ရင်ခွင်ရိုင်း {Complete}
By wookiekyoe
408K 8.9K 121
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
part 5 zawgi
5.3K 55 0
By wookiekyoe
ရင်ခွင်ရိုင်း 💘...၅
နွဲ့ယိမ်းကိုလည်း ဖုန်းနဲ့သူမစေ့စပ်လိုက်ရတဲ့အကြောင်းစုံပြောပြလိုက်တော့...
"မိပျို ဘာလဲ..ဒါဆိုနင်ခေါင်းညိတ်လိုက်တယ်
ပေါ့အဲ့လိုလား..''
"အင်း ငါက ငါကလေ..''
"ဘာလဲ တစ်ခါမြင်လိုက်ယုံနဲ့ သစ်ငုတ်တို
တောင်နဲ့သွားလောက်အောင်များ..အဲ့လူကချောတာလား..''
"အဲ့တာကြောင့် မဟုတ်ပါဘူး..ငါ ငါက
ဘ တို့ အန်တီသက်တို့ကြောင့်.. ''
"မိပျိုရယ် နင်ကသူ့အကြောင်းနဲနဲလေးမှတောင်
မလေ့လာဘဲ.. ဒီအတိုင်းဟုတ်ကဲ့လုပ်လို့ဘယ်ဖြစ်မလဲ..
နင်အရင်ကပြောပုံအရဆိုအဲ့လူ အကျင့်စရိုက်
ကတစ်မျိုးပဲနော်..''
"ငါမသိတော့ဘူးဟာ.. ဘက အန်တီသက်လျာရဲ့သားဆိုရင်သူစိတ်ချတယ်တဲ့..
အန်တီသက်ကလည်း ငါ့ကိုချစ်သားပဲလေ..''
အိမ်ထောင်ရေးကိုများ မူကြိုကျောင်းအပ်
သလိုလုပ်နေတဲ့..မိပျိုကိုတကယ်ငါမပြောလိုက်ချင်တော့ဘူး...
"အေး နင့်မင်္ဂလာဆောင်မတိုင်ခင် ရအောင်
ဆင်းလာခဲ့မယ်..ဒါပဲ..''
ပျိုအနာဂဏ်ကိုပျိုမသိဘူး..လူကြီးတွေအားလုံးသာစိတ်ချမ်းသာမယ်ဆိုရင်ဒါအကောင်းဆုံးပဲပါ့..
လို့သာတွေးခဲ့မိသည်။
=========================
မနက်ခင်း အလုပ်သွားဖို့အတွက်ပြင်ဆင်ပြီး
မှဆင်းလာတဲ့ နောင်ရိုး..
မိဖတွေနဲ့အတူဘရိတ်ဖက်ဝိုင်းမှာဝင်ထိုင်လိုက်သည်။
"ဟ ငါ့သားကကြိုးစားလှချည်လားကွ..
ဒီလိုပုံစံမျိုးသာ အဖေ့ကုမ္မဏီမှာအလုပ်ဝင်
ရင်..နှစ်ဆချမ်းသာအုံးမှာပဲ..''
"ဟာ ဖေကြီးကလည်း..''
သူ့အဖေကဆီးပြီးနောက်သည်။သူ့အမေကပြုံးနေသည်။ မောင်နှမနှစ်ယောက်ထဲ
ရှိပေမယ့်.. သူ့မိဘတွေကြတော့တစ်မျိုး
သားသမီးကိုသူငယ်ချင်းလိုပဲ..အရာအားလုံး
ပွင့်ပွင့်လင်းလင်းရှိပြီး..
အခုလည်းသူတို့သားရဲ့အချစ်ရေးအကြောင်း
မိဘတွေပါသိနေသည်။
"ဘယ်လိုလဲ ဆရာသမား..
တနေ့တနေ့ ဆိုင်ကိုသွား..မောနီးပါမမ
ပြန်ပြီလားမမ လုပ်နေယုံလောက်နဲ့တော့
ဧရာဝတီမြစ်ကြီးဖြစ်မလာဘူးနော်..''
"ဖြည်းဖြည်းပေါ့ ဖေကြီးရာ..''
"မင်းကကြိုက်တော့ဖြင့် ကိုယ့်ထက်အသက်
ကြီးတဲ့မိန်းကလေးကိုကြိုက်ပြီး..
အခုလိုမျိုးဖွင့်တောင်မပြောရဲရင် နောက်ကြမှ
ကျန်ရစ်ဖြစ်နေအုံးမယ်နော်..
သူ့မှာတခြားစဉ်းစားစရာ မင်းပြိုင်ဘက်တွေ
ရှိနေရင်ဘယ်လိုလုပ်မလဲ..''
"မေမေကလည်းဗျာ..ကျွန်တော့်မမ အနားမှာ
ကျားဆိုလို့ အရုပ်တောင်ရှိတာမဟုတ်ဘူး..''
"ပြီးတာပါပဲရှင့်.. ဒါမှမဟုတ် မေမေတို့ကကြား
ဝင်ပေးရမယ်ဆိုရင်လည်း မာနကြီးမနေပဲ
တောင်းဆိုနိုင်ပါတယ်လို့..''
"ကျွန်တော့်မိသားစုက အဲ့လောက်ပွင့်လင်းနေ
တာပြသနာပဲ..
မမသာရောက်လာရင် သူမနေတတ်အောင်
ဖြစ်နေမှာ..''
"အမလေး ဖေကြီးရေ တော့်သားက မုန့်ဆီ
ကြော်ကဘယ်နေမှန်းမသိဘူး..နှုတ်ခမ်းနာနဲ့
တည့်ပါ့မလားလုပ်နေပြီရှင်..."
"ကဲ သားနောင် ခေါ်လာမယ်ဆိုရင်လည်းမြန်မြန်
သာခေါ်လာခဲ့တော့ကွာ..ဒီမှာမင်းအမေကချွေးမလိုချင်လွန်းလို့ပူဆာနေတာကြာပြီ....''
"မေမေတို့ ကလည်းဗျာ..''
ကျွန်တော်လည်း မမကိုပုခုံးတင်ထမ်းပြီး
ကျွန်တော့်မမပါလို့တစ်လောကလုံးကိုကြွား
ချင်တာပေါ့..
ဒါပေမယ့် လက်ရှိအနေအထားလေးပျက်
စီးမှာကိုကြောက်ပြီး..စောင့်ရင်း..စောင့်ရင်း..
ဒီလိုနဲ့..
ချစ်တယ်လို့ဖွင့်မပြောနိုင်လောက်အောင်ကို
ချစ်ခဲ့တာပါမမ...
ဒါနဲ့အခုတလော..မမမျက်နှာညှိးနွမ်းနေပါလား.. ဘာများစိတ်ဆင်းရဲစရာရှိနေပြန်ပြီလည်းမသိဘူး..
=========================
သူတို့အတွက်မင်္ဂလာဖိတ်စာတွေရပြီဖြစ်သည်။
အန်တီသက်ကပျို့ကိုသူ့အိမ်ခေါ်ထားသည်။
ပျို့ဘက်ကလူကြီးဆိုလို့ဘပဲရှိတော့ အရာအားလုံး
အန်တီသက်ပဲစီစဉ်နေရသည်။
"ကြည့်ပါအုံး ဖိတ်စာလေးကလှလိုက်တာ..
သားနဲ့သမီး နာမည်ရိုက်ထားတာကိုကြည့်ပြီး
မေမေဖြင့် အိပ်မက်မက်နေသလိုခံစားရတယ်..''
"ချိုသာ ရှိရင်နှစ်ယောက်သားတိုင်တိုင်ပင်ပင်
နဲ့ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်မလဲ..
သမီး..မေမေသက်ကိုမေမေလို့ပဲခေါ်ပါနော်..
သားကအင်္ဂလိပ်ကျောင်းတတ်လို့ ငယ်ငယ်
ထဲကမာမီလို့ပဲခေါ်တယ်လေ..
တကယ်တော့မေမေလို့ခေါ်တာကြားချင်တာ..''
"ဟုတ်ကဲ့ မေမေ..''
" ငါ့သမီးကမှအလိမ္မာလေး..,''
မေမေသက်လျာဟာအစပိုင်းတော့ကောင်းပြပြီး
နောက်ပိုင်းကြမှ
ယောက်က္ခမပါဝါပြမယ့် အမျိုးသမီးမဟုတ်
တာတော့ သူမယုံကြည်ပါသည်။
ယောက္ခမဆီကအများကြီးအချစ်ခံရသဖြင့်
ပျို့ကံက အဆိုးကြီးတော့လည်းမဟုတ်လောက်ပါဘူးလေ..
ဖေဖေမောင် ကလည်းသူမကိုချစ်တာပဲ..
ဒါပေမယ့်.. လွတ်လပ်ခြင်းဆိုတဲ့ လူရှုပ်ကတော့
ဖိတ်စာပုံကြီးကိုကြည့်ပြီးရှုံ့မဲ့နေလိုက်တာများ..
ခြင်းဆိုတော့ ခြင်းကတော့
အခုလိုသူတစ်ယောက်လုံးကိုရှေ့ထားပြီး သမီးယောက္ခမ အဲ့လောက်ချစ်နေကြတာ
ကြည့်ပြီး အမြင်တေကပ်လာသည်။
သူ့ကြ အမြဲ လူဆိုး လူမိုက်တဲ့..
....
နေကြပါ ..သူတော်ကောင်းတွေအချင်းချင်းပဲ..
သူအပြင်သွားဖို့ထတော့.
"သား.. ဒီမှာဖိတ်စာတွေယူသွားလေ
မင်းဖိတ်ချင်တဲ့လူကိုဖိတ်ပေါ့..''
"ဘယ်သူ့မှမဖိတ်ဘူး..''
"ခြင်း.... ''
သက်လျာက သူ့ကိုဆူမလို့ပါ..ဒါပေမယ့်..
"မေမေကြီး.. အန်တီဝေ ရောက်နေပါတယ်..''
"အေးအေး ခေါ်ခဲ့လေ..
သမီးလေး မင်္ဂလာပွဲမှာဝတ်ဖို့ရတနာတွေ
လေ...မေမေ ဒီဇိုင်းဆွဲပြီးအပ်ထားတာ..
လာပို့တာဖြစ်မယ်..တစ်ခါထဲဝတ်ကြည့်နော်..''
တဖက်ကိုအာရုံရသွားချိန်မှာ ခြင်းတစ်ယောက်လေ
လိုပျောက်သွားကာ ခြံထဲကကားသံဝူးခနဲပဲကြား
ရတော့သည်။
==========================
ဘယ်သူ့ကိုမှမဖိတ်ဘူးဆိုပေမယ့် ဟို၂ကောင်ကိုတော့ ..အသိပေးလိုက်သည်။
ဖိတ်စာပေးတာမဟုတ်ပဲ..ဘိလိယက်ထိုးနေ
ရင်းကနေ..
"ငါ လက်ထပ်တော့မယ်တဲ့..''
ကျော်ခေါင်နဲ့မျိုးကိုတို့ကမယုံနိုင်၊ အံ့သြဘနန်းဖြစ်နေကြကာ..
"ခြင်း မင်းတကယ်လား..
မင်းတကယ်ကြီးယူတော့မလို့လား..''
"အင်း...''
"ဘယ်လိုဖြစ်တာလည်း..ငါတို့ကို လင်းစမ်း
ပါအုံး..မင်းပြောတော့ဒီတသက်မိန်းမမယူဘူးဆို..''
"ငါအဲ့လိုပြောဘူးလို့လား..''
ဟုတ်ပါတယ်..သူကမယူချင်ဘူးလို့ပဲပြောတာ....တသက်လုံးလို့မှမပြောပဲ...
"မင်း..မင်း အဲ့လိုနီးနီးတော့ပြောခဲ့တာပါပဲ..''
ခြင်းကဘိလိယက်တုတ်တံကိုကိုင်ထားရက်
ဘောလုံးကိုချိန်ရွယ်နေရင်းကနေမချိုမချဉ်ပြုံးလိုက်ပြီး...
"ဟေ့ကောင်တွေ...မင်းတို့အမေကမင်းတို့ကို
ဘယ်လိုမွေးခဲ့လဲသိလား..''
"ပုံမှန်အတိုင်းဗိုက်နာပြီးတော့မွေးတာပေါ့....ဟာ.. အဲ့ဒါနဲ့ဘာဆိုင်လား..''
"ဆိုင်တယ်...
ငါ့ မာမီကငါ့ကိုမွေးတုန်းက သူ့အသက်နဲ့
အလောင်းအစားလုပ်ခဲ့ရတာတဲ့..
ဒါကြောင့်မိဘကျေးဇူး တဝက်လောက်ပြန်
ဆပ်လိုက်တာ..ရှင်းလား..''
အမလေး..ခြင်းရဲ့ ပေါက်တီးပေါက်ရှာတွေ
ငါတို့ကမင်းအကြောင်းမသိဘူးဆိုတော့..
လာပြီး ဂျင်းတွေကြက်သွန်တွေထည့်မနေပါနဲ့..
မင်းမှာအကြောင်းအရင်းတစ်ခုတော့ရှိကို
ရှိရမယ်။
"ဘယ်မိသားစုကသမီးပျိုက ကံဆိုးသူ
မောင်ရှင် မဲများပေါက်သွားသလဲမသိဘူး''
"အေးလေ..''
"ဧကန်န ဆရာဝန်မပဲလား..''
"တော်တော်မှချောရဲ့လား..''
"မင်းတို့နောက်တော့သိရမှာပါ..''
ခြင်းကလုံးဝမပြောပါ...
"ဒါဆိုမင်းရဲ့ရည်းစားတွေကိုအကြောင်း
ကြားလို့ရပြီလား..."
ခြင်းကပုခုံးတွန့်ပြပြီး...
" ဆန္ဒရှိရင်လုပ်..." တဲ့။
မင်းဇနီးလောင်းမဲကျတာကတကယ်ပဲဘယ်သူလဲ
ကွာ....
>>>>>>>>>>>>>>>>>>>>>>>>>
နွဲ့ယိမ်းကလည်း အကြောင်းကြားကြားချင်းပဲ
ရန်ကုန်ဆင်းလာပါသည်။
မထုံတတေးနဲ့အ၀တ်တွေခေါက်သိမ်းနေတဲ့ပျို့ကို
ကြည့်ရင်း အားမလိုအားမရစွာ...
"မိပျို.. နင်ပြောတဲ့ထဲမှာ..မေမေသက်ကဘယ်
လိုချစ်တယ်..ဘယ်လိုဂရုစိုက်တယ်နဲ့...
နင်ကမေမေသက်နဲ့ပေါင်းမှာမို့လို့လား..
လက်ထပ်ပြီးရင်တူတူနေကြမှာလဲမဟုတ်ဘူး
ဆို..''
"အင်း.. သူ့မှာအိမ်ရှိတယ်လေ..အဲ့မှာနေမှာတဲ့..''
"သူများအကြောင်းပြောနေသလိုပဲ..မိပျိုက
တော့.. နင်ကအဲ့မှာလိုက်နေရမှာနော်ပျို..
ဒါနဲ့ လွတ်လပ်ခြင်းဆိုတဲ့လူကခပ်ကြောကြော
ပုံစံမှတ်လား.. ပြောတော့သာတောင်းရမ်းတယ်လေးဘာလေးနဲ့သူကနင့်အိမ်တောင်
လိုက်မလာဘူးဆို..''
"အင်း. "
"နင့် အဘကလည်းတကယ်ပဲ..တသက်လုံး
ပိုးမွေးသလိုမွေးလာပြီးမှ ယောက်ျားကြမှ
ပစ်စလက်ခတ်ပေးစားနေသလိုပဲ..''
"နွဲ့ယိမ်း ရယ်နင်ကလည်း..
ဘကိုတော့ အဲ့လိုမပြောပါနဲ့.. ဘကမေမေသက်ရဲ့သားဆိုပြီး သူ့ခမျာငါ့ကိုစိတ်ချလိုက်တာ..''
"သစ်ပင်တွေသာ...ဌက်ပျောပင်စိုက်ရင်ဌက်ပျောသီးသီးတာ.. လူက.. ဒီလူကမွေးတိုင်း
ဒီပုံစံဒီအကျင့်စရိုက်ထွက်တာမဟုတ်မှန်း
နင့်အဘသိရင်ကောင်းမယ်..''
ဒီစာရေးဆရာမ စကားတော်တော်တတ်။
===========================
ပျို..ကဆိုင်ကိုသွားပြီးခေါင်းဆောင်မာမာ့ကိုပဲခေါ်ကာဖိတ်စာတွေပေးနေသည်။
"ဟင်မမ ဒါတကယ်လား..''
"တကယ်မို့်လို့ရှင့်ဆီ ဖိတ်စာပေးနေတာပေါ့.
တခြားလူတွေကိုတော့ ပျိုပြန်သွားမှတစ်
ဆင့်ဖိတ်စာပေးလိုက်ပါနော်. ရုတ်တရက်အခုလို
ဖြစ်သွားတော့..ပျို..မျက်နှာပူလို့..''
"ဟုတ်ကဲ့ မမစိတ်ချပါ..''
"အဲ့နေ့ကျရင်ဆိုင်ပိတ်လိုက်နော်..
ဝန်ထမ်းတွေကိုလည်းပျိုကသေချာဖိတ်
ကြောင်းပြောပေးပါ..''
"ဟုတ်ကဲ့..
ဒါနဲ့ မမ အဲ့လူကမမချစ်သူလား..''
"ဟင် အင်း..မဟုတ်...
မဟုတ်တော့မဟုတ်ဘူးပေါ့နော်..မေမေရဲ့
ငယ်သူငယ်ချင်းရဲ့သားပါ..''
"ဪ မမ မာမာစပ်စုသလိုဖြစ်သွားရင်တောင်းပန်ပါတယ်..''
" အင်း ရပါတယ်..."
ချစ်သူဆိုတာဘယ်လိုမျိုးကိုခေါ်တာလဲ..
အတူသွားအတူစားရင်း၊ လက်လေးကိုင်တာ
ပါးလေးနမ်းတာမျိုးကိုပြောတာလား..
အဲ့တာဆိုရင်တော့ သူမမှာဘယ်တုန်းကမှမရှိခဲ့တာ
သေချာပါတယ်။
>>>>
ပျို..ကဆိုင်ကိုခနပဲလာပြီးပြန်သွားတာကြောင့်..
ဝတ္တရားမပျက်ကောင်လေးတစ်ယောက်က
လိုက်ငေးနေသည်။
"ငေးမနေနဲ့တော့ နောင်..''
"ခင်ဗျာ..''
"ရော့..နင့်ကိုလည်းဖိတ်သွားတယ်..''
"ဘယ်သူ..''
"မမပျိုလေ..''
"ဘာ....ာာာ..''
ရင်ဘတ်တစ်ခုလုံး စုတ် ပြတ် သက်..
ဖိတ်စာအိတ်မှာ.မမရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ နောင်ရိုးတဲ့.. ဟာ....
လက်အစုံတုန်ယင်နေခဲ့လျက်..ဖွင့်ကြည့်ခဲ့သည်။ ဖွင့်ကြည့်တာမယုံနိုင်လို့..
မောင်လွတ်လပ်ခြင်း
            💕
       မကညှာပျို..တဲ့
တောက်..))))))))))
သူမနဲ့စတွေ့
ဘဝတစ်ကွေ့ဝယ်
    ချစ်ခြင်းခွန်းချို
        ပြောရမယ်ကို
           မျိုသိပ်ခံစား
              အချစ်များဖြင့်
                 ငါ၏နှလုံးသား
                    အခါခါသေပြီ..
မျိုသိပ်ခြင်း၏ရလာဒ်ဟူတည်း...
မဟုတ်ဘူးမ ကျွန်တော်မကိုအဆုံးရှုံးမခံဘူး..
အထူးသဖြင့် လွတ်လပ်ခြင်းဆိုတဲ့ကောင်ဆီ
မမကိုမပေးနိုင်ဘူး... ..
ရက်စက်တယ်ဗျာ..မမလုပ်ရက်တယ်...
==========================
နောင်နှစ်ရက်ဆိုရင် မင်္ဂလာဆောင်ရတော့မှာ
မို့.. ပျိုနဲ့ သူ့မိဘတွေအလုပ်ရှုပ်နေကြပေမယ့်
ခြင်းတစ်ယောက်ကတော့အေးအေးလူလူ
သူ့ကလပ်ထဲမှာဘိလိယက်ထိုးနေဆဲဖြစ်သည်။
ဟိုနှစ်ကောင်ကတော့တစ်ခြားအခန်းမှာပိုကာ
ဆွဲနေမှာပေါ့..
အခုမှပဲနားအေးတယ်..သူကဘိလိယက်ထိုး
ရတာကိုပိုကြိုက်တယ်..ဖဲဆိုအပျော်တမ်းတော့မရိုက်ချင်ဘူး..
ခြင်းရဲ့လောင်းကြေးကပက်စက်တယ်..
တစ်ခါတစ်လေဆို do or dieပုံအောပစ်တာ
ဒါပေမယ့် သူတစ်ခါမှမရှုံးဘူး..
သူ့ကို ဒီလောကကသတ်မှတ်ထားတာတော့
အလောင်းကစားနဲ့အကျိုးပေးတဲ့လူပါတဲ့...
"လွတ်လပ်ခြင်း..''
ခပ်ဆောင့်ဆောင့် အသံနဲ့အတူ လူငယ်လေး
ယောက်ကသူ့နေရာသို့ဝင်လာသည်။
နောင်ရိုးနဲ့ သူ့အဖော်တွေပဲ..
ခြင်းကလှည့်မကြည့်ပဲ..ဘောလုံးကိုပဲချိန်ကာ
ထိုးပြီးမှ..
"ငါ့ နာမည်ခေါ်ရအောင် မင်းနဲ့ငါက သက်တူ
ရွယ်တူမို့လား..''
"ခင်ဗျား ကလူမဟုတ်လို့ပေါ့.. လူအဖြစ်တောင်မွေးမလာသင့်ဘူး..''
ခြင်း သူ့ကိုမျက်လုံးပင့်ကြည့်သည်။
"ခင်ဗျား..အနူလက်နဲ့ရွှေခွက်မနှိုက်ပဲ..
မတန်မရာ မမကိုမကြံစည်နဲ့..
ကညှာပျိုလိုသန့်ရှင်းစင်ကြယ်တဲ့မိန်းကလေးကဘာအပြစ်ရှိလို့ ခင်ဗျားလိုကောင်ကိုယူရမှာလဲ..''
"ဒါဆို ငါ အင်း.မင်းပြောသလိုအနူပေါ့လေထားပါတော့.. ငါက မသန့်ရှင်းတဲ့မိန်းမ
ကိုပဲ..တန်ရာတန်ရာယူရမယ်ပေါ့.ဟုတ်လား
ဥပမာ..နွယ်သာကီလိုမျိုးလား..''
"တောက်..ခင်ဗျား..''
နောင်ရိုးကသူ့အကျီလည်ပင်းစကိုပြေးဆွဲ
သည်။ ခြင်းကသူ့ပုံခုံးကိုပြန်ပြီးလက်တစ်
ဖက်ထဲနဲ့ဖိထားသည်။
ခပ်ဖွဖွဆုပ်ထားတယ်လို့ထင်ရပေမယ့်..လက်
ကအားကမနဲဘူးမို့.. ခြင်းထက်ပိန်သွယ်တဲ့
နောင်ရိုး ရှုံ့မဲ့သွားသည်။
ပြီးနောက်ဆောင့်တွန်းလိုက်ကာ...
"သွားစမ်း..ငါ့ပိုင်နက်မို့ အနိုင်ကျင့်ခံလိုက်ရတယ်
ဆိုတဲ့ လေသံတွေမကြားချင်ဘူး..
ထွက်သွား..''
"ခင်ဗျားနဲ့ ကျုပ် မျှမျှတတယှဉ်ပြိုင်မယ်..''
"အဟက် မင်းကလည်းအလာကြီးပဲ.."
လက်နှစ်ချောင်းထောင်ပြကာ
"ငါကပြိုင်ပွဲဆိုရင် အချက်၂ချက်သတ်မှတ်
ထားတယ်..
၁ ပြိုင်ဘက်..
မင်းအဆင့်လောက်ကငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး..
၂..အကြောင်းအရာ..
ကညှာပျို ထက်စိတ်ဝင်စားဖို့ကောင်းမယ့်
အကြောင်းအရာ ရှာလာခဲ့..
အိုကေ..''
ပြောပြီးနောင်ရိုးကို သူလွတ်ပေးလိုက်တာနဲ့
.နောက်ပင်ယိုင်လဲကျသွားသည်။
"ခင်ဗျားကြီး.. သတ္တိမရှိဘူးမှတ်လား..
လေပဲကြီးမနေနဲ့ . မမပျိုကခင်ဗျားကိုလုံးဝ
မချစ်ဘူး.. ခင်ဗျားမြင်ဘူးတဲ့မိန်းမတွေနဲ့လုံး
ဝမတူဘူး.. ဒါကြောင့်ခင်ဗျား မပြိုင်ရဲတာ..''
ခြင်း..နောက်လှည့်ပြီးသူ့ကိုစူးစူးဝါးဝါးစိုက်
ကြည့်နေသည်။
လက်ထဲမှာပဲ..ဘိလိယက်တုတ်တံကိုပြန်ကိုင်
ထားတာမို့..
နောင်ရိုးရဲ့သူငယ်ချင်းတွေကပဲ.. နောင်ရိုးကို
ပြန်ဆွဲခေါ်သွားကြသည်။
ဒါကခြင်းပိုင်တဲ့နေရာလေ..အခုတစ်ယောက်ထဲရှိနေပေမယ့်.. ဖြစ်ပြီဆိုသူခံရစရာအကြောင်းမရှိဘုး..
"နောင် လာစမ်းပါကွာ..''
"ခင်ဗျား..မှတ်ထား ကညှာပျိုကိုခင်ဗျား
လုံးဝမပိုင်စေရဘူး..''
အဟက်...အဟက်...အဟက်....
နောင်ရိုးရဲ့ကျုံးဝါးသံနဲ့အတူသူရဲ့ခနဲ့တဲ့တဲ့ရယ်သံ
ကပျံ့လွင့်လာသည်။
"ခြင်း.. ခြင်း.. ဟိုကောင်လေး ဘာလာလုပ်
တာလဲ..''
အခုမှပဲဖဲဝိုင်းကထလာတဲ့ နှစ်ကောင်..ပြူးတူး
ပြဲတဲနဲ့ရောက်လာပြီးဟိုဒီကြည့်ကာမေးသည်။.
သူ့ကိုသတ်သွားရင်တောင်သိလိုက်မှာမဟုတ်ဘူး.. လဒတွေ...
အချစ်ဆိုတာဘာလဲ..ဘယ်လိုလဲ..
ဘယ်လောက်တန်ဖိုးအနဂ္ဂထိုက်တန်နေလို့လဲ..
ခပ်အအခပ်တုံးတုံးမိန်းမတစ်ယောက်ကို ရဖို့ ငါလိုကောင်ကမင်းနဲ့အပြိုင်လုရမယ်ပေါ့လေ..
ငါ့ကိုလာစိန်ခေါ်ရဲတယ်ဆိုတာ မင်းငါ့အကြောင်း
သေချာမသိသေးလို့ပဲ.. နောင်ရိုး...
အရှုံးဆိုတာငါ့အဘိဓာန်မှာမရှိခဲ့သလို..ငါ့သမိုင်းမှာ
လည်းဘယ်တော့မှရှိလာမှာမဟုတ်ဘူး...
>>>>>>>>>>>>>>>>>>>>>>
မင်္ဂလာဆောင်မည့်နေ့ရောက်သော်လည်း
ခြင်းကအခုမှအပြင်ကပြန်လာတာကြောင့်.
ဒေါ်သက်လျာကဒေါသထွက်နေကာ..
"သား..မင်းညကအိမ်ပြန်မအိပ်ဘူး..မနေ့ကလည်းအိမ်ပြန်မလာဘူး... အပြင်မှာအိပ်
တယ်ဟုတ်လား..မင်္ဂလာဆောင်ခါနီးကျမှ မင်း..
ငါ့ကိုစိတ်ဆင်းရဲပြီးသေသွားစေချင်တာလား..''
"ဒီချွေးမကိုမှမရရင် မာမီနှလုံးရောဂါရပြီး
သေသွားမယ်ဆိုတာသိလို့ကာကွယ်နေတာ..ရပြီလား.''
ပြောပြီး သူ့အခန်းထဲသူဝင်သွားသည်။
ဟင်..သူဘာပြောသွားတာပါလိမ့်
သူ့အခန်းတံခါးကိုသွားခေါက်ကာ...
ဒေါက် ဒေါက်
"ခြင်း ပွဲချိန်နီးပြီနော်မင်း အခုပြင်ဆင်တော့လေ..''
သူမကိုပြန်မဖြေပေမယ့်..ရေချိုးခန်းကရေသံ
ကြားနေရပြီမို့ အခုမှပဲစိတ်အေးရတော့သည်
..ဟူး...
ပျိုကို သတိုးသမီး မိတ်ကပ်ပြင်ဖို့ မိတ်ကပ်စံစံ
နဲ့အပ်ထားသည်။ ပျို့ အိမ်မဟုတ်ပဲသူ့ဆီမှာ
သွားပြင်ရသည်။
အလှပြင်ဆိုင်ရှေ့မှာ ကားတစ်စီးထိုးရပ်လိုက်လျှင်
"မင်္ဂလာကားရောက်ပြီရှင့်..''
ထိုအခါသတို့သမီးကိုတွဲပြီးအပြင်ခေါ်လာကြပါသည်။
သတို့သမီးလေးကအဖြူရောင်ဂါဝန်ကားကားဝတ်ကာ..ခေါင်းစောင်းပုဝါကိုမျက်နှာဘက်ပါချပြီး
အုပ်ထားသည်။ပြီးတော့ လက်မှာဇာလက်အိတ်စွပ်
ထားပြီး... အဖြူရောင်နှင်းဆီပန်းတွေကိုင်
ထားသည်။
အဖြူရောင်ချည်းပဲဆင်ထားတာဖြစ်သည်။
နုရွသောခြေလှမ်းတွေနဲ့ကားပေါ်ကိုတစ်လှမ်းချင်းတတ်လာသည်။
"ဟော်တယ်ကို ပို့ပေးပါ့မယ်..ခင်ဗျာ''
သတိုးသမီးကခေါင်းပဲညိမ့်ပြသည်။
တကယ်တော့ မင်္ဂလာကားမောင်းသူကရုပ်
ဖျက်ထားတဲ့ နောင်ရိုးပင်တည်း...
သူ့သူငယ်ချင်းတွေကတကယ့်မင်္ဂလာကား
ကို ဘီးပေါက်အောင်လုပ်ပြီးအချိန်ဆွဲပေးထား
သည်။
ကားကဟော်တယ်နဲ့ဆန့်ကျင်ဘက်ကိုသွား
နေပါသည်။
သတိုးသမီးက ကားနောက်ခန်းကနေလက်
နဲ့လှမ်းပြီးတားသည်။
"ခွင့်လွှတ်ပါမမ ကျွန်တော်မမကို ခန်းမဆီ
ပို့ပေးမှာမဟုတ်ဘူး..
မမကိုကျွန်တော် အရမ်းချစ်တယ်..
နောက်ကြနေပြီဆိုပေမယ့်..ဒီထက်နောက်မကြ
အောင်မမကိုကျွန်တော်ခိုးပြေးလာတာ..''
မမ ဆီကပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးရလိမ့်မည်
ဟုထင်ထားပေမယ့်လည်း.. မမကသူ့ကို
ဘာမှမတုံ့ပြန်တာကြောင့် သူထခုန်မတတ်
ဝမ်းသာသွားသည်။
မမလည်း သူ့နောက်လိုက်ချင်တဲ့သဘော..
"မမ ကျွန်တော့်ကိုစိတ်မဆိုးဘူးလား ဟင်''
နောက်လှည့်ကြည့်တော့သတိုးသမီးကခေါင်းခါပြသည်။
"ဟား..ကျွန်တော်ဝမ်းသာလိုက်တာ..''
ဝမ်းသာလုံးဆို့ပြီး ကားတောင်ဆက်မမောင်း
နိုင်ပဲ လမ်းဘေးချရပ်လိုက်သည်။
နောင်ရိုး ကားနောက်ခန်းကသတို့သမီးဘေး
ကိုအမြန်ဝင်ထိုင်လိုက်ပြီး..
"မမ ကျွန်တော်အိပ်မက်မက်နေတာတော့
မဟုတ်ပါဘူးနော်..''
သူမကခေါင်းခါပြလေသည်။
"ဟား.. ကျွန်တော်သေပျော်ပါပြီ..မမရယ် အဟင်း
ဒါပေမယ့်အခုတော့မဟုတ်သေးဘူး...
မမနဲ့ပေါင်းဖက်ခွင့်ရချင်သေးတယ်...
မမ ကျွန်တော့်ကိုလက်ခံပေးတဲ့အတွက်
ဘာနဲ့မှမလဲနိုင်လောက်အောင်ကိုကျေးဇူး
တင်တယ်..
အဲ့ဒီအစား ကျွန်တော်ကတစ်ဘဝလုံးပြန်ပေး
ဆပ်ပါ့မယ်.. သူများတွေထက်နှစ်ဆမမပိုပျော်ရွှင်ရအောင်ထားပေးမယ်..
ကျွန်တော်ကတိပေးတယ်..မမ''
မမကခေါင်းညိတ်ပြတယ်..ရင်ခုန်လွန်းလို့သေတော့မယ်..
"မမ ဒီပုဝါကြီးကရှုပ်လိုက်တာ.. မမ မျက်နှာ
လေးကျွန်တော်ကြည့်ပါရစေအုံး..''
ပျို့..ရဲ့ခေါင်းကပုဝါစကိုနောင်ရိုး အသာမကာ
လှန်တင်ပေးသည်။
"ဟင် ခင်ဗျား..ခင်ဗျား..ဘယ်သူလဲ..''
"မောင့်ရဲ့မမလေ..''
"ဟာဗျာ.. ခင်ဗျားဘာလုပ်တာလဲ..ကျုပ်မမ
ဘယ်မှာလဲ..''
"မောင်ပဲ မမကိုခိုးလာတာဆို..''
"ခင်ဗျား ကြီးပေါက်ကရမပြောနဲ့.. ကျုပ်ခိုး
တာကျုပ်မမပျို..''
"ငါ့နာမည်လဲ ပျိုပျိုဘဲဟဲ့..''
"ခင်ဗျား..ကျုပ်ကိုအရူးလုပ်တယ်ပေါ့..
ဘယ်မှာလဲ မမပြောနော်..''
"မသိဘူး.. ငါကယောက်ျားမဟုတ်ပေမယ့်
နင်ကယောက်ျားနော်..
နင်ပဲငါ့ကိုချစ်တယ်ဆို.. ခိုးပြေးလာတာဆို..
ကိုယ့်စကားကိုယ်တာဝန်ယူနော် ငိုလိုက်မှာ
သိလား..''
သူကတကယ်မငိုသေးဘူး..နောင်ရိုးကငိုနေပြီ
ဖြစ်သည်။
"မောင် မောင် မငို့နဲ့လေ..''
"သွား စမ်းပါဗျာ..ကျုပ်ကားပေါ်ကအမြန်ဆင်း...''
"အို..မောင့်နောက်လိုက်လာပြီးမှတော့..
မဆင်းနိုင်ပါဘူး..''
"ခင်ဗျား..မဆင်းဘူးပေါ့..''
"ဆင်းဘူး..''
"ဒါဆို ကျုပ်ဆင်းမယ်..''
နောင်ရိုးကားပေါ်ကနေဆင်းပြေးသည်။
သူ့သတိုးသမီးကဂါဝန်တကားကားနဲ့နောက်
ကပြေးလိုက်ကာ..
"မောင် မောင် ဒါဘယ်လဲ..
မောင်မမကိုခိုးလာတာဆို..''
"တော်စမ်းပါဗျာ..ကျုပ်နောက်ဆက်မလိုက်နဲ့..''
"ဒီမှာ..မောင်..
ဒီကပျိုပျိုက သေမှာမကြောက်လို့ပေတစ်ရာလျှောက်နေတဲ့ အခြောက်မနော်..
ဒီတိုင်းခေါက်ခဲ့လို့ရမယ်မထင်နဲ့..
သူများကိုခိုးတုန်းကခိုးပြီးတာဝန်ယူလို့..
အဟင့် ဟင့်..''
မိုးကြိုးသာပစ်ချလိုက်ပါတော့လား..ဒီလောက်ဆိုးတဲ့.ငါ့ကံ..
နောင်ရိုးကရှေ့ကပြေး ပျိုပျိုဂေးကနောက်က
လိုက်နဲ့...
အဲ့အဖြစ်တွေကိုဗီဒီယိုရိုက်ပြီး သူ့ဆီပို့လိုက်
လို့..အိုင်ပတ်နဲ့ထိုင်ကြည့်ပြီး ခြင်းအူတတ်အောင်
ထိုင်ရယ်နေပါသည်။
တကယ်တော့ ဒါတွေအားလုံးရဲ့ကြိုးကိုင်သူက...
သူပဲလေ...
နောင်ရိုး သူ့ဆီလာသွားကတည်းက သူပျို့
ကိုလွှတ်မထားနိုင်တော့ဘူး..
လက်မထပ်ချင်တဲ့လူဆိုပေမယ့်.. မာနကြောင့်
လား အဆုံးရှုံးမခံနိုင်တာလား ဘာလား
တော့..သူသေချာမသိ..
တစ်ကိုယ်တော်လှုပ်ရှားကာ..နောင်ရိုးကို
စောင့်ကြည့်နေသည်။
ပျို့ကိုနောက်ဆုံးနည်းလမ်းနဲ့ခိုးဖို့ကြံနေတာ
လည်းသူသိသည်။
ဒါကြောင့် ၂ရက်တိတိပျို့ ခြံရှေ့မှာကင်းစောင့်ရင်းကားတစ်စီးနဲ့သူငုတ်တုတ်မေ့နေတာ ဘယ်သူမှမသိလိုက်ဘူး..
တန်ပြန်အစီအစဉ်ဆွဲပြီး.. ပျိုပျိုဂေးကိုပျို့နေ
ရာမှာဝင်ခိုင်းလိုက်တာ.
ဒီလောက် ဆိုဒ်ကအကွာကြီးကို..ဖွန်ကြောင်ကမမှတ်မိတော့လည်း..ခံပေါ့။
ဟား..ဟားးး ဟားး..
ပျိုကတနေရာမှာဖြစ်ပြီး အခုမှကားအစစ်သွားကြို
ခိုင်းထားသည်။
သူကတော့ဝတ်စုံပြည့်နဲ့ဟော်တယ်ကြိုရောက်နေပြီး...ခြေထောက်ချိတ်ထိုင်ကာ..ဟက်ဟက်ပက်ပက်ရီနေသည်။
ဟား..ဟား.. အဟွတ်..အဟွတ်..
ခပ်လှမ်းလှမ်းကကျော်ခေါင်နဲ့ မျိုးကို.. ဘာမှမသိတာမို့..
"ဘာလဲ ဟိုကောင်ကြီးရူးသွားပြီလား..
ပြောတုန်းကမင်္ဂလာမဆောင်ချင်ဘူးဆိုပြီး
အခုကြ နွားပြာကြီးအောက်သွားမရှိ..''
"နဲနဲပါးပါးသွားမေးကြည့်ပါအုံး..
ခြင်း အဆင်ပြေရဲ့လားလို့..''
...
"ခြင်း ခြင်း မင်းအဆင်ပြေပါတယ်နော်..''
"Ever ok..''
"အေးပါ.. မင်းဒီနေ့တော်တော်ထူးဆန်းနေလို့..''
"လွတ်လပ်ခြင်း အိမ်ထောင်ကြတဲ့နေ့ပဲ
မထူးဆန်းဘဲနေမလား..''
"ဒါနဲ့ သတိုးသမီးကော..မရောက်သေးဘူးလား..''
"အင်း..''
"ကောင်မလေးကတော်တော်လှလို့လား...
နာမည်ကတော့ မင်းအကြိုက်လို
Sexxyမကျဘူးနော်. ပျိုကညှာဆိုလား..''
"လူကလည်းတောကြတယ်..''
"ဟုတ်လား..ဒါတောင်မင်းဘာလို့လက်ထပ်..
ထပ်...''
ကြောင်ခေါ်..စကားတောင်ထပ်မဆက်နိုင်တော့
တာ..သတိုးသမီးကားဝင်လာလို့ဖြစ်သည်။
ပျိုက မိုးပြာရောင်ထိုင်မသိမ်းနဲ့အကျီနဲ့ပုဝါမှာ
ပုလဲအစစ်တွေချည်းသီထားတာ..
ကောင်းကင်ရောင်သတိုးသမီးက မိုးပေါ်က
ဆင်းလာသည့်အလား..ကုဋေတစ်သန်းတန်
သည့် ခြေလှမ်းများဖြင့် တစ်လှမ်းချင်း သူ့ဆီသို့
လှမ်းအလာ...
"ဟာ ဆိုင်ရှင်လေး...''
"အလှပဂေး...''
နှစ်ကောင်သားပျို့ကို ငေးနေရာကနေ..ခြင်းကိုလှည့်ကြည့်သည်။
ခြင်းဝတ်ထားတာက အနောက်တိုင်းကုတ်
ဒါပေမယ့်..မိုးပြာရောင်ပဲ.
"မင်းလား ...ခြင်းစုတ်.. ခြင်းပဲ့.. မင်းကိုး
ချမ်းသာပေးပါလို့ တောင်းပန်ခဲ့ရဲ့သားနဲ့
မင်းမို့လုပ်ရက်တယ်ကွာ..
အီး ဟီး..ကုန်ပါပြီဗျာ..''
"တောက်.. ရင်နာတယ်ကွာ..
မင်းဒီလိုသစ္စာဖောက်မယ်လို့ မထင်ထားဘူး
သွားပါပြီ.. အမေရေ..
ကျွန်တော့်ကိုဘာလို့ဒီကောင့်လိုချောအောင်
မမွေးပေးတာလဲ..''
"ဒီကောင့်အဖေနဲ့မဟုတ်လို့တဲ့..,',
"ဘာကွ..''
သောက်ပေါ..နှစ်ကောင်ကငိုနေတာတောင်
နောက်နိုင်သေးသည်။
"အသားစား သတ္တဝါတွေပဲ ကောင်းစားတဲ့
ခေတ်ကြီးကိုစိတ်နာတယ်ကွာ..''
"အားမလျော့ပါနဲ့ကွာ.. ကညှာပျိုနဲ့လွဲမှတော့..
ဒီကောင့်သမီးကိုစောင့်ယူမှာပေါ့..''
လက်မထပ်ချင်ပါဘူးဆိုသည့်ကိုယ်တော်က
ဒီနေ့မှအတော်စိတ်ကြည်နေပုံရသည်။
တော်တော်အူမြူးနေလားမသိ.. တခွီးခွီးနဲ့
အရယ်မရပ်နိုင်ဘူး..
ဒါကိုဝင်လာတဲ့ပျိုက သူမပုံစံကိုကြည့်ပြီး
လှောင်ရယ်နေတာဟု ထင်နေလေသည်။
==========================
Continue Reading
You'll Also Like
653K 88.3K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
2.9K 112 7
I think ,love is life.
1.6M 197K 160