တပင်တိုင်

By Mhaw_Eaint_Met

35.8K 2.3K 239

"ကိုကိုပြန်လာရင် ပင်တိုင့်ကိုနှိုးနော်" More

တပင်တိုင် Part 2
တပင်တိုင် part 3
တပင်တိုင်(Part 4)
တပင္တိုင္(Part 5)
တပင္တိုင္(part 6)
တပင္တိုင္(part 7)
တပင္တိုင္(part 8)
တပင္တိုင္(Part 9)
တပင္တိုင္(Part 10)
တပင္တိုင္(Part 11)
တပင္တိုင္(Part 12)
တပင္တိုင္(Part 13)
တပင္တိုင္(Part 14)
တပင္တိုင္(Part 15)
Part 16
Part 17
Part 18
Part (19)
Part 20
Part (21)
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33(Final part)
bl

တပင်တိုင်

9.7K 295 11
By Mhaw_Eaint_Met

(Unicode)

မနက်စောအချိန်အခါဝယ် သစ်ရိပ်ဝါးရိပ်များဖြင့်စိမ်းစိုလန်းဆန်းနေတဲ့ပတ်ဝန်းကျင်တစ်ခွင်၌ ခြူသံခလောက်သံများ နွားမောင်းသံများအပြင် တောဓလေ့အရစောစောစီးစီးလယ်ထဲသွားနေကြတဲ့လယ်သမားများရဲ့ပုံရိပ်က မနက်ခင်းရဲ့အလှကိုအသက်ဝင်စေခဲ့သည်။

မနက်လင်းကြက်တွန်တဲ့အချိန်ကစပြီး ဆွမ်းချက်သူကချက် လယ်ထဲသွားဖို့ပြင်ကြသူကပြင်နဲ့အလုပ်ရှုပ်နေကြသူများထဲတွင် ဒေါ်အေးသွယ်လည်းအပါအဝင်သာဖြစ်သည်။မနက်စောစောဘုရားရှစ်ခိုးရန်အတွက် ဒေါ်အေးသွယ်ပြင်ဆင်နေခဲ့ရာ သောက်တော်ရေနဲ့ဆွမ်းတော်ကိုသေချာသပ်ရပ်စွာပြင်ဆင်ပြီးမှ သူမဘုရားစင်အရှေ့သို့ထိုင်လိုက်သည်။

ဘုရားစင်ရှေ့တွင်ဒေါ်အေးသွယ်လက်အုပ်လေးကိုရိုသေစွာချီ၍ ဘုရားရှစ်ခိုးရန်အသင့်အနေအထားဖြင့်.....

"နမော"

"မေမေလေးရေ ဒီမှာလာကြည့်ပါဦး မေမေလေးသားသမီးဘော်လီတွေယူဝတ်နေတယ်"

လက်အုပ်ချီလျက်ဖြင့် ဘုရားရှစ်ခိုးရန်အစချီနေတဲ့ဒေါ်အေးသွယ်'နမော'ဘဲဆိုရသေး ခုနှစ်အိမ်ကြားရှစ်အိမ်ကြားကြားထွက်ပေါ်လာတဲ့မေမိုးအသံစာစာလေးကြောင့် ဆိုလက်စဘုရားစာပင်ဆက်မဆိုနိုင်တော့ကာ လက်အုပ်ချီလျက်သားဖြင့်သက်ပြင်းသာခပ်ပြင်းပြင်းချလိုက်မိသည်။

"ဟင်း"

သူမမှဒီကိစ္စထဲဝင်မပါရင် မေမိုးဆက်အော်မှာအသေအချာပေ၊ပတ်ဝန်းကျင်ကိုလည်းမျက်နှာပူရမည့်ကိစ္စမျိုးမဖြစ်စေရန်မေမိုးအားဆင်းတားရန်အတွက်ဒေါ်အေးသွယ်လက်အုပ်ပြန်ချီပြီးဘဲ ရှင်ခိုးတောင်းပန်ရပြန်သည်။ဤပုံနဲ့ဆိုဘုရားလဲကောင်းကောင်းရှင်ခိုးနိုင်မှာမဟုတ်တာနဲ့တော့ တောင်းပန်ပြီးရပ်လိုက်တာကမှတော်ဦးမည်။

"တပည့်တော်မ ခဏနေမှပြန်လာရှစ်ခိုးပါမယ်ဘုရား" ဟုဆိုကာဦးချတောင်းပန်ပြီး ဒေါ်အေးသွယ်ဘုရားခန်းထဲကထွက်လာခဲ့သည်။

အိမ်အပေါ်ထပ်မှဒေါ်အေးသွယ် ခပ်မှန်မှန်လျှောက်လှမ်း၍လာနေသော်လည်း သူမဒေါသကတော့ခပ်မှန်မှန်ဖြစ်နေ့သည့်အခြေအနေမဟုတ်ချေ။မနက်စောစောစီးစီးကြည်လင်နေတဲ့စိတ်များပင် ဒေါသအဖြစ်ပြောင်းလဲကာအသံလာရာအောက်ထပ်သို့ဆင်းလာခဲ့သည်။သူမလှေကားရင်းအရောက်တွင် လှေကားတစ်ဘေးမှာအသင့်ရှိနေတဲ့ကြိမ်လုံးကိုဆွဲယူပြီး အသံလာရာမေမိုးအခန်းဆီကိုလာခဲ့၏။

အသင့်ပွင့်နေတဲ့အခန်းလေးထဲတွင် ရင်ဘက်ပြားပြားချပ်ချပ်လေးပေါ်မှာအနီရောင်ဇာအောက်ခံအင်္ကျီလေးကိုဝတ်ဆင်ထားတဲ့သူမသားနှင့်အတူ သူမနောက်အိမ်ထောင်ရဲ့သမီးမေမိုးကိုဒေါ်အေးသွယ်တွေ့လိုက်သည်။သူမလည်းအချိန်ဆွဲမနေတော့ဘဲ မျက်နှာထားတင်းတင်းဖြင့် ယူဆောင်လာတဲ့ကြိမ်လုံးကိုဘဲကြမ်းပြင်ထက်ခပ်ပြင်းပြင်းရိုက်ချလိုက်၏။

ဖြန်း..........

"အမေ့"

လုပ်ချင်တာလုပ်ထားတဲ့ တပင်တိုင်သူ့မေမေ့ကိုမြင်တော့လည်းကြောက်ရှာသည်။ကြိမ်လုံးနဲ့ဒေါ်အေးသွယ်ကိုမြင်တာနဲ့ ပခုံးလေးတွန့်ကာလန့်ဖျက်သွားပြီးမျက်နှာလေးအလိုလိုငယ်သွားသည့်သဖွယ်။

ဒေါ်အေးသွယ် သူမကိုကြောက်ပြီးမျက်နှာငယ်နေတဲ့သားဖြစ်သူကိုခွင့်လွတ်ဖို့စိတ်ကူးမရှိပေ။မေမိုးအင်္ကျီတွေယူပြီးခိုးခိုးဝတ်တာ တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နဲ့ ဘယ်လောက်ဘဲရိုက်ရိုက်အမှတ်မရှိတဲ့တပင်တိုင့်ကို ရိုက်တဲ့လူသာရိုက်ရပါများလို့ လက်တွေနာလာမယ် သူကတော့ခိုးဝတ်မြဲခိုးဝတ်နေတာမို့ ဒေါ်အေးသွယ်ကြိမ်လုံးကကိုလွတ်တဲ့ရက် တစ်လမှာတစ်ပတ်ပြည့်အောင်မရှိ။ခိုးဝတ်မြဲခိုးဝတ်နေတဲ့သားဖြစ်သူနဲ့ ရိုက်မြဲရိုက်နေတဲ့ဒီအမေတို့တစ်ဦးနဲ့တစ်ဦးဘယ်တော့များမှ အလျော့ပေးကြမလဲတောင်တွေးမရပေ။

"မမမိုးအင်္ကျီကိုအခုချွတ်ပေးလိုက်စမ်း တပင်တိုင်"

သူ့မေမေအကြောင်းကို ပင်တိုင်အသိဆုံး၊ဒေါသထွက်လာရင် ဘာကိုမှမကြည့်တက်ဘဲရိုက်တက်သူမို့ ကြောက်ရသည်။တစ်ခါတစ်ခါခါးကွေးအောင်ရိုက်တက်သည့်အပြင် ဖြူဖွေးနေတဲ့ပင်တိုင့်ခြေသလုံးနဲ့ပေါင်တွေမှာတောင်ရိုက်ထားသည့်ဒဏ်ရာများက ကောင်းကောင်းမပျောက်သေးပေ၊ညိုမဲစွဲပြီးနာနေဆဲဒဏ်ရာဟောင်းများကိုကြည့်၍ ပင်တိုင်ကြောက်ကြောက်နဲ့ဘဲ ရင်ဘက်အင်္ကျီလေးကိုနှမြောတသသဖြင့်ချွတ်လိုက်သည်။

"မမမိုး ပင်တိုင့်ကိုစိတ်မဆိုးပါနဲ့နော်"

သူ့ရှေ့မှာရှိနေတဲ့မေမိုးကို ပင်တိုင်အင်္ကျီလေးချွတ်ပေး၍သာမျက်နှာငယ်လေးဖြင့်တောင်းပန်ရှာသည်။

မျက်နှာငယ်လေးနဲ့အင်္ကျီလေးပေးနေလေတဲ့ ပင်တိုင့်ကိုမြင်ရတော့လည်းမေမိုးစိတ်မကောင်းရပြန်၊ပင်တိုင်အင်္ကျီချွတ်ပေးရင်တောင် အရိုက်ခံဦးမှာမို့သနားလဲသနားသည်။ သူမမှပြန်ပြီးမကယ်ရင်ဒီကလေးပေါင်နဲ့ခြေသလုံးတွေကဒဏ်ရာသစ်လေးတွေထပ်ရလာဦးမည်။ထို့ကြောင့် ပင်တိုင့်လက်ထဲကသူမအင်္ကျီလေးကိုယူပြီး.......

"ပင်တိုင့်ကိုမရိုက်ပါနဲ့ မေမေလေးရယ်၊နောက်ဆိုကလေးက သမီးအင်္ကျီတွေယူမဝတ်လောက်တော့ပါဘူး"

ထိုကောင်လေးကတိပေးပေါင်းလည်းများလှပြီ၊အမြဲလိုလိုဘဲထိုကတိကိုချိုးဖောက်တက်တဲ့ ပင်တိုင့်အကြောင်းကိုတော့ဒေါ်အေးသွယ်နောကျေနေပြီဘဲဆိုရလေမရလား။မေမိုးသာအမှတ်မရှိဘဲကူ၍ဖာထေးပြောဆိုနိုင်တယ် ဒေါ်အေးသွယ်ကတော့ညှာမည့်ပုံမပေါ်။

မေမိုးကျေနပ်ပေမဲ့ ဒေါ်အေးသွယ်မကျေနပ် သဖြင့် ပင်တိုင့်ကိုမျက်စောင်းထိုးပြီးသာကြည့်နေလျက်........

"အေး ကောင်းပါတယ်ညဥ်းတို့ဘဲ အော်ပြီးတိုင်တုန်းကတိုင် ပြီးတော့မရိုက်ပါနဲ့ဖြစ်ပြန်ကော၊ကျုပ်မှာတော့ ဘုရားတောင်ကောင်းကောင်းမရှင်ခိုးရဘူး ခေါင်းတောင်ကိုက်တယ်"

ကျေနပ်ပုံမပေါ်သေးတဲ့ဒေါ်အေးသွယ်က ပင်တိုင့်ဆီကကိုအကြည့်မခွာဘဲရိုက်ရန်ဟန်တပြင်ပြင်လုပ်နေတာနဲ့ မေမိုးဖာထေးပြောဖို့ပြင်ရပြန်သည်။အရိုက်ကြမ်းတဲ့ဒေါ်အေးသွယ်ရဲ့အကြောင်းကိုသူမလဲမသိတာမှမဟုတ်တာ ပင်တိုင့်ကိုရိုက်တဲ့အခါတိုင်းသနားလွန်းလို့မကြည့်ရက်နိုင်ခဲ့သည့်နေ့ကများနေတော့ သူမကြောင့်နဲ့အရိုက်မခံရစေချင်ပါ။

"နောက်တစ်ခါမမမိုးအင်္ကျီတွေယူမဝတ်ရဘူးနော်ပင်တိုင်"

လက်ညိုးလေးထိုးပြီးပြောနေတဲ့မေမိုးကို ပင်တိုင်ခေါင်းသာငြိမ့်ပြလေသည်။

"ကဲ စိတ်လျှော့ပါတော့မေမေလေးရယ်၊ပင်တိုင်ကနောက်မလုပ်လောက်တော့ပါဘူး"

သွေးသားအရင်းသာမဟုတ်တယ် ပင်တိုင့်ကိုချစ်ကြပုံကတော့သြချလောက်သည်။ပင်တိုင့်မိခင်အရင်းဖြစ်တဲ့သူမထက် ချစ်လိုက်ကြပုံကတော့ပင်တိုင်အရိုက်မခံရအောင်လဲလှည့်ပြောတက်သေး၊အရိုက်ခံရရင်လဲ ဆေးလိမ်းပေးရသေးနဲ့ မိခင်အရင်းဖြစ်တဲ့သူမကဘဲနောက်ဆုံးလူဆိုးမကြီးလုံးလုံးဖြစ်လို့။

ပင်တိုင့်ကိုစိတ်တိုရတာနဲ့မကာမိပေ၊ဒေါ်အေးသွယ်ခေါင်းများပင်ကိုက်လာသလို မူးဝေဝေနဲ့နေလို့မကောင်းသလိုဖြစ်လာ၏။။ဆေးသောက်ဖို့စဥ်းစားမိပေမဲ့ အိမ်မှာရှိတဲ့ဆေးကလွန်ခဲ့တဲ့တစ်ပတ်ကထဲကကုန်သွားတော့ အဆင်သင့်မရှိ၊သူမလဲမဝယ်ထားလိုက်မိတာမို့ နောက်ဆုံးကလေးပီပီဟန်ချီချီပင်တိုင့်ကိုဘဲ ပြန်ပြီးခိုင်းဖို့အကြောင်းဖန်လာ၏။

"မေမေ့အတွက် ပါတာဆီတမော့တစ်ကဒ်လောက်သွားဝယ်ပေးစမ်း ပင်တိုင်၊နင့်ကိုပြောရတာ ငါခေါင်းတွေပါကိုက်တယ်သိရဲ့လား"

"မပြောနဲ့ပေါ့မေမေကလဲ"

"ဘာ နင်ကကျောကောင်းလို့တုတ်တောင်းနေတာပေါ့လေ"

ဆူချိတ်ချိတ်လေးပြောလိုက်တဲ့ပင်တိုင့်ကြောင့် မေမိုးလည်းခေါင်းသာငိုက်စိုက်ကျသွားသည်။အရိုက်မခံရအောင်ပြောပေးထားတဲ့မျက်နှာမှမထောက် ဒီကလေးပြောလိုက်ပုံက ထရိုက်ချင်စရာ။

ဒေါ်အေးသွယ် သူ့ဆီတုတ်ကိုမြှောက်ကိုင်ပြီးလာလုဆဲဆဲ.......

"သွားဝယ်မယ်လို့"ဆိုကာ ပင်တိုင်ခပ်လှမ်းလှမ်းသို့ပြေးသွားလိုက်၏။

ထင်သည့်အတိုင်းလက်ထဲကတုတ်ကိုပြန်မြှောက်လာပြီး ပင်တိုင့်ဆီသွားတော့မဲ့ဒေါ်အေးသွယ်ကို မေမိုးအချိန်မှီဆွဲတားလိုက်ရသည်။မဟုတ်လျှင် ဒီကလေးအပြောမတက်ပုံနဲ့အရိုက်ခံနေဦးမှာအသေအချာပေ။

"မလုပ်ပါနဲ့မေမေလေးရယ် ပင်တိုင်ကဆေးဝယ်သွားတော့မှာပါ၊ဟဲ့ပင်တိုင် မမဗီရိုထဲကအိတ်ထဲမှာ၅ထောင်ယူသွား"

ပင်တိုင်ခေါင်းလေးကို ခပ်မြန်မြန်ငြိမ့်ပြီးဘဲသူမဗီရိုဆီသွားပြီး ပိုက်ဆံသွားယူလေသည်။ပိုက်ဆံယူပြီးပြီထင်ပါရဲ့ ၅ထောင်တန်လေးကိုသူမမြင်အောင်ပြပြီး ပင်တိုင်အလျင်စလိုဖြင့်ဒေါ်အေးသွယ်ဘေးက ဖြတ်ပြေးပြီးအိမ်ထဲကထွက်သွားလေသည်။

"ဟူး"

ပင်တိုင်အိမ်ထဲကအပြင်ကိုထွက်သွားမှ မေမိုးလည်းသူမတားထားတဲ့ ဒေါ်အေးသွယ်လက်တွေကိုလွှတ်ပေးနိုင်သည်။လက်လွှတ်ပေးလိုက်ခြင်းမှာဘဲ'နင်လည်းသတိထားနေ'ဆိုသည့်ပုံမျိုးနဲ့ကြည့်ပြီးအခန်းထဲကထွက်သွားတဲ့ ဒေါ်အေးသွယ်ပုံကသူမကိုပါတိပေးသွားသည့်ဟန်။

မေမိုးလည်း သဘောကျစွာပြုံးရင်းတစ်ယောက်ထဲသာအခန်းထဲကျန်ခဲ့လေသည်။လွန်ခဲ့တဲ့၇နှစ်တုန်းက ဒေါ်အေးသွယ်နဲ့၂နှစ်အရွယ်သာရှိသေးတဲ့ပင်တိုင်လေးကို သူမဖခင်အိမ်ကိုခေါ်လာသည့်အချိန်ကိုမှတ်မိသေးသည်။မိထွေးသာဆိုတယ် မိခင်အရင်းပမာစောင့်ရှောက်တက်တဲ့ဒေါ်အေးသွယ်ကို မေမိုးတို့မောင်နှမနှစ်တွေကြာလာတာနဲ့အမျှသံယောစဥ်တွယ်ပြီး အမေအရင်းတစ်ယောက်လိုခံစားရလာခဲ့ရသည်။​ဒီနှစ်တွေအတွင်း ပင်တိုင့်အပေါ်ကိုသာဒေါ်အေးသွယ်အရိုက်ကြမ်းခဲ့တယ်၊သူမတို့မောင်နှမကိုတော့လက်ဖြင့်ပင်မရွယ်ခဲ့ပါ ပါးစပ်ဖြင့်သာသေချာနားဝင်အောင်ဆုံးမခဲ့တဲ့သူမက သူတို့စိတ်ထဲ'မိထွေးမို့ရိုက်တယ်'ဆိုသည့်အတွေးကြီးဝင်မှာတော့စိုးရိမ်ရှာသည်။နောက်ပြီးသူမတို့လက်ထဲမှာကြီးပြင်းလာတဲ့ပင်တိုင်လေးကပါ မောင်အရင်းပမာဖြစ်လာခဲ့သည့်အချိန်တွေကိုပြန်တွေးမိရင်း ပြုံးနေတဲ့မေမိုးရဲ့မျက်နှာက ပီတိဖြာနေတဲ့အပြုံးလေးတွေပါထပ်ဆင့်ပေါ်နေခဲ့သည်။

××××××××××××××××××××××××
ပင်တိုင်လက်ထဲက၅ထောင်တန်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရွာလယ်ကဦးညိုဆေးဆိုင်သို့လာခဲ့သည်။ပါးစပ်ကလဲ သူ့မေမေမှာလိုက်တဲ့ဆေးနာမည်လေးကို မေ့မသွားအောင်ရေရွတ်လျက်ပင်။

"ပါတာစီတမော့ ပါတာစီတမော့၊ပါတာစ္တမော့ ပါတာ....ပါတာ"

ရွာလယ်သို့မရောက်မှီ တစ်နေရာတွင်ပင်တိုင့်ခြေလှမ်းများကိုတစ်စုံတစ်ရာကရပ်တန့်သွားစေခဲ့သည်။အကြောင်းကတော့မန်ကျည်းပင်ပေါ်မှာနားနေတဲ့ အမွှေးအတောင်အရောင်စုံလင်နေတဲ့ငှက်ကလေးကြောင့်ဘဲဖြစ်၏။အရောင်အသွေးစုံလင်နေတဲ့ထိုငှက်ကလေးကိုငေးမောရင်း ပင်တိုင်အရှေ့သို့တဖြည်းဖြည်းလျှောက်လှမ်းနေသည်။အငေးတော့မပျက်ချေ။

ပင်တိုင်တို့ရွာလေးက တောအတော်လေးကျတော့ငှက်မျိုးစုံကိုရံဖန်ရံခါတွေ့ရတက်သည်။ဒါ့အပြင် ရွာတောင်ဘက်ကရေငံတောကြီးထဲက ယုန်လေးတွေမျက်စိလည်ပြီးရောက်လာတက်တဲ့အချိန်တွေဆိုလျှင်လည်း ယုန်လေးတွေပါတွေ့ရတက်သေးသည်။အရောင်အသွေးစုံလင်လှတဲ့ငှက်တွေကိုမြင်တိုင်း ပင်တိုင်မစပ်စုဘဲမနေနိုင်၊စပ်စုပြန်တော့လည်း ဘာငှက်မှန်းမသိတဲ့သူ့အဖို့ အရောင်စုံလင်လှတဲ့ငှက်တစ်ကောင်ထက်ပိုမှာမဟုတ်။

"အာ့.....သေပါပြီ"

လမ်းကိုမကြည့်ဘဲ ငှက်ကိုအငေးလွန်နေတဲ့ပင်တိုင် သူ့ရှေ့တည့်တည့်မှာရှိနေတဲ့ကျောက်တုံးအားခလုတ်တိုက်၍ပစ်လဲသွားခြင်းသာဖြစ်၏။

အင်္ကျီဖြူဖြူလေးလဲဖုန်များပေကျံသွားပြီး ပင်တိုင့်ဒူးလေးပါပွန်းသွားကာသွေးစလေးများပင်ထွက်လို့နေတယ်၊ကမန်းကတမ်းနဲ့ပြန်ထတဲ့ပင်တိုင်ကတော့ဒူးကဒဏ်ရာကိုမမှု့နိုင်သေးဘဲ ဒေါ်အေးသွယ်မှာလိုက်တဲ့ဆေးနာမည်ကိုသာခေါင်းလေးကုတ်ပြီးစဥ်းစားနေရသည်။ဆေးနာမည်ကခက်ခဲလှသည်မဟုတ်ပေမဲ့ ၉နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့မေ့လဲမေ့ချင်စရာမို့ပင်။

ခဏကြာမှပင်တိုင့်မျက်နှာလေး ပြန်လည်ဝင်းပသွားပြီး ဆေးဆိုင်ဆီသို့အရောက်လှမ်းရင်း တစ်လမ်းလုံးရွတ်သွားသည်က.......

"အလိုလိုနေဖင်စီကော့ အလိုလိုနေဖင်စီကော့ အလိုလိုနေဖင်စီကော့"ပါတဲ့။

ဆေးဆိုင်မရောက်မခြင်း တစ်လမ်းလုံးပင်တိုင်ဘယ်အရာမှငေး​မောခြင်းမရှိတော့သလို လမ်းတွေ့သမျှမည်သူ့ကိုမှပင်နှုတ်မဆက်ချေ။ထပ်ပြီးမေ့မသွားအောင် ဆေးနာမည်ကိုဘဲအဆက်မပြတ်ရေရွတ်ပြီးလျှောက်လာခဲ့၏။

ဆေးဆိုင်ရောက်မှ........

"ဦးညို ပင်တိုင်ဆေးဝယ်ချင်လို့"

ရွာလယ်ခေါင်မှာဖွင့်ထားတဲ့ဦးညိုရဲ့ဆေးဆိုင်လေးက အရောင်းသွက်၏။သူတို့ရွာမှာလဲဆေးနဲ့ပတ်သက်ပြီးကျွမ်းကျင်နားလည်သူဆိုလို့ ဦးညိုဘဲရှိလေတော့ဦးညိုဆေးဆိုင်လေးက ရွာအတွက်အကျိုးပြုသည်ဘဲဆိုရမည်။ပင်တိုင်တို့ရွာအတွက် ဆေးနဲ့ပတ်သက်ရင်မြို့ထိတောင်တကူးတကသွားစရာမလိုတော့တဲ့အထိပင်။

"ဘာဆေးလဲသား ဒီတစ်ခါမင်းမေမေကိုယ်တိုင်လာမဝယ်ဘူးနော်"

ပုံမှန်ဆေးလာဝယ်ရင်ဒေါ်အေးသွယ်ကိုယ်တိုင်လာဝယ်နေကျဖြစ်လေတော့ ဤကနေ့မှဒေါ်အေးသွယ်မဟုတ်ဘဲ ပင်တိုင်လာဝယ်သောကြောင့် ထူးထူးခြားခြားမို့ဦးညိုသတိထားမေးမိခြင်းရယ်ပါ။

"မေမေနေမကောင်းလို့ ပင်တိုင့်ကိုလာဝယ်ခိုင်းတာ"

"သြော်အေး ဒါနဲ့ဘာဆေးလဲသား"

ဦးညိုသောက်လက်စရေနွေးတစ်ခွက်ကို တစ်ချိုက်မော့ပြီးမေးလိုက်၏။

"အလိုလိုနေဖင်စီကော့တစ်ကဒ်ပေးပါ ဦးညို"

"အဟွတ် အဟွတ်"

ရုပ်တည်လေးနဲ့ပြောလာတဲ့ပင်တိုင့်ဆေးနာမည်ကြောင့် ဦးညိုသောက်နေတဲ့ရေနွေးပင်တီးသွား၏။သူဆေးရောင်းလာတာဘဲနှစ်တွေကြာလှပြီ၊အလိုလိုနေဖင်စီကော့နာမည်နဲ့ဆေးတော့ သူ့တသက်ယောင်လို့တောင်မကြားဖူးသဖြင့်သူလန့်ချင်လဲလန့်စရာကောင်းသား။

"ဘာဆေးသား"

"အလိုလိုနေဖင်စီကော့ပါဆိုဦးညိုကလဲ"

"ဟေ"

သူ့ကိုတောင်စိတ်မရှည်တော့တဲ့လေသံလေးနဲ့ပြောလာတဲ့ပင်တိုင့်ကြောင့် ဦးညိုမျက်လုံးအပြူးသားနဲ့ဘဲ သောက်လက်စရေနွေးခွက်ကိုခုံပေါ်ပြန်တင်လိုက်သည်။ရှေ့မှာသူပေးမဲ့ဆေးကိုစောင့်နေတဲ့ကောင်လေးကို ဦးညိုဘာပေးလို့ပေးလိုက်ရမယ်မှန်းတောင်မသိတော့ရာ ပင်တိုင့်ကိုသာသူ့အနားလာရန်လက်ပြခေါ်လိုက်၏။

ပင်တိုင်အနားရောက်တော့.......

"မင်းဆေးကဟုတ်ကောဟုတ်ရဲ့လား ပင်တိုင်ရယ်"

"ဟာ ဟုတ်ပါတယ်ဦးညိုရဲ့၊ပင်တိုင်သေချာကိုမမေ့အောင်မှတ်လာတာ အလိုလိုနေဖင်ဆီကော့မှ အလိုလိုနေဖင်ဆီကော့ဘဲ"

နှစ်ခါပြန်မေးယူရတဲ့ဆေးနာမည်ကို ကြားလဲမကြားဖူးသလိုသိလဲမသိတော့အတော်လေးအခက်တွေ့နေရသဖြင့် ပင်တိုင့်ကိုပင်ဟုတ်ရဲ့လားပြန်မေးယူရတဲ့ဦးညိုအဖြစ်ရယ်ပါ။ဒါတောင်ပင်တိုင်သေချာပြောနေသလောက် သူဘာမှမသိသေး။

"ဦးညိုဆေးဆိုင်မှာတော့မင်းပြောတဲ့ဆေး မရှိဘူးကွ၊မင်းများမှားနေလား သေချာစဥ်းစားကြည့်ပါဦးကွယ် ဒါမှမဟုတ်ရင်လည်းမင်းမေမေကိုသေချာပြန်မေးလိုက်ဦး"

ပင်တိုင့်အတွေးထဲလဲ ဆေးနာမည်ကိုတစ်ဝဲလည်လည်နဲ့ကောင်းကောင်းမမှတ်မိ၊အလိုလိုနေဖင်ဆီကော့ထင်နေပေမဲ့ မရှိဘူးဆိုပြန်တော့လည်းပင်တိုင်အိမ်ဘဲပြန်ယုံပေါ့။သူမဝယ်ပေးတာမှမဟုတ်ဘဲ မရှိတာတော့သူလည်းမတက်နိုင်ဘူးလေ၊ပင်တိုင်ပြန်ဖို့ဘဲဆုံးဖြတ်လိုက်ရသည်။

"ဒါဆိုပင်တိုင်ပြန်လိုက်ဦးမယ်ဦးညို မေမေကလဲဘာတွေလျှောက်မှာမှန်းမသိပါဘူး"

"အေးအေး မင်းမေမေကလဲမရှိတဲ့ဆေးမှ တယ်လဲမှာတက်သကိုး၊အိမ်ကိုဘဲတန်းပြန်နော် ပင်တိုင်"

"ဟုတ်ဦးညို"

ပင်တိုင် ဦးညိုကိုလက်ပြနှုတ်ဆက်ပြီးဆေးဆိုင်ကထွက်သွားလေသည်။

ပင်တိုင်ပြန်လို့ အချိန်အတော်ကြာတဲ့အထိ ဆေးနာမည်ကိုရေရွတ်ရင်းစဥ်းစားခန်းထုတ်နေတဲ့ဦးညို ပင်တိုင်သာအိမ်ပြန်ရောက်သွားမယ်၊သူကတော့ဆေးနာမည်ကိုစဥ်းစားလို့တောင်မရခဲ့၊အတော်လေးစဥ်းစားတာတောင် ဘာမှန်းမသိသေးတော့ ဦးညိုမျက်ခုံးတချက်ပင့်ပြီးဘဲ.......

"တယ်ခက်လှတဲ့ အလိုလိုနေဖင်ဆီကော့"....ဆိုကာခေါင်းတငြိမ့်ငြိမ့်နဲ့ပင်။

××××××××××××××××××××××××

"ကျွန်တော်ကျောင်းသွားတက်ရင် အဖေတစ်ယောက်ထဲဖြစ်ပါ့မလား"

"ဖြစ်ပါတယ်ကွ ဒီအလုပ်တွေဆိုတာမင်းမမွေးခင်ကထဲက အဖေလုပ်လာတာပါကွာ၊ပြီးတော့အဖေတစ်ယောက်ထဲမှမဟုတ်တာ မင်းမေမေလေးကော၊သမီးမေမိုးပါရှိတယ်လေ"

အထုပ်ကြီးအထုပ်ငယ်ကိုဆွဲလျက်မြို့ကပြန်လာကြတဲ့ လင်းခေမြင့်မိုရ်နှင့်ဦးမိုးဝေတို့သားအဖ လမ်းတစ်လျှောက်လင်းခေးမြို့မှာကျောင်းတက်မည့်အကြောင်းပြောရင်းလျှောက်လာလိုက်တာ ရွာထဲကိုတောင်ရောက်လို့လာပြီ။လင်းခေးတို့ရွာလေးမှာ အထက်တန်းကျောင်းမဖွင့်သေး၊၈တန်းအထိဘဲရှိတဲ့ကျောင်းမို့၉တန်းမှစပြီး မြို့ကိုကျောင်းသွတက်ရလေ့ရှိသည်။အခုလည်းမြို့မှကျောင်းကိစ္စအတွက်စုံစမ်းပြီး ပြန်လာကြခြင်းဘဲဖြစ်သည်။

မြို့မှာကျောင်းသွားတက်ရမည့်အရေး လင်းခေးဖခင်ဖြစ်သူကိုတော့ထွေထွေထူးထူးစိတ်ပူစရာမလို၊ငယ်စဥ်ကထဲကလယ်လုပ်ငန်းကိုပိုင်နိုင်စွာလုပ်ကိုင်နေဆဲဦးမိုးဝေက သူမရှိလဲဖြစ်သဖြင့်စိတ်အေးရပြီမို့ သဘောပေါက်စွာဘဲခေါင်းကိုငြိမ့်လိုက်၏။

ဦးမိုးဝေ သူ့ဘေးကခေါင်းငြိမ့်လေတဲ့သားဖြစ်သူကိုကြည့်၍ပြုံးမိသည်။သူ့အတွက်လင်းခေးစိတ်အေးရပေမဲ့ တစ်ဦးတစ်ယောက်အတွက်စိတ်အေးရမှာမဟုတ်သည်ကိုတော့လင်းခေးမေ့နေလျော့သလား။ထိုတစ်ဦးတစ်ယောက်ကလဲတစ်ခြားလူမဟုတ်ပြန်၊လင်းခေးကိုအရမ်းချစ်အရမ်းတွယ်တာနေတဲ့ တပင်တိုင်လေးဘဲဖြစ်၏။

ဦးမိုးဝေလည်း လင်းခေးသတိရသည့်ပုံမပေါ်သေးတဲ့ပင်တိုင့်အကြောင်းကိုသူကဘဲအစချီလိုက်ကာ.........

"တကယ်တမ်းသားစိတ်ပူရမှာက ဖေကြီးတို့မဟုတ်ဘူး၊တပင်တိုင်လေးကိုဘဲစိတ်ပူရမှာ"ဟူ၍သာပြောလိုက်၏။

စိတ်အေးစပြုလာတဲ့လင်းခေးအတွက် ထိုစကားကအကြီးမားဆုံးပူပန်မှုတစ်ခု၊ဒီနှစ်တွေအတွင်း ပင်တိုင်အိမ်ကိုစရောက်ကထဲကသူ့လက်ပေါ်မှာဘဲကြီးပြင်းလာတဲ့ထိုကလေးကို လင်းခေးခွဲနိုင်မည်တဲ့လား။မဖြစ်နိုင်ဆုံးပေါ့၊ပင်တိုင်သူ့အားမခွဲနိုင်သလို သူလဲပင်တိုင့်ကိုခွဲနိုင်မှာမဟုတ်ပေ၊ခွဲခွာဖို့မပြောနှင့် ခွဲရမည်ဆိုသည့်စိတ်တစ်ခုနဲ့တင်လင်းခေးရင်ထဲဆို့နစ်လို့နေပြီ။

ဖြန်း.......ဖြန်း........

"နောက်မှားဦးမှာလား"

"မမှားတော့ပါဘူးမေမေရဲ့ အဟင့် ဟင့်"

စကားတစ်ခွန်းတုတ်တစ်ချက်ဆိုသည့်အတိုင်း ဒေါ်အေးသွယ်ပင်တိုင့်ကိုမေးလိုက်ရိုက်လိုက်လုပ်နေခဲ့တာ၊နုနယ်လှတဲ့ပင်တိုင့်ခြေသလုံး၌အစင်းရာများမြင်မကောင်းအောင်ပွနေသည်အထိပင်။ဒါလည်းရိုက်တာရပ်လားဆိုတော့ရပ်မသွား၊ထပ်ထပ်ပြီးဘဲရိုက်နေပြန်သည်။

ဖြန်း...........

"သေချာမှာတဲ့ကြားက သေချာမှားချင်ဦး"

"အား မေမေရဲ့...ပင်တိုင်သေရပါတေ့မယ် အဟင့် ဟင့်၊မမမိုး ပင်တိုင့်ကိုကယ်ပါဦး"

ငိုပြီးအကူအညီတောင်းနေတဲ့ပင်တိုင့်ကိုသနားပြီး မေမိုးမျက်ရည်များသာအဆက်မပြတ်ကျလို့နေတယ်၊ပင်တိုင့်ကိုရိုက်နေတဲ့ဒေါ်အေးသွယ်ရဲ့လက်တွေကိုလဲမဆွဲရဲပြန်။သူမလုပ်နိုင်တာဆိုလို့ ပါးစပ်ကဘဲတားဆီးပေးနိုင်သည်။

"မေမေလေးရယ်တော်ပါတော့ ပင်တိုင်အရမ်းနာပြီ အဟင့် ဟင့်"

ပင်တိုင့်လက်ကိုသေချာကိုက်ပြီးရိုက်နေတဲ့ဒေါ်အေးသွယ် တစ်ချက်ရိုက်လိုက်တိုင်းပင်တိုင်ခွေခွေကျသွားသည်ကိုမြင်နေရတဲ့မေမိုးခမျာ ပင်တိုင့်ကိုသနာ့သည်းစိတ်ကြောင့်ငိုယိုပြီးသာအော်ပြောမိလေသည်။သူမသာအော်ပြောနေတယ်၊ရိုက်မြဲရိုက်နေတဲ့ဒေါ်အေးသွယ်ရဲ့လက်တွေကတော့ ရပ်တန့်မသွားချေ။

ခြေသလုံးကနာကျင်မှုကြောင့် ပင်တိုင်ငိုရလွန်းလို့မောလှပြီ၊နီရဲနေတဲ့အစင်းများအပေါ်ထပ်မံကျရောက်လာတဲ့ရိုက်ချက်များကလည်း အသည်းခိုက်မတန့်နာကျင်လွန်းလို့ပင်တိုင်တစ်ချက်အရိုက်ခံရတိုင်း မြေပေါ်တစ်ခါပစ်လဲသွားသဖြင့်တစ်ကိုယ်လုံးလဲဖုန်များပေကျံကာညစ်ပတ်နေရဲ့လေ။

"အင့် အဟင့် ဟင့်...ပင်တိုင်နောက်မမှားတော့ပါဘူးမေမေရဲ့ "

ပင်တိုင့်အကြောင်းတွေးရင်းစိတ်နဲ့လူနဲ့မကပ်တဲ့လင်းခေး အိမ်နားရောက်လာတာတောင်မသိချေ။အိမ်ထဲကထွက်ပေါ်လာတ​ဲ့ပင်တိုင့်အော်သံလေးကိုကြားမှ သူသတိပြန်ဝင်လာတော့သည်။သူအိမ်နားရောက်သည်မှန်းသိသည်နှင့် အသံလာရာအိမ်ထဲသို့ကြည့်မိတော့.........

"ပင်တိုင်"

ကြိမ်လုံးနဲ့အဆက်မပြတ်ရိုက်နေရတဲ့ပင်တိုင့်ကိုမြင်လိုက်ရသဖြင့် ချက်ချင်းဘဲပင်တိုင့်ဆီပြေးသွားတော့၏။

ဦးမိုးဝေလည်းပြေးထွက်သွားတဲ့သားဖြစ်သူနဲ့ အရိုက်ခံနေရတဲ့ပင်တိုင့်ကိုမြင်ပြီး လင်းခေးလိုမပြေးယုံတမယ် ခပ်တုတ်တုတ်ဘဲအိမ်ထဲသို့ဝင်လာခဲ့၏။

အရိုက်ခံနေရတဲ့ပင်တိုင့်မျက်ဝန်းလေးများ ငိုနေသည့်ကြားကပင်အိမ်ထဲသို့ပြေးဝင်လာတဲ့လင်းခေးကိုမြင်ယုံဖြင့် ဝင်းပသွားကာ.......

"ကိုကို"...ဟုဆိုကာလင်းခေးကို ငေးနေချိန်မှာဘဲသူ့ကိုယ်ပေါ်သို့ထပ်မံကျရောက်လာတော့မဲ့ကြိမ်လုံးကိုတော့ ပင်တိုင်သတိမထားမိလိုက်ချေ၊တဆက်ထဲမှာဘဲသူ့ကိုယ်ပေါ်သို့ကျရောက်လာတဲ့ကြိမ်လုံးက..........

ဖြန်း.........

"အင့်"

လင်းခေးသူ့အပြေးဖက်လိုက်တာကြောင့် လင်းခေးကျောပေါ်ကျရောက်သွားလေသည်။

အားပြင်းလွန်းတဲ့ဒေါ်အေးသွယ်ရဲ့ရိုက်ချက်မှာ လင်းခေးကျောပြင်တစ်ခုလုံးကော့ခနဲပင်၊သူလိုကြံ့ခိုင်တဲ့ခန္ဓာကိုယ်အားပိုင်ဆိုင်ထားတာတောင် တစ်ချက်ကလေးရိုက်ခံရယုံဖြင့်ကျောကော့သည့်အထိဖြစ်ရလျှင် သေးသေးကွေးကွေးလေးနဲ့ပင်တိုင့်ကိုယ်လေးဘယ်လောက်များတောင်နာကျင်လိုက်လေမလဲမသိ။လင်ခေးကျောကနာကျင်မှုထက် ပင်တိုင့်ခြေသလုံးကအစင်းရာများကိုကြည့်၍ပင်ဖြေမဆည်နိုင်အောင်နာကျင်လှလေပြီ။

ရုတ်တရက်သူ့အားပြေးဖက်လိုက်တာကြောင့် အရိုက်ခံလိုက်ရတဲ့လင်းခေးကိုမြင်ပြီးပင်တိုင့်မျက်ဝန်းအိမ်လေးကိုပင်ပြူးကျယ်သွားစေသည်။နဂိုကမှငိုနေခဲ့တဲ့မျက်ဝန်းဝိုင်းဝိုင်းလေးထဲက မျက်ရည်များကလည်းတားဆီးမရနိုင်အောင်စီးဆင်းလာပြီး အရိုက်ခံလိုက်ရတဲ့လင်းခေးကျောပြင်လေးကိုသူ့လက်သေးသေးလေးနဲ့ကာလို့ပင်.........

"ကိုကို့ကိုရိုက်မိသွားပြီ အဟင့်...ဟင့်၊ကိုကိုနာသွားပြီ အဟင့် ဟင့်....မေမေ့ကြောင့် မေမေရိုင်လို့ကိုကိုနာသွားပြီ"

ဒေါ်အေးသွယ်လည်းမရည်ရွယ်ပါ၊ပင်တိုင့်ကိုရိုက်လိုက်တာ ကြားဝင်ခံလိုက်တဲ့လင်းခေးကိုရိုက်မိသွားသည်နှင့်လက်ထဲကကြိမ်လုံးပင်လွှတ်ချမိသွားသည်။ဒါ့အပြင်ရိုက်နေတဲ့အချိန်တွေမှာတောင် သူမအားတင်းမာတဲ့မျက်နှာထားဖြင့်မကြည့်ဖတဲ့ပင်တိုင်က အခုတော့နာကျည်းတဲ့အကြည့်တွေနဲ့ကြည့်နေတယ်တဲ့လေ။ထိုအကြည့်တွေက ဒေါ်အေးသွယ်ရင်ကိုတဆစ်ဆစ်နဲ့နာကျင်စေသည့်အကြည့်များသာ။

လင်းခေးကို့ရိုက်မိသွားလို့ပါတဲ့၊ပင်တိုင်အရိုက်ခံရသည့်အချိန်ကထက်တောင်ပိုငိုနေသေးသည်။ပင်တိုင့်မျက်ရည်တွေကိုမမြင်ချင်လို့ဝင်တားကမှ
သူ့ကြောင့်ပင်တိုင်ပိုငိုနေစေမိတာကြောင့်လင်းခေးပြုံးလျက်ပင်.......

"ကိုကိုမနာပါဘူးပင်တိုင်ရဲ့"ဆိုကာ ပင်တိုင့်မျက်ရည်လေးများအားသုတ်ကာပြောလို့သာ။

"တကယ်လား ကိုကိုနာသွားဘူးပေါ့"

လင်းခေးခပ်ပြုံးပြုံးဘဲ ခေါင်းရမ်းပြလိုက်၏။

"မနာပါဘူး ကိုကိုကအားအများကြီးရှိတယ်လေ"

ထိုအခါမှငိုနေတဲ့ပင်တိုင် မျက်ရည်လေးများအားလက်ဖမိုးသေးသေးလေးဖြင့်သုတ်ကာ သွားလေးပေါ်သည်အထိပြုံးနိုင်တော့သည်။

"နေပါဦး ပင်တိုင်ကို့မေမေလေးကဘာလို့ရိုက်တာလဲ"

ပင်တိုင်ဘာမှပြန်မဖြေ၊ဒေါ်အေးသွယ်ကိုမျက်လုံးလေးလှန်၍ခိုးကြည့်ပြီးသာ ခေါင်းလေးငုံတော့သည်။​ခေါင်းလေးငုံ့ကာ ခြေထောက်ကလေးတွေတစ်ချောင်းနဲ့တစ်ချောင်းထပ်ကာပွတ်သပ်နေပုံက မဟုတ်တာတစ်ခုခုလုပ်ထားသည့်ဟန်။

ခေါင်းလေးငုံ့ထားတဲ့ပင်တိုင့်ပုံစံကတော့ ဘာမှပြန်ဖြေမည့်ပုံမပေါ်၊လင်းခေးလည်း အကျိုးအကြောင်းသိရရန်ဒေါ်အေးသွယ်ဘက်သာ တစ်ဖန်ပြန်လှည့်မေးရ၏။

"မေမေလေး ပင်တိုင့်ကိုဘာလို့ရိုက်တာလဲ"

လင်းခေးတင်ဒီအကြောင်းသိချင်သည်မဟုတ်၊ဦးမိုးဝေလဲသိချင်သည်။ထို့ကြောင့်ဒေါ်အေးသွယ်ကိုကြည့်ကာ'ဘာလို့လဲ'ဆိုသည့်ပုံမျိုးနဲ့သာ ကြည့်မိ၏။

သူမပြောမဲ့စကားကိုသိချင်နေကြတဲ့ ဦးမိုးဝေတို့ကိုမျက်မှောင်တစ်ချက်ကျုံ့ကာ ဒေါ်အေးသွယ်ပြောလိုက်သည်က..........

"ဘာဖြစ်ရမလဲ ပါတာစီတမော့ဝယ်ခိုင်းတာ အလိုလိုနေဖင်ဆီကော့နဲ့မှားလာလို့လေ"

"ဟေ"

ဦးမိုးဝေတော့ မကြားစဖူးအကြားထူးကာ'ဟေ'တစ်လုံးထဲပင်ထပြောကာရဟ်တော့သည်။

"ဟားဟား ငါ့သားပင်တိုင်ကတော့ကွာ လွဲလိုက်မှဖြင့်"

လင်းခေးလည်းပြုံးစိစိနဲ့ ပင်တိုင့်ဘက်သို့'ဟုတ်လား'ဆိုသည့်ပုံဖြင့်ကြည့်တော့ ပင်တိုင်စပ်ဖြီးဖြီးနဲ့ခေါင်းလေးသငြိမ့်ပြပုံကအသည်းယားဖွယ်အထိ။ဒီကလေးမဟုတ်တာလုပ်ထားလို့ ခေါင်းလေးငုံ့ကာသူ့အမေးကိုပြန်မဖြေခဲ့သည်တဲ့လား။မှားလဲမှားတက်တဲ့တပင်တိုင်ရယ်ပါလေ။

"ပင်တိုင် ကိုကိုနဲ့ထင်းခွေလိုက်မလား"

ဒေါ်အေးသွယ်အနားကရှောင်တိမ်းရန်အတွက် ထင်းခွေသွားဖို့ဟာလင်းခေးအတွက်အကြောင်းပြချက်တစ်ခုဖြစ်လာခဲ့သည်။ပင်တိုင်သဘောပေါက်ရန် လင်းခေးမျက်စိလေးမှိတ်ပြီးပြောလိုက်ရာ ပင်တိုင်ပြုံးစိစိလေးဖြင့်ခေါင်းလေးငြိမ့်၍သာသဘောတူတော့သည်။

"ပင်တိုင်လိုက်မယ်ကိုကို"

အိမ်မှာလည်းထင်းတွေအများကြီးရှိသည်ကို ထင်းခွေသွားမည်ဆိုတော့ဒေါ်အေးသွယ်နားမလည်နိုင်စွာ........

"ဟဲ့သား အိမ်မှာထင်းတွေအများကြီးလေ"

"မေမေလေးကလဲ သားကမြို့ဘဲကျောင်းသွားတက်ရတော့မယ်ဟာ၊မိုးရာသီမရောက်ခင်ထင်းတွေကြိုစုထားတော့မကောင်းဘူးလား သားမြို့ရောက်သွားရင်ဘယ်သူထင်းခွေပေးမလဲ၊ဖေကြီးကလည်းအလုပ်တစ်ဖက်နဲ့ မမမိုးကလည်းလယ်ထဲကောက်စိုက်ဦးဘာဦးနဲ့ မေမေလေးကျတော့ချက်ရပြုတ်ရနဲ့လေ"

"အေး ဒါလည်းဟုတ်တာဘဲ၊သိပ်တော့နောက်မကျစေနဲ့နော်"

"ဟုတ်ကဲ့မေမေလေး"

ဒေါ်အေးသွယ်ခွင့်ပြုချက်ရပြီးနောက် လင်းခေးနဲ့ပင်တိုင်တို့အတိုင်အပေါက်ညီစွာဘဲထမင်းထုတ်သူကထုတ် ထင်းခုတ်ရန်ဓားယူသူကယူနဲ့အလုပ်ရှုပ်နေခဲ့ကြသည်။သိပ်မကြာလိုက်ပါ လင်းခေးအိမ်ထဲကထမင်းထုတ်ပြီးထွက်လာတော့ ခမောက်ကလေးတစ်လုံးကိုလက်ကကိုင်ပြီး ကျန်တစ်လုံးကိုသူ့ခေါင်းမှာဆောင်းထားတဲ့ပင်တိုင်က လွယ်အိတ်ကလေးတစ်လုံးကိုလွယ်ထားပြီး ကျန်လက်တစ်ဖက်ကလဲဓားမကြီးအားမနိုင့်တစ်နိုင်ဖြင့်ကိုင်ထားလေသည်။

"ကိုကို့အတွက်..."

"ကျေးဇူးတင်ပါတယ်ခင်ဗျာ"

"ခစ်ခစ်"

လင်းခေး ပင်တိုင်ပေးတဲ့ခမောက်ကလေးကိုယူဆောင်းယူ၍သာ ပင်တိုင့်ရှေ့မှာကျောလေးပေးကာထိုင်ချလိုက်သည်။သဘောပေါက်မြန်တဲ့ကောင်လေးကလဲ လင်းခေးပင်ပြောစရာမလိုလင်းခေးကျောပေါ်ဖက်တွယ်တက်လို့တာင်နေပြီ။ပင်တိုင်ကျောပေါ်မှာရောက်သည်နှင့် လင်းခေးလည်းတုန့်ဆိုင်းမနေတော့ဘဲထင်းခွေသွားရန် ရေငံတောကြီးဘက်သို့သာစတင်ခရီးနှင်လာခဲ့၏။

🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
(A/N သာသာupdateလေးအကြောင်းပြောချင်ပါတယ်။ကိုယ့်ဧည့်စိမ်းနဲ့တပင်တိုင်ကိုတလှည့်စီတင်ပေးသွားမှာပါ။ဒီနေ့တပင်တိုင်ကိုတင်လိုက်တော့ မနက်ဖြန်ကိုယ့်ဧည့်စိမ်းလာမှာပါ။တနင်္လာနဲ့ကြာသပတေးနှစ်ရက်ကတော့စာတင်နားပါတယ်။)

(Zawgyi)

မနက္ေစာအခ်ိန္အခါဝယ္ သစ္ရိပ္ဝါးရိပ္မ်ားျဖင့္စိမ္းစိုလန္းဆန္းေနတဲ့ပတ္ဝန္းက်င္တစ္ခြင္၌ ျခဴသံခေလာက္သံမ်ား ႏြားေမာင္းသံမ်ားအျပင္ ေတာဓေလ့အရေစာေစာစီးစီးလယ္ထဲသြားေနၾကတဲ့လယ္သမားမ်ားရဲ႕ပုံရိပ္က မနက္ခင္းရဲ႕အလွကိုအသက္ဝင္ေစခဲ့သည္။

မနက္လင္းၾကက္တြန္တဲ့အခ်ိန္ကစၿပီး ဆြမ္းခ်က္သူကခ်က္ လယ္ထဲသြားဖို႔ျပင္ၾကသူကျပင္နဲ႕အလုပ္ရႈပ္ေနၾကသူမ်ားထဲတြင္ ေဒၚေအးသြယ္လည္းအပါအဝင္သာျဖစ္သည္။မနက္ေစာေစာဘုရားရွစ္ခိုးရန္အတြက္ ေဒၚေအးသြယ္ျပင္ဆင္ေနခဲ့ရာ ေသာက္ေတာ္ေရနဲ႕ဆြမ္းေတာ္ကိုေသခ်ာသပ္ရပ္စြာျပင္ဆင္ၿပီးမွ သူမဘုရားစင္အေရွ႕သို႔ထိုင္လိုက္သည္။

ဘုရားစင္ေရွ႕တြင္ေဒၚေအးသြယ္လက္အုပ္ေလးကိုရိုေသစြာခ်ီ၍ ဘုရားရွစ္ခိုးရန္အသင့္အေနအထားျဖင့္.....

"နေမာ"

"ေမေမေလးေရ ဒီမွာလာၾကည့္ပါဦး ေမေမေလးသားသမီးေဘာ္လီေတြယူဝတ္ေနတယ္"

လက္အုပ္ခ်ီလ်က္ျဖင့္ ဘုရားရွစ္ခိုးရန္အစခ်ီေနတဲ့ေဒၚေအးသြယ္'နေမာ'ဘဲဆိုရေသး ခုႏွစ္အိမ္ၾကားရွစ္အိမ္ၾကားၾကားထြက္ေပၚလာတဲ့ေမမိုးအသံစာစာေလးေၾကာင့္ ဆိုလက္စဘုရားစာပင္ဆက္မဆိုနိုင္ေတာ့ကာ လက္အုပ္ခ်ီလ်က္သားျဖင့္သက္ျပင္းသာခပ္ျပင္းျပင္းခ်လိဳက္မိသည္။

"ဟင္း"

သူမမွဒီကိစၥထဲဝင္မပါရင္ ေမမိုးဆက္ေအာ္မွာအေသအခ်ာေပ၊ပတ္ဝန္းက်င္ကိုလည္းမ်က္ႏွာပူရမည့္ကိစၥမ်ိဳးမျဖစ္ေစရန္ေမမိုးအားဆင္းတားရန္အတြက္ေဒၚေအးသြယ္လက္အုပ္ျပန္ခ်ီၿပီးဘဲ ရွင္ခိုးေတာင္းပန္ရျပန္သည္။ဤပုံနဲ႕ဆိုဘုရားလဲေကာင္းေကာင္းရွင္ခိုးနိုင္မွာမဟုတ္တာနဲ႕ေတာ့ ေတာင္းပန္ၿပီးရပ္လိုက္တာကမွေတာ္ဦးမည္။

"တပည့္ေတာ္မ ခဏေနမွျပန္လာရွစ္ခိုးပါမယ္ဘုရား" ဟုဆိုကာဦးခ်ေတာင္းပန္ၿပီး ေဒၚေအးသြယ္ဘုရားခန္းထဲကထြက္လာခဲ့သည္။

အိမ္အေပၚထပ္မွေဒၚေအးသြယ္ ခပ္မွန္မွန္ေလွ်ာက္လွမ္း၍လာေနေသာ္လည္း သူမေဒါသကေတာ့ခပ္မွန္မွန္ျဖစ္ေန႕သည့္အေျခအေနမဟုတ္ေခ်။မနက္ေစာေစာစီးစီးၾကည္လင္ေနတဲ့စိတ္မ်ားပင္ ေဒါသအျဖစ္ေျပာင္းလဲကာအသံလာရာေအာက္ထပ္သို႔ဆင္းလာခဲ့သည္။သူမေလွကားရင္းအေရာက္တြင္ ေလွကားတစ္ေဘးမွာအသင့္ရွိေနတဲ့ႀကိမ္လုံးကိုဆြဲယူၿပီး အသံလာရာေမမိုးအခန္းဆီကိုလာခဲ့၏။

အသင့္ပြင့္ေနတဲ့အခန္းေလးထဲတြင္ ရင္ဘက္ျပားျပားခ်ပ္ခ်ပ္ေလးေပၚမွာအနီေရာင္ဇာေအာက္ခံအကၤ်ီေလးကိုဝတ္ဆင္ထားတဲ့သူမသားႏွင့္အတူ သူမေနာက္အိမ္ေထာင္ရဲ႕သမီးေမမိုးကိုေဒၚေအးသြယ္ေတြ႕လိုက္သည္။သူမလည္းအခ်ိန္ဆြဲမေနေတာ့ဘဲ မ်က္ႏွာထားတင္းတင္းျဖင့္ ယူေဆာင္လာတဲ့ႀကိမ္လုံးကိုဘဲၾကမ္းျပင္ထက္ခပ္ျပင္းျပင္းရိုက္ခ်လိဳက္၏။

ျဖန္း..........

"အေမ့"

လုပ္ခ်င္တာလုပ္ထားတဲ့ တပင္တိုင္သူ႕ေမေမ့ကိုျမင္ေတာ့လည္းေၾကာက္ရွာသည္။ႀကိမ္လုံးနဲ႕ေဒၚေအးသြယ္ကိုျမင္တာနဲ႕ ပခုံးေလးတြန့္ကာလန့္ဖ်က္သြားၿပီးမ်က္ႏွာေလးအလိုလိုငယ္သြားသည့္သဖြယ္။

ေဒၚေအးသြယ္ သူမကိုေၾကာက္ၿပီးမ်က္ႏွာငယ္ေနတဲ့သားျဖစ္သူကိုခြင့္လြတ္ဖို႔စိတ္ကူးမရွိေပ။ေမမိုးအကၤ်ီေတြယူၿပီးခိုးခိုးဝတ္တာ တစ္ခါလဲမဟုတ္ႏွစ္ခါလဲမဟုတ္နဲ႕ ဘယ္ေလာက္ဘဲရိုက္ရိုက္အမွတ္မရွိတဲ့တပင္တိုင့္ကို ရိုက္တဲ့လူသာရိုက္ရပါမ်ားလို႔ လက္ေတြနာလာမယ္ သူကေတာ့ခိုးဝတ္ၿမဲခိုးဝတ္ေနတာမို႔ ေဒၚေအးသြယ္ႀကိမ္လုံးကကိုလြတ္တဲ့ရက္ တစ္လမွာတစ္ပတ္ျပည့္ေအာင္မရွိ။ခိုးဝတ္ၿမဲခိုးဝတ္ေနတဲ့သားျဖစ္သူနဲ႕ ရိုက္ၿမဲရိုက္ေနတဲ့ဒီအေမတို႔တစ္ဦးနဲ႕တစ္ဦးဘယ္ေတာ့မ်ားမွ အေလ်ာ့ေပးၾကမလဲေတာင္ေတြးမရေပ။

"မမမိုးအကၤ်ီကိုအခုခြၽတ္ေပးလိုက္စမ္း တပင္တိုင္"

သူ႕ေမေမအေၾကာင္းကို ပင္တိုင္အသိဆုံး၊ေဒါသထြက္လာရင္ ဘာကိုမွမၾကည့္တက္ဘဲရိုက္တက္သူမို႔ ေၾကာက္ရသည္။တစ္ခါတစ္ခါခါးေကြးေအာင္ရိုက္တက္သည့္အျပင္ ျဖဴေဖြးေနတဲ့ပင္တိုင့္ေျခသလုံးနဲ႕ေပါင္ေတြမွာေတာင္ရိုက္ထားသည့္ဒဏ္ရာမ်ားက ေကာင္းေကာင္းမေပ်ာက္ေသးေပ၊ညိုမဲစြဲၿပီးနာေနဆဲဒဏ္ရာေဟာင္းမ်ားကိုၾကည့္၍ ပင္တိုင္ေၾကာက္ေၾကာက္နဲ႕ဘဲ ရင္ဘက္အကၤ်ီေလးကိုႏွေျမာတသသျဖင့္ခြၽတ္လိုက္သည္။

"မမမိုး ပင္တိုင့္ကိုစိတ္မဆိုးပါနဲ႕ေနာ္"

သူ႕ေရွ႕မွာရွိေနတဲ့ေမမိုးကို ပင္တိုင္အကၤ်ီေလးခြၽတ္ေပး၍သာမ်က္ႏွာငယ္ေလးျဖင့္ေတာင္းပန္ရွာသည္။

မ်က္ႏွာငယ္ေလးနဲ႕အကၤ်ီေလးေပးေနေလတဲ့ ပင္တိုင့္ကိုျမင္ရေတာ့လည္းေမမိုးစိတ္မေကာင္းရျပန္၊ပင္တိုင္အကၤ်ီခြၽတ္ေပးရင္ေတာင္ အရိုက္ခံဦးမွာမို႔သနားလဲသနားသည္။ သူမမွျပန္ၿပီးမကယ္ရင္ဒီကေလးေပါင္နဲ႕ေျခသလုံးေတြကဒဏ္ရာသစ္ေလးေတြထပ္ရလာဦးမည္။ထို႔ေၾကာင့္ ပင္တိုင့္လက္ထဲကသူမအကၤ်ီေလးကိုယူၿပီး.......

"ပင္တိုင့္ကိုမရိုက္ပါနဲ႕ ေမေမေလးရယ္၊ေနာက္ဆိုကေလးက သမီးအကၤ်ီေတြယူမဝတ္ေလာက္ေတာ့ပါဘူး"

ထိုေကာင္ေလးကတိေပးေပါင္းလည္းမ်ားလွၿပီ၊အၿမဲလိုလိုဘဲထိုကတိကိုခ်ိဳးေဖာက္တက္တဲ့ ပင္တိုင့္အေၾကာင္းကိုေတာ့ေဒၚေအးသြယ္ေနာေက်ေနၿပီဘဲဆိုရေလမရလား။ေမမိုးသာအမွတ္မရွိဘဲကူ၍ဖာေထးေျပာဆိုနိုင္တယ္ ေဒၚေအးသြယ္ကေတာ့ညွာမည့္ပုံမေပၚ။

ေမမိုးေက်နပ္ေပမဲ့ ေဒၚေအးသြယ္မေက်နပ္ သျဖင့္ ပင္တိုင့္ကိုမ်က္ေစာင္းထိုးၿပီးသာၾကည့္ေနလ်က္........

"ေအး ေကာင္းပါတယ္ညဥ္းတို႔ဘဲ ေအာ္ၿပီးတိုင္တုန္းကတိုင္ ၿပီးေတာ့မရိုက္ပါနဲ႕ျဖစ္ျပန္ေကာ၊က်ဳပ္မွာေတာ့ ဘုရားေတာင္ေကာင္းေကာင္းမရွင္ခိုးရဘူး ေခါင္းေတာင္ကိုက္တယ္"

ေက်နပ္ပုံမေပၚေသးတဲ့ေဒၚေအးသြယ္က ပင္တိုင့္ဆီကကိုအၾကည့္မခြာဘဲရိုက္ရန္ဟန္တျပင္ျပင္လုပ္ေနတာနဲ႕ ေမမိုးဖာေထးေျပာဖို႔ျပင္ရျပန္သည္။အရိုက္ၾကမ္းတဲ့ေဒၚေအးသြယ္ရဲ႕အေၾကာင္းကိုသူမလဲမသိတာမွမဟုတ္တာ ပင္တိုင့္ကိုရိုက္တဲ့အခါတိုင္းသနားလြန္းလို႔မၾကည့္ရက္နိုင္ခဲ့သည့္ေန႕ကမ်ားေနေတာ့ သူမေၾကာင့္နဲ႕အရိုက္မခံရေစခ်င္ပါ။

"ေနာက္တစ္ခါမမမိုးအကၤ်ီေတြယူမဝတ္ရဘူးေနာ္ပင္တိုင္"

လက္ညိုးေလးထိုးၿပီးေျပာေနတဲ့ေမမိုးကို ပင္တိုင္ေခါင္းသာၿငိမ့္ျပေလသည္။

"ကဲ စိတ္ေလွ်ာ့ပါေတာ့ေမေမေလးရယ္၊ပင္တိုင္ကေနာက္မလုပ္ေလာက္ေတာ့ပါဘူး"

ေသြးသားအရင္းသာမဟုတ္တယ္ ပင္တိုင့္ကိုခ်စ္ၾကပုံကေတာ့ၾသခ်ေလာက္သည္။ပင္တိုင့္မိခင္အရင္းျဖစ္တဲ့သူမထက္ ခ်စ္လိုက္ၾကပုံကေတာ့ပင္တိုင္အရိုက္မခံရေအာင္လဲလွည့္ေျပာတက္ေသး၊အရိုက္ခံရရင္လဲ ေဆးလိမ္းေပးရေသးနဲ႕ မိခင္အရင္းျဖစ္တဲ့သူမကဘဲေနာက္ဆုံးလူဆိုးမႀကီးလုံးလုံးျဖစ္လို႔။

ပင္တိုင့္ကိုစိတ္တိုရတာနဲ႕မကာမိေပ၊ေဒၚေအးသြယ္ေခါင္းမ်ားပင္ကိုက္လာသလို မူးေဝေဝနဲ႕ေနလို႔မေကာင္းသလိုျဖစ္လာ၏။။ေဆးေသာက္ဖို႔စဥ္းစားမိေပမဲ့ အိမ္မွာရွိတဲ့ေဆးကလြန္ခဲ့တဲ့တစ္ပတ္ကထဲကကုန္သြားေတာ့ အဆင္သင့္မရွိ၊သူမလဲမဝယ္ထားလိုက္မိတာမို႔ ေနာက္ဆုံးကေလးပီပီဟန္ခ်ီခ်ီပင္တိုင့္ကိုဘဲ ျပန္ၿပီးခိုင္းဖို႔အေၾကာင္းဖန္လာ၏။

"ေမေမ့အတြက္ ပါတာဆီတေမာ့တစ္ကဒ္ေလာက္သြားဝယ္ေပးစမ္း ပင္တိုင္၊နင့္ကိုေျပာရတာ ငါေခါင္းေတြပါကိုက္တယ္သိရဲ႕လား"

"မေျပာနဲ႕ေပါ့ေမေမကလဲ"

"ဘာ နင္ကေက်ာေကာင္းလို႔တုတ္ေတာင္းေနတာေပါ့ေလ"

ဆူခ်ိတ္ခ်ိတ္ေလးေျပာလိုက္တဲ့ပင္တိုင့္ေၾကာင့္ ေမမိုးလည္းေခါင္းသာငိုက္စိုက္က်သြားသည္။အရိုက္မခံရေအာင္ေျပာေပးထားတဲ့မ်က္ႏွာမွမေထာက္ ဒီကေလးေျပာလိုက္ပုံက ထရိုက္ခ်င္စရာ။

ေဒၚေအးသြယ္ သူ႕ဆီတုတ္ကိုျမႇောက္ကိုင္ၿပီးလာလုဆဲဆဲ.......

"သြားဝယ္မယ္လို႔"ဆိုကာ ပင္တိုင္ခပ္လွမ္းလွမ္းသို႔ေျပးသြားလိုက္၏။

ထင္သည့္အတိုင္းလက္ထဲကတုတ္ကိုျပန္ျမႇောက္လာၿပီး ပင္တိုင့္ဆီသြားေတာ့မဲ့ေဒၚေအးသြယ္ကို ေမမိုးအခ်ိန္မွီဆြဲတားလိုက္ရသည္။မဟုတ္လွ်င္ ဒီကေလးအေျပာမတက္ပုံနဲ႕အရိုက္ခံေနဦးမွာအေသအခ်ာေပ။

"မလုပ္ပါနဲ႕ေမေမေလးရယ္ ပင္တိုင္ကေဆးဝယ္သြားေတာ့မွာပါ၊ဟဲ့ပင္တိုင္ မမဗီရိုထဲကအိတ္ထဲမွာ၅ေထာင္ယူသြား"

ပင္တိုင္ေခါင္းေလးကို ခပ္ျမန္ျမန္ၿငိမ့္ၿပီးဘဲသူမဗီရိုဆီသြားၿပီး ပိုက္ဆံသြားယူေလသည္။ပိုက္ဆံယူၿပီးၿပီထင္ပါရဲ႕ ၅ေထာင္တန္ေလးကိုသူမျမင္ေအာင္ျပၿပီး ပင္တိုင္အလ်င္စလိုျဖင့္ေဒၚေအးသြယ္ေဘးက ျဖတ္ေျပးၿပီးအိမ္ထဲကထြက္သြားေလသည္။

"ဟူး"

ပင္တိုင္အိမ္ထဲကအျပင္ကိုထြက္သြားမွ ေမမိုးလည္းသူမတားထားတဲ့ ေဒၚေအးသြယ္လက္ေတြကိုလႊတ္ေပးနိုင္သည္။လက္လႊတ္ေပးလိုက္ျခင္းမွာဘဲ'နင္လည္းသတိထားေန'ဆိုသည့္ပုံမ်ိဳးနဲ႕ၾကည့္ၿပီးအခန္းထဲကထြက္သြားတဲ့ ေဒၚေအးသြယ္ပုံကသူမကိုပါတိေပးသြားသည့္ဟန္။

ေမမိုးလည္း သေဘာက်စြာၿပဳံးရင္းတစ္ေယာက္ထဲသာအခန္းထဲက်န္ခဲ့ေလသည္။လြန္ခဲ့တဲ့၇ႏွစ္တုန္းက ေဒၚေအးသြယ္နဲ႕၂ႏွစ္အ႐ြယ္သာရွိေသးတဲ့ပင္တိုင္ေလးကို သူမဖခင္အိမ္ကိုေခၚလာသည့္အခ်ိန္ကိုမွတ္မိေသးသည္။မိေထြးသာဆိုတယ္ မိခင္အရင္းပမာေစာင့္ေရွာက္တက္တဲ့ေဒၚေအးသြယ္ကို ေမမိုးတို႔ေမာင္ႏွမႏွစ္ေတြၾကာလာတာနဲ႕အမွ်သံေယာစဥ္တြယ္ၿပီး အေမအရင္းတစ္ေယာက္လိုခံစားရလာခဲ့ရသည္။ဒီႏွစ္ေတြအတြင္း ပင္တိုင့္အေပၚကိုသာေဒၚေအးသြယ္အရိုက္ၾကမ္းခဲ့တယ္၊သူမတို႔ေမာင္ႏွမကိုေတာ့လက္ျဖင့္ပင္မ႐ြယ္ခဲ့ပါ ပါးစပ္ျဖင့္သာေသခ်ာနားဝင္ေအာင္ဆုံးမခဲ့တဲ့သူမက သူတို႔စိတ္ထဲ'မိေထြးမို႔ရိုက္တယ္'ဆိုသည့္အေတြးႀကီးဝင္မွာေတာ့စိုးရိမ္ရွာသည္။ေနာက္ၿပီးသူမတို႔လက္ထဲမွာႀကီးျပင္းလာတဲ့ပင္တိုင္ေလးကပါ ေမာင္အရင္းပမာျဖစ္လာခဲ့သည့္အခ်ိန္ေတြကိုျပန္ေတြးမိရင္း ၿပဳံးေနတဲ့ေမမိုးရဲ႕မ်က္ႏွာက ပီတိျဖာေနတဲ့အၿပဳံးေလးေတြပါထပ္ဆင့္ေပၚေနခဲ့သည္။

ပင္တိုင္လက္ထဲက၅ေထာင္တန္ေလးကို က်စ္က်စ္ပါေအာင္ဆုပ္ကာ ႐ြာလယ္ကဦးညိုေဆးဆိုင္သို႔လာခဲ့သည္။ပါးစပ္ကလဲ သူ႕ေမေမမွာလိုက္တဲ့ေဆးနာမည္ေလးကို ေမ့မသြားေအာင္ေရ႐ြတ္လ်က္ပင္။

"ပါတာစီတေမာ့ ပါတာစီတေမာ့၊ပါတာစၱေမာ့ ပါတာ....ပါတာ"

႐ြာလယ္သို႔မေရာက္မွီ တစ္ေနရာတြင္ပင္တိုင့္ေျခလွမ္းမ်ားကိုတစ္စုံတစ္ရာကရပ္တန့္သြားေစခဲ့သည္။အေၾကာင္းကေတာ့မန္က်ည္းပင္ေပၚမွာနားေနတဲ့ အေမႊးအေတာင္အေရာင္စုံလင္ေနတဲ့ငွက္ကေလးေၾကာင့္ဘဲျဖစ္၏။အေရာင္အေသြးစုံလင္ေနတဲ့ထိုငွက္ကေလးကိုေငးေမာရင္း ပင္တိုင္အေရွ႕သို႔တျဖည္းျဖည္းေလွ်ာက္လွမ္းေနသည္။အေငးေတာ့မပ်က္ေခ်။

ပင္တိုင္တို႔႐ြာေလးက ေတာအေတာ္ေလးက်ေတာ့ငွက္မ်ိဳးစုံကိုရံဖန္ရံခါေတြ႕ရတက္သည္။ဒါ့အျပင္ ႐ြာေတာင္ဘက္ကေရငံေတာႀကီးထဲက ယုန္ေလးေတြမ်က္စိလည္ၿပီးေရာက္လာတက္တဲ့အခ်ိန္ေတြဆိုလွ်င္လည္း ယုန္ေလးေတြပါေတြ႕ရတက္ေသးသည္။အေရာင္အေသြးစုံလင္လွတဲ့ငွက္ေတြကိုျမင္တိုင္း ပင္တိုင္မစပ္စုဘဲမေနနိုင္၊စပ္စုျပန္ေတာ့လည္း ဘာငွက္မွန္းမသိတဲ့သူ႕အဖို႔ အေရာင္စုံလင္လွတဲ့ငွက္တစ္ေကာင္ထက္ပိုမွာမဟုတ္။

"အာ့.....ေသပါၿပီ"

လမ္းကိုမၾကည့္ဘဲ ငွက္ကိုအေငးလြန္ေနတဲ့ပင္တိုင္ သူ႕ေရွ႕တည့္တည့္မွာရွိေနတဲ့ေက်ာက္တုံးအားခလုတ္တိုက္၍ပစ္လဲသြားျခင္းသာျဖစ္၏။

အကၤ်ီျဖဴျဖဴေလးလဲဖုန္မ်ားေပက်ံသြားၿပီး ပင္တိုင့္ဒူးေလးပါပြန္းသြားကာေသြးစေလးမ်ားပင္ထြက္လို႔ေနတယ္၊ကမန္းကတမ္းနဲ႕ျပန္ထတဲ့ပင္တိုင္ကေတာ့ဒူးကဒဏ္ရာကိုမမႈ႕နိုင္ေသးဘဲ ေဒၚေအးသြယ္မွာလိုက္တဲ့ေဆးနာမည္ကိုသာေခါင္းေလးကုတ္ၿပီးစဥ္းစားေနရသည္။ေဆးနာမည္ကခက္ခဲလွသည္မဟုတ္ေပမဲ့ ၉ႏွစ္အ႐ြယ္ကေလးတစ္ေယာက္အတြက္ေတာ့ေမ့လဲေမ့ခ်င္စရာမို႔ပင္။

ခဏၾကာမွပင္တိုင့္မ်က္ႏွာေလး ျပန္လည္ဝင္းပသြားၿပီး ေဆးဆိုင္ဆီသို႔အေရာက္လွမ္းရင္း တစ္လမ္းလုံး႐ြတ္သြားသည္က.......

"အလိုလိုေနဖင္စီေကာ့ အလိုလိုေနဖင္စီေကာ့ အလိုလိုေနဖင္စီေကာ့"ပါတဲ့။

ေဆးဆိုင္မေရာက္မျခင္း တစ္လမ္းလုံးပင္တိုင္ဘယ္အရာမွေငးေမာျခင္းမရွိေတာ့သလို လမ္းေတြ႕သမွ်မည္သူ႕ကိုမွပင္ႏႈတ္မဆက္ေခ်။ထပ္ၿပီးေမ့မသြားေအာင္ ေဆးနာမည္ကိုဘဲအဆက္မျပတ္ေရ႐ြတ္ၿပီးေလွ်ာက္လာခဲ့၏။

ေဆးဆိုင္ေရာက္မွ........

"ဦးညို ပင္တိုင္ေဆးဝယ္ခ်င္လို႔"

႐ြာလယ္ေခါင္မွာဖြင့္ထားတဲ့ဦးညိုရဲ႕ေဆးဆိုင္ေလးက အေရာင္းသြက္၏။သူတို႔႐ြာမွာလဲေဆးနဲ႕ပတ္သက္ၿပီးကြၽမ္းက်င္နားလည္သူဆိုလို႔ ဦးညိုဘဲရွိေလေတာ့ဦးညိုေဆးဆိုင္ေလးက ႐ြာအတြက္အက်ိဳးျပဳသည္ဘဲဆိုရမည္။ပင္တိုင္တို႔႐ြာအတြက္ ေဆးနဲ႕ပတ္သက္ရင္ၿမိဳ႕ထိေတာင္တကူးတကသြားစရာမလိုေတာ့တဲ့အထိပင္။

"ဘာေဆးလဲသား ဒီတစ္ခါမင္းေမေမကိုယ္တိုင္လာမဝယ္ဘူးေနာ္"

ပုံမွန္ေဆးလာဝယ္ရင္ေဒၚေအးသြယ္ကိုယ္တိုင္လာဝယ္ေနက်ျဖစ္ေလေတာ့ ဤကေန႕မွေဒၚေအးသြယ္မဟုတ္ဘဲ ပင္တိုင္လာဝယ္ေသာေၾကာင့္ ထူးထူးျခားျခားမို႔ဦးညိုသတိထားေမးမိျခင္းရယ္ပါ။

"ေမေမေနမေကာင္းလို႔ ပင္တိုင့္ကိုလာဝယ္ခိုင္းတာ"

"ေၾသာ္ေအး ဒါနဲ႕ဘာေဆးလဲသား"

ဦးညိုေသာက္လက္စေရႏြေးတစ္ခြက္ကို တစ္ခ်ိဳက္ေမာ့ၿပီးေမးလိုက္၏။

"အလိုလိုေနဖင္စီေကာ့တစ္ကဒ္ေပးပါ ဦးညို"

"အဟြတ္ အဟြတ္"

႐ုပ္တည္ေလးနဲ႕ေျပာလာတဲ့ပင္တိုင့္ေဆးနာမည္ေၾကာင့္ ဦးညိုေသာက္ေနတဲ့ေရႏြေးပင္တီးသြား၏။သူေဆးေရာင္းလာတာဘဲႏွစ္ေတြၾကာလွၿပီ၊အလိုလိုေနဖင္စီေကာ့နာမည္နဲ႕ေဆးေတာ့ သူ႕တသက္ေယာင္လို႔ေတာင္မၾကားဖူးသျဖင့္သူလန့္ခ်င္လဲလန့္စရာေကာင္းသား။

"ဘာေဆးသား"

"အလိုလိုေနဖင္စီေကာ့ပါဆိုဦးညိုကလဲ"

"ေဟ"

သူ႕ကိုေတာင္စိတ္မရွည္ေတာ့တဲ့ေလသံေလးနဲ႕ေျပာလာတဲ့ပင္တိုင့္ေၾကာင့္ ဦးညိုမ်က္လုံးအျပဴးသားနဲ႕ဘဲ ေသာက္လက္စေရႏြေးခြက္ကိုခုံေပၚျပန္တင္လိုက္သည္။ေရွ႕မွာသူေပးမဲ့ေဆးကိုေစာင့္ေနတဲ့ေကာင္ေလးကို ဦးညိုဘာေပးလို႔ေပးလိုက္ရမယ္မွန္းေတာင္မသိေတာ့ရာ ပင္တိုင့္ကိုသာသူ႕အနားလာရန္လက္ျပေခၚလိုက္၏။

ပင္တိုင္အနားေရာက္ေတာ့.......

"မင္းေဆးကဟုတ္ေကာဟုတ္ရဲ႕လား ပင္တိုင္ရယ္"

"ဟာ ဟုတ္ပါတယ္ဦးညိုရဲ႕၊ပင္တိုင္ေသခ်ာကိုမေမ့ေအာင္မွတ္လာတာ အလိုလိုေနဖင္ဆီေကာ့မွ အလိုလိုေနဖင္ဆီေကာ့ဘဲ"

ႏွစ္ခါျပန္ေမးယူရတဲ့ေဆးနာမည္ကို ၾကားလဲမၾကားဖူးသလိုသိလဲမသိေတာ့အေတာ္ေလးအခက္ေတြ႕ေနရသျဖင့္ ပင္တိုင့္ကိုပင္ဟုတ္ရဲ႕လားျပန္ေမးယူရတဲ့ဦးညိုအျဖစ္ရယ္ပါ။ဒါေတာင္ပင္တိုင္ေသခ်ာေျပာေနသေလာက္ သူဘာမွမသိေသး။

"ဦးညိုေဆးဆိုင္မွာေတာ့မင္းေျပာတဲ့ေဆး မရွိဘူးကြ၊မင္းမ်ားမွားေနလား ေသခ်ာစဥ္းစားၾကည့္ပါဦးကြယ္ ဒါမွမဟုတ္ရင္လည္းမင္းေမေမကိုေသခ်ာျပန္ေမးလိုက္ဦး"

ပင္တိုင့္အေတြးထဲလဲ ေဆးနာမည္ကိုတစ္ဝဲလည္လည္နဲ႕ေကာင္းေကာင္းမမွတ္မိ၊အလိုလိုေနဖင္ဆီေကာ့ထင္ေနေပမဲ့ မရွိဘူးဆိုျပန္ေတာ့လည္းပင္တိုင္အိမ္ဘဲျပန္ယုံေပါ့။သူမဝယ္ေပးတာမွမဟုတ္ဘဲ မရွိတာေတာ့သူလည္းမတက္နိုင္ဘူးေလ၊ပင္တိုင္ျပန္ဖို႔ဘဲဆုံးျဖတ္လိုက္ရသည္။

"ဒါဆိုပင္တိုင္ျပန္လိုက္ဦးမယ္ဦးညို ေမေမကလဲဘာေတြေလွ်ာက္မွာမွန္းမသိပါဘူး"

"ေအးေအး မင္းေမေမကလဲမရွိတဲ့ေဆးမွ တယ္လဲမွာတက္သကိုး၊အိမ္ကိုဘဲတန္းျပန္ေနာ္ ပင္တိုင္"

"ဟုတ္ဦးညို"

ပင္တိုင္ ဦးညိုကိုလက္ျပႏႈတ္ဆက္ၿပီးေဆးဆိုင္ကထြက္သြားေလသည္။

ပင္တိုင္ျပန္လို႔ အခ်ိန္အေတာ္ၾကာတဲ့အထိ ေဆးနာမည္ကိုေရ႐ြတ္ရင္းစဥ္းစားခန္းထုတ္ေနတဲ့ဦးညို ပင္တိုင္သာအိမ္ျပန္ေရာက္သြားမယ္၊သူကေတာ့ေဆးနာမည္ကိုစဥ္းစားလို႔ေတာင္မရခဲ့၊အေတာ္ေလးစဥ္းစားတာေတာင္ ဘာမွန္းမသိေသးေတာ့ ဦးညိုမ်က္ခုံးတခ်က္ပင့္ၿပီးဘဲ.......

"တယ္ခက္လွတဲ့ အလိုလိုေနဖင္ဆီေကာ့"....ဆိုကာေခါင္းတၿငိမ့္ၿငိမ့္နဲ႕ပင္။

"ကြၽန္ေတာ္ေက်ာင္းသြားတက္ရင္ အေဖတစ္ေယာက္ထဲျဖစ္ပါ့မလား"

"ျဖစ္ပါတယ္ကြ ဒီအလုပ္ေတြဆိုတာမင္းမေမြးခင္ကထဲက အေဖလုပ္လာတာပါကြာ၊ၿပီးေတာ့အေဖတစ္ေယာက္ထဲမွမဟုတ္တာ မင္းေမေမေလးေကာ၊သမီးေမမိုးပါရွိတယ္ေလ"

အထုပ္ႀကီးအထုပ္ငယ္ကိုဆြဲလ်က္ၿမိဳ႕ကျပန္လာၾကတဲ့ လင္းေချမင့္မိုရ္ႏွင့္ဦးမိုးေဝတို႔သားအဖ လမ္းတစ္ေလွ်ာက္လင္းေခးၿမိဳ႕မွာေက်ာင္းတက္မည့္အေၾကာင္းေျပာရင္းေလွ်ာက္လာလိုက္တာ ႐ြာထဲကိုေတာင္ေရာက္လို႔လာၿပီ။လင္းေခးတို႔႐ြာေလးမွာ အထက္တန္းေက်ာင္းမဖြင့္ေသး၊၈တန္းအထိဘဲရွိတဲ့ေက်ာင္းမို႔၉တန္းမွစၿပီး ၿမိဳ႕ကိုေက်ာင္းသြတက္ရေလ့ရွိသည္။အခုလည္းၿမိဳ႕မွေက်ာင္းကိစၥအတြက္စုံစမ္းၿပီး ျပန္လာၾကျခင္းဘဲျဖစ္သည္။

ၿမိဳ႕မွာေက်ာင္းသြားတက္ရမည့္အေရး လင္းေခးဖခင္ျဖစ္သူကိုေတာ့ေထြေထြထူးထူးစိတ္ပူစရာမလို၊ငယ္စဥ္ကထဲကလယ္လုပ္ငန္းကိုပိုင္နိုင္စြာလုပ္ကိုင္ေနဆဲဦးမိုးေဝက သူမရွိလဲျဖစ္သျဖင့္စိတ္ေအးရၿပီမို႔ သေဘာေပါက္စြာဘဲေခါင္းကိုၿငိမ့္လိုက္၏။

ဦးမိုးေဝ သူ႕ေဘးကေခါင္းၿငိမ့္ေလတဲ့သားျဖစ္သူကိုၾကည့္၍ၿပဳံးမိသည္။သူ႕အတြက္လင္းေခးစိတ္ေအးရေပမဲ့ တစ္ဦးတစ္ေယာက္အတြက္စိတ္ေအးရမွာမဟုတ္သည္ကိုေတာ့လင္းေခးေမ့ေနေလ်ာ့သလား။ထိုတစ္ဦးတစ္ေယာက္ကလဲတစ္ျခားလူမဟုတ္ျပန္၊လင္းေခးကိုအရမ္းခ်စ္အရမ္းတြယ္တာေနတဲ့ တပင္တိုင္ေလးဘဲျဖစ္၏။

ဦးမိုးေဝလည္း လင္းေခးသတိရသည့္ပုံမေပၚေသးတဲ့ပင္တိုင့္အေၾကာင္းကိုသူကဘဲအစခ်ီလိုက္ကာ.........

"တကယ္တမ္းသားစိတ္ပူရမွာက ေဖႀကီးတို႔မဟုတ္ဘူး၊တပင္တိုင္ေလးကိုဘဲစိတ္ပူရမွာ"ဟူ၍သာေျပာလိုက္၏။

စိတ္ေအးစျပဳလာတဲ့လင္းေခးအတြက္ ထိုစကားကအႀကီးမားဆုံးပူပန္မႈတစ္ခု၊ဒီႏွစ္ေတြအတြင္း ပင္တိုင္အိမ္ကိုစေရာက္ကထဲကသူ႕လက္ေပၚမွာဘဲႀကီးျပင္းလာတဲ့ထိုကေလးကို လင္းေခးခြဲနိုင္မည္တဲ့လား။မျဖစ္နိုင္ဆုံးေပါ့၊ပင္တိုင္သူ႕အားမခြဲနိုင္သလို သူလဲပင္တိုင့္ကိုခြဲနိုင္မွာမဟုတ္ေပ၊ခြဲခြာဖို႔မေျပာႏွင့္ ခြဲရမည္ဆိုသည့္စိတ္တစ္ခုနဲ႕တင္လင္းေခးရင္ထဲဆို႔နစ္လို႔ေနၿပီ။

ျဖန္း.......ျဖန္း........

"ေနာက္မွားဦးမွာလား"

"မမွားေတာ့ပါဘူးေမေမရဲ႕ အဟင့္ ဟင့္"

စကားတစ္ခြန္းတုတ္တစ္ခ်က္ဆိုသည့္အတိုင္း ေဒၚေအးသြယ္ပင္တိုင့္ကိုေမးလိုက္ရိုက္လိုက္လုပ္ေနခဲ့တာ၊ႏုနယ္လွတဲ့ပင္တိုင့္ေျခသလုံး၌အစင္းရာမ်ားျမင္မေကာင္းေအာင္ပြေနသည္အထိပင္။ဒါလည္းရိုက္တာရပ္လားဆိုေတာ့ရပ္မသြား၊ထပ္ထပ္ၿပီးဘဲရိုက္ေနျပန္သည္။

ျဖန္း...........

"ေသခ်ာမွာတဲ့ၾကားက ေသခ်ာမွားခ်င္ဦး"

"အား ေမေမရဲ႕...ပင္တိုင္ေသရပါေတ့မယ္ အဟင့္ ဟင့္၊မမမိုး ပင္တိုင့္ကိုကယ္ပါဦး"

ငိုၿပီးအကူအညီေတာင္းေနတဲ့ပင္တိုင့္ကိုသနားၿပီး ေမမိုးမ်က္ရည္မ်ားသာအဆက္မျပတ္က်လိဳ႕ေနတယ္၊ပင္တိုင့္ကိုရိုက္ေနတဲ့ေဒၚေအးသြယ္ရဲ႕လက္ေတြကိုလဲမဆြဲရဲျပန္။သူမလုပ္နိုင္တာဆိုလို႔ ပါးစပ္ကဘဲတားဆီးေပးနိုင္သည္။

"ေမေမေလးရယ္ေတာ္ပါေတာ့ ပင္တိုင္အရမ္းနာၿပီ အဟင့္ ဟင့္"

ပင္တိုင့္လက္ကိုေသခ်ာကိုက္ၿပီးရိုက္ေနတဲ့ေဒၚေအးသြယ္ တစ္ခ်က္ရိုက္လိုက္တိုင္းပင္တိုင္ေခြေခြက်သြားသည္ကိုျမင္ေနရတဲ့ေမမိုးခမ်ာ ပင္တိုင့္ကိုသနာ့သည္းစိတ္ေၾကာင့္ငိုယိုၿပီးသာေအာ္ေျပာမိေလသည္။သူမသာေအာ္ေျပာေနတယ္၊ရိုက္ၿမဲရိုက္ေနတဲ့ေဒၚေအးသြယ္ရဲ႕လက္ေတြကေတာ့ ရပ္တန့္မသြားေခ်။

ေျခသလုံးကနာက်င္မႈေၾကာင့္ ပင္တိုင္ငိုရလြန္းလို႔ေမာလွၿပီ၊နီရဲေနတဲ့အစင္းမ်ားအေပၚထပ္မံက်ေရာက္လာတဲ့ရိုက္ခ်က္မ်ားကလည္း အသည္းခိုက္မတန့္နာက်င္လြန္းလို႔ပင္တိုင္တစ္ခ်က္အရိုက္ခံရတိုင္း ေျမေပၚတစ္ခါပစ္လဲသြားသျဖင့္တစ္ကိုယ္လုံးလဲဖုန္မ်ားေပက်ံကာညစ္ပတ္ေနရဲ႕ေလ။

"အင့္ အဟင့္ ဟင့္...ပင္တိုင္ေနာက္မမွားေတာ့ပါဘူးေမေမရဲ႕ "

ပင္တိုင့္အေၾကာင္းေတြးရင္းစိတ္နဲ႕လူနဲ႕မကပ္တဲ့လင္းေခး အိမ္နားေရာက္လာတာေတာင္မသိေခ်။အိမ္ထဲကထြက္ေပၚလာတဲ့ပင္တိုင့္ေအာ္သံေလးကိုၾကားမွ သူသတိျပန္ဝင္လာေတာ့သည္။သူအိမ္နားေရာက္သည္မွန္းသိသည္ႏွင့္ အသံလာရာအိမ္ထဲသို႔ၾကည့္မိေတာ့.........

"ပင္တိုင္"

ႀကိမ္လုံးနဲ႕အဆက္မျပတ္ရိုက္ေနရတဲ့ပင္တိုင့္ကိုျမင္လိုက္ရသျဖင့္ ခ်က္ခ်င္းဘဲပင္တိုင့္ဆီေျပးသြားေတာ့၏။

ဦးမိုးေဝလည္းေျပးထြက္သြားတဲ့သားျဖစ္သူနဲ႕ အရိုက္ခံေနရတဲ့ပင္တိုင့္ကိုျမင္ၿပီး လင္းေခးလိုမေျပးယုံတမယ္ ခပ္တုတ္တုတ္ဘဲအိမ္ထဲသို႔ဝင္လာခဲ့၏။

အရိုက္ခံေနရတဲ့ပင္တိုင့္မ်က္ဝန္းေလးမ်ား ငိုေနသည့္ၾကားကပင္အိမ္ထဲသို႔ေျပးဝင္လာတဲ့လင္းေခးကိုျမင္ယုံျဖင့္ ဝင္းပသြားကာ.......

"ကိုကို"...ဟုဆိုကာလင္းေခးကို ေငးေနခ်ိန္မွာဘဲသူ႕ကိုယ္ေပၚသို႔ထပ္မံက်ေရာက္လာေတာ့မဲ့ႀကိမ္လုံးကိုေတာ့ ပင္တိုင္သတိမထားမိလိုက္ေခ်၊တဆက္ထဲမွာဘဲသူ႕ကိုယ္ေပၚသို႔က်ေရာက္လာတဲ့ႀကိမ္လုံးက..........

ျဖန္း.........

"အင့္"

လင္းေခးသူ႕အေျပးဖက္လိုက္တာေၾကာင့္ လင္းေခးေက်ာေပၚက်ေရာက္သြားေလသည္။

အားျပင္းလြန္းတဲ့ေဒၚေအးသြယ္ရဲ႕ရိုက္ခ်က္မွာ လင္းေခးေက်ာျပင္တစ္ခုလုံးေကာ့ခနဲပင္၊သူလိုႀကံ့ခိုင္တဲ့ခႏၶာကိုယ္အားပိုင္ဆိုင္ထားတာေတာင္ တစ္ခ်က္ကေလးရိုက္ခံရယုံျဖင့္ေက်ာေကာ့သည့္အထိျဖစ္ရလွ်င္ ေသးေသးေကြးေကြးေလးနဲ႕ပင္တိုင့္ကိုယ္ေလးဘယ္ေလာက္မ်ားေတာင္နာက်င္လိုက္ေလမလဲမသိ။လင္ေခးေက်ာကနာက်င္မႈထက္ ပင္တိုင့္ေျခသလုံးကအစင္းရာမ်ားကိုၾကည့္၍ပင္ေျဖမဆည္နိုင္ေအာင္နာက်င္လွေလၿပီ။

႐ုတ္တရက္သူ႕အားေျပးဖက္လိုက္တာေၾကာင့္ အရိုက္ခံလိုက္ရတဲ့လင္းေခးကိုျမင္ၿပီးပင္တိုင့္မ်က္ဝန္းအိမ္ေလးကိုပင္ျပဴးက်ယ္သြားေစသည္။နဂိုကမွငိုေနခဲ့တဲ့မ်က္ဝန္းဝိုင္းဝိုင္းေလးထဲက မ်က္ရည္မ်ားကလည္းတားဆီးမရနိုင္ေအာင္စီးဆင္းလာၿပီး အရိုက္ခံလိုက္ရတဲ့လင္းေခးေက်ာျပင္ေလးကိုသူ႕လက္ေသးေသးေလးနဲ႕ကာလို႔ပင္.........

"ကိုကို႔ကိုရိုက္မိသြားၿပီ အဟင့္...ဟင့္၊ကိုကိုနာသြားၿပီ အဟင့္ ဟင့္....ေမေမ့ေၾကာင့္ ေမေမရိုင္လို႔ကိုကိုနာသြားၿပီ"

ေဒၚေအးသြယ္လည္းမရည္႐ြယ္ပါ၊ပင္တိုင့္ကိုရိုက္လိုက္တာ ၾကားဝင္ခံလိုက္တဲ့လင္းေခးကိုရိုက္မိသြားသည္ႏွင့္လက္ထဲကႀကိမ္လုံးပင္လႊတ္ခ်မိသြားသည္။ဒါ့အျပင္ရိုက္ေနတဲ့အခ်ိန္ေတြမွာေတာင္ သူမအားတင္းမာတဲ့မ်က္ႏွာထားျဖင့္မၾကည့္ဖတဲ့ပင္တိုင္က အခုေတာ့နာက်ည္းတဲ့အၾကည့္ေတြနဲ႕ၾကည့္ေနတယ္တဲ့ေလ။ထိုအၾကည့္ေတြက ေဒၚေအးသြယ္ရင္ကိုတဆစ္ဆစ္နဲ႕နာက်င္ေစသည့္အၾကည့္မ်ားသာ။

လင္းေခးကို႔ရိုက္မိသြားလို႔ပါတဲ့၊ပင္တိုင္အရိုက္ခံရသည့္အခ်ိန္ကထက္ေတာင္ပိုငိုေနေသးသည္။ပင္တိုင့္မ်က္ရည္ေတြကိုမျမင္ခ်င္လို႔ဝင္တားကမွ
သူ႕ေၾကာင့္ပင္တိုင္ပိုငိုေနေစမိတာေၾကာင့္လင္းေခးၿပဳံးလ်က္ပင္.......

"ကိုကိုမနာပါဘူးပင္တိုင္ရဲ႕"ဆိုကာ ပင္တိုင့္မ်က္ရည္ေလးမ်ားအားသုတ္ကာေျပာလို႔သာ။

"တကယ္လား ကိုကိုနာသြားဘူးေပါ့"

လင္းေခးခပ္ၿပဳံးၿပဳံးဘဲ ေခါင္းရမ္းျပလိုက္၏။

"မနာပါဘူး ကိုကိုကအားအမ်ားႀကီးရွိတယ္ေလ"

ထိုအခါမွငိုေနတဲ့ပင္တိုင္ မ်က္ရည္ေလးမ်ားအားလက္ဖမိုးေသးေသးေလးျဖင့္သုတ္ကာ သြားေလးေပၚသည္အထိၿပဳံးနိုင္ေတာ့သည္။

"ေနပါဦး ပင္တိုင္ကို႔ေမေမေလးကဘာလို႔ရိုက္တာလဲ"

ပင္တိုင္ဘာမွျပန္မေျဖ၊ေဒၚေအးသြယ္ကိုမ်က္လုံးေလးလွန္၍ခိုးၾကည့္ၿပီးသာ ေခါင္းေလးငုံေတာ့သည္။ေခါင္းေလးငုံ႕ကာ ေျခေထာက္ကေလးေတြတစ္ေခ်ာင္းနဲ႕တစ္ေခ်ာင္းထပ္ကာပြတ္သပ္ေနပုံက မဟုတ္တာတစ္ခုခုလုပ္ထားသည့္ဟန္။

ေခါင္းေလးငုံ႕ထားတဲ့ပင္တိုင့္ပုံစံကေတာ့ ဘာမွျပန္ေျဖမည့္ပုံမေပၚ၊လင္းေခးလည္း အက်ိဳးအေၾကာင္းသိရရန္ေဒၚေအးသြယ္ဘက္သာ တစ္ဖန္ျပန္လွည့္ေမးရ၏။

"ေမေမေလး ပင္တိုင့္ကိုဘာလို႔ရိုက္တာလဲ"

လင္းေခးတင္ဒီအေၾကာင္းသိခ်င္သည္မဟုတ္၊ဦးမိုးေဝလဲသိခ်င္သည္။ထို႔ေၾကာင့္ေဒၚေအးသြယ္ကိုၾကည့္ကာ'ဘာလို႔လဲ'ဆိုသည့္ပုံမ်ိဳးနဲ႕သာ ၾကည့္မိ၏။

သူမေျပာမဲ့စကားကိုသိခ်င္ေနၾကတဲ့ ဦးမိုးေဝတို႔ကိုမ်က္ေမွာင္တစ္ခ်က္က်ဳံ႕ကာ ေဒၚေအးသြယ္ေျပာလိုက္သည္က..........

"ဘာျဖစ္ရမလဲ ပါတာစီတေမာ့ဝယ္ခိုင္းတာ အလိုလိုေနဖင္ဆီေကာ့နဲ႕မွားလာလို႔ေလ"

"ေဟ"

ဦးမိုးေဝေတာ့ မၾကားစဖူးအၾကားထူးကာ'ေဟ'တစ္လုံးထဲပင္ထေျပာကာရဟ္ေတာ့သည္။

"ဟားဟား ငါ့သားပင္တိုင္ကေတာ့ကြာ လြဲလိုက္မွျဖင့္"

လင္းေခးလည္းၿပဳံးစိစိနဲ႕ ပင္တိုင့္ဘက္သို႔'ဟုတ္လား'ဆိုသည့္ပုံျဖင့္ၾကည့္ေတာ့ ပင္တိုင္စပ္ၿဖီးၿဖီးနဲ႕ေခါင္းေလးသၿငိမ့္ျပပုံကအသည္းယားဖြယ္အထိ။ဒီကေလးမဟုတ္တာလုပ္ထားလို႔ ေခါင္းေလးငုံ႕ကာသူ႕အေမးကိုျပန္မေျဖခဲ့သည္တဲ့လား။မွားလဲမွားတက္တဲ့တပင္တိုင္ရယ္ပါေလ။

"ပင္တိုင္ ကိုကိုနဲ႕ထင္းေခြလိုက္မလား"

ေဒၚေအးသြယ္အနားကေရွာင္တိမ္းရန္အတြက္ ထင္းေခြသြားဖို႔ဟာလင္းေခးအတြက္အေၾကာင္းျပခ်က္တစ္ခုျဖစ္လာခဲ့သည္။ပင္တိုင္သေဘာေပါက္ရန္ လင္းေခးမ်က္စိေလးမွိတ္ၿပီးေျပာလိုက္ရာ ပင္တိုင္ၿပဳံးစိစိေလးျဖင့္ေခါင္းေလးၿငိမ့္၍သာသေဘာတူေတာ့သည္။

"ပင္တိုင္လိုက္မယ္ကိုကို"

အိမ္မွာလည္းထင္းေတြအမ်ားႀကီးရွိသည္ကို ထင္းေခြသြားမည္ဆိုေတာ့ေဒၚေအးသြယ္နားမလည္နိုင္စြာ........

"ဟဲ့သား အိမ္မွာထင္းေတြအမ်ားႀကီးေလ"

"ေမေမေလးကလဲ သားကၿမိဳ႕ဘဲေက်ာင္းသြားတက္ရေတာ့မယ္ဟာ၊မိုးရာသီမေရာက္ခင္ထင္းေတြႀကိဳစုထားေတာ့မေကာင္းဘူးလား သားၿမိဳ႕ေရာက္သြားရင္ဘယ္သူထင္းေခြေပးမလဲ၊ေဖႀကီးကလည္းအလုပ္တစ္ဖက္နဲ႕ မမမိုးကလည္းလယ္ထဲေကာက္စိုက္ဦးဘာဦးနဲ႕ ေမေမေလးက်ေတာ့ခ်က္ရျပဳတ္ရနဲ႕ေလ"

"ေအး ဒါလည္းဟုတ္တာဘဲ၊သိပ္ေတာ့ေနာက္မက်ေစနဲ႕ေနာ္"

"ဟုတ္ကဲ့ေမေမေလး"

ေဒၚေအးသြယ္ခြင့္ျပဳခ်က္ရၿပီးေနာက္ လင္းေခးနဲ႕ပင္တိုင္တို႔အတိုင္အေပါက္ညီစြာဘဲထမင္းထုတ္သူကထုတ္ ထင္းခုတ္ရန္ဓားယူသူကယူနဲ႕အလုပ္ရႈပ္ေနခဲ့ၾကသည္။သိပ္မၾကာလိုက္ပါ လင္းေခးအိမ္ထဲကထမင္းထုတ္ၿပီးထြက္လာေတာ့ ခေမာက္ကေလးတစ္လုံးကိုလက္ကကိုင္ၿပီး က်န္တစ္လုံးကိုသူ႕ေခါင္းမွာေဆာင္းထားတဲ့ပင္တိုင္က လြယ္အိတ္ကေလးတစ္လုံးကိုလြယ္ထားၿပီး က်န္လက္တစ္ဖက္ကလဲဓားမႀကီးအားမနိုင့္တစ္နိုင္ျဖင့္ကိုင္ထားေလသည္။

"ကိုကို႔အတြက္..."

"ေက်းဇူးတင္ပါတယ္ခင္ဗ်ာ"

"ခစ္ခစ္"

လင္းေခး ပင္တိုင္ေပးတဲ့ခေမာက္ကေလးကိုယူေဆာင္းယူ၍သာ ပင္တိုင့္ေရွ႕မွာေက်ာေလးေပးကာထိုင္ခ်လိဳက္သည္။သေဘာေပါက္ျမန္တဲ့ေကာင္ေလးကလဲ လင္းေခးပင္ေျပာစရာမလိုလင္းေခးေက်ာေပၚဖက္တြယ္တက္လို႔တာင္ေနၿပီ။ပင္တိုင္ေက်ာေပၚမွာေရာက္သည္ႏွင့္ လင္းေခးလည္းတုန့္ဆိုင္းမေနေတာ့ဘဲထင္းေခြသြားရန္ ေရငံေတာႀကီးဘက္သို႔သာစတင္ခရီးႏွင္လာခဲ့၏။

(A/N သာသာupdateေလးအေၾကာင္းေျပာခ်င္ပါတယ္။ကိုယ့္ဧည့္စိမ္းနဲ႕တပင္တိုင္ကိုတလွည့္စီတင္ေပးသြားမွာပါ။ဒီေန႕တပင္တိုင္ကိုတင္လိုက္ေတာ့ မနက္ျဖန္ကိုယ့္ဧည့္စိမ္းလာမွာပါ။တနလၤာနဲ႕ၾကာသပေတးႏွစ္ရက္ကေတာ့စာတင္နားပါတယ္။)

Continue Reading

You'll Also Like

4M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3M 87K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
567K 46.7K 22
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
797K 46.6K 38
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...