အဖြူရောင်နုနု(complete)🚨

By wookiekyoe

806K 14.9K 501

" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည... More

Chapter 1 unicode
Chapter 1 zawgyi
Chapter 2 unicode
Chapter 2 zawgyi
Chapter 3 zawgyi
Chapter 4 unicode
Chapter 4 zawgyi
Chapter 5 unicode
Chapter 5 zawgyi
Chapter 6 unicode
Chapter 6 zawgyi
Chapter 7 unicode
Chapter 7 zawgyi
Chapter 8 unicode
Chapter 8 zawgyi
Chapter 9 unicode
Chapter 9 zawgi
Chapter 10 unicode
Chapter 10 zawgyi
Chapter 11 unicode
Chapter 11 zawgyi
Chapter 12 unicode
Chapter 12 zawgyi
Chapter 13 unicode
Chapter 13 zawgyi
Chapter 14 unicode
Chapter 14 zawgyi
Chapter 15 unicode
Chapter 15 zawgi
Chapter 16 unicode
Chapter 16 zawgyi
Chapter 17 zawgi
Chapter 17 unicode
Chapter 18 zawgi
Chapter 18 unicode
Chapter 19 zawgi
Chapter - 19 unicode
Chapter 20 unicode
Chapter 20 zawgyi
Chapter 21 unicode
Chapter 21 zawgyi
Chapter 22 unicode
Chapter 22 zawgi
Chapter 23 unicode
Chapter23 zawgi
Chapter 24 unicode
Chapter 24 zawgyi
Chapter 25 unicode
Chapter 25 zawgi
Chapter 26 unicode
Chapter 26 zawgyi
Chapter 27 unicode
Chapter 27 zawgyi
Chapter unicode 28+End
Chapter 28+End zawgi

Chapter 3 unicode

22.8K 444 2
By wookiekyoe

🔸အဖြူရောင်နုနု🔸3

            အပိုင်း~၃

နံနက်၆နာရီ..
နုနုပုံမှန်ထတတ်တဲ့အချိန်မို့မျက်လုံးကနိုးစက်မလို
ပေ။နုနုဘေးမှာတော့..နုနုအသွေးအသားတွေကို
မြိန်ရေယှက်ရည်သုံးဆောင်သွားတဲ့ခင်ပွန်းအသစ်
စက်စက်ကြီးကအိပ်မက်ကမ္ဘာထဲမှာမြောနေဟန်ရှိ
သေးသည်။
နုနုဖြေးညှင်းစွာနဲ့ထပြီး..ရေချိုးခန်း၀င်သည်။
ရေအေးအေးလေးချိုးချလိုက်တော့မှပဲငြီးစိတာတွေ
ပျောက်သွားတော့သည်။
နုနု အ၀တ်စားလဲပြီးသည့်အထိကိုဗညားရှိန်းတုပ်
တုပ်ပင်လှုပ်မလာသေး။
" အင်း ညကသောက်ထားတဲ့အရှိန်နဲ့လွှင့်နေတာ
ထင်တယ်..."
ိုနုနုအိပ်ခန်းထဲကထွက်ကာအောက်ထပ်သို့ဆင်း
လာခဲ့သည်။

" နုနု လက်ထပ်ပြီးရင်လည်းမီးဖိုချောင်၀င်စရာမလို
ဘူးသိလား၊ကိုယ့်အိမ်မှာအဒေါ်ကြီးရှိတယ်..
နုနုကစီမံပေးယုံပဲ...၊ပြီးတော့..
နုနုခိုင်းဖော်ရအောင်နောက်ထပ်ကောင်မလေးတစ်
ယောက်ပါခေါ်ထားသေးတယ်..." တဲ့။
ကိုဗညားရှိန်းကလက်မထပ်ခင်ကတည်းကထိုသို့
ပြောသည်။မေမေကတော့..
ယောက်ျားအတွက်ထမင်း၊ဟင်းချက်ကျွေးစရာမလို
ရင်တောင်နံနက်စာကိုတော့ကိုယ်တိုင်ထပြင်ဆင်
ပေးဖို့တိုးတိုးတိတ်တိတ်မှာကြားလိုက်သည်။
ဒါကနုနုအတွက်သိပ်မခက်ခဲပါဘူး၊အိမ်မှာလည်း
နံနက်စာကနုနုဖာသာပြင်ဆင်ရတာကိုး...

ဟိုးအရင်ကသားအမိနှစ်ယောက်တလှည့်စီချက်ပြုတ်စားလာပေမယ့်..နုနုကောလိပ်တတ်တော့အမေ
ကသူ့ဆွေမျိုးနီးစပ်ထဲကညီမအပျိုကြီးတစ်ယောက်
ကိုအိမ်ခေါ်ထားလိုက်တော့..ကူဖော်ရသွားသည်။
အခုလည်းအဒေါ်နဲ့အမေနှစ်ယောက်ထဲသာကျန်ရစ်
ခဲ့တော့သည်။
နုနုအမေကအိမ်ပွဲစား၊ရတနာပွဲစားလုပ်တာမို့
ပိုက်ဆံအချမ်းသာကြီးမဟုတ်ပေမယ့်၊အတန်အ
သင့်တော့ပြေလည်ပါသည်။
" ပွဲစားအလုပ်ကသူများမျက်ခုံးမွှေးပေါ်စကြံင်္လျှောက်ရတော့..အချိန်မရွေးပြုတ်ကျပြီးစုတ်ပြတ်သွား
နိုင်တယ်လေ။ အဲ့တာကြောင့်ငါ့သမီးကိုနောက်ခံ
ခိုင်ခိုင်မာမာရှိတဲ့လူနဲ့အိမ်ထောင်ကျစေချင်တာပေါ့ကွယ်...
အိမ်ထောင်သည်ဘ၀မှာငွေကြေးပူပန်ရတာကအဆိုးဆုံးပဲ...
ချစ်လှပါချည်ရဲ့ဆိုပြီးယူထားတဲ့ယောက်ျားတွေ
တောင်ငွေမရှိရင်..ရှိတဲ့မိန်းမရောက်လာရင်ကောက်ကောက်ပါသွားကြသေးတာ...။
အဲ့တော့အစေခံမယားမဖြစ်စေနဲ့...အစကတည်း
ကသူများထက်တစ်ဗန်းသာအောင်တင့်တောင်း
တင့်တယ်ထားနိုင်မယ့်လူကိုရွေးယူတာ မမှားဘူး
သမီး....."

ငွေရှိတဲ့ယောက်ျားတွေရဲ့ဖောက်ပြန်ပျက်စီးနေတဲ့
လောကကြီးကိုကောမေမေထည့်မတွက်ဘူးလား
လို့နုနုပြန်မမေးချင်။

နံနက်စာပြင်ဆင်ဖို့မီးဖိုခန်းထဲလှမ်း၀င်လိုက်သည်။
အဒေါ်ကြီးနဲ့ကောင်မလေးတို့အရိပ်အယောင်ပင်မ
မြင်ရသေး..၊အင်းလေညကဒင်နာပွဲမှာပြီးတဲ့အထိ
သူတို့လည်းခါးချိမတတ်သိမ်းဆည်းရသည်ကိုး။

ကိုဗညားကဘာစားတတ်မှန်းမသိသေးတော့..ရှိတဲ့
ပစ္စည်းနဲ့နုနုစားတတ်တာပဲပြင်နေလိုက်သည်။
နောက်ကြမှမေးပြီး အကြိုက်ညှိယူရမည်။
နုနု ပါမုန့်နဲ့ကြက်ဥကြော်နေတုန်း..နောက်ကနေ
ခါးလေးကိုယှက်ဖက်ချင်းခံလိုက်ရသည်။
" အမလေး...."
" နုနု လန့်သွားလား ဆောရီး ဆောရီး..."
ယောင်ရမ်းကာယောင်းမနဲ့လှည့်ခေါက်မိတော့မလို့၊
ဗညားရှိန်းကရယ်ကြဲကြဲနဲ့..
" ကိုယ် နိုးနိုးချင်းနုနုကိုမတွေ့လို့ ဆင်းလာတာ..
နုနုများ ကိုယ့်ကိုစိတ်ဆိုးသွားပြီလားလို့..."
ဟွန်း..သူလုပ်ထားတာသူမှတ်မိပြီးမျက်နှာချိုလာ
သွေးနေတာပေါ့။
နုနုကဘာမှပြန်မဖြေတော့...
" နုနု ကိုယ့်ကိုစိတ်ဆိုးနေသလားဟင်..."
ဆိုးတယ်လို့ဖြေရမှာလား?မဆိုးပါဘူးလို့ဖြေရမှာလား? ဒုက္ခပါပဲ။
" နုနုက ဘာကိုစိတ်ဆိုးရမှာလဲ?"
" အင်း အဲ့တာ..ကိုယ်...လေ...
ကိုယ် နုနုကိုချစ်တယ်.. နုနုကို စတွေ့ကတည်းက
စိတ်၀င်စားမိတာပါ..."
စောစောစီးစီးမျက်နှာမသစ်ဘာမသစ်နဲ့..ကြည့်အုံး
ရည်းစားစစကားပြောတာကလည်းမင်္ဂလာဦးည
တောင်ဖြတ်သန်းပြီးမှတဲ့လား။ သိပ်စောလွန်းမနေ
ဘူးလားရှင့်...
" နုနု ကော..ကိုယ့်ကိုပြန်ချစ်နိူင်မလားဟင်"
" ကိုဗညား..."
" အင်း...ပြောပါနုနု..."
" မျက်နှာအရင်သွားသစ်လိုက်ပါလား ဒီမှာနံနက်
စာကရတော့မယ်..."
" သြော် သြော် ဟုတ်သားပဲ.. မေ့နေတာ...
မျက်နှာသစ်ပြီးမှ..နုနုကို အဲ..နုနုပြင်တာ စားတော့မယ်..."
ပြောပြီးရယ်ကြဲကြဲနဲ့ခလေးလိုပြန်ပြေးတတ်သွား
တော့သည်။
ဟင်းးး တကယ်ပါပဲ။
>>>>>>>>>>>>>

မင်းထက်နေနိုင်..ဆရာ၀န်တစ်ယောက်မို့မနေ့က
ချစ်သူရဲ့မင်္ဂလာရက်မြတ်မှာနိုက်ဂျူတီကျနေခဲ့တော့..အသဲတောင်ဖြောင့်အောင်မကွဲနိုင်ခဲ့ပေ။
ဆေးရုံမှာလူနာတွေကြားမှာအယောင်ယောင်အမှားမှားနဲ့၊ အော်ညည်းညူနေတဲ့လူနာတွေကြားမှာသူအသဲကွဲတာကပမွှားကိစ္စဖြစ်သွားရသည်။

မနက်လင်းတော့မှငေါင်တောင်တောင်နဲ့အိမ်ပြန်
လာပြီးရေခဲသေတ္တာထဲမှာအသင့်ရှိတဲ့ဘီယာတစ်
ဘူးဖောက်သောက်ကာထိုးအိပ်ပစ်လိုက်သည်။

သူ့မိဘတွေကဆင်းရဲသားမျိုးရိုးမှပေါက်ဖွားလာတာမို့ဘာအမွေပိုင်ဆိုင်မှုမှမရှိ၊အဖေကအစိုးရ၀န်
ထမ်းလခစား၊အမေကသမကအရောင်းစာရေးမ..
ညားပြီးသူ့ကိုမွေးပြီးတော့အမေကအလုပ်ဆက်မလုပ်နိုင်ပဲမှီခိုဖြစ်သွားသည်။
အဖေ့တစ်လုပ်စာထဲကိုမှီခိုစားသောက်ရတော့..သူ့
ရဲ့ကျောင်းစရိတ်ဘာညာကလည်းရှိသေးတော့
မလောက်ငှ၊ အမေကကြံဖန်ကာ..ကြားပေါက်၀င်ငွေရအောင်ရှာသည်။
ရပ်ကွက်ထဲကမိန်းမကြီးတစ်ယောက်အဆက်အသွယ်နဲ့ငွေကြာရံထဲကသူဌေးအိမ်တစ်အိမ်က အ၀တ်
များကိုယူလျှော်ကာမီးပူတိုက်ပေးရသည်။
သူအစကတော့ သူ့အမေဒီအလုပ်လုပ်တာကိုရှက်
ူစရာကောင်းတယ်ဟုထင်သည်။
" သားရယ် အမေကလမ်းထဲမှာတစ်အိမ်၀င်တစ်
အိမ်ထွက်လိုက်လျှော်နေတာမှမဟုတ်ပဲ....
သူဌေးအိမ်ကအ၀တ်ပဲကို၊ ပြီးတော့သူဌေးမကပေး
ရင်ရက်ရောတယ်သားရဲ့..."

ကံကောင်းတာကသူတို့မိသားစုမှာအမေ့ဘက်က
ရထားတဲ့ဒီအိမ်ကလေးရှိနေတာပဲ။
အိမ်လေးက၁၅ပေဆိုပေမယ့် မိသားစု၃ယောက်ထဲ
နေဖို့တော့ကျယ်ပါသည်။အိမ်ရှေ့မှာအဖိုးလုပ်ပေး
ခဲ့တဲ့ရေကန်ရှိသည်၊မလာရင်တုံကင်နှိပ်ရသည်။
အ၀တ်တွေကိုလည်း အိမ်ရှေ့မှာကြိုးတန်းတွေလုပ်
ကာအမေကလှမ်းသည်။

အဲ့ဒီ့အ၀တ်အစားတွေထဲမှာအဖြူရောင်ခပ်ရှည်ရှည်နဲ့ကုတ်အကျီတွေအမြဲပါပါလာတတ်သည်။
အမေကသူ့ကိုပြပြီး..
" ဒါကဆရာ၀န်ကြီးအကျီလေသားရဲ့...ဂျူတီကုတ်
လို့ခေါ်တယ်။ဒါမျိုးကိုဆရာ၀န်ဖြစ်မှ၀တ်လို့ရတာ..
အမေလေ ငါ့သားကြီးလာရင်ဒါမျိုး၀တ်ပြီးလူနာတွေကိုဆေးကုပေးနေတာမြင်ချင်လိုက်တာကွယ်၊
စာကြိုးစားနော်သားလေး..."

သူ့အမေပြောတာကိုခေါင်းငြိတ်ပြီး..သူ့ရဲ့အနာဂဏ်
ကိုဒီအဖြုရောင်အကျီရှည်တွေနဲ့တွေးကာပုံဖော်
ကြည့်ဖူးသည်။ ဒီအကျီတွေမြင်တိုင်းစာကြိုးစားချင်
စိတ်ဖြစ်လာခဲ့သည်။

သူ၈တန်းနှစ်မှာသူ့အဖေရဲ့အစိုးရရုံးမှလူကြီးအပြောင်းအလဲကြားအဖေပါအလုပ်ပြုတ်သွားသဖြင့်
သူတို့မိသားစုဒုက္ခရောက်ရသည်။
အမေက၀မ်းရေးပိုကျောင်းရပြီးသူဌေးအိမ်မှာအစေ
ခံတစ်ပိုင်းသွားလုပ်ရင်း..သူဌေးမကအမေ့အကြောင်းသိသွားတော့..အဖေ့ကိုပါသူဖွင့်ထားတဲ့
စားသောက်ဆိုင်မှာအလုပ်ခန့်လိုက်ပါသည်။ဒါကတော့အမေ့အပြောပေါ့၊တကယ်တော့ဒီအလုပ်ရဖို့
အမေဘယ်လိုအောက်ကျို့ခဲ့လဲသူမတွေးကြည့်ချင်
၊အခုထိအဖေကအဲ့စားသောက်ဆိုင်မှာမန်နေဂျာဖြစ်နေတုန်းပါပဲ...

သူဌေးမရဲ့ယောက်ျားကဆရာ၀န်ကြီးဆိုပေမယ့်..
သူဌေးမရဲ့ပုံစံကတော့ထူးဆန်းလွန်းသည်။
ဆံပင်ကလိမ်ကောက်ကောက်..မျက်နှာကိုမိတ်ကပ်တွေဖွေးနေအောင်ပြင်ပြီး၊မျက်လုံးမှာကာခြယ်တွေဆွဲကာ..နှုတ်ခမ်းနီခပ်ရဲရဲအမြဲဆိုးတတ်သည်။
လူပုံစံမှာလှပေမယ့် ကြောက်စရာကောင်းနေသည်
၀တ်စားဆင်ယင်မှုကလည်းရင်သား၊ပေါင်သားတွေ
အမြဲပေါ်ကာ အတော်ဟော့လွန်းပါသည်။

တစ်ခါတစ်လေအလုပ်ရှိလို့အဖေ့ကိုလာခေါ်ရင်
သူ့ကားပေါ်မှာယောက်ျားခပ်ငယ်ငယ်တွေလည်း
မရိုးအောင်ပါပါလာတတ်သည်။
သူဌေးမရဲ့ပုံစံကိုသူမကြိုက်ကြောင်းဝေဖန်မိတော့
သူ့အဖေနဲ့အမေကဝိုင်းဆူကြသည်။
" အမြင်မှာတော့တစ်မျိုးပေမယ့်၊ သဘောထားမဆိုးပါဘူးသားရယ်။
ဘယ်လိုပဲဖြစ်ဖြစ်မေမေတို့ရဲ့ကျေးဇူးရှင်ပဲ
သားမကြိုက်ရင်တောင်မဝေဖန်နဲ့..."  တဲ့။

သူဆယ်တန်းအောင်တော့AllDရပေမယ့်၊သူမိဘ
၀င်ငွေနဲ့ဘယ်လိုလုပ်ဆေးတတ်နိုင်မှာလဲ?
ဒါကိုသူဌေးလင်မယားကကြားပြီး.သူ့အားပညာသင်စရိတ်ထောက်ပံ့ပေးခဲ့သည်။
ဟုတ်တယ်..သူကသူများအထောက်အပံ့နဲ့ပညာ
သင်ခဲ့ရတဲ့လူ။
ဒါပေမယ့် သူ့အဖေကလည်းသူဌေးမအတွက်လက်
ရုံးလိုစားသောက်ဆိုင်တစ်ခုလုံးကိုဦးစီးပေးရတာ
တောင် မခိုးမဝှက်နဲ့လစာပဲယူတတ်တဲ့သူမျိုး၊
သူ့အမေကလည်းအစကအ၀တ်လျှော်ယုံ၊နောက်
ပိုင်းကြအ၀ယ်တော်ပါဖြစ်၊အိမ်ရှိအလုပ်ဟူသမျှပြေးပြေးလုပ်ပေးနေရတာပဲလေ။
သူကိုယ်တိုင်လည်းကျေးဇူးရှင်ရဲ့သမီးကို၈တန်းနှစ်
ကတည်းကနေဆေးကျောင်းရောက်တဲ့အထိ
guideပြန်သင်ပေးနေရတာ။

ဒါဆိုသူတို့မိသားစုကသူများအထောက်အပံ့
ကိုအလွယ်တကူရယူတဲ့သူမျိုးတွေမဟုတ်ဘူးပေါ့။

ဒါနဲ့များ ဘာဖြစ်လို့လဲ?
" သူတစ်ပါးလောင်းရိပ်အောက်ကယောက်ျားမို့
သဘောမတူဘူး" တဲ့။
နုနုအမေကသူ့ဘ၀ကိုထက်ပိုင်းချိုးချပြီးနှိမ်ခဲ့သည်။
ငွေမက်လို့သူဌေးသားမက်လိုချင်ရင်လိုချင်တယ်
ပေါ့...ဘာလို့သူ့ရဲ့အားနည်းချက်ကိုပါထိခိုက်ပြီး
သူ့မိဘတွေကိုပါစော်ကားခဲ့ရတာလဲ။
တောက်))))))
တနေ့လုံးအိပ်ယာထဲလူးလှိမ့်တွေးကာ..တွေးမိသမျှကလည်းခါးလွန်းနေသည်။

>>>>>>>>>>>>>>>
လွန်းဖြူဖြူ...သူမသည်လိုတိုင်းတရနိုင်သောဘ၀
မို့ဘာကိုမှအလေးအနက်မထားတတ်သောမိန်းခလေးဖြစ်သည်ဟုဆိုကြလေသည်။
သူမသည်လွတ်လွတ်လပ်လပ်နေတတ်သည်။ခပ်
ဟော့ဟော့ခပ်လန်းလန်း၀တ်သည်။ဂီတာတီးသည်
သီချင်းဆိုသည်။ဟိုက်စကူးတတ်ကတည်းကကျောင်းပျက်ချင်တိုင်းပျက်သည်၊ဆေးလိပ်သောက်တတ်သည်။ယောက်ျားလေးတွေကြားထဲမှာလည်းhot girlအဖြစ်နဲ့နာမည်ကြီးသည်။

အတန်းဖော်သူငယ်ချင်းတွေရဲ့မိဘတွေကသူ့လိုမိန်းကလေးမျိုးနဲ့သူတို့သားသမီးကိုအပေါင်းအသင်းမလုပ်စေချင်ကြပါ။ ပေါ်တင်တစ်မျိုး၊ကွယ်ရာတစ်ဖုံ
မေးငေါ့ကြပေမယ့်..သူမအနေနဲ့ဘယ်လိုမှသဘော
မထား...။ အပေါင်းအသင်းကယောက်ျားလေး၊မိန်း
မလေးသူမမှာများလွန်းသည်၊ဒါပေမယ့်သူတို့နဲ့ပတ်
သတ်တဲ့အကြောင်းအရာတွေကိုဘာတစ်ခုမှသူ့စိတ်ထဲအမှတ်မထားပါ။တွေ့တဲ့အခါခေါ်ပြောဆက်
ဆံလိုက်သည်ဒါပါပဲ။
သူမဘ၀မှာစွဲစွဲလမ်းလမ်းချစ်ခင်သူကတစ်ဦးထက်
ပင်မပိုခဲ့ပါ။

ဒါပေမယ့်...ဆယ်တန်းresultထွက်တော့သူမက
5Dထွက်သည်။
အားလုံးကမယုံနိုင်၊သူမအဖေကဆရာ၀န်ကြီးမို့
Dတွေ၀ယ်တာဟုစွတ်စွဲသမုတ်ကြသည်။
လွန်းဖြူဖြူ ခပ်ယဲ့ယဲ့ပဲပြုံးပြလိုက်သည်၊အဲ့ဒီ့ဆရာ
၀န်ကြီးကဖြူဖြူ့အကြောင်းစိတ်၀င်စားပါစေအုံး။

အခုလည်းဘော်ဒါတစ်သိုက်နဲ့အလေလိုက်ပြီးနောက်လမ်းခွဲပြီးအိမ်သို့ပြန်လာတဲ့လမ်းမှာ...
ဖြူဖြူကကားမောင်းရင်အဲကွန်းဖွင့်ထားရတာထက်
.ဘေးတံခါးလေးဖွင့်ပြီးလေတဟူးဟူးတိုး၀င်နေတာကိုခံစားရတာပိုကြိုက်သည်။
သီချင်းတငြီးငြီးနဲ့မောင်းလာရင်း...
မီးပွိုင့်မှာကားတန်းပိတ်မိနေတုန်း..ဘေးကကားပေါ်မှပုရိသသတ္တဝါတွေကဖြူဖြူ့ကိုလှမ်းကာ..
" ဟေ့ အကိတ်လေးပဲ...."
" လန်းတယ်ကွာ..."
" တစ်ယောက်ထဲလား...  "
" အဖော်လိုရင် ဒီမှာရှိတယ်နော်...."
" ဘယ်သွားမလို့လဲ.လမ်းကြုံလိုက်ချင်တယ်.."
စသဖြင့်သရေတမြားမြှားနဲ့ပါးစပ်သရမ်းကြပါလျှင်၊
ဖြူဖြူသည်သူတို့ဘက်ကိုလှည့်ကြည့်ကာ
လက်ခလယ်ထောင်ပြပြီး F***kဟုဆဲကာ
ကားမှန်ချပစ်လိုက်သည်။
သူမအကြောင်းမသိသူများကို ဒါဘုရားစူးဆေးကျောင်းသူပါဟုကျိန်တွယ်ပြောရင်တောင်ယုံကြမည်
မထင်ပါ။

ခြံထဲသို့ကားကိုအကြမ်းပတမ်းမောင်း၀င်လိုက်ပြီး
ဂိုထောင်ထဲပင်မသိမ်းရပ်ထားခဲ့ပြီး.အိမ်ထဲ၀င်တော့
" ဟော ဖြူဖြူပြန်လာပြီပဲ ..ထမင်းတစ်ခါထဲ၀င်စား
မလားပြင်လိုက်မယ်..."
ဖြူဖြုငယ်ငယ်ကတည်းကအိမ်မှာအလုပ်လုပ်တဲ့
ဒေါ်မြင့်ကလှမ်းမေးပါသည်။
တစ်ခါထဲ၀င်စားမလားဆိုတော့တစ်ယောက်ယောက်စားနေလို့ပေါ့..
" ဟင့်အင်း.. ဖြူဖြူမဆာဘူး...."
ပြောပြီးဆလင်းဘတ်ကြိုးကိုလက်ကနေတန်းလန်း
တရွတ်တိုက်ဆွဲကာလေတချွန်ချွန်နဲ့လှေကားတွေ
ပေါ်နင်းတတ်လာခဲ့သည်။

>>>>>>>>
ဒီအချိန်ဆိုနုနုတစ်ယောက်ဘာများလုပ်နေမလဲ?..
သူ့ကိုသတိရနေမလား?၊ဒါမှမဟုတ်လူချမ်းသာခင်
ပွန်းဘေးမှာအလိုက်သင့်ခစားနေရမလား?
မတွေးပဲနေချင်ပေမယ့်လည်းမရ..စိတ်ထဲကယောက်ကယက်နဲ့အိမ်မှာတစ်ယောက်ထဲဆိုတော့ပိုဆိုး
ပါသည်။
တနေ့လုံးလည်းဘီယာတစ်ဘူးအပြင်ဘာမှမစား
မသောက်ရသေးတော့..ညပိုင်းအထိမနေနိုင်တော့
ပဲအပြင်ထွက်လာခဲ့သည်။
ဘယ်သွားရမလဲရုတ်တရက်အစီအစဉ်မရှိတော့...
ခြေဦးတည့်ရာလျှောက်ရင်း..သူ့အဖေအလုပ်လုပ်
တဲ့နန်းထိုက်စားတော်ဆက်နားရောက်လာသည်။
(သူတို့အိမ်နဲ့၂မှတ်တိုင်စာပဲဝေးတာမို့ပါ)

သူခြံထဲ၀င်သွားတော့သူ့ကိုသိနေသောအဖေ့လက်အောက်ကတာ၀န်ခံကိုစိုးသိမ်းကသူ့ကိုမြင်တာ
နဲ့...
" ဟာ ညီ မလာစဖူးပါလား..."
" အင်းဗျာ..စိတ်ကူးပေါက်တာနဲ့...  "
တကယ်ပါအရင်တုန်းကတော့ဒီလိုနေရာမျိုးကိုသူ
ကအ၀င်အထွက်တောင်သိပ်လုပ်ချင်တာမဟုတ်
ဘူး။ စာမေးပွဲအောင်တုန်းကသူငယ်ချင်းတွေညှည်းဆဲသဖြင့်တစ်ခါ၊အမေခိုင်းလို့အဖေ့ဆီ၀င်တုန်း
ကတစ်ခါ၊နောက်..သူငယ်ချင်းထဲကနိုင်ငံခြားထွက်
မယ့်သူကိုနှုတ်ဆက်ပွဲလုပ်တုန်းကတစ်ခါရယ်...
၃ခါလားပဲအထဲရောက်ဖူးပါတယ်။

" လာ ညီလေး" ဆိုပြီးကိုစိုးသိမ်းကဆိုင်ထဲခေါ်လာ
သည်။
အထဲမှာဝိုင်းအပြည့်၊လူအပြည့်ပင်။
စတိတ်ပေါ်မှာအဆိုတော်မလေးတစ်ယောက်ကခုန်
ကာခပ်မြူးမြူးသီချင်းဆိုနေသည်။
" အခုကတည်းကလူအပြည့်ပဲနော်..."
" ဟုတ်တယ် ညီရေ..အခုလောက်ကတည်းကအချိန်ယူသောက်စားမှနောက်တစ်နေရာဆက်နိုင်မှာ
ပေါ့ ..ဟား ဟား လာညီ...ဒီမှာထိုင်"
သူကတစ်ယောက်ထဲဆိုတော့ထောင့်နားကဝိုင်းကို
ခေါ်သွားသည်။
" ကဲ ပြော ဘာသုံးဆောင်မလဲ..."
" ကျနော်ဗိုက်ဆာတယ်.. အရင်ဆုံးစားရမယ်ထင်
တယ်၊အစာရှိမှအရည်၀င်မှာပေါ့ ဟုတ်တယ်မှတ်
လား..ပြီးရင်သောက်စရာလည်းပေးဗျာ."
" အိုကေ..."
သူ့ကိုကုန်းဘောင်ကြော်၊ဘဲကင်၊တခြားအကြော်
အလှော်သုံးလေးပွဲလောက်ချပေးပြီး.အရက်လည်း
ချပေးသည်။
" အိုကေ လားညီ၊လိုတာရှိရင်ပြောနော်။
ဆရာမရှိတော့အစ်ကိုနဲနဲအလုပ်များနေလို့.."
" ရပါတယ် အစ်ကို အိုကေ..."

ဘီယာလာရောင်းသောကောင်မလေးတွေကိုလည်းရတယ်မလိုဘူးဟုပြောလိုက်သည်။
သူတစ်ယောက်ထဲစားလိုက်သောက်လိုက်နဲ့အတော်ရေချိန်ကိုက်လာရသည်။
စတိတ်ပေါ်မှာအဆိုတော်တွေတစ်ယောက်ပြီးတစ်
ယောက်လဲကာဆိုကြသည်။
🎵🎶🎵🎶🎵🎶🎵🎶
အခြေနေတွေဟာ အမြဲတမ်း
ပြောင်းလဲနေတဲ့ အချစ်ရေ
ဒီကမ္ဘာပေါ်မှာ ချစ်တိုင်းလည်း
မညားကြတဲ့သူတွေ အများကြီးထဲ.....

"ဟုတ်တယ် ချစ်တိုင်းလည်းမညားကြဘူး..နုနုရေ
ငါတကယ်ခံစားရတယ်ကွာ၊ ငါ့ကိုချစ်ရက်နဲ့ဘာလို့
များတခြားလူရင်ခွင်ထဲ၀င်သွားရက်တာလဲ ဟမ်"

🎵🎵ပြောင်းလဲတိုင်း မပြောင်းလဲနဲ့
ဘယ်တော့မှ မင်းမမုန်းနဲ့ အချစ်ရေ
မင်းနဲ့တို့ ဝေးများ ဝေးရင် အိုး
သေချာတယ် ကိုယ့် အသက်တိုလိမ့်မယ်
ချစ်သူလေးရေ ကိုယ့် အသည်းကို
ရက်ရက်စက်စက်
ခွဲမသွားနဲ့ ခွဲမသွားနဲ့...............။
" ဟင့်အင်း.. ငါကတော့အသက်ရှည်အောင်နေမှာ
ပါ။ မင်းယောက်ျားကြီးထက်အသက်ရှည်အောင်
နေမှာနုနု..
သူသေသွားရင်ဖြစ်ဖြစ်၊ မင်းမပျော်ရင်ဖြစ်ဖြစ် ငါ့ဆီ
ပြန်လာခဲ့...."

>>>>>>>>>>
ဖြူဖြူတစ်ယောက်ရေချိုးခန်းထဲကထွက်လာပြီး.
.မွှေးပွသဘတ်နဲ့ပတ်ထားရင်းကုတင်ပေါ်ခြေတွဲလောင်းချထိုင်ကာ..ဘာလုပ်ရမလဲစဉ်းစားနေသည်။
ကိုကိုကလည်းစာမသင်ရတဲ့အချိန်တွေဆိုရင်တွေ့
ဖို့ခက်ခဲလိုက်တာအရမ်းပဲ...။
အနားကအံဆွဲထဲကရီမုကိုယူကာလှမ်းနှိပ်လိုက်လျှင်.ရှေ့တည့်တည့်ကနံရံပေါ်ကခန်းစီးစမှာဘယ်ညာ
ခွဲသွားပြီး.လူအရွယ်အစားနဲ့ဆိုက်တူကိုယ်တစ်ပိုင်း
ပိုစတာဓာတ်ပုံတစ်ပုံပေါ်လာသည်။

ဖြူဖြူ လက်ထဲကဝိုင်ခွက်ကိုလှုပ်ရမ်းရင်းမေးဖျား
ကိုလက်ထောက်ကာငေးကြည့်သည်။
အချစ်ကဘာလဲ ဖြူဖြူမသိဘူး...
ဖြူဖြူ့အချစ်ကတော့ ကြည့်လိုက်ရင်သိပ်ကိုငြိမ်းချမ်းတာပဲ....။
ခန့်တည်ကြည်ကာမာဆတ်သောမျက်နှာတစ်စုံ၊
မဟာနှဖူးပြင်၊မျက်ခုံးထူတန်းတန်းအောက်ကစူးရှရှမျက်၀န်းတစ်စုံ၊ဖြောင့်စင်းနေတဲ့နှာတံချွန်ချွန်လေး၊
တင်းတင်းစေ့ပိတ်ထားတဲ့ မထူမပါးနှုတ်ခမ်းလွှာရယ်...
အိုး ကြည့်လိုက်တိုင်းမှာကိုကိုက လက်ရာမြောက်
တဲ့အနုပညာတစ်ခုပါပဲလား။
သူမနှုတ်ခမ်းတွေပြုံးနေခဲ့သည်။
ဒီလူသားကသာ သူမအတွက်ကမ္ဘာငယ်လေး။
ဒီလူသားကသာ သူမအတွက်ငြိမ်းချမ်းရေး..။
ဒီလူသားတစ်ယောက်ဒီကမ္ဘာပေါ်မှာရှိနေချင်းကိုက
သူမအတွက်ဆုလာဘ်တစ်ခုလိုပင်။

အသည်းရဲ့ဒိုင်ယာရီ ××××ကိုကိုအချစ်ဦး
တအားချစ်ခဲ့ ××××ရင်တွေခုန်လာလွန်းလို့
ကိုကိုအချစ်ဦးနဲ့ထာဝစဉ် ×××အသည်းအသက်နဲ့
ဆက်လို့ချစ်ကြမယ် အလွမ်းများဝေးပါစေကွယ်....

ခံစားချက်တွေအရမ်းကောင်းနေတယ်၊အခုချိန်
မှာအသံလေးပါကြားလိုက်ရရင်..ဒီညဒိုင်ယာစီပင်
မမြိုရပဲအိပ်ပျော်သွားမယ်ထင်တယ်။

ဖုန်းဖွင့်ပြီးဆက်ရမဆက်ရ..တွေးနေစဉ်..အဲနှိပ်မိ
သွားပြီပဲ။
ကိုယ်လေးခပ်တောင့်တောင့်ထိုင်ပြီးကိုင်မလားစောင့်နေခဲ့သည်။
" ဟလို..."
" ဟင် ကိုကိုမဟုတ်ဘူးလား....ဘယ်သူလဲ..."
" မမလေး လားမသိဘူး..."
သူ့ကိုမမလေးလို့ခေါ်သူတွေအများအပြားရှိတာကြောင့်ထိုအသံပိုင်ရှင်ကိုဝေခွဲမရ...
" ဘယ်သူလဲ ကိုကို့ဖုန်းကိုဘာလို့ကိုင်တာလဲ.."
" ကျွန်တော် စားသောက်ဆိုင်ကတာ၀န်ခံစိုးသိမ်းပါ
..ဒီမှာဆရာ့သားကအရက်မူးနေလို့..."
" ဘာ....."

မသောက်စဖူးနဲ့ဘာတွေဖြစ်နေတာလဲကိုကိုရယ်။
>>>>>>>>>>>>>>

ဆက်ရန်
ဝေဖန်ပေးကြနော်

Continue Reading

You'll Also Like

39.9K 6.8K 67
කේෂව් මුළු රටේම ප්‍රසිද්ධ රගර් ප්ලේයර් කෙනෙක්...ත්‍රිත්වෙ අන්ඩර් සික්ස්ටීන් හිටපු කැප්ටන් කිව්වොත්, ස්කූල් රග්බි ෆීල්ඩ් එක ම සලිත කරවන පොරක්! පොර බ්‍...
238K 19.2K 186
Eldest Daughter Was Reborn အကြီးဆုံးသမီး Description အရင်ဘဝတွင် ကျန်းယန်ရှန့် သည် သူမ၏ သုံးစားမရသည့်ဖခင်နှင့် မိထွေးဖြစ်သူကို အရွဲ့တိုက်ပြီး ဆေးလိပ...
583K 35K 32
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}