအပြည့်နဲ့ နားထောင်နေဆဲပင်။

ထုံးစံအတိုင်း သူ့မျက်လုံးတွေက ခပ်ရေးရေးမှိတ်ထားလျက်ပေါ့။

အမှောင်ထဲမှာ စီနီယာဖေက ဇာတ်လမ်းအကြောင်းပြောပြီးနောက် စီနီယာ2ရဲ့ ဒေါသတကြီးမေးလာသံကိုကြားလိုက်ရသည်
" gongက ဆန်ကုန်မြေလေးကောင်ပဲ၊ သူတို့ဘယ်လိုလုပ် HE ဖြစ်နိုင်မှာလဲ?!"

" ဒါက HEမဟုတ်ဘူး။ အဆုံးမှာတော့ ဆန်ကုန်မြေလေးgongနဲ့ သူ့နောက်လိုက်တွေက ဗီလိန်ရဲ့သုတ်သင်ခြင်းခံလိုက်ရတယ်" စီနီယာဖေက အူကြောင်ကြောင်နဲ့ပြန်ဖြေမိပြီးနောက် ပြန်တုံ့ပြန်လာကာ စတင်ပူညံပူညံလုပ်တော့သည်။
" ဒါကHEလို့မင်းကိုဘယ်သူပြောလဲ? ဒါကသာHEဖြစ်နိုင်ရင် စာရေးဆရာက ဓားသွားအောက်မှာလည်စင်းခံနေရမယ်!"

စီနီယာ2ရဲ့ အဟုန်ကအားနည်းသွားကာ
" ငါတောင်းပန်ပါတယ်၊ ဒါကစာအုပ်အဟောင်းတစ်ခုဆိုတာ ငါမေ့သွားတယ်။ ငါထင်လိုက်တာက အခုခေတ်အွန်လိုင်းဝတ္ထုတွေလို့..."

စီနီယာဖေ : " စတိုင်က မတူဘူး"

စီနီယာ2 : "..."

ဒီအချိန်မှာ ကျင်ရွှင်လေးတွဲစွာအသက်ရှူနေရပေမဲ့ စီနီယာနှစ်ယောက်ရဲ့စကားများနေမှုကြောင့် သူ့နှုတ်ခမ်းဖျားလေးတွေက ကော့တက်နေဆဲပင်။ ဒီလိုပေါ့ပါပြီး သက်ဝင်နေတဲ့လေထုအခြေအနေမျိုးကို သူကြိုက်သည်။ဒါကသူ့ကို အသက်ရှင်နေတယ်လို့ခံစားရစေသည်။ မရည်ရွယ်ပါဘဲ သူ့ရဲ့ပုစဉ်းရင်ကွဲသဏ္ဍာန်မျက်ခွံလေးက တုန်ယင်သွားကာ သူ့မသိစိတ်ကလည်း စတင်နစ်မြုပ်သွား၏။

အဲ့နောက် စီနီယာအစ်ကိုရဲ့ဇာတ်ကြောင်းကို ပြန်ပြောပြနေတဲ့အသံကြားမှာ အိပ်မောကျသွားသည်။ ထုံးစံအတိုင်း သူသတိလစ်သွားခဲ့ရုံပဲဖြစ်နိုင်ပါသည်။ သို့သော်ငြား သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အချိန် အရာအားလုံးကပြောင်းလဲသွားခဲ့ပြီ။

" ကြည့်စမ်း! တစ်စုံတစ်ယောက်က အဆောက်အအုံပေါ်ကနေခုန်ချတော့မယ်!"

သူနဲ့အရမ်းကိုနီးကပ်နေတဲ့ စူးရှသောအသံကြောင့် ကျင်ရွှင်လန့်ဖျပ်သွားပြီး သူ့မျက်ခွံတွေကို ဖွင့်ဖို့တွန်းအားပေးလိုက်ရသည်။ သူ့မျက်လုံးတွေပွင့်သွားတဲ့အချိန် မမျှော်လင့်ထားစွာပဲ သူကဒုတိယထပ်ရဲ့အမိုးပေါ်မှာရပ်နေတာကို တွေ့လိုက်ရ၏။

ကောင်းကင်ယံမှာ မုန်တိုင်းတစ်ခုကိုအစပျိုးနေသည်။ ညလေညင်းက အနည်းငယ်အေးနေပြီး ကျင်ရွှင်ရဲ့ပိန်ပိန်ပါးပါးကိုယ်ခန္ဓာကလည်း လေနှင်ရာလွင့်နေလျက်ပင်။

ရှေ့ကိုတစ်လှမ်းတိုးလိုက်ရင်ပဲဖြစ်ဖြစ် ရှေ့ကိုနည်းနည်းလောက်ယိုင်သွားရင်ပဲဖြစ်ဖြစ် သူဒီနေရာကနေတိုက်ရိုက်ပြုတ်ကျသွားမှာပင်။
......

ကျင်ရွှင်က အမြင့်မကြောက်ပေမဲ့ အနောက်ကိုတော့ပြန်ဆုတ်လိုက်၏။

ဘာလို့လဲဆိုတော့ ဒါကမဖြစ်နိုင်လို့ပဲ၊

ဒီအခြေအနေကြီးက ဖြစ်နိုင်ချေမရှိဘူး။

သူ့ရဲ့ပျက်စီးနေတဲ့ခန္ဓာကိုယ်က လေဒဏ်ကိုလုံးဝမတောင့်ခံနိုင်တာမို့ ဒီလိုနေရာကိုသူ့တစ်ယောက်တည်း လာခွင့်ပြုမှာကိုတော့ထားလိုက်တော့ပေါ့၊ ဒီလိုခေါင်မိုးထပ်ကို သူ့ကိုလုံးဝလာခွင့်ပြုမှာမဟုတ်ဘူး။

ဒါဆို ဒါကဘယ်လိုဖြစ်လို့...

" ငါယွမ်တစ်ရာလောင်းတယ်၊ သူခုန်ချမှာမဟုတ်ဘူး"

ဒါကခေါင်မိုးထပ်ပေမဲ့ ကျင်ရွှင့်ပတ်ဝန်းကျင်က မမျှော်လင့်ထားစွာပဲ ဗလာကျင်းမနေဘူး။

ဖီလာအားဖြင့် ပတ်ပတ်လည်မှာလူတွေရှိနေသည်။

ကောင်လေးအချို့နဲ့ ကောင်မလေးအချို့က သူတို့ရဲ့မိုဘိုင်းဖုန်းတွေကိုကိုင်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့သူ့ကိုရိုက်ကူးနေကြ၏။

"ဟီးဟီး မင်းတော့ရှုံးတော့မယ်၊ ယန်ကျင်ရွှင်က ငါတို့ရဲ့အာ့ရှောက်ရယ်ကို သေမတတ်ချစ်နေတာကို မသိတဲ့သူဘယ်သူရှိလို့လဲ? အဲ့တော့သူ့ရဲ့ခံစားချက်တွေကို သက်သေပြဖို့ ဒုတိယထပ်ကနေခုန်ချတာက မပြောပလောက်ပါဘူး ဟုတ်တယ်မလား? သူအခုချက်ချင်း ခုန်ချမယ်လို့ငါလောင်းတယ်! သူမခုန်ချဘူးဆိုရင် ငါဇောက်ထိုးနေပြီး ချီးစားပြမယ်!"

[Er shao ye/ Er shao - အာ့ရှောက်ရယ် / အာ့ရှောက် = ဒုတိယသခင်လေး]

ထိုလူကအဲ့စကားကို အလွန်ကျယ်ကျယ်လောင်လောင်ပြောလိုက်တာက တစ်ဖက်လူကို ကိုယ့်ကိုကိုယ်သတ်သေအောင် တမင်သက်သက်လှုံ့ဆော်ပေးနေသလိုပင်။

ကျင်ရွှင်မျက်မှောင်ကြုတ်ကာ သိပ်မဝေးတဲ့နေရာက စကားပြောနေတဲ့လူငယ်အနည်းစုကို ကြည့်ဖို့ရန်တစ်ဖက်ကိုလှည့်လိုက်သည်။

တစ်စုံတစ်ယောက်ရဲ့ဘဝကို ပြက်လုံးအနေနဲ့ယူဆနေကြတဲ့ ဒီလိုအပြုအမူမျိုးကို သူမနှစ်ခြိုက်လေဘူး။

ဒါပေမဲ့တစ်ချိန်တည်းမှာပဲ ဘာတွေဖြစ်ပျက်နေမှန်း သူအကြမ်းဖျင်းနားလည်သွားလေပြီ။

__စီနီယာအခုလေးတင် သူ့ကိုပြောပြနေတဲ့ဝတ္ထုထဲက အဓိကဇာတ်ဆောင်ကို ယန်ကျင်ရွှင်လို့ခေါ်တယ်။
ပြီးတော့ ဇာတ်လိုက်gongက ချမ်းသာတဲ့ဒုတိယမျိုးဆက်လည်းဖြစ်၊ သူ့မိသားစုမှာလည်း ဒုတိယသားဖြစ်တာမို့ သူ့ကိုတခြားသူတွေက ရံဖန်ရံခါ အာ့ရှောက်ရယ်လို့ခေါ်ကြတယ်

...............

သူက စာအုပ်ထဲကူးပြောင်းသွားပြီးတော့ သူနဲ့နာမည်ဆင်တဲ့ ဇာတ်ဆောင်Shou ယန်ကျင်ရွှင်ဖြစ်လာတာပဲ။

ဒီလိုသိပ္ပံနည်းမကျတဲ့အရာက ဘယ်လိုဖြစ်ပျက်သွားမှန်း ကျင်ရွှင်လည်းနားမလည်လေဘူး။

သို့ရာတွင် စီနီယာဖေရဲ့ညက်ညောတဲ့အသံက အဲ့အခိုက်အတန့်မှာ သူ့စိတ်ထဲမြည်ဟီးလာသည် __

" All for love"က စံပြဆန်ကုန်မြေလေးဝတ္ထုတစ်ပုဒ်ပင်။ အကျဉ်းချုပ်ရရင် ဆန်ကုန်မြေလေးgongက shouကို အကြိမ်ထောင်သောင်းမက အနိုင်ကျင့်စော်ကားခဲ့ပေမဲ့ အချစ်ဦးလိုဆက်ဆံနေတုန်းပဲ။

ပထမအပိုင်းအနည်းငယ်က သာမန်ဖြစ်ဆဲပင်: အချို့သောအကြောင်းအရင်းတွေကြောင့် ဆင်းရဲဟန်ဆောင်ထားတဲ့ဆန်ကုန်မြေလေးgongက ကျောင်းမှာလှပတင့်တယ်တဲ့စီနီယာတစ်ယောက်နဲ့ ဆုံခဲ့သည်။ အဲ့နောက်တော့ သူကအချစ်ကိုဟန်ရေးပြပြီး အဲ့စီနီယာနောက်ကို အရိုင်းဆန်စွာစတင်လိုက်ပိုးတော့သည်။

သို့ပေမဲ့ အဓိကဇာတ်ဆောင်shouဖြစ်တဲ့ စီနီယာက gongကြောင့် ရင်ထဲလှုပ်ခတ်သွားပြီးနောက်မှာ ဇာတ်လမ်းက ဆိုးရွားတဲ့အလှည့်အပြောင်းကို စတင်တော့သည်။ စာရေးဆရာက ဆန်ကုန်မြေလေးgongက shouကို ဘယ်လောက်တောင်မမြတ်နိုးကြောင်းကို ဖော်ပြဖို့ သုံးနိုင်သမျှ စကားလုံးကြွယ်ဝစွာသုံးခဲ့သလို shouကခံစားချက်နဲ့ပတ်သက်ပြီး ဘယ်လိုခေါင်းမာကာ ဇွဲကောင်းပုံကိုလည်းဖော်ပြခဲ့သည်။

ပြီးတော့ အခုကျင်ရွှင်ရောက်လာတဲ့အဖြစ်အပျက်က ဆန်ကုန်မြေလေးgongက စတင်ပြီးပျင်းရိသလိုခံစားလာကာ shouရဲ့ရှေ့မှာ ဆင်းရဲသလိုဟန်ဆောင်ရတာကို ငြီးငွေ့နေတဲ့ ဇာတ်အိမ်ဖြစ်လိမ့်မည်။ ဒီမတိုင်ခင်က သူ့ရဲ့ဟန်ဆောင်မှုတွေကိုရော ကျိုးကြောင်းမဆီလျော်တဲ့ အရူးအမူးဖြစ်မှုတွေကိုရော သူအကုန်ခွာချခဲ့တယ်--

ပေါ့ပြက်ပြက်gongက shouအပေါ် ခံစားချက်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုကို စတင်လုပ်ဆောင်နေခဲ့ပြီး ဘားမှာသူ့သူငယ်ချင်းတွေနဲ့ ကစားရင်ကစား မဟုတ်ရင်လျှောက်လည်ပတ်နေတတ်သည်။ Shouက အဲ့ဒါကို လျစ်လျူမရှုရက်နိုင်တာမို့ ဒီကနေ့သတ္တိမွေးကာ ဆန်ကုန်မြေလေးgongကို လာရှာခဲ့ပေမဲ့ တစ်ဖက်လူက သူ့ကိုလူတိုင်းရဲ့ရှေ့မှောက်မှာ လမ်းခွဲချင်ခဲ့သည်။

ပြီးနောက်ဆန်ကုန်မြေလေးgongရဲ့ သူငယ်ချင်းတစ်သိုက်က သူ့ကိုဖိအားပေးကာ လှောင်ပြောင်သရော်ခဲ့ကြ၏။

ပြီးခဲ့တဲ့အဖြစ်အပျက်ကို ဆန်ကုန်မြေလေးgongက လူပုံအလယ် ၊ သူ့သူငယ်ချင်းတွေရဲ့အရှေ့မှာ ပြုလုပ်ခဲ့တာမို့ သူ့သူငယ်ချင်းတွေရဲ့မျက်လုံးထဲမှာ ယန်ကျင်ရွှင်က " အရှက်မရှိတဲ့ အောက်တန်းစားပစ္စည်း"၊ " ဒုတိယသခင်လေးရဲ့ရှေ့မှာဆို ဂုဏ်သိက္ခာမရှိ၊ အောက်ခြေစည်းမရှိတဲ့ခွေးတစ်ကောင်" ဖြစ်လာခဲ့သည်။

ဆန်ကုန်မြေလေးgongနဲ့ မဆုံခင်က အဓိကဇာတ်ဆောင်shouဟာ သူ့မျက်နှာကိုတန်ဖိုးထားပြီး ဂုဏ်သိက္ခာကို အမြတ်နိုးဆုံးဖြစ်တဲ့ ဒီတိုင်းဆင်းရဲရိုးသားတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယောက်ဖြစ်တာမို့ ရလဒ်အနေနဲ့ သူကဒီလိုမျိုးလှောင်ပြောင်မှုတွေကို ဘယ်လိုများတောင့်ခံနိုင်မှာလဲ?

ဒါ့အပြင် သူကြိုက်ခဲ့တဲ့လူရဲ့သူငယ်ချင်းတွေက သူ့ကိုလှောင်ပြောင်နေတာကို သူကြိုက်တဲ့သူက တမင်သက်သက်လျစ်လျူရှုကာ ကြည့်နေတယ်ဆိုတဲ့အချက်က မူလကိုယ်ကို ဆန်ကုန်မြေလေးgongရဲ့ ရုတ်ခြည်းအပြောင်းအလဲတွေကြောင့် ရှော့ခ်ရသွားစေသည်။ သူ့စိတ်က အမှန်ကိုရောက်ယက်ခတ်နေကာ ခေါင်မိုးစွန်းဆီကို တည့်တည့်မတ်မတ်လျှောက်သွားတော့၏။

ကျင်ရွှင်နောက်ပိုင်းဇာတ်ကြောင်းကို သတိရသွားသည်။

ဆန်ကုန်မြေလေးgongရဲ့ သူငယ်ချင်းတစ်စုက ဒီဇာတ်ကောင်နောက်ကိုလိုက်ကာ သူ့ကိုဆက်လက်ပြီးလှောင်ပြောင်ခဲ့ကြသည်။ သူက ၎င်းကိုအမှန်တကယ် တောင့်ခံနိုင်စွမ်းမရှိတော့တာကြောင့် တကယ်ပဲခုန်ချခဲ့သည်။

ကံကောင်းထောက်မစွာနဲ့ ဘားက နှစ်ထပ်ပဲရှိသည်။ ခုန်ချလိုက်တဲ့ ယန်ကျင်ရွှင်က လက်မောင်းကျိုးသွားခဲ့ပေမဲ့ အသက်အန္တရာယ်တော့မရှိခဲ့ဘူး။

သို့သော်ငြား တစ်စုံတစ်ယောက်က ရှန်မိသားစုရဲ့ အာ့ရှောက်ရယ်အတွက် အဆောက်အအုံပေါ်ကနေ ခုန်ချခဲ့တယ်ဆိုတဲ့သတင်းဟာ ချမ်းသာတဲ့ဒုတိယမျိုးဆက်အသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့သည်။

အဲ့နောက် ကျင်ရွှင်က ရှန်ပေါ်ဟန်ကို အရမ်းကိုချစ်တာမို့ သူ့ကိုယ်ပိုင်ဘဝကိုတောင်အရေးမထားဘူးဆိုပြီး လူတိုင်းကသိကုန်ကြသည်။

အဲ့တည်းက ယန်ကျင်ရွှင်က Dragonမြို့တော်မှာ လူသိများသောဈေးပေါတဲ့shouတစ်ယောက်ဖြစ်လာသည်။

ဒါက ဆန်ကုန်မြေလေးgongကြိုးကိုင်ခြယ်လှယ်ခဲ့တဲ့ ပထမဆုံးခြေလှမ်းဖြစ်ပြီး မူလကိုယ်က ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ နှိပ်စက်ညှဉ်းပန်းခံခဲ့ရ၏။

......

" ဟေး ယန်ကျင်ရွှင် မင်းခုန်ချမှာလား မခုန်ချဘူးလား?"

" သူခုန်ချရဲမယ်လို့ မင်းတကယ်ထင်နေတာလား? သူကအာ့ရှောက်ရဲ့အာရုံစိုက်မှုကို ရဖို့အဲ့မှာရပ်နေရုံပါပဲကွာ။ ယန်ကျင်ရွှင်ရေ အခုမင်းတကယ်လက်လျှော့တော့မှာလား? မင်းအဲ့မှာရပ်နေတာ ဘယ်လောက်တောင်ကြာနေပြီလဲ? အာ့ရှောက်က အပေါ်တောင်တက်မလာဘူးလေ"

" သူခုန်ချမယ်လို့ငါယုံတယ် ငါတို့ရဲ့တည်ကြည်လေးနက်တဲ့စီနီယာယန်က ဒါကို ရှိုးပြဖို့လုပ်ရုံပဲဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ? မင်းကောင်လေးရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့သက်သက် အဆောက်အအုံပေါ်ကနေ ခုန်ချတယ်တဲ့ ဒါကအရမ်းအရှက်မဲ့တာပဲ ဟားဟားဟား!"

လေအေးဖျော့ဖျော့လေးက သူ့နားရွက်ကိုဖြတ်တိုက်သွားပြီး ကျင်ရွှင်ကရုတ်ခြည်းအနောက်ကိုလှည့်ကာ သူ့မျက်လုံးတွေကသူ့အားအလောင်းအစားတစ်ခုအနေဖြင့် အသုံးချနေတဲ့လူအနည်းငယ်ကို တိုက်ရိုက်ကြည့်လိုက်ပြီး သူ့ရဲ့အေးစက်နေတဲ့အမူအရာကို လုံးဝလှစ်ဟပြလိုက်သည်။

သူကအရမ်းရုတ်တရက်နိုင်စွာ အနောက်ကိုလှည့်လိုက်တော့ မျက်နှာချင်းဆိုင်က တွတ်တွတ်ထိုးနေတဲ့လူငယ်တွေက အနောက်ကိုဆုတ်သွားမိကြသည်။

--ယန်ကျင်ရွှင်က သူတို့ရဲ့အသိုင်းအဝိုင်းမှာဝင်ဆံ့နိုင်အောင် တည်ငြိမ်ပြီးသဘာဝကျတဲ့ပုံရိပ်ကို အမြဲကြိုးစားထိန်းသိမ်းခဲ့သည်။

သို့တစေ ဒီလူတွေက လူကုံထံအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းခဲ့တာပင်။ သူတို့က ရိုးရိုးကောလိပ်ကျောင်းသားတွေထက် ကမ္ဘာကြီးအကြောင်းကို ပိုသိကြသည်။ ယန်ကျင်ရွှင်က သူတို့နဲ့တူတူရှိဖို့ကြိုးစားနေတဲ့တစ်လျှောက်မှာ သူကစိတ်လှုပ်ရှားပြီး တောင့်တင်းနေတာကို တစ်ချက်ကြည့်ရုံနဲ့သူတို့ပြောနိုင်ပေ၏။

ဒါကဘာလို့ သူတို့ ယန်ကျင်ရွှင်ကို ဒီလောက်ပေါ်တင်အနိုင်ကျင့်ရဲတာလဲဆိုတာပင်။

သူတို့ရဲ့မျက်လုံးထဲမှာ ယန်ကျင်ရွှင်က အများဆုံးမှ အာ့ရှောက်ရယ်ကိုစိတ်ကျေနပ်စေဖို့ ရောက်လာခဲ့တဲ့ကစားစရာအရုပ်လေးထက် မပိုပေ။ သူက သူတို့နဲ့တူညီတဲ့အဆင့်အတန်းမှာ ရှိမနေဘူး အာ့ရှောက်ရယ်ဆိုပိုဆိုးတာပေါ့။

ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ...?

ကျင်ရွှင်က ပြန်ကြည့်လိုက်တဲ့အခိုက်အတန့်မှာ မူလကိုယ်ရဲ့စိတ်လှုပ်ရှားမှုနဲ့ ရှက်ရွံ့မှုတွေက ပပျောက်ကုန်သည်။

သူဘာမှလုပ်စရာမလိုဘူး၊ တည်ငြိမ်တဲ့အမူအရာနဲ့ ထက်ရှတဲ့မျက်လုံးတွေနဲ့တင် လက်ရှိရှိနေတဲ့လူတိုင်းကို ဖိနှိပ်နိုင်ဖို့လုံလောက်သည်။

သူ့အဝတ်အစားတွေနဲ့ သူ့အသွင်အပြင်ကမပြောင်းလဲသွားဘူး၊ သူကရိုးရိုးရှင်းရှင်းလေးပဲ လှည့်လိုက်တယ်ဆိုပေမဲ့ သူ့ကြည့်ရတာ စစ်မှန်တဲ့မြင့်မြတ်သားတော်တစ်ပါးပုံပေါ်နေသည်။

ဒီလူတွေက အဆောက်အအုံပေါ်ကနေခုန်ချတဲ့ အကျိုးဆက်ကို သဘောမပေါက်ကြဘဲ သူတို့ကမူလကိုယ်ကိုလှောင်ပြောင်ပြီး အရှက်ရအောင်လုပ်ချင်ခဲ့တာ။

သို့ပေမဲ့ ကလေးဘဝတည်းက သေဆုံးခြင်းနဲ့ရှင်သန်ခြင်းကြား အကြိမ်များစွာရုန်းကန်ခဲ့ရပြီး အသက်ရှင်သန်လိုစိတ်ပြင်းပြထက်သန်တဲ့ ကျင်ရွှင်အတွက်တော့ ဒီလိုနောက်ပြောင်ကျီစယ်မှုမျိုးက အရမ်းများလွန်းသွားပြီ။

သူ လူအနည်းငယ်ရဲ့ရှေ့ကို တိုက်ရိုက်ပဲလျှောက်သွားကာ လူတိုင်းက ကြောင်အနေတဲ့အချိန် သူ့ကိုအခုလေးတင်အလောင်းအစားလုပ်လိုက်တဲ့ လူဆီရောက်သွားသည်။
"မင်းရှုံးသွားပြီ"

"ဘာကြီး?" အဲ့လူက ရှင်းလင်းစွာမတုံ့ပြန်နိုင်ဘူး။

ကျင်ရွှင်က ဂရုစိုက်မနေပေ။

သူက အဲ့လူကိုစိတ်ရှည်စွာငုံ့ကြည့်ကာ သူ့ကိုသတိပေးလိုက်သည်
" သခင်လေးလင် မင်းကိုယ့်ဘာသာပြောခဲ့တာလေ ငါမခုန်ချဘူးဆိုရင် မင်းဇောက်ထိုးနေပြီးတော့..."

ကျင်ရွှင်က အနည်းငယ်ရပ်တန့်သွားသည်။ ကလေးဘဝတည်းက နိုင်ငံတော်ကနေပျိုးထောင်ပေးခဲ့တဲ့ အရည်အချင်းပြည့် အထက်တန်းစားတစ်ယောက်အနေနဲ့ အဲ့လိုမျိုးအောက်တန်းကျတဲ့ စကားလုံးမျိုးကို သူမပြောဆိုနိုင်ဘူး။

" ငါက တစ်စုံတစ်ယောက်အတွက် အဲ့လိုမျိုးမိုက်မဲတဲ့အရာကို လုပ်လိမ့်မယ်လို့ ဘယ်သူကမှတကယ်မထင်ကြဘူးမလား?" ကျင်ရွှင်ရဲ့ အကြည့်ကပြောင်းသွားက သူလူအုပ်စုကိုစိုက်ကြည့်လိုက်သည်။ သူတို့ရဲ့မျက်လုံးထဲက အလွန်အံ့သြနေမှုကို သူမြင်လိုက်ရ၏။

"ဒါ့အပြင်...ဆောရီးပါ၊ ငါဒုတိယသခင်လေးကို ထပ်ပြီးမချစ်တော့ဘူး"

အခြားလူတွေ တုံ့ပြန်လာတာကိုစောင့်နေခြင်းမရှိဘဲ ကျင်ရွှင်က ပျော်ပျော်ရွှင်ရွှင်ပြုံးပြကာ
" အဲ့တော့ သခင်လေးလင်...လူအများကြီးက သူတို့ဖုန်းနဲ့သက်သေကို မှတ်တမ်းတင်ထားတာနော်၊ မင်းရဲ့စကားတွေကို မင်းပြန်ရုပ်သိမ်းလို့မရဘူးလေ"

ကျင်ရွှင်ရဲ့စကားလုံးတွေ ထွက်လာတာနဲ့ လူတိုင်းကအူလှိုက်သည်းလှိုက်ရယ်မောကြတော့သည်။

လင်လိတို့အုပ်စုအပြင် နိုက်ကလပ်ကို ပိုက်ဆံဖြုန်းပြီးပျော်စရာလာရှာတဲ့လူတွေလည်း ရှိသည်။ တစ်စုံတစ်ယောက်က အဆောက်အဦးပေါ်ကနေ အချစ်အတွက်ခုန်ချမယ်ဆိုတာကိုကြားပြီး သူတို့ကစိတ်လှုပ်ရှားစရာကောင်းတာကို ကြည့်ဖို့အတွက်တက်လာကြတာဖြစ်သည်။

"မင်း..."

လင်လိကဒါကိုသည်းမခံနိုင်ဘူး။ ရှန်အာ့ရှောက်ကိုမျက်နှာလုပ်ဖို့အတွက် သူတို့ကိုအမြဲယဉ်ယဉ်ကျေးကျေးပြုံးပြလေ့ရှိတဲ့ ယန်ကျင်ရွှင်က သူ့ကို...ဒီလိုဆက်ဆံရဲတယ်ပေါ့!

အရင်ကဆို ယန်ကျင်ရွှင်က သူတို့ကိုတည့်တည့်တောင်မကြည့်ရဲဘူးလေ! ဒီလိုမျိုး ပြန်ပြီးရန်မူဖို့ကတော့ ပြောမနေနဲ့တော့...

သခင်လေးလင်က မထိန်းထားနိုင်ဘဲအော်လိုက်သည်
" မင်းရူးသွားတာလား!?"

" ဒါပေမဲ့ မင်းအဲ့ဒါကိုလုပ်တဲ့အခါကျရင် ဘယ်သူမှမရှိတဲ့နေရာကို သွားတာကအကောင်းဆုံးပဲ။ အဲ့ဒါကမှတ်တမ်းတင်ထားဖို့ မကောင်းဘူးလေ။ အဆုံးမှာတော့..."

ကျင်ရွှင်က သူ့ဒေါသကိုလျစ်လျူရှုကာ တခစ်ခစ်ရယ်မောပြီး
" အဲ့ဒါကအရမ်းကို မတော်တရော်ဖြစ်လွန်းတယ်လေ"

*

ကျင်ရွှင် ခုန်ချတာကိုသွားရောက်ကြည့်ရှုတဲ့လူတွေကလွဲလို့ ဘားရဲ့ပထမထပ်အခန်းတစ်ခုဝယ် ရှန်ပေါ်ဟန်ရဲ့ဘေးမှာလူအနည်းငယ်ပတ်လည်ဝိုင်းကာ ထိုင်နေကြသည်။

" အာ့ရှောက် မစိုးရိမ်ပါနဲ့။ ဘာကိုအချစ်အတွက်သေမှာလဲ ပေါက်တတ်ကရတွေ၊ ဘယ်သူမှသေမှာမဟုတ်သလို ဘာမှဖြစ်မှာမဟုတ်ပါဘူး" တစ်စုံတစ်ယောက်က သူ့ကိုဖျောင်းဖျလိုက်သည်။

အခြားတစ်ဖက်မှာတော့ မိတ်ကပ်နည်းနည်းပါးပါးလိမ်းထားတဲ့ ကနွဲ့ကလျကောင်ငယ်လေးတစ်ယောက်က ရှန်ပေါ်ဟန်ကိုကပ်တွယ်ကာ သရော်လိုက်သည်
" ပေါက်တတ်ကရတွေပြောမနေနဲ့။ အာ့ရှောက်က ဘယ်လိုလုပ်ပြီး သူ့ကိုစိုးရိမ်မှာလဲ? အဲ့ဒါက ဒီတိုင်းစိတ်ရှုပ်စရာကစားစရာလေးတစ်ခုပါပဲ။ ဟုတ်တယ်မလား? အာ့ရှောက်"

ရှန်ပေါ်ဟန်က မူလကတော့ အပေါ်လိုက်တက်သွားကာ တစ်ချက်လောက်ကြည့်ချင်ပေမဲ့အခြားလူတွေကခုလိုပြောလိုက်တော့ အဲ့ဒါကဒီတိုင်းကစားစရာထက်မပိုတော့ဘူး။

ယန်ကျင်ရွှင်က အဆောက်အအုံပေါ်ကနေ ခုန်ချမယ်ကြားလို့ သူကချက်ချင်းသွားစစ်ဆေးကြည့်မယ်ဆိုရင် အဲ့ဒါကအရမ်းသိသာပုံပေါ်သွားလောက်တယ်မလား...

ဘယ်လိုပဲဖြစ်ဖြစ် ဘာဖြစ်နိုင်မှာမို့လဲ?

ဆိုဖာပေါ်ကို ပစ်ထိုင်လိုက်ရင်း ရှန်မိသားစုကဒုတိယသခင်လေးက သူ့ခြေထောက်တွေကို ဆန့်ထုတ်ကာ ဂရုမစိုက်တဲ့လေသံနဲ့တမင်ဟန်ဆောင်ကာပြောလိုက်သည်
" သူ့ကိုငါ့ဆီမလာခဲ့နဲ့လို့ပြောထားလိုက်။ ခေါင်မိုးထပ်ဆီသွားလို့ ဘာဖြစ်မှာမို့လဲ? ကျစ်"

" အမှန်ပဲ" တစ်ဖက်က နှစ်လိုဖွယ်ကောင်လေးက ပဲ့တင်သံလို လိုက်ပြောသည်။

"ဒါ့အပြင် ငါ့အစ်ကိုကြီးက ဒီညလာမှာ၊ ငါတို့တွေသာသူနဲ့တိုးမိခဲ့ရင်..." ရှန်ပေါ်ဟန်က ဆက်မပြောချင်တာမို့ သူ့စိတ်ကိုပြောင်းကာ
" ဟူရှောင်ဖုန်း သူတို့ကိုသွားပြန်ခေါ်လိုက်။ ဒီမှာခဏလောက်ထိုင်ပြီးရင် နောက်တစ်နေရာကိုပြောင်းကြမယ်"

မိတ်ကပ်အနည်းငယ်လိမ်းထားတဲ့ ဟူရှောင်ဖုန်းက အင်တင်တင်ဖြင့်မတ်တပ်ရပ်ကာမေးလိုက်သည်
" ဒါဆိုယန်ကျင်ရွှင်ကရော?"

ရှန်ပေါ်ဟန်က ပြန်မပြောရသေးခင်မှာပဲ တံခါးကအတွန်းခံရပြီး ပွင့်သွား၏။

ခေါင်မိုးထပ်ကိုသွားခဲ့တဲ့လူအနည်းငယ် ပြန်လာကြလေပြီ။

သူတို့ကြားမှာ ယန်ကျင်ရွှင်မပါဘူး။

အဲ့လူတွေရဲ့ ထူးဆန်းတဲ့အမူအရာတွေကိုမြင်ပြီး သူတို့အားလုံးက အနည်းငယ်ထူးဆန်းနေပုံပေါ်တာကြောင့် ရှန်ပေါ်ဟန်မနေနိုင်ဘဲ မေးလိုက်တော့သည်
" အခြားသူတွေရော ဘာဖြစ်သွားလဲ?"

ဟူရှောင်ဖုန်းက ပြုံးကာ "သူတကယ်ကြီး ခုန်ချလိုက်တာလား?"

"မဟုတ်ဘူး" သူတို့ထဲကတစ်ယောက်ကပြောရင်းနဲ့ ဖုန်းကိုထုတ်ယူလိုက်ကာ ရှန်ပေါ်ဟန်ကိုကမ်းပေးလိုက်သည်။ ဖုန်းက ခုနကမှတ်တမ်းတင်ထားတဲ့ နောက်ပိုင်းဗီဒီယိုကိုပြသနေ၏။

ဗီဒီယိုထဲမှာ ယန်ကျင်ရွှင်ရဲ့အေးစက်ပြီးသာယာနာပျော်ဖွယ်ရှိတဲ့ အသံကထွက်ပေါ်နေကာ လင်လိကခုထိဘဝင်မကျသေးပေ
" အာ့ရှောက် မင်းရဲ့စီနီယာအစ်ကိုက ဘာမှားနေတာလဲ? သူကအမြဲမဝံ့မရဲနဲ့ ရှက်နေတာမဟုတ်ဘူးလား? ဘာလို့သူ..."

ဘာလို့သူက ခေါင်မိုးထိပ်ကနေ အရမ်းကိုတည်တည်ငြိမ်ငြိမ်ဆင်းလာပြီး ကျီစယ်တဲ့အခွင့်အရေးကို လွှဲပြောင်းယူလိုက်ကာ သူကိုယ်တိုင်ကအရှက်ရတဲ့သူဖြစ်သွားရတာလဲ?

လင်လိက ဒီဘဝမှာ တစ်ခါမှ အခုလိုမျိုးအရှက်မကွဲဖူးဘူး!

ရှန်ပေါ်ဟန်က ဗီဒီယိုထဲက ယန်ကျင်ရွှင်ရဲ့တည်ငြိမ်နေတဲ့အသံကို နားထောင်နေသည်။

ဗီဒီယိုက ဖုန်းနဲ့ရိုက်ထားတာကြောင့် မကြည်တဲ့အပြင် အရမ်းလှုပ်ခါနေပေမဲ့ အဲ့ဒါက ကင်မရာထဲက ငယ်ရွယ်ချောမောတဲ့လူရဲ့အသွင်အပြင်ကို သက်ရောက်မှုမရှိဘူး။

ယန်ကျင်ရွှင်က ကြည့်ကောင်းတယ်။

ရှန်ပေါ်ဟန်လို မရေမတွက်နိုင်တဲ့လူတွေကို မြင်ဖူးတဲ့သူကိုတောင် အံ့သြသွားစေတဲ့ ကြည့်ကောင်းမှုမျိုး။

မဟုတ်ရင် သူကသူ့ကိုလုံးဝကြည့်ခဲ့မှာမဟုတ်ဘူး။

အဲ့လူက အရမ်းကို မသိနားမလည်တတ်ဘဲ တွယ်ကပ်တတ်တာတော့ သနားစရာပဲ၊ သူ့ကိုလည်း သူ့သူငယ်ချင်းတွေကြားမှာ မျက်နှာပျက်အောင်လုပ်သေးတယ်။

ဒါပေမဲ့ဗီဒီယိုထဲက ယန်ကျင်ရွှင်က ... ဘာလို့သူ့စရိုက်တစ်ခုလုံးက ကွဲပြားသွားသလိုမျိုး သူခံစားမိတာလဲ?

လင်လိကတော့ ယန်ကျင်ရွှင်ကို ဆဲဆိုနေတုန်းပင်။

ရှန်ပေါ်ဟန်က သူ့အသံကအရမ်းကိုစူးရှတယ်လို့ ခံစားမိတာကြောင့် မနေနိုင်ဘဲ မေးလိုက်သည်
" ဒီတော့ မင်းဇောက်ထိုးရပ်ခဲ့လား?"

လင်လိ : "......"
မင်းအဲ့ဒါကိုထပ်ပြောနိုင်မလား? ?

လင်မိသားစုက ရှန်မိသားစုလောက်မကောင်းမွန်ပေ။ လင်လိက သခင်ငယ်လေးဆိုပေမဲ့ ဒီသေးငယ်တဲ့အသိုင်းအဝိုင်းမှာတော့ သူကရှန်ပေါ်ဟန်ရှေ့မှာ အမြီးကုပ်နေရတုန်းပင်။ ပုံမှန်အားဖြင့် သူကခုနကခေါင်မိုးထပ်မှာလိုမျိုး မမောက်မာရဲဘူး။

ရှန်ပေါ်ဟန်က ရုတ်တရက်စိတ်လှုပ်ရှားလာကာ လင်လိရဲ့ခံစားချက်တွေကို အာရုံစိုက်မနေချင်တော့ဘူး။ သူထပ်သာမေးလိုက်သည်
" ယန်ကျင်ရွှင်က ဘယ်မှာလဲ?"

" ငါမသိဘူး။ သူကအရင်အောက်ထပ်ကို ဆင်းသွားတာပဲ၊ပြီးတော့ပျောက်သွားတယ်။ ငါတို့အောက်ကိုဆင်းလာတော့ မင်းအစ်ကိုကြီးကို မြင်လိုက်ရတာနဲ့...ငါတို့လိုက်ပတ်မကြည့်ရဲတော့ဘဲ မြန်မြန်ပြန်လာခဲ့တာ!"
နောက်တစ်ယောက်ကပြောလိုက်၏။

[ Hua's Note- ထိပ်တန်း PhDကျောင်းသားတစ်ယောက်က ဘယ်လိုလုပ်ပြီး BLဝတ္ထုကိုဖတ်လဲဆိုတာ ငါ့ကိုမမေးကြပါနဲ့၊ ငါလည်းမသိဘူး Lol]

[Cora- Huaက E translatorပါ၊ HEက Happy Ending၊ အဲ့ဝတ္ထုက BE (bad ending)ပါ ]

☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎

Zawgyi

Chapter 1 : ေဆာရီး ထပ္မခ်စ္ေတာ့ဘူး

" သူဒီမွာေဟ့!"

" ရႉး! တိတ္တိတ္ေနၾကစမ္း!"

မြန္းလြဲ 4:30, အျပည္ျပည္ဆိုင္ရာၿမိဳ႕ေတာ္ေလဆိပ္၏ VIPလိုင္းတြင္ျဖစ္သည္။

လက္နက္ကိုင္ေဆာင္ထားတဲ့ ရဲအရာရွိအမ်ားအျပားက တိုးခ်ဲ့ထားေသာေစာင့္ၾကပ္မ်ဥ္းေဘးမွာ တန္းစီရပ္ေနလ်က္။ သူတို႔အားလုံးက လက္နက္အျပည့္အစုံကိုင္ေဆာင္ထားၾကတာမို႔ လူေတြျပည့္သိပ္ေနတဲ့ ေလဆိပ္ႀကီးဟာ ပုံမွန္ထက္အမ်ားႀကီးပိုတိတ္ဆိတ္ေန၏။

ေစာင့္ၾကပ္မ်ဥ္းကေန လုံးဝခြဲထုတ္ခံထားရတဲ့ဓာတ္ပုံဆရာေတြအျပင္ တီဗီ႐ုပ္သံလိုင္းအႀကီးစားေတြမွ သတင္းတင္ဆက္သူေတြျဖစ္ပုံေပၚတဲ့ ပေရာ္ဖက္ရွင္နယ္ကင္မရာေတြအား ကိုင္ေဆာင္ထားေသာ ဝန္ထမ္းမ်ားစြာဟာလည္း အျပင္ဘက္၌ တိုးႀကိတ္ပိတ္ဆို႔ေနလ်က္ပင္။

ျဖစ္ရပ္ပြဲစဥ္ကို သတိမမူမိၾကတဲ့ျဖတ္သြားျဖတ္လာအခ်ိဳ႕ရွိေနဆဲျဖစ္ၿပီး ၎တို႔က ဒီအေျခအေနအေၾကာင္းကို အနီးနားမွာရွိတဲ့ကိုယ္စားလွယ္ေတြကိုေမးလိုက္ၾကသည္
" ဘယ္ၾကယ္ပြင့္က ဒီေလာက္ကိန္းႀကီးခန္းႀကီးနဲ႕ ရွိုးထုတ္ေနရတာလဲ?"

ဝန္ထမ္းအမ်ားစုက သတင္းကိုေကာင္းစြာသိထားေပမဲ့ ဘာမွမသိဘဲဒီအေျခအေနကို စိတ္ရႈပ္ေထြးေနၾကတဲ့သူအခ်ိဳ႕လည္းရွိသည္။

အတြင္းသတင္းအခ်ိဳ႕ကိုသိတဲ့ တစ္စုံတစ္ေယာက္က ျဖတ္သြားျဖတ္လာရဲ႕ေမးခြန္းကို ေျဖေပးလိုက္၏
" ၾကယ္ပြင့္မဟုတ္ဘူး၊ ဒါေပမဲ့အဲ့ၾကယ္ပြင့္ထက္ ပိုႀကီးတယ္! နိုင္ငံျခားမွာ သြားၿပိဳင္တဲ့ဂ်ီးနီးယပ္စ္ေကာင္ေလးေလ။ သူဒီေန႕တ႐ုတ္ျပည္ကိုျပန္လာတာ!"

"...မင္းေျပာေနတဲ့တစ္ေယာက္က အရင္သခၤ်ာအိုလံပစ္ၿပိဳင္ပြဲမွာ အေမရိကန္နဲ႕ဥေရာပလူေတြ အကုန္လုံးကိုသိမ္းက်ဳံးအနိုင္ပိုင္းခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္ႏွစ္က နိုင္ငံတကာစက္႐ုပ္တီထြင္မႈၿပိဳင္ပြဲမွာ သြားေရာက္ယွဥ္ၿပိဳင္ေနခဲ့တဲ့သူလား? "

" ဟုတ္တယ္ သူပဲ! သူ႕နာမည္က က်င္႐ႊင္ေလ!"

"ငါအရင္ႏွစ္ရက္က သတင္းမၾကည့္ျဖစ္လိုက္ဘူး အဲ့ဒါဘယ္လိုျဖစ္သြားလဲ? သူနိုင္သြားလား?"

" က်ိန္းေသေပါက္ သူနိုင္သြားတာေပါ့"

" သူေ႐ႊတံဆိပ္ဆုကို ရခဲ့တာေလ၊ အဲ့မွာသားနားနားနားထည္ထည္ဝါဝါ ႀကိဳဆိုေနတာကိုပဲၾကည့္လိုက္!"

ေဆြးေႏြးေနစဥ္မွာပဲ ရွည္လ်ားတဲ့ေစာင့္ၾကပ္လိုင္းႏွစ္ခုၾကားတြင္ လူတစ္စုေပၚထြက္လာသည္။

အဖြဲ႕ထဲမွာ လူငယ္အမ်ားအျပားပါဝင္ၿပီး ေရွ႕ကေနဦးေဆာင္ေလွ်ာက္ေနတဲ့တစ္ေယာက္က ၾကယ္အသေခၤ်ဝန္းရံျခင္းခံထားရေသာ လမင္းေလးလိုျဖစ္ေနကာ အနက္ေရာင္ေဘ့စ္ေဘာဦးထုပ္ကို ေဆာင္းထားတဲ့လူငယ္ေလးတစ္ေယာက္ပင္။

လူငယ္ေလးရဲ႕အသြင္အျပင္က အရမ္းကိုထင္ရွား၏။ သူထြက္ေပၚလာတဲ့ အခိုက္အတန႔္မွာ TV႐ုပ္သံလိုင္းတင္ဆက္သူေတြေရာ ေစာင့္ၾကပ္ေနၾကတဲ့ အရာရွိေတြပါ စိတ္လႈပ္ရွားမႈျဖင့္ ဆူပြက္လာၾကသည္။

နိုင္ငံ့အဆင့္ ဂ်ီးနီးယပ္စ္တစ္ေယာက္အေနနဲ႕ က်င္႐ႊင္ဟာ ဆယ့္ငါးႏွစ္အ႐ြယ္တည္းက နိုင္ငံအတြက္ၿပိဳင္ပြဲဝင္ေနခဲ့တာပင္။ လြန္ခဲ့တဲ့ငါးႏွစ္အတြင္း ၿပိဳင္ပြဲဆယ္ပြဲအထက္ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ၿပိဳင္ပြဲက ေသးငယ္သည္ျဖစ္ေစ ႀကီးမားသည္ျဖစ္ေစ သူတစ္ခါမွ မရႈံးနိမ့္ခဲ့ဖူးေပ။

သူက သတင္းေတြထဲမွာမၾကာခဏပါလာတတ္တာေၾကာင့္ လက္ရွိျဖစ္ပ်က္ေနတဲ့ကိစၥေတြကို အာ႐ုံထားတတ္သူတိုင္း သူ႕ကိုေကာင္းစြာသိၾက၏။

ဒါ့အျပင္ အားနည္းႏုနယ္ေနတဲ့သူ႕ခႏၶာကိုယ္နဲ႕ သိမ္ေမြ႕ႏူးညံ့တဲ့မ်က္ႏွာအစိတ္အပိုင္းေတြကလည္း နက္ရွိုင္းတဲ့ထင္ျမင္မႈကို စြဲက်န္ရစ္ေစသည္။

__ဒီတစ္ေခါက္မွာ သူ႕ပါးျပင္က ဦးထုပ္အနားေၾကာင့္ တစ္ဝက္ေလာက္ဖုံးခံထားရသလိုျဖစ္ေနေပမဲ့ ရွည္လ်ားသြယ္လ်တဲ့ႏွာတံေလးနဲ႕ ပါးလ်တဲ့ႏႈတ္ခမ္းေလးကေနတစ္ဆင့္ ေကာင္ေလးရဲ႕မ်က္ႏွာအစိတ္အပိုင္းေတြက အေတာ္ေလးကိုေခ်ာေမာေၾကာင္း အကဲျဖတ္နိုင္ေပသည္။

သို႔ရာတြင္ ဒီအလွေလးမွာ ခ်ိဳ႕ယြင္းခ်က္တစ္ခုရွိေနသည္၊ သူကအရမ္းပိန္လြန္းေနတယ္

သူ႕ကိုယ္ေပၚမွာ ဝတ္ဆင္ထားတဲ့ေရပန္းစားလူႀကိဳက္မ်ား အားကစားဝတ္စုံဟာ သူ႕ရဲ႕ပိန္ပါးလွတဲ့ပုံရိပ္ေလးကို လုံလုံေလာက္ေလာက္ေဖာ္ျပေနတာေၾကာင့္ သူ႕ၾကည့္ရတာအရမ္းကိုပိန္လြန္းေနသည္။

သခၤ်ာအိုလံပစ္နဲ႕ ကြန္ပ်ဴတာပရိုဂရမ္ေရးဆြဲၿပိဳင္ပြဲေတြက ဦးေႏွာက္သုံးရတဲ့အရာေတြလို႔ ေျပာလို႔ရေပသည္။

၎က သာမန္လူေတြလုပ္နိုင္တဲ့ အရာမ်ိဳးမဟုတ္ေပ။

ခ်ီးမြမ္းသံေတြနဲ႕ လက္ခုပ္ၾသဘာသံေတြက တစ္ခ်ိန္တည္းမွာေပၚထြက္လာကာ မေရမတြက္နိုင္တဲ့မိုက္ခရိုဖုန္းေတြကိုလည္း ကမ္းလွမ္းလာၾကသည္။

" မတြန္းၾကပါနဲ႕!" ၿငိမ္သက္ေအာင္ထိန္းသိမ္းရန္ တာဝန္ရွိေသာဝန္ထမ္းက ထပ္မံေအာ္ရျပန္၏။ မေရမတြက္နိုင္တဲ့ လက္နက္ကိုင္ရဲေတြက ခ်က္ခ်င္း လႈပ္ရွားေတာ့သည္။

အတိတ္မွာတုန္းက ဒီေလာက္ထိ တိုးႀကိတ္ကာပရမ္းပတာမျဖစ္ဖူးေပ။

သို႔ေသာ္ျငားလည္း ဒါက ေအာင္ပြဲခံၿပီး အိမ္ကိုျပန္လာတဲ့ဂ်ီးနီးယပ္စ္တစ္ေယာက္မို႔ ဒီလိုစိတ္အားထက္သန္မႈမ်ိဳးက သာမန္ပင္ျဖစ္ေလသည္။

သို႔ေပမဲ့ ေကာင္ေလးက သိမ္ေမြ႕ၿပီးယဥ္ေက်းတဲ့ပုံစံမ်ိဳးဆိုတာရွင္းလင္းလွသည္ သူကရွိုးထုတ္တာလည္းမရွိသလို အထက္စီးဆန္တာမ်ိဳးလည္းမရွိေလဘူး။

မိုက္ခရိုဖုန္းနဲ႕ကင္မရာေတြက သူ႕မ်က္ႏွာကိုထိုးမိလုနီးပါးျဖစ္ေနေပမဲ့ သူ႕မ်က္ႏွာမွာ ေဒါသအရိပ္အေယာင္ တစ္စိုးတစ္စိမွ်ေပၚမလာခဲ့ေခ်။ သူ႕ရဲ႕လွစ္ဟေနတဲ့ပါးျပင္က ေသြးမရွိသလို ျဖဴေဖ်ာ့ေနေသာ္ျငား သူကအၿပဳံးေလးကို ဆင္ျမန္းကာ သတင္းေထာက္ေတြရဲ႕ေမးခြန္းအခ်ိဳ႕ကို ေျဖေပးေနဆဲပင္။

***

ကားထဲတြင္ က်င္႐ႊင္ကထိုင္ခုံကိုမွီကာ ျဖည္းညင္းစြာအသက္ရႉေန၏။

ေအာက္တိုဘာေရာက္ေနၿပီ ျဖစ္ေပမဲ့ က်င္႐ႊင့္နဖူးျပင္ေပၚမွာေတာ့ ေခြၽးတစ္လႊာစီဆင္းလို႔ေနသည္။

သူေအးေနသည္။ ၎ကေခြၽးေစးေတြပင္။

သူ ေဘ့စ္ေဘာဦးထုပ္ခြၽတ္လိုက္ကာ သူ႕နဖူးေပၚက ေခြၽးေတြကို တစ္ရႉးျဖင့္သုတ္လိုက္၏။

အဲ့လိုလုပ္လိုက္တာေၾကာင့္ သူ႕ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာအသြင္အျပင္က လုံးဝကိုေပၚထြက္လာ၏ မ်က္ႏွာေကာက္ေၾကာင္းက ၿပီးျပည့္စုံလုနီးပါးျဖစ္ကာ အသားအေရက ႏွင္းလႊမ္းေနသလိုမ်ိဳး ျဖဴေဖြးေနလ်က္၊ အထင္ရွားဆုံးအဂၤါရပ္ကေတာ့ ညာဘက္မ်က္လုံးေထာင့္မွာရွိေနတဲ့ ႏူးႏူးညံ့ညံ့မ်က္ရည္ခံမွဲ႕ေလးပင္။

ျဖဴေဖ်ာ့ေဖ်ာ့သူ႕ႏႈတ္ခမ္းပါးက သူ႕အားလြန္စြာအားနည္းပုံေပၚေစၿပီး ေရွးခတ္ကဗ်ာေတြထဲမွ ႏုနယ္သိမ္ေမြ႕တဲ့မိုးမခပင္လို အလွေလးနဲ႕ အမ်ားႀကီးတူေစသည္။

သူနဲ႕ကားတူတူစီးလာတဲ့စီနီယာသုံးေယာက္က စိုးရိမ္လာရၿပီး
" ဂ်ဴနီယာ မင္းအဆင္ေျပရဲ႕လား? နည္းနည္းေလာက္သည္းခံထားေနာ္ မင္းမၾကာခင္နားရေတာ့မွာပါ!"

က်င္႐ႊင္က ကေလးဘဝတည္းက က်န္းမာေရးခ်ဴခ်ာလွသည္။

သူကအသက္သုံးခါမရႉဘဲ ေျခတစ္လွမ္းမလွမ္းနိုင္တဲ့သူမ်ိဳးပင္။

ဦးေႏွာက္ကိုအသုံးျပဳရတဲ့ ေနာက္ဆုံးပြဲစဥ္တစ္သီတစ္တန္းႀကီးၿပီးဆုံးသြားၿပီးေနာက္ တ႐ုတ္ျပည္ကိုျပန္လာဖို႔ သူဆယ္နာရီေက်ာ္ေလယာဥ္စီးခဲ့ရတာမို႔ ႏုနယ္တဲ့သူ႕ခႏၶာကိုယ္က သဘာဝက်က်ပင္ ပင္ပန္းႏြမ္းနယ္ေနေလၿပီ။

စီနီယာေတြက သူ႕ရဲ႕႐ုပ္ပိုင္းဆိုင္ရာအေျခအေနကို သတိထားေနၾကရၿပီး သူက နိုင္ငံေတာ္ရဲ႕အထူးဂ႐ုစိုက္မႈေအာက္မွာ ႀကီးျပင္းလာတဲ့မိဘမဲ့မွန္းလည္း သူတို႔သိၾက၏။ သူၿပိဳင္ပြဲကို ျပင္းျပင္းထန္ထန္ဝင္ၿပိဳင္ရတဲ့ အေၾကာင္းအရင္းက ၾကင္နာမႈကို ျပန္ေပးဆပ္ခ်င္႐ုံပင္...

အဲ့ဒီအေတြ႕အႀကဳံက သူ႕ကို သူတို႔ရဲ႕ႏွလုံးသားေအာက္ေျခကေန ဂ႐ုစိုက္ေပးခ်င္လာေအာင္ ျပဳလုပ္ေပးေနသည္။

ဒါကို မဆိုထားႏွင့္ဦး။ သူတို႔က တစ္နိုင္ငံလုံးကိုယ္စားျပဳေ႐ြးခ်ယ္ခံထားရတဲ့ ထိပ္တန္းကိုယ္စားလွယ္ေတြျဖစ္ေပမဲ့ သူတို႔အားလုံးက က်င္႐ႊင္ထက္အသက္အမ်ားႀကီးပိုႀကီးတဲ့ PhDေက်ာင္းသားေတြျဖစ္သည္။

သို႔ေသာ္ ကြၽမ္းကြၽင္နယ္ပယ္မွာေတာ့ သူတို႔ေတြက က်င္႐ႊင္ေလာက္မေတာ္ၾကေပ။

ဒီAIစက္႐ုပ္ၿပိဳင္ပြဲကိုပဲ ဥပမာအေနနဲ႕ယူၾကည့္လိုက္ပါ၊ systemအသစ္တစ္ခုနဲ႕ firewallအသစ္တစ္ခုကို ႀကိဳတင္တည္ေဆာက္ဖို႔ က်င္႐ႊင္ရဲ႕အခ်က္အလက္စုေဆာင္းမႈေၾကာင့္သာ မဟုတ္ခဲ့ရင္ သူတို႔က ခ်န္ပီယံဆုကိုလြဲေခ်ာ္နိုင္သည္။

႐ုပ္ပိုင္းဆိုင္ရာအသြင္အျပင္လွပၿပီး ထိလိုက္တာနဲ႕ ကြဲေၾကသြားမလိုျဖစ္ေနေသာ္ျငား မေလွ်ာ့ေသာဇြဲနဲ႕ ႀကိဳးစားတတ္တဲ့ ဒီေက်ာင္းသားအ႐ြယ္ေကာင္ငယ္ေလးႏွင့္ ဆုံေတြ႕မွေတာ့ သူ႕ကိုဂ႐ုမစိုက္ေပးခ်င္တဲ့သူ ဘယ္သူရွိမွာလဲ?

စီနီယာ1: " မေၾကာက္နဲ႕ေနာ္ အား႐ႊင္ ငါတို႔နားတဲ့ေနရာကို ခဏေလးေနရင္ေရာက္ေတာ့မွာ...ဟားဟားဟား၊ ငါမင္းကို စိတ္ဝင္စားစရာေကာင္းတဲ့ဝတၳဳအေၾကာင္းေျပာျပမယ္။ ငါအခုေလးတင္အဲ့ဝတၳဳကိုေလယာဥ္ေပၚမွာ ဖတ္လာတာ၊ အဲ့ထဲက ဇာတ္ေဆာင္နာမည္က မင္းနဲ႕ေတာ္ေတာ္ဆင္တယ္!"

စကားေျပာေနရင္းမွာပဲ စီနီယာ1က စာအုပ္တစ္အုပ္ကိုထုတ္ယူလိုက္သည္။ ဒါကိုၾကားလိုက္ရတဲ့အခ်ိန္ စီနီယာ2က ဘဝင္မက်ဘဲ
" မင္းဘယ္လိုဇာတ္ရႈပ္တဲ့ဟာေတြကို ဖတ္ထားတာလဲ? အဲ့ဒါက အား႐ႊင္ကိုလႊမ္းမိုးသြားမွာကို ငါတို႔ဘယ္လိုခြင့္ျပဳရမွာလဲ..."

သူ႕စကားတစ္ဝက္ပဲရွိေသး က်င္႐ႊင္ရဲ႕ လိပ္ျပာေတာင္ပံခတ္ေနသလိုမ်ိဳး မ်က္ေတာင္ရွည္ႀကီးေတြနဲ႕ ေတာက္ပတဲ့မ်က္လုံးတို႔ကိုျမင္လိုက္ရေတာ့ သူ႐ုတ္ျခည္းဆက္ေျပာမထြက္ေတာ့ဘူး။

" အစ္ကိုေဖ အဲ့ဒါဘာဝတၳဳလဲ?" က်င္႐ႊင္က သိလိုစိတ္အျပည့္ႏွင့္ေမးလိုက္သည္။

သူကမီဒီယာေတြေရွ႕မွာ အရမ္းယဥ္ေက်းေပမဲ့လည္း သူကအၿမဲၿပိဳင္ပြဲနဲ႕ပတ္သက္တဲ့ေမးခြန္းေတြကိုသာလွ်င္ ေ႐ြးေျဖခဲ့တာျဖစ္သည္။ အျခား မသက္ဆိုင္တဲ့ဘယ္အရာကိုမွ မေျဖခဲ့ဘူး။ ၎က ေျဖာင့္မတ္ၿပီးေတာ့ သန႔္စင္တယ္လို႔ခံစားရေစကာ ကမာၻေပၚမွာ တစ္ဦးတည္းက်န္ခဲ့တဲ့ အစြန္းအထင္းမရွိေသာ နတ္သူငယ္ေလးလိုပင္။

သို႔ေပမဲ့ သူ႕ဆရာလိုမ်ိဳး သူနဲ႕ရင္းႏွီးတဲ့သူေတြကေတာ့ က်င္႐ႊင္ဟာတကယ္ေတာ့ အရာရာတိုင္းကို အရမ္းစူးစမ္းခ်င္စိတ္မ်ားမွန္း သိၾကသည္။ သို႔ေသာ္ သူ႕ရဲ႕႐ုပ္ပိုင္းဆိုင္ရာအေျခအေနနဲ႕ စြမ္းအားျပတ္လပ္မႈေၾကာင့္ သူ႕ရဲ႕အတတ္ပညာဆိုင္ရာ သင္ရိုးကလြဲၿပီး အျခားအရာေတြကို သိျမင္ ေတြ႕ႀကဳံနိုင္ဖို႔ အခ်ိန္မရွိေလဘူး။

ဒါေၾကာင့္မို႔ စီနီယာေတြက အၿမဲတမ္းလိုလို အျပင္ဘက္ကမာၻအေၾကာင္းကို က်င္႐ႊင္ေရွ႕မွာ ျပသျခင္းအားေရွာင္ရွားၾကသည္။

သို႔တေစ ဒီတစ္ႀကိမ္မွာေတာ့ စီနီယာေတြက အဲ့ဒါကိုအနည္းငယ္ဝမ္းနည္းေနၾကသည္။

ဒီစာအုပ္က အခုေခတ္အြန္လိုင္းစာေပစတိုင္ ဇာတ္ေၾကာင္းမ်ိဳးမဟုတ္ဘဲ လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ေလာက္က ထုတ္ေဝခဲ့တဲ့ အညွီအေဟာက္ဝတၳဳတစ္ပုဒ္ျဖစ္သည္။ က်င္႐ႊင္နဲ႕နာမည္ဆင္တဲ့ ဇာတ္ေဆာင္က ဇာတ္လမ္းတစ္ပုဒ္လုံး စိတ္ပ်က္ဖြယ္ခံစားခဲ့ရၿပီး ဇာတ္သိမ္းကေတာ့ပိုလို႔ေတာင္ စိတ္ဓာတ္က်စရာပင္။

ေယဘုယ်က်က်ေျပာရရင္ေတာ့ ဒီဟာက အထူးသျဖင့္ လူမႈအသိုင္းအဝိုင္းေပၚမွာ လက္စားေခ်ပဳံရတဲ့ ဝတၳဳတစ္ပုဒ္ပင္။

"အဆင္ေျပပါတယ္" က်င္႐ႊင္က သူ႕ေခါင္းကိုအနည္းငယ္ေစာင္းလိုက္ၿပီး သူ႕ရဲ႕ျဖဴေဖ်ာ့တဲ့ႏႈတ္ခမ္းေထာင့္ေလးက အားနည္းတဲ့အၿပဳံးေလးကို လွစ္ဟျပေနေပမဲ့ သူ႕မ်က္လုံးေတြကေတာ့ ေတာက္ပေနခဲ့သည္။
" ကြၽန္ေတာ္ နားေထာင္ခ်င္တယ္"

"ေကာင္းၿပီ ဒီဟာကို...မင္းရဲ႕စူးစမ္းခ်င္စိတ္ကို ေက်နပ္ေစတယ္လို႔ပဲ သေဘာထားေပါ့!"

စီနီယာေဖက က်င္႐ႊင္ရဲ႕မ်က္လုံးထဲက ေတာက္ပမႈကို ခံနိုင္ရည္မရွိေပ။ သူ႕ကို မေက်မနပ္ျဖစ္ေနတဲ့စီနီယာ2ကို တစ္ခ်က္ၾကည့္လိုက္ၿပီး က်င္႐ႊင္ကို ဝတၳဳထဲက ဇာတ္လမ္းအေၾကာင္းစတင္ေျပာျပလိုက္သည္။

သိသိသာသာကိုပဲ စီနီယာေဖကအလြန္ကိုစကားေျပာေကာင္း၏။

က်င္႐ႊင္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအားနည္းမႈေၾကာင့္ သူကအခ်ိန္အမ်ားစုမွာ သူ႕မ်က္လုံးေတြကိုပိတ္ကာ အနားယူေန႐ုံသာတတ္နိုင္ေပသည္။ တကယ္လို႔ စီနီယာေတြက သူ႕ကို"အခ်က္အလက္ေတြေဝမွ်"ခ်င္ရင္ သူတို႔ကိုယ္တိုင္ သူတို႔ပါးစပ္နဲ႕ေျပာမွရေပသည္။

အဲ့ဒါေၾကာင့္ အစကစကားေျပာအဆင္မေျပတဲ့သူေတြေတာင္ လေပါင္းမ်ားစြာေလ့က်င့္ၿပီးေနာက္ စကားေျပာေကာင္းလာၾက၏။

စီနီယာေတြက တမင္သူ႕ကိုေခ်ာ့ေနမွန္းက်င္႐ႊင္သိတာမို႔ သူအခုခ်ိန္မွာမသက္မသာခံစားေနရတာေတာင္ သူကစိတ္ဝင္စားမႈျပကာ စူးစိုက္မႈအျပည့္နဲ႕ နားေထာင္ေနဆဲပင္။

ထုံးစံအတိုင္း သူ႕မ်က္လုံးေတြက ခပ္ေရးေရးမွိတ္ထားလ်က္ေပါ့။

အေမွာင္ထဲမွာ စီနီယာေဖက ဇာတ္လမ္းအေၾကာင္းေျပာၿပီးေနာက္ စီနီယာ2ရဲ႕ ေဒါသတႀကီးေမးလာသံကိုၾကားလိုက္ရသည္
" gongက ဆန္ကုန္ေျမေလးေကာင္ပဲ၊ သူတို႔ဘယ္လိုလုပ္ HE ျဖစ္နိုင္မွာလဲ?!"

" ဒါက HEမဟုတ္ဘူး။ အဆုံးမွာေတာ့ ဆန္ကုန္ေျမေလးgongနဲ႕ သူ႕ေနာက္လိုက္ေတြက ဗီလိန္ရဲ႕သုတ္သင္ျခင္းခံလိုက္ရတယ္" စီနီယာေဖက အူေၾကာင္ေၾကာင္နဲ႕ျပန္ေျဖမိၿပီးေနာက္ ျပန္တုံ႕ျပန္လာကာ စတင္ပူညံပူညံလုပ္ေတာ့သည္။
" ဒါကHEလို႔မင္းကိုဘယ္သူေျပာလဲ? ဒါကသာHEျဖစ္နိုင္ရင္ စာေရးဆရာက ဓားသြားေအာက္မွာလည္စင္းခံေနရမယ္!"

စီနီယာ2ရဲ႕ အဟုန္ကအားနည္းသြားကာ
" ငါေတာင္းပန္ပါတယ္၊ ဒါကစာအုပ္အေဟာင္းတစ္ခုဆိုတာ ငါေမ့သြားတယ္။ ငါထင္လိုက္တာက အခုေခတ္အြန္လိုင္းဝတၳဳေတြလို႔..."

စီနီယာေဖ : " စတိုင္က မတူဘူး"

စီနီယာ2 : "..."

ဒီအခ်ိန္မွာ က်င္႐ႊင္ေလးတြဲစြာအသက္ရႉေနရေပမဲ့ စီနီယာႏွစ္ေယာက္ရဲ႕စကားမ်ားေနမႈေၾကာင့္ သူ႕ႏႈတ္ခမ္းဖ်ားေလးေတြက ေကာ့တက္ေနဆဲပင္။ ဒီလိုေပါ့ပါၿပီး သက္ဝင္ေနတဲ့ေလထုအေျခအေနမ်ိဳးကို သူႀကိဳက္သည္။ဒါကသူ႕ကို အသက္ရွင္ေနတယ္လို႔ခံစားရေစသည္။ မရည္႐ြယ္ပါဘဲ သူ႕ရဲ႕ပုစဥ္းရင္ကြဲသ႑ာန္မ်က္ခြံေလးက တုန္ယင္သြားကာ သူ႕မသိစိတ္ကလည္း စတင္နစ္ျမဳပ္သြား၏။

အဲ့ေနာက္ စီနီယာအစ္ကိုရဲ႕ဇာတ္ေၾကာင္းကို ျပန္ေျပာျပေနတဲ့အသံၾကားမွာ အိပ္ေမာက်သြားသည္။ ထုံးစံအတိုင္း သူသတိလစ္သြားခဲ့႐ုံပဲျဖစ္နိုင္ပါသည္။ သို႔ေသာ္ျငား သူ႕မ်က္လုံးေတြကို ျပန္ဖြင့္လိုက္တဲ့အခ်ိန္ အရာအားလုံးကေျပာင္းလဲသြားခဲ့ၿပီ။

" ၾကည့္စမ္း! တစ္စုံတစ္ေယာက္က အေဆာက္အအုံေပၚကေနခုန္ခ်ေတာ့မယ္!"

သူနဲ႕အရမ္းကိုနီးကပ္ေနတဲ့ စူးရွေသာအသံေၾကာင့္ က်င္႐ႊင္လန႔္ဖ်ပ္သြားၿပီး သူ႕မ်က္ခြံေတြကို ဖြင့္ဖို႔တြန္းအားေပးလိုက္ရသည္။ သူ႕မ်က္လုံးေတြပြင့္သြားတဲ့အခ်ိန္ မေမွ်ာ္လင့္ထားစြာပဲ သူကဒုတိယထပ္ရဲ႕အမိုးေပၚမွာရပ္ေနတာကို ေတြ႕လိုက္ရ၏။

ေကာင္းကင္ယံမွာ မုန္တိုင္းတစ္ခုကိုအစပ်ိဳးေနသည္။ ညေလညင္းက အနည္းငယ္ေအးေနၿပီး က်င္႐ႊင္ရဲ႕ပိန္ပိန္ပါးပါးကိုယ္ခႏၶာကလည္း ေလႏွင္ရာလြင့္ေနလ်က္ပင္။

ေရွ႕ကိုတစ္လွမ္းတိုးလိုက္ရင္ပဲျဖစ္ျဖစ္ ေရွ႕ကိုနည္းနည္းေလာက္ယိုင္သြားရင္ပဲျဖစ္ျဖစ္ သူဒီေနရာကေနတိုက္ရိုက္ျပဳတ္က်သြားမွာပင္။
......

က်င္႐ႊင္က အျမင့္မေၾကာက္ေပမဲ့ အေနာက္ကိုေတာ့ျပန္ဆုတ္လိုက္၏။

ဘာလို႔လဲဆိုေတာ့ ဒါကမျဖစ္နိုင္လို႔ပဲ၊

ဒီအေျခအေနႀကီးက ျဖစ္နိုင္ေခ်မရွိဘူး။

သူ႕ရဲ႕ပ်က္စီးေနတဲ့ခႏၶာကိုယ္က ေလဒဏ္ကိုလုံးဝမေတာင့္ခံနိုင္တာမို႔ ဒီလိုေနရာကိုသူ႕တစ္ေယာက္တည္း လာခြင့္ျပဳမွာကိုေတာ့ထားလိုက္ေတာ့ေပါ့၊ ဒီလိုေခါင္မိုးထပ္ကို သူ႕ကိုလုံးဝလာခြင့္ျပဳမွာမဟုတ္ဘူး။

ဒါဆို ဒါကဘယ္လိုျဖစ္လို႔...

" ငါယြမ္တစ္ရာေလာင္းတယ္၊ သူခုန္ခ်မွာမဟုတ္ဘူး"

ဒါကေခါင္မိုးထပ္ေပမဲ့ က်င္႐ႊင့္ပတ္ဝန္းက်င္က မေမွ်ာ္လင့္ထားစြာပဲ ဗလာက်င္းမေနဘူး။

ဖီလာအားျဖင့္ ပတ္ပတ္လည္မွာလူေတြရွိေနသည္။

ေကာင္ေလးအခ်ိဳ႕နဲ႕ ေကာင္မေလးအခ်ိဳ႕က သူတို႔ရဲ႕မိုဘိုင္းဖုန္းေတြကိုကိုင္ကာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႕သူ႕ကိုရိုက္ကူးေနၾက၏။

"ဟီးဟီး မင္းေတာ့ရႈံးေတာ့မယ္၊ ယန္က်င္႐ႊင္က ငါတို႔ရဲ႕အာ့ေရွာက္ရယ္ကို ေသမတတ္ခ်စ္ေနတာကို မသိတဲ့သူဘယ္သူရွိလို႔လဲ? အဲ့ေတာ့သူ႕ရဲ႕ခံစားခ်က္ေတြကို သက္ေသျပဖို႔ ဒုတိယထပ္ကေနခုန္ခ်တာက မေျပာပေလာက္ပါဘူး ဟုတ္တယ္မလား? သူအခုခ်က္ခ်င္း ခုန္ခ်မယ္လို႔ငါေလာင္းတယ္! သူမခုန္ခ်ဘဴးဆိုရင္ ငါေဇာက္ထိုးေနၿပီး ခ်ီးစားျပမယ္!"

[Er shao ye/ Er shao - အာ့ေရွာက္ရယ္ / အာ့ေရွာက္ = ဒုတိယသခင္ေလး]

ထိုလူကအဲ့စကားကို အလြန္က်ယ္က်ယ္ေလာင္ေလာင္ေျပာလိုက္တာက တစ္ဖက္လူကို ကိုယ့္ကိုကိုယ္သတ္ေသေအာင္ တမင္သက္သက္လႈံ႕ေဆာ္ေပးေနသလိုပင္။

က်င္႐ႊင္မ်က္ေမွာင္ၾကဳတ္ကာ သိပ္မေဝးတဲ့ေနရာက စကားေျပာေနတဲ့လူငယ္အနည္းစုကို ၾကည့္ဖို႔ရန္တစ္ဖက္ကိုလွည့္လိုက္သည္။

တစ္စုံတစ္ေယာက္ရဲ႕ဘဝကို ျပက္လုံးအေနနဲ႕ယူဆေနၾကတဲ့ ဒီလိုအျပဳအမူမ်ိဳးကို သူမႏွစ္ၿခိဳက္ေလဘူး။

ဒါေပမဲ့တစ္ခ်ိန္တည္းမွာပဲ ဘာေတြျဖစ္ပ်က္ေနမွန္း သူအၾကမ္းဖ်င္းနားလည္သြားေလၿပီ။

__စီနီယာအခုေလးတင္ သူ႕ကိုေျပာျပေနတဲ့ဝတၳဳထဲက အဓိကဇာတ္ေဆာင္ကို ယန္က်င္႐ႊင္လို႔ေခၚတယ္။
ၿပီးေတာ့ ဇာတ္လိုက္gongက ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္လည္းျဖစ္၊ သူ႕မိသားစုမွာလည္း ဒုတိယသားျဖစ္တာမို႔ သူ႕ကိုတျခားသူေတြက ရံဖန္ရံခါ အာ့ေရွာက္ရယ္လို႔ေခၚၾကတယ္

...............

သူက စာအုပ္ထဲကူးေျပာင္းသြားၿပီးေတာ့ သူနဲ႕နာမည္ဆင္တဲ့ ဇာတ္ေဆာင္Shou ယန္က်င္႐ႊင္ျဖစ္လာတာပဲ။

ဒီလိုသိပၸံနည္းမက်တဲ့အရာက ဘယ္လိုျဖစ္ပ်က္သြားမွန္း က်င္႐ႊင္လည္းနားမလည္ေလဘူး။

သို႔ရာတြင္ စီနီယာေဖရဲ႕ညက္ေညာတဲ့အသံက အဲ့အခိုက္အတန႔္မွာ သူ႕စိတ္ထဲျမည္ဟီးလာသည္ __

" All for love"က စံျပဆန္ကုန္ေျမေလးဝတၳဳတစ္ပုဒ္ပင္။ အက်ဥ္းခ်ဳပ္ရရင္ ဆန္ကုန္ေျမေလးgongက shouကို အႀကိမ္ေထာင္ေသာင္းမက အနိုင္က်င့္ေစာ္ကားခဲ့ေပမဲ့ အခ်စ္ဦးလိုဆက္ဆံေနတုန္းပဲ။

ပထမအပိုင္းအနည္းငယ္က သာမန္ျဖစ္ဆဲပင္: အခ်ိဳ႕ေသာအေၾကာင္းအရင္းေတြေၾကာင့္ ဆင္းရဲဟန္ေဆာင္ထားတဲ့ဆန္ကုန္ေျမေလးgongက ေက်ာင္းမွာလွပတင့္တယ္တဲ့စီနီယာတစ္ေယာက္နဲ႕ ဆုံခဲ့သည္။ အဲ့ေနာက္ေတာ့ သူကအခ်စ္ကိုဟန္ေရးျပၿပီး အဲ့စီနီယာေနာက္ကို အရိုင္းဆန္စြာစတင္လိုက္ပိုးေတာ့သည္။

သို႔ေပမဲ့ အဓိကဇာတ္ေဆာင္shouျဖစ္တဲ့ စီနီယာက gongေၾကာင့္ ရင္ထဲလႈပ္ခတ္သြားၿပီးေနာက္မွာ ဇာတ္လမ္းက ဆိုး႐ြားတဲ့အလွည့္အေျပာင္းကို စတင္ေတာ့သည္။ စာေရးဆရာက ဆန္ကုန္ေျမေလးgongက shouကို ဘယ္ေလာက္ေတာင္မျမတ္နိုးေၾကာင္းကို ေဖာ္ျပဖို႔ သုံးနိုင္သမွ် စကားလုံးႂကြယ္ဝစြာသုံးခဲ့သလို shouကခံစားခ်က္နဲ႕ပတ္သက္ၿပီး ဘယ္လိုေခါင္းမာကာ ဇြဲေကာင္းပုံကိုလည္းေဖာ္ျပခဲ့သည္။

ၿပီးေတာ့ အခုက်င္႐ႊင္ေရာက္လာတဲ့အျဖစ္အပ်က္က ဆန္ကုန္ေျမေလးgongက စတင္ၿပီးပ်င္းရိသလိုခံစားလာကာ shouရဲ႕ေရွ႕မွာ ဆင္းရဲသလိုဟန္ေဆာင္ရတာကို ၿငီးေငြ႕ေနတဲ့ ဇာတ္အိမ္ျဖစ္လိမ့္မည္။ ဒီမတိုင္ခင္က သူ႕ရဲ႕ဟန္ေဆာင္မႈေတြကိုေရာ က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ အ႐ူးအမူးျဖစ္မႈေတြကိုေရာ သူအကုန္ခြာခ်ခဲ့တယ္--

ေပါ့ျပက္ျပက္gongက shouအေပၚ ခံစားခ်က္ပိုင္းဆိုင္ရာ ႏွိပ္စက္ညွဥ္းပန္းမႈကို စတင္လုပ္ေဆာင္ေနခဲ့ၿပီး ဘားမွာသူ႕သူငယ္ခ်င္းေတြနဲ႕ ကစားရင္ကစား မဟုတ္ရင္ေလွ်ာက္လည္ပတ္ေနတတ္သည္။ Shouက အဲ့ဒါကို လ်စ္လ်ဴမရႈရက္နိုင္တာမို႔ ဒီကေန႕သတၱိေမြးကာ ဆန္ကုန္ေျမေလးgongကို လာရွာခဲ့ေပမဲ့ တစ္ဖက္လူက သူ႕ကိုလူတိုင္းရဲ႕ေရွ႕ေမွာက္မွာ လမ္းခြဲခ်င္ခဲ့သည္။

ၿပီးေနာက္ဆန္ကုန္ေျမေလးgongရဲ႕ သူငယ္ခ်င္းတစ္သိုက္က သူ႕ကိုဖိအားေပးကာ ေလွာင္ေျပာင္သေရာ္ခဲ့ၾက၏။

ၿပီးခဲ့တဲ့အျဖစ္အပ်က္ကို ဆန္ကုန္ေျမေလးgongက လူပုံအလယ္ ၊ သူ႕သူငယ္ခ်င္းေတြရဲ႕အေရွ႕မွာ ျပဳလုပ္ခဲ့တာမို႔ သူ႕သူငယ္ခ်င္းေတြရဲ႕မ်က္လုံးထဲမွာ ယန္က်င္႐ႊင္က " အရွက္မရွိတဲ့ ေအာက္တန္းစားပစၥည္း"၊ " ဒုတိယသခင္ေလးရဲ႕ေရွ႕မွာဆို ဂုဏ္သိကၡာမရွိ၊ ေအာက္ေျခစည္းမရွိတဲ့ေခြးတစ္ေကာင္" ျဖစ္လာခဲ့သည္။

ဆန္ကုန္ေျမေလးgongနဲ႕ မဆုံခင္က အဓိကဇာတ္ေဆာင္shouဟာ သူ႕မ်က္ႏွာကိုတန္ဖိုးထားၿပီး ဂုဏ္သိကၡာကို အျမတ္နိုးဆုံးျဖစ္တဲ့ ဒီတိုင္းဆင္းရဲရိုးသားတဲ့ ေကာလိပ္ေက်ာင္းသားေလးတစ္ေယာက္ျဖစ္တာမို႔ ရလဒ္အေနနဲ႕ သူကဒီလိုမ်ိဳးေလွာင္ေျပာင္မႈေတြကို ဘယ္လိုမ်ားေတာင့္ခံနိုင္မွာလဲ?

ဒါ့အျပင္ သူႀကိဳက္ခဲ့တဲ့လူရဲ႕သူငယ္ခ်င္းေတြက သူ႕ကိုေလွာင္ေျပာင္ေနတာကို သူႀကိဳက္တဲ့သူက တမင္သက္သက္လ်စ္လ်ဴရႈကာ ၾကည့္ေနတယ္ဆိုတဲ့အခ်က္က မူလကိုယ္ကို ဆန္ကုန္ေျမေလးgongရဲ႕ ႐ုတ္ျခည္းအေျပာင္းအလဲေတြေၾကာင့္ ေရွာ့ခ္ရသြားေစသည္။ သူ႕စိတ္က အမွန္ကိုေရာက္ယက္ခတ္ေနကာ ေခါင္မိုးစြန္းဆီကို တည့္တည့္မတ္မတ္ေလွ်ာက္သြားေတာ့၏။

က်င္႐ႊင္ေနာက္ပိုင္းဇာတ္ေၾကာင္းကို သတိရသြားသည္။

ဆန္ကုန္ေျမေလးgongရဲ႕ သူငယ္ခ်င္းတစ္စုက ဒီဇာတ္ေကာင္ေနာက္ကိုလိုက္ကာ သူ႕ကိုဆက္လက္ၿပီးေလွာင္ေျပာင္ခဲ့ၾကသည္။ သူက ၎ကိုအမွန္တကယ္ ေတာင့္ခံနိုင္စြမ္းမရွိေတာ့တာေၾကာင့္ တကယ္ပဲခုန္ခ်ခဲ့သည္။

ကံေကာင္းေထာက္မစြာနဲ႕ ဘားက ႏွစ္ထပ္ပဲရွိသည္။ ခုန္ခ်လိဳက္တဲ့ ယန္က်င္႐ႊင္က လက္ေမာင္းက်ိဳးသြားခဲ့ေပမဲ့ အသက္အႏၲရာယ္ေတာ့မရွိခဲ့ဘူး။

သို႔ေသာ္ျငား တစ္စုံတစ္ေယာက္က ရွန္မိသားစုရဲ႕ အာ့ေရွာက္ရယ္အတြက္ အေဆာက္အအုံေပၚကေန ခုန္ခ်ခဲ့တယ္ဆိုတဲ့သတင္းဟာ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္အသိုင္းအဝိုင္းမွာ ပ်ံ့ႏွံ႕သြားခဲ့သည္။

အဲ့ေနာက္ က်င္႐ႊင္က ရွန္ေပၚဟန္ကို အရမ္းကိုခ်စ္တာမို႔ သူ႕ကိုယ္ပိုင္ဘဝကိုေတာင္အေရးမထားဘူးဆိုၿပီး လူတိုင္းကသိကုန္ၾကသည္။

အဲ့တည္းက ယန္က်င္႐ႊင္က Dragonၿမိဳ႕ေတာ္မွာ လူသိမ်ားေသာေဈးေပါတဲ့shouတစ္ေယာက္ျဖစ္လာသည္။

ဒါက ဆန္ကုန္ေျမေလးgongႀကိဳးကိုင္ျခယ္လွယ္ခဲ့တဲ့ ပထမဆုံးေျခလွမ္းျဖစ္ၿပီး မူလကိုယ္က ႐ုပ္ပိုင္းဆိုင္ရာအရေရာ စိတ္ပိုင္းဆိုင္ရာအရပါ ႏွိပ္စက္ညွဥ္းပန္းခံခဲ့ရ၏။

......

" ေဟး ယန္က်င္႐ႊင္ မင္းခုန္ခ်မွာလား မခုန္ခ်ဘဴးလား?"

" သူခုန္ခ်ရဲမယ္လို႔ မင္းတကယ္ထင္ေနတာလား? သူကအာ့ေရွာက္ရဲ႕အာ႐ုံစိုက္မႈကို ရဖို႔အဲ့မွာရပ္ေန႐ုံပါပဲကြာ။ ယန္က်င္႐ႊင္ေရ အခုမင္းတကယ္လက္ေလွ်ာ့ေတာ့မွာလား? မင္းအဲ့မွာရပ္ေနတာ ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲ? အာ့ေရွာက္က အေပၚေတာင္တက္မလာဘူးေလ"

" သူခုန္ခ်မယ္လို႔ငါယုံတယ္ ငါတို႔ရဲ႕တည္ၾကည္ေလးနက္တဲ့စီနီယာယန္က ဒါကို ရွိုးျပဖို႔လုပ္႐ုံပဲဆိုတာ ဘယ္ျဖစ္နိုင္ပါ့မလဲ? မင္းေကာင္ေလးရဲ႕အာ႐ုံစိုက္မႈကို ဆြဲေဆာင္နိုင္ဖို႔သက္သက္ အေဆာက္အအုံေပၚကေန ခုန္ခ်တယ္တဲ့ ဒါကအရမ္းအရွက္မဲ့တာပဲ ဟားဟားဟား!"

ေလေအးေဖ်ာ့ေဖ်ာ့ေလးက သူ႕နား႐ြက္ကိုျဖတ္တိုက္သြားၿပီး က်င္႐ႊင္က႐ုတ္ျခည္းအေနာက္ကိုလွည့္ကာ သူ႕မ်က္လုံးေတြကသူ႕အားအေလာင္းအစားတစ္ခုအေနျဖင့္ အသုံးခ်ေနတဲ့လူအနည္းငယ္ကို တိုက္ရိုက္ၾကည့္လိုက္ၿပီး သူ႕ရဲ႕ေအးစက္ေနတဲ့အမူအရာကို လုံးဝလွစ္ဟျပလိုက္သည္။

သူကအရမ္း႐ုတ္တရက္နိုင္စြာ အေနာက္ကိုလွည့္လိုက္ေတာ့ မ်က္ႏွာခ်င္းဆိုင္က တြတ္တြတ္ထိုးေနတဲ့လူငယ္ေတြက အေနာက္ကိုဆုတ္သြားမိၾကသည္။

--ယန္က်င္႐ႊင္က သူတို႔ရဲ႕အသိုင္းအဝိုင္းမွာဝင္ဆံ့နိုင္ေအာင္ တည္ၿငိမ္ၿပီးသဘာဝက်တဲ့ပုံရိပ္ကို အၿမဲႀကိဳးစားထိန္းသိမ္းခဲ့သည္။

သို႔တေစ ဒီလူေတြက လူကုံထံအသိုင္းအဝိုင္းထဲမွာ ႀကီးျပင္းခဲ့တာပင္။ သူတို႔က ရိုးရိုးေကာလိပ္ေက်ာင္းသားေတြထက္ ကမာၻႀကီးအေၾကာင္းကို ပိုသိၾကသည္။ ယန္က်င္႐ႊင္က သူတို႔နဲ႕တူတူရွိဖို႔ႀကိဳးစားေနတဲ့တစ္ေလွ်ာက္မွာ သူကစိတ္လႈပ္ရွားၿပီး ေတာင့္တင္းေနတာကို တစ္ခ်က္ၾကည့္႐ုံနဲ႕သူတို႔ေျပာနိုင္ေပ၏။

ဒါကဘာလို႔ သူတို႔ ယန္က်င္႐ႊင္ကို ဒီေလာက္ေပၚတင္အနိုင္က်င့္ရဲတာလဲဆိုတာပင္။

သူတို႔ရဲ႕မ်က္လုံးထဲမွာ ယန္က်င္႐ႊင္က အမ်ားဆုံးမွ အာ့ေရွာက္ရယ္ကိုစိတ္ေက်နပ္ေစဖို႔ ေရာက္လာခဲ့တဲ့ကစားစရာအ႐ုပ္ေလးထက္ မပိုေပ။ သူက သူတို႔နဲ႕တူညီတဲ့အဆင့္အတန္းမွာ ရွိမေနဘူး အာ့ေရွာက္ရယ္ဆိုပိုဆိုးတာေပါ့။

ဒါေပမဲ့ ဘယ္လိုျဖစ္နိုင္မွာလဲ...?

က်င္႐ႊင္က ျပန္ၾကည့္လိုက္တဲ့အခိုက္အတန႔္မွာ မူလကိုယ္ရဲ႕စိတ္လႈပ္ရွားမႈနဲ႕ ရွက္႐ြံ႕မႈေတြက ပေပ်ာက္ကုန္သည္။

သူဘာမွလုပ္စရာမလိုဘူး၊ တည္ၿငိမ္တဲ့အမူအရာနဲ႕ ထက္ရွတဲ့မ်က္လုံးေတြနဲ႕တင္ လက္ရွိရွိေနတဲ့လူတိုင္းကို ဖိႏွိပ္နိုင္ဖို႔လုံေလာက္သည္။

သူ႕အဝတ္အစားေတြနဲ႕ သူ႕အသြင္အျပင္ကမေျပာင္းလဲသြားဘူး၊ သူကရိုးရိုးရွင္းရွင္းေလးပဲ လွည့္လိုက္တယ္ဆိုေပမဲ့ သူ႕ၾကည့္ရတာ စစ္မွန္တဲ့ျမင့္ျမတ္သားေတာ္တစ္ပါးပုံေပၚေနသည္။

ဒီလူေတြက အေဆာက္အအုံေပၚကေနခုန္ခ်တဲ့ အက်ိဳးဆက္ကို သေဘာမေပါက္ၾကဘဲ သူတို႔ကမူလကိုယ္ကိုေလွာင္ေျပာင္ၿပီး အရွက္ရေအာင္လုပ္ခ်င္ခဲ့တာ။

သို႔ေပမဲ့ ကေလးဘဝတည္းက ေသဆုံးျခင္းနဲ႕ရွင္သန္ျခင္းၾကား အႀကိမ္မ်ားစြာ႐ုန္းကန္ခဲ့ရၿပီး အသက္ရွင္သန္လိုစိတ္ျပင္းျပထက္သန္တဲ့ က်င္႐ႊင္အတြက္ေတာ့ ဒီလိုေနာက္ေျပာင္က်ီစယ္မႈမ်ိဳးက အရမ္းမ်ားလြန္းသြားၿပီ။

သူ လူအနည္းငယ္ရဲ႕ေရွ႕ကို တိုက္ရိုက္ပဲေလွ်ာက္သြားကာ လူတိုင္းက ေၾကာင္အေနတဲ့အခ်ိန္ သူ႕ကိုအခုေလးတင္အေလာင္းအစားလုပ္လိုက္တဲ့ လူဆီေရာက္သြားသည္။
"မင္းရႈံးသြားၿပီ"

"ဘာႀကီး?" အဲ့လူက ရွင္းလင္းစြာမတုံ႕ျပန္နိုင္ဘူး။

က်င္႐ႊင္က ဂ႐ုစိုက္မေနေပ။

သူက အဲ့လူကိုစိတ္ရွည္စြာငုံ႕ၾကည့္ကာ သူ႕ကိုသတိေပးလိုက္သည္
" သခင္ေလးလင္ မင္းကိုယ့္ဘာသာေျပာခဲ့တာေလ ငါမခုန္ခ်ဘဴးဆိုရင္ မင္းေဇာက္ထိုးေနၿပီးေတာ့..."

က်င္႐ႊင္က အနည္းငယ္ရပ္တန႔္သြားသည္။ ကေလးဘဝတည္းက နိုင္ငံေတာ္ကေနပ်ိဳးေထာင္ေပးခဲ့တဲ့ အရည္အခ်င္းျပည့္ အထက္တန္းစားတစ္ေယာက္အေနနဲ႕ အဲ့လိုမ်ိဳးေအာက္တန္းက်တဲ့ စကားလုံးမ်ိဳးကို သူမေျပာဆိုနိုင္ဘူး။

" ငါက တစ္စုံတစ္ေယာက္အတြက္ အဲ့လိုမ်ိဳးမိုက္မဲတဲ့အရာကို လုပ္လိမ့္မယ္လို႔ ဘယ္သူကမွတကယ္မထင္ၾကဘူးမလား?" က်င္႐ႊင္ရဲ႕ အၾကည့္ကေျပာင္းသြားက သူလူအုပ္စုကိုစိုက္ၾကည့္လိုက္သည္။ သူတို႔ရဲ႕မ်က္လုံးထဲက အလြန္အံ့ၾသေနမႈကို သူျမင္လိုက္ရ၏။

"ဒါ့အျပင္...ေဆာရီးပါ၊ ငါဒုတိယသခင္ေလးကို ထပ္ၿပီးမခ်စ္ေတာ့ဘူး"

အျခားလူေတြ တုံ႕ျပန္လာတာကိုေစာင့္ေနျခင္းမရွိဘဲ က်င္႐ႊင္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ၿပဳံးျပကာ
" အဲ့ေတာ့ သခင္ေလးလင္...လူအမ်ားႀကီးက သူတို႔ဖုန္းနဲ႕သက္ေသကို မွတ္တမ္းတင္ထားတာေနာ္၊ မင္းရဲ႕စကားေတြကို မင္းျပန္႐ုပ္သိမ္းလို႔မရဘူးေလ"

က်င္႐ႊင္ရဲ႕စကားလုံးေတြ ထြက္လာတာနဲ႕ လူတိုင္းကအူလွိုက္သည္းလွိုက္ရယ္ေမာၾကေတာ့သည္။

လင္လိတို႔အုပ္စုအျပင္ နိုက္ကလပ္ကို ပိုက္ဆံျဖဳန္းၿပီးေပ်ာ္စရာလာရွာတဲ့လူေတြလည္း ရွိသည္။ တစ္စုံတစ္ေယာက္က အေဆာက္အဦးေပၚကေန အခ်စ္အတြက္ခုန္ခ်မယ္ဆိုတာကိုၾကားၿပီး သူတို႔ကစိတ္လႈပ္ရွားစရာေကာင္းတာကို ၾကည့္ဖို႔အတြက္တက္လာၾကတာျဖစ္သည္။

"မင္း..."

လင္လိကဒါကိုသည္းမခံနိုင္ဘူး။ ရွန္အာ့ေရွာက္ကိုမ်က္ႏွာလုပ္ဖို႔အတြက္ သူတို႔ကိုအၿမဲယဥ္ယဥ္ေက်းေက်းၿပဳံးျပေလ့ရွိတဲ့ ယန္က်င္႐ႊင္က သူ႕ကို...ဒီလိုဆက္ဆံရဲတယ္ေပါ့!

အရင္ကဆို ယန္က်င္႐ႊင္က သူတို႔ကိုတည့္တည့္ေတာင္မၾကည့္ရဲဘူးေလ! ဒီလိုမ်ိဳး ျပန္ၿပီးရန္မူဖို႔ကေတာ့ ေျပာမေနနဲ႕ေတာ့...

သခင္ေလးလင္က မထိန္းထားနိုင္ဘဲေအာ္လိုက္သည္
" မင္း႐ူးသြားတာလား!?"

" ဒါေပမဲ့ မင္းအဲ့ဒါကိုလုပ္တဲ့အခါက်ရင္ ဘယ္သူမွမရွိတဲ့ေနရာကို သြားတာကအေကာင္းဆုံးပဲ။ အဲ့ဒါကမွတ္တမ္းတင္ထားဖို႔ မေကာင္းဘူးေလ။ အဆုံးမွာေတာ့..."

က်င္႐ႊင္က သူ႕ေဒါသကိုလ်စ္လ်ဴရႈကာ တခစ္ခစ္ရယ္ေမာၿပီး
" အဲ့ဒါကအရမ္းကို မေတာ္တေရာ္ျဖစ္လြန္းတယ္ေလ"

*

က်င္႐ႊင္ ခုန္ခ်တာကိုသြားေရာက္ၾကည့္ရႈတဲ့လူေတြကလြဲလို႔ ဘားရဲ႕ပထမထပ္အခန္းတစ္ခုဝယ္ ရွန္ေပၚဟန္ရဲ႕ေဘးမွာလူအနည္းငယ္ပတ္လည္ဝိုင္းကာ ထိုင္ေနၾကသည္။

" အာ့ေရွာက္ မစိုးရိမ္ပါနဲ႕။ ဘာကိုအခ်စ္အတြက္ေသမွာလဲ ေပါက္တတ္ကရေတြ၊ ဘယ္သူမွေသမွာမဟုတ္သလို ဘာမွျဖစ္မွာမဟုတ္ပါဘူး" တစ္စုံတစ္ေယာက္က သူ႕ကိုေဖ်ာင္းဖ်လိဳက္သည္။

အျခားတစ္ဖက္မွာေတာ့ မိတ္ကပ္နည္းနည္းပါးပါးလိမ္းထားတဲ့ ကႏြဲ႕ကလ်ေကာင္ငယ္ေလးတစ္ေယာက္က ရွန္ေပၚဟန္ကိုကပ္တြယ္ကာ သေရာ္လိုက္သည္
" ေပါက္တတ္ကရေတြေျပာမေနနဲ႕။ အာ့ေရွာက္က ဘယ္လိုလုပ္ၿပီး သူ႕ကိုစိုးရိမ္မွာလဲ? အဲ့ဒါက ဒီတိုင္းစိတ္ရႈပ္စရာကစားစရာေလးတစ္ခုပါပဲ။ ဟုတ္တယ္မလား? အာ့ေရွာက္"

ရွန္ေပၚဟန္က မူလကေတာ့ အေပၚလိုက္တက္သြားကာ တစ္ခ်က္ေလာက္ၾကည့္ခ်င္ေပမဲ့အျခားလူေတြကခုလိုေျပာလိုက္ေတာ့ အဲ့ဒါကဒီတိုင္းကစားစရာထက္မပိုေတာ့ဘူး။

ယန္က်င္႐ႊင္က အေဆာက္အအုံေပၚကေန ခုန္ခ်မယ္ၾကားလို႔ သူကခ်က္ခ်င္းသြားစစ္ေဆးၾကည့္မယ္ဆိုရင္ အဲ့ဒါကအရမ္းသိသာပုံေပၚသြားေလာက္တယ္မလား...

ဘယ္လိုပဲျဖစ္ျဖစ္ ဘာျဖစ္နိုင္မွာမို႔လဲ?

ဆိုဖာေပၚကို ပစ္ထိုင္လိုက္ရင္း ရွန္မိသားစုကဒုတိယသခင္ေလးက သူ႕ေျခေထာက္ေတြကို ဆန႔္ထုတ္ကာ ဂ႐ုမစိုက္တဲ့ေလသံနဲ႕တမင္ဟန္ေဆာင္ကာေျပာလိုက္သည္
" သူ႕ကိုငါ့ဆီမလာခဲ့နဲ႕လို႔ေျပာထားလိုက္။ ေခါင္မိုးထပ္ဆီသြားလို႔ ဘာျဖစ္မွာမို႔လဲ? က်စ္"

" အမွန္ပဲ" တစ္ဖက္က ႏွစ္လိုဖြယ္ေကာင္ေလးက ပဲ့တင္သံလို လိုက္ေျပာသည္။

"ဒါ့အျပင္ ငါ့အစ္ကိုႀကီးက ဒီညလာမွာ၊ ငါတို႔ေတြသာသူနဲ႕တိုးမိခဲ့ရင္..." ရွန္ေပၚဟန္က ဆက္မေျပာခ်င္တာမို႔ သူ႕စိတ္ကိုေျပာင္းကာ
" ဟူေရွာင္ဖုန္း သူတို႔ကိုသြားျပန္ေခၚလိုက္။ ဒီမွာခဏေလာက္ထိုင္ၿပီးရင္ ေနာက္တစ္ေနရာကိုေျပာင္းၾကမယ္"

မိတ္ကပ္အနည္းငယ္လိမ္းထားတဲ့ ဟူေရွာင္ဖုန္းက အင္တင္တင္ျဖင့္မတ္တပ္ရပ္ကာေမးလိုက္သည္
" ဒါဆိုယန္က်င္႐ႊင္ကေရာ?"

ရွန္ေပၚဟန္က ျပန္မေျပာရေသးခင္မွာပဲ တံခါးကအတြန္းခံရၿပီး ပြင့္သြား၏။

ေခါင္မိုးထပ္ကိုသြားခဲ့တဲ့လူအနည္းငယ္ ျပန္လာၾကေလၿပီ။

သူတို႔ၾကားမွာ ယန္က်င္႐ႊင္မပါဘူး။

အဲ့လူေတြရဲ႕ ထူးဆန္းတဲ့အမူအရာေတြကိုျမင္ၿပီး သူတို႔အားလုံးက အနည္းငယ္ထူးဆန္းေနပုံေပၚတာေၾကာင့္ ရွန္ေပၚဟန္မေနနိုင္ဘဲ ေမးလိုက္ေတာ့သည္
" အျခားသူေတြေရာ ဘာျဖစ္သြားလဲ?"

ဟူေရွာင္ဖုန္းက ၿပဳံးကာ "သူတကယ္ႀကီး ခုန္ခ်လိဳက္တာလား?"

"မဟုတ္ဘူး" သူတို႔ထဲကတစ္ေယာက္ကေျပာရင္းနဲ႕ ဖုန္းကိုထုတ္ယူလိုက္ကာ ရွန္ေပၚဟန္ကိုကမ္းေပးလိုက္သည္။ ဖုန္းက ခုနကမွတ္တမ္းတင္ထားတဲ့ ေနာက္ပိုင္းဗီဒီယိုကိုျပသေန၏။

ဗီဒီယိုထဲမွာ ယန္က်င္႐ႊင္ရဲ႕ေအးစက္ၿပီးသာယာနာေပ်ာ္ဖြယ္ရွိတဲ့ အသံကထြက္ေပၚေနကာ လင္လိကခုထိဘဝင္မက်ေသးေပ
" အာ့ေရွာက္ မင္းရဲ႕စီနီယာအစ္ကိုက ဘာမွားေနတာလဲ? သူကအၿမဲမဝံ့မရဲနဲ႕ ရွက္ေနတာမဟုတ္ဘူးလား? ဘာလို႔သူ..."

ဘာလို႔သူက ေခါင္မိုးထိပ္ကေန အရမ္းကိုတည္တည္ၿငိမ္ၿငိမ္ဆင္းလာၿပီး က်ီစယ္တဲ့အခြင့္အေရးကို လႊဲေျပာင္းယူလိုက္ကာ သူကိုယ္တိုင္ကအရွက္ရတဲ့သူျဖစ္သြားရတာလဲ?

လင္လိက ဒီဘဝမွာ တစ္ခါမွ အခုလိုမ်ိဳးအရွက္မကြဲဖူးဘူး!

ရွန္ေပၚဟန္က ဗီဒီယိုထဲက ယန္က်င္႐ႊင္ရဲ႕တည္ၿငိမ္ေနတဲ့အသံကို နားေထာင္ေနသည္။

ဗီဒီယိုက ဖုန္းနဲ႕ရိုက္ထားတာေၾကာင့္ မၾကည္တဲ့အျပင္ အရမ္းလႈပ္ခါေနေပမဲ့ အဲ့ဒါက ကင္မရာထဲက ငယ္႐ြယ္ေခ်ာေမာတဲ့လူရဲ႕အသြင္အျပင္ကို သက္ေရာက္မႈမရွိဘူး။

ယန္က်င္႐ႊင္က ၾကည့္ေကာင္းတယ္။

ရွန္ေပၚဟန္လို မေရမတြက္နိုင္တဲ့လူေတြကို ျမင္ဖူးတဲ့သူကိုေတာင္ အံ့ၾသသြားေစတဲ့ ၾကည့္ေကာင္းမႈမ်ိဳး။

မဟုတ္ရင္ သူကသူ႕ကိုလုံးဝၾကည့္ခဲ့မွာမဟုတ္ဘူး။

အဲ့လူက အရမ္းကို မသိနားမလည္တတ္ဘဲ တြယ္ကပ္တတ္တာေတာ့ သနားစရာပဲ၊ သူ႕ကိုလည္း သူ႕သူငယ္ခ်င္းေတြၾကားမွာ မ်က္ႏွာပ်က္ေအာင္လုပ္ေသးတယ္။

ဒါေပမဲ့ဗီဒီယိုထဲက ယန္က်င္႐ႊင္က ... ဘာလို႔သူ႕စရိုက္တစ္ခုလုံးက ကြဲျပားသြားသလိုမ်ိဳး သူခံစားမိတာလဲ?

လင္လိကေတာ့ ယန္က်င္႐ႊင္ကို ဆဲဆိုေနတုန္းပင္။

ရွန္ေပၚဟန္က သူ႕အသံကအရမ္းကိုစူးရွတယ္လို႔ ခံစားမိတာေၾကာင့္ မေနနိုင္ဘဲ ေမးလိုက္သည္
" ဒီေတာ့ မင္းေဇာက္ထိုးရပ္ခဲ့လား?"

လင္လိ : "......"
မင္းအဲ့ဒါကိုထပ္ေျပာနိုင္မလား? ?

လင္မိသားစုက ရွန္မိသားစုေလာက္မေကာင္းမြန္ေပ။ လင္လိက သခင္ငယ္ေလးဆိုေပမဲ့ ဒီေသးငယ္တဲ့အသိုင္းအဝိုင္းမွာေတာ့ သူကရွန္ေပၚဟန္ေရွ႕မွာ အၿမီးကုပ္ေနရတုန္းပင္။ ပုံမွန္အားျဖင့္ သူကခုနကေခါင္မိုးထပ္မွာလိုမ်ိဳး မေမာက္မာရဲဘူး။

ရွန္ေပၚဟန္က ႐ုတ္တရက္စိတ္လႈပ္ရွားလာကာ လင္လိရဲ႕ခံစားခ်က္ေတြကို အာ႐ုံစိုက္မေနခ်င္ေတာ့ဘူး။ သူထပ္သာေမးလိုက္သည္
" ယန္က်င္႐ႊင္က ဘယ္မွာလဲ?"

" ငါမသိဘူး။ သူကအရင္ေအာက္ထပ္ကို ဆင္းသြားတာပဲ၊ၿပီးေတာ့ေပ်ာက္သြားတယ္။ ငါတို႔ေအာက္ကိုဆင္းလာေတာ့ မင္းအစ္ကိုႀကီးကို ျမင္လိုက္ရတာနဲ႕...ငါတို႔လိုက္ပတ္မၾကည့္ရဲေတာ့ဘဲ ျမန္ျမန္ျပန္လာခဲ့တာ!"
ေနာက္တစ္ေယာက္ကေျပာလိုက္၏။

[ Hua's Note- ထိပ္တန္း PhDေက်ာင္းသားတစ္ေယာက္က ဘယ္လိုလုပ္ၿပီး BLဝတၳဳကိုဖတ္လဲဆိုတာ ငါ့ကိုမေမးၾကပါနဲ႕၊ ငါလည္းမသိဘူး Lol]

[Cora- Huaက E translatorပါ၊ HEက Happy Ending၊ အဲ့ဝတၳဳက BE (bad ending)ပါ ]

Continue Reading

You'll Also Like

1.1M 89.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
436K 54K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...
261K 23.3K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest
438K 23K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...