What is love?[အချစ်ဆိုသည်မှာ...

By ShweYi163

292K 25.3K 576

မှောင်ခိုဂိုဏ်းတစ်ခုရဲ့ အနာဂတ်ခေါင်းဆောင်‌‌လေး ရှောင်ကျန့်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာမှ systemတစ်ခုနဲ့ ချိ... More

Intro_System Space
part 1
part 2
part 3
Part 4
Part 5
Part 6
Part 7
Part 8
part 9
part 10
part 11
part12
part 13
Part 14
part 15
part 16
part 17
Not updated
Part 18
Part 19
Part 20
Part 21
Part 22
Part 23 ♥♥♥
not update
Part 24
Part 25
Part 26
Paet 27
Part 28
Part 29
Part 30
Part 31
Part 32
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42 ♥♥♥
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53 ( zawgyi )
Part 53 ( unicode )
Part 54
Part 55
ကျေးဇူးပြုပြီး ဖတ်ပေးပါ
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
The end

Part 33

3K 265 2
By ShweYi163

ခ်န္တလာအင္ပါယာထဲက စြန႔္စားမႈ

______________________________

"နည္းလမ္းရွိပါေသးတယ္"

ေရွာင္က်န႔္က စိတ္လႈပ္ရွားသြားတယ္ သူအႀကံအိုက္ေနေပမဲ့ စစ္သူႀကီးခ်ဳပ္ကေတာ့ မကုန္နိုင္တဲ့ အႀကံညာဏ္ေတ ထုတ္လို႔

"ခုခ်ိန္သူက ပုလဲနက္ကိုပဲ အာ႐ုံစိုက္ေနမွာ ကိုယ္ေတာ္တို႔က သူ႕ကို အာ႐ုံလြဲၿပီး လွည့္စားရမယ္"

"ေနပါအုံး သူက အဲ့ကို အာ႐ုံေရာက္ေနမွန္း မင္းဘယ္လိုသိတာလဲ"

"ကိုယ္ေတာ့္မွာလည္း မင္းလို အနီးကပ္စုံစမ္းသူရွိတာေပါ့ ဒါေပမဲ့ သူကို အေဝးႀကီးကိုေတာ့ လႊတ္လို႔မရဖူး"

ဝမ္ရိေပၚက ေျပာၿပီးတာနဲ႕ သူရဲ႕ လက္သီးဆုပ္ေလး ျဖန႔္လိုက္ခ်ိန္မွာ ပန္းခက္ေလးတစ္ခု ေပၚလာၿပီး ထိုပန္းခတ္ေလးကေန ပန္းႏုေရာင္ အလင္းတန္းေတျဖစ္သြားၿပီး နတ္သငယ္မွင္စာေလး ေပၚလာသည္။ သူမက အရမ္းလွပၿပီး ေသးငယ္လြန္းတဲ့ အသံေလးနဲ႕ ဝမ္ရိေပၚကို ႏႈတ္ဆတ္ေပမဲ့ ေရွာင္က်န႔္လည္း ၾကားလိုက္ရသည္။

"သခင္ ဘာအတြက္ေၾကာင့္မ်ား ဆင့္ေခၚရသလဲ"

"မင္းကို တာဝန္တစ္ခု ေပးစရာရွိတယ္"

"အေကာင္းဆုံးလုပ္ေဆာင္မွာမို႔ ေျပာပါသခင္"

ေၾကာင္အအနဲ႕ ေငးေနတဲ့ ေရွာင္က်န႔္ကို ဝမ္ရိေပၚက လွမ္းၾကည့္တယ္ ေရွာင္က်န႔္ေတြးေနတာက ဒီကမၻာမွာ ဘာ့ေၾကာင့္ လွစ္ဝွက္ဆန္းၾကယ္တဲ့ အရာေတနဲ႕ ျပည့္ေနရတာလဲ

"က်န႔္ လင္ခ်ဴယုံရဲ႕ အားနည္းခ်က္ကို မင္းသိလား"

"အာ အင္း သူရဲ႕ အားနည္းခ်က္က သူ႕အကိုပဲ ေနအုံးအခ်ိန္မရွိေတာ့ဖူး "

ေဆးပ်ယ္မဲ့ အခ်ိန္က သိပ္ကို နီးကပ္ေနၿပီ

"ရတယ္ ျမန္ျမန္ေျပာ သူ႕မွာ အကိုရွိလို႔လား ေသသြားၿပီမလား"

"မဟုတ္ဖူး သူ႕အကိုကို သူ႕ရဲ႕ အိပ္ေဆာင္ရဲ႕ ေျမေအာက္ခန္းမွာဘဲ ဖြတ္ထားတာ အဲ့ဒီကို သြားဖို႔ ...."

ေရွာင္က်န႔္က ဝမ္ရိေပၚကို အျပည့္စုံ ေျပာျပလိုက္သည္။

"ကိုယ္အဲ့ဒါေတကို ဝိညာဥ္လႊင့္တုန္းက သိလာတာ ၿပီးေတာ့ အကာအကြယ္စြမ္းအင္ေတ အရမ္းကို ျပည့္ေနတာ"

"ကိုယ္ေတာ္သိၿပီ မင္းလည္း တစ္ခုေလာက္ လုပ္ေပးနိုင္မလား သူ႕ကို အခ်ိန္ဆြဲဖို႔တစ္ခုခုေလာက္"

"အင္း စဥ္းစားလို႔ရၿပီ ပုလဲနက္ကို တစ္ခုခုျဖစ္ေအာင္လုပ္ရမယ္"

ဝမ္ရိေပၚက နက္သငယ္ေလးကို ဘာေတၫႊန္ၾကားေနမွန္းမသိ ေရွာင္က်န႔္ကလည္း ေပါက္စကို ဆက္သြယ္ေနသည္။
ေတာ္ေတာ္နဲ႕ မလာ ေနာက္ေတာ့ သူ႕ေရွ႕ေပၚလာသည္။

'ေျပာပါ Host'

'မင္းငါ့ကို တစ္ခုေလာက္လုပ္ေပးပါ'

'ဘာမ်ားလဲ'

'ပုလဲနက္ကို စြမ္းအားမတည္မၿငိမ္ျဖစ္ေအာင္လို႔ ၿပီးရင္ သူအဲ့ဒီ့ ပုလဲနက္မွာ အာ႐ုံမရွိေတာ့ဖူး ဆိုတာနဲ႕ အတုနဲ႕ လွဲလိုက္'

'ဟုတ္ၿပီ အခုလုပ္လိုက္မယ္'

'အင္းျမန္ေလ ေကာင္းေလပဲ'

'ကြၽန္ေတာ္ စလုပ္ၿပီဆို Host ကို အခ်က္ေပးလိုက္မယ္'

ေပါက္စက ထြက္ခြါသြားတာနဲ႕ ေရွာင္က်န႔္က ဝမ္ရိေပၚဘက္လွည့္ကာ

"ကိုယ္တို႔ အခ်ိန္နည္းနည္းေလာက္ ေစာင့္သင့္သလား"

"ဟုတ္တယ္ ေရွာင္က်န႔္ အခ်ိန္နည္းနည္းေစာင့္မွ ရမယ္"

*************

ကြင္းျပင္က်ယ္ႀကီးထဲမွာ ေသြးေရအိုင္ႀကီးတစ္ခုရွိသည္။ ထိုအရာက နန္းေတာ္အျပင္က ဧကရာဇ္ဥယ်ာဥ္ မည္သူမွ လာခြင့္မရွိတဲ့ တစ္ေနရာမွာ ျဖစ္ၿပီး အတန္အသင့္က်ယ္တဲ့ ေရအိုင္ငယ္မွာ ‌ေသြးေတႀကီးအျပည့္
ထိုေရအိုင္ရဲ႕ ပတ္ပတ္လည္မွာ ေသေနေသာ စစ္သည္ေတနဲ႕ သင္းခ်ိဳင္းက တူးေဖာ္လာေသာ အနည္းငယ္ပုတ္ပြေနၿပီျဖစ္တဲ့ လူေသ မိန္းမ ေယာက္်ား ကေလးငယ္ စုံေနသည္။

ေသြးေရကန္ရဲ႕ အလယ္တည့္တည့္မွာ ပုလဲနက္က ေလထဲတစ္ေနရာမွာ တန႔္ေနၿပီး အမဲေရာင္အေငြ႕အသက္အျပည့္ျဖင့္ ေၾကာက္ခမန္းလိလိ
ေသြးေရကန္ရဲ႕ ေရွ႕တည့္တည့္ လူေသေတၾကား မားမားႀကီးရပ္ေနတဲ့ ႐ုပ္ဆိုးဆိုးနဲ႕ လင္ခ်ဴယုံ က လက္ႏွစ္ဖက္ကို ေလထဲဆန႔္တန္းရင္း အမဲေရာင္အေငြ႕သတ္ေတက ပိုမ်ားစားလာၿပီး
လူေသေတရဲ႕ ခႏၶာကိုယ္ထဲ တိုးဝင္ၾကသည္။

ထိုအခ်ိန္မွာပဲ ဘာက ခ်ိဳ႕ယြင္းသည္လည္းမသိ မိစ္ဆာအေငြ႕သက္ေတက ထိန္းမနိုင္ေတာ့ ပုလဲနက္ကလည္း တုန္ခါလာၿပီး တစ္ဝုန္းဝုန္းျဖင့္ မိစ္ဆာအေငြ႕အသက္ေတ ထုတ္လႊတ္ေနသည္။

လင္ခ်ဴယုံက ဒီလိုအခ်ိန္မွာ အမွားပါလို႔မရတာ သူသိပါတယ္ ဒီလိုအခ်ိန္မွာ အမွားပါသြားပါက အသက္ဝင္သြားတဲ့ မိစ္ဆာေတက သခင္မွန္းမသိဘဲ ျပန္လည္တိုက္ခိုက္ၾကလိမ့္မည္ ဒီရတနာက ထိန္းခ်ဳပ္လို႔မရေတာ့ဘဲ အနီးအနားက ေသၿပီးတာၾကာၿပီျဖစ္တဲ့ အရာေတပါ ျပန္လည္နိုးထလာနိုင္သည္။ ထိုသို႔ဆို ကပ္ေဘးဆိုက္ကာ အားလုံးသူ႕အစီအစဥ္နဲ႕ လႊဲေခ်ာ္ေပလိမ့္မည္။

အခက္ေတြ႕ေနတဲ့ အခ်ိန္မွာဘဲ သူ႕ရင္အစုံပူပင္စရာ ကိစၥရပ္တစ္ခု ျဖစ္ေပၚလာေလသည္။ ထိုအရာက က်ိဳးေပါက္သြားတဲ့ အကာအကြယ္ဆီးတစ္ခု ထိုအကာအကြယ္ဆီးက သူ႕ရဲ႕ အကိုေတာ္အခန္းဆီကပင္

ခင္ဗ်ားက က်ဳပ္ဆီကေန ထြက္ေျပးခ်င္ေနတာလား ဟင့္အင္း ဒီလိုဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ဖူး။

လင္ခ်ဴယုံက ဘယ္အရာမွ ဂ႐ုမစိုက္ေတာ့ဘဲ သူ႕ရဲ႕ အကိုေတာ္ ကို ဖမ္းဆီးထားရာအခန္းဆီ ဒုန္းဆိုင္းသြားေလသည္။

က်န္ခဲ့တဲ့ ေနရာမွ ထိမ္းခ်ဳပ္ျခင္းမဲ့ေနတဲ့ ပုလဲနက္ကို ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ကာ စြမ္းအားတည္ၿငိမ္သြားရင္ ယူဖို႔ေစာင့္ေနတဲ့ အေကာင္ေပါက္လည္း ရွိသည္။ သူရဲ႕ ပတ္ဝန္းက်င္မွာ ႐ုတ္ပ်က္ဆင္းပ်က္ ျဖစ္ပ်က္ေနတဲ့ မိစ္ဆာေတမရွိသည့္အလား သူကေတာ့ ေအးေဆးပင္ ျမက္ေတေတာင္ ထိုးဖြေနေသးသည္။

လင္ခ်ဴယုံက မည္မွ်ပင္ စြမ္းအားႀကီးပါေစ သူ႕အခန္းက ထြက္ခြါသြားတဲ့ နတ္သငယ္ေလးနဲ႕ အရိပ္ေလးတစ္ခုကို မွီမယ္မထင္ေတာ့

@@@@@@@@@@@@@@

တစ္ဘက္ခ်မ္းမွာ ရွိတဲ့ ေရွာင္က်န႔္နဲ႕ ဝမ္ရိေပၚက ေပါက္စအခ်က္ေပးကထဲက အက်င္းခန္းရဲ႕ အကာအကြယ္စြမ္းအားကို ဝမ္ရိေပၚရဲ႕ ျပင္းထန္တဲ့ အတြင္းအားနဲ႕ ‌ေဖာက္ခြဲျပစ္ေလသည္။ ေနာက္ေတာ့ အက်င္းခန္းထဲ အေျပးတစ္ပိုင္းဝင္သြားကာ အိပ္ေပ်ာ္ေနတဲ့ အမ်ိဳးသမီးကို ဝမ္ရိေပၚက လြမ္းစြပ္ကာေပြ႕ဖက္လိုက္သည္။
ေအာက္သိုးသိုးနံ႕ေတ နံေနေပမဲ့ သူသိပ္ကို လြမ္းဆြတ္ေနသူကို သူမလြတ္တမ္းဖက္ထားတုန္း ‌ထိုအမ်ိဳးသမီးက မ်က္လုံးေတဖြင့္လာၿပီး သူကို ေၾကာက္႐ြံ႕စြာ တုံ႕ျပန္ေလသည္။

အလန႔္တၾကား႐ုံးကန္ကာ အေနာက္ကို ဆုတ္သြားတဲ့သူကို ၾကည့္ၿပီး ဝမ္ရိေပၚရင္ေတ သိပ္ကို နာက်င္ရပါတယ္။

"အခ်ိန္မရွိေတာ့ဖူး ကိုယ္တို႔ ေဆးပ်ယ္တဲ့ အျပင္ အကာအကြယ္ဆီးလည္း ဖ်က္ခဲ့ ၿပီးၿပီ"

ဝမ္ရိေပၚက ထိုမွ ေရွာင္က်န႔္ဘက္လွည့္ကာ သူ႕ရဲ႕ လက္ညိုးနဲ႕ လက္ခလည္ပူးကာ ထြက္လာတဲ့ အျဖဴေရာင္ စြမ္းအားေတ ေရွာင္က်န႔္နဖူးထဲ ဆီးဝင္ေစၿပီး စိတ္ခ်င္းဆက္သြယ္ေလသည္။

"စိတ္မပူပါနဲ႕ ကြၽန္ေတာ္တို႔က အမ်ိဳးသမီးကို လာကယ္တာပါ ကြၽန္ေတာ္တို႔ ျပန္ရေအာင္ အမ်ိဳးသမီးရဲ႕ မိသားစုက ေစာင့္ေနတယ္။"

ေရွာင္က်န႔္က နားဝင္ေအာင္ ေလေျပေအးနဲ႕ ရွင္းျပေလသည္။
ထိုအခါမွ လီရွင္းအာက ဝမ္ရိေပၚရဲ႕ မ်က္ႏွာေလး ရင္းႏွီးသလို ေငးၾကည့္ကာ ေခါင္းၿငိမ့္ျပသည္။
ေရွာင္က်န႔္က လီရွင္းအာကို ဆြဲေပြ႕ၿပီးေနာက္

"သြားမယ္ ဝမ္ရိေပၚ ျမန္ျမန္"

ဝမ္ရိေပၚက ႀကီးမားတဲ့ ဝံပုေလြႀကီးအသြင္ေျပာင္းလိုက္ကာ ေရွာင္က်န႔္က ဝမ္ရိေပၚရဲ႕ ေက်ာေပၚကို လီရွင္းအာကို ေပြ႕ကာတက္ၿပီး ဝမ္ရိေပၚရဲ႕ အျမန္ႏႈန္းနဲ႕ ထိုေနရာကေန ထြက္ခြါသည္။

ျမန္ဆန္လြန္းတာေၾကာင့္ အနီေရာင္အရိပ္သာ က်န္ခဲ့ေလသည္။ ထြက္ခြါလာတဲ့ လမ္းတစ္ေလ်ာက္‌အေလာႀကီးစြာပင္ လြတ္ေျမာက္ဖို႔သာ အ‌ေရးႀကီးေနၿပီး ေျမေအာက္ခန္းက တံတိုင္းေတကို ေကြ႕ပတ္ေရွာင္ရင္း တစ္ထက္ၿပီး တစ္ထက္ တက္လာခဲ့သည္။

ႏွစ္‌ထက္ေျမာက္တက္ရင္း အေပၚဆုံးအဆင့္ ေလွကားကေန ျပင္းထန္တဲ့ စြမ္းအားတစ္ခုက ကန္ထုတ္ခံလိုက္ရကာ အရွိန္မထိန္းနိုင္ပဲ ေအာက္က က်ယ္ျပန႔္တဲ့ ေလွကား တစ္ဆင့္ေပၚ ျပဳတ္ၾကကုန္သည္။

"ဟား ....ဟား ...ဟား ..."

ဝမ္ရိေပၚကေတာ့ ေအးစက္ၿပီး နာက်င္သံေပၚေနတဲ့ အသံကို ဂ႐ုမစိုက္ သူအတြက္အေရးပါတဲ့ လူႏွစ္ဦးကိုသာ အေျပးအလႊားသြားထူေနသည္။

"လွည့္စားကတာ ေပ်ာ္ရဲ႕လားဟမ္ ... မင္းတို႔ေၾကာင့္ သူ သူ ထြက္ေျပးသြားတာ "

ခ်က္ခ်င္းပဲ လင္ခ်ဴယုံက အမဲေရာင္ အေငြ႕အသက္ေတထြက္လာကာ သိပ္ကိုနာက်င္ေနပုံေပၚသည္။

"မင္းတို႔ကို သတ္ရမွ ေက်နပ္လိမ့္မယ္"

ေရွာင္က်န႔္က လီရွင္းအာရဲ႕ ေၾကာက္႐ြံေနတဲ့ ခႏၶာကိုယ္ကို ေပြ႕ထားရင္း လင္ခ်ဴယုံကို အၾကည့္စူးစူးေတ ျပန္လည္ပို႔လႊတ္ေနသည္။ ဝမ္ရိေပၚကေတာ့ လင္ခ်ဴယုံကို ဂ႐ုမစိုက္သည့္အလား လြတ္လမ္းသာရွာေဖြေနသည္။

ထိုအခ်ိန္မွာပဲ ဟိုေအာက္ဆုံးအဆင့္ကေန လင္ခ်ဴယုံရဲ႕ အေစာင့္တစ္ခ်ိဳ႕က တက္လာသည္မွာ အမ်ားႀကီး အေပၚမွာလဲ လင္ခ်ဴယုံက သူ႕ရဲ႕ မိစ္ဆာအေငြ႕ေတက သူတို႔ဆီကို ဦးတည္လာသည္။

ေရွာင္က်န႔္က ေအာက္က အေစာင့္ေတကို သူ႕ရဲ႕ ဓားက လွ်ပ္စီးေတျဖင့္ခုပ္လိုက္ရာ အတြင္းအားဒါဏ္ကို မခံနိုင္သည့္အလား ဟိုေအာက္ဆုံးကို က်သဴက က် ေသသူက ေသျဖင့္ လင္ခ်ဴယုံက မ်က္ႏွာ ပ်က္သြားကာ ေရွာင္က်န႔္ကို ၾကည့္ကာ တအံ့တဩျဖင့္

"မင္းက အဆုံးမဲ့ က်င့္ႀကံသူ"

ဒီကမၻာမွာ က်င့္ႀကံေရးသမားေတ က်င့္ႀကံရာမွာ အဆင့္ ၆ဆင့္သာ ရွိတယ္ ၅ဆင့္ေျမာက္ အဆင့္က အထြတ္အထိပ္ အဆင့္ျဖစ္ၿပီး ၆ ဆင့္ေျမာက္ကေတာ့ အဆုံးမဲ့အဆင့္ပဲ ျဖစ္သည္။ နတ္သားရဲပဲ ျဖစ္ျဖစ္ လူပဲ ျဖစ္ျဖစ္ မိစ္ဆာပဲ ျဖစ္ျဖစ္ အဆုံးမဲ့ အဆင့္ကို ေရာက္သူဆိုတာ အသက္ရွင္ေနသည့္ ကာလအပတ္လုံးရွိမွာမဟုတ္ အရမ္းခက္ခဲလြန္း၍ ပုံျပင္တစ္ပုဒ္လိုသာ ရွိခဲ့ဖူးသည္။ အထြတ္အထိပ္ အဆင့္ရဲ႕ ပထမ အဆင့္ေလးကိုပင္ ေရာက္တဲ့သူရွားလွသည္။

( ဒီေနရာကို ရႈပ္ေနရင္ ေတာင္းပန္းပါတယ္ က်မ ေအာက္ဆုံးမွာ ရွင္းျပပါ့မယ့္ ဇာတ္လမ္းအဆက္ျပက္သြားမွာ ဆိုးလို႔ပါ )

ဝမ္ရိေပၚကေတာ့ ထူးျခားၿပီးအံ့ဩမေနေတာ့ သူသိၿပီးသားျဖစ္တဲ့ အျပင္ သူကလည္း အဆုံးမဲ့အဆင့္ကို က်င့္ႀကံေနတာ ပထမ အဆင့္ပင္ ေရာက္ေနၿပီ ျဖစ္သည္။ ဝမ္ရိေပၚက အကာအကြယ္တစ္ခုလုပ္ကာ ေရွာင္က်န႔္ကို ၾကည့္ၿပီး စိတ္ျခင္းဆက္သြယ္၍

'ေဖာက္ထြက္ၾကမယ္ '

သူတို႔ႏွစ္ေယာက္က ‌မ်က္လုံးခ်င္း ေသခ်ာစုံၾကၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။ ‌ေရွာင္က်န႔္က လီရွင္းအာကို ဒူးနဲ႕ ပခုံးကေန ေသခ်ာေပြ႕လိုက္ၿပီးမွ အသင့္အေနအထား

လင္ခ်ဴယုံက ဝမ္ရိေပၚရဲ႕ အကာအကြယ္ကို ေဖာက္ဖို႔ႀကိဳးစားေနရင္းမွ သူေရွ႕ကို မလာရဲေသး သူ႕ပိုင္နက္ထဲမွာ ဆိုေပမဲ့ ဇြတ္လုပ္လို႔မရ သူ႕ေရွ႕ကလူေတက သူ႕ထက္စြမ္းအားႀကီးတဲ့ လူေတႀကီးပဲမလား

ေနာက္ေတာ့ ႐ုတ္တရက္ ဝမ္ရိေပၚက ႀကီးမားတဲ့ ဝံပုေလြႀကီးအသြင္ေျပာင္းလဲသြားကာ ေရွာင္က်န႔္က လီရွင္းအာကိုေပြ႕ထားရင္း ထိုဝံပုေလြႀကီးေပၚ ခုန္တက္ေလသည္။သူတို႔လႈပ္ရွားမႈက ျမန္ဆန္လြန္း၍ စကၠန႔္ပိုင္းပင္မၾကာလိုက္။

ေနာက္ေတာ့ ထိုဝံပုေလြႀကီးက ေရွ႕တို႔းလာၿပီး သူ႕ရဲ႕ အကာအကြယ္ စြမ္းအားကလည္း သူ႕နဲ႕အတူေ႐ြ႕လ်ားလာသည္။

ဖိအားမ်ားလာတဲ့ လင္ခ်ဴယုံရဲ႕ေနာက္မွာ အဆင့္ျမင့္ ကိုယ္ရံေတာ္ သုံးဦးေလာက္ေယာက္လာၿပီး လင္ခ်ဴယုံကို ကူၾကသည္။
ဝံပုေလြႀကီးရဲ႕ မ်က္လုံးဟာ အနီေရာင္ေျပာင္းသြားၿပီး ဖိအားလွိုင္းက ပိုၿပီးမ်ားလာသည္။

ဟိုးေအာက္ဘက္က တက္လာတဲ့ လူေတကို ေရွာင္က်န႔္ရဲ႕ အားေနတဲ့ လက္တစ္ဖက္က အတြင္းအားလွိုင္းျဖင့္ ထက္မန္တြန္းထုတ္လိုက္သည္။ ေနာက္ေတာ့ သူက ဝမ္ရိေပၚခႏၶာကိုယ္ထဲ ကူညီၿပီး အတြင္းအားေတ ပို႔လႊတ္ေလသည္။

နီရဲေနတဲ့ မ်က္လုံးေတနဲ႕ ဝံပုေလြႀကီးက က်ယ္ေလာင္စြာ ဟိန္းေဟာက္လိုက္ၿပီး ျပင္းထန္လြန္းတဲ့ မီးေတာက္ေတ တစ္ဝုန္းဝုန္းေတာက္ေလာင္လာသည္။ ထိုမီးေတာက္ ဒဏ္ကို မခံနိုင္တဲ့ လင္ခ်ဴယုံနဲ႕ အဆင့္ျမင့္ကိုယ္ရံေတာ္ေတက လြင့္ထြက္သြားသည္။

ဖိအားမရွိေတာ့တာေၾကာင့္ သုံးထပ္ေျမာက္ကို ခုန္တက္လိုက္ၿပီးေနာက္ ႀကီးမားတဲ့ နန္းေတာ္ရဲ႕ နံရံႀကီးေတဆီကို ဝံပုေလြႀကီးက ေျပးဝင္သြားသည္။
ေနာက္ေတာ့ ခရမ္းေရာင္ လွ်ပ္စီးက ဝုန္းခနဲေနေအာင္ ထူထဲတဲ့ ‌နန္းေတာ္နံရံႀကီးေတကို ေရွ႕ေျပးဝင္တိုက္ၿပီး အေပါက္ႀကီးျဖစ္သြားတဲ့ ထိုနံရံေတကေန ဝံပုေလြႀကီးက ထြက္ခြါသြားသည္။

"ဟက္ မင္းတို႔က လြတ္မယ္ ထင္ေနတယ္ေပါ့ မင္းတို႔ဘယ္ေလာက္ပဲ စြမ္းစြမ္း ငါ့ပိုင္နက္ထဲ ဝင္လာတာ သိပ္မွားသြားၿပီ ..."

🌾🌾🌾🌾🌾🌾🌾

ထိုထဲကို သူမရဲ႕ အကိုေတက ဘာအေၾကာင္းအရင္းေၾကာင့္မ်ား ဝင္လာေလသလဲ လီခ်င္းစဥ္းစားေနသည္။ သူတို႔ေရာက္ေနတာက ခ်န္တလာအင္ပါယာရဲ႕ အင္ပါယာနန္းေတာ္ဝန္းထဲမွာ
ထိုေနရာက လြယ္လြယ္ကူကူ ဝင္လို႔မရသလို ျပန္ထြက္လို႔လည္း မလြယ္ ဘာ့ေၾကာင့္လည္းဆိုေတာ့ အင္ပါယာနန္းေတာ္ေတနဲ႕ နန္းေတာ္ေပါင္းမ်ားစြာက ရွိသမွ်အရာရွိေတနဲ႕ ဧကရာဇ္ / ဘုရင္ ေတက ေပါင္းကာ အကာအကြယ္ စြမ္းအင္ေရးဆြဲထားျခင္းေၾကာင့္ ဒီထဲေဖာက္ဝင္ဖို႔က မလြယ္ကူ
ဒါဆို သူတို႔က ဘယ္လိုမ်ားဝင္ခဲ့သလဲ ???

အခ်ိန္အားျဖင့္ နံနက္ ႏွစ္နာရီေလာက္ ေဆာင္းယြီတို႔ ကိုယ္ေပၚက ဂိတ္ေစာင့္ အဝတ္အစားနဲ႕ နန္းေတာ္ထဲ ဝင္ခြင့္ကပ္ျပား သူတို႔ဟာ နန္းေတာ္ထဲ ဝင္ဖို႔ကို အိပ္ငိုက္ေနတဲ့ တပ္သားေတကို လွဲသိပ္ၿပီး သူတို႔ဆီက ပစၥည္းေတခိုးကာ ခိုးေၾကာင္ခိုးဝွက္နဲ႕ ဒီထဲေရာက္လာျခင္းပင္။

က်ယ္ဝန္းလွတဲ့ နန္းေတာ္ဝန္းထဲ ခိုးေၾကာင္းခိုးဝွက္ ပုန္းေနတဲ့ မိန္းကေလးႏွစ္ဦးက သူတို႔ေရွ႕က ပုံပ်က္ပန္းပ်က္ မိစ္ဆာေတ တစ္ေနရာကို ဦးေဆာင္ကာ ေျပးသြားေနၿပီး နန္းေတာ္ဝန္းႀကီးဘက္က တစ္ဝုန္းဝုန္းနဲ႕ တိုက္ခိုက္သံေတၾကားေနရသည္။ ၿပီးေတာ့ လီခ်င္းက ထိုေနရာကေန သူ႕အကိုရဲ႕ စြမ္းအားပို ေျခရာခံမိသည္။

ေဆာင္းယြီတို႔ ႏွစ္ဦးက သိလိုက္ၿပီ ထိုေနရာမွာ သူတို႔ရွာေနတဲ့ သူေတရွိတယ္ဆိုတာ

~~~~~~~~~~~~~~~~~~~~~

က်မရဲ႕ ရႈပ္ရွပ္ခက္ေနတဲ့ ဇာတ္လမ္းအေၾကာင္းေလး နည္းနည္းေလာက္ရွင္းျပပါရေစ

က်င့္ႀကံသူေတရဲ႕ က်င့္ႀကံတဲ့ အဆင့္ေတက ဖတ္ဖူးသမွ်ဝတၳဳေတကို ကိုးကားၿပီး စိတ္ထဲမွာ ေပၚတာေတ ေရးထားတာပါ အဆင့္တစ္ခုဆီတိုင္းမွာ အဆင့္သုံးဆင့္ဆီ ထပ္ေဆာင္းပါပါတယ္ ပထမ ဒုတိယ တတိယ ဆိုၿပီး အဲ့အဆင့္ေလး သုံးဆင့္ကို ေက်ာ္ျဖတ္မွ က်င့္ႀကံဆင့္ေအာင္မွာပါ

၁ ထိမ္းခ်ဳပ္ျခင္း ( ပထမဆုံးအဆင့္က သူတို႔ရဲ႕ စြမ္းအားကို ေကာင္းစြာ သိျမင္ၿပီး ထိမ္းခ်ဳပ္နိုင္ျခင္းအဆင့္ပါ )

၂ အႏၱရာယ္အဆင့္ ( ထိုအဆင့္ရဲ႕ တတိယအဆင့္ေလာက္ဆိုရင္ကို ဂိုဏ္းေတရဲ႕ ေအာက္ေျခဂိုဏ္သားေတနဲ႕ စစ္တပ္ထဲက စစ္သည္ေတေလာက္ ရွိတဲ့အဆင့္မ်ိဳး)

၃ ကမၻာေျမအဆင့္ ( သာမန္ဂိုဏ္းက ဂိုဏ္းခ်ဳပ္တစ္ခ်ိဳ႕နဲ႕ အရာရွိတစ္ခ်ိဳ႕ေလာက္က ထိုအဆင့္ေလာက္ရွိၾကပါတယ္ ၿပီးေတာ့ ေျခသလုံးအိမ္တိုင္ က်င့္ႀကံသူတစ္ခ်ိဳ႕ )

၄ ေကာင္းကင္အဆင့္ ( ဒီအဆင့္မွာစၿပီး အရမ္းခက္ခဲလာပါတယ္ ထိုအဆင့္ရဲ႕ အဆင့္ေလးတစ္ခုစီတိုင္းက တက္ဖို႔ကို ႏွစ္နဲ႕ခ်ီ ေလ့က်င့္ကပါတယ္ ဒီအဆင့္ရွိသူက ကိုယ္ရံေတာ္ေတနဲ႕ ျမင့္မားတဲ့အရာရွိအရာခံေတ ဘုရင္တစ္ခ်ိဳ႕ )

၅ အထြတ္အထိပ္အဆင့္ ( ဒီအဆင့္ရဲ႕ ပထမအဆင့္ေလာက္ကိုသာ က်င့္ႀကံနိုင္ၾကပါတယ္ ဒုတိယအဆင့္ေလာက္ကေတာ့ ေတာ္ဝန္ေသြးပါတဲ့ ဧကရာဇ္နဲ႕ ေတာ္ဝန္နတ္သားရဲ ဘုရင္ေတ ဘုရင္မေတနဲ႕ ေတာ္ဝန္မိစ္ဆာနဲ႕ ရွားပါးမိစ္ဆာမ်ား
တတိယအဆင့္ေလာက္ထိက်င့္ႀကံနိုင္တယ္ဆို ပါရမီရွင္ေတပဲ ျဖစ္သည္။ )

၆ အဆုံးမဲ့အဆင့္ ( ဒီအဆင့္ကို တက္နိုင္ဖို႔ဆိုတာ အိပ္ရာဝင္ပုံျပင္ဆန္ဆန္သာ ရွိၾကၿပီး ေရာက္သူကလည္း ရွားပါၾကတယ္ အဆုံးမဲ့အဆင့္ နတ္သားရဲေတကလည္း ရွာေတြ႕ဖို႔ရာ မျဖစ္နိုင္ေတာ့ ေလာက္ေအာင္ အစြမ္းထက္လြန္းသြားသည္။ ဒါေတာင္ပထမ အဆင့္မွာပဲျဖစ္သည္။ ဒုတိယအဆင့္တို႔ တတိယအဆင့္တို႔ထိ က်င့္ႀကံနိုင္ၾကသူေတဆိုရင္ ႏွစ္တစ္ေသာင္းမွ တစ္ခါေပၚတဲ့ ပါရမီရွင္ေတလိုမ်ိဳးကို အစြမ္းထက္လြန္းလွသည္။ )

ေရွာင္က်န႔္ အဆုံးမဲ့အဆင့္ ဒုတိယအဆင့္

(ေရွာင္က်န႔္က စြမ္းအားက်င့္ႀကံရင္းနဲ႕ပဲ systemရဲ႕ အကူအညီကို ယူရင္း အခ်ိန္တိုေလးအတြင္း အဆင့္တက္သြားတာျဖစ္သည္။)

ဝမ္ရိေပၚ အဆုံးမဲ့အဆင့္ ပထမအဆင့္

ဝမ္ခ်င္းရယ္ အထြတ္အထိပ္အဆင့္ ပထမအဆင့္

လီရွင္းအာ အထြတ္အထိပ္အဆင့္ ဒုတိယအဆင့္
( ရွားပါး ေမွာ္နတ္သားရဲ ဘုရင္မ )

ဝမ္ရိရွင္း ေကာင္းကင္အဆင့္ ပထမအဆင့္
(သူကို ငယ္စဥ္ထဲ စြမ္းအား ခ်ိတ္ပိတ္ထားတာေၾကာင့္ ဓားသိုင္းကိုသာ က်င့္ႀကံနိုင္ၿပီးအဆင့္တက္ရန္ ခက္ခဲလြန္းသည္။)

ဝမ္လီရွင္း ကမၻာ‌ေျမအဆင့္ တတိယအဆင့္

ရမ္ေဆာင္းယြီ ေကာင္းကင္အဆင့္ ဒုတိယအဆင့္

လင္ခ်ဴယုံ အထြက္အထိပ္ တတိယအဆင့္ မိစ္ဆာက်င့္ႀကံသူ

က်န္တဲ့လူေတကေတာ့ ဒီလို တိုက္ပြဲေလးေတမွာ ရွင္းျပသြားပါ့မယ္ လူသားက်င့္ႀကံသူေတက အားနည္းၾကၿပီး မိစ္ဆာေတက လူသားေတထက္ က်င့္ႀကံအားပိုႀကီးပါတယ္

ဥပမာ ေကာင္းကင္အဆင့္ခ်င္းတူရင္ေတာင္ မိစ္ဆာက ပိုစြမ္းပါတယ္

မိစ္ဆာေတထက္ပိုစြမ္းတာ ေမွာ္နတ္သားရဲေတပါ

( အေစာထဲက က်မက ဒီလိုအဆင့္ေတခြဲထည့္ဖို႔ စဥ္းစားၿပီးသားပါ ဒါေပမဲ့လည္း ဇာတ္ေၾကာင္းေရးၿပီးမွ ဒါေလးေတစဥ္းစားမိတာေၾကာင့္ပါ ၿပီးေတာ့ ေစာေစာေရးျပထားရင္ ဒါဒါေလးတို႔ ေမ့ကုန္မွာ စိုးတာေၾကာင့္ အခ်ိန္ေကာင္းကို ေစာင့္ၿပီးေရးျပတာပါ ဒီဝတၳဳက ၿပီးဖို႔အပိုင္းမ်ားစြာလိုပါေသးတယ္ အဆင္ေျပမယ္လို႔ေမွ်ာ္လင့္ပါတယ္ ...)

4932 words

*********************************

UNI

Part 33

ချန်တလာအင်ပါယာထဲက စွန့်စားမှု

______________________________

"နည်းလမ်းရှိပါသေးတယ်"

ရှောင်ကျန့်က စိတ်လှုပ်ရှားသွားတယ် သူအကြံအိုက်နေပေမဲ့ စစ်သူကြီးချုပ်ကတော့ မကုန်နိုင်တဲ့ အကြံညာဏ်တေ ထုတ်လို့

"ခုချိန်သူက ပုလဲနက်ကိုပဲ အာရုံစိုက်နေမှာ ကိုယ်တော်တို့က သူ့ကို အာရုံလွဲပြီး လှည့်စားရမယ်"

"နေပါအုံး သူက အဲ့ကို အာရုံရောက်နေမှန်း မင်းဘယ်လိုသိတာလဲ"

"ကိုယ်တော့်မှာလည်း မင်းလို အနီးကပ်စုံစမ်းသူရှိတာပေါ့ ဒါပေမဲ့ သူကို အဝေးကြီးကိုတော့ လွှတ်လို့မရဖူး"

ဝမ်ရိပေါ်က ပြောပြီးတာနဲ့ သူရဲ့ လက်သီးဆုပ်လေး ဖြန့်လိုက်ချိန်မှာ ပန်းခက်လေးတစ်ခု ပေါ်လာပြီး ထိုပန်းခတ်လေးကနေ ပန်းနုရောင် အလင်းတန်းတေဖြစ်သွားပြီး နတ်သငယ်မှင်စာလေး ပေါ်လာသည်။ သူမက အရမ်းလှပပြီး သေးငယ်လွန်းတဲ့ အသံလေးနဲ့ ဝမ်ရိပေါ်ကို နှုတ်ဆတ်ပေမဲ့ ရှောင်ကျန့်လည်း ကြားလိုက်ရသည်။

"သခင် ဘာအတွက်ကြောင့်များ ဆင့်ခေါ်ရသလဲ"

"မင်းကို တာဝန်တစ်ခု ပေးစရာရှိတယ်"

"အကောင်းဆုံးလုပ်ဆောင်မှာမို့ ပြောပါသခင်"

ကြောင်အအနဲ့ ငေးနေတဲ့ ရှောင်ကျန့်ကို ဝမ်ရိပေါ်က လှမ်းကြည့်တယ် ရှောင်ကျန့်တွေးနေတာက ဒီကမ္ဘာမှာ ဘာ့ကြောင့် လှစ်ဝှက်ဆန်းကြယ်တဲ့ အရာတေနဲ့ ပြည့်နေရတာလဲ

"ကျန့် လင်ချူယုံရဲ့ အားနည်းချက်ကို မင်းသိလား"

"အာ အင်း သူရဲ့ အားနည်းချက်က သူ့အကိုပဲ နေအုံးအချိန်မရှိတော့ဖူး "

ဆေးပျယ်မဲ့ အချိန်က သိပ်ကို နီးကပ်နေပြီ

"ရတယ် မြန်မြန်ပြော သူ့မှာ အကိုရှိလို့လား သေသွားပြီမလား"

"မဟုတ်ဖူး သူ့အကိုကို သူ့ရဲ့ အိပ်ဆောင်ရဲ့ မြေအောက်ခန်းမှာဘဲ ဖွတ်ထားတာ အဲ့ဒီကို သွားဖို့ ...."

ရှောင်ကျန့်က ဝမ်ရိပေါ်ကို အပြည့်စုံ ပြောပြလိုက်သည်။

"ကိုယ်အဲ့ဒါတေကို ဝိညာဉ်လွှင့်တုန်းက သိလာတာ ပြီးတော့ အကာအကွယ်စွမ်းအင်တေ အရမ်းကို ပြည့်နေတာ"

"ကိုယ်တော်သိပြီ မင်းလည်း တစ်ခုလောက် လုပ်ပေးနိုင်မလား သူ့ကို အချိန်ဆွဲဖို့တစ်ခုခုလောက်"

"အင်း စဉ်းစားလို့ရပြီ ပုလဲနက်ကို တစ်ခုခုဖြစ်အောင်လုပ်ရမယ်"

ဝမ်ရိပေါ်က နက်သငယ်လေးကို ဘာတေညွှန်ကြားနေမှန်းမသိ ရှောင်ကျန့်ကလည်း ပေါက်စကို ဆက်သွယ်နေသည်။
တော်တော်နဲ့ မလာ နောက်တော့ သူ့ရှေ့ပေါ်လာသည်။

'ပြောပါ Host'

'မင်းငါ့ကို တစ်ခုလောက်လုပ်ပေးပါ'

'ဘာများလဲ'

'ပုလဲနက်ကို စွမ်းအားမတည်မငြိမ်ဖြစ်အောင်လို့ ပြီးရင် သူအဲ့ဒီ့ ပုလဲနက်မှာ အာရုံမရှိတော့ဖူး ဆိုတာနဲ့ အတုနဲ့ လှဲလိုက်'

'ဟုတ်ပြီ အခုလုပ်လိုက်မယ်'

'အင်းမြန်လေ ကောင်းလေပဲ'

'ကျွန်တော် စလုပ်ပြီဆို Host ကို အချက်ပေးလိုက်မယ်'

ပေါက်စက ထွက်ခွါသွားတာနဲ့ ရှောင်ကျန့်က ဝမ်ရိပေါ်ဘက်လှည့်ကာ

"ကိုယ်တို့ အချိန်နည်းနည်းလောက် စောင့်သင့်သလား"

"ဟုတ်တယ် ရှောင်ကျန့် အချိန်နည်းနည်းစောင့်မှ ရမယ်"

*************

ကွင်းပြင်ကျယ်ကြီးထဲမှာ သွေးရေအိုင်ကြီးတစ်ခုရှိသည်။ ထိုအရာက နန်းတော်အပြင်က ဧကရာဇ်ဥယျာဉ် မည်သူမှ လာခွင့်မရှိတဲ့ တစ်နေရာမှာ ဖြစ်ပြီး အတန်အသင့်ကျယ်တဲ့ ရေအိုင်ငယ်မှာ ‌သွေးတေကြီးအပြည့်
ထိုရေအိုင်ရဲ့ ပတ်ပတ်လည်မှာ သေနေသော စစ်သည်တေနဲ့ သင်းချိုင်းက တူးဖော်လာသော အနည်းငယ်ပုတ်ပွနေပြီဖြစ်တဲ့ လူသေ မိန်းမ ယောက်ျား ကလေးငယ် စုံနေသည်။

သွေးရေကန်ရဲ့ အလယ်တည့်တည့်မှာ ပုလဲနက်က လေထဲတစ်နေရာမှာ တန့်နေပြီး အမဲရောင်အငွေ့အသက်အပြည့်ဖြင့် ကြောက်ခမန်းလိလိ
သွေးရေကန်ရဲ့ ရှေ့တည့်တည့် လူသေတေကြား မားမားကြီးရပ်နေတဲ့ ရုပ်ဆိုးဆိုးနဲ့ လင်ချူယုံ က လက်နှစ်ဖက်ကို လေထဲဆန့်တန်းရင်း အမဲရောင်အငွေ့သတ်တေက ပိုများစားလာပြီး
လူသေတေရဲ့ ခန္ဓာကိုယ်ထဲ တိုးဝင်ကြသည်။

ထိုအချိန်မှာပဲ ဘာက ချို့ယွင်းသည်လည်းမသိ မိစ္ဆာအငွေ့သက်တေက ထိန်းမနိုင်တော့ ပုလဲနက်ကလည်း တုန်ခါလာပြီး တစ်ဝုန်းဝုန်းဖြင့် မိစ္ဆာအငွေ့အသက်တေ ထုတ်လွှတ်နေသည်။

လင်ချူယုံက ဒီလိုအချိန်မှာ အမှားပါလို့မရတာ သူသိပါတယ် ဒီလိုအချိန်မှာ အမှားပါသွားပါက အသက်ဝင်သွားတဲ့ မိစ္ဆာတေက သခင်မှန်းမသိဘဲ ပြန်လည်တိုက်ခိုက်ကြလိမ့်မည် ဒီရတနာက ထိန်းချုပ်လို့မရတော့ဘဲ အနီးအနားက သေပြီးတာကြာပြီဖြစ်တဲ့ အရာတေပါ ပြန်လည်နိုးထလာနိုင်သည်။ ထိုသို့ဆို ကပ်ဘေးဆိုက်ကာ အားလုံးသူ့အစီအစဉ်နဲ့ လွှဲချော်ပေလိမ့်မည်။

အခက်တွေ့နေတဲ့ အချိန်မှာဘဲ သူ့ရင်အစုံပူပင်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာလေသည်။ ထိုအရာက ကျိုးပေါက်သွားတဲ့ အကာအကွယ်ဆီးတစ်ခု ထိုအကာအကွယ်ဆီးက သူ့ရဲ့ အကိုတော်အခန်းဆီကပင်

ခင်ဗျားက ကျုပ်ဆီကနေ ထွက်ပြေးချင်နေတာလား ဟင့်အင်း ဒီလိုဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဖူး။

လင်ချူယုံက ဘယ်အရာမှ ဂရုမစိုက်တော့ဘဲ သူ့ရဲ့ အကိုတော် ကို ဖမ်းဆီးထားရာအခန်းဆီ ဒုန်းဆိုင်းသွားလေသည်။

ကျန်ခဲ့တဲ့ နေရာမှ ထိမ်းချုပ်ခြင်းမဲ့နေတဲ့ ပုလဲနက်ကို ငြိမ်ငြိမ်လေးထိုင်ကြည့်ကာ စွမ်းအားတည်ငြိမ်သွားရင် ယူဖို့စောင့်နေတဲ့ အကောင်ပေါက်လည်း ရှိသည်။ သူရဲ့ ပတ်ဝန်းကျင်မှာ ရုတ်ပျက်ဆင်းပျက် ဖြစ်ပျက်နေတဲ့ မိစ္ဆာတေမရှိသည့်အလား သူကတော့ အေးဆေးပင် မြက်တေတောင် ထိုးဖွနေသေးသည်။

လင်ချူယုံက မည်မျှပင် စွမ်းအားကြီးပါစေ သူ့အခန်းက ထွက်ခွါသွားတဲ့ နတ်သငယ်လေးနဲ့ အရိပ်လေးတစ်ခုကို မှီမယ်မထင်တော့

@@@@@@@@@@@@@@

တစ်ဘက်ချမ်းမှာ ရှိတဲ့ ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်က ပေါက်စအချက်ပေးကထဲက အကျင်းခန်းရဲ့ အကာအကွယ်စွမ်းအားကို ဝမ်ရိပေါ်ရဲ့ ပြင်းထန်တဲ့ အတွင်းအားနဲ့ ‌ဖောက်ခွဲပြစ်လေသည်။ နောက်တော့ အကျင်းခန်းထဲ အပြေးတစ်ပိုင်းဝင်သွားကာ အိပ်ပျော်နေတဲ့ အမျိုးသမီးကို ဝမ်ရိပေါ်က လွမ်းစွပ်ကာပွေ့ဖက်လိုက်သည်။
အောက်သိုးသိုးနံ့တေ နံနေပေမဲ့ သူသိပ်ကို လွမ်းဆွတ်နေသူကို သူမလွတ်တမ်းဖက်ထားတုန်း ‌ထိုအမျိုးသမီးက မျက်လုံးတေဖွင့်လာပြီး သူကို ကြောက်ရွံ့စွာ တုံ့ပြန်လေသည်။

အလန့်တကြားရုံးကန်ကာ အနောက်ကို ဆုတ်သွားတဲ့သူကို ကြည့်ပြီး ဝမ်ရိပေါ်ရင်တေ သိပ်ကို နာကျင်ရပါတယ်။

"အချိန်မရှိတော့ဖူး ကိုယ်တို့ ဆေးပျယ်တဲ့ အပြင် အကာအကွယ်ဆီးလည်း ဖျက်ခဲ့ ပြီးပြီ"

ဝမ်ရိပေါ်က ထိုမှ ရှောင်ကျန့်ဘက်လှည့်ကာ သူ့ရဲ့ လက်ညိုးနဲ့ လက်ခလည်ပူးကာ ထွက်လာတဲ့ အဖြူရောင် စွမ်းအားတေ ရှောင်ကျန့်နဖူးထဲ ဆီးဝင်စေပြီး စိတ်ချင်းဆက်သွယ်လေသည်။

"စိတ်မပူပါနဲ့ ကျွန်တော်တို့က အမျိုးသမီးကို လာကယ်တာပါ ကျွန်တော်တို့ ပြန်ရအောင် အမျိုးသမီးရဲ့ မိသားစုက စောင့်နေတယ်။"

ရှောင်ကျန့်က နားဝင်အောင် လေပြေအေးနဲ့ ရှင်းပြလေသည်။
ထိုအခါမှ လီရှင်းအာက ဝမ်ရိပေါ်ရဲ့ မျက်နှာလေး ရင်းနှီးသလို ငေးကြည့်ကာ ခေါင်းငြိမ့်ပြသည်။
ရှောင်ကျန့်က လီရှင်းအာကို ဆွဲပွေ့ပြီးနောက်

"သွားမယ် ဝမ်ရိပေါ် မြန်မြန်"

ဝမ်ရိပေါ်က ကြီးမားတဲ့ ဝံပုလွေကြီးအသွင်ပြောင်းလိုက်ကာ ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့ ကျောပေါ်ကို လီရှင်းအာကို ပွေ့ကာတက်ပြီး ဝမ်ရိပေါ်ရဲ့ အမြန်နှုန်းနဲ့ ထိုနေရာကနေ ထွက်ခွါသည်။

မြန်ဆန်လွန်းတာကြောင့် အနီရောင်အရိပ်သာ ကျန်ခဲ့လေသည်။ ထွက်ခွါလာတဲ့ လမ်းတစ်လျောက်‌အလောကြီးစွာပင် လွတ်မြောက်ဖို့သာ အ‌ရေးကြီးနေပြီး မြေအောက်ခန်းက တံတိုင်းတေကို ကွေ့ပတ်ရှောင်ရင်း တစ်ထက်ပြီး တစ်ထက် တက်လာခဲ့သည်။

နှစ်‌ထက်မြောက်တက်ရင်း အပေါ်ဆုံးအဆင့် လှေကားကနေ ပြင်းထန်တဲ့ စွမ်းအားတစ်ခုက ကန်ထုတ်ခံလိုက်ရကာ အရှိန်မထိန်းနိုင်ပဲ အောက်က ကျယ်ပြန့်တဲ့ လှေကား တစ်ဆင့်ပေါ် ပြုတ်ကြကုန်သည်။

"ဟား ....ဟား ...ဟား ..."

ဝမ်ရိပေါ်ကတော့ အေးစက်ပြီး နာကျင်သံပေါ်နေတဲ့ အသံကို ဂရုမစိုက် သူအတွက်အရေးပါတဲ့ လူနှစ်ဦးကိုသာ အပြေးအလွှားသွားထူနေသည်။

"လှည့်စားကတာ ပျော်ရဲ့လားဟမ် ... မင်းတို့ကြောင့် သူ သူ ထွက်ပြေးသွားတာ "

ချက်ချင်းပဲ လင်ချူယုံက အမဲရောင် အငွေ့အသက်တေထွက်လာကာ သိပ်ကိုနာကျင်နေပုံပေါ်သည်။

"မင်းတို့ကို သတ်ရမှ ကျေနပ်လိမ့်မယ်"

ရှောင်ကျန့်က လီရှင်းအာရဲ့ ကြောက်ရွံနေတဲ့ ခန္ဓာကိုယ်ကို ပွေ့ထားရင်း လင်ချူယုံကို အကြည့်စူးစူးတေ ပြန်လည်ပို့လွှတ်နေသည်။ ဝမ်ရိပေါ်ကတော့ လင်ချူယုံကို ဂရုမစိုက်သည့်အလား လွတ်လမ်းသာရှာဖွေနေသည်။

ထိုအချိန်မှာပဲ ဟိုအောက်ဆုံးအဆင့်ကနေ လင်ချူယုံရဲ့ အစောင့်တစ်ချို့က တက်လာသည်မှာ အများကြီး အပေါ်မှာလဲ လင်ချူယုံက သူ့ရဲ့ မိစ္ဆာအငွေ့တေက သူတို့ဆီကို ဦးတည်လာသည်။

ရှောင်ကျန့်က အောက်က အစောင့်တေကို သူ့ရဲ့ ဓားက လျှပ်စီးတေဖြင့်ခုပ်လိုက်ရာ အတွင်းအားဒါဏ်ကို မခံနိုင်သည့်အလား ဟိုအောက်ဆုံးကို ကျသူက ကျ သေသူက သေဖြင့် လင်ချူယုံက မျက်နှာ ပျက်သွားကာ ရှောင်ကျန့်ကို ကြည့်ကာ တအံ့တဩဖြင့်

"မင်းက အဆုံးမဲ့ ကျင့်ကြံသူ"

ဒီကမ္ဘာမှာ ကျင့်ကြံရေးသမားတေ ကျင့်ကြံရာမှာ အဆင့် ၆ဆင့်သာ ရှိတယ် ၅ဆင့်မြောက် အဆင့်က အထွတ်အထိပ် အဆင့်ဖြစ်ပြီး ၆ ဆင့်မြောက်ကတော့ အဆုံးမဲ့အဆင့်ပဲ ဖြစ်သည်။ နတ်သားရဲပဲ ဖြစ်ဖြစ် လူပဲ ဖြစ်ဖြစ် မိစ္ဆာပဲ ဖြစ်ဖြစ် အဆုံးမဲ့ အဆင့်ကို ရောက်သူဆိုတာ အသက်ရှင်နေသည့် ကာလအပတ်လုံးရှိမှာမဟုတ် အရမ်းခက်ခဲလွန်း၍ ပုံပြင်တစ်ပုဒ်လိုသာ ရှိခဲ့ဖူးသည်။ အထွတ်အထိပ် အဆင့်ရဲ့ ပထမ အဆင့်လေးကိုပင် ရောက်တဲ့သူရှားလှသည်။

( ဒီနေရာကို ရှုပ်နေရင် တောင်းပန်းပါတယ် ကျမ အောက်ဆုံးမှာ ရှင်းပြပါ့မယ့် ဇာတ်လမ်းအဆက်ပြက်သွားမှာ ဆိုးလို့ပါ )

ဝမ်ရိပေါ်ကတော့ ထူးခြားပြီးအံ့ဩမနေတော့ သူသိပြီးသားဖြစ်တဲ့ အပြင် သူကလည်း အဆုံးမဲ့အဆင့်ကို ကျင့်ကြံနေတာ ပထမ အဆင့်ပင် ရောက်နေပြီ ဖြစ်သည်။ ဝမ်ရိပေါ်က အကာအကွယ်တစ်ခုလုပ်ကာ ရှောင်ကျန့်ကို ကြည့်ပြီး စိတ်ခြင်းဆက်သွယ်၍

'ဖောက်ထွက်ကြမယ် '

သူတို့နှစ်ယောက်က ‌မျက်လုံးချင်း သေချာစုံကြပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ‌ရှောင်ကျန့်က လီရှင်းအာကို ဒူးနဲ့ ပခုံးကနေ သေချာပွေ့လိုက်ပြီးမှ အသင့်အနေအထား

လင်ချူယုံက ဝမ်ရိပေါ်ရဲ့ အကာအကွယ်ကို ဖောက်ဖို့ကြိုးစားနေရင်းမှ သူရှေ့ကို မလာရဲသေး သူ့ပိုင်နက်ထဲမှာ ဆိုပေမဲ့ ဇွတ်လုပ်လို့မရ သူ့ရှေ့ကလူတေက သူ့ထက်စွမ်းအားကြီးတဲ့ လူတေကြီးပဲမလား

နောက်တော့ ရုတ်တရက် ဝမ်ရိပေါ်က ကြီးမားတဲ့ ဝံပုလွေကြီးအသွင်ပြောင်းလဲသွားကာ ရှောင်ကျန့်က လီရှင်းအာကိုပွေ့ထားရင်း ထိုဝံပုလွေကြီးပေါ် ခုန်တက်လေသည်။သူတို့လှုပ်ရှားမှုက မြန်ဆန်လွန်း၍ စက္ကန့်ပိုင်းပင်မကြာလိုက်။

နောက်တော့ ထိုဝံပုလွေကြီးက ရှေ့တို့းလာပြီး သူ့ရဲ့ အကာအကွယ် စွမ်းအားကလည်း သူ့နဲ့အတူရွေ့လျားလာသည်။

ဖိအားများလာတဲ့ လင်ချူယုံရဲ့နောက်မှာ အဆင့်မြင့် ကိုယ်ရံတော် သုံးဦးလောက်ယောက်လာပြီး လင်ချူယုံကို ကူကြသည်။
ဝံပုလွေကြီးရဲ့ မျက်လုံးဟာ အနီရောင်ပြောင်းသွားပြီး ဖိအားလှိုင်းက ပိုပြီးများလာသည်။

ဟိုးအောက်ဘက်က တက်လာတဲ့ လူတေကို ရှောင်ကျန့်ရဲ့ အားနေတဲ့ လက်တစ်ဖက်က အတွင်းအားလှိုင်းဖြင့် ထက်မန်တွန်းထုတ်လိုက်သည်။ နောက်တော့ သူက ဝမ်ရိပေါ်ခန္ဓာကိုယ်ထဲ ကူညီပြီး အတွင်းအားတေ ပို့လွှတ်လေသည်။

နီရဲနေတဲ့ မျက်လုံးတေနဲ့ ဝံပုလွေကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ပြင်းထန်လွန်းတဲ့ မီးတောက်တေ တစ်ဝုန်းဝုန်းတောက်လောင်လာသည်။ ထိုမီးတောက် ဒဏ်ကို မခံနိုင်တဲ့ လင်ချူယုံနဲ့ အဆင့်မြင့်ကိုယ်ရံတော်တေက လွင့်ထွက်သွားသည်။

ဖိအားမရှိတော့တာကြောင့် သုံးထပ်မြောက်ကို ခုန်တက်လိုက်ပြီးနောက် ကြီးမားတဲ့ နန်းတော်ရဲ့ နံရံကြီးတေဆီကို ဝံပုလွေကြီးက ပြေးဝင်သွားသည်။
နောက်တော့ ခရမ်းရောင် လျှပ်စီးက ဝုန်းခနဲနေအောင် ထူထဲတဲ့ ‌နန်းတော်နံရံကြီးတေကို ရှေ့ပြေးဝင်တိုက်ပြီး အပေါက်ကြီးဖြစ်သွားတဲ့ ထိုနံရံတေကနေ ဝံပုလွေကြီးက ထွက်ခွါသွားသည်။

"ဟက် မင်းတို့က လွတ်မယ် ထင်နေတယ်ပေါ့ မင်းတို့ဘယ်လောက်ပဲ စွမ်းစွမ်း ငါ့ပိုင်နက်ထဲ ဝင်လာတာ သိပ်မှားသွားပြီ ..."

🌾🌾🌾🌾🌾🌾🌾

ထိုထဲကို သူမရဲ့ အကိုတေက ဘာအကြောင်းအရင်းကြောင့်များ ဝင်လာလေသလဲ လီချင်းစဉ်းစားနေသည်။ သူတို့ရောက်နေတာက ချန်တလာအင်ပါယာရဲ့ အင်ပါယာနန်းတော်ဝန်းထဲမှာ
ထိုနေရာက လွယ်လွယ်ကူကူ ဝင်လို့မရသလို ပြန်ထွက်လို့လည်း မလွယ် ဘာ့ကြောင့်လည်းဆိုတော့ အင်ပါယာနန်းတော်တေနဲ့ နန်းတော်ပေါင်းများစွာက ရှိသမျှအရာရှိတေနဲ့ ဧကရာဇ် / ဘုရင် တေက ပေါင်းကာ အကာအကွယ် စွမ်းအင်ရေးဆွဲထားခြင်းကြောင့် ဒီထဲဖောက်ဝင်ဖို့က မလွယ်ကူ
ဒါဆို သူတို့က ဘယ်လိုများဝင်ခဲ့သလဲ ???

အချိန်အားဖြင့် နံနက် နှစ်နာရီလောက် ဆောင်းယွီတို့ ကိုယ်ပေါ်က ဂိတ်စောင့် အဝတ်အစားနဲ့ နန်းတော်ထဲ ဝင်ခွင့်ကပ်ပြား သူတို့ဟာ နန်းတော်ထဲ ဝင်ဖို့ကို အိပ်ငိုက်နေတဲ့ တပ်သားတေကို လှဲသိပ်ပြီး သူတို့ဆီက ပစ္စည်းတေခိုးကာ ခိုးကြောင်ခိုးဝှက်နဲ့ ဒီထဲရောက်လာခြင်းပင်။

ကျယ်ဝန်းလှတဲ့ နန်းတော်ဝန်းထဲ ခိုးကြောင်းခိုးဝှက် ပုန်းနေတဲ့ မိန်းကလေးနှစ်ဦးက သူတို့ရှေ့က ပုံပျက်ပန်းပျက် မိစ္ဆာတေ တစ်နေရာကို ဦးဆောင်ကာ ပြေးသွားနေပြီး နန်းတော်ဝန်းကြီးဘက်က တစ်ဝုန်းဝုန်းနဲ့ တိုက်ခိုက်သံတေကြားနေရသည်။ ပြီးတော့ လီချင်းက ထိုနေရာကနေ သူ့အကိုရဲ့ စွမ်းအားပို ခြေရာခံမိသည်။

ဆောင်းယွီတို့ နှစ်ဦးက သိလိုက်ပြီ ထိုနေရာမှာ သူတို့ရှာနေတဲ့ သူတေရှိတယ်ဆိုတာ

~~~~~~~~~~~~~~~~~~~~~

ကျမရဲ့ ရှုပ်ရှပ်ခက်နေတဲ့ ဇာတ်လမ်းအကြောင်းလေး နည်းနည်းလောက်ရှင်းပြပါရစေ

ကျင့်ကြံသူတေရဲ့ ကျင့်ကြံတဲ့ အဆင့်တေက ဖတ်ဖူးသမျှဝတ္ထုတေကို ကိုးကားပြီး စိတ်ထဲမှာ ပေါ်တာတေ ရေးထားတာပါ အဆင့်တစ်ခုဆီတိုင်းမှာ အဆင့်သုံးဆင့်ဆီ ထပ်ဆောင်းပါပါတယ် ပထမ ဒုတိယ တတိယ ဆိုပြီး အဲ့အဆင့်လေး သုံးဆင့်ကို ကျော်ဖြတ်မှ ကျင့်ကြံဆင့်အောင်မှာပါ

၁ ထိမ်းချုပ်ခြင်း ( ပထမဆုံးအဆင့်က သူတို့ရဲ့ စွမ်းအားကို ကောင်းစွာ သိမြင်ပြီး ထိမ်းချုပ်နိုင်ခြင်းအဆင့်ပါ )

၂ အန္တရာယ်အဆင့် ( ထိုအဆင့်ရဲ့ တတိယအဆင့်လောက်ဆိုရင်ကို ဂိုဏ်းတေရဲ့ အောက်ခြေဂိုဏ်သားတေနဲ့ စစ်တပ်ထဲက စစ်သည်တေလောက် ရှိတဲ့အဆင့်မျိုး)

၃ ကမ္ဘာမြေအဆင့် ( သာမန်ဂိုဏ်းက ဂိုဏ်းချုပ်တစ်ချို့နဲ့ အရာရှိတစ်ချို့လောက်က ထိုအဆင့်လောက်ရှိကြပါတယ် ပြီးတော့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ချို့ )

၄ ကောင်းကင်အဆင့် ( ဒီအဆင့်မှာစပြီး အရမ်းခက်ခဲလာပါတယ် ထိုအဆင့်ရဲ့ အဆင့်လေးတစ်ခုစီတိုင်းက တက်ဖို့ကို နှစ်နဲ့ချီ လေ့ကျင့်ကပါတယ် ဒီအဆင့်ရှိသူက ကိုယ်ရံတော်တေနဲ့ မြင့်မားတဲ့အရာရှိအရာခံတေ ဘုရင်တစ်ချို့ )

၅ အထွတ်အထိပ်အဆင့် ( ဒီအဆင့်ရဲ့ ပထမအဆင့်လောက်ကိုသာ ကျင့်ကြံနိုင်ကြပါတယ် ဒုတိယအဆင့်လောက်ကတော့ တော်ဝန်သွေးပါတဲ့ ဧကရာဇ်နဲ့ တော်ဝန်နတ်သားရဲ ဘုရင်တေ ဘုရင်မတေနဲ့ တော်ဝန်မိစ္ဆာနဲ့ ရှားပါးမိစ္ဆာများ
တတိယအဆင့်လောက်ထိကျင့်ကြံနိုင်တယ်ဆို ပါရမီရှင်တေပဲ ဖြစ်သည်။ )

၆ အဆုံးမဲ့အဆင့် ( ဒီအဆင့်ကို တက်နိုင်ဖို့ဆိုတာ အိပ်ရာဝင်ပုံပြင်ဆန်ဆန်သာ ရှိကြပြီး ရောက်သူကလည်း ရှားပါကြတယ် အဆုံးမဲ့အဆင့် နတ်သားရဲတေကလည်း ရှာတွေ့ဖို့ရာ မဖြစ်နိုင်တော့ လောက်အောင် အစွမ်းထက်လွန်းသွားသည်။ ဒါတောင်ပထမ အဆင့်မှာပဲဖြစ်သည်။ ဒုတိယအဆင့်တို့ တတိယအဆင့်တို့ထိ ကျင့်ကြံနိုင်ကြသူတေဆိုရင် နှစ်တစ်သောင်းမှ တစ်ခါပေါ်တဲ့ ပါရမီရှင်တေလိုမျိုးကို အစွမ်းထက်လွန်းလှသည်။ )

ရှောင်ကျန့် အဆုံးမဲ့အဆင့် ဒုတိယအဆင့်

(ရှောင်ကျန့်က စွမ်းအားကျင့်ကြံရင်းနဲ့ပဲ systemရဲ့ အကူအညီကို ယူရင်း အချိန်တိုလေးအတွင်း အဆင့်တက်သွားတာဖြစ်သည်။)

ဝမ်ရိပေါ် အဆုံးမဲ့အဆင့် ပထမအဆင့်

ဝမ်ချင်းရယ် အထွတ်အထိပ်အဆင့် ပထမအဆင့်

လီရှင်းအာ အထွတ်အထိပ်အဆင့် ဒုတိယအဆင့်
( ရှားပါး မှော်နတ်သားရဲ ဘုရင်မ )

ဝမ်ရိရှင်း ကောင်းကင်အဆင့် ပထမအဆင့်
(သူကို ငယ်စဉ်ထဲ စွမ်းအား ချိတ်ပိတ်ထားတာကြောင့် ဓားသိုင်းကိုသာ ကျင့်ကြံနိုင်ပြီးအဆင့်တက်ရန် ခက်ခဲလွန်းသည်။)

ဝမ်လီရှင်း ကမ္ဘာ‌မြေအဆင့် တတိယအဆင့်

ရမ်ဆောင်းယွီ ကောင်းကင်အဆင့် ဒုတိယအဆင့်

လင်ချူယုံ အထွက်အထိပ် တတိယအဆင့် မိစ္ဆာကျင့်ကြံသူ

ကျန်တဲ့လူတေကတော့ ဒီလို တိုက်ပွဲလေးတေမှာ ရှင်းပြသွားပါ့မယ် လူသားကျင့်ကြံသူတေက အားနည်းကြပြီး မိစ္ဆာတေက လူသားတေထက် ကျင့်ကြံအားပိုကြီးပါတယ်

ဥပမာ ကောင်းကင်အဆင့်ချင်းတူရင်တောင် မိစ္ဆာက ပိုစွမ်းပါတယ်

မိစ္ဆာတေထက်ပိုစွမ်းတာ မှော်နတ်သားရဲတေပါ

( အစောထဲက ကျမက ဒီလိုအဆင့်တေခွဲထည့်ဖို့ စဉ်းစားပြီးသားပါ ဒါပေမဲ့လည်း ဇာတ်ကြောင်းရေးပြီးမှ ဒါလေးတေစဉ်းစားမိတာကြောင့်ပါ ပြီးတော့ စောစောရေးပြထားရင် ဒါဒါလေးတို့ မေ့ကုန်မှာ စိုးတာကြောင့် အချိန်ကောင်းကို စောင့်ပြီးရေးပြတာပါ ဒီဝတ္ထုက ပြီးဖို့အပိုင်းများစွာလိုပါသေးတယ် အဆင်ပြေမယ်လို့မျှော်လင့်ပါတယ် ...)

4932 words



Continue Reading

You'll Also Like

75K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
575K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
22.9K 2.1K 14
မြေပြင်ထက်သို့ နှင်းပွင့်လေး သက်ဆင်းလာတဲ့အခိုက်တန့်လေးမှာ စတင်လွဲမှားသွားခဲ့တဲ့ အချိန်နာရီတွေ......... အဲ့ဒီနောက်....... ကျွန်တော် သူ့ကို တွေ့ခဲ့တယ်...
463K 25.7K 10
‼️YiZhan Reading list တွေထဲ မထည့်ပါနဲ့ YiZhan Reading list ေတြထဲ မထည့္ပါနဲ႔ Only brainless people do it. ❌Not "The Untamed" ❌Not YiZhan ✅Inspired...