ရင်ခွင်ရိုင်း {Complete}
By wookiekyoe
409K 9K 123
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
part 13 unicode
13.2K 381 2
By wookiekyoe
ရင်ခွင်ရိုင်း 💘...၁၃
ခြင်းကသူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို
လှည့်ပတ်ကြည့်ရှုနေသည်။
သူ မသွားခင်က မျိုးကိုနဲ့ကျော်ခေါင်ကိုလွှဲ
ထားခဲ့ခြင်းဖြစ်သည်။
"ဘယ်လိုလဲ ဘောစိ..စိတ်တိုင်းကြရဲ့လား..''
"ခန့်မှန်းထားတာထက်ပိုကြာနေတာပဲ..
မင်းတ်ိုအလုပ်ကောင်းကောင်းမလုပ်တာ
သိသာတယ်. .''
"ဟာကွာ..ငါတို့ဒီမှာစိတ်ရောကိုယ်ပါမြုပ်နှုံပြီး
အလုပ်လုပ်နေတာပါကွ..''
ဒါလည်းဟုတ်တော့ဟုတ်၏။ ဒီ၂ကောင်ဖဲ
တောင်မရိုက်နိုင်တာကြာပြီဖြစ်သည်။
"ခြင်း.. ဒါနဲ့မင်း ပျိုနဲ့အဆင်ပြေရဲ့လား..''
"မပြေစရာရှိလား... ငါကလွတ်လပ်ခြင်းပါ.''
"မင်းအရင်လိုပဲ အကြမ်းဖက်လိုက်တာလား..''
"ဖြေးဖြေးပဲဖက်တာ..''
"ခွေးကောင်..''
"ဒါနဲ့ ခြင်း..အန်ကယ်ဦးကအချစ်ဦးရဲ့အဖေနော်..''
"အဲ့တော့..''
"အချစ်ဦးအကြောင်းလည်း မင်သိရက်နဲ့..
ပြသနာရှာတဲ့နေရာမှာနှစ်ယောက်မရှိဘူး..
ပြီးတော့ အခုထိမင်းကို ချစ်နေတုန်းပဲ မို့လား..''
"ငါလုပ်နေတာစီးပွားရေးပါ..သူနဲ့အဝေးကြီး
ပြီးတော့ ငါကအိမ်ထောင်သည်..''
"အေးပါ.. မင်းဇတ်မင်းပိုင်ရင်ပြီးတာပါပဲ..''
"ငါအခုစီးပွားရေးကလွဲရင်ကျန်တာစိတ်မဝင်
စားဘူး..''
"အခုမှပဲ မိန်းကလေးတွေလည်း လွတ်ငြိမ်း
ချမ်းသာခွင့်ရတော့တယ်..''
"သေလိုက်...''
ဟား ဟား
သူတို့စကားပြောနေစဉ်ဖုန်းဝင်လာသည်။
ဖုန်းနားထောင်နေရင်း ခြင်းမျက်နှာမှာ မာကျောခက်ထန်ခြင်းတွေ ပြောင်းလဲလာသည်။
"ငလင်း ကမြန်မာပြည်မှာ ဟုတ်လား..''
ခြင်း ရွတ်လိုက်တဲ့နာမည်ကြောင့်..
နှစ်ယောက်သား မျက်လုံးများအပြင်ခုန်ထွက်
မတတ်ပြူးပြဲသွား၏...
ခြင်း သေမတတ်လိုက်ရှာနေတဲ့ တစ်စုံတစ်
ယောက်ဟူသည်။
>>>>>>>>>>>>>>>>>>>>
ငလင်း..ခြင်းကငလင်းလို့ခေါ်တတ်တဲ့လင်းထွဋ်..
ယခုခြင်းနဲ့သူနှစ်ယောက်ထဲအဆောက်အဦးတစ်
ခုထဲမှာရှိနေသည်။
ခြင်းကသူ့ကိုဖမ်းလာတာဆိုရင်ပိုမှန်မည်...
"ခြင်း မင်းအခုထိငါ့ကိုခွင့်မလွှတ်နိုင်သေး
ဘူးလား..''
"သည်းခံတာတွေခွင့်လွတ်တာတွေငါဝါသနာ
မပါမှန်းမင်းသိပါတယ်...
အခုမင်းခြေထောက်နဲ့မင်း ဒီကိုပြန်ရောက်လာတယ်ဆိုတော့..
သေဖို့ တော့စိတ်ပြင်ဆင်ထားမှာပေါ့.''.
"အဲ့တုန်းကငါမှားခဲ့တယ်ကွာ...ဒါပေမယ့်''
"တော်ပြီ..မင်းမှားတာမှန်တာတွေကိုငါ့လာမပြောနဲ့
ခဏနေရင် ရှင်မင်းနဲ့တွေ့မှတောင်းပန်လိုက်တော့''
"ငါ ရှင်မင်းကိုတော့တကယ်ချစ်ခဲ့တာကွ.''
"တော်စမ်း မင်းခွေးကျင့်ခွေးကြံကြံခဲ့တာကို
အချစ်လို့ လမ်းလွှဲမပစ်နဲ့..
မင်းလိုကောင်တွေ
ကြောင့်အချစ်ကဂုဏ်သိက္ခာနဲ့ တန်ဖိုးမဲ့လာတာ.''
"မဟုတ်ဘူးကွာ
မင်းမသိဘူးခြင်း..ကိုယ်ချစ်တဲ့သူကကိုယ့်
ကိုပြန်မချစ်တာလောက်နာကျင်ရတာမရှိဘူး။
..ရှင်မင်း ကမင်းကိုပဲတစ်ချိန်လုံးမျှော်ကြည့်
နေတဲ့ မိန်းကလေး.. ငါသူ့ကိုသေလောက်
အောင်ချစ်ပေမယ့်..သူကတစ်ချက်ကလေးမှ
ငါ့ဘက်ငဲ့မကြည့်ခဲ့ဘူး..
ဒါကြောင့်ငါအမှားကျူးလွန်ခဲ့မိတာ..
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်သူ့ကိုပိုင်ချင်ခဲ့တာကွာ..''
"အဲ့တာနဲ့ပဲမူးနေတဲ့မိန်းကလေးကိုစော်ကားလိုက်
တယ်ပေါ့..
မင်းကအသေပဲမွေးလာသင့်တဲ့ကောင်...
အဲ့လိုနည်းနဲ့အပိုင်ရလိုက်ရင်ကောသူကမင်းကိုချစ်မယ်ထင်လို့လား..''
လင်ရယ်၊မယားရယ်လို့အမည်နာမအောက်မှာနေကြတဲ့ပျိုတောင်သူ့ကိုယနေ့ထိကြည်ဖြူခဲ့သည်
မဟုတ်..သူ့ဘက်ကဇွတ်တရွတ်ရယူသောအခါ
ခံစားချက်မဲ့တဲ့ပုံစံမျိုးနဲ့တုံ့ပြန်တတ်သည်။
အဲ့ဒီ့အခါတိုင်း သူ့မာနတွေထိခိုက်ခဲ့ရတာပဲ..
(လွန်ခဲ့တဲ့ ၈နှစ်က..ကမ်းခြေကညတစ်ညမှာလူငယ်တွေလွတ်လပ်စွာ..သောက်စားကြသည်။
သူနဲ့လင်းထွဋ်..မျိုးကို၊ကျောင်ခေါင်တို့ကကျောင်းတူတဲ့ငယ်ပေါင်းသူငယ်ချင်းတွေဖြစ်သည်။
ဟင်းထဲမှာလင်းထွဋ်က ဆေးခြောက်တွေ
ထည့်ခဲ့တာကိုဘယ်သူမှမသိခဲ့ကြပါ။
အားလုံးအလွန်အကျူးပျော်ခဲ့သည်။
လမ်းခွဲပြီးဘန်ဂလိုကိုပြန်တော့ သန်းခေါင်
ကျော်ပြီ..မူးပြီးယိုင်နေတဲ့ရှင်မင်းကိုလင်းထွဋ်က
ဘန်ဂလိုပြန်ပို့ပေးရင်း..ကျူးလွန်ခဲ့တာဖြစ်သည်။
ရှင်မင်းက သူ့ချစ်သူခြင်းလို့ပဲထင်နေခဲ့တာ..
ခြင်းကတော့ ကမ်းစပ်မှာပက်လက်လှန်လှဲချ
ရင်း..ကောင်မလေးတစ်ယောက်ကိုသတိရနေ
တာ မိုးလင်းတဲ့အထိ။
နောက်တော့ပြသနာတွေပေါ်လာပြီး..
ရှင်မင်းကသူ့ကိုတာဝန်ယူပါဟုဆိုလာသည်။
ခြင်းအနေနဲ့လည်းသူမဟုတ်တာသေချာနေတော့
ပြတ်ပြတ်သားသားငြင်းဆန်ခဲ့သည်။
လင်းထွဋ်ကဝန်ခံခဲ့တာတောင်ရှင်မင်းကသူ့ကိုပဲ
လက်ထပ်ယူဖို့ဇွတ်ပြောသည်။
ကိုယ်နဲ့မဆိုင်ပဲမိန်းမတစ်ယောက်ကောက်ယူ
လိုက်ဖို့ထိတော့..သူ့ကိုယ်သူမပေးဆပ်နိုင်ပါ။
ဘာပဲဖြစ်ဖြစ်သူမရှိရင်ရှင်မင်းစိတ်ပြောင်းပြီး လင်းထွဋ်ကိုလက်ခံမှာပဲဟုတွေးခဲ့ပေမယ့်..ရှင်မင်းက
စာတစ်တန်ပေတစ်တန်ချန်ရစ်ကာ..အဆုံးစီရင်
သွား၍..သူသာလျှင်..လူယုတ်မာအဖြစ် မော်ကွန်းတင်ခဲ့သည်။
ဒီအကြောင်းတွေကို ရှင်မင်းအပြင်သူတို့
သူငယ်ချင်း၄ယောက်ပဲသိခဲ့တာဖြစ်သည်။
သူ့ကိုအားလုံးက လူယုတ်မာလို့လက်ညိုး
ထိုးခဲ့ပေမယ့်..သေသူရဲ့ဂုဏ်သိက္ခာအတွက်
သူနောက်ဆုံးအနေနဲ့ စောင့်ထိမ်းပေးခဲ့တာပါ။
ငလင်းကိုတော့ခွင့်မလွတ်နိုင်ပါ ..သတ်မယ်
လို့ကြိမ်းဝါးတာကြောင့်.. ငလင်းမိဘတွေက
နိုင်ငံခြားမှာသွားဖွတ်ထားခဲ့ခြင်းပဲဖြစ်သည်။)
"အရူးကောင် မင်းကြောင့်ငါဘယ်ဘဝရောက်
ခဲ့လဲ.. ငါ့ကိုလူတွေဘယ်လိုလက်ညိုးထိုးခဲ့
ကြလဲ..''
"တောင်းပန်ပါတယ်ကွာ.ငါမှားခဲ့ပါတယ်...''
"မတောင်းပန်နဲ့..မင်းသေရမှာ..''
ခွပ်..ခွပ်..
ခြင်းနှစ်ချက်ဆင့်ထိုးလိုက်တာကြောင့်
ငလင်းပက်လက်လန်ယိုင်ကြသွားသည်။
"မင်းသေသင့်တဲ့အပြစ်ကဘာလဲသိလား..
ငါချစ်တဲ့မိန်းမက အဲ့စက်ဆုပ်စရာအတိတ်ဆိုးကိုသိသွားတာပဲ...
ငါ့ကိုလူယုတ်မာတဲ့.. လူယုတ်မာမို့မုန်းတယ်
တဲ့.. အဲ့တာအကုန်လုံးမင်းကြောင့်..''
ခြင်းကအနားမှာရှိတဲ့ပန်းအိုးကိုကိုင်ကာ
တစ်ချက်ထဲ ပွဲသိမ်းလိုက်ဖို့ကြိုးစားနေသည်။
လက်ကိုကိုင်မြှောက်လိုက်ပြီးမှ..
"ခြင်း မလုပ်နဲ့..''
ပျို့အသံကြောင့်သူ့လက်လေထဲရပ်တန့်ကာလှည့်ကြည့်သည်။ဟိုနှစ်ကောင်သွားခေါ်လာတာဖြစ်
မည်။ သူလှည့်ကြည့်မှသူတို့ပါ ပြေးပေါက်မှားနေသည်။
ပျိုက အတင်းပြေးဝင်လာပြီးသူ့လက်ထဲက
ပန်းအိုးကိုလုသည်။ သူ့အင်အားနဲ့ဆုပ်ကိုင်
ထားတာကြောင့်ပျိုလက်ထဲကိုမရောက်..
"ဖယ်စမ်း..''
"ရှင်လူမသတ်ရဘူး... ကျွန်မခွင့်မပြုဘူး..''
".မင်းခွင့်ပြုဖို့..မလိုဘူး. "
"ကျွန်မတောင်းပန်ပါတယ်..ရှင်လူသတ်တဲ့
အထိ မလုပ်ပါနဲ့..
ကျွန်မသားလေးရဲ့အဖေက လူသတ်တရားခံ
ထိတော့မဖြစ်ပါရစေနဲ့..
တောင်းပန်ပါတယ်ခြင်းရယ်..တောင်းပန်ပါ
တယ်.
ရှင်ကျွန်မကိုမငဲ့ရင်တောင် ရှင့်သားလေးအတွက်တွေးပြီး ရပ်တန့်လိုက်ပါ..
ရှင်သူ့ကိုသတ်လည်းအကျိုးမရှိပါဘူး..''
ပျိကမဆီမဆိုင်ဝင်တောင်းပန်ပြီး မျက်ရည်ကြနေတာ.. အဲ့မျက်ရည်လက်နက်က သူ့အတွက်..နူးညံ့ပေမယ့်လည်းပြင်းထန်၏..
မင်းဘာလို့ငိုတာလဲ..ဘယ်သူ့အတွက်ငိုတာလဲကွာ
တောက်)))))
ခွမ်း..
သူ့လက်ထဲဆုပ်ထားတဲ့ပန်းအိုးကိုတစ်နေရာ
ကိုပ်ိတ်ပေါက်လိုက်သည်။ 
ပြီးနောက် သူအဆောက်အဦးထဲကနေထွက်သွားပါသည်။
ဟင်း.. ပျိုလည်းအခုမှသက်မချပြီး နေရာမှာ
ထိုင်ချလိုက်မိသည်။သူမရောက်တာမြန်ပေလို့...
သူ့သူငယ်ချင်းနှစ်ယောက်ရောက်လာပြီး
ခြင်းကိုတားပေးပါ..ခြင်းလူသတ်တော့မယ်တဲ့..
သူမကိုခေါ်လာပြီး လမ်းမှာအကြောင်းစုံရှင်း
ပြသည်။
လွန်ခဲ့တဲ့နှစ်နှစ်ကခြင်းပျောက်သွားတာအဲ့လူကို
သွားရှာတာဟုဆိုသည်။
"ခြင်းအကြောင်း ကျွန်တော်တို့သိတယ် ပျို
သူတကယ်ငလင်းကိုသတ်မှာ..''
"ခြင်းကရည်းစားများပေမယ့် ဘယ်ရည်းစား
နဲ့မှ မှားယွင်းခဲ့တာမဟုတ်ဘူး..
ရှင်မင်းဘက်အသိုင်းအဝိုင်းကသူ့ကိုလူယုတ်
မာလို့ လက်ညိုးထိုးကြတုန်းကလည်း.သူ
မဖြေရှင်းဘူး.. 
အဲ့တုန်းကတော့ တကယ်သတ်ဖို့စိတ်မရှိဘူး
ဒါပေမယ့် ငါ့မိန်းမကအဲ့လိုပြောတာတော့
ငါမခံနိုင်ဘူးတဲ့.. ဒီကောင့်ကိုမှမသတ်ရရင်
ငါမကျေနပ်ဖူးလို့ပြောတယ်..
တားပေးပါပျို..သူ့ကပျို့စကားကလွဲရင် တခြား
လူစကားနားထောင်မှာမဟုတ်ဘူး..''တဲ့လေ။
ဟူး...
ခြင်းထွက်သွားမှ မျိုးကိုကငလင်းကိုတွဲထူပြီး...
"ငလင်း ရရဲ့လား..
မင်းခြင်းရှေ့ပေါ်မလာသင့်ဘူးကွ..''
"ကျေးဇူးပါ ငမျိူး..ကျော်ခေါင်..
ပြီးတော့..ဒီကခြင်းရဲ့ဇနီးမို့လား.. 
ကျွန်တော်တကယ် တောင်းပန်ပါတယ်..''
"ကျွန်မကိုတောင်းပန်စရာမလိုဘူး..ဒါပေမယ့်
ရှင့်ကြောင့် နာမည်ဆိုးကိုဖျက်ခွင့်မရတဲ့လူ
ရယ်.. အခုထိအိမ်မက်ဆိုးကမလွတ်နိုင်သေး
တဲ့ လူတစ်စုရယ်ကိုတော့.ရှင်သေချာတောင်းပန်ရမယ်...''
"ကျွန်တော်..စိတ်ရင်းနဲ့အမြဲတမ်းတောင်းပန်ပြီးနေထိုင်သွားမှာပါ..
ဒါပေမယ့် ကျွန်တော်အခုပြန်ရတော့မယ်.
လေဆိပ်မှာ မာမီစောင့်နေတယ်.''
"ရှင်ဒီလိုထွက်သွားရင် ခြင်းကကော..သူ့
တသက်လုံး ဒီလိုနာမည်ဆိုးကြီးကိုပိုက်ထွေး
ထားရမှာလား..''
"ခြင်း မဟုတ်မှန်း မိန်းကလေးသိနေပြီပဲ..
သူကလည်းမင်းကလွုဲပြီး တခြားလူကိုဂရုမစိုက်ပါဘူး.
ကျွန်တော့်ကိုခွင့်ပြုပါအုံး.. ''
.....
ဟူး..ဘာလို့များလူတွေကအမှားလုပ်ပြီးတောင်းပန်ဖို့ကိုဝန်လေးကြမှန်းမသိဘူး။
....................................................
ပျိုလည်းအမှန်အတိုင်းသိရပြီမို့အထင်လွဲနေတဲ့
မင်းထိုက်ကိုသွားတွေ့ပြီးဒီအကြောင်းတွေပြော
ပြလိုက်သည်။
"မင်းထိုက် ငါပြောပြတာတွေကအမှန်တွေပါ..
ခြင်းကိုကာကွယ်ပြီးဒီလိုပြောတာမဟုတ်ဘူး
အမှန်တရားကို နင်သိရအောင်ပါ..''
"နင် ကဒါအမှန်လို့ယုံကြည်တာလားပျို..''
မင်းထိုက်ကလည်း တစ်ယူသန်ဆန်တဲ့လူသားပါ။
"အဲ့လူက သူမဖြေချင်ရင်သာနှုတ်ဆိတ်ပြီး နေချင်
နေမယ်.. ဒါပေမယ့် ညာမပြောတတ်ဘူး..''
ဪ...
"နင်ကလွတ်လပ်ခြင်းကိုဒီလိုမျိုးလွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ယုံကြည်နေခဲ့တာမှတ်လား...''
"ငါကိုနင် တစ်မျိုးမထင်ပါနဲ့. ... အဲ့ကိစ္စမှာ
သူလည်းနစ်နာသူတစ်ယောက်ပါပဲ..''
ပျိုရယ်..နင်သူ့ကို အစွန်းအထင်းမခံနိုင်လောက်အောင်ဖြစ်နေပြီလားဟမ်...
မဟုတ်ဘူး..ငါကအမှန်တရားကိုကိုးကွယ်တာပါ
...မင်းထိုက်။
>>>>>>>>>>>><>>><>>>>>
ခြင်းက ပြန်ရောက်လာကတည်းက ဖခင်ပီသ
နေတာကြောင့်ပျို နဲနဲတော့စိတ်ချမ်းသာရပါ
သည်.. ဘယ်အချက်ထဖောက်အုံးမလဲမသိ..
သူအရင်ကလိုမဟုတ်ဘဲ..အလုပ်လည်းကြိုး
စားလုပ်နေတယ်ဟုသိရသည်။
ဒီနေ့လည်းမိသားစုအပြင်ထွက်လည်မည်ဟု
ဆိုသည်..
သားအဖနှစ်ယောက်ကအပြိုင်အဆိုင်ပြင်ဆင်
နေကြသည်။ ရေကူးကန်နဲ့ကစားကွင်းသွား
ချင်တယ်ဟုသားကပူဆာတာဖြစ်သည်။
နှစ်ယောက်သားရှိုးကအပြည့်နဲ့. ခြင်းကရှပ်အကျီအနက်ပေါ်မှာမှလည်စည်းနဲ့အိတ်ကအနီ၊ဘောင်းဘီကအနက်နဲ့နုပျိုသစ်လွင်နေကာ။
သားကလည်းသူနဲ့ဆင်တူဝတ်ကာဦးထုတ်နဲ့မျက်မှန်နဲ့အားလုံးဝတ်ပြီး ပျိုထွက်လာတာကိုဂိမ်းဆော့
ရင်းစောင့်နေကြသည်။
အတန်ကြာမှပိတောက်ခြောက်ရောင်ပါတိတ်ဝမ်းဆက်ရိုးရိုးကြီးပဲဝတ်ပြီးထွက်လာတဲ့ပျို့ကိုရှုံ့မဲ့ကာ
ကြည့်ပြီး..
"ဒါက ဘာပုံကြီးလည်းကွာ..မင်းကငါတို့အုပ်
ထိန်းသူလား.. ငါနဲ့အပြင်သွားမယ်ဆိုလည်း
နေရာဒေသကိုကြည့်ပြီး လိုက်ဖက်အောင်
ဝတ်မှပေါ့.. 
ငါ့အဖွားရှိတုန်းကတောင်မင်းထက်လန်းသေးတယ်..''.
"ဟုတ်ပါတယ်..ရှင်ပဲအရွယ်တင်ပြီးနုပျိုနေတာ.. သားနဲ့တောင်ညီအစ်ကိုလားမှတ်ရတယ်..''
"သိရင်ပြီးရော. ..မင်းအကျီကိုသွားပြန်လဲ..''
ပျို ဆောင့်ဆောင့်အောင့်အောင့်နဲ့အကျီပြန်လဲရသည်။ 
စိတ်အတော်လေးပြင်ဆင်ကာဘလောက်အကျီနဲ့
ဘောင်းဘီရှည်ကိုလဲဝတ်လိုက်ရသည်။
ထိုသို့ဝတ်ပြီးပြန်ထွက်လာတဲ့ပျို့ကို ကြည့်ပြီး...
"မင်းအမေက ဒီလိုဝတ်တော့လည်း ရင်ခုန်
ဖို့ကောင်းသားပဲ. "တဲ့..
"ဟီး ဟီးဟုတ်တယ်''
အဲ့တာ သူသားကိုပြောရမယ့်စကားလား..
ဪ ဘာပဲဖြစ်ဖြစ်..သားလေးကပျော်နေတာပါပဲ၊
ခြင်းနဲ့ပျို့ကိုတစ်ဖက်ဆီလက်ဆွဲပြီးလျှောက်
သွားရတာကိုသားလေးက အင်မတန်ပျော်နေ
သည်။
ရေကူးကန်ကစားကွင်းထဲရောက်တော့...
"ဟင့်အင်း ရှင်တို့သားအဖဆော့လေ..
ကျွန်မဒီကနေစောင့်နေမယ်...''
"မရဘူးလာ.. ''
"လာပါ မေမေရဲ့ သားသားရှိတယ် 
မကြောက်ပါနဲ့..''
"ဟား ဟား..''
ပျိူကရေကြောက်တယ်..ဒီလိုမျိုးရေလွှာလျောစီးဖို့ဆိုဝေးရော..
ဒါပေမယ့်.. ခြင်းကတစ်ဖက်သားကတစ်ဖက်
သူမလက်ကိုဆုပ်ကိုင်ထားတယ်လေ..
ဒီလိုမျိုး သူတို့နဲ့သာအတူတူရှိခွင့်ရမယ်ဆိုရင်တော့
ပျို့ရဲ့အဘိဓာန်စာအုပ်ကြီးကိုလည်းပြင်သင့်ရင်ပြင်
ရပေမည်။
ကစားလို့အားရမှ Shopping mallထဲဝင်ပြီးလိုချင်တာဝယ်ကြသည်။
အသက်၁၇..၁၈လောက်ပဲရှိအုံးမယ့်ကောင်မလေး၂ယောက်ကဈေးဝယ်နေတဲ့ခြင်းကိုမြင်သော်..
"ဦး.. ဦးဟုတ်ပါတယ်နော်.. ပုလဲကိုမှတ်မိ
လားဟင် စင်ကာပူမှာတုန်းကဆုံဖူးတယ်လေ..''
"ဪ အင်း သမီး မှတ်မိတယ်..''
"ဦးနဲ့ ဒီမှာထပ်ဆုံရမယ်လို့မထင်ထားဘူး...
အပြီးပြန်လာတာလားဟင်''
"အင်း ဒီမှာ ဦးမိသားစုရှိတယ်လေ..
လာ သား..
ဒါကဦးသား.. ဟိုဟာဦးဇနီး..''
"ဪ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်..''
"သမီးကော သင်တန်းဆင်းလို့ပြန်လာတာလား..''
"ဟုတ်ကဲ့..''
"အေးကွာ.. စာကြိုးစား..
ဒါမှ မိဘတွေစိတ်ချမ်းသာမှာ..''
"ဟုတ်ကဲ့..''
ခြင်းကကောင်မလေးကိုနှုတ်ဆက်ပြီးထွက်လာတော့
ကောင်မလေးကငေးကျန်ခဲ့သည်။
ဪ လက်စသတ်တော့သူကစင်ကာပူမှာ
တောင် ဦးနဲ့သမီး ဇတ်လမ်းသွားရိုက်ခဲ့သေး
တာကိုး..
ပျိုကသူ့ကို ဘာလားဆိုပြီးကြည့်နေတာကြောင့်..
"စင်ကာပူ မှာတုန်းကဆုံခဲ့တဲ့ကောင်မလေးပါ
တိုင်းတစ်ပါးမှာ ဒုက္ခရောက်နေတော့..ကိုယ့်
လူမျိုးအချင်းချင်းမို့..ကိုယ်ကူညီခဲ့တာ..''
ရှင်းပြရတာကိုမုန်းတယ်ဘယ်သူဘာထင်ထင်ဆိုတဲ့ခြင်းက.အခုမှသူဇယားတွေမရှုပ်တော့ကြောင်းတကူးတကတွေရှင်းပြချင်နေတာ...
အဲ့တာဘာလို့လဲပျို..မင်းသိလား။
သိပါတယ်.. မိန်းကလေးဆို ကြင်နာတတ်တာ..ရှင့်ရောဂါလေ..အိမ်ကရှင့်မိန်းမကြီးကတော့ ချွင်းချက်ပေါ့ရှင်။
........
စင်ကာပူမှာသူ့ကို တွေ့ပြီးကတည်းက တဦးဦးနဲ့
ရောဂါရလာတဲ့ပုလဲတစ်ယောက်...
"ပုလဲ.ဒါ နင်ပြောတဲ့ ဦးဆိုတာလား..''
"အင်း လေ..''
(နှမြောတသသံကြီးနဲ့..)
"နင်ပြောသလို နင့်ဦးကကြွေလောက်အောင်
တော့ ချောပါရဲ့..ဒါပေမယ့်ငေးမနေနဲ့တော့
မိပုလဲ.. သူ့မှာမိသားစုနဲ့လို့ပြောသွားတယ်လေ..''
"ငါ အခုဦးကိုမငေးတော့ပါဘူး..
ငါငေးနေတာ... ဦး သားကိုဟ..
ဦးနဲ့တထေရာထဲတူတော့ ဦးလိုပဲကြီးလာရင်
ချောမှာသေချာတယ်..''
သေစမ်း.. ငါးမရရင်ရေချိုးပြန်မယ်ဆိုတဲ့မိပုလဲပါလား။
"ဒါဆိုလည်း နင် BB creamတွေအများကြီး
ဝယ်လူးပြီးစောင့်နေပေါ့ဟာ..''
©©©©©©©©©©©©©©©©©
ပျို နေသိပ်မကောင်းသဖြင့်ကုတင်ပေါ်ခနလှဲနေရာကဝင်လာတဲ့ဖုန်းကိုထကိုင်လိုက်သည်၊
"ဟလို..''
"ပျို..မင်းနေမကောင်းဘူးဆို..''
"နဲနဲပါ ကိုယ်တွေလက်တွေကိုက်လို့..,''
"ဟုတ်လား. ဒါဆိုမင်းနားနေလိုက်လေ..
ငါ သားမူကြိုကို သွားကြိုလိုက်မယ်..''
"ရှင်အဲ့လိုလုပ်ပေးနိုင်မလား.. အချိန်ရလို့လား..''
"ရတယ်.. ''
"ကောင်းပါပြီရှင်''
တစ်မိုးအောက်ကလွတ်လပ်ခြင်းအရင်ကထက်နူး
ညံ့လာပြီးဖခင်ပီသအောင်လည်းကြိုးစားနေတာ
မြင်တော့သူမနဲနဲတော့ကျေနပ်နေမိသည်။
သားတတ်တဲ့မူကြိုကလေမေမေတို့အိမ်နဲ့မှနီးတာ
ဖြစ်သည်။ခုသူတို့နေတဲ့အိမ်အထိကိုဖယ်ရီကလမ်းကြောင်းမသင့်လို့ပို့မပေးပါ။
ဒါကြောင့်ပျိုက အကြိုအပို့လုပ်ရသည်။
မူကြိုဆင်းပြီဖြစ်၍ ကလေးတွေကအပြင်ရောက်
နေသည်။ တချို့ကမိဘလာကြို၍ တချိူ့ကဖယ်ရီ
စောင့်နေသည်။
ခြင်းရောက်သွားတော့ သားမျက်နှာရှုံ့မဲ့နေသည်။
"ဘာဖြစ်တာလဲသား..မင်းအမေမလာလို့လား..''
"ဟင့်အင်း ''
"ဘာဖြစ်လို့လဲ အမှန်အတိုင်းပြောစမ်း..''
သားကမဖြေပေမယ့်..သူကနားလည်သွားကာ.. 
"မင်းကငါ့သားဖြစ်ပြီး သူများအနိုင်ကျင့်တာ
ခံလာရတယ်ပေါ့..
ဒီမှာကြည့်စမ်း...
ခြင်းငယ် ငါကမင်းကို သမီးရေလို့ခေါ်ရမလား..
ဒါမှမဟုတ်ဘေးအိမ်ကပန်ပန်လေးလိုဂါဝန်ဝတ်ချင်
လား..''
"မဝတ်ဘူး..''
"ဘာဖြစ်လို့လဲ.. ''
"သားသားကယောက်ျားလေး..''
"ယောက်ျားဆို ဘာလို့ခံရတာလဲကွ..''
"သူတို့ကသားထက်ကြီးတယ်..''
"မင်းထက်ကြီးလို့ မနိုင်ဘူးလား..
ဒါဆိုဖေဖေပြောပြမယ်.
****ဒီလိုလုပ်...''
"သွား ပြန်ချ..''
"ဟုတ်..''
....
သူ့ထက်နဲနဲကြီးသောဝတုတ်လေးသုံးယောက်၊အဲ့ကလေးတွေကအရမ်းဆိုးသည်။
တခြားကျောင်းသားတွေကိုလည်းအနိုင်ကျင့်
တတ်သည်။ သူတို့မိဘတွေကသံရုံးကတဲ့..
"ဒီကောင် ပြန်လာပြန်ပြီ.. ထပ်နာချင်လို့..''
ဟား ဟား 
"ဝက်ကြီး..ငါမင်းတို့ကိုမကြောက်ဘူး..''
"ဒါဆို လာလေ..''
သားကသူ့အဖေသင်လ်ိုက်တဲ့အတိုင်း..
"ဟေ့ကောင် မင်းခေါင်းကဘာလုပ်ဖို့လဲ..
ခေါင်းကိုသုံးမှပေါ့.. ပြီးတော့အင်အားနဲရင်
ရန်သူကိုလျှပ်တစ်ပြက်တိုက်ခိုက်မှအနိုင်ရ
မှာကွ..''
သားကသူပြောတာကိုသေချာမှတ်သားစွာ
ပြေးပြီး ခေါင်းနဲ့ဝင်တိုက်ကာ..ခြေသလုံးရိုး
ကိုပိတ်ကန်ဖြစ်သည်။
ရုတ်တရက်မို့ သုံးယောက်စလုံးခံလိုက်ရသည်။
"အား ဆရာမ သားတို့ကို မင်းမင်းလာရိုက်တယ်..''
အဲ့တော့မှ ဆရာမပြေးထွက်လာသည်။
"မင်းမင်း သားဘာလို့ဒီလိုလုပ်တာလဲ..''
"သူတို့ကသားကိုအရင်ရန်စတာ..''
"မဟုတ်ဘူး.. မင်းမင်းကလာရိုက်တာ..''
..''မင်းမင်း သူတို့ကို ရိုက်လားမရိုက်လား
ဆရာမကိုပြော..''
ခပ်လှမ်းလှမ်းမှာကားကိုမှီကာစီးကရက်ဖွာရင်းလှမ်းကြည့်နေတဲ့ခြင်းကအနားလျှောက်လာကာ..
"ဘာလို့ကျုပ်သားကိုပဲမေးနေတာလဲ၊
သုံးယောက်တစ်ယောက်ကို ကျုပ်သားက
အရင်ရန်စတာ ဖြစ်နိုင်ပါ့မလား..''
"ရှင်က. မင်းမင်းရဲ့အဖေလား..''
"ဟုတ်တယ်..''
"ဒါတောင် ရှင်ကရှင့်ကလေးကိုရန်ဖြစ်ခိုင်း
တယ်ပေါ့..''
"ရန်ဖြစ်တယ်ဆိုတာ..အကြောင်းအရာတစ်ခု
အပေါ်နှစ်ဦးနှစ်ဖက်မကျေနပ်တာမျိုး..
အခုက ကျုပ်သားကို သက်သက်အနိုင်ကျင့်တာ.. အဲ့တုန်းကဆရာမဘယ်ရောက်နေလို့လဲ..
ကျုပ်သားကပြန်လုပ်တော့မှ အပြစ်ဖြစ်သွာလား..''
"ဒါက ကလေးကလေးချင်းဖြစ်တာရှင့်..''
"ကလေးကလေးချင်းဖြစ်တာမို့.. ကလေးက
လေးချင်းရှင်းခိုင်းလိုက်တာ..ဆရာမလည်း
ဝင်မပါနဲ့. "
ဟ ..ဒီလူဘယ်လိုလူပါလိမ့်.
"ရှင်ဒီလိုမျိုး သားသမီးကိုထိန်းကျောင်းရင်
ရှင့်သားအတွက်မကောင်းဘူးနော်..''
"ကျုပ်သားကဘာမှဖြစ်စရာမရှိဘူး..''
"ဒီလို မိဘနဲ့ကလေးဆို မူကြိုကဆက်ပြီး
လက်ခံဖို့ စဉ်းစားရလိမ့်မယ်..''
"ကျုပ်ကလည်း ဒီလိုနေရာမှာကျုပ်သားကို
ထားဖို့မစဉ်စားဘူး..
ဒီကျောင်းသာနောက်နေ့ထပ်ရှိနေအောင်ကြိုးစား..
လာ...သား..''
သားကိုပွေ့ချီပြီးကားပေါ်တင်မောင်းထွက်သွား
သည်။
ဆရာမကခေါင်းတခါခါနဲ့သူ့ကိုလိုက်ကြည့်နေသည်
ဒီလိုမိဘမျိုး တစ်သက်နဲ့တစ်ကိုယ်မမြင်ဘူးဘူး..
>>>>>>>>>>>
ချက်ချင်းမူကြိုကပျို့ကိုလှမ်းပြီးဖုန်းဆက်သည်။
"မူကြိုကလားရှင်..
ဪ ဟုတ်ကဲ့ဆရာမလား..''
"ရှင့်သားကို လူတစ်ယောက်လာကြိုသွား
တယ်..သူ့အဖေအရင်းမှဟုတ်ရဲ့လား..''
"ရှင်..''
"ဘယ်လိုမိဘမျိုးမို့ သားသမီးကိုရန်ဖြစ်နည်းပါ
သင်ပေးရတာလဲရှင်..ကျွန်မဖြင့်အံ့သြလို့မဆုံးဘူး''
ဆရာမက ပျို့ကိုအကြောင်းစုံပြောပြသည်။
ဒါကလည်း တစ်ဝက်ပဲဖြစ်မည်။
"ရှင်တို့ကလေးကို ရှင့်အမျိုးသားကဒီလိုမျိုး
အားပေးအားမြှောက်လုပ်နေရင် ကလေး
ပျက်စီးလိမ့်မယ်...''
ဘုရားရေ..
"ကျွန်မတောင်းပန်ပါတယ်ရှင်.. သားလေး
ကိုမူကြိူကမထုတ်ပြစ်ပါနဲ့..''
"ရှင်ကိုယ်တိုင် ကျောင်းအုပ်ကြီးကိုလာတွေ့
မှဖြစ်မယ်..
ရှင့်အမျိုးသားက မူကြိူကိုတောင်ကြိမ်းဝါး
သွားတာဆိုတော့လေ...''
"ရှင်..''
ရှင်ပြန်လာတာကျွန်မသားလေးကိုဒီလိုဖျက်ဆီး
ဖို့လားဟင်လွတ်လပ်ခြင်း၊
ရှင်ပြောင်းလဲလာတယ်ထင်ခဲ့တာခုတော့။
နေမကောင်းတဲ့ပျိုကထပ်ပြီးသွေးပါတိုးချင်သွား
သည်။
ခြင်းနဲ့သားလေးကတော့တော်တော်ကြာမှ
အရုပ်တွေမုန့်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ပြန်လာကြသည်။ 
"လွှတ်လပ်ခြင်း..''
ပျိုက ဆောင့်အော်တာကြောင့်ခြင်းမျက်မှောင်ကျုံပြီးပြန်ကြည့်သည်။
သူ့ကိုအဲ့လိုခေါ်တာမကြိုက်ပါ..
"မင်းကယောက်ျားကိုများနာမည်ခေါ်စရာ
လား...ငါကမင်းမွေးထားတဲ့သားလား...''
နဲ့အဲ့လိုဘုတောတောတတ်သူ..
"ရှင်ဘယ်လိုလုပ်လိုက်တာလဲဟင်..
ရှင်အခုဘယ်လိုလုပ်လိုက်တာလဲလို့.''
"ငါဘာလုပ်လို့လဲ..''
"ရှင်အခုမှ မသိချင်ယောင်ဆောင်မနေနဲ့..
ရှင်မူကြိုသွားကြိုမယ်ဆိုပြီး.. ကျွန်မသားကို
ကျောင်းပါအထုတ်ခံရအောင်လုပ်ခဲ့တာလေ..''
"အထုတ်ခံရတာမဟုတ်ဘူး..ထွက်ခိုင်းခဲ့တာ..
အဲ့လိုကျောင်းမျိုးမှာငါ့သားတတ်စရာမလိုလို့..''
" ဘာရှင့်..''
"မင်း နားလေးနေလား..
ငါ လွတ်လပ်ခြင်းရဲ့သားကိုများ ရာရာစစ
အနိုင်ကျင့်ရတယ်လို့..
ငါကဒီအတိုင်းလက်ပိုက်ကြည့်နေရမှာလား..
မင်းကသာဘယ်လိုမအေမျိုးလဲ..''
"ဒါနဲ့ ပဲသားကိုရန်ဖြစ်တတ်အောင်သင်ပြီး
လူမိုက်လုပ်ပြီး ကျောင်းထွက်ခဲ့တယ်ပေါ့လေ..
ဒါတောင်ရှင်က လေသံကောင်းဟစ်နေသေးတယ်..''
"ဒီကျောင်းမတတ်ရတော့ဘာဖြစ်လဲ..
နောက်တစ်ကျောင်းပြောင်းပေါ့..
ဒီနိုင်ငံကဆရာတွေငါ့သားကိုမသင်ကြရင်
နိုင်ငံခြားကဆရာခေါ်သင်မယ်..
ဘယ်သူမှ မသင်နိုင်ရင်ငါကိုယ်တိုင်သင်ပေး
မယ်..
ဘယ်ကျောင်းကမှလက်မခံရင် ငါ့သား
အတွက်ကျောင်းဆောက်ပေးမယ်..ရပြီလား..''
ပျို သူ့ကိုတကယ် ဆလံတိုက်မိသည်။
...
"ရှင်အခုလို ကျွန်မသားကိုဖျက်စီးဖို့ဆိုရင်
ပြန်မလာတာကပိုကောင်းတယ်..သိလား''
"ဘာ..  ဘာပြောတယ်မင်း..''
"သားကို ရှင့်လိုဖြစ်အောင်တမင်လုပ်နေတာ..
ရှင့်ကိုရှင့်အဖွားက အဲ့လိုအလိုလိုက်ခဲ့လို့
ရှင်ပျက်စီးတာ..''
"တော်စမ်း..ငါ့အဖွားကိုမစော်ကားနဲ့..
အဲ့ဒီအမျိုးသမီးကသာ..ကမ္ဘာပေါ်မှာစိတ်ရင်း
နဲ့ငါ့ကိုချစ်ပေးခဲ့တာ..
မင်းနောက်ထပ်စော်ကားရင် ငါဘာလုပ်မိ
မလဲမသိဘူးနော်...
ငါကပျက်စီးနေရင်လည်း မင်းယောက်ျားပဲ
..သားကလည်းငါ့သွေးပဲ..သားခန္တာကိုယ်
ထဲကသွေးတွေကိုမင်းအကုန်ဖောက်မထုတ်
နိုင်သရွေ့ ငါ့လိုပဲ ဖြစ်လာမှာ. မင်းမပူနဲ့..''
"ရှင် မလုပ်နဲ့နော်..ကျွန်မသားလေးကို မဖျက်စီးပါနဲ့..ကျွန်မရှင့်ကို ဒီလိုတောင်းပန်ပါတယ်''
ပျိုက သူ့ကိုဒူးထောက်ပြီးတောင်းပန်လေ၏..
"ပျို.. မင်း.ကွာ.တောက်..))))''
ဘယ်ဖခင်ကများကိုယ့်သားသမီးကိုသူများ
စော်ကားတာကိုထိုင်ကြည့်နေနိုင်မှာလဲ။
ငါ့သွေးသားအပေါ်အထိမခံခင်တဲ့စိတ်နဲ့ငါဒီလိုလုပ်
လိုက်တာကို မင်းက..မင်းပြောထွက်လိုက်တာ။
မင်းနဲ့ငါ့အမေက တစ်ထေရာထဲတူတယ်..
ငါအဲ့တာကိုအမုန်းဆုံးပဲ..။
သူ့အဖေလှည့်ထွက်သွားတာကိုသားကမျက်
စိတစ်ဆုံးလိုက်ကြည့်နေသည်။
သားစိတ်ထဲ ဘယ်သူ့ဘက်အမှတ်ပိုနေမလဲမသိပါ။
"သားလေး..နောက်အဲ့လိုမလုပ်ရဘူးနော်..
ရန်ဖြစ်တာလုံးဝမကောင်းဘူး..''
"ဟုတ်ကဲ့..''
သို့သော်သားလေးအကြည့်ကသူ့အဖေရဲ့နောက်
ကျောပြင်ဆီကိုသာ။
==========================
ညကို၁၂နာရီကျော်ကာမှသူ့ကားပြန်ဝင်လာသည်။
လူကအိမ်ထဲကိုသိုင်းကွင်းနင်းပြီးဝင်လာသည်။ဒီလောက်မူးနေတာကိုကားဘယ်လိုမောင်းလာလည်းမသိ..
"ပျို..အေ့.. ပျို..
ငါ့ကိုမုန်းတဲ့မိန်းမ.. အသဲမာတဲ့မိန်းမ..
မင်းဘယ်မှာလဲ..''
"ရှင် ဘယ်လိုဖြစ်နေတာလဲ..
မူးလာရင်လည်းမသောင်းကျန်းနဲ့နော်..''
ခြင်း သူမကိုသေချာကြည့်ပြီးမှ..
"မင်းအစစ်ပဲ.. ငါ့ကိုဘယ်တော့မှမကြင်နာမကြည်
ဖြူတဲ့..မင်းရဲ့ပုံစံအစစ်..
ငါ့ကိုအမြဲ..လူဆိုး..လူမိုက်..လူရိုင်းလို့ခေါင်း
စဉ်တပ်ပေးရတော့မင်းပျော်လား.. အေ့
မင်းပျော်လားလို့...
ငါ့ပုံစံကိုမုန်းတာဆိုရင်.. မင်းအကြိုက်က ဘာလဲ
မင်းထိုက်ဆိုတဲ့ကောင်လား..ဒါမှမဟုတ်
ဟိုကြာကူလီကောင်နောင်ရိုးလား..
ငါအဲ့ကောင်နှစ်ကောင်ကို သွားသတ်ပစ်မယ်.''
"ခြင်း ရှင်ပေါက်ကရတွေမပြောနဲ့နော်..''
"ဘာလဲ ငါကမလုပ်ရဲဘူးများထင်လား..
မင်းနဲ့ပတ်သက်လာရင်ငါ ဘယ်လောက်
သဝန်တိုတတ်လဲမင်းသိလား..
ငါ့ရင်သွေးကိုတောင်လက်မခံချင်လောက်အောင်
.ဂျေဝင်ခဲ့တာ..
ဒါကြောင့်လည်း မင်းဆီကပိုအမုန်းခံရတာငါသိ
တယ်။
ဒါပေမယ့်အဲ့ညကငါမင်းဆီလာဖို့ကြိုးစားခဲ့တာ
မင်းသိလား..
ငါ ငါ အရိုက်ခံရတာ..''
သူဘာတွေပြောနေမှန်း ပျိုမသိဘူး..
"အခုငါ ငါ့ရင်သွေးကိုထွေးပိုက်ဖို့ကြိုးစား
တော့လည်း မင်းကကိုယ့်သားက်ိုယ်ဖျက်စီး
နေပါတယ်တဲ့..
ငါဘာလုပ်လုပ်မင်းအကောင်းမမြင်ဘူး..
မင်းပြောစမ်းပါ.. ကညာပျို..
ငါဘယ်လိုနေမှ မင်း အကောင်းမြင်မှာလဲ
ငါ ဘယ်လိုလုပ်မှ မင်းငါ့ကိုချစ်မှာလဲ..အေ့
မင်း ကြောင့် ငါ ငို ချင် တယ်
မင်း က အသည်း မရှိ တဲ့ မိန်းမ ....''
အာလေးလျှာလေးနဲ့ ပလုံးပထွေးပြောပြီး
ကြမ်းပြင်ပေါ်မှာဒီတိုင်းလှဲအိပ်ပါသည်။
"ခြင်း..ဟာ..''
သူ့ကိုဘယ်လိုတွဲထူရမလဲ၊ပျိုတစ်ယောက်ထဲနိုင်မည်မထင်ဒုက္ခပါပဲ။
အိပ်ပျော်သွားပြီဖြစ်တဲ့ သူ့မျက်တောင်ဖျား
ကမီးရောင်ကြောင့် လက်ခနဲဖြစ်နေတာမို့
ပျို ထိကိုင်ကြည့်မိသည်။
ဘုရားရေ..! ရှင် ရှင်တကယ်ငိုနေတာပါလား..
===========================
သားနဲ့ခြင်းကအိပ်ပျော်နေပြီကြပြီဖြစ်သည်။ 
ညကြရင်နွဲ့ကဖုန်းခေါ်လိူက်မယ်ဆိုလို့..ပျိုအောက်
ထပ်ဆင်းလာပါသည်။ အချိန်ကိုက်ပဲနွဲ့ကခေါ်ကာ..
"ထိုက်ထိုက်က နိုင်ငံခြားပြန်ထွက်တော့မယ်
တဲ့ ပျို..သူဒီတစ်ခါသွားရင်တော်တော်နဲ့ပြန်
လာမယ်မထင်ဘူး..''
"ဟုတ်လား..နွဲ့..သူငါ့ကိုတော့ ဘာမှမပြောဘူး..''
"နင်ကကော..သူပြောတာကိုနားထောင်ဖို့
အချိန်ရှိခဲ့လို့လား. .''
"နင်ကငါ့ကိုအပြစ်တင်နေတာလား..''
"အဲ့လိုတော့မဟုတ်ပါဘူး.. ဒါပေမယ့် နင်လေ
ခြင်းပြန်လာပြီးကတည်းကသူနဲ့ထပ်မတွေ့ရဲ
ဘူးမှတ်လား..''
တကယ်တော့ မတွေ့ရဲတာမဟုတ်ပဲ..မတွေ့
ချင်တာဆိုမှန်မည်..ငယ်သူချင်းမှန်သော်ငြား
လည်း.. အပြစ်မရှိတဲ့လူကိုပဲတရားသေ
စွတ်စွဲနေတာကို ပျိုသိပ်သဘောမကြလို့လေ။
"ငါ ထိုက်ထိုက်ကိုခင်ပါတယ်..ဒါပေမယ့်
တစ်ခါတစ်လေ သူကအစွန်းရောက်တယ်..''
"နင်က ခြင်းကြောင့် ငယ်သံယောဇဉ်ကို
တောင်မငဲ့ဘူးတဲ့..''
"ဟင် သူကအဲ့လိုပဲပြောတယ်ဟုတ်လား..''
"ထိုက်ထိုက် နင့်ကိုအရမ်းချစ်ခဲ့တာနင်သိမှာ
ပါပျို.. နင် ခြင်းဘက်ကကာကွယ်ပြောရင်
သူဘယ်လောက်ခံစားရမလဲ နင်မတွေးဘူး
လား..''
"သားအဖေဘက်ကငါလိုက်ပြောတာမဟုတ်
ဘူး..သူမကျုးလွန်ခဲ့ဘူးဆိုတာကိုပဲသိစေချင်တာ..
သူက လူဆိုးတစ်ယောက်ဖြစ်ချင်ဖြစ်မယ့်..
ဒါပေမယ့် နောက်ဆုံးအချိန်ထိ ရှင်မင်းရဲ့
ဂုဏ်သိက္ခာအတွက်သူနှုတ်ဆိတ်နေခဲ့တယ်...
အဲ့ဒီ့အတွက် သူ့ကိုထပ်မစွပ်စွဲသင့်တော့ဘူး
လို့ငါထင်လို့ပါ''
"နင်လည်း မချစ်ပေလို့သာပဲ.နော်.''
"အချစ်နဲ့ မဆိုင်ပါဘူး နွဲ့ရယ်..''
"တော်ပါပြီ လွတ်လပ်ခြင်း မကောင်းကြောင်း
ငါမပြောရဲတော့ပါဘူး..
တော်ကြာငါ့ပါသေခန်းဖြတ်သွားအုံးမယ်..''
"နွဲ့ယိမ်း နင်နော်..''
ပျိုနဲ့နွဲ့ယိမ်း ဖုန်းပြောပြီဆိုတစ်နာရီခန့်ကြာ
သည်။ ဟိုအကြောင်းဒီအကြောင်းနဲ့တော်
တော်ကိုစကားမဆုံးနိုင်ပါ...
ဒီနေ့တော့  brand new super star က
ထိုက်ထိုက်ပဲပေါ့..
ပျို ဖုန်းချလိုက်ပြီးမှ..
အိပ်မှုံစုတ်ဖွားနဲ့ခြင်းက နောက်မှာခါးထောက်ပြီးသူမကိုရပ်ကြည့်နေတာကိုတွေ့လိုက်ရသည်။ ဘုရား..!
ပျိုကိုတော့ ဘာမှမပြောပေမယ့်..တယ်လီ
ဖုန်းကိုတော့ စူးစူးကြီးစိုက်ကြည့်နေလေသည်။
Continue Reading
You'll Also Like
402K 16K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
656K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
2.9K 112 7
I think ,love is life.
1.6M 198K 160