ရင်ခွင်ရိုင်း.. 💘..၁၆
ခြင်းကို..အားချင်းဆေးရုံပို့ဖို့ကြိုးစားကြသည်။သူမဆေးရုံကားပေါ်တတ်လိုက်ရန်အပြုမှာ..
"လူနာနဲ့ဘာတော်လဲ..''
"ကျွန်မ ..ကျွန်မခင်ပွန်းပါ...''
..
ခြင်းကိုသူမပြောတဲ့အတိုင်း သူ့အမေရှိတဲ့
SSC သို့ပို့ပေးကြသည်။
ဆရာဝန်မကြီးပင်ဖြစ်သော်ငြားလဲ..သက်လျာ
မှာ သားဖြစ်သူကိုသွေးသံရဲရဲနဲ့မြင်ရသောအခါ..
"အမလေး.. သားလေး..
ဘယ်လိုဖြစ်တာလဲ..''
နေရာမှာပင်သတိလစ်မတတ်ဖြစ်သွားသည်။
"သမီးလေး သား သား ဘယ်လိုဖြစ်ရတာလဲ..''
ခြင်းရဲ့ခေါင်းကဒဏ်ရာကပြင်းပြီး သွေးထွက်
လွန်နေသည်။
အရာအားလုံး ဘုရားသခင် စီမံတဲ့အတိုင်းပါ..
ပဲ..
ဆုတောင်းယုံမှအပ..သူမတို့ကျန်တာမတတ်နိုင်ခဲ့ပါ..
အရေးပေါ်ခန်းထဲဝင်နေရတဲ့ခြင်း
ဒုဆေးရုံအုပ်ရဲ့သားမို့..ဦးနှောက်နဲ့ အာရုံကြော
အထူးကုတွေ.. ခွဲစိတ်ပါရဂူတွေ..အပြေးအလွှားဝင်လိုက် ထွက်လိုက်ရှုပ်ယှက်ခတ်နေပါသည်။
"ဒါကလူနာရဲ့ ပစ္စည်းတွေပါ..''
နာစ့်တစ်ယောက်ထွက်လာပြီးပျို့လက်ထဲ
ထည့်ပေးခဲ့သည်။
ခြင်းရဲ့ သွေးစွန်းနေတဲ့အဝတ်အစားရယ်
နာရီရယ် မှန်ကွဲနေတဲ့ဖုန်းရယ်.. ပိုက်ဆံအိတ်
ရယ်..ပြီးတော့.. လက်ထပ်လက်စွပ်ရယ်..
သူလာစဉ်ကလက်မှာဝတ်ထားတာမတွေ့ပေ
မယ့်.. သူ့အကျီထဲမှာရှိနေခဲ့တာလား..
ပျို.. သူမလည်ပင်းကဆွဲကြိုးမှာချိတ်ထားတဲ့
လက်စွပ်ကွင်းလေးအား စမ်းကြည့်မိသည်။
တမင်တကာလား...တိုက်ဆိုင်တာလားမသိ
ပေမယ့်..ရင်အစုံသည်ဟိုးတုန်းကအတိုင်း..
အရေးပေါ်ခန်းရှေ့မှာသူမနဲ့သားလေး ငုတ်
တုပ်ထိုင်စောင့်နေသည်။ ယောက္ခမဖြစ်သူ
ဦးမောင်က ထွက်လာတဲ့ဆရာဝန်တိုင်းကို
သားလုပ်သူအကြောင်းလိုက်မေးရတာအမော..
ဘယ်သူမှတိကျတဲ့ အဖြေမျိုးမပေးနိုင်ပါ..
မေမေသက်ကတော့ထွက်ကိုမလာခဲ့..
ဆေးရုံရောက်သည့်အချိန်မှစ၍ တစ်နေ့လုံး
တစ်ညလုံး ခြင်းကိုအသက်လုနေရသည်။
"သားသား အရုပ်မယူတော့ဘူးလို့ဖေဖေ့ကို
ပြောလိုက်ပါ.. သားသားကိုစိတ်မဆိုးပါနဲ့.
သားသားနောက်မပူဆာတော့ပါဘူး..
ဖိုးဖိုး သားသားဖေဖေကိုတွေ့ချင်တယ်..''
"မြေးအဖေ နေကောင်းလာရင်တွေ့ရမှာပေါ့
မြေးလေးရယ်.. ''
ပျို..သားငိုနေမှန်းသိပေမယ့် ချော့ဖို့လည်း
သတိမရဘူး..
"ခဏလေးပါပျို..ငါဒါလေးပေးပြီးရင်ပြန်မှာပါ
...''
ဟုတ်တယ်..သူကဒီအရုပ်ကလေးပေးပြီးရင်
ပြန်မှာ..ဘာလို့သူမအတ္တကြီးပြီး နှင်ထုတ်ခဲ့
သလဲ.. ခဏလေးကို..ဒီတိုင်းတွေ့ခွင့်ပေးလိုက်လည်း ရသားနဲ့.
ပျို တစ်ကိုယ်ကောင်းဆန်တာ.. ပျို ဘာမဟုတ်တာအတွက် သဘောထားသေးသိမ်မိတာ.. သူ... သူအခုလိုဖြစ်ရတာပျို့ကြောင့်...ပျိုကတရားခံ။
မနက်လင်းမှဒေါ်သက်လျာထွက်လာသည်။
လူက ခပ်ယဲ့ယဲ့သာကျန်တော့သလို.. သား
များ နှလုံးခုန်ရပ်ရင်.. သူမအသက်လည်း
အာမခံနိုင်မည်မဟုတ်ပါ
"ကိုမောင်ရေ.. ကျွန်မသားလေးက ကံကြီး
ထိုက်တာလား.. ကျွန်မသူ့ကိုပြောခဲ့ဆိုခဲ့တာ
တွေက စိတ်ထဲရှိလို့မဟုတ်ပါဘူး..
သားသာ တစ်ခုခုဖြစ်ရင်ကျွန်မအသက်ရှင်
နိုင်မှာမဟုတ်ဘူး..''.
"သက်.. မြေးလေးကကြည့်နေတယ်လေ
မင်းစိတ်ထိန်းအုံးမှပေါ့..''
"မြေးလေး.. ဒီလောက်ချစ်စရာကောင်းတဲ့
မြေးလေးကိုတော့ မင်းအဖေကထားမသွား
လောက်ပါဘူးနော်..''
ပြောကာမှ ပိုဆိုးနေသည်။
ယောက်ျားကြီးဖြစ်တဲ့ဦးမောင်ကတော့ မငိုပေမယ့်မေးကြောတွေထောင်နေအောင် အံ့တင်းတင်းကြိတ်ထားသည်။
အဆင့်ဆင့်ခွဲစိတ်မှုတွေပြုပြီး သူ့ကိုစောင့်
ကြည့်နေရသည်။ ခွဲစိတ်မှုကအမှားအယွင်း
မရှိပေမယ့်
ဆေးပညာအရတော့ သတိပြန်မလည်လာမချင်းစိတ်မချရဘူးဟုဆိုသညိ။
လူကြီးနဲ့ ကလေးကိုတော့ပင်ပန်းပြီးလဲမှာစိုး
လို့အိမ်ပြန်ခိုင်းလိုက်သည်။ ပျိုကတော့နှစ်ရက်တိတိအရေးပေါ်ခန်းရှေ့မှာပဲ ငုတ်တုပ်
.. ခြင်းကိုအခုထိဝင်တွေ့လို့မရပါ..
ဝင်လို့ရတဲ့ မေမေသက်သာလျှင်တစ်ခါဝင်
ပြီးပြန်ထွက်လာတိုင်း မျက်ရည်တစ်စမ်းစမ်း
နဲ့..
ပျို ဒီနေ့လည်းအိမ်ပြန်မအိပ်နိုင်ပါ..ပရိတ်ကြီး
၁၁သုတ်နဲ့.. ပဌာန်းကိုပဲ ညလုံးပေါက်ထိုင်
ရွတ်ကာမိုးလင်းသွားခဲ့သည်။
သူမမျက်နှာသွားသစ်ပြီးပြန်အလာ စင်္ကြလမ်း
မှာ.. ဆေးဝန်ထမ်းနှစ်ယောက်က အပြာရောင်
ပိတ်စဖုံးအုပ်ထားတဲ့လူနာကိုသယ်ထုတ်
လာသည်။ သေဆုံးလူနာ..
ဟင်
ပျို အနားရောက်အောင်အမြန်ပြေးကာ ပိတ်စကိုဆွဲလှန်ကြည့်ဖို့လက်ကကိုင်ပြီးမှ..
တုန်ယင်နေကာလှန်မကြည့်ရဲလို့...
"ခြင်း.. ခြင်း..မဟုတ်ပါဘူးနော်..''
"အမျိုးသမီး တစ်ယောက်ပါ..''
ဆေးဝန်ထမ်းကအသိပေးတော့မှ..
ပျို အသက်ရူနိုင်တော့သည်။ မျက်ရည်တွေ
လည်းစီးကျလာသည်။ ပိတ်စကိုပြန်လွှတ်ပေးလိုက်ကာ..
"တောင်းပန်ပါတယ်ရှင်''
............
မနက်ဝေလီဝေလင်းပဲရှိသေးတာမို့ ပျိုနဲ့အတူ
လာစောင့်ပေးတဲ့အထွေးကတော့..ခွေပြီးအိပ်
နေတုန်းပင်
အတွင်းခန်းထဲကနာစ့်မလေးပြေးထွက်သွား
တာ.. ဘာများဖြစ်လို့လဲ....
.ပျိုဘာများဖြစ်လို့လဲသိချင်၍လိုက်ကြည့်သည်။နောက်တော့ တာဝန်ကြဆရာဝန်ရယ်..သူနာပြုတွေအုပ်စုလိုက်ကြီး ပြန်ဝင်သွားသည်။ တစ်ခုခုတော့ဖြစ်နေတာသေချာပြီ...
ပြန်ထွက်လာတဲ့သူနာပြုတစ်ယောက်ကိုပျို
အတင်းလိုက်မေးပါသည်။
"ဆရာမ အထဲမှာဘာဖြစ်လို့လဲဟင်..''
"လူ လူနာမရှိတော့ဘူး..''
"ရှင်..ဘယ်လူနာလဲ..''
"ဆေးရုံအုပ်ရဲ့သားလေ..''
ဘုရားရေ..ခြင်း..
မေမေတို့လည်းအားချင်းရောက်လာသည်။
ခြင်းကိုအရေးပေါ်ခန်းထဲမှာစောင့်ရတဲ့ စပါယ်
ရှယ်နာစ့်အား..
"မင်း ဂျူတီမဟုတ်လား..
ဘယ်လိုလုပ်သတိလစ်နေတဲ့ လူနာကနေရာ
မှာမရှိရတာလဲ..''
"ကျွန်မ ခနငိုက်သွားမိတာ..နိုးတော့လူနာမရှိ
တော့ဘူး..ခနပါပဲ..ကျွန်မတကယ်ခနလေးပဲ''
ဒါဆိုခြင်းကအခုဘယ်ရောက်သွားတာလဲ..
"ပျိုလည်းအခန်းရှေ့တစိချိန်လုံးရှိနေတာပါ
ခြင်းမထွက်လာပါဘူး..
ပျို မျက်နှာသွားသစ်တာ ခနပဲ..နေရာကရွေ့တာ..''
ခြင်းများ သတိရပြီးထထွက်သွားလား..
ဆေးရုံတစ်ခုလုံး နေရာအနှံ့အပြင်
ဆေးရုံရဲ့ cctvကနေ ခြင်းအပြင်ထွက်သွား
လား.စစ်ဆေးနေသည်။ ခြင်းနဲ့တူတာပင်
မတွေ့ရ..
ဒါဆို ကုတင်ပေါ်မှာလှဲနေတဲ့ခြင်းက အရေ
ပျော်သွားလား.. အငွေ့ပျံသွားလား...
သူမတို့မှာတစ်ပူပေါ် နှစ်ပူဆင့်ရပြန်ပြီ...
=================-=========
"ဘာလို့ သူအခုထိသတိမရတာလဲ.
ရှင်ပဲ သူ့ကိုကယ်နိုင်တယ်ဆို..''
"လူနာက ခေါင်းကိုပြင်းပြင်းထန်ထန်ထိထား
တာ..နောက်ထပ်နဲနဲစောင့်ကြည့်ပြီး..''
"မရဘူး.. မစောင့်နိုင်ဘူး..သူ့ကိုသတိရအောင်
လုပ်ပေး..ဘယ်လိုနည်းပဲသုံးရသုံးရ..
တမလွန်ရောက်နေရင်တောင် ရအောင်ပြန်
ခေါ်ပေး..
ကန်ဒေါ်လာ$ငါးသောင်းဆို ရှင့်မိန်းမနဲ့ကလေးကိုပြန်ခေါ်လို့ရပြီဆို..
ပေးမယ်အဲ့ထက်မကလည်းပေးနိုင်တယ်..
အကယ်၍ သူသာတစ်ခုခုဖြစ်ခဲ့မယ်ဆို ရှင်
လည်းဒီနိုင်ငံကအသက်ရှင်လျှက်ပြန်ထွက်
နိုင်မည် မထင်နဲ့..''
ဒီမိန်းကလေးရူးနေပြီဟုထင်ရသည်။ ဆေးရုံ
ကလူနာကိုပြန်ပေးဆွဲလာသည်။ သူ့ကိုလည်း
ခြိမ်းခြောက်ပြီး ကယ်ခိုင်းသည်။
သူကလိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်တစ်
ယောက်ပါ..
"အိုကေ.. ခင်ဗျား စိတ်ကိုလျော့ထားပါ..''
ကိုကို တစ်ယောက်လုံးသေရေးရှင်ရေးကို
ကျွန်မဘယ်လိုနည်းနဲ့စိတ်လျော့ရမလဲ..
သူမက.. အချစ်ဦး..ပင်တည်း..
ကိုကို..mallထဲမှာအရုပ်ဝယ်နေကတည်းက
သူမတွေ့ကာ..သူ့ကားနောက်ကိုလိုက်လာခဲ့
သည်။ အခုလိုမျိုး ကိုကိုမသိအောင်နောက်
ကလျှောက်လိုက်တတ်တာ..ဟိုးအရင်ကတည်းက..
ကိုကိုကကားရပ်ခဲ့ပြီးသူ့သားဆီအရုပ်သွား
ပေးဖို့ထင်သည်။ ဟိုမိန်းမနဲ့တွေ့ပြီးစကားရပ်
ပြောနေသည်။ ဟိုမိန်းမဘာတွေပြောလိုက်လည်းမသိခေါင်းငိုက်ကြပြီးပြန်
လှည့်ထွက်လာသည်။
ပြီးတော့..ကိုကို့က သားကိုကယ်ဖို့လုပ်ရင်း
သူ့ခန္တာကိုယ်လွင့်စင်သွားခဲ့တာ သူမမျက်စိ
ရှေ့မှာတင်..
ဒါတောင်ဆေးရုံမှာ..အိန္ဒြေတစ်ခွဲသားနဲ့ ကိုကို့
မိန်းမနေရာကနေဟန်ဆောင်နေသေးတယ်..
ရွံစရာကောင်းတဲ့ မိန်းမ..
သူ့ကြောင့် ကိုကိုဒီလို့ဖြစ်တာ.. ဘယ်သူမှ
မသိရင်တောင်အချစ်သိတယ်..
မေ့မြောနေတဲ့သူ့ကိုကြည့်ကာ..
"ကိုကို.. ရှင်သိပ်ချစ်တဲ့မိန်းမကြောင့်..
ရှင်အခုလိုဖြစ်ရတာ..
ရှင့်ကိုနောက်ထပ်..အဲ့မိန်းမဆီသွားခွင့်မပြုဘူး.. ဘယ်လိုနည်းပဲသုံးရသုံးရအချစ်
ရအောင်တားမှာ..သိလား..''
ဘယ်လောက်ပဲကုန်ပါစေ..ဘာတွေပဲပေးဆပ်ရပါစေ..အချစ် ဒီတစ်ခါရှင့်ကို သူများဆီအပါမခံတော့
ဘူး.. ကိုကို..
>>>>>>>>>>
ခြင်းကို သူ့အိမ်ကလူပျောက်ကြော်ငြာထည့်
ပြီး ရှိသမျှဆေးရုံဆေးခန်းမချန်မြေလှန်ရှာ
နေသည်။
အချစ်ကအဲ့လောက်တုံးတယ်ထင်လား..
သူ့ကို ဆေးဝါးကိရိယာအပြည့်အစုံနဲ့သူမ
အပိုင်တိုက်ခန်းထဲမှာပဲ. ကုသနေတာ..
"ဒေါက်တာ..ကိုကို့ကိုကြည့်ပါအုံး..
ထူးဆန်းနေတယ်..''
ဂျေး.. ခြင်းရဲ့မျက်ဝန်းသူငယ်အိမ်ကိုစမ်းသပ်
ပြီးတဲ့နောက်..
"သူသတိရနေပြီ..''
"တကယ်လား..ကိုကို.. ကိုကို..''
"မလောပါနဲ့..ဖြေးဖြေးချင်းမှ အားယူပြီး မျက်လုံးဖွင့်ပါစေ.. အလင်းရောင်ကိုသူမခံနိုင်သေးဘူး..''
တစ်နာရီလောက်စောင့်ခဲ့ပြီးမှ..ခြင်းမျက်ဝန်း
ပွင့်လာသည်။
"ကိုကို.. နိုးပြီလား..အချစ်ကိုမြင်ရလား..''
ခြင်းက သူကို ကြောင်တောင်တောင်နဲ့ကြည့်
နေသည်။
"ကိုကို.. အချစ်လေ..အချစ်ကိုမသိဘူးလား..''
သူတစ်ခါခုကိုစဉ်းစားနေဟန်နဲ့..
ပြီးတော့ ခေါင်းကိုကိုင်ကာအားခနဲအော်
သည်။
"ကိုကို ကိုကို သတိထားပါအုံး.. .''
"ဒေါက်တာ ကြည့်ပါအုံး..''
ဒေါက်တာဂျေးက ခြင်းကိုဆေးသွင်းဖို့လုပ်
နေသည်။
"သူ့ကိုပြန်အိပ်ပျော်သွားအောင်မလုပ်နဲ့.''
အချစ်ဦးကအသွင်းမခံ..
" ဆေးသွင်းမှ သူနာကျင်တာသက်သာမှာ..''
သူ့ကိုနာကျင်နေတာကိုလည်း မကြည့်ရက်နိုင်
ပြန်ဘူး..
....
"ကိုကို. အချစ်ကိုမမှတ်မိသလိုပဲ..သူဘာဖြစ်
တာလဲ..''
"လူနာက ဦးခေါင်းပြင်းပြင်းထန်ထန်ထိထား
တာကြောင့် နောက်ဆက်တွဲဆိုးကျိူးတွေ
ခံစားရနိုင်ပါတယ်..''
"ဘာဖြစ်နိုင်လဲ..ကိုကိုကဘာဖြစ်တာလဲ
အတိတ်မေ့နိုင်တာလား..ဘာမှမမှတ်မိနိုင်
တော့ဘူးလား..''
"အခု လူနာကိုကြည့်ရတာ အဲ့လိုအခြေအနေ
ပါပဲ...''
.....
ဟုတ်ပါတယ်..ကိုကိုကသူမဘာပြောပြော
ခေါင်းခါသည်။ အစကစကားတောင်မပြော
နိုင်တော့ဘူးထင်နေတာ..
ရက်နဲနဲကြာမှ..
"မင်း..မင်းကဘယ်သူလဲ..''လို့ မေးမှအချစ်
စိတ်ချနိုင်တော့သည်။
"ကိုကိုရဲ့ ဇနီးလေ..မမှတ်မိဘူးလား..''
"ငါကိုယ်ငါတောင်ဘယ်သူမှန်းမသိဘူး..
ဘာမှစဉ်းစားလို့မရဘူး..ငါ့ဦးနှောက်ထဲ
ဗလာကြီးလိုပဲ..''
"မရရင်လည်း အတင်းမစဉ်းစားပါနဲ့.. ကိုကို
ကျန်းမာဖို့ကအရေးကြီးပါတယ်...
အချစ်နဲ့ ကိုကိုက ဇနီးမောင်နှံဖြစ်ပြီး...သိပ်
ချစ်ကြတာလေ.. ရုတ်တရက်ကိုကို ကားတိုက်
ခံရလို့ သတိလစ်နေခဲ့တာ..
အချစ် ဘယ်လောက်စိတ်ပူခဲ့လဲသိလား..
ပြန်နိုးပေးတာကျေးဇူးပါပဲကိုကို
အများကြီး မစဉ်းစားပါနဲ့.. ခေါင်းမခံမရပ်နိုင်
အောင်ကိုက်လိမ့်မယ်..
ဘာမှမမှတ်မိလည်း..ရတယ်..
အချစ် ကိုကို့ကိုသိပ်ချစ်တယ်...ဒါပဲမှတ်ထား
ပေးပါ..''
သူ့ကိုပလီလိုက်သည်။
ဟုတ်တယ်..ကိုကို..မစဉ်းစားနဲ့..ရှင်ဒီလိုအတိတ်မေ့သွားတာ အချစ်အတွက်တော့ ဘုရားသခင်ကကူညီတာပဲ.
ရှင့်ကိုအဲ့မိန်းမဆီပြန်မပို့ပေးနိုင်ဘူး...
"ဒေါက်တာ.. ဘယ်လိုလုပ်ရင်သူသတိရလာ
မှာလဲ..''
"ဒါတော့ အတိအကျမပြောနိုင်ဘူး.
ဆေးပညာလောကမှာတောင်
ဖြစ်ရပ်ဆန်းတွေအများကြီးရှိတာ..
တစ်ချို့ကပြန်မှတ်မိပြီး တစ်ချို့ကသေတဲ့
အထိမမှတ်မိနိုင်တာလည်းရှိတယ်..
သူ အက်စီးဒင့်ဖြစ်ခဲ့တဲ့ နေရာ.. အဲ့လိုအခြေ
အနေပုံစံမျိုး.. ပြီးတော့ သူအမှတ်တရရှိတဲ့
နေရာမျိုး.. မကြာခနသွားပြီး..
သူ့ကိုနဲနဲဆီစဉ်းစားခိုင်းရင် မှတ်ဉာဏ်တစ်ချို့
ပြန်ရနိုင်ပါတယ်..''
အဲ့ဒါဆို အဲ့လိုနေရာမျိုးတွေ...အဲ့လိုအဖြစ်အပျက်မျိုးတွေကို သူမမြင်အောင်လုပ်နိုင်ရင်
သူဘယ်တော့မှ သတိမရနိုင်တော့ဘူးပေါ့..
ဟွန့်.. အချစ်ရဲ့ ခင်ပွန်းပဲလုပ်ပါကိုကို..
==========-========-=======
ပျောက်သောသူရှာရင်တွေ့တဲ့.. ခြေရာ
မကျန်ပျောက်နေတဲ့လူတစ်ယောက်ကို
ခြေရာကောက်ပြီး ရှာလို့လည်းမရ..
လွတ်လပ်ခြင်း.. ရှင်ဒီလောကထဲမှာကော
ရှိသေးရဲ့လား..
အခုတလော..အိမ်မက်မက်တိုင်း ရှင်ကကျွန်မ
ကိုကျောခိုင်းပြီး ဝေးရာကိုထွက်သွားတယ်တဲ့
. . .နိုးလာရင်ပျို့မှာမျက်ရည်လည်ရွဲနဲ့..
အပြစ်တင်ချင်ရင်လည်း..ရှင်ပြန်လာပါ..
တောင်းပန်ခံချင်ရင်လည်း..ရှင်ပြန်လာပါ..
ရှင်ရှိမှ..ရှင့်ကိုတွေ့မှ.. ကျွန်မဒါတွေလုပ်နိုင်မှာ
မို့လေ...
ခြင်းပျောက်သွားခဲ့တာ၂လပင်ရှိပြီ..
သူနိုးလာပြီး အရင်လိုပဲတစ်နေရာကိုတမင်
တကာထွက်သွားတာလား...
သားလေးလည်းသူ့အဖေကသူ့ကိုကယ်ရင်း
ဒီလိုဖြစ်တာလို့ တွေးနေတဲ့ပုံပဲ..
အရင်လိုပျော်ရွှင်တတ်ကြွတဲ့ကလေးငယ်လေးမဟုတ်တော့ဘူး.. တမှိုင်မှိုင်တတွေတွေနဲ့
အမြဲတမ်းသူ့အဖေအကြောင်း စဉ်းစားနေတတ်သည်။
အဲ့ကျောင်းမှာလည်းမတတ်ချင်ဘူးဟုဆို
သဖြင့် နှစ်ဝက်နေမှတခြားကျောင်းသို့ပြောင်း
ရွေ့ခဲ့ရသည်။
သူ့မိဘတွေလည်း စိတ်ထိခိုက်လွန်းပြီး တစ်
ယောက်တစ်လှည့်စီ ဘုန်းဘုန်းလဲနေတာ
ကြောင့်..ပျို့မှာလည်းသွားသွားပြီးပြုစုပေး
နေရသည်။
ပျို့ကိုမြင်တိုင်းလည်း မေမေကချုံးပွဲချငိုသည်။
"သားလေး ကလေ..''ဟုအစချီပြီး ငိုချင်းရှည်
ချတတ်သည်။ ပျို သေချင်မိသည်။
သားသာမရှိရင် အဆုံးစီရင်မိမလား..မသိ..
ပျို့ကြောင့်ပါ မေမေရယ်..မေ့မေ့ရဲ့သားအခု
လိုဖြစ်ရတာ..ပျိုဆိုတဲ့ မကောင်းတဲ့မိန်းကလေးကြောင့်ပါ..
ဒီနေ့တော့သားလည်းကျောင်းသွားလို့အိမ်မှာမရှိဘူး..
အမေတို့အိမ်လည်းတစ်နေ့လောက်မသွားချင်တာကြောင့်
ပျို ကုတင်ပေါ်မှာခွေခွေလေးလှဲနေသည်။
ပျို့မှာလည်း အရိုးပေါ်အရည်တင်အောင်ပိန်လှီ
နေပါပြီ..
"မမလေး..မမလေးရေ.. လာကြည့်ပါအုံး..''
အောက်ထပ်ကလုံလုံ အထိတ်တလန့်အော်
သံကြောင့်ဘာများဖြစ်သလဲ.. ပျို ဒုန်းစိုင်း
ပြေးဆင်းလာသည်။
ဟင် အိမ်အဝင်မှာ မတ်တပ်ရပ်နေတဲ့
အမျိုးသမီးတစ်ယောက်..
ပျို.. အနားသွားပြီးသူမမျက်နှာကိုထိကိုင်
ကြည့်ကာ..
"နင် နင် နွဲ့ယိမ်း...နွဲ့ယိမ်း..ဟုတ်ပါတယ်နော်..''
"ဟုတ်တယ်လေ ပျို..ငါ နွဲ့ယိမ်း..လေနင့်ရဲ့
နွဲ့ယိမ်း.''
အမလေး..နေ့ခင်းကြောင်တောင်ကြီးသရဲ
လာခြောက်တယ်ထင်ပြီး လုံလုံကဆိုဖာနောက်ထဲဝင်ပုန်းနေသည်။
"နွဲ့ယိမ်း..တကယ်ပဲနင်ပါနော်..နင်အစစ်ပါနော်..''
"ငါအစစ်ပါပျို..''
"ဒါဆိုနင်မသေဘူး..နင်အသက်ရှင်နေတယ်.
နင်တကယ်အသက်ရှင်နေတယ်..
ငါ့ဆီပြန်လာတယ်..''
အိပ်မက်လား တကယ်လားမဝေခွဲနိုင်စွာ
နွဲ့ယိမ်းပိုဖက်ပြီးငိုနေမိသည်။
"ပျို...''
ဘယ်လောက်ကြာမှန်းမသိဖက်ငိုပြီးမှ..ပြန်ကြည့်မိသည်။ နွဲ့ယိမ်းမျက်နှာကအရင်လို
မဟုတ်ပဲ နဲနဲတော့ပြောင်းလဲနေသည်။
"နင်ဘယ်လိုဖြစ်တာလဲ.. နင်ဘာတွေဖြစ်ခဲ့လဲ..''
"နင်သိရမှာပါပျို..အဲ့ဒါတွေပြောဖို့လည်း ငါ
ပြန်လာတာပါ...''
အဲ့တော့မှဆိုဖာပေါ်နှစ်ယောက်ထိုင်ကာ..
"ဒီလိုဟ..***
သူမ အောင်ချိမ်းဆီမှာစော်ကားခံရမလိုဖြစ်
တာတွေကိုပြောပြသည်။ နော်ဖောကြောင့်
လွတ်လာခဲ့ပေမယ့်..
ငါ့နောက်ကနေ သူတို့လိုက်လာသည်။
ငါလည်းလူယုတ်မာတွေလက်ထဲမသေချင်တာကြောင့် ဆိုင်ကယ်ကိုအသားကုန်မောင်းပြေးတာ.. တောင်ကွေ့လမ်းမှာ အရှိန်မထိန်းနိုင်ပဲ..ချောက်ကမ်းပါးထဲထိုးကြသွားတာ..
ဆိုင်ကယ်ကတခြား..လူကတခြားပဲပျို။
အဲ့မှာငါ့ဆိုင်ကယ်ကမီးလောင်သွားတယ်လေ.
ငါက ကံကောင်းလို့ဆူးခြုံပေါ်တင်ကျန်နေခဲ့တာ..
ဒါပေမယ့်တစ်ကိုယ်လုံးဆူးခြစ်ရာတွေနဲ့ ရုပ်
ပျက်ဆင်းပျက်ပဲ..
ငါ့ကို အောင်ချိမ်းလူတွေကသေမသေ
အတည်ပြုဖို့လိုက်ရှာကြတယ်..ငါကအားလုံးကိုမြင်
ရတော့ပုန်းနေခဲ့တယ်..သူတို့ထွက်သွား
တော့မှငါပြေးနိုင်သလောက်ပြေးလာခဲ့တာ..''
အဲ့နေ့က... မနက်ဝေလီဝေလင်းအချိန်မှာဖြတ်
လာတဲ့ ကားတစ်စီးကို သူမလှမ်းတားခဲ့သည်။
ကားသမားကရပ်ပေးလိုက်ပြီးမှ..
"မိန်းကလေး..ဘယ်လဲ..
အား...သရဲ..''
ပြန်မောင်းပြေးဖို့လုပ်ပြီးမှ.. သူမကအကျီကို
လှမ်းဆွဲထားသည်။
"လွှတ် လွှတ်ပါ... အမေရေ..''
တော်တော်အကြောက်ကြီးတဲ့လူဖြစ်မည်..
"လွှတ်နော်..သရဲမ ငါဘုရားစာရွတ်လိုက်မှာ..
ဗု.. ဗုဒ္ဓံ ..သရဏံ..ဂစ္ဆာမိ...
ပြီးတော့.. ပြီးတော့..''
" ဓမ္မံ သရဏံ ဂစ္ဆာမိ...''
"ဟုတ်တယ်..အဲ့တာ..နောက်တော့..''
"သဃံ သရဏံ ဂစ္ဆာမိ..လေ..''
"ဟုတ်လား.. အား အမလေး.. သရဲမကဘုရား
စာတောင်ရွတ်ပြသေးတယ်..
ကယ်ကြပါအုံး.. ''
ဒီလောက်ကြောက်တတ်တဲ့လူမို့ နွဲ့ယိမ်း အကြံရပြီး..
သူ့ကားထဲကအချွန်တစ်ခုကိုလှမ်းယူကာ..
"တိတ်စမ်း..ငါကသရဲမဟုတ်သေးဘူး..
ဒါပေမယ့် နင်တော့သရဲဖြစ်သွားလိမ့်မယ်..,'
"ဘာ ဘာလိုချင်တာလဲ..ဓားပြလား..
ပိုက်ဆံဆိုရင်ပေးမယ်..ချမ်းသာပေးပါ..''
"မဟုတ်ဘူး..ငါ့ကိုရန်ကုန်ခေါ်သွားပေး..''
"ရန်ကုန်..ဟုတ်လား..''
"ဟုတ်တယ်..လမ်းမှာစိတ်ပြောင်းမယ်တော့
မကြံနဲ့နော်..ဒီမှာတွေ့လား..''
"အမလေး ဗျ..''
ရုပ်ကသရဲမရုပ်နဲ့.. သရဲဓားပြမတဲ့။
ထိုလူကိုအနုကြမ်းစီးပြီးရန်ကုန်သို့လိုက်လာ
ခဲ့သည်။
လမ်းကောကားကောကြောင့်.. ညမိုးချုပ်
လောက်မှရန်ကုန်ရောက်လာသည်။
"ဒီမှာ..ရောက်ပြီ..ခင်ဗျား ပြောတဲ့ရန်ကုန်
ဆင်းပါတော့ဗျာ..''
"ဖုန်းခနပေး..''
"ဟာ.. ဘာလုပ်အုံးမလို့လဲ..''
"ပေးဆိုပေး..''
....
ထိုလူ့ဆီကဖုန်းလုယူပြီး ပျို့ဆီဆက်ခဲ့သည်။
ဖုန်းဝင်သွားတာနဲ့..
"ပျို.. ပျို.. ငါ့ကိုကယ်ပါအုံး..
အောင်ချိမ်း အောင်ချိမ်းသေပြီ.. သူ့လူတွေ
ငါ့နောက်လိုက်လာတယ်..''
သူမထင်သလိုပျို မဟုတ်ပဲခြင်းဖြစ်နေကာ.
"နောက် သူ့ဆီမဆက်နဲ့..''
ဂွပ်..
ခြင်း..ဖုန်းချသွားတာကြောင့်သူမစိတ်ပျက်
လက်ပျက်ဖြစ်သွားသည်။
"ကဲ ခင်ဗျား ဆင်းလို့ရပြီလား. "
ကားသမားလေးကိုလည်း ထပ်ပြီးဒုက္ခမပေး
ချင်တော့လို့..သူမဆင်းလာခဲ့သည်။
"ကျေးဇူးတင်ပါတယ်..''
"အမလေး ..တော်သေးတာပေါ့..''
အဲ့အချိန်တုန်းကဘယ်သွားလို့ဘယ်လာရမှန်းမသိ.. ဒီတိုင်းလျှောက်သွားရင်လည်း သူမ
ကိုသရဲမလို့ ထင်ကြမည်..
ထို့နောက်.. ထွက်သွားတဲ့ကားကပြန်လှည့်
လာပြီး..
"ရော့ဒေါ်သရဲမ.. အဲ.. ဒီမှာ ခင်ဗျားဖုန်း..
ခင်ဗျားကိုခေါ်ပေးပါတဲ့..''
ခြင်းပဲ..ခြင်းကသူ့ဟန်းဖုန်းနဲ့သူမကိုပြန်ဆက်
သွယ်ပြီး သူထွက်လာနေပြီတဲ့..
"ငါအဲ့တုန်းက မစဉ်းစားမိဘူးပျို.. ငါအသက်
ရှင်နေရင် နင့်ဆီလာမယ်ဆိုတာ..သူတို့အတိ
အကျသိတယ်..
နင့်မှာပါ အန္တာရယ် ရှိသွားမှန်းငါမတွေးမိဘူး..
ခြင်းက ဒါကိုတွက်ပြီး နင့်ကိုဖယ်လိုက်တာ..
ပြီးတော့သူ့ငါ့ကိုလာကယ်သွားတယ်..''
ပျိုကသူမပြောတဲ့ ဇတ်လမ်းအစအဆုံးကို
မျက်လုံးအဝိုင်းသားနဲ့ပြူးကြည့်နေပြီးမှ..
"ဒါဆို နင်ဆုံးပြီဆိုတာကကော..ဘယ်လိုဖြစ်
တာလဲ..''
"ငါပျောက်သွားပြီးနောက်နေ့မှာပဲ..အဲ့ချောက်
နားမှာငါ့အရွယ်အမျိုးသမီးတစ်လောင်းပေါ်
လာတယ်.. ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာမို့
ဘယ်သူဘယ်ဝါမှန်းမသိနိုင်တော့ဘူး...
နယ်စပ်ဒေသဆိုတော့သိတဲ့အတိုင်းပဲ ပြသနာနဲနဲများတယ်ဟ... ရဲစခန်းကငါ့အိမ်
ကိုဆက်သွယ်လာတယ်..ငါ့အိမ်ကလူ
ပျောက်တိုင်ထားလို့လေ..
အောင်ချိမ်းရဲ့တပည့်တွေကိုလှည့်စားဖို့
အိမ်ကငါလို့အတည်ပြူပြီး အားချင်းသဂြိုလ်ပစ်လိုက်တယ်.. ပြီးတော့ငါဆုံးကြောင်း ကြောငြာပစ်လိုက်တာ.
အားလုံးကို ခြင်းကဒါရိုက်တာပဲ..သူစီစဉ်တာ
...ပြီးတော့ငါ့ကိုစင်ကာပူပို့ပေးပြီးဆေးကုပေးတယ်... ဒီမှာငါ့မျက်နှာကိုကြည့်ပါအုံး
ပလက်စတစ်ဆာရဂျီ အထပ်ထပ်လုပ်တာ
တောင် အရင်လိုပြန်မဖြစ်ဘူး..''
"နင် အသက်ရှင်နေမှန်းသူသိရက်နဲ့..ငါ့ကို
တစ်ခွန်းမပြောဘူး.. ဘယ်လိုလုပ်ဒီလိုလုပ်
နိုင်တာလဲ..''
"သူ့ကိုအပြစ်မတင်ပါနဲ့.. သူကနင့်ကိုလုံးဝမထိ
ခိုက်စေချင်တာလေ..
အောင်ချိမ်းလူတွေကငါသေပြီဆိုတာတောင်
မယုံဘူး.. ငါ့အိမ်နဲ့နင့်နားမှာစောင့်ကြည့်နေတာ...ငါကသူတို့လျှိဝှက်ချက်အများအပြား
ကို သိလာတယ်..ဒါကြောင့်ငါ့ကိုအလွတ်မပေးတာ..
ငါ့ကိုကယ်တဲ့ နော်ဖောလည်းအဲ့နေ့ကပဲ
ဆုံးသွားတယ်...
ဒီလူယုတ်မာအုပ်စုကို တရားဥပဒေလက်ထဲရောက်အောင် ကိုခြင်းကအချိန်အများကြီးယူခဲ့ရ
တယ်..
ပြီးခဲတဲ့ လကမှ နောက်ဆုံးကျန်နေတဲ့တစ်
ယောက်ကိုဖမ်းမိသွားတာဟ..
ပျိုရယ် ကိုခြင်းကလေ..
နင့်အပြင်ငါ့ကိုပါကာကွယ်ဖို့ နင်နဲ့လမ်းခွဲရတာ
တောင် သူကဘာတစ်ခွန်းမှထုတ်မပြောခဲ့တာသိလား...
ငါ့အတွက်တော့သူကအသက်သခင်ထာဝရကျေးဇူးရှင်ပါပဲ..''
ပျို မယုံနိုင်တော့ဘူး.. နွဲ့ယိမ်းကိုယ်တိုင်လာ
ပြောနေတာမှမဟုတ်ရင် ယုံစရာမရှိဘူး.
ခြင်း ဆိုတဲ့လူကပျို့အပြင်ပျိူ့ရဲ့သူငယ်ချင်း
ကိုပါ ဒီလိုကာကွယ်ပေးခဲ့တာလား..
သူ့ကိုပက်ပက်စက်စက်ပြောပြီး ကွာရှင်းခိုင်း
တုန်းကတောင်မှ နှုတ်ဆိတ်နေခဲ့တာလား..
ပျိုကိုသူ အဲ့လောက်ချစ်ခဲ့လား..
"ငါ နင့်ကိုဘာလို့လမ်းခွဲပေးလိုက်တာလဲလို့မေးတော့.. သူက ဘာပြောတယ်ထင်လဲ...
နင့်ကိုခဏပဲဖြစ်ဖြစ်စိတ်ချမ်းသာစေချင်လို့တဲ့လေ..''
ရင် တစ်ခုလုံး စုတ် ပြတ် သက် ကြေ မွ..💔
"ဒါပေမယ့်..အဲ့လူ အဲ့လူမရှိတော့ဘူး..နွဲ့ယိမ်းရယ်.
သူငါ့ကိုအရမ်းစိတ်နာသွားပြီထင်တယ်
ဒါကြောင့်သူထွက်သွားတာထင်တယ်
ဒါဆိုအခုကော နင်သူနဲ့အဆက်အသွယ်ရသေးလားဟင်''
နွဲ့ယိမ်းကခေါင်းကိုညင်သာစွာရမ်းပြရင်း..
"အက်စီးဒင့်ဖြစ်ကတည်းကငါနဲ့လည်း အဆက်အသွယ်မရပါဘူး..
ငါတောင်းပန်ပါတယ်ပျိုရယ်.. နင်နဲ့သူ
အခုလိုဝေးရတာ ငါကတရားခံပါ..
ငါဘယ်လိုအဲ့အပြစ်တွေပြန်ဆပ်ရမှန်းမသိတော့ဘူး...
ဒါပေမယ့် ငါသိတာတစ်ခုရှိတယ်..သူကနင့်ကိုအရမ်းချစ်ပါတယ်..နင်နဲ့သားလေးကိုထား
ပြီးထွက်သွားမှာမဟုတ်ဘူး..
သူဘယ်ပဲရောက်နေနေ အရင်လိုပဲ နင်တို့
သားအမိဆီကိုပြန်လာမှာပါ..''
"ငါလေ.. ငါတကယ်မကောင်းတာ.. အဲ့နေ့က
သူကအရုပ်ကလေးပေးယုံတင်ကို..ငါယုတ်မာ
တာ..ငါနှင်ထုတ်ခဲ့တာ..ငါ့ကြောင့်သူအခုလို
ဖြစ်တာ..အဟင့် ဟင့်..''
ဒီအကြောင်းကို ယောက္ခမတွေကိုတောင်မပြောခဲ့ပဲနဲ့.. နွဲ့ယိမ်းကိုကြမှ ရင်ဖွင့်ပြီးငိုသည်။
သူလည်းငါ့ကိုချစ်တယ်...
ငါလည်းသူ့ကိုချစ်တယ်...
ဒါပေမယ့်..
သူ့အချစ်တွေငါမရသလို..
ငါ့အချစ်တွေလည်းသူ့ဆီမရောက်ဘူး..
ငါတို့အချစ်ကို ဘယ်သူခိုးသလဲ..
>>>>>>>