ရင်ခွင်ရိုင်း {Complete}
By wookiekyoe
414K 9K 123
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
9.2K 92 4
By wookiekyoe
ရင်ခွင်ရိုင်း.💘
အပိုင်း..၁၈(ဇတ်သိမ်း)
ခြင်းကို အရင်လိုပဲအရေးပေါ်ခန်းထဲမှာပဲထား
ရသည်။ ဒီတစ်ခါတော့အပျောက်ခံမည်မဟုတ်..
ပျိုက အခန်းရှေ့မှာပင်တစ်လက်မမှမရွေ့ပါ.
ညလည်းမအိပ်သလို..
သေချာတာတော့မျက်နှာတောင်ထသစ်လိမ့်
မည်မဟုတ်ပါ။
နှစ်ရက်တိတိဝင်တွေ့ခွင့်မရဘူး..ခြင်းအခြေအနေစိတ်ချရမှ လူနာခန်းကိုပြောင်းပေးမယ်တဲ့..
သားသားကလည်း မနက်ဆိုအစောထပြီး
သူ့အဖေဆီသွားဖို့ တာဆူနေလို့အိမ်ကလုံလုံ
တောင်မနိုင်ပါ..
"ဖေဖေကိုတွေ့လို့မရဘူးလား..
ဖေဖေကသားသားကိုမတွေ့ချင်ဘူးတဲ့လား..''
ပျို..မဖြေနိုင်ပါ..သူပြန်ကောင်းလာရင်တောင်
သူမတို့ကိုမှတ်မိပါ့မလား.. အဲ့ကြရင်သားလေးစိတ်ထိခိုက်ရအုံးမည်...
"တွေ့ရမှာပေါ့...မြေးလေးရယ်..ဖေဖေကအခု
အနားယူနေတာ.. သူအားပြန်ပြည့်မှမြေးလေး
နဲ့ကစားပေးနိုင်မှာပေါ့..နော် မြေးနော်..''
ဆေးရုံ ထပ်ပြီးအချစ်ဦးရောက်လာတာကြောင့် ပျိုနဲ့ သက်လျာ ပြူးပြာသွားသည်။
သူမနောက်မှာတော့ ရဲတွေပါပါသည်။
"နင်.. နင် ဘာလာလုပ်ပြန်ပြီလဲ..
သူ့ကိုဘာလို့လွှတ်ပေးတာလဲ.''
"ကျွန်မကိုအချုပ်ထဲထည့်လို့ရမယ်ထင်နေလား.. အန်တီထင်ယောင်ထင်မှားဖြစ်နေတဲ့ပုံပဲ.. ကျွန်မကသာ ကိုကို့ကိုကယ်ထား
တာ..''
"ဘာ.. နင်ကများ..နင်ခေါ်ထုတ်သွားလို့ငါ့
သားမသေယုံတမယ်ပဲ..''
"အဲ့လို ဖြစ်ရတာတရားခံအစစ်ကဘယ်သူ
လဲ..အန်တီသိလို့လား..
ဒီမိန်းမပဲ..အန်တီ့နားမှာတော့ မခုတ်တတ်
တဲ့ကြောင်လိုပုံဖမ်းနေတာ..အရမ်းရွံစရာကောင်းတယ်..''
"ညည်းကများ ငါ့ချွေးမကိုလာပြီး.. ''
"အဲ့ချွေးမကြောင့် ရှင့်သားသေမလိုဖြစ်တာ
မသိဘူးမှတ်လား.. ဒီမိန်းမပဲ..ဒီမိန်းမကိုကို့ကို
နှင်ထုတ်တာ..
ကိုကိုကသူ့သားကိုအရုပ်ကလေးပေးယုံတင်
ကို..ဒီမိန်းမကဲကဲဆတ်ပြီးနှင်ထုတ်လို့ ကိုကို
လမ်းပြန်ကူးလာရတာ.. ဒီကလေးကနောက်
ကပြေးလိုက်လာလို့ကိုကိုကပြန်လှည့်ပြီး
ကယ်တာ..
အချစ်အားလုံးမြင်တယ်..
ဒီမှာ.. ရှင်ကောငြင်းအုံးမလား..''
ပျိုကခေါင်းငုံပြီး မျက်ရည်ကြနေသည်။
သက် နားလည်လိုက်ပါသည်။
"ဒီလိုဆိုရင်တောင်.. လင်မယားကြားထဲကကိစ္ဓပဲ.. ငါ့သားအပေါ်စိတ်
ဆိုးခွင့်စိတ်ကောက်ခွင့် ငါ့ချွေးမမှာအပြည့်ရှိ
တယ်.. ပြီးတော့
ဖခင်တစ်ယောက်ကသားသမီးအစားဝင်ခံ
တာလဲ ဖြစ်သင့်ဖြစ်ထိုက်တာပဲ..
နင်ဘာမှကြားဝင်စရာမလိုဘူး..
နင်ငါ့သားကိုခိုးသွားလို့သာ ငါတို့တစ်မိသားစုလုံး စိတ်သောကရောက်ရတာ..
တော်တော်အရှက်သိက္ခာမရှိတဲ့ မိန်းကလေး
နင့်အတွက်ယောက်ျားရှားနေလားဟမ်.အိမ်ထောင်သည်ကိုမှငမ်းငမ်းတတ်ဖြစ်နေတာ..''
"ရှင် အချစ်ကိုအဲ့လိုမပြောနဲ့..ဒီမိန်းမနဲ့ကိုကို
ကကွာရှင်းပြီးသား.. အချစ်ကသာအခုရှင့်
ချွေးမနော်..''
"ငါ့သားကသာနင့်ကိုယူခဲ့မယ်ဆိုရင်.. သေ
ရွာကပြန်လာရင်တောင်ဒီအတိုင်း မြုပ်ပစ်လိုက်မယ်.. နင့်ကိုတော့ချွေးမမတော်ဘူး.
.. ထွက်သွားစမ်း..
အရာရှိတို့.. ဒီမိန်းကလေးကိုအာမခံပေးမယ်
ဆိုရင်တောင်ကျွန်မသားမိသားစုအနားကပ်
ခွင့်မရအောင်လုပ်ပေးပါ..
တောင်းဆိုပါတယ်..''
"မရဘူးနော်..အချစ်မပြန်ဘူး..ကိုကို့ကိုမတွေ့
ရပဲ မပြန်ဘူး.''
"အချစ်ဦး..''
"ဟင် ဒယ်ဒီ..''
အချစ်ဦးရဲ့အဖေ..အန်ကယ်ဦးရောက်လာခြင်းဖြစ်သည်။
"တောင်းပန်ပါတယ်ဗျာ.. ကျွန်တော်ခရီးလွန်နေလို့..အခုမှအကြောင်းစုံသိရလို့ပြေးလာ
တာပါ.. ကျွန်တော့်သမီးလုပ်ရက်အတွက်
ကျွန်တော်တကယ်ရှက်မိပါတယ်..
မိတဆိုးလေးမို့ အလိုလိုက်ထားခဲ့မိတာ..
ဒီနေ့လို နားရွက်အကိုက်ခံရတာပဲ...
အမကြီးတို့ကိုမျက်နှာမပြရဲတော့ဘူး...
ကျွန်တော်သူ့ကိုပြန်ခေါ်သွားပါ့မယ်..နောက်နောင်မနှောင့်ယှက်စေရပါဘူး..
တရားဥပဒေအရတော့ငဲ့ညှာပေးဖို့တောင်းပန်
ပါတယ်.. 
ကျွန်တော့်အပြစ်တွေပါ.''
ဦးကဒူးထောက်ပြီးတောင်းပန်လေ၏...
အချစ်ဦးကိုလုံးဝခွင့်မလွတ်နိုင်ပေမယ့်.. သား
သမီးဆိုးမွေးထားတဲ့မိဘချင်းအတူတူမို့...
သို့သော်လည်း အချစ်ဦးကပြန်ပေးဆွဲအမှု
အတွက် တရားရင်ဆိုင်ရအုံးမှာပါ..
"ဒီကသမီးကိုလည်း..ဦးတောင်းပန်ပါတယ်..
ခြင်းရဲ့အရည်အချင်းတွေကို နှစ်သက်ပြီး
သမီးရဲ့အိမ်ထောင်ဘက်အဖြစ်တွေးကြည့်ခဲ့
ဘူးတာ..
ခြင်းမှာဒီလိုမျိုး ဇနီးသည်ကိုပိုင်ဆိုင်ထားမှန်း
ဦးမသိခဲ့လို့ပါ.
တောင်းပန်ပါတယ်..''
.....
သူတို့တွေပြန်ထွက်သွားမှ..နေရာမှာပင်ပျိုလည်းဒူး
ထောက်ကာ..
"မေမေ.. သူပြောတာအမှန်ပါ..
သမီးကြောင့်..သားအဖေဒီလိုဖြစ်ရတာပါ..
ပျို့အပြစ်ပါ..''
"သမီးလေးက သားကိုမတွေ့ချင်လောက်
အောင်မုန်းခဲ့တာလား..''
"ဟင်.. မဟုတ်..
သမီး.. သမီး..သူ့ကိုဝန်တိုပြီးဒေါသထွက်မိတာ..''
မေမေက ပျို့ကိုစိတ်မဆိုးပဲဘာလို့ဒီလိုလုပ်ခဲ့လဲလို့မေးချင်တဲ့ပုံပါ..
"ပလာဇာမှာ..သူ့ရည်းစားဟောင်းအကြင်နာ
ဆိုတဲ့မိန်းကလေးနဲ့သူက ရီမောနေတာ ပျို
မြင်ပြီး ဒေါသထွက်လို့..
ဘာပဲ ဖြစ်ဖြစ်သမီးမှားပါတယ်..''
"သမီးသိပ်မှားတာပေါ့..''
"ရှင်..''
မေမေ..ပျို့ကိုခွင့်မလွှတ်နိုင်ဘူးထင်တယ်..
ဖြစ်သင့်တာပဲလေ။
"အကြင်နာကမင်္ဂလာဆောင်သွားပြီလေ..
သားအက်စီးဒင့်မဖြစ်ခင်တုန်းကသူမကိုယ်
တိုင်အိမ်လာပြီးဖိတ်သွားတာ..''
ဟင်...
"မေမေ့သားက ရည်းစားအရမ်းရှုပ်ခဲ့တာ...
ဒါပေမယ့် ဘယ်တော့မှလက်မထပ်ဖူးလို့
ကြေငြာထားတဲ့လူ..
ခပ်ဆိုးဆိုးမိန်းကလေးတစ်ယောက်နဲ့ ငြိနေပြီ
ထင်လို့.. အရှိန်မလွန်ခင် မေမေကသူ့ကိုလက်
ထပ်ပေးဖို့ကြံစည်ခဲ့တယ်..
မေမေကသမီးကိုသဘောကြပေမယ့်
သူ့ကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ်..
သူ့အကြောင်းအကုန်အစင်သိပြီး သူ့သည်း
ညည်းကိုခံလွန်းတဲ့ အကြင်နာလား.. ဒါမှ
မဟုတ်သူကြိုက်တဲ့တစ်ခြားတစ်ယောက်လား.. ရွေးခိုင်းခဲ့တယ်..
သူကိုယ်တိုင်ကသမီးကိုရွေးခဲ့တာပါ..
မာနကြီးလွန်းတဲ့သားက ပါးစပ်ကတစ်မျိုး
ပြောနေပေမယ့်.. လက်တွေ့မှာတော့သမီး
ကြောင့်ပြောင်းလဲလာတာပဲ..
သမီးလေးကိုသူတကယ်ချစ်လိုက်တာမှ..
သားကသိပ်အစွဲအလမ်းကြီးတာ...မေမေအသိဆုံးပါကွယ်..''
"မေမေ ပျို့ကိုစိတ်မဆိုးဘူးလားဟင်..
သူ့ကိုဒီလိုလုပ်တာပျိုလေ..''
"သမီး ကဝန်ခံပြီးပြီပဲ.. သဝန်တိုလို့လုပ်မိတာဆို
မေမေကဘယ်လိုအပြစ်ယူရမလဲ..''
မေမေရယ်..
လူကြီးတွေကတော့ခွင့်လွှတ်ပါသတဲ့၊ဒါဆို သူ
သူကကော..ပျို့ကိုခွင့်လွှတ်နိုင်ပါ့မလား..
===========================
ခြင်းကိုဝင်တွေ့လို့ရပြီဆိုတာနဲ့.. ပျိုအရင်ဆုံး
ပြေးလာသည်။
ခြင်းကငူငူကြီးထိုင်ပြီး အခုထိစကားတစ်လုံး
မှမပြောဘူးတဲ့..
"သူ..စကားပါမပြောနိုင်တော့တာလား..ဟင်
အဟင့်ဟင့် 
ခြင်း ကျွန်မလေ..ကျွန်မကိုရှင်မမှတ်မိဘူးလား..''
ခြင်းကစူစူပုတ်ပုတ်နဲ့သူမကိုလှည့်ကြည့်ပြီး..
"မင်းကြောင့် ငါကဒီလိုနေရာမှာအရှင်လတ်လတ်ငရဲခံနေရတာကိုမမှတ်ပဲနေမလား...''
ဆေးရုံခန်းထဲနေရတာမကြိုက်လို့ စူပုတ်နေ
တာဖြစ်သည်။
"ဒီလိုပြောတယ်ဆိုတော့..ရှင်အစစ်ပဲ..
ဝမ်းသာလိုက်တာရှင်အခုအားလုံးကိုပြန်မှတ်မိပြီ
ပေါ့နော်..''
"ဘာဖြစ်တယ်..ငါဒီနေရာရောက်နေတာကိုမင်း
ကဝမ်းသာတယ်ဟုတ်လား..." 
"ဟင် ကျွန်မဆိုလိုတာက..
ရှင် ရှင်ကကျွန်မတို့ကိုပြန်မှတ်မိလာလို့..." 
" မင်းငါ့အပေါ်ဘယ်လိုလုပ်ရက်မျိုးထိလုပ်ခဲ့တယ်ဆိုတာကိုလွယ်လွယ်နဲ့ဘယ်မေ့နိုင်ပါ့မလဲ .." 
" ကျွန်မအဲ့ဒီ့အတွက်ရှင့်ကိုတောင်းပန်ချင်ပါတယ်..."
" ဘုန်းကြီးခေါင်းသွားခေါက်ပြီးမှကန်တော့ပြန်
လုပ်လို့ရလား...." 
သူကအခုချိန်မှာစင်ပေါ်ကလူတစ်ယောက်ပဲ..
ပျိုကမှားခဲ့သူမို့.အဲ့တော့လည်းသူပြောသမျှခံရပေ
အုံးမပေါ့...
"ဖေဖေ့..''
ထိုစဉ်ဖိုးအေလုပ်သူနဲ့ဆေးရုံကိုအတူလာတဲ့သားကအရင်ပြေးဝင်ကာ.. သူ့အဖေကိုပြေးဖက်ရင်း...
"ဖေဖေ နေကောင်းပြီလားဟင်..သားသားကို
ကောသိလား..''
အဲ့တော့မှခြင်းမျက်နှာပြောင်းသွားကာ..
"ခွေးကောင်လေး..မင်းကငါမွေးထားတဲ့
ခွေးပေါက်လေးပဲ... မသိစရာလား..''
"ဖေဖေကသားတို့ကိုမသိတော့ဘူးဆို..''
"ဘယ်သူပြောလဲ. "
"မေမေပြောတာ.''
ဟင်..ပျိုလည်းသားကိုအဲ့လိုမပြောမိပါဘူး..
သူ့ဘာသာသူလူကြီးတွေစကားပြောတာ
ခိုးနားထောင်ပြီး.. တကယ်ခွေးပေါက်လေး..
"အဲ့မိန်းမကမှ ရူးနေတာ..''
ရှင်နော်...
မေမေသက်နဲ့ဖေဖေမောင်လည်းဝင်လာပြီး..
"သက်သာရဲ့လား သား..''
"ဖိုးဖိုး ဖွားဖွား.. ဖေဖေကသားသားကိုမှတ်မိ
ပါတယ်..''
"ဟုတ်ပါပြီရှင့်..ဟုတ်ပါပြီ..''
ခြင်းကသားကိုရင်ခွင်ထဲမှာထည့်ထားရင်း
သူ့မိဘတွေကိုမော့ကြည့်သည်။
ကိုယ်တိုင်မိဘနေရာကိုရောက်လာတော့မှ
ခံစားတတ်လာတာ..တစ်ခုက
"ကျွန်တော် တောင်းပန်ပါတယ်..''
ဘာကိုတောင်းပန်နေမှန်းမသိပေမယ့်..မတောင်းပန်လည်းအမြဲခွင့်လွတ်တတ်တဲ့
လူသားဆိုတာ.. မိဘပဲမို့လား။
သူ့သူငယ်ချင်းတွေလည်းရောက်လာကာ...
"ဟေ့ကောင် ခြင်း..မင်းသတိရပြီနော်...
ငါတို့ မင်းကိုဘယ်လောက်စိတ်ပူခဲ့လဲ
သိလား..''
"မသေမှာစိုးလို့လား..''
"အေး.. ဟာ.. ခြင်းရာနိမိတိမရှိနမာမရှိ...''
"ငါတို့ကို တကယ်မှတ်မိပါတယ်.နော်..''
"မမှတ်မိပဲနေမလား..မင်းတို့လို မွေးရာပါနှာဗူးရုပ်ကခပ်ရှားရှားကို..''
"ခြင်းပဲဒီလိုတွေပြောနိုင်မှတော့..ဒီကောင်
မသေတော့ဘူး..''
သူလည်းနေကောင်းတော့မှာ..အားလုံးလည်း
ရီမောနေကြပြီဆိုတော့..ပျိုတိတ်တဆိတ်ထ
ထွက်လာသည်။ စကားပြောနေပေမယ့် ခြင်း
ရဲ့မျက်လုံးတွေကသူမထွက်သွားတာကို
တစ်ဆုံးထိလိုက်ကြည့်ဆဲ...
အခန်းရှေ့မှာ..နွဲ့ယိမ်းနဲ့ဆုံပါသည်။
"ပျို.. ခြင်းသက်သာတယ်ဆို..''
"အင်း..''
"တော်ပါသေးရဲ့..ငါသူ့ကိုဘယ်လိုကျေးဇူး
တင်စကားမပြောရသေးဘူး..''
"အင်း ဝင်သွားလေ..''
"ဟင် နင်ကကော..''
"ငါပြန်တော့မလို့..''
"ပျို.. ဘာဖြစ်လို့လဲ..ခြင်းကနင့်ကိုမတွေ့ချင်
ဘူးတဲ့လား..''
"အဲ့လိုလည်းမဟုတ်ပါဘူး..ဘာပဲပြောပြော
အခုသူနဲ့ငါက တစ်စိမ်းတွေလေ သူသက်သာ
ပြီဆိုမှတော့ ငါရှိနေဖို့မလိုတော့ဘူးပေါ့..''
"မိပျိုရယ်.. မနိုးလာခင်တုန်းကတော့ သေမတတ်စောင့်နေပြီးမှ...
နင့် နှလုံးသားကိုနင်ဖွင့်ပြဖို့လိုပြီ.."
"ဟင့်အင်း ငါကမိန်းကလေး..
မိန်းမကြီးလည်းဖြစ်ချင်ဖြစ်မယ်..ဒါပေမယ့်
ငါက ဖွင့်ဟဝန်ခံခွင့်မရှိတဲ့ မိန်းမတစ်ယောက်ပါပဲ"
ဟင်း ဒီမာနအိုးတွေနဲ့တော့ခက်တယ်...
========================
ပျိုနောက်ကွယ်ကနေ သူ့အတွက်စားသောက်
စရာစီစဉ်ပေးပေမယ့်.. လူလုံးတော့ထွက်မပြပါ။
သူလို ဆေးရုံမုန်းတဲ့လူကဆေးရုံမှာကြာကြာ
မနေပါ..နဲနဲသက်သာတာနဲ့ဆင်းလာသည်။
သူ့အိမ်ကိုပဲပြန်မယ်နေဆိုလို့..
"သားရယ် မင်းအိမ်မှာက ချစ်ပုတို့အပြုံးတို့
ပဲ ရှိတာ. မင်းကိုဘယ်သူကပြုစုမှာလဲ..
မင်းကစိတ်ရှည်တာမဟုတ်ဘူး..''
"နေပါစေ..မွေးတုန်းကလည်းတစ်ယောက်ထဲ
ပဲကို.. ဘယ်သူ့အကူအညီမှမလိုဘူး..''
ကြည့် နှစ်ယောက်သားကမာနပြိုင်ပြန်ပြီ..
သားကကျောင်းပိတ်ရက်မှာ..ဖေဖေနဲ့ပဲနေမယ်ဆိုလို့ ပျိုလိုက်ပို့ရင်းနဲ့ မပြန်ရပါ..
တော်ကြာ နေမကောင်းတဲ့လူနားမှာမျောက်
ကြအောင်ကဲနေရင်ဒုက္ခ..
သူ့အဖေခေါင်းနောက်သွားရင်မလွယ်ဘူး...
ဒီအိမ်ရောက်ပြန်တော့လည်းမီးဖိုချောင်ထဲ
တန်းဝင်ပြီး လူမမာကြိုက်တဲ့အစားအသောက်တွေကိုချက်ပြုတ်ဖို့ညွှန်ကြားနေသည်။
"မမလေး..ချစ်ပုတို့လက်ရာကိုအကိုလေးက
မကြိုက်ဘူး..''
"သူကကြေးများတာတော်ယုံမို့လား..''
"မမလေး ချက်ရင်တော့ ဘာဖြစ်ဖြစ်စားတာ
ပဲ..''
ချစ်ပု..ပြောလို့အရင်အချိန်တွေကိုပြန်တွေးမိ
သည်။ သို့သော်ခဏပါပဲ.. 
"မမလေး ဒီလိုမလုပ်ပဲ.. ဒီမှာပဲပြန်လာနေ
ပါလားဟင်..''
"ဟင်.. ဘာလို့နေရမှာလဲ..''
"သားသားဘယ်ရောက်သွားပြန်ပြီလဲမသိဘူး...သွားကြည့်အုံးမှ..
အပြုံး.. ငါးသလောက်ကိုအရိုးနူးအောင်နှပ်နော်.. သူကအရိုးမြင်ရင်သိတဲ့အတိုင်း..''
"ဟုတ်ကဲ့..''
"မမလေးကအကိုလေး အကြိုက်တွေကိုတော့အခုထိမမေ့သေးပဲနဲ့များ.."
" အေးလေ..." 
နှစ်ယောက်စလုံးချစ်ရဲ့သားနဲ့မာနကြီးလိုက်ကြတာ၊
.
"သားသား ဒီအခန်းထဲဘာဝင်လုပ်တာလဲ..
ဖေဖေမကြိုက်ဖူးလို့ပြောထားတယ်လေ..''
အရင်ကဒီအခန်းကိုလော့ခတ်ထားတာပါ..
ပျို ဒီအခန်းထဲမှာဘာရှိလဲသိချင်ပေမယ့်..
တစ်ခါမှဝင်မကြည့်ဖြစ်ခဲ့ပါ..
အခုသားသားကအဲ့ထဲရောက်နေလို့..
"သားသားကို ဖေဖေကဝင်ကြည့်လို့ရတယ်တဲ့.. 
မေမေလည်းလာကြည့်လေ ဒီမှာဖေဖေ့ပုံတွေ
ရှိတယ်..''
သားသားကသူမလက်ကိုလာဆွဲခေါ်သည်..
"ဟင့်အင်း..မေမေ မ ဝင် တော့..''
သူမ ငြင်းပေမယ့်..တံခါးဖွင့်ထားတဲ့အခန်းရဲ့
နံရံထက်မှာရှိတဲ့.. တစ်ပေပတ်လည် မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံတစ်ပုံကြောင့်
ပျို့ ခြေလှမ်းတွေ အလိုလိုအနားကိုရောက်
သွားသည်။
ခန့်ညားတဲ့မြင်းညိုကြီးနဲ့ဇတ်ကြိုးကိုကိုင်ထား
တဲ့cowboy.. 
ဟင်.. ဒါ..ဒါက..
မျက်နှာကိုဒီနေ့ထိမမှတ်မိပေမယ့်..ဒါဟာသူမ
ကိုကယ်ခဲ့တဲ့ကောင်းဘွိုင်ဆိုတာတော့သေ
ချာတယ်.. ပြီးတော့..သူ့မြင်းကြီး..
"ဖေဖေပုံလေ... သားသားကျောင်းပိတ်ရင်
လည်းပြင်ဦးလွင်သွားပြီး မြင်းစီးသင်ပေး
မယ်တဲ့..''
သူမဒီလောက်တောင်တစ်ခါလောက်ထပ်တွေ့ချင်ခဲ့တဲ့ ကောင်းဘွိုင်ကခြင်းဖြစ်နေတာ
လား.. ဘယ်လိုလုပ်လူတွေရဲ့ရေစက်ကဒီ
လောက်တောင်အံ့သြဖို့ကောင်းတာလဲ..
ထိုဓာတ်ပုံကိုလက်နဲ့ထိကိုင်ကြည့်ပြီး...
ရှင့်ကိုစောင့်နေခဲ့ပါတယ်..မျှော်လင့်ခဲ့တယ်
...တွေ့ဆုံခဲ့တယ်..လက်ထပ်ခဲ့တယ်..
အဲ့လူကတစ်ယောက်ထဲဖြစ်နေခဲ့ပေမယ့်..
အခုတော့.. ကွာရှင်းခဲ့ပြီးပြီလေ..
ရင်ထဲပိုပြီးကြေကွဲရသည်။ သူကအချစ်ဦး
ဖြစ်ခဲ့ပြီး အချစ်ကိုဆုံးစေခဲ့တဲ့လူကလည်း
သူပဲတဲ့လား..
အတိတ်မှာတွယ်ငြိမနေချင်တော့လို့ ပျို
အခန်းပြင်ပြန်ထွက်ဖို့လုပ်သည်။
သို့သော်..အခန်းထောင့်တစ်နေရာမှာပိတ်စ
ဖုံးအုပ်ထားတဲ့ ပန်းချီကားတစ်ချပ်ရှိနေသေး
သည်။ တိုက်လေကြောင့်ဖုံးအုပ်ထားတဲ့ပိတ်
စကလွန့်လူးနေသည်။
ပန်းချီကားရဲ့ပုံသဏ္ဏန်ကိုတစ်စွန်းတစ်စမြင်
နေရသည်။
"အဲ့အခန်းထဲမှာ ပန်းချီကားတစ်ချပ်ရှိတယ်
မမလေးရဲ့ အကိုလေးကိုယ်တိုင်ဆွဲထား
တာတဲ့.. ဖွားဖွားကိုတောင်မပြဘူး..
ဒါကိုမြင်တဲ့လူကိုသတ်ပစ်မယ်လို့ ကြိမ်းထား
တာ.. အပုတို့ကြောက်လို့အဲ့နားတောင်ဖြတ်
မလျှောက်ရဲဘူး..'' တဲ့..
အဲ့တာကဒါပဲ..ဖြစ်လိမ့်မည်...
ပျိုမစပ်စုတော့ပါ..
"သားသား..လာအပြင်ထွက်ရအောင်..''
=======================
သားသားကညစာစားပြီးတာတောင်မပြန်ချင်
သေးဘူး.. 
"မေမေ ခဏဆိုပြီးထပ်ဆော့နေတာ..မိုးပင်
ချုပ်လာသည်။
"သားသားရေ ပြန်ရအောင်..''
သားသားကသူ့အတွက် ခြင်းလုပ်ပေးထား
တဲ့အခန်းရဲ့ကုတင်လေးပေါ်မှာအိပ်ပျော်နေ
သည်။
"ဟယ်တော် အိပ်ပျော်နေပြီလား.''
ပျို ကသားကိုကောက်ပွေ့ချီဖို့လုပ်သည်။
သားကလည်းသေးသေးကွေးကွေးမဟုတ်
တော့..အိတ်ကတစ်ဖက်သားကတစ်ဖက်
မနိုင်လို့ ခနပြန်ချရသည်။
အခန်းဝနေခြင်းကခါးထောက်ရပ်ကြည့်ပြီး..
"ချစ်ပု..''
"ရှင်... ''
"အိပ်ပျော်နေတဲ့ကလေးကို နိုးအောင်မလုပ်
ပဲ..ဒီအတိုင်းထားခဲ့လို့ပြောလိုက်..''
တစ်ယောက်နဲ့တစ်ယောက် တစ်ကိုက်စာပဲ
ကွာတာကိုကိုယ့်ဖာသာမပြောပဲနဲ့။
"သားကအအိပ်ကြမ်းတယ်..ညရေးညတာ
ဒုက္ခရောက်လိမ့်မယ်လို့ပြောလိုက်...''
အဲ့
"ငါ့သားအကြောင်း ငါသိတယ်.တခြားလူပြောစရာမလိုဘူး..မိချောင်းမင်းရေခင်းမပြနဲ့
လို့ပြန်ပြောလိုက်..''
"သားကမနက်စောစောကျောင်းပို့ရမှာ ပြန်
ခေါ်သွားမှဖြစ်မယ်..''
"မနက်စောစောလာခေါ်ရင်ရတာပဲ... သားကို
အကြောင်းပြပြီးတွယ်ကပ်မနေပဲ..မြန်မြန်ပြန်
တော့လို့ပြောလိုက်...''
"ဘာပြောတယ် ရှင့်...''
ဒီတစ်ခါတော့ ပျိုဆက်ဆက်ခါအောင်နာ
သွားသည်။ ပျိုကသားကိုအကြောင်းပြပြီးဒီ
မှာနေချင်လို့တွယ်ကပ်နေတာလည်းမဟုတ်ပဲ.
.ပြောပုံက...
"ကြားတဲ့အတိုင်းပဲ..''
"ဟင်း...''
"မပြန်ချင်ရင် ဒူးထောက်တောင်းပန်ကြည့်လေ စဉ်းစားပေးမယ်..''
"လဲ သေလိုက်..''
"ဒီအတိုင်း ကျွန်မမှားပါတယ်ခြင်းရယ်လို့
တစ်ခွန်းပြောရင်..''
"လုံးဝပဲ..''
"ဟား ..မင်းကဘာမှန်နေလို့တင်းခံနေတာလဲ.. ငါစိတ်ကြည်နေတုန်းမို့တောင်းပန်ခိုင်းတာနော်...
ငါက ကျောပေးပြီးရင်နောက်ပြန်ကြည့်တဲ့ကောင်မဟုတ်ဘူး..နောက်မှနောင်တမရနဲ့..
အခုထိ..ငါမှငါ မသေမရှင်ဖြစ်နေတဲ့မိန်းမတွေ
တစ်ပုံကြီးနော်..''
"အဲ့လို..ရှင့်ကိုမှ မရရင်သေပါတော့မယ်ဖြစ်နေ
တဲ့ မိန်းမထဲမှာ ကျွန်မမပါဘူးသိလား..''
"ဘယ်ပါမလဲ မင်းကအပိုင်ရပြီးသားကိုး..
လူကိုတင်မက..ငါ့စိတ်ဝိညာဉ်နဲ့နှလုံးသားကိုပါမင်းအပိုင်ရထားလို့..ငါ့မာနကိုချေလိုချေ..နင်းလိုနင်းမင်းလုပ်နေတာ..''
သူကတစ်ပြန်စီးပြောသေးတယ်..
"ရှင့် ပါးစပ်ကပြောရင်တော့ ရှင့်အမှန်တရား
ပဲထွက်လာမှာပေါ့..''
"ဒါဆိုလည်း မင်းဘက်ကအမှန်တရားကို
ပြောကြည့်လေ..ငါတစ်ညလုံးနားထောင်
ပေးမယ် လာ...''
ခြင်းကရုတ်တရက် ပျို့ကိုကောက်ပွေ့ချီလိုက်
တာကြောင့်..ပျိုလန့်သွားသည်။
"ရှင် ဘာလုပ်တာလဲ.. ကျွန်မကိုချပေးနော်..''
"ချပေးမယ်..''
"ဘာရှင့်..''
"ဆိုဖာပေါ်ကို..''
ခြင်းက သူမကိုချီပြီးသူတို့အခန်းဘက်သို့
ကွေ့ဝင်သွားကာ.ဆိုဖာပေါ်မှာချပေးလိုက်သည်။
"ခြင်း ရှင်ဟာလေ.. နဲနဲလေးမှမပြောင်းလဲဘူး
အမြဲတမ်းတဇွတ်ထိုးဆန်တယ်..သူများကြိုက်မှန်းမသိမကြိုက်မှန်းမသိ..''
"မင်းကြိုက်တာ သေချာပါတယ်..''
"ဘာရှင့်..''
"မင်း ငါ့ကိုမချစ်ဘူးဆိုရင် ဘာလို့ငါ့အတွက်
ပူပန်လဲ..ဘာလို့ငါ့ကြောင့်ငိုလဲ..''
"ဒါကတော့..''
"မင်းကြောင့်ငါသေမလိုဖြစ်ရတာ..
ဆေးရုံမှာထပ်ပြီးအတိတ်မေ့ချင်ယောင်ဆောင်နေရင်ရတယ်.. ဒါပေမယ့်..မင်းငိုနေတာကြည့်ပြီးငါမလုပ်နိုင်ခဲ့ဘူး..
အဲ့တာ ဘာလို့လဲသိလား..''
"မသိဘူး..''
"ပျို..ကိုယ် တို့ဒီအခြေအနေကိုအချိန်မှီမပြင်ဆင်ရင်''
" ဘာလဲ..မျိုးကြီး..သီချင်းလား''
ခြင်းက အတည်ပေါက်ဖီး နေတာကို..ပျိုက..
"ပျို မင်းနော် ကိုယ်ပြောနေတာက..''
"ရှင်မပြောနဲ့.. ကျွန်မပြောမယ်..
ကျွန်မရှင့်ကိုချစ်တယ်..''
ဟင်.. သူကြားချင်တာတွေပဲစွတ်ကြားနေတာ
လား.. ပျိုပြောတာကောဟုတ်ရဲ့လား..
"ဘာ ပျို.. မင်းဘာပြောလိုက်တယ်...''
"ထပ်မမေးနဲ့နော်.. ကျွန်မတစ်ခါတောင်အရဲ
စွန့်ပြီးပြောတာ.. တစ်ခါမှမပြောခဲ့ရင်နောင်တ
ရမှာဆိုးလို့.. နောက်ထပ်မမေးနဲ့နော်..
ကျွန်မရှက်လို့သေလိမ့်မယ်..''
"ဟာ..သေစရာလားကွာ..ချစ်လို့ချစ်တယ်
ပြောတာပဲ..''
"ရှင်ကြားရဲ့သားနဲ့..''
"ထပ်ကြားချင်လို့ပါ..''
"လှောင်ရီမလို့လား.. ပျိုဆိုတဲ့မိန်းမကငါ့ကို
ချစ်တယ်ဆိုပြီး..''
" မင်းဘာလို့ကိုယ့်ကိုဒီလိုထင်တာလဲ..
ကိုယ်မင်းကိုဘယ်လောက်တောင်ချစ်ခဲ့လဲ မင်း
မသိလို့လား..
လွတ်လပ်ခြင်း ဆိုတဲ့လူက မင်းရှေ့မှာအကြိမ်
ကြိမ်ဒူးထောက်ပြီးအရှုံးပေးခဲ့တာတောင်
မင်း အဲ့ဒီ့အချစ်ကိုမယုံလို့လား..''
"ကျွန်မ ရှင့်ကိုယုံပါတယ်..''
"တကယ်နော်..ပျို..ဟာကွာ..
ပျော်လိုက်တာ..''
ပျို့ကိုမလွတ်တမ်းသိမ်းကျုံးဖက်ထားလျှင်...
"အို.. ခြင်း လွှတ်ပါ..''
"ပျိုကလည်းကွာ..ချစ်တယ်ဆိုပြီး..''
"ချစ်တာကချစ်တာ..သိက္ခာကသိက္ခာပဲလေ
ရှင်နဲ့ကျွန်မကကွာရှင်းထားတာလေ...
ဒီလိုနေလို့မသင့်တော်ပါဘူး.. ကျွန်မပြန်
တော့မယ်နော်...မနက်ကြမှပြန်လာခဲ့မယ်..''
ဟာ.. သူ့မှာလည်းထီပေါက်ပြီးမှထီလက်မှတ်
ပျောက်သလိုမျိုး.. ပျို မင်းကငါ့ကိုရူးအောင်
လုပ်နေတာပဲ။
"ဟင့်အင်း .. မပြန်နဲ့.. ငါမလွှတ်တော့ဘူး..
မင်းကကတိမတည်တတ်ဘူး..''
ခြင်းစကားကြောင့် ပျိုသူ့ကိုမော့ကြည့်မိသည်။
"ခြင်း ရှင်လေ.. အရင်တုန်းကပြင်ဦးလွင်မှာ
ကောင်မလေးတစ်ယောက်ကိုကယ်ဖူး
တာမှတ်မိလား..''
ပက်ကျိကျောက်ကျောအိုးထဲကျနေတဲ့ ခြင်း
မျက်နှာပြန်တည်သွားကာ..
"မင်းသိသွားပြီလား.. ဟုတ်တယ်..ငါကယ်
ခဲ့တယ်.. တနေ့ကျရင်လက်ထပ်ဖို့လည်းကတိပေး
ခဲ့တယ်...
ဘာလဲ မင်းခုနကချစ်တယ်လို့ပြောတာကငါ
မဟုတ်ပဲ. အဲ့ကောင်းဘွိုင်ကိုလား..''
"ဟင်..ကောင်းဘွိုင်ကရှင်ပဲမို့လား..''
"ဟား..''
ခြင်းကသူုနှဖူးသူရိုက်တာ...
"မင်း ချစ်တာငါမှမဟုတ်ပဲ..မင်းကိုကယ်ခဲ့တဲ့
ကောင်းဘွိုင်ကိုပဲ..
ငါလိုချင်တာက..ငါ..လွတ်လပ်ခြင်း..မင်းရဲ့
ယောက်ျားဖြစ်ခဲ့တဲ့လူကိုချစ်သလားမေးတာ..
ကျေးဇူးတရားကြောင့်စွဲလမ်းနေတာအချစ်မှ
မဟုတ်ပဲကွာ...''
ဪ သူတစ်ယောက်ထဲကိုတောင် ပြန်အူတို
ရသလား ခြင်းရယ်..
"အဲ့ဒီ့ လက်ထပ်ပါ့မယ်လို့..ပါးစပ်ဆော့ခဲ့တဲ့
ကောင်းဘွိုင်ကကျွန်မအချစ်ဦး..
ကျွန်မကိုတကယ်လက်ထပ်ပြီး..အမြဲတမ်းအနိုင်ယူတတ်တဲ့..နေရာတကာလူတတ်
ကြီးလုပ်တတ်တဲ့..ကျွန်မယောက်ျားဆိုတဲ့
ဂျစ်ကန်ကန်နဲ့လူရိုင်းက
ကျွန်မ အချစ်ဆုံး..ရပြီလား..''
အဲ့တော့မှခြင်းမျက်နှာပြန်ပြုံးလာတာ..
"ကိုယ်တော့မင်းကိုချစ်လွန်းလို့ ရူးတော့မှာပဲတဲ့..''
ပျို့.ပါးပြင်အနှံ့ကိုငုံ့မိုးပြီးနမ်းရှိုက်ကာ...
ပျို့ ကိုယ်လေးကိုသိမ်းကျုံးပြီးပိုတိုးကာဖက်ထား
သည်။
"ခြင်း လွှတ်အုံးလို့...ကျွန်မပြန်မှဖြစ်မယ်..''
"ဘာလို့ပြန်ချင်တာလဲ..''
"ရှင့်ကိုကြောက်လို့..''
"မကြောက်ပါနဲ့...ကိုယ်ကလူမမာပါဘာလုပ်
နိုင်မှာမို့လို့လဲ..''
ပြောတော့လူမမာတဲ့..ပျို့ကိုယ်လေးကသူ့ရင်ခွင်
ထဲမှာမြုပ်နေပြီး..
ပျို့နားနားကပ်ပြီး
ပျို့ကိုသိပ်ချစ်ကြောင်းတွေသူပြောပြတော့..
အပျိုဖြန်းလေးလိုရင်အစုံကတဒုန်းဒုန်းခုန်လာပြန်
သည်။
သူ့ရဲ့ငြိမ်းချမ်းရေးသ၀ဏ်လွှာဟာ ချစ်ကြောင်းချစ်
ရာများစွာအက်ကြောင်းထပ်နေခဲ့လျှက်..
ပျိုလည်းသိပ်ချစ်ခဲ့ရတဲ့တစ်ယောက်ထဲသောသူမို့
ပျိုဘ၀ရဲ့လွတ်လပ်ခြင်းအားလုံးကိုသူ့ထံပါးသို့
အပြီးတိုင်အပ်နှင်းလိုက်မိပါသည်။
=========================
ထိုညအားကုန်လွန်ခဲ့သော် ..
"ဟလို..မေမေကြီးလား.. ''
....
"ဟုတ်ကဲ့..အပုပါ..''
...
"ဟိုလေ..မမလေးညကမပြန်ဘူးသိလား..
အကိုလေးအခန်းထဲမှာအခုထိ.. ခွိခွိ..
အပုတို့ ကလေးထပ်ထိန်းရတော့မယ်ထင်တယ်..''
....
"ဟုတ်ကဲ့..ဟုတ်ကဲ့ မေမေကြီး..''
အပုတို့ကမနက်စောစောစီးစီး ဒေါ်သက်လျာထံလှမ်းသတင်းပို့လိုက်သည်။
"ဟာ..အသက် စောစောစီးစီးဘယ်ကဖုန်းလဲ
မင်းမျက်နှာမှိုရသလိုပါလား..''
"မှိုရတာမဟုတ်ဘူးရှင့်.. ကျွန်မချွေးမကိုပြန်ရတာ..ညကလေ ပျိုလေးမပြန်ဖြစ်ဘူးတဲ့..''
"ဟေ..''
"ခြင်း ဆွဲထားတာနေမှာပေါ့..သူတို့အတူတူ
ရှိနေတယ်တဲ့..''
"အဲ့ကောင်က အဲ့နေရာမှာတော့ ဖအေထက်သာ
တယ်..''
"ဘာပြောတယ်..ရှင်ကြီးနော်...''
ရော် ကဲပါသက်ရယ်....
========================
မနက်နိုးတော့ ပျိုကအခုမှအခန်းပြင်မထွက်
ရဲဘူးဖြစ်နေသည်။
အပျိုဖြန်းလေးလို ရှက်သွေးဖြာနေတာကို
ခြင်းကကြည့်ပြီး ရယ်နေသည်။
"ရှင်မရယ်နဲ့နော်..''
"ကိုယ်တို့ မင်္ဂလာဆောင်ပြီးနောက်နေ့မှာတောင်မင်းခပ်တည်တည်နဲ့အပြင်ထွက်ပြီး အိမ်ကြီးရှင်မလုပ်ခဲ့ပြီးမှ..
အခုကြမှဘာဖြစ်လို့ရှက်နေတာလဲ..''
"မသိဘူး..မသိဘူး..ရှင့်ကြောင့်..''
ခြင်းကိုလက်သီးဆုပ်ပြီးထုရိုက်နေသည်။
ခြင်းကသူ့ကိုပန်းနဲ့ပေါက်တယ်ထင်နေသည့်
အလား.. အရယ်မပျက်ပါ။
"ကိုယ်ကလူနာနော်..''
ဘာလူနာလဲ..ဟွန့်..
"မေမေ..ဖေဖေ..''
သားသားကသူမတို့ဆီပြေးလာသည်။
"သားသား..နိုးပြီလား..''
"လာပါအုံး..သားလေး..''
"ဖေဖေ မင်းကိုမေးစရာရှိတယ်..''
"ဟုတ်..''
"ဖေဖေနဲ့မေမေ့ကိုသဘောတူလား..''
"ခြင်း ''
"တူတယ်..''
"ဒါဆို ဖေဖေနဲ့မေမေ မင်းဆီမှာပြန်လက်ထပ်
ကြမယ်..''
"ရှင်နော်..ကလေးကိုဘာတွေလျှောက်ပြောနေတာလဲ..''
ပျိုက နာရီကိုလှမ်းကြည့်ကာ
"ဟင်ဒုက္ခပါပဲ..သားကျောင်းနောက်ကြတော့
မယ်..''
"မနေ့ကစနေဖြစ်ပြီး ဒီနေ့မှတနွင်္ဂနွေပဲရှိသေး
တယ်..မင်းညကရှက်ရမ်းရမ်းနေလို့ကိုယ်ဘာ
မှမပြောပဲငြိမ်နေတာ..''
"ရှင်တော့လေ ''
"ဒါဆို သားသား သွားဆော့လို့ရပြီလား..''
"သားသား ဘရိတ်ဖက်စားအုံးလေ...''
ခနနေတော့ နွဲ့ယိမ်းတို့သားအမိရောက်လာ
သည်။ ပျိုဒီမှာရှိနေမှန်းဘယ်သူသတင်းလွှင့်
လိုက်လဲမသိဘူး..
"နင်ဘယ်တုန်းကရန်ကုန်ရောက်လဲ..''
"မနေ့ကတည်းက သမီးကိုသွားခေါ်ပြီးချက်
ချင်းပြန်လာတာ.. ညကနင်ပြန်မလာလို့
လိုက်လာတာလေ..''
ပျို့ မျက်နှာဘယ်ဝှက်ထားရမှန်းမသိဖြစ်နေသည်။
"ရှက်မနေပါနဲ့ မိပျို..နင် ခြင်းကိုဘယ်လောက်ချစ်လဲငါသိပါတယ်
ငါအရမ်းဝမ်းသာတာပဲသိလား...
နင်တို့စုံတွဲမှပြန်မပေါင်းနိုင်ရင်ငါဒီတစ်သက်
သမိုင်းပေးတရားခံဖြစ်တော့မှာ..''
"နွဲ့.. ငါပြောဘူးတဲ့ပြင်ဦးလွင်ကောင်းဘွိုင်ဆိုတာလေ..အဲ့တာခြင်းပဲ''
"ဟေ..ဟုတ်လား..
ဘယ်လိုလုပ်ပြီး.. နင်တို့ရေစက်ကတော်တော်
အံ့သြစရာပါလား..''
"အင်း..သူကငါ့ကိုမှတ်မိတယ်တဲ့ ''
"ကိုခြင်း..ပျို့ကိုစတွေ့ကတည်းကသိတာ
လား.. နှစ်တွေကြာပြီကို..ဘယ်လိုလုပ်မှတ်မိ
လည်း..''
"ဒါက အင်း.. သူ့ရင်ဘတ်မှာကျပ်စေ့လောက်
ရှိတဲ့ အနီရောင်အဝိုင်းရှိတယ်..''
ဟယ်!
"ဟင်..ဒါဆိုရှင်က.ငယ်ငယ်လေးထဲကဘူးတတ်
တာပေါ့လေ..''
"ဟ မင်းက ငါ့ရှေ့မှာ ပိုးစိုးပက်စက်လဲနေတာလေ'
"ထားလိုက်ပါတော့ဒါဆို ပြန်တွေ့တော့ကျွန်မ
မှန်းဘယ်လိုသိလဲ..''
"အဲ့ဒါကလည်း မင်း ငါ့အိမ်စရောက်တဲ့နေ့က
အဲ့အမှတ်ကိုတွေ့လို့ပေါ့..''
"ဘာ..ရှင် ရှင်ကလေ တော်တော်ပဲ..
မိန်းကလေးရင်ဘတ်ကိုကြည့်တယ်ပေါ့လေ...''
"မင်း ဖာသာ ပန်းကန်ကုန်းကောက်တာလေ
ငါမကြည့်လဲမြင်နေရတာပဲ.''
နွဲ့ကိုထားပြီး နှစ်ယောက်သားရန်ဖြစ်နေကြသး
သည်။ နေပါအုံးညကဒါတွေမသိလိုက်လို့ပါ..
ပြေလည်လိုက်မိတာ။ 
"ကျွန်မသားတော့ ရှင်နဲ့တူရင်ဒုက္ခပါပဲ..''
"ဟေ့ ပျို..မင်း ဒူရင်းပင်စိုက်ပြီးသြဇာသီးသီး
ချင်နေလို့ရမလား..
ဒီအပင်စိုက်ရင်ဒါပဲသီးမှာ ဟိုမှာမင့်သား
ကိုလည်းကြည့်ပါအုံး..''
...
ခပ်လှမ်းလှမ်းမှာခြင်းငယ်ကတော့..
"ခြင်းငယ် မမနဲ့နေနော်..''
" ဟုတ်..."
"မရဘူး. ကိုကို ပန်ပန်နဲ့ပဲ ဆော့ရမယ်..''
" အင်း..." 
နွဲ့ယိမ်းရဲ့တူမလေး ဖက်ဖူးခင်ရယ်..ဘေးအိမ်
ကပန်ပန်လေးရယ်.. နှစ်ယောက်ကတစ်ဖက်
ဆီသားကိုဆွဲနေသည်။ 
သားကအလည်မှာဖြစ်သည်။
ဟူး....ခြင်းရဲ့သွေးကတော့နဲနဲလေးမှတောင်ဗီဇ
အပျောက်မခံဘူး။
နွဲ့ယိမ်းကနေ...
"ဟေ့.. နင်တို့တွေ မျက်နှာမများနဲ့နော်
ချွေးမလောင်းကိုတစ်ခါထဲရွေး..
ဖူးဖူးမဟုတ်ဘူးဆိုရင်ငါသမီးလေးကိုခေါ်
ပြီး လားရှိုးပြန်တော့မယ်.. ဒီတစ်သက်ရန်
ကုန်မြေကိုမနင်းတော့ဘူး...
ခြင်းလေးကိုလည်း လားရှိုးမလာစေနဲ့..''ဟွန့်
"ပျို.. ဒီကိစ္စကိုတော့မင်းနဲ့ကိုယ်..သေချာဆွေးနွေးမှဖြစ်မယ်.. လာ..''
ခြင်း ကပျို့ ပုခုံးဖက်ခေါ်သွားကာ..
"ချွေးမလောင်းကတော့..ကိုယ့်အကြိုက်ရွေး
မှဖြစ်မယ်..''
"ချွေးမလောင်းရွေးတာဘာလို့ ရှင့်အကြိုက်လဲ.. ပြောစမ်းပါအုံး..ပြောစမ်းပါအုံး.. ''
ယောက္ခမလောင်းက ဂျေနေသည်။
နွဲ့ သူတို့ကိုကြည့်ပြီး.. ရင်ထဲကလှိုက်လှိုက်လှဲ
လှဲဝမ်းသာမိသည်။
ချစ်ရတဲ့ပျို..အခုတော့သူမချစ်တဲ့ ရင်ခွင်ရိုင်း
ထဲမှာပျော်နေသည်။
ခြင်းကလူရိုင်း၊
ဒါပေမယ့် လွတ်လပ်မှုကိုမြတ်နိုးတယ်
အမှန်တရားကိုကိုးကွယ်တယ်..တစ်ခါတစ်
လေမှာအရိုင်းဆန်ပေမယ့်..မျက်နှာဖုံးစွပ်လူ
ယဉ်ကျေးတွေထက်တော့ အများကြီး..
အများကြီး.. ချစ်တတ်တယ်..
သူမအတွက်လည်း ဝတ္တုတစ်ပုဒ်ရပြီ..
=======================
ပြန်မင်္ဂလာဆောင်တာမဟုတ်ဘဲ..ခြောက်နှစ်
မြှောက်မင်္ဂလာနှစ်ပတ်လည်အဖြစ်ခမ်းခမ်းနားနားပွဲပြုလုပ်သည်။
"ကိုယ်တို့က မင်္ဂလာဆောင်ပြန်ဆောင်စရာ
မလိုပါဘူး..
ကွာမှမကွာရှင်းခဲ့တာ..ကွာရှင်းစာချုပ်မှာကိုယ်
လက်မှတ်မထိုးခဲ့ဘူး" 
ဟင်..ဘယ်လို သူဘောပင်ကောက်ကိုင်တာတော့
တွေ့လိုက်သည် ..ပြီးတော့ပျိုမျက်နှာလွှဲထားတာ.
"မင်းလည်း စာချုပ်ကိုလုံးဝဖွင့်မကြည့်ခဲ့ဘူး
မှတ်လား..''
ဟုတ်ပါတယ်..ပျို တစ်ခါမှဖွင့်မကြည့်ခဲ့ပါ..
"ရှင်က တော်တော်တတ်နိုင်တဲ့လူပဲ..''
"အဟွန်း.. မင်းကိုပြစရာရှိသေးတယ်.
လာ..''
ပျို့ ကိုမျက်စိအုပ်ပြီးခေါ်သွားသည်။
"ရပြီ..''
ဟင်...
သူဖုံးအုပ်ထားတဲ့ပန်းချီကားပဲ..
ပျို..ပျို့ပုံပဲ.. မြင်းကိုလက်နဲ့ကိုင်ကြည့်ချင်နေတဲ့ကောင်မလေးနဲ့သူ့မြင်းအညိုရောင်ကြီး။
"ဒါကိုယ်၁၄နှစ်သားကဆွဲခဲ့တာ..''
ကလေးလက်ရာဆိုပေမယ့်..ပီပီပြင်ပြင်ပါပဲ။
ပျိုအဲ့နေ့ကဝတ်စားထားတဲ့အတိုင်းဆံပင်
ရှည်တွေလွင့်နေကာ..မျက်ဝန်းမှာစပ်စုချင်
သောအရိပ်အယောင်တွေနဲ့..
"ဒါ..က ဘယ်လိုလုပ်..''
အောက်မှာသူ့လက်ရေးနဲ့စာတန်းထိုးထား
သည်။
#ငါ့သတိုးသမီး.. တဲ့
"ကိုယ် မင်းကိုမင်္ဂလာလက်ဆောင်အဖြစ်ပြန်
ပေးမယ်..လိုချင်လား...''
"ကျေးဇူးတင်ပါတယ်..ကျေးဇူးတင်ပါတယ်..''
"ဟာ ဘာလို့ငိုတာလဲ..''
"ပျော်လို့ပါ..''
ကိုယ်ချစ်တဲ့လူဆီကနေ တစ်သက်စာချစ်ခြင်း
တစ်ဆင်စာကိုသူမတစ်ယောက်ထဲအပိုင်ရခဲ့တာ..
မပျော်ပဲနေပါ့မလား.. ။
>>>>>>>>>>>
ဒုတိယအကြိမ်ဟန်းနီးမွန်းအဖြစ်ကမ်းခြေကိုခရီး
ထွက်လာကြသည်။ သားသားကအဖိုးအဖွားတွေနဲ့
နေခဲ့တာမို့နှစ်ယောက်ထဲလွတ်လွတ်လပ်လပ်...
ပင်လယ်နားကဘန်ဂလိုတစ်ခုမှာ..
လှိုင်းသံတ၀ုန်းဝုန်းနဲ့ရေပြင်ပေါ်ဖျာကျနေတဲ့လရော
င်ကြောင့်ပင်လယ်ပြင်ဟာငွေရောင်ကောဇောခင်း
ထားသလိုတဖိတ်ဖိတ်လက်နေပါသည်။
ပျိုက၀ရန်တာမှာထွက်ပြီးအပြင်ကိုငေးနေသည်။
ရေချိုးခန်းထဲကထွက်လာတဲ့ခြင်းက၀ိုင်တစ်ခွက်
လက်မှာကိုင်ပြီးသူမအနားလျှောက်လာပါသည်။
ဒါပေမယ့်ပျိုမသိချေ။
ခြင်းက ၀ိုင်ခွက်ကိုဝရန်တာလက်ရန်းပေါ်တင်လိုက်
ပြီး..ပျို့ခါးလေးကိုနောက်ကနေသိုင်းဖက်လိုက်
သည်။
" ဘာတွေတွေးနေတာလဲ..." 
" ရှင့်အကြောင်း.." 
" အဟက်...ကိုယ့်ကိုဟုတ်လား..." 
" အင်းလေ..ရှင်ကျွန်မကို အဲ့လိုချစ်ခဲ့တယ်ဆိုရင်
ဘာလို့ရည်းစားတွေအများကြီးထားခဲ့သေးလဲလို့." 
" ဟာကွာ..အချစ်ကအချစ်၊ ရည်းစားကရည်းစားပဲ
ဘာဆိုင်လဲ...
ကိုယ့်မှာရည်းစားများပေမယ့်..ဘယ်တစ်ဦးတစ်
ယောက်နဲ့မှအမှတ်တရဆိုတာမျိုးမဖန်တီးဘူးဘူး!
မင်းကိုကိုယ်ချစ်ခဲ့တာ ဒီမှာသက်သေနဲ့အထောက်
အထားနဲ့နော်...
ဒါတောင်မင်းကမယုံဘူးလား..." 
" ယုံပြီးမှနောင်တမရချင်လို့ပေါ့...ရှင်အရင်က
ကျွန်မအပေါ်အရိုင်းဆန်ခဲ့တာတွေကလည်းရှိသေး
တော့..." 
" ဟား ဒီမှာပျို..
ငါ့ရင်ခွင်ကရိုင်းချင်ရိုင်းမယ်..
ငါ့အချစ်က သမိုင်းဆန်တယ်ဆိုတာ.မင်းသိသင့်တယ်...
အင်းလေ မင်းကတုံးတော့ဘယ်သိနိုင်ပါ့မလဲ.." 
ဟွန့်..သူပဲလူလည်ကြီးသားသမီး...
"တော်ပြီကွာ..ဟန်းနီးမွန်းထွက်လာတာမင်းနဲ့
ဒီထက်ပြေလည်ချင်လို့...မင်းလည်းမဟုတ်တာ
တွေလျှောက်တွေးပြီး ပြသနာမရှာကြေး..." 
" လူကိုတုံးတယ်လို့စပြောတာဘယ်သူလဲ..." 
" တော်ပါပြီဆိုကွာ..." 
ပျို့နားသယ်စပ်လေးကိုတိုးဖွနမ်းကာ..
"ဟိုမှာကြည့် လရောင်ကပင်လယ်ကိုဆမ်းနေတာ
တွေ့လား..." 
" အဲ့တော့..." 
" မင်းကိုယ့်ကို မနမ်းချင်ဘူးလား..." 
ခြင်းကစပြီးကြယ်စင်ကြွေအနမ်းများဝေဖြာနေစဉ်..
" ရှင်နော်အပြင်ကြီးမှာမရှက်ဘူးလား.." 
" ဘယ်သူမှမရှိပါဘူးကွာ..."
"ဟိုမှာလေ လမင်းကြီး..." 
"ကြည့် ကြည့်ကွာ ..သူကfaပဲ
ကိုယ်တို့ကိုအားကျနေမှာပေါ့..." 
" ကဲပါ မင်းလုပ်တာနဲ့အစကပြန်နမ်းရတော့မယ်" 
အို! 
ဒီစက္ကန့်မိနစ်လေးကနေစပြီး နောင်သံသရာအစဉ်
အဆက်ထိတိုင်..ဒီရင်ခွင်ဟာသူမတစ်ယောက်ထဲ
သာကွန်းခိုရာ..။
                  ပြီးပါပြီ...
          အချစ်စစ်၊အချစ်မှန်နဲ့သာဆုံစည်းနိုင်ပါစေ။
                     Online writterကကြိုးသျှင်
Date 2018
Continue Reading
You'll Also Like
377K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
175K 5.1K 44
မှတ်တမ်းရင့်+ရွှေပုံကမ္ဘာ
2.9K 112 7
I think ,love is life.