ရင်ခွင်ရိုင်း {Complete}
By wookiekyoe
409K 8.9K 121
Part 1 unicode
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
part 4uni
13K 413 10
By wookiekyoe
ရင်ခွင်ရိုင်း 💘..၄
"မဖြစ်ဘူး..''
သက်လျာ..ခေါင်းမူးတာပြေသွားတာနဲ့ငေါက်
ခနဲထထိုင်ပြီး ကျုံးအော်သည်..
"သက်..''
"ကျွန်မ ဒီအတိုင်းကြည့်မနေနိုင်ဘူး... ကျွန်မ
လုံးဝသဘောမတူဘူး..''
"သက် ရယ် မင်းသားကသူ့ကိုသူကလေး
မဟုတ်တော့ဘူးလို့ပဲပြောသွားတာ.''
"ကလေးမဟုတ်တော့လို့.ပေါ့.ကလေးအဖေဖြစ်သွားမှာစိုးလို့ပေါ့..
အဲ့ဒီမိန်းကလေး...အဲ့ဒီမိန်းကလေးနဲ့တော့လုံး
ဝသဘောမတူဘူး..
ကျွန်မသားကဒီလိုပုံစံဖြစ်နေရင်တောင်..
အဲ့လိုမိန်းကလေးကိုတော့ကျွန်မလုံးဝချွေးမ
မတော်နိုင်ဘူး...
အခုကစပြီး သားကိုဒီအတိုင်းလွှတ်မထား
တော့ဘူး..
အဲ့လိုမိန်းကလေးမျိုးက..ကျွန်မသားရဲ့ကလေးကိုလက်ဆွဲပြီးရောက်လာမယ့်နေ့ကို
ကျွန်မလုံးဝစောင့်နေမှာမဟုတ်ဘူး.ရှင့်.''
"ဒါဆို မင်းဘယ်လိုလုပ်မှာလဲ..မင်းသား
ကကော မင်းပြောတာနာခံမလား...''
"အို..သူ့အမေ တစ်ယောက်လုံးသေပါတော့
မယ်..ရှင်ပါတော့မယ်ဖြစ်ရင်တော့ နားထောင်မှာပါ...
လွတ်လပ်ခြင်းကို ကျွန်မဝမ်းနဲ့လွယ်ပြီးမွေး
ထားတာ..ကျွန်မသားအကြောင်းကျွန်မသိ
တယ်..''
ဟုတ်လို့လား..  အခုတောင်မင့်သားကတစ်
ချက်ဆင်းလာကြည့်တာမဟုတ်ဘူး..
"သား သူ့ဘာသာသူ မဟုတ်တရုတ်မိန်းမ
တွေနဲ့ ကလေးမရခင်..ကျွန်မကအရင်
သားကိုအိမ်ထောင်ချပေးမယ်..''
"ဘယ်လို..မင့်သားကိုများဘယ်သူနဲ့''
သက်လျာကမဖြေပါ..
"မင်း မဟုတ်မှလွဲရော ဟိုကလေးမကိုရည်
ရွယ်နေတာတော့မဟုတ်ပါဘူးနော်..''
"ဟုတ်တယ်.. ကျွန်မအစထဲကပျိုလေးကို
ဘယ်လောက်သဘောကြလဲရှင်သိရက်နဲ့..''
''ပြောတော့မင်းသူငယ်ချင်းရဲ့သမီးလေးမို့
ကိုယ့်သမီးအရင်းလိုချစ်တာဆို.. ဒါတောင်
မင်းသားလက်ထဲထည့်ပေးမလို့လား..
လွတ်လပ်ခြင်းက ငါ့အတွက်လည်းတစ်
ယောက်အပြင်မရှိတဲ့သားပါ..ဒါပေမယ့်
အမှန်အတိုင်းပြောရရင်.. ငါတို့သားက
လူဆိုးလူမိုက်ထက်သာတဲ့ လူရိုင်း..
တန်ဖိုးရှိတယ်မရှိဘူး..သူခွဲခြားတာမဟုတ်
ဘူး..သူ့လက်ထဲရောက်ရင် အားလုံးဖျက်စီးပစ်တာ..
ဟာ.. မဖြစ်သေးပါဘူး သက်ရယ်..
မင်းသူငယ်ချင်းတမလွန်ကနေ မင်းကိုအပြစ်
တင်နေပါ့မယ်..''
"အို.. တင်ပါစေ..ကျွန်မတမလွန်ခရီး
မှာ..ချိုနဲ့ဆုံရင် ဒူးထောက်ပြီးခွင့်မလွှတ်မချင်းတောင်းပန်မယ်..
ဒါပေမယ့်..ကျွန်မချွေးမကတော့..ကညှာပျို
ပဲဖြစ်ရမယ်..
သားအတွက်လည်း သူ့ကိုပြုပြင်နိုင်မယ့်
မိန်းကလေးလိုအပ်တယ်..
ကျွန်မသိတယ်..ကျွန်မသားကမိန်းမကောင်းလေးနဲ့တွေ့ပြီး သူ့ကိုယ်သူပြုပြင်ရင်..
အနာဂဏ်မှာ.. ခင်ပွန်းကောင်း..ဖခင်ကောင်း
တစ်ယောက်ဖြစ်လာမယ်လို့ ကျွန်မယုံကြည်တယ်..
သားက မီးအလျံလိုပဲ၊ပျိုလေးကတော့ရေခဲနဲ့တူတယ်..
သူတို့နှစ်ယောက်ပေါင်းဖက်မှ သားဘဝကို
အေးချမ်းစေမှာ..''
မင်းလည်း သားသမီးနဲ့ပတ်သက်လာတော့
တော်တော်အတ္တကြီးပါလား..
မင်းသားကမီးတောက်..မိန်းကလေးကရေခဲ..
မင်းပြောသလိုနှစ်ယောက်ပေါင်းဖက်လို့
အကယ်၍ မင်းသားရဲ့မီးကမငြိမ်းပဲ..
ရေခဲကအရေပျော်..ပြီးတော့ ပွတ်ပွတ်ဆူ
အငွေ့ပျံသွားရင်ကော?
==========================
ပျိုလေးကလိမ္မာတော့..သူ့အဘပြောရင်
ငြင်းမှာမဟုတ်ဘူး..
စကားအနေနဲ့ တီးခေါက်ကြည်ု့ပြီးပြီ..ရည်းစာ
ဆိုတာတောင်မထားဘူးဘူးတဲ့..
သားတော်မောင်နဲ့ကွာချက်...⚡
ဒါဆိုကိုယ့်ဘက်ကသားတော်မောင်ကိုအရင်
ထိန်းချုပ်ရမည်..
ကိုမောင်ကတော့သိပ်အားမပေးပါ။
အခုလည်း သားနိုးပြီး breakfast စားတဲ့အချိန်ထိ အတူဆုံအောင်စောင့်နေတာ..
ခြင်း.. ခါတိုင်းသူနိုးရင်အိမ်မှာဘယ်သူမှမရှိ
တတ်ပေမယ့်..ဒီနေ့မာမီရှိနေတာကြောင့်
အံ့သြနေသည်။ offရက်လည်းမဟုတ်ပါပဲ..
တနေ့ညကမာမီသူ့ကြောင့်ရှော့ရသွားတာ
သေချာသည်။ မနေ့ကလည်း တနေကုန်
မဆုံဖြစ်ကြလို့ ဘာဖြစ်နေလဲသူမသိ.. အခုကောနေများမကောင်းလို့လား။
...
သားတစ်ယောက်အနေနဲ့ ဝတ္တရားအတိုင်း
"မာမီ..ဆေးရုံမသွားဘူးလား..နေမကောင်းလို့
လား..''
ခြင်းကစားပွဲမှာဝင်ထိုင်ရင်းမေးလိုက်တာကို
သူ့အမေက..သူမကိုမေးဖော်ရသေးသည့်
သားအားပြုံးကြည့်နေသည်။
"ကောင်းပါတယ်..မာမီကသားကိုပြောစရာရှိ
လို့တမင်စောင့်နေတာ..''
"ကျွန်တော့်ကိုလား..''
"အင်း.. ဒီလိုကြည့်လိုက်တော့မှ ငါ့သားလည်း
တော်တော်အရွယ်နေပြီကို..''
ဟ..ဟိုနေ့ကကိစ္စပဲလား.. ကျစ်!
"မာမီကအခုချိန်ထိသားကိုကလေးလို့အထင်
မှားနေခဲ့တာပဲ..
အင်းလေ..သားကအခုလိုယောက်ျားအရင့်အမာကြီးဖြစ်နေပြီဆိုတော့မာမီ့ဘက်ကဝတ္တရားရှိတဲ့အတိုင်း..''
"ကျွန်တော့်အတွက်ဘာမှမလိုဘူး..''
"မာမီ့ စကားတောင်ဆုံးအောင်နားမထောင်ပဲ..''
"နားထောင်စရာမှမလိုတော့တာ.. အဲ့ဒီ့မာမီ့
ရဲ့ဝတ္တရားဆိုတဲ့အရာတွေကျွန်တော့်အတွက်
မလိုဘူး..နေမြဲအတိုင်းပဲနေပါ..''
"မဟုတ်သေးဘူး..ခြင်း..
မင်းလွတ်လပ်တာကြိုက်မှန်းသိလို့ မာမီဒီနေ့
ထိ မင်းဘဝကိုဘာမှဝင်မစွတ်ဖက်ခဲ့ဘူး..''
ဪ ..
"ဒါပေမယ့် အခုမရတော့ဘူး.. စာရိတ္တကော
ကိုယ်ကျင့်တရားပါပျက်ပါးနေတဲ့မိန်းကလေး
တွေနဲ့တွေ့ပြီး.. မင်းပျော်ပါးနေရင်းကနေ
လုံးလုံးနွားဖြစ်တဲ့ထိ.. ဒီအမေကကြည့်နေမှာ
မဟုတ်ဘူး..''
"ဘာဖြစ်လို့လဲ.. ဒီလိုသတ္တဝါကိုမွေးထားမှန်း
လူသိမှာရှက်လို့လား..''
"ခြင်း..''
အဟွန်း...
"မင်းမှာ ငယ်ငယ်လေးထဲကမင်းအဖွားရိုက်
သွင်းခဲ့တဲ့ အတွေးဆိုးတွေ အခုထိရှိနေသေး
တာ မာမီသိတယ်.. မင်းအဖွားဘာတွေပဲ
ပြောခဲ့ပြောခဲ့..ငါကမင်းကိုအသက်နဲ့ရင်းပြီး
မွေးခဲ့တာ..''
"အဲ့လိုလုပ်ပေးခဲ့တဲ့အတွက်..မာမီကအခုတစ်ခုခုပြန်လိုချင်တာလား..''
"အေး မင်းပြောသလို လိုချင်တာသာရှိမယ်
ဆိုရင်..မင်းဆီကနေ မိဘကိုမိဘလို့သတ်မှတ်
ပြီးသိတတ်မှုပဲလိုချင်တာ..''
"မာမီ့ရဲ့ လိုရင်းက?..''
"မင်းကိုမိဘတွေက ဝတ္တရားအတိုင်းလက်ထပ်ပေးစားတာကို.နာခံဖို့ပဲ..''
"မနာခံရင် ကျွန်တော်က မာမီတို့ကိုမိဘလ်ို့
မသတ်မှတ်လို့ပေါ့.. အဲ့လိုလား..''
"ဟုတ်တယ်
မာမီ ရွေးထားတဲ့ချွေးမကမင်းတွဲနေတဲ့မိန်း
ကလေးတွေထက် အဘက်ဘက်ကသာလွန်
တယ်.. ဘာမှအပြစ်ပြောစရာမရှိအောင်
စင်းလုံးချောပဲ.. မင်းလည်းဒီလောက်တောင်
ရည်းစားအများကြီးထားနေမှတော့ ဘယ်
တစ်ယောက်ကိုမှအတည်တကျမချစ်လို့မှတ်
လား။
ဒါကြောင့် မင်းအိမ်ထောင်ဖက်အဖြစ်စဉ်းစားကြည့်ပါ..သားရယ်..
ပျိုလေးလောက်ရိုးသားအေးဆေးတဲ့မိန်းကလေးမရှိဘူး..''
"ပျင်းဖို့ကောင်းတာလဲထည့်ပြောလေ..
မာမီပြောသမျှကိုနာခံ.. ကျွန်တော်ပြောသမျှ
ကိုခေါင်းညိတ်.. မာမီလိုချင်တာဒီလိုချွေးမမျိုးလား။
ဒါများ ပစ်တိုင်းထောင်အရုပ်တွေဝယ်ပြီးကျွန်
တော့်အခန်းထဲထည့်ထားရောပေါ့..
ဒါမှမဟုတ် သိန်း၁၅၀လောက်အကုန်ခံပေးရင်
သူ့ထက်ပြီးပြည့်စုံတဲ့ ချွေးမလောင်းအရုပ်
တောင်ရနိုင်သေးတယ်..''
"လွှတ်လပ်ခြင်း.. ''
အဟွန်း...
"မင်း မအေစကားကိုဘယ်လိုနားထောင်နေတာလဲ..''
"အခုကစပြီး အတည်ပြောမယ်..ကျွန်တော်ကိုလက်ထပ်ပေးမယ်..ဟုတ်လား..
ကောင်းပြီလေ..မာမီမှမပေးစားရင်ကျွန်တော်
ကအော်ရီဂျင်နယ်စင်းလုံးချောမိန်းမကိုမရနိုင်
ဘူးဆိုတော့လည်း..
ရတုန်းဝမ်းမြောက်ဝမ်းသာလက်ခံယူမှပေါ့..''
👏ဖြောင်း..ဖြောင်း.
"ဒါဆိုမင်းက မာမီစီစဉ်တာလက်ခံတယ်ဆိုတဲ့
သဘောလား..''
"ဒီအတိုင်းတော့မရဘူးလေ.. အပေးအယူတော့လုပ်ရမှာပေါ့..''
"ဘာ......''
"ကျွန်တော်လိုချင်တာ၂ခုထဲပါ
တစ်အချက်... ကျွန်တော်လက်ထပ်ပြီးရင်
အဖွားအိမ်မှာပြန်နေမယ်..
နှစ်.. ကျွန်တော့်အိမ်ထောင်ရေးကို မာမီလုံးဝ
ဝင်မစွတ်ဖက်ပါဘူးလို့ကတိပေးရမယ်..
ဒါကိုမာမီသဘောတူရင် လက်ထပ်မယ်..
သစ်တုံးနဲ့ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး..
အိုကေလား..မာမီ..."
"••••"
"ပြန်စဉ်းစားလိုက်ပါအုံး....''
ခြင်းကစကားအဆုံးမှာသူမကိုနှုတ်ဆက်ပြီးထွက်သွားသည်။
သက်လျာ.. ပါးစပ်အဟောင်းသားနဲ့ကျန်ရစ်ခဲ့
သည်။
မအိုကေဘူး..ဒါမင်းတမင်လူလည်ကျတာ..
=======================
သူ့အဖွားရဲ့နန်းတော်ဆန်တဲ့အိမ်မှာဆိုသူက
ဘုရင်..
သူ့အဖွားဆုံးသွားပေမယ့်..အဲ့ဒီအိမ်ကြီးကို
ဒီအတိုင်း အစေခံတွေနဲ့ပဲထားပြီး ထိန်းသိမ်း
ထားတာ..
အဲ့ကိုသာပြန်ရောက်သွားရင် သူ့အရင်ဗီဇတွေ
ပေါ်လာမှာ၊
ဒါကြောင့် သက်ကိုသူ့အိမ်ထောင်ရေးဝင်မစွတ်ဖက်ဖို့ ကတိခံခိုင်းနေတာ၊ လွတ်လပ်ခြင်းပေါ့သေးသေးမဟုတ်ပါလား..
"ဒါဆို အသက် မင်းဘယ်လိုလုပ်မှာလဲ..''
ဘယ်လိုလုပ်ရင်ကောင်းမလဲ.. သူမကယောက်ျားလုပ်သူကိုတိုင်ပင်နေတာကို
သူမကိုပဲမေးခွန်းပြန်ထုတ်နေတာကြောင့်...
"ဒီမှာကိုမောင်.. ရှင်နဲ့ကျွန်မကအိမ်ထောင်ကျ
ကတည်းကဘယ်အရာမဆို..အမြဲတမ်းတိုင်
တိုင်ပင်ပင်နဲ့နေလာခဲ့တာနော်..''
"ဟုတ်တယ်လေ...''
"ရှင်ကြီး ဒီကိစ္စကြမှဘာလို့. မဆိုင်သလိုလုပ်နေတာလဲ..
ဒါကရှင့်သားအရင်းရဲ့ မင်္ဂလာကိစ္စနော်..
ကျွန်မရှင့်ကိုသိပ်ကြည့်မရတော့ဘူးသိလား..''
ဟာ.. သားကိုမနိုင်တိုင်း ဖအေကိုလှည့်မဲပြန်ပြီ...
ခက်ပါတယ် သက်လျာရယ်..
========
သက်လျာလည်းကတိခံဖို့ခက်နေတာကြောင့်
ရှေ့ဆက်မတိုးနိုင်ပဲဖြစ်နေသည်။
ဒါကိုသိသောခြင်းက..
"ကျွန်တော်ကတော့မာမီ့ကျေးဇူးဆပ်ဖို့အဆင်သင့်ပဲနော်..''တဲ့..
သောက်ကလေး.. မအေကိုရိသေးတယ်။
>>>>>>>
သက်လျာတို့အိမ်က..အကူနှစ်ယောက်အထွေးနဲ့အေးလေးကအဝတ်လျှော်စက်နားမှာ discovery ရှာဖွေရေးလုပ်နေတာ..ခြင်းရဲ့အဝတ်တွေထဲကိုပါ။
သူတို့ခြင်းကိုဆိုသိပ်ကြောက်ပေမယ့်.. ခြင်း
ရဲ့အခန်းရှင်းပြီး..ခြင်းအဝတ်အစားလျှော်ရ
မယ်ဆိုအလုအယက်ပဲ။
ခြင်းက ချောလွန်း၍မဟုတ်ပါ..
ခြင်းလို ဒဿဂီရိနှင့်မိုက်တီးဂျိုဝမ်..ပေါင်းစပ်
ထားသောဂြိုလ်သားအား သူတို့ဘယ်တော့
မှစိတ်ကူးယဉ်မည်မဟုတ်။
သူတို့ပျော်ရတဲ့အကြောင်းကတော့.. ခြင်းအ
ခန်းနဲ့ခြင်းရဲ့အဝတ်တွေထဲမှာ ပိုက်ဆံအများ
အပြားရနိုင်လို့ပါပဲ။
ခြင်းက ဘာကိုမှစည်းကမ်းမရှိပါ..ပစ်ချင်သလိုပစ်ထားတတ်တာ.. တွေ့လို့ယူထားရင်
တောင် သူဘယ်တော့မှသိမှာမဟုတ်ဘူး..
မေမေကြီးကလည်းသိနေပေမယ့်..မပြောပါ...
ကဲဒီနေ့လည်းဘာတွေထွက်လာမလဲ..မှန်းစမ်း
"ဟဲ့..အထွေး ဒါဘာကြီးလဲ..''
"ငါဘယ်သိပါ့မလဲ..ဖွင့်ကြည့်လေ..''
"ဖြစ်ပါ့မလား..''
"ဖြစ်ပါတယ် ဟ...''
လက်လေးလုံးစာလောက်ရှိတဲ့ စက္ကူခေါက်ပြားပြားလေးကို နှစ်ယောက်ဖွင့်ကြည့်ကြသည်။
"ဟင်..ဒါကဘာတုန်း..''
"ဗူဖောင်းကြီးများလား..''
"ဟုတ်သားပဲ..
အကိုလေးကဒီအရွယ်ထိဗူဖောင်းနဲ့ဆော့တုန်းလားဟ..''
နှစ်ယောက်သား ထောင်ပြီးကြည့်တာကို
သက်လျာမြင်သွားပြီး..
"ဟဲ့..ဟဲ့..အမလေး နင်တို့ဘာလုပ်နေကြတာ
တုန်း..''
"မေမေကြီး သမီးတို့ကအဝတ်လျှော်မလို့..''
"လက်ထဲကဘာလဲ ပေးစမ်း..
ဒါဘယ်ကရတာလဲ..''
"အကိုလေး အိတ်ထဲက..''
ထင်ပါတယ်..ကိုမောင်ကဒါမျိုးဝါသနာပါသူမဟုတ်။သားကြမှပဲ..ဟင်း
သက်လျာ သွေးတောင်ပြန်တိုးချင်လာသည်။
"မဖြစ်တော့ဘူး..ငါမြန်မြန်ဆုံးဖြတ်မှပဲ..''
"ရှင်..''
" သွား သံပုရာရည်ရည်ခဲ့"
" ဟုတ်..."
....
(တကယ်တော့ဒီပစ္စည်းရဲ့ ရာဇဝင်ကဒီလိုပါ...
ခြင်း၊မျိုးကို၊ကျော်ခေါင် သုံးယောက်က
အလောင်းအစား၊ဖဲ၊ဘိလိယက်နဲ့အသောက်အစားလောက်ပဲဝါသနာပါတာ..
သူတို့ထဲက ဇိုးကတော့သူတို့ထပ်ပိုသာ
သည်။ မိန်းမနဲ့ဆေးအထိမကင်းပါ..
ဒါပေမယ့်လည်းသူတို့ချင်းတော့အခင်အမင်
မပျက်ကြပါ...
ခြင်းတို့ဖဲရိုက်နေတုန်းကလပ်မှာချွတ်ထား
တဲ့ဂျာကင်ကိုဇိုးယူဝတ်သွားတာဖြစ်သည်။
အဲ့ဒီကနေပါလာတာနေမှာပါ..
ခြင်းကသူ့အကျီ သူများယူဝတ်မှန်းမသိလို့..
သိရင်.. ကိုယ်စောင့်နတ်ပါစလံတိုက်ပြေး
အောင်ဆဲမှာ..)
အခုတော့ဒီကောင့်ကြောင့်..ဒီကောင့်ကြောင့်..
"ကိုမောင်.. ကျွန်မအလျှော့ပေးလိုက်တော့မယ်..''
"သက်.. မင်းတကယ်လား..''
"ဒါမှလည်းခြေညိမ်မှာလေ.. သူ့အိမ်ထောင်နဲ့
သူဆိုရင်တော့ပြောင်းလဲလာမှာပါ..''
" ဟိုကလေးမမဟုတ်ပဲ..မင်းသားကြိုက်တဲ့
အထဲကတစ်ယောက်ယောက်ဆိုရင်..''
"ဟင့်အင်း.. ဘယ်သူမှမဖြစ်နိုင်ဘူး...''
ခြင်းရဲ့ ရည်းစားထဲမှာသက်လျာသေချာသိ
တာ..အကြင်နာတစ်ယောက်ပဲရှိတယ်..
ဟော်တယ်ကကောင်မလေးလောက်မဆိုး
ပေမယ့်..
သူနဲ့ခြင်းက ပုလင်းတူဘူးဆို့ပဲ..
ပြီးတော့သူကခြင်းကိုအရမ်းချစ်တော့ခြင်း
ဘာလုပ်လုပ် လက်မထောင်ပေးမှာပဲ..
ဒါဆို သားကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး..
ကျွန်မ ခံစားချက်ကမမှားဘူး...
ပျို သာဆိုရင်သားလုံးဝပြောင်းလဲလာလိမ့်
မယ်..
ဪ သက်ရယ်..
ဒါနဲ့ပဲ..မင့်သားအတွက်သမီးလိုချစ်ပါတယ်
ဆိုတဲ့ကလေးမကို မင်းစတေးလိုက်မယ်ပေါ့..
မိခင်များ၏..သားသမီးအပေါ်ထားရှိသော
အတ္တသည်..အလယ်အလတ်တွင်ဘယ်တော့
မှမရပ်တန့်နိုင်ကြောင်း...
(အစွန်းရောက်တတ်ကြသည်)..
===========================
သက် ကတော့သူ့ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်ပြီ...
"အသက် နင့်လိုဆရာဝန်မကြီးကအရမ်းအလုပ်များမှာကို ငါ့ကိုဒီလောက်အချိန်ပေး
လို့အဆင်ပြေပါ့မလား..''
"ရပါတယ် ကိုကြီးရယ်.. ကျွန်မတို့ကတစိမ်း
တွေမှမဟုတ်ပဲ..
ဒါနဲ့ကိုကြီးကျန်းမာရေးကိုဒီလိုပဲကြိတ်ကုနေ
လို့မဖြစ်ဘူးနော်..သေသေချာချာကုသမှုခံ
ယူမှဖြစ်မယ်.. ကိုကြီး ပိုက်ဆံတွေလည်းအများကြီးရှာခဲ့ပြီးပြီမှတ်လား အခုကစပြီး
နားနားနေနေနေပါလား..''
သက်လျာက ကိုညိုလွင်ကိုရောဂါတိုးတိုး
တိတ်တိတ်ကုသပေးနေခြင်းသာဖြစ်သည်.. ို့ပျို့ကိုလုံးဝအသိပေးခြင်တာမဟုတ်..
"ငါက အခုနေသေရမယ်ဆိုရင်တောင် နောင်
တမရှ်ိတဲ့လူပါ.အသက်ရယ်..ဒါပေမယ့်
ငါ့သမီးလေးအတွက်စိတ်မချဘူး..''
"ကိုကြီး ဘယ်လိုပြောလိုက်တာလဲ..အားမ
လျှော့ပါနဲ့ ဒီခေတ်မှာဆေးပညာတွေကအံ့
မခန်းပါ.ကိုကြီးရောဂါကိုကုသနိုင်ပါတယ်''
"ငါ့ကိုယ်ငါသိပါတယ်....ဒါကြောင့်သမီးလေး
အတွက်အမြဲစိတ်ပူတယ်..အကယ်၍ငါမရှိရင်
လောကကြီးထဲမှာသူမတစ်ယောက်ထဲ
ကျန်ခဲ့မှာ..''
"ဒါကြောင့်ကိုကြီးကအသက်ရှည်ရှည်နေမှပေါ့..''
"အင်း...''
...
"ကိုကြီး ကျွန်မကအခုလိုပြောရင်တစ်မျိုးဖြစ်
မလား မသိပေမယ့်.. ပျိုလေးကိုလေကျွန်မ....''
ဟင်...
"ဒီလိုပါ ကိုကြီးရယ်..
********
သက်လျာ လည်းအားနာပေမယ့်..မတတ်သာ၍သားတော်မောင်အတွက်
သမီးတောင်းခန်းဖွင့်ရတော့သည်။
ဒါပေမယ့်..သားအကြောင်းအကုန်တော့မပြောပြရဲပါ..
ချိုရယ် နင်များကြည့်နေမယ်ဆို..ငါ့ကိုအတ္တ
ကြီးတဲ့မိန်းမလို့ နင်ထင်မှာပေါ့နော်..
ငါကသားကိုလည်းချစ်တယ်..သမီးကိုလည်း
ချစ်တယ်..
သူတို့၂ယောက်တခြားလက်တွဲဖော်အသီး
သီးရှာပြီး သွားကြမှာကိုမလိုလားဘူး..
နှစ်ယောက်ပေါင်းဖက်ပြီး ငါ့မျက်စိရှေ့မှာ
ငါ့သားငါ့သမီးအဖြစ်နဲ့ မြင်သွားချင်တဲ့ ဆန္ဒ
ပါချို..
========================
မီးပူတိုက်ပြီးသား ဘရဲ့အဝတ်တွေကိုဗီဒိုထဲ
ကိုအစီအရီထည့်နေသည်။ အိမ်မှာလုံလုံရှိပေ
မယ့်..ပျိုက အနားမနေပါ..အားရင်အားသလို
အမြဲတမ်း အလုပ်တစ်ခုလုပ်နေတတ်တာပဲ..
ဘက သူ့တူမကိုငေးကြည့်နေသည်။
"ဘဘာတွေတွေးနေတာလဲ သမီးကိုပြောစရာရှိလို့လား..''
"တစ်သွေးတစ်မွေးနဲ့ဒီလိုလှလှပပငါ့သမီးက
စိတ်ဝင်စားတဲ့လူတစ်ယောက်တစ်လေတောင်မရှိတော့..ညည်းနောင်ရေးအတွက်
တွေးပူနေရတာပေါ့..''
"ဟာ..ဘကလည်း..
ပျို အပူတွေမရှာချင်ပါဘူး..မရှိတော့ကော
ဘာဖြစ်လဲ..''
"အရှက်ပြေပြောမနေပါနဲ့..ညည်းငယ်ငယ်
ရွယ်ရွယ်နဲ့ ခင်အေးဟန်ပုံဖမ်းနေမှတော့
ဘယ် သကောင့်သားကလာကြိုက်မှာတုန်း...''
"ဘနော်..ဒါဆိုဘကြဘာလို့မယူလဲ..အန်တီ
သန်းကြည်နဲ့တုန်းကပျိုသဘောတူသားပဲကို..''
"ဘ ကမယူခဲ့ပေမယ့်..ညည်းကတော့မိန်းကလေးလေ.. ညည်းအတွက်မားမားမတ်မတ်
ရပ်တည်နိုင်မယ့်.. အရိပ်အမိုးပေးနိုင်မယ့်..
ဘဝလက်တွဲဖော်လိုတယ်..''
"ဟင့်အင်း.. ဘရယ်သမီးရယ်..တူဝရီး၂ယောက်ဒီလိုပဲနေသွားကြရင်လည်းဖြစ်တာပဲ..မလိုပါဘူး.''
"ဟေ့ ကလေးမညည်းကဘယ်သူ့ကိုမျိုးဆက်
ပျက်စေချင်လို့လဲ..''
"ဟာ..ဒါဆိုဘ ပျို့ကိုပြုစုပျိုးထောင်လာတာ
မျိုးဆက်ပျက်မှာဆိုးလို့လား..''
"ဟုတ်တာပေါ့.. ဆရာဇော်ဂျီတောင်ဒီလို
ကဗျာရေးခဲ့တယ်လေ.''
ဘက သင်သေသွားသော်..ကဗျာကိုကာရန်
မညီစွာရွတ်ပြသည်။
ပျိုက တခစ်ခစ်ရယ်ပြီး..
"ဘ ဆရာဇော်ဂျီက..ဇာတိမြေ၊ဘာသာစကား
နဲ့ ဘုရားကျောင်းကန်တွေကိုပဲ တိုးပွားအောင်
လုပ်ခိုင်းတာပါ. အိမ်ထောင်ပြုပါကလေးမွေး
ပါလို့မပြောပါဘူး..ဘရယ်''
"ဟေ့ ကလေးမ..နောင်လာနောင်သားမျိုး
ဆက်တွေမှမရှိရင်..ဒါတွေကိုဘယ်သူတွေ
ကလာစောင့်ရှောက်မှာလဲ..''
အင်း ဒီလိုဆိုတော့လည်း ဟုတ်သလိုလိုပဲ..
"ဒါပေမယ့် ဘရယ် ပျိုတစ်ယောက်လေး
အိမ်ထောင်မပြုယုံနဲ့ သမိုင်းရဲ့တရားခံတော့
ဖြစ်မသွားပါဘူး..''
ကြည့်.. ဒီကလေးမကိုကွေ့ဝိုက်ပြောနေလို့
မဖြစ်တော့ဘူး..
"ဒါနဲ့..ဒီနေ့သက်လျာ လာသွားတယ်သိလား..''
"ဟုတ်လား.. အန်တီသက်နဲ့မေမေကတော်
တော်ရင်းနှီးတယ်ထင်တယ်နော်..
ဘကိုကော..ပျိုကိုကော..အရမ်းဂရုစိုက်တယ်..''
"အင်း.. သမီး.. သက်လျာကိုမိဘလိုသဘောထားနိုင်မလား..''
"ရှင်...''
"တကယ်တော့ အသက်ကမနက်ကဘဆီမှာ
သမီးလေးကိုလာတောင်းရမ်းချင်လို့တဲ့.''
"ရှင်..''
"သက်လျာရဲ့သားကိုသမီးမြင်ဖူးသားပဲမို့လား..
ဘကတော့ သမီးဆန္ဒကိုမေးကြည့်အုံးမယ်
လို့ပြောလိုက်တယ်..
.ဒါပေမယ့်..ဘကလွဲရင်ဆွေမရှိမျိုးမရှိတဲ့သမီး
အတွက် သက်လျာတို့ဆီပေးလိုက်မယ်ဆို
ဘ တော့စိတ်ချရပြီပေါ့..''
"ဘက ပျို့ကိုခွဲနိုင်လို့လားဟင်..
ပျိုမရှိရင်ဘ တစ်ယောက်ထဲဘယ်လိုနေမှာလဲ..''
"ကလေးမရဲ့ ညည်းမှမရှိရင် ငါ့မှာလုပ်စရာ
အလုပ်မရှိတော့ဘူး ထင်နေလား...''
ဟင်း.. ဘက ပျို့ကိုအဝေးနှင်ချင်နေသလိုပဲ။
ဟိုတစ်လောက ဘရဲ့ငယ်ချစ်ဦးစိမ့်ဆိုတဲ့အမျိုးသမီးနဲ့ပြန်ဆုံကြတယ်တဲ့..
ပျို့ကြောင့် သူတို့လက်မထပ်ဖြစ်ကြတာလို့
ဖွားထွေးကပြောခဲ့ဘူးတာ..
အခုထိအဲ့ဒီ အန်တီကလည်းအပျိုကြီးပဲတဲ့..
ဧကန်န...ဘများဒီအရွယ်ကြမှအိမ်ထောင်တွေ
ဘာတွေပြုချင်လို့လား..
ဆေးပေးမီးယူဆိုပြီး...
အေးလေ ငါရှိတော့ကောဘာများအသုံးကြ
မှာလည်း..ငါကဘအတွက်ချီးထုတ်ပဲကို..
===========================
သက်လျာကပဲတစ်ထစ်လျော့ကာ..ကိုယ်တော်ချောရဲ့ ဆန္ဒအတိုင်းပါလို့ခေါင်းညိတ်
လိုက်တော့..စေ့စပ်ကြသည်။
ဒါတောင်.. ဟိုသတ္တဝါလေးက..
"ဒါဆို..မာမီ့အကြွေး သုံးပုံတစ်ပုံကြေပြီနော်''
တဲ့...
ဘကလည်း သူ့ရောဂါကိုပျိုမသိစေချင်..
သက် မှာလဲလောစရာအကြောင်းတွေက
ရှိနေတော့..
မင်္ဂလာဆောင်ရက်ကို မြန်မြန်ပဲရွေးပြစ်လိုက်
သည်။
သတိုးသား၊သတို့သမီးဝတ်စုံရယ်၊လက်ထပ်
လက်စွပ်တိုင်းဖို့ရယ်.. သူကပျို့ကိုလာခေါ်ပါ
သည်။
ပျို့ အိမ်ထဲထိဝင်မလာပါ..ခြံရှေ့ကနေပဲဟွန်း
သံပေးပြီး ရပ်စောင့်နေလေ၏...
ပျိုကဗေဒါရောင်ပါတိတ်ဝမ်းဆက်နဲ့ ကျစ်ဆံမြီးတစ်ချောင်းထဲကျစ်ပြီး ကျောမှာချထား
သည်။ အမြဲတမ်း ကတ္တီပါဖိနပ်ကိုပဲရောင်စုံ
စီးတတ်သည်။
ပိုက်ဆံအိပ်ပြားလေးကိုင်ပြီး အိမ်ထဲကထွက်
လာသည်။
ခြံရှေ့မှာ ခြင်းကကားပေါ်ကဆင်းပြီး ကား
ဘောနက်ပေါ်ထိုင်ကာဆေးလိပ်သောက်
နေသည်။
ဘောင်းဘီအနက်နဲ့ အကျီကအနက်ပေါ်မှာ
အနီစင်းတွေနဲ့ အနက်ဖက်ကိုများကို တစ်ကိုယ်လုံးနက်စွေးနေပေမယ့်.. သူ့အသားအ
ရောင်က ပိုပြီးပေါ်လွင်စေသည်။ဒီယောက်ျားကချောတာတော့အမှန်ပဲ..
မကောင်းတာကတော့အကျင့်..
ကြည့်လေသောက်လက်စစီးကရက်ကို ပစ်စလက်ခလမ်းပေါ်ကိုပစ်လိုက်ပြန်ပြီ.. ..
ထွက်လာတဲ့ပျိုကို တစ်ကိုယ်လုံးစောင်းငဲ့ကြည့်ပြီးမှ..
"ဘာပုံမှန်းကိုမသိဘူး..'' တဲ့..
ကိုယ့်ကိုယ်ကိုယ်ပုံတုံးမှန်းတော့သိပေမယ့်..
လက်ထပ်ရမယ့် လူတစ်ယောက်ဆီကနေ
ဒါမျိုးကြားရတာတော့..ပျိုဝမ်းနည်းမိသည်။
"တတ်လေ..''
ပျိုကကားနောက်ခန်းကိုပဲဖွင့်ပြီးတတ်ရန်ပြင်
နေတော့..
"ငါကမင်းရဲ့ ဒရိုင်ဘာလား..''
ပျိုဘာမှပြန်မဖြေပဲ ရှေ့ခန်းတံခါးကိုပဲဖွင့်တတ်ခဲ့သည်။
ရလိုက်တဲ့ ရေမွှေးနံ့ကခပ်ပြင်းပြင်း..
ယောက်ျားလေးဖြစ်ပြီး အဲ့လောက်တောင်
အမွေးနံ့သာကြိုက်ရလား..
ဒါနဲ့ ဒီရနံ့မျိူး ဘယ်မှာရဘူးမှန်းမသိပါ...ဇဝေဇဝါမို့
ပျိုကသူ့ဘက်လှည့်ပြီးအကြည့်မှာ..
သူကလည်းပျို့ကိုကြည့်တာနဲ့အကြည့်ချင်း
သွားဆုံသည်။
ပျိုကဖြတ်ခနဲခေါင်းပြန်လှည့်သွားသည်။
ဘာလဲဟ ဒီမိန်းမ..
"ဘယ်ကိုအရင်သွားမှာလဲ..''
"ရှင်ကြိုက်တဲ့နေရာသွားပါ..''
"တနေ့ထဲ ကိစ္စအားလုံးပြီးအောင်လုပ်မယ်.
..နောက်နေ့မအားဘူး..
သွားရမယ့်နေရာ စာရင်းပြော..''
ကြည့်..ဘယ်လိုလူ့ဂွစာမှန်းမသိဘူး..
ဒီလောက်အလုပ်များတဲ့ကိစ္စကိုတစ်နေ့ထဲအပြီးဘယ်လိုစီစဉ်ရမလဲ...
ဝတ်စုံတိုင်းဖို့aromaကိုသွားတော့..အဲ့က
ကောင်မလေးတွေကသူတို့၂ယောက်ဝင်လာ
တာကိုကြည့်ပြီး တီးတိုးပြောနေကြသည်။
"ခြင်း.. ခြင်းပဲ..အပြင်မှာပိုချောတယ်နော်..''
"ဟဲ့ သူ့ဘေးနားကမိန်းမကဘာလဲ..
သူ့အမေလားအမလား..''
"မင်္ဂလာဝတ်စုံလာတိုင်းတာပါဆိုမှ.. သူ့ဇနီး
လောင်းပဲနေမှာပေါ့ဟ..''
"ဒီအဆင်နဲ့ ဒီအဆင်...
ဒီဆိုက်နဲ့ ဒီဂိုက်ကြီးကိုလား..''
"အေးလေဟယ်..နှမြောစရာပဲ..ငါ့ခရက်ကြီးဟ''
သေလိုက်တော့..
"သူ့လေဒီလည်းချောပါတယ်ဟဝတ်ပုံစားပုံကြောင့်ပါ.. မျက်နှာကနုဖတ်ပြီး ဘော်ဒီက
လည်းမိုက်တယ်..''
ဝင်ပြောတဲ့လူတစ်ယောက်ဆီသို့ မျက်စောင်း
တွေကတစ်ဒိုင်းဒိုင်းလွှတ်ကြလေသည်။
ဘာလဲဟ နဂါးမတွေလား..
..................
ပိုဆိုးတာက လက်စွပ်သွားတိုင်းတဲ့နေရာ
ဖြစ်သည်။
Diamond Place.. ပျို့အနေနဲ့ဆိုဒီလောက်
ဆိုင်ကြီးအထိမလာချင်ပါ..
အန်တီသက်ကကြိုစီစဉ်ပြီးသွားလိုက်ပါဆိုလို့
သာ...
လက်စွပ်တိုင်းပြီးလို့ပြန်အထွက်မှာ..
အင့် အို..
ပျို့ ကိုအရှိန်ခပ်ပြင်းပြင်းဝင်တိုက်လိုက်တဲ့
မိန်းကလေးကြောင့်.. ပျိုထိုင်ရက်ပင်လဲကျ
သွားသည်။
"ဪ အန်တီ  ...အန်တီ ရရဲ့လား..''
ကောင်မလေးကအသက်၂၀ဝန်းကျင်လောက်
ရှိအုုံးမယ်။.ပျို့ထက်၅နှစ်လောက်ပဲငယ်မှာကို..
"မင်း ရရဲ့လား.. ''
ခြင်းကသူ့ကိုထူပေးဖို့လက်လှမ်းတာကို
ထိုမိန်းကလေးကသူ့လက်ကိုဖျက်ခနဲဆွဲယူ
ကာ..
"ကိုကို.. ဟုတ်သားပဲ.. တကယ်ကိုကိုပဲ..
တူလိုက်တာဆိုပြီးပြေးလာတာ..
အချစ်လေ.. အချစ်ကိုမေ့နေပြီလား..''
အချစ်ဦး.တို့ကလုပ်ချလိုက်ပြန်ပြီ.. သူ့နာမည်
ကိုကအချစ်ပဲ..သူ့ရည်းစားစာရင်းဝင်ထဲက
တစ်ယောက်ဖြစ်တဲ့အပြင်
.. အချစ်ကသူ့လိုပဲချမ်းသာသည်။
တစ်ဦးတည်းသောသမီးမို့သူ့လိုပဲနေရာတ
ကာမှာဆ်ိုးလွန်းသည်။
အခုလည်းတမင်လာလုပ်တာ..
...
ပျိုကသူ့ကိုဘယ်သူမှမထူပေးတော့လည်း
ကိုယ့်ဟာကိုယ်ကျုံးထသည်။
ခါးထဲကတော့အတော်နာသွားသည်။
"ဟင် ဒါက ကိုကို့ဒေါ်လေးလား..
အန်တီ ကန်တော့ ကန်တော့နော်
အချစ်ကကိုကို့နောက်ပြေးလိုက်လာတာ
မမြင်လိုက်လို့''
"အချစ်...''
"ကိုကို..ဒီမှာကြုံတုန်းအချစ်အတွက်ပစ္စည်း
လေးလိုက်ရွေးပေးပါလား..အန်တီ ကိုကို့ကို
ခနခေါ်သွားမယ်နော်..''
"အချစ်..မင်း..''
"လာပါ ကိုကိုရဲ့..''
သူ့ကိုအတင်းဆွဲခေါ်သွားသည်။
ပျို.. ရပ်ကျန်ခဲ့ရင်း..
ပြီးမှသတိဝင်ကာ ဆိုင်ပြင်သို့ပြေးထွက်လာ
သည်။ နောက်ကမိန်းကလေးတစ်သ်ိုက်ရဲ့ရီသံခပ်သဲ့သဲ့ကြားရသည်။
ပျို.. ပျို..ရှက်လိုက်တာ
"အချစ်ဦး...မင်း ဘောင်ကျော်သွားပြီ..''
"ကိုကိုဒေါသထွက်သွားတာလား..
အဟက်.. မျက်နှာတွေပါနီလာပြီကြည့်စမ်း..''
"မင်း ဘယ်လိုမိန်းကလေးလဲ..''
"ဟိုလေဒီကြီးလို ကျောက်ခေတ်အကြွင်းအ
ကျန်ကြီးမဟုတ်တဲ့ ၂၁ရာစုသမီးပျိုလေ..''
"တောက်. "
"ဘာလို့ဒီလောက်ဒေါသထွက်နေတာလဲ..
အရင်ကဆိုကိုကိုအဲ့လိုအန်းတိတ်တွေနဲ့
မတွဲပါဘူး
မဟုတ်မှလွဲရော..အဲ့ဒီအန်တီမမကိုမှပစ်ကြွေ
သွားပြီလို့မပြောနဲ့နော်..ဒီမှာလဲသေသွား
မယ့်လူတွေ ရှိတယ်..''
"အချစ်ဦး..နေရာတကာကလေးကလားမလုပ်စမ်းနဲ့..မင်းဒီနေ့လုပ်ရပ်ကိုငါခွင့်မလွှတ်ဘူး..''
"ကိုကို ဘာလို့ဒီလောက်ဖြစ်နေတာ..အဲ့မိန်းမ
ဒီလောက်အရေးပါနေလား....''
"ပါတယ်.. သူကငါ့ရဲ့..''
ဇနီးလောင်းလို့ပြောဖို့ကို.. ပျိုကပြေးထွက်သွားတော့..ဆက်မပြောနိုင်ပဲနောက်ကပြေးလိုက်သည်။
ခြင်းကျောပြင်ကိုငေးကြည့်ရင်းကျန်ခဲ့တဲ့အချစ်ဦး.. လူတွေအလယ်မှာပင်ထိုင်ချလိုက်သည်။
"ဟဲ့ အချစ်.. သတိထားပါအုံး..လူတွေနဲ့ကို
ဘာဖြစ်နေတာလဲ..''
အစကထဲကအတူလာတဲ့သူ့သူငယ်ချင်းမ
တွေသူ့နားရောက်လာသည်။
"ငါ ကိုကို့ကိုဒီလိုလုပ်တာ ဒါပထမဦးဆုံးမှ
မဟုတ်တာ.. ငါနဲ့တွေ့တဲ့မိန်းမတွေအကုန်
ငါအရှက်ခွဲခဲ့တာပဲ.. ဒါတောင်ကိုကိုက မျက်နှာတစ်ချက်မပျက်ခဲ့ဖူးပဲနဲ့..
ဒီတစ်ယောက်ကြမှ.. ငါ့ကိုဒေါသထွက်တယ်..
ခွင့်မလွတ်ဘူးတဲ့..
ပြီးတော့.. အဲ့မိန်းမကသူ့အတွက်အရေးပါတယ်တဲ့.."
"အချစ်ရယ်.. နင်ကလည်းဒီလောက်အဖြစ်
သည်းမနေပါနဲ့..သူနဲ့အတူတူတွဲတွေ့တိုင်း
သူ့ရည်းစားလို့မထင်နဲ့လေ.. သူ့မိသားစု
ထဲကတစ်ယောက်လဲဖြစ်ချင်ဖြစ်ချင်မှာပေါ့..
ဒါကြောင့် နင့်ကိုတင်းသွားတာ..နင်တောင်
သူ့မိသားစုအကြောင်းလုံးဝမသိဘူးမှတ်လား.. သူ့အမတွေဘာတွေဖြစ်ချင်ဖြစ်မှာပေါ့..''
အင်..
ဒီလိုဆိုတော့လည်း..ဖြစ်နိုင်သားပဲ..
ကိုကိုကသူ့အသိုင်းအဝိုင်းအကြောင်းတစ်ခါမှ
မပြောဘူး.. ဘယ်လိုပဲစုံစမ်းစုံစမ်း မရခဲ့ဘူး..
ဒါဆို ခုနကတစ်ယောက်က ယောင်းမလောင်းကြီးများလား။
"ပျို.. ကညှာပျို.. ''
ဟာကျစ်..
သူ့ဘဝမှာ မိန်းမတစ်ယောက်နောက်ကိုပြေးလိုက်ဖူးတာရှိရင် ဒါပထမဦးဆုံးပဲ။
ပျိုကတော့ သူခေါ်ထာလဲမကြားနိုင်တော့ဘူး
အရှက်စိတ်နဲ့ ပူထူပြီး..အပြင်ကကားတစ်စီး
ကိုတားကာတတ်သွားသည်။
>>>>
Continue Reading
You'll Also Like
2.9K 112 7
I think ,love is life.
750K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
387K 12.9K 35
"ကျွန်တော်ငယ်ငယ်ထဲက သူ့ကို၀ယ်မယ်ပြောထားတာ အခုရောင်း" 'ဒိတ်ဒိတ်ကြဲ' "မောင်လေးတစ်ယောက်လို စဉ်းစားတိုင်း သူ့ဗလကြီးနဲ့ six pac...