ကျောင်းတွင်းအချစ်ဝတ္ထုထဲမှာ င...

By Kay_Wine

554K 103K 4.1K

Title - I Only Lived for Three Chapters in A Campus Romance Novel Author - Tang Shan Yue (糖山月) Total Chapter... More

Description
အပိုင်း - ၁
အပိုင်း - ၂
အပိုင်း - ၃
အပိုင်း - ၄
အပိုင်း - ၅
အပိုင်း - ၆
အပိုင်း - ၇
အပိုင်း - ၈
အပိုင်း - ၉
အပိုင်း - ၁၀
အပိုင်း - ၁၁
အပိုင်း - ၁၂
အပိုင်း - ၁၃
အပိုင်း - ၁၄
အပိုင်း - ၁၅
အပိုင်း - ၁၆
အပိုင်း - ၁၇
အပိုင်း - ၁၈
အပိုင်း - ၁၉
အပိုင်း - ၂၀
အပိုင်း - ၂၁
အပိုင်း -၂၂
အပိုင်း - ၂၃
အပိုင်း - ၂၄
အပိုင်း - ၂၅
အပိုင်း - ၂၆
အပိုင်း - ၂၇
အပိုင်း - ၂၈ [ Zawgyi ]
အပိုင်း - ၂၈ [ Unicode ]
အပိုင်း - ၂၉
အပိုင်း - ၃၀
အပိုင်း - ၃၁
အပိုင်း - ၃၂
အပိုင်း - ၃၃
အပိုင်း - ၃၄
အပိုင်း - ၃၅
အပိုင်း - ၃၆.၁
အပိုင်း - ၃၆.၂
အပိုင်း - ၃၇.၁
အပိုင်း - ၃၇.၂
အပိုင်း - ၃၈.၁
အပိုင်း - ၃၈.၂
အပိုင်း - ၃၉
အပိုင်း - ၄၀
အပိုင်း - ၄၁
အပိုင်း - ၄၂
အပိုင်း - ၄၃
အပိုင်း - ၄၄
အပိုင်း - ၄၅
အပိုင်း - ၄၆
အပိုင်း - ၄၇
အပိုင်း - ၄၈
အပိုင်း - ၄၉
အပိုင်း - ၅၀
အပိုင်း - ၅၁
အပိုင်း - ၅၂
အပိုင်း - ၅၃
အပိုင်း - ၅၄
အပိုင်း - ၅၅
အပိုင်း - ၅၆
အပိုင်း - ၅၇
အပိုင်း - ၅၈
အပိုင်း - ၅၈.၂
အပိုင်း - ၅၉
အပိုင်း - ၆၀
အပိုင်း - ၆၁
အပိုင်း - ၆၂
အပိုင်း - ၆၄
အပိုင်း - ၆၅
အပိုင်း - ၆၆
အပိုင်း - ၆၇
အပိုင်း - ၆၈
အပိုင်း - ၆၉

အပိုင်း - ၆၃

4K 686 34
By Kay_Wine


{Zawgyi}

နားေနခန္းထဲမွာ ဂိမ္းထဲကေန levelကို ေအာင္ျမင္သြားတဲ့ တီးလုံးသံေလးက ၿငိမ့္ေျငာင္းစြာ ထြက္ေပၚေနတုန္းပဲ။

ပ႐ိုဂ်က္တာမ်က္ႏွာျပင္ေပၚက ခပ္ေဖ်ာ့ေဖ်ာ့အလင္းေရာင္က နားေနခန္းတစ္ခန္းလုံးအတြက္ေတာ့ အေတာ့္ကို ဆန္းျပားတဲ့အေရာင္တမ်ိဳးျဖစ္ေနေစတယ္။

လင္ရွန္းရဲ႕ေနာက္ေက်ာတစ္ခုလုံးက ႏူးညံ့တဲ့ဆိုဖာမွာ ကပ္ေနတယ္။

သူ႔ရဲ႕ညာဘက္လက္ကို ေမာ့က်ဴးခ်န္က ဆြဲၿပီး ခပ္ေတာင့္ေတာင့္ရင္ဘတ္ေပၚ ဖိကပ္ေပးထားတယ္။

လက္ေခ်ာင္းေတြက ေက်ာင္းယူနီေဖာင္းကုတ္အက်ီနဲ႔ ရွပ္အက်ီျခားထားေပမယ့္ တစ္ဖက္လူရဲ႕ကိုယ္အပူခ်ိန္ေၾကာင့္ ေလာင္ၿမိဳက္သြားႏိုင္သလိုေတာင္ ျဖစ္ေနတယ္။

ႏွလုံးခုန္သံ...

လင္ရွန္း မိန္းေမာစြာ ေတြးေနမိတယ္။

သူ႔ရဲ႕ျပဴးက်ယ္ေနတဲ့မ်က္လုံးေတြထဲမွာ ေမာ့က်ဴးခ်န္တစ္ေယာက္ကိုသာ ျမင္ႏိုင္တယ္။

တစ္ဖက္လူက မ်က္လုံးေတြကို မွိတ္ထားၿပီး သူ႔ရဲ႕ေအးစက္စက္ႏွာေခါင္းနဲ႔ လင္ရွန္းပါးကို ပြတ္တိုက္ေနတယ္။

ရႈသြင္းလိုက္တဲ့ေလေငြ႕ကလည္း ပူေလာင္ေနတယ္။

လင္ရွန္းရဲ႕ေနာက္လက္တစ္ဖက္မွာရွိေနတဲ့ game controllerကလည္း လြတ္က်သြားေတာ့တယ္။

Controller က ခပ္ထူထူေကာ္ေဇာ္ေပၚက်သြားၿပီး အသံအုပ္အုပ္ေလးတစ္ခု ထြက္ေပၚလာတယ္။

ဘယ္သူမွ ဂ႐ုမစိုက္ႏိုင္ၾကဘူး။

လင္ရွန္းေတာင္မွ သူ႔မ်က္လုံးေတြကို ေျဖးေျဖးခ်င္းပိတ္လာေတာ့တယ္။

သူ႔ရဲ႕မ်က္ေတာင္ေတြက တုန္ရီေနၿပီး သူ႔ႏႈတ္ခမ္းေတြေပၚက တစ္ဖက္လူရဲ႕ေႏြးေထြးမႈကို ခံစားမိလာတယ္။

ဒီမတိုင္ခင္အထိပဲ...

*ေဒါက္ ေဒါက္ ေဒါက္*

ႏွစ္လိုဖြယ္အခန္းေလးထဲမွာ တံခါးေခါက္သံသုံးခ်က္ ထြက္ေပၚလာတယ္။

႐ုတ္ျခည္းဆိုသလို လင္ရွန္း သတိျပန္ကပ္သြားတယ္။

အလိုအေလ်ာက္ တုံ႔ျပန္တဲ့အေနနဲ႔ လက္ကိုဆန႔္ထုတ္ၿပီး ေမာ့က်ဴးခ်န္ရဲ႕ေတာင့္တင္းေနတဲ့ရင္ဘတ္ကို တြန္းထုတ္မိလိုက္တယ္။

"ဘာလဲ?" ေမာ့က်ဴးခ်န္တစ္ေယာက္ မည္းသည္းေနတဲ့မ်က္ႏွာႀကီးနဲ႔ မ်က္လုံးေတြ ပြင့္လာတယ္။

"ငါ့ရဲ႕ေကာ!" အိမ္မွာ လင္ယြမ္ကလြဲလို႔ ဘယ္သူမွ မရွိဘူး။

လင္ရွန္းသူ႔ကို အားနဲ႔တြန္းထုတ္ကာ ေမာ့က်ဴးခ်န္ကို အသိေပးလိုက္တယ္ "ငါ့ေကာက ခုေလးတင္ တံခါးလာေခါက္ေနတယ္"

မဟုတ္တ႐ုတ္ေတြလုပ္ေနတာကို အိမ္ကမိသြားတဲ့ ေက်ာင္းသားေတြလိုမ်ိဳး ရွက္ေသြးျဖာၿပီး ဆိုဖာေပၚကေန ခုန္ထသြားတယ္။

အေလာတႀကီးႏိုင္ေနတာေၾကာင့္ ဖိနပ္ပါးေတာင္ မဝတ္ႏိုင္ဘူး။

ေနရာမွာ ရပ္ေနၿပီး သူ႔အဝတ္အစားေတြကို သြက္သြက္ေလး ျပန္ျပင္ေနတယ္။

"ဘာလုပ္ေနတာလဲ?" ေမာ့က်ဴးခ်န္က လင္ရွန္းကို နားလည္ရခက္စြာ ၾကည့္ေနတယ္။

သူတို႔ေတြက ဆိုဖာေပၚမွာ ေခြေခါက္ၿပီး ဂိမ္းေဆာ့ေနၾကတာျဖစ္လို႔ ေက်ာင္းယူနီေဖာင္းကုတ္အက်ီက နည္းနည္းေလးေတာ့ တြန႔္ေၾကေနတယ္။

ဒါေပမယ့္ လင္ရွန္းက ရွက္ရမ္းရမ္းၿပီး သူ႔အက်ီေတြကို ဆြဲခ်ေနတာေၾကာင့္ သူတို႔ေတြက ခုေလးတင္ ေျပာျပလို႔မရတဲ့ တစ္စုံတစ္ရာလုပ္ေနတယ္လို႔ အထင္ေရာက္ေစတယ္။

"အဝတ္အစားေတြ!" လင္ရွန္း ေက်ာင္းယူနီေဖာင္းကုတ္အက်ီကို ၾကယ္သီးေတြ တပ္လိုက္တယ္။

ထို႔ေနာက္ ရွပ္အက်ီေကာ္လံ ေထာင့္နားေတြကို အက်အနျဖန႔္ေနေတာ့တယ္။

သူ႔ေခါင္းကို လွည့္လိုက္တယ္ဆိုရင္ပဲ ေမာ့က်ဴးခ်န္က ထိုနားမွာပဲ ရပ္ေနေသးတာကို ျမင္လိုက္ရတယ္။

ေက်ာင္းယူနီေဖာင္းကုတ္အက်ီကလည္း ဟၿပဲႀကီး။

အထဲက ရွပ္အက်ီၾကယ္သီးေတြကိုလည္း အေစာပိုင္းတည္းက ျဖဳတ္ထားတာေၾကာင့္ က်စ္လ်စ္တဲ့လည္တိုင္ကို လ်စ္ဟျပထားသလိုျဖစ္ေနတယ္။

ညႇပ္႐ိုးကလည္း တစ္ဝက္ဖုံး တစ္ဝက္ေပၚျဖစ္ေနေသးတယ္။

လင္ရွန္း "!!!"

သူ ေမာ့က်ဴးခ်န္ကို ဆြဲလိုက္ၿပီး ဘာမွမေျပာေတာ့ဘဲ သူ႔ရဲ႕ရွပ္အက်ီကို ၾကယ္သီးတပ္ေပးလိုက္တယ္။

တကယ္ေတာ့ ပုံမွန္အခ်ိန္ေတြမွာလည္း ေမာ့က်ဴးခ်န္က မ်ားေသာအားျဖင့္ ဒီအတိုင္းသာျဖစ္ၿပီး ဘာမွ ေထြေထြထူးထူးမဟုတ္ဘူး။

ဒါေပမယ့္ လင္ရွန္းကေတာ့ သူတို႔ေတြ အခုေလးတင္လုပ္ခဲ့ၾကတဲ့ကိစၥကို ေတြးၿပီး မေနသာဘဲ အျပစ္မကင္းသလိုျဖစ္ေနတယ္။

*ေဒါက္ ေဒါက္ ေဒါက္* တံခါးကေန စည္းခ်က္က်တဲ့ တံခါးေခါက္သံသုံးခ်က္ ထြက္ေပၚလာျပန္တယ္။

"ရွန္းရွန္း?" လင္ယြမ္ရဲ႕ ႏူးညံ့တဲ့အသံ ထြက္ေပၚလာတယ္ "အထဲမွာလား?"

လင္ရွန္း ပိုၿပီး စိတ္လႈပ္ရွားလာတယ္။

ေမာ့က်ဴးခ်န္ရဲ႕ရွပ္အက်ီကိုလည္း ၾကယ္သီးႏွစ္လုံး တပ္ၿပီးၿပီျဖစ္ကာ ထိပ္ဆုံးတစ္လုံးပဲ က်န္ေတာ့တယ္။

"ဟုတ္ ေကာ..." သူ လင္ယြမ္ကို ျပန္ေျဖၿပီး လက္ေခ်ာင္းေတြကို သြက္သြက္ေလး လႈပ္ရွားလိုက္တယ္။

သို႔ေပမယ့္ စိတ္လႈပ္ရွားေလေလ ပိုဆိုးေလေလျဖစ္ေနေတာ့တယ္။

ေနာက္ဆုံးၾကယ္သီးက တပ္လို႔မရႏိုင္ျဖစ္ေနတယ္။

အစပိုင္း အလန႔္တၾကားျဖစ္သြားၿပီးတဲ့ေနာက္မွာ ခန႔္ညားတဲ့ေကာင္ေလးက သူ႔ေမး႐ိုးကို အနည္းငယ္ပင့္ၿပီး ျဖစ္စဥ္အားလုံးကို ေမြ႕ေလ်ာ္သလိုမ်ိဳးေနေနတယ္။

သူ႔မ်က္လုံးေတြက ၫႊတ္က်ေနၿပီး စိုးရိမ္ပူပန္မႈေၾကာင့္ တုန္ရီေနတဲ့လင္ရွန္းရဲ႕လက္ေခ်ာင္းေတြကို ၾကည့္ေနလိုက္တယ္။

'ဒီေလာက္ေတာင္ ေၾကာက္တာလား?'

ေမာ့က်ဴးခ်န္မ်က္လုံးေတြ အေရာင္လက္သြားတယ္။

လင္ယြမ္က သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကို ေဖာက္ထြင္းျမင္ႏိုင္သလိုမ်ိဳးျဖစ္ေနတယ္လို႔ သူ အၿမဲလိုလို ခံစားမိတယ္။

ၿပီးေတာ့ ဂ႐ုစိုက္မေနဘူး။

ေနာက္ၿပီး ရွိေသးတာက အဲ့တာကို ျမင္ရတာ ေပ်ာ္ေတာင္ေပ်ာ္ေနေသးတယ္?

ထိုအခိုက္မွာ ေလာ့မခ်ထားတဲ့တံခါးကို အျပင္ဘက္ကေန ဖြင့္လာေတာ့တယ္။

ေလွ်ာက္လမ္းက အလင္းေရာင္နဲ႔အတူ လင္ယြမ္ရဲ႕အသံပါ ဝင္ေရာက္လာတယ္ "ရွန္းရွန္း ေနာက္ေတာင္ က်ေနၿပီေလ... မင္း..."

သူ တစ္စကၠန႔္ေလာက္ ရပ္သြားၿပီး ၾကားရခဲတဲ့ တည္တည္ၿငိမ္ၿငိမ္အသံ ေပၚထြက္လာတယ္။

လင္ယြမ္က အသံတိုးတိုးေလးနဲ႔ "ဘာလုပ္ေနၾကတာလဲ?"

လင္ရွန္းလည္း သတိလက္လြတ္နဲ႔ ေခါင္းလွည့္ၾကည့္မိသြားၿပီး သူ႔လက္ေတြကေတာ့ ေမာ့က်ဴးခ်န္ရဲ႕ရွပ္အက်ီေကာ္လံေပၚမွာ ရွိေနတုန္းပဲ။

တံခါးနားမွာရပ္ေနတဲ့ လင္ယြမ္က အလင္းေရာင္ကို ေက်ာေပးၿပီး ရပ္ေနတယ္။

သူလည္း ေၾကာင္အေနတယ္။

ေနာက္စကၠန႔္မွာပဲ လင္ရွန္း ႐ုတ္တရက္ သတိကပ္သြားတယ္ _

သူနဲ႔ ေမာ့က်ဴးခ်န္တို႔ရဲ႕ လက္ရွိအေနအထားႀကီးက! သူတို႔ေတြက!

ေမာ့က်ဴးခ်န္က မတ္တပ္ရပ္ေနၿပီး သူကေတာ့ ရွပ္အက်ီၾကယ္သီးကို တပ္ေပးေနတယ္။

ၿပီးေတာ့လည္း သူတို႔က ဒီလိုအေနအထားျဖစ္ေနတာကို သူ႔အစ္ကိုနဲ႔မွ တည့္တည့္တိုး မိသြားတယ္။

အိပ္ရာထဲမွာ နတ္ဆိုးကို ဖမ္းမိတာပဲ!

ဒီစကားလုံးေတြက လင္ရွန္းစိတ္ထဲမွာ ႐ုတ္တရက္ ေပၚလာတယ္။

"ငါ့ဖာသာ လုပ္လိုက္မယ္" ေမာ့က်ဴးခ်န္က သူ႔လက္ကို ဆန႔္ထုတ္ကာ လင္ရွန္းရဲ႕လက္ကို အသာတြန္းဖယ္လိုက္တယ္။

သူ႔ရွပ္အက်ီရဲ႕အေပၚဆုံးၾကယ္သီးကို ခ်က္ခ်င္းတပ္လိုက္ၿပီးေနာက္ သူ႔ရဲ႕ေက်ာင္းယူနီေဖာင္းကိုလည္း ေသခ်ာျပန္ျပင္လိုက္ျပန္တယ္။

လူငယ္ေလးက မတ္မတ္ရပ္ေနၿပီး လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္ၾကားမွာ လက္တစ္ကမ္းစာေလာက္ေတာင္ မေဝးဘူး။

သူ(ေမာ့က်ဴးခ်န္)လည္း တံခါးနားမွာရပ္ေနတဲ့ လင္ယြမ္ကို လွည့္ၾကည့္လိုက္တယ္။

"အာ..." အဲ့ေတာ့မွသာ လင္ယြမ္ အသိျပန္ကပ္သြားတယ္။

သူက ေခါင္းကို အသာငုံ႔ၿပီး ၿပဳံးလိုက္ဟန္ေပၚတယ္။

လင္ယြမ္ ေခါင္းေမာ့ၿပီး လင္ရွန္းနဲ႔ တျခားေကာင္ေလးကို ၾကည့္ခ်ိန္မွာေတာ့ သူ႔ရဲ႕ပုံမွန္ ႏူးညံ့သိမ္ေမြ႕မႈတို႔ ျပန္လည္ေရာက္ရွိလာၿပီျဖစ္တယ္။

"ရွန္းရွန္း မင္းရဲ႕အတန္းေဖာ္က ညအိပ္မယ္ဆိုရင္လည္း မင္းရဲ႕ဘီဒိုအေပၚဆုံးထပ္မွာ ဂြမ္းကပ္အပိုနဲ႔ ေခါင္းအုံးေတြရွိတယ္၊ အဲ့တာေတြ ထုတ္ၿပီး ျပင္ေပးလိုက္လို႔ရတယ္"

လင္ယြမ္က လက္ထဲမွာ ဖန္ခြက္တစ္ခြက္ ကိုင္ထားတယ္။

သူက ေအာက္ထပ္မွာ ေရသြားယူမလို႔ျဖစ္ၿပီး သြားတဲ့လမ္းမွာ သူတို႔ေတြကို ႐ူးေၾကာင္ေၾကာင္ေတြ မလုပ္ဖို႔ ဝင္ေျပာတာျဖစ္တယ္ "လပတ္စာေမးပြဲက ၿပီးခါစမို႔ မနက္ျဖန္အတန္းမရွိဘူးဆိုေပမယ့္ တအားေနာက္က်တဲ့အထိ မေဆာ့ၾကနဲ႔၊ ေစာေစာအနားယူ"

သူက ေျပာလို႔ၿပီးသြားတာနဲ႔ လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္ကို ခြက္ေျမႇာက္ျပလိုက္တယ္။

ထို႔ေနာက္ ျပန္လွည့္ၿပီး ဘာမွမျမင္ခဲ့သလိုမ်ိဳး ေအာက္ထပ္ကို တည္ၿငိမ္စြာ ဆင္းသြားတယ္။

လင္ရွန္း "..."

'ခဏေလးေလ ေကာ!'

သိသိသာသာကို နားလည္မႈလြဲသြားတဲ့ သူ႔ရဲ႕အစ္ကိုႀကီးကို လွမ္းေခၚခ်င္မိတယ္။

သူ ဒါကို ရွင္းျပလို႔ရပါတယ္ဆို!

သူနဲ႔ ေမာ့က်ဴးခ်န္က သူေတြးသလိုမ်ိဳးမဟုတ္ဘူး!

သူတို႔ေတြ ညစ္တီးညစ္ပတ္မလုပ္ဘူး!

တကယ္ႀကီး မလုပ္ခဲ့တာပါလို႔!

ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ရွင္းျပေပးမယ္လို႔!

သို႔ေပမယ့္ လင္ရွန္း ေတာင့္ခဲေနၿပီး စကားတစ္ခြန္းေတာင္ မေျပာႏိုင္ျဖစ္ေနခဲ့တယ္။

လင္ယြမ္က လွည့္ထြက္သြားၿပီး ေလးေလးနက္နက္နဲ႔ သူတို႔အတြက္ တံခါးပိတ္ေပးသြားတာကိုသာ ၾကည့္ေနႏိုင္တယ္။

လင္ယြမ္ လွည့္လိုက္တဲ့အခ်ိန္မွာသာ လင္ရွန္းက သူ႔အစ္ကိုႀကီးရဲ႕မ်က္ႏွာအမူအယာကို ျမင္လိုက္ရတာျဖစ္တယ္ --

လင္ယြမ္က ၿပဳံးၿပဳံးႀကီးျဖစ္ေနတယ္။

အၿပဳံးက ႐ိုးတိုးရိပ္တိတ္ေလာက္ပဲဆိုေပမယ့္ သူ႔စိတ္အေျခအေန ေကာင္းမြန္ေနတယ္ဆိုတာကို သူ ျမင္ႏိုင္ေသးတယ္။

ဘာလို႔လဲ?

လင္ရွန္း ေတြေဝမိန္းေမာေနမိတယ္။

ခုေလးတင္ျမင္လိုက္ရတဲ့ ျမင္ကြင္းကလည္း သိသိသာသာကို အလြယ္တကူနားလည္မႈလြဲႏိုင္စရာပဲ။ အေတာ့္ကို မ႐ိုးမသားနဲ႔ အနည္းငယ္ ညစ္တီးညစ္ပတ္ႏိုင္တဲ့ နားလည္မႈလြဲတာပဲျဖစ္မယ္။

သူ႔အစ္ကိုႀကီးက (သူ႔ကို) ဂ႐ုစိုက္တယ္မဟုတ္ဘူးလား?

ေမာ့က်ဴးခ်န္နဲ႔ အတူရွိေနတာကိုေတာင္ တအားတည္ၿငိမ္ေနတာပဲလား?

သူေျပာသြားတာကို နားေထာင္ၾကည့္ရင္ အိပ္ခန္းထဲမွာေတာင္ အိပ္ခိုင္းလိုက္ေသးတယ္။

လင္ရွန္း ေခါင္းလွည့္ၿပီး ေမာ့က်ဴးခ်န္ကို အူေၾကာင္ေၾကာင္ၾကည့္မိသြားတယ္။

ေမာ့က်ဴးခ်န္ကလည္း သူ႔ကိုၾကည့္ေနတယ္။

သူလည္း လင္ရွန္းဆီက အခ်ိန္အၾကာႀကီး အၾကည့္ခံရၿပီးေနာက္ မ်က္ခုံးေတြ ပင့္လာတယ္။

"မင္းရဲ႕ေကာက ၾကည့္ရတာ ငါ့အေပၚကို အျမင္ေကာင္းေတာ့ရွိပုံရတယ္" ေမာ့က်ဴးခ်န္ကေျပာၿပီး ဆိုဖာေပၚ ျပန္ထိုင္လိုက္တယ္။

သူက ခါးကိုင္းၿပီး controller ကို ေကာက္ယူကာ လင္ရွန္းကို ေမးလိုက္တယ္ "မင္း ေဆာ့အုံးမွာလား?"

'ေဆာ့မယ္?!'

'သရဲနဲ႔ပဲ ေဆာ့ေနလိုက္!'

လင္ရွန္း ေမာ့က်ဴးခ်န္ကို ေဒါသထြက္ေနတဲ့ အၾကည့္တစ္ခ်က္ေပးလိုက္တယ္။

သူ ထိုင္ေတာင္မထိုင္ေတာ့ဘဲ သူ႔ေရွ႕ကိုေလွ်ာက္သြားကာ တစ္ဖက္လူကို ငုံ႔ၾကည့္လိုက္တယ္ "ငါ့ေကာက နားလည္မႈလြဲသြားၿပီ"

"မင္းစိတ္လႈပ္ရွားေအာင္ ဘယ္သူက လုပ္ေနလို႔လဲ?" ေမာ့က်ဴးခ်န္က ေအးေဆးတည္ၿငိမ္စြာ ေျပာလာတယ္ "ဘာမွလည္းမဟုတ္ဘဲနဲ႔ မသိရင္ ငါတို႔ကပဲ အျပစ္မကင္းသလိုလိုနဲ႔"

လင္ရွန္း "..."

သူ မ်က္ေမွာင္ၾကဳတ္ကာ ေမာ့က်ဴးခ်န္ကို ၾကည့္ရင္း "မင္း ထင္တာက..."

လင္ရွန္း ခဏေလာက္ ေတြးလိုက္ေပမယ့္ အဲ့တာကို ဘယ္လိုေဖာ္ျပရမွန္း မသိျဖစ္ေနခဲ့တယ္။

ေနာက္ၿပီး သူ႔ရဲ႕သံသယေတြကို စိတ္ႀကီးဝင္ေနတဲ့ေက်ာင္းျမက္ႀကီးနဲ႔ ေဆြးေႏြးဖို႔က်ျပန္ေတာ့လည္း အနည္းငယ္ရွက္စရာေကာင္းၿပီး အားကိုးမရေလာက္ဘူးဆိုတဲ့ ခံစားခ်က္ကိုသာ ရေနတယ္။

လင္ရွန္း ဆက္မေျပာတာေၾကာင့္ game level အသစ္ကို စႏွင့္ေနၿပီျဖစ္တဲ့ ေမာ့က်ဴးခ်န္က ေမာ့ၾကည့္လာတယ္။

"မင္း ဘယ္လိုထင္လဲ?" သူ ေမးလိုက္တယ္ "မင္းရဲ႕ေကာက နည္းနည္းထူးဆန္းတယ္လို႔ ထင္ေနတာလား?"

"...အင္း" လင္ရွန္း ခပ္ဆတ္ဆတ္ေခါင္းၿငိတ္လိုက္တယ္။

"တအား ဗဟုသုတရွိတယ္" ေမာ့က်ဴးခ်န္ရဲ႕ မ်က္လုံးေတြက ပ႐ိုဂ်က္တာေပၚမွာသာ ရွိေနၿပီး သူ႔လက္ကေတြက controller ကို ျဖတ္လတ္စြာ ႏွိပ္ေနတယ္ "ေနာက္ၿပီး တအားလည္းေတာ္တယ္၊ ဒါေပမယ့္ လွ်ိဳ႕ဝွက္ခ်က္တစ္ခုရွိေနတယ္ဆိုတာကေတာ့ သိသာတယ္... မင္းက တုံးလြန္းအားႀကီးလို႔ ငါမင္းကို သိပ္ေတာ့သေဘာမက်ေပမယ့္ သူ႔ေၾကာင့္နဲ႔ မင္း ဝန္ထုပ္ဝန္ပိုးျဖစ္ေအာင္ေတာ့ မင္းကို ေျပာျပဖို႔ စိတ္ကူးမရွိဘူး"

ေမာ့က်ဴးခ်န္ရဲ႕ အေရွ႕ပိုင္းကစကားေတြက ေတာ္ေတာ္ေလးအားကိုးခ်င္စရာေကာင္းလွေပမယ့္ ေနာက္ပိုင္းေရာက္လာေလ ႐ြဲ႕တဲ့တဲ့ျဖစ္လာေလပဲ။

လင္ရွန္း ႏႈတ္ခမ္းေတြ တြန႔္ခ်ိဳးသြားတယ္။

သူက ႏွစ္ေယာက္ထိုင္ဆိုဖာအိအိေလးကို ခပ္ေၾကာက္ေၾကာက္ၾကည့္ကာ ကုလားထိုင္တစ္လုံးဆြဲၿပီး ေမာ့က်ဴးခ်န္ေဘးမွာ ထိုင္လိုက္တယ္။

သူလည္း တစ္ဖက္လူက အားႀကိဳးမာန္တက္ ဂိမ္းေဆာ့ေနတာကိုသာ ၾကည့္ေနလိုက္ေတာ့တယ္။

လင္ရွန္းလိုမ်ိဳး လူသစ္အရႈပ္ထုပ္မရွိေတာ့တာေၾကာင့္ ေမာ့က်ဴးခ်န္လည္း တစ္ေယာက္တည္းေဆာ့ရတဲ့အဆင့္ကို လွ်င္ျမန္စြာ ေအာင္ျမင္ခဲ့တယ္။

သူက controller ကို ခ်ၿပီး မတ္တပ္ရပ္ကာ အေၾကာဆန႔္လိုက္တယ္ "မနက္ျဖန္အတန္းသြားစရာ မရွိဘူးဆိုေပမယ့္ ငါ အိပ္ရာဝင္သင့္ေနၿပီ"

"မင္းရဲ႕အိပ္ခန္းက ဘယ္မွာလဲ?" ေမာ့က်ဴးခ်န္ လင္ရွန္းကို ေမးေငါ့ျပလိုက္တယ္ "ငါ အိပ္ခ်င္ေနၿပီ"

သူက တကယ္ႀကီး ညအိပ္လိမ့္မယ္လို႔ လင္ရွန္းမထင္ခဲ့ဘူး။

သူ စိတ္လႈပ္ရွားစြာ မတ္တပ္ရပ္လိုက္ၿပီး "မင္း... မင္း ငါ့အိမ္မွာ တကယ္ေနခ်င္လို႔လား?"

"အဲ့ေတာ့ ဘာလား မင္းက ယဥ္ေက်းမႈအရပဲ ေျပာလိုက္တာလား?" ေမာ့က်ဴးခ်န္ ေမးလာတယ္။

"အဲ့လိုလည္း မဟုတ္ပါဘူး" လင္ရွန္း ႐ိုးသားစြာ ေျဖလိုက္တယ္။

ေဆာ့ဖို႔ ေမာ့က်ဴးခ်န္ကို ဖိတ္လိုက္တယ္ဆိုတာက စိတ္ရင္းနဲ႔ျဖစ္တယ္။ အရင္ကဆို ဘယ္တုန္းကမွ သူ႔သူငယ္ခ်င္းေတြကို အိမ္လည္ဖိတ္ဖူးတာမဟုတ္ဘူး။

အစပိုင္းမွာ ကသိကေအာက္ႏိုင္တယ္ဆိုေပမယ့္ ေပ်ာ္ဖို႔ေကာင္းတယ္။

ဧည့္သည္ကို အိမ္ရွင္အျဖစ္ ဧည့္ခံတာကလည္း ပထမဆုံးအႀကိမ္ျဖစ္တာေၾကာင့္ တကယ့္အိမ္သားတစ္ေယာက္လိုမ်ိဳး ခံစားရတယ္။

ဒါေပမယ့္ အဲ့အနမ္းၿပီးတဲ့ေနာက္...

လင္ရွန္း အသည္းအသန္ မ်က္လုံးလႊဲလိုက္ၿပီး ေမာ့က်ဴးခ်န္ကို မၾကည့္ရဲေတာ့ဘူး။

နမ္းၿပီးတာေတာင္ ေမာ့က်ဴးခ်န္ကို သူ႔အိပ္ခန္းထဲမွာ ေနခိုင္းအုံးမယ္ဆိုရင္ သူ ရွက္ကိုးရွက္ကန္းျဖစ္ေနလိမ့္မယ္!

သူ စိတ္ပူတာက ေမာ့က်ဴးခ်န္...

"ဘာလဲ?" ေမာ့က်ဴးခ်န္က ႐ုတ္တရက္ႀကီး လင္ရွန္းေရွ႕ကို တိုးလာတယ္ "ငါက မင္းကို တစ္ခုခုလုပ္မွာ စိတ္ပူေနတာလား?"

လင္ရွန္း "..."

စိတ္ႀကီးဝင္တတ္တဲ့ ေက်ာင္းျမက္ႀကီးက တစ္ခါတစ္ခါလည္း ဉာဏ္ေျပးၿပီး ေၾကာက္ဖို႔ေကာင္းလွတယ္။

မသိရင္ တျခားသူေတြရဲ႕စိတ္ထဲကို တကယ္ႀကီး ေဖာက္ထြင္းျမင္ႏိုင္သလိုပဲ။

"စိတ္မပူပါနဲ႔" ေမာ့က်ဴးခ်န္က လက္ကို ဆန႔္ထုတ္ၿပီး လင္ရွန္းရဲ႕ေခါင္းကို အားပါပါ ပြတ္လိုက္တယ္။

လင္ရွန္းရဲ႕အိပ္ခန္းက ႀကီးႀကီးမားမားေတာ့မဟုတ္ဘူး။

ေႏြးေႏြးေထြးေထြးရွိတဲ့ အခန္းျပင္ဆင္မႈေတြနဲ႔ ေသေသသပ္သပ္ေလးရွိတယ္။

ဒီဘက္ကို ကူးေျပာင္းေရာက္လာတည္းက ျပန္လည္ေလ့က်င့္ခန္းေမးခြန္းေတြနဲ႔ နမူနာေမးခြန္းေတြ စီစစ္တာေတြကို ဝီရိယရွိရွိလုပ္ခဲ့တယ္။

အခန္းထဲက စားပြဲေပၚမွာ ၿပိဳင္ပြဲေမးခြန္းေတြနဲ႔ အထက္တန္းေက်ာင္း ပုစာၦေတြ အပုံလိုက္ရွိေနတယ္။

သူ႔အစ္ကိုႀကီးေျပာတဲ့အတိုင္းပဲ ဘီဒိုရဲ႕အေပၚဆုံးမွာ ဂြမ္းကပ္အသစ္တစ္ခု လင္ရွန္းရွာေတြ႕သြားတယ္။

ေစာင္ကို အိပ္ရာေပၚတင္ၿပီး ေမာ့က်ဴးခ်န္ကို လွည့္ၾကည့္လိုက္ေတာ့ သူ႔စားပြဲေဘးမွာ မတ္တပ္ရပ္ၿပီး စားပြဲေပၚမွာ ျဖန႔္ထားတဲ့မွတ္စုစာအုပ္ကို စပ္စပ္စုစုနဲ႔ ၾကည့္ေနတာ ျမင္လိုက္ရတယ္။

"ငါ တစ္ခ်က္ေလာက္ ၾကည့္လို႔ရမလား?" ေမာ့က်ဴးခ်န္က လင္ရွန္းကို လွည့္ေမးကာ မွတ္စုစာအုပ္ကို လက္ညႇိဳးထိုးျပလိုက္တယ္။

လင္ရွန္းလည္း ေခါင္းၿငိတ္ျပလိုက္တယ္။

ဒါက သူ႔ရဲ႕အထက္တန္းဗဟုသုတေတြကို သခ်ၤာကေနစၿပီး ျပန္လည္စီထားတာျဖစ္တယ္။

ပုံေသနည္းေတြ၊ နမူနာပုစာၦေတြနဲ႔ အေသးစိတ္ရွင္းလင္းခ်က္ေတြ။

လပတ္စာေမးပြဲမတိုင္ခင္က ေမာ့က်ဴးခ်န္ကို နမူနာေမးခြန္းေတြကို အာဂုံေဆာင္ခိုင္း႐ုံကလြဲလို႔ တျခားနည္းလမ္းမရွိဘူး။

အခ်ိန္တိုအတြင္းမွာ ေမာ့က်ဴးခ်န္လည္း သူ႔ရဲ႕ထက္ျမက္မႈအေပၚ မွီခိုၿပီး သူ႔ရလဒ္ေတြ တိုးတက္လာေအာင္ အတင္းအက်ပ္လုပ္႐ုံသာရွိတယ္။

သို႔ေပမယ့္ ဆိုလိုခ်က္ေတြ ေရးဆြဲႏိုင္ဖို႔ ဗဟုသုတေတြကို နားလည္ဖို႔လိုၿပီး အခိုင္အမာ ဆုပ္ကိုင္ႏိုင္ဖို႔လိုေသးတယ္။

"ဒါကလည္း ငါ့အတြက္ပဲလား?" ေမာ့က်ဴးခ်န္ စာ႐ြက္အနည္းငယ္လွန္ၾကည့္ၿပီး နားလည္လိုက္တယ္။

လင္ရွန္းရဲ႕အဆင့္နဲ႔ဆို ဒီလိုအရာမ်ိဳးက မလိုေတာ့ဘူးဆိုတာ အသိသာႀကီး။

"ဟုတ္တယ္" လင္ရွန္း ဗလုံးဗေထြးနဲ႔ ျပန္ေျဖလိုက္တယ္။

သူက ဘီဒိုထဲကေန ဂြမ္းကပ္နဲ႔ ေခါင္းအုံးစြပ္အသစ္ကို ဆြဲထုတ္လိုက္တယ္။

"ငါ့ကို လာကူအုံး" သူ ေမာ့က်ဴးခ်န္ကို လွမ္းေခၚလိုက္တယ္။

လင္ရွန္းက ေစာင္ေတြခင္းတဲ့ေနရာမွာေတာ့ အတန္အသင့္ အရည္အခ်င္းရွိတယ္။ ေကာလိပ္ေရာက္ေတာ့ အေဆာင္မွာေနတာျဖစ္လို႔ သူ႔ကိုယ္သူသာ မွီခိုခဲ့ရတယ္။

လင္ရွန္းက ဂြမ္းကပ္ကိုဆြဲၿပီး ေထာင့္နားေတြကို ထိုးသိပ္ထည့္ၿပီးေနာက္ ေမာ့က်ဴးခ်န္ကို ေစာင္ရဲ႕အစြန္းနား ဆြဲေပးထားဖို႔ ၫႊန္ၾကားေတာ့တယ္။

သူတို႔ေတြ ေထာင့္ေလးခုလုံးကိုကိုင္ကာ ခါလိုက္ၿပီး ေစာင္ထပ္ခင္းလိုက္တယ္။

လင္ရွန္း ေစာင္ျဖန႔္ၿပီးေနာက္ ေခါင္းအုံးအသစ္ထုတ္ေနတာကို ေမာ့က်ဴးခ်န္ ၾကည့္ေနလိုက္တယ္။

၁.၈မီတာရွိတဲ့ကုတင္ေပၚမွာ ႏူးညံ့တဲ့ဂြမ္းကပ္ႏွစ္ထည္ရွိလာတာေၾကာင့္ ေတာ္ေတာ္ေလးက်ပ္သြားတဲ့ပုံေပၚတယ္။

လင္ရွန္းက ေခါင္းအုံးကို ကုတင္ေပၚပစ္တင္လိုက္ၿပီးေနာက္ ေမာ့က်ဴးခ်န္ဘက္ကို လွည့္ၾကည့္ကာ : "ေရခ်ိဳးမလား?"

"အင္း" ေမာ့က်ဴးခ်န္ ေခါင္းၿငိတ္လိုက္တယ္။

လင္ရွန္းတစ္ေယာက္ ေခါင္းကုတ္ကာ သူ႔ဘီဒိုထဲကို ခဏေလာက္ ေမႊေႏွာက္ၾကည့္လိုက္တယ္ "ထားလိုက္ပါေတာ့ ငါ့အစ္ကိုဆီကပဲ အက်ီေတြ သြားငွားၾကည့္လိုက္မယ္"

သူ မဝတ္ရေသးတဲ့အက်ီေတြေတာ့ ရွိေပမယ့္ ေမာ့က်ဴးခ်န္က သူ႔ထက္အမ်ားႀကီး အရပ္ရွည္တာေၾကာင့္ ဝတ္လို႔မရဘူးဆိုတာ သိသာလွတယ္။

"မင္း အရင္ဆုံး ေရခ်ိဳးထားလိုက္" လင္ရွန္းက ေျပာၿပီးတာနဲ႔ တံခါးဖြင့္ကာ ထြက္သြားေတာ့တယ္။

စာၾကည့္ခန္းတံခါးက ဟေနၿပီး ဟေနတဲ့ေနရာကေန အလင္းေရာင္ထြက္ေပၚေနတယ္။

လင္ရွန္း တံခါးေခါက္လိုက္ကာ ဝင္ခြင့္ျပဳေတာ့မွ တံခါးဖြင့္ၿပီး ဝင္သြားလိုက္တယ္။

လင္ယြမ္က ကြန္ျပဴတာမ်က္ႏွာျပင္ကို မ်က္ႏွာမူေနၿပီး သူ႔ညီဝင္လာတဲ့အသံၾကားတာေတာင္ လွည့္မၾကည့္ႏိုင္ေသးဘူး။

တစ္ေလွ်ာက္လုံးလည္း သူ႔ရဲ႕သြယ္လ်လ်လက္ေခ်ာင္းေတြက ကီးဘုတ္ေပၚမွာ လွ်င္ျမန္စြာေျပးလႊားေနတာက လင္ရွန္း စားပြဲေရွ႕မေရာက္ခင္အထိပဲ။

အဲ့ေတာ့မွ လင္ယြမ္က သူ႔ရဲ႕အာ႐ုံကို သူ႔ညီဆီ လႊဲလိုက္တယ္ "ဘာကိစၥရွိလို႔လဲ?"

"ေကာဆီမွာ အိမ္ေနရင္း အဝတ္အစားအသစ္ေလးဘာေလး ရွိလား?" လင္ရွန္း ေမးလိုက္တယ္။

ခုေလးတင္ ကိစၥေတြျဖစ္ၿပီးတဲ့ေနာက္ ေမာ့က်ဴးခ်န္အတြက္ အစ္ကိုျဖစ္သူဆီမွာ အိမ္ေနရင္းအဝတ္အစားေတြ ငွားေနရတာေၾကာင့္ လင္ရွန္း တကယ္ ရွက္ေနမိတယ္။

"အင္း" လင္ယြမ္က သူ႔ကို ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ၿပဳံးျပေနတယ္။

"ေကာအိပ္ခန္းရဲ႕ ဘယ္ဘက္ကဘီဒို အလယ္ထပ္ထဲမွာ၊ မင္း ဘာသာ သြားယူလိုက္ေလ" လင္ယြမ္ ထပ္ေျပာလိုက္တယ္ "အဲ့ဘီဒိုရဲ႕ ေအာက္ဆုံးမွာ ေအာက္ခံေဘာင္းဘီအသစ္လည္း ရွိတယ္"

"ေက်းဇူးပါ ေကာ" လင္ရွန္း အနည္းငယ္မ်က္ႏွာပူမိတယ္။

သူ ထြက္မေျပး႐ုံတမယ္ စာၾကည့္ခန္းထဲက ထြက္လာခဲ့လိုက္တယ္။

လင္ယြမ္ရဲ႕အိပ္ခန္းက သူနဲ႔တစ္လႊာတည္းမွာပဲရွိတယ္။ တစ္ဖက္လူက အခန္းတံခါးကို ေလာ့မခ်ထားဘဲ ဘီဒိုကိုဖြင့္ထားတယ္။ အဝတ္အစားေတြက အမ်ားအားျဖင့္ အမည္း၊ အျဖဴနဲ႔ မီးခိုေရာင္ေတြျဖစ္ၿပီး သပ္သပ္ရပ္ရပ္ေလး ထပ္ထားတယ္။

ဘယ္ဘက္ဘီဒိုရဲ႕ အလယ္ထပ္မွာ ဖြင့္ေတာင္မဖြင့္ထားတဲ့ အိမ္ေနရင္းအဝတ္အစား အိတ္လိုက္ရွိေနတယ္။ ေအာက္အထပ္မွာေတာ့ ဖြင့္မထားတဲ့ ေအာက္ခံေဘာင္းဘီနဲ႔ ေဘာင္းဘီရွည္ေတြရွိေနတယ္။

လင္ရွန္းမ်က္ႏွာက ပိုလို႔ေတာင္ ပူလာတယ္။

သူ ေစ့ေစ့ေပါက္ေပါက္ မၾကည့္ရဲဘဲ ႀကဳံရာအိတ္တစ္အိတ္ဆြဲယူၿပီး သူ႔အိပ္ခန္းဆီျပန္သြားဖို႔လုပ္လိုက္တယ္။

သူ အရမ္းအေလာတႀကီးလုပ္လိုက္တာေၾကာင့္ ျပန္လွည့္ခ်ိန္မွာ အိတ္က အိပ္ရာေဘးကစားပြဲေပၚရွိ စာအုပ္တစ္အုပ္ကို တိုက္မိသြားၿပီး ဖုတ္ခနဲ ၾကမ္းျပင္ေပၚက်သြားေတာ့တယ္။

လင္ရွန္း ခါးကိုင္းကာ စာအုပ္ကို ေကာက္ယူလိုက္တယ္။

သူလည္း စာအုပ္ရဲ႕အလယ္နားကို ညႇပ္ကိုင္ၿပီး ျမန္ျမန္ထလိုက္ေပမယ့္ ေသခ်ာမမတ္ရေသးခင္မွာ စာအုပ္ထဲက bookmarkတစ္ခု ျပဳတ္က်သြားျပန္တာေၾကာင့္ ခပ္သြက္သြက္ ေကာက္ရျပန္တယ္။

Bookmarkမွာ လက္ေရးနဲ႔ေရးထားတာရွိတယ္။

ႏွစ္လိုဖြယ္ စိမ္းေဖ်ာ့ေဖ်ာ့ကဒ္ေလးေပၚမွာ ရွည္ရွည္ခြၽန္ခြၽန္လက္ေရးေတြ ရွိေနတယ္ _

"ဗိုလ္က်တဲ့လူက ဘယ္သူလဲ"

လက္ေရးကက ခပ္ေသာ့ေသာ့နဲ႔ ထိုးထိုးေထာင္ေထာင္ႏိုင္တယ္။

ေနာက္ၿပီး ဒီကဗ်ာကိုၾကည့္ရတာ သူ႔အစ္ကို လင္ရွန္းေရွ႕မွာေတာ့ ေအးေအးခ်မ္းခ်မ္းပုံေပၚေပမယ့္ သိမ္ေမြ႕တဲ့လင္ယြမ္က တကယ္ေတာ့ ကြဲျပားေနတာပဲ။

လင္ရွန္း မေနႏိုင္စြာ ႏႈတ္ခမ္းေတြ ေကြးၫြတ္မိသြားတယ္။

သူ နည္းနည္းေတာ့ အခက္ေတြ႕ေနမိတယ္။ bookmark ျပဳတ္က်သြားခ်ိန္မွာ ဘယ္စာမ်က္ႏွာမွန္း သူသတိမထားမိလိုက္ဘူး။

လင္ရွန္းလည္း ေ႐ြးျခယ္စရာမရွိတာေၾကာင့္ သာမန္ကာလွ်ံကာ စာမ်က္ႏွာတစ္ခုလွန္လိုက္ၿပီး bookmarkကို ညႇပ္ကာ လွည့္ထြက္ဖို႔လုပ္လိုက္တယ္။

သူ လႈပ္လိုက္႐ုံသာရွိေသးတယ္ လူတစ္ကိုယ္လုံး မိုးႀကိဳးအပစ္ခ်ခံလိုက္ရသလိုမ်ိဳး ျဖစ္သြားတယ္။

လင္ရွန္း ေခါင္းလွည့္ၿပီး လင္ယြမ္ရဲ႕အိပ္ရာေဘးက စာအုပ္ကို မယုံၾကည္ႏိုင္စြာ ၾကည့္လိုက္တယ္။

စာအုပ္က သိပ္မထူဘဲ အဖုံးကလည္း ႐ိုး႐ိုးရွင္းရွင္းရွိၿပီး အေပၚမွာ ဘာနာမည္မွ ရွိမေနဘူး။

Bookmark ကိုထည့္ခ်ိန္တုန္းက ျဖတ္ခနဲတစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ သူ႔အတြက္ေတာ့ စာအုပ္ထဲက စာေၾကာင္းအနည္းငယ္ကို ျမင္ဖို႔လုံေလာက္တယ္။

ေတာ္ေတာ့္ကို ျမန္ျမန္ဆန္ဆန္ ဖတ္မိလိုက္တာျဖစ္လို႔ တျခားစကားလုံးေတြကိုေတာ့ ဘာမွမခံစားမိဘူး။

ဒါေပမယ့္ အထဲမွာ သူဘယ္ေတာ့မွ မမွားႏိုင္တဲ့ နာမည္တစ္ခုရွိေနတယ္။

-"ေမာ့က်ဴးခ်န္"တဲ့။

_____


{Unicode}

နားနေခန်းထဲမှာ ဂိမ်းထဲကနေ levelကို အောင်မြင်သွားတဲ့ တီးလုံးသံလေးက ငြိမ့်ငြောင်းစွာ ထွက်ပေါ်နေတုန်းပဲ။

ပရိုဂျက်တာမျက်နှာပြင်ပေါ်က ခပ်ဖျော့ဖျော့အလင်းရောင်က နားနေခန်းတစ်ခန်းလုံးအတွက်တော့ အတော့်ကို ဆန်းပြားတဲ့အရောင်တမျိုးဖြစ်နေစေတယ်။

လင်ရှန်းရဲ့နောက်ကျောတစ်ခုလုံးက နူးညံ့တဲ့ဆိုဖာမှာ ကပ်နေတယ်။

သူ့ရဲ့ညာဘက်လက်ကို မော့ကျူးချန်က ဆွဲပြီး ခပ်တောင့်တောင့်ရင်ဘတ်ပေါ် ဖိကပ်ပေးထားတယ်။

လက်ချောင်းတွေက ကျောင်းယူနီဖောင်းကုတ်အကျီနဲ့ ရှပ်အကျီခြားထားပေမယ့် တစ်ဖက်လူရဲ့ကိုယ်အပူချိန်ကြောင့် လောင်မြိုက်သွားနိုင်သလိုတောင် ဖြစ်နေတယ်။

နှလုံးခုန်သံ...

လင်ရှန်း မိန်းမောစွာ တွေးနေမိတယ်။

သူ့ရဲ့ပြူးကျယ်နေတဲ့မျက်လုံးတွေထဲမှာ မော့ကျူးချန်တစ်ယောက်ကိုသာ မြင်နိုင်တယ်။

တစ်ဖက်လူက မျက်လုံးတွေကို မှိတ်ထားပြီး သူ့ရဲ့အေးစက်စက်နှာခေါင်းနဲ့ လင်ရှန်းပါးကို ပွတ်တိုက်နေတယ်။

ရှုသွင်းလိုက်တဲ့လေငွေ့ကလည်း ပူလောင်နေတယ်။

လင်ရှန်းရဲ့နောက်လက်တစ်ဖက်မှာရှိနေတဲ့ game controllerကလည်း လွတ်ကျသွားတော့တယ်။

Controller က ခပ်ထူထူကော်ဇော်ပေါ်ကျသွားပြီး အသံအုပ်အုပ်လေးတစ်ခု ထွက်ပေါ်လာတယ်။

ဘယ်သူမှ ဂရုမစိုက်နိုင်ကြဘူး။

လင်ရှန်းတောင်မှ သူ့မျက်လုံးတွေကို ဖြေးဖြေးချင်းပိတ်လာတော့တယ်။

သူ့ရဲ့မျက်တောင်တွေက တုန်ရီနေပြီး သူ့နှုတ်ခမ်းတွေပေါ်က တစ်ဖက်လူရဲ့နွေးထွေးမှုကို ခံစားမိလာတယ်။

ဒီမတိုင်ခင်အထိပဲ...

*ဒေါက် ဒေါက် ဒေါက်*

နှစ်လိုဖွယ်အခန်းလေးထဲမှာ တံခါးခေါက်သံသုံးချက် ထွက်ပေါ်လာတယ်။

ရုတ်ခြည်းဆိုသလို လင်ရှန်း သတိပြန်ကပ်သွားတယ်။

အလိုအလျောက် တုံ့ပြန်တဲ့အနေနဲ့ လက်ကိုဆန့်ထုတ်ပြီး မော့ကျူးချန်ရဲ့တောင့်တင်းနေတဲ့ရင်ဘတ်ကို တွန်းထုတ်မိလိုက်တယ်။

"ဘာလဲ?" မော့ကျူးချန်တစ်ယောက် မည်းသည်းနေတဲ့မျက်နှာကြီးနဲ့ မျက်လုံးတွေ ပွင့်လာတယ်။

"ငါ့ရဲ့ကော!" အိမ်မှာ လင်ယွမ်ကလွဲလို့ ဘယ်သူမှ မရှိဘူး။

လင်ရှန်းသူ့ကို အားနဲ့တွန်းထုတ်ကာ မော့ကျူးချန်ကို အသိပေးလိုက်တယ် "ငါ့ကောက ခုလေးတင် တံခါးလာခေါက်နေတယ်"

မဟုတ်တရုတ်တွေလုပ်နေတာကို အိမ်ကမိသွားတဲ့ ကျောင်းသားတွေလိုမျိုး ရှက်သွေးဖြာပြီး ဆိုဖာပေါ်ကနေ ခုန်ထသွားတယ်။

အလောတကြီးနိုင်နေတာကြောင့် ဖိနပ်ပါးတောင် မဝတ်နိုင်ဘူး။

နေရာမှာ ရပ်နေပြီး သူ့အဝတ်အစားတွေကို သွက်သွက်လေး ပြန်ပြင်နေတယ်။

"ဘာလုပ်နေတာလဲ?" မော့ကျူးချန်က လင်ရှန်းကို နားလည်ရခက်စွာ ကြည့်နေတယ်။

သူတို့တွေက ဆိုဖာပေါ်မှာ ခွေခေါက်ပြီး ဂိမ်းဆော့နေကြတာဖြစ်လို့ ကျောင်းယူနီဖောင်းကုတ်အကျီက နည်းနည်းလေးတော့ တွန့်ကြေနေတယ်။

ဒါပေမယ့် လင်ရှန်းက ရှက်ရမ်းရမ်းပြီး သူ့အကျီတွေကို ဆွဲချနေတာကြောင့် သူတို့တွေက ခုလေးတင် ပြောပြလို့မရတဲ့ တစ်စုံတစ်ရာလုပ်နေတယ်လို့ အထင်ရောက်စေတယ်။

"အဝတ်အစားတွေ!" လင်ရှန်း ကျောင်းယူနီဖောင်းကုတ်အကျီကို ကြယ်သီးတွေ တပ်လိုက်တယ်။

ထို့နောက် ရှပ်အကျီကော်လံ ထောင့်နားတွေကို အကျအနဖြန့်နေတော့တယ်။

သူ့ခေါင်းကို လှည့်လိုက်တယ်ဆိုရင်ပဲ မော့ကျူးချန်က ထိုနားမှာပဲ ရပ်နေသေးတာကို မြင်လိုက်ရတယ်။

ကျောင်းယူနီဖောင်းကုတ်အကျီကလည်း ဟပြဲကြီး။

အထဲက ရှပ်အကျီကြယ်သီးတွေကိုလည်း အစောပိုင်းတည်းက ဖြုတ်ထားတာကြောင့် ကျစ်လျစ်တဲ့လည်တိုင်ကို လျစ်ဟပြထားသလိုဖြစ်နေတယ်။

ညှပ်ရိုးကလည်း တစ်ဝက်ဖုံး တစ်ဝက်ပေါ်ဖြစ်နေသေးတယ်။

လင်ရှန်း "!!!"

သူ မော့ကျူးချန်ကို ဆွဲလိုက်ပြီး ဘာမှမပြောတော့ဘဲ သူ့ရဲ့ရှပ်အကျီကို ကြယ်သီးတပ်ပေးလိုက်တယ်။

တကယ်တော့ ပုံမှန်အချိန်တွေမှာလည်း မော့ကျူးချန်က များသောအားဖြင့် ဒီအတိုင်းသာဖြစ်ပြီး ဘာမှ ထွေထွေထူးထူးမဟုတ်ဘူး။

ဒါပေမယ့် လင်ရှန်းကတော့ သူတို့တွေ အခုလေးတင်လုပ်ခဲ့ကြတဲ့ကိစ္စကို တွေးပြီး မနေသာဘဲ အပြစ်မကင်းသလိုဖြစ်နေတယ်။

*ဒေါက် ဒေါက် ဒေါက်* တံခါးကနေ စည်းချက်ကျတဲ့ တံခါးခေါက်သံသုံးချက် ထွက်ပေါ်လာပြန်တယ်။

"ရှန်းရှန်း?" လင်ယွမ်ရဲ့ နူးညံ့တဲ့အသံ ထွက်ပေါ်လာတယ် "အထဲမှာလား?"

လင်ရှန်း ပိုပြီး စိတ်လှုပ်ရှားလာတယ်။

မော့ကျူးချန်ရဲ့ရှပ်အကျီကိုလည်း ကြယ်သီးနှစ်လုံး တပ်ပြီးပြီဖြစ်ကာ ထိပ်ဆုံးတစ်လုံးပဲ ကျန်တော့တယ်။

"ဟုတ် ကော..." သူ လင်ယွမ်ကို ပြန်ဖြေပြီး လက်ချောင်းတွေကို သွက်သွက်လေး လှုပ်ရှားလိုက်တယ်။

သို့ပေမယ့် စိတ်လှုပ်ရှားလေလေ ပိုဆိုးလေလေဖြစ်နေတော့တယ်။

နောက်ဆုံးကြယ်သီးက တပ်လို့မရနိုင်ဖြစ်နေတယ်။

အစပိုင်း အလန့်တကြားဖြစ်သွားပြီးတဲ့နောက်မှာ ခန့်ညားတဲ့ကောင်လေးက သူ့မေးရိုးကို အနည်းငယ်ပင့်ပြီး ဖြစ်စဉ်အားလုံးကို မွေ့လျော်သလိုမျိုးနေနေတယ်။

သူ့မျက်လုံးတွေက ညွှတ်ကျနေပြီး စိုးရိမ်ပူပန်မှုကြောင့် တုန်ရီနေတဲ့လင်ရှန်းရဲ့လက်ချောင်းတွေကို ကြည့်နေလိုက်တယ်။

'ဒီလောက်တောင် ကြောက်တာလား?'

မော့ကျူးချန်မျက်လုံးတွေ အရောင်လက်သွားတယ်။

လင်ယွမ်က သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖောက်ထွင်းမြင်နိုင်သလိုမျိုးဖြစ်နေတယ်လို့ သူ အမြဲလိုလို ခံစားမိတယ်။

ပြီးတော့ ဂရုစိုက်မနေဘူး။

နောက်ပြီး ရှိသေးတာက အဲ့တာကို မြင်ရတာ ပျော်တောင်ပျော်နေသေးတယ်?

ထိုအခိုက်မှာ လော့မချထားတဲ့တံခါးကို အပြင်ဘက်ကနေ ဖွင့်လာတော့တယ်။

လျှောက်လမ်းက အလင်းရောင်နဲ့အတူ လင်ယွမ်ရဲ့အသံပါ ဝင်ရောက်လာတယ် "ရှန်းရှန်း နောက်တောင် ကျနေပြီလေ... မင်း..."

သူ တစ်စက္ကန့်လောက် ရပ်သွားပြီး ကြားရခဲတဲ့ တည်တည်ငြိမ်ငြိမ်အသံ ပေါ်ထွက်လာတယ်။

လင်ယွမ်က အသံတိုးတိုးလေးနဲ့ "ဘာလုပ်နေကြတာလဲ?"

လင်ရှန်းလည်း သတိလက်လွတ်နဲ့ ခေါင်းလှည့်ကြည့်မိသွားပြီး သူ့လက်တွေကတော့ မော့ကျူးချန်ရဲ့ရှပ်အကျီကော်လံပေါ်မှာ ရှိနေတုန်းပဲ။

တံခါးနားမှာရပ်နေတဲ့ လင်ယွမ်က အလင်းရောင်ကို ကျောပေးပြီး ရပ်နေတယ်။

သူလည်း ကြောင်အနေတယ်။

နောက်စက္ကန့်မှာပဲ လင်ရှန်း ရုတ်တရက် သတိကပ်သွားတယ် _

သူနဲ့ မော့ကျူးချန်တို့ရဲ့ လက်ရှိအနေအထားကြီးက! သူတို့တွေက!

မော့ကျူးချန်က မတ်တပ်ရပ်နေပြီး သူကတော့ ရှပ်အကျီကြယ်သီးကို တပ်ပေးနေတယ်။

ပြီးတော့လည်း သူတို့က ဒီလိုအနေအထားဖြစ်နေတာကို သူ့အစ်ကိုနဲ့မှ တည့်တည့်တိုး မိသွားတယ်။

အိပ်ရာထဲမှာ နတ်ဆိုးကို ဖမ်းမိတာပဲ!

ဒီစကားလုံးတွေက လင်ရှန်းစိတ်ထဲမှာ ရုတ်တရက် ပေါ်လာတယ်။

"ငါ့ဖာသာ လုပ်လိုက်မယ်" မော့ကျူးချန်က သူ့လက်ကို ဆန့်ထုတ်ကာ လင်ရှန်းရဲ့လက်ကို အသာတွန်းဖယ်လိုက်တယ်။

သူ့ရှပ်အကျီရဲ့အပေါ်ဆုံးကြယ်သီးကို ချက်ချင်းတပ်လိုက်ပြီးနောက် သူ့ရဲ့ကျောင်းယူနီဖောင်းကိုလည်း သေချာပြန်ပြင်လိုက်ပြန်တယ်။

လူငယ်လေးက မတ်မတ်ရပ်နေပြီး လင်ရှန်းနဲ့ မော့ကျူးချန်ကြားမှာ လက်တစ်ကမ်းစာလောက်တောင် မဝေးဘူး။

သူ(မော့ကျူးချန်)လည်း တံခါးနားမှာရပ်နေတဲ့ လင်ယွမ်ကို လှည့်ကြည့်လိုက်တယ်။

"အာ..." အဲ့တော့မှသာ လင်ယွမ် အသိပြန်ကပ်သွားတယ်။

သူက ခေါင်းကို အသာငုံ့ပြီး ပြုံးလိုက်ဟန်ပေါ်တယ်။

လင်ယွမ် ခေါင်းမော့ပြီး လင်ရှန်းနဲ့ တခြားကောင်လေးကို ကြည့်ချိန်မှာတော့ သူ့ရဲ့ပုံမှန် နူးညံ့သိမ်မွေ့မှုတို့ ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်။

"ရှန်းရှန်း မင်းရဲ့အတန်းဖော်က ညအိပ်မယ်ဆိုရင်လည်း မင်းရဲ့ဘီဒိုအပေါ်ဆုံးထပ်မှာ ဂွမ်းကပ်အပိုနဲ့ ခေါင်းအုံးတွေရှိတယ်၊ အဲ့တာတွေ ထုတ်ပြီး ပြင်ပေးလိုက်လို့ရတယ်"

လင်ယွမ်က လက်ထဲမှာ ဖန်ခွက်တစ်ခွက် ကိုင်ထားတယ်။

သူက အောက်ထပ်မှာ ရေသွားယူမလို့ဖြစ်ပြီး သွားတဲ့လမ်းမှာ သူတို့တွေကို ရူးကြောင်ကြောင်တွေ မလုပ်ဖို့ ဝင်ပြောတာဖြစ်တယ် "လပတ်စာမေးပွဲက ပြီးခါစမို့ မနက်ဖြန်အတန်းမရှိဘူးဆိုပေမယ့် တအားနောက်ကျတဲ့အထိ မဆော့ကြနဲ့၊ စောစောအနားယူ"

သူက ပြောလို့ပြီးသွားတာနဲ့ လင်ရှန်းနဲ့ မော့ကျူးချန်ကို ခွက်မြှောက်ပြလိုက်တယ်။

ထို့နောက် ပြန်လှည့်ပြီး ဘာမှမမြင်ခဲ့သလိုမျိုး အောက်ထပ်ကို တည်ငြိမ်စွာ ဆင်းသွားတယ်။

လင်ရှန်း "..."

'ခဏလေးလေ ကော!'

သိသိသာသာကို နားလည်မှုလွဲသွားတဲ့ သူ့ရဲ့အစ်ကိုကြီးကို လှမ်းခေါ်ချင်မိတယ်။

သူ ဒါကို ရှင်းပြလို့ရပါတယ်ဆို!

သူနဲ့ မော့ကျူးချန်က သူတွေးသလိုမျိုးမဟုတ်ဘူး!

သူတို့တွေ ညစ်တီးညစ်ပတ်မလုပ်ဘူး!

တကယ်ကြီး မလုပ်ခဲ့တာပါလို့!

ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြပေးမယ်လို့!

သို့ပေမယ့် လင်ရှန်း တောင့်ခဲနေပြီး စကားတစ်ခွန်းတောင် မပြောနိုင်ဖြစ်နေခဲ့တယ်။

လင်ယွမ်က လှည့်ထွက်သွားပြီး လေးလေးနက်နက်နဲ့ သူတို့အတွက် တံခါးပိတ်ပေးသွားတာကိုသာ ကြည့်နေနိုင်တယ်။

လင်ယွမ် လှည့်လိုက်တဲ့အချိန်မှာသာ လင်ရှန်းက သူ့အစ်ကိုကြီးရဲ့မျက်နှာအမူအယာကို မြင်လိုက်ရတာဖြစ်တယ် --

လင်ယွမ်က ပြုံးပြုံးကြီးဖြစ်နေတယ်။

အပြုံးက ရိုးတိုးရိပ်တိတ်လောက်ပဲဆိုပေမယ့် သူ့စိတ်အခြေအနေ ကောင်းမွန်နေတယ်ဆိုတာကို သူ မြင်နိုင်သေးတယ်။

ဘာလို့လဲ?

လင်ရှန်း တွေဝေမိန်းမောနေမိတယ်။

ခုလေးတင်မြင်လိုက်ရတဲ့ မြင်ကွင်းကလည်း သိသိသာသာကို အလွယ်တကူနားလည်မှုလွဲနိုင်စရာပဲ။ အတော့်ကို မရိုးမသားနဲ့ အနည်းငယ် ညစ်တီးညစ်ပတ်နိုင်တဲ့ နားလည်မှုလွဲတာပဲဖြစ်မယ်။

သူ့အစ်ကိုကြီးက (သူ့ကို) ဂရုစိုက်တယ်မဟုတ်ဘူးလား?

မော့ကျူးချန်နဲ့ အတူရှိနေတာကိုတောင် တအားတည်ငြိမ်နေတာပဲလား?

သူပြောသွားတာကို နားထောင်ကြည့်ရင် အိပ်ခန်းထဲမှာတောင် အိပ်ခိုင်းလိုက်သေးတယ်။

လင်ရှန်း ခေါင်းလှည့်ပြီး မော့ကျူးချန်ကို အူကြောင်ကြောင်ကြည့်မိသွားတယ်။

မော့ကျူးချန်ကလည်း သူ့ကိုကြည့်နေတယ်။

သူလည်း လင်ရှန်းဆီက အချိန်အကြာကြီး အကြည့်ခံရပြီးနောက် မျက်ခုံးတွေ ပင့်လာတယ်။

"မင်းရဲ့ကောက ကြည့်ရတာ ငါ့အပေါ်ကို အမြင်ကောင်းတော့ရှိပုံရတယ်" မော့ကျူးချန်ကပြောပြီး ဆိုဖာပေါ် ပြန်ထိုင်လိုက်တယ်။

သူက ခါးကိုင်းပြီး controller ကို ကောက်ယူကာ လင်ရှန်းကို မေးလိုက်တယ် "မင်း ဆော့အုံးမှာလား?"

'ဆော့မယ်?!'

'သရဲနဲ့ပဲ ဆော့နေလိုက်!'

လင်ရှန်း မော့ကျူးချန်ကို ဒေါသထွက်နေတဲ့ အကြည့်တစ်ချက်ပေးလိုက်တယ်။

သူ ထိုင်တောင်မထိုင်တော့ဘဲ သူ့ရှေ့ကိုလျှောက်သွားကာ တစ်ဖက်လူကို ငုံ့ကြည့်လိုက်တယ် "ငါ့ကောက နားလည်မှုလွဲသွားပြီ"

"မင်းစိတ်လှုပ်ရှားအောင် ဘယ်သူက လုပ်နေလို့လဲ?" မော့ကျူးချန်က အေးဆေးတည်ငြိမ်စွာ ပြောလာတယ် "ဘာမှလည်းမဟုတ်ဘဲနဲ့ မသိရင် ငါတို့ကပဲ အပြစ်မကင်းသလိုလိုနဲ့"

လင်ရှန်း "..."

သူ မျက်မှောင်ကြုတ်ကာ မော့ကျူးချန်ကို ကြည့်ရင်း "မင်း ထင်တာက..."

လင်ရှန်း ခဏလောက် တွေးလိုက်ပေမယ့် အဲ့တာကို ဘယ်လိုဖော်ပြရမှန်း မသိဖြစ်နေခဲ့တယ်။

နောက်ပြီး သူ့ရဲ့သံသယတွေကို စိတ်ကြီးဝင်နေတဲ့ကျောင်းမြက်ကြီးနဲ့ ဆွေးနွေးဖို့ကျပြန်တော့လည်း အနည်းငယ်ရှက်စရာကောင်းပြီး အားကိုးမရလောက်ဘူးဆိုတဲ့ ခံစားချက်ကိုသာ ရနေတယ်။

လင်ရှန်း ဆက်မပြောတာကြောင့် game level အသစ်ကို စနှင့်နေပြီဖြစ်တဲ့ မော့ကျူးချန်က မော့ကြည့်လာတယ်။

"မင်း ဘယ်လိုထင်လဲ?" သူ မေးလိုက်တယ် "မင်းရဲ့ကောက နည်းနည်းထူးဆန်းတယ်လို့ ထင်နေတာလား?"

"...အင်း" လင်ရှန်း ခပ်ဆတ်ဆတ်ခေါင်းငြိတ်လိုက်တယ်။

"တအား ဗဟုသုတရှိတယ်" မော့ကျူးချန်ရဲ့ မျက်လုံးတွေက ပရိုဂျက်တာပေါ်မှာသာ ရှိနေပြီး သူ့လက်ကတွေက controller ကို ဖြတ်လတ်စွာ နှိပ်နေတယ် "နောက်ပြီး တအားလည်းတော်တယ်၊ ဒါပေမယ့် လျှို့ဝှက်ချက်တစ်ခုရှိနေတယ်ဆိုတာကတော့ သိသာတယ်... မင်းက တုံးလွန်းအားကြီးလို့ ငါမင်းကို သိပ်တော့သဘောမကျပေမယ့် သူ့ကြောင့်နဲ့ မင်း ဝန်ထုပ်ဝန်ပိုးဖြစ်အောင်တော့ မင်းကို ပြောပြဖို့ စိတ်ကူးမရှိဘူး"

မော့ကျူးချန်ရဲ့ အရှေ့ပိုင်းကစကားတွေက တော်တော်လေးအားကိုးချင်စရာကောင်းလှပေမယ့် နောက်ပိုင်းရောက်လာလေ ရွဲ့တဲ့တဲ့ဖြစ်လာလေပဲ။

လင်ရှန်း နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။

သူက နှစ်ယောက်ထိုင်ဆိုဖာအိအိလေးကို ခပ်ကြောက်ကြောက်ကြည့်ကာ ကုလားထိုင်တစ်လုံးဆွဲပြီး မော့ကျူးချန်ဘေးမှာ ထိုင်လိုက်တယ်။

သူလည်း တစ်ဖက်လူက အားကြိုးမာန်တက် ဂိမ်းဆော့နေတာကိုသာ ကြည့်နေလိုက်တော့တယ်။

လင်ရှန်းလိုမျိုး လူသစ်အရှုပ်ထုပ်မရှိတော့တာကြောင့် မော့ကျူးချန်လည်း တစ်ယောက်တည်းဆော့ရတဲ့အဆင့်ကို လျှင်မြန်စွာ အောင်မြင်ခဲ့တယ်။

သူက controller ကို ချပြီး မတ်တပ်ရပ်ကာ အကြောဆန့်လိုက်တယ် "မနက်ဖြန်အတန်းသွားစရာ မရှိဘူးဆိုပေမယ့် ငါ အိပ်ရာဝင်သင့်နေပြီ"

"မင်းရဲ့အိပ်ခန်းက ဘယ်မှာလဲ?" မော့ကျူးချန် လင်ရှန်းကို မေးငေါ့ပြလိုက်တယ် "ငါ အိပ်ချင်နေပြီ"

သူက တကယ်ကြီး ညအိပ်လိမ့်မယ်လို့ လင်ရှန်းမထင်ခဲ့ဘူး။

သူ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ပြီး "မင်း... မင်း ငါ့အိမ်မှာ တကယ်နေချင်လို့လား?"

"အဲ့တော့ ဘာလား မင်းက ယဉ်ကျေးမှုအရပဲ ပြောလိုက်တာလား?" မော့ကျူးချန် မေးလာတယ်။

"အဲ့လိုလည်း မဟုတ်ပါဘူး" လင်ရှန်း ရိုးသားစွာ ဖြေလိုက်တယ်။

ဆော့ဖို့ မော့ကျူးချန်ကို ဖိတ်လိုက်တယ်ဆိုတာက စိတ်ရင်းနဲ့ဖြစ်တယ်။ အရင်ကဆို ဘယ်တုန်းကမှ သူ့သူငယ်ချင်းတွေကို အိမ်လည်ဖိတ်ဖူးတာမဟုတ်ဘူး။

အစပိုင်းမှာ ကသိကအောက်နိုင်တယ်ဆိုပေမယ့် ပျော်ဖို့ကောင်းတယ်။

ဧည့်သည်ကို အိမ်ရှင်အဖြစ် ဧည့်ခံတာကလည်း ပထမဆုံးအကြိမ်ဖြစ်တာကြောင့် တကယ့်အိမ်သားတစ်ယောက်လိုမျိုး ခံစားရတယ်။

ဒါပေမယ့် အဲ့အနမ်းပြီးတဲ့နောက်...

လင်ရှန်း အသည်းအသန် မျက်လုံးလွှဲလိုက်ပြီး မော့ကျူးချန်ကို မကြည့်ရဲတော့ဘူး။

နမ်းပြီးတာတောင် မော့ကျူးချန်ကို သူ့အိပ်ခန်းထဲမှာ နေခိုင်းအုံးမယ်ဆိုရင် သူ ရှက်ကိုးရှက်ကန်းဖြစ်နေလိမ့်မယ်!

သူ စိတ်ပူတာက မော့ကျူးချန်...

"ဘာလဲ?" မော့ကျူးချန်က ရုတ်တရက်ကြီး လင်ရှန်းရှေ့ကို တိုးလာတယ် "ငါက မင်းကို တစ်ခုခုလုပ်မှာ စိတ်ပူနေတာလား?"

လင်ရှန်း "..."

စိတ်ကြီးဝင်တတ်တဲ့ ကျောင်းမြက်ကြီးက တစ်ခါတစ်ခါလည်း ဉာဏ်ပြေးပြီး ကြောက်ဖို့ကောင်းလှတယ်။

မသိရင် တခြားသူတွေရဲ့စိတ်ထဲကို တကယ်ကြီး ဖောက်ထွင်းမြင်နိုင်သလိုပဲ။

"စိတ်မပူပါနဲ့" မော့ကျူးချန်က လက်ကို ဆန့်ထုတ်ပြီး လင်ရှန်းရဲ့ခေါင်းကို အားပါပါ ပွတ်လိုက်တယ်။

လင်ရှန်းရဲ့အိပ်ခန်းက ကြီးကြီးမားမားတော့မဟုတ်ဘူး။

နွေးနွေးထွေးထွေးရှိတဲ့ အခန်းပြင်ဆင်မှုတွေနဲ့ သေသေသပ်သပ်လေးရှိတယ်။

ဒီဘက်ကို ကူးပြောင်းရောက်လာတည်းက ပြန်လည်လေ့ကျင့်ခန်းမေးခွန်းတွေနဲ့ နမူနာမေးခွန်းတွေ စီစစ်တာတွေကို ဝီရိယရှိရှိလုပ်ခဲ့တယ်။

အခန်းထဲက စားပွဲပေါ်မှာ ပြိုင်ပွဲမေးခွန်းတွေနဲ့ အထက်တန်းကျောင်း ပုစ္ဆာတွေ အပုံလိုက်ရှိနေတယ်။

သူ့အစ်ကိုကြီးပြောတဲ့အတိုင်းပဲ ဘီဒိုရဲ့အပေါ်ဆုံးမှာ ဂွမ်းကပ်အသစ်တစ်ခု လင်ရှန်းရှာတွေ့သွားတယ်။

စောင်ကို အိပ်ရာပေါ်တင်ပြီး မော့ကျူးချန်ကို လှည့်ကြည့်လိုက်တော့ သူ့စားပွဲဘေးမှာ မတ်တပ်ရပ်ပြီး စားပွဲပေါ်မှာ ဖြန့်ထားတဲ့မှတ်စုစာအုပ်ကို စပ်စပ်စုစုနဲ့ ကြည့်နေတာ မြင်လိုက်ရတယ်။

"ငါ တစ်ချက်လောက် ကြည့်လို့ရမလား?" မော့ကျူးချန်က လင်ရှန်းကို လှည့်မေးကာ မှတ်စုစာအုပ်ကို လက်ညှိုးထိုးပြလိုက်တယ်။

လင်ရှန်းလည်း ခေါင်းငြိတ်ပြလိုက်တယ်။

ဒါက သူ့ရဲ့အထက်တန်းဗဟုသုတတွေကို သင်္ချာကနေစပြီး ပြန်လည်စီထားတာဖြစ်တယ်။

ပုံသေနည်းတွေ၊ နမူနာပုစ္ဆာတွေနဲ့ အသေးစိတ်ရှင်းလင်းချက်တွေ။

လပတ်စာမေးပွဲမတိုင်ခင်က မော့ကျူးချန်ကို နမူနာမေးခွန်းတွေကို အာဂုံဆောင်ခိုင်းရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး။

အချိန်တိုအတွင်းမှာ မော့ကျူးချန်လည်း သူ့ရဲ့ထက်မြက်မှုအပေါ် မှီခိုပြီး သူ့ရလဒ်တွေ တိုးတက်လာအောင် အတင်းအကျပ်လုပ်ရုံသာရှိတယ်။

သို့ပေမယ့် ဆိုလိုချက်တွေ ရေးဆွဲနိုင်ဖို့ ဗဟုသုတတွေကို နားလည်ဖို့လိုပြီး အခိုင်အမာ ဆုပ်ကိုင်နိုင်ဖို့လိုသေးတယ်။

"ဒါကလည်း ငါ့အတွက်ပဲလား?" မော့ကျူးချန် စာရွက်အနည်းငယ်လှန်ကြည့်ပြီး နားလည်လိုက်တယ်။

လင်ရှန်းရဲ့အဆင့်နဲ့ဆို ဒီလိုအရာမျိုးက မလိုတော့ဘူးဆိုတာ အသိသာကြီး။

"ဟုတ်တယ်" လင်ရှန်း ဗလုံးဗထွေးနဲ့ ပြန်ဖြေလိုက်တယ်။

သူက ဘီဒိုထဲကနေ ဂွမ်းကပ်နဲ့ ခေါင်းအုံးစွပ်အသစ်ကို ဆွဲထုတ်လိုက်တယ်။

"ငါ့ကို လာကူအုံး" သူ မော့ကျူးချန်ကို လှမ်းခေါ်လိုက်တယ်။

လင်ရှန်းက စောင်တွေခင်းတဲ့နေရာမှာတော့ အတန်အသင့် အရည်အချင်းရှိတယ်။ ကောလိပ်ရောက်တော့ အဆောင်မှာနေတာဖြစ်လို့ သူ့ကိုယ်သူသာ မှီခိုခဲ့ရတယ်။

လင်ရှန်းက ဂွမ်းကပ်ကိုဆွဲပြီး ထောင့်နားတွေကို ထိုးသိပ်ထည့်ပြီးနောက် မော့ကျူးချန်ကို စောင်ရဲ့အစွန်းနား ဆွဲပေးထားဖို့ ညွှန်ကြားတော့တယ်။

သူတို့တွေ ထောင့်လေးခုလုံးကိုကိုင်ကာ ခါလိုက်ပြီး စောင်ထပ်ခင်းလိုက်တယ်။

လင်ရှန်း စောင်ဖြန့်ပြီးနောက် ခေါင်းအုံးအသစ်ထုတ်နေတာကို မော့ကျူးချန် ကြည့်နေလိုက်တယ်။

၁.၈မီတာရှိတဲ့ကုတင်ပေါ်မှာ နူးညံ့တဲ့ဂွမ်းကပ်နှစ်ထည်ရှိလာတာကြောင့် တော်တော်လေးကျပ်သွားတဲ့ပုံပေါ်တယ်။

လင်ရှန်းက ခေါင်းအုံးကို ကုတင်ပေါ်ပစ်တင်လိုက်ပြီးနောက် မော့ကျူးချန်ဘက်ကို လှည့်ကြည့်ကာ : "ရေချိုးမလား?"

"အင်း" မော့ကျူးချန် ခေါင်းငြိတ်လိုက်တယ်။

လင်ရှန်းတစ်ယောက် ခေါင်းကုတ်ကာ သူ့ဘီဒိုထဲကို ခဏလောက် မွှေနှောက်ကြည့်လိုက်တယ် "ထားလိုက်ပါတော့ ငါ့အစ်ကိုဆီကပဲ အကျီတွေ သွားငှားကြည့်လိုက်မယ်"

သူ မဝတ်ရသေးတဲ့အကျီတွေတော့ ရှိပေမယ့် မော့ကျူးချန်က သူ့ထက်အများကြီး အရပ်ရှည်တာကြောင့် ဝတ်လို့မရဘူးဆိုတာ သိသာလှတယ်။

"မင်း အရင်ဆုံး ရေချိုးထားလိုက်" လင်ရှန်းက ပြောပြီးတာနဲ့ တံခါးဖွင့်ကာ ထွက်သွားတော့တယ်။

စာကြည့်ခန်းတံခါးက ဟနေပြီး ဟနေတဲ့နေရာကနေ အလင်းရောင်ထွက်ပေါ်နေတယ်။

လင်ရှန်း တံခါးခေါက်လိုက်ကာ ဝင်ခွင့်ပြုတော့မှ တံခါးဖွင့်ပြီး ဝင်သွားလိုက်တယ်။

လင်ယွမ်က ကွန်ပြူတာမျက်နှာပြင်ကို မျက်နှာမူနေပြီး သူ့ညီဝင်လာတဲ့အသံကြားတာတောင် လှည့်မကြည့်နိုင်သေးဘူး။

တစ်လျှောက်လုံးလည်း သူ့ရဲ့သွယ်လျလျလက်ချောင်းတွေက ကီးဘုတ်ပေါ်မှာ လျှင်မြန်စွာပြေးလွှားနေတာက လင်ရှန်း စားပွဲရှေ့မရောက်ခင်အထိပဲ။

အဲ့တော့မှ လင်ယွမ်က သူ့ရဲ့အာရုံကို သူ့ညီဆီ လွှဲလိုက်တယ် "ဘာကိစ္စရှိလို့လဲ?"

"ကောဆီမှာ အိမ်နေရင်း အဝတ်အစားအသစ်လေးဘာလေး ရှိလား?" လင်ရှန်း မေးလိုက်တယ်။

ခုလေးတင် ကိစ္စတွေဖြစ်ပြီးတဲ့နောက် မော့ကျူးချန်အတွက် အစ်ကိုဖြစ်သူဆီမှာ အိမ်နေရင်းအဝတ်အစားတွေ ငှားနေရတာကြောင့် လင်ရှန်း တကယ် ရှက်နေမိတယ်။

"အင်း" လင်ယွမ်က သူ့ကို ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုံးပြနေတယ်။

"ကောအိပ်ခန်းရဲ့ ဘယ်ဘက်ကဘီဒို အလယ်ထပ်ထဲမှာ၊ မင်း ဘာသာ သွားယူလိုက်လေ" လင်ယွမ် ထပ်ပြောလိုက်တယ် "အဲ့ဘီဒိုရဲ့ အောက်ဆုံးမှာ အောက်ခံဘောင်းဘီအသစ်လည်း ရှိတယ်"

"ကျေးဇူးပါ ကော" လင်ရှန်း အနည်းငယ်မျက်နှာပူမိတယ်။

သူ ထွက်မပြေးရုံတမယ် စာကြည့်ခန်းထဲက ထွက်လာခဲ့လိုက်တယ်။

လင်ယွမ်ရဲ့အိပ်ခန်းက သူနဲ့တစ်လွှာတည်းမှာပဲရှိတယ်။ တစ်ဖက်လူက အခန်းတံခါးကို လော့မချထားဘဲ ဘီဒိုကိုဖွင့်ထားတယ်။ အဝတ်အစားတွေက အများအားဖြင့် အမည်း၊ အဖြူနဲ့ မီးခိုရောင်တွေဖြစ်ပြီး သပ်သပ်ရပ်ရပ်လေး ထပ်ထားတယ်။

ဘယ်ဘက်ဘီဒိုရဲ့ အလယ်ထပ်မှာ ဖွင့်တောင်မဖွင့်ထားတဲ့ အိမ်နေရင်းအဝတ်အစား အိတ်လိုက်ရှိနေတယ်။ အောက်အထပ်မှာတော့ ဖွင့်မထားတဲ့ အောက်ခံဘောင်းဘီနဲ့ ဘောင်းဘီရှည်တွေရှိနေတယ်။

လင်ရှန်းမျက်နှာက ပိုလို့တောင် ပူလာတယ်။

သူ စေ့စေ့ပေါက်ပေါက် မကြည့်ရဲဘဲ ကြုံရာအိတ်တစ်အိတ်ဆွဲယူပြီး သူ့အိပ်ခန်းဆီပြန်သွားဖို့လုပ်လိုက်တယ်။

သူ အရမ်းအလောတကြီးလုပ်လိုက်တာကြောင့် ပြန်လှည့်ချိန်မှာ အိတ်က အိပ်ရာဘေးကစားပွဲပေါ်ရှိ စာအုပ်တစ်အုပ်ကို တိုက်မိသွားပြီး ဖုတ်ခနဲ ကြမ်းပြင်ပေါ်ကျသွားတော့တယ်။

လင်ရှန်း ခါးကိုင်းကာ စာအုပ်ကို ကောက်ယူလိုက်တယ်။

သူလည်း စာအုပ်ရဲ့အလယ်နားကို ညှပ်ကိုင်ပြီး မြန်မြန်ထလိုက်ပေမယ့် သေချာမမတ်ရသေးခင်မှာ စာအုပ်ထဲက bookmarkတစ်ခု ပြုတ်ကျသွားပြန်တာကြောင့် ခပ်သွက်သွက် ကောက်ရပြန်တယ်။

Bookmarkမှာ လက်ရေးနဲ့ရေးထားတာရှိတယ်။

နှစ်လိုဖွယ် စိမ်းဖျော့ဖျော့ကဒ်လေးပေါ်မှာ ရှည်ရှည်ချွန်ချွန်လက်ရေးတွေ ရှိနေတယ် _

"ဗိုလ်ကျတဲ့လူက ဘယ်သူလဲ"

လက်ရေးကက ခပ်သော့သော့နဲ့ ထိုးထိုးထောင်ထောင်နိုင်တယ်။

နောက်ပြီး ဒီကဗျာကိုကြည့်ရတာ သူ့အစ်ကို လင်ရှန်းရှေ့မှာတော့ အေးအေးချမ်းချမ်းပုံပေါ်ပေမယ့် သိမ်မွေ့တဲ့လင်ယွမ်က တကယ်တော့ ကွဲပြားနေတာပဲ။

လင်ရှန်း မနေနိုင်စွာ နှုတ်ခမ်းတွေ ကွေးညွတ်မိသွားတယ်။

သူ နည်းနည်းတော့ အခက်တွေ့နေမိတယ်။ bookmark ပြုတ်ကျသွားချိန်မှာ ဘယ်စာမျက်နှာမှန်း သူသတိမထားမိလိုက်ဘူး။

လင်ရှန်းလည်း ရွေးခြယ်စရာမရှိတာကြောင့် သာမန်ကာလျှံကာ စာမျက်နှာတစ်ခုလှန်လိုက်ပြီး bookmarkကို ညှပ်ကာ လှည့်ထွက်ဖို့လုပ်လိုက်တယ်။

သူ လှုပ်လိုက်ရုံသာရှိသေးတယ် လူတစ်ကိုယ်လုံး မိုးကြိုးအပစ်ချခံလိုက်ရသလိုမျိုး ဖြစ်သွားတယ်။

လင်ရှန်း ခေါင်းလှည့်ပြီး လင်ယွမ်ရဲ့အိပ်ရာဘေးက စာအုပ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်။

စာအုပ်က သိပ်မထူဘဲ အဖုံးကလည်း ရိုးရိုးရှင်းရှင်းရှိပြီး အပေါ်မှာ ဘာနာမည်မှ ရှိမနေဘူး။

Bookmark ကိုထည့်ချိန်တုန်းက ဖြတ်ခနဲတစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူ့အတွက်တော့ စာအုပ်ထဲက စာကြောင်းအနည်းငယ်ကို မြင်ဖို့လုံလောက်တယ်။

တော်တော့်ကို မြန်မြန်ဆန်ဆန် ဖတ်မိလိုက်တာဖြစ်လို့ တခြားစကားလုံးတွေကိုတော့ ဘာမှမခံစားမိဘူး။

ဒါပေမယ့် အထဲမှာ သူဘယ်တော့မှ မမှားနိုင်တဲ့ နာမည်တစ်ခုရှိနေတယ်။

-"မော့ကျူးချန်"တဲ့။

_____


Thanks 🌹


Continue Reading

You'll Also Like

180K 24.4K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
324K 17.8K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
399K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
259K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .