ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...
By Change_7
742K 64.6K 6.6K
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More
Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)
အပိုင်း✨🍁(၂၇)
9.1K 907 110
By Change_7
ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၇)
"အရှင့်...."
ဧကလေး သူမေးတာကိုမဖြေပဲ စနေသည့် အရှင့်ကြောင့် ကုန်းအော်ရင်း ဆူပုတ်ပုတ်လေးဖြစ်သွားသည်။ဒီဘုရင်က ကြာလေ မျက်နှာပြောင်‌လာလေဟု သူထင်မိသည်။
"အဟွန်း!!!!"
ဒဝီဦးခိုက်မှာတော့ ကိုယ်စနောက်လိုက်သည့်အတွက်‌ဆူပုတ်ပုတ်‌လေးဖြစ်နေသောသျှင်းငယ်ကြောင့် သဘောတကျပြုံးမိသည်မှာ ထိန်းပင်မရချေ။
ထိုအချိန် မှန်နန်းဆောင်ထဲသို့ ကိုယ်ရံတော် မဏိဝင်ရောက်လာသည်။
"အရှင်..."
"အင်း မဏိ..ကိစ္စတစ်စုံတစ်ရာများရှိလို့လား..."
"တကောင်းပြည့်ရှင်သတိုးသင်္ခရောက်တော်မူလာပြီး အရှင်နှင့်တွေ့ခွင့်တောင်းနေပါတယ်အရှင်..."
"ကောင်းပြီ..စားသောက်ပွဲပြင်ဆင်ထားလိုက်ပါ ဧည့်သည်ကိုသေချာဧည့်ခံတွေ့စုံရမှာပေါ့..."
"အမိန့်တိုင်းပါအရှင်..."
မဏိ ဦးညွှတ်နှုတ်ဆက်ပြီး အရှင့်အမိန့်အတိုင်းဆောင်ရွက်ရန် ပြင်ဆင်လိုက်သည်။
"တကောင်းပြည့်ရှင်ဟုတ်လား...အရှင်..."
"အင်း!!သျှင်းငယ်သိလား..."
"ဟင့်အင်း မသိပါဘူးဗျ...တကောင်းဆိုတာက်ို ကြားဖူးသလိုရှိလို့..."
တကောင်းရာဇဝင်ထဲကမောင်ပေါက်ကျိုင်းဆိုပြီး အိပ်ယာဝင်ပုံပြင်တွေထဲ သူကြားဖူးသည်။ မအိပ်မနေအသက်ရှည်၊မေးပါများစကားရ၊သွားပါများခရီး‌ရောက်ဆိုပြီး စကားသုံးခွန်းနှင့်အတူ နဂါးကြီးကိုသတ်ပြီးဘုရင့်သမီးတော်ကိုအရယူနိုင်ခဲ့သည်ဟူ၍ ပါးပါးပြောပြဖူးသည်။ယုံတမ်းစကားသပ်သပ်ပဲလား၊ တကယ်ရာဇဝင်မှာရှိခဲ့တာလား ၊ အိပ်ယာဝင်ပုံပြင်ပဲလားဆိုတာတော့ သူသေချာမသိပေ။သို့ပေမယ့် ဒီလောကကြီးက လိုက်မမှီနိုင်လောက်သည့် ဆန်းကျယ်မှုမျိုးစုံရှိသည့်အတွက် ဧကလေး ထိုပုံပြင်ကို ယုံသည်။
"ဟုတ်ပါပြီဗျာ..တကောင်းပြည်နယ်ကလည်း ဖွံ့ဖြိုးတိုးတတ်နေဆဲပြည်နယ်တစ်ခုပါပဲ...စီးပွားရေးလုပ်ငန်းကတော့ ကိုယ်တော်တို့သရေခေတ္တရာလိုမျိုးပဲ အိုးဖုတ်ခြင်းနဲ့တခြားလက်မှုပညာတွေလုပ်ကိုင်တယ်...ယခုလက်ရှိ အုပ်ချုပ်နေတာက
သတိုးသင်္ခတဲ့ ကိုယ်တော်တို့နဲ့ တက္ကသီလတုန်းကတော့ ပညာသင်ဖော်တွေပေါ့...."
"ဟုတ်လား အဲ့ဒါဆို ကျောင်းနေဖက်သူငယ်ချင်းတွေပေါ့..."
"အဲ့ဒီလိုလည်းမရင်းနှီးဘူး...."
"ဪ ရှုပ်နေပြီ...ဟီး ခု သူကရောက်လာတာ‌ဆိုတော့ အရှင်ဧည့်ခံရမှာပေါ့..."
"အွန်း!!!"
"သောက်ကြစားကြမှာလား..."
"နည်းနည်းပါးပါးတော့ပါမယ်ထင်တယ်..."
"ဟွန့်..."
ဧကလေး နှာခေါင်းကိုအသာရှုံ့လိုက်မိသည်။သူကြည့်ဖူးသည့် ကိုရီးယားနန်းတွင်းကားထဲကအတိုင်းဆိုလျှင် ဘေးမှာ လှပချောမောတဲ့အပျိုတော်လေးများက သေရည်ငှဲ့ပေးခြင်း၊ယပ်‌ခပ်ပေးခြင်းနှင့်ကယုကယင် လုပ်ကြလေ့ရှိသည်။ထိုအတိုင်းသာ အရှင့်အနားလုပ်နေကြပါက မဖြစ်သေးပေ။
"အဟမ်း!!!ကျွန်တော်လည်းလိုက်လို့ရလား..."
ဧကလေး လည်ချောင်းရှင်းရင်း ခပ်တည်တည်ဖြင့်မေးလိုက်သည်။
"သျှင်းငယ် လိုက်ချင်လို့လား..."
"ဟုတ် လိုက်ချင်တယ်..."
ဒဝီဦးခိုက် ခဏစဉ်းစားသလိုငြိမ်သွားသည်။သတိုးသင်္ခက ဘာအတွက်ကြောင့်လာသည်လည်းဆိုတာ မသိရသေးသလို သျှင်းငယ်အား တစ်စုံတစ်ယောက်က စိတ်ဝင်တစားကြည့်ပြီး မေးမြန်းလာမှာကိုလည်းမလိုလားပေ။အကယ်၍ သတိုးသင်္ခက မှောင်ခိုကိစ္စဖြင့်ရောက်လာသည်ဆိုပါက မပြေလည်မှုတွေကြား သျှင်းငယ်အနေရကျပ်နေမည်ကိုလည်းဆိုးသည်။
ဧကလေး သူ့ကိုကြည့်ရင်း စဉ်းစားနေပုံရသော အရှင့်ကြောင့် သူ့ကိုမလိုက်စေချင်လို့များလားဟုတွေးရင်း မဆိုစလောက်လေး ဝမ်းနည်းသွားရသည်။
ဟုတ်သည်လေ။တိုင်းပြည်နှစ်ခုရဲ့ဘုရင်နှစ်ပါးတွေ့စုံပွဲမှာ သူက ဘာလိုက်လုပ်မှာလဲ။အလုပ်ရှုပ်ရုံပဲအဖက်တင်ပေလိမ့်မည်။သူတို့အချင်းချင်း အရေးကြီးလျှို့ဝှက်ကိစ္စများပြောစရာရှိပါက သူရှိနေသဖြင့်ပြောရသည်မှာ အဆင်ပြေလိမ့်မည်မဟုတ်ပေ။
ကိုယ်စိတ်မချတာတစ်ခုထဲအတွက် နှောင့်ယှက်နေလို့မဖြစ်ဟုနားလည်လိုက်သည်။
ဒဝီဦးခိုက် ဖျော့ကျသွားသော မျက်ဝန်းပြာလေးများကိုမြင်လိုက်ရသည့်အခိုက် ကောင်ငယ်လေး အတွေးလွန်မှာဆိုးသည့်အတွက်
"လိုက်ခဲ့ပါ သျှင်းငယ်..."
"ဗျာ..."
"ကိုယ်တော်နဲ့အတူ လိုက်ခဲ့..."
ဧကလေး မထင်ထားသောကြောင့် အံ့ဩတကြီးမေးလိုက်သည်။
"တကယ်လိုက်လို့ရတယ်လား..."
"အွန်း....."
"အရှင်တို့အနှောင့်အယှက်ဖြစ်မှာစိုးမိတယ်..."
"ကိုယ်တော့်ကိုကြည့်နေသ၍ မဖြစ်ပါဘူး..."
"ဗျာ..."
"ကိုယ်တော့်ဆီပဲ သျှင်းငယ်အာရုံအလုံးစုံရှိနေသ၍ မဖြစ်ပါဘူး...သို့ပေမယ့် တစ်ယောက်ယောက်ဆီ သျှင်းငယ်အာရုံရောက်သွားရင်တော့ ကိုယ်တော့်ဒီနေရာက အတော်လေးအနှောင့်အယှက်ဖြစ်မိမယ်ထင်တယ်...."
ဒဝီဦးခိုက် သူ့ရင်ဘက်သူပုတ်ပြရင်းပြောလိုက်သည်။
ဧကလေးမှာတော့ ရင်ခုန်ရှက်ရွံ့စိတ်ကြောင့် မျက်နှာလေးများတင်မက ‌တစ်ကိုယ်လုံး မက်မွန်သီးလေးသဖွယ် နီရဲလာကာ ရှေ့မှ အရှင့်ကိုကြည့်ပြီး ကိုက်ချင်စိတ်များပေါ်လာရသည်။
*ဒီစကားတတ်လွန်းတဲ့ လူကြီးကိုဘယ်လိုလုပ်ရပ...*
"လူလည်ကြီး..."
"အဟွန်း!!!သျှင်းငယ်ဘာပြောတာလဲ ..ဟင် ကိုယ်တော်သေချာမကြားလိုက်ရလို့..."
"ဘာမှမဟုတ်ဘူး ...တကယ်ပဲ အရှင့်ကိုသံသယဝင်လာပြီဗျ..."
"ဘာတွေသံသယဝင်ရတာပါလဲ သခင်လေးဗျ..."
"ဒီလောက်စကားတွေတတ်တာ...အရှင် ရိုးမှရိုးရဲ့လား...ပြော ဘယ်နှစ်ယောက်ကိုများခုလိုစကားတွေနဲ့ ချွေယူခဲ့ပြီးပြီလဲ... "
"အဟွန်း!!!သျှင်းငယ်တစ်ယောက်ထဲကိုပဲပြောဖူးတာပါ...ဘယ်သူ့ကိုမှစိတ်နဲ့တောင် မပြစ်မှားပါဘူး သခင်လေးဗျ...ကျွန်တော်မျိုးအချစ်တွေက သခင်လေးတစ်ဦးထဲ အတွက်ပဲ ဖြစ်ပေါ်လာတာပါခင်ဗျ...."
ဒဝီဦးခိုက် ရွှတ်နောက်နောက်ပြောလိုက်ရာ ဧကလေးသဘောတကျရယ်တော့သည်။
"ဟီးးဟီး မောင်မင်းတော်တယ်..."
"အဟွန်း!!!ဒီတော်တဲ့ မောင်မင်းကို သခင်လေးက ဆုမချီးမြှင့်တော့ဘူးလားခင်ဗျ..."
"မောင်မင်း ဘာဆုလိုချင်လဲဆိုတာ ပြောစေသတည်း....ဒီကသခင်လေးက အကုန်ဖြည့်ဆည်းပေးတော်မူမယ်..."
"တစ်ခုထဲတောင်းမှာပါဗျ...တစ်ခါထဲပါပဲသခင်လေးဗျ..."
"ဘာများလဲ မောင်မင်း...ဒီကသခင်လေးက သိချင်လှပြီကွဲ့...."
"အဟွန်း!!! သခင်လေးရဲ့နှဖူးတော်နုနုလေးပေါ်မှာ ဟောဒီကမောင်မင်းရဲ့ အနမ်းလှလှလေးတစ်ပွင့် ချွေချခွင့်ပါ သခင်လေးဗျ..."
ပြုံးစစနှင့်အရှင့်စကားအဆုံး...
"ဟာ‌ဗျာ..."
"ခွင့်ပြုပေးနိုင်မလားဗျ..."
"ဒါအရှင်သပ်သပ်မဲ့..."
"ခွင့်မပြုဘူးဆိုလည်းရ..."
ဒဝီဦးခိုက်စကားပင်မဆုံးလိုက်ရ....
"ဟီး...ခု လာနမ်း...လာလာ..."
(# ဟ ငါ့သားရယ်မူပါဦး :3 )
"အဟွန်း!!!"
ဒဝီဦးခိုက် သဘောတကျပြုံးရင်ပင် နှဖူးတော်နုနုထက် တစ်ခဏတာမျှ ဖိကပ်နမ်းရှိုက်လိုက်သည်။ထိုယင်နားရုံမျှကြာသည့်အချိန်ခဏလေးတွင်ပဲ ဒဝီဦးခိုက် ထိုအမျိုးသားငယ်လေးကို အဘယ်နည်းနဲ့မျှ ထိခိုက်ခြင်းမခံနိုင်ကြောင်းပိုမိုသိရှိခဲ့သည်။
ဆုံးရှုံးသွားမှာလည်းကြောက်မိသည်။နှစ်ခါအတည်ပြုစရာမလိုသည့်မေးခွန်းတစ်ခု၏အဖြေဟာ သူ့နှလုံးသားထဲထပ်ကာထပ်ကာရေရွတ်နေခဲ့သည်။
ဧကလေး အရှင့်ရင်ခွင်ထဲမှ ကိုယ့်နှဖူးကိုယ်ပွတ်ရင်း ရှက်ဝဲဝဲလေးပြုံးလိုက်သည်။
ခုချိန်သူ့ရုပ်ကိုယ်သူမှန်ထဲပြန်ကြည့်မိပါက ကျေနပ်ပီတိဝေဖြာနေသော ရုပ်ကြီးကိုမြင်ရမည်ဆိုတာ မှန်မကြည့်လည်းသိနေသည်။
*ရူးလို့ မူရမှာလား....နှဖူးလေးနမ်းတာ အသားတွေပဲ့ပါသွားတာမှမဟုတ်တာ...မသကာ နှလုံးခုန်သံလေးတွေပဲ့ပါသွားရုံတင်...ဟိဟိ...*
******
မဏိ အရှင့်အမိန့်တိုင်း ‌သေချာစွာပြင်ဆင်ပြီးသည့်နောက် တကောင်းပြည့်ရှင်ထံသွားရောက်အကြောင်းကြားလိုက်သည်။
"ကိုယ်ရံတော်မဏိက လာရောက်အကြောင်းကြားပါတယ်အရှင် ...အဆောင်တော်သို့ ကြွချီတော်မူလို့ရပါပြီ အရှင်..."
သတိုးသင်္ခ ဝတ်ရုံတော်ကို သေချာပြင်ဆင်ရင်း လျှောက်တင်ချက်ကို ခေါင်းညိတ်ပြလိုက်သည်။ထူထဲနေသောမျက်ခုံးတော်တစ်စုံစုကြုံ့ထားပုံမှာ မာန်အပြည့်နှင့်ဖြစ်သည်။ကြေးမုံပြင်ထဲရှိ မိမိ၏ခန့်ညားသည့်ရုပ်သွင်ပြင်ကို စူးစိုက်ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။
မကြာခင်အချိန်တွင်း သူတွေ့ချင်သောသူနဲ့တွေ့ရတော့မည်ဖြစ်သလို သူမျက်နှာချင်းမဆိုင်ချင်လောက်အောင်မုန်းသည့်လူနှင့်လည်း အောင့်အီးသည်းခံ တွေ့စုံရပေဦးမည်။
ထို့နောက် သတိုးသင်္ခထိုအဆောင်တော်ဘက်ဦးတည်လိုက်သည်။
ဘေးမှကိုယ်ရံတော်တိက္ခသည်လည်း အရှင်နှင့်ထပ်ကြပ်မကွာ လိုက်ပါလာသည်။
******
စားသောက်ပွဲပြင်ဆင်ထားရာအဆောင်ထဲတွင် အပျိုတော်လေးများ ခြေလှမ်းမမှားအောင်သတိထားရင်း သတိကြီးစွာပြင်ဆင်နေကြသည်။နတ်ဖုရားများသဖွယ်ချောမောခန့်ညားသော ပုဂ္ဂိုလ်များရှေ့တွင် အသက်ရှူးမမှားအောင်အနိုင်နိုင်ထိန်းချုပ်နေရသည်။
ဧကလေး အရှင့်ဘေး ခပ်ခွာခွာနေရာတွင်ထိုင်ရင်း အဆောင်တော်ထဲမှ အပျိုတော်များလုပ်ကိုင်သည်များကို မေးထောက်ရင်းလိုက်ကြည့်နေမိသည်။
အသံတစ်ချက်မထွက်အောင် စနစ်တကျလုပ်ဆောင်သွားသည်မှာ သေသပ်လှသည်။
အရှင့်ကတော့ အိန္ဒြေရစွာပင် တည်တည်ငြိမ်ငြိမ်ထိုင်နေကာ ရှေ့တည့်တည့်ကိုရှူနေသည်။ခုချိန်ထိတော့ တကောင်းပြည့်ရှင်ဆိုသည့်သူရောက်မလာသေးပေ။
အလှများပြင်နေတာလားဟု ပေါက်ပေါက်ရှာရှာတွေးရင်း ရယ်ချင်လာသည့်စိတ်ကထိန်းမရ။ထို့ကြောင့် ဘေးကခွက်ထဲ ရေလာဖြည့်ပေးသောအပျိုတော်လေးအား ပြုံးပြလိုက်သည်။သရေခေတ္တရာမှ အမျိုးသမီးများအလုံးက အမှန်တကယ်လှပကြသည်ဆိုတာ ဧကလေး လက်ခံမိသည်။သူကအဖြောင့်ဖြစ်သည့်အတွက် ငမ်းသင့်သလောက်ကတော့ ငမ်းမည်ပဲဖြစ်သည်။ကွေးသည်ဆိုတာကလည်း Limited only one အတွက်ကွေးသည်ပဲမဟုတ်လား။
အပျိုတော်လေးမှာတော့ ‌ဗိဿနိုးမင်းသားလေးက ပြုံးပြသောကြောင့် လက်တွေပင်တုန်သွားကာ နေရာမှာတင်ပျော့ခွေသွားချင်စိတ်ကို ကျားကန်ဆွဲထားရသည်။
အသားဖြူဖြူ ၊မျက်ဝန်းပြာပြာလေးများနှင့် သခင်လေးသျှင်းဓနနောင်ဟာ နန်းတွင်အပျိုတော်များ၏ အိမ်မက်ထဲမှ နတ်သားလေးပင်။ထိုနတ်သားလေးဘေး အမြဲရှိနေတတ်သော တည်တင်းသည့်နတ်ဖုရားကြီးကြောင့်သာ သူတို့ ငေးကြည့်ခွင့်တောင်မရခဲ့သည်ပဲမဟုတ်ပါလား။အခုလို နတ်သားလေးက သူမတို့ကိုပြုံးပြသည်ဆိုသည်မှာ အိမ်မက်ထဲတောင် မမက်ဖူးသည့်အရာပင်မဟုတ်ပါလား။
နားနေဆောင်ပြန်ရောက်ရင် အကုန်လုံးကိုပတ်ကြွားပစ်ရမည်ဟုတေးထားရင်း အပျိုတော်လေးမှာလည်း လှပချိုသာစွာပြန်ပြုံးပြလိုက်သည်။
ထိုအချိန် အဆောင်တော်ထဲသို့ တကောင်းပြည့်ရှင်သတိုးသင်္ခဝင်ရောက်လာသဖြင့် ယဉ်ကျေးသမှုပြုကာ ဒဝီဦးခိုက်ထ၍ အချင်းချင်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ဧကလေးသည်လည်း ရောယောင်နှုတ်ဆက်လိုက်သည်။
"မတွေ့ရတာကြာပြီပဲ အရှင်ဒဝီဦးခိုက်..."
"အင်း ...အတော်လေးကြာခဲ့ပြီ...အရှင်သတိုးသင်္ခ ကျန်းမာတော်မူပါလေ..."
"ကျန်းမာပါတယ် အရှင်ဒဝီဦးခိုက်...ငယ်ငယ်တုန်းကလိုပဲ ပေါ့ပေါ့ပါးပါးပြောကြတာပေါ့..."
"ကောင်းပါပြီ...ဘာကိစ္စများရှိလို့ သရေခေတ္တရာထိရောက်လာတာပါလဲ..."
"အဟွန်း!!ဖြည်းဖြည်းချင်းပြောတာပေါ့..အရမ်းအရေးမကြီးပါဘူး...ဒါနဲ့သူက..."
သတိုး မသိချင်ယောင်ဆောင်ကာ ဘေးမှ မျက်ဝန်းပြာလေးနှင့်ကောင်လေးအားမေးလိုက်သည်။သတိုးခန့်မှန်းထားသည့်အတိုင်းပင် ဒဝီဦးခိုက်နှင့်တွေ့စုံပွဲမှာ ထိုကောင်လေးပါလာသည်။ထို့ကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးက ကြားနေရသည်ထက်တောင် ပို၍နက်ရှိုင်းမည်ဆိုတာသိလိုက်သည်။
စိတ်မကောင်းစရာတစ်ခုက ကိုယ်ကနောက်လူဖြစ်နေသော်လည်း လွယ်လွယ်ကူကူအလျှော့ပေးမည်တော့မဟုတ်ချေ။
"သျှင်းဓနနောင်လို့ခေါ်ပါတယ်...အရှင်သတိုးသင်္ခ...."
ဧကလေး သူ့ကိုမေးလာသောကြောင့် ထိုလူ့အားမော့ကြည့်ပြီး ပြောလိုက်သည်။
စူးနစ်စွာကြည့်နေပါသောမျက်ဝန်းနက်များကိုတွေ့ခိုက် ဧကလေးစိတ်ထဲ ထိုအကြည့်များကို တစ်နေရာတွင်မြင်ဖူးနေသလိုခံစားလိုက်ရသည်။ရုတ်တရက်ဖြစ်သည့်အတွက် ဘယ်နေရာလည်းဆိုတာ မမှတ်မိဖြစ်နေသည်။သို့သော် ဧကလေး ချက်ချင်းအကြည့်လွှဲပြီး အရှင့်ဘက်ကိုကြည့်လိုက်သည်။
ဒဝီဦးခိုက် သျှင်းငယ်အား ရီဝေစူးရှစွာကြည့်နေသော သတိုးသင်္ခ၏အကြည့်များကို မနှစ်မြို့စွာပဲ မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ရာရာစစ ဘယ်သူ့ဟာကို လာရောက်ကြည့်ရဲရတာလဲ။
"သျှင်းဓနနောင်တဲ့လား...အဟွန်း ကိုယ်တော့်ကို ရင်းရင်းနှီးနှီးသတိုးလို့ခေါ်လို့ရပါတယ်..."
ဧကလေး ဘာမှပြန်မပြော ဘာအမူအရာမှလည်းပြန်မပြပဲနေလိုက်သည်။
အရှင့်၏တည်တင်းနေသော မျက်နှာတော်ကြောင့် ရှေ့ကထိုလူအစား သူကနေရခက်လာသည်။ထိုလူ၏‌ရဲတင်းလွန်းသော အကြည့်များကြောင့် အရှင်ဒေါသထွက်နေပြီဆိုတာ ခန့်မှန်းမိသည်။ထို့ကြောင့် အာရုံလွှဲသည့်အနေဖြင့်
"အရှင်...ကျွန်တော်တို့သုံးဆောင်ကြစို့လေ..."
"အွန်း!!သျှင်းငယ်....သုံးဆောင်တော်မူပါ အရှင်သတိုးသင်္ခ..."
ဒဝီ ခပ်တည်တည်ပဲပြောလိုက်သည်။
သတိုးမှာတော့ ကိုယ်တောင်ဘာမှသေချာမဆွရသေး အကြည့်လေးနဲ့တင် တပ်ပျက်နေပါသော ဒဝီဦးခိုက်ကြောင့် မသိမသာမဲ့ပြုံးပြုံးလိုက်သည်။
"ဪ ဒါနဲ့...သျှင်းဓနနောင်က ဗိဿနိုးကမင်းသားအငယ်လေးလား..."
"ဟုတ်ကဲ့..."
"ဒါဆို အရှင်ဒဝီဦးခိုက်ရဲ့ ယောက်ဖတော်လေးပေါ့ အဟွန်း!!! ကိုယ်တော်ကတော့ တခြားသတင်းတွေကြားထားသလားလို့..."
ဒဝီဦးခိုက် ခုံအောက်မှ လက်သီးကိုတင်းတင်းဆုပ်လိုက်မိ၏။လှောင်ပြောင်ဟန်အပြည့်နှင့် သူ့စကားတွေက ဘယ်ကိုဦးတည်ချင်နေသလဲဆိုတာ ဒဝီဦးခိုက်ကောင်းကောင်းသိသည်။နန်းဆောင်ပေါ်ထိ တကူးတက ဘယ်လိုသတ္တိမျိုးနဲ့များ လာစော်ကားရဲရတာလဲ။
"ဟုတ်ကဲ့...ပြဿနာတစ်ခုခုရှိလို့လားဗျ..."
"???"
သတိုး သျှင်းဓနအမေးအား နားမလည်သလိုကြည့်လိုက်ရာ
"အရှင်သတိုးသင်္ခက တခြားသတင်းတွေကြားတယ်ဆိုလို့လေ အရှင်သတိုးသင်္ခအတွက်တစ်ခုခုများပြဿနာရှိလို့လား..."
ဧကလေး ပြုံးပြုံးလေးပြောလိုက်သည်။
ဒီလောက်တော့ ဧကလေး မအပါ။ထိုလူ့စကားတွေက ဘာကိုရည်ရွယ်နေလည်းဆိုတာ သူရိပ်မိသည်။အရှင့်ဂုဏ်သိက္ခာကို ထိပါးပြောဆိုတာမျိုး သူလက်ခံနိုင်မည်မဟုတ်ပေ။
"မရှိပါဘူး..အဟွန်း !!ထူးဆန်းနေသလားလို့အစကတွေးနေမိတာ...အခုမျက်မြင်ကိုယ်တွေ့ကြုံမှပဲ ထူးဆန်းချင်စရာလေးမို့ ထူးဆန်းသွားတယ်ဆိုတာသိလိုက်ရတယ်..."
(#သူ့အဟွန်းကဖြတ်ရိုက်ချင်စရာ>•<)
စားပွဲဝိုင်းတစ်ခုတွင်ထိုင်နေသောလူသုံးယောက်၏ တင်းမာနေသောအငွေ့အသက်များကြောင့် အပျိုတော်လေးများမှာလည်း အသက်တောင်မရှူဝံ့သည်အထိဖြစ်နေကြသ ည်။
ဧကလေး ခုံအောက်မှ အရှင့်လက်ပေါ်ကိုသွားရောက်အုပ်ကိုင်လိုက်သည်။အရှင်ဘယ်လောက်ဒေါသထွက်နေပြီလည်းဆိုတာ ထောင်ထနေသော နားထင်ကြောများမှတစ်ဆင့် သူသိသည်။သူ့အတွက်ကြောင့် တင်းမာမှုတွေဖြစ်ပြီး တိုင်းပြည်နှစ်ခု မကျေလည်ဖြစ်ရမည်ဆိုလည်း ဧကလေး ကိုယ့်ကိုကိုယ်အပြစ်တင်လို့ဆုံးမည်မဟုတ်ပေ။သူ့အတွက်ကြောင့် အရှင့်ကိုမထိခိုက်စေချင်ပါ။
"အရှင်သတိုးသင်္ခဘာကိုဆိုလိုချင်တာလဲ..."
ဒဝီဦးခိုက် ‌စိုးရိမ်တကြီး လာရောက်ဆုပ်ကိုင်သော လက်လေးကို ပြန်လည်ဆုပ်က်ိုင်ထားရင်း တည်တည်ငြိမ်ငြိမ်ပဲမေးလိုက်သည်။သျှင်းငယ်ရှေ့တင်းမာသောအမူအယာများကိုမပြချင်ပါ။
"ဪ...ကိုယ်တော်က သတင်းတစ်ချို့ကြားမိလို့ပါ အဟွန်း!! သိပ်အရေးကြီးကိစ္စတော့မဟုတ်ပါဘူး...ဆက်သုံးဆောင်ကြရအောင်လေ စားစရာတွေအေးကုန်ပြီ...အရှင်ဒဝီဦးခိုက်ကို သေရည်တစ်ခွက်နဲ့ဂုဏ်ပြုပေးပါရစေ..."
"ကျေးဇူး...အရှင်သတိုးသင်္ခကိုလည်း သေရည်နဲ့ ဂုဏ်ပြုပါ‌ရစေ..."
ဒဝီဦးခိုက် ပြောရင်း ထည့်ပေးလိုက်သည်။
ထို့နောက် သေရည်ခွက်ကို တစ်ရှိန်ထိုးမော့ချပစ်လိုက်သည်။
သျှင်းငယ်လည်း သက်တောင့်သက်တာ‌မရှိလှသော စားပွဲဝိုင်းတွင် ဆက်ထိုင်ချင်စိတ်မရှိတော့သဖြင့် အရှင့်နားကပ်ကာ..
"အရှင် ကျွန်တော် ပြန်နှင့်လို့ရလားဟင်..."
"ပြန်ချင်နေပြီလား...ဒီအဆောင်က ကံ့ကော်ဆောင်နဲ့ဝေးတယ် သျှင်းငယ်တစ်ယောက်ထဲဖြစ်နေလိမ့်မယ်..ရာဇကုဋေနန်းဆောင်တော်ထဲသွားနေလိုက်နော် ကိုယ်တော်ပြန်လိုက်ပို့ပေးမယ်..."
"ဟုတ် အရှင်..."
ထို့နောက် ဧကလေး မကောင်းတတ်၍
တကောင်းပြည့်ရှင်ဆိုသည့်လူဘက်ပါလှည့်၍နှုတ်ဆက်လိုက်သည်။
"ခွင့်ပြုပါဦး..."
"ကောင်းပါပြီ ဂရုစိုက်ပြန်ပါ မင်းသားငယ်သျှင်းဓနနောင်..."
သတိုးသင်္ခပြုံးရင်းပင် ပြောလိုက်သည်။
ကိုယ့်ကိုမလိုလားသည့်အရိပ်အယောင်များသိသိသာသာထုတ်လွှတ်နေပါသော မျက်ဝန်းပြာလေးကိုကြည့်ရင်း သတိုးသင်္ခမချင့်မရဲဖြစ်ရသည်။စတောင်မစရသေးသည့် သူ့အစီအစဉ်ကရလာဒ်ထွက်နေပြီလား။
သျှင်းငယ် ထွက်သွားပြီးနောက် ဒဝီဦးခိုက် ခုံပေါ် သေရည်ထွက်ကို အသာချကာ
"လာရင်းကိစ္စကိုပြောချိန်တန်ပြီထင်ပါတယ် အရှင်သတိုးသင်္ခ..."
"အဟွန်း!!ကောင်းပါပြီ...မှောင်ခိုကိစ္စမှာ အရှင်ဒဝီဦးခ်ိုက်ဘက်က ဖမ်းဆီးရမိတဲ့ လူတွေကို ကျုပ်ဆီလွှဲပေးစေချင်ပါတယ်...."
လေသံတွေ မျက်နှာ‌ထားတွေကအစပြောင်းလဲသွားသော သူတို့နှစ်ဦးကြား အစေခံတစ်ချို့အား ဒဝီဦးခိုက် ထွက်သွားစေလိုက်သည်။
"အဟွန်း!!!လွယ်လှချည်လား..."
(#ချိုသာလိုက်တာအရှင်ရယ်(。♡‿♡。))
"မင်းလိုချင်တဲ့ သတင်းအကြောင်းအရာတွေရပြီးပြီလို့ ကျုပ်ယူဆတယ်...ကျုပ်ဘက်ကလည်း ကျုပ်တိုင်းပြည်အတွက် မေးမြန်းစရာတွေရှိသေးတယ်..."
"ကောင်းပြီလေ...အကျဉ်းသားတွေကို ထည့်ပေးလိုက်မယ်...အဲ့ဒီအတွက် အပေးအယူတစ်ခုအနေနဲ့ မင်းဘက်က ဖွက်ထားတဲ့လူကိုထုတ်ပေး..."
"ဖွက်ထားတဲ့သူ...အရှင်ဒဝီဦးခိုက် တစ်ခုခုအထင်မှားနေပုံပဲ...ကျုပ်ဖွက်ထားတဲ့သူမရှိဘူး...."
"စက္ကတေး...မှောင်ခိုဈေးကွက်ရဲ့ ခေါင်းဆောင် တစ်ဖြစ်လည်း မင်းရဲ့ ကိုယ်ရံတော်...စက္ကတေး..."
သတိုးသင်္ခ ခဏတမျှ အံ့ဩစိတ်ကြောင့်ကြောင်သွားသည်။စက္က‌တေးဆိုသည်က လွန်ခဲ့သောတစ်နှစ်က နန်းတွင်းစည်းကမ်းတွေကို ချိုးဖောက်သောကြောင့် တိုင်းပြည်ကနှင်ထုတ်ခံရသော လက်ဝဲကိုယ်ရံတော်ပင်မဟုတ်ပါလား။သစ္စာဖောက်က ရာရာစစ သူ့တိုင်းပြည်ကိုမှောင်ခိုပြုလုပ်ရဲရတယ်လို့။
"အရှင်ဒဝီဦးခိုက် တစ်ခုခုအထင်လွဲနေပုံပဲ..ကျုပ်ဆီမှာ အဲ့နာမည်နဲ့ကိုယ်ရံတော် လွန်ခဲ့သော တစ်နှစ်ကတည်းက မရှိတော့ဘူး...."
ဒဝီဦးခိုက် သတိုးသင်္ခမျက်နှာပေါ်မှပြောင်းလဲသွားသော အမူအရာများအရ အမှန်တကယ်မသိသေးဘူးဆိုတာ သိလိုက်ရသည်။
"အဟွန်း!!!အဲ့ဒါဆိုလည်း ဘယ်တတ်နိုင်မလဲ...ကျုပ်နည်းကျုပ်လမ်းနဲ့ပဲရှာဖွေရတော့မှာပေါ့...."
သတိုးသင်္ခစိတ်တိုစွာပင် ရှေ့မှ အရက်ထည့်ထားသည့်ခွက်အား ဆက်တိုက်ဆိုသလိုမော့ချလိုက်သည်။
အချိန်အတော်ကြာနှစ်ယောက်သား ထိုင်သောက်နေပြီးနောက်
"အချိန်လည်းလင့်ပြီဆိုတော့ ခွင့်ပြုပါဦး အရှင်ဒဝီဦးခိုက်...သေချာဧည့်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်...."
"ရပါတယ်...အေးချမ်းစွာအနားယူပါ..."
ဒဝီဦးခိုက်စကားဆုံးသည်နှင့် သတိုးသင်္ခ ခံပြင်းစွာပင်လှည့်ထွက်လာလိုက်သည်။
******
ညအချိန်ခါတွင် ဧည့်သည်ဆောင်အတွင်း၌ ပစ္စည်းများအားပစ်ပေါက်ခွဲသံများထွက်ပေါ်လာသည်။
ရာဇကုဋေနန်းဆောင်အတွင်းတွင်လည်း ကောင်ငယ်‌တစ်ယောက် သေရည်အိုးလေးဖက်ပြီး ငိုင်နေလေ၏။
တစ်စုံတစ်ယောက်ကတော့ စားသောက်ဆောင်အတွင်းမှ တည်ငြိမ်သော ခြေလှမ်းများဖြင့် ‌ထွက်လာကာ ရာဇကုဋေနန်းဆောင်ဆီသို့ ဦးတည်လိုက်သည်။
CHANGE 🍁
April 9,1:29PM
စိတ်‌ရောလူရောပင်ပန်းနေလို့ စာရေးတာနားချင်ပေမယ့်..မနားတော့ပါဘူး...
သင်္ကြန်အတွင်း တခြားAuthorတွေက
Updateနားထားတော့ ကိုယ့်ကောင်မလေးတွေ ပျင်းနေကြမှာဆိုးလို့...
ပုံမှန်အတိုင်းရအောင်တင်ပေးပါ့မယ်ဗျ...
သင်္ကြန်အတွင်း..လိမ်မာကြမယ်မလား...
လိမ်မာရင် မင်းတို့အတွက်ပါပဲ...
🍁ဒီနေ့Reviewပေးချင်တဲ့Ficလေးကတော့
တိမ်တွေပြိုခဲ့သည်ရှိသော်တဲ့...
ငြိမ့်ငြိမ့်လေးနဲ့သဘောကျစရာficလေးပါ🍁
Zawgyi
အပိုင်း✨🍁(၂၇)
"အရှင့်...."
"အဟွန်း!!!!"
"အရှင်..."
"အမိန့်တိုင်းပါအရှင်..."
"အင်း!!သျှင်းငယ်သိလား..."
"ဟင့်အင်း မသိပါဘူးဗျ...တကောင်းဆိုတာကို ကြားဖူးသလိုရှိလို့..."
"အွန်း!!!"
"သောက်ကြစားကြမှာလား..."
"ဟွန့်..."
"ဟုတ် လိုက်ချင်တယ်..."
"လိုက်ခဲ့ပါ သျှင်းငယ်..."
"ဗျာ..."
"အွန်း....."
"ဗျာ..."
"လူလည်ကြီး..."
"ဟာ‌ဗျာ..."
"ဒါအရှင်သပ်သပ်မဲ့..."
"ဟီး...ခု လာနမ်း...လာလာ..."
(# ဟ ငါ့သားရယ်မူပါဦး :3 )
"အဟွန်း!!!"
******
******
"ဟုတ်ကဲ့..."
"???"
"ဟုတ် အရှင်..."
"ခွင့်ပြုပါဦး..."
"အဟွန်း!!ကောင်းပါပြီ...မှောင်ခိုကိစ္စမှာ အရှင်ဒဝီဦးခိုက်ဘက်က ဖမ်းဆီးရမိတဲ့ လူတွေကို ကျုပ်ဆီလွှဲပေးစေချင်ပါတယ်...."
"အဟွန်း!!!လွယ်လှချည်လား..."
******
CHANGE 🍁
April 9,1:29PM
Continue Reading
You'll Also Like
586K 67.6K 188
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
821K 101K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...
710K 73.4K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...