Lawless Gangster (Myanmar Tra...

By ViVianKhin

40.9K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 53
Episode 54
Episode 55

Episode 52

401 67 11
By ViVianKhin

အပိုင္း ၅၂

Zawgyi

လီ႐ွီခ်င္းအသံကိုၾကားေတာ့ ေ႐ွာင္းလီ အားကုန္႐ုန္းကန္မိတယ္။ အေပၚကေန ဖိထားခံရေတာင္မွ ျပင္းထန္စြာ ႐ုန္းကန္ေနလို႔ လီ႐ွီခ်င္းေတာင္ ကုတင္စြန္းကို လြင့္သြားတယ္။

ဒီလို ႐ုန္းရင္းဆန္ခတ္ လႈပ္႐ွားမႈေတြဆိုတာ ေ႐ွာင္းလီ မွတ္ဥာဏ္ရဲ႕ အနက္႐ိႈင္းဆံုးေနရာမွာ စြဲေနတဲ့အရာ။ လီ႐ွီခ်င္းကိုယ္တိုင္ ဝင္ေျဖ႐ွင္းတဲ့ ကိစၥေတြကို မေတြ႔မျမင္ရတာ ၾကာၿပီဆိုေပမယ့္ ေ႐ွာင္းလီ မွတ္မိသေလာက္ အေစာဆံုးမွတ္ဥာဏ္ေတြထဲမွာ အခုထိ မေပ်ာက္ပ်က္ေသး။ လီ႐ွီခ်င္း သူ႔ေဘးမွာ ႐ွိေနရင္ သူဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား မလံုျခံဳသလို ခံစားမိတဲ့အထိ လီ႐ွီခ်င္းရဲ႕ပံုရိပ္က သူ႔အေပၚ သက္ေရာက္မႈ႐ွိတယ္။

လီ႐ွီခ်င္း ကိုယ္တိုင္လည္း ေဒါသထြက္ေနတဲ့ ေ႐ွာင္းလီကို ကိုင္တြယ္ရခက္မယ္ဆိုတာ သိတယ္။ ႏွစ္ေယာက္သား ကုတင္ေပၚမွာ ျပင္းထန္စြာ လံုးေထြး တြန္းထိုးေနၾကတယ္။
ေ႐ွာင္းလီ လီ႐ွီခ်င္းကို ကုတင္ေခါင္းရင္းဘက္စီ ကိုင္ေပါက္မယ္လုပ္တုန္း လီ႐ွီခ်င္းက လက္ဦးသြားကာ ေ႐ွာင္းလီကို အသံအက်ယ္ႀကီး ျမည္ေလာက္တဲ့အထိ ထိုးႀကိတ္တယ္။ ႏွစ္မိနစ္ေလာက္ ထိုးႀကိတ္ၿပီးေနာက္မွာ လီ႐ွီခ်င္းက ေ႐ွာင္းလီကို ကုတင္ေပၚမွာ ေအာင္ျမင္စြာ ဖိထားႏိုင္လိုက္တယ္။ လီ႐ွီခ်င္းရဲ႕ လက္တစ္ဖက္က ေ႐ွာင္းလီရဲ႕ ဂုတ္ကို ဖိကိုင္ထားကာ ဒူးနဲ႔ ေ႐ွာင္းလီရဲ႕ ေက်ာကို ေထာက္ထားၿပီးေနာက္ ဒီထိုးႀကိတ္မႈရဲ႕ အၿပီးသတ္ကို ေရာက္လာတယ္။

ဒီျမင္ကြင္းကို မၾကည့္မေနရ ၾကည့္ေနရတဲ့ ခ်ီ႐ႈိ႕ယြမ္ကေတာ့ ေဒါသေတြထြက္ကာ တစ္ကိုယ္လံုး တစ္ဆတ္ဆတ္တုန္ယင္ေနတယ္။ လက္သီးကို တင္းတင္းဆုပ္ထားတာ အသားထဲေတာင္ လက္သည္းေတြ စိုက္ဝင္ေတာ့ မတတ္ပင္။

" တကယ္လား? "

လီ႐ွီခ်င္းက အားေနတဲ့ လက္တစ္ဖက္နဲ႔ သူ႔အက်ႌ ၾကယ္သီး ႏွစ္လံုးကို ျဖဳတ္ၿပီးေနာက္ ေ႐ွာင္းလီရဲ႕ မ်က္ႏွာကို ပြတ္သပ္ေနတယ္။

" ႏိုးၿပီဆိုတာနဲ႔ ထိုးႀကိတ္ရန္ျဖစ္ခ်င္ေနတုန္းပဲ။ ဒီေလာက္ႏွစ္ေတြၾကာၿပီးမွေတာ့ မင္းရဲ႕ ဒီအက်င့္က မေပ်ာက္...... "

ေျပာေနရင္းမွ သက္ျပင္းဖြဖြခ်ကာ ေ႐ွာင္းလီ ပါးေလးကို ဖြဖြပုတ္လိုက္ၿပီး

" အခု မင္း ေခါင္း ၾကည္သြားၿပီလား။ "

ကုတင္ေပၚမွာ အဖိခံထားရတာေတာင္မွ ေ႐ွာင္းလီဟာ မရမက ႐ုန္းေနဆဲ။ လီ႐ွီခ်င္းဆီက ေမးသံၾကားလိုက္ေတာ့ ႐ုန္းကန္ေနတာ နည္းနည္းေလ်ာ့သြားကာ လီ႐ွီခ်င္း သူ႔မ်က္ႏွာကို ထိကိုင္ေနတာကို ေ႐ွာင္ရန္ ေခါင္းကို တစ္ဖက္လွည့္လိုက္တယ္။

" ၾကည္ေနၿပီးသားပါ ခ်င္းရယ္။ "

လီ႐ွီခ်င္းက ဟြန္႔ခနဲ အသံျပဳကာ

" ဒါဆိုလည္း ငါ့ကို ဒီမွာဘာေတြျဖစ္ေနတာလဲဆိုတာ ႐ွင္းျပစမ္းပါဦး။ "

ေျပာၿပီးတာနဲ႔ ေ႐ွာင္းလီရဲ႕ဂုတ္ကို ဖိကိုင္ထားက လက္က ဦးေခါင္းဆီေရာက္သြားကာ ဆံပင္ကို ေဆာင့္ဆြဲလို႔ ေခါင္းကို အတင္းအၾကပ္ေမာ့ေစၿပီး ခ်ီ႐ႈိ႕ယြမ္ ဒူးေထာက္ေနတဲ့ အခန္းတံခါးဝကို ဦးတည္ ၾကည့္ေစတယ္။

အၾကည့္ခ်င္းဆံုမိတဲ့ အခိုက္အတန္႔ သူတို႔ႏွစ္ေယာက္လံုးရဲ႕ မ်က္ဝန္းေတြထဲမွာ စာဖြဲ႔မမီွႏိုင္တဲ့ နာက်င္မႈတို႔ကို ေဖာ္ျပလ်က္။

" ခ်င္းရယ္..... ေက်းဇူးျပဳၿပီး.... သူ႔ကို အခက္ေတြ႔ေအာင္မလုပ္ပါနဲ႔။ သူက ကြၽန္ေတာ့္ မိတ္ေဆြပါ။ "

ေ႐ွာင္းလီ ေျပာသာ ေျပာေပမယ့္ အေပၚကေန အဖိခံထားရတာေၾကာင့္ စကားသံတို႔က ဗလံုးဗေထြး။

" မင္းက အခုထိ မိတ္ေဆြပါလို႔ ျငင္းခ်င္ေနတုန္းလား။ "

လီ႐ွီခ်င္းရဲ႕အသံက အေတာ္ေလးကို မၾကည္မသာ ျဖစ္ေနပံုပင္။

" မင္း သူ႔အတြက္နဲ႔ ငါ့ကို သစၥာေဖာက္တာလား? မင္း ဂိုဏ္းက ထြက္ခ်င္ေနတယ္ဆိုတာ သူ႔ေၾကာင့္ပဲလား? "

" ကြၽန္ေတာ္ သစၥာ မေဖာက္ခဲ့ဖူးဘူး။ ဒါေပမယ့္... "

ေ႐ွာင္းလီ မ်က္လံုးတို႔ မိွတ္လိုက္ကာ

" ခ်င္းရယ္ ေတာင္းဆိုတာကို လိုက္ေလ်ာဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ "

" မင္း ရာထူးနဲ႔ဆို ဂိုဏ္းက ထြက္တာက သစၥာေဖာက္တာပဲကြ။ "

လီ႐ွီခ်င္း ေ႐ွာင္းလီရဲ႕ဆံပင္တို႔ကို တင္းေနေအာင္ ေဆာင့္ဆြဲကာ

" ဂိုဏ္းကေန အဟန္႔အတားမ႐ွိ ထြက္သြားႏိုင္ဖို႔ တျခားလူတစ္ေယာက္ကို သြား႐ွာရဲတယ္ေပါ့ မင္းက။ ေ႐ွာင္းလီ... မင္းက ငါမသိေအာင္ တိတ္တိတ္ေလး အဲ့လို ေအာက္တန္းက်တဲ့နည္းကို သံုးခဲ့တယ္။ မင္း ဂိုဏ္းမွာ ဆက္မေနခ်င္ေတာ့ဘူးဆိုလည္း.... ရတယ္။ ငါ မင္းကို ထြက္ခြင့္ေပးမယ္။ "

ထို႔ေနာက္ ေ႐ွာင္းလီ နား,နားကို ကပ္ကာ

" ဒါေပမယ့္.... မင္း ဂိုဏ္းကေန အဆက္ျဖတ္ႏိုင္ၿပီဆိုတာက ငါ့ေဘးနားကေန ထြက္သြားႏိုင္ၿပီလို႔ ေျပာတာ မဟုတ္ဘူးေနာ္။ ငါဆိုတဲ့ လီ႐ွီခ်င္းက မင္းကို ဂိုဏ္းကေနပဲ ထြက္ခြင့္ေပးႏိုင္မယ္... ငါ့ေဘးကေနေတာ့ ဘယ္ေတာ့မွ ထြက္သြားခြင့္ မျပဳႏိုင္ဘူး။ "

ေ႐ွာင္းလီကေတာ့ လီ႐ွီခ်င္းအား နားမလည္ႏိုင္စြာျဖင့္ မ်က္ေမွာင္တို႔ တင္းေနေအာင္ ၾကံဳ႕မိတယ္။ သို႔ေသာ္လည္း လီ႐ွီခ်င္းက သူ႔ကို စဥ္းစားေတြးေတာခြင့္ေလးေတာင္ မေပး။ ေရခဲတမ်ွ ေအးစက္စက္ လက္ႀကီးက သူ႔ေက်ာကို ပြတ္သပ္လ်က္ ေအာက္ဘက္ကို တျဖည္းျဖည္း ဆင္းလာကာ အတြင္းခံေဘာင္းဘီထဲ ေရာက္လာတာေၾကာင့္ ေ႐ွာင္းလီမွာ အစြမ္းကုန္ တြန္းထိုး႐ုန္းကန္ေနရတယ္။

" ခင္ဗ်ား က်ိန္ဆိုခဲ့တယ္ေလ ခ်င္းရယ္.... ခင္ဗ်ား က်ိန္ခဲ့ၿပီးသားေလဗ်ာ။ "

လီ႐ွီခ်င္း လက္မွ လြတ္ေအာင္႐ုန္းၿပီးေနာက္ ေနာက္လွည့္ကာ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး

" ကြၽန္ေတာ့္အေမရဲ႕ အုတ္ဂူေ႐ွ႕မွာ ခင္ဗ်ား က်ိန္ျပခဲ့တယ္ေလ။ ကြၽန္ေတာ္သာ ဆႏၵ႐ွိမယ္ဆိုရင္...... ခင္ဗ်ားေျပာခဲ့တာေလဗ်ာ.... "

" ဆႏၵ႐ွိမယ္ဆိုရင္... ? "

လီ႐ွီခ်င္းရဲ႕ လႈပ္႐ွားမႈတို႔ ရပ္တန္႔သြားတယ္။ ထို႔ေနာက္ ေလွာင္ရိပ္ေလးစြက္ကာ ေအးစက္စက္ အသံျဖင့္ စကားကို တစ္လံုးခ်င္း ဖိကာ ေျပာလိုက္တယ္။

" ငါလုပ္ေပးခဲ့သမ်ွ အရာအားလံုး မလံုေလာက္ေသးလို႔လား။ မင္းဂိုဏ္းမွာ တစ္ဆင့္ၿပီး တစ္ဆင့္တက္လာတာကို ငါ ဒီတိုင္း ထိုင္ၾကည့္ေနခဲ့ေပးတယ္။ မင္း မိန္းမေတြကိုပဲ တပ္မက္ပါတယ္ဆိုေတာ့လည္း ငါ သည္းခံခဲ့တယ္။ မင္းရဲ႕ ကလိမ္ကက်စ္ လွည့္ဖ်ားမႈေတြကိုလည္း ငါ မသိခ်င္ေယာင္ေဆာင္ေပးခဲ့တယ္။ ေနာက္ဆံုးေတာ့ေရာ... ငါ့အတြက္ ဘယ္လို အဆံုးသတ္သြားခဲ့သလဲ။ "

ထို႔ေနာက္ ေ႐ွာင္းလီရဲ႕ေမးေစ့ကို ဆုပ္ကိုင္လို႔ ေခါင္းကိုေမာ့ေစကာ ခ်ီ႐ႈိ႕ယြမ္နဲ႔ တဖန္ အၾကည့္ခ်င္း ဆံုေစျပန္တယ္။

" ေနာက္ဆံုးက်ေတာ့ မင္းက တျခားသူတစ္ေယာက္ဆီ သြားခ်င္ေနခဲ့တယ္။ "

လီ႐ွီခ်င္း ဒူးကို အားထည့္ကာ ေထာက္လိုက္တာေၾကာင့္ ေ႐ွာင္းလီထံမွ နာက်င္စြာ ညည္းညဴသံ ထြက္လာတယ္။ ၿပီးေနာက္ အခန္းတြင္း႐ွိ လူအားလံုးၾကားႏိုင္ေလာက္ေသာ အသံျဖင့္

" ဘယ္လို အရည္အခ်င္းေတြနဲ႔မ်ား ဒီလူက မင္း လိုလိုလားလားနဲ႔ သူ႕ဆီ လာခ်င္ေအာင္ လုပ္ခဲ့တာလဲ။ အခန္းဝမွာ အသံတစ္စက္မွ မထြက္ရဲပဲ ဒူးေထာက္ေနရတဲ့ သူရဲေဘာေၾကာင္ေကာင္တစ္ေကာင္ကိုမ်ားကြာ။ မင္း သူ႔ကိုေမးၾကည့္စမ္း။ ငါ မင္းကို သူ႔ေ႐ွ႕မွာ -ိုးမယ္ဆိုရင္ေတာင္ သူအသံထြက္ရဲပါ့မလားလို႔။ ေမးၾကည့္လိုက္စမ္းပါ! "

ေ႐ွာင္းလီ အသက္ကို ခက္ခက္ခဲခဲ လု႐ႈေနရင္း ခ်ီ႐ႈိ႕ယြမ္ ႐ွိရာဆီၾကည့္မိေတာ့ တစ္ခ်ိန္လံုး သူ႔ကိုစိုက္ၾကည့္ေနတဲ့ ခ်ီ႐ႈိ႕ယြမ္ကို ေတြ႔လိုက္ရတယ္။ မ်က္ဝန္းထဲမွာေတာ့ စိတ္ကသိကေအာက္ျဖစ္မႈ၊ ႐ွက္ရြံ႕မႈ၊ ေနာင္တနဲ႔ ေထြျပားေနေသာ ခံစားခ်က္တို႔ ထင္ဟပ္လ်က္။ ဒီလို အေျခအေနမ်ိဳးမွာ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနရတာ ႏွလံုးသားတို႔ နာက်င္ကြဲအက္ေနမယ္ဆိုတာ ေမးေနစရာပင္ မလို။ သို႔ေသာ္လည္း သူတို႔ အၾကည့္မလႊဲမိၾက။ စိတ္ထဲမွာ ကမၻာျခားေနတယ္ထင္ရတဲ့ ဒီႏွစ္မီတာေလာက္ ေဝးကြာမႈေလး ျခားရင္း သူတို႔ႏွစ္ေယာက္ရဲ႕ နာက်င္မႈတို႔ ေျပေလ်ာ့လိုေလ်ာ့ျငား ႏွစ္သိမ့္မႈေလးမ်ားရမလားရယ္လို႔ တစ္ေယာက္မ်က္ဝန္းမွာ တစ္ေယာက္ ႐ွာေဖြေနမိၾကတယ္။

************************************

Q&A

၁၀

ဟန္က်ား - မင္းတို႔ရဲ႕ ဇာတ္ေကာင္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ လိုက္ဖက္တယ္လို႔ ထင္ၾကလား။

ေ႐ွာင္းလီ - ( တိုးတိုးေလး ) ဘာအဓိပၸါယ္လဲ။

ခ်ီ႐ႈိ႕ယြမ္ - ( တိုးတိုးေလး ) အရမ္းလိုက္ဖက္ပါတယ္ လို႔ ေျဖလိုက္။

ေ႐ွာင္းလီ  - အရမ္း လိုက္ဖက္ပါတယ္။

ခ်ီ႐ႈိ႕ယြမ္  - ကြၽန္ေတာ္လည္း အရမ္းလိုက္ဖက္တယ္လို႔ ထင္ပါတယ္။

ဟန္က်ား - ..........

၁၁

ဟန္က်ား - တစ္ေယာက္ကိုတစ္ေယာက္ ဘယ္လိုေခၚၾကလဲ။

ခ်ီ႐ႈိ႕ယြမ္  - ေ႐ွာင္းလီ

ေ႐ွာင္းလီ  - ခ်ီ႐ႈိ႕ယြမ္

ဟန္က်ား - အို! ငါ ထင္သလိုလည္း မဟုတ္ပါလား။ ငါက မင္းတို႔ႏွစ္ေယာက္ အေတာ္ေလး အီစီကလီ ႏိုင္မယ္ထင္ထားတာ။

ခ်ီ႐ႈိ႕ယြမ္  - အီစီကလီ ဆိုတာ အေခၚအေဝၚနဲ႔ မဆိုင္ဘူး။ ေလသံနဲ႔ပဲ ဆိုင္တာ ( ေ႐ွာင္းလီကို ၾကည့္ၿပီး ညဳတုတု အသံတိုးတိုးေလးျဖင့္ ) ေ႐ွာင္းလီ....

ေ႐ွာင္းလီ  - ေနာက္ေမးခြန္း....

၁၂

ဟန္က်ား - တျခားသူက ကိုယ့္ကို ဘယ္လို ေခၚေစခ်င္လဲ။

ေ႐ွာင္းလီ - ငါတို႔ ေစာေစာေျပာတဲ့ဟာပဲ ေကာင္းပါတယ္။

ခ်ီ႐ႈိ႕ယြမ္ - ( ေခါင္းၿငိမ့္ )  ပံုမွန္ဆိုရင္ေတာ့ အဲ့အတိုင္းက ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ အထူး အခ်ိန္ေလးေတြမွာေတာ့ သူ႔ကို ' ေကာေကာ ' ျဖစ္ျဖစ္ ေခၚေစခ်င္မိတယ္။

ဟန္က်ား - ဒီ ကိုလူၾကမ္းကေတာ့!

ခ်ီ႐ႈိ႕ယြမ္ - မင္း ငါဘာေျပာေျပာ လူၾကမ္းဆန္တယ္ပဲ ေျပာေနေတာ့မွာလား။ ေ႐ွာင္းလီေရ... မင္း ဝင္ေျပာပါဦး။

ေ႐ွာင္းလီ - ( သက္ျပင္းခ် ) မင္း ဒီလို တမင္ မလုပ္စမ္းပါနဲ႔။ ငါနဲ႔ဟန္က်ားရဲ႕ ၾကားမွာ ဘာမွမ႐ွိပါဘူးဆို။ မင္း သူ႔ကို စိတ္တိုစရာ မလိုပါဘူး။

*************************

တစ္လေက်ာ္ေတာင္ ၾကာသြားလို႔ ေဆာရီးပါ႐ွင့္။ ေမ့ေနရင္ ေ႐ွ႕အပိုင္းေတြ ျပန္ဖတ္ၿပီး Recall ျပန္ေခၚၾကပါေနာ္😁။ ေနာက္ဆို အလုပ္မ်ားေနလည္း ႀကိဳးစားၿပီး up ပါ့မယ္။ Love you all 💓💓💓

###############################

အပိုင်း ၅၂

Unicode

လီရှီချင်းအသံကိုကြားတော့ ရှောင်းလီ အားကုန်ရုန်းကန်မိတယ်။ အပေါ်ကနေ ဖိထားခံရတောင်မှ ပြင်းထန်စွာ ရုန်းကန်နေလို့ လီရှီချင်းတောင် ကုတင်စွန်းကို လွင့်သွားတယ်။

ဒီလို ရုန်းရင်းဆန်ခတ် လှုပ်ရှားမှုတွေဆိုတာ ရှောင်းလီ မှတ်ဉာဏ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ စွဲနေတဲ့အရာ။ လီရှီချင်းကိုယ်တိုင် ဝင်ဖြေရှင်းတဲ့ ကိစ္စတွေကို မတွေ့မမြင်ရတာ ကြာပြီဆိုပေမယ့် ရှောင်းလီ မှတ်မိသလောက် အစောဆုံးမှတ်ဉာဏ်တွေထဲမှာ အခုထိ မပျောက်ပျက်သေး။ လီရှီချင်း သူ့ဘေးမှာ ရှိနေရင် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား မလုံခြုံသလို ခံစားမိတဲ့အထိ လီရှီချင်းရဲ့ပုံရိပ်က သူ့အပေါ် သက်ရောက်မှုရှိတယ်။

လီရှီချင်း ကိုယ်တိုင်လည်း ဒေါသထွက်နေတဲ့ ရှောင်းလီကို ကိုင်တွယ်ရခက်မယ်ဆိုတာ သိတယ်။ နှစ်ယောက်သား ကုတင်ပေါ်မှာ ပြင်းထန်စွာ လုံးထွေး တွန်းထိုးနေကြတယ်။
ရှောင်းလီ လီရှီချင်းကို ကုတင်ခေါင်းရင်းဘက်စီ ကိုင်ပေါက်မယ်လုပ်တုန်း လီရှီချင်းက လက်ဦးသွားကာ ရှောင်းလီကို အသံအကျယ်ကြီး မြည်လောက်တဲ့အထိ ထိုးကြိတ်တယ်။ နှစ်မိနစ်လောက် ထိုးကြိတ်ပြီးနောက်မှာ လီရှီချင်းက ရှောင်းလီကို ကုတင်ပေါ်မှာ အောင်မြင်စွာ ဖိထားနိုင်လိုက်တယ်။ လီရှီချင်းရဲ့ လက်တစ်ဖက်က ရှောင်းလီရဲ့ ဂုတ်ကို ဖိကိုင်ထားကာ ဒူးနဲ့ ရှောင်းလီရဲ့ ကျောကို ထောက်ထားပြီးနောက် ဒီထိုးကြိတ်မှုရဲ့ အပြီးသတ်ကို ရောက်လာတယ်။

ဒီမြင်ကွင်းကို မကြည့်မနေရ ကြည့်နေရတဲ့ ချီရှို့ယွမ်ကတော့ ဒေါသတွေထွက်ကာ တစ်ကိုယ်လုံး တစ်ဆတ်ဆတ်တုန်ယင်နေတယ်။ လက်သီးကို တင်းတင်းဆုပ်ထားတာ အသားထဲတောင် လက်သည်းတွေ စိုက်ဝင်တော့ မတတ်ပင်။

" တကယ်လား? "

လီရှီချင်းက အားနေတဲ့ လက်တစ်ဖက်နဲ့ သူ့အင်္ကျီ ကြယ်သီး နှစ်လုံးကို ဖြုတ်ပြီးနောက် ရှောင်းလီရဲ့ မျက်နှာကို ပွတ်သပ်နေတယ်။

" နိုးပြီဆိုတာနဲ့ ထိုးကြိတ်ရန်ဖြစ်ချင်နေတုန်းပဲ။ ဒီလောက်နှစ်တွေကြာပြီးမှတော့ မင်းရဲ့ ဒီအကျင့်က မပျောက်...... "

ပြောနေရင်းမှ သက်ပြင်းဖွဖွချကာ ရှောင်းလီ ပါးလေးကို ဖွဖွပုတ်လိုက်ပြီး

" အခု မင်း ခေါင်း ကြည်သွားပြီလား။ "

ကုတင်ပေါ်မှာ အဖိခံထားရတာတောင်မှ ရှောင်းလီဟာ မရမက ရုန်းနေဆဲ။ လီရှီချင်းဆီက မေးသံကြားလိုက်တော့ ရုန်းကန်နေတာ နည်းနည်းလျော့သွားကာ လီရှီချင်း သူ့မျက်နှာကို ထိကိုင်နေတာကို ရှောင်ရန် ခေါင်းကို တစ်ဖက်လှည့်လိုက်တယ်။

" ကြည်နေပြီးသားပါ ချင်းရယ်။ "

လီရှီချင်းက ဟွန့်ခနဲ အသံပြုကာ

" ဒါဆိုလည်း ငါ့ကို ဒီမှာဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းပြစမ်းပါဦး။ "

ပြောပြီးတာနဲ့ ရှောင်းလီရဲ့ဂုတ်ကို ဖိကိုင်ထားက လက်က ဦးခေါင်းဆီရောက်သွားကာ ဆံပင်ကို ဆောင့်ဆွဲလို့ ခေါင်းကို အတင်းအကြပ်မော့စေပြီး ချီရှို့ယွမ် ဒူးထောက်နေတဲ့ အခန်းတံခါးဝကို ဦးတည် ကြည့်စေတယ်။

အကြည့်ချင်းဆုံမိတဲ့ အခိုက်အတန့် သူတို့နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေထဲမှာ စာဖွဲ့မမှီနိုင်တဲ့ နာကျင်မှုတို့ကို ဖော်ပြလျက်။

" ချင်းရယ်..... ကျေးဇူးပြုပြီး.... သူ့ကို အခက်တွေ့အောင်မလုပ်ပါနဲ့။ သူက ကျွန်တော့် မိတ်ဆွေပါ။ "

ရှောင်းလီ ပြောသာ ပြောပေမယ့် အပေါ်ကနေ အဖိခံထားရတာကြောင့် စကားသံတို့က ဗလုံးဗထွေး။

" မင်းက အခုထိ မိတ်ဆွေပါလို့ ငြင်းချင်နေတုန်းလား။ "

လီရှီချင်းရဲ့အသံက အတော်လေးကို မကြည်မသာ ဖြစ်နေပုံပင်။

" မင်း သူ့အတွက်နဲ့ ငါ့ကို သစ္စာဖောက်တာလား? မင်း ဂိုဏ်းက ထွက်ချင်နေတယ်ဆိုတာ သူ့ကြောင့်ပဲလား? "

" ကျွန်တော် သစ္စာ မဖောက်ခဲ့ဖူးဘူး။ ဒါပေမယ့်... "

ရှောင်းလီ မျက်လုံးတို့ မှိတ်လိုက်ကာ

" ချင်းရယ် တောင်းဆိုတာကို လိုက်လျောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ "

" မင်း ရာထူးနဲ့ဆို ဂိုဏ်းက ထွက်တာက သစ္စာဖောက်တာပဲကွ။ "

လီရှီချင်း ရှောင်းလီရဲ့ဆံပင်တို့ကို တင်းနေအောင် ဆောင့်ဆွဲကာ

" ဂိုဏ်းကနေ အဟန့်အတားမရှိ ထွက်သွားနိုင်ဖို့ တခြားလူတစ်ယောက်ကို သွားရှာရဲတယ်ပေါ့ မင်းက။ ရှောင်းလီ... မင်းက ငါမသိအောင် တိတ်တိတ်လေး အဲ့လို အောက်တန်းကျတဲ့နည်းကို သုံးခဲ့တယ်။ မင်း ဂိုဏ်းမှာ ဆက်မနေချင်တော့ဘူးဆိုလည်း.... ရတယ်။ ငါ မင်းကို ထွက်ခွင့်ပေးမယ်။ "

ထို့နောက် ရှောင်းလီ နား,နားကို ကပ်ကာ

" ဒါပေမယ့်.... မင်း ဂိုဏ်းကနေ အဆက်ဖြတ်နိုင်ပြီဆိုတာက ငါ့ဘေးနားကနေ ထွက်သွားနိုင်ပြီလို့ ပြောတာ မဟုတ်ဘူးနော်။ ငါဆိုတဲ့ လီရှီချင်းက မင်းကို ဂိုဏ်းကနေပဲ ထွက်ခွင့်ပေးနိုင်မယ်... ငါ့ဘေးကနေတော့ ဘယ်တော့မှ ထွက်သွားခွင့် မပြုနိုင်ဘူး။ "

ရှောင်းလီကတော့ လီရှီချင်းအား နားမလည်နိုင်စွာဖြင့် မျက်မှောင်တို့ တင်းနေအောင် ကြုံ့မိတယ်။ သို့သော်လည်း လီရှီချင်းက သူ့ကို စဉ်းစားတွေးတောခွင့်လေးတောင် မပေး။ ရေခဲတမျှ အေးစက်စက် လက်ကြီးက သူ့ကျောကို ပွတ်သပ်လျက် အောက်ဘက်ကို တဖြည်းဖြည်း ဆင်းလာကာ အတွင်းခံဘောင်းဘီထဲ ရောက်လာတာကြောင့် ရှောင်းလီမှာ အစွမ်းကုန် တွန်းထိုးရုန်းကန်နေရတယ်။

" ခင်ဗျား ကျိန်ဆိုခဲ့တယ်လေ ချင်းရယ်.... ခင်ဗျား ကျိန်ခဲ့ပြီးသားလေဗျာ။ "

လီရှီချင်း လက်မှ လွတ်အောင်ရုန်းပြီးနောက် နောက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်ပြီး

" ကျွန်တော့်အမေရဲ့ အုတ်ဂူရှေ့မှာ ခင်ဗျား ကျိန်ပြခဲ့တယ်လေ။ ကျွန်တော်သာ ဆန္ဒရှိမယ်ဆိုရင်...... ခင်ဗျားပြောခဲ့တာလေဗျာ.... "

" ဆန္ဒရှိမယ်ဆိုရင်... ? "

လီရှီချင်းရဲ့ လှုပ်ရှားမှုတို့ ရပ်တန့်သွားတယ်။ ထို့နောက် လှောင်ရိပ်လေးစွက်ကာ အေးစက်စက် အသံဖြင့် စကားကို တစ်လုံးချင်း ဖိကာ ပြောလိုက်တယ်။

" ငါလုပ်ပေးခဲ့သမျှ အရာအားလုံး မလုံလောက်သေးလို့လား။ မင်းဂိုဏ်းမှာ တစ်ဆင့်ပြီး တစ်ဆင့်တက်လာတာကို ငါ ဒီတိုင်း ထိုင်ကြည့်နေခဲ့ပေးတယ်။ မင်း မိန်းမတွေကိုပဲ တပ်မက်ပါတယ်ဆိုတော့လည်း ငါ သည်းခံခဲ့တယ်။ မင်းရဲ့ ကလိမ်ကကျစ် လှည့်ဖျားမှုတွေကိုလည်း ငါ မသိချင်ယောင်ဆောင်ပေးခဲ့တယ်။ နောက်ဆုံးတော့ရော... ငါ့အတွက် ဘယ်လို အဆုံးသတ်သွားခဲ့သလဲ။ "

ထို့နောက် ရှောင်းလီရဲ့မေးစေ့ကို ဆုပ်ကိုင်လို့ ခေါင်းကိုမော့စေကာ ချီရှို့ယွမ်နဲ့ တဖန် အကြည့်ချင်း ဆုံစေပြန်တယ်။

" နောက်ဆုံးကျတော့ မင်းက တခြားသူတစ်ယောက်ဆီ သွားချင်နေခဲ့တယ်။ "

လီရှီချင်း ဒူးကို အားထည့်ကာ ထောက်လိုက်တာကြောင့် ရှောင်းလီထံမှ နာကျင်စွာ ညည်းညူသံ ထွက်လာတယ်။ ပြီးနောက် အခန်းတွင်းရှိ လူအားလုံးကြားနိုင်လောက်သော အသံဖြင့်

" ဘယ်လို အရည်အချင်းတွေနဲ့များ ဒီလူက မင်း လိုလိုလားလားနဲ့ သူ့ဆီ လာချင်အောင် လုပ်ခဲ့တာလဲ။ အခန်းဝမှာ အသံတစ်စက်မှ မထွက်ရဲပဲ ဒူးထောက်နေရတဲ့ သူရဲဘောကြောင်ကောင်တစ်ကောင်ကိုများကွာ။ မင်း သူ့ကိုမေးကြည့်စမ်း။ ငါ မင်းကို သူ့ရှေ့မှာ -ိုးမယ်ဆိုရင်တောင် သူအသံထွက်ရဲပါ့မလားလို့။ မေးကြည့်လိုက်စမ်းပါ! "

ရှောင်းလီ အသက်ကို ခက်ခက်ခဲခဲ လုရှုနေရင်း ချီရှို့ယွမ် ရှိရာဆီကြည့်မိတော့ တစ်ချိန်လုံး သူ့ကိုစိုက်ကြည့်နေတဲ့ ချီရှို့ယွမ်ကို တွေ့လိုက်ရတယ်။ မျက်ဝန်းထဲမှာတော့ စိတ်ကသိကအောက်ဖြစ်မှု၊ ရှက်ရွံ့မှု၊ နောင်တနဲ့ ထွေပြားနေသော ခံစားချက်တို့ ထင်ဟပ်လျက်။ ဒီလို အခြေအနေမျိုးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေရတာ နှလုံးသားတို့ နာကျင်ကွဲအက်နေမယ်ဆိုတာ မေးနေစရာပင် မလို။ သို့သော်လည်း သူတို့ အကြည့်မလွှဲမိကြ။ စိတ်ထဲမှာ ကမ္ဘာခြားနေတယ်ထင်ရတဲ့ ဒီနှစ်မီတာလောက် ဝေးကွာမှုလေး ခြားရင်း သူတို့နှစ်ယောက်ရဲ့ နာကျင်မှုတို့ ပြေလျော့လိုလျော့ငြား နှစ်သိမ့်မှုလေးများရမလားရယ်လို့ တစ်ယောက်မျက်ဝန်းမှာ တစ်ယောက် ရှာဖွေနေမိကြတယ်။

************************************

Q&A

၁၀

ဟန်ကျား - မင်းတို့ရဲ့ ဇာတ်ကောင်တွေက တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်တယ်လို့ ထင်ကြလား။

ရှောင်းလီ - ( တိုးတိုးလေး ) ဘာအဓိပ္ပါယ်လဲ။

ချီရှို့ယွမ် - ( တိုးတိုးလေး ) အရမ်းလိုက်ဖက်ပါတယ် လို့ ဖြေလိုက်။

ရှောင်းလီ  - အရမ်း လိုက်ဖက်ပါတယ်။

ချီရှို့ယွမ်  - ကျွန်တော်လည်း အရမ်းလိုက်ဖက်တယ်လို့ ထင်ပါတယ်။

ဟန်ကျား - ..........

၁၁

ဟန်ကျား - တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခေါ်ကြလဲ။

ချီရှို့ယွမ်  - ရှောင်းလီ

ရှောင်းလီ  - ချီရှို့ယွမ်

ဟန်ကျား - အို! ငါ ထင်သလိုလည်း မဟုတ်ပါလား။ ငါက မင်းတို့နှစ်ယောက် အတော်လေး အီစီကလီ နိုင်မယ်ထင်ထားတာ။

ချီရှို့ယွမ်  - အီစီကလီ ဆိုတာ အခေါ်အဝေါ်နဲ့ မဆိုင်ဘူး။ လေသံနဲ့ပဲ ဆိုင်တာ ( ရှောင်းလီကို ကြည့်ပြီး ညုတုတု အသံတိုးတိုးလေးဖြင့် ) ရှောင်းလီ....

ရှောင်းလီ  - နောက်မေးခွန်း....

၁၂

ဟန်ကျား - တခြားသူက ကိုယ့်ကို ဘယ်လို ခေါ်စေချင်လဲ။

ရှောင်းလီ - ငါတို့ စောစောပြောတဲ့ဟာပဲ ကောင်းပါတယ်။

ချီရှို့ယွမ် - ( ခေါင်းငြိမ့် )  ပုံမှန်ဆိုရင်တော့ အဲ့အတိုင်းက တော်တော်လေး အဆင်ပြေပါတယ်။ ဒါပေမယ့် တချို့ အထူး အချိန်လေးတွေမှာတော့ သူ့ကို ' ကောကော ' ဖြစ်ဖြစ် ခေါ်စေချင်မိတယ်။

ဟန်ကျား - ဒီ ကိုလူကြမ်းကတော့!

ချီရှို့ယွမ် - မင်း ငါဘာပြောပြော လူကြမ်းဆန်တယ်ပဲ ပြောနေတော့မှာလား။ ရှောင်းလီရေ... မင်း ဝင်ပြောပါဦး။

ရှောင်းလီ - ( သက်ပြင်းချ ) မင်း ဒီလို တမင် မလုပ်စမ်းပါနဲ့။ ငါနဲ့ဟန်ကျားရဲ့ ကြားမှာ ဘာမှမရှိပါဘူးဆို။ မင်း သူ့ကို စိတ်တိုစရာ မလိုပါဘူး။

*************************

တစ်လကျော်တောင် ကြာသွားလို့ ဆောရီးပါရှင့်။ မေ့နေရင် ရှေ့အပိုင်းတွေ ပြန်ဖတ်ပြီး Recall ပြန်ခေါ်ကြပါနော်😁။ နောက်ဆို အလုပ်များနေလည်း ကြိုးစားပြီး up ပါ့မယ်။ Love you all 💓💓💓

###############################

Continue Reading

You'll Also Like

251K 37.4K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
216K 21.5K 81
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
480K 40.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ