Desharow's Merman
By Wine-Y
239K 25.2K 1.2K
Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More
My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန်း(၂) လျို့ဝှက်အစီအစဉ်
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)
အခန်း(၁၆)
5K 699 59
By Wine-Y
အခန်း(၁၆)
ညလယ်ရောက်တဲ့အချိန်မှာ စိတ်ထဲမသက်မသာဖြစ်မှုနဲ့ ကျွန်တော်နိုးလာခဲ့သည်။ ကျွန်တော့်ခေါင်းတစ်ခုလုံး မူးနောက်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း အဖျားတက်နေသည့်အတိုင်း ပူလောင်နေခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်က လေးလံတဲ့အရာတစ်ခုနှင့် ဖိထားခြင်း ခံထားရသလိုဖြစ်နေပြီး လှုပ်ရှားဖို့လည်း ခက်ခဲနေကာ ထူးဆန်းတဲ့ ဆူညံသံတွေက ကျွန်တော့်နားထဲ တစီစီမြည်နေခဲ့သည်။ ဒါက အိပ်မပျော်တဲ့လူတွေဖြစ်လေ့ဖြစ်ထရှိတဲ့ အိမ်မက်ဆိုးထဲ ပိတ်မိနေသလိုမျိုး ကျွန်တော်ကိုယ်တိုင် ဖြစ်နေတာကို သတိဝင်သွားခဲ့သည်။
'အိပ်မပျော်ခင်အချိန်မှာ ကျွန်တော် သိပ်ကို စိတ်လှုပ်ရှားခဲ့တာပဲ '
စိတ်ထဲ၌ ကျွန်တော့်နာမည်ကို ရေရွတ်နေပြီး လက်သီးကိုလည်း အားနှင့်ဆုပ်ထားကာ ဒီအခြေအနေမှနိုးထဖို့ကို တွန်းအားပေးနေခဲ့သည်။ သို့ပေမယ့် ပိတ်လှောင်ခံထားရတဲ့ ခံစားချက်က ပို၍ပို၍ပြင်းထန်လာခဲ့သည်။ အစပိုင်းမှာ ဆူညံသံတွေရှိခဲ့ပေမယ့် တဖြည်းဖြည်းနှင့် ပိုလို့ပြတ်သားလာပြီး ထိုအသံက ကျွန်တော် အရင်က ကြားဖူးနေကျဖြစ်တဲ့ စာလုံးတွေ၏ အသံထွက်နှင့် လွှမ်းခြုံကာနေသည့် ရေ၏စီးဆင်းသံကဲ့သို့ ဖြစ်နေသည်။ —
"အက် .... ဂ် ... ရေ့စ် ..... ဒက် ...ရှ်ရှဲ ... ရိုး ...."
ကျွန်တော့်နောက်ကျောပြင်၌ ချွေးစေးတို့ စီးကျနေပြီး အင်္ကျီသားထဲစိမ့်ဝင်ကာ အင်္ကျီတစ်ထည်လုံးအား ရွှဲရွှဲစိုနေစေသည်။
' ဘုရားရေ အဲ့ဒီအသံက ရေသူထီးရဲ့ အသံလေ ... ဘယ်နေရာကနေ ထွက်လာတာလဲ !'
ကြောက်ကြောက်လန့်လန့်နှင့် ကျွန်တော်မျက်လုံးကို အကျယ်ကြီးဖွင့်ပြီး တောင့်တင်းနေတဲ့လည်ပင်းကို အတင်းအားယူလှည့်ကာ အသံလာရာနေရာသို့ ကြည့်လိုက်သည်။ ထိုအသံက ကျွန်တော်စားပွဲပေါ်တင်ထားတဲ့ ကွန်ပျူတာနှင့် ချိတ်ထားသည့် အသံသွင်းစက်မှထွက်ပေါ်လာတာကို ရှာတွေ့မိချိန်မှာတော့ ဘယ်လိုမှမတတ်နိုင် ... ရေသူထီး ထွက်လာသည်ဟု တွေးလိုက်မိသည့် ခံစားချက်အပေါ် မဖြစ်နိုင်ဟု ပြန်ပြောင်းတွေးပြီး ကျွန်တော့်စိတ်တို့ ပြေလျော့သွားခဲ့သည်။
ကျွန်တော်အိပ်ရာမဝင်ခင် ကွန်ပျူတာကို ပိတ်ဖို့ မေ့သွားခဲ့တာပင်။ ဒီလိုအလုံပိတ်အခန်းထဲ ဝင်လာဖို့ထိ ရေသူထီးဘက်က တတ်နိုင်တာတော့ မဖြစ်သင့်။ သူက ဘယ်လောက်ပဲ စွမ်းအားကြီးပြီး ရက်စက်ကြမ်းကြုပ်နေပါစေ အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့ ဖြစ်တည်မှုတစ်ခုဖြစ်တဲ့အတွက် အဆင့်မြင့်နည်းပညာတွေတပ်ဆင်ထားတဲ့ အကာအကွယ်တွေကိုတော့ ဖောက်ဖျက်နိုင်မှာ မဟုတ်ချေ။
ချွေးတို့နဲ့ တောက်ပြောင်နေတဲ့ ကျွန်တော့်နဖူးပြင်ကို ထိတွေ့ပြီး ရှေ့ဆံပင်ကိုသပ်တင်ကာ မျက်လုံးကိုပြန်ပြီး မှိတ်ထားလိုက်သည်။ အသက်ကိုပြင်းပြင်းပြပြရှူသွင်းရင်း ကျွန်တော့်ရဲ့စိတ်တို့ တည်ငြိမ်သွားအောင် ကြိုးစားနေမိသည်။
'ဒက်ရှ်ရှဲရိုး .... အဲ့ဒီရေသူထီးကြောင့်နဲ့ ဒီလောက်ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာတုန်လှုပ်မှုကို ဘယ်အချိန်က ရသွားတာလဲ။ မင်းရဲ့အသိဥာဏ်နဲ့ ဒါကိုကျော်လွှားပြီး သူ့ရဲ့ဖြစ်တည်မှုအပေါ် နေသားကျသင့်တာပေါ့။ '
ရေသူထီး၏ အားပြင်းလွန်းသော အသံကြားမှာ ကျွန်တော့်ကိုယ်ကိုယ် တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ သို့ပေမယ့် ကျွန်တော့်စိတ်က ဆန့်ကျင်ဘက်အရာတွေကိုသာ ဖြစ်စေနေတယ် ထင်သည်။ ___
ကျွန်တော့်ခန္ဓာကိုယ်က နဂိုအတိုင်း အပူတက်နေပြီး အဖျားကြီးနေတဲ့ လူနာတစ်ယောက်ကဲ့သို့ဖြစ်နေကာ ၊ ခန္ဓာကိုယ်အတွင်းရှိတဲ့ အရည်မှန်သမျှပင် အပူကြောင့် ချက်ချင်းကို ရေငွေ့ပြန်သွားနိုင်ပေသည်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ယားယံမှုက ကျွန်တော့်ကျောရိုးအောက်ခြေမှ တိုးဝှေ့တက်လာပြီး ပုရွတ်စိတ်တို့ ခန္ဓာကိုယ်အနှံ့ ပြန့်ကူးသွားလာနေသကဲ့သို့ ဖြစ်နေကာ ယားယံမှုနှင့် အိပ်ရာထဲလူးလှိမ့်နေစေသည်။ ထိုအခြေအနေက အိပ်ရာမှထစေဖို့ တွန်းအားပေးနေပြီး ကျွန်တော်ထပ်ပြီး သည်းမခံနိုင်တဲ့အဆုံး ထိုအသံသွင်းစက်ကိုပိတ်ဖို့ ကုန်းရုန်းထတော့သည်။ သို့ပေမယ့် ကျွန်တော့်ခြေထောက်နဲ့ လက်တွေက လှုပ်ရှားဖို့ခက်ခဲနေလောက်တဲ့အထိ အားနည်းနေခဲ့ပြီး မမျှော်လင့်ထားစွာပဲ အရိုးမရှိတဲ့ ဂျယ်လီငါးတစ်ကောင်ကဲ့သို့ မှန်ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သည်။
စားပွဲက ကျွန်တော့်အနား လက်တစ်ကမ်းတွင်သာရှိနေပေမယ့် ကျွန်တော့်တွင်တော့ မတ်တပ်ရပ်ဖို့ အားအင်ပင် မရှိချေ။
ရေသူထီး၏ တီးတိုးရွတ်နေသံက ကျွန်တော့်ခေါင်းထက် ပျံ့လွင့်နေပြီး သိပ်မကျယ်တဲ့အသံဖြစ်လင့်ကစား အက်ဂ်ရေ့စ်က ကျွန်တော့်နားထဲ တွယ်ကပ်ပြီး တီးတိုးပြောနေသကဲ့သို့ စတီရီယိုအသံအလား ဘယ်ဘက်နားမှသည် ညာဘက်နားအထိ ကူးလူးနေခဲ့သည်။ ထိုအသံက ကျိန်စာတိုက်နေသကဲ့သို့ ကျွန်တော့်ခန္ဓာကိုယ်ကိုညှို့ယူနေပြီး သူ့ရဲ့အသက်ရှူသံကိုပင် ကြားနေရသည်။ သူ့ရဲ့ တပ်မက်ခြင်းရာဂက သိပ်ကိုကြီးမားပြင်းထန်ပြီး ဖုံးကွယ်ထားသော အတွင်းအနက်ဆုံးအပိုင်းများမှ လှိုင်းတံပိုးထန်စွာ လှိမ့်တက်လာသည်နှင့်ပင် တူနေသည်။
ထိုကဲ့သို့ ခံစားချက်က ကျွန်တော့်ကို တသိမ့်သိမ့်တုန်သွားစေပြီး ဒါက မစ္စတာရှီနိချီ သတိပေးခဲ့တဲ့ ရေသူထီးရဲ့ ထူးခြားဆန်းကြယ်တဲ့ အစွမ်းဖြစ်နေမလားတော့ ကျွန်တော်မသိ။ သို့ပေမယ့် ကျွန်တော့်ကိုယ်အနှံ ယားယံမှုတွေကို ခံစားခဲ့ရပြီး အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ ရေသူထီးရဲ့ အသံကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက ပိုပိုပြီး တောင့်တင်းလာခဲ့သည်။ ထိုယားယံမှုက ကျွန်တော့်ကျောရိုးထဲသို့ ခိုဝင်တက်လာပြီး ကြံ့ခိုင်မှုနှင့် အသားတို့ကို စားသုံးကာ ပျော့ညံ့မှုနှင့် ထုံထိုင်းနေခြင်းကိုသာ ကျန်ရစ်စေ၍ ..... နောက်ဆုံး၌ မြီးညှောင့်ရိုး၏ အတွင်းပိုင်းရှိ နောက်ပေါက်ထဲတွင် စုပြုံသွားကြသည်။
အလိုရမ္မက်ကြီးလွန်းသော တောင့်တခြင်းများဖြင့် ကျွန်တော့်ခြေဖျားတို့ တုန်ရီသွားပြီး မမျှော်လင့်စွာပဲ တင်သားတို့၏ အတူတကွ ကြုပ်ဝင်ဖို့ ဆန္ဒရှိလာသည်ကိုပါ ခံစားလိုက်ရသည်။ သို့နှင့် ခန္ဓာကိုယ်၏ အတွင်းနက်နက်ထဲ၌ ဘာမှမရှိဘဲ ဗလာချည်းသက်သက်ဖြစ်နေသည့် ခံစားချက်က လိုချင်မှုအပြည့်အဝနှင့် ကျွန်တော့်ကို အရူးအမူး ဖြစ်သွားစေသည်။ သို့ပေမယ့် ထိုထက်ပိုသည့် အတွေးတွေအတွက် ကျွန်တော် သိပ်ကို ရှက်ရွံ့ခဲ့ရသည်။
အတွေးထဲတွင်တော့ ကျွန်တော်ဝတ်ထားတဲ့ အတွင်းခံဘောင်းဘီ၏ တင်းကြပ်နေမှုကြောင့် ဤကဲ့သို့ ထင်ယောင်ထင်မှားဖြစ်နေခြင်းဟု ထင်မှတ်ပြီး ဘောင်းဘီကိုချွတ်ဖို့ ကြံရွယ်ခဲ့သည်။ ဘယ်လိုပဲဆိုဆို ပေါင်ခြံကြား၌ လစ်ဟာနေသည်'ဟူသော အသိက ကျွန်တော့်ကိုယ်ကို လှည့်စားဖို့မတတ်နိုင်တော့သည်အထိ ပို၍သာ ပြင်းပြလာခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်က အခုချိန်ထိ ရှက်စရာအမူအရာဖြင့် ညစ်ညစ်ညမ်းညမ်းပြုမူနေပြီး ကျွန်တော်ကိုယ်တိုင်က ကာမဆက်ဆံခြင်းအတွက် စိတ်အားထက်သန်နေခဲ့သည်။ သို့ပေမယ့် ထိုလိုချင်တောင့်တမှုက မိန်းမတစ်ယောက်ကိုမဟုတ်ခဲ့၊ ကျွန်တော် .... ယောက်ျားတစ်ယောက်၏ မူပိုင်ပစ္စည်းကို .... လိုလိုချင်ချင် တောင့်တနေခဲ့သည်။
" fuck! "
ကျွန်တော် ကျယ်ကျယ်လောင်လောင်ပင် ဆဲရေးလိုက်ပြီး ကြောက်စရာကောင်းတဲ့ ဒီအတွေးနယ်ထဲက လွတ်မြောက်ဖို့ ခေါင်းကိုလည်း ပြင်းပြင်းထန်ထန် ခါယမ်းပစ်လိုက်သည်။ ကြယ်သီးအပြည့်တပ်ထားသည့် ရှပ်အင်္ကျီမှကော်လံစက လည်ပင်းကို ချုပ်နှောင်ထားသလို ဖြစ်နေတာကြောင့် အသက်ရှူဖို့ ပင်ခက်ခဲနေခဲ့သည်။ အင်္ကျီရှိ ကြယ်သီးတစ်ချို့ကို ကျွန်တော် သဲကြီးမဲကြီး ဖြုတ်လိုက်ပြီး ချွေးတို့စိုရွှဲနေတဲ့ ရင်ဘတ်တစ်လျှောက်ကို လက်နှင့် ပွတ်သပ်လိုက်သည်။ ကျွန်တော့်အကြည့်တွေထဲ ကိုယ်တိုင်မြင်တွေ့နေရသည့် အသားအရေက အဖျားတက်နေသည့်သူလို့ နီရဲနေပြီး မှေးမှိန်သောအခန်း၏နောက်ခံနှင့်ယှဉ်လျှင် သိသိသာသာ ကွဲထွက်နေခဲ့သည်။
'ဘာတွေ ဖြစ်နေတာလဲ ..... တစ်ကိုယ်လုံး နီရဲပြီး အပူကြီးနေတဲ့ ကျွန်တော်က အရက်မူးနေတဲ့သူလိုပဲ '
ကျွန်တော့်မျက်လုံးတွေကို ပိတ်ပြီး မူးဝေနေရာမှ အမြန်ဆုံးနိုးထလာဖို့ ခေါင်းကို ခါယမ်းလိုက်သည်။
'ဒက်ရှ်ရှဲရိုး .... ထတော့ ၊ ထပြီး အဲ့ဒီအသံသွင်းစက်ကို ပိတ်လိုက် !အဲ့ဒီအသံကြောင့် အခုလို ဖြစ်နေတာ !
ထိုစကားလုံးတွေကို ကျွန်တော့်စိတ်နဲ့ အတွေးအာရုံထဲ၌ အဆက်မပြတ်ရေရွတ်နေခဲ့ပြီး ကျွန်တော့်ကိုယ့်ကို ကျေနပ်စေဖို့ ကိုယ်ပိုင်လက်ချောင်းနဲ့ ထိုးသွင်းနေရသည့် ရမ္မက်ကြီးနေသောအဖြစ်မှ ရပ်တန့်စေရန် မျှော်လင့်ခဲ့သည်။ ကျွန်တော့်ခြေထောက်တွေကို အကြွင်းအကျန်အားနည်းနည်းနှင့် အတူစုလိုက်ပြီး ခက်ခက်ခဲခဲအားထုတ်ကာ ဒူးထောက်စေ၍ တုန်ရီနေသော လက်ချောင်းများဖြင့် ကွန်ပျူတာကို ပိတ်လိုက်သည်။ ချက်ချင်းပဲ အဆက်မပြတ်မြည်ဟီးနေတဲ့ ရေသူထီးရဲ့ ရေရွတ်သံက ရပ်တန့်သွားခဲ့သည်။ ထို့အပြင် ကျွန်တော့်ထံ၌ ဖြစ်ပေါ်ခဲ့သည့် မနှစ်မြို့ဖွယ်အမူအရာများသာမက ပြင်းပြသောအလိုဆန္ဒတို့ပါ ပျောက်ကွယ်သွားခဲ့ပြီး လူသည်လည်း အရုပ်ကြိုးပျက်သွားသည့်အတိုင်း ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ချွေးတို့ရွှဲစိုနေသော လက်ဖဝါးက မှန်ကြမ်းပြင်နှင့် ထိကပ်သွားတဲ့အခါ မပျောက်နိုင်မယ့် လက်ရာတစ်ခုကို ကျန်ရစ်နေစေပြီး ချွေးစက်များသည်လည်း ဆံပင်ဖျားမှတဆင့် တစ်ပေါက်ချင်းစီ ကျနေခဲ့သည်။
ချွေးတို့ဖြင့် စိုရွှဲနေသော ကျွန်တော့်ရှေ့ဆံပင်ကိုသပ်တင်လိုက်သည်နှင့် မှန်ကြမ်းပြင်ပေါ်ကျနေတဲ့ ရေစက်တို့က မျက်ဝန်းအကြည့်တွေထဲ လာပြီးထင်ဟပ်ရာ ကျွန်တော်လုံးဝကို အံ့ဩမှင်သက်သွားခဲ့ရသည်။
'ဘုရားရေ ... ဒီလိုအချိန်တိုအတွင်းမှာတင် ချွေးက ဒီလောက်တောင် ထွက်တာလား။'
ထိုအသိက ကျွန်တော့်ပင်ကိုယ်အသိနှင့် ဆန့်ကျင်နေတာကတော့ အမှန်ပင်။
ချက်ချင်းပဲ အင်္ကျီအရှေ့ပိုင်းကိုဆွဲယူပြီး ကျွန်တော့်မျက်တောင်၌ ချွေးများတွဲခိုနေသလား' ဟူသည့်အတွေးဖြင့် မျက်နှာအနှံကို လိုက်လံသုတ်လိုက်သည်။ မသိလျှင် အခုလေးတင်ပဲ လေ့ကျင့်ခန်းပြီးမြောက်သွားသည့်နှယ်။
' လူတွေက ချစ်ရေးချစ်ရာကိစ္စတွေလုပ်ပြီးရင် ဒီလိုပဲ ချွေးထွက်ကြတာလား။ ဒီလောက်တောင်မှလေ။ '
ထိုကဲ့သို့ အတွေးက ကျွန်တော့်စိတ်ထဲ တိုးဝင်လာသည်နှင့် များစွာသော ဆွဲဆောင်မှုရှိသည့် ကိုယ်ထည်ပုံစံတွေက အတွေးထဲရုတ်တရက်ပေါ်လာပြီး မတတ်မသာနှင့် ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိတော့သည်။
'မဟုတ်ဘူး ... ငါ ဘာတွေ တွေးနေတာလဲ ! ' ကျွန်တော့်ဘေးရှိ ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး ထိုင်ခုံနောက်မှီနှင့် ခေါင်းကို နှစ်ကြိမ်မျှ ဆောင့်လိုက်သည်။
နာကျင်မှုက စက္ကန့်အနည်းငယ်အတွင်းမှာပဲ ထူးဆန်းတဲ့ ကျွန်တော့်ရဲ့ စိတ်ကူးယဉ်မှုကို ပျောက်ကွယ်စေခဲ့သည်။ ကျွန်တော့် စိတ်ထဲ ဖြစ်ပေါ်လာတဲ့ ပုံရိပ်တွေအကြောင်းမတွေးဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးနေခဲ့ပေမယ့် ကြီးစွာသော ရှက်ကြောက်စိတ်က ယခုထက်ထိ လေးလေးပင်ပင် ဖြစ်နေသည်။
ထိုကြောင့်ပဲ ကာမဆက်ဆံခံရသည်' ဆိုသည့် အတွေးထဲ ကျွန်တော့်ကို နစ်ဝင်နေစေသလို ဖြစ်ခဲ့သည်။
'မဟုတ်မှ ရေသူထီးရဲ့အသံမှာ ကာမအားတိုးစေတဲ့ သက်ရောက်မှုများ ရှိနေတာလား။ ရှေးလူကြီးတွေ ပြောခဲ့တဲ့အတိုင်း သူတို့က သိပ်ကို တဏှာရမ္မက်ကြီးလွန်းတဲ့ ဖြစ်တည်မှုဆိုတာ တကယ်ပဲလား။ ....'
'စိတ်ထဲမထားနေနဲ့ ဒက်ရှ်ရှဲရိုး ၊ အဲ့ဒါက ဇီဝဗေဒဆိုင်ရာ နည်းပညာအရ အကျင့်စရိုက်ဖော်ထားရုံ သက်သက်ပဲ။ စိတ်လျော့ '
ကျွန်တော် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ လည်ပင်းကိုမော့ပြီး ထိုင်ခုံ၏နောက်မှီသို့ မှီချလိုက်ကာ ကျွန်တော့်ကိုယ်တွင်းမှ အပူတို့ လွင့်ပျံပျောက်ကွယ်သွားစေဖို့ ကြယ်သီးအားလုံးကို ဖြုတ်လိုက်ပြီးနောက် ရေချိုးဖို့ မတ်တပ်ရပ်လိုက်သည်။
ထိုအခါ မှန်ကြမ်းပြင်ပေါ်သို့ ကျွန်တော့်အရိပ်ကျသွားပြီး ထိုအရိပ်က မှန်ဆိုသည့် ခြားနားမှုကိုမရှိစေတော့ဘဲ လုံးဝကို ပြောင်းလဲသွားစေခဲ့သည်။ ကျွန်တော်ရပ်နေသည့် နေရာမှ မှန်ကြမ်းပြင်၏အောက်ဘက်ရှိ သိပ်မဝေးလှတဲ့ အကွာအဝေးနေရာကို ကြည့်မိတဲ့အခါ အမှောင်ထဲတွင်ရှိသော ပုံမှန်မဟုတ်သည့် မဲနက်မှုတစ်ခုကို ကျွန်တော် ရုတ်တရက် သတိထားမိလိုက်သည်။
ရှည်သွယ်ကာ မှေးကျဉ်းနေသော အလင်းရောင်မှိန်ဖျဖျထွက်နေသည့် မျက်ဝန်းအစုံက ကျွန်တော့်ခြေထောက်အောက်ဘက်ရှိ ရေအောက်ထဲမှ ကျွန်တော့်ကို စိုက်ကြည့်နေခဲ့သည်။ ရှည်လျားလွန်းလှသည့် ကိုယ်ထည်အရိပ်က ရေမှော်ပင်ရှည်ရှည်တို့ကြား ပုန်းခိုကာရှိနေပြီး မှန်ကြမ်းပြင်နှင့် လာပြီး ထိကပ်နေသည်။
ကျွန်တော်တကယ်ကို ကြက်သေသေသွားခဲ့သည်။ ဘယ်လိုမှမတတ်နိုင်ဘဲ ကျွန်တော် အော်လိုက်မိပြီးနောက် လက်သီးဖြင့် ပါးစပ်ကိုပိတ်ထားရင်း အောက်ဘက်ရှိ အမဲရောင်အရိပ်ကို ပြူးကျယ်သွားသော မျက်ဝန်းများဖြင့် ပြန်၍ စိုက်ကြည့်နေခဲ့မိသည်။ မျက်ဝန်းထဲတွင်တော့ ထိုအရိပ်၏ အပြင်သဏ္ဍာန်နှင့် လှုပ်ရှားမှုကို စစ်ဆေးအတည်ပြုနေမိသည်။
သူ့ရဲ့လက်တစ်ဖက်က မှန်ကြမ်းပြင်ကို ထိကပ်ကာ သူ့ကိုယ်ကို တည့်တည့်မတ်မတ်ဖြစ်အောင် ထိန်းထားစဉ် ကျန်လက်တစ်ဖက်က သူ့ကိုယ်အောက်ပိုင်းနေရာ၌ ရှိနေခဲ့သည်။ ကြီးမားသော လိင်တံ ထိကပ်နေရာ မှန်သားနံရံ၌ ထူထဲစေးပျစ်သော အဖြူရောင်အရည်တို့ လွင့်စင်နေသည်။
ကျွန်တော် ချက်ချင်းပဲ သူဘာလုပ်နေတယ် ဆိုတာကို သိသွားခဲ့သည်။
.... ရေသူထီးက မှန်ကြမ်းပြင်ရဲ့အောက်ဘက်မှာ တစ်ချိန်လုံး ရှိနေခဲ့ပြီး ကျွန်တော်နှင့် သူ့အကြား၌ ကာရံထားသည့် မှန်နံရံမှတဆင့် ထုတ်ချင်းပေါက်မြင်နေရတဲ့ ကျွန်တော့် ခန္ဓာကိုယ်ကို ကြည့်နေခဲ့သည်။ 
သူက ကျွန်တော့်ကို ကြည့်နေခဲ့ပြီး သူ့ရဲ့အသံနဲ့ ကျွန်တော့်ကိုကစားကာ ထိုခံစားချက်ကို ကျေကျေနပ်နပ် ခံယူပြီး လက်ဖြင့် အာသာဖြေနေခဲ့သည်။
Desharow's Merman
Words-2303
Apr/13/2022
Wine.
_______________________
For my lovely zawgyi readers.
________
အခန်း(၁၆)
" fuck! "
Desharow's Merman
Words-2303
Apr/13/2022
Wine.
_______________________
Continue Reading
You'll Also Like
1.6M 95.8K 71
1.9M 91.2K 57
6.2M 378K 54
558K 15.1K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...