ရင်ခွင်ရိုင်း {Complete}
Av wookiekyoe
408K 8.9K 121
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
part 10 zawgi
4.9K 61 0
Av wookiekyoe
ရင်ခွင်ရိုင်း.. 💘...၁၀
သူခေါ်သွားတဲ့ပွဲမှာ..
ပျို ကိုယ်ဝတ်လာတာကဇာပန်နုရောင်ဝမ်း
ဆက်လေး.ခြင်းကိုယ်တိုင်ရွေးဝတ်ခိုင်းတာဖြစ်
သည်။
.ဇာမို့တစ်ချို့နေရာတွေမှာ အတွင်းသားတွေ
မြင်နေရတာကို..ပျို့မှာရှက်လှပြီဖြစ်နေတာ..
ပွဲထဲမှာတော့အမလေးလေး... တစ်ချို့မိန်းမ
တွေကခြံထွက်အုန်းသီးတွေကိုလူမြင်အောင်
ထုတ်လှစ်ပြထားသလို..
တစ်ချို့မိန်းမတွေကြ ဂါဝန်အကောင်းအတိုင်း
ကိုပေါင်ရင်းထိရောက်အောင်တမင်ခွဲထား
လေ၏။
ယောက်ျားလေးမပြောနဲ့..ပျို့လိုမိန်းမချင်းတောင်မကြည့်ရဲဘူး..
ခြင်း အပါအဝင်သူတို့အားလုံးကတော့ဘာမှမထူး
ခြားပေမယ့်..ပျို့ အတွက်တော့တခြားကမ္ဘာ
ရောက်နေသလိုခံစားရသည်။
အစားအသောက်တွေကကိုယ်တိုင်ယူစနစ်
မို့..ပျိုလည်း ကိုယ်စားနိုင်မယ့်ထင်တဲ့ နှစ်မျိုး
လောက်ယူကာ.. ထိုင်စားနေသည်။
ခြင်းကတော့ ဘယ်ရောက်သွားမှန်းကိုမသိ..
ခုနတော့ အမျိုးသမီးတစ်သိုက်နဲ့မြင်လိုက်မိ
သည်။
ခနနေတော့ မီးရောင်တွေပြောင်းသွားကာ..
ဖွင့်ထားတဲ့ သီချင်းသံစဉ်ကလည်းပြောင်းသွားသည်။
အိုး.. ယောက်ျားနဲ့မိန်းမတွေအပြန်အလှန်ဖက်
ပြီး ဒန့်နေကြတာပဲ... လူရှေ့သူရှေ့ မရှက်ကြ
ပါလား..
ပျိုဆို ကိုယ့်အိမ်မှာတောင် ခြင်းလာပြီးပုခုံး
ဖက်လိုက်..ခါးဖက်လိုက်လုပ်ရင်မကြိုက်..
ဖယ်ချတတ်လို့ ခြင်းနဲ့ခနခနရန်ဖြစ်ရသည်။
"တစ်ယောက်ထဲလား..''
ဟင်...
"ကျွန်တော့်ကိုသိတယ်မို့လား..
အိမ်ကိုလာဘူးတယ်လေ..''
"ဪ ဟုတ်ကဲ့ သူ့သူငယ်ချင်းဆိုတာ..''
"ပျိုက စဉ်းစားနေရသေးတယ်နော်..ကျွန်ြ
တော်ဆို ပျို့ကိုဟိုအဝေးကြီးထဲကလှမ်းမြင်
တာတောင် တန်းမှတ်မိတယ်..''
"တောင်းပန်ပါတယ်ရှင့်.. ကျွန်မကမှတ်ဉာဏ်
သိပ်မကောင်းလို့ပါ..''
"အခုကစပြီး မှတ်ထားနော်..ကျွန်တော့်နာမည် သိုက်..''
"ဟုတ်ကဲ့...''
"ခြင်း အတင်းခေါ်လာတာဖြစ်မယ်..''
"ရှင်..''
"ပျိုက ဒီလိုနေရာနဲ့ မလိုက်ဖက်ဘူး..''
ဟုတ်ပါတယ်.. ယမကာခွက်တွေတကိုင်ကိုင်
နဲ့.. ယောက်ျား..မိန်းမ ရောရောထွေးထွေး
နေတာ.. ပျို အတွက်တော့စိတ်ပျက်စရာ..
"ပြန်ချင်ရင် ကျွန်တော်လိုက်ပို့ပေးမယ်လေ..''
"နေပါစေ.. ခြင်း ကိုစောင့်..''
"ဟား.. ဒီကောင်ကဒီလိုပွဲမျိုးဆို..အသားကုန်
ကဲတတ်တာ..မပြီးမချင်းပြန်မှာမဟုတ်ဘူး..''
ဒီပွဲုပြီးအထိဆိုရင်.. တော်တော်ညနက်မှာပဲ..
သားလေးငိုနေရင်ဒုက္ခ..
ပျို မျက်နှာပျက်နေသည်။ဒါကိုသိလို့သိုက်
ကတမင်သွေးတိုးစမ်းနေတာ..
"ကျွန်တော်က ပျို့အတွက်ပြောတာပါ..
ကျွန်တော့်ကိုမယုံလို့လား..''
"မဟုတ်ပါဘူး.. ခြင်းနဲ့အတူလာတာမို့သူမသိ
ပဲပြန်ရင်..''
"ပျို..မပူပါနဲ့ ကျွန်တော့်သူ့ကိုဖုန်းဆက်ပေးမယ်..လာပါ..''
ပျို သားကိုစိတ်မချသဖြင့် ထရပ်ပြီး သိုက်နောက်လိုက်လာမိသည်။
ကားနားအရောက်မှာ..
"သိုက်...''
ခေါ်သံကြောင့်လှည့်အကြည့်မှာ..
ခွပ်.. မေးဖျားကိုပင့်ထိုးချင်းခံလိုက်ရသည်။
"ခြင်း မင်း..''
"ဆောရီး.. ငါကပါးစပ်ထက် လက်ကအရင်
ရောက်တတ်တာ..အကျင့်ပါနေလို့..''
"ဟ ခြင်း
ငါကပျို ပြန်ချင်တယ်ဆိုလို့..''
"မင်းနဲ့ ဘာဆိုင်လဲ..''
"မင်း ကခေါ်လာပြီး ပစ်ထားတာ..''
"မင်းအပူပါလား..''
"ခြင်း မင်းနဲ့ငါကဘော်ဒါအရင်းကြီးပါ..
ပျိုက..''
"တော်စမ်း..နောက်တစ်ခါအဲ့နာမည်ထပ်ခေါ်
ုရင်... ခုနကလိုညှာနေမှာမဟုတ်ဘူး..''
"မင်း တော်တော်အဖြစ်သည်းပါလား..
သူများ အမညီမတွေတုန်းကတစ်ယောက်မချန်မင်း ကြံခဲ့ပြီး..မင်းမိန်းမကြတော့မှ ...
အူတိုနေလိုက်တာ..''
"မင်းညီမအစ်မတွေအတွက် ငါ့ဆီကနေ
တစ်ခုခုပြန်ယူချင်တာဆိုရင်... တန်ရာတန်ကြေးပဲတောင်းလေ....''
သူ့ညီမတွေက သူ့မိန်းမလောက်တန်ဖိုးမရှိဘူး
လို့ပြောလိုက်တာလား....
သူ ပျို့ကိုခေါ်လာတာက သူကလုပ်ငန်းလုပ်နေပြီဖြစ်လို့ နောက်ဆိုရင်လည်းဒီလိုမျိုးစုံတွဲ
တတ်ရတဲ့ပါတီတွေမှာ.. ပျိုမစိမ်းအောင်ပါ..
သူကဒီမှာလုပ်ငန်းရှင်အချို့နဲ့တွေ့စရာရှိနေသည်။ အဲ့လူတွေက ရမ္မက်ခိုးဝေနေတဲ့
မျက်လုံးတွေနဲ့ ပျို့အလှကိုအမြည်းစိမ်သောက်ကြမှာကို မလိုလားတာကြောင့်
ချောင်ကြတဲ့ဝိုင်းမှာထားရစ်ခဲ့ကာမှ.. အချောင်သမားကလာနှိုက် မြည်းချင်သေးသည်။
ပျို.. ဒီမိန်းမတော်တော်ကို အ တာ...
ခြင်း ကပျို့ကို ကားပေါ်ပစ်တွန်းတင်ပြီး..
အရှိန်ပြင်းပြင်းမောင်းလာခဲ့သည်။
ပြီးတော့ အိမ်ထဲကိုပျို့ကိုတရွတ်တိုက်ဆွဲလာ
ကာ..ကုတင်နားရောက်မှပစ်တွန်းလိုက်သည်။
"မင်းကလူတစ်ကာခေါ်တိုင်း လိုက်တယ်ပေါ့''
"ရှင် မတရားမပြောနဲ့.. ရှင်ကကျွန်မကိုခေါ်
သွားပြီးမှ ရှင်သွားချင်ရာကိုသွားနေလို့...
ကျွန်မသားကိုစိတ်မချလို့ပြန်တာ ''
"ငါ့အိမ်မှာလူတွေမှ ရိုက်သတ်လို့မကုန်ဘူး
သားတစ်ယောက်ကိုသူတို့ဖာသာထိန်းနိုင်
တယ်.အကြောင်းပြချက်မပေးနဲ့..
အဲ့ကောင်ကိုမင်းကဘယ်နှစ်ခါမြင်ဘူးလို့
အဲ့ကောင်အကြောင်းမင်းကဘယ်လောက်သိ
လို့..ဒီကောင်နောက်လိုက်ချင်ရတာလဲ..''
"ဟုတ်တယ်..ကျွန်မမှားသွားတယ်..
ရှင့်သူငယ်ချင်းဆိုမှတော့ရှင့်လိုလူပဲဖြစ်မှာ
ကို.. သားဇောနဲ့မတွေးလိုက်မိဘူး..''
"ဘာပြောတယ် မင်း..''
"နောက်ဘယ်တော့မှ ရှင့်နောက်မလိုက်ဘူး
သိလား..''
"အဲ့လိုမျိုး မင်းလုပ်ရဲလား..''
"လွတ်လပ်ခြင်း ကျွန်မရှင့်ကိုကြောက်လွန်း
လို့.ရှင်ပြုသမျှငြိမ်ခံနေတယ် ထင်လား...
လူကြီးတွေစိတ်ဆင်းရဲမှာစိုးလို့.. ကျွန်မအရာ
ရာသည်းခံခဲ့နေတာ သိလား.....''
"အဲ့တော့ မင်းကဘာဖြစ်ချင်သလဲ''
"ရှင် အနိုင်ကျင့်တာတွေကို မုန်းတယ်..''
"ပြန်ပြော..''
ပြန်ပြောသာဆိုတယ်.. ပြန်မပြောနိုင်အောင်
ပျို့ နှုတ်ခမ်းတွေကိုဖိကပ်ချုပ်နှောင်ထားပြီး
တော့..
ရှင့်ရဲ့အဲ့လိုအရိုင်းဆန်တာတွေကိုမုန်းတယ်
သိလား..
မုန်းစရာတွေချည်းပြော..မုန်းစရာတွေပဲလုပ်ပြီး...မုန်းတယ်ပြောတော့လည်း ဒဏ်ခတ်၏။
"မင်းအရည်အချင်းနဲ့ ငါ့မိန်းမဖြစ်နေတာကိုက
ကံကောင်းလှပြီကို.. ဘာမကျေနပ်စရာရှိလဲ..''
တဲ့..
ဟွန့်
@@@@@@@@@@@@@@@@
နေ့ရက်တွေကကုန်လွန်တာမြန်တယ်..
သားလေးကပျို့ မျက်စိရှေ့မှာတင် ထိုင်တတ်
တဲ့အရွယ်ရောက်လာသည်။
ခြင်းကလွဲပြီး အားလုံးကဖူးဖူးမှုတ်ချစ်ကြသည်..
မေမေ လည်းသူ့မြေးနဲ့နေချင်လွန်းလို့တမင်
ဆေးခန်းတွေမထိုင်တော့ဘဲ..ဆေးရုံတစ်ခု
သာထိုင်တော့သည်။
သူမအားတဲ့အချိန်တိုင်းကမြေးအတွက်..
သူ့သားနဲ့သိပ်မတည့်တာကြောင့် ချွေးမနဲ့မြေး
ကိုပဲအိမ်ခေါ်ခေါ်တွေ့သည်။
သားအဖေ ကတော့ အခုတလောဘာဇယားတွေကပ်နေလဲမသိပါ.
တစ်ခါတစ်ခါ..တစ်လနှစ်လကြာအောင်
ပျောက်သွားတတ်သည်..
သားလေးကိုထိုင်ပြီးကစားစရာတွေချပေး
ထားလျှင်..တခြားအရုပ်တွေထက်..
Puzzle ဆက်တဲ့အတုံးတွေကိုသာပိုသဘော
ကြပြီး ကောက်ယူတတ်သည်။
"သားသားက ကြီးလာရင် ဖိုးဖိုးလို အင်ဂျင်နီ
ယာကြီးလုပ်မလို့လား..''
"ဗီဇကတော့ပါလာတာပေါ့သမီးရေ..
ခြင်းလည်း သူ့အဖေနဲ့အဆင်မပြေတာတောင်
အင်ဂျင်နီယာဘွဲ့တော့ယူခဲ့သေးတာပဲလေ..''
"ရှင် သားအဖေက အင်ဂျင်နီယာဘွဲ့ရထား
တာလား..မေမေ..''
"ဟေ သမီးကကိုယ့်ယောက်ျား ဘာဘွဲ့ရ
ထားမှန်းတောင် အခုထိမသိဘူးလား..''
ပျို..လုံးဝမသိပါ..လက်ထပ်တော့လည်းခြင်း
ကနာမည်နောက်မှာ ဘာမှထည့်ခဲ့တာမဟုတ်..
သူနဲ့လည်း အတူထိုင်ပြီးနှစ်ယောက်ဘဝအကြောင်းတစ်ခါမှ ပြောဖြစ်တာမဟုတ်..
ထူးဆန်းတာကခြင်းမှာဓာတ်ပုံတွေအများ
အပြားရှိပါရက်နဲ့..သူဘွဲ့ယူတဲ့ပုံသာရှိမနေတာ..
"အဲ့ကောင်လေးကိုတော့မပြောချင်ဘူး..
မြို့ပြအင်ဂျင်နီယာဘွဲ့ကိုခက်ခက်ခဲယူပြီးမှ
တစ်လွဲဆံပင်ကောင်းနေတာ..''
ဪ.. ခြင်းကပညာတော့တော်ပုံရတယ်..
ပျိုကမှတ်ဉာဏ်သိပ်မကောင်းလို့စာကျက်ရင်
ခဏခဏမေ့တတ်လို့ ဆယ်တန်းမှာအမှတ်
သိပ်မကောင်းခဲ့ပါ..
သူ့ဆီကနေဉာဏ်ကောင်းတာလေးတစ်ခု
တော့ သားလေးအမွေရစေချင်မိတယ်..
သူမအတွေးထဲသို့ တခြားအကြောင်းအရာ
တစ်ခုလည်းဝင်ရောက်လာသည်
ခြင်းလို အင်ဂျင်နီယာကျောင်းတတ်ပြီးအင်
ဂျင်နီယာမဖြစ်လိုက်တဲ့ ကောင်မလေးတစ်
ယောက်အကြောင်း.. သူ့နာမည်ကရှင်မင်းတဲ့..
..........
နွဲ့ကဖုန်းဆက်တော့...
"မိပျို..နင်ဘာတွေလုပ်နေတာလဲ..ငါ့မှာနင့်ဖုန်း
စောင့်ရင်းငုတ်တုတ်မေ့နေတာ..''
"ဟုတ်လား..ငါကသားကိုသိပ်နေလို့ပါ ''
"ဟဲ့ အစောကြီးရှိသေးတယ်..''
"မဟုတ်ဘူး..ဒီချိန်ခဏအိပ်မှ...နိုးလာရင်တစ်
ခုခုကျွေးလိုက်ရင် ညကြကောင်းကောင်းအိပ်
တယ်..
ဒီချိန်မသိပ်လိုက်ရင်ညကြမှတစ်ချိုးထဲအိပ်ပြီး
သန်းခေါင်ကျော်ရင်ထသောင်းကျန်းတာ..
ဖအေကစိတ်ရှည်တာမဟုတ်ဘူးလေ..''
"အမလေး နင့်မှာလည်း မင်းနှစ်ပါးကိုခစားနေ
ရတာပါလား..''
"ပြောတော့.နွဲ့ယိမ်းရေဒါနဲ့နင်ငါ့ကိုဘာပြောမလို့လဲ..''
"ဪ အေး မင်းထိုက်ငါ့ဆီဖုန်းဆက်တယ်..
သူပြန်လာတော့မယ်တဲ့..''
"ဟယ် ဟုတ်လား.... ထိုက်ထိုက်တော့ အခု
လောက်ဆို ဘိုရုပ်များပေါက်နေပြီလား..''
"အေးရုပ်ကိုတော့မသိဘူး..
ဗမာ ငပိသံကတော့ အရင်အတိုင်းပဲဟေ့..''
"ဟား..ဟား.. ဒါနဲ့ထိုက်ထိုက် ညီမလေ
ငါအခုတောင်သူ့အကြောင်းတွေးမိသေးတယ်
..''
"ဟင် ရှင်မင်းကိုလား..''
"အေးလေ..သူဆုံးတာ၅နှစ်ရှိပြီနော်..
ရှင်မင်းကြောင့်သာမဟုတ်ရင်ထိုက်ထိုက်တစ်
ယောက် သဘောင်္တတ်မှာမဟုတ်ဘူးနော်...''
နင့်ကြောင့် ထွက်သွားတာလို့မပြောချင်..
"ဒါနဲ့သိလား နွဲ့ယိမ်း..သားအဖေလေ..သူကမြို့ပြအင်ဂျင်နီယာကျောင်းဆင်းတဲ့..ဒါဆိုရှင်မင်းနဲ့တစ်ကျောင်းထဲပေါ့နော်.''
ပျို..စကားကြောင့်..အချဉ်ပေါင်းစားရင်းဖုန်း
ပြောနေတဲ့ နွဲ့ယိမ်း..သံပုခြမ်းလည်ပင်းမှာနင်
နေသည်။
"အဟွတ်..အဟွတ်...''
"နွဲ့ နွဲ့ ဘာဖြစ်တာလဲ..''
နွဲ့ကအစောကြီးကတည်းကသိတယ်..ပျိုသိ
မှာပဲစိုးရိမ်ခဲ့တာ..ခြင်းနဲ့ရှင်မင်း ပတ်သတ်မှု
ကိုပျိုသိခဲ့ရင်.. မလွယ်ဘူး..ဟူး...
"ဟင့်အင်း..ငါဘာမှမဖြစ်ပါဘူး..
ပျို..ပြီးခဲ့တာတွေလည်းပြီးသွားပြီပဲ..
ထိုက်ထိုက်ရှေ့မှာပြန်အစဖော်မနေနဲ့တော့..''
"အေးပါ..''
"ငါလည်း ရန်ကုန်ဆင်းလာမယ်သိလား..
သားလေးကိုလည်းသတိရတယ်..ငါတို့သူ
ငယ်ချင်းတွေအားလုံးအတူဆုံကြမယ်..''
"တကယ်လား..ကောင်းလိုက်တာ..ဒါဆို
ငါတို့ခနလောက်အတိတ်ပြန်သွားကြတာပေါ့.''.
နွဲ့ယိမ်း တခြားအကြောင်းအရာနဲ့စကားတွေ
လွဲပြောပြီး ဖုန်းချပစ်လိုက်ရသည်။
ရှင်မင်း.. ဆိုတာ..မင်းထိုက်ရဲ့ညီမဝမ်းကွဲ..
မင်းထိုက်နဲ့ပတ်သက်ပြီးခင်မင်ရင်နှီးခဲ့ကြ
သည်။ မင်းထိုက်မှာမိဘတွေမရှိတော့လို့
ရှင်မင်းရဲ့အဖေအမေကပြန်ပြီးမွေးစားထား
ခြင်းဖြစ်သည်။
ကျောင်းမတူကြပေမယ့် ရှင်မင်းကနဲ့တော့မကြာခနဆုံဖြစ်ပါသည်။အကြောင်းက
ရှင်မင်း.. ကသူမတို့ကျောင်းကို ခနခနလာ
သောကြောင့်ဖြစ်သည်။
လာတာလည်းအကောင်းမဟုတ်..
ဒဂုံကကွင်းတွေသူ့လောက်မှလှရဲ့လား..လာ
လာကြည့်ကာ..
"အဲ့မိန်းမတွေကကိုကို့ကို
မြူဆွယ်နေတာလေ...
ရှင်မင်းရဲ့ ကိုကို ကအရမ်းချောတာ..
ကိုကိုကအရမ်းလည်းချမ်းသာတယ်..
အခုမော်ဒယ်ဲတွေသရုပ်ဆောင်တွေကိုကိုနဲ့
ယှဉ်လိုက်ရင် အပြတ်အသတ်ပဲကျန်ခဲ့မှာသိ
လား..''
သူ့ချစ်သူအကြောင်းကိုလည်း အကိုရှေ့မှာ
တင်..ရေရေလည်လည်ကြွားတတ်တာ..
ထိုသူနဲ့ရည်းစားဖြစ်နေတာကို သူ့မှာသိန်းထီ
ပေါက်သလို၊ရွှေထုတ်ကောက်ရသလို..
အပျော်ကြီးပျော်နေတတ်တဲ့ရှင်မင်း..
သူမလည်းတကယ်တော့ဖြုဖြူဖွေးဖွေးနဲ့သိပ်
ချစ်စရာကောင်းတဲ့ကောင်မလေးပါ..
ထိုကောင်မလေးကကျောင်းတတိယနှစ်မတိုင်ခင်မှာပဲ..ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်
သွားတော့..အားလုံးရင်ကွဲပက်လက်ကျန်ခဲ့
ရသည်။
သူမအကြောင်းကလည်း ဒဏ္ဌာရီတစ်ပုဒ်လို
မမေ့နိုင်စရာ..
ရှင်မင်းကသူမရဲ့နေ့စဉ်အဖြစ်အပျက်တွေကို
ဒိုင်ယာရီ ရေးတတ်တဲ့ မိန်းကလေးဖြစ်သည်။
သူမမဆုံးခင်နှစ်လက..ကျောင်းစာမွေးပွဲအပြီး
မှာသူငယ်ချင်းတွေနဲ့ချောင်းသာသွားခဲ့သည်။
သူ့ရည်းစားနဲ့အဖွဲ့လည်းပါတယ်ဟုဆိုသည်။
နှစ်ဖွဲ့ပေါင်းကာ..ကမ်းခြေရဲ့အရသာ..လူငယ်
တွေရဲ့သဘာဝအတိုင်းပျော်ကြပါးကြ
ညမီးပုံပွဲမှာ သောက်ကြစားကြတာတွေလည်းရေးထားသည်။
အဲ့နေ့မှာပဲ သူ့ချစ်သူနဲ့မှားခဲ့တယ်ဟုဆိုသည်။
အဲ့နောက်ပိုင်းမှာတော့ အဆွေးဇတ်ကြီးဖြစ်
သည်။
ကိုကို ရှင်မင်းကိုရှောင်နေတယ်..
ကိုကို့ကို ချစ်လို့မှားခဲ့မိတာ..
ကိုကိုပစ်ထားရင်ရှင်မင်းသေလိမ့်မယ်..
...
သူမမဆုံးခင်တစ်ရက်အလိုမှာ..
"မဟုတ်ဘူး..ရှင်မင်းချစ်တာကိုကိုပဲ..
ကိုကို့ကြောင့် ဒီကလေးကိုမွေးဖို့ရှင်မင်းဆုံး
ဖြတ်ခဲ့တာ..''...တဲ့
နောက်တစ်ရွက်မှာတော့..
"ကိုကို.သိပ်ရက်စက်တယ်'' ဟုသွေးနဲ့စာရေး
ခဲ့ခြင်းဖြစ်တယ်..
အဲ့ဒီနေ့မှာပဲ ရှင်မင်းဆုံးသွားတာ..
အဲ့ဒီဒိုင်ယာရီကို ပျိုတို့လည်းကြည့်ခွင့်ရခဲ့သည်။ အတိအကျမဟုတ်ပေမယ့်
ရှင်မင်းသေတာ..သူ့ရည်းစားရဲ့ယုတ်မာမှု
ကြောင့်ပဲ။
ဘယ်လိုတဏှာရူးပြီးတာဝန်မဲ့တဲ့ကောင်ပါလိမ့်...
သူ့ရည်းစားကဘယ်သူဘယ်ဝါဆိုတာတော့
မင်းထိုက်နဲ့သူ့အိမ်သားတွေပဲ သိလိမ့်မည်..
==========================
ခြင်း.. ကအိမ်ပြန်ရောက်ပြီဆိုတာနဲ့ရေတန်းချိုးတတ်တဲ့အကျင့်ရှိသည်။ ဘယ်ရာသီဖြစ်
ဖြစ်.. ဘယ်နှစ်နာရီပဲထိုးထိုး..နေမကောင်း
လည်းရေချိုးတာတော့ တားမရပေ..
ခြင်းကပျို့ထက်တစ်နှစ်အတိအကျကြီးပေ
မယ့်.. မှုန်ညက်နေတဲ့သူ့မျက်နှာကြောင့်ပျို့
ထက်ငယ်တယ်လို့တောင်ထင်ရသည်။
ဆေးလိပ်ကို ဒီလောက်လက်ကမချသောက်
ပေမယ့်..သူ့နှုတ်ခမ်းပါးတွေကရင့်မသွားဘဲအနီရောင်ဘက်သမ်းနေသည်။
အရောင့်ရင့်ရင့်တွေပဲဝတ်တာကြောင့်..
သူနဲ့လိုက်ဖက်စွာ ဘယ်အချိန်ကြည့်ကြည့်
စတိုင်ကျတာပဲ..
ကလေးအဖေဆိုတာမသိသူတွေ ယုံမှာမဟုတ်..
ပျိုသူ့ကိုရေသုတ်ပြီးအဝတ်ယူပေးရင်း..
သေချာလိုက်ကြည့်မိ၏။
"ခြင်း ရှင်လေ..''
"ဘာလဲ..''
"ဟင့်အင်း..ဘာမှမဟုတ်တော့ပါဘူး..''
တစ်ခုခုမေးဖို့လုပ်ပြီးမှ..စကားဖြတ်လိုက်သလို..
ဘာလဲဟ ဒီမိန်းမ..
ကျွန်မ ဘာလို့များအဲ့ဒီလူကရှင်များလား
ဆိုတဲ့အတွေးတွေခဏခဏဝင်လာတာလဲ..
မဟုတ်ပါဘူးနော်.ရှင်ကအဲ့လိုလူတော့လုံး
ဝမဟုတ်လောက်ပါဘူးနော်..
ရှင် ဆိုးမှန်းကျွန်မသိပေမယ့်.. ကျွန်မသားရဲ့
ဖခင်မို့ အဲ့လောက်အတိတ်မကောင်းတဲ့
လူယုတ်မာတော့ရှင့်ကိုမဖြစ်စေချင်ဘူး..ခြင်းရယ်..
==========================
နွဲ့ယိမ်းလည်းရောက်နေပြီး..ထိုက်ထိုက်လည်း
ပြန်လာတာကြောင့် အပြင်မှာသူမတို့ဆုံကြ
သည်။
ပျိုက သားလေးကိုပါခေါ်လာသည်။ ဘယ်သူနဲ့မှလည်းစိတ်မချဘူး..သားကပျိုသွားတိုင်းမပါမဖြစ်လေး..
"အမလေး ထိုက်ထိုက်ရယ် လူတောင်မှား
တယ်ဟဲ့..နင်တော့ ပင်လယ်လေရူ
ပြီး အတော်ခန့်လာတာပဲ..''
"နင်ကငါ့ကို ချောတယ်လို့မြင်တော့သေပျော်
ပါပြီ..''
"မလုပ်ပါနဲ့ ဟ မိန်းမလေးဘာလေးတော့
ယူပါအုံး.. ဒီအတိုင်းကြီးဌက်ပျောတုံးဖက်
မလို့လား. "
"ငါ့မှာမျှော်လင့်ချက်မှမရှိတော့တာ..''
ပျို့ကိုရည်ညွှန်းတာကြောင့်..ပျိုကစကားလွှဲ
ကာ..
"နွဲ့ယိမ်း. နင်ဟော်တယ်မှာနေရတာအဆင်
ပြေရဲ့လား . အိမ်မှာလာနေပါဆို. "
"နေပါစေ..နင့်ယောက်ျားနင့်ကိုညိုညင်နေပါ
အုံးမယ်..''
မင်းထိုက်က ကလေးကိုချီကာ...
"ပျို နင့်သားကငါနဲ့မတူဘူးလား.. ''
"ဟဲ့ ပေါက်ကရတွေ..သားကဆံပင်ကလွဲရင်
သူ့အဖေနဲ့ချွတ်စွပ်တူတာ..''
ထိုက်ထိုက် မျက်နှာကြီးရှုံ့မဲ့သွားတာကိုနွဲ့ယိမ်းကခိုးရယ်သည်။
ကလေးကိုချီထားကာ ပျို့ဘေးနားကပ်ထိုင်
ရင်း..
"ပျို..နင်ကကလေးအမေဖြစ်တာတောင်
လှတုန်းပဲနော်..
ငါ ဟိုမှာနင့်လိုကောင်မလေးများရှိမလား
လိုက်ရှာကြည့်တယ်..  မရှိဘူး..တကယ်ကို
တစ်ယောက်မှမရှိတာ..''
"တိုးရစ်မတွေကမချောလို့လား..''
"ဟုတ်တယ်..နင့်လိုအလှမျိုးမရှိဘူး..
အထူးသဖြင့်နင်ဆံပင်တွေ...  နင်အခုထိအရှည်ထားတုန်းနော်..''
ပြောရင်း..ပျို့ဘက်သို့ခေါင်းတိုးကာ..ဆံပင်
တွေကိုနမ်းကြည့်ကာ..
"အရင်အတိုင်းပဲ မွှေးတုန်းဟ..
နင့်ဆံပင်ကရတဲ့ရနံ့ကိုငါတကယ်နှစ်သက်တာ''
နွဲ့ယိမ်း..မျက်လုံးပြူးကြည့်နေသည်။ ထိုက်ထိုက်ကတော့လေ.. ဒီမြင်ကွင်းကိုလွတ်လပ်
ခြင်းများကြည့်နေရင်.. နင်ပြာဖြစ်ပြီ..
ငယ်သူငယ်ချင်းတွေနဲ့ဆုံပြီး ရှေးဟောင်းနှောင်းဖြစ်တွေလည်းပြောရင်း ဒီနေ့ပျို့စိတ်
တွေပေါ့ပါးနေပါသည်။
==============-==============
"ကလေးအမေက အပြင်မှာဖလန်းဖလန်း
လုပ်ရတာ..တော်တော်ပျော်နေသလိုပဲ..''
ခြင်းရဲ့အရွတ်ဆန်တဲ့စကားတွေကိုဘာမှခွန်း
တုံ့မပြန်ပဲ..ကိုယ်လုပ်စရာရှိတာလုပ်နေလိုက်
သည်။
"ဟေ့..မင်းနားပါ ပင်းသွားတာလား..''
သူ့ကိုစကားပြန်မပြောရင်လည်း..အဲ့လိုစိတ်
တိုတတ်သေးတာ...
"နိုင်ငံခြားကရည်းစားဟောင်းပြန်လာလို့မာန်
တွေတတ်ပြီး
ငါ့ကိုမထီမဲ့မြင်လုပ်နေတယ်ပေါ့..''
"ရှင်နော်..ပေါက်ကရတွေလာမပြောနဲ့..
ကျွန်မတို့ကသူငယ်ချင်းတွေ''
"အဲ့လောက်ပဲဟုတ်ရင်ဟုတ်ပေါ့..မဟုတ်
ရင်တော့ ငါကဂျိုမပါဘူးနော်.ကညှာပျို.''
သူငယ်ချင်းနဲ့သွားတွေ့မယ်လို့ သူ့ကိုပြောရဲ့
သားနဲ့..လာပြီးပြသနာရှာပြန်ပြီ.
တစ်နေ့တစ်လေတောင် ရှင်..ရန်မရှာပဲ
နေလို့မရဘူးလား..
>>>>>>>>>>>>
မနက် မိုးလင်းလို့အိပ်ယာနိုးတိုင်း..ဆံပင်ထူထူတွေကိုသိမ်းမပြီးမှ ပျိုအိပ်ယာထနေကြ..
ဒီနေ့အဲ့လိုမဟုတ်ပဲ...ပေါ့ပေါ့ပါးပါးကြီးဖြစ်
နေသည်။
ဟင် ငါ့ဆံပင်တွေကော..
ကိုယ့်ခေါင်းကိုပြန်စမ်းကြည့်မိသည်။
ကျောလောက်ပဲရှိတဲ့ဆံပင်အဖျားတွေကိုစမ်း
မိကာ..မယုံနိုင်လို့မှန်ထပြေးကြည့်သည်။
...
ဟမ်..ငါ့ဆံပင်တွေကဘယ်လိုလုပ်...
ပိုသေချာသွားတာက..သူမရဲ့မှန်တင်ခုံပေါ်
မှာ ဖြတ်ထားတဲ့ ဆံပင်အပိုင်းအစတွေနဲ့
ကတ်ကြေးတစ်လက်..
"အား.. လွတ်လပ်ခြင်း. "
အိပ်နေတဲ့သူ့ကိုပြေးပြီးဆွဲကာ..အော်ဟစ်မိ
သည်။
"ရှင် မှတ်လား..ရှင်လုပ်တာမှတ်လား..''
"ဟာ..ဘာလဲကွာ..''
"ကျွန်မရဲ့ ဆံပင်တွေလေ.. ရှင်တမင်ညှပ်ပစ်
တာမှတ်လား .. ''
"ကလေးအမေက ဆံပင်အဲ့လောက်ရှည်တော့
အလုပ်များတာပေါ့..ဒီလောက်မှအတော်ပဲ..''
"ရှင်နဲ့ ဘာဆိုင်လဲ..ရှင်ကဘာမို့လို့. ကျွန်မဆံပင်တွေကိုပါ ညှပ်ပစ်ရတာလဲ..''
"မင်းတစ်ကိုယ်လုံးကိုတောင် ပိုင်တာ..
ဆံပင်လောက်ကိုများ..''
"ရှင်တော်တော်ယုတ်မာတယ်..
သူများအမြတ်တနိုးထားတဲ့ ဆံပင်တွေကိုမှ..''
"ဟုတ်တယ်..သူများမြတ်နိုးတာ....
ငါမြတ်နိုးတာမဟုတ်လို့ပေါ့.. ဘာဖြစ်လဲ..''
"အဟင့်ဟင့် အယုတ်တမာကြီး...''
ဘာပဲဖြစ်ဖြစ်ညှပ်လိုက်တဲ့ဆံပင်တွေကပြန်မရ
နိုင်မှန်းသိလို့ ပျို ချုံးပွဲချကာထိုင်ငိုပါသည်..
လူကိုနှိပ်စက်လို့ကို အားမရနိုင်ဘူး..
လူယုတ္မာ....
နွဲ့ယိမ်းလည်း..သိသွားတော့..
"ငါထင်နေပါတယ်..ဟိုတနေ့ကထိုက်ထိုက်ရဲ့
လုပ်ပုံကိုသူမြင်သွားတာနေမှာ..
ပျို.. လွတ်လပ်ခြင်းက နင့်ကိုလုံးဝလွှတ်ထား
တာမဟုတ်ဘူးနော်...''
"အဲ့တာ..ငါ့ကိုချစ်လို့မဟုတ်ဘူး..
တမင်အနိုင်ကျင့်ဖို့ အကြောင်းရှာနေတာ..''
တော်ယုံဆို..အိမ်တွင်းရေးကိုထုတ်မပြောပေ
မယ့်.. သူ့ဆံပင်တွေကိုညှပ်လိုက်လို့.. ခြင်းကို
တော်တော်စိတ်နာလေ၏...
=========================
ဒါတောင်လွတ်လပ်ခြင်းရဲ့သောင်းကျန်းချက်
ကဒီလောက်ပဲမဟုတ်သေး.. သူ့အမေအိမ်
ကိုပါရောက်သွားပြီး..
"မင်းကဗုဒ္ဒဟူးသားမို့လွတ်လပ်ခြင်းလို့မင်း
အဖွားကပေးတာ... မြေးလေးကကြာသာ
ပတေးသားလေ.. မင်းပျိုလွင် လို့ပေးတာ
ဘာမှားလို့လဲ.. ဘာလို့ငါ့ကိုလာပြသနာရှာ
နေတာလဲ..''
အရင်ကမသိခဲ့ပေမယ့်...ဖအေဖြစ်တဲ့သူ့နာမည်တောင်
တစ်လုံးမှမပါတဲ့ သားက.. သူ့ရည်းစားဟောင်းနာမည်ကိုထိပ်စီးကထည့်ထားတာ
က ဘာလဲအလွမ်းပြေလား... တောက်)))
"ကြာသာပတေးဆိုရင် ပ ဖ ဗ ဘ မ ငါးလုံး
တောင်ရှိတယ်.. ဘာလို့ဒီနာမည်လဲ
မာမီ့ချွေးမကဘာလို့ ဒီလိုပေးလဲသိလား..''
သူ့အမေရှေ့မှာ မဟုတ်တာတွေလျှောက်ပြောတော့မှာဆိုးလို့ ပျိုက ကမန်းကတန်းနဲ့..
"ရှင်နော်..ပေါက်ကရမပြောနဲ့.. သားနာမည်
ကို ဗေဒင်ဆရာမပေးတာ...
ရှင့်နာမည်မပါလို့ရှင်မကျေနပ်ဘူးဆိုရင်
*မင်းပျိုလွင်ခြင်း' လို့ပြန်ပေးလိုက်..''
"အဲ့ဒီ ထိပ်ဆုံးက မင်း ဖြစ်နေတာကိုပဲ
မကျေနပ်တာ.."
ဗေဒင်ဆရာမပါမကျန်တော်တော်လေး
တိုင်ပတ်အုံးမည်ဖြစ်သည်။
ဒါက သဝန်တိုတာလား..ပြသနာရှာတာလား.
ရှင်ကြတော့ ဦးမာဃထက်တောင်ရည်းစားက
များသေး..
ခြင်းဆိုတဲ့ရှင်ကလေသိလား.. ကိုယ့်မျက်ချေးကိုယ်မမြင်တဲ့လူစားပဲ...
=========================
ပျို..ကအပြာနုရောင်ဇာဝမ်းဆက်လေးဝတ်
ပြီး.. အပြာရောင်နှင်းဆီတွေလည်းပန်ထား
သည်။ ခါတိုင်းလိုမဟုတ်ပဲ..မျက်နှာကိုလည်း
အနဲငယ်ပြင်ဆင်ထားသည်။
သားကိုလည်း..အဝတ်အစားသစ်နဲ့စတိုင်ကြ
ကြဝတ်ပေးပြီး အိမ်ကထွက်ခါနီးမှခြင်းကအိမ်
ပြန်ရောက်လာလေသည်။
"ဘာပဲ..ပုံစံက.ဒါရည်းစားဟောင်းနဲ့သွားချိန်း
တွေ့မလို့လား.. မင်းတော်တော်အတင့်ရဲနေ
ပါလား. "
"ရှင် အကျင့်အဲ့လိုရှိတိုင်း လူတကာလည်း
ငါ့လိုပဲလားလို့ ထင်မနေနဲ့သိလား..''
"ဘာ..''
"ဒီနေ့ ရှင်နဲ့ရန်မဖြစ်ချင်ဘူး ဖယ်..''
"ငါက ခွင့်ပြူလို့လား..''
"ရှင် ခွင့်ပြုပြု မပြုပြုသွားမှာပဲ..
ဒီနေ့ သားမွေးနေ့မှန်းရှင်သိရဲ့လား..
သားကိုမွေးနေ့လုပ်ပေးဖို့ ဟော်တယ်မှာအဖိုး
အဖွားတွေစောင့်နေမှာ.. ဖယ်..''
သားတစ်ယောက်လုံးမွေးနေ့လုပ်တာတောင်
သူ့ကိုဘယ်သူမှအသိပေးတာမဟုတ်ဘူး..
ကိုယ့်သားသမီးမွေးနေ့တောင်မေ့နေရအောင်
ငါက တိရစ္ဆာန်မဟုတ်ဘူး..
ဒါကြောင့်လည်းသူစောစောပြန်လာတာပေါ့..
ဒါပေမယ့်.. ပျိုကသူ့ကိုတွန်းဖယ်ကာ..အဆင်
သင့်ရပ်ထားတဲ့ကားပေါ်တတ်ပြီးမောင်းထွက်သွားသည်။
ဟား..မင်း...
..........
သားလေးအတွက် မွေးနေ့ကိုဟော်တယ်မှာပဲ
လုပ်ဖြစ်သည်။ ခြင်းကမွေးနေ့ဆိုတာမျိုး
မုန်းတဲ့လူ..ဒါကြောင့်သားမွေးတုန်းကတောင်
မလာတာမို့.. သူ့ကိုကြွပါလို့ဖိတ်မနေတော့ပါ..
ပွဲကမစသေးပေမယ့်..လူတော်တော်များများ
ရောက်နေပါပြီ.. ဧည့်သည်တွေက ဖေဖေနဲ့မေမေ့မိတ်ဆွေတွေပဲ များနေတာပေါ့လေ..
ပျို့ဘက်မှာ အသိမိတ်ဆွေမှသိပ်မရှိပဲ..
နွဲ့ယိမ်း ကလည်းသူ့အိမ်မှာပြသနာကြောင့်
ဒီတစ်ခါဆင်းမလာဘူး..
"ချွေးမကော..မြေးကော..ချောလိုက်တာရှင့်
ဒါနဲ့ သားကော..''
တစ်ချို့က ခြင်းကိုပါမေးကြလို့ မေမေ မျက်နှာမကောင်းပါ။
"ပျို.. ငါနောက်မကြပါဘူးနော်..''
"ဟင် ထိုက်ထိုက်.. နင်လာတယ်..''
"ဒီလိုပွဲမျိုး ငါမလာလို့ဖြစ်မလား..
သားလေး ဟက်ပီးဘတ်ဒေးကွာ..
ဒါက ဦးထိုက်ရဲ့ လက်ဆောင်..''
မင်းထိုက်က သားကိုချီကာသူ့ရဲ့လက်ဆောင်
ကိုဖွင့်ပြနေသည်။
"မမသက်.. သားမင်္ဂလာဆောင်တုန်းက
ကျွန်မကအဝေးရောက်နေလို့မလာဖြစ်တာ
အခုမှပဲ..မမသားကိုမြင်ဖူးတော့တယ်
သားရောချွေးမရော ချောလို့မြေးလေးက
လည်း အရမ်းချောနေတာပေါ့..
မမတို့ကကံကောင်းလိုက်တာ..''
ဟင်..သမီးရဲ့သူငယ်ချင်းကောင်လေးကို
သားလို့ထင်သွားပါလား...
ထင်လည်းထင်ချင်စရာ..သူတို့ကလည်းမိသားစုတွေအလား..
ဘယ်တတ်နိုင်မလဲ..ကိုယ့်သားကမှမကောင်း
တာ...
"အဲ့တာ..ကလေးအဖေဟုတ်လို့လား..မင်္ဂလာ
ဆောင်တုန်းကတစ်ယောက်ပါ..''
ခြင်းကိုသိသူတွေကလည်းတီးတိုးဝေဖန်ကြနဲ့..
"ကဲကဲ မွေးနေ့ကိတ်ခွဲရအောင်..''
တစ်ယောက်ကပြောလိုက်လျှင်..
သားလေးအတွက်ပြင်ထားတဲ့မွေးနေ့ကိတ်
ကြီးနားမှာ.. အဖိုးအဖွား..အမေနဲ့သားလေးအပြင်.. ပျို့ဘေးမှာမင်းထိုက်ကပါရပ်လို့..
"ပျို နင်ကမီးမှုတ်ပြီးရင် ကိတ်ခွဲရမှာလေ
ငါသားကိုချီထားပေးမယ်..ပေး..''
မင်းထိုက် ကသားကိုချီမယူဖို့လှမ်းပေမယ့်..
"မင်းကကလေးအဖေမို့လား . ဖယ်စမ်းပါ..''
ခြင်း..ဘယ်ကရောက်လာမှန်းမသိတဲ့ခြင်းက
မင်းထိုက်ကိုတွန်းဖယ်ကာ..အလယ်မှာဝင်
ရပ်ကာ.. သားကဆွေ့ခနဲသူ့လက်ထဲကိုပါ
သွားသည်။
"ကလေးအဖေ အစစ်ကသူပဲ..ပိုချောတဲ့တစ်
ယောက်လေ..အခုမှရောက်လာတာပဲ..''
"ဘေးကလူကကော.''
"ဦးလေးနေမှာပေါ့..''
....
သူ့မိသားစုကတော့ မွေးနေ့ဆိုမုန်းတဲ့ခြင်း
ကမျက်စိရှေ့ရောက်နေလို့..အံ့သြမင်သက်စွာ
ကြည့်နေကြသည်။
သူနဲ့မင်းထိုက် အကြည့်ချင်းအားပြိုင်ကာ
တိုက်ပွဲဖြစ်နေသေးသည်။
(သူကမင်းထိုက်ကိုအရင်ကလုံးဝမသိဘူး..
သူကရည်းစားတွေကိုလည်းစိတ်ထဲထားတာ
မဟုတ်လို့..သူတို့အသိုင်းအဝိုင်းကိုသိဖို့ဆို
တာလဲဝေးရောပဲ...
သူကျောင်းပြီးတဲ့နှစ်မှာပဲ ရှင်မင်းဆုံးတာဖြစ်
သည်။ ရှင်မင်းမဆုံးခင်ကထဲကသူက နိုင်ငံခြားကိုထွက်သွားခဲ့တာ.. ၂နှစ်ကြာသည်။
ဒါကြောင့်သူနဲ့မင်းထိုက်ကမဆုံဘူးပါ..
ပျိုရဲ့ ငယ်သူငယ်ချင်းဟုသာသိထားပြီး
ဂျေနေတာ...
သူကမသိပေမယ့် မင်းထိုက်ကတော့သိ၏..
သူကကိုကျော် ဆိုတော့လေ..)
မင်းထိုက်ကို ရန်စောင်ကာကြည့်၏.. ဒါပေမယ့် ခဏပါပဲ.. ပျို့ဘက်ပြန်လှည့်လာပြီး
"မိန်းမ ကိုယ်နောက်ကြသွားတယ် ဆောရီး..''
ပြောပြီး ပျို့ရဲ့ပါးတစ်ဖက်ကိုလှမ်းနမ်းလိုက်
တာ အားလုံးမြင်အောင်..အို!
"ခဏလေး သားအတွက် လက်ဆောင်ပေး
အုံးမှပေါ့..''
ပျို့လက်ထဲသားကိုပြန်ထည့်ပေးပြီး..သူယူ
လာတဲ့..လက်ဆောင်အိတ်ထဲကနေဘူးတစ်
ခုထုတ်ယူလိုက်သည်။
"ဒီလိုသားမျိုး.. ငါ့အတွက်မွေးပေးထားတဲ့
မင်းလည်းလက်ဆောင်ရသင့်တာပေါ့..''
ဘူးထဲကဘယက်တစ်ခုကိုထုတ်ပြီးပျို့ လည်
တိုင်မှာဝတ်ဆင်ပေးလိုက်သည်..
"ပင်လယ်ရဲ့ ရတနာလို့ခေါ်တဲ့ပစ္စည်းပဲ... ပြီးခဲ့တဲ့အခေါက်က
Jewell showကျောက်မျက်ပြပွဲမှာ..
သူများမပေးနိုင်တဲ့ဈေးမျိုးတန်းပေးပြီး
လေလံပစ်သွားတဲ့..အပြာရောင်ပတ္တများတစ်
ဆင်စာပဲ..ကြည့်စမ်း..သူ့မိန်းမကိုပေးတာ
လား..''
တန်ဖိုးသိသူတွေကလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ
သည်။
"တွေ့လား ကိုမောင်..ကျွန်မသားက ရှင်ထင်
သလောက်အဆိုးကြီးမဟုတ်ပါဘူး..
သူ့မိန်းမနဲ့သူ့သားကိုတော့ချစ်ရှာပါတယ်..''
သားဖြစ်သူကို တိတ်တဆိတ်ယုံကြည်နေတဲ့
မိခင် ကပီတီဖြာနေသည်။
သားအတွက်လည်းလက်ဆောင်တစ်ခုပေး
သည်။ စာရွက်စာတမ်းနဲ့ပေးတာပိုင်ဆိုင်မှု
တစ်ခုမို့ ရုတ်ရက်ပျိုက ဘာမှန်းမသိပါ..
ပြီးတော့သားကိုသူပဲပြန်ချီ.. သားနဲ့အတူ
ဖယောင်းတိုင်မှုတ်.. ကိတ်ကိုလက်တစ်ဖက်
ထဲနဲ့ခွဲပြီး..  သားကိုခွံ့..သူလည်းစားပြီး
ပျိုနဲ့ မိဘတွေကိုလည်းလိုက်ခွံ့နေတဲ့သူ့ကို
ပျိုကတော့ အထူးအဆန်းလုပ်ပြီးလိုက်ကြည့်.နေသည်။
မျက်နှာကလည်း ရီပြုံးနေတာကြောင့်..
ခြင်း တစ်ယောက် ဆေးစားများမှားလာတာ
လား.  .. ချစ်တတ်တဲ့ခင်ပွန်း..ကြင်နာတတ်တဲ့
ဖခင်...
သားရဲ့မွေးနေ့မှာ.. သားရဲ့ဝါသနာကိုလည်း
အားလုံးကသိချင်ကြသည်။
ဗမ်းလေးထဲမှာ.. နားကြပ်ရယ်၊ပိုက်ဆံရယ်၊
အိမ်ဆောက်တဲ့puzzleတုံးလေးရယ်..ထည့်
ထားကာ...
"ဖွားဖွားလို.. ဆရာဝန်လုပ်မလား..
ဖေဖေနဲ့ဖိုးဖိုးလို အင်ဂျင်နီယာကြီးလုပ်မလား
သားလေး ရွေး.. ရွေး..
ခြင်းချီထားတဲ့
သားသားကတစ်ခုချင်းစီကိုကြည့်ပြီး လက်နှစ်ဖက်နဲ့သိမ်းကြုံးကာ အကုန်ကောက်ယူ
လိုက်လေသည်။
"ဟား ဟား မင်းကတော်တော်လောဘကြီး
တဲ့ကောင်လေးပဲ..
ပျိုကြည့်စမ်းပါ မင်းသားကို...''
"အဟင်း..ဟင်း..."
ဘာပဲဖြစ်ဖြစ်အခုလိုမျိုးသားရဲ့မွေးနေ့မှာ
ကောင်းမွန်တဲ့အမှတ်တရတွေ ချန်ပေးတဲ့
အတွက်..ပျိုသူ့ကိုကျေးဇူးတော့တင်မိသည်။
Fortsett å les
You'll Also Like
2.9K 112 7
I think ,love is life.
653K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....