ရင်ခွင်ရိုင်း {Complete}
By wookiekyoe
414K 9K 123
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
part 15 unicode
12.9K 373 3
By wookiekyoe
ရင်ခွင်ရိုင်း 💘..၁၅
ဘဝဆိုတာ အဆုံးအစမဲ့ပင်လယ်သမုဒ္ဓရာ
ထဲမှာ ရွက်လွင့်နေရသလိုပါပဲ..
ရေစီးတစ်ခါရေဆန်တစ်လှည့်... တစ်ခါတစ်ရံ
မှာလည်းမျှော်လင့်မထားတဲ့ မိုးသက်လေပြင်းနဲ့အတူကံကြမ္မာ
လှိုင်းလုံးကြီးတွေရောက်လာတတ်သေးသည်။
ပျိုနဲ့သူအခုလိုအခြေအနေထိဖြစ်လာလိမ့်မယ်
လို့ ဘယ်တုန်းကမှမတွေးခဲ့ပါ။သို့သော်...
>>>
"မေမေ သားသားဂိမ်းဆော့လို့ရလား...''
"အင်း ဆော့ဆော့ ဒါပေမယ့်..ခဏပဲနော်..
ကလေးကဂိမ်းအရမ်းဆော့တာမကောင်းဘူး..''
သိမ်းထားတဲ့သားသားရဲ့ဟန်းဖုန်းကိုပြန်
ထုတ်ပေးလိုက်သည်။ ဖုန်းနဲ့ဂိမ်းဆော့
တာကို ခြင်းသင်ပေးထားတာဖြစ်သည်။
သူ့ဖွားဖွား ကအရေးအကြောင်းဆိုဆက်သွယ်ရအောင် ဆင်းကဒ်အသစ်ပြန်ထည့်
ပေးလိုက်သည်။
"သားသား ဂိမ်းဆော့ပြီးခနနေနော် မေမေ
ရေချိုးလိုက်အုံးမယ်..အပြင်မထွက်ရဘူးနော်..''
"ဟုတ်ကဲ့..''
သားသားက ပျို ရေချိုးခန်းဝင်သွားတာသေ
ချာပြီဆိုတာနဲ့နံပတ်၁ကိုနှိပ်လိုက်သည်။
ခြင်းကပျိုတို့သားအမိကို မအိပ်မစားပဲလိုက်ရှာနေတာ.. ဒီနေ့ဆိုသုံးရက်ရှိပြီဖြစ်သည်။
လူအင်အားလည်းဖြန့်ကျတ်ထားပြီး ကိုယ်
တိုင်လည်း ခြေတိုမတတ်ပြေးလွှားရှာနေပါ
လျှက်နဲ့ သတင်းအစအနတောင်မရလို့
ခြေကုန်လက်ပမ်း ကျနေသည်။
ပျို.. မင်းကွာ..
**ကမ္ဘာမြေတစ်ခွင်ကို..မင်းဆံနွယ်တွေနဲ့လွှမ်းခြုံ
ထားမှာလားကွာ.**
သီချင်းသံနဲ့အတူဝင်လာတဲ့ဖုန်းနံပတ်ကအသစ်မို့ ချပစ်ဖို့လုပ်ပြီးမှ.. လက်ခံလိုက်သည်။
"ဟဲလို..ဖေဖေ.. ''
သား အသံပီပီသသကြားလိုက်တာမို့ ခြင်း
မျက်ဝန်းတွေပြူးကျယ်သွားသည်။
"ဖေဖေ့ဆီဆက်ချင်ရင် တစ်ကိုနှိပ်လိုက်လေကွ..''
ဆိုပြီး.သားသားကိုဖုန်းဆက်တတ်အောင်သူပဲသင်
ပေးခဲ့တာဖြစ်သည်။
"သား သားလား..''
"ဖေဖေ သားသားပါ..''
"သား သား မင်းအဆင်ပြေလား..အခုဘယ်
သူနဲ့ရှိနေလဲ.. မင်းဘာမှမဖြစ်ပါဘူးနော်..''
"မေမေရှိတယ်..ရေချိုးနေတယ်..
သားသားတို့ကို ဖေဖေစိတ်ဆိုးနေလား..''
"ဟင့်အင်း.. အခုသားဘယ်ရောက်နေလဲ..''
"သားသားမသိဘူး..''
"ဒါဆိုသားလေယာဉ်စီးသေးလား...''
"ဟင့်အင်း..''
"ကားအကြီးကြီးစီးပြီး အဝေးကြီးသွားသေး
လား..''
"ဟင့်အင်း. "
"သားသား အခုဘယ်ရောက်နေလဲ သိလား..''
"ဟင့်အင်း..သားသားမသိဘူး..''
"ဒါဆို ဖေဖေပြောတာနားထောင်..
***ဒီလိုလုပ်ကြားလား..''
"ဟုတ်.. 
ဖေဖေ..သားသားကိုတွေ့ရင်ရိုက်မှာလား
မေမေ့ကိုကောရိုက်မှာလားဟင်..''
"မရိုက်ပါဘူးကွာ..ဖေဖေကသားတို့ပျောက်
သွားမှာကြောက်လို့ပါ..''
"ဖေဖေ သားသားဖုန်းချလိုက်တော့မယ်နော်..''
သားကအသက်ငယ်သလောက်ဉာဏ်ကောင်းလွန်းသည်။ ပြီးတော့ သူ့ကိုချစ်သည်။
သွေးကရေထက်ပျစ်တာအမှန်ပဲ... ပျို..
.....
သားကသူ့ဆီဖုန်းခိုးဆက်ပြီး ပျိုဝင်လာတော့အိပ်
ချင်ယောင်ဆောင်နေသည်။
ဪ သားလေးလည်းသနားပါတယ်..
လေဆိပ်၊ရထားဆိပ်၊ကားဂိတ်နဲ့ တိုးဂိတ်
တိုင်းမှာ ခြင်းရဲ့လူတွေရောက်နေသည်၊
ဒါကြောင့်သူမတိူ့အဝေးကိုထွက်မသွားနိုင်
သေးပဲ..ရန်ကုန်ထဲကဟော်တယ်တစ်ခုမှာ
ရှိနေသည်။
ပျို သားနှဖူးလေးကိုနမ်းရင်း ရင်ခွင်ထဲတိုးဖတ်ထားမိသည်။
မေမေ့မှာ..အခုသားလေးတစ်ယောက်ပဲကျန်
တယ်.. သားလေးကိုတော့မေမေအဆုံးရှုံးမခံ
နိုင်ဘူး။
နောက်နေ့ကျတော့...
"မေမေ သားသားကစားကွင်းသွားချင်တယ်...''
"သားလေးရယ်..မေမေတို့အပြင်ထွက်လို့.မရ
ဘူးလေ..''
"ဖေဖေ့တွေ့မှာကြောက်လို့လား..
သားဖေဖေက လူဆိုးမို့လားဟင်''
"ဟင်... အဲ့လို မဟုတ်ဘူးလေ.. 
သားသားက ဖေဖေ့ကိုအဲ့လိုမပြောရဘူးလေ...''
"ဒါဆို သားသားပျင်းလို့ပါ.. သားသားကို
ကစားကွင်းလိုက်ပို့ပါ..နော် မေမေနော်..''
ပျို့ လက်ကိုလှုပ်ရမ်းကာတောင်းဆိုနေသော
သားလေးကိုသနားပြီးဘယ်လိုမှမလွန်ဆန်နိုင်
သောအခါ....
" ကဲကောင်းပြီလေ..." 
" ဝေး ဒါမှသားသားမေမေကွ" 
ဟင်း
ပျိုလည်းမဝတ်စဖူး ဂါဝန်တွေဦးထုပ်တွေဝတ်
ပြီးမျက်မှန်တပ်.. သားကိုလည်းပုံစံပြောင်း
ပေးပြီး.. အနဲဆုံးတော့ခြင်းမမှတ်မိအောင်ရုပ်
ဖျက်ပြီး အပြင်ထွက်လာသည်။
သားလေးကိုတော့ မိဘတွေရဲ့ပဠိပက္ခကြား
မှာစိတ်မဆင်းရဲစေချင်ပါ...ကစားကွင်းထဲမှာ
ပျော်ပါစေ..
>>>>>>
သားသားကနေရာအတိအကျမပြောနိုင်လို့
ကစားကွင်းသို့သူ့အမေကိုခေါ်ထုတ်လာခိုင်း
ခဲ့သည်။ သူ့သားမှန်ရင်တော့ လုပ်နိုင်ရမည်..
ကြိုရောက်နေတဲ့ခြင်းက သူတို့သားအမိကို
လိုက်ရှာနေသည်။ သူလည်းမတွေ့သလို..ပျို
ကလည်းသူ့ကိုမမြင်ပါ။
သားကသူ့ကိုလှမ်းတွေ့သွားပြီး...
"ဖေဖေ....ရေ..''
..''သား...''
ခြင်းဆီပြေးသွားသည်၊၊
ပျို သရဲတွေ့သလိုလန့်ဖျန့်သွားသည်။
ဘယ်လိုလုပ်ပြီးသူရောက်နေရတာလဲ။
ခြင်းက သားကိုကောက်ချီကာ နမ်းရင်း..
"နောက်ဆုံးတော့ ရှာတွေ့ပြီပဲ.. မင်းအပုန်း
တော်တယ်နော်.. ငါ့သားကြောင့်သာမဟုတ်ရင်
ငါတောင်လက်လျှော့မိမလားပဲ..''
"သားသား....''
လက်စသတ်တော့..သားကဒီအမေကိုလှည့်
စားခဲ့တာတဲ့.. ကြားလို့မှမယုံနိုင်ပါ..
"သားသားတောင်းပန်ပါတယ်..မေမေ
ဖေဖေကသားသားတို့ကိုလိုက်ရှာနေတာ
သနားလို့ပါ..''
ခြင်း လည်ပင်းကိုသိုင်းဖက်ထားတဲ့သားက
ပျို့ကိုမျက်နှာငယ်လေးနဲ့တောင်းပန်နေ၏..
ဟင့်အင်း.. သားလည်းသူမကိုလိမ်တာပဲ..
ဒီလောက်ကိုယ်ကရင်ထဲပွေ့ပိုက်ပြီးတယု
တယမွေးခဲ့ပေမယ့်.. သားလုပ်သူကခြင်းဘက်ကို မေတ္တာအလေးသာနေခဲ့သလား..
ဖအေကော သားကောမုန်းစရာကောင်းလိုက်
တာ..
"မင်း ဒီလောက်ဖအေနဲ့ နေချင်မှန်းမသိလို့.ခေါ်လာခဲ့မိတာ.. အဲ့လောက်နေချင်သပါ့ဆို
ပြန်လိုက်သွား''
"အီး ဟီး မေမေသားသားကိုစိတ်မဆိုးပါနဲ့..''
"ပျို့... ကလေးကဘာအပြစ်ရှိလို့လဲကွ...
သားသား ဟိုမှာခနထိုင်နေနော်.. ဖေဖေနဲ့
မေမေပြောစရာရှိလို့..''
"ဟုတ်ကဲ့ ''
သားကိုရှောင်ခိုင်းလိုက်ပြီးမှ..
"ပျို..ငါတောင်းပန်ပါတယ်..မင်းသူငယ်ချင်း
အတွက်မင်းအရမ်းခံစားနေရမှာငါသိတယ်.. 
အဲ့ဒီ့အတွက်ငါလည်းစိတ်မကောင်းပါဘူး..''
"ဟက်.. ရှင်ကလား..''
"မင်း ငါ့ကိုနားလည်မှာမဟုတ်ပေမယ့်..
မင်းကိုချစ်လို့ ငါဒီလိုလုပ်ခဲ့တာ..''
"ဟား.. လွတ်လပ်ခြင်း ရှင်ဟာသတွေလာ
မပြောနဲ့....
ရှင် ချုပ်ချယ်ခဲ့တာတွေ..ယုတ်မာတာတွေကို
အချစ်လို့ခေါင်းစဉ်တပ်လိုက်တာနဲ့ ပြေလိုက်
ရမှာလား..ကျေလိုက်ရမှာလား..
ဒါရိုက်တာက ကဒ် အိုကေဆိုတာနဲ့ မျက်ရည်
သုတ်ပြီး.. လက်ခုပ်တီးရယ်ရအောင်..
ရှင်နဲ့ကျွန်မက ရိုက်ကွင်းပေါ်မှာသရုပ်ဆောင်
ခဲ့ကြတာမဟုတ်ဘူးနော်..
ရှင်ပြုမှုခဲ့သမျှ၊ရှင်ပေးခဲ့သမျှတွေ..ကျွန်မရင်ထဲမှာအစိုင်အခဲနဲ့တစ်ပုံတစ်ပင်ကြီး ရှိနေတာ ရှင်သိလား
ဒါလည်း မသိဘူးမှတ်လား..
ဘယ်သိပါ့မလဲ..ရှင်ကရှင့်ကိုယ်ရှင်ကလွဲပြီး
ဘယ်သူ့ကိုမှဂရုစိုက်တဲ့လူမဟုတ်ဘူး..
လွတ်လပ်ခြင်း...
ရှင်က တစ်ကိုယ်ကောင်းသမား..အတ္တသမား
... ကျွန်မ တည်မိတဲ့ဘဝလေးမပျက်စီးအောင်
၊ကျွန်မကြောင့်သား မျက်နှာမငယ်ရအောင်
ကြိတ်မှိတ်သည်းခံခဲ့ပေမယ့်.. ဒီနေ့တော့
အားလုံးပြီးပြီ..
ရှင့်ဆီမှာ နောက်ဘယ်တော့မှအချုပ်အနှောင်
မခံဘူး..
အဲ့ဒီသားလုပ်သူလည်း ရှင်မှရှင်ဖြစ်နေရင်
ခေါ်သွား.  ..ကျွန်မအခုဘယ်သူ့ကိုမှဂရု
မစိုက်တော့ဘူး..''
လေသံကမာထန်နေကာ..ပါးတစ်ဖက်ကကြ
လာတဲ့ မျက်ရည်ကိုခပ်ကြမ်းကြမ်းသုတ်
ပစ်သည်.. အရင်ကပျိုမဟုတ်တော့တဲ့ အတိုင်းပင်။
"ငါ့ကို မင်း အဲ့လောက်တောင်မုန်းနေလား..''
"မုန်းတယ်.. အရမ်းမုန်းတယ်..
ကျွန်မဘဝမှာရှင့်လောက်ဘယ်သူ့ကိုမှမမုန်း
ခဲ့ဘူး..
ရှင် လိုလူကိုအမုန်းဆုံးပဲ.. ရှင်နဲ့ဆို တစ်ကမ္ဘာ
စာဝေးချင်တယ်..''
"ငါ ဘယ်လိုလုပ်ပေးရင် မင်းကျေနပ်မှာလဲ.ပျို.''
"သေတဲ့လူတွေကို ပြန်မခေါ်လာပေးနိုင်
သရွေ့ ဘယ်တော့မှ ရှင့်ကိုခွင့်မလွတ်ဘူး..''
"မင်း ဒီလောက်တောင်စိတ်ဆုံးဖြတ်ပြီးနေမှ
တော့...အေး ကောင်းပြီ မင်းဖြစ်စေချင်တဲ့အတိုင်း
ဖြစ်စေရမယ်.. မင်းလိုချင်တဲ့ လွတ်လပ်ခွင့်
ရမယ်..
ဟိုဟိုဒီဒီလျှောက်သွားမနေပဲ မင်းအိမ်ကိုပဲ
ပြန်နေလိုက်...
သားကိုလည်းမင်းခေါ်သွားပါ သားကငါ့သား
အဖြစ်မွေးလာတာကလွဲရင်
ကျန်တာဘာမှအပြစ်မရှိဘူး.ကလေးကိုမမုန်းပါနဲ့.''
လွတ်လပ်ခြင်း မဟုတ်တဲ့အတိုင်း နောက်ဆုတ်ပေးခဲ့တာ ဒီတစ်ခါပဲရှိမည်။
=======================
သူ့စကားကိုမယုံပေမယ့်..တကယ်ပဲသူက
ပျို့ကိုထပ်မနှာင့်ယှက်တော့ပဲ
ဒီနေ့မှာတော့ လူကြီးတွေနဲ့ရှေ့နေတွေရှေ့မှာ
တရားဝင်ကွာရှင်းဖို့ ရောက်နေသည်။
ပျို့ ကိုဘယ်လိုနည်းနဲ့မှအနှောင့်အယှက်မပေးဖ်ို့.. သားရဲ့အုပ်ထိန်းခွင့်ကိုလည်းပျိုပဲရပြီး သူကသားနဲ့တစ်လမှာနှစ်ရက်တွေ့ခွင့်ရမည်ဖြစ်သည်။
ပျို့ဘက်ကတောင်းဆိုသမျှကိုဘာတစ်ခွန်း
မှ စောဒကမတတ်ပဲ ကွာရှင်းစာချုပ်မှာသူ
လက်မှတ်ထိုးခဲ့တာကို.. ယုံတောင်မယုံနိုင်
ဘူး..
ပြီးနောက်သူကသားကိုခပ်လှမ်းလှမ်းကိုခေါ်သွားသည်..
သားလေးက ကွာရှင်းတယ်ဆိုတာကိုအတိ
အကျနားမလည်ပေမယ့် အဖေနဲ့အမေခွဲနေ
ကြတော့မယ်ဆိုတာ သိတဲ့ပုံပါပဲ..
"ဖေဖေ့ ...''
မတ်တပ်ရပ်နေတဲ့ သူ့ခါးကိုဖက်ထားကာငိုသည်။
သားလက်ကိုကိုင်ပြီး ဒူးတစ်ဖက်ထောက်
ထိုင်လိုက်ကာ..
"သားခြင်းငယ် ယောက်ျားဖြစ်ပြီး မငိုရဘူးလေ..
မင်းအနားမှာ မင်းအမေရှိနေမှာပါ..
ဖေဖေနဲ့လည်း မကြာခနတွေ့ကြမှာ.. တိတ်..''
"အီး..ဟီး..သားကဖေဖေနဲ့မေမေနဲ့အတူတူနေချင်
တာ.." 
သားကအခုလိုပြောလာတော့သူ့ရင်ထဲပိုနာကျင်
ကာ..နီမြန်းလာတဲ့မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်
သုပ်ပြီး...သားလက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ကာ..
"ခြင်းငယ် ...အခုဖေဖေပြောမှာကိုနားထောင်..
ဖေဖေကဆိုးလို့မင်းအမေကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့ပေမယ့်..
သားကတော့သားလိမ္မာမို့ အဖေ့ကိုယ်စား
အမေ့ကို စိတ်ချမ်းသာအောင်ထားရမယ်နော်..
အဖေနဲ့မတူပဲ ကောင်းကောင်းမွန်မွန်ကြီးပြင်း
လာရမယ်..ကြားလား''
"ဟုတ်ကဲ့''
ခြင်းကသူ့သားဆံပင်တွေကိုခက်ဖွဖွပွတ်သပ်
ကာ..
"လိမ္မာတယ်.. အဖေ့သား..
အဖေ့ဘဝမှာ အကောင်းဆုံးလုပ်နိုင်တာတစ်
ခုက မင်းကိုမွေးခဲ့တာပဲ..
ချစ်ရတဲ့ငါ့သားလေး.. ပျော်ပျော်ရွှင်ရွှင် ကျန်း
ကျန်းမာမာနေရမယ် အဖေ့ကိုကတိပေး..''
သားကလက်မလေးထောင်ပြီးသူ့ကိုကတိပေး
သည်.. Promise..
ခပ်လှမ်းလှမ်းကရပ်ကြည့်နေတဲ့သက်လျာလည်းသားနဲ့မြေးကိုကြည့်ကာစိတ်မထိန်းပဲ ငိုချမိသည်။
ဒီလောက်လွယ်လွယ်နဲ့အရှုံးပေးခဲ့တာ..သူ
မမွေးခဲ့တဲ့ လွတ်လပ်ခြင်းမှဟုတ်လေစွ...
ဘယ်အရာကများ သူ့ကိုဒူးထောက်ကျရှူံးစေ
ခဲ့သလဲ..
အားလုံးပြီးဆုံးသွားခဲ့ပြီ...
ပျို ကတော့ကွာရှင်းစာချုပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ..
"နွဲ့ယိမ်းရေ အခုပြီးပြီ..အခုငါသူ့ဆီကနေလွတ်
မြောက်သွားပြီ.. နင်ပြန်လာပါ..နင်ပြန်လာပါဟာ.
ငါတို့အတူတူနေရအောင်..''
ဟုတမ်းတလိုက်သည်။
Sometime ,love can be destroy
Life..💔
>>>>>>>>>>>>>>>>>
အချိန်ကာလကတိုက်စားလာခဲ့ပြီးနောက်...
🎵ရင်ထဲထိမင်းကြည့်ရင်.. အမှန်တရားတစ်ခုတွေ့လိမ့်မယ်..🎵
"ဟလို..သားလား..''
....
"အင်း..😊''
...
"ဒါပေါ့ကွ.. မင်းလုပ်ချင်တာရှိရင်စဉ်းစားထား''
...
"အင်း အင်း နောက်မှတွေ့မယ် သားလေး..''
သူ့သားများ ဖုန်းဆက်ရင်ခြင်းမျက်နှာဝင်းနေတာ..
"ခြင်း.. ဒါဆိုမနက်ဖြန် မင်း nork X က
Ceoနဲ့ တကယ်မတွေ့ဘူးလား. "
ကျော်ခေါင်အမေးကိုခြင်းကမဖြေပါ..
မျိုးကိုကဝင်ကာ..
"မင်းလည်း ခြင်းနားနေလာတာဖြင့် သေတော့မယ်.. အခုထိသူ့အကြောင်းမသိဘူး
လား.. ဒီကောင်အဲ့နေ့တွေဆိုဘယ်တုန်းက
အလုပ်လုပ်လို့လဲ..''
ပျိုနဲ့တရားဝင်ပြတ်ဆဲခဲ့တဲ့ တစ်နှစ်ခွဲကာလ
အတွင်းမှာ.. 
သူနဲ့သား တွေ့ခွင့်ရသည့်..လတစ်လ၏ ပထမ
အပတ်ဆန်းဒေးနဲ့ တတိယအပတ်ဆန်းဒေး
လိုနေ့မျိုးမှာ.. ဆိုခြင်း တခြားအလုပ်လုံးဝ
မလုပ်ပါ.. မည်သည့်VIPပုဂ္ဂိုလ်မဆို ခြင်းကို
အဲ့နေ့တွေမှာ တွေ့ရမည်မဟုတ်..
သားနဲ့ တနေကုန်လျှောက်သွားချင်သွားမည်..ဒါမှမဟုတ်အိမ်မှာပဲနားပြီးအချိန်ဖြုန်းချင်ဖြုန်းမည်..
အဲ့နေ့ကြမှ ခြင်းကအသက်ဝင်သည်။ တစ်ခြားနေ့တွေဆို စက်ရုပ်တစ်ရုပ်လိုအလုပ်လုပ်သည်။
အချစ်ရေးမှာ ကျရှုံးခဲ့ပေမယ့် စီးပွားရေးမှာ
အောင်မြင်လာသည်။city zoneပြီးစီးသွားပြီးနောက်.. တခြားလုပ်ငန်းတွေလည်း လုပ်သမျှ အောင်မြင်သည်။
သူ့ဘဝကို စီးပွားရေးထဲမှာပဲဇောက်ချပြီး
မြုပ်နှံပစ်လိုက်သည်။
အရင်ကလွတ်လပ်ခြင်း မဟုတ်တော့..
ဒီနေ့ထိ ပျို့အကြောင်းတစ်ခွန်းမှမဟခဲ့ပေ..
လမ်းခွဲပေးခဲ့ပြီး သူ့ရင်ဘတ်ထဲမှာဖြစ်သလို
ထိုးသိပ်ထည့်ခဲ့တာ.. သူတို့အသိမို့..
"ခြင်း မင်းအဲ့လိုမနေပဲ.. ငါတို့ကိုဖြစ်ဖြစ် ရင်ဖွင့်
လိုက်စမ်းပါ.. မင်းခံစားရတာသက်သာတာ
ပေါ့..''
"နေစမ်းဘာ..''
"မင်းကိုဒီပုံစံနဲ့ မြင်ရတာငါတို့ရင်နာလို့ပါ..''
"ဧကန်န မင်းတို့ငါ့ကိုများကြိုက်နေလို့လား.
"
"ငင့်..''
ငါ့ရင်ဘတ်ထဲမှာစုပြုံနေတဲ့အစိုင်အခဲတွေ
ဖိသိပ်မရတော့လို့ ရင်ဘတ်ကြီးပွင့်ပြီးသေ
ရမယ်ဆိုရင်တောင်..ငါကိုယ်တိုင်တော့
ဘယ်တော့မှ ဆွဲဖွင့်ပြမှာမဟုတ်ဘူး..💔
ကိုယ်ပေးခဲ့တာ..အချစ်ပန်းတစ်ခင်းစာ.
...ဘာလို့များ
ခါချဉ်ပါခဲ့သလဲ..
ငါ့အဖြစ်ကလည်း မင်းဆဒ္ဒန်နဲ့မခြားနားခဲ့ပါ..
အငြိုးကြီးတဲ့ စူဠကညှာ ငါ့ဆီကများ ဘာလို
ချင်သေးလဲ....
==========================
ပျိုက ဘထားခဲ့တဲ့အိမ်မှာပြန်နေသည်။
ဘပေးခဲ့တဲ့အမွေတွေရယ်...ခြင်းနဲ့မေမေတို့
ဘက်ကပေးတဲ့ သားအတွက်ထောက်ပံ့ငွေ
တွေရယ်..အများအပြားရှိတာမို့..ပျိုတို့သား
အမိစားမကုန်ပါဘူး..
အလုပ်လုပ်ချင်ပေမယ့်..သားလေးနဲနဲကြီးတဲ့
အထိစောင့်ရအုံးမည်..
သားသားက အခုမှသူငယ်တန်းတတ်တာမို့
သူမ ရင်နဲ့မကွာဂရုစိုက်နေရသည်။
သားများ တစ်ရက်တစ်လေ မရှိရင်သူမရင်ထဲ
လစ်ဟာနေလိုက်တာ.. ဘာမှလုပ်ချင်စိတ်မရှိ
သလို.. ဘာမှလည်းစားချင်စိတ်မရှိ
သားပြန်လာမယ့်အချိန်ကိုသာနာရီတကြည့်ကြည့်။
တီ......
ခြင်း နဲ့တစ်နေကုန်ကစားလို့ပင်ပန်းသွားပြီး
အိပ်ပျော်လျှက်နဲ့ကားပေါ်ပါလာသည်။
ခြင်း ကသားမနိုးအောင်ပုခုံးပေါ်တင်ထမ်းလာပြီး.. 
"ပေး သားကို..''
"နိုးသွားလိမ့်မယ်..သားအိပ်ယာဘယ်မှာလဲ.''
မတတ်သာ၍သာ ခြင်းကိုအိမ်ထဲပေးအဝင်ခံ
ရသည်၊၊
" သားမအိပ်ခင်ပြန်ပို့သင့်တယ်
မနက်ဖြန်ကျောင်းတတ်ရမှာ.. တစ်နေကုန်
ပင်ပန်းအောင်ဆော့ခိုင်းရင်..
မနက်ကျရင်ကိုယ်တွေလက်တွေကိုက်နေမှာ..''
"နောက်တစ်ကြိမ်ကြရင် စောစောပြန်ပို့မယ်..''
အရင်ခြင်းသာဆိုရင်.. ပြန်လှည့်ပြီးအော်မှာ
သေချာတယ်.. 
အခုတော့သူမကိုပြန်လှည့်မကြည့်ပါ..အိပ်ပျော်နေတဲ့သားကို ကုတင်ပေါ်မှာချသိပ်ကာ
စောင်ခြုံပေးပြီး သားနှဖူးကိုတစ်ချက်ငုံ့နမ်း
ကာ.နှုတ်ဆက်စကားမဆိုပဲ.ပြန်ထွက်သွားသည်။
"ခြင်း အရမ်းပြောင်းလဲသွားတယ်..အရင်လို
လုံးဝမဟုတ်တော့ဘူး.. သမီးရဲ့..''
ယောက္ခမ ဖြစ်သူရဲ့စကားတွေကို သူမလုံးဝ
မကြားချင်ယောင်ဆောင်နေခဲ့သည်။
သူမအမြင်မှာလည်း တကယ်ပဲဖြစ်သည်။
ကွာရှင်းလိုက်လို့ မူးရူးမယ်..သောင်းကျန်းယ်..
အရွဲ့တိုက်မယ် ထင်ထားပေမယ့်..
အဲ့လိုလုံးဝမလုပ်တာကြောင့် သူ့အမေတောင်အံ့သြနေသည်။
"ငါ့သားကိုယ်ထဲ ဘယ်သူဝင်နေလဲမသိဘူး
တဲ့..''..
>>>>>>>>>>>>
ပျို သားသားအတွက်အသုံးအဆောင်နဲနဲ
ဝယ်ဖို့ shoppingထွက်လာသည်။
အမလေး mallထဲက restaurant'sထဲမှာ
ခြင်းက မိန်းမတစ်ယောက်နဲ့ ထိုင်ပြီးအကြည်
ဆိုက်နေလိုက်တာ.. ပျို့ကိုမမြင်ပါ..
နေပါအုံး ငါသူ့ကိုမြင်ဘူးပါတယ်...
ဪ မင်္ဂလာဦးညက အိမ်အထိရောက်လာ
တဲ့ မိန်းမပဲ.. ပျို့ကိုဘာလို့လက်ထပ်တာလဲ
လို့မေးပြီး..သူ့ကိုနမ်းသွားတဲ့မိန်းမ..
ပျို ကမှတ်ဉာဏ်အားနည်းပေမယ့် ဒါကို
တော့ထင်ထင်ရှားရှားမှတ်မိနေသည်။
ကိုယ်တွင်း ကသွေးတွေကဖျင်းခနဲဖျင်းခနဲ..
တောက်..))) သူ့ကိုပြောင်းလဲသွားပါတယ်တဲ့
ဘယ်မှာလဲ.. သူကမူလလက်ဟောင်းလွတ်
လပ်ခြင်းပဲ တော်ပြီ နောက်ဘယ်တော့မှ
ဂျင်းထည့်မခံဘူး.. 
===============
တကယ်တမ်းတော့ သူမထင်သလိုမဟုတ်ခဲ့ပါ။
"အကြင်နာ.. congratulations ပါဟ
ငါစိတ်ရင်းနဲ့ နင်ပျော်ဖို့ဆုတောင်းပေးပါတယ်..''
"တော်ပါ နင်အဲ့လိုပြောထဲကငါငိုချင်တာ..''
"တန်ဖိုးထားတဲ့လူနဲ့တွေ့ပြီး အချစ်ခံပြီးနေ
ရမှာ..နင်ကံကောင်းပါတယ်..''
"နင်နဲ့တော့ လွဲသွားတယ်လေ..''
"ဟား ဟား နင်ကငါ့ကိုလိုချင်သေးလို့လား..''
..
"ခြင်း.. ငါနင့်ကိုမေးစရာရှိတယ်..''
"မေးလေ.. လက်မထပ်ခင်ရှင်းရှင်းလင်းလင်း
သိချင်တာမေး..''
"နင်အဲ့နေ့က ညာတာမှတ်လား..''
"ဘာလဲ..''
မင်္ဂလာဦးညက အကြောင်းကိုပြောတာဖြစ်
သည်။ခြင်း မျက်နှာတည်သွားကာ..
"ငါ အဲ့အကြောင်းတွေပြန်မပြောချင်ဘူး...''
"မပြောနိုင်တာနေမှာပါ..နင်ညာခဲ့တာမှန်နေ
လို့လေ..''
"သိရက်သားနဲ့ ဘာလို့မေးလဲ..''
"နင် ဝန်ခံတာ ကြားချင်လို့..''
"လုံးဝပဲ..''
"ငါ့မင်္ဂလာဆောင်လာမှာလား..''
"မလာဘူး.. နင်ငါ့ကိုမြင်ရင်မဆောင်နိုင်ိုမှာစိုးလို့..''
"ခြင်းစုတ်.. အခုထိဘဝင်ကကောင်းကင်ချိတ်
နေတယ်..''
ဟာဟ...
ခြင်းကခပ်ဟဟရယ်နေပါသည်။
ပျိုနဲ့ဝေးခဲ့ပြီးနောက်သူ့ရီသံတွေမှာတောင်အသက်
မပါဘူးဆိုတာတော့ သူ့ထက်ဘယ်သူပိုသိမှာလဲ။
=========================
"ချစ်ပု.. အပြုံး...''
အကျယ်ကြီးအော်ခေါ်ကာ ခြင်းအပေါ်ထပ်
ကနေပြေးဆင်းလာသည်။
"ရှင့် လာပြီ အကိုလေး..''
"ငါ့အခန်းကိုဘယ်သူရှင်းသေးလဲ..''
"ကျွန်မ မနက်ကရှင်းတာပါ အကိုလေး..''
"ငါမရှင်းခိုင်းပဲနဲ့ဘာလို့ရှင်းတာလဲ..
နင်တို့အိပ်ယာခင်းလဲတော့
ငါ့အိပ်ယာပေါ်မှာ တစ်ခုခုမတွေ့ဘူးလား..''
 အပုစဉ်းစားလိုက်သည်။ ပြီးနောက်..အမှိုက်ပုံးထဲ
ကတစ်စုံတစ်ခုကိုသွားပြေးယူကာ..
"ဒါကိုပြောတာလား အကိုလေး..''
"ဟုတ်တယ်..ပေး..''
အပုလက်ထဲကပြန်ဆွဲယူသွားတာက..
တကယ်တော့ ညှပ်ကလစ်သေးသေးလေးတစ်ခုသာဖြစ်သည်။
ပြီးတော့လည်း ကျိုးနေတာကြီး။
အကိုလေးခေါင်းအုံးအောက်ကတွေ့တာပဲ..
ဒါကဘာမို့လို့..ဒီလောက်အသဲအသန်ဖြစ်..
ဧကန်န မမလေးဟာများလား..
ဟုတ်ပါတယ်..ဒီကလပ်ကလေးကမင်္ဂလာဦး
ညကပျိုပန်ထားတာ..သူ့ကြောင့်ကျိုးသွားတဲ့
ကလစ်ကလေး.. 
မနက်လင်းတော့ပျိုထသွားလို့ သူ့အကျီမှာညှိ
ကျန်နေခဲ့တာဖြစ်သည်..
အဲ့နေ့ကတည်းကသူကောက်သိမ်းထားခဲ့တာ...
ပျိုဆိုတဲ့ ပျိုကလည်း ကွာရှင်းတုန်းကသူ့ပစ္စည်းမှန်သမျှအကုန်ပြန်ယူသွားခဲ့တာ..
နောက်ဆုံး သူမအုံးခဲ့တဲ့ခေါင်းအုံးတောင်သူ့
ဘေးမှာချန်ခဲ့တာမဟုတ်ဘူး..
သူမနဲ့ပတ်သတ်တဲ့..အမှတ်တရဆိုလို့ဒါလေး
တစ်ခုသာရှိတော့သည်။
ဪ အကိုလေးရယ်.. ချစ်ပုတို့မြင်တာတော့
အကိုလေးကမမလေးကိုသိပ်ချစ်ခဲ့တာပါ..
ဘာလို့များကွာရှင်းပေးခဲ့လဲ..
ကွာရှင်းပြီးတဲ့နောက် အရင်ကနဲ့မတူပဲအရမ်း
ပြောင်းလဲသွားပါတယ်.. အရင်ကလိုအမြဲ
ဒေါသမကြီးတော့ပဲ.. ဟင်းထမင်းဆိုရင်လည်း အရင်လိုကြေးမများ..ချိုသည်ခါးသည်ဘာ
မှမပြော.. ချကျွေးတဲ့အတိုင်းစားပြီး စားနေကြ
ထက်လည်းဘယ်တော့မှမပို..
မဖြစ်မနေအသက်ရှင်ဖို့စားသောက်နေရတဲ့လူ
တစ်ယောက်လိုပဲ..
သူမတို့ကိုလည်း အမြင်မတော်ရင်အရင်လို
မအော်ငေါက်တော့ဘူး.. အရာရာကိုဥပက္ခာ
ပြူထားလေသည်။
......
ညက၁နာရီစွန်းစွန်းရှိပြီ..ဒါပေမယ့်ခြင်းသူအခုထိ
အိပ်လို့မပျော်သေး.. အရင်ညတွေကကော
အိပ်ခဲ့လား..မအိပ်ခဲ့သလား..ကိုယ်တိုင်မသိခဲ့..
ခေါင်းအုံးကိုနောက်မှီထားရင်း ခပ်လျောလျောထိုင်နေသည်။ လစ်လပ်နေတဲ့ကိုယ့်ဘေးကိုငဲ့ကြည့်မိသည်။
သူတို့သားအမိကိုသတိရတယ်..
ဒါကလွမ်းနာကြတယ်လို့ခေါ်သလား..
အချစ်စိတ္တဇဟာ.. အိပ်လို့မပျော်တော့တာပဲ
မဟုတ်ဘူး..ပျို
နိုးနေရင်လည်းကိုယ်မပျော်ပါဘူး..။
တခြားပျော်စရာရှာဖွေကာ ဘဝကိုနှစ်သိမ့်ပြီး
လည်းမဖြေချင်တော့ပါ..
ကိုယ့်ညတွေကို ကိုယ်တိုင်အိပ်ဆေးခတ်ခဲ့
တာ..ဘယ်သူသိမလဲ။
==========================
ခြင်းက..Galaxy construction..ရဲ့ceo
တစ်ယောက်လည်းဖြစ်သည်။
သူအခုဖုန်းတစ်လုလက်ခံပြောနေကာ..
"ဘာ ခြေရာခံမိပြီဟုတ်လား..''
****
"မြန်မြန်အဆုံးသတ်ရမှာပေါ့..
ဒီတစ်ခါမလွဲစေနဲ့..''
******
"အင်း..သတိထားပါ.. good luck..''
ဖုန်းချလိုက်ကာ..
အခု အားလုံးပြီးတော့မှာပါ..ဟင်း...
ပျို..မင်းအတွက်ဝဠ်ကြွေးဆိုးလို့သတ်မှတ်
ခံရတဲ့ဒီကောင်က..
မင်းအတွက်ဒုက္ခဆိုတဲ့အရာရှိရင် သိမ်းကျုံး
ပြီးကိုယ်စားယူဆောင်ပေးသွားမှာပါ။
"Boss.. . မှာထားတဲ့ ပစ္စည်းတွေရောက်..
ရောက်..''ဟင်
ခြင်း.. ဟာကွာဘယ်ရောက်သွားပြန်တာလဲ...
©©©©©©©©©©©©©©©©©©
ပျိုက သားကို အ.မ.က၁..ဗဟန်းမှာထား
သည်။ ပျို့မှာပဲအုပ်ထိန်းခွင့်၊စီမံခွင့်ရှိတာမို့
သူဝင်မစွတ်ဖက်ပါ...
ကားလမ်းမတန်းမီးပွိုင့်ထိပ်နားမှာဆောက်
ထားတဲ့ကျောင်းဖြစ်သည်။
နေ့လည်၁၂နာရီမှာ ကလေးတွေကျောင်းဆင်းသည်။ နှစ်ချိန်ကျောင်းမို့အဲ့ချိန်ဆို ကားလမ်း
မမှာ လူတွေကားတွေ အရမ်းရှုပ်တတ်သည်။
ဒီနေ့သားနဲ့တွေ့ရမယ့်နေ့မဟုတ်ပေမယ့်.
သားကben10အရုပ်လိုချင်တယ်ဆိုလို့
ခြင်းဝယ်ပြီး သားကျောင်းအဆင်းမှာလာ
စောင့်ပြီး ပေးဖိုု့ဖြစ်သည်။
ကားကိုတစ်ဖက်ခြမ်းခပ်ဝေးဝေးမှာရပ်ခဲ့ပြီး 
ကျောင်းဘက်သို့ကူးလာသည်။
လက်ထဲအရုပ်နဲ့ ကျောင်လာကြိုတဲ့ ခြင်း
ကို ပျိုမြင်ပြီးနောက်..
"ရှင် ဘာလာလုပ်တာလဲ.. ဒီနေ့ ရှင် သား
နဲ့တွေ့ရမယ့်နေ့မဟုတ်ဘူး..''
"သိပါတယ်..သားကဒါလိုချင်တယ်ဆိုလို့..
ငါ ခဏ တွေ့ပြီးပေးမလို့..''
လာပြန်ပြီ.. သူ့အိမ်မှာသားဆော့ဖို့ကစားကွင်း
လုပ်ပေးထားသည်။ သားလိုချင်တာမှန်သမျှ
ဝယ်ပေးသည်။ ဒါကြောင့်သားကအဲ့အိမ်က
ပြန်လာရင် အဲ့အကြောင်းတော်တော်နဲ့ပြော
လို့မပြီး ဒါတွေကိုပျိုကသိပ်မကြည်..
"ရှင့်မှာငွေရှိတယ်ဆိုတိုင်း..ဗုံးကြဲသလိုသုံး
ပြီး ကျွန်မသားကိုမမြူဆွယ်နဲ့..
ရှင်က လက်လျော့လိုက်သလိုလိုနဲ့ တမင်
ကလေးက ကျွန်မနဲ့မနေချင်အောင် သူ့အလို
လိုက်အကြိုက်ဆောင်နေတာ..
ရှင့်အကြောင်းကို ကျွန်မမသိရင်ခက်မယ်"
"ဟ ပျို... ငါကငါ့သားအတွက်ပေးနိုင်တာ
ပေးယုံပါ.. မင်းဘာလို့အဲ့လောက်အထင်လွဲ
သလဲ..
မင်း ငါ့ အပေါ်အဲ့လောက်တောင်အမြင်တွေ
ဆိုးရွားနေပြီလား..ငါကမကောင်းခဲ့ပေမယ့်.
ငါတို့တစ်ချိန်က စောင်တစ်ထည်အတူခြုံခဲ့
တဲ့ လင်မယားတွေပါ..
သံယောဇဉ် မရှိဘူးဆိုရင်တောင် အဲ့လောက်
တော့မဖြစ်သင့်ဘူး..''
"ဘာမှလာမပြောမနေနဲ့.. အဲ့တာတွေကကြာ
ခဲ့ပြီ..
ရှင် နဲ့ပတ်သက်ပြီး ဘယ်တော့မှအကောင်း
မြင်ဖို့လည်းမရှိဘူး..''
မနေ့ကမှ လောလောလတ်လတ်မြင်ခဲ့တဲ့
အကြောင်းအရာအပေါ်ပျို ဒေါသထွက်နေ
သလား.
ကိုယ့်ကိုယ်ကို လည်းမဝေခွဲနိုင်ပါ..
ထိုစဉ် ကျောင်းဆင်းဘဲလ်သံထွက်ပေါ်လာ
တာကြောင့်...
"သားမမြင်ခင် ရှင်ပြန်ပါတော့..
ဒီအရုပ်နဲ့ဆော့ဖို့လည်းအချိန်မရှိဘူး..
ပြီးရင် ကျူရှင်ပို့ရမှာ..
ရှင်တွေ့ရမယ့်နေ့မှပေး..''
ပျို သူ့ကိုနှင်ထုတ်သည်။
သူကအံ့သြသလို နာကျင်သလိုစိုက်ကြည့်ပြီး
ချာခနဲ လှည့်ထွက်ကာတစ်ဖက်ကားလမ်း
ပြန်ကူးသွားသည်။
"ဖေဖေ့... ''
ဟင်.. ကျောင်းကအရင်ဆုံးဆင်းလာတဲ့ သား
က တစ်ဖက်လမ်းကသူ့အဖေကိုသာလှမ်းမြင်
ပြီးအားရဝမ်းသာနဲ့ နောက်သို့ပြေးလိုက်သည်။
"သား..မသွားနဲ့..''
"သား.. မလာနဲ့..''
ခြင်းကလည်းလှည့်ကြည့်ပြီးအော်သည်။ပျိုကလည်းအော်တားသည်။
ဒီလောက်လူရှုပ်နေတာတောင် တစ်ဖက်မီးပ္ပိုင့်ကလွတ်လာတဲ့BMWကားတစ်စီးကအရှိန်
နဲ့ဆင်းလာသည်။
အဖေကောအမေပါလှမ်းအော်တာတောင်သားသားကစွတ်ပြေးသည်။
ခြင်းကနောက်ပြန်ပြေးလာကာ..
ဒုန်း..
ဟာ..တိုက်သွားပြီ...
ခြင်းက သားနားရောက်ပြီးသားကိုတွန်းလိုက်
တာဖြစ်သည်။
သူ့ကိုသာတိုက်မိပြီး သူကတစ်နေရာ
သားကတစ်နေရာ..အရုပ်ကတစ်နေရာ
လွှင့်စင်ကျလာသည်။
တီ...... ပွမ်....
ဟွန်းသံများ..ကားသံများခေတ္တဆူညံသွားသည်။
ပျိုပြေးလာပြီး..
"သား..သားသား..ဘာဖြစ်သွားလဲ..''
သားကပက်လက်လန်ကြပေမယ့် နောက်က
ကျောပိုးအိတ်ခံနေလို့မြေကြီးနဲ့ မရိုက်မိပါ..
တစ်ထောင်ဆစ်လောက်ပဲ ပွန်းရှသွားသည်
.
"ဖေဖေ...''
ဟင်..ပျို သတိရပြီ ခြင်းကိုလှည့်ကြည့်မှ..
ကားကြောင့်လွင့်ထွက်သွားတဲ့သူက ပလက်
ဖောင်းနဲ့ပြန်ရိုက်မိကာ..ခေါင်းနေရာမှသွေးကွက်ကြီးကစီးယိုကြလာသည်။
"အီးဟီး..ဖေဖေ... ဖေဖေ..''
သားကလည်းကျုံးရုန်းထပြီး သူ့ဆီကိုပြေးသည်။
ပျိုလည်းပြေးကာ..
"ခြင်း ခြင်း.ရှင်သတိထားပါအုံး..''
..'သ သား...''
သတိရှိနေသေးတဲ့ခြင်းက သွေးအိုင်ထဲကနေ
သားကိုငဲ့ကြည့်ကာ.. သူ့သားဘာမှမဖြစ်မှန်း
သိမှ.. စိတ်လျှော့လိုက်သလို...ခေါင်းငဲ့ကြသွား
တော့သည်။
"ခြင်း.. ခြင်း.ရှင်သတိထားအုံးလေ..ခြင်း.''
သူမဘယ်လိုခေါ်ခေါ် မရတော့ပေ.....
"ကယ်ပါအုံး.. ကယ်ကြပါအုံး...''
"ဖေဖေ ဖေဖေထပါအီးဟီး..သားသားအရုပ်မယူတော့ဘူး.. ''
ခြင်းကိုလွင့်စင်သွားအောင်တိုက်ခဲ့တာက
BMWကားပိုင်ရှင်ဆိုပေမယ့်၊တကယ့်တရားခံအစစ်ကတော့. 
မဟုတ်ဘူး.. 
ပျိုသူ့ကို အပြစ်တင်စကားတွေပြောချင်ပြောခဲ့
မိမယ်..တိုက်ခိုက်ဖြိုခွင်းပြီး သူတဖန်ပြန်လည်နာကျင်စေလိုချင်း အလျင်းမရှိခဲ့ပါ..
ဟင့်အင်း.. ဟင့်အင်း.. မဟုတ်ဘူး..ခြင်း..😭
Continue Reading
You'll Also Like
377K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
391K 12.9K 35
"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pac...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
2.9K 112 7
I think ,love is life.