ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၀)
ဧကလေး ရာဇကုဋေနန်းဆောင်တော်မှပြန်လာပြီးနောက် တစ်နေ့လုံး ကံ့ကော်ဆောင်ထဲကမထွက်နိုင်အောင် ခွီနေရသည်။
မနက်စောစောကအကြောင်းအရာများကို ပြန်တွေးမိတိုင်း ရယ်ချင်လာသည့်စိတ်ကထိန်းမရတော့။အိပ်ယာပေါ်မှောက်ယက်ကြီးအိပ်ပြီးတွေးမိလိုက် ပက်လက်လှန်ရင်း အမိုးက ပန်းဆွဲများကိုကြည့်ရင်း တွေးလိုက်နှင့် အတွေးကမ္ဘာထဲနယ်ကျွံနေလေ၏။
အရှင် အဆောင်သို့ပြန်လာပို့ပေးပြီးသည့်နောက်မှစ၍ သူအဆောင်အပြင်ကိုမထွက်မိတော့တာပဲဖြစ်သည်။
အရှင်လည်း အရေးကြီးကိစ္စရှိပုံရသည်။သူ့ကိုပို့ပေးပြီးသည်နှင့် ကိုယ်ရံတော်မဏိကိုခေါ်ကာ တန်းပြန်သွားလေသည်။
"သခင်လေး..."
ထိုအခိုက် အဆောင်အပြင်ဘက်မှ သက္ကခေါ်သံကိုကြားတော့ ဧကလေး ထထိုင်လိုက်သည်။
"ဟင်...အင်း ဝင်ခဲ့လေ သက္က..."
"ဟုတ်ကဲ့ ဟီး..."
ဟုတ်ကဲ့ဆိုပြီး စပ်ဖြီးဖြီးနှင့်ဝင်လာသော သက္ကမျက်နှာပေးကြောင့် ဧကလေးရယ်ချင်လာမိသည်။ဒီနေ့ကတော့ ဘယ်အရာကနေနေ သူ့ကိုရယ်အောင်လုပ်နေကြသည်။
"ဘာလဲဟ...ရုပ်ကိုက..."
"ဟီး...သခင်လေး..."
"အင်း ပြော...."
"ဟိုလေ ညက...ဟီး..."
"အင်း ညက ဘာဖြစ် ...ဆက်ပြောလေ ဘယ့်နှယ့် ဘရိတ်တန့်ဆွဲနေတာတုန်း....တဟီးဟီးနဲ့ မြင်းကြီးကြနေတာပဲ..."
သခင်လေး၏ ပျစ်ပျစ်နှစ်နှစ်စကားသံအဆုံး သက္ကမျက်နှာလေး မဲ့ကျသွားရသည်။ရှေ့က ဘရတ်တန့်ဆိုသည့်စကားကိုသူနားမလည်သော်လည်း မြင်းနှင့်အနှိုင်းခံလိုက်ရတာပဲ သေချာသိသည်။
"သခင်လေးကလည်းဗျာ ကျွန်တော်မျိုး ဘရက်တန့်ဆိုတာဘာလဲမသိပေမယ့် မဆွဲပါဘူးဗျ...ဟီး သခင်မလေးကခေါ်ခိုင်းလိုက်လို့..."
"ဟုတ်လား...အဲ့ဒါကို မင်းကဘာလို့ တဟီးဟီးရယ်ပြီးပြောနေတာတုန်း...."
"ဟီး...သခင်လေး ညကအဆောင်တောင်ပြန်မအိပ်ဘူးမလားဗျ..."
"အေးလေ ငါအရှင့်အဆောင်မှာအိပ်တာလေ ဘာဖြစ်လို့လဲ..."
*ဘာပါလိမ့် ရူးကြောင်ကြောင်နဲ့...*
ဧကလေး သက္ကကို မသင်္ကာဖြစ်လာရသည်။ဘယ်လိုကြောင့် ဒီလောက်မျက်နှာပိုးမသတ်ဖြစ်နေရလဲဆိုတာ မသိ။
"ဟီး ဘာမှမဟုတ်ပါဘူးခင်ဗျ...သခင်မလေးက သခင်လေး ပြန်လာကတည်းက ဘာမှမစားရသေးလို့ ခုခေါ်တော်လွှတ်လိုက်တာပါဗျ...."
"အင်း...သွားမယ်လေ...ငါလည်းဗိုက်ဆာနေတာနဲ့အတော်ပဲ..."
"ဟုတ် သခင်လေး..."
ပြောရင်း အရှေ့မှထွက်သွားသောသခင်လေးအားကြည့်ပြီး သက္က ကြိတ်ရယ်ရင်းအနောက်မှအသာလိုက်သွားလိုက်သည်။
မနေ့ညကသူကြားခဲ့သည့်သတင်းများအရ အရှင်နှင့်သခင်လေးက မနက်အတော်လေးနေမြင့်သည့်အထိအိပ်ဆောင်ထဲမှထွက်မလာဟုသိခဲ့ရသည်။သူ့အနေဖြင့် ထိုကိစ္စနှင့်ပတ်သတ်လျှင် အပျိုတော်များ၏ ပြုံးစစအမူအယာများဖြင့် တီးတိုးပြောနေကြသည်ပဲ ပြန်မြင်ယောင်လာသောကြောင့် သဘောတကျရယ်မိခြင်းဖြစ်သည်။အရင်တစ်ခါ သခင်လေးအိပ်ဆောင်ထဲ အရှင်ဒဝီဦးခိုက်ကိုတွေ့သည့်အချိန်တုန်းက အကြောင်းကိုပြန်မြင်ယောင်မိပြန်၏။
သက္က သခင်လေးတို့ကြားက ချစ်ခြင်းနှင့်ပတ်သတ်လျှင် သိပ်နားမလည်သော်လည်း တခြားစိတ်တော့မဖြစ်မိပေ။အဲ့ဒီလိုမျိုး ယောင်္ကျားလေးအချင်းချင်းကချစ်လို့ရလားဆိုတာ သူတွေးမိသည့်အချိန်တုန်းက မဆီမဆိုင် သူ့အားအမြဲစနောက်တက်သည့် ဟန်လင်းအရှင်ကို မြင်ယောင်လာသောကြောင့် ကြက်သီးထစွာ အတွေးတွေကို အမြန်မောင်းထုတ်ပစ်မိဖူးသည်။သူ့အသက်နှင့်ကိုယ် အိုးစားမကွဲချင်သေးပါ။
******
ခတ္တရာ မောင်ငယ်လေးစားဖို့ အစားအစာများကို ကိုယ်တိုင်ပြင်ဆင်ရင်း စားဖိုဆောင်ဘက်မှ စောင့်နေလိုက်သည်။
ပုစွန်ထုတ်လတ်လတ်ဆတ်ဆတ်လေးတွေရလာသဖြင့် မောင်ငယ်လေးအကြိုက်ပုံစံမျိုးလေးချက်ထားလိုက်သည်။ သရေခေတ္တရာရောက်တာ လအတော်လေးကြာနေပြီဖြစ်သော်လည်း မောင်ငယ်လေးကတော့ အစားအသောက်နှင့်ပတ်သတ်လျှင်သိပ်မစားပေ။ဗိဿနိုးကအစားအစာလေးတွေများလွမ်းနေလို့လားဟုတွေးမိသည့်အတွက် ခုတလော အစားအသောက်များကိုကိုယ်တိုင်ချက်ပြုတ်စီမံနေခြင်းဖြစ်သည်။
ဧကလေး မီးဖိုဆောင်ထဲမှ လွင့်ပြန်လာသော ဟင်းနံသင်းသင်းလေးများကြောင့် အထဲဝင်လာပြီး ရေရွတ်လိုက်သည်။
"မွှေးလိုက်တာ...."
အသံနှင့်အတူ အနားကိုရောက်လာသော သျှင်းလေးကြောင့် ခတ္တရာပြုံးလိုက်ကာ
"ဗိုက်ဆာနေပြီလားရှင့်...ခဏလေးစောင့်ပေးနော် ... ဒီရေလေးကျရင်ရပြီ..."
ခတ္တရာ အရည်သောက်အိုးလေးကိုမွှေရင်းပြောလိုက်သည်။
"ဟုတ် အစ်မတော်...ရပါတယ်ဗျ ဟီး...."
"အဟင်း...သွား ဟိုဘက်သွားထိုင်နေ မီးဖိုနားကပူတယ်..."
"ဟုတ်ကဲ့ဗျ...."
ဧကလေး အစ်မတော်ပြသည့်နေရာသို့သွားရင်း အသာထိုင်ကြည့်နေလိုက်သည်။
မီးဖိုဆောင်ထဲမှအပျိုတော်တစ်ချို့ သူ့ကိုခိုးကြည့်ရင်း ပြုံးစိစိလုပ်နေကြသဖြင့် ဧကလေးစိတ်ထဲမူမမှန်သလိုခံစားလာရသည်။
*ငါ့မျက်နှာကြီးကများရယ်စရာကောင်းနေလို့လား...မဖြစ်နိုင်ဘူး ...စောနကမှ မှန်ကြည့်လာသေးတယ် ငါဒီလောက်ချောတာကိုမဖြစ်နိုင်ဘူး....အဲ့ဒါဆိုဘာလို့သူတို့ကငါကိုကြည့်ပြီး ပြုံးစိစိဖြစ်နေကြတာလဲ...တစ်ဆောင်လုံး အစားမှားပြီး လွတ်သွားတာများလား....ဟိုကောင် သက္ကရောပဲ...*
ဧကလေး တစ်ယောက်ထဲ မျက်မှောင်ကြုတ်ကြည့်ရင်း တွေးနေမိသည်။
ထိုအချိန် အစ်မတော်မှစားသောက်ဖွယ်ရာများကို ခူးခပ်ပြင်ဆင်ပေးလာသဖြင့် သူအလိုက်တသိကူလုပ်ပေးကာ အစ်မတော်နှင့်တူတူစားသောက်လိုက်သည်။
"သျှင်းလေး များများစားနော်...မျက်နှာလေး ချောင်သွားတယ်...ခံတွင်းမတွေ့လို့များလား...တခြားဘာစားချင်တာရှိလဲဟင်...အစ်မတော်ကိုပြောနော် အစ်မတော်ရအောင်ချက်ပေးမယ်.... "
အစ်မတော်က ပြောရင်း ရှိရှိသမျှဟင်းတွေအကုန်လုံးသူ့ပန်းကန်ထဲခပ်ထည့်ပေးနေသဖြင့် ဧကလေး မနည်းတားယူရသည်။ကြာရင် သူ့ထမင်းပန်းကန်က ဟင်းပေါင်းအိုးကြီးသဖွယ် စုံလင်နေကာ ထမင်းစိများကို ဒိုင်ပင်ထိုးရှာရတော့မလိုပင်ဖြစ်နေပြီဖြစ်သည်။
"အာ...စားကောင်းပါတယ်ဗျ...ကျွန်တော်အရင်ကတည်းက ထမင်းကျသိပ်မစားလို့ပါ...အစ်မတော်ချက်ထားတာတွေအကုန်လုံး အရသာရှိလွန်းလို့ ကျွန်တော်တော့ ည အင်္ကျီချွတ်အိတ်ရတော့မှာပဲဗျာ ဟီး...."
ဧကလေး အစ်မတော်စိတ်တိုင်းကြိုက် စားပေးရင်း ပြောလိုက်သည်။သူအမှန်တကယ်ကို ညကျရင် အင်္ကျီချွတ်အိတ်ရမည့်ကိန်းမြင်နေရသည်။အများကြီးစားလိုက်မိလို့ ဗိုက်လုံးလုံးလေးက ရှေ့သို့ဆူထွက်လာကာ အင့်နေလေပြီဖြစ်သည်။
"အဟင်းဟင်း...စကားကလည်းတတ်လိုက်တာရှင်...ဗိုက်ဝနေရင်လည်းမစားနဲ့တော့ အစာမကျေဖြစ်နေမယ်...ခဏနေရင် အစ်မတော် လေဆေးလေးတိုက်မယ်နော်..."
"ဟီး ဟုတ်...ဒါနဲ့လေ အစ်မတော်မျက်နှာလေး အနည်းငယ်နွမ်းနေသလိုပဲ နေကောင်းရဲ့လား..."
ခတ္တရာနွမ်းလျလျလေးပြုံးပြကာ
"နေကောင်းပါတယ်ရှင်... နေပူတော့ နည်းနည်းနေထိုင်ရတာမကောင်းလို့ပါရှင့်...စိတ်မပူနဲ့နော်..."
"ဟုတ်...ကျန်းမာရေးကိုသေချာဂရုစိုက်နော် ...နွေရာသီရောက်လာပြီဆိုတော့ဒီမှာအတော်လေးပူတယ်...အဲကွန်းဘာညာလည်းမရှိဘူး ကိုယ့်အားကိုယ်ကိုးပုဆိန်ရိုးရမှာ..."
"ဟင်..."
ခတ္တရာ သျှင်းလေးဆီမှ ထူးထူးဆန်းဆန်းစကားကြောင့် နားမလည်သလိုလေးကြည့်လိုက်သည်။
ဧကလေးလည်းထိုအခါမှ သူပြောသည့်စကားများကို အစ်မတော်က နားလည်မှာမဟုတ်သည်ကိုပြန်အမှတ်ရသွားကာ
"ဟို ပူတော့အေးအောင် ကိုယ့်ဘာသာယပ်ခတ်ရမှာပဲလို့ ဟီး...."
"အဟင်းဟင်း...ဟုတ်ပါပြီရှင်..."
"ဟီး...."
******
ဗိဿနိုးပြည်၌ အရှင်သီဟရာဇာတစ်ယောက် အဆောင်တော်ထဲတွင် တစ်စုံတစ်ခုကိုအကြိတ်အနယ်တွေးနေမိသည်။သူညီငယ်လေးဆီစာပို့လိုက်တာ လဝက်နီပါးရောက်နေပြီဖြစ်သော်လည်း ခုချိန်ထိတစ်စုံတစ်ရာသောတုန့်ပြန်မှုမျိုးကိုမှ ပြန်မရသဖြင့် အလွန်စိုးရိမ်နေမိသည်။
သူ့စာကိုများတစ်ယောက်ယောက်ကြားဖြတ်ယူသွားတာလား၊ညီငယ်လေးဆီမရောက်တာလား စသည်ဖြင့်တွေးကြည့်သော်လည်း ထိုအရာက မဖြစ်နိုင်ဘူးဟုခံစားနေရသည်။ဒါမှမဟုတ် စာပြန်လို့မရအောင်ထိ အကြပ်ရိုက်နေတာလား ၊ဒုက္ခရောက်နေကြပြီလားဟုတွေးမိပြန်တော့ ရင်ထဲတင်းကြပ်လာရသည်။ထိုအချိန်က သူ့ဆီလျှို့ဝှက်စာပို့လာသောလူဆီမှလည်း နောက်ထပ်ဘာသတင်းမှရောက်မလာသဖြင့် အခြေအနေတွေကမှန်းဆမရအောင်ဖြစ်နေသည်။
သရေခေတ္တရာနှင့်ပတ်သတ်ပြီး သတင်းအစအနမည်သည့်အရာမှမကြားရသော်လည်း အလှမ်းဝေးသည့်တကောင်း၏ ကြားရသောသတင်းသဲ့သဲ့အရ တစ်နေရာရာသို့ချီတက်ဖို့ အသင့်အနေအထားပြင်ဆင်ထားသည်ဟုသိရသည်။ဘယ်သို့စစ်ချီမလဲဆိုတာမသိရသော်လည်း ပြင်ဆင်ထားသည့်အင်အားများအရ ပြည်နယ်ကြီးတစ်ခုကို ချီတက်လောက်မည်ဟုခန့်မှန်းမိသည်။
မိမိတို့ဗိဿနိုးကိုချီတက်မလာနိုင်ဘူးဟုတွက်ဆ၍မရသောကြောင့် သီဟရာဇာ စစ်ရေးလေ့ကျင့်မှုများကို တင်းကြပ်ထားသည်။အခန့်မသင့်ရင် ညီငယ်နှင့်ညီမငယ်တို့အတွက် သရေခေတ္တရာကို စစ်ချီဖို့အကြောင်းများဖန်လာနိုင်သည်။ထို့ကြောင့် ဘယ်လိုအကြောင်းမျိုးကြောင့်မဆို အသင့်အနေအထားဖြစ်နေစေရန် ပြင်ဆင်ထားသည်။
အကယ်၍များအခြေအနေတွေကသူခန့်မှန်းထားသည်နှင့်လွဲချော်ခဲ့လျှင်တောင် ဖြစ်ပျက်သမျှကိစ္စများအတွက် ဘယ်နည်းနှင့်မဆို ခတ္တရာနှင့်သျှင်းလေးအားပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။
******
ခတ္တာအဆောင်တော်ထဲတွင် ပရောဟိတ်အမတ်ကြီး လေသာပြတင်းပေါက်အနားရပ်နေရင်း မကြာခင်လာတွေ့မည်ဟုအကြောင်းပါးထားသည့် အရှင်ဒဝီဦးခိုက်အား စောင့်နေလိုက်သည်။ အရှင်ဘာကြောင့်သူနှင့်တွေ့ဖို့ပြောသည်လည်းဆိုတာ ပရောဟိတ်ကြီးခန့်မှန်းမိ၍ သူရှာဖွေရထားသည့်အချက်အလက်များကိုပြင်ဆင်ထားလိုက်သည်။
ထိုအချိန်၌ အရှင်ဒဝီဦးခိုက်ရောက်လာသဖြင့်
"အရှင် ရောက်လာပါပြီလား...အတွင်းဘက်ကြွပါ..."
ပရောဟိတ်ကြီး စာကြည့်ဆောင်ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
"ဆရာလည်းထိုင်ပါ..."
ပရောဟိတ်ကြီး ခေါင်းညိတ်ပြ၍ အသာဝင်ထိုင်လိုက်ပြီး ရှာဖွေထားသည့်သက်သေများကို အရှင်ဒဝီဦးခိုက်ရှေ့သို့တိုးပေးလိုက်သည်။
ဒဝီဦးခိုက် ရှေ့ရောက်လာသည့် အချက်အလက်များကို ယူကြည့်ရင်း မျက်နှာအမူအယာများအနည်းငယ်ရှုပ်ထွေးသွားသည်။ သတိုးသင်္ခနှင့်မဟာသိနအမတ်ကြားမှာရှိသည့်အချိတ်ဆက်တစ်ခုက သာမာန် ထီးနန်းလုလောက်မည့်အချိတ်အဆက်မျိုးမဟုတ်ပဲ ပတ်သက်ဆက်နွယ်မှုရှုပ်သည်။ထို့နောက် သူတို့အပြင်နောက်ထပ်ပါဝင်ပတ်သတ်နေသည့်လူတစ်ဦးလည်းရှိနေကာ ထိုလူ့အကြောင်းကိုဖတ်မိခိုက် သူ့မျက်ဝန်းတွေမှေးစင်းသွားရသည်။
"ဆရာ ဒါကတကယ်ပဲ.."
"ဟုတ်ပါတယ်အရှင်...အဲ့ဒီအချိန်တုန်းက ခမ်းဆက်ဓားရဲ့ရွေးချယ်ခြင်းကိုမခံခဲ့ရတဲ့ အိမ်ရှေ့စံက ယခုတကောင်းပြည့်ရှင်သတိုးသင်္ခရဲ့ခမည်းတော်ပါ....အဲ့ဒီအကြောင်းအရာတွေကိုမပြောပြဖြစ်ခဲ့တာက အိမ်ရှေ့စံသင်္ခဦးက ယခုလိုအညှိုးအတေးထားလိမ့်မယ်လို့ထင်မှတ်မထားခဲ့လို့ပါအရှင်...သူတိုင်းပြည်က နှင်ထုတ်ခြင်းခံရသည့်အချိန်တုန်းက အသာတကြည်ပဲထွက်ခွာသွားခဲ့ပြီး မကျေနပ်သည့်အရိပ်အယောင်ပြသခဲ့ခြင်းမျိုးတစ်ခုတောင်မရှိသည့်အတွက် တစ်နေ့ဒီလိုဖြစ်လာလိမ့်မယ်လို့ထင်မှတ်မထားမိတာပါအရှင်...."
ပရောဟိတ်ဆရာအမတ်ကြီး၏စကားများက်ိုကြားသည့်အခိုက် ဒဝီဦးခိုက် အခြေအနေတွေကို သေချာနားလည်သဘောပေါက်သွားသည်။ဒါကြောင့် သတိုးသင်္ခက ငယ်စဉ်အရွယ်ကတည်းက သူနှင့်ယှဉ်ပြိုင်ခြင်း၊သူ့အားမုန်းတီးခြင်းဖြစ်ပေလောက်မည်ဟု တွေးမိသွားရသည်။သွေးစပ်ကြည့်ပါလျှင် ဝမ်းကွဲညီကိုတော်သော်လည်း ထိုအကြောင်းအရာများကိုသိထားသော သတိုးသင်္ခကသူ့အားအစ်ကိုတစ်ယောက်အဖြစ်အသိအမှတ်ပြုလိမ့်မည်မဟုတ်ကြောင်းကို ယခုအချိန်ထိ သူတို့ကြားကတင်းမာမှုများကိုကြည့်ပြီးသိနိုင်သည်။
"သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကဘာလို့ထင်ပါလဲ ဆရာ..."
"အရှင်ဒဝီဦးခိုက်ရော သူတို့ရည်ရွယ်ချက်က ထီးနန်းတစ်ခုထဲလို့မြင်မိပါရဲ့လား..."
"အဟွန်း!!သေချာပေါက်မဟုတ်ဘူးပေါ့...သတိုးသင်္ခရဲ့ရည်ရွယ်ချက်က ကိုယ်တော်ပျက်စီးရာပျက်စီးကြောင်းနှင့် သရေခေတ္တရာပျက်စီးကြောင်းအပြင်တခြားမရှိနိုင်ဘူး...ကိုယ်တော်ကြားသိရသလောက် သတိုးသင်္ခရဲ့ဖခမည်းတော်ဟာ ခမည်းတော်ဘုရားနှင့် သွေးသောက်တွေလိုပါပဲ..."
"ဟုတ်ပါတယ်အရှင် ...တကောင်းအရင်ပြည့်ရှင်မင်းက မင်းတရားကြီးနဲ့အတော်လေးဆက်ဆံရေးကောင်းခဲ့ပါတယ်...တစ်နေ့ မိဖုရားခေါင်ကြီးနှင့်မင်းတရားကြီး လက်ဆက်မယ့်နေ့ရောက်မလာခဲ့ခင်အထိပေါ့..."
"ခမည်းတော်နဲ့မယ်မယ်တို့ရဲ့လက်ဆက်ပွဲမတိုင်ခင်ကိုပြောတာလား..."
"ဟုတ်ပါတယ်အရှင်...တကောင်းအရင်ပြည့်ရှင်နှင့်မိဖုရားကြီးတို့ကြားက သံယောဇဉ်ကလေးနက်ပါတယ်...ဒါပေမယ့် တိုင်းပြည်ကောင်းစားဖို့အခြေအနေတစ်ခုထဲအတွက် မိဖုရားကြီးက အရှင်မင်းတရားကြီးနဲ့လက်ဆက်ခဲ့တယ်...အဲ့ဒီနောက်ပိုင်း တကောင်းအရင်ပြည့်ရှင်မင်းနဲ့ မင်းတရားကြီးတို့ကြားက အခြေအနေတွေကတင်းမာလာပြီး အပေါ်ယံဆက်ဆံရေးမျှသာကျန်ခဲ့တော့ပါတယ်...ထိုအချိန်မှာ မင်းတရားကြီးကနန်းတက်တော့ ခမ်းဆက်ဓားက သူ့ကိုရွေးတော်မူခဲ့တယ်...ခမ်းဆက်ဓားရဲ့ရွေးချယ်ခြင်းကိုမခံရတဲ့ အိမ်ရှေ့စံသင်္ခဦးက နယ်နှင်ဒဏ်ကြောင့် တကောင်းပြည်ဘက်ကိုရောက်သွားတော်မူပြီး တကောင်းအရင်ပြည့်ရှင်မင်းက ညီအစ်ကိုများသဖွယ်မြှောက်စားခဲ့တယ်...သွေးသားရင်းခြာမရှိတဲ့ အရင်တကောင်းပြည့်ရှင်က သူ့ညီမနဲ့အိမ်ရှေ့စံကို လက်ဆက်စေခဲ့ပြီး ယခုတကောင်းပြည့်ရှင်သတိုးသင်္ခ(အိမ်ရှေ့စံသင်္ခဦးရဲ့သားတော်)ကို အိမ်ရှေ့စံအဖြစ်ချီးမြှင့်ခဲ့တယ် ..."
(A/N ရှုပ်သွားလားဗျ ခမ်းဆက်ဓားအကြောင်းက နန်းတက်ပွဲအပိုင်း(၅)မှာပါပါတယ်နော် ဟဲဟဲ)
"ဪ...."
ဒဝီဦးခိုက်ငြိမ်သွား၍ မယ်မယ်ပြောခဲ့သည့်စကားများကိုပြန်ကြားယောင်လာသည်။
"တိုင်းရေးပြည်ရေးနဲ့ယှဉ်လျှင် မယ်မယ်ရဲ့နှလုံးသားရေးကို နောက်ဆုံးအဆင့်မှာထားထားတယ်...တိုင်းပြည်ကောင်းစားရေးလောက် ဘယ်အရာကမှ မယ်မယ့်ဘဝမှာ အရေးမကြီးခဲ့ဘူး.... ဒီစကားတွေကို သားတော်က ငယ်သေးလို့နားလည်ဦးမှာ မဟုတ်ပေမယ့်...တစ်ချိန်ချိန်မှာ မယ်မယ်ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကိုနားလည်လာလိမ့်မယ်....သားတော် သေချာမှတ်ထားရမှာက တိုင်းပြည်နဲ့ယှဉ်လျှင် နှလုံးသားရေးရာကို
ဘယ်သောအခါမှ ဦးစားမပေးလေနဲ့...."
ယခုမယ်မယ်ဆိုလိုချင်သည့်အကြောင်းအရာကိုသူသေချာသဘောပေါက်ခဲ့လေပြီ။သွေးသောက်ညီအစ်ကိုထံမှ သစ္စာဖောက်ခံရသည့်ခံစားချက်မျိုးအပြင် ချစ်ရသူကပါမရွေးချယ်ခဲ့သော ချစ်မှုရေးရာမှာကျရှုံးခဲ့သည့် သတိုးသင်္ခရဲ့ဦးရီးတော်အရင်တကောင်းပြည့်ရှင်မင်းနှင့် တိုင်းပြည်မှအရှက်တကွဲ နှင်ထုတ်ခြင်းခံခဲ့ရသည့် သတိုးသင်္ခရဲ့ခမည်းတော်။သတိုးသင်္ခသူ့အားမုန်းတီးနေခြင်းမှာ မလွန်ဟုတွေးမိသည်။အတိတ်တွေဟာပြင်ဆင်ခွင့်မရပေမယ့် အနာဂတ်မှာတော့ အတိတ်ကအမှားများကြောင့် နှစ်နိုင်ငံစစ်ဖြစ်ပြီး အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးရမည်ဆိုပါက မတရားသည်ဟုသူထင်မိသည်။ထို့ကြောင့် ဤကိစ္စနှင့်ပတ်သတ်ပြီး သတိုးသင်္ခနှင့်ဆွေးနွေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
"ကိုယ်တော် သတိုးသင်္ခနဲ့ဆွေးနွေးကြည့်မယ်...ဒါနဲ့ မဟာသိနအမတ်ကဘာအတွက်ကြောင့်များ အားပေးအားမြှောက် သစ္စာဖောက်ရတာလဲ..."
"မဟာသိနအမတ်က ဟိုးအရင်ကတည်းက အိမ်ရှေ့စံရဲ့လူယုံတော်ပါ...အိမ်ရှေ့စံနယ်နှင်ဒဏ်ခံရပြီးနောက်ပိုင်း သူက သရေခေတ္တရာမှာပဲ လက်ရှိရာထူးနဲ့ကျန်နေခဲ့တာပါ....အရှင်သတိတော့ထားစေချင်ပါတယ်...သရေခေတ္တရာအထိရောက်လာပြီဆိုကတည်းက သူတို့မှာအကြံအစည်တစ်ခုကတော့ အခိုင်အမာပါလာမယ်ထင်ပါတယ်...ဆရာဆန္ဒကတော့ အရှင့်ဘက်ကလည်း အခြေအနေအရပ်အရပ်အတွက်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်..."
"စိတ်ချပါဆရာ.. ကိုယ်တော်ပြင်ဆင်ထားပြီးပါပြီ..ညှိနှိုင်းလို့မရသည့်အချိန်ရောက်လာခဲ့လျှင် အခြေအနေအရဆက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်..."
"ဟုတ်ကဲ့ပါအရှင်..."
"နေတောင်အတော်စောင်းပြီဆိုတော့ ကိုယ်တော် အဆောင်ပြန်တော်မူလိုက်ပါဦးမယ်...ဆရာလည်းအစစအရာရာဂရုစိုက်ပါ..."
"ဟုတ်ကဲ့ပါအရှင်..."
ဒဝီဦးခိုက် ပရောဟိတ်ဆရာတော်အမတ်ကြီးဆီမှပြန်လာပြီးနောက်ပိုင်း ထိုကိစ္စနှင့်ပတ်သတ်၍ ညဉ့်နက်သည်အထိသေချာစဉ်းစားနေခဲ့သည်။
********
မဟာသိနအမတ်ကြီး တကောင်းပြည့်ရှင်တို့အနားယူတော်မူသော ဧည့်ဆောင်တော်သို့ ညဘက်တွင် တိတ်တဆိတ်လာရောက်ရင်း ပတ်ဝန်းကျင်အခြေအနေကိုသေချာမျက်စိကစားနေမိသည်။
သူဒီလို ခိုးကြောင်ခိုးဝှက်လာရောက်တွေ့နေသည်သာ တစ်ယောက်ယောက်တွေ့သွားပါက အခြေအနေတွေကရှုပ်ထွေးလာနိုင်သည်။အမှောင်ထဲတွင်သူ့နည်းတူလှုပ်ရှားနေသည့်လူတစ်ဦးကိုတော့ မဟာသိနအမတ်သတိမထားမိလိုက်ပေ။
အနည်းငယ်ဟထားသည့်တံခါးမှ တစ်ဆင့်အထဲဝင်လာလိုက်ရာ ခုံပေါ်တွင် ပေလွှာတစ်ခုအား အာရုံစိုက်လျှက်ဖတ်နေသော အရှင်သတိုးသင်္ခအားတွေ့လိုက်ရသည်။
"အရှင့်အားဦးညွှတ်ပါတယ်...."
"ထိုင်ပါအမတ်ကြီး...အခြေအနေဘာထူးသေးလဲ..."
"ယခုအချိန်ထိတော့ ပုံမှန်ပါပဲအရှင်...သူတို့ဘက်ကလှုပ်ရှားမှုတစ်စုံတစ်ရာတော့မရှိသေးပါဘူး အရှင်...."
"အွန်း!!"
"အရှင်သတိုးသင်္ခ ဘာဆက်လုပ်မယ်စဉ်းစားထားပါလဲ..."
"အစကတော့ ကိုယ်တော့်ရည်ရွယ်ချက်က ဒဝီဦးလိုက်နဲ့သရေခေတ္တရာကိုဖျက်ဆီးဖို့သပ်သပ်ပါပဲ ခုအဲ့ဒီလိုမဟုတ်တော့ဘူး ရည်ရွယ်ချက်ပြောင်းသွားပြီ အဟွန်း!!!"
မဟာသိနအမတ်စူးစမ်းသလိုကြည့်လိုက်ရင်း
"ကျွန်ုပ်သိခွင့်ရှိမလားအရှင်..."
"မလောပါနဲ့ ဖြည်းဖြည်းပေါ့...အဟွန်း!!! အချိန်တန်ရင် သိသာလိမ့်မယ်..."
"ဟုတ်ကဲ့ပါအရှင်..."
မဟာသိနအမတ် ထပ်အထွန့်မတပ်ရဲပဲ အသာတကြည် ပြန်လာလိုက်သည်။သူ့ရည်ရွယ်ချက်ကတစ်ခုထဲပင်။သခင်လေးသင်္ခအတွက် သရေခေတ္တရာကိုပြန်ရယူတော်ပေးမည်။
CHANGE 🍁
April 17,5:16PM
မရှည်မတိုလေးပါ။ဒီနေ့ဥပုသ်စောင့်ပေမယ့်
ဒီတစ်ပါးကိုတော့ ကျောင်းတွင်းသီလပေးကတည်းကလိုက်မဆိုခဲ့ပါဘူး updateလေးပေးချင်လို့...
ကိုယ် ဦးညိုတို့ကိုစာစစ်နေလို့ လုံးဝမအားပေမယ့် ပယင်းကိုလည်းရပ်မထားချင်လို့ 2ရက်တစ်ခါလောက်ရအောင် upပေးပါ့မယ်နော် စောင့်နိုင်ရဲ့လားဗျ...
အာ ပြီးတော့ ကိုယ်အမှားတွေလေ
စိုက်ပျိုးရေးနဲ့ပတ်သတ်တာ၊ဟန်လင်းကြီးတည်နေရာနဲ့ပတ်သတ်တာ၊အပိုင်း(၂၉)ထဲ ညီလာခံအသုံးအနှုန်းနဲ့ပတ်သတ်တာတွေအကုန်လုံးကိုထောက်ပြပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ..ကိုယ်ပြင်ထားပါတယ်..အမှားတွေနဲ့မကျွမ်းကျင်မှုတွေကြားနားလည်ပေးကြပါဦးဗျ....
Zawgyi
ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၃၀)
ဧကေလး ရာဇကုေဋနန္းေဆာင္ေတာ္မွျပန္လာၿပီးေနာက္ တစ္ေန႔လုံး ကံ့ေကာ္ေဆာင္ထဲကမထြက္ႏိုင္ေအာင္ ခြီေနရသည္။
မနက္ေစာေစာကအေၾကာင္းအရာမ်ားကို ျပန္ေတြးမိတိုင္း ရယ္ခ်င္လာသည့္စိတ္ကထိန္းမရေတာ့။အိပ္ယာေပၚေမွာက္ယက္ႀကီးအိပ္ၿပီးေတြးမိလိုက္ ပက္လက္လွန္ရင္း အမိုးက ပန္းဆြဲမ်ားကိုၾကည့္ရင္း ေတြးလိုက္ႏွင့္ အေတြးကမာၻထဲနယ္ကြၽံေနေလ၏။
အရွင္ အေဆာင္သို႔ျပန္လာပို႔ေပးၿပီးသည့္ေနာက္မွစ၍ သူအေဆာင္အျပင္ကိုမထြက္မိေတာ့တာပဲျဖစ္သည္။
အရွင္လည္း အေရးႀကီးကိစၥရွိပုံရသည္။သူ႔ကိုပို႔ေပးၿပီးသည္ႏွင့္ ကိုယ္ရံေတာ္မဏိကိုေခၚကာ တန္းျပန္သြားေလသည္။
"သခင္ေလး..."
ထိုအခိုက္ အေဆာင္အျပင္ဘက္မွ သကၠေခၚသံကိုၾကားေတာ့ ဧကေလး ထထိုင္လိုက္သည္။
"ဟင္...အင္း ဝင္ခဲ့ေလ သကၠ..."
"ဟုတ္ကဲ့ ဟီး..."
ဟုတ္ကဲ့ဆိုၿပီး စပ္ၿဖီးၿဖီးႏွင့္ဝင္လာေသာ သကၠမ်က္ႏွာေပးေၾကာင့္ ဧကေလးရယ္ခ်င္လာမိသည္။ဒီေန႔ကေတာ့ ဘယ္အရာကေနေန သူ႔ကိုရယ္ေအာင္လုပ္ေနၾကသည္။
"ဘာလဲဟ...႐ုပ္ကိုက..."
"ဟီး...သခင္ေလး..."
"အင္း ေျပာ...."
"ဟိုေလ ညက...ဟီး..."
"အင္း ညက ဘာျဖစ္ ...ဆက္ေျပာေလ ဘယ့္ႏွယ့္ ဘရိတ္တန႔္ဆြဲေနတာတုန္း....တဟီးဟီးနဲ႔ ျမင္းႀကီးၾကေနတာပဲ..."
သခင္ေလး၏ ပ်စ္ပ်စ္ႏွစ္ႏွစ္စကားသံအဆုံး သကၠမ်က္ႏွာေလး မဲ့က်သြားရသည္။ေရွ႕က ဘရတ္တန႔္ဆိုသည့္စကားကိုသူနားမလည္ေသာ္လည္း ျမင္းႏွင့္အႏႈိင္းခံလိုက္ရတာပဲ ေသခ်ာသိသည္။
"သခင္ေလးကလည္းဗ်ာ ကြၽန္ေတာ္မ်ိဳး ဘရက္တန႔္ဆိုတာဘာလဲမသိေပမယ့္ မဆြဲပါဘူးဗ်...ဟီး သခင္မေလးကေခၚခိုင္းလိုက္လို႔..."
"ဟုတ္လား...အဲ့ဒါကို မင္းကဘာလို႔ တဟီးဟီးရယ္ၿပီးေျပာေနတာတုန္း...."
"ဟီး...သခင္ေလး ညကအေဆာင္ေတာင္ျပန္မအိပ္ဘူးမလားဗ်..."
"ေအးေလ ငါအရွင့္အေဆာင္မွာအိပ္တာေလ ဘာျဖစ္လို႔လဲ..."
*ဘာပါလိမ့္ ႐ူးေၾကာင္ေၾကာင္နဲ႔...*
ဧကေလး သကၠကို မသကၤာျဖစ္လာရသည္။ဘယ္လိုေၾကာင့္ ဒီေလာက္မ်က္ႏွာပိုးမသတ္ျဖစ္ေနရလဲဆိုတာ မသိ။
"ဟီး ဘာမွမဟုတ္ပါဘူးခင္ဗ်...သခင္မေလးက သခင္ေလး ျပန္လာကတည္းက ဘာမွမစားရေသးလို႔ ခုေခၚေတာ္လႊတ္လိုက္တာပါဗ်...."
"အင္း...သြားမယ္ေလ...ငါလည္းဗိုက္ဆာေနတာနဲ႔အေတာ္ပဲ..."
"ဟုတ္ သခင္ေလး..."
ေျပာရင္း အေရွ႕မွထြက္သြားေသာသခင္ေလးအားၾကည့္ၿပီး သကၠ ႀကိတ္ရယ္ရင္းအေနာက္မွအသာလိုက္သြားလိုက္သည္။
မေန႔ညကသူၾကားခဲ့သည့္သတင္းမ်ားအရ အရွင္ႏွင့္သခင္ေလးက မနက္အေတာ္ေလးေနျမင့္သည့္အထိအိပ္ေဆာင္ထဲမွထြက္မလာဟုသိခဲ့ရသည္။သူ႔အေနျဖင့္ ထိုကိစၥႏွင့္ပတ္သတ္လွ်င္ အပ်ိဳေတာ္မ်ား၏ ၿပဳံးစစအမူအယာမ်ားျဖင့္ တီးတိုးေျပာေနၾကသည္ပဲ ျပန္ျမင္ေယာင္လာေသာေၾကာင့္ သေဘာတက်ရယ္မိျခင္းျဖစ္သည္။အရင္တစ္ခါ သခင္ေလးအိပ္ေဆာင္ထဲ အရွင္ဒဝီဦးခိုက္ကိုေတြ႕သည့္အခ်ိန္တုန္းက အေၾကာင္းကိုျပန္ျမင္ေယာင္မိျပန္၏။
သကၠ သခင္ေလးတို႔ၾကားက ခ်စ္ျခင္းႏွင့္ပတ္သတ္လွ်င္ သိပ္နားမလည္ေသာ္လည္း တျခားစိတ္ေတာ့မျဖစ္မိေပ။အဲ့ဒီလိုမ်ိဳး ေယာက်ၤားေလးအခ်င္းခ်င္းကခ်စ္လို႔ရလားဆိုတာ သူေတြးမိသည့္အခ်ိန္တုန္းက မဆီမဆိုင္ သူ႔အားအၿမဲစေနာက္တက္သည့္ ဟန္လင္းအရွင္ကို ျမင္ေယာင္လာေသာေၾကာင့္ ၾကက္သီးထစြာ အေတြးေတြကို အျမန္ေမာင္းထုတ္ပစ္မိဖူးသည္။သူ႔အသက္ႏွင့္ကိုယ္ အိုးစားမကြဲခ်င္ေသးပါ။
******
ခတၱရာ ေမာင္ငယ္ေလးစားဖို႔ အစားအစာမ်ားကို ကိုယ္တိုင္ျပင္ဆင္ရင္း စားဖိုေဆာင္ဘက္မွ ေစာင့္ေနလိုက္သည္။
ပုစြန္ထုတ္လတ္လတ္ဆတ္ဆတ္ေလးေတြရလာသျဖင့္ ေမာင္ငယ္ေလးအႀကိဳက္ပုံစံမ်ိဳးေလးခ်က္ထားလိုက္သည္။ သေရေခတၱရာေရာက္တာ လအေတာ္ေလးၾကာေနၿပီျဖစ္ေသာ္လည္း ေမာင္ငယ္ေလးကေတာ့ အစားအေသာက္ႏွင့္ပတ္သတ္လွ်င္သိပ္မစားေပ။ဗိႆႏိုးကအစားအစာေလးေတြမ်ားလြမ္းေနလို႔လားဟုေတြးမိသည့္အတြက္ ခုတေလာ အစားအေသာက္မ်ားကိုကိုယ္တိုင္ခ်က္ျပဳတ္စီမံေနျခင္းျဖစ္သည္။
ဧကေလး မီးဖိုေဆာင္ထဲမွ လြင့္ျပန္လာေသာ ဟင္းနံသင္းသင္းေလးမ်ားေၾကာင့္ အထဲဝင္လာၿပီး ေရ႐ြတ္လိုက္သည္။
"ေမႊးလိုက္တာ...."
အသံႏွင့္အတူ အနားကိုေရာက္လာေသာ သွ်င္းေလးေၾကာင့္ ခတၱရာၿပဳံးလိုက္ကာ
"ဗိုက္ဆာေနၿပီလားရွင့္...ခဏေလးေစာင့္ေပးေနာ္ ... ဒီေရေလးက်ရင္ရၿပီ..."
ခတၱရာ အရည္ေသာက္အိုးေလးကိုေမႊရင္းေျပာလိုက္သည္။
"ဟုတ္ အစ္မေတာ္...ရပါတယ္ဗ် ဟီး...."
"အဟင္း...သြား ဟိုဘက္သြားထိုင္ေန မီးဖိုနားကပူတယ္..."
"ဟုတ္ကဲ့ဗ်...."
ဧကေလး အစ္မေတာ္ျပသည့္ေနရာသို႔သြားရင္း အသာထိုင္ၾကည့္ေနလိုက္သည္။
မီးဖိုေဆာင္ထဲမွအပ်ိဳေတာ္တစ္ခ်ိဳ႕ သူ႔ကိုခိုးၾကည့္ရင္း ၿပဳံးစိစိလုပ္ေနၾကသျဖင့္ ဧကေလးစိတ္ထဲမူမမွန္သလိုခံစားလာရသည္။
*ငါ့မ်က္ႏွာႀကီးကမ်ားရယ္စရာေကာင္းေနလို႔လား...မျဖစ္ႏိုင္ဘူး ...ေစာနကမွ မွန္ၾကည့္လာေသးတယ္ ငါဒီေလာက္ေခ်ာတာကိုမျဖစ္ႏိုင္ဘူး....အဲ့ဒါဆိုဘာလို႔သူတို႔ကငါကိုၾကည့္ၿပီး ၿပဳံးစိစိျဖစ္ေနၾကတာလဲ...တစ္ေဆာင္လုံး အစားမွားၿပီး လြတ္သြားတာမ်ားလား....ဟိုေကာင္ သကၠေရာပဲ...*
ဧကေလး တစ္ေယာက္ထဲ မ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း ေတြးေနမိသည္။
ထိုအခ်ိန္ အစ္မေတာ္မွစားေသာက္ဖြယ္ရာမ်ားကို ခူးခပ္ျပင္ဆင္ေပးလာသျဖင့္ သူအလိုက္တသိကူလုပ္ေပးကာ အစ္မေတာ္ႏွင့္တူတူစားေသာက္လိုက္သည္။
"သွ်င္းေလး မ်ားမ်ားစားေနာ္...မ်က္ႏွာေလး ေခ်ာင္သြားတယ္...ခံတြင္းမေတြ႕လို႔မ်ားလား...တျခားဘာစားခ်င္တာရွိလဲဟင္...အစ္မေတာ္ကိုေျပာေနာ္ အစ္မေတာ္ရေအာင္ခ်က္ေပးမယ္.... "
အစ္မေတာ္က ေျပာရင္း ရွိရွိသမွ်ဟင္းေတြအကုန္လုံးသူ႔ပန္းကန္ထဲခပ္ထည့္ေပးေနသျဖင့္ ဧကေလး မနည္းတားယူရသည္။ၾကာရင္ သူ႔ထမင္းပန္းကန္က ဟင္းေပါင္းအိုးႀကီးသဖြယ္ စုံလင္ေနကာ ထမင္းစိမ်ားကို ဒိုင္ပင္ထိုးရွာရေတာ့မလိုပင္ျဖစ္ေနၿပီျဖစ္သည္။
"အာ...စားေကာင္းပါတယ္ဗ်...ကြၽန္ေတာ္အရင္ကတည္းက ထမင္းက်သိပ္မစားလို႔ပါ...အစ္မေတာ္ခ်က္ထားတာေတြအကုန္လုံး အရသာရွိလြန္းလို႔ ကြၽန္ေတာ္ေတာ့ ည အက်ႌခြၽတ္အိတ္ရေတာ့မွာပဲဗ်ာ ဟီး...."
ဧကေလး အစ္မေတာ္စိတ္တိုင္းႀကိဳက္ စားေပးရင္း ေျပာလိုက္သည္။သူအမွန္တကယ္ကို ညက်ရင္ အက်ႌခြၽတ္အိတ္ရမည့္ကိန္းျမင္ေနရသည္။အမ်ားႀကီးစားလိုက္မိလို႔ ဗိုက္လုံးလုံးေလးက ေရွ႕သို႔ဆူထြက္လာကာ အင့္ေနေလၿပီျဖစ္သည္။
"အဟင္းဟင္း...စကားကလည္းတတ္လိုက္တာရွင္...ဗိုက္ဝေနရင္လည္းမစားနဲ႔ေတာ့ အစာမေက်ျဖစ္ေနမယ္...ခဏေနရင္ အစ္မေတာ္ ေလေဆးေလးတိုက္မယ္ေနာ္..."
"ဟီး ဟုတ္...ဒါနဲ႔ေလ အစ္မေတာ္မ်က္ႏွာေလး အနည္းငယ္ႏြမ္းေနသလိုပဲ ေနေကာင္းရဲ႕လား..."
ခတၱရာႏြမ္းလ်လ်ေလးၿပဳံးျပကာ
"ေနေကာင္းပါတယ္ရွင္... ေနပူေတာ့ နည္းနည္းေနထိုင္ရတာမေကာင္းလို႔ပါရွင့္...စိတ္မပူနဲ႔ေနာ္..."
"ဟုတ္...က်န္းမာေရးကိုေသခ်ာဂ႐ုစိုက္ေနာ္ ...ေႏြရာသီေရာက္လာၿပီဆိုေတာ့ဒီမွာအေတာ္ေလးပူတယ္...အဲကြန္းဘာညာလည္းမရွိဘူး ကိုယ့္အားကိုယ္ကိုးပုဆိန္႐ိုးရမွာ..."
"ဟင္..."
ခတၱရာ သွ်င္းေလးဆီမွ ထူးထူးဆန္းဆန္းစကားေၾကာင့္ နားမလည္သလိုေလးၾကည့္လိုက္သည္။
ဧကေလးလည္းထိုအခါမွ သူေျပာသည့္စကားမ်ားကို အစ္မေတာ္က နားလည္မွာမဟုတ္သည္ကိုျပန္အမွတ္ရသြားကာ
"ဟို ပူေတာ့ေအးေအာင္ ကိုယ့္ဘာသာယပ္ခတ္ရမွာပဲလို႔ ဟီး...."
"အဟင္းဟင္း...ဟုတ္ပါၿပီရွင္..."
"ဟီး...."
******
ဗိႆႏိုးျပည္၌ အရွင္သီဟရာဇာတစ္ေယာက္ အေဆာင္ေတာ္ထဲတြင္ တစ္စုံတစ္ခုကိုအႀကိတ္အနယ္ေတြးေနမိသည္။သူညီငယ္ေလးဆီစာပို႔လိုက္တာ လဝက္နီပါးေရာက္ေနၿပီျဖစ္ေသာ္လည္း ခုခ်ိန္ထိတစ္စုံတစ္ရာေသာတုန႔္ျပန္မႈမ်ိဳးကိုမွ ျပန္မရသျဖင့္ အလြန္စိုးရိမ္ေနမိသည္။
သူ႔စာကိုမ်ားတစ္ေယာက္ေယာက္ၾကားျဖတ္ယူသြားတာလား၊ညီငယ္ေလးဆီမေရာက္တာလား စသည္ျဖင့္ေတြးၾကည့္ေသာ္လည္း ထိုအရာက မျဖစ္ႏိုင္ဘူးဟုခံစားေနရသည္။ဒါမွမဟုတ္ စာျပန္လို႔မရေအာင္ထိ အၾကပ္႐ိုက္ေနတာလား ၊ဒုကၡေရာက္ေနၾကၿပီလားဟုေတြးမိျပန္ေတာ့ ရင္ထဲတင္းၾကပ္လာရသည္။ထိုအခ်ိန္က သူ႔ဆီလွ်ိဳ႕ဝွက္စာပို႔လာေသာလူဆီမွလည္း ေနာက္ထပ္ဘာသတင္းမွေရာက္မလာသျဖင့္ အေျခအေနေတြကမွန္းဆမရေအာင္ျဖစ္ေနသည္။
သေရေခတၱရာႏွင့္ပတ္သတ္ၿပီး သတင္းအစအနမည္သည့္အရာမွမၾကားရေသာ္လည္း အလွမ္းေဝးသည့္တေကာင္း၏ ၾကားရေသာသတင္းသဲ့သဲ့အရ တစ္ေနရာရာသို႔ခ်ီတက္ဖို႔ အသင့္အေနအထားျပင္ဆင္ထားသည္ဟုသိရသည္။ဘယ္သို႔စစ္ခ်ီမလဲဆိုတာမသိရေသာ္လည္း ျပင္ဆင္ထားသည့္အင္အားမ်ားအရ ျပည္နယ္ႀကီးတစ္ခုကို ခ်ီတက္ေလာက္မည္ဟုခန႔္မွန္းမိသည္။
မိမိတို႔ဗိႆႏိုးကိုခ်ီတက္မလာႏိုင္ဘူးဟုတြက္ဆ၍မရေသာေၾကာင့္ သီဟရာဇာ စစ္ေရးေလ့က်င့္မႈမ်ားကို တင္းၾကပ္ထားသည္။အခန႔္မသင့္ရင္ ညီငယ္ႏွင့္ညီမငယ္တို႔အတြက္ သေရေခတၱရာကို စစ္ခ်ီဖို႔အေၾကာင္းမ်ားဖန္လာႏိုင္သည္။ထို႔ေၾကာင့္ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္မဆို အသင့္အေနအထားျဖစ္ေနေစရန္ ျပင္ဆင္ထားသည္။
အကယ္၍မ်ားအေျခအေနေတြကသူခန႔္မွန္းထားသည္ႏွင့္လြဲေခ်ာ္ခဲ့လွ်င္ေတာင္ ျဖစ္ပ်က္သမွ်ကိစၥမ်ားအတြက္ ဘယ္နည္းႏွင့္မဆို ခတၱရာႏွင့္သွ်င္းေလးအားျပန္ေခၚဖို႔ဆုံးျဖတ္လိုက္သည္။
******
ခတၱာအေဆာင္ေတာ္ထဲတြင္ ပေရာဟိတ္အမတ္ႀကီး ေလသာျပတင္းေပါက္အနားရပ္ေနရင္း မၾကာခင္လာေတြ႕မည္ဟုအေၾကာင္းပါးထားသည့္ အရွင္ဒဝီဦးခိုက္အား ေစာင့္ေနလိုက္သည္။ အရွင္ဘာေၾကာင့္သူႏွင့္ေတြ႕ဖို႔ေျပာသည္လည္းဆိုတာ ပေရာဟိတ္ႀကီးခန႔္မွန္းမိ၍ သူရွာေဖြရထားသည့္အခ်က္အလက္မ်ားကိုျပင္ဆင္ထားလိုက္သည္။
ထိုအခ်ိန္၌ အရွင္ဒဝီဦးခိုက္ေရာက္လာသျဖင့္
"အရွင္ ေရာက္လာပါၿပီလား...အတြင္းဘက္ႂကြပါ..."
ပေရာဟိတ္ႀကီး စာၾကည့္ေဆာင္ထဲသို႔ ေခၚေဆာင္သြားလိုက္သည္။
"ဆရာလည္းထိုင္ပါ..."
ပေရာဟိတ္ႀကီး ေခါင္းညိတ္ျပ၍ အသာဝင္ထိုင္လိုက္ၿပီး ရွာေဖြထားသည့္သက္ေသမ်ားကို အရွင္ဒဝီဦးခိုက္ေရွ႕သို႔တိုးေပးလိုက္သည္။
ဒဝီဦးခိုက္ ေရွ႕ေရာက္လာသည့္ အခ်က္အလက္မ်ားကို ယူၾကည့္ရင္း မ်က္ႏွာအမူအယာမ်ားအနည္းငယ္ရႈပ္ေထြးသြားသည္။ သတိုးသခၤႏွင့္မဟာသိနအမတ္ၾကားမွာရွိသည့္အခ်ိတ္ဆက္တစ္ခုက သာမာန္ ထီးနန္းလုေလာက္မည့္အခ်ိတ္အဆက္မ်ိဳးမဟုတ္ပဲ ပတ္သက္ဆက္ႏြယ္မႈရႈပ္သည္။ထို႔ေနာက္ သူတို႔အျပင္ေနာက္ထပ္ပါဝင္ပတ္သတ္ေနသည့္လူတစ္ဦးလည္းရွိေနကာ ထိုလူ႔အေၾကာင္းကိုဖတ္မိခိုက္ သူ႔မ်က္ဝန္းေတြေမွးစင္းသြားရသည္။
"ဆရာ ဒါကတကယ္ပဲ.."
"ဟုတ္ပါတယ္အရွင္...အဲ့ဒီအခ်ိန္တုန္းက ခမ္းဆက္ဓားရဲ႕ေ႐ြးခ်ယ္ျခင္းကိုမခံခဲ့ရတဲ့ အိမ္ေရွ႕စံက ယခုတေကာင္းျပည့္ရွင္သတိုးသခၤရဲ႕ခမည္းေတာ္ပါ....အဲ့ဒီအေၾကာင္းအရာေတြကိုမေျပာျပျဖစ္ခဲ့တာက အိမ္ေရွ႕စံသခၤဦးက ယခုလိုအညႇိဳးအေတးထားလိမ့္မယ္လို႔ထင္မွတ္မထားခဲ့လို႔ပါအရွင္...သူတိုင္းျပည္က ႏွင္ထုတ္ျခင္းခံရသည့္အခ်ိန္တုန္းက အသာတၾကည္ပဲထြက္ခြာသြားခဲ့ၿပီး မေက်နပ္သည့္အရိပ္အေယာင္ျပသခဲ့ျခင္းမ်ိဳးတစ္ခုေတာင္မရွိသည့္အတြက္ တစ္ေန႔ဒီလိုျဖစ္လာလိမ့္မယ္လို႔ထင္မွတ္မထားမိတာပါအရွင္...."
ပေရာဟိတ္ဆရာအမတ္ႀကီး၏စကားမ်ားက္ိုၾကားသည့္အခိုက္ ဒဝီဦးခိုက္ အေျခအေနေတြကို ေသခ်ာနားလည္သေဘာေပါက္သြားသည္။ဒါေၾကာင့္ သတိုးသခၤက ငယ္စဥ္အ႐ြယ္ကတည္းက သူႏွင့္ယွဥ္ၿပိဳင္ျခင္း၊သူ႔အားမုန္းတီးျခင္းျဖစ္ေပေလာက္မည္ဟု ေတြးမိသြားရသည္။ေသြးစပ္ၾကည့္ပါလွ်င္ ဝမ္းကြဲညီကိုေတာ္ေသာ္လည္း ထိုအေၾကာင္းအရာမ်ားကိုသိထားေသာ သတိုးသခၤကသူ႔အားအစ္ကိုတစ္ေယာက္အျဖစ္အသိအမွတ္ျပဳလိမ့္မည္မဟုတ္ေၾကာင္းကို ယခုအခ်ိန္ထိ သူတို႔ၾကားကတင္းမာမႈမ်ားကိုၾကည့္ၿပီးသိႏိုင္သည္။
"သူတို႔ရဲ႕ အဓိကရည္႐ြယ္ခ်က္ကဘာလို႔ထင္ပါလဲ ဆရာ..."
"အရွင္ဒဝီဦးခိုက္ေရာ သူတို႔ရည္႐ြယ္ခ်က္က ထီးနန္းတစ္ခုထဲလို႔ျမင္မိပါရဲ႕လား..."
"အဟြန္း!!ေသခ်ာေပါက္မဟုတ္ဘူးေပါ့...သတိုးသခၤရဲ႕ရည္႐ြယ္ခ်က္က ကိုယ္ေတာ္ပ်က္စီးရာပ်က္စီးေၾကာင္းႏွင့္ သေရေခတၱရာပ်က္စီးေၾကာင္းအျပင္တျခားမရွိႏိုင္ဘူး...ကိုယ္ေတာ္ၾကားသိရသေလာက္ သတိုးသခၤရဲ႕ဖခမည္းေတာ္ဟာ ခမည္းေတာ္ဘုရားႏွင့္ ေသြးေသာက္ေတြလိုပါပဲ..."
"ဟုတ္ပါတယ္အရွင္ ...တေကာင္းအရင္ျပည့္ရွင္မင္းက မင္းတရားႀကီးနဲ႔အေတာ္ေလးဆက္ဆံေရးေကာင္းခဲ့ပါတယ္...တစ္ေန႔ မိဖုရားေခါင္ႀကီးႏွင့္မင္းတရားႀကီး လက္ဆက္မယ့္ေန႔ေရာက္မလာခဲ့ခင္အထိေပါ့..."
"ခမည္းေတာ္နဲ႔မယ္မယ္တို႔ရဲ႕လက္ဆက္ပြဲမတိုင္ခင္ကိုေျပာတာလား..."
"ဟုတ္ပါတယ္အရွင္...တေကာင္းအရင္ျပည့္ရွင္ႏွင့္မိဖုရားႀကီးတို႔ၾကားက သံေယာဇဥ္ကေလးနက္ပါတယ္...ဒါေပမယ့္ တိုင္းျပည္ေကာင္းစားဖို႔အေျခအေနတစ္ခုထဲအတြက္ မိဖုရားႀကီးက အရွင္မင္းတရားႀကီးနဲ႔လက္ဆက္ခဲ့တယ္...အဲ့ဒီေနာက္ပိုင္း တေကာင္းအရင္ျပည့္ရွင္မင္းနဲ႔ မင္းတရားႀကီးတို႔ၾကားက အေျခအေနေတြကတင္းမာလာၿပီး အေပၚယံဆက္ဆံေရးမွ်သာက်န္ခဲ့ေတာ့ပါတယ္...ထိုအခ်ိန္မွာ မင္းတရားႀကီးကနန္းတက္ေတာ့ ခမ္းဆက္ဓားက သူ႔ကိုေ႐ြးေတာ္မူခဲ့တယ္...ခမ္းဆက္ဓားရဲ႕ေ႐ြးခ်ယ္ျခင္းကိုမခံရတဲ့ အိမ္ေရွ႕စံသခၤဦးက နယ္ႏွင္ဒဏ္ေၾကာင့္ တေကာင္းျပည္ဘက္ကိုေရာက္သြားေတာ္မူၿပီး တေကာင္းအရင္ျပည့္ရွင္မင္းက ညီအစ္ကိုမ်ားသဖြယ္ေျမႇာက္စားခဲ့တယ္...ေသြးသားရင္းျခာမရွိတဲ့ အရင္တေကာင္းျပည့္ရွင္က သူ႔ညီမနဲ႔အိမ္ေရွ႕စံကို လက္ဆက္ေစခဲ့ၿပီး ယခုတေကာင္းျပည့္ရွင္သတိုးသခၤ(အိမ္ေရွ႕စံသခၤဦးရဲ႕သားေတာ္)ကို အိမ္ေရွ႕စံအျဖစ္ခ်ီးျမႇင့္ခဲ့တယ္ ..."
(A/N ရႈပ္သြားလားဗ် ခမ္းဆက္ဓားအေၾကာင္းက နန္းတက္ပြဲအပိုင္း(၅)မွာပါပါတယ္ေနာ္ ဟဲဟဲ)
"ဪ...."
ဒဝီဦးခိုက္ၿငိမ္သြား၍ မယ္မယ္ေျပာခဲ့သည့္စကားမ်ားကိုျပန္ၾကားေယာင္လာသည္။
"တိုင္းေရးျပည္ေရးနဲ႔ယွဥ္လွ်င္ မယ္မယ္ရဲ႕ႏွလုံးသားေရးကို ေနာက္ဆုံးအဆင့္မွာထားထားတယ္...တိုင္းျပည္ေကာင္းစားေရးေလာက္ ဘယ္အရာကမွ မယ္မယ့္ဘဝမွာ အေရးမႀကီးခဲ့ဘူး.... ဒီစကားေတြကို သားေတာ္က ငယ္ေသးလို႔နားလည္ဦးမွာ မဟုတ္ေပမယ့္...တစ္ခ်ိန္ခ်ိန္မွာ မယ္မယ္ေျပာတဲ့စကားရဲ႕ အဓိပၸာယ္ကိုနားလည္လာလိမ့္မယ္....သားေတာ္ ေသခ်ာမွတ္ထားရမွာက တိုင္းျပည္နဲ႔ယွဥ္လွ်င္ ႏွလုံးသားေရးရာကို
ဘယ္ေသာအခါမွ ဦးစားမေပးေလနဲ႔...."
ယခုမယ္မယ္ဆိုလိုခ်င္သည့္အေၾကာင္းအရာကိုသူေသခ်ာသေဘာေပါက္ခဲ့ေလၿပီ။ေသြးေသာက္ညီအစ္ကိုထံမွ သစၥာေဖာက္ခံရသည့္ခံစားခ်က္မ်ိဳးအျပင္ ခ်စ္ရသူကပါမေ႐ြးခ်ယ္ခဲ့ေသာ ခ်စ္မႈေရးရာမွာက်ရႈံးခဲ့သည့္ သတိုးသခၤရဲ႕ဦးရီးေတာ္အရင္တေကာင္းျပည့္ရွင္မင္းႏွင့္ တိုင္းျပည္မွအရွက္တကြဲ ႏွင္ထုတ္ျခင္းခံခဲ့ရသည့္ သတိုးသခၤရဲ႕ခမည္းေတာ္။သတိုးသခၤသူ႔အားမုန္းတီးေနျခင္းမွာ မလြန္ဟုေတြးမိသည္။အတိတ္ေတြဟာျပင္ဆင္ခြင့္မရေပမယ့္ အနာဂတ္မွာေတာ့ အတိတ္ကအမွားမ်ားေၾကာင့္ ႏွစ္ႏိုင္ငံစစ္ျဖစ္ၿပီး အမ်ားျပည္သူတို႔၏ အသက္အိုးအိမ္စည္းစိမ္မ်ားဆုံးရႈံးရမည္ဆိုပါက မတရားသည္ဟုသူထင္မိသည္။ထို႔ေၾကာင့္ ဤကိစၥႏွင့္ပတ္သတ္ၿပီး သတိုးသခၤႏွင့္ေဆြးေႏြးၾကည့္ဖို႔ဆုံးျဖတ္လိုက္သည္။
"ကိုယ္ေတာ္ သတိုးသခၤနဲ႔ေဆြးေႏြးၾကည့္မယ္...ဒါနဲ႔ မဟာသိနအမတ္ကဘာအတြက္ေၾကာင့္မ်ား အားေပးအားေျမႇာက္ သစၥာေဖာက္ရတာလဲ..."
"မဟာသိနအမတ္က ဟိုးအရင္ကတည္းက အိမ္ေရွ႕စံရဲ႕လူယုံေတာ္ပါ...အိမ္ေရွ႕စံနယ္ႏွင္ဒဏ္ခံရၿပီးေနာက္ပိုင္း သူက သေရေခတၱရာမွာပဲ လက္ရွိရာထူးနဲ႔က်န္ေနခဲ့တာပါ....အရွင္သတိေတာ့ထားေစခ်င္ပါတယ္...သေရေခတၱရာအထိေရာက္လာၿပီဆိုကတည္းက သူတို႔မွာအႀကံအစည္တစ္ခုကေတာ့ အခိုင္အမာပါလာမယ္ထင္ပါတယ္...ဆရာဆႏၵကေတာ့ အရွင့္ဘက္ကလည္း အေျခအေနအရပ္အရပ္အတြက္ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္..."
"စိတ္ခ်ပါဆရာ.. ကိုယ္ေတာ္ျပင္ဆင္ထားၿပီးပါၿပီ..ညႇိႏႈိင္းလို႔မရသည့္အခ်ိန္ေရာက္လာခဲ့လွ်င္ အေျခအေနအရဆက္သြားမယ္လို႔ ဆုံးျဖတ္ထားပါတယ္..."
"ဟုတ္ကဲ့ပါအရွင္..."
"ေနေတာင္အေတာ္ေစာင္းၿပီဆိုေတာ့ ကိုယ္ေတာ္ အေဆာင္ျပန္ေတာ္မူလိုက္ပါဦးမယ္...ဆရာလည္းအစစအရာရာဂ႐ုစိုက္ပါ..."
"ဟုတ္ကဲ့ပါအရွင္..."
ဒဝီဦးခိုက္ ပေရာဟိတ္ဆရာေတာ္အမတ္ႀကီးဆီမွျပန္လာၿပီးေနာက္ပိုင္း ထိုကိစၥႏွင့္ပတ္သတ္၍ ညဥ့္နက္သည္အထိေသခ်ာစဥ္းစားေနခဲ့သည္။
********
မဟာသိနအမတ္ႀကီး တေကာင္းျပည့္ရွင္တို႔အနားယူေတာ္မူေသာ ဧည့္ေဆာင္ေတာ္သို႔ ညဘက္တြင္ တိတ္တဆိတ္လာေရာက္ရင္း ပတ္ဝန္းက်င္အေျခအေနကိုေသခ်ာမ်က္စိကစားေနမိသည္။
သူဒီလို ခိုးေၾကာင္ခိုးဝွက္လာေရာက္ေတြ႕ေနသည္သာ တစ္ေယာက္ေယာက္ေတြ႕သြားပါက အေျခအေနေတြကရႈပ္ေထြးလာႏိုင္သည္။အေမွာင္ထဲတြင္သူ႔နည္းတူလႈပ္ရွားေနသည့္လူတစ္ဦးကိုေတာ့ မဟာသိနအမတ္သတိမထားမိလိုက္ေပ။
အနည္းငယ္ဟထားသည့္တံခါးမွ တစ္ဆင့္အထဲဝင္လာလိုက္ရာ ခုံေပၚတြင္ ေပလႊာတစ္ခုအား အာ႐ုံစိုက္လွ်က္ဖတ္ေနေသာ အရွင္သတိုးသခၤအားေတြ႕လိုက္ရသည္။
"အရွင့္အားဦးၫႊတ္ပါတယ္...."
"ထိုင္ပါအမတ္ႀကီး...အေျခအေနဘာထူးေသးလဲ..."
"ယခုအခ်ိန္ထိေတာ့ ပုံမွန္ပါပဲအရွင္...သူတို႔ဘက္ကလႈပ္ရွားမႈတစ္စုံတစ္ရာေတာ့မရွိေသးပါဘူး အရွင္...."
"အြန္း!!"
"အရွင္သတိုးသခၤ ဘာဆက္လုပ္မယ္စဥ္းစားထားပါလဲ..."
"အစကေတာ့ ကိုယ္ေတာ့္ရည္႐ြယ္ခ်က္က ဒဝီဦးလိုက္နဲ႔သေရေခတၱရာကိုဖ်က္ဆီးဖို႔သပ္သပ္ပါပဲ ခုအဲ့ဒီလိုမဟုတ္ေတာ့ဘူး ရည္႐ြယ္ခ်က္ေျပာင္းသြားၿပီ အဟြန္း!!!"
မဟာသိနအမတ္စူးစမ္းသလိုၾကည့္လိုက္ရင္း
"ကြၽႏ္ုပ္သိခြင့္ရွိမလားအရွင္..."
"မေလာပါနဲ႔ ျဖည္းျဖည္းေပါ့...အဟြန္း!!! အခ်ိန္တန္ရင္ သိသာလိမ့္မယ္..."
"ဟုတ္ကဲ့ပါအရွင္..."
မဟာသိနအမတ္ ထပ္အထြန႔္မတပ္ရဲပဲ အသာတၾကည္ ျပန္လာလိုက္သည္။သူ႔ရည္႐ြယ္ခ်က္ကတစ္ခုထဲပင္။သခင္ေလးသခၤအတြက္ သေရေခတၱရာကိုျပန္ရယူေတာ္ေပးမည္။
CHANGE 🍁
April 17,5:16PM
မရွည္မတိုေလးပါ။ဒီေန႔ဥပုသ္ေစာင့္ေပမယ့္
ဒီတစ္ပါးကိုေတာ့ ေက်ာင္းတြင္းသီလေပးကတည္းကလိုက္မဆိုခဲ့ပါဘူး updateေလးေပးခ်င္လို႔...
ကိုယ္ ဦးညိဳတို႔ကိုစာစစ္ေနလို႔ လုံးဝမအားေပမယ့္ ပယင္းကိုလည္းရပ္မထားခ်င္လို႔ 2ရက္တစ္ခါေလာက္ရေအာင္ upေပးပါ့မယ္ေနာ္ ေစာင့္ႏိုင္ရဲ႕လားဗ်...
အာ ၿပီးေတာ့ ကိုယ္အမွားေတြေလ
စိုက္ပ်ိဳးေရးနဲ႔ပတ္သတ္တာ၊ဟန္လင္းႀကီးတည္ေနရာနဲ႔ပတ္သတ္တာ၊အပိုင္း(၂၉)ထဲ ညီလာခံအသုံးအႏႈန္းနဲ႔ပတ္သတ္တာေတြအကုန္လုံးကိုေထာက္ျပေပးတဲ့သူေတြအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်..ကိုယ္ျပင္ထားပါတယ္..အမွားေတြနဲ႔မကြၽမ္းက်င္မႈေတြၾကားနားလည္ေပးၾကပါဦးဗ်....