🔸အဖြူရောင်နုနု🔸4
အပိုင်း~၄
ရေဆန်လေဆန်×××အတူတူလိုက်ခဲ့မယ်
ကိုကိုဟာလေကျွန်မရဲ့ဘဝပဲ×လှိုင်းလေးကျော်ကာ
ကိုကိုရေလိုက်လာမယ်××လုံခြုံစွာငြိမ်းချမ်းပါရစေ။
အသည်းရဲ့ဒိုင်ယာရီ ××ကိုကိုအချစ်ဦး.......
ဖုန်းလက်ခံရရချင်းသူမထထွက်လာခဲ့သည်။ဆိုင်
ရောက်တော့စားပွဲပေါ်မှာဇတ်ကျိုးကျနေတဲ့ကိုကို့ကိုတွေ့လိုက်ရလို့မျက်၀န်းမှာမီးတွေ၀င်းခနဲ
တောက်လာသည်ဟုထင်ရသည်။
" ကိုကို ..ကိုကို သတိထားအုံးလေ...."
ခေါ်လှုပ်နှိုးလို့ပင်မရတော့...
"ဘယ်လိုဖြစ်ရတာလဲ..."
" ဆိုင်ကိုရောက်လာတုန်းကတော့အေးအေးဆေး
ဆေးပဲမမလေး..သူဗိုက်ဆာတယ်စားပြီးရင်နဲနဲ
သောက်မယ်လို့ပြောတာနဲ့...
ချပေးပြီးကျွန်တော်လည်းဒီဘက်မှာအလုပ်များနေ
လို့မကြည့်ဖြစ်တာ..တော်တော်မူးနေပြီပဲ..."
" မသောက်တတ်တဲ့လူကိုအဲ့လောက်အရက်ချပေးလို့ဖြစ်မလား..ဒုက္ခပါပဲ...ကိုကို ..ကိုကိုရေ
ထအုံးလေ..."
တအင်းအင်းနဲ့ညီးသံပဲပြန်ထွက်လာသည်။
ဆွဲမထူတော့လေချဉ်တတ်လာပြီး..ဝေါ့ခနဲအန်ချ
ပါသည်။
ဖြူဖြူက တစ်ရှူးစတွေဆွဲထုတ်ပြီးသူ့နှုတ်ခမ်းက
ပေကျံတာတွေကိုသုတ်ကာ...
" ကိုကိုကို့ အိမ်ပြန်ပို့မှဖြစ်မယ်...."
ကိုစိုးသိမ်းကဆိုင်ကဝိတ်တာကရင်လေးကိုလှမ်းခေါ်ပြီး..နှစ်ယောက်သူ့အားမကာဖြူဖြူ့ကားပေါ်အထိတင်ပေးပါသည်။
ဖြူဖြူကကားမောင်းရင်းကရင်လေးအားနောက်ခန်း
မှာသူ့ကိုထိန်းထားခိုင်းသည်။
" ခေါင်းကိုသတိထားနော်..."
" ဟုတ်မမလေး..."
အိမ်ရောက်တော့သူ့ကိုကားထဲကထုတ်ပြီးချိုင်းက
နေတစ်ယောက်တစ်ဖက်တွဲကြတော့...
" ဘာလုပ်နေကြတာလဲ...ဖယ်..."
" အိမ်ရောက်ပြီကိုကို ခဏလေး..."
"ဘာအိမ်လဲကွာ... လွှတ်...."
သူရုန်းကန်လိုက်တော့ကရင်လေးရေမြောင်းထဲ
ဇောက်ထိုးဆင်းရမလိုဖြစ်သွားသေးသည်။
လူမကြပေမယ့်ဖိနပ်ကတော့ပလုံခနဲ...
" ကျနော့်ဖိနပ်..."
" နောက်မှကောက် ...."
ခြံထဲ၀င်လာတော့အိမ်တံခါးကသော့ပိတ်ထားသည်
။ကိစ္စမရှိဘယ်မှာထားတတ်မှန်းဖြူဖြူသိပေသည်။
" ကရင်..နင့်ဘေးမှာနံကရိုင်းမယ်တော်စင်တွေ့လား...အဲ့ဒီ့ကအင်တုံအောက်ကိုစမ်းလိုက်"
" ကြံကြီးစည်ရာဗျာ ထားလည်းထားတတ်ပါ့.."
" ကဲ အမြန်ဖွင့်လေ...."
အိမ်ထဲဖွင့်၀င်ကာသူ့အခန်းထဲကသူ့ကုတင်သေးသေးလေးပေါ်သူ့အားလှမ်းတင်ပေးလိုက်ပါသည်။
အကျီတွေကအန်ထားတာကြောင့်လဲပေးရမည်။
သူ့ဗီဒိုထဲက၀တ်ရလွယ်မယ့်အကျီတစ်ထည်ဆွဲထုတ်လိုက်သည်။
" ကိုကို အကျီလဲပေးမယ်နော် .."
သင့်တော်တာမသင့်တော်တာမျိုးလွန်းဖြူဖြူဆိုတဲ့
မိန်းကလေးကဘယ်တော့မှတွေးမှာမဟုတ်။
သူ့ရှပ်အကျီကြယ်သီးတွေလှမ်းဖြုတ်လိုက်တော့..
ကရင်ကမယောင်မလည်နဲ့အခန်းထဲကထွက်ပြေး
သွားသည်။
အကျီလဲပေးပြီးတော့ သူ့အားခေါင်းအုံးပေါ်နေရာ
ကျအောင်ချသိပ်ကာ...
နေအုံး..အမူးပြေအောင်ဘာလုပ်ပေးရမလဲ...။
အိမ်ထဲပြေးပြီးရေခဲသေတ္တာကိုဖွင့်ကြည့်သည်..
သူ့မိဘတွေခရီးသွားတာ၁၀ရက်လောက်ကြာပြီမို့
ရေခဲသေတ္တာထဲလဲပြောင်သလင်းခါနေပြီဖြစ်သည်။
မီးဖိုချောင်ဆိုပိုဆိုးပေါ့...
" ဓာတ်ဆားဖြစ်ဖြစ်သံပရာရည်ဖြစ်ဖြစ်တိုက်ရမှာကို၊...ကရင်...ကရင်..."
ဘယ်ရောက်သွားပြန်ပြီလဲမသိ၊ အပြင်မှာလည်းမှောင်နေပြီ၊ကိုကို့အိမ်နားမှာလည်းဘာဆိုင်မှမရှိ။
ထိုစဉ်အခန်းထဲကဝေါ့ဆိုတဲ့အသံကြားရပြန်သည်။
ဖြူဖြူပြေး၀င်လာတော့ထထိုင်ပြီးအန်နေတဲ့သူ့အား
" ကိုကို ရရဲ့လား...အန် အန်..."
ကျောကိုနှိပ်ပေးရင်း၊မသောက်စဖူးဘာလို့များသောက်လဲဟုတွေးမိပြန်သည်။
ကိုယ်တော်ကစားထားသမျှတွေကော၊သောက်
ထားသမျှကိုကောအကုန်အန်ထုတ်ပစ်လိုက်တာ
ကြောင့်တစ်ခန်းလုံးပေပွပြီး၊အခုမှလဲပေးထားတဲ့
အကျီတွေလဲပေကုန်...ဟင်းးး။
ဖြူဖြူသည်နှစ်ခါပြန်ရတဲ့ဒီချဉ်စုတ်စုတ်အနံ့ကိုမရွံမရှာနဲ့..သူ့အကျီကိုချွတ်ကာ၊ကြမ်းပေါ်ကဟာတွေကိုလည်းထိုအ၀တ်နဲ့ပင်ပွတ်တိုက်ချလိုက်သည်။
ပြီးနောက်ရေဇလုံတစ်လုံးပြေးခပ်ကာသူ့အားသန့်
စင်ပေးရင်း....
" ဘာလို့အမူးလွန်အောင်သောက်တာလဲ..ဆေးရုံ
ပေါ်အမူးသမားတွေရှော့ဖြစ်ပြီးရောက်လာရင်ကိုယ်
တိုင်ကြဆူနေတဲ့ဆရာ၀န်ဖြစ်ပြီး ..
မကောင်းမှန်းသူများထက်သိတဲ့လူက..ဘယ်လိုလုပ်ဒီလောက်သောက်ရတာလဲ...
စိတ်ညစ်စရာကိစ္စရှိလို့လား၊အထီးကျန်လို့လား.."
ဖြူဖြူတစ်ယောက်သူ့ကိုယ်ကိုရေပတ်၀တ်နဲ့သုပ်ပေးရင်းပွစိပွစိရေရွတ်နေလျှင်..
သူကမျက်တောင်များစင်းကာဖြူဖြူ့အားရီဝေ၀နဲ့
ငေးကြည့်နေသည်။
ရေပတ်တိုက်ပေးပြီးတော့ဖြူဖြူကထပြီးအ၀တ်တစ်
ထည်ထပ်ထုတ်ကာ...သူ့အား၀တ်ပေးတော့...
" ငါ့ကိုမထားခဲ့ပါနဲ့..."
" ဟင် ကိုကိုဘာပြောတာလဲ..."
သူကကုတင်ပေါ်မှာထိုင်နေပြီးဖြူဖြူကမတ်တပ်ရပ်
နေတာမို့...ဖြူဖြူ့ခါးလေးကိုလှမ်းဆွဲကာလက်နှစ်
ဖက်နဲ့ပွေ့ဖက်ထားရင်း၊ဖြူဖြူ့ရင်ခွင်ထဲမှာပါးအပ်
ထားကာ...
" ငါ မင်းကိုမမေ့နိုင်ဘူး...မင်းမရှိရင်မနေနိုင်တော့ဘူး..နုနု ..."
မတိုးမကျယ်လေသံဆိုပေမယ့်နားထဲမှာအထပ်ထပ်ပဲ့တင်လာပြီး၊ဖြူဖြူ့မျက်၀န်းတွေထဲမှာနီစွေးစွေး
ပင်လယ်တစ်ခုဖြစ်လာခဲ့သည်။
ဒါပေမယ့်ခံစားချက်တွေကိုမြိုသိပ်ကာဖြူဖြူ့ရင်ခွင်
ထဲပါးအပ်ထားတဲ့သူ့အားဆံပင်တွေကိုတိုးဖွပေးရင်း..ကလေးတစ်ယောက်လိုနှစ်သိမ့်ပေးခဲ့ပါသည်။ အတန်ကြာအထိရပ်နေပြီးခဲ့ပြီးမှ..ဖြူဖြူကိုယ်လေးလှုပ်ကာခါးပေါ်ကသူ့လက်တွေကိုဖယ်ခွာလိုက်
သည်။
" အိပ်တော့နော် ဖြူဖြူပြန်တော့မယ်...."
သို့သော် ကိုကိုက..
" မသွားပါနဲ့..."ဆိုပြီးဖြူဖြူ့လက်ကိုဆွဲထားပြန်
သည်။
မပြတ်နိုင်တဲ့သံယောဇဉ်ကြောင့်ဖြူဖြူတုံ့ရပ်နေမိ
တော့...သူကအားနဲ့လက်ကိုဆွဲလိုက်သောအခါ..
ဖြူဖြူ့ကိုယ်လေးသူ့ရင်ခွင်ထဲပစ်ကျသွားသည်။
အွင့်..
ကိုကိုက ဖြူဖြူ့ကိုဆီးပွေ့ကာဖက်ထားရင်းမျက်နှာ
အနှ့ံ့ကိုသည်းထန်သောအနမ်းများပေးသည်။
ဖြူဖြူ့နှုတ်ခမ်းကိုငုံခဲကာလျှာချင်းထိတွေ့လာသည်
French kissလို့ခေါ်တဲ့လိင်စိတ်ဆန္ဒကိုလှုံ့ဆော်
နိုင်တဲ့ပြင်သစ်အနမ်းမျိုး ကိုကိုကပေးနေတော့
ဖြူဖြူ့အသက်ရှုနှုန်းတွေမမှန်တော့ပါ။
ကိုကို့လက်တွေကစပါးကြီးမြွေလိုဖြူဖြူ့ကျောပြင်နဲ့
ခါးတစ်ဝိုက်ကိုရစ်ပတ်ထားသည်။
အတန်ကြာအထိတပ်မက်စွာနမ်းရှိုက်ပြီးမှဖြူဖြူ့
ကိုယ်လေးကိုသူ့ကုတင်သေးသေးလေးပေါ်အသာ
အယာချတင်ပေးသည်။
တစ်ခုခုမှားယွင်းနေမှန်းဦးနှောက်ကသေချာသိပေ
မယ့်..မိမိကိုလိုလားတပ်မက်နေတဲ့ချစ်ရသူရဲ့မျက်
၀န်းတွေကိုလည်းရှောင်ဖယ်ကာဥပေက္ခာမပြုနိုင်ခဲ့
ပြန်ဘူး။
၆နှစ်ကြာတဖက်သတ်ချစ်ခဲ့ရတဲ့ချစ်သူအတွက်..
သူလိုလားတောင့်တတဲ့အရာကိုပေးပစ်လိုက်ဖို့
လည်းလွန်းဖြူဖြူဆိုတဲ့မိန်းကလေးကနှမြောတွန့်
တိုနေမှာမဟုတ်ဘူး....။
ဖြူဖြူကိုပက်လက်ကလေးလှဲအိပ်ခိုင်းပြီး.ကိုကိုက
.ဖြူဖြူ၀တ်ထားတဲ့ကိုယ်ကြပ်အကျီလေးကိုလိပ်မတင်ကာခေါင်းကနေဆွဲချွတ်ပစ်လိုက်သည်။
ဖြူဖြူ့ကိုငုံ့မိုးနမ်းပြီး..ကိုကို့လက်တွေကဖြူဖြူ့ခြေ
သလုံးသားကိုမကိုင်လိုက်ချိန်မှာဖြူဖြူ့အသဲထဲအေးခနဲ....စိမ့်..။
ဖြူဖြူ့လက်နှစ်ဖက်ပေါ်သူ့လက်ဖဝါးထပ်ရက်ဆုပ်
ကိုင်ကာ..ကိုကိုကအမိုက်မှောင်ထဲသွားဖို့ဆွဲငင်
ခေါ်ယူနေသည်။
မကြာခင်မှာပဲ...
ပြင်းထန်သောနှလုံးခုန်နှုန်း၊အသဲခိုက်တဲ့နာကျင်မှု
နဲ့အတူကိုကိုခေါ်ဆောင်ရာအမှောင်ထုထဲသို့ဖြူဖြူ
တစ်ယောက်တစစနဲ့တိုး၀င်ကာပျောက်ရှသွားရတော့သည်။
ရေဆန်လေဆန်×××အတူတူလိုက်ခဲ့မယ်
ကိုကိုဟာလေကျွန်မရဲ့ဘဝပဲ×လှိုင်းလေးကျော်ကာ
ကိုကိုရေလိုက်လာမယ်××လုံခြုံစွာငြိမ်းချမ်းပါရစေ။
အသည်းရဲ့ဒိုင်ယာရီ ××ကိုကိုအချစ်ဦး.......
>>>>>>>>>>
ဒီညထွက်တဲ့ကားနဲ့မန္တလေးကိုတတ်ပြီးဆွေပြမျိုးပြ
ကော၊ဟန်းနီးမွန်းကောတစ်ခါထဲလုပ်ဖို့ကိုဗညားရှိန်းကပြင်ဆင်ထားသည်။
သူ့ဖာသူကားမောင်းလို့ရပေမယ့်..ညရေးညတာဆို
တော့နုနုပါလို့စိတ်မချကြောင်း၊ပြီးတော့နှစ်ယောက်
အတူexpressကားစီးရင်းခရီးထွက်ချင်လို့ဒီလို
စီစဉ်တာဖြစ်ကြောင်းနုနုကိုရှင်းပြနေသည်။
နုနုက ဘာမှချိုသည်ခါးသည်မပြော..မင်္ဂလာပွဲကစ
ပြီးအစအဆုံးသူ့အစီအမံအတိုင်းနုနုစိတ်မပါစွာနဲ့
လိုက်ပါခဲ့တာပဲလေ။
သူ့အမေတွေကတော့မနေ့ကညကတည်းကချက်ချင်းပြန်သွားကြပြီဖြစ်သည်။
အဝေးပြေးကားပေါ်မှာထိုင်ကြတော့နုနုကပြတင်း
ပေါက်နားမှာနေရာယူသည်။
ရန်ကုန်ထဲကနေထွက်ဖို့ကားကလမ်းမပေါ်ပြေးနေ
ပြီးမီးတိုင်တွေကိုတရိပ်ရိပ်ဖြတ်ကျော်လာတာကိုငေးကြည့်ရင်း...
ညပိုင်းကျုရှင်ချိန်နောက်ကျရင်မင်းထက်ကပြန်လိုက်ပို့တဲ့အခါ..သူ့စက်ဘီးနောက်ကနေလိုက်စီးခဲ့ရ
တာတွေကိုပြန်အမှတ်ရမိသည်။
အခုချိန်ဆို သူဘာများလုပ်နေမလဲ?
ဘေးနားမှာလင်ငုတ်တုပ်ထားပြီးရည်းစားအကြောင်းတွေးနေတာငရဲကြီးနိုင်မှန်းနုနုစိတ်ကပါသိသည်။
ဒါပေမယ့် သတိရနေတာကိုတော့မတတ်နိုင်ဘူးလေ။
" နုနု ပင်ပန်းနေလို့လားဟင်... မျက်နှာလည်းမ
ကောင်းဘူး...ဟာကွာလေယာဉ်စီးလိုက်ရင်ရသား
နဲ့ကိုယ်မှားသွားပြီထင်တယ်..."
သူမမျက်နှာကိုအရိပ်တကြည့်ကြည့်နေတဲ့ခင်ပွန်း
သည်ကသူ့ကိုယ်သူအပြစ်တင်နေသည်။
ကန်တော့..ကန်တော့ ပါကိုဗညားရယ်...။နုနုအတွေးတွေအတွက်တောင်းပန်ပါတယ်...။
" နုနု ဘာမှမဖြစ်ပါဘူး..ကိုဗညားစိတ်ထင်လို့ပါ"
" ဟုတ်လား..ဒါဆို ခဏလောက်အိပ်လိုက်မလား."
" ဟုတ်..."
" လာ ကိုယ့်ကိုမှီထား..."
သဘတ်စောင်ဆွဲထုတ်ကာသူမကိုယ်လေးအားခြုံ
လွှမ်းပေးပါသည်။
နုနုမျက်လုံးတွေကိုမှေးမှိတ်ထားလိုက်ကာ...မေမေ
စီစဉ်တာဆိုပေမယ့်ရွေးချယ်တာနဲ့လက်ခံတာက
သူမကိုယ်တိုင်လုပ်ခဲ့တာပဲ...ရွေးပြီးသားလမ်းကိုပဲ
ဆက်လျှောက်ယုံပေါ့။
>>>>>>>>>>>
မနက်၈နာရီကျော်နေပြီမို့..ဂျူတီလဲဖို့သူမရောက်သေးလို့ဆေးရုံကသူ့ကိုလှမ်းပြီးဖုန်းဆက်နေသည်။
ဖုန်းသံကြောင့်မင်းထက်နေနိုင်နိုးလာပေမယ့်သူ့ခန္တာကိုယ်ကလှုပ်လို့မရလို့..မျက်လုံးကိုသေချာ
ဖွင့်ကြည့်မှ...ဟင်...
သူ့လက်မောင်းကိုခေါင်းအုံးကာလက်တစ်ဖက်နဲ့
သူ့ကိုယ်လုံးကိုဖက်ထားပြီးအိပ်ပျော်နေတဲ့မိန်းက
လေးကြောင့်...
" ဟေ့ လွန်းဖြူဖြူ မင်း မင်း...."
သူအလန့်တကြားထအော်ပြီးကိုယ်ချင်းဖယ်ခွာလိုက်တာကြောင့် ဖြူဖြူပါလန့်နိုးလာသည်။
" ဟင် ကိုကို...နိုးပြီလား..."
" နိုးပြီလား ဟုတ်လား? မင်း မင်းဘယ်လိုလုပ်"
ကြည့်လိုက်တော့နှစ်ယောက်လုံးကိုယ်မှာအ၀တ်အ
စားမရှိ။
အခုမှလွန်းဖြူဖြူကရှက်ချင်ယောင်ဆောင်ပြီးသူ့
စောင်ကိုဆွဲယူကာခြုံလိုက်သည်။
" ပြောစမ်း.. မင်းဘယ်လိုလုပ်ငါ့ကုတင်ပေါ်ရောက်
နေတာလဲ..."
ဖြူဖြူကသူ့ကိုကြောင်စီစီလေးကြည့်ပြီး..
" ကိုကို ဘာမှမမှတ်မိဘူးလား ဟင်..."
" မမှတ်မိလို့ မေးနေတာပေါ့ကွ..."
" မနေ့က ကိုကိုအရက်သောက်ခဲ့တာ..."
" ဟုတ်တယ်လေ ငါအရက်သောက်တာကဆိုင်မှာ"
" ဘယ်လိုပြန်လာလဲကော မမှတ်မိဘူးလား"
သူစဉ်းစားသည်..ဝိုးတိုးဝါးတားနဲ့မသေချာ..
" အဲ့တော့ မူးနေတဲ့ငါ့ကို မင်းခေါ်လာတယ်ပေါ့"
" အင်း..."
" ဒါဆို ပို့ပြီးဘာလို့မပြန်တာလဲ..."
" အဲ့တာက ကိုကိုကထပ်အန်ပြီး....တော့.."
" အဲ့တာမင်းနဲ့ဘာဆိုင်လဲကွ...."
" မဟုတ်မှလွဲရော ငါမူးနေတယ်ဆိုပြီးမင်းအခွင့်
ကောင်းယူလိုက်တာလား..."
" ဟင်...." ဖြူဖြူက....
" မူးနေတဲ့လူကဘယ်လိုလုပ်အဲ့ကိစ္စလုပ်နိုင်မှာလဲကွာ..."
" အဲ့တာတော့ ကိုကို့ ကိုယ်ကိုကို ပိုသိမှာပေါ့"
" ဟေ့ ..လွန်းဖြူဖြူ.. မင်းကငယ်ငယ်ရွယ်ရွယ်နဲ့
တော်တော်အကြံပက်စက်ပါလားကွာ..
ဒီလိုလုပ်ပြီး ငါ့ကိုလိုချင်တာလား...ဟမ်..."
" ဖြူဖြူ့ကို မတရားမပြောပါနဲ့...ကိုကိုကမမှတ်မိဘူးဆိုတော့ ဖြူဖြူဘာပြောပြောယုံမှာမဟုတ်ဘူး။
ဖြူဖြူကလူကောင်းမို့ ဖြူဖြူ့အမှားလို့ပဲထားလိုက်ပါ
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကိုကို့ကိုဘာမှ
တာ၀န်ယူခိုင်းမှာမဟုတ်လို့ အဲ့လောက်အထိဖြစ်ပျက်မနေပါနဲ့ ကိုကိုရယ်...."
" မင်းပြောတိုင်း ငါကယုံရမှာလား ?"
" ယုံချင်ယုံ မယုံချင်နေပေါ့ ကိုကို..
အခုဖြူဖြူအ၀တ်လဲမလို့ ဟိုဘက်လှည့်ပေး"
ဟားး လွန်းဖြူဖြူဆိုတဲ့မိန်းကလေးဆီမှာသူခံလိုက်
ရပြီပဲ။
ဖြူဖြူ ဒါမျိုးဖြစ်လိမ့်မယ်လို့လုံး၀မသိခဲ့တာမဟုတ်
ပါဘူး။ဖြူဖြူကသိသိရက်နဲ့မိုက်မဲခဲ့တာပါ...
သူအရမ်း၀မ်းနည်းပြီးမသောက်စဖူးအရက်တွေသောက်နေတာကြောင့်၊သူ့ရဲ့၀မ်းနည်းမှုပြေပျောက်
ပါစေဆိုပြီး..သူလိုအပ်နေတဲ့sexကိုပေးခဲ့တယ်။
အဲ့လိုလုပ်ပြီး သူ့ကိုအပိုင်ကြံချင်တာလဲမဟုတ်ရပါ
ဘူး၊အစကသူပြီးသွားရင်ထသွားဖို့တွေးခဲ့ပါတယ်..
ဒါပေမယ့်..ဖြူဖြူ့တစ်ကိုယ်လုံးကနာကျင်ပင်ပန်းမှုကြောင့်သူ့ရင်ခွင်မှာခဏလေးမှိန်းမူးရင်းအိပ်ပျော်သွားခဲ့တာ...။
အခုလို ဘာမှမမှတ်မိပဲ၊သူ့မျက်၀န်းကမီးတွေတောက်ပြီးနှုတ်ဖျားကရက်ရက်စက်စက်တွေပြောထွက်
လာတော့ ဖြူဖြူနှလုံးသားတွေထပ်ပြီးကွဲအက်နာကျင်ရပြန်သည်။ ဖြူဖြူငိုချင်သည်။
ဒါပေမယ့် ဖြူဖြူဘယ်တော့မှသူရှေ့မှာမငို...။
သူမအ၀တ်အစားတွေကိုသာပြန်ကောက်ယူ
၀တ်လိုက်သည်။
" ဖြူဖြူ သွားတော့မယ်...."
သူကဖြူဖြူ့လက်ကိုလှမ်းဆွဲကာ..
" နေအုံး....မင်း ဒီကိစ္စကို....."
" ကိုကို သာလျှောက်မပြောရင် ရပြီ..."
" ဘာ...."
ဖြူဖြူ..သူ့လက်ကိုခါချပြီးထွက်လာခဲ့လိုက်သည်။
ဒါပေမယ့်..ခြံ၀ကိုရောက်တော့ထင်မှတ်မထားပဲ
ခရီးကနေပြန်လာတဲ့သူ့မိဘ၂ပါးနဲ့တန်းတိုးပါသည်။
သူတို့ကလည်း အိမ်ရှေ့မှာဖြူဖြူ့ကားရပ်ထားတာ
ကြောင့်စူးစမ်းနေကြတုန်း ဖြူဖြူပါအိမ်ထဲကထွက်
လာတာကြောင့်အံ့သြသွားကြသည်။
" ဖြူဖြူရောက်နေတာကိုး...."
ဖြူဖြူလည်းမျက်နှာကိုအစွမ်းကုန်ပြုပြင်ကာ..
" ဟုတ် အန်တီ၊ ခရီးကပြန်ရောက်ပြီလား...
့ဖြူဖြူကကိုကို့ဆီစာလာမေးတာပါ၊
ကိုကိုဆေးရုံသွားရမှာမို့ မအားဘူးဆိုတော့ နောက်
မှပဲ...
ဖြူဖြူ့ကိုသွားခွင့်ပြုပါအုံး...."
သူ့မိဘတွေရဲ့စကားပြန်တောင်မစောင့်ပဲဖြူဖြူကား
ပေါ်အမြန်ပြေးတတ်ကာ စက်နှိုးပြီးမောင်းထွက်လာ
ခဲ့သည်။
ဘယ်လိုပဲကြည့်ကြည့်အခုမှအိပ်ယာကနေထလာ
တဲ့မျက်နှာတောင်မသစ်ရသေးပဲ၊ဖရိုဖရဲန့ဲ့ဖြူဖြူ့ပုံစံ
စာလာမေးတာဆိုတာ...သူ့မိဘတွေကလည်းငယ်
ရာကကြီးလာတာမို့မယုံ့တယုံနဲ့ကျန်ရစ်ခဲ့သည်။
အိမ်ထဲကိုစကားမပြောပဲ၀င်လာကြပြီးသားအခန်း
ဆီသွားကြည့်တော့...ဟိုကခြေသံပဲကြားပြီး...
" မင်း ဘာလို့ပြန်လာတာလဲ..." ဟုအော်သည်။
လှည့်ကြည့်တော့သူ့အဖေနဲ့အမေကသူ့အခန်း၀မှာ
" သားး....."
သူ့ပုံစံကနိုးတုန်းကအတိုင်းဘာမှမ၀တ်ရသေး...
" မင်းး...ဒါဘာပုံစံလဲ..."
ဟာကွာ.... လွန်းဖြူဖြူ..မင်း မင်းလုပ်သွားတာ
အချိန်ကိုက်ပဲ၊ တော်ပါပေတယ်။တောက်)))))
" ဘာမှမဟုတ်ပါဘူး၊ ကျနော်အိုက်လို့....
ဒါနဲ့ ဘယ်လိုလုပ်အစောကြီးပြန်လာတာလဲ..
နောက်၃ရက်လောက်နေအုံးမယ်ဆို..."
ဟန်ဆောင်ပြီးပြောပါသော်လည်းစကားတွေက
အထစ်ထစ်အငေါ့ငေါ့...
သူ့အဖေနဲ့သူ့အမေက မသင်္ကာစွာနဲ့ကြည့်နေရင်း..
" အင်း မင်းအဖေကဆိုင်ကိုစိတ်မချလို့လူထွက်
တာနဲ့ပြန်လာတာ..."
" အဖေကလည်းဗျာ..တစ်ခါတစ်လေမှပြန်ဖြစ်တာ
ကိုအဖွားနားနေအုံးပေါ့..."
" မင်းအဖွားမှာ တခြားသားမြေးတွေရှိနေတာပဲ..
ဒါနဲ့ ဖြူဖြူလာသွားတယ်နော်.မင်းကဒီပုံချည်းနဲ့.."
" သူ သူပြန်မှပါ ကျနော်ရေချိုးမလို့...
သြော် ဆေးရုံသွားဖို့နောက်ကျနေပြီ.... "
မြန်မြန်ပုဆိုး၀တ်ပြီးရေပြေးချိုးကာ..ဘာအမေးအမြန်းမှမခံပဲဆေးရုံသို့လစ်လာခဲ့သည်။
ဒါပေမယ့် ဒီအတိုင်းတော့ပြီးသွားမှာမဟုတ်မှန်းတော့စိတ်ထဲအသေအချာသိနေခဲ့သည်။
လွန်းဖြူဖြူ..နဲ့မှအိပ်မိရတယ်လို့၊တကယ့်ပြသနာပဲကွာ။
>>>>>>>>>
ဆက်ရန်
ဝေဖန်ပေးကြပါအုံးနော်🥰
ဒီနှစ်သင်္ကြန်တော့အပြင်မထွက်ပဲစာဖတ်ပါအချစ်တို့