{Zawgyi}
ရပ္ကြက္ထဲမွာ အလြန္တရာဆိတ္ၿငိမ္ေနၿပီး တစ္ခ်က္တစ္ခ်က္မွသာ ေၾကာင္ေပါက္ေလးေတြရဲ႕အသံေလးေတြ ေပၚထြက္လာတတ္တယ္။
ညေလညႇင္းက ေအးစိမ့္စိမ့္ရွိလွကာ လင္ရွန္းရဲ႕ပါးေတြကို ျဖတ္တိုက္သြားတယ္။
သို႔ေပမယ့္ သူ႔လက္ေကာက္ဝတ္ကို ကိုင္ထားတဲ့လက္ကပဲလား ဒါမွမဟုတ္ သူ႔ရင္ေတြပဲ ပူေနတာလားဆိုတာကို မသိေတာ့ဘူး။
လင္ရွန္း ေခါင္းေမာ့ကာ လက္တစ္ကမ္းစာေလာက္သာ ေဝးတဲ့ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။
လူငယ္ေလးရဲ႕မ်က္ခုံးေတြက ထြင္းထုထားသလိုမ်ိဳး တကယ့္ကို ၿပိဳင္ဘက္ကင္းလွတယ္။
တစ္ဖက္လူရဲ႕နက္ရႈိင္းတဲ့မ်က္လုံးေတြက သူ႔ရဲ႕ႏွလုံးသားထဲကိုပါ တန္းျမင္ႏိုင္ေအာင္ ၾကည့္ခ်င္သလိုမ်ိဳး လင္ရွန္းရဲ႕မ်က္လုံးေတြထဲကို စိုက္ၾကည့္ေနတယ္။
ေမာ့က်ဴးခ်န္ရဲ႕အသက္ရႈသံေတြက ေလးလံလို႔လာတယ္။
ညအခ်ိန္မွာ ဘယ္သူမွ အရင္ဆုံးစကားမစၾကဘူး။
အေတာ္ေလး ဟိုမေရာက္ဒီမေရာက္အေနအထားျဖစ္ေနတာက သိသာလွတယ္။
သို႔ေပမယ့္လည္း လင္ရွန္းရဲ႕အၿမီးအေမာက္မတည့္တဲ့အေျဖစကားေၾကာင့္ ေလထုတစ္ခုလုံး ပ်က္ဆီးသြားရတယ္။
ေမာ့က်ဴးခ်န္ ႏွာေခါင္းအသာရႈံ႕လိုက္တယ္။
အစတည္းက လင္ရွန္းရဲ႕ရင္ဘတ္အလယ္မွာရွိတင္ထားတဲ့ လက္ေခ်ာင္းကို တင္းတင္းဖိခ်ကာ : "ဒါက ဗိုက္လား?"
"...အင္း" လင္ရွန္း ဗလုံးဗေထြးေျပာလိုက္တယ္။
ေမာ့က်ဴးခ်န္ သူ႔လက္ေကာက္ဝတ္ကို ေလွ်ာ့ေပးကာ မတ္မတ္ရပ္လိုက္တယ္ "က်ဴပါက်ဲ႕ရဲ႕ညီမက ဘယ္လိုေသသြားတယ္ဆိုတာ မင္းသိလား?"
လင္ရွန္း "..." သူလည္း မတ္မတ္ျပန္ေနလိုက္တယ္။
ကားထဲမွာ ခုေလးတင္ ေနေနရတဲ့ အေနအထားက သူ႔ေနာက္ေက်ာကို နာေစတယ္။
သူ ေမာ့က်ဴးခ်န္ရဲ႕ေမးခြန္းကို ျပန္မေျဖဘဲ သူ႔ေအာက္ပိုင္းေျခေထာက္ေတြကိုသာ လႈပ္ရွားလိုက္တယ္။
သို႔ေပမယ့္ ဒီလိုလုပ္လိုက္တာက ေလာေလာလတ္လတ္ျဖစ္ေနတဲ့ ဟိုမေရာက္ဒီမေရာက္ ေနရခက္တဲ့ေလထုႀကီးကို ေပ်ာက္ကြယ္သြားေစတယ္။
လင္ရွန္းက ေမာ့က်ဴးခ်န္ကို ေမာ့ၾကည့္ၿပီးမွ မ်က္လုံးေတြကို လႈပ္ရွားလိုက္တယ္။
"အမ္..." သူ ေမာ့က်ဴးခ်န္ဆီကေန ကားဘက္ကို ျပန္လွည့္လိုက္တယ္။
"မင္း ငါ့အိမ္ထဲမွာ ေရတစ္ခြက္ေလာက္ ဝင္ေသာက္သြားမလား?" လင္ရွန္း ေမးလိုက္တယ္။
အိမ္မွာ ေဆာ့ဖို႔ သူငယ္ခ်င္းေတြကို ဘယ္တုန္းကမွ မဖိတ္ခဲ့ဖူးဘူး။
အစ္ကိုႀကီးျဖစ္သူရဲ႕အႀကံျပဳခ်က္ကို စစၾကားလိုက္ခ်င္းတုန္းကေတာ့ အနည္းငယ္ ကသိကေအာက္နဲ႔ မသက္မသာျဖစ္သလို ခံစားခဲ့ရေသးတယ္။
အခု ရွက္႐ြံ႕ေနတာေတြ မရွိေတာ့တဲ့အခါ လင္ရွန္း အဲ့လိုလုပ္ၾကည့္ခ်င္လာတယ္။
အထူးသျဖင့္ သူဆိုလည္း ေမာ့က်ဴးခ်န္ရဲ႕ တိုက္ခန္းဆီကို အႀကိမ္ေပါင္းမ်ားစြာ ေရာက္ခဲ့ဖူးတယ္ေလ။
ဆိုေပမယ့္ သူ႔က်ေတာ့ သူ႔အိမ္မွာ လာကစားပါဆိုၿပီး တစ္ဖက္လူကို ဘယ္တုန္းကမွ မဖိတ္ခဲ့ဖူးဘူး။
ေလာကဝတ္နဲ႔ ပက္သက္လို႔ လင္ရွန္း သူ႔ကိုယ္သူေတာင္ ရွက္မိသြားေတာ့တယ္။
ေမာ့က်ဴးခ်န္ ခပ္တိုးတိုး ႏွာမႈတ္လိုက္တယ္။
သူက လက္လည္း မခံသလို ဆန႔္လည္း မဆန႔္က်င္ျဖစ္ေနတာေၾကာင့္ လင္ရွန္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ျဖစ္ရျပန္တယ္။
သူ ကားထဲမွာ တစ္ေရးတစ္ေမာ အိပ္ခဲ့တယ္ဆိုေပမယ့္ ေခါင္းကေတာ့ ေနာက္ေတာက္ေတာက္ျဖစ္ေနတုန္းပဲ။
ညေလညႇင္း တိုက္ခတ္လာခ်ိန္မွာ မ်က္ခြံေတြက ေလးလံလာတာကိုသာ ခံစားမိေတာ့တယ္။
ေမာ့က်ဴးခ်န္က ေနရာမွာ ခဏရပ္ေနၿပီးမွ လင္ရွန္းရဲ႕ဗီလာဆီ ေလွ်ာက္သြားတယ္။
မီတာေတာ္ေတာ္မ်ားမ်ားေလွ်ာက္သြားၿပီးေနာက္ ခုခ်ိန္ထိ ေနရာမေ႐ြ႕ေသးတဲ့ လင္ရွန္းကို ျပန္ၾကည့္လိုက္တယ္ : "အဲ့မွာ ဘာေတြ ေငါင္ေၾကာင္ေနတာလဲ အိမ္ထဲမဝင္ရေတာ့ဘူးလား?"
"အိုး" လင္ရွန္း အေနာက္ကေန ျမန္ျမန္လိုက္လာေတာ့တယ္။
လမ္းမီးတိုင္က ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာေပၚ ျဖာက်ေနၿပီး သူ႔ရဲ႕ေမွာင္မည္းတူးေနတဲ့မ်က္ႏွာႀကီးကို လင္ရွန္း ျမင္ေနရတယ္။
ေမာ့က်ဴးခ်န္ေလသံက ေတာ္ေတာ္ေလးေကာင္းမြန္မေနဘဲ စိတ္တိုေနမွန္း သိသာလွတယ္။
'ဘာလို႔လဲ?'
'ခုေလးတင္ သူထိလိုက္တဲ့ေနရာက ႏွလုံးမဟုတ္လို႔လား?'
လင္ရွန္း ေတြးေနမိတယ္။
ရွင္းဆန္းေက်ာင္းျမက္ႀကီးက အၿမဲလိုလို ဂုဏ္ေမာက္ေနၿပီး ဘယ္ေတာ့မွ မ်က္ႏွာပ်က္တယ္ဆိုတာမ်ိဳးကို လိုလားတာမဟတ္ဘူး။
ေနာက္ၿပီး...
သူ မ်က္ေမွာင္ၾကဳတ္ကာ သူ႔စိတ္ထဲက စကားလုံးတစ္ခု ထြက္လာတယ္။
Sympathetic!
ၿပီးေတာ့ အမ်ားႀကီးရွိေသးတယ္။
ခုေလးတင္ ေမာ့က်ဴးခ်န္ သူ႔ကို ထိလိုက္တုန္းက sympathetic အာ႐ုံေၾကာေတြအေၾကာင္း ေျပာခဲ့တာလား?
သူက ဘာလို႔ ဒီအေၾကာင္းကို ႐ုတ္တရက္ႀကီး ထေျပာရတာလဲ?
အထက္တန္းေက်ာင္းဇီဝေဗဒဘာသာရပ္မွာ ဒီအေၾကာင္းကို မသင္ေလာက္ေသးပါဘူး!
လင္ရွန္း တကၠသိုလ္ကို ဝင္ခြင့္ရခဲ့ၿပီးတဲ့ေနာက္မွာ ေက်ာင္းေဆးပညာဌာနရဲ႕ သင္႐ိုးၫႊန္းတမ္းေတြကို အေျပးအလႊားတက္ေရာက္ခဲ့တဲ့အတြက္ ဗဟုသုတအနည္းငယ္ေတာ့ ရလိုက္တယ္။
လင္ရွန္း အလန႔္တၾကားနဲ႔ ေမာ့ၾကည့္မိတယ္။
ေမာ့က်ဴးခ်န္က သူ႔ေရွ႕မွာေလွ်ာက္ေနတာျဖစ္ၿပီး သူ႔ရဲ႕ျပန႔္ကားရွည္လ်ားတဲ့ေနာက္ေက်ာႀကီးက ဖိႏွိပ္ႏိုင္လြန္းတယ္။
အဲ့ေတာ့ကာ သူ မူးေနတဲ့အခ်ိန္တုန္းက ဘာျဖစ္ခဲ့တာလဲ?
လင္ရွန္း ခက္ခက္ခဲခဲနဲ႔ ျပန္ေတြးႏိုင္ဖို႔ ႀကိဳးစားလိုက္တယ္။
သူ႔စိတ္ထဲမွာ က်ိဳးတိုးက်ဲတဲစကားလုံးအနည္းငယ္သာ ေပၚလာတယ္။
Ohm's Law ၊ ေဝ့ယင္းဝူ...
အခု sympathetic အာ႐ုံေၾကာေတြပါ ထပ္ေပါင္းပါလာၿပီ။
ဆက္စပ္ေနတဲ့စကားလုံးေတြလည္း တစ္ခုမွမပါဘူး!
"ဘာေတြ ငိုင္ေနတာလဲ?" ေမာ့က်ဴးခ်န္က လင္ရွန္းတို႔ဗီလာတံခါးေရွ႕ကိုေတာင္ ေရာက္ႏွင့္ေနၿပီ။
သူက လင္ရွန္းကို ေမးေငါ့ျပကာ "တံခါးဖြင့္ေလ"
"ဪ" လင္ရွန္း ေရွ႕ကို ျမန္ျမန္လွမ္းလိုက္တယ္။
လက္ေဗြရာကုတ္က ပြင့္သြားၿပီး ဆင္ဝင္က ခဏတြင္းခ်င္း လင္းထိန္သြားတယ္။
လင္ရွန္း မေရမရာေလွ်ာက္သြားၿပီး တံခါးဖြင့္ကာ ဖိနပ္ပါးတစ္စုံထုတ္ၿပီး ေမာ့က်ဴးခ်န္ေရွ႕မွာ ခ်ေပးလိုက္တယ္။
"ဘယ္သူမွ ဒီတစ္ရံကို မဝတ္ထားေလာက္ေသးဘူး၊ ေတာ္လား ဝတ္ၾကည့္လိုက္ေလ"
"ရွန္းရွန္း?" အသံကိုၾကားေတာ့ လင္ယြမ္ထြက္လာတယ္။
သူက ၿပဳံးေနကာ သူ႔ညီေလးနဲ႔ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္ "ေကာ အသီးေတြေဆးၿပီး မီးဖိုေခ်ာင္မွာ ထားထားတယ္၊ မင္းရဲ႕အတန္းေဖာ္ကို ဧည့္ခံလိုက္ေပါ့... ေကာက အလုပ္ကိစၥေလးေတြ ရွင္းစရာရွိလို႔ အေပၚကို အရင္တက္ႏွင့္ေတာ့မယ္"
"ဟုတ္ကဲ့ပါ ေကာက အလုပ္မ်ားေနတာပဲ"
လင္ယြမ္က ေမာ့က်ဴးခ်န္ကို အသာၿပဳံးျပကာ "ေပ်ာ္ေပ်ာ္ေနေပါ့ ႀကိဳဆိုပါတယ္"
"ေက်းဇူးတင္ပါတယ္"
လင္ယြမ္ အေပၚတက္သြားတာကို လင္ရွန္းနဲ႔ ေမာ့က်ဴးခ်န္တို႔ လိုက္ၾကည့္ေနမိတယ္။
သူ႔မိဘေတြက ႏိုင္ငံျခားေရာက္ေနတာျဖစ္ၿပီး ေနာက္အပတ္မတိုင္ခင္အထိ တ႐ုတ္ကို ျပန္လာၾကအုံးမွာမဟုတ္ဘူး။
လင္ခ်ီက သူ႔အတန္းေဖာ္ေမြးေန႔ပြဲကို သြားတာျဖစ္ၿပီး အိမ္ကို တနဂၤေႏြေန႔ညအထိ ျပန္မလာဘူး။
လင္မိသားစုဗီလာထဲမွာ သူတို႔သုံးေယာက္သာရွိတာေၾကာင့္ နည္းနည္းေတာ့ ဟာတာတာႀကီးျဖစ္ေနတယ္။
"မင္း အသီးစားအုံးမလား?"
လင္ရွန္း ခဏေလာက္ ေငးငိုင္ေနၿပီးမွ သတိျပန္ဝင္လာတယ္။
သူတို႔ေတြ ေနရခက္မွာစိုးတာေၾကာင့္ သူ႔အစ္ကိုႀကီးက သူတို႔အတြက္ သီးသန႔္ေနရာေပးသြားခဲ့တာ။
"ငါ လွီးေပးမယ္" လင္ရွန္း ျမန္ျမန္ေျပာလိုက္တယ္။
လင္ယြမ္က လတ္ဆတ္တဲ့ ကဗၺလာသီးေတြအျပင္ ပန္းသီးနဲ႔ သစ္ေတာ္သီးေတြကိုပါ ျပင္ဆင္ေပးခဲ့တယ္။
ေဘစင္ေဘးက သစ္သီးဖန္ပန္းကန္လုံးေလးထဲမွာ သန႔္ရွင္းတဲ့စပ်စ္သီးတစ္ခိုင္ရွိၿပီး ေရစက္ေလးေတြ တြဲခိုေနတုန္းပဲ။
လင္ရွန္းက ေဘစင္နားမွာရပ္ကာ သူ႔ေနာက္လိုက္လာတဲ့ ေမာ့က်ဴးခ်န္ကို လွည့္ေမးလိုက္တယ္ "ဘာစားမလဲ?"
သူက ေမးရင္းနဲ႔ ကဗၺလာသီးကို ေကာက္ကိုင္ကာ "ဒါလား?"
ေမာ့က်ဴးခ်န္က လက္ႏွစ္ဖက္လုံးကို ရင္ဘတ္မွာ ပိုက္ထားရင္း လင္ရွန္းတစ္ေယာက္ ဓားေကာက္ကိုင္တာကို ၾကည့္ၿပီး ဆူပြပြျဖစ္သြားတယ္။
လင္ရွန္းက ခ်က္ျပဳတ္တဲ့ေနရာမွာ ငေၾကာင္ေလးတစ္ေယာက္ဆိုတာကို သူျမင္ခဲ့ၿပီးသား။
စစခ်င္းတိုက္ခန္းထဲမွာ ခ်က္ျပဳတ္ခ်ိန္ကဆို လင္ရွန္းခမ်ာ အသီးအ႐ြက္ေတြကိုေတာင္ ကူမေဆးေပးႏိုင္ဘူး။
သူ႔ကိုအရင္ဆုံး သင္ေပးဖို႔လိုတယ္။
သူ လင္ရွန္းကို ၾကည့္ေနရင္းမွ ဒီေကာင္ေလးက အသီးလွီးတဲ့ေနရာမွာလည္း ငေၾကာင္ေလးတစ္ေယာက္ျဖစ္ေလာက္တယ္လို႔ ခန႔္မွန္းမိလိုက္တယ္။
"လုပ္မေန..."
ေမာ့က်ဴးခ်န္က ဒုကၡခံမေနနဲ႔ သူ စပ်စ္သီးပဲစားလိုက္လည္း ရတယ္လို႔ ေျပာခ်င္ခဲ့တာျဖစ္တယ္။
သို႔ေပမယ့္ ေျပာလို႔ေတာင္မၿပီးေသးခင္မွာတင္ လင္ရွန္းက လိေမၼာ္သီးကို သူ႔ရဲ႕ဘယ္ဘက္လက္မွာ ညႇစ္ကိုင္ထားၿပီး သူ႔ရဲ႕ညာဘက္လက္နဲ႔ ဓားကိုကိုင္ကာ ကဗၺလာသီးအခြံခြာတာကို ျမင္လိုက္ရတယ္။
လင္ရွန္းလက္ေခ်ာင္းေတြက နဂိုတည္းက အေတာ့္ကိုရွည္သြယ္တာမ်ိဳးျဖစ္တယ္။
ေမာ့က်ဴးခ်န္လိုမ်ိဳး တစ္ႏွစ္ပတ္လုံး ေလ့က်င့္ခန္းေတြလုပ္ေနတာေၾကာင့္ က်န္းမာၿပီး ဂ်ဳံေရာင္သန္းေနတဲ့အသားအေရနဲ႔ မတူဘူး။
လင္ရွန္းရဲ႕အသားအေရက အမ်ားႀကီးပိုျဖဴၿပီး စံျပotakuတစ္ေယာက္နဲ႔ တူတယ္။
သူက အသီးအ႐ြက္ေတြကို ေကာင္းေကာင္း မေဆးေၾကာႏိုင္ဘဲ ၾကက္ဥျပဳေတြသာ ခ်က္ႏိုင္တယ္ဆိုေပမယ့္ ကဗၺလာသီးအခြံခြာတဲ့ေနရာမွာေတာ့ လြယ္လင့္တကူနဲ႔ အရည္အခ်င္းရွိလွတယ္။
မၾကာခင္မွာတင္ ခပ္ရွည္ရွည္ ကဗၺလာသီးအခြံတစ္ခုကို ခြာလို႔ၿပီးသြားတယ္။
ၾကားထဲမွာ ပဲ့က်သြားတာမ်ိဳးမရွိတဲ့အျပင္ အ႐ြယ္အစားကေတာင္ တူညီလုနီးပါးပဲ။
ေမာ့က်ဴးခ်န္ အံ့ဩသြားရတယ္။
သူ မီးဖိုေခ်ာင္တံခါးကို မွီကာ ကဗၺလာသီးကို လက္ထဲမွာကိုင္ထားတဲ့ လင္ရွန္းကို ၾကည့္ေနလိုက္တယ္။ "ဒီမွာ"
"...ေက်းဇူး"
လင္ရွန္းက ဓားျပန္သိမ္းကာ ကဗၺလာသီးအခြံကို အမႈိက္ပုံးထဲထည့္ၿပီး စပ်စ္သီးပန္းကန္နဲ႔အတူ ဧည့္ခန္းထဲ ေလွ်ာက္လာလိုက္တယ္။
"ဒီမွာ ထိုင္ေလ" သူ ေမာ့က်ဴးခ်န္ကို ေျပာလိုက္တယ္။
သူက သစ္သီးပန္းကန္ကိုခ်ကာ ေရေႏြးေႏြးေလးေနာက္တစ္ခြက္ ငွဲ႔ေပးလိုက္တယ္။
အေငြ႕တစ္ေထာင္းေထာင္းနဲ႔ခြက္ေလးက ေမာ့က်ဴးခ်န္ေရွ႕က ေကာ္ဖီစားပြဲေပၚေရာက္လာၿပီး လင္ရွန္းကေတာ့ သူ႔ေဘးနားက တစ္ေယာက္ထိုင္ဆိုဖာေပၚမွာ ထိုင္လိုက္တယ္။
"TVၾကည့္မလား?" သူ ထပ္ေမးလိုက္တယ္။
ေမာ့က်ဴးခ်န္ ေခါင္းသာ ယမ္းျပလာတယ္။
အစပိုင္းမွာ ကသိကေအာက္ျဖစ္သြားတာကလြဲရင္ လင္ရွန္းက ဧည့္သည္ေတြကိုေတာ့ သင့္တင့္ေလ်ာက္ပတ္သလို ဧည့္ခံေပးႏိုင္တယ္။
သို႔ေပမယ့္လည္း မၾကာခင္ ႏွစ္ေယာက္သာ တိတ္ဆိတ္သြားျပန္တယ္။
TVလည္း မၾကည့္ဘူး၊ သူတို႔ေဘးမွာ စကားေတြေျပာ ရယ္ေမာေနၾကမယ့္ ေတာက္ရန္နဲ႔ ရႈခ်န္းလည္း မရွိဘူး။
ေရွ႕မွာရွိတဲ့ ေကာ္ဖီစားပြဲေပၚမွာ စပ်စ္သီးပန္းကန္ကလြဲလို႔ ဘာမွမရွိဘူး။
လင္ရွန္း မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖစ္ေနရတယ္၊ သူအခု ဘာလုပ္ရမွာလဲ?
သူ ေမာ့က်ဴးခ်န္ရဲ႕အိမ္ကို သြားေနက်ျဖစ္ၿပီး ႏွစ္ေယာက္စလုံး စားၿပီးတာနဲ႔ စာသာ စေလ့လာၾကတယ္။
အခုက လပတ္စာေမးပြဲၿပီးခါစဆိုေတာ့ ဧည့္သည္ကို စာလုပ္ၾကမယ္ဆိုၿပီး ဧည့္ခံလို႔ေတာ့ မရဘူးမွတ္လား?
လင္ရွန္း ေခါင္းေတာင္နာလာတယ္။
ဒီလိုသာဆို ေတာက္ရန္နဲ႔ ရႈခ်န္းကိုလည္း အတူလာခဲ့ဖို႔ ဖိတ္လိုက္ပါတယ္။
"မင္းတို႔..." အဲ့လိုက ဒုတိယထပ္ေလွကားေပၚမွာ လင္ယြမ္ေပၚလာတဲ့အထိပဲျဖစ္တယ္။
သူ႔ညီေလးနဲ႔ ေမာ့က်ဴးခ်န္တို႔ေတြ ဆိုဖာေပၚမွာ မ်က္လုံးအျပဴးသားေလးေတြနဲ႔ ထိုင္ေနတာကို သေဘာတက်ၾကည့္ေနလိုက္တယ္။
"ထိုင္တမ္း ေဆာ့ေနၾကတာလား?" သူ ၿပဳံးကာ ခြက္တစ္ခြက္ကိုင္ရင္း ေလွကားေပၚက ဆင္းလာတယ္။ "ရွန္းရွန္း မင္းအတန္းေဖာ္ကို ေဆာ့ဖို႔အတြက္ နားေနခန္းထဲ ေခၚသြားလိုက္ေလ"
"အဲ့မွာ တစ္ေယာက္တည္းေဆာ့လို႔ရတဲ့ ဂိမ္းစက္ေတြေရာ ပ႐ိုဂ်က္တာပါရွိတယ္၊ ဂိမ္းေဆာ့တာျဖစ္ျဖစ္ ႐ုပ္ရွင္ၾကည့္တာျဖစ္ျဖစ္လုပ္လို႔ရတယ္" လင္ယြမ္က ထပ္ေျပာျပန္တယ္ "မီးဖိုေခ်ာင္ထဲက ပုစြန္အရသာခရက္ကာနဲ႔ coke ယူအုံးမလား?"
လင္ရွန္း ေခါင္းယမ္းလိုက္တယ္။
သူ ေမာ့က်ဴးခ်န္ကို မိသားစုပိုင္နားေနခန္းေလးထဲ ေခၚသြားလိုက္တယ္။
လင္မိသားစုက သူတို႔ရဲ႕သားသုံးေယာက္ကို အၿမဲဆိုသလို ခ်စ္ခင္အလိုလိုက္ထားကာ အခန္းတစ္ခုလုံးကို မ်ိဳးစုံေသာ ဂိမ္းစက္ေတြနဲ႔ ေနရာခ်ေပးထားတယ္။
ေရွ႕နံရံမွာရွိတဲ့ ပ႐ိုဂ်က္တာမ်က္ႏွာျပင္က ကြန္ျပဴတာတစ္လုံးနဲ႔ ခ်ိတ္ဆက္ထားၿပီး ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္ရွိတယ္။
ဒီနားေနခန္းကို လင္ရွန္းသိတယ္။ သို႔ေပမယ့္ စာအုပ္ထဲ ေရာက္လာတည္းက စာေလ့လာတာနဲ႔တင္ အလုပ္မ်ားေနခဲ့တာေၾကာင့္ တစ္ခါမွ မဝင္လာျဖစ္ဘူး။
ပိုဆိုးတာက လင္ရွန္းကိုယ္တိုင္ကလည္း ဂိမ္းကစားတာကို သိပ္မႀကိဳက္တာေၾကာင့္ျဖစ္တယ္။
သူ႔မွတ္ဉာဏ္ေတြထဲမွာေတာ့ ယန္ရႈိ႕ တ႐ုတ္မွာရွိေနခ်ိန္တုန္းက ရံဖန္ရံခါ ပိတ္ရက္ေတြမွာ လင္ရွန္း စာေလ့လာရတာပင္ပန္းလာၿပီဆိုရင္ သူနဲ႔ ခဏေလာက္ျဖစ္ျဖစ္ေတာ့ ဂိမ္းေတြေဆာ့တတ္တယ္။
သူ ႏိုင္ငံျခားကို ပညာေတာ္သင္သြားတည္းက လင္ရွန္းလည္း မထိျဖစ္သေလာက္ျဖစ္သြားျပန္ေတာ့တယ္။
ဒီအပိုင္းမွာေတာ့ ေမာ့က်ဴးခ်န္က သူ႔ထက္ပိုၿပီး အကြၽမ္းတဝင္ရွိတာ သိသာလွတယ္။
သူက ေ႐ြးဖို႔အတြက္ တည့္တည့္ေလွ်ာက္သြားၿပီးေနာက္ လင္ရွန္းကို လွည့္ေမးလာတယ္ "ဒါ ေဆာ့မလား?"
"အင္း အင္း" လင္ရွန္းလည္း သူ လက္ကိုင္ႏွစ္ခု ကိုင္ၿပီးေလွ်ာက္လာတာကိုၾကည့္ကာ စိတ္လႈပ္ရွားလာျပန္တယ္။ [ T/N : အဲ့တာကို ဘယ္လိုေခၚရမွန္းမသိလို႔ လက္ကိုင္လို႔ေရးလိုက္တာပါ၊ ဂိမ္းေဆာ့ရင္ ကိုင္ၿပီးႏွိပ္ရတဲ့ဟာေလးေလ ]
"မဟုတ္မွ မင္း..." ေမာ့က်ဴးခ်န္က သူ႔လက္ထဲက လက္ကိုင္ကိုၾကည့္ၿပီးေနာက္ လင္ရွန္းကို ျပန္ၾကည့္ကာ "မေဆာ့တတ္ဘူးလား?"
"ငါ ဒါကို မေဆာ့ဖူးဘူး" လင္ရွန္း ႐ိုးသားစြာ ေျပာလိုက္တယ္။
ေမာ့က်ဴးခ်န္က လင္ရွန္းကို ခဏေလာက္စိုက္ၾကည့္ေနၿပီးမွ ႐ုတ္တရက္ဆိုသလို ႏႈတ္ခမ္းေတြ ေကြးၫြတ္သြားကာ "ငါမင္းကို သင္ေပးမယ္"
ခုနကေတာ့ သူ စိတ္အေျခအေနမေကာင္းတာ သိသာလွေပမယ့္ အခုေတာ့ သူေပ်ာ္ေနၿပီ။
ေလသံအဆုံးသတ္ကေတာင္မွ မဆိုစေလာက္ မထိန္းခ်ဳပ္ႏိုင္ျဖစ္သြားလိုက္ေသးတယ္။
လင္ရွန္းလည္း လက္ကိုင္ကိုယူလိုက္ေတာ့ ေမာ့က်ဴးခ်န္က သူ႔ေဘးမွာ ထိုင္ခ်လာတယ္။
သူက ခ်ိတ္ဆက္တာေတြနဲ႔ ရင္းႏွီးကြၽမ္းဝင္မႈရွိၿပီး ပ႐ိုဂ်က္တာမ်က္ႏွာျပင္ကိုဖြင့္ကာ လင္ရွန္းကို စတင္မိတ္ဆက္ေပးေတာ့တယ္ "ဒါေတြက ဦးတည္ရာကို ထိန္းခ်ဳပ္တာ၊ ဒါက ခုန္တာ၊ ဒီတစ္ခုက..."
ေမာ့က်ဴးခ်န္က အလြန္စိတ္ရွည္လက္ရွည္နဲ႔ သင္ေပးေတာ့တယ္။
Controller အသုံးျပဳပုံနဲ႔ ဂိမ္းရဲ႕အေျခခံလုပ္ေဆာင္ခ်က္ကို ရွင္းျပၿပီးတဲ့ေနာက္ လင္ရွန္းကို ေမးလိုက္တယ္ "မင္း နားလည္လား?"
လင္ရွန္း ေခါင္းၿငိတ္ျပလာတယ္။
"လာေလ" ေမာ့က်ဴးခ်န္က လက္ကိုင္ကို ဆုပ္ကိုင္ကာ "စမ္းၾကည့္ၾကစို႔"
သိပ္မၾကာခင္ နားေနခန္းထဲမွာ ဂိမ္းသံ ထြက္ေပၚလာေတာ့တယ္။
လင္ရွန္းက ဒီလိုအရာေတြကို ထိေတြ႕တာရွားပါးၿပီး သေဘာလည္းမက်ဘူး။
ဆိုေပမယ့္ ဂိမ္းရဲ႕ဇာတ္ေၾကာင္းမွာ ေမ်ာသြားေတာ့တယ္။
ေမာ့က်ဴးခ်န္ ေ႐ြးထားတဲ့ဂိမ္းက မခက္လွဘဲ စေဆာ့ဖို႔အတြက္ အသင့္အတင့္လြယ္ကူတယ္။
သို႔ေပမယ့္ လင္ရွန္းက ေဆာ့ဖူးတာမ်ိဳးမရွိဘူး။
စစခ်င္းမွာ လူဆိုးေမာ့က်ဴးခ်န္ရဲ႕ ေနာက္မွာ လုံးဝကို က်န္ရစ္ျဖစ္ေနခဲ့တယ္။
ေက်ာက္တုံးေလးတစ္တုံးကိုလည္း မခုန္ႏိုင္ဘဲ လူအုပ္ေတြကို ဝင္တိုက္မိေတာ့တယ္။
တခ်ိဳ႕ေသာစေကးေတြလိုအပ္တဲ့ သစ္ပင္တက္တာတို႔၊ ျမစ္ေပၚက ပ်ဥ္ျပားတစ္ခ်က္တည္းရွိတဲ့ တံတားကို ေက်ာ္တာတို႔ကိုဆို ေျပာေနဖို႔ေတာင္ မလိုေတာ့ဘူး...
ဒီလိုအခ်ိန္မွာဆို ေမာ့က်ဴးခ်န္က အၿမဲရပ္ၿပီး သူ႔ကို ေစာင့္ေနတတ္တယ္။
ထို႔ေနာက္မွာေတာ့ နားေနခန္းထဲမွာ ဆက္တိုက္ဆိုသလို ဆူညံသံေတြ ေပၚထြက္လာေတာ့တယ္။
"ဘယ္ဘက္ကိုသြားေလ၊ ေျခတစ္လွမ္းတည္းနဲ႔ ဘယ္ဘက္ကိုသြား!"
"မင္းက ငတုံးလား?"
"ငတုံးရဲ႕! ဒီနားမွာ ေနာက္ကို အရင္ဆုတ္ေလ... ေနာက္ဆုတ္တဲ့ခလုတ္ကို မသိဘူးလား?"
...
ခဏေလာက္ေဆာ့ၿပီးတဲ့အခါ လင္ရွန္းလည္း နည္းနည္းေတာ့ပိုၿပီး စေကးႂကြယ္လာေတာ့တယ္။
ေမာ့က်ဴးခ်န္နဲ႔ လင္ရွန္းၾကားမွာ နည္းဗ်ဴဟာသေဘာတရားအနည္းငယ္ရွိလာၿပီး တျဖည္းျဖည္းနဲ႔ ပူးေပါင္းႏိုင္လာတယ္။
ဒါေပမယ့္လည္း အေျခအေနတစ္ခုကေတာ့ ရွိတာေပါ့_
"ညာဘက္!"
"ညာဘက္ကို ခုန္လို႔!"
"အ႐ူးေကာင္! ေသျပန္ၿပီ!"
လင္ရွန္း ႏႈတ္ခမ္းေလးကုပ္က်သြားၿပီး ေသသြားျပန္တယ္။
ဒါက ဂိမ္းေလးတစ္ခုပါပဲ။ သူကေတာ့ ေသၿပီး ေမာ့က်ဴးခ်န္က ဒီအဆင့္ကို ဆက္ၿပီး ေက်ာ္ျဖတ္သြားႏိုင္မယ္။
ေနာက္အဆင့္စတဲ့အထိ သူ စိတ္ေအးလက္ေအးေနႏိုင္ၿပီး ကိုးယိုးကားယားနဲ႔ သူ႔ေနာက္ဆက္လိုက္ရေတာ့မယ္။
သိပ္ေကာင္းပါ့!
"ငါက မင္းကို ေၾကာက္ပါလိမ့္အုံးမယ္!" ေမာ့က်ဴးခ်န္က ေရွ႕တိုးသြားလိမ့္မယ္လို႔ လင္ရွန္း ထင္မထားဘူး။
လင္ရွန္းေဆာ့တဲ့ဗီလိန္ကေတာ့ mobေတြရဲ႕ ႐ိုက္ခ်ခံလိုက္ရတယ္။
Modေတြက သူတို႔ေတြ ပ်ဥ္တစ္ခ်ပ္တည္းနဲ႔တံတားကို ျဖတ္ေက်ာ္တဲ့ေနရာမွာ ရႈပ္ေထြးေစဖို႔အတြက္ အဟန႔္အတားလုပ္ထားတာျဖစ္တယ္။
ေမာ့က်ဴးခ်န္ကေတာ့ ကြၽမ္းက်င္စြာ တဟုန္ထိုးသြားလိုက္တယ္။
အခု သူက ဇာတ္ေကာင္ကို ပိုင္ႏိုင္စြာ ကိုင္တြယ္ကာ လွည့္ထြက္ၿပီး ကိုယ့္ေသတြင္းကိုယ္တူးသလိုမ်ိဳး ထူးဆန္းတဲ့အုပ္စုထဲ အေလာတႀကီးတိုးဝင္ေတာ့တယ္။
ပုဆိန္ကို လႊဲေနရင္ေတာင္မွ ေသဖို႔ကံတရားကို မေျပာင္းလဲႏိုင္ေတာ့ဘူး။
ေမာ့က်ဴးခ်န္ရဲ႕ဇာတ္ေကာင္က ျမစ္ထဲကို ျမန္ဆန္စြာ႐ိုက္ခ်ခံလိုက္ရၿပီး ေအာ္သံတစ္ခုနဲ႔အတူ ျမစ္ေအာက္ေျခအထိ နစ္ျမဳပ္သြားေတာ့တယ္။
လင္ရွန္း "..."
ဒါက... လူစြမ္းေကာင္းပုံဖမ္းတာလား?
သူ သတိလက္လြတ္နဲ႔ ေမာ့က်ဴးခ်န္ကို ေခါင္းလွည့္ၾကည့္မိသြားတယ္။
တစ္ဖက္လူက ပ႐ိုဂ်က္တာကို စူးနစ္ေနေအာင္ၾကည့္ေနၿပီး မ်က္လုံးအေရာင္တလက္လက္နဲ႔ ဒါကို အေရးမစိုက္သလိုမ်ိဳး ေနေနတယ္။
"ထပ္လုပ္မယ္!" ေမာ့က်ဴးခ်န္က ဂိမ္းကို လွ်င္ျမန္စြာ ျပန္စလိုက္တယ္။
"ေကာင္းတာေပါ့!" ခ်က္ခ်င္းဆိုသလို လင္ရွန္းလည္း တိုက္ခိုက္ဖို႔ တက္ႂကြလာေတာ့တယ္။
ဂိမ္းက တကယ္ႀကီးေပ်ာ္ဖို႔ေကာင္းတာ။
အထူးသျဖင့္ မင္းနဲ႔အတူကစားတဲ့သူက မင္းဘယ္ေလာက္ပဲ တုံးအေနပါေစ ေနာက္မွာ လုံးဝမခ်န္ခဲ့ဘူးဆိုရင္ေပါ့။
လူႏွစ္ေယာက္ ေျပာရမယ္ဆို ထိပ္တန္းလက္သစ္ေလးတစ္ေယာက္က ေမာ့က်ဴးခ်န္ရဲ႕ ၾကပ္မတ္မႈေအာက္မွာ ေနာက္ဆုံး ခုန္ႏိုင္သြားၿပီး ဂိမ္းရဲ႕ပထမအဆင့္ကို ေဆာ့ႏိုင္သြားေတာ့တယ္။
"ဟမ္..." ေဘာ့စ္ လဲသြားခ်ိန္မွာ လင္ရွန္း ၿပဳံးလိုက္ကာ "ေနာက္ဆုံးေတာ့ ႏိုင္ၿပီ!"
"ဒါက ဘယ္နားရွိေသးလို႔လဲ? ႏိုင္ဖို႔ဆိုတာ အေစာႀကီးရွိေသးတယ္" ေမာ့က်ဴးခ်န္က သူ႔ကို စိုက္ၾကည့္လာတယ္။
"ဘာေနေန ငါႏိုင္သြားတာပဲ" လင္ရွန္းၿပဳံးကာ အိစက္ေနတဲ့ဆိုဖာကို ေနာက္မွီခ်လိုက္တယ္။
"ဂိမ္းက ေတာ္ေတာ္ေပ်ာ္ဖို႔ေကာင္းတာပဲ၊ လူေတြအမ်ားႀကီး ဒါကို ႀကိဳက္ၾကတာ အံ့ဩစရာမရွိေတာ့ပါဘူးေလ"
"ေဟး..." ေမာ့က်ဴးခ်န္ကလည္း သူ႔အတိုင္းပဲ ဆိုဖာေပၚကို မွီခ်လိုက္တယ္။
ႏူးညံ့တဲ့ႏွစ္ေယာက္ထိုင္ဆိုဖာက သိပ္ေတာ့မက်ယ္လွဘူး။
ဒီအေနအထားမွာ သူတို႔ေတြ ပုခုံးခ်င္းထိေနၿပီး ေခါင္းခ်င္းလည္း ပူးကပ္လုနီးပါးျဖစ္ေနတယ္။
"မင္းအရင္က ဂိမ္းေတြမေဆာ့ဖူးဘူးလား?"
"ေဆာ့တာေပါ့" လင္ရွန္း ေျပာလိုက္တယ္။ "ဒါေပမယ့္ မေဆာ့ျဖစ္တာ ေတာ္ေတာ္ၾကာေနၿပီ"
"ဪ" ေမာ့က်ဴးခ်န္ ခဏေလာက္ အသံတိတ္သြားတယ္ "ဒါဆိုလည္း အခ်ိန္ေကာင္းေလး ရသြားတာေပါ့"
သူ ေတြးဆဆနဲ႔ စကားလုံးအနည္းငယ္ကို ေနရခက္စြာ ထပ္ျဖည့္ေျပာလိုက္တယ္ "မင္း ေဆာ့တာ ေကာင္းပါတယ္!"
"ဟမ္?" ခ်ီးက်ဴးလိုက္တဲ့အတြက္ လင္ရွန္း ေဝခြဲမရျဖစ္သြားတယ္။
သူ ေဆာ့တာ ဘယ္ေလာက္ေတာင္ သနားစရာေကာင္းမွန္း သူ႔ကိုယ္သူ သိၿပီးသား။
တစ္ေခါက္ဆို ေမာ့က်ဴးခ်န္ ေဒါသထြက္လြန္းလို႔ သူ႔ကို သုံးႀကိမ္တိတိ "အ႐ူးေကာင္"ဆိုၿပီး ႀကိမ္းေမာင္းခဲ့ေသးတယ္။
"မဆိုးပါဘူး" ေမာ့က်ဴးခ်န္ ဗလုံးဗေထြးေျပာလိုက္တယ္။
"မင္း..." လင္ရွန္း ေမာ့က်ဴးခ်န္ကို အံ့ဩတႀကီးၾကည့္ကာ "မင္း အခုမွ မူးလာတာလား?"
"ငါ့ကိုမ်ား မင္းလိုထင္ေနတာလား?" ဒီအေၾကာင္းေျပာလာခ်ိန္မွာ ေမာ့က်ဴးခ်န္ စိတ္တိုလာေတာ့တယ္ "မင္းက ဘီယာေလးတစ္ဘူးတည္းနဲ႔ တကယ္ႀကီးမူးသြားရလား! မင္း အ႐ူးလား?! မင္း မူးတယ္ဆိုရင္ေတာင္မွ မင္း..."
သူ ႐ုတ္ျခည္း ပါးစပ္ပိတ္လိုက္ကာ သူ႔ကို အရွက္တကြဲျဖစ္ေစမယ့္ ေမးခြန္းမ်ိဳးကို ထပ္မေျပာခ်င္ေတာ့ဘူး။
"ဘာရွိေသးလို႔လဲ?" လင္ရွန္း ေမးလိုက္တယ္။
"ဘာမွ မဟုတ္ဘူး" ေမာ့က်ဴးခ်န္ အၾကည့္လႊဲလိုက္တယ္။
"ငါ မူးၿပီး ႐ူးေၾကာင္ေၾကာင္ျဖစ္သြားလို႔လား?" လင္ရွန္း သတိထားၿပီး ေမးလိုက္တယ္။
"မဟုတ္ဘူး" ေမာ့က်ဴးခ်န္က ခါးကိုမတ္ေနေအာင္ထိုင္ကာ "ဘာမွမေျပာဘူးဆိုရင္ ဘာမွမေျပာလို႔ေပါ့"
လင္ရွန္း "..."
ေကာင္းၿပီ
'မင္းကသာ ႐ုတ္တရက္ႀကီး ေဒါသထထြက္တဲ့လူေလ ၿပီးေတာ့ မေျပာခ်င္တာကလည္း မင္းပဲ'
သူ႔ႏႈတ္ခမ္းေတြကို တြန႔္ခ်ိဳးလိုက္တယ္။ ေက်ာင္းျမက္ႀကီးရဲ႕ ဦးေႏွာက္လည္ပတ္ပုံက တအားကို ထူးဆန္းတယ္။
"ေဟး!" ေမာ့က်ဴးခ်န္က ကိုယ္ကို မတ္ေနေအာင္ ထားထားတယ္။
သူတို႔ေတြက ပ႐ိုဂ်က္တာနဲ႔ ဂိမ္းေဆာ့ေနၾကတာေၾကာင့္ နားေနခန္းထဲကအလင္းေရာင္က မွိန္ပ်ပ်သာရွိတယ္။
ပ႐ိုဂ်က္တာမ်က္ႏွာျပင္မွာလည္း ဂိမ္းရဲ႕ပထမအဆင့္ေအာင္သြားတဲ့ပုံပဲရွိေသးၿပီး ခပ္ေဖ်ာ့ေဖ်ာ့အလင္းေရာင္က ေမာ့က်ဴးခ်န္ရဲ႕မ်က္ႏွာေပၚ ျဖာက်ေနတယ္။
သူ႔ရဲ႕ႏွစ္လိုဖြယ္ေဘးတိုက္ပုံစံနဲ႔ ထင္ရွားတဲ့မ်က္ႏွာသြင္ျပင္ကို ေပၚလြင္ေစတယ္။
"ဘာလဲ?" လင္ရွန္း ျပန္ေမးလိုက္တယ္။
"ငါ့ရဲ႕နမ္းတဲ့စေကးက တကယ္ႀကီး ဆိုးဆိုးဝါးဝါးျဖစ္ေနလို႔လား?" ေမာ့က်ဴးခ်န္က သူ႔ကို ၾကည့္ေတာင္မၾကည့္ဘူး "မင္းကို ေၾကာက္ဖို႔ေကာင္းတယ္ဆိုတဲ့ခံစားခ်က္ပဲ ရေစတာလား?"
'ေၾကာက္ဖို႔ေကာင္းတယ္?'
'နမ္းတဲ့စေကး?!'
'Sympathetic!'
'ႏွလုံးခုန္ျမန္တာ!'
...
ခဏတြင္းခ်င္း လင္ရွန္းရဲ႕စိတ္ထဲမွာ လွ်ပ္စီးလက္သြားသလိုျဖစ္ၿပီး နားလည္ရခက္တဲ့စကားလုံးေတြက ေနာက္ဆုံးမွာ တစ္သားတည္းျဖစ္သြားေတာ့တယ္။
သူ ေမာ့က်ဴးခ်န္ကို ၾကည့္လိုက္တယ္။
ဒါက... ဒါကို ဘယ္လိုေျပာရမလဲ?
အဲ့ေတာ့ သူ မူးေနတုန္းက ဘာေတြမ်ားေျပာခဲ့တာလဲ?
ဒါက ေက်ာင္းျမက္ႀကီးရဲ႕ဂုဏ္သိကၡာကို ထိခိုက္သြားေစတာပဲ။
လင္ရွန္းတစ္ေယာက္ ေမာ့က်ဴးခ်န္ရဲ႕ မ်ိဳးစုံေသာသနားစဖြယ္သက္ေရာက္မႈေတြကို ျမင္သြားၿပီး ဘယ္လိုေျဖမွန္းေတာင္ မသိေတာ့ဘူး။
"ေျပာေလ" ေမာ့က်ဴးခ်န္က သူ႔ကို ေခါင္းလွည့္ၾကည့္လာကာ "မင္းက အေျပာေကာင္းတယ္ မဟုတ္ဘူးလား?"
"အာ..." လင္ရွန္း ေခါင္းကုတ္ေနမိတယ္။
ေမာ့က်ဴးခ်န္ နမ္းတာက ေကာင္းလား မေကာင္းဘူးလားဆိုတာကို သူ ယွဥ္မွ မယွဥ္ၾကည့္ဖူးတာ ဘယ္လိုလုပ္သိမွာလဲ?
"မင္းပဲ ေျပာခဲ့တာမဟုတ္ဘူးလား..." ေမာ့က်ဴးခ်န္က ႏႈတ္ခမ္းကို တင္းေနေအာင္ထားကာ လင္ရွန္း ေျပာခဲ့တဲ့ေလသံအတိုင္း "ႏွလုံးခုန္ျမန္တာက sympathetic အာ႐ုံေၾကာေတြ တက္ႂကြလာလို႔၊ ဒါက ပုံမွန္႐ုပ္ပိုင္းဆိုင္ရာျဖစ္စဥ္တစ္ခုပဲ စိတ္ပိုင္းဆိုင္ရာ မဟုတ္ဘူး"
"တကယ္ႀကီးလား?" လင္ရွန္း ေရ႐ြတ္လိုက္တယ္ "ငါ ဒီလိုေျပာခဲ့တာလား?"
သူ မူးသြားလို႔ ဒီလိုေျပာခဲ့တာလား?
လူတိုင္းက ေသာက္ၿပီးသြားၿပီဆိုရင္ အမွန္တိုင္း ေျပာတတ္ၾကတာပဲ။
အဲ့ေတာ့ သူ႔ရဲ႕ႏွလုံးသား အနက္ရႈိင္းဆုံးေနရာမွာ ေမာ့က်ဴးခ်န္ရဲ႕အနမ္းစေကးက ဆိုး႐ြားတယ္လို႔ သူလည္း ခံစားမိေနတာလား?
လင္ရွန္း အေတြးထဲ ေျမာေနမိတယ္။
သူ ဆိုဖာေပၚမွာ မွီေနတုန္းပဲ။ ေမာ့က်ဴးခ်န္ ခါးမတ္ကာ ထိုင္လိုက္တယ္။
သူ ဒီလိုေျပာေနတုန္းမွာပဲ သူ႔ရဲ႕ဘယ္ဘက္လက္ကို ဆိုဖာအေနာက္ဘက္မွာ တင္လိုက္ၿပီး လင္ရွန္းနားကို ေျဖးေျဖးခ်င္း ကပ္သြားလိုက္တယ္။
လက္ေခ်ာင္းသြယ္သြယ္ေတြက လင္ရွန္းရဲ႕ရင္ဘတ္ေပၚ အရင္ဆုံး က်ေရာက္လာတယ္။
ေမာ့က်ဴးခ်န္အသံက အနည္းငယ္ရွတတျဖစ္ေနတယ္ "ဒီေနရာ..."
သူ႔လက္ေခ်ာင္းထိပ္ေတြက သူထိကပ္ေနတဲ့ေနရာကို အသာအယာဖိလိုက္တယ္ "ဒီေနရာက ဗိုက္လား?"
လင္ရွန္းခမ်ာ အိစက္ေနတဲ့ဆိုဖာမွာ ေခ်ာင္ပိတ္မိသလိုျဖစ္ေနတယ္။
ေမာ့က်ဴးခ်န္ရဲ႕လက္ေမာင္းက သူ႔မ်က္ႏွာနားမွာ။
သူတို႔ရဲ႕လက္ရွိအေနအထားက သူ႔အတြက္ေတာ့ ဆိုဖာနဲ႔ ေမာ့က်ဴးခ်န္ရင္ဘတ္ၾကားမွာ အက်ဥ္းခ်ခံထားရသလိုပဲ။
တစ္ဖက္လူသာ ထပ္တိုးလာမယ္ဆိုရင္ သူ႔ႏႈတ္ခမ္းေတြက...
လင္ရွန္း မသိစိတ္ကအလိုလို အေတြးေတြကို ျပန္႐ုတ္သိမ္းလိုက္တယ္။
သူ႔မ်က္လုံးေတြကို ဖြင့္ကာ ေမာ့က်ဴးခ်န္ကို ၾကည့္ၿပီး ခက္ခက္ခဲခဲ တံေတြးၿမိဳခ်လိုက္တယ္။
"အင္း အင္း" သူ ေခါင္းအသာငုံ႔ကာ တစ္ဖက္လူရဲ႕လက္ေခ်ာင္းေတြကို ၾကည့္လိုက္တယ္ "အဲ့တာက ဗိုက္"
"ႏွလုံးခုန္သံကို ခံစားလို႔မရဘူးေပါ့?" ေမာ့က်ဴးခ်န္က ခပ္အုပ္အုပ္အသံနဲ႔ ေမးလာျပန္တယ္။
လင္ရွန္း "..."
သူက အႀကိမ္ေပါင္းတစ္ေသာင္းေလာက္ ဒုံးေဝးတဲ့သူျဖစ္ေနေစအုံးေတာ့ ပတ္ပတ္လည္မွာရွိေနတဲ့ ဟိုမေရာက္ဒီမေရာက္ေလထုႀကီးကို ခံစားမိလာတယ္။
လင္ရွန္းအသံကပါ ရွတတျဖစ္လာေတာ့တယ္ "...အင္း"
သူ မပီမသေျပာလိုက္တယ္။
"အဲ့ေတာ့..." ေမာ့က်ဴးခ်န္က သိလိုစိတ္ေတြနဲ႔ ျပည့္ေနတဲ့ ေက်ာင္းသားေကာင္းေလးတစ္ေယာက္လိုပဲ။
သူ လင္ရွန္းရဲ႕မ်က္လုံးေတြကိုၾကည့္ကာ "ႏွလုံးခုန္သံကို ငါ ဘယ္နားမွာ စမ္းလို႔ရမလဲ?"
"အေပၚ... အေပၚနားမွာ" လင္ရွန္း မၾကားတၾကားေျပာလိုက္တယ္။
သူ႔အသံထြက္လာတာနဲ႔ ေမာ့က်ဴးခ်န္ရဲ႕လက္ေခ်ာင္းေတြက နာခံစြာနဲ႔ အေပၚနားကို အနည္းငယ္တိုးလာတယ္။
သူ႔လႈပ္ရွားမႈေတြက သိပ္ကို ညင္သာလွတယ္။
ေက်ာင္းယူနီေဖာင္းကုတ္နဲ႔ ရွပ္အက်ီေၾကာင့္ လင္ရွန္း ဘာမွမခံစားမိသင့္ဘူး။
သို႔ေပမယ့္ ေမာ့က်ဴးခ်န္ရဲ႕လက္ေခ်ာင္းထိပ္နဲ႔ ထိသြားတဲ့ေနရာက ေလာင္ၿမိဳက္လာသလို ခံစားေနမိတယ္။
သူေတာင္မွ မသိလိုက္မသိဖာသာ တြန႔္သြားရတယ္။
"ဒီနား?" ေမာ့က်ဴးခ်န္ ေမးလိုက္ျပန္တယ္။
"မဟုတ္ဘူး အဲ့နား မဟုတ္ဘူး" လင္ရွန္း မလူးသာမလြန႔္သာ ျဖစ္ေနရၿပီ။
"ဘယ္နားမွာလဲ?" ေမာ့က်ဴးခ်န္ ခပ္ဟဟရယ္လိုက္တယ္။
႐ုတ္တရက္ဆိုသလို သူ႔လက္နဲ႔ လင္ရွန္းရဲ႕လက္ကိုဆြဲကာ သူ႔ရင္ဘတ္ေပၚကို အားပါပါတင္လိုက္တယ္။
ရွည္သြယ္ၿပီး အားမာန္အျပည့္လက္ေခ်ာင္းေတြက သူ႔(လင္ရွန္း)ရဲ႕ လက္ဖမိုးကို ဖိထားတာေၾကာင့္ လင္ရွန္းက သူ႔ရင္ဘတ္ကို ဖိထားရသလိုျဖစ္ေနေစတယ္။
"ဒီနားမွာလား?" ေမာ့က်ဴးခ်န္က ခပ္အုပ္အုပ္အသံနဲ႔ ေမးျပန္တယ္။
သူ႔မ်က္လုံးေတြက နက္ရႈိင္းသထက္ နက္ရႈိင္းလာေပမယ့္ ေလသံကေတာ့ ပိုလို႔ေတာင္ အျပစ္ကင္းဟန္ျဖစ္လာတယ္။
လင္ရွန္း "!!!"
'ဟုတ္တယ္ ဒီေနရာပဲ!'
'ဒါေပမယ့္ ေမာ့က်ဴးခ်န္က ဘာလုပ္ေနတာလဲ?!'
'ေသစမ္း သူ႔ႏွလုံးခုန္သံႀကီးက ျမန္သထက္ျမန္လာတာပဲ'
'ဒါက ေၾကာက္လို႔မဟုတ္ဘူး၊ ဒါက...'
လင္ရွန္းရဲ႕အေတြးေတြ အဆုံးမသတ္ေသးခင္ ေမာ့က်ဴးခ်န္က ႐ုတ္တရက္ တိုးကပ္လာၿပီး သူ႔ေလေငြ႕က လင္ရွန္းမ်က္ႏွာကို ျဖတ္တိုက္သြားတယ္။
အသက္ရႈသံကိုေတာင္ ၾကားႏိုင္ခ်ိန္မွာ ေမာ့က်ဴးခ်န္က တိုးလ်လ်အသံနဲ႔ ေျပာလာတယ္ "ဒါဆိုလည္း ငါ့ႏွလုံးခုန္သံကို နားေထာင္ၾကည့္၊ ပိုျမန္ေနတာလား?"
သူေျပာလို႔ၿပီးသြားတဲ့ေနာက္မွာ သူ႔ရဲ႕အနည္းငယ္ေအးစက္ေနတဲ့ႏႈတ္ခမ္းတို႔ က်ေရာက္လာေတာ့တယ္။
ေမာ့က်ဴးခ်န္ရဲ႕ႏွလုံးခုန္သံက အရွိန္ျမန္လာလားဆိုတာကိုေတာင္ လင္ရွန္း မခံစားမိေတာ့ဘူး။
သူ႔ကိုယ္ပိုင္ ႏွလုံးခုန္သံက ျမန္သထက္ျမန္လာတာကိုသာ ၾကားေနရတယ္!
ပိုၿပီးလည္း က်ယ္ေလာင္လာတယ္!
ေနာက္ဆုံးမွာေတာ့ သူ႔နားေတြထဲမွာ မိုးႀကိဳးလွ်ပ္စီးသံေတြလိုသာ ၾကားမိေနေတာ့တယ္။
___________________________________
{Unicode}
ရပ်ကွက်ထဲမှာ အလွန်တရာဆိတ်ငြိမ်နေပြီး တစ်ချက်တစ်ချက်မှသာ ကြောင်ပေါက်လေးတွေရဲ့အသံလေးတွေ ပေါ်ထွက်လာတတ်တယ်။
ညလေညှင်းက အေးစိမ့်စိမ့်ရှိလှကာ လင်ရှန်းရဲ့ပါးတွေကို ဖြတ်တိုက်သွားတယ်။
သို့ပေမယ့် သူ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့လက်ကပဲလား ဒါမှမဟုတ် သူ့ရင်တွေပဲ ပူနေတာလားဆိုတာကို မသိတော့ဘူး။
လင်ရှန်း ခေါင်းမော့ကာ လက်တစ်ကမ်းစာလောက်သာ ဝေးတဲ့မော့ကျူးချန်ကို ကြည့်လိုက်တယ်။
လူငယ်လေးရဲ့မျက်ခုံးတွေက ထွင်းထုထားသလိုမျိုး တကယ့်ကို ပြိုင်ဘက်ကင်းလှတယ်။
တစ်ဖက်လူရဲ့နက်ရှိုင်းတဲ့မျက်လုံးတွေက သူ့ရဲ့နှလုံးသားထဲကိုပါ တန်းမြင်နိုင်အောင် ကြည့်ချင်သလိုမျိုး လင်ရှန်းရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်နေတယ်။
မော့ကျူးချန်ရဲ့အသက်ရှုသံတွေက လေးလံလို့လာတယ်။
ညအချိန်မှာ ဘယ်သူမှ အရင်ဆုံးစကားမစကြဘူး။
အတော်လေး ဟိုမရောက်ဒီမရောက်အနေအထားဖြစ်နေတာက သိသာလှတယ်။
သို့ပေမယ့်လည်း လင်ရှန်းရဲ့အမြီးအမောက်မတည့်တဲ့အဖြေစကားကြောင့် လေထုတစ်ခုလုံး ပျက်ဆီးသွားရတယ်။
မော့ကျူးချန် နှာခေါင်းအသာရှုံ့လိုက်တယ်။
အစတည်းက လင်ရှန်းရဲ့ရင်ဘတ်အလယ်မှာရှိတင်ထားတဲ့ လက်ချောင်းကို တင်းတင်းဖိချကာ : "ဒါက ဗိုက်လား?"
"...အင်း" လင်ရှန်း ဗလုံးဗထွေးပြောလိုက်တယ်။
မော့ကျူးချန် သူ့လက်ကောက်ဝတ်ကို လျှော့ပေးကာ မတ်မတ်ရပ်လိုက်တယ် "ကျူပါကျဲ့ရဲ့ညီမက ဘယ်လိုသေသွားတယ်ဆိုတာ မင်းသိလား?"
လင်ရှန်း "..." သူလည်း မတ်မတ်ပြန်နေလိုက်တယ်။
ကားထဲမှာ ခုလေးတင် နေနေရတဲ့ အနေအထားက သူ့နောက်ကျောကို နာစေတယ်။
သူ မော့ကျူးချန်ရဲ့မေးခွန်းကို ပြန်မဖြေဘဲ သူ့အောက်ပိုင်းခြေထောက်တွေကိုသာ လှုပ်ရှားလိုက်တယ်။
သို့ပေမယ့် ဒီလိုလုပ်လိုက်တာက လောလောလတ်လတ်ဖြစ်နေတဲ့ ဟိုမရောက်ဒီမရောက် နေရခက်တဲ့လေထုကြီးကို ပျောက်ကွယ်သွားစေတယ်။
လင်ရှန်းက မော့ကျူးချန်ကို မော့ကြည့်ပြီးမှ မျက်လုံးတွေကို လှုပ်ရှားလိုက်တယ်။
"အမ်..." သူ မော့ကျူးချန်ဆီကနေ ကားဘက်ကို ပြန်လှည့်လိုက်တယ်။
"မင်း ငါ့အိမ်ထဲမှာ ရေတစ်ခွက်လောက် ဝင်သောက်သွားမလား?" လင်ရှန်း မေးလိုက်တယ်။
အိမ်မှာ ဆော့ဖို့ သူငယ်ချင်းတွေကို ဘယ်တုန်းကမှ မဖိတ်ခဲ့ဖူးဘူး။
အစ်ကိုကြီးဖြစ်သူရဲ့အကြံပြုချက်ကို စစကြားလိုက်ချင်းတုန်းကတော့ အနည်းငယ် ကသိကအောက်နဲ့ မသက်မသာဖြစ်သလို ခံစားခဲ့ရသေးတယ်။
အခု ရှက်ရွံ့နေတာတွေ မရှိတော့တဲ့အခါ လင်ရှန်း အဲ့လိုလုပ်ကြည့်ချင်လာတယ်။
အထူးသဖြင့် သူဆိုလည်း မော့ကျူးချန်ရဲ့ တိုက်ခန်းဆီကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးတယ်လေ။
ဆိုပေမယ့် သူ့ကျတော့ သူ့အိမ်မှာ လာကစားပါဆိုပြီး တစ်ဖက်လူကို ဘယ်တုန်းကမှ မဖိတ်ခဲ့ဖူးဘူး။
လောကဝတ်နဲ့ ပက်သက်လို့ လင်ရှန်း သူ့ကိုယ်သူတောင် ရှက်မိသွားတော့တယ်။
မော့ကျူးချန် ခပ်တိုးတိုး နှာမှုတ်လိုက်တယ်။
သူက လက်လည်း မခံသလို ဆန့်လည်း မဆန့်ကျင်ဖြစ်နေတာကြောင့် လင်ရှန်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ရပြန်တယ်။
သူ ကားထဲမှာ တစ်ရေးတစ်မော အိပ်ခဲ့တယ်ဆိုပေမယ့် ခေါင်းကတော့ နောက်တောက်တောက်ဖြစ်နေတုန်းပဲ။
ညလေညှင်း တိုက်ခတ်လာချိန်မှာ မျက်ခွံတွေက လေးလံလာတာကိုသာ ခံစားမိတော့တယ်။
မော့ကျူးချန်က နေရာမှာ ခဏရပ်နေပြီးမှ လင်ရှန်းရဲ့ဗီလာဆီ လျှောက်သွားတယ်။
မီတာတော်တော်များများလျှောက်သွားပြီးနောက် ခုချိန်ထိ နေရာမရွေ့သေးတဲ့ လင်ရှန်းကို ပြန်ကြည့်လိုက်တယ် : "အဲ့မှာ ဘာတွေ ငေါင်ကြောင်နေတာလဲ အိမ်ထဲမဝင်ရတော့ဘူးလား?"
"အိုး" လင်ရှန်း အနောက်ကနေ မြန်မြန်လိုက်လာတော့တယ်။
လမ်းမီးတိုင်က မော့ကျူးချန်ရဲ့မျက်နှာပေါ် ဖြာကျနေပြီး သူ့ရဲ့မှောင်မည်းတူးနေတဲ့မျက်နှာကြီးကို လင်ရှန်း မြင်နေရတယ်။
မော့ကျူးချန်လေသံက တော်တော်လေးကောင်းမွန်မနေဘဲ စိတ်တိုနေမှန်း သိသာလှတယ်။
'ဘာလို့လဲ?'
'ခုလေးတင် သူထိလိုက်တဲ့နေရာက နှလုံးမဟုတ်လို့လား?'
လင်ရှန်း တွေးနေမိတယ်။
ရှင်းဆန်းကျောင်းမြက်ကြီးက အမြဲလိုလို ဂုဏ်မောက်နေပြီး ဘယ်တော့မှ မျက်နှာပျက်တယ်ဆိုတာမျိုးကို လိုလားတာမဟတ်ဘူး။
နောက်ပြီး...
သူ မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲက စကားလုံးတစ်ခု ထွက်လာတယ်။
Sympathetic!
ပြီးတော့ အများကြီးရှိသေးတယ်။
ခုလေးတင် မော့ကျူးချန် သူ့ကို ထိလိုက်တုန်းက sympathetic အာရုံကြောတွေအကြောင်း ပြောခဲ့တာလား?
သူက ဘာလို့ ဒီအကြောင်းကို ရုတ်တရက်ကြီး ထပြောရတာလဲ?
အထက်တန်းကျောင်းဇီဝဗေဒဘာသာရပ်မှာ ဒီအကြောင်းကို မသင်လောက်သေးပါဘူး!
လင်ရှန်း တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီးတဲ့နောက်မှာ ကျောင်းဆေးပညာဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေကို အပြေးအလွှားတက်ရောက်ခဲ့တဲ့အတွက် ဗဟုသုတအနည်းငယ်တော့ ရလိုက်တယ်။
လင်ရှန်း အလန့်တကြားနဲ့ မော့ကြည့်မိတယ်။
မော့ကျူးချန်က သူ့ရှေ့မှာလျှောက်နေတာဖြစ်ပြီး သူ့ရဲ့ပြန့်ကားရှည်လျားတဲ့နောက်ကျောကြီးက ဖိနှိပ်နိုင်လွန်းတယ်။
အဲ့တော့ကာ သူ မူးနေတဲ့အချိန်တုန်းက ဘာဖြစ်ခဲ့တာလဲ?
လင်ရှန်း ခက်ခက်ခဲခဲနဲ့ ပြန်တွေးနိုင်ဖို့ ကြိုးစားလိုက်တယ်။
သူ့စိတ်ထဲမှာ ကျိုးတိုးကျဲတဲစကားလုံးအနည်းငယ်သာ ပေါ်လာတယ်။
Ohm's Law ၊ ဝေ့ယင်းဝူ...
အခု sympathetic အာရုံကြောတွေပါ ထပ်ပေါင်းပါလာပြီ။
ဆက်စပ်နေတဲ့စကားလုံးတွေလည်း တစ်ခုမှမပါဘူး!
"ဘာတွေ ငိုင်နေတာလဲ?" မော့ကျူးချန်က လင်ရှန်းတို့ဗီလာတံခါးရှေ့ကိုတောင် ရောက်နှင့်နေပြီ။
သူက လင်ရှန်းကို မေးငေါ့ပြကာ "တံခါးဖွင့်လေ"
"ဪ" လင်ရှန်း ရှေ့ကို မြန်မြန်လှမ်းလိုက်တယ်။
လက်ဗွေရာကုတ်က ပွင့်သွားပြီး ဆင်ဝင်က ခဏတွင်းချင်း လင်းထိန်သွားတယ်။
လင်ရှန်း မရေမရာလျှောက်သွားပြီး တံခါးဖွင့်ကာ ဖိနပ်ပါးတစ်စုံထုတ်ပြီး မော့ကျူးချန်ရှေ့မှာ ချပေးလိုက်တယ်။
"ဘယ်သူမှ ဒီတစ်ရံကို မဝတ်ထားလောက်သေးဘူး၊ တော်လား ဝတ်ကြည့်လိုက်လေ"
"ရှန်းရှန်း?" အသံကိုကြားတော့ လင်ယွမ်ထွက်လာတယ်။
သူက ပြုံးနေကာ သူ့ညီလေးနဲ့ မော့ကျူးချန်ကို ကြည့်လိုက်တယ် "ကော အသီးတွေဆေးပြီး မီးဖိုချောင်မှာ ထားထားတယ်၊ မင်းရဲ့အတန်းဖော်ကို ဧည့်ခံလိုက်ပေါ့... ကောက အလုပ်ကိစ္စလေးတွေ ရှင်းစရာရှိလို့ အပေါ်ကို အရင်တက်နှင့်တော့မယ်"
"ဟုတ်ကဲ့ပါ ကောက အလုပ်များနေတာပဲ"
လင်ယွမ်က မော့ကျူးချန်ကို အသာပြုံးပြကာ "ပျော်ပျော်နေပေါ့ ကြိုဆိုပါတယ်"
"ကျေးဇူးတင်ပါတယ်"
လင်ယွမ် အပေါ်တက်သွားတာကို လင်ရှန်းနဲ့ မော့ကျူးချန်တို့ လိုက်ကြည့်နေမိတယ်။
သူ့မိဘတွေက နိုင်ငံခြားရောက်နေတာဖြစ်ပြီး နောက်အပတ်မတိုင်ခင်အထိ တရုတ်ကို ပြန်လာကြအုံးမှာမဟုတ်ဘူး။
လင်ချီက သူ့အတန်းဖော်မွေးနေ့ပွဲကို သွားတာဖြစ်ပြီး အိမ်ကို တနင်္ဂနွေနေ့ညအထိ ပြန်မလာဘူး။
လင်မိသားစုဗီလာထဲမှာ သူတို့သုံးယောက်သာရှိတာကြောင့် နည်းနည်းတော့ ဟာတာတာကြီးဖြစ်နေတယ်။
"မင်း အသီးစားအုံးမလား?"
လင်ရှန်း ခဏလောက် ငေးငိုင်နေပြီးမှ သတိပြန်ဝင်လာတယ်။
သူတို့တွေ နေရခက်မှာစိုးတာကြောင့် သူ့အစ်ကိုကြီးက သူတို့အတွက် သီးသန့်နေရာပေးသွားခဲ့တာ။
"ငါ လှီးပေးမယ်" လင်ရှန်း မြန်မြန်ပြောလိုက်တယ်။
လင်ယွမ်က လတ်ဆတ်တဲ့ ကဗ္ဗလာသီးတွေအပြင် ပန်းသီးနဲ့ သစ်တော်သီးတွေကိုပါ ပြင်ဆင်ပေးခဲ့တယ်။
ဘေစင်ဘေးက သစ်သီးဖန်ပန်းကန်လုံးလေးထဲမှာ သန့်ရှင်းတဲ့စပျစ်သီးတစ်ခိုင်ရှိပြီး ရေစက်လေးတွေ တွဲခိုနေတုန်းပဲ။
လင်ရှန်းက ဘေစင်နားမှာရပ်ကာ သူ့နောက်လိုက်လာတဲ့ မော့ကျူးချန်ကို လှည့်မေးလိုက်တယ် "ဘာစားမလဲ?"
သူက မေးရင်းနဲ့ ကဗ္ဗလာသီးကို ကောက်ကိုင်ကာ "ဒါလား?"
မော့ကျူးချန်က လက်နှစ်ဖက်လုံးကို ရင်ဘတ်မှာ ပိုက်ထားရင်း လင်ရှန်းတစ်ယောက် ဓားကောက်ကိုင်တာကို ကြည့်ပြီး ဆူပွပွဖြစ်သွားတယ်။
လင်ရှန်းက ချက်ပြုတ်တဲ့နေရာမှာ ငကြောင်လေးတစ်ယောက်ဆိုတာကို သူမြင်ခဲ့ပြီးသား။
စစချင်းတိုက်ခန်းထဲမှာ ချက်ပြုတ်ချိန်ကဆို လင်ရှန်းခမျာ အသီးအရွက်တွေကိုတောင် ကူမဆေးပေးနိုင်ဘူး။
သူ့ကိုအရင်ဆုံး သင်ပေးဖို့လိုတယ်။
သူ လင်ရှန်းကို ကြည့်နေရင်းမှ ဒီကောင်လေးက အသီးလှီးတဲ့နေရာမှာလည်း ငကြောင်လေးတစ်ယောက်ဖြစ်လောက်တယ်လို့ ခန့်မှန်းမိလိုက်တယ်။
"လုပ်မနေ..."
မော့ကျူးချန်က ဒုက္ခခံမနေနဲ့ သူ စပျစ်သီးပဲစားလိုက်လည်း ရတယ်လို့ ပြောချင်ခဲ့တာဖြစ်တယ်။
သို့ပေမယ့် ပြောလို့တောင်မပြီးသေးခင်မှာတင် လင်ရှန်းက လိမ္မော်သီးကို သူ့ရဲ့ဘယ်ဘက်လက်မှာ ညှစ်ကိုင်ထားပြီး သူ့ရဲ့ညာဘက်လက်နဲ့ ဓားကိုကိုင်ကာ ကဗ္ဗလာသီးအခွံခွာတာကို မြင်လိုက်ရတယ်။
လင်ရှန်းလက်ချောင်းတွေက နဂိုတည်းက အတော့်ကိုရှည်သွယ်တာမျိုးဖြစ်တယ်။
မော့ကျူးချန်လိုမျိုး တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းတွေလုပ်နေတာကြောင့် ကျန်းမာပြီး ဂျုံရောင်သန်းနေတဲ့အသားအရေနဲ့ မတူဘူး။
လင်ရှန်းရဲ့အသားအရေက အများကြီးပိုဖြူပြီး စံပြotakuတစ်ယောက်နဲ့ တူတယ်။
သူက အသီးအရွက်တွေကို ကောင်းကောင်း မဆေးကြောနိုင်ဘဲ ကြက်ဥပြုတွေသာ ချက်နိုင်တယ်ဆိုပေမယ့် ကဗ္ဗလာသီးအခွံခွာတဲ့နေရာမှာတော့ လွယ်လင့်တကူနဲ့ အရည်အချင်းရှိလှတယ်။
မကြာခင်မှာတင် ခပ်ရှည်ရှည် ကဗ္ဗလာသီးအခွံတစ်ခုကို ခွာလို့ပြီးသွားတယ်။
ကြားထဲမှာ ပဲ့ကျသွားတာမျိုးမရှိတဲ့အပြင် အရွယ်အစားကတောင် တူညီလုနီးပါးပဲ။
မော့ကျူးချန် အံ့ဩသွားရတယ်။
သူ မီးဖိုချောင်တံခါးကို မှီကာ ကဗ္ဗလာသီးကို လက်ထဲမှာကိုင်ထားတဲ့ လင်ရှန်းကို ကြည့်နေလိုက်တယ်။ "ဒီမှာ"
"...ကျေးဇူး"
လင်ရှန်းက ဓားပြန်သိမ်းကာ ကဗ္ဗလာသီးအခွံကို အမှိုက်ပုံးထဲထည့်ပြီး စပျစ်သီးပန်းကန်နဲ့အတူ ဧည့်ခန်းထဲ လျှောက်လာလိုက်တယ်။
"ဒီမှာ ထိုင်လေ" သူ မော့ကျူးချန်ကို ပြောလိုက်တယ်။
သူက သစ်သီးပန်းကန်ကိုချကာ ရေနွေးနွေးလေးနောက်တစ်ခွက် ငှဲ့ပေးလိုက်တယ်။
အငွေ့တစ်ထောင်းထောင်းနဲ့ခွက်လေးက မော့ကျူးချန်ရှေ့က ကော်ဖီစားပွဲပေါ်ရောက်လာပြီး လင်ရှန်းကတော့ သူ့ဘေးနားက တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။
"TVကြည့်မလား?" သူ ထပ်မေးလိုက်တယ်။
မော့ကျူးချန် ခေါင်းသာ ယမ်းပြလာတယ်။
အစပိုင်းမှာ ကသိကအောက်ဖြစ်သွားတာကလွဲရင် လင်ရှန်းက ဧည့်သည်တွေကိုတော့ သင့်တင့်လျောက်ပတ်သလို ဧည့်ခံပေးနိုင်တယ်။
သို့ပေမယ့်လည်း မကြာခင် နှစ်ယောက်သာ တိတ်ဆိတ်သွားပြန်တယ်။
TVလည်း မကြည့်ဘူး၊ သူတို့ဘေးမှာ စကားတွေပြော ရယ်မောနေကြမယ့် တောက်ရန်နဲ့ ရှုချန်းလည်း မရှိဘူး။
ရှေ့မှာရှိတဲ့ ကော်ဖီစားပွဲပေါ်မှာ စပျစ်သီးပန်းကန်ကလွဲလို့ ဘာမှမရှိဘူး။
လင်ရှန်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်နေရတယ်၊ သူအခု ဘာလုပ်ရမှာလဲ?
သူ မော့ကျူးချန်ရဲ့အိမ်ကို သွားနေကျဖြစ်ပြီး နှစ်ယောက်စလုံး စားပြီးတာနဲ့ စာသာ စလေ့လာကြတယ်။
အခုက လပတ်စာမေးပွဲပြီးခါစဆိုတော့ ဧည့်သည်ကို စာလုပ်ကြမယ်ဆိုပြီး ဧည့်ခံလို့တော့ မရဘူးမှတ်လား?
လင်ရှန်း ခေါင်းတောင်နာလာတယ်။
ဒီလိုသာဆို တောက်ရန်နဲ့ ရှုချန်းကိုလည်း အတူလာခဲ့ဖို့ ဖိတ်လိုက်ပါတယ်။
"မင်းတို့..." အဲ့လိုက ဒုတိယထပ်လှေကားပေါ်မှာ လင်ယွမ်ပေါ်လာတဲ့အထိပဲဖြစ်တယ်။
သူ့ညီလေးနဲ့ မော့ကျူးချန်တို့တွေ ဆိုဖာပေါ်မှာ မျက်လုံးအပြူးသားလေးတွေနဲ့ ထိုင်နေတာကို သဘောတကျကြည့်နေလိုက်တယ်။
"ထိုင်တမ်း ဆော့နေကြတာလား?" သူ ပြုံးကာ ခွက်တစ်ခွက်ကိုင်ရင်း လှေကားပေါ်က ဆင်းလာတယ်။ "ရှန်းရှန်း မင်းအတန်းဖော်ကို ဆော့ဖို့အတွက် နားနေခန်းထဲ ခေါ်သွားလိုက်လေ"
"အဲ့မှာ တစ်ယောက်တည်းဆော့လို့ရတဲ့ ဂိမ်းစက်တွေရော ပရိုဂျက်တာပါရှိတယ်၊ ဂိမ်းဆော့တာဖြစ်ဖြစ် ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်လုပ်လို့ရတယ်" လင်ယွမ်က ထပ်ပြောပြန်တယ် "မီးဖိုချောင်ထဲက ပုစွန်အရသာခရက်ကာနဲ့ coke ယူအုံးမလား?"
လင်ရှန်း ခေါင်းယမ်းလိုက်တယ်။
သူ မော့ကျူးချန်ကို မိသားစုပိုင်နားနေခန်းလေးထဲ ခေါ်သွားလိုက်တယ်။
လင်မိသားစုက သူတို့ရဲ့သားသုံးယောက်ကို အမြဲဆိုသလို ချစ်ခင်အလိုလိုက်ထားကာ အခန်းတစ်ခုလုံးကို မျိုးစုံသော ဂိမ်းစက်တွေနဲ့ နေရာချပေးထားတယ်။
ရှေ့နံရံမှာရှိတဲ့ ပရိုဂျက်တာမျက်နှာပြင်က ကွန်ပြူတာတစ်လုံးနဲ့ ချိတ်ဆက်ထားပြီး ကောင်းမွန်တဲ့လုပ်ဆောင်ချက်ရှိတယ်။
ဒီနားနေခန်းကို လင်ရှန်းသိတယ်။ သို့ပေမယ့် စာအုပ်ထဲ ရောက်လာတည်းက စာလေ့လာတာနဲ့တင် အလုပ်များနေခဲ့တာကြောင့် တစ်ခါမှ မဝင်လာဖြစ်ဘူး။
ပိုဆိုးတာက လင်ရှန်းကိုယ်တိုင်ကလည်း ဂိမ်းကစားတာကို သိပ်မကြိုက်တာကြောင့်ဖြစ်တယ်။
သူ့မှတ်ဉာဏ်တွေထဲမှာတော့ ယန်ရှို့ တရုတ်မှာရှိနေချိန်တုန်းက ရံဖန်ရံခါ ပိတ်ရက်တွေမှာ လင်ရှန်း စာလေ့လာရတာပင်ပန်းလာပြီဆိုရင် သူနဲ့ ခဏလောက်ဖြစ်ဖြစ်တော့ ဂိမ်းတွေဆော့တတ်တယ်။
သူ နိုင်ငံခြားကို ပညာတော်သင်သွားတည်းက လင်ရှန်းလည်း မထိဖြစ်သလောက်ဖြစ်သွားပြန်တော့တယ်။
ဒီအပိုင်းမှာတော့ မော့ကျူးချန်က သူ့ထက်ပိုပြီး အကျွမ်းတဝင်ရှိတာ သိသာလှတယ်။
သူက ရွေးဖို့အတွက် တည့်တည့်လျှောက်သွားပြီးနောက် လင်ရှန်းကို လှည့်မေးလာတယ် "ဒါ ဆော့မလား?"
"အင်း အင်း" လင်ရှန်းလည်း သူ လက်ကိုင်နှစ်ခု ကိုင်ပြီးလျှောက်လာတာကိုကြည့်ကာ စိတ်လှုပ်ရှားလာပြန်တယ်။ [ T/N : အဲ့တာကို ဘယ်လိုခေါ်ရမှန်းမသိလို့ လက်ကိုင်လို့ရေးလိုက်တာပါ၊ ဂိမ်းဆော့ရင် ကိုင်ပြီးနှိပ်ရတဲ့ဟာလေးလေ ]
"မဟုတ်မှ မင်း..." မော့ကျူးချန်က သူ့လက်ထဲက လက်ကိုင်ကိုကြည့်ပြီးနောက် လင်ရှန်းကို ပြန်ကြည့်ကာ "မဆော့တတ်ဘူးလား?"
"ငါ ဒါကို မဆော့ဖူးဘူး" လင်ရှန်း ရိုးသားစွာ ပြောလိုက်တယ်။
မော့ကျူးချန်က လင်ရှန်းကို ခဏလောက်စိုက်ကြည့်နေပြီးမှ ရုတ်တရက်ဆိုသလို နှုတ်ခမ်းတွေ ကွေးညွတ်သွားကာ "ငါမင်းကို သင်ပေးမယ်"
ခုနကတော့ သူ စိတ်အခြေအနေမကောင်းတာ သိသာလှပေမယ့် အခုတော့ သူပျော်နေပြီ။
လေသံအဆုံးသတ်ကတောင်မှ မဆိုစလောက် မထိန်းချုပ်နိုင်ဖြစ်သွားလိုက်သေးတယ်။
လင်ရှန်းလည်း လက်ကိုင်ကိုယူလိုက်တော့ မော့ကျူးချန်က သူ့ဘေးမှာ ထိုင်ချလာတယ်။
သူက ချိတ်ဆက်တာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီး ပရိုဂျက်တာမျက်နှာပြင်ကိုဖွင့်ကာ လင်ရှန်းကို စတင်မိတ်ဆက်ပေးတော့တယ် "ဒါတွေက ဦးတည်ရာကို ထိန်းချုပ်တာ၊ ဒါက ခုန်တာ၊ ဒီတစ်ခုက..."
မော့ကျူးချန်က အလွန်စိတ်ရှည်လက်ရှည်နဲ့ သင်ပေးတော့တယ်။
Controller အသုံးပြုပုံနဲ့ ဂိမ်းရဲ့အခြေခံလုပ်ဆောင်ချက်ကို ရှင်းပြပြီးတဲ့နောက် လင်ရှန်းကို မေးလိုက်တယ် "မင်း နားလည်လား?"
လင်ရှန်း ခေါင်းငြိတ်ပြလာတယ်။
"လာလေ" မော့ကျူးချန်က လက်ကိုင်ကို ဆုပ်ကိုင်ကာ "စမ်းကြည့်ကြစို့"
သိပ်မကြာခင် နားနေခန်းထဲမှာ ဂိမ်းသံ ထွက်ပေါ်လာတော့တယ်။
လင်ရှန်းက ဒီလိုအရာတွေကို ထိတွေ့တာရှားပါးပြီး သဘောလည်းမကျဘူး။
ဆိုပေမယ့် ဂိမ်းရဲ့ဇာတ်ကြောင်းမှာ မျောသွားတော့တယ်။
မော့ကျူးချန် ရွေးထားတဲ့ဂိမ်းက မခက်လှဘဲ စဆော့ဖို့အတွက် အသင့်အတင့်လွယ်ကူတယ်။
သို့ပေမယ့် လင်ရှန်းက ဆော့ဖူးတာမျိုးမရှိဘူး။
စစချင်းမှာ လူဆိုးမော့ကျူးချန်ရဲ့ နောက်မှာ လုံးဝကို ကျန်ရစ်ဖြစ်နေခဲ့တယ်။
ကျောက်တုံးလေးတစ်တုံးကိုလည်း မခုန်နိုင်ဘဲ လူအုပ်တွေကို ဝင်တိုက်မိတော့တယ်။
တချို့သောစကေးတွေလိုအပ်တဲ့ သစ်ပင်တက်တာတို့၊ မြစ်ပေါ်က ပျဉ်ပြားတစ်ချက်တည်းရှိတဲ့ တံတားကို ကျော်တာတို့ကိုဆို ပြောနေဖို့တောင် မလိုတော့ဘူး...
ဒီလိုအချိန်မှာဆို မော့ကျူးချန်က အမြဲရပ်ပြီး သူ့ကို စောင့်နေတတ်တယ်။
ထို့နောက်မှာတော့ နားနေခန်းထဲမှာ ဆက်တိုက်ဆိုသလို ဆူညံသံတွေ ပေါ်ထွက်လာတော့တယ်။
"ဘယ်ဘက်ကိုသွားလေ၊ ခြေတစ်လှမ်းတည်းနဲ့ ဘယ်ဘက်ကိုသွား!"
"မင်းက ငတုံးလား?"
"ငတုံးရဲ့! ဒီနားမှာ နောက်ကို အရင်ဆုတ်လေ... နောက်ဆုတ်တဲ့ခလုတ်ကို မသိဘူးလား?"
...
ခဏလောက်ဆော့ပြီးတဲ့အခါ လင်ရှန်းလည်း နည်းနည်းတော့ပိုပြီး စကေးကြွယ်လာတော့တယ်။
မော့ကျူးချန်နဲ့ လင်ရှန်းကြားမှာ နည်းဗျူဟာသဘောတရားအနည်းငယ်ရှိလာပြီး တဖြည်းဖြည်းနဲ့ ပူးပေါင်းနိုင်လာတယ်။
ဒါပေမယ့်လည်း အခြေအနေတစ်ခုကတော့ ရှိတာပေါ့_
"ညာဘက်!"
"ညာဘက်ကို ခုန်လို့!"
"အရူးကောင်! သေပြန်ပြီ!"
လင်ရှန်း နှုတ်ခမ်းလေးကုပ်ကျသွားပြီး သေသွားပြန်တယ်။
ဒါက ဂိမ်းလေးတစ်ခုပါပဲ။ သူကတော့ သေပြီး မော့ကျူးချန်က ဒီအဆင့်ကို ဆက်ပြီး ကျော်ဖြတ်သွားနိုင်မယ်။
နောက်အဆင့်စတဲ့အထိ သူ စိတ်အေးလက်အေးနေနိုင်ပြီး ကိုးယိုးကားယားနဲ့ သူ့နောက်ဆက်လိုက်ရတော့မယ်။
သိပ်ကောင်းပါ့!
"ငါက မင်းကို ကြောက်ပါလိမ့်အုံးမယ်!" မော့ကျူးချန်က ရှေ့တိုးသွားလိမ့်မယ်လို့ လင်ရှန်း ထင်မထားဘူး။
လင်ရှန်းဆော့တဲ့ဗီလိန်ကတော့ mobတွေရဲ့ ရိုက်ချခံလိုက်ရတယ်။
Modတွေက သူတို့တွေ ပျဉ်တစ်ချပ်တည်းနဲ့တံတားကို ဖြတ်ကျော်တဲ့နေရာမှာ ရှုပ်ထွေးစေဖို့အတွက် အဟန့်အတားလုပ်ထားတာဖြစ်တယ်။
မော့ကျူးချန်ကတော့ ကျွမ်းကျင်စွာ တဟုန်ထိုးသွားလိုက်တယ်။
အခု သူက ဇာတ်ကောင်ကို ပိုင်နိုင်စွာ ကိုင်တွယ်ကာ လှည့်ထွက်ပြီး ကိုယ့်သေတွင်းကိုယ်တူးသလိုမျိုး ထူးဆန်းတဲ့အုပ်စုထဲ အလောတကြီးတိုးဝင်တော့တယ်။
ပုဆိန်ကို လွှဲနေရင်တောင်မှ သေဖို့ကံတရားကို မပြောင်းလဲနိုင်တော့ဘူး။
မော့ကျူးချန်ရဲ့ဇာတ်ကောင်က မြစ်ထဲကို မြန်ဆန်စွာရိုက်ချခံလိုက်ရပြီး အော်သံတစ်ခုနဲ့အတူ မြစ်အောက်ခြေအထိ နစ်မြုပ်သွားတော့တယ်။
လင်ရှန်း "..."
ဒါက... လူစွမ်းကောင်းပုံဖမ်းတာလား?
သူ သတိလက်လွတ်နဲ့ မော့ကျူးချန်ကို ခေါင်းလှည့်ကြည့်မိသွားတယ်။
တစ်ဖက်လူက ပရိုဂျက်တာကို စူးနစ်နေအောင်ကြည့်နေပြီး မျက်လုံးအရောင်တလက်လက်နဲ့ ဒါကို အရေးမစိုက်သလိုမျိုး နေနေတယ်။
"ထပ်လုပ်မယ်!" မော့ကျူးချန်က ဂိမ်းကို လျှင်မြန်စွာ ပြန်စလိုက်တယ်။
"ကောင်းတာပေါ့!" ချက်ချင်းဆိုသလို လင်ရှန်းလည်း တိုက်ခိုက်ဖို့ တက်ကြွလာတော့တယ်။
ဂိမ်းက တကယ်ကြီးပျော်ဖို့ကောင်းတာ။
အထူးသဖြင့် မင်းနဲ့အတူကစားတဲ့သူက မင်းဘယ်လောက်ပဲ တုံးအနေပါစေ နောက်မှာ လုံးဝမချန်ခဲ့ဘူးဆိုရင်ပေါ့။
လူနှစ်ယောက် ပြောရမယ်ဆို ထိပ်တန်းလက်သစ်လေးတစ်ယောက်က မော့ကျူးချန်ရဲ့ ကြပ်မတ်မှုအောက်မှာ နောက်ဆုံး ခုန်နိုင်သွားပြီး ဂိမ်းရဲ့ပထမအဆင့်ကို ဆော့နိုင်သွားတော့တယ်။
"ဟမ်..." ဘော့စ် လဲသွားချိန်မှာ လင်ရှန်း ပြုံးလိုက်ကာ "နောက်ဆုံးတော့ နိုင်ပြီ!"
"ဒါက ဘယ်နားရှိသေးလို့လဲ? နိုင်ဖို့ဆိုတာ အစောကြီးရှိသေးတယ်" မော့ကျူးချန်က သူ့ကို စိုက်ကြည့်လာတယ်။
"ဘာနေနေ ငါနိုင်သွားတာပဲ" လင်ရှန်းပြုံးကာ အိစက်နေတဲ့ဆိုဖာကို နောက်မှီချလိုက်တယ်။
"ဂိမ်းက တော်တော်ပျော်ဖို့ကောင်းတာပဲ၊ လူတွေအများကြီး ဒါကို ကြိုက်ကြတာ အံ့ဩစရာမရှိတော့ပါဘူးလေ"
"ဟေး..." မော့ကျူးချန်ကလည်း သူ့အတိုင်းပဲ ဆိုဖာပေါ်ကို မှီချလိုက်တယ်။
နူးညံ့တဲ့နှစ်ယောက်ထိုင်ဆိုဖာက သိပ်တော့မကျယ်လှဘူး။
ဒီအနေအထားမှာ သူတို့တွေ ပုခုံးချင်းထိနေပြီး ခေါင်းချင်းလည်း ပူးကပ်လုနီးပါးဖြစ်နေတယ်။
"မင်းအရင်က ဂိမ်းတွေမဆော့ဖူးဘူးလား?"
"ဆော့တာပေါ့" လင်ရှန်း ပြောလိုက်တယ်။ "ဒါပေမယ့် မဆော့ဖြစ်တာ တော်တော်ကြာနေပြီ"
"ဪ" မော့ကျူးချန် ခဏလောက် အသံတိတ်သွားတယ် "ဒါဆိုလည်း အချိန်ကောင်းလေး ရသွားတာပေါ့"
သူ တွေးဆဆနဲ့ စကားလုံးအနည်းငယ်ကို နေရခက်စွာ ထပ်ဖြည့်ပြောလိုက်တယ် "မင်း ဆော့တာ ကောင်းပါတယ်!"
"ဟမ်?" ချီးကျူးလိုက်တဲ့အတွက် လင်ရှန်း ဝေခွဲမရဖြစ်သွားတယ်။
သူ ဆော့တာ ဘယ်လောက်တောင် သနားစရာကောင်းမှန်း သူ့ကိုယ်သူ သိပြီးသား။
တစ်ခေါက်ဆို မော့ကျူးချန် ဒေါသထွက်လွန်းလို့ သူ့ကို သုံးကြိမ်တိတိ "အရူးကောင်"ဆိုပြီး ကြိမ်းမောင်းခဲ့သေးတယ်။
"မဆိုးပါဘူး" မော့ကျူးချန် ဗလုံးဗထွေးပြောလိုက်တယ်။
"မင်း..." လင်ရှန်း မော့ကျူးချန်ကို အံ့ဩတကြီးကြည့်ကာ "မင်း အခုမှ မူးလာတာလား?"
"ငါ့ကိုများ မင်းလိုထင်နေတာလား?" ဒီအကြောင်းပြောလာချိန်မှာ မော့ကျူးချန် စိတ်တိုလာတော့တယ် "မင်းက ဘီယာလေးတစ်ဘူးတည်းနဲ့ တကယ်ကြီးမူးသွားရလား! မင်း အရူးလား?! မင်း မူးတယ်ဆိုရင်တောင်မှ မင်း..."
သူ ရုတ်ခြည်း ပါးစပ်ပိတ်လိုက်ကာ သူ့ကို အရှက်တကွဲဖြစ်စေမယ့် မေးခွန်းမျိုးကို ထပ်မပြောချင်တော့ဘူး။
"ဘာရှိသေးလို့လဲ?" လင်ရှန်း မေးလိုက်တယ်။
"ဘာမှ မဟုတ်ဘူး" မော့ကျူးချန် အကြည့်လွှဲလိုက်တယ်။
"ငါ မူးပြီး ရူးကြောင်ကြောင်ဖြစ်သွားလို့လား?" လင်ရှန်း သတိထားပြီး မေးလိုက်တယ်။
"မဟုတ်ဘူး" မော့ကျူးချန်က ခါးကိုမတ်နေအောင်ထိုင်ကာ "ဘာမှမပြောဘူးဆိုရင် ဘာမှမပြောလို့ပေါ့"
လင်ရှန်း "..."
ကောင်းပြီ
'မင်းကသာ ရုတ်တရက်ကြီး ဒေါသထထွက်တဲ့လူလေ ပြီးတော့ မပြောချင်တာကလည်း မင်းပဲ'
သူ့နှုတ်ခမ်းတွေကို တွန့်ချိုးလိုက်တယ်။ ကျောင်းမြက်ကြီးရဲ့ ဦးနှောက်လည်ပတ်ပုံက တအားကို ထူးဆန်းတယ်။
"ဟေး!" မော့ကျူးချန်က ကိုယ်ကို မတ်နေအောင် ထားထားတယ်။
သူတို့တွေက ပရိုဂျက်တာနဲ့ ဂိမ်းဆော့နေကြတာကြောင့် နားနေခန်းထဲကအလင်းရောင်က မှိန်ပျပျသာရှိတယ်။
ပရိုဂျက်တာမျက်နှာပြင်မှာလည်း ဂိမ်းရဲ့ပထမအဆင့်အောင်သွားတဲ့ပုံပဲရှိသေးပြီး ခပ်ဖျော့ဖျော့အလင်းရောင်က မော့ကျူးချန်ရဲ့မျက်နှာပေါ် ဖြာကျနေတယ်။
သူ့ရဲ့နှစ်လိုဖွယ်ဘေးတိုက်ပုံစံနဲ့ ထင်ရှားတဲ့မျက်နှာသွင်ပြင်ကို ပေါ်လွင်စေတယ်။
"ဘာလဲ?" လင်ရှန်း ပြန်မေးလိုက်တယ်။
"ငါ့ရဲ့နမ်းတဲ့စကေးက တကယ်ကြီး ဆိုးဆိုးဝါးဝါးဖြစ်နေလို့လား?" မော့ကျူးချန်က သူ့ကို ကြည့်တောင်မကြည့်ဘူး "မင်းကို ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ခံစားချက်ပဲ ရစေတာလား?"
'ကြောက်ဖို့ကောင်းတယ်?'
'နမ်းတဲ့စကေး?!'
'Sympathetic!'
'နှလုံးခုန်မြန်တာ!'
...
ခဏတွင်းချင်း လင်ရှန်းရဲ့စိတ်ထဲမှာ လျှပ်စီးလက်သွားသလိုဖြစ်ပြီး နားလည်ရခက်တဲ့စကားလုံးတွေက နောက်ဆုံးမှာ တစ်သားတည်းဖြစ်သွားတော့တယ်။
သူ မော့ကျူးချန်ကို ကြည့်လိုက်တယ်။
ဒါက... ဒါကို ဘယ်လိုပြောရမလဲ?
အဲ့တော့ သူ မူးနေတုန်းက ဘာတွေများပြောခဲ့တာလဲ?
ဒါက ကျောင်းမြက်ကြီးရဲ့ဂုဏ်သိက္ခာကို ထိခိုက်သွားစေတာပဲ။
လင်ရှန်းတစ်ယောက် မော့ကျူးချန်ရဲ့ မျိုးစုံသောသနားစဖွယ်သက်ရောက်မှုတွေကို မြင်သွားပြီး ဘယ်လိုဖြေမှန်းတောင် မသိတော့ဘူး။
"ပြောလေ" မော့ကျူးချန်က သူ့ကို ခေါင်းလှည့်ကြည့်လာကာ "မင်းက အပြောကောင်းတယ် မဟုတ်ဘူးလား?"
"အာ..." လင်ရှန်း ခေါင်းကုတ်နေမိတယ်။
မော့ကျူးချန် နမ်းတာက ကောင်းလား မကောင်းဘူးလားဆိုတာကို သူ ယှဉ်မှ မယှဉ်ကြည့်ဖူးတာ ဘယ်လိုလုပ်သိမှာလဲ?
"မင်းပဲ ပြောခဲ့တာမဟုတ်ဘူးလား..." မော့ကျူးချန်က နှုတ်ခမ်းကို တင်းနေအောင်ထားကာ လင်ရှန်း ပြောခဲ့တဲ့လေသံအတိုင်း "နှလုံးခုန်မြန်တာက sympathetic အာရုံကြောတွေ တက်ကြွလာလို့၊ ဒါက ပုံမှန်ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုပဲ စိတ်ပိုင်းဆိုင်ရာ မဟုတ်ဘူး"
"တကယ်ကြီးလား?" လင်ရှန်း ရေရွတ်လိုက်တယ် "ငါ ဒီလိုပြောခဲ့တာလား?"
သူ မူးသွားလို့ ဒီလိုပြောခဲ့တာလား?
လူတိုင်းက သောက်ပြီးသွားပြီဆိုရင် အမှန်တိုင်း ပြောတတ်ကြတာပဲ။
အဲ့တော့ သူ့ရဲ့နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာ မော့ကျူးချန်ရဲ့အနမ်းစကေးက ဆိုးရွားတယ်လို့ သူလည်း ခံစားမိနေတာလား?
လင်ရှန်း အတွေးထဲ မြောနေမိတယ်။
သူ ဆိုဖာပေါ်မှာ မှီနေတုန်းပဲ။ မော့ကျူးချန် ခါးမတ်ကာ ထိုင်လိုက်တယ်။
သူ ဒီလိုပြောနေတုန်းမှာပဲ သူ့ရဲ့ဘယ်ဘက်လက်ကို ဆိုဖာအနောက်ဘက်မှာ တင်လိုက်ပြီး လင်ရှန်းနားကို ဖြေးဖြေးချင်း ကပ်သွားလိုက်တယ်။
လက်ချောင်းသွယ်သွယ်တွေက လင်ရှန်းရဲ့ရင်ဘတ်ပေါ် အရင်ဆုံး ကျရောက်လာတယ်။
မော့ကျူးချန်အသံက အနည်းငယ်ရှတတဖြစ်နေတယ် "ဒီနေရာ..."
သူ့လက်ချောင်းထိပ်တွေက သူထိကပ်နေတဲ့နေရာကို အသာအယာဖိလိုက်တယ် "ဒီနေရာက ဗိုက်လား?"
လင်ရှန်းခမျာ အိစက်နေတဲ့ဆိုဖာမှာ ချောင်ပိတ်မိသလိုဖြစ်နေတယ်။
မော့ကျူးချန်ရဲ့လက်မောင်းက သူ့မျက်နှာနားမှာ။
သူတို့ရဲ့လက်ရှိအနေအထားက သူ့အတွက်တော့ ဆိုဖာနဲ့ မော့ကျူးချန်ရင်ဘတ်ကြားမှာ အကျဉ်းချခံထားရသလိုပဲ။
တစ်ဖက်လူသာ ထပ်တိုးလာမယ်ဆိုရင် သူ့နှုတ်ခမ်းတွေက...
လင်ရှန်း မသိစိတ်ကအလိုလို အတွေးတွေကို ပြန်ရုတ်သိမ်းလိုက်တယ်။
သူ့မျက်လုံးတွေကို ဖွင့်ကာ မော့ကျူးချန်ကို ကြည့်ပြီး ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်တယ်။
"အင်း အင်း" သူ ခေါင်းအသာငုံ့ကာ တစ်ဖက်လူရဲ့လက်ချောင်းတွေကို ကြည့်လိုက်တယ် "အဲ့တာက ဗိုက်"
"နှလုံးခုန်သံကို ခံစားလို့မရဘူးပေါ့?" မော့ကျူးချန်က ခပ်အုပ်အုပ်အသံနဲ့ မေးလာပြန်တယ်။
လင်ရှန်း "..."
သူက အကြိမ်ပေါင်းတစ်သောင်းလောက် ဒုံးဝေးတဲ့သူဖြစ်နေစေအုံးတော့ ပတ်ပတ်လည်မှာရှိနေတဲ့ ဟိုမရောက်ဒီမရောက်လေထုကြီးကို ခံစားမိလာတယ်။
လင်ရှန်းအသံကပါ ရှတတဖြစ်လာတော့တယ် "...အင်း"
သူ မပီမသပြောလိုက်တယ်။
"အဲ့တော့..." မော့ကျူးချန်က သိလိုစိတ်တွေနဲ့ ပြည့်နေတဲ့ ကျောင်းသားကောင်းလေးတစ်ယောက်လိုပဲ။
သူ လင်ရှန်းရဲ့မျက်လုံးတွေကိုကြည့်ကာ "နှလုံးခုန်သံကို ငါ ဘယ်နားမှာ စမ်းလို့ရမလဲ?"
"အပေါ်... အပေါ်နားမှာ" လင်ရှန်း မကြားတကြားပြောလိုက်တယ်။
သူ့အသံထွက်လာတာနဲ့ မော့ကျူးချန်ရဲ့လက်ချောင်းတွေက နာခံစွာနဲ့ အပေါ်နားကို အနည်းငယ်တိုးလာတယ်။
သူ့လှုပ်ရှားမှုတွေက သိပ်ကို ညင်သာလှတယ်။
ကျောင်းယူနီဖောင်းကုတ်နဲ့ ရှပ်အကျီကြောင့် လင်ရှန်း ဘာမှမခံစားမိသင့်ဘူး။
သို့ပေမယ့် မော့ကျူးချန်ရဲ့လက်ချောင်းထိပ်နဲ့ ထိသွားတဲ့နေရာက လောင်မြိုက်လာသလို ခံစားနေမိတယ်။
သူတောင်မှ မသိလိုက်မသိဖာသာ တွန့်သွားရတယ်။
"ဒီနား?" မော့ကျူးချန် မေးလိုက်ပြန်တယ်။
"မဟုတ်ဘူး အဲ့နား မဟုတ်ဘူး" လင်ရှန်း မလူးသာမလွန့်သာ ဖြစ်နေရပြီ။
"ဘယ်နားမှာလဲ?" မော့ကျူးချန် ခပ်ဟဟရယ်လိုက်တယ်။
ရုတ်တရက်ဆိုသလို သူ့လက်နဲ့ လင်ရှန်းရဲ့လက်ကိုဆွဲကာ သူ့ရင်ဘတ်ပေါ်ကို အားပါပါတင်လိုက်တယ်။
ရှည်သွယ်ပြီး အားမာန်အပြည့်လက်ချောင်းတွေက သူ့(လင်ရှန်း)ရဲ့ လက်ဖမိုးကို ဖိထားတာကြောင့် လင်ရှန်းက သူ့ရင်ဘတ်ကို ဖိထားရသလိုဖြစ်နေစေတယ်။
"ဒီနားမှာလား?" မော့ကျူးချန်က ခပ်အုပ်အုပ်အသံနဲ့ မေးပြန်တယ်။
သူ့မျက်လုံးတွေက နက်ရှိုင်းသထက် နက်ရှိုင်းလာပေမယ့် လေသံကတော့ ပိုလို့တောင် အပြစ်ကင်းဟန်ဖြစ်လာတယ်။
လင်ရှန်း "!!!"
'ဟုတ်တယ် ဒီနေရာပဲ!'
'ဒါပေမယ့် မော့ကျူးချန်က ဘာလုပ်နေတာလဲ?!'
'သေစမ်း သူ့နှလုံးခုန်သံကြီးက မြန်သထက်မြန်လာတာပဲ'
'ဒါက ကြောက်လို့မဟုတ်ဘူး၊ ဒါက...'
လင်ရှန်းရဲ့အတွေးတွေ အဆုံးမသတ်သေးခင် မော့ကျူးချန်က ရုတ်တရက် တိုးကပ်လာပြီး သူ့လေငွေ့က လင်ရှန်းမျက်နှာကို ဖြတ်တိုက်သွားတယ်။
အသက်ရှုသံကိုတောင် ကြားနိုင်ချိန်မှာ မော့ကျူးချန်က တိုးလျလျအသံနဲ့ ပြောလာတယ် "ဒါဆိုလည်း ငါ့နှလုံးခုန်သံကို နားထောင်ကြည့်၊ ပိုမြန်နေတာလား?"
သူပြောလို့ပြီးသွားတဲ့နောက်မှာ သူ့ရဲ့အနည်းငယ်အေးစက်နေတဲ့နှုတ်ခမ်းတို့ ကျရောက်လာတော့တယ်။
မော့ကျူးချန်ရဲ့နှလုံးခုန်သံက အရှိန်မြန်လာလားဆိုတာကိုတောင် လင်ရှန်း မခံစားမိတော့ဘူး။
သူ့ကိုယ်ပိုင် နှလုံးခုန်သံက မြန်သထက်မြန်လာတာကိုသာ ကြားနေရတယ်!
ပိုပြီးလည်း ကျယ်လောင်လာတယ်!
နောက်ဆုံးမှာတော့ သူ့နားတွေထဲမှာ မိုးကြိုးလျှပ်စီးသံတွေလိုသာ ကြားမိနေတော့တယ်။
_____
Thanks 🌹