ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

153

7.2K 1.1K 48
By Kiyoiko__

{Unicode}

"နားလည်မှု လွဲနေခြင်း"

ရန်ကျားလိမှာ ခဏတာ ကြောင်အသွား၍ တုံ့ပြန်လာနိုင်ခြင်း မရှိပေ။

ယဲ့ထင်သည် သူ၏ အံ့သြစွာဖြင့် မျက်လုံးပြူးနေသည့် ပုံစံကိုကြည့်ကာ ထိန်းမထားနိုင်စွာ လက်ကိုဆန့်ထုတ်လျက် ရန်ကျားလိ မျက်နှာကို ညှစ်လာသည်။

ရန်ကျားလိက အသိပြန်ကပ်လာပြီး ယဲ့ထင်၏ လက်ဖဝါးကို ဖယ်ခွာလိုက်ကာ

"အိမ်ပြောင်းမယ် ဆိုတာက ဘာအဓိပ္ပါယ်လဲ"

"ကိုယ့်အမေရဲ့ တည်ရှိနေမှုကြောင့် မင်း မသက်မသာ ဖြစ်တယ်လို့ ခံစားရတယ်ဆိုရင် ကိုယ်တို့ တခြားနေရာကို ရှာပြီး ပြောင်းနေကြတာပေါ့။ ကိုယ်တို့ နှစ်ယောက်တည်း"

ရန်ကျားလိတစ်ယောက် မျက်ခုံးပင့်သွားပြီး အနည်းငယ် ရင်ခုန်သွားသလိုပါပင်။

သို့သော်လည်း သူဟာ ခေါင်းငုံ့လျက် စဥ်းစားနေပြီး နောက်ဆုံးတွင် ခေါင်းယမ်းလိုက်စမြဲဖြစ်ကာ

"ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် မင်းအမေကလည်း မကြာခင် ပြန်သွားတော့မှာပဲကို။ တစ်ပတ်နှစ်ပတ်လောက်လေးပဲဟာ၊ သည်းခံလိုက်ရင် ပြီးသွားမှာပါပဲ။ ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောင်းရွေ့နေတာကတော့ နည်းနည်း အလုပ်ရှုပ်လိမ့်မယ်"

သို့သော် ယဲ့ထင်က ရုတ်တရက် စိတ်အားထက်သန်သွားပြီး ပေါ်ပေါ်ထင်ထင် တစ်မျိုး သိုသိုဝှက်ဝှက် တစ်ဖုံနှင့် အိမ်ပြောင်းရွှေ့ရန် ရန်ကျားလိအား တိုက်တွန်း ဖျောင်းဖြနေတော့သည်။

ရန်ကျားလိသည် မူလကတော့ အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်ငြား ယဲ့ထင်ထံမှ ထိုမျှ တိုက်တွန်းခံလိုက်ရပြီး အိမ်ထဲတွင် ဖန်လင့်ယီက သူ့အပေါ် လျစ်လျူရှုတတ်သော သဘောထားနှင့် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ သူ့အား မသက်မသာ ဖြစ်စေတတ်သည့် အပြုအမူလေးများကို တွေးမိသောအခါ ရန်ကျားလိ၏ ဦးခေါင်းက နောက်ကျိလာပြီး ခေါင်းမော့လျက် မေးသည်။

".....တကယ် ပြောင်းရမှာလား"

ယဲ့ထင်သည် ရန်ကျားလိအား ဒွိဟဖြစ်နေဖို့ရန် အခွင့်အရေး ထပ်မပေးတော့ဘဲ ချက်ချင်းဆိုသလို လက်ခုပ်တီးလိုက်ကာ

"ခဏနေကျရင် ကိုယ့်လူတွေကို စံအိမ်ဆီ ပြန်ပြီး မင်းပစ္စည်းတွေ သိမ်းဆည်းပေးဖို့ လွှတ်လိုက်မယ်။ ကိုယ်တို့ ဒီညပဲ ပြောင်းကြတာပေါ့"

ထိုနေ့ ညနေခင်းတွင် ယဲ့ထင် အလုပ်မှ ဆင်းပြီးနောက် ရန်ကျားလိအား တခြားသော စံအိမ်ဆီသို့ ခေါ်သွားလိုက်သည်။

ထိုစံအိမ်သည် ယဲ့ထင်၏ ကုမ္ပဏီ အနီးအနားတွင်ရှိပြီး လွန်စွာ ကောင်းမွန်အောင် ပြင်ဆင် မွမ်းမံထားသည်။ အိမ်ထဲတွင် ပရိဘောဂများလည်း အပြည့်အစုံရှိပြီး အားလုံးမှာ အသစ်စက်စက်များသာ ဖြစ်သည်။ ကြမ်းပြင်ပေါ်ရှိ ဖုန်မှုန့်လွှာကို ကြည့်ရသည်မှာတော့ အချိန်အတော်ကြာ လူမနေခဲ့တာ ဖြစ်လောက်မည်။

ရန်ကျားလိသည် အခန်းထဲ ဝင်လာပြီး တစ်ပတ်လှည့်ကြည့်လိုက်ကာ မျက်ခုံးပင့်လျက် မေးသည်။

"ဒီစံအိမ်ကလည်း မင်းဟာပဲ?"

ယဲ့ထင်က ခေါင်းညိတ်ပြီး

"တရုတ်ပြည်ကို ပြန်ရောက်ရောက်ချင်းတုန်းက အဆင်ပြေအောင်လို့ ကုမ္ပဏီနားမှာ အိမ်တစ်လုံး ဝယ်ထားတာ"

ရန်ကျားလိက သံသယနှင့်

"ငါကဘာလို့ ဘယ်တုန်းကမှ မသိခဲ့ရတာလဲ"

ယဲ့ထင်သည် ဆိုဖာပေါ် ကာစီးထားသည့် ဖုန်မှုန့်လွှာကို ဖယ်ချလိုက်ပြီးနောက် ရှင်းပြပြောဆိုသည်။

"အနေနည်းလို့ မင်းနဲ့ မပြောဖြစ်တာပါ"

ရန်ကျားလိက စိတ်တိုသွားပြီး ဒေါသလည်းထွက် ရယ်လည်းရယ်ရင်း ဆိုဖာပေါ် ခြေချိတ်ထိုင်လိုက်ကာ

"မင်း တရုတ်ပြည်ကို ပြန်လာတာကနေ အခုထိဆို တစ်နှစ်တောင် ပြည့်တော့မယ်။ အပြင်မှာ နောက်ထပ် ခွေးအိမ်တစ်လုံး ရှိသေးတာကို ငါက အခုမှ သိရတယ်။ အဲ့လိုဆို မဖြစ်တော့ဘူးနော်"

ယဲ့ထင်က သူ့ကိုမေးသည်။

"ဘယ်လိုမဖြစ်တာလဲ"

ရန်ကျားလိက ခေါင်းမော့လာပြီး စနောက်ခြင်းတစ်ဝက် အတည်တစ်ဝက်နှင့်

"ငါကမင်းရဲ့ အဓိကကျတဲ့ အချက်အလက်လေးတွေတောင် မသိဘူး။ တကယ်လို့ တစ်ချိန်ချိန်မှာ မင်းက စိတ်ပြောင်းသွားပြီး ကလိမ်ကကျစ်နဲ့ အပြင်မှာ ကောင်လေးငယ်ငယ်လေးတွေကို ထောက်ပံ့ပြီး ဇိမ်ခံအိမ်ကြီးထဲမှာ စံစားနေမယ်ဆိုရင် ငါက ဘာမှမသိနိုင်တော့ဘဲ နေမှာပေါ့"

ယဲ့ထင်တစ်ယောက် ပြုံးသွားရသည်။

သူသည် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ရင်း နံဘေးမှ သော့ကိုယူလိုက်ကာ ရန်ကျားလိ လက်ဖဝါးထဲ ထည့်ပေးလိုက်ပြီး ရန်ကျားလိ နှုတ်ခမ်းထက် နမ်းရှုံ့လျက် ဆိုသည်။

"စိတ်ချပါ၊ ဒီအိမ်နှစ်လုံးက လွဲရင် တခြား မရှိတော့ပါဘူး။ ကိုယ်လည်း တခြားတစ်ယောက်ကို ထောက်ပံ့တာမျိုး မရှိနိုင်တော့ဘူး။ သိုးတစ်ကောင်နဲ့တင် ကိုယ့်တစ်ဘဝစာ မွေးမြူဖို့ လုံလောက်နေပြီမို့လေ"

ရန်ကျားလိသည် လက်ထဲမှ သော့ကို ဝှေ့ယမ်းလိုက်ပြီး ထိုအခါမှသာ စိတ်ချသွားတော့သည်။

ယဲ့ထင်သည် ရန်ကျားလိကို ခေါ်ကာ စံအိမ်ထဲ တစ်ပတ် လျှောက်ပတ်လိုက်သည်။

ရန်ကျားလိ ဤနေရာအား ရင်းနှီးကျွမ်းဝင်လာကာမှ ယဲ့ထင်က ကုတ်အင်္ကျီကို ထပ်ဝတ်ရင်း ပြောလာသည်။

"ပေါင်ပေါင်း၊ မင်းအရင် ဒီမှာ စောင့်နေနှင့်ဦး။ ကိုယ်အရင် ဟိုစံအိမ်ကို ပြန်လိုက်ဦးမယ်။ မင်းရဲ့ ပစ္စည်းတွေ ဒီကို ယူလာလို့ ရအောင်လို့"

ရန်ကျားလိက မေးသည်။

"ငါ တကယ်ကြီး ပြန်စရာ မလိုတော့တာလား။ တကယ်ကြီး ဒီမှာပဲ နေလိုက်လို့ရတာလား"

ယဲ့ထင်က သေသေချာချာ ခေါင်းညိတ်ပြပြီး ရန်ကျားလိ၏ ခေါင်းကို ပွတ်လိုက်ကာ

"ဒီမှာ ပရိဘောဂတွေလည်း စုံပြီးသားပဲ။ ကိုယ် အိမ်ပြန်ပြီး ခွေးနဲ့ကြောင်ရယ်၊ နောက်ထပ် အရေးကြီးတဲ့ ပစ္စည်းတစ်ချို့ ယူလာလိုက်ရင် ရပါပြီ။ မင်း စိတ်အေးလက်အေးနဲ့သာ နေခဲ့ပါ၊ ကိုယ်လည်း ခဏနေဆို ပြန်လာမှာ"

ယဲ့ထင်သည် ကားမောင်းကာ မူလက နေခဲ့သည့် နေရာသို့ ပြန်သွားသည်။

ဖန်လင့်ယီသည် ဧည့်ခန်းထဲတွင် ထိုင်နေရင်း အဒေါ် လေးငါးယောက်နှင့် စကားပြောနေသည်။

ယဲ့ထင် ပြန်လာသည်ကို မြင်သောအခါ ဖန်လင့်ယီက ခေါင်းညိတ်လိုက်ပြီး အကျင့်ဖြစ်နေသလိုမျိုး ယဲ့ထင်၏ အနောက်ကို ကြည့်လိုက်သောအခါ လူမရှိသည်ကို တွေ့လိုက်ရသည်။

ဖန်လင့်ယီက မေးသည်။

"ဒီနေ့ ရန်ကျားလိက ဘာလို့ မင်းနဲ့အတူတူ ပြန်မလိုက်လာတာလဲ"

ယဲ့ထင်သည် အိမ်ထဲသို့ ဝင်လာပြီးကတည်းက သူ့မျက်နှာမှာ ရုတ်တရက်ဆန်စွာ အနည်းငယ် အကြည့်ရဆိုးသွားသည်။ ဖန်လင့်ယီက ထိုသို့ မေးလိုက်သောအခါ သူ့အကြည့်က ပိုလို့ပင် ဆိုးဝါးသွားပြီး မည်သို့သော စကားမှ ပြန်မဖြေဘဲ မျက်မှောင်ကြုတ်သွားသည်။ မျက်ခုံးတန်းကြားတွင် အေးခဲသော ရေခဲအလွှာတစ်ခု ရှိနေသလိုပင်။

ဖန်လင့်ယီသည် ယနေ့ ယဲ့ထင်၏ အပြုအမူမှာ အနည်းငယ် မူမမှန်နေဘူးဟု ခံစားလိုက်ရသည်။

သူမ ဆက်မေးရန် ကြံရွယ်နေတုန်း ရုတ်တရက် အပြင်မှ လူလေးငါးယောက် ပေါ်လာပြီး ယဲ့ထင်ထံသို့ ခေါင်းညိတ်ပြလျက် စကားဆိုသည်။

"လူကြီးမင်းယဲ့၊ ကျွန်တော်တို့က လူကြီးမင်းရန်ရဲ့ ပစ္စည်းတွေကို ကူရွှေ့ပေးဖို့ပါ"

ယဲ့ထင်သည် ထိုစကားကို ကြားသည်နှင့် အေးစက်သော လှောင်ရယ်သံ တစ်ချက် ထွက်လာသည်။

သူသည် ထောင့်စွန်းတွင် စုပုံထားသော ပုံးလေးများကို လက်ညှိုးညွှန်ပြပြီး အေးစက်သော မျက်လုံးများဖြင့် ​ဆိုလာလေသည်။

"အားလုံး အဲ့မှာချည်းပဲ၊ ရွှေ့လိုက်။ သူ့ရဲ့ပစ္စည်းတွေ အားလုံးကို ရွှေ့သွားလိုက်ကြ၊ တစ်ခုတောင် မကျန်ခဲ့စေနဲ့"

ထိုလူများက တုံ့ပြန်သံ ပြုလိုက်ပြီး ထောင့်တွင်ရှိနေသော ပုံးများအား အပြင်ဘက်သို့ ရွှေ့လိုက်ကြသည်။

ဖန်လင့်ယီသည် ထိုအခိုက်တွင် လုံးဝ သည်းမခံနိုင်တော့ဘဲ ယဲ့ထင်နံဘေး ဝင်ထိုင်လိုက်ကာ ဂရုစိုက်စွာနှင့် မေးလာသည်။

"ယဲ့ထင်၊ မင်းဘယ်လိုလုပ် သူတို့တွေကို ရန်ကျားလိရဲ့ ပစ္စည်းတွေ အားလုံး ရွှေ့ခိုင်းနေရတာလဲ။ မင်း ဒါက....."

ယဲ့ထင်သည် အကြင်နာ ကင်းစွာဖြင့် ဖုန်းကိုသာ ကြည့်နေပြီး စကားမပြောပေ။

ဖန်လင့်ယီ စိတ်ထဲတစ်ချက် ခုန်လှုပ်သွားပြီး စူးစမ်းသလို မေးလိုက်သည်။

".....မင်းတို့၊ ရန်ဖြစ်ထားကြတာလား"

ယဲ့ထင်သည် သူမအား အေးစက်စက်နှင့် တစ်ချက် ကြည့်လိုက်ပြီး ဟုတ်သည်လည်း မဆို မဟုတ်ဘူးလည်း မငြင်းဘဲ မတ်တတ်ထကာ စာကြည့်ခန်းထဲ သွားလိုက်သည်။ တံခါးပိတ်သည့် အချိန်၌သာ အထူးတလည် အားသုံးပိတ်လိုက်၍ အသံက အတော် ကျယ်သွားသည်။

ဖန်လင့်ယီသည် ဧည့်ခန်းထဲ ရပ်နေပြီး စာကြည့်ခန်း လားရာဘက်သို့ လှမ်းကြည့်နေရင်း အတန်ကြာမှ အကြည့်များကို ရုတ်သိမ်းလိုက်ကာ သူ့ဘာသာသူ ပြုံးနေတော့သည်။

ညစာစားချိန် ရောက်သောအခါ ယဲ့ထင်သည် စာကြည့်ခန်းထဲမှ ထွက်လာပြီး တံခါးဝသို့ လျှောက်သွားကာ ဖိနပ်စီးလိုက်သည်။

ဖန်လင့်ယီက အဒေါ်တစ်ယောက်ကို ညစာနေရာချဖို့ရန် ညွှန်ကြားနေချိန်ဖြစ်ပြီး ယဲ့ထင် ထွက်သွားတော့မည်ကို မြင်သောအခါ ကမန်းကတန်း ခေါ်ဆို ရပ်တန့်စေလိုက်ပြီး

"ဒီအချိန်ကျမှ ဘယ်သွားမလို့လဲ။ အိမ်မှာ မစားတော့ဘူးလား"

ယဲ့ထင်သည် မထူးခြားစွာနှင့် အင်းဟုအသံပြုကာ

"ကိစ္စရှိသေးလို့"

ဖန်လင့်ယီသည် အဝတ်ချိတ်တန်းတွင် ချိတ်ဆွဲထားသော အနက်ရောင် သိုးမွေး မာဖလာကို ယဲ့ထင်ထံ ပေးလိုက်ကာ

"အပြင်မှာ အေးတယ်၊ ဒါလေး ဝတ်သွား"

ယဲ့ထင်က မာဖလာကို လက်ခံယူလိုက်ပြီး ခေါင်းညိတ်ကာ

"သိပြီ"

ယဲ့ထင်တစ်ယောက် ဖိနပ်သေချာဝတ်ပြီး ထွက်သွားတော့မည့် အချိန်တွင် ဖန်လင့်ယီက သူ့အား ရုတ်တရက် ရပ်တန့်စေလိုက်ပြန်သည်။

"မင်းနဲ့ ရန်ကျားလိကြားမှာ ဘာကိစ္စတွေ ဖြစ်သွားတာလဲ။ မဟုတ်မှလွဲ"

ယဲ့ထင်သည် သူမ၏ မေးခွန်းကို တိုက်ရိုက် ပြန်မဖြေခဲ့ပေ။

သူသည် ဆိုဖာပေါ်ရှိ သိုးကူရှင် အနည်းငယ်ကိုသာ လက်ညှိုးထိုးပြပြီး ပြောလာသည်။

"အဲဒီ သိုးကူရှင်တွေကို ခဏနေရင် သိုလှောင်ခန်းထဲမှာ ထည့်လိုက်ပါ။ နောက်ထပ် ထပ်ထုတ်လာစရာ မလိုတော့ဘူး"

ဖန်လင့်ယီသည် မျက်ခုံးပင့်သွားပြီး သတိကြီးကြီးနှင့် မေးလာသည်။

".....လမ်းခွဲလိုက်ပြီ?"

ယဲ့ထင်သည် သူမအား အဓိပ္ပါယ်ရှိသော အကြည့်ဖြင့် ကြည့်ပေးလိုက်ပြီး စကားမဆိုဘဲ တိတ်တဆိတ်နှင့် တံခါးမှ ထွက်သွားလေပြီ။

ဖန်လင့်ယီသည် ယဲ့ထင်တစ်ယောက် စံအိမ်ထဲမှ ထွက်ခွာပြီး ကားထဲ ဝင်သွားကာ ရှေ့မီးနှစ်လုံးက ညရောင်ဝါ၏ ကန့်လန့်ကာထဲ တဖြည်းဖြည်း နစ်မြှုပ် ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။

ဖန်လင့်ယီသည် ခေါင်းပြန်လှည့်လာပြီး အကြည့်များက ဆိုဖာပေါ်ရှိ သိုးကူရှင်များပေါ် တွေးတွေးဆဆနှင့် ကြည့်နေခဲ့သည်။ အတော်ကြာမှ တစ်စုံတစ်ခု စဥ်းစားမိသွားသလိုမျိုး ရုတ်တရက် ပြုံးလာသည်။
.
.
.
.
.
14/4/2022(Thu)

×××

{Zawgyi}

"နားလည္မႈ လြဲေနျခင္း"

ရန္က်ားလိမွာ ခဏတာ ေၾကာင္အသြား၍ တံု႔ျပန္လာႏိုင္ျခင္း မရိွေပ။

ယဲ့ထင္သည္ သူ၏ အံ့ၾသစြာျဖင့္ မ်က္လံုးျပဴးေနသည့္ ပံုစံကိုၾကည့္ကာ ထိန္းမထားႏိုင္စြာ လက္ကိုဆန္႔ထုတ္လ်က္ ရန္က်ားလိ မ်က္ႏွာကို ၫွစ္လာသည္။

ရန္က်ားလိက အသိျပန္ကပ္လာၿပီး ယဲ့ထင္၏ လက္ဖဝါးကို ဖယ္ခြာလိုက္ကာ

"အိမ္ေျပာင္းမယ္ ဆိုတာက ဘာအဓိပၸါယ္လဲ"

"ကိုယ့္အေမရဲ့ တည္ရိွေနမႈေၾကာင့္ မင္း မသက္မသာ ျဖစ္တယ္လို႔ ခံစားရတယ္ဆိုရင္ ကိုယ္တို႔ တျခားေနရာကို ရွာၿပီး ေျပာင္းေနၾကတာေပါ့။ ကိုယ္တို႔ ႏွစ္ေယာက္တည္း"

ရန္က်ားလိတစ္ေယာက္ မ်က္ခံုးပင့္သြားၿပီး အနည္းငယ္ ရင္ခုန္သြားသလိုပါပင္။

သို႔ေသာ္လည္း သူဟာ ေခါင္းငံု႔လ်က္ စဥ္းစားေနၿပီး ေနာက္ဆံုးတြင္ ေခါင္းယမ္းလိုက္စၿမဲျဖစ္ကာ

"ထားလိုက္ပါေတာ့၊ ဘာပဲျဖစ္ျဖစ္ မင္းအေမကလည္း မၾကာခင္ ျပန္သြားေတာ့မွာပဲကို။ တစ္ပတ္ႏွစ္ပတ္ေလာက္ေလးပဲဟာ၊ သည္းခံလိုက္ရင္ ၿပီးသြားမွာပါပဲ။ ေရးႀကီးခြင္က်ယ္ လုပ္ၿပီး ေျပာင္းေရြ့ေနတာကေတာ့ နည္းနည္း အလုပ္ရႈပ္လိမ့္မယ္"

သို႔ေသာ္ ယဲ့ထင္က ရုတ္တရက္ စိတ္အားထက္သန္သြားၿပီး ေပၚေပၚထင္ထင္ တစ္မ်ိဳး သိုသိုဝွက္ဝွက္ တစ္ဖံုႏွင့္ အိမ္ေျပာင္းေရႊ့ရန္ ရန္က်ားလိအား တိုက္တြန္း ေဖ်ာင္းျဖေနေတာ့သည္။

ရန္က်ားလိသည္ မူလကေတာ့ အနည္းငယ္ ခ်ီတံုခ်တံု ျဖစ္ေနေသာ္ျငား ယဲ့ထင္ထံမွ ထိုမ်ွ တိုက္တြန္းခံလိုက္ရၿပီး အိမ္ထဲတြင္ ဖန္လင့္ယီက သူ႔အေပၚ လ်စ္လ်ူရႈတတ္ေသာ သေဘာထားႏွင့္ တမင္တကာ သို႔မဟုတ္ မရည္ရြယ္ဘဲ သူ႔အား မသက္မသာ ျဖစ္ေစတတ္သည့္ အျပဳအမူေလးမ်ားကို ေတြးမိေသာအခါ ရန္က်ားလိ၏ ဦးေခါင္းက ေနာက္က်ိလာၿပီး ေခါင္းေမာ့လ်က္ ေမးသည္။

".....တကယ္ ေျပာင္းရမွာလား"

ယဲ့ထင္သည္ ရန္က်ားလိအား ဒြိဟျဖစ္ေနဖို႔ရန္ အခြင့္အေရး ထပ္မေပးေတာ့ဘဲ ခ်က္ခ်င္းဆိုသလို လက္ခုပ္တီးလိုက္ကာ

"ခဏေနက်ရင္ ကိုယ့္လူေတြကို စံအိမ္ဆီ ျပန္ၿပီး မင္းပစၥည္းေတြ သိမ္းဆည္းေပးဖို႔ လႊတ္လိုက္မယ္။ ကိုယ္တို႔ ဒီညပဲ ေျပာင္းၾကတာေပါ့"

ထိုေန့ ညေနခင္းတြင္ ယဲ့ထင္ အလုပ္မွ ဆင္းၿပီးေနာက္ ရန္က်ားလိအား တျခားေသာ စံအိမ္ဆီသို႔ ေခၚသြားလိုက္သည္။

ထိုစံအိမ္သည္ ယဲ့ထင္၏ ကုမၸဏီ အနီးအနားတြင္ရိွၿပီး လြန္စြာ ေကာင္းမြန္ေအာင္ ျပင္ဆင္ မြမ္းမံထားသည္။ အိမ္ထဲတြင္ ပရိေဘာဂမ်ားလည္း အျပည့္အစံုရိွၿပီး အားလံုးမွာ အသစ္စက္စက္မ်ားသာ ျဖစ္သည္။ ၾကမ္းျပင္ေပၚရိွ ဖုန္မႈန္႔လႊာကို ၾကည့္ရသည္မွာေတာ့ အခ်ိန္အေတာ္ၾကာ လူမေနခဲ့တာ ျဖစ္ေလာက္မည္။

ရန္က်ားလိသည္ အခန္းထဲ ဝင္လာၿပီး တစ္ပတ္လွည့္ၾကည့္လိုက္ကာ မ်က္ခံုးပင့္လ်က္ ေမးသည္။

"ဒီစံအိမ္ကလည္း မင္းဟာပဲ?"

ယဲ့ထင္က ေခါင္းညိတ္ၿပီး

"တရုတ္ျပည္ကို ျပန္ေရာက္ေရာက္ခ်င္းတုန္းက အဆင္ေျပေအာင္လို႔ ကုမၸဏီနားမွာ အိမ္တစ္လံုး ဝယ္ထားတာ"

ရန္က်ားလိက သံသယႏွင့္

"ငါကဘာလို႔ ဘယ္တုန္းကမွ မသိခဲ့ရတာလဲ"

ယဲ့ထင္သည္ ဆိုဖာေပၚ ကာစီးထားသည့္ ဖုန္မႈန္႔လႊာကို ဖယ္ခ်လိုက္ၿပီးေနာက္ ရွင္းျပေျပာဆိုသည္။

"အေနနည္းလို႔ မင္းနဲ႔ မေျပာျဖစ္တာပါ"

ရန္က်ားလိက စိတ္တိုသြားၿပီး ေဒါသလည္းထြက္ ရယ္လည္းရယ္ရင္း ဆိုဖာေပၚ ေျခခ်ိတ္ထိုင္လိုက္ကာ

"မင္း တရုတ္ျပည္ကို ျပန္လာတာကေန အခုထိဆို တစ္ႏွစ္ေတာင္ ျပည့္ေတာ့မယ္။ အျပင္မွာ ေနာက္ထပ္ ေခြးအိမ္တစ္လံုး ရိွေသးတာကို ငါက အခုမွ သိရတယ္။ အဲ့လိုဆို မျဖစ္ေတာ့ဘူးေနာ္"

ယဲ့ထင္က သူ႔ကိုေမးသည္။

"ဘယ္လိုမျဖစ္တာလဲ"

ရန္က်ားလိက ေခါင္းေမာ့လာၿပီး စေနာက္ျခင္းတစ္ဝက္ အတည္တစ္ဝက္ႏွင့္

"ငါကမင္းရဲ့ အဓိကက်တဲ့ အခ်က္အလက္ေလးေတြေတာင္ မသိဘူး။ တကယ္လို႔ တစ္ခ်ိန္ခ်ိန္မွာ မင္းက စိတ္ေျပာင္းသြားၿပီး ကလိမ္ကက်စ္နဲ႔ အျပင္မွာ ေကာင္ေလးငယ္ငယ္ေလးေတြကို ေထာက္ပံ့ၿပီး ဇိမ္ခံအိမ္ႀကီးထဲမွာ စံစားေနမယ္ဆိုရင္ ငါက ဘာမွမသိႏိုင္ေတာ့ဘဲ ေနမွာေပါ့"

ယဲ့ထင္တစ္ေယာက္ ၿပံဳးသြားရသည္။

သူသည္ ကူကယ္ရာမဲ့စြာ ေခါင္းယမ္းလိုက္ရင္း နံေဘးမွ ေသာ့ကိုယူလိုက္ကာ ရန္က်ားလိ လက္ဖဝါးထဲ ထည့္ေပးလိုက္ၿပီး ရန္က်ားလိ ႏႈတ္ခမ္းထက္ နမ္းရႈံ႔လ်က္ ဆိုသည္။

"စိတ္ခ်ပါ၊ ဒီအိမ္ႏွစ္လံုးက လြဲရင္ တျခား မရိွေတာ့ပါဘူး။ ကိုယ္လည္း တျခားတစ္ေယာက္ကို ေထာက္ပံ့တာမ်ိဳး မရိွႏိုင္ေတာ့ဘူး။ သိုးတစ္ေကာင္နဲ႔တင္ ကိုယ့္တစ္ဘဝစာ ေမြးျမဴဖို႔ လံုေလာက္ေနၿပီမို႔ေလ"

ရန္က်ားလိသည္ လက္ထဲမွ ေသာ့ကို ေဝ႔ွယမ္းလိုက္ၿပီး ထိုအခါမွသာ စိတ္ခ်သြားေတာ့သည္။

ယဲ့ထင္သည္ ရန္က်ားလိကို ေခၚကာ စံအိမ္ထဲ တစ္ပတ္ ေလ်ွာက္ပတ္လိုက္သည္။

ရန္က်ားလိ ဤေနရာအား ရင္းႏွီးကြၽမ္းဝင္လာကာမွ ယဲ့ထင္က ကုတ္အက်ႌကို ထပ္ဝတ္ရင္း ေျပာလာသည္။

"ေပါင္ေပါင္း၊ မင္းအရင္ ဒီမွာ ေစာင့္ေနႏွင့္ဦး။ ကိုယ္အရင္ ဟိုစံအိမ္ကို ျပန္လိုက္ဦးမယ္။ မင္းရဲ့ ပစၥည္းေတြ ဒီကို ယူလာလို႔ ရေအာင္လို႔"

ရန္က်ားလိက ေမးသည္။

"ငါ တကယ္ႀကီး ျပန္စရာ မလိုေတာ့တာလား။ တကယ္ႀကီး ဒီမွာပဲ ေနလိုက္လို႔ရတာလား"

ယဲ့ထင္က ေသေသခ်ာခ်ာ ေခါင္းညိတ္ျပၿပီး ရန္က်ားလိ၏ ေခါင္းကို ပြတ္လိုက္ကာ

"ဒီမွာ ပရိေဘာဂေတြလည္း စံုၿပီးသားပဲ။ ကိုယ္ အိမ္ျပန္ၿပီး ေခြးနဲ႔ေၾကာင္ရယ္၊ ေနာက္ထပ္ အေရးႀကီးတဲ့ ပစၥည္းတစ္ခ်ိဳ႕ ယူလာလိုက္ရင္ ရပါၿပီ။ မင္း စိတ္ေအးလက္ေအးနဲ႔သာ ေနခဲ့ပါ၊ ကိုယ္လည္း ခဏေနဆို ျပန္လာမွာ"

ယဲ့ထင္သည္ ကားေမာင္းကာ မူလက ေနခဲ့သည့္ ေနရာသို႔ ျပန္သြားသည္။

ဖန္လင့္ယီသည္ ဧၫ့္ခန္းထဲတြင္ ထိုင္ေနရင္း အေဒၚ ေလးငါးေယာက္ႏွင့္ စကားေျပာေနသည္။

ယဲ့ထင္ ျပန္လာသည္ကို ျမင္ေသာအခါ ဖန္လင့္ယီက ေခါင္းညိတ္လိုက္ၿပီး အက်င့္ျဖစ္ေနသလိုမ်ိဳး ယဲ့ထင္၏ အေနာက္ကို ၾကည့္လိုက္ေသာအခါ လူမရိွသည္ကို ေတြ့လိုက္ရသည္။

ဖန္လင့္ယီက ေမးသည္။

"ဒီေန့ ရန္က်ားလိက ဘာလို႔ မင္းနဲ႔အတူတူ ျပန္မလိုက္လာတာလဲ"

ယဲ့ထင္သည္ အိမ္ထဲသို႔ ဝင္လာၿပီးကတည္းက သူ႔မ်က္ႏွာမွာ ရုတ္တရက္ဆန္စြာ အနည္းငယ္ အၾကည့္ရဆိုးသြားသည္။ ဖန္လင့္ယီက ထိုသို႔ ေမးလိုက္ေသာအခါ သူ႔အၾကည့္က ပိုလို႔ပင္ ဆိုးဝါးသြားၿပီး မည္သို႔ေသာ စကားမွ ျပန္မေျဖဘဲ မ်က္ေမွာင္ၾကဳတ္သြားသည္။ မ်က္ခံုးတန္းၾကားတြင္ ေအးခဲေသာ ေရခဲအလႊာတစ္ခု ရိွေနသလိုပင္။

ဖန္လင့္ယီသည္ ယေန့ ယဲ့ထင္၏ အျပဳအမူမွာ အနည္းငယ္ မူမမွန္ေနဘူးဟု ခံစားလိုက္ရသည္။

သူမ ဆက္ေမးရန္ ႀကံရြယ္ေနတုန္း ရုတ္တရက္ အျပင္မွ လူေလးငါးေယာက္ ေပၚလာၿပီး ယဲ့ထင္ထံသို႔ ေခါင္းညိတ္ျပလ်က္ စကားဆိုသည္။

"လူႀကီးမင္းယဲ့၊ ကြၽန္ေတာ္တို႔က လူႀကီးမင္းရန္ရဲ့ ပစၥည္းေတြကို ကူေရႊ့ေပးဖို႔ပါ"

ယဲ့ထင္သည္ ထိုစကားကို ၾကားသည္ႏွင့္ ေအးစက္ေသာ ေလွာင္ရယ္သံ တစ္ခ်က္ ထြက္လာသည္။

သူသည္ ေထာင့္စြန္းတြင္ စုပံုထားေသာ ပံုးေလးမ်ားကို လက္ၫွိုးၫႊန္ျပၿပီး ေအးစက္ေသာ မ်က္လံုးမ်ားျဖင့္ ​ဆိုလာေလသည္။

"အားလံုး အဲ့မွာခ်ည္းပဲ၊ ေရႊ့လိုက္။ သူ႔ရဲ့ပစၥည္းေတြ အားလံုးကို ေရႊ့သြားလိုက္ၾက၊ တစ္ခုေတာင္ မက်န္ခဲ့ေစနဲ႔"

ထိုလူမ်ားက တံု႔ျပန္သံ ျပဳလိုက္ၿပီး ေထာင့္တြင္ရိွေနေသာ ပံုးမ်ားအား အျပင္ဘက္သို႔ ေရႊ့လိုက္ၾကသည္။

ဖန္လင့္ယီသည္ ထိုအခိုက္တြင္ လံုးဝ သည္းမခံႏိုင္ေတာ့ဘဲ ယဲ့ထင္နံေဘး ဝင္ထိုင္လိုက္ကာ ဂရုစိုက္စြာႏွင့္ ေမးလာသည္။

"ယဲ့ထင္၊ မင္းဘယ္လိုလုပ္ သူတို႔ေတြကို ရန္က်ားလိရဲ့ ပစၥည္းေတြ အားလံုး ေရႊ့ခိုင္းေနရတာလဲ။ မင္း ဒါက....."

ယဲ့ထင္သည္ အၾကင္နာ ကင္းစြာျဖင့္ ဖုန္းကိုသာ ၾကည့္ေနၿပီး စကားမေျပာေပ။

ဖန္လင့္ယီ စိတ္ထဲတစ္ခ်က္ ခုန္လႈပ္သြားၿပီး စူးစမ္းသလို ေမးလိုက္သည္။

".....မင္းတို႔၊ ရန္ျဖစ္ထားၾကတာလား"

ယဲ့ထင္သည္ သူမအား ေအးစက္စက္ႏွင့္ တစ္ခ်က္ ၾကၫ့္လိုက္ၿပီး ဟုတ္သည္လည္း မဆို မဟုတ္ဘူးလည္း မျငင္းဘဲ မတ္တတ္ထကာ စာၾကည့္ခန္းထဲ သြားလိုက္သည္။ တံခါးပိတ္သည့္ အခ်ိန္၌သာ အထူးတလည္ အားသံုးပိတ္လိုက္၍ အသံက အေတာ္ က်ယ္သြားသည္။

ဖန္လင့္ယီသည္ ဧၫ့္ခန္းထဲ ရပ္ေနၿပီး စာၾကၫ့္ခန္း လားရာဘက္သို႔ လွမ္းၾကၫ့္ေနရင္း အတန္ၾကာမွ အၾကည့္မ်ားကို ရုတ္သိမ္းလိုက္ကာ သူ႔ဘာသာသူ ၿပံဳးေနေတာ့သည္။

ညစာစားခ်ိန္ ေရာက္ေသာအခါ ယဲ့ထင္သည္ စာၾကည့္ခန္းထဲမွ ထြက္လာၿပီး တံခါးဝသို႔ ေလ်ွာက္သြားကာ ဖိနပ္စီးလိုက္သည္။

ဖန္လင့္ယီက အေဒၚတစ္ေယာက္ကို ညစာေနရာခ်ဖို႔ရန္ ၫႊန္ၾကားေနခ်ိန္ျဖစ္ၿပီး ယဲ့ထင္ ထြက္သြားေတာ့မည္ကို ျမင္ေသာအခါ ကမန္းကတန္း ေခၚဆို ရပ္တန္႔ေစလိုက္ၿပီး

"ဒီအခ်ိန္က်မွ ဘယ္သြားမလို႔လဲ။ အိမ္မွာ မစားေတာ့ဘူးလား"

ယဲ့ထင္သည္ မထူးျခားစြာႏွင့္ အင္းဟုအသံျပဳကာ

"ကိစၥရိွေသးလို႔"

ဖန္လင့္ယီသည္ အဝတ္ခ်ိတ္တန္းတြင္ ခ်ိတ္ဆြဲထားေသာ အနက္ေရာင္ သိုးေမြး မာဖလာကို ယဲ့ထင္ထံ ေပးလိုက္ကာ

"အျပင္မွာ ေအးတယ္၊ ဒါေလး ဝတ္သြား"

ယဲ့ထင္က မာဖလာကို လက္ခံယူလိုက္ၿပီး ေခါင္းညိတ္ကာ

"သိၿပီ"

ယဲ့ထင္တစ္ေယာက္ ဖိနပ္ေသခ်ာဝတ္ၿပီး ထြက္သြားေတာ့မည့္ အခ်ိန္တြင္ ဖန္လင့္ယီက သူ႔အား ရုတ္တရက္ ရပ္တန္႔ေစလိုက္ျပန္သည္။

"မင္းနဲ႔ ရန္က်ားလိၾကားမွာ ဘာကိစၥေတြ ျဖစ္သြားတာလဲ။ မဟုတ္မွလြဲ"

ယဲ့ထင္သည္ သူမ၏ ေမးခြန္းကို တိုက္ရိုက္ ျပန္မေျဖခဲ့ေပ။

သူသည္ ဆိုဖာေပၚရိွ သိုးကူရွင္ အနည္းငယ္ကိုသာ လက္ၫွိုးထိုးျပၿပီး ေျပာလာသည္။

"အဲဒီ သိုးကူရွင္ေတြကို ခဏေနရင္ သိုေလွာင္ခန္းထဲမွာ ထၫ့္လိုက္ပါ။ ေနာက္ထပ္ ထပ္ထုတ္လာစရာ မလိုေတာ့ဘူး"

ဖန္လင့္ယီသည္ မ်က္ခံုးပင့္သြားၿပီး သတိႀကီးႀကီးႏွင့္ ေမးလာသည္။

".....လမ္းခြဲလိုက္ၿပီ?"

ယဲ့ထင္သည္ သူမအား အဓိပၸါယ္ရိွေသာ အၾကၫ့္ျဖင့္ ၾကည့္ေပးလိုက္ၿပီး စကားမဆိုဘဲ တိတ္တဆိတ္ႏွင့္ တံခါးမွ ထြက္သြားေလၿပီ။

ဖန္လင့္ယီသည္ ယဲ့ထင္တစ္ေယာက္ စံအိမ္ထဲမွ ထြက္ခြာၿပီး ကားထဲ ဝင္သြားကာ ေရ႔ွမီးႏွစ္လံုးက ညေရာင္ဝါ၏ ကန္႔လန္႔ကာထဲ တျဖည္းျဖည္း နစ္ျမႇဳပ္ ေပ်ာက္ကြယ္သြားသည္ကို ၾကည့္ေနခဲ့သည္။

ဖန္လင့္ယီသည္ ေခါင္းျပန္လွည့္လာၿပီး အၾကည့္မ်ားက ဆိုဖာေပၚရိွ သိုးကူရွင္မ်ားေပၚ ေတြးေတြးဆဆႏွင့္ ၾကည့္ေနခဲ့သည္။ အေတာ္ၾကာမွ တစ္စံုတစ္ခု စဥ္းစားမိသြားသလိုမ်ိဳး ရုတ္တရက္ ၿပံဳးလာသည္။
.
.
.
.
.
14/4/2022(Thu)

×××

Continue Reading

You'll Also Like

619K 81.1K 102
" ငါ အိမ်ပြန်လာတိုင်း နှင်းဆီပန်းတစ်ပွင့် အမြဲတမ်းယူခဲ့တယ်။ပြီးတော့ ငါ့ကို သူကြည့်ပေးမယ့် တစ်ခဏလေးမှာ ငါ့ရဲ့Alpha ကို ပြောမိမှာက ' ငါ သူ့ကို ချစ်တယ်၊...
89.1K 15.4K 29
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
1.2M 51.5K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...