ရင်ခွင်ရိုင်း 💘...၉
ပျိုစာဖတ်နေရင်းဗိုက်ထဲကနာလာသည်။
ဂျူးဒိတ်ကလိုပါသေးသည်။ဘယ်လိုဖြစ်တာ
လဲ..
ခနလောက်သက်သာအောင်ပုံစံပြောင်းပြီး
နေကြည့်ပေမယ့်လည်း..နာတာကပိုတိုးလာ
သည်။
ငါကလေးမွေးချင်တာများလား..
ဒီအတိုင်းဆက်နေလို့ အဆင်မပြေတော့...
တစ်ဖက်ခန်းကိုကူးလာသည်။
နာရီကြည့်တော့၁၁နာရီ ဒါတောင်သူကပြန်မရောက်သေးဘူး..
လမ်းလျှောက်လိုက်လို့လားမသိဘူး..တစ်ခု
ခုပြုတ်ကျတော့မလိုခံစားရပြီး..
ဒါကလေးမွေးချင်တယ်ဆိုတာသေချာတာ
ကြောင့်..အနားကဖုန်းကိုကောက်ကိုင်ကာ
သူ့ဖုန်းကို ကမန်းကတမ်းခေါ်သည်။
ကိုင်ပါ..ကိုင်ပါ...
"မင်းလား.. ဘာလို့ခေါ်တာလဲ..''
"ရှင်ဘယ်မှာလဲ အခုပြန်လာခဲ့ပါ..
ကျွန်မ... ဗိုက်နာ.. လို့..''
တီ......
"ဟလို.. ခြင်း..ခြင်း...''
ဟင် သူဖုန်းချသွားတာလား..
ပျိုပြန်ခေါ်တော့ စက်ပိတ်သွားသည်။
အဟင့်ဟင့်..ဗိုက်ထဲကထက်အသည်းထဲက
ပိုနာကျင်မိသည်။
အခန်းထဲကနေလှေကားရင်းထိဒယီးဒယိုင်
လမ်းလျှောက်ရင်း..
"ချစ်ပု.. အပြုံး...''
သူတို့လည်းမအိပ်ရသေးတော့..သူမအော်သံ
ကြားတာနဲ့ ပြေးလာကြသည်။
"မမလေး မမလေး ဘာဖြစ်တာလဲဟင်..''
"ဗိုက်နာလို့..ကလေးမွေးတော့မယ်ထင်တယ်..
ဆေးရုံသွားကြမယ်...''
"မမလေး ဒါဆို အကိုလေးဆီဖုန်းဆက်လိုက်
ရမလား..''
"ဟင့်အင်း မဆက်နဲ့..''
......
ချစ်ပုတို့အကူအညီနဲ့ပဲဆေးရုံရောက်လာသည်။ အမေနဲ့အဖေလည်းအပြေးအလွှားရောက်လာပါသည်။
ပျိုနာကျင်တာသေမတတ်ပါပဲ..
"အမေ့.အ.မေ့...''
"သမီးလေး.မကြောက်နဲ့နော်.. ဘာမှမဖြစ်ဘူး
နော်..မေမေတို့ရှိတယ်သိလား..
အားတင်းထားနော်..''
ကိုယ်တိုင်ကဆရာဝန်မကြီးဖြစ်သော်လည်း
ကိုယ့်ချွေးမကမွေးလူနာဖြစ်မှခြေမကိုင်မိ
လက်မကိုင်မိဖြစ်နေရသည်။
မွေးဖို့်ဒိတ်ကစောနေတာကိုး..
ကလေးအဖေဆိုတဲ့လူ ရောက်မလာသေးတာ
ကြောင့်..သူ့အဖေကပင်..ချစ်ပုတို့ကိုလှမ်းပြီး...
"ဟိုကောင်ကဒီချိန်ထိ အိမ်မှာမရှိဘူးလား..''
"ဟုတ်ကဲ့. "
"အဲ့ကောင်ဆီဖုန်းဆက်ပြီးပြီလား..''
"အကိုလေး ဖုန်းကခေါ်လို့မရဘူး.. ဘဘ''
တောက်.. လူကမွေးပြီး..လူမပီသတဲ့ကောင်...
ပျိုက မွေးဖို့အတော်ခက်နေသည်။
၂နာရီကျော်လောက်ထိမမွေးနိုင်ပဲဖြစ်နေသည်။
အစထဲကခွဲမွေးစေချင်တာကို..ပျိုကလက်မခံ
ပဲ..ဒီအတိုင်းမွေးမယ်တဲ့လေ။
သက်လျာ..တောင်ဇောချွေးပြန်နေသည်။
သားတော်မောင်ကိုလည်း မေတ္တာပို့မိတာ
အကြိမ်ကြိမ်အခါခါ...
"ဒါကြောင့် မင့်သားလိုသတ္တဝါနဲ့မပေးစားဖို့
ငါမင်းကိုတားခဲ့တာ..''
အရေးထဲယောက်ျားကလည်းကိုယ့်ပဲအပြစ်
တင်သည်။
"ကျွန်မအမှားပါ..
ကျွန်မမှားတာပါ..''
သမီးလေးကိုလည်းသနားလို့သေတော့မယ်..
ကိုယ့်တုန်းကလည်း မွေးဖွားရခက်ပေမယ့်
ကိုမောင် ကအနားမှာတစ်ချိန်လုံးဖေးဖေးမမရှိခဲ့လို့
အားမငယ်ပါ။
အခုတော့ပျိုလေး ခမျာ..
ခြင်း ဘယ်ကမ္ဘာကိုရောက်နေလို့လဲ..
ညဖြင့်၂နာရီရှိပြီ..ဒီချိန်ဆိုရင်ရောက်ကိုရောက်
သင့်ပြီ....
ဟင့်အင်းသူမလာပါဘူး..သူလာမှာမဟုတ်ပါဘူး..
ပျို ထွန့်ထွန့်လူးနာကျင်တာကိုအံ့ကြိတ်ရင်း
သားလေးကိုခက်ခက်ခဲခဲမွေးဖွားခဲ့သည်။
ည၃နာရီ၁၅မိနစ်..
ရှင်.. အရမ်းလွန်တယ်.လွတ်လပ်ခြင်း..
>>>>>>>>>>>>>>>>>>>>>
အနှီးထဲကသားလေးကိုမြင်လိုက်တဲ့အခါမှာတော့
အရာရာအားလုံးကိုသူမဥပေက္ခာပြုထားနိုင်
ပါပြီ..
"သားလေး..''
"အမလေး..မြေးလေး..ယောက်ျားရေကြည့်
ပါအုံး ကျွန်မတို့မြေးလေးကချစ်ဖို့ကောင်းလိုက်တာ..
သူ့အဖေငယ်ငယ်တုန်းကနဲ့တစ်ထေရာထဲ..''
သက်လျာပြောပြီးမှကိုယ့်စကားမှားသွားမှန်း
သိ၏..ကိုမောင်ကပြူးပြနေတာကို..
"သမီးလေး..ခနလောက်အိပ်လိုက်နော်..
ကလေးအမေကအိပ်ရေးဝမှ.. မြေးလေး
ကိုမေမေတို့ကြည့်ထားမယ်...''
"မေမေတို့လည်းတစ်ညလုံးမအိပ်ရသေးဘူး
မှတ်လား....''
"အမလေး ဒီလိုမြေးလေးကိုကြည့်နေရမယ်
ဆို..တပတ်လုံးမအိပ်လည်းရတယ်..''
"သက်ကတော့ ပိုပြီဟေ့...''
"ရှင်နော်..
ကဲကဲ သမီးအနားယူလိုက်အုံးနော်..
ဖေဖေကောမေမေကောရှိတယ်သိလား..''
မိုးသာလင်းသွားပေမယ့်လည်း..ပေါ်မလာသူ
ကမလာတာပါပဲ..
ဘတို့ နွဲ့ယိမ်းတို့ဆီလည်း လှမ်းအကြောင်း
ကြားပြီးလို့..သူတို့ကလည်းဝမ်းသာစကား
အထပ်ထပ်ဆိုသည်။
ကွန်ဂရက်ကျူရိတ်.. လုပ်ပေးဖို့ကျန်ရှိနေသေးသော..တစ်ယောက်သောသူက
ညနေစောင်းခါနီးမှ.. ရောက်လာပါသည်။
သူဝင်လာလို့ အားလုံးအလန့်တကြားဖြစ်သွားသည်။
ဆေးရုံကိုလာတဲ့ပုံစံက.. အနက်ရောင်ဘောင်း
ဘီ..မီးခိုးရောင်ကိုယ်ကြပ်ပေါ်မှာမှ..
အနက်ရောင်ဂျက်ကတ်ထပ်ဝင်ထားပြီး
Mask အနက်လည်းအုပ်ထားကာ..
မျက်မှန်ပါတပ်ထားသေးသည်။
တစ်ကိုယ်လုံးနက်စွေးနေကာဒါက ကိုယ့်ရင်သွေးကိုလာကြည့်တဲ့ပုံစံတဲ့လား..
"မင်းအခုမှ ဘယ်ကရောက်လာတာလဲ..ခြင်း
ဒါကကောဘာပုံစံလဲ..''
"ဆေးရုံတွေဆေးခန်းတွေဆို ရွံလို့်..''
ဪ အခုမှအဖြေကရှင်းသွားတယ်..
သူမလာတာဒါကြောင့်ကိုး..
ပျို့ကိုလှမ်းကြည့်ပြီးမေးလိုက်ပုံကလည်း..
"မင်း အဆင်ပြေတယ်မို့လား..''တဲ့
ပျိုသူ့ကိုဘာမှပြန်မဖြေချင်၍ မျက်နှာလွှဲလိုက်သည်၊
ပုခက်ထဲကလေးကိုမျက်မှန်တောင်မချွတ်ပဲ
ငုံ့ကြည့်ပြီး ကောက်လည်းမချီပါ။
သူ့အမေလည်း ဆေးရုံမို့မဆူချင်ပေမယ့်
သူ့သားကိုကြည့်ကာ အသဲတယားယားဖြစ်နေသည်။
"မိန်းမ တစ်ယောက်လုံးမီးဖွားတာကိုမင်း
တော်တော်နေစိမ့်တယ်..''
"ကျွန်တော်ရှိနေတော့ကော..ဘာတွေထူးခြား
မှာလဲ.. ကလေးကသူ့အလိုလိုထွက်လာမှာ
ပဲ..''
ထပ်ပြီးပြောစရာစကားမရှိတော့..
ပျို သူ့ကိုမကြည့်ချင်လို့မျက်လုံးပါမှိတ်ထားလိုက်
တော့သည်။
သူလည်းကြာကြာမနေပါ... သူတစ်ပါးကလေးကိုလာကြည့်သလို..ဝတ်ကျေတန်းကျေ
ကြည့်ပြီးပြန်ထွက်သွားသည်။
"ခြင်း မင်း ဒါဘယ်လဲ..''
မေမေအော်ခေါ်လဲ သူပြန်လာမှာမဟုတ်ပါ။
ဒါတောင်အမှတ်မရှိစွာပျို့ပါးတစ်ဖက်မှာ
မြစ်တစ်စင်းဖြတ်သွားတာကြောင့်နွေးခနဲ..
ရှင့်ကို မုန်းတယ်...ရှင့်ကိုသိပ်မုန်းတယ်...
......
ခြင်း.ဆေးရုံအောက်ကိုပြန်ဆင်းလာတော့..
ခေါင်းကယိမ်းထိုးနေသည်။ ရှေ့ကမြင်ကွင်း
တွေတောင် မသဲကွဲတော့ဘူး..
"ခြင်း ခြင်း ငါတို့ဒီမှာ..''
ကျော်ခေါင်နဲ့မျိုးကို သူ့ကိုဆွဲပြီးကားပေါ်တင်
ရသည်။
"မင်းရရဲ့လားခြင်း..''
သူ့ကိုကားနောက်ခန်းမှာပက်လက်အနေအထားနဲ့ မျိုးကိုကခေါင်းကနေ မထားသည်။
"မင်း မရတော့ဘူးမှတ်လား..ဒါကြောင့်မသွား
ပါနဲ့.ဆိုကွာ..''
"မင်းတို့ သိလား ငါ့ သားကလေ ငါနဲ့တူတယ်..''
ပြောပြီး ခေါင်းငုံ့ကြသွားတာကြောင့်..
"ဟျောင့် ခြင်း..ခြင်း..ဟာ..
သူသတိလစ်သွားပြီ.. အမြန်မောင်းတော့..''
....
လွန်ခဲ့တဲ့ညကဖြစ်ရပ်မှန်မှာ...
ခြင်းအိမ်မပြန်ခင် ညဈေးဘက်ကိုဝင်ပြီး
ပျိုကြိုက်တဲ့မုန့်ဝင်ဝယ်သည်။
ပျိုက ကလေးရှိမှ..ညညဗိုက်ဆာတတ်လာ
ပြီး မုန့်ထစားတတ်တာ သူသိသည်။
သူ့အကျင့်စရိုက်ကြောင့်အခန်းခွဲအိပ်ခဲ့ရပေ
မယ့်.. ညတစ်ရေးနိုးတိုင်းဗိုက်ကလေးကို
ထထကြည့်ရတာအမောပါပဲ...
ကားကထားခဲ့ရတာကြောင့်..သူမုန့်ဝယ်ပြီး
ပြန်လျှောက်လာတုန်းပျို့ဆီက ဖုန်းဝင်လာ
သည်။
"မင်းလား.. ဘာလို့ဆက်တာလဲ..''
ပျိုက သူ့ဆီကိုတော်ယုံခေါ်လေ့မရှိဘူးမို့..
"ရှင်ဘယ်မှာလဲ..ရှင်အမြန်ပြန်လာပါ.
ကျွန်မဗိုက်နာနေပြီ... ''
ပျိုပြောတာကိုသူနားထောင်နေပေမယ့်..
ပတ်ဝန်းကျင်အခြေအနေကသူ့ဘက်မှာမရှိခဲ့.
သူ့ဖုန်းကိုပိတ်ချလိုက်ရသည်။
သူနဲ့အရင်ကငြိခဲ့ဘူးတဲ့..လူမိုက်အုပ်စုကအနား
ရောက်လာသည်။
သူသတိမထားမိလိုက်တာအခုသူကသူတို့
နယ်မြေကိုရောက်နေတာကြောင့်ကိုး..
"လွတ်လပ်ခြင်း မင်းကညဈေးလည်ရတာ
လည်းကြိုက်တာပဲလား... ''
သူအဝိုင်းခံထားရတာပဲ..
ဆယ်ယောက်တစ်ယောက်ချပြီး ဘာမှမဖြစ်
ပဲလွတ်လာနိုင်တာ..တီဗွီတွေထဲမှာပဲရှိတာပါ...
ဘယ်လိုပဲလွတ်လပ်ခြင်းဖြစ်နေပါစေ..သူများ
အပိုင်မှာအဝိုင်းခံရရင်တော့...
သူပြန်ခုခံပေမယ့်..လူမိုက်ပဲ ဓားလောက်ကတော့..ဆောင်ထားပြီးသားလေ..
လူမိုက်တွေမို့..ဘယ်သူမှဝင်မဆွဲဘူး..
သူ့ဆီကနေ အကြွေးပြန်ယူသွားကြပါသည်။
သူလဲကျကာ..ပျို့အတွက်ဝယ်ထားတဲ့မုန့်
တွေလည်းအနားမှာပျံ့ကျဲကုန်သည်။
"ပျို...''
.....ဒဏ်ရာတွေနဲ့သူက..နောက်ဆုံးမျိုးကိုနဲ့
ကျော်ခေါင်ကိုပဲလှမ်းခေါ်ကာအကူအညီတောင်းခဲ့ရသည်။
"ခြင်း..ခြင်း..မင်းဘယ်လိုဖြစ်တာလဲ..
မင်းဓားဒဏ်ရာရထားတာပဲ...
ဆေးရုံသွားမှဖြစ်မယ်... မင်းအိမ်ကိုလည်း
အကြောင်းကြားလိုက်မယ်..''
"မဖြစ်ဘူး..ပျို.. ကလေးမွေးနေပြီ...ထင်တယ်
ဆေးရုံလည်းမဖြစ်ဘူး..ဒီပြသနာကိုငါ့မိသား
စုမသိစေချင်ဘူး...အား...''
"ခြင်း...ခြင်း..ဟာ ဒုက္ခပဲကွာ...''
သူတို့လည်းကြံရာမလို့..ခြင်းကိုခေါ်လာပြီး..
သူ့ရည်းစားဟောင်းဆရာဝန်မကိုပဲ..အတင်း
တောင်းပန်ကာ..ကုခိုင်းရသည်။
မျက်နှာမှာပါဖူးရောင်ပြီး..ဗိုက်မှာတစ်ချက်...
ခါးမှာတစ်ချက်..ဓားဒဏ်ရာတွေရထားသည်။
"ခြင်းကိုဆေးရုံပို့မှဖြစ်မယ်နဲ့တူတယ်..
သူ့ခါးကဒဏ်ရာကပြင်းတယ်..''
"နင်မကုနိုင်ဘူးလား.. လုပ်ပါဟာ..အစွမ်းကုန်
ကြိုးစားပြီးကယ်ကြည့်ပါ..ဒီကောင်ကဆေးရုံ
လုံးဝမသွားဘူးလို့ပြောနေတာ..''
ပျို့အကြောင်းပြောပြမှ ဒေါက်တာပန်းသီ
လည်း မတတ်သာလို့ ကြိုးစားပြီးကယ်ရသည်။
ခြင်းနဲ့ရည်းစားဖြစ်တုန်းကသူမကိုပန်းသီးဆို
ပြီးလိုက်စတဲ့ နှစ်ယောက်ကအခုတော့မျက်နှာ
ငယ်လေးနဲ့..
ခြင်းကိုတော့ သံယောဇဉ်ကြီးကြသည်။
ခြင်းကဒဏ်ရာနဲ့ အဖျားလည်းတစ်ညလုံး
တတ်နေတာကြောင့်..Dr.ပန်းသီ ခေါင်းနားပန်း
ကြီးနေရသည်။
ခြင်း သတိပြန်လည်လာတော့..သူဝယ်ထား
တဲ့အဆောက်အဦးထဲမှာဖြစ်ပြီး ပန်းသီကိုမြင်ကာ..
"ဟင် ပန်း မင်းဘယ်လိုလုပ်ရောက်နေတာလဲ..''
"သူတို့ ပန်းကိုပြန်ပေးဆွဲထားတာလေ..''
ခြင်း ကအားနာသွားဟန်နဲ့ပြန်ကြည့်သည်။
ရှင်နဲနဲတော့ပြောင်းလဲသွားတယ်..ခြင်း..
ရှင်အရင်ကဆိုဘယ်သူ့အပေါ်မှအားမနာ
တတ်ဘူးမှတ်လား..
"ခြင်း ရှင့်ခါးကဒဏ်ရာကပြင်းတယ်..ပန်းကြိုး
စားပြီးကုထားပေမယ့်..ဆေးရုံတော့ပြသင့်
တယ်..''
"ပန်း အားနာပေမယ့် ကိုယ့်ကိုတစ်ခုလောက်
ထပ်ကူညီပါ..''
"ဘာများလဲ..''
"ကိုယ်အပြင်ခဏထွက်ချင်တယ်..ခနလောက်
အနာသက်သာအောင်လုပ်ပေးပါ..''
"ရှင်ဘယ်သွားမလို့လဲ...မဖြစ်ဘူးနော်..
ရှင်အခုလှုပ်ရှားလို့မရဘူး..''
"ခနပါပဲ..အကိုက်အခဲပျောက်ဆေးများများ
ထိုးပေးပါ..''
"ဆေးကထိုးချင်တိုင်းထိုးပေးလို့ရတာမဟုတ်
ဘူးခြင်း..လွန်သွားရင်ရှင်ဒုက္ခရောက်လိမ့်မယ်
..''
"ဟုတ်တယ်ခြင်း..မင်းဘာလုပ်ချင်တာလဲ
ငါတို့ကိုခိုင်းလေ..''
"ပျို့ ကိုတွေ့ချင်တယ်..''
ဒါကတော့ကိုယ်စားလုပ်ပေးလို့မရတာချည်း..
"ဒါပေမယ့်ကွာ..မင်းဒီပုံစံနဲ့ဘယ်လိုသွားမလဲ
... မင်းနဲနဲသက်သာမှ..''
"ဟင့်အင်း... ငါသွားမှဖြစ်မယ်..
ခဏပါပဲ.. ငါ ပျိုနဲ့ကလေးအဆင်ပြေရဲ့လား
ကြည့်ချင်တယ်..
ပန်း ကိုယ့်ကို ကူညီပါကွာ.''
ပန်းလည်းတဇွတ်ထိုးဆန်တဲ့သူ့ကိုပြောမရလို့ဆေးထိုးပြီး လွှတ်ပေးလိုက်သည်။
ပြန်ရောက်လာတော့သတိလစ်နေပြီ..
"ကျွန်မပြောသားပဲ..သူ့ခါးကဓားချက်ကပြင်း
ပါတယ်ဆို..ကြွက်သားတွေကြောင့်သာ
သူကံကောင်းသွားတာ..
မဟုတ်ရင် ဘဝကူးနေလောက်ပြီ..''
=======================
မနက်ခင်းစောစော ပျို့ ရဲ့ဆေးရုံအခန်းရှေ့တံခါးဝမှာ A4စက္ကုပုံးလောက်ရှိတဲ့ ပါဆယ်ဘူးတစ်ဘူးရောက်နေသည်။ ထွက်လာတဲ့အပုကမြင်ပြီး..
"ဟင်..ဒါဘာလဲ..ဘယ်သူကဒီမှာလာချထား
ပါလိမ့်..''
" လက်ဆောင်ပေးမယ်ဆို
လည်းအခန်းထဲထိလာပေးရောပေါ့..
ဧကန်န အကိုလေးများလား.. သူ့မိန်းမနဲ့ကလေးအတွက်လက်ဆောင်ဖြစ်မယ်..''
အပုသိချင်စိတ်နဲ့စက္ကူပုံးကိုဖွင့်ကြည့်လိုက်သည်..
"အား....
.... အု အု..''
လန့်အော်လိုက်သည့်သူ့ပါးစပ်ကိုအထွေးကလာပိတ်သည်။
"နင် ဘာဖြစ်နေတာလဲ..မမလေးနဲ့ကလေးအိပ်နေတယ်လေ...''
"ဒီမှာ.. ဒီမှာ.ကြည့်..အီးဟီး..''
စက္ကူဘူးကိုကိုင်ရင်းလက်ကတဆက်ဆက်တုန်နေ၏...
အထွေးကပါ ငုံ့ကြည့်ပြီး..နှစ်ယောက်သား
ပြိုင်တူလန့်အော်ကြသည်။
"အမလေး... ဗုဒ္ဓေါ....''
©©©©©©©©©©©©©©©©
ခြင်းသတိပြန်ရပြီး သက်သာမှ..ဆေးထိုးဆေး
ပေးကာ ပန်းသီခဏပြန်သွားသည်။
ဟိုနှစ်ကောင်ကတော့သူ့ကိုလူနာစောင့်လုပ်
နေရသည်။
ယောက်ျားလေးတွေချည်းပဲကျန်ခဲ့တာကြောင့် ခြင်းကအပေါ်အကျီင်္ချွတ်ထားသည်။
ပတ်တီးတွေကော၊ပလာစတာတွေကော
ဒဏ်ရာပရပွနဲ့တော်တော်ကြည့်ကောင်းနေတယ်
ဟွန့်...
ကိုယ်ကခေါင်းအုံးနှစ်လုံးဆင့်ပြီးနောက်ကို
ခပ်လျှောလျှောမှီထိုင်နေရတာတောင်
လက်ကစီးကရက်ဘူးကိုလှမ်းသေးသည်။
"ဟေ့ကောင်.. ဘာလုပ်မလိုလဲ..''
"ပါးစပ်ချဉ်လို့..''
ကျော်ခေါင်ကသူ့လက်ကိုဖြတ်ရိုက်ပြီး..
"မင်းအခုမှသေမင်းလက်ကလွတ်လာတာ
နော်.. အဲ့လောက်သောက်ကျောမတင်းနဲ့
သိလား.. မင်းကအခုအရေးပေါ်လူနာ
ဟိုမှာ ငမျိုးမင်းစားဖို့သွားဝယ်နေတယ်..
ခနစောင့်..
ခြင်း.. မင်းအခုဆိုဖခင်ဖြစ်နေပြီကွ..
ပျိုနဲ့ကလေးကိုချစ်တယ်ဆို မင်းအသက်ကို
မင်းချွေတာရကောင်းမှန်းသိစမ်းပါ..''
"မင်းကငါ့ဖအေကြနေတာပဲ..''
"ဟေ့ကောင်...''
....
အပြင်ထွက်သွားတဲ့ငမျိုးကပြန်ဝင်လာပြီး..
"ခြင်း အန်တီသက်ကမင်းကိုလိုက်ရှာနေတယ်...''
"ငါ့ကိုမေးရင် မသိဘူးလိုပြောလိုက်..''
"မရတော့ဘူး..''
"ဘာလို့လဲ. "
"အပြင်မှာရောက်နေပြီ..''
"ဘာာ...''
ခြင်း အခုမှငေါက်ခနဲထပြီးထွက်ပြေးဖို့ကြံ
သည်။ သူ့ဒဏ်ရာကနာတာကြောင့် ရုတ်တရက်မပြေးနိုင်..
"ခြင်း...''
အခန်းဝက သက်လျာ.. ခေါ်လိုက်တုန်းကဒေါ
သသံနဲ့ပါ... ဒါပေမယ့်သားဖြစ်သူပုံစံကိုမြင်ပြီး
အသံဖျားကတိတ်ဝင်သွားသည်။
"မင်း မင်း ဘယ်လိုဖြစ်တာလဲ..''
" ဘာမှမဖြစ်ဘူး..''
ခြင်း ကဘေးနားရှိတဲ့အကျီကိုအမြန်ကောက်
ဝတ်ဖို့လုပ်သည်။ သူ့အမေကဆွဲထားပြီး..သူ့
ဒဏ်ရာတွေကိုသေချာကြည့်ကာ..
"ဒါ ဓားဒဏ်ရာမှတ်လား.. ဘယ်သူကမင်းကို
ဒီလိုလုပ်တာလဲ..''
"ရန်ဖြစ်ရင်း နဲနဲထိခိုက်တာ ဘာမှမဖြစ်ဘူး..''
"မင်းဘာလို့ဆေးရုံမပြလည်း.. တဖက်လူတွေ
ကော..ဒီလောက်ဆိုဒါပြစ်မှုမြောက်တာပဲ..''
"သူလွန်ကိုယ်လွန်ပဲ.. တိုင်တာတောတာ
လုပ်စရာမလိုဘူး.. ''
ဘာမှမဖြစ်ဘူးတဲ့..ကြည့်ပါအုံးဒါကသေစေ
နိုင်လောက်တဲ့နေရာတွေ။
"မာမီ ဒီကိုဘာလာလုပ်တာလဲ..''
သက်လျာ အခုမှလာရင်းကိုသတိရသွား
သည်။
"အေး မင်းပြောတော့ကိုယ့်ပြသနာကိုယ်ရှင်း
နိုင်တယ်ဆို.. အခုတော့မင်းတင်မကဘူး မင်း
မိသားစုကိုပါထိခိုက်လာပြီ..''
"မာမီ.. ဘာပြောတာလဲ.. ကျွန်တော့်အိမ်မှာ
ဘာဖြစ်လို့လဲ..''
"ဒီမှာ.. ပျို့ဆေးရုံအခန်းရှေ့မှာလာချထား
တာ.. မင်းနဲ့ပတ်သတ်တဲ့တစ်စုံတစ်ယောက်ပဲ
ဖြစ်မှာ.. မင်းကြည့်စမ်းပါအုံး..
ဒါမျိုး လုပ်ရက်ကိုဘယ်လိုလူကလုပ်နိုင်သလဲ..''
သက်လျာ ယူလာတဲ့ဘူးကိုဖွင့်ချလိုက်သည်။
အားလုံး ပြူးကြောင်သွားသည်။
ဘူးထဲမှာ မွေးကင်းစကလေးအရုပ်ကိုလည်ပင်းကလှီးပြီး သွေးတွေလည်းသုတ်ထားသည်။
"ဟ. ဒါ ဒါကိုပျိုမြင်သွားသေးလား..''
"သမီးလေးကအိပ်ပျော်နေလို့ကံကောင်း
သွားတာပေါ့..
ငါဖြင့်တသက်နဲ့တစ်ကိုယ်မကြားဘူး မကြုံဘူးပေါင်.. ဘယ်လိုလူကများမွေးကင်း
စကလေးနဲ့ မီးနေသည်ကိုရန်ရှာနိုင်တာလဲ
ဒါတွေအကုန်လုံး မင်းကြောင့်ပဲနေမှာ
မင်းဆီကနေစလာတဲ့ ပြသနာတွေပဲ.. ခြင်း
ကဲပြောစမ်းပါအုံး လူမိုက်ကြီး..
ပြသနာက မင်းကိုယ်တိုင်ဖြစ်နေမှတော့
မင်းမိသားစုကိုဘယ်လိုကာကွယ်မှာလဲ..''
ခြင်း ငြိမ်ကြသွားသည်။ သူ့အမေကသူ့ကို
ဆူပူနေတာကို ဘာတစ်ခွန်းမှပြန်ခံမပြောတော့ဘူး..
သက်လျာလည်း စိတ်ဆိုးလွန်းလို့ဆူလိုက်ပေမယ့်.. သူ့မှာလည်းဒဏ်ရာကနဲနဲနောနော
မဟုတ်.. ဒါတောင်ဆေးရုံကိုတော့ရောက်အောင်လာသေးတယ်ဆိုတော့ မပြောရက်တော့ပါ။
သက်လျာပြန်ခါနီးမှ...
"မာမီ.. သူတို့သားအမိကိုခဏလောက်ဂရုစိုက်
ပေးပါ.. ''တဲ့..
မနူးညံ့သော်လည်းတောင်းပန်သံပါပဲ။
ငါသိပါတယ်ငါ့သားမှာလည်းအသဲနဲ့ပါ။
>>>>>>>>>>>>>>>>>>
တောက်..))))))
သူ့အမေပြန်သွားမှခြင်းပေါက်ကွဲနေသည်။
ဒီအရုပ်ကိုဝိုင်းကြည့်ပြီး..
"ဒါက အချစ်ဦးလက်ချက်လား...''
"အချစ်ဦးက ကလေးတော့ဆန်ပေမယ့်
ဒါမျိုးတော့လုပ်ရဲပါ့မလား..''
ခြင်းကနေ..
"ဘယ်သူလဲ.ငါသိတယ်..''
ဟင်."ဘယ်သူ...''
"ဆိုက်ကို..''
သူမကတကယ်ဆိုက်ကိုပါ.. ခြင်းကိုယ်တိုင်က
လည်း သူမကိုဆိုက်လို့ပဲခေါ်တာ..ဒါတောင်
ရည်းစားဖြစ်ကြသေးတယ်...
======================
"ဟလို.. မောင်လား..''
"ဆိုက်..''
"မောင် လုပ်တာလား..''
"မင်းအရင်လုပ်တာပါ.. မင်းပို့လိုက်တဲ့လက်
ဆောင်အတွက်ကျေးဇူးတင်တဲ့အနေနဲ့ တုံ့
ပြန်လက်ဆောင်ပေးတာ..''
ခြင်း ပြန်ပို့လိုက်တာ အလူမီနီယမ်အခေါင်း
တစ်လုံးပင်ဖြစ်သည်။
"မောင့်ကြောင့်..ကျွန်မ အဖွားဆေးရုံရောက်သွားတယ် သိလား..''
"တန်ရာတန်ကြေးပဲလေ..
ရာရာစစ ငါ့သွေးသားကိုများမင်းကျိန်ဆဲရဲ
တာ..''
"မောင်က ရင်သွေးကိုထိတော့မှနာရကောင်းမှန်းသိလား.. သူများတွေရင်ကိုခွဲတုန်းက
တော့ ဘယ်လောက်နာကျင်မလဲမောင်မတွေး
ဘူးလား..''
"မင်းဟာမင်း ရင်ကွဲယုံမကလို့တစ်ခါထဲပဲသေ
သေ..
အေး ဒီတစ်ခါကသတိပေးယုံပဲနော်..
နောက်တစ်ခါဒါမျိုးအရူးထရင် မင်းကိုငါကိုယ်တိုင်အဲ့ထဲထည့်ပြီး အရှင်လတ်လတ်မြေမြုပ်ပြစ်မယ်...''
တစ်ဖက်ကရီသံသဲ့သဲ့ကြားလိုက်ရသည်။
မောင်ဒီလောက်နာကျင်သွားရင်တော်ပါပြီတဲ့..
"ခြင်း ဒါဆိုတကယ်ဆိုက်ကိုမမလုပ်တာပေါ့..''
"မထင်ရဘူးကွာ ရက်စက်လိုက်တာ..''
"ခြင်း မင်းလည်းတကယ့်ကောင်ပဲနော်
အရူးမတောင်မချန်အောင်တွဲတာ..''
"ပျို သာဖွင့်ကြည့်မိရင်မတွေးရဲစရာပဲ..''
" အေးလေ..ခြင်း မင်းကလုပ်ခဲ့ပေမယ့် မင်းရဲ့
ကောင်းမွေ ဆိုးမွေ အားလုံးပျိုပဲခံစားနေရ
တာကြ..''
"အဲ့လိုဆိုရင်တောင် မတရားတာမရှိဘူး..
သူ့အသက်နဲ့ခန္တာကငါပေးထားတာမို့လို့..''
ဟမ်..
ဟျောင့်ခြင်း...
"မင်း ယောက္ခမကိုပါ မထီမဲ့မြင်မလုပ်နဲ့နော်..''
ခြင်း ဘာကိုပြောမှန်းတော့သူတို့မသိလိုက်ပါ။
=======================
မကိုမင်မှ..ဥကိုခင်တာတဲ့..
အခုသူကပျိုဆိုတဲ့မိန်းမကိုမချစ်လို့..သားကို
လည်းဂရုမစိုက်တာ..ရှင်းနေတာပါပဲလေ..
ဆေးရုံကဆင်းတဲ့ထိ..သူနောက်ထပ်မလာခဲ့
ပါဘူး..
လားရှိုးကနွဲ့ယိမ်းတောင်ရောက်လာပြီး..သား
ကိုလာကြည့်သေးသည်။
ယောက်ျားကြီးဖြစ်သော်ငြားလည်း..မွေးအဖေ ဘကဆေးရုံကိုတနေ့နှစ်ခေါက်ရောက်
အောင်လာကြည့်သေးသည်။
မေမေကတော့...သူ့အလုပ်ပါနားပြီးဆေးရုံ
မှာပင်တိုင်စောင့်ရတယ်လေ။
ဖေဖေမောင်လည်းနေ့တိုင်းလာသည်။
သားရဲ့ဖခင်ဆိုသူလာလျှင်...
ကလေးတစ်ယောက်မကလို့တစ်ဒါဇင်မွေး
လည်း..ဂရုမစိုက်ဘူးလို့ပြောခဲ့တာပဲ..
ပြောရင်ပြောတဲ့အတိုင်းလည်းလုပ်ခဲ့တာပဲ..
ကျွန်မ တကယ်နားလည်လိုက်ပါပြီ..
သူ့ကိုလူတွေမေးတိုင်း နိုင်ငံခြားပဲရောက်နေ
သလိုလို ဘာလိုလို..ညာခဲ့ရတာ..ပျို့မှာ
မီးတွင်းထဲမို့ငိုရင် ခေါင်းကိုက်ရောဂါစွဲတတ်
သတဲ့.. ပျိုအတွက်တော့ဘယ်သူမှမမြင်အောင်ကြတဲ့ရခဲ့မျက်ရည်တွေကြောင့်..
နှလုံးသားတစ်ခုလုံး အထုံအကျင်စွဲနေပါပြီ။
===========================
ခြင်း သူ့ရဲ့မျက်နှာနဲ့ပြင်ပကဒဏ်ရာတွေသက်
သာမှ အိမ်ပြန်လာခဲ့သည်။ အခုတော့
ကလေးကတစ်လကျော်သွားပြီ...ပျို ဘယ်
လောက်သူ့ကိုမုန်းနေလဲ..သူသိပါတယ်..
သားနာမည်ပေးတာတောင်..သူ့နာမည်
တစ်လုံးမှမပါခဲ့..
ပျိုနဲ့သားအဖွားပေးခဲ့တာက..မင်းပျိုလွင်တဲ့
အခုသူအိမ်မှာရှိနေလို့ ကလေးကိုသူနားမလှမ်း
မကမ်းမှာထားခဲ့ပြီးပျိုက..အောက်ထပ်ဆင်း
သွားသည်။
သားကလည်းအတော်ဆိုးတဲ့ကောင်ပဲ.
တစ်ချက်မှကိုအငြိမ်မနေဘူး
အဲ့ဒီပေါက်စနလေးယက်ကန်ယက်ကန်လုပ်
ရင်း ကုတင်အစွန်းဘက်ရောက်နေပြီမို့..
"ဟာ..ကျွတ်..ပြုတ်ကျတော့မှာပဲ..."
သူရုတ်တရထလိုက်တာကြောင့်..ခါးထဲက
အောင့်တတ်သွားကာ..ပြန်ထိုင်ရက်ကျသွား
သည်။
"ပျို... ပျို...''
"လာပြီ..''
သူအသားကုန်အော်လို့ပျိုပြေးလာသည်။
"မင်းမအေဖြစ်ပြီး ကလေးကိုထားပြီးဘယ်
လျှောက်သွားနေတာလဲ..''
သားကကုတင်စပ်ကလေးမှာ ပြုတ်ကျဖို့တဲတဲလေး
လိုတော့သည်။
ဪ ဖအေတစ်ယောက်လုံးရှိလို့ထားခဲ့တာ
ပေါ့..သူထချီလို့မရဘူးလား..
ဧကန်နသားကို လုံးဝမထိဘူးလို့ အဓိဌာန်ပြု
ထားသလား..
ပျို..သူ့ကိုတစ်ခုခုလှည့်ပြောဖို့ဟန်ပြင်ပြီးမှ..
မျိုသိပ်လိုက်သလိုမျိုး..သားကိုစွေ့ခနဲကောက်
ချီပြီးမှ..သူ့အနားကထွက်သွားလေသည်။
"အား..ကျွတ်..ကျွတ်...''
ပျိုထွက်သွားမှ သူအကိုက်အခဲပျောက်ဆေး
ထုတ်သောက်ရသည်။
ပန်း ကတော့ပြောလိုက်သားပဲ..
"ရှင့်ဒဏ်ရာက
သေချာကုသမှုခံယူမှဖြစ်မှာ.ခြင်း..မဟုတ်ရင်
ဒဏ်ရာ အရှင်းမပျောက်ပဲ..တစ်ချက်တစ်ချက်ကြရင် ပြန်နာလာလိမ့်မယ်..''တဲ့
ပျိုအတွက်တော့သူက.. မေတ္တာမဲ့တဲ့လူရိုင်း..
💔မင်းနဲ့ငါနဲ့..မင်းနဲ့ငါနဲ့..
မင်းနားလည်အောင်ရှင်းမပြတတ်ဘူး..
ရှင်းပြရတာကိုလည်း..ငါအမုန်းဆုံးမို့ပဲ..ပျို..
မင်းနားလည်သလိုသာ..ငါ့ကိုဘာသာပြန်လိုက်တော့...
=========================
ခြင်းပြန်သက်သာတာနဲ့..သူလုပ်လက်စစီမံ
ကိန်းကိုပြန်စတင်၍ အကောင်အထည်ဖော်
သည်။
ခြင်း လုပ်ချင်တာကအသေးစားဆောက်လုပ်
ရေးမဟုတ်..ကွန်ဒိုတောင်မဟုတ်ပဲ..စီးတီးဇုန်
ပရောဂျက်ဖြစ်သည်။
ရေကူးကန်..ကစားကွင်း..shopping mall
တွေပါတဲ့. City zone..
ခြင်းလို အတွေ့အကြုံမရှိတဲ့လူငယ်လေးတစ်
ယောက်က လုပ်မယ့်လုပ်တော့လည်း။
"ခြင်း ဒီလိုပြောရင်မင်းမကြိုက်မှန်းသိပေမယ့်..
မင်းလုပ်ချင်တာကြီးဖြစ်ဖို့က..တစ်ဦးတည်း
ပိုင်ဆိုရင်..''
"ငါ့အမွေနဲ့ မလောက်ဘူးလို့ပြောချင်တာလား..''
"အဲ့လိုတော့မဟုတ်ပေမယ့်... အန်ကယ်ကလည်း Global city..construction.
ပိုင်တာပဲ.. အန်ကယ့်ဆီကအကူအညီနဲနဲ
ယူပြီး..နောက်ပိုင်းရှယ်ယာဝင်တွေခေါ်
မယ်ဆို..''
"ငါကဒီလောက်မှမစဉ်းစားထားဘူးလို့ မင်း
တို့ထင်လား..
ငါအများကြီးစဉ်းစားထားတယ်..ဒါပေမယ့်
အဲ့ထဲမှာငါ့အဖေနဲ့လက်တွဲဖို့မပါဘူး..
ပြီးတော့.. ဒီပရောဂျက်က..အဖေနဲ့ငါ့ကြားက
စိန်ခေါ်မှုပဲ..''
ဟာ... ဒီကောင်..အဖေတောင်မချန်..
"သားအဖကြား မာနတွေလိုလား ခြင်းရာ..''
လိုတယ်..ဒါ Dead right သေလောက်တဲ့အမှန်တရား..မိသားစုမို့ပိုပြီး သူတို့အထင်သေးတာမခံချင်တာ..
ဒီပရောဂျက်က ၄..၅နှစ်..ကြာနိုင်သည်။
ဒါပေမယ့်လည်း..ဒီစီးတီးဇုန်တစ်ခုလုံးကို
လွတ်လပ်ခြင်း ဆိုတဲ့ငါ့အင်အားနဲ့ငါတည်
ဆောက်ပြမယ်..
အဲ့မျက်လုံးနှစ်လုံးဖွင့်ပြီး မင်းတို့စောင့်ကြည့်နေကြ၊
==========================
ပျိုက သားကိုထမင်းခွံ့နေသည်။ သူကအနား
မှာထိုင်ပြီး စီးကရက်သောက်ဖို့ထုတ်ပြီးမှ
ပြန်ချလိုက်သည်။
ပျိုက သားနားဆေးလိပ်သောက်တာမကြိုက်
ဘူး..ပါးစပ်ကထုတ်မပြောပေမယ့်..သူသောက်တာနဲ့ ရှုံ့မဲ့ကာသားကိုချီပြီးထသွားကော...
"ပျို.. မင်းမနက်ဖြန်ကြရင်..ငါနဲ့ပွဲတစ်ခုလိုက်ရ
မယ်..''
"ကျွန်မ မလိုက်ချင်ဘူး..''
"မင်းကိုငါကလိုက်ချင်လားလို့မေးတာမှမဟုတ်တာ...
လိုက်ရမယ်လို့ပဲပြောတာ..
ငြင်းဆန်ခွင့်..ရွေးချယ်ခွင့်မင်းမှာ မရှိဘူး..''
"ဘာလို့လဲ..ကျွန်မကဘာလို့အဲ့လိုလုပ်လို့
မရတာလဲ..''
"မင်းကငါ့မိန်းမမို့လို့ပေါ့.''
အဲ့လိုအမြဲတမ်း သူပြောတတ်သည်။.
ကျွန်မကကိုယ့်သဘောနဲ့ကိုယ် နေခွင့်မရှိတဲ့
လူလား...
ဒီတစ်ခါတော့ သည်းမခံတော့ဘူး..ခြင်း..
"ရှင့် ဖာသာ ဘာဖြစ်ဖြစ် ကျွန်မမအားဘူး
မလိုက်နိုင်ဘူး..''
"ဘာ...
မင်းက မလိုက်နိုင်ရအောင် ဘာတွေများ
အလုပ်များနေလို့လဲ''
"ကျွန်မ သား ကျွန်မထိန်းရမယ်..''
"အပိုတွေလုပ်မနေနဲ့.. ဧည့်ခံပွဲကတနေကုန်လဲ
မဟုတ်ဘူး..
သားကိုအကြောင်းမပြနဲ့..
မင်းသေချာပြန်စဉ်းစား...
မင်းကငါ့မိန်းမဖြစ်ပြီးမှသားရဲ့အမေဖြစ်လာတာနော်
အဲ့တော့ငါကအရင်ပဲ..
မင်းသားအပေါ်ပဲမိခင်ဝတ္တရားကျေပြမနေပဲ..
ငါ့အတွက် ဇနီးမယားဝတ္တရားကျေအောင်
အရင်ကြိုးစား..''
.....
ပျို..မလိုက်ချင်လည်းသူကရမှာမဟုတ်..
သူဖြစ်ချင်တာဆို..ဘာနဲ့မှအကြောင်းပြလို့မရ..
ပျိုပဲ ဆောင့်ဆောင့်အောင့်အောင့်နဲ့ပြင်ဆင်
နေရသည်။
သားကိုအိမ်မှာထားခဲ့ရမှာမို့ စိတ်ကလည်း
မဖြောင့်ဘူး..
"သားကိုပါ ခေါ်ခဲ့လို့မရဘူးလား..''
"ဒီလိုပွဲမျိုးကို ဘယ်သူကဘုစုခရုတွေခေါ်
လာတာမင်းမြင်ဘူးလည်း..''
"မသိဘူး..ကျွန်မအဲ့လိုပွဲမျိုးတစ်ခါမှ မသွား
ဘူး..''
"မင်း လူတောမတိုးတာ..ငါသိပါတယ်''
"ဒါဆို ဘာလို့ခေါ်နေသေးလဲ..''
"မတတ်နိုင်ဘူးလေ..တည်မိတဲ့ဘုရား
ယူမိမယား ပြင်ဖို့ခက်တယ်မှတ်လား..
ငါ့နောက်ပါလာတောင်တော့ကြိုးစားကြည့်
ရတာပေါ့..''တဲ့