ရင်ခွင်ရိုင်း {Complete}
By wookiekyoe
408K 8.9K 121
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
part 6 zawgi
5.6K 64 0
By wookiekyoe
ရင်ခွင်ရိုင်း 💘...၆
ခစ်...ခစ်..ခစ်...ခစ်..(ကလေးရယ်သံ..)
🎵🎵🎵🎵🎵🎵🎵🎵(သံစဉ်..)
မျိုးကိုနဲ့ကျော်ခေါင် ရဲ့ဖုန်းနှစ်လုံးလုံးကတစ်ပြိုင်
နက်ထဲထမြည်နေသည်။
ဖုန်းနံပတ်ကိုကြည့်ပြီးနောက်..
နှစ်ယောက်စလုံး လက်ပစ်ဗုံးတွေ့သလိုမကိုင်
ရဲကြပေ.
"ငမျိုး.. မင်းကိုင်လိုက်..''
"မင်းကိုင်လိုက်ပါလား..ငကြောင်..''
"မကိုင်ချင်ဘူး..''
"မကိုင်မချင်းခေါ်နေမှာကွ..''
"မင်းကိုင်ပါလား.. ဒါကဟီရိုရှီးမား ဗုံးကြဲတာ
ထက်ဆိုးမှာ..ငါတော့မကိုင်ရဲဘူး..''
နှစ်ယောက်သားသူကိုင်ငါကိုင်နဲ့..နောက်တော့တစ်လုံးကိုကိုင်ပြီး စပီကာဖွင့်လိုက်သည်။
"ရှင် တို့ဘာလုပ်နေလို့ဖုန်းမကိုင်ကြတာလဲ..''
ဆောင့်အောင့်ထွက်လာတာအချစ်ဦးရဲ့အာပြဲသံကြီး၊
တောက်..)) အာဖြဲခြောက်မ..နားကွဲတော့မယ်
"အခုကိုကိုဘယ်မှာလဲ..''
"ဘယ်သိပါ့မလဲ..''
"ရှင်တို့နော်..''
"ကိုကိုမင်္ဂလာဆောင်တော့မယ်ဆိုတဲ့.. ကော
လဟာလတွေထွက်နေတယ်..ဒါအမှန်ပဲလား..''
"ကောလဟာလမှန်းသိရဲ့သားနဲ့ အမှန်လား
ဆိုတော့.. အချစ်ဦး နင်ကျပ်ပြည့်ရဲ့လား..''
"ဘာပြောတယ်.. ''
"ဒါဆိုတကယ်မဟုတ်ဘူးပေါ့..
ဒါနဲ့ နေအုံး ကိုကို့အမေကဆရာဝန်မကြီးလား..''
"ဘယ်ကလား.. ဒီကောင့်အမေကစင်ကာပူ
မှာအထည်ရောင်းတယ်လေ.. နာမည်ကဒေါ်
သောင်းဆိုလား...''
"ကိုကို့အဖေကကော..ဆောက်လုပ်ရေးကုမ္မဏီကလား..''
"နင်ရူးနေပြီလား.. ခြင်းအဖေကအရက်ရောင်း
တာဟ.. ဒါကြောင့် ခြင်းကိုကြည့်ပါလားလုံးဝ
အရက်သမားရုပ်ပဲကို..''
"ကိုကို့ ကိုများ..ကိုကိုက ကိုရီးယားမင်းသား
တွေမမှီအောင်ချောတာ.. ရှင်တို့ကမှ..
ဗမာကားထဲကမုဒိမ်းကောင်ရုပ်တွေနဲ့...
သရဲကားရိုက်ရင်ရှင်တို့ကိုအဲ့နေရာမှာ
ခေါ်ရိုက်ရမှာ...''
"ဘာ... ဂါး''
"ရှင်တို့ကဘယ်မှာလဲဘေးကဆူလိုက်တာ..''
"ဘယ်မှာမှန်းသိရင် နင်လာမလို့လား..''
"တော်စမ်းပါရှင်တို့ဆီဘာလာလုပ်ရမှာလဲ
အခု ကိုကိုဘယ်မှာလဲပဲပြော.''
"သွေးစုနာပေါက်လို့..အိမ်ထဲအောင်းနေတယ်..''
"ဟင်..ဟုတ်လား..ဒါဆိုလိပ်စာပေး
အချစ်သွားကြည့်မယ်..''
"သွေးစုနာပါဆိုမှ နင်ကြည့်လို့ရတဲ့နေရာဖြစ်မ
လား..ဆေးလေးဘာလေးလှုပ်သောက်အုံး..
ငါတို့ မအားဘူး..ထပ်မဆက်နဲ့.. အာဗြဲစိန်မ
ဒါပဲ..''
အချစ်ဦး..ဖုန်းကိုချလို့မှမပြီးသေးဘူး..
နောက်နှစ်နေရာကထပ်ဝင်လာသည်။
"မေရီ..''
"လှသူဇာ..''
သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ကာ..
လွတ်လပ်ခြင်းသာ..တကယ်လက်ထပ်သွားမှန်း
သိကုန်ရင်.. အမျိုးသမီးအထိကရုံးတော့
ဖြစ်တော့မှာပဲ..
ပွဲကအစဖို့နာရီဝက်ခန့်လိုသေးသည်။
အေးအေးလူလူဆေးလိပ်ထိုင်သောက်နေတဲ့
မဟာသတို့သားခြင်းဆီပြေးကာ...
"ခြင်း...''
" ခြင်း..."
"ဘာလဲကွာ..."
"ဒီမှာပြသနာတတ်ပြီ..''
"ဘာလဲ..''
"မင်းရည်းစားတွေသိကုန်ပြီ...''
"သိ သိပေါ့..''
အစထဲကလည်းဖုံးကွယ်ချင်လို့တမင် တိတ်
တိတ်ကလေးဆောင်တာမဟုတ်။
"ဒါပေမယ့်..မင်း မယ့်အကြောင်းမသိလို့လား
.. မင်္ဂလာပွဲမှာပြသနာဖြစ်နိုင်တယ်နော်...
မင်းကအေးဆေးဆိုပေမယ့်..မင်းမိဘတွေနဲ့
မင်းသတိုးသမီးရဲ့ ဂုဏ်သိက္ခာကျန်သေးတယ်လေကွာ....''
ခြင်းအနည်းငယ်တွေဝေသွားသည်။
ပြီးနောက်ချာခနဲလှည့်ထွက်သွားသည်။
"ဟေ့ကောင်.. ဒါကဘယ်လဲ..''
"ငါပြသနာ.. ငါသွားရှင်းမလို့..''
သူတို့၂ယောက်လည်းသူနောက်ကပြေးလိုက်သွား
သည်။
.......
မင်္ဂလာအချိန်ကကြနေပြီ..ခြင်းကပြန်မလာသေးဘူး..
သက်လျာ ခေါင်းနပန်းကြီးနေသည်။
"အဲ့ကောင်လေးကဘယ်ရောက်သွားတာလဲ..
ခုနကတင်တွေ့လိုက်ပါတယ်..''
ဧည့်သည်တွေနဲ့မို့..လူကဟန်မပျက်အောင်
နေရပေမယ့်..
"ဒုက္ခပါပဲကိုမောင်ရယ်..သားဆိုးကပုန်ကန်
သွားပြီထင်တယ်..ကျွန်မတော့ကိုယ်ကြိုး
နည်းပါပြီ..''
"စိတ်မပူပါနဲ့.. မေလေး.. ညီလေးကိုကျွန်တော်
ရှာပြီး ခေါ်လာခဲ့မယ်..''
သူမရဲ့ တူတော်စပ်သူ လင်းအားကခြင်းကို
ဟော်တယ်ထဲမှာအရင်နှံ့အောင်လိုက်ရှာသည်။
ခြင်းကဆယ်မိနစ်ကျော်မှပြန်ဝင်လာကာ..
"ညီ.. မင်း ဘယ်သွားနေတာလဲ ဟိုမှာမေလေးအရမ်းစိတ်ပူနေပြီ..''
ကျွတ်.. လာပြန်ပြီ...
လင်းအားကသူ့အကိုဝမ်းကွဲဖြစ်သော်ငြားလည်း.. မာမီကိုမေလေးလို့ခေါ်တာကိုငယ်ငယ်ထဲကမကြည်။
"လာ.. မင်းအရမ်းနောက်ကြနေပြီ..''
ခြင်းကမသွားသေးပဲ..လင်းအားကိုသေချာကြည့်ပြီး..
"မင်းကဘာလို့ တိုက်ပုံနဲ့လဲ..''
"ဟ မင်္ဂဆောင်မှာ ဒါမျိုးဝတ်ပြီးတတ်လို့မရ
ဘူးလား..''
"ဒါပေမယ့်..ဘာလို့အပြာရောင်ဖြစ်နေ
ရတာလဲ..''
"ငါကြိုက်တာငါဝတ်တာပေါ့..ခြင်းရာ..ရစ်စရာ
မရှိကြံဖန်ပြီ.. ငါလည်း မင်းအပြာဝတ်မယ်မထင်လို့ပါ..''
ငယ်ငယ်ကတည်းကညီငယ်လေးမို့အမြဲအရှုံး
ပေးတော့.. ကိုယ့်ထက်အကြီးလည်းအကြီး
မှန်းမသိတော့။
ဧည့်ခံပွဲထဲကလူတွေကသူတို့ကိုမြင်တော့..
တစ်ယောက်နဲ့တစ်ယောက်လက်တို့ကြသည်။
"သတိုးသားက ဘယ်တစ်ယောက်လဲတဲ့..''
သက်လျာရဲ့လုပ်ဖော်ကိုင်ဘက်တွေကော..
ဦးမောင်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကော..
ဘယ်သူမှခြင်းကိုမြင်ဘူးတာမဟုတ်တော့
လည်း.. မှားလည်းမှားချင်စရာပေါ့။
ဒါကိုကြားပြီး.
ခြင်းကလင်းအားကိုဘုကြည့်ကြည့်နေပြန်သည်။
ဪ ပြသနာက ဒီတိုက်ပုံတဲ့..ငါ့နှယ်...
ကြည့်လည်းကြည့်ချင်စရာပါ..
သူတို့ဝတ်ပုံက တစ်ယောက်ကအနောက်တိုင်းကုတ်နဲ့ တစ်ယောက်ကဗမာထိုင်မသိမ်းနဲ့..
ခြင်းကလုံးဝတောင်ရှည်မဝတ်နိုင်ပါဘူးတဲ့
ပျိုကလည်း ဂါဝန်ဆိုမဝတ်ရဲဘူးတဲ့..
ဒါကြောင့် အဆင်ပြေအောင် အေရိုးမားက
ခေါင်းစားခံပြီးချုပ်ပေးခဲ့ရသည်။
တွေ့တိုင်း ပါးကွက်ကျားနဲ့တွေ့တတ်တဲ့ပျိုက
အခုလိုမိတ်ကပ်တွေခြယ်သထားတော့..
ရှိရင်းစွဲထက်ပိုလှကာ.. ခြင်းတောင်ငေးခနဲ
ဖြစ်နေသည်။ ပါးစပ်ကနေတော့..
"ဪ ကျောက်တုံးလည်းဆေးခြယ်ရင်
အရောင်တော့ထွက်တာပဲ.. '' တဲ့..ဟွန်း
ပျိုကသူ့လက်ကိုချိတ်ဖို့မရဲတရဲဖြစ်နေတာကို
သူစိတ်မရှည်စွာ.. ပျို့လက်ကိုဖမ်းဆွဲပြီး
သူ့ချိုင်းကြားညှပ်လိုက်သည်။
"အဲ့လို.. အဲ့လို.. လျှောက်ရမှာမဟုတ်ဘူးလေ''
"ဘယ်လိုလျှောက်လျှာက်ဟိုရောက်ရင်ပြီး
ရောပဲ. လာ..''
ပျိုက သူလျှောက်တဲ့အတိုင်းကလေးလိုတန်း
လန်းပါသွားသည်။
"ဟေ့ မင်းဘာလို့ဆက်မလျှောက်တာလဲ..''
"ရှင် ကျွန်မပုဝါကိုတက်နင်းထားတယ်လေ..''
"အဲ့ဒါကြီးတွေကရှုပ်တာ..''
ပျို့ရဲ့ပုဝါစကိုပါလှမ်းဆွဲယူပြီး...ပျို့ကိုလက်ဆွဲ
ကာစင်ပေါ်ကိုလှမ်းတတ်သွားသည်။
မင်္ဂလာအခေါ်ပေးသီချင်းကတစ်ဝက်ပင်မရောက်သေး.. သူကစင်ပေါ်ရောက်နေသည်။
ပါးစပ်အဟောင်းသားနဲ့ကြည့်နေသည့်ဧည့်
ပရိတ်အပေါင်းကနေ..
"အမလေး သတိုးသားရယ်
မင်္ဂလာဆောင်ကိုကျားလိုက်လာတဲ့အတိုင်းပဲ..''
" သူ့သတို့သမီးကျပျောက်မှာစိုးလို့နဲ့တူတယ်"
ဟုတီးတိုးပြောကြသည်။
ဘနဲ့မိဘတွေကတပြုံးပြုံး..ဒေါ်သက်လျာကတော့
အပျော်ဆုံးပေါ့လေ။
>>>>>>>>>>>>>
ဒီလိုနဲ့မင်္ဂလာဧည့်ခံပွဲကတော့ပြီးစီးသွားခဲ့သည်။
နွဲ့ယိမ်း..ပျိုနဲ့ခွဲရတော့မှာမို့ဝမ်းနည်းကာ
ဘာစကားမှတောင်မပြောနိုင်တော့ပါ။
"နွဲ့..နင်ကပါဒီလိုမလုပ်နဲ့လေဟာ..
ငါဝမ်းနည်းလာပြီ..''
"ဟင်...အင်း..
ငါ...ငါလည်းနင့်ကိုနှမြောလို့ပါ..
ပျို..ငါနင့်ကိုအရမ်းချစ်တယ်နော်..နင်သိတယ်
မို့လား..''
"အင်း..''
"နင် ငါ့ကိုကတိပေးပါလား..
အခုကစပြီး နောက်ဘာတွေပဲကြုံလာကြုံလာ
နင်ကြံ့ကြံ့ခိုင်ပြီး..ပျော်ပျော်ရွှင်ရွှင်နေမယ်လို့
ကတိပေးပါ..''
"အင်း..နေမယ်..နေရမှာပေါ့..ငါကတိပေးပါတယ်..''
"ပျို..''
"နွဲ့..''
ဘာကြောင့်မှန်းမသိငိုချင်လာပြီးတစ်ယောက်
နဲ့တစ်ယောက်တင်းတင်းကြပ်ကြပ်ဖက်ထား
သည်။
ကားနားရပ်နေတဲ့ခြင်းကလှမ်းကြည့်ပြီး..
ဟ.. ရည်းစားတွေလည်းမဟုတ်ပဲ..မိန်းမချင်းကြီးဖတ်ငိုတာ..အဆန်းပါလား..
နောက်ထပ်မတွေ့ရမယ့်လူတွေကြနေတာပဲ..
သူ့ဘော်ဒါတွေကတော့အရက်ဆိုင်လစ်ပြီး
ဘတ်ချလာနိုက်လုပ်ဖို့ပဲတာဆူနေကြလေသည်။
" ဟေ့ ဒီမှာ အဲ့လောက်အလွမ်းသယ်မနေနဲ့
မသိရင် မပေါင်းလိုက်ရတဲ့သမီးရည်းစားတွေလိုပဲ.
အပိုတွေလုပ်တယ်..."
ရှင်ကတော့အသဲနှလုံးထုတ်ထားတဲ့လူကိုး..
ဒါမှမဟုတ်..ပျို့ကိုအပိုင်ရလိုက်တဲ့လူတစ်ယောက်
မို့လေ.. ရှင့်မှာဝမ်းနည်းစရာရှိပါ့မလား..
လွတ်လပ်ခြင်းရယ်..
>>>>>>>>>>>>>>>>>>>>>>>>>
ဘနဲ့မိဘတွေကိုကန်တော့ပြီး..သူ့အိမ်ကြီးသို့
ပျိုလိုက်လာခဲ့ရသည်။
သူကတော့အပေါင်းအပါတွေနဲ့ တစ်ခေါက်ပြန်ထွက်သွားပြီဖြစ်သည်။
အိမ်ကြီးရဲ့ခမ်းနားမှုကတော့နေရာတိုင်းမှာပင်တွေ့ရသမျှကသြချယူစရာပင်...
ယပ်တောင်လိုဖျာကြလာတဲ့လှေကားကလည်း
အတော်စွဲဆောင်မှုရှိအောင်..ဆောက်ထား
တာပဲ။
ခြင်းကခေတ်ဆန်လွန်းပေမယ့်..သူ့အိမ်ကြတော့နန်းဆန်သည်။
သူတို့အတွက်အပေါ်ထပ်မှာပဲမင်္ဂလာအိပ်
ခန်းပြင်ဆင်ထားသည်။
အပေါ်ထပ်ကဧည့်ခန်းမကျယ်ထဲမှာ..
ရွှေဖလားရောင်ချိတ်ဝမ်းဆက်ဝတ်ဆင်ထား
ပြီး.. ဆင်စွယ်နဲ့အလှဆင်ထားတဲ့ကုလားထိုင်
မှာခြေချိတ်လျက်မိန့်မိန့်ကြီးထိုင်နေသော
အမျိုးသမီးကြီးရဲ့..ပုံတူပန်းချီကားက လူကိုယ်အတိုင်းပင်ရှိနေသည်။
ခြင်းရဲ့ အဖွား..ဒေါ်အမတ ပင်တည်း..
ပန်းချီကားရှေ့မှာရပ်ကာ..ပျိုအိမ်ပိုင်ရှင်ကိုအရင်
နှုတ်ဆက်ရသည်။
"ဖွားဖွား..သမီးက ဖွားဖွားရဲ့မြေးချွေးမ
ကညှာပျိုပါ..''
............
ကိုယ့်အတွက်ပြင်ဆင်ထားတဲ့အိပ်ခန်းကြီးက
တော့ ကြက်သီးထစရာပါ...
ပျို ကမန်းကတန်းရေမိုးချိုးပြီးသနပ်ခါးပါးပါးလေးလူးသည်။
အဝတ်အစားလဲဖို့ ပါလာတဲ့အိတ်ထဲကနေ
အဝတ်တစ်စုံထုတ်ယူလိုက်သည်။
ဟင်..
အဝတ်ခေါက်ထဲမှာပါလာတဲ့ လက်ကိုင်ပုဝါ
လေးတစ်ထည်..
ဒါလေးကိုသူမရှာနေခဲ့တာကြာပြီဖြစ်သည်။
ဒီထဲမှာရှိနေတာကိုပဲ မမြင်ခဲ့တာပါလား..
ပြန်တွေ့လို့အင်မတန်ဝမ်းသာကာ
လက်ကိုင်ပုဝါလေးကိုထုတ်ယူလိုက်ပြီး..
ရင်ဘတ်မှာထိကပ်ထားသည်။
ဒီလက်ကိုင်ပုဝါလေးကသူမရဲ့ပစ္စည်းမဟုတ်
ပါ..
လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက.. သူမက၈တန်းကျောင်းသူလေး..နွေရာသီကျောင်းပိတ်ရက်မှာ..ဘကပြင်ဦးလွင်တတ်
ပြီးအရောင်းအဝယ်လုပ်တော့သူမကိုလည်း
ခေါ်လာသည်။
သူမတို့တည်းခိုတဲ့အိမ်ရဲ့မလှမ်းမကမ်းမှာ
စံအိမ်ကြီးတစ်လုံးရှိသည်။
အနားပတ်ဝန်းကျင်မှာလည်း စိမ်းစိုနေတဲ့
မြက်ခင်းပြင်တွေက လွင်ပြင်သဖွယ်ဖြစ်နေ
သည်။
ကလေးမို့လျှောက်ကြည့်ရင်း.. စံအိမ်ကြီးနား
ရောက်မှန်းမသိရောက်လာသည်။
မြက်ခင်းပြင်မှာ မြက်စားနေတဲ့ ဇီးရောင်မြင်း
ကြီးတစ်ကောင်းလည်းရှိသည်။
သူ့လည်ဆံမွေးနဲ့အမြီးက ပိုးသားလိုပဲနက်
ပြောင်နေတဲ့.. မြင်းချောကြီးဖြစ်သည်။
ပျိုလေး မြင်းကိုချစ်လို့အနားသွားပြီးကျောက်
ကုန်းကိုကိုင်ကြည့်မိသည်။
အစာစားနေတဲ့မြင်းကလန့်သွားပြီး..ထွက်ပြေး
သည်။ ပြီးနောက်မြက်ခင်းပြင်မှာဒုန်းစိုင်းပြေး
ကာ..တစ်ပတ်ပတ်ပြီးနောက်.. သူမဆီတည့်
တည့်ပြန်ပြေးဝင်သည်။
ပျို့ကိုစိတ်ဆိုးသွားတာဖြစ်မည်..
ဟင်
ကိုယ့်ဆီပြေးလာပြီး ကန်မှာလား..နင်းမှာလား
တွေးပေမယ့်.. ပြေးဖို့တော့သတိမရစွာရပ်ကြည့်နေမိသည်။
မြင်းကပျို့ဆီရောက်ဖို့ ၁ကိုက်စာအကွာမှာ...
...ပျို့မျက်စိကိုအသေမှိတ်လိုက်သည်။
ပျို့ ကိုတစ်စုံတစ်ယောက်ကခုန်အုပ်လိုက်သလိုဖြစ်ပြီး.. ပျိုနဲ့သူလုံးထွေးကာမြက်ခင်း
ပေါ်လိမ့်သွားသည်။..
ပျို မျက်စိကိုဖြေးဖြေးဖွင့်ကြည့်တော့..သူမဘေးနား..လဲနေတာသူ့အရွယ်ကောင်လေး
တစ်ယောက်ကိုတွေ့ရသည်။
အဲ့ကောင်လေးကအရင်ထထိုင်ပြီး သူမကို
တွဲထူပေးရင်း...
"တော်တော် စပ်စုတဲ့ မိန်းကလေးပဲ..
မြင်းကန်ရင်သေတတ်တယ်ကွ..''
ပျိုက မျက်နှာငယ်လေးနဲ့အခုထိကြောက်လန့်မပြေ
သေးတော့..
"ကဲ ဘာဖြစ်သွားသေးလဲ..''
သူကဆက်မေးကာ..ပျို့ကိုကြည့်ပြီး
.ပျို့တံတောင်ဆစ်မှာ ဘာနဲ့ခိုက်မိမှန်းမသိတဲ့ခြစ်ရာကြီးကိုတွေ့သွားသောအခါ..
"လက်ကိုခိုက်မိသွားတာလား..သွေးထွက်နေပြီ..ကျစ်..''
သူ့အကျီထဲကနေ လက်ကိုင်ပုဝါကိုဆွဲထုတ်
လိုက်သည်။ ပြီးနောက်ပျို့လက်မှာပတ်ပေးကာ..
"ရပြီ.. ခနနေသွေးတိတ်သွားလိမ့်မယ်..''
"Brezz..''
သူ့မြင်းကိုလှမ်းခေါ်တာဖြစ်သည်။
ခုနကဒေါသနဲ့မြင်းကအခုကြတော့လည်း
ခွေးတစ်ကောင်ကသခင်ဆီကိုလျှောက်လာသလို
ရောက်လာပါသည်။
"ကောင်မလေးပါကွာ..မင်းကအသည်းငယ်
လိုက်တာ..''
သူ့မြင်းကသူပြောတာကိုနားလည်သလို
ခေါင်းငုံ့နေလေသည်။
စွပ်ကျယ်ပေါ်မှာမှရှပ်အကျီအကွက်နဲ့ဂျင်းဘောင်းဘီနဲ့လည်ရှည်ဖိနစ်စီးထားသည့်
ထိုသူက ဘေးနားလွင့်ကြနေတဲ့သူ့ဦးထုတ်ကို
ကောက်ဆောင်းပြီးထရပ်သည်။
အဲ့တော့မှ ပျိုလေးသတိရသွားပြီး.
"ကျေးဇူးတင်ပါတယ်..''
သူကပြန်လှည့်ကာ.. ပျို့မျက်နှာနားထိခေါင်း
ငုံ့ပြီး..
"ဒါဆို ဘာပေးမှာလဲ..''
"ရှင်...''
"အခုပေးစရာမရှိဘူးမှတ်လား.. ဒီလိုလုပ်
အဲ့အစား ငါတို့ကြီးလာရင်လက်ထပ်ကြမယ်..
မင်းကငါ့သတိုးသမီးလုပ်..''
" ရှင်..."
"ဒါဆို မင်းကတိပေးပြီး ပြီနော်..."
ထိုသို့ပြီးနောက်.. သူ့မြင်းဇတ်ကြိုးကိုဆွဲပြီး ပြန်လှည့်မကြည့်ထွက်သွားတဲ့ ကောင်းဘွိုင်လေး..
သူ့မျက်နှာကိုမမှတ်မိပေမယ့်..သူ့ကိုတော့တစ်
ခါမှမမေ့ခဲ့ဘူးပါ..
ရင်ထဲမှာဝိုးတိုးဝါးတားလေးရှိနေသည်။ရှိုးတိုးရှန့်တန်းဖြစ်ဖူးသည်။
တနေ့ပြန်တွေ့မလားစိတ်ကူယဉ်ဘူးသည်။
ဒါပေမယ့်လည်း.. အဲ့အရွယ်လေးထဲကပါးစပ်
ဆော့တတ်တဲ့ကောင်းဘွိုင်လေးက အခု
လောက်ဆိုရင်လည်း..သတိုးသမီးတစ်ယောက်ရှာတွေ့နေလောက်ပါပြီ..
"ကျွန်မလည်းလက်ထပ်လိုက်ပါပြီ...ကောင်း
ဘွိုင်လေးရေ.. ရှင်လည်းပျော်ရွှင်ဖို့ အမြဲတမ်း
ဆုတောင်းပေးနေပါတယ်..''
လက်ကိုင်ပုဝါလေးကိုခေါက်သိမ်းရင်းအဝတ်အစားလဲကာအောက်ထပ်ပြန်ဆင်းလာခဲ့သည်။
>>>>>>>>>>>>>>>
အိမ်မှာအသင့်စောင့်နေကြတဲ့အိမ်အကူမလေးနှစ်
ယောက်ကလာပြီး..
"လိုအပ်တာ ကျွန်မတို့ကိုပြောနော်မမလေး..
ကျွန်မနာမည်က..ချစ်ပု.. သူ ကအပြုံး..
မမလေးခိုင်းစရာရှိရင်ခေါ်ပါ..
ဒေါ်တူးကတော့ညနေဆိုခြံထဲကအိမ်မှာပဲ
နေတယ်..မနက်ကြမှအိမ်ကြီးထဲလာပြီးစီမံပေးတယ်..''
"ဟုတ်ကဲ့..ကျေးဇူးပါပဲ..''
"ဟာ.မမလေး ကျွန်မတို့ကိုရိုရိုသေသေမပြော
ပါနဲ့..အကိုလေးကကြိုက်မှာမဟုတ်ဘူး..
ဖွားဖွားကြီးသာရှိရင် အဆူခံရမှာသေချာတယ်.. ''
ဟင်..ဟုတ်လား..
"မမလေး..ဗိုက်ဆာနေမှာပဲ..တစ်ခုခုစားပါလား.. ချစ်ပုပြင်ပေးမယ်လေ..''
"ဒီမှာ.အပြုံးက ထမင်းခူးပြီးပြီမမလေး..''
အယ်..သူတို့နှစ်ယောက်ကလည်းအပြိုင်အဆိုင်...
"ကျေးဇူးပါပဲ... ဒါပေမယ့် မမမစားသေးပါဘူး.. သူပြန်လာမှ...''
"မမလေး ဗိုက်မဆာဘူးလား..''
ဆာတော့ဆာပေမယ့်..တော်ကြာသူ့ကိုမစောင့်ဘဲစားထားလိုက်ရင်.. ဒီမိန်းမတော်တော်ငတ်တယ်လို့အပြောခံရအုံးမယ်..
"အင်း မဆာပါဘူး..''
ဂွီ.. ဟင့်..လူကညာပေမယ့်ဗိုက်ကအမှန်အတိုင်းဖြေနေတော့..ရှက်လိုက်တာ..
ချစ်ပုကပြေးပြီး...အဆာပြေမုန့်တစ်ခုယူကာ
သူမကိုချကျွေးသည်။
"ဒါလေးတော့ စားထားလိုက်နော်..မမ''
...
စစရောက်ခြင်းပင်..ပျို့ကိုအခုလိုဆက်ဆံပေး
လို့..ပျို့ကကျေးဇူးတင်နေရသည်။
သူတို့မှာလဲ..
"အမလေး..တော်ပါသေးရဲ့..ငါဖြင့်အခုမှ
အလုံးကြီးကြနိုင်တယ်..
မမလေးက ချစ်ဖို့ကောင်းပြီးအနေအေးမယ့်
ပုံပါပဲ. "
"အေးနော်. တော်သေးတယ်..အကိုလေးယူ
တဲ့မိန်းမကအကိုလေးလိုသာဆို..ငါတို့ပြေးပေါက်မှားပြီ..''
"ငါဖြင့် အကိုလေးမိန်းမယူပြီးဒီမှာပြန်နေမယ်
လို့ကြားကတည်းက ညတိုင်းဘုရားစာရွတ်နေရတာ..''
"မမလေးကတော့.. ရိုးအေးတာဟုတ်ပါပြီ..
အကိုလေးကအရင်ပုံစံအတိုင်းမပြောင်းလဲဘူးဆိုရင်ဘယ်လိုလုပ်မလဲ..တော်ကြာမမလေးကိုလည်းသူအနိုင်ကျင့်မှာပဲမှတ်လား..''
"ဟဲ့.. တိုးတိုးပြော..ကြားရင်နင်အရင်သေနေမယ်..''
"ငါတွေးမိလို့ပါ..''
"သူယူထားတဲ့..မိန်းမကိုတော့နှိပ်စက်ပါ့မလား..ဟ.. စဉ်းစားကြည့်လေ ငါဆို
အကိုလေးကိုလုံးဝမိန်းမယူမယ်လို့တောင်
မထင်ဘူး..''
"အေးဟဒါဆို..ဒီအိမ်မှာအချစ်တွေပြည့်လျံပြီး
ငါတို့ ဘုစုခရုလေးတွေထိန်းရတော့မှာပေါ့နော်
ခစ်ခစ်..''
အို.. ပျို ကစားပြီးသားပန်းကန်လာပြန်ဆေး
ပေးမလို့ကို..သူတို့ချင်းပြောနေတာတွေကြား
ပြီး.. နားရွက်တွေနီကာအိမ်ရှေ့ပြန်ပြေးလာ
ခဲ့သည်။
ဒါပေမယ့်..လွတ်လပ်ခြင်းဆိုတဲ့လူကအဲ့လောက်တောင်ဆိုးသလား..
========================
ညဆယ့်တစ်နာရီတောင်ထိုးပြီ..သတိုးသား
ဆိုတဲ့လူပြန်မလာသေးလို့..သုံးယောက်သား
ငုတ်တုတ်ထိုင်စောင့်နေရသည်။
ပျို..အဆာပြေမုန့်စားထားပေလို့သာပေါ့
မဟုတ်ရင် အူတွေလိမ်ခေါက်နေလောက်ပြီ။
... နှစ်ယောက်သားလှေကားထစ်နား
မှာခွေခေါက်နေပြီ..သူတို့လည်းပင်ပန်းနေရှာ
ရောပေါ့..
"ချစ်ပု..အပြုံး..အိပ်ချင်ရင်သွားအိပ်ကြလေ..
မမပဲထိုင်စောင့်နေလိုက်မယ်..
သူပြန်လာရင် တခါးစောင့်ပြီးပိတ်ပေးပါ့မယ်..''
"နေ နေပါစေ..မမလေး ရပါတယ်.. ချစ်ပုတို့
မအိပ်ချင်သေးပါဘူး..''
ခြင်းကိုကြောက်လွန်းလို့မအိပ်ရဲသေးပဲ
မျက်လုံးကိုလက်နဲ့အတင်းပြူးဖြဲကာပြန်ငုတ်
တုပ်ထိုင်နေကြသည်။
ပျိုသနားမိပါသည်။ ပျို့အိမ်ကလုံလုံဆိုအ
လုပ်ပြီးတာနဲ့ ကိုရီးယားကားကြည့်ချင်ကြည့်
မကြည့်ရင်အိပ်ပဲ....
ည၁၂နာရီ၄၅မှသူ့ကားဝင်လာသည်။
သူ့သူငယ်ချင်းတွေကသူ့ကိုပြန်လိုက်ပို့တာထင်သည်။
ယောက်ျားလေးသံတွေထွက်ပေါ်လာပြီး
သူတို့ပြောကြတာကလည်းနားရှက်စရာတွေ..
ပြီးတော့တိုးတိုးသက်သက်သာသာလည်း
မဟုတ်..
"ငါတို့ပြန်ပြီနော်..ခြင်း..
မင်းအဆင်ပြေပါစေလို့..ဟဲ..ဟဲ..''
"ခွေးကောင်တွေ ပြန်စရာရှိမပြန်ဘူး..''
"ငါတို့ကိုနှင်နေပြီ ကြည့်စမ်း..''
.....
နှုတ်ဆက်သံတွေဆူညံသွားပြီး ကားပြန်ထွက်သွားသည်။
ခြင်းအိမ်ထဲဝင်ရန်အလှမ်းမှာနောက်ကားတစ်
စီးဝင်လာတာကြောင့် ပြန်ရပ်ကြည့်နေသည်။
ပျိုလည်းနောက်ကားတစ်စီးဝင်လာသံကြား
တာမို့ဘယ်သူများလဲသိချင်ကာ..အိမ်တံခါး
နားထိလျှောက်လာသည်။
ကားပေါ်ကပြေးဆင်းလာသူက..အကြင်နာ..
"ခြင်း...''
ခြင်းက မူးနေတဲ့မျက်လုံးကိုပွတ်ကြည့်ကာ..
"အကြင်နာ.. နင်ဘာလာလုပ်တာလဲ..''
"နင့်ကိုမေးစရာရှိလို့..''
"မနက်ကြမှမေး..''
"နင်သူ့ကိုချစ်လား..''
"အကြင်နာ .... နင်ဘာလာဖြစ်နေတာလဲ''
"ငါနင့်နားနေခဲ့တာ၇နှစ်ရှိပြီ.. အဲ့သံယောဇဉ်
တွေကိုထောက်ပြီး ငါ့ကိုနင်တစ်ခွန်းလောက်
ဖြေပေးပါ..
နင်သူ့ကိုချစ်လား..ချစ်လို့လက်ထပ်ခဲ့တာလား...
ဟမ်.''
...
"ခြင်း...ဖြေပါ.. ဒီတစ်ခွန်းထဲပဲ...''
"မသိဘူး..''
အကြင်နာ...မျက်နှာဝင်းလက်သွားပေမယ့်
ပျို..နောက်နားမှာရပ်နေတဲ့ ပျိုကတော့ရုတ်
တရက်မီးဟပ်လိုက်သလိုပဲ..
ချစ်လို့ယူခဲ့ကြတာမဟုတ်ပေမယ့်..ဒီလိုသူ့ဆီ
ကကြားရဖို့အထိ..တော့မမျှော်လင့်ခဲ့ဘူးပေါ့။
"အခုလိုဖြေပေးတာ ကျေးဇူးပဲခြင်း...
နင်ကမဖြေရင်သာနေမယ်..ညာမပြောတတ်
ဘူး..
ဒါကြောင့် ငါဒီနေ့မငိုတော့ဘူး.. လုံးဝ''
တောင့်တောင့်ကြီးရပ်နေတဲ့ခြင်းကိုနှုတ်ဆက်
အနမ်းတစ်ပွင့်ခြွေပြီး သူမကားပြန်ထွက်သွား
သည်။
ဘာလို့ငါကမညာတတ်ဘူးလို့ နင်ထင်တာလဲ..
၇နှစ်အနားရှိခဲ့တဲ့နင်တောင်ငါ့အကြောင်းတကယ်
မသိပါလား..
ဘာပဲဖြစ်ဖြစ်အဲ့သံယောဇဉ်တွေအတွက်..
ဒီနေ့လို ငါ့မင်္ဂလာဦးကြီးမှာနင့်ကို..မငိုစေချင်ဘူး။
အခုထိရပ်ကြည့်နေမိတဲ့ ပျိုကအပေါ်ထပ်ကိုနောက်လှည့်မကြည့်ပဲ ပြေးတတ်သွားသည်။
ချစ်ပုနဲ့အပြုံးလည်းစိတ်ညစ်သွားသည်။
"အကိုလေးကမမလေးကိုမချစ်ဘူးတဲ့ ဟ"
====================
လူထက်ယမကာနံ့ကအရင်ရောက်လာတာ
ကြောင့်ပျို သူဝင်လာမှန်းသိပေမယ့် လှည့်
မကြည့်ပါ..
နှစ်ယောက်အိပ်ကုတင်ပေါ်မှာပက်လက်လန်လှဲချ
လိုက်ပြီး..
"ကျွတ်.. ခေါင်းကိုက်လိုက်တာ..''
ပျို့ကိုပဲပြောတာလား..သူ့ဖာသူညည်းညူ
တာလားတော့မသိပါ။
ပျိုလည်းလှည့်မကြည့်ပဲ..သူမရဲ့အသုံးအဆောင်ပစ္စည်းတွေကိုနေရာချဖို့ကြိုးပမ်းနေသည်။
"ဟေ့..မင်းမကြားဘူးလား..''
"ရှင်..''
"ငါခေါင်းကိုက်တယ်လို့..မင်းအဲ့ပစ္စည်းတွေကို
ဥစ္စာခြောက်မနေပဲ.. ဒီမှာတစ်ခုခုလုပ်ပေး..''
"ကျွန်မက ဘာလုပ်ပေးရမှာလဲ..''
"ဘာ.. မင်းယောက္ခမကဒါလေးတောင်မင်း
ကိုသင်မပေးလိုက်ဖူးလား..''
"သိပြီ.. ဘိုင်အိုဂျက်ဆစ်သောက်မလား..''
သေလိုက်ပါတော့..
"ပျားရည် သွားဖျော်ခဲ့..''
ပျိုကဘာမှပြန်မဖြေပေမယ့်.. ဆွေ့ခနဲအခန်း
ပြင်ကိုထွက်သွားသည်။
...
"ဒီမှာ ပျားရည်.. ဟင် ဘယ်ရောက်..''
သူ့ဝတ်လာတဲ့အဝတ်အစားတွေပျံကျဲပြီး
အခန်းထဲကရေသံကြားတာမို့.. ချိုးရေတော်
သုံးနေတာနေမှာပေါ့လေ။
ပျိုလည်းကိုယ်ယူလာတဲ့ပစ္စည်းတစ်ချို့ကို
သေချာနေရာချအပြီး...
"ကညှာပျို.... သဘက်ပေး..''
အခန်းထဲကလက်ထွက်ပြီးအော်နေတယ်..
တစ်ခါထဲတော့ယူမသွားဘူး...
အပြင်ထွက်လာတော့လည်း..
"ငါ့အတွက် အဝတ်ကော..''
" ရှင်..."
ဗီဒိုကြီး တစ်လုံးလုံးသူ့ရှေ့မှာရှိနေပါလျက်နဲ့..
ပျိုလည်းဘာမှမပြောချင်၍သူ့အတွက်ညအိပ်ဝတ်စုံထုတ်ပြီး လှည့်မကြည့်ပဲလှမ်းပေးလိုက်သည်။
"သေသေချာချာ..မပေးဘူး..''
သူကအပြစ်တင်သေးသည်။
...
"မင်းအခုဘာလုပ်နေတာလဲ...''
ပျိုက သူမဘက်ကုတင်ဘေးလေးမှာ.. ကျန်း
မာရေးဖျာလေးခင်..အဲ့ပေါ်မှာအိပ်ယာခင်း
ပြီး..ခေါင်အုံးနဲ့စောင်ကိုယူကာနေရာချနေ
သည်။
"ရှင်ဒီပေါ်မှာအိပ်ပါ..ကျွန်မ ဒီအောက်မှာပဲ
အိပ်မယ်..''
"ငါမင်္ဂလာဆောင်ခဲ့တုန်းကလူစင်စစ်သေချာ
ပါတယ်..ညရောက်ရင်အသွင်ပြောင်းတတ်
တာလား..''
"ရှင်....''
"မင်္ဂလာတော့ဆောင်ချင်ပြီး ယောက်ျားရမှာ
ကြောက်တဲ့မင်းကအတော်ရယ်ရတာပဲ..
ငါ့ရဲ့လွတ်လပ်ခြင်းတွေကို အိမ်ထောင်သည်
အဖြစ် ကြိုးကွင်းစွတ်ပေးပြီးမှ ဘာကျွန်မ
ကိုမထိပါနဲ့...ဟုတ်လား..''
"ကျွန်မတို့နှစ်ယောက်စလုံး မိဘစကားနား
ထောင်ခဲ့ကြယုံပါပဲ..ပြီးတော့ ရှင့်မှာချစ်သူ
ရှိမှန်းမသိခဲ့လို့ပါ..''
"အခုသိသွားတော့..ငါ့မိန်းမနေရာကနှုတ်
ထွက်ပေးမလို့လား..သဘောထားကြီးလိုက်
တာ..
...ဟား ဟ...
ဒီမှာ ကညှာပျို.. ငါ့ဘက်ကရည်းစားတွေနဲ့လည်း
လမ်းခွဲလိုက်ရပြီ..မနက်ဖြန်ဆို..လွတ်လပ်ခြင်း
ကအိမ်ထောင်သည်ဖြစ်ပြီ..
ငါ့ရဲ့လာဘ်လာဘအားလုံးမင်းကြောင့်တိတ်
ကုန်ပြီ..
ဒါတောင်.မင်းဆီကဘာမှပြန်မရရင်
ဘယ်တရားပါ့မလဲ.''
"ရှင် က ဘာလိုချင်လို့..''
ပျို့ အနားကိုတိုးကပ်လာတာကြောင့်ပျိုဆက်
မမေးရဲတော့ပါ...
"ရှင် အဲ့လိုမလုပ်ပါနဲ့..ကျွန်မတို့ချင်း အချစ်လဲ
မပါပဲ..အတူနေဖို့မသင့်တော်ပါဘူး...''
"အချစ်..ဟုတ်လား..မလိုပါဘူး
မင်းလည်းငါ့ကိုချစ်လားမေးပြီးမှ..
လက်ထပ်တာမှမဟုတ်ပဲ..
မင်္ဂလာဆောင်တုန်းကလည်းနှစ်ယောက်ထဲ..
ကျန်တာလည်းနှစ်ယောက်ရှိရင်ဖြစ်တယ်
..ဘာမှမလိုဘူး..''
်ခြင်းကသူမကိုသူ့အနားရောက်အောင်ဆွဲယူ
လိုက်သည်။
"အို..ရှင်..လွှတ်.''
" ဘာလို့လဲ ...ငါကဒီမှာမင်းနဲ့မင်္ဂလာဦးညဖြတ်
သန်းဖို့အဆင်သင့်ဖြစ်နေပြီ..."
" ရှင်နော်..ဖယ်ပါ..."
ခြင်းက ဇွတ်တရွတ်နဲ့အရိုင်းဆန်သောအနမ်းများကသူမမျက်နှာအနှံ့ပေါ်မှာအဆက်မပြတ်ကျရောက်လာသည်။
ပျိုတွန့်လိမ်နေအောင်ရုန်းကန်သည်။
သူမရဲ့ရှည်လျားရဲ့ဆံနွယ်တွေက သူချုပ်နှောင်ဖို့ကူညီပတ်ထွေးနေတာကြောင့်..မလွန့်သာမလူး
သာနဲ့...
" မင်း ကငါ့ကိုအသဲပိုယားအောင်လုပ်နေတာပဲ.."
လက်ထပ်ပြီးပြီမို့ သူကပိုင်ရှင်တဲ့.. ဇနီးမောင်နှံ
ဆိုတဲ့ခေါင်းစဉ်အောက်မှာအားလုံးကလည်း
ဥပက္ခာပြုထားလိုက်ကြပြီ...
အချစ်ဆိုတာ..တစ်ရွေးသားတောင်မပါပါပဲနဲ့..
ပန်းတစ်ပွင့်ကြွေလွင့်ခဲ့တာ.ချွေလိုသူရဲ့ခြေ
တော်ရင်းမှာ...
ဒီညတွေကအကျည်းတန်ဆန်မှန်း မျက်ရည်တစ်ချို့ကသက်သေပါပဲ။
ပျို ဒါ သူနင့်ကိုချစ်လို့မဟုတ်ဘူး...တဲ့...။
>>
ပျိုက အရင်ကတည်းကမနက်ဆိုအစောကြီး
နိုးထတတ်သည်။
အခုလည်းညထဲကပင်အိပ်လို့မရခဲ့ပဲနံနက်လေးနာ
ရီထိုးတာနဲ့ထပြီးမှန်တင်ခုံမှာထိုင်ရင်း..ပါးပြင်မှာလည်းမျက်ရည်စီးကြောင်းတွေကတလှိမ့်လှိမ့်....
လွတ်လပ်ခြင်းဆိုတဲ့လူရိုင်းကတော့..ပျို့ဘက်
တဝက်ကျော်ရောက်နေပြီးအိပ်ယာတစ်ခု
လုံးကိုသိမ်းပိုက်ကာ..အိပ်မက်ကမ္ဘာမှာလွင့်
မြောနေဆဲဖြစ်သည်။
ပျို..ခေါင်းဖီးပြီးကျစ်ဆံမြီးကျစ်ကာ..
မျက်ရည်ဥတွေကိုလက်ခုံနဲ့ခပ်ကြမ်းကြမ်း
သုတ်ပစ်လိုက်သည်။
နဂိုကတည်းကအချစ်မပါတဲ့အိမ်ထောင်ရေးပဲလေ
ဒီလူ့အကျင့်စရိုက်ကိုလည်းသိသင့်သလောက်သိခဲ့တာပဲ..
ဘာကိုခံစားပြီးဘာကိုဝမ်းနည်းနေအုံးမှာလဲ..
ငါ နွဲ့ယိမ်းကိုကတိပေးထားတယ်.. ဘာပဲကြုံ
လာကြုံလာ ကြံ့ကြံ့ခိုင်ရင်ဆိုင်ပါ့မယ်..
မိနွဲ့ကအမြှော်အမြင်ကြီးတယ်.. ဒါတွေကိုသူ
သိနေလို့ ကတိတောင်းတာဖြစ်မယ်..
ဘာပဲဖြစ်ဖြစ်နောက်ဆိုသူ့ကြောင့်ခံစားပြီး
မငိုတော့ဘူး..
ဘာလို့လဲဆိုတော့..ငါကအိမ်ရှင်မတစ်ယောက်ဖြစ်နေပြီလေ။
မနက်ခင်းထမင်းချက်..ဆွမ်းတော်ချက်ဖို့
အခန်းတံခါးကိုအသာပြန်ပိတ်ပြီး တစ်လှမ်း
ချင်းထွက်လာခဲ့သည်။
>>>>>>>
Continue Reading
You'll Also Like
20.6K 1.6K 30
"ငါ့ကို ပြောတာလေ...မှတ်မိလား...ငှက်ပျောတုံး ဖက်သေရမှာဆို...ငှက်ပျောပင် စိုက်ထားတယ်...ဝေးဝေးမှာသာနေ....အခုမှ ပုတာလေး က ကလေးလိုပဲဟလား..နင်ပြောတုန်းက လူ...
2.9K 112 7
I think ,love is life.
8.6K 406 13
ဒီကမ္ဘာတွင် မြတ်နိုး၍ တန်ဖိုးထားသင့်သည်ဟု အစဥ်တွေးတောနေဖြစ်သည့် လူတစ်ယောက်သာရှိသည်။ ရောင်ဝါ+ဒရယ်ဂွန်
109K 9.1K 33
အညှိုးအတေးကြီးလွန်းတဲ့ Kim Jong In^ လိုချင်တာကို မရရအောင် ယူတတ်တဲ့ Park Chan Yeol^ အချစ်နဲ့အိမ်ထောင်ရေးကြား ဗြာများနေတဲ့ Byun Baekkie^ ချစ်တတ်လွန်းတ့...