[Zawgyi]
Forevermore(ထာဝရထက္ပို၍)
အပိုင္း-၂၄
ဝမ္ေယာလ္ က နန္းတြင္းသုံးစကားလုံးအခ်ိဳ႕ကို သင္ေပးရင္း လက္ေရးလွေရးနည္းပါ သင္ေပးေနသည္။
ဘတ္ဟြၽန္း ကို ဝမ္ေယာလ္ ၏ ရင္ခြင္ထဲတြင္ထိုင္ေစၿပီး လက္ခ်င္းထပ္ကာ ေသခ်ာသင္ေပးေနျခင္းျဖစ္သည္။
လက္စားေခ်ဖို႔က သပ္သပ္ေပမဲ့ ဒါေတြကိုေတာ့ အသုံးခ်စရာေနရာရွိလို႔ ေသခ်ာေလးသင္ေပးျဖစ္ေနသည္။
ဘတ္ဟြၽန္း ကေတာ့ ဝမ္ေယာလ္ အႀကံကို မသိဘဲ ရင္ခုန္စြာျဖင့္ ဆက္လက္သင္ၾကားေနသည္။ မ်က္လုံးျပာေလးေတြက ဝမ္ေယာလ္ သင္ေပးေသာသင္ခန္းစာေတြကို ေသခ်ာၾကည့္ေနရင္း တစ္ခ်က္တစ္ခ်က္ ဝမ္ေယာလ္ ကိုလည္း ခိုးခိုးၾကည့္ေနေသးသည္။ ဘတ္ဟြၽန္း စိတ္ထဲ တစ္ကယ္ကိုေက်နပ္ေပ်ာ္႐ႊင္ေနၿပီး ၿပဳံးစိစိမ်က္ႏွာေလးက ထိန္းမႏိုင္သိမ္းမရျဖစ္ေနေတာ့သည္။
'သင္ေပးေနတာကိုအာ႐ုံမစိုက္ဘူး'
ဝမ္ေယာလ္ က စိတ္မရွည္စြာေျပာသည္။ သူ အေပ်ာ္သင္ေပးေနတာမဟုတ္ပါ။ သူအရမ္းခ်စ္သည့္ ဘတ္အြန္း ကို အသားယူခ်င္႐ုံသပ္သပ္ သင္ေပးေနသည္လည္းမဟုတ္။ သင္ၾကားခံေနရသူက ဘတ္ဟြၽန္း ျဖစ္ေနၿပီး သင္ေပးေနသူက ဝမ္ေယာလ္ ျဖစ္ေနကာ ထီးနန္းကိုအရယူဖို႔ ဘတ္ဟြၽန္း ကို အသုံးခ်စရာရွိလို႔သာ ဒါေတြကိုသင္ေပးေနျခင္းျဖစ္သည္။ အသားယူတာကေတာ့ ဘတ္ဟြၽန္း ကိုယ္တိုင္ မျငင္းသည့္အျပင္ သူသည္လည္း ေပါေပါရလို႔ သုံးေနျခင္းသာ။ ဘတ္ဟြၽန္း က ဒီအေျခအေနကိုေတာင္ ေက်နပ္ေနသူမဟုတ္လား။ လက္စားေခ်ျခင္းႏွင့္ ကိုယ္က်ိဳးအတြက္ အသုံးခ်ျခင္း ႏွစ္ခုစလုံးကို ဝမ္ေယာလ္ က ေသြးေအးစြာ ဆက္လက္ေဆာင္႐ြက္ေနသည္။
'မဟုတ္ပါဘူး။ ကြၽန္ေတာ္ မွတ္မိပါတယ္'
'ေသခ်ာလား'
'ဟုတ္ကဲ့'
ဘတ္ဟြၽန္း ကေခါင္းေလးၿငိမ့္ၿပီး ျပန္ေျဖေတာ့ ဝမ္ေယာလ္ က လူ႔ျပည္က ဆုေတာင္းစာတစ္ခုကိုေပးသည္။
'ဒါကိုေျဖရွင္းၾကည့္'
ဘတ္ဟြၽန္း ၾကည့္လိုက္ေတာ့ သာမန္ဆုေတာင္းစာေလးတစ္ခုျဖစ္ၿပီး ကံၾကမၼာေပလႊာတြင္ပါသည့္အတိုင္း လုပ္ေပးလိုက္သည္။
'ကံၾကမၼာေပလႊာကို ဖတ္တတ္ေနတာလား'
ဝမ္ေယာလ္ က ဘတ္ဟြၽန္း ၏ ေျဖရွင္းပုံကိုစိတ္ဝင္တစားၾကည့္ေနရင္းကေန ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတာကို ေတြ႕သြားသည္။ က်ိန္းေသေပါက္ ကံၾကမၼာေပလႊာဖတ္နည္းကို ဘတ္ဟြၽန္း ကို မသင္ေပးရေသးပါ။ ဒါေပမဲ့ ဘတ္ဟြၽန္း က ေပလႊာ၏ ဖြဲ႕စည္းတည္ေဆာက္ပုံႏွင့္ ေရးသားခ်က္မ်ားကို အလြယ္တကူပဲဖတ္လိုက္ၿပီး ဆုေတာင္းစာအားျပန္ျဖည့္ကာ ျဖည့္ဆည္းေပးလိုက္သည္။
'ကိုယ္မင္းကို မသင္ေပးဖူးသလိုပဲ။ အြန္းေလး သင္ေပးခဲ့တာလား'
ဝမ္ေယာလ္ အေမးေၾကာင့္ ဘတ္ဟြၽန္း ေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားသည္။ ကံၾကမၼာေပလႊာက သာမန္ေလွ်ာက္လႊာ ဖတ္သလိုပဲမဟုတ္ဘူးလား။ ဘာထူးဆန္းလို႔လဲ။
ဘတ္ဟြၽန္း ေပလႊာကို ျပန္ဖတ္ၾကည့္လိုက္ေတာ့ သာမန္စုတ္ခ်က္ေလးေတြက ေဖာင္းႂကြေ႐ႊမႈန္ေလးေတြပါဝင္ေနကာ သုံးထားေသာ စာလုံးေတြကလည္း သာမန္ျဖစ္သည္။ ဝမ္ေယာလ္ သင္ေပးသည့္ စာလုံးေတြကေတာင္ ခက္ေသးသည္။
'အစ္ကိုေတာ္ငယ္ မသင္ေပးဖူးပါဘူး။ ဒီအတိုင္း ဖတ္တတ္ေနတာေလ။ ထူးဆန္းတဲ့ စာလုံးမွမပါတာ'
ဝမ္ေယာလ္ ဘတ္ဟြၽန္း ကို အံ့ၾသမႈေၾကာင့္ ဘာမွမေျပာႏိုင္ေတာ့ေပ။ ကံၾကမၼာေပလႊာကို ဖတ္ႏိုင္ဖို႔ နတ္ေတြအားလုံးအတန္းသပ္သပ္တက္ရသည္။ ထိုသင္တန္းကေန ေအာင္ျမင္မွသာ လူျပည္တြင္ ဆုေတာင္းနတ္နန္းေဆာက္ခြင့္ရွိၿပီး ယုံၾကည္သက္ဝင္သူရွာလို႔ရသည္။ သူတို႔၏ ဆုေတာင္းႏွင့္ ကံၾကမၼာက ကိုက္ညီမႈ
ရွိမရွိစစ္ေဆးၿပီး ဆုေတာင္းေတြကို ျဖည္းဆည္းေပးရသည္။ ဤသို႔ျဖင့္ ယုံၾကည္သက္ဝင္သူမ်ားေလ စြမ္းအားပိုတိုးေလျဖစ္ကာ က်င့္ႀကံမႈပါေပါင္းလွ်င္ နတ္ဘုရားပင္ျဖစ္ႏိုင္သည္။
ဒီလို အဆင့္ဆင့္ျဖတ္ေက်ာ္ထားေသာ နတ္ဘုရားေတြေတာင္ တစ္ခ်ိဳ႕ေသာကံၾကမၼာေပလႊာထဲက စာလုံးေတြကို အေျဖမရွာႏိုင္ၾကေပ။ ဒါေပမဲ့ ဘတ္ဟြၽန္း ကေတာ့ အားလုံးကို ေအးေအးေဆးေဆးဖတ္ႏိုင္ေနသည္။ သင္ေပးမဲ့သူမရွိခဲ့ေပမဲ့ ဘတ္ဟြၽန္း က တစ္ကယ့္ကို ကံၾကမၼာနတ္နန္းေဆာင္က နတ္တစ္ပါးကဲ့သို႔ ဖတ္ႏိုင္ေနသည္။
ဝမ္ေယာလ္ အျဖဴေရာင္နတ္ေလးေတာ္အေၾကာင္း ေတြးမိသြားၿပီး ဘတ္ဟြၽန္း က သာမန္မဟုတ္တာကိုရိပ္စားမိလာသည္။ ကံၾကမၼာနတ္နန္းေဆာင္က နတ္တစ္ပါးျဖစ္ၿပီးေတာ့ ဘတ္အြန္း ရဲ႕ကံၾကမၼာကိုလွည့္စားၿပီး သူက အစားထိုးဝင္ေရာက္ေနခဲ့တာဆိုလွ်င္ ဝမ္ေယာလ္ ၏ အမုန္းေတြက ပိုၿပီးေတာက္ပလာဦးမည္ထင္သည္။
'ဘာလို႔လဲ'
ဝမ္ေယာလ္ ရင္ခြင္ထဲကေန အျပာေရာင္မ်က္လုံးေလးျဖင့္ေမာ့ၾကည့္ေနေသာ ဘတ္ဟြၽန္း ၏ အၾကည့္က သိပ္ကို ခ်စ္စရာေကာင္းလြန္းသည္။ သို႔ေပတည္း ထိုအၾကည့္က ဘတ္အြန္း ကိုပိုၿပီး သတိရေစသည္။
'ဘာမွမဟုတ္ပါဘူး။ အြန္းေလး သင္ေပးခဲ့တာလားလို႔ထင္လို႔ပါ။ ဟြၽန္းေလး က ပါရမီရွိသားပဲ'
ဝမ္ေယာလ္ စကားေၾကာင့္ ဘတ္ဟြၽန္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလိုက္ၿပီး
'ဒါေပမဲ့ အစ္ကိုေတာ္ငယ္သင္ေပးခဲ့တာလည္း ျဖစ္ခ်င္ျဖစ္မွာ။ ႏွစ္ကၾကာေနၿပီေလ။ ကြၽန္ေတာ့္ဘာသာဒီအတိုင္းႀကီး ဖတ္တတ္တာကေတာ့ မျဖစ္ႏိုင္ဘူးေလ။ ကြၽန္ေတာ္ မမွတ္မိတာေနမွာ'
''တစ္ခ်ိန္က်ရင္ ဘတ္အြန္း ကို သတ္ခဲ့တာကိုလည္း ေမ့သြားေလာက္မယ္ထင္တယ္''
ဝမ္ေယာလ္ ခပ္ခ်ဥ္ခ်ဥ္ေတြးမိလိုက္သည္။ ဘတ္အြန္း မ်က္ႏွာျဖင့္ ခ်စ္စရာေကာင္းေအာင္ျပဳမူေနေပမဲ့ အျပာေရာင္မ်က္လုံးက စိတ္ရႈပ္စရာေကာင္းလြန္းသည္။ စကားလုံးအမ်ားႀကီးသုံးစရာမလိုဘဲ ေႂကြက်ေအာင္ ေႁခြလို႔ရသည့္ ဘတ္ဟြၽန္း ကို သူသိပ္အထင္ေသးပါ၏။
ဘတ္ဟြၽန္း က ဝမ္ေယာလ္ ၏ ခ်ီးက်ဴးမႈကို မေနတတ္ေသာေၾကာင့္ သာမန္စကားစုေလးျဖင့္သာ ျပန္တုန႔္ျပန္သည္။ ေမာ္ႂကြားျခင္းကို ဘတ္ဟြၽန္း မႏွစ္သက္ေပ။
'ဟုတ္ေလာက္မယ္ ထင္တယ္'
ဝမ္ေယာလ္ သည္လည္း စကားထပ္မေျပာျဖစ္ေပ။ သူ၏အေတြးႏွင့္ လက္ေတြ႕က ဆန႔္က်င္ဘက္ျဖစ္ေနေတာ့ ဆက္ေျပာေနလွ်င္ သူ၏စိတ္အမွန္ အေစာႀကီးေပၚသြားမွာစိုးရိမ္သည္။ ဒီေလာက္ႏႈန္းေလးက ဘတ္ဟြၽန္း ကို အရမ္းႀကီးအထိနာမည္မဟုတ္ေပ။
'ဟြၽန္းေလး သြားအိပ္ေတာ့ေလ။ ဒီေန႔ အမ်ားႀကီးသင္လိုက္ရေတာ့ ပင္ပန္းသြားၿပီ'
'မင္းသားကေရာ'
'ကိုယ္က ၾကည့္စရာရွိေသးတယ္'
ဝမ္ေယာလ္ ကက်န္ေနေသးသည့္ ေလွ်ာက္တင္လႊာေတြႏွင့္ ဆုေတာင္းစာေတြကို ေမးေင့ါျပသည္။
'ကြၽန္ေတာ္ကူညီေပးရမလား'
ဝမ္ေယာလ္ က သေဘာတက်ၿပဳံးရင္း ဘတ္ဟြၽန္း ေခါင္းေလးကိုပုတ္ကာ
'ဒီေန႔မွ စသင္တဲ့တပည့္ေလးကို အမ်ားႀကီးခိုင္းလိုက္ရင္ ထြက္ေျပးသြားမွာေပါ့'
'မေျပးပါဘူး။ ေျပးစရာလား။ မင္းသားအနားမွာေတာင္ တမင္ မရမကေနေနတာကို'
ဘတ္ဟြၽန္း က ဆူပုတ္ပုတ္ျဖင့္ ျပန္ေခ်ပေတာ့ ဝမ္ေယာလ္ က ရယ္သည္။
'ဒါေပမဲ့လည္း ဆရာက မခိုင္းရက္ပါဘူးေနာ္'
'ဘာလို႔လဲ'
'ခ်စ္လို႔ေပါ့။ ဟြၽန္းေလး ပင္ပန္းမွာကို မၾကည့္ရက္လို႔'
ဘတ္ဟြၽန္း အစကေတာ့ မ်က္လုံးေလးျပဴးၿပီး ရင္ခုန္လြန္းကာ အသက္ရႈရပ္သြားေပမဲ့ အရွက္ေျပၿပဳံးရင္း
'မပင္ပန္းပါဘူး'
ေခါင္းငုံ႔အရွက္ႀကီးေနရာကေန အသံေသးေသးေလးထြက္လာသည္။ ဝမ္ေယာလ္ က မဲ့ၿပဳံးၿပဳံးသည္။ ေႁခြစရာမလိုေအာင္ ေႂကြျပေနသည္က သိပ္စိတ္ပ်က္စရာေကာင္းသည္။
'မပင္ပန္းလည္း သြားအိပ္ေတာ့'
အလိုမရွိလို႔ ႏွင္ေနတာကို အလိုက္သိစမ္းပါ ဘတ္ဟြၽန္း ရယ္ ဟုသာ ဝမ္ေယာလ္ ေအာ္ပစ္လိုက္ခ်င္းသည္။ ဘတ္ဟြၽန္း က တစ္ကယ့္ကို စိတ္ပ်က္စရာေကာင္းလြန္းတဲ့အထိ မရမက အတင္းဖက္တြယ္ေနသည္။
'ကြၽန္ေတာ္ မင္းသားကိုေစာင့္ေနမယ္ေလ'
'ကိုယ္စိတ္ဆိုးရမွာလား'
ဝမ္ေယာလ္ ၿခိမ္းေျခာက္ေတာ့မွ ဘတ္ဟြၽန္း ေခါင္းခါၿပီး
'သြားအိပ္ၿပီ'
'အင္း။ ကိုယ့္ ကုတင္ေပၚမွာ အိပ္'
'ဟုတ္'
ဘတ္ဟြၽန္း အိပ္ေဆာင္ထဲဝင္သြားေတာ့မွ ပ်ားသကာလိုခ်ိဳျမေသာ ဝမ္ေယာလ္ ၏ မ်က္ႏွာပုံရိပ္သည္ ေပ်ာက္ကြယ္သြားသည္။
'စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ'
ခ်စ္ျခင္းသည္ မလိုခ်င္ေသာသူကိုေပးမိလွ်င္ စိတ္ရႈပ္ျခင္းသာျဖစ္ေစသည္။
ဘတ္ဟြၽန္း အိပ္ေပ်ာ္ေတာ့မွ ဝမ္ေယာလ္ လည္း လက္နက္ေစာင့္နတ္မင္းပို႔ထားသည့္ နတ္ေလးေတာ္အေၾကာင္း ဖတ္ေတာ့သည္။
~~~~~~~~~~
အျဖဴေရာင္နတ္ေလးေတာ္က ကံၾကမၼာနတ္မင္းႀကီး၏ နတ္သူငယ္ဘဝကကိုင္ေဆာင္ခဲ့ေသာ နတ္ေလး ျဖစ္သည္။ ျမႇားထိပ္၏ စြမ္းအားသည္ ေျမႀကီးကိုေတာင္ထက္ျခမ္းခြဲႏိုင္တဲ့အထိ စြမ္းအားႀကီးမားလြန္းသည္။ နတ္ေလးေတာ္တြင္ အျပာေရာင္ပန္းကႏုတ္မ်ားပါရွိၿပီး ႏွင္းစက္၊ ေရခဲအစက္အေျပာက္ေလးမ်ားျဖင့္ဖြဲ႕စည္းထားသည္။ နတ္ေလးေတာ္၏ မူလပုံစံသည္ ေရခဲႏွင့္ ႏွင္းကိုသာကိုယ္စာျပဳၿပီး ေသးႏုတ္ေသာ လက္နက္တစ္ခုျဖစ္သည္။ ကံၾကမၼာနတ္မင္းနန္းတက္ေတာ့ ေသးႏုတ္ေသာလက္နက္ကေန အျပာေရာင္မီးစြမ္းအားေတြေၾကာင့္ စြမ္းအားႀကီးမားေသာ လက္နက္ျဖစ္လာခဲ့သည္။
ဒါေပမဲ့ ကံၾကမၼာနတ္မင္းက လက္နက္ကိုစြန႔္ပစ္ခဲ့ပါသည္။ သန္းေပါင္းမ်ားစြာေသာ အသက္ေတြ၏ကိစၥကို ေျဖရွင္းရမည္ဆိုမွ ထိုနတ္ေလးေတာ္ကို ဆင့္ေခၚခဲ့ၿပီး သာမန္အခ်ိန္ေတြမွာေတာ့ လက္နက္ခန္းမမွာတင္ ဖုန္တက္ေအာင္ပစ္ထားေလ့ရွိသည္။
'အျပာေရာင္မီးစြမ္းအားေၾကာင့္လား'
ဝမ္ေယာလ္ မွတ္တမ္းစာအုပ္အားဖတ္ရင္း ဘတ္ဟြၽန္း ၏စြမ္းအားေၾကာင့္ လက္နက္က လက္ခံလိုက္တာဟုသာ ယူဆလိုက္သည္။ က်န္တဲ့ကိစၥေတြကို သူစိတ္မဝင္စားေတာ့ေပ။ ဘတ္အြန္း ဆိုလွ်င္လည္း ထိုနတ္ေလးေတာ္က လက္ခံႏိုင္ေလာက္သည္။
အေရးမပါတဲ့ ကိစၥေၾကာင့္ အခ်ိန္ကုန္သြားတယ္ဟုသာေတြးၿပီး မွတ္တမ္းစာအုပ္အား ပစ္ထားလိုက္သည္။
ဘတ္ဟြၽန္း အိပ္ေပ်ာ္ေနတုန္း နဖူးတြင္ အျပာေရာင္မီးလွ်ံအမွတ္အသားေပၚ
လာသည္။
ကေလးေတြအားလုံး ႏိုးလာၿပီး ဘတ္ဟြၽန္း ၏ ကံၾကမၼာစြမ္းအားေတြကို ထိန္းခ်ဳပ္ေနရသည္။ ဘတ္အြန္း ၏ အျမဳေတက ပင္ကိုယ္ကံၾကမၼာစြမ္းအားေတြကို တားဆီးထားေပမဲ့ လက္နက္ေၾကာင့္ ထပ္တိုးလာေသာ စြမ္းအားေတြကိုေတာ့ မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။
'ဘယ္လိုျဖစ္ၿပီး စြမ္းအားေတြက ထိန္းမရျဖစ္ေနတာလဲ'
'အျမဳေတက အလုပ္မလုပ္ေတာ့ဘူး'
'မဟုတ္ဘူး။ ဘတ္အြန္း ရဲ႕ စြမ္းအားက သာမန္ထက္နည္းနည္းပဲပိုတာ။ ပါးငယ္ရဲ႕ စြမ္းအားအကုန္ကို ဖိႏွိပ္ဖို႔က်ေတာ့ မလုံေလာက္ဘူး'
'နတ္ေလးေတာ္ကို စြန႔္ပစ္မွရမွာ။ မဟုတ္ရင္ အကုန္ျပႆနာေတြတက္ကုန္လိမ့္မယ္'
'နတ္ေလးေတာ္ကို ပါးငယ္က စြန႔္ပစ္မွာမဟုတ္ဘူး။ သိတဲ့အတိုင္းပဲ ခမည္းေတာ္ေပးထားတာေလ'
'ဒါဆိုရင္ဘယ္လိုလုပ္ၾကမလဲ'
'စိတ္မပူပါနဲ႔။ ငါတို႔စြမ္းအားကေလာက္ပါတယ္။ အစကတည္းက နတ္မင္းရဲ႕စြမ္းအားေတြကို ဖိႏွိပ္ထားဖို႔ ငါတို႔လိုက္လာတာေလ'
'ဒါေတာ့ ဒါေပမဲ့........'
'ဘာမွမပူနဲ႔။ အဆင္ေျပသြားလိမ့္မယ္။ စြမ္းအားသာ ပိုသုံးလိုက္'
ကေလးေတြအားလုံးက စြမ္းအားေတြကို ထပ္တိုးၿပီး လႊတ္လိုက္သည္။
'ဘာလို႔ နတ္ေလးေတာ္ရတာနဲ႔ စြမ္းအားမၿငိမ္ေတာ့တာလဲ'
'ေသခ်ာမသိေပမဲ့ နတ္ေလးေတာ္မွာ ေဖ်ာ့ေတာ့တဲ့ စြမ္းအားရွိေနတယ္။ အဲ့စြမ္းအားက မီးစြမ္းအားနဲ႔တစ္သားတည္းမျဖစ္ဘဲ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနလို အခုလိုျဖစ္ေနတာ'
'ဘာစြမ္းအားလဲ'
'ေအးတာကိုခံစားရလား'
'ေအးတာလား'
ကေလးေတြအားလုံးက ဘတ္ဟြၽန္း ၏ စြမ္းအားအရွိန္ကို မ်က္လုံးမွိတ္ကာ ခံစားလိုက္ၾကသည္။
'ေရခဲနဲ႔ ႏွင္းစြမ္းအားရွိေနတာ'
အယ္ရီ က ေျပာေတာ့
'ဘယ္ကေနဘယ္လို ေရခဲေတြပါလာတာလဲ'
'မသိဘူး'
အယ္ရီ က ေခါင္းခါျပလိုက္ၿပီး
'ေအးခဲေနတဲ့ စြမ္းအားက အပူကိုမႀကိဳက္လို႔ မၿငိမ္မသက္ျဖစ္ေနတာ။ အယ္ရီ ထိန္းလိုက္ပါ့မယ္'
အယ္ရီ က စြမ္းအားတစ္ခ်ိဳ႕ကို စုပ္ယူလိုက္ၿပီး ထိန္းခ်ဳပ္ထားလိုက္သည္။ ထိုအခါမွ ဘတ္ဟြၽန္း ၏ အျပာေရာင္မီးလွ်ံအမွတ္အသားေပ်ာက္သြားၿပီး ဘတ္ဟြၽန္း ၏ စြမ္းအားေတြလည္း ၿငိမ္သက္သြားေတာ့သည္။ ကေလးေတြသည္လည္း စြမ္းအားကုန္ခမ္းသြားကာ လိပ္ျပာငယ္ေလးေတြအျဖစ္ ၿငိမ္သက္သြားေတာ့သည္။
'မမရဲ႕ စြမ္းအားက ေရခဲလား'
'ဟုတ္တယ္'
'ပါးငယ္ေကာ ခမည္းေတာ္ေကာက မီးစြမ္းအားေတြေလ။ ဘယ္လိုလုပ္ၿပီး ေရခဲ နဲ႔ ႏွင္းက ပါလာတာလဲ'
'မသိဘူး'
'အငယ္ဆုံးေလးက ပါးငယ္ရဲ႕ ပထမဆုံးကိုယ္ဝန္ေလ။ အဲ့ဒီတုန္းက ဆုရမ္ မင္းသမီးကို သူအျပစ္ေပးတာကို မွတ္မိၾကေသးလား'
'မွတ္မိတယ္။ ပူလိုက္ေအးလိုက္ျဖစ္ေနလို႔ သူပဲျပန္ေပ်ာက္ေအာင္လုပ္ေပးႏိုင္တာ။ အဲ့ဒီတုန္းကေတာ့ ပါးငယ္က နဂါးမ်ိဳးႏြယ္ကျဖစ္လို႔ ေရခဲႏိုင္တာပဲထင္ခဲ့တာ။ ဒါေပမဲ့ ႏွင္းေတြပါ ပါလာေတာ့ ဒီမွန္းဆခ်က္က မဟုတ္ေတာ့ျပန္ဘူး'
အယ္ရီ က ဘတ္အြန္း ကိုယ္ထဲက ၿငိမ္သက္ေနေသာ အျဖဴေရာင္နတ္ေလးေတာ္ကိုၾကည့္ရင္း
'နတ္နန္းေဆာင္မွာတုန္းက ပါးငယ္ဒီလက္နက္ကို မထုတ္သုံးဖူးဘူး။ ပစ္ထားတာလည္းၾကာေနၿပီ။ ဟိုတစ္ခါ တိုက္ပြဲတုန္းကမွ ျပန္ယူခဲ့တာ။ ၿပီးေတာ့ ျပန္ပစ္ထားတာပဲကို။ ဒီေလာက္ေကာင္းတဲ့ လက္နက္ကို ပါးငယ္က ဘာလို႔မသုံးတာလဲ'
'ပါးငယ္ရဲ႕စြမ္းအားနဲ႔တင္ လုံေလာက္လို႔ေနမွာေပါ့'
'မဟုတ္ဘူး။ အယ္ရီေတာ့ အဲ့လိုမထင္ဘူး'
နတ္ေလးေတာ္ရွိ ေရခဲ ႏွင့္ႏွင္းအမႈန္ေလးေတြက လင္းလက္စြာေ႐ြ႕လ်ားေနသည္။ ဒါေပမဲ့ အျပာေရာင္မီးစြမ္းအား၏ေအာက္တြင္ သူတို႔က ေမွးမွိန္ေပ်ာက္ကြယ္ေနသည္။
'စြမ္းအားကနည္းလြန္းေတာ့ စြန႔္ပစ္လိုက္တာေနမွာ'
'ပါးငယ္က အဲ့လိုစိတ္မ်ိဳးမရွိေလာက္ပါဘူး'
ႏို႔ညႇာေကာင္ေလးကေျပာေတာ့ အႀကီးဆုံးေကာင္ေလးက
'မဟုတ္ဘူး။ ငါတို႔ေမ့ေနတဲ့ မွတ္ဉာဏ္ရွိေနတယ္။ တစ္ခါတစ္ေလ သတိရၿပီး တစ္ခါတစ္ေလက်ေတာ့ေမ့ေနတယ္။ မင္းတို႔သတိထားမိလား'
'အစ္ကိုႀကီးဆိုလိုခ်င္တာက အငယ္ဆုံးနဲ႔ ပက္သက္ေနတာလား'
'ျဖစ္ႏိုင္တယ္။ ငါတို႔ေမ့ေနတဲ့ အတိတ္ကို သူသိေနေလာက္တယ္။ အဲ့ဒါေၾကာင့္ အခုလို ေနေနတာ'
'ေလာေလာဆယ္ အယ္ရီ တို႔ အနားယူၾကရေအာင္။ စြမ္းအားေတြလည္း သုံးထားေတာ့ ပင္ပန္းေနၾကၿပီ'
'ဟုတ္တယ္။ နားၾကရေအာင္'
လိပ္ျပာေလးေတြအကုန္လုံး ၿငိမ္သက္စြာအိပ္ေပ်ာ္သြားၾကသည္။
≥≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤
မိုးလင္းေသာ္
ဘတ္ဟြၽန္း ေရဇလုံေလးကိုင္ၿပီး ဝမ္ေယာလ္ ႏိုးလာမည့္အခ်ိန္ကိုေစာင့္ေနသည္။ ဝမ္ေယာလ္ က လူျပည္ကိုသြားစစ္ေဆးဖို႔ တာဝန္ေပးအပ္ျခင္းခံထားရေတာ့ ညီလာခံကိုသြားစရာမလိုေသးေပ။ ထို႔ေၾကာင့္ ဝမ္ေယာလ္ စိတ္ခ်လက္ခ် အိပ္ေမာက်ေနသည္။
'ႏိုးၿပီလား မင္းသား'
'အင္း'
ဘတ္ဟြၽန္း က ေရေႏြးစိမ္ထားေသာ အဝတ္စတစ္ခုကိုကမ္းေပးသည္။ ဝမ္ေယာလ္ ယူလိုက္ၿပီး မ်က္ႏွာသုတ္လိုက္ရင္း
'ေစာင့္ေနတာၾကာၿပီလား'
'မၾကာေသးပါဘူး။ တျခား ျပင္စရာရွိတာေတြျပင္ေနတာ'
'မနက္ျဖန္ လူ႔ျပည္သြားရမယ္'
'ဟုတ္ကဲ့။ အဲ့ဒါေၾကာင့္ လိုအပ္တာေတြျပင္ေနတာပါ'
'လူျပည္သြားဖို႔က ဘာမွျပင္စရာမရွိပါဘူး။ ဘာလို႔ဆို လူ႔ျပည္က ဒီမွာထက္ ပိုၿပီးျပည့္စုံတယ္'
'ဘာလို႔လဲ'
'ေရာက္ရင္သိလိမ့္မယ္။ လူ႔ျပည္ေရာက္ၿပီး ျပန္မလာခ်င္ေတာ့ဘူး'
'မျဖစ္ႏိုင္တာ။ နတ္ျပည္က ပိုေကာင္းတာႀကီးကို'
ဝမ္ေယာလ္ ရယ္သာရယ္ေနသည္။
ခဏေနေတာ့ ဝမ္ေယာလ္ က မေန႔ညက သင္ထားေသာ စာလုံးေတြကိုျပန္ေရးေစသည္။ သူကေတာ့ လက္စသတ္စရာေတြကို လုပ္ေနသည္။ ဘတ္ဟြၽန္း က တစ္ခ်ိဳ႕ဆုေတာင္လႊာေတြကိုျဖည့္ဆည္းေပးၿပီး ဝမ္ေယာလ္ ကို ခဏအနားယူေစသည္။ ဝမ္ေယာလ္ က ဘတ္ဟြၽန္း စီစဥ္ထားတာေတြကို အဆင္ေျပမေျပဆုံးျဖတ္ၿပီး လိုအပ္တာေတြကို သင္ၾကားေပးေနသည္။
ေန႔လည္ပိုင္းေရာက္ေတာ့ ေန႔လည္စာကို ျပင္ခိုင္းလိုက္သည္။
'ဒီေန႔ေတာ့ ဒီေလာက္ပဲ။ ေန႔လည္စာစားရေအာင္'
'ဒီတစ္မ်က္ႏွာ ၿပီးေအာင္ေရးလိုက္မယ္'
ဘတ္ဟြၽန္း စုတ္တံကို မွင္အိုးထဲႏွစ္လိုက္ၿပီး မွင္ရည္ေတြကို ျပန္နည္းေအာင္သန႔္စင္ကာ ဆက္ေရးဖို႔ျပင္သည္။ ဝမ္ေယာလ္ က စာ႐ြက္ကို သူ႔စြမ္းအားျဖင့္ယူလိုက္ၿပီး
'ရၿပီ ဒီေလာက္ဆို'
ဝမ္ေယာလ္ မ်က္ႏွာတည္ေနတာေၾကာင့္ ဘတ္ဟြၽန္း ထပ္တြန႔္မတက္ေတာ့ဘဲ ထမင္းစားပြဲဝိုင္းဆီကို ေလွ်ာက္သြားလိုက္သည္။
'စား'
ဝမ္ေယာလ္ က ဟင္း႐ြက္တစ္ခုအား တူျဖင့္ညႇပ္ကာ ဘတ္ဟြၽန္း ပန္းကန္ထဲ ထည့္ေပးသည္။ အတူေနလာတဲ့ အခ်ိန္ေတြမ်ားေတာ့ ဘတ္ဟြၽန္း အသားမစားတတ္တာကို သတိထားမိေနၿပီး စားဖိုေဆာင္ကိုလည္း သက္သက္လြတ္အၿမဲခ်က္ထားဖို႔ ဝမ္ေယာလ္ ကိုယ္တိုင္မွာၾကားထားသည္။
အရင္တစ္ေခါက္ ဝမ္ေယာလ္ ျပစ္ေပးထားလို႔ နတ္သူငယ္ေတြက ဘတ္ဟြၽန္း ကို မထီမဲ့ျမင္မလုပ္ေတာ့ဘဲ တေလးတစားဆက္ဆံလာသည္။ ဒါေပမဲ့ ႐ြံေၾကာက္ႀကီးျဖစ္ေနေတာ့ ဘတ္ဟြၽန္း သိပ္ေတာ့အလိုမက်ေပ။ ဘတ္ဟြၽန္း ကေတာ့ အားလုံးကို စိတ္ရင္းနဲ႔ အကာအကြယ္ေပးထားသည္။
'အသားစားဖို႔ ႀကိဳးစားၾကည့္ပါလား။ တျဖည္းျဖည္းနဲ႔ပိန္လာသလိုပဲ'
'မစားခ်င္ဘူး'
'အသားအစစ္မွမဟုတ္တာကို ဘာလို႔ မစားခ်င္တာလဲ။ ဒါေတြစားမွ ဟြၽန္းေလး ရဲ႕စြမ္းအားက ပိုတိုးတက္မွာေပါ့'
'ရပါတယ္'
'ေနာက္ရက္က်ရင္ေတာ့ စားၾကည့္။ အခုေတာ့ လႊတ္ထားလိုက္မယ္'
ဘတ္ဟြၽန္း သက္ျပင္းေလးခ်လိုက္သည္။ ဝမ္ေယာလ္ ၏ အမိန႔္ကို သူမျငင္းဆန္ႏိုင္ပါ။
~~~~~~~~~~~~
ဝမ္ေယာလ္ က ျမႇားပစ္ေလ့က်င့္ကြင္းတြင္ ဘတ္ဟြၽန္း ကို ျမႇားပစ္သင္ေပးေနသည္။ စြမ္းအားျမႇားက စြမ္းအားႀကီးလြန္းေတာ့ သာမန္ သစ္သားျမႇားေလးျဖင့္သာ သင္ေပးေနသည္။
'လက္ကိုတန္းတန္းထား။ ပစ္မွတ္ကိုေသခ်ာခ်ိန္။ .....'
ဝမ္ေယာလ္ က ဘတ္ဟြၽန္း ကို သိုင္းဖက္ထားၿပီ ဘတ္ဟြၽန္း လက္ကိုထပ္ကာ ျမႇားပစ္သင္ေပးေနသည္။
'ပစ္ေတာ့'
ျမႇားက အနီေရာင္စက္ဝိုင္းကြင္း အလယ္တည့္တည့္သို႔ေရာက္သြားသည္။
'ပစ္ၾကည့္'
ဘတ္ဟြၽန္း ပထမတစ္ေခါက္ပစ္ေတာ့ မရေပ။ ေနာက္အေခါက္ေတြလည္း လြဲေသးသည္။
'ကြၽန္ေတာ္ မရဘူးထင္တယ္'
ဝမ္ေယာလ္ က ဘတ္ဟြၽန္း ေခါင္းေလးပုတ္ၿပီး ႏွစ္သိမ့္ေပးသည္။
'အခုမွအစမို႔လို႔ပါ။ ထပ္ေလ့က်င့္ေနလိုက္'
'မင္းသား ဘယ္သြားမလို႔လဲ'
'ဂြၽန္ေျမာင္ ဆီသြားမလို'
'ၾကာမွာလား'
'ခဏေလးပဲ။ မလိုက္ခဲ့နဲ႔'
'ဟုတ္ကဲ့'
ဝမ္ေယာလ္ ထြက္သြားေတာ့ ဘတ္ဟြၽန္း ေလးႀကိဳးကို ျပန္ဆြဲလိုက္သည္။
႐ုတ္တရက္ ဘတ္ဟြၽန္း နဖူးတြင္ အျပာေရာင္မီးလွ်ံအမွတ္အသားေပၚလာၿပီး ျမႇားသည္လည္း စြမ္းအားျမႇားျဖစ္သြားေတာ့သည္။
အစက ဘတ္ျပားကို ခ်ိန္ထားေပမဲ့ ျပာလြင္ေသာမ်က္လုံးတို႔ေရာက္လာၿပီးသည့္ေနာက္ ပစ္မွတ္ေနရာသည္ ေျပာင္းသြားသည္။
'ခ်န္းေယာလ္'
ေလွ်ာက္လမ္းကေနထြက္သြားေသာ ဝမ္ေယာလ္ ၏ ေနာက္ေက်ာဆီသို႔ ဘတ္ဟြၽန္း ေသခ်ာခ်ိန္ထားၿပီး ျမႇားကို လႊတ္လိုက္ေတာ့သည္။
^-^-^-^-^-^-^-^-^-^-^-^-^-^-^
[Unicode]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၄
ဝမ်ယောလ် က နန်းတွင်းသုံးစကားလုံးအချို့ကို သင်ပေးရင်း လက်ရေးလှရေးနည်းပါ သင်ပေးနေသည်။
ဘတ်ဟျွန်း ကို ဝမ်ယောလ် ၏ ရင်ခွင်ထဲတွင်ထိုင်စေပြီး လက်ချင်းထပ်ကာ သေချာသင်ပေးနေခြင်းဖြစ်သည်။
လက်စားချေဖို့က သပ်သပ်ပေမဲ့ ဒါတွေကိုတော့ အသုံးချစရာနေရာရှိလို့ သေချာလေးသင်ပေးဖြစ်နေသည်။
ဘတ်ဟျွန်း ကတော့ ဝမ်ယောလ် အကြံကို မသိဘဲ ရင်ခုန်စွာဖြင့် ဆက်လက်သင်ကြားနေသည်။ မျက်လုံးပြာလေးတွေက ဝမ်ယောလ် သင်ပေးသောသင်ခန်းစာတွေကို သေချာကြည့်နေရင်း တစ်ချက်တစ်ချက် ဝမ်ယောလ် ကိုလည်း ခိုးခိုးကြည့်နေသေးသည်။ ဘတ်ဟျွန်း စိတ်ထဲ တစ်ကယ်ကိုကျေနပ်ပျော်ရွှင်နေပြီး ပြုံးစိစိမျက်နှာလေးက ထိန်းမနိုင်သိမ်းမရဖြစ်နေတော့သည်။
'သင်ပေးနေတာကိုအာရုံမစိုက်ဘူး'
ဝမ်ယောလ် က စိတ်မရှည်စွာပြောသည်။ သူ အပျော်သင်ပေးနေတာမဟုတ်ပါ။ သူအရမ်းချစ်သည့် ဘတ်အွန်း ကို အသားယူချင်ရုံသပ်သပ် သင်ပေးနေသည်လည်းမဟုတ်။ သင်ကြားခံနေရသူက ဘတ်ဟျွန်း ဖြစ်နေပြီး သင်ပေးနေသူက ဝမ်ယောလ် ဖြစ်နေကာ ထီးနန်းကိုအရယူဖို့ ဘတ်ဟျွန်း ကို အသုံးချစရာရှိလို့သာ ဒါတွေကိုသင်ပေးနေခြင်းဖြစ်သည်။ အသားယူတာကတော့ ဘတ်ဟျွန်း ကိုယ်တိုင် မငြင်းသည့်အပြင် သူသည်လည်း ပေါပေါရလို့ သုံးနေခြင်းသာ။ ဘတ်ဟျွန်း က ဒီအခြေအနေကိုတောင် ကျေနပ်နေသူမဟုတ်လား။ လက်စားချေခြင်းနှင့် ကိုယ်ကျိုးအတွက် အသုံးချခြင်း နှစ်ခုစလုံးကို ဝမ်ယောလ် က သွေးအေးစွာ ဆက်လက်ဆောင်ရွက်နေသည်။
'မဟုတ်ပါဘူး။ ကျွန်တော် မှတ်မိပါတယ်'
'သေချာလား'
'ဟုတ်ကဲ့'
ဘတ်ဟျွန်း ကခေါင်းလေးငြိမ့်ပြီး ပြန်ဖြေတော့ ဝမ်ယောလ် က လူ့ပြည်က ဆုတောင်းစာတစ်ခုကိုပေးသည်။
'ဒါကိုဖြေရှင်းကြည့်'
ဘတ်ဟျွန်း ကြည့်လိုက်တော့ သာမန်ဆုတောင်းစာလေးတစ်ခုဖြစ်ပြီး ကံကြမ္မာပေလွှာတွင်ပါသည့်အတိုင်း လုပ်ပေးလိုက်သည်။
'ကံကြမ္မာပေလွှာကို ဖတ်တတ်နေတာလား'
ဝမ်ယောလ် က ဘတ်ဟျွန်း ၏ ဖြေရှင်းပုံကိုစိတ်ဝင်တစားကြည့်နေရင်းကနေ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကို တွေ့သွားသည်။ ကျိန်းသေပေါက် ကံကြမ္မာပေလွှာဖတ်နည်းကို ဘတ်ဟျွန်း ကို မသင်ပေးရသေးပါ။ ဒါပေမဲ့ ဘတ်ဟျွန်း က ပေလွှာ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ရေးသားချက်များကို အလွယ်တကူပဲဖတ်လိုက်ပြီး ဆုတောင်းစာအားပြန်ဖြည့်ကာ ဖြည့်ဆည်းပေးလိုက်သည်။
'ကိုယ်မင်းကို မသင်ပေးဖူးသလိုပဲ။ အွန်းလေး သင်ပေးခဲ့တာလား'
ဝမ်ယောလ် အမေးကြောင့် ဘတ်ဟျွန်း ကြောင်တောင်တောင်လေးဖြစ်သွားသည်။ ကံကြမ္မာပေလွှာက သာမန်လျှောက်လွှာ ဖတ်သလိုပဲမဟုတ်ဘူးလား။ ဘာထူးဆန်းလို့လဲ။
ဘတ်ဟျွန်း ပေလွှာကို ပြန်ဖတ်ကြည့်လိုက်တော့ သာမန်စုတ်ချက်လေးတွေက ဖောင်းကြွရွှေမှုန်လေးတွေပါဝင်နေကာ သုံးထားသော စာလုံးတွေကလည်း သာမန်ဖြစ်သည်။ ဝမ်ယောလ် သင်ပေးသည့် စာလုံးတွေကတောင် ခက်သေးသည်။
'အစ်ကိုတော်ငယ် မသင်ပေးဖူးပါဘူး။ ဒီအတိုင်း ဖတ်တတ်နေတာလေ။ ထူးဆန်းတဲ့ စာလုံးမှမပါတာ'
ဝမ်ယောလ် ဘတ်ဟျွန်း ကို အံ့သြမှုကြောင့် ဘာမှမပြောနိုင်တော့ပေ။ ကံကြမ္မာပေလွှာကို ဖတ်နိုင်ဖို့ နတ်တွေအားလုံးအတန်းသပ်သပ်တက်ရသည်။ ထိုသင်တန်းကနေ အောင်မြင်မှသာ လူပြည်တွင် ဆုတောင်းနတ်နန်းဆောက်ခွင့်ရှိပြီး ယုံကြည်သက်ဝင်သူရှာလို့ရသည်။ သူတို့၏ ဆုတောင်းနှင့် ကံကြမ္မာက ကိုက်ညီမှု
ရှိမရှိစစ်ဆေးပြီး ဆုတောင်းတွေကို ဖြည်းဆည်းပေးရသည်။ ဤသို့ဖြင့် ယုံကြည်သက်ဝင်သူများလေ စွမ်းအားပိုတိုးလေဖြစ်ကာ ကျင့်ကြံမှုပါပေါင်းလျှင် နတ်ဘုရားပင်ဖြစ်နိုင်သည်။
ဒီလို အဆင့်ဆင့်ဖြတ်ကျော်ထားသော နတ်ဘုရားတွေတောင် တစ်ချို့သောကံကြမ္မာပေလွှာထဲက စာလုံးတွေကို အဖြေမရှာနိုင်ကြပေ။ ဒါပေမဲ့ ဘတ်ဟျွန်း ကတော့ အားလုံးကို အေးအေးဆေးဆေးဖတ်နိုင်နေသည်။ သင်ပေးမဲ့သူမရှိခဲ့ပေမဲ့ ဘတ်ဟျွန်း က တစ်ကယ့်ကို ကံကြမ္မာနတ်နန်းဆောင်က နတ်တစ်ပါးကဲ့သို့ ဖတ်နိုင်နေသည်။
ဝမ်ယောလ် အဖြူရောင်နတ်လေးတော်အကြောင်း တွေးမိသွားပြီး ဘတ်ဟျွန်း က သာမန်မဟုတ်တာကိုရိပ်စားမိလာသည်။ ကံကြမ္မာနတ်နန်းဆောင်က နတ်တစ်ပါးဖြစ်ပြီးတော့ ဘတ်အွန်း ရဲ့ကံကြမ္မာကိုလှည့်စားပြီး သူက အစားထိုးဝင်ရောက်နေခဲ့တာဆိုလျှင် ဝမ်ယောလ် ၏ အမုန်းတွေက ပိုပြီးတောက်ပလာဦးမည်ထင်သည်။
'ဘာလို့လဲ'
ဝမ်ယောလ် ရင်ခွင်ထဲကနေ အပြာရောင်မျက်လုံးလေးဖြင့်မော့ကြည့်နေသော ဘတ်ဟျွန်း ၏ အကြည့်က သိပ်ကို ချစ်စရာကောင်းလွန်းသည်။ သို့ပေတည်း ထိုအကြည့်က ဘတ်အွန်း ကိုပိုပြီး သတိရစေသည်။
'ဘာမှမဟုတ်ပါဘူး။ အွန်းလေး သင်ပေးခဲ့တာလားလို့ထင်လို့ပါ။ ဟျွန်းလေး က ပါရမီရှိသားပဲ'
ဝမ်ယောလ် စကားကြောင့် ဘတ်ဟျွန်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပြီး
'ဒါပေမဲ့ အစ်ကိုတော်ငယ်သင်ပေးခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာ။ နှစ်ကကြာနေပြီလေ။ ကျွန်တော့်ဘာသာဒီအတိုင်းကြီး ဖတ်တတ်တာကတော့ မဖြစ်နိုင်ဘူးလေ။ ကျွန်တော် မမှတ်မိတာနေမှာ'
''တစ်ချိန်ကျရင် ဘတ်အွန်း ကို သတ်ခဲ့တာကိုလည်း မေ့သွားလောက်မယ်ထင်တယ်''
ဝမ်ယောလ် ခပ်ချဉ်ချဉ်တွေးမိလိုက်သည်။ ဘတ်အွန်း မျက်နှာဖြင့် ချစ်စရာကောင်းအောင်ပြုမူနေပေမဲ့ အပြာရောင်မျက်လုံးက စိတ်ရှုပ်စရာကောင်းလွန်းသည်။ စကားလုံးအများကြီးသုံးစရာမလိုဘဲ ကြွေကျအောင် ခြွေလို့ရသည့် ဘတ်ဟျွန်း ကို သူသိပ်အထင်သေးပါ၏။
ဘတ်ဟျွန်း က ဝမ်ယောလ် ၏ ချီးကျူးမှုကို မနေတတ်သောကြောင့် သာမန်စကားစုလေးဖြင့်သာ ပြန်တုန့်ပြန်သည်။ မော်ကြွားခြင်းကို ဘတ်ဟျွန်း မနှစ်သက်ပေ။
'ဟုတ်လောက်မယ် ထင်တယ်'
ဝမ်ယောလ် သည်လည်း စကားထပ်မပြောဖြစ်ပေ။ သူ၏အတွေးနှင့် လက်တွေ့က ဆန့်ကျင်ဘက်ဖြစ်နေတော့ ဆက်ပြောနေလျှင် သူ၏စိတ်အမှန် အစောကြီးပေါ်သွားမှာစိုးရိမ်သည်။ ဒီလောက်နှုန်းလေးက ဘတ်ဟျွန်း ကို အရမ်းကြီးအထိနာမည်မဟုတ်ပေ။
'ဟျွန်းလေး သွားအိပ်တော့လေ။ ဒီနေ့ အများကြီးသင်လိုက်ရတော့ ပင်ပန်းသွားပြီ'
'မင်းသားကရော'
'ကိုယ်က ကြည့်စရာရှိသေးတယ်'
ဝမ်ယောလ် ကကျန်နေသေးသည့် လျှောက်တင်လွှာတွေနှင့် ဆုတောင်းစာတွေကို မေးငေ့ါပြသည်။
'ကျွန်တော်ကူညီပေးရမလား'
ဝမ်ယောလ် က သဘောတကျပြုံးရင်း ဘတ်ဟျွန်း ခေါင်းလေးကိုပုတ်ကာ
'ဒီနေ့မှ စသင်တဲ့တပည့်လေးကို အများကြီးခိုင်းလိုက်ရင် ထွက်ပြေးသွားမှာပေါ့'
'မပြေးပါဘူး။ ပြေးစရာလား။ မင်းသားအနားမှာတောင် တမင် မရမကနေနေတာကို'
ဘတ်ဟျွန်း က ဆူပုတ်ပုတ်ဖြင့် ပြန်ချေပတော့ ဝမ်ယောလ် က ရယ်သည်။
'ဒါပေမဲ့လည်း ဆရာက မခိုင်းရက်ပါဘူးနော်'
'ဘာလို့လဲ'
'ချစ်လို့ပေါ့။ ဟျွန်းလေး ပင်ပန်းမှာကို မကြည့်ရက်လို့'
ဘတ်ဟျွန်း အစကတော့ မျက်လုံးလေးပြူးပြီး ရင်ခုန်လွန်းကာ အသက်ရှုရပ်သွားပေမဲ့ အရှက်ပြေပြုံးရင်း
'မပင်ပန်းပါဘူး'
ခေါင်းငုံ့အရှက်ကြီးနေရာကနေ အသံသေးသေးလေးထွက်လာသည်။ ဝမ်ယောလ် က မဲ့ပြုံးပြုံးသည်။ ခြွေစရာမလိုအောင် ကြွေပြနေသည်က သိပ်စိတ်ပျက်စရာကောင်းသည်။
'မပင်ပန်းလည်း သွားအိပ်တော့'
အလိုမရှိလို့ နှင်နေတာကို အလိုက်သိစမ်းပါ ဘတ်ဟျွန်း ရယ် ဟုသာ ဝမ်ယောလ် အော်ပစ်လိုက်ချင်းသည်။ ဘတ်ဟျွန်း က တစ်ကယ့်ကို စိတ်ပျက်စရာကောင်းလွန်းတဲ့အထိ မရမက အတင်းဖက်တွယ်နေသည်။
'ကျွန်တော် မင်းသားကိုစောင့်နေမယ်လေ'
'ကိုယ်စိတ်ဆိုးရမှာလား'
ဝမ်ယောလ် ခြိမ်းခြောက်တော့မှ ဘတ်ဟျွန်း ခေါင်းခါပြီး
'သွားအိပ်ပြီ'
'အင်း။ ကိုယ့် ကုတင်ပေါ်မှာ အိပ်'
'ဟုတ်'
ဘတ်ဟျွန်း အိပ်ဆောင်ထဲဝင်သွားတော့မှ ပျားသကာလိုချိုမြသော ဝမ်ယောလ် ၏ မျက်နှာပုံရိပ်သည် ပျောက်ကွယ်သွားသည်။
'စိတ်ရှုပ်ဖို့ကောင်းလိုက်တာ'
ချစ်ခြင်းသည် မလိုချင်သောသူကိုပေးမိလျှင် စိတ်ရှုပ်ခြင်းသာဖြစ်စေသည်။
ဘတ်ဟျွန်း အိပ်ပျော်တော့မှ ဝမ်ယောလ် လည်း လက်နက်စောင့်နတ်မင်းပို့ထားသည့် နတ်လေးတော်အကြောင်း ဖတ်တော့သည်။
~~~~~~~~~~
အဖြူရောင်နတ်လေးတော်က ကံကြမ္မာနတ်မင်းကြီး၏ နတ်သူငယ်ဘဝကကိုင်ဆောင်ခဲ့သော နတ်လေး ဖြစ်သည်။ မြှားထိပ်၏ စွမ်းအားသည် မြေကြီးကိုတောင်ထက်ခြမ်းခွဲနိုင်တဲ့အထိ စွမ်းအားကြီးမားလွန်းသည်။ နတ်လေးတော်တွင် အပြာရောင်ပန်းကနုတ်များပါရှိပြီး နှင်းစက်၊ ရေခဲအစက်အပြောက်လေးများဖြင့်ဖွဲ့စည်းထားသည်။ နတ်လေးတော်၏ မူလပုံစံသည် ရေခဲနှင့် နှင်းကိုသာကိုယ်စာပြုပြီး သေးနုတ်သော လက်နက်တစ်ခုဖြစ်သည်။ ကံကြမ္မာနတ်မင်းနန်းတက်တော့ သေးနုတ်သောလက်နက်ကနေ အပြာရောင်မီးစွမ်းအားတွေကြောင့် စွမ်းအားကြီးမားသော လက်နက်ဖြစ်လာခဲ့သည်။
ဒါပေမဲ့ ကံကြမ္မာနတ်မင်းက လက်နက်ကိုစွန့်ပစ်ခဲ့ပါသည်။ သန်းပေါင်းများစွာသော အသက်တွေ၏ကိစ္စကို ဖြေရှင်းရမည်ဆိုမှ ထိုနတ်လေးတော်ကို ဆင့်ခေါ်ခဲ့ပြီး သာမန်အချိန်တွေမှာတော့ လက်နက်ခန်းမမှာတင် ဖုန်တက်အောင်ပစ်ထားလေ့ရှိသည်။
'အပြာရောင်မီးစွမ်းအားကြောင့်လား'
ဝမ်ယောလ် မှတ်တမ်းစာအုပ်အားဖတ်ရင်း ဘတ်ဟျွန်း ၏စွမ်းအားကြောင့် လက်နက်က လက်ခံလိုက်တာဟုသာ ယူဆလိုက်သည်။ ကျန်တဲ့ကိစ္စတွေကို သူစိတ်မဝင်စားတော့ပေ။ ဘတ်အွန်း ဆိုလျှင်လည်း ထိုနတ်လေးတော်က လက်ခံနိုင်လောက်သည်။
အရေးမပါတဲ့ ကိစ္စကြောင့် အချိန်ကုန်သွားတယ်ဟုသာတွေးပြီး မှတ်တမ်းစာအုပ်အား ပစ်ထားလိုက်သည်။
ဘတ်ဟျွန်း အိပ်ပျော်နေတုန်း နဖူးတွင် အပြာရောင်မီးလျှံအမှတ်အသားပေါ်
လာသည်။
ကလေးတွေအားလုံး နိုးလာပြီး ဘတ်ဟျွန်း ၏ ကံကြမ္မာစွမ်းအားတွေကို ထိန်းချုပ်နေရသည်။ ဘတ်အွန်း ၏ အမြုတေက ပင်ကိုယ်ကံကြမ္မာစွမ်းအားတွေကို တားဆီးထားပေမဲ့ လက်နက်ကြောင့် ထပ်တိုးလာသော စွမ်းအားတွေကိုတော့ မထိန်းချုပ်နိုင်တော့ပေ။
'ဘယ်လိုဖြစ်ပြီး စွမ်းအားတွေက ထိန်းမရဖြစ်နေတာလဲ'
'အမြုတေက အလုပ်မလုပ်တော့ဘူး'
'မဟုတ်ဘူး။ ဘတ်အွန်း ရဲ့ စွမ်းအားက သာမန်ထက်နည်းနည်းပဲပိုတာ။ ပါးငယ်ရဲ့ စွမ်းအားအကုန်ကို ဖိနှိပ်ဖို့ကျတော့ မလုံလောက်ဘူး'
'နတ်လေးတော်ကို စွန့်ပစ်မှရမှာ။ မဟုတ်ရင် အကုန်ပြဿနာတွေတက်ကုန်လိမ့်မယ်'
'နတ်လေးတော်ကို ပါးငယ်က စွန့်ပစ်မှာမဟုတ်ဘူး။ သိတဲ့အတိုင်းပဲ ခမည်းတော်ပေးထားတာလေ'
'ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ'
'စိတ်မပူပါနဲ့။ ငါတို့စွမ်းအားကလောက်ပါတယ်။ အစကတည်းက နတ်မင်းရဲ့စွမ်းအားတွေကို ဖိနှိပ်ထားဖို့ ငါတို့လိုက်လာတာလေ'
'ဒါတော့ ဒါပေမဲ့........'
'ဘာမှမပူနဲ့။ အဆင်ပြေသွားလိမ့်မယ်။ စွမ်းအားသာ ပိုသုံးလိုက်'
ကလေးတွေအားလုံးက စွမ်းအားတွေကို ထပ်တိုးပြီး လွှတ်လိုက်သည်။
'ဘာလို့ နတ်လေးတော်ရတာနဲ့ စွမ်းအားမငြိမ်တော့တာလဲ'
'သေချာမသိပေမဲ့ နတ်လေးတော်မှာ ဖျော့တော့တဲ့ စွမ်းအားရှိနေတယ်။ အဲ့စွမ်းအားက မီးစွမ်းအားနဲ့တစ်သားတည်းမဖြစ်ဘဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလို အခုလိုဖြစ်နေတာ'
'ဘာစွမ်းအားလဲ'
'အေးတာကိုခံစားရလား'
'အေးတာလား'
ကလေးတွေအားလုံးက ဘတ်ဟျွန်း ၏ စွမ်းအားအရှိန်ကို မျက်လုံးမှိတ်ကာ ခံစားလိုက်ကြသည်။
'ရေခဲနဲ့ နှင်းစွမ်းအားရှိနေတာ'
အယ်ရီ က ပြောတော့
'ဘယ်ကနေဘယ်လို ရေခဲတွေပါလာတာလဲ'
'မသိဘူး'
အယ်ရီ က ခေါင်းခါပြလိုက်ပြီး
'အေးခဲနေတဲ့ စွမ်းအားက အပူကိုမကြိုက်လို့ မငြိမ်မသက်ဖြစ်နေတာ။ အယ်ရီ ထိန်းလိုက်ပါ့မယ်'
အယ်ရီ က စွမ်းအားတစ်ချို့ကို စုပ်ယူလိုက်ပြီး ထိန်းချုပ်ထားလိုက်သည်။ ထိုအခါမှ ဘတ်ဟျွန်း ၏ အပြာရောင်မီးလျှံအမှတ်အသားပျောက်သွားပြီး ဘတ်ဟျွန်း ၏ စွမ်းအားတွေလည်း ငြိမ်သက်သွားတော့သည်။ ကလေးတွေသည်လည်း စွမ်းအားကုန်ခမ်းသွားကာ လိပ်ပြာငယ်လေးတွေအဖြစ် ငြိမ်သက်သွားတော့သည်။
'မမရဲ့ စွမ်းအားက ရေခဲလား'
'ဟုတ်တယ်'
'ပါးငယ်ကော ခမည်းတော်ကောက မီးစွမ်းအားတွေလေ။ ဘယ်လိုလုပ်ပြီး ရေခဲ နဲ့ နှင်းက ပါလာတာလဲ'
'မသိဘူး'
'အငယ်ဆုံးလေးက ပါးငယ်ရဲ့ ပထမဆုံးကိုယ်ဝန်လေ။ အဲ့ဒီတုန်းက ဆုရမ် မင်းသမီးကို သူအပြစ်ပေးတာကို မှတ်မိကြသေးလား'
'မှတ်မိတယ်။ ပူလိုက်အေးလိုက်ဖြစ်နေလို့ သူပဲပြန်ပျောက်အောင်လုပ်ပေးနိုင်တာ။ အဲ့ဒီတုန်းကတော့ ပါးငယ်က နဂါးမျိုးနွယ်ကဖြစ်လို့ ရေခဲနိုင်တာပဲထင်ခဲ့တာ။ ဒါပေမဲ့ နှင်းတွေပါ ပါလာတော့ ဒီမှန်းဆချက်က မဟုတ်တော့ပြန်ဘူး'
အယ်ရီ က ဘတ်အွန်း ကိုယ်ထဲက ငြိမ်သက်နေသော အဖြူရောင်နတ်လေးတော်ကိုကြည့်ရင်း
'နတ်နန်းဆောင်မှာတုန်းက ပါးငယ်ဒီလက်နက်ကို မထုတ်သုံးဖူးဘူး။ ပစ်ထားတာလည်းကြာနေပြီ။ ဟိုတစ်ခါ တိုက်ပွဲတုန်းကမှ ပြန်ယူခဲ့တာ။ ပြီးတော့ ပြန်ပစ်ထားတာပဲကို။ ဒီလောက်ကောင်းတဲ့ လက်နက်ကို ပါးငယ်က ဘာလို့မသုံးတာလဲ'
'ပါးငယ်ရဲ့စွမ်းအားနဲ့တင် လုံလောက်လို့နေမှာပေါ့'
'မဟုတ်ဘူး။ အယ်ရီတော့ အဲ့လိုမထင်ဘူး'
နတ်လေးတော်ရှိ ရေခဲ နှင့်နှင်းအမှုန်လေးတွေက လင်းလက်စွာရွေ့လျားနေသည်။ ဒါပေမဲ့ အပြာရောင်မီးစွမ်းအား၏အောက်တွင် သူတို့က မှေးမှိန်ပျောက်ကွယ်နေသည်။
'စွမ်းအားကနည်းလွန်းတော့ စွန့်ပစ်လိုက်တာနေမှာ'
'ပါးငယ်က အဲ့လိုစိတ်မျိုးမရှိလောက်ပါဘူး'
နို့ညှာကောင်လေးကပြောတော့ အကြီးဆုံးကောင်လေးက
'မဟုတ်ဘူး။ ငါတို့မေ့နေတဲ့ မှတ်ဉာဏ်ရှိနေတယ်။ တစ်ခါတစ်လေ သတိရပြီး တစ်ခါတစ်လေကျတော့မေ့နေတယ်။ မင်းတို့သတိထားမိလား'
'အစ်ကိုကြီးဆိုလိုချင်တာက အငယ်ဆုံးနဲ့ ပက်သက်နေတာလား'
'ဖြစ်နိုင်တယ်။ ငါတို့မေ့နေတဲ့ အတိတ်ကို သူသိနေလောက်တယ်။ အဲ့ဒါကြောင့် အခုလို နေနေတာ'
'လောလောဆယ် အယ်ရီ တို့ အနားယူကြရအောင်။ စွမ်းအားတွေလည်း သုံးထားတော့ ပင်ပန်းနေကြပြီ'
'ဟုတ်တယ်။ နားကြရအောင်'
လိပ်ပြာလေးတွေအကုန်လုံး ငြိမ်သက်စွာအိပ်ပျော်သွားကြသည်။
≥≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤
မိုးလင်းသော်
ဘတ်ဟျွန်း ရေဇလုံလေးကိုင်ပြီး ဝမ်ယောလ် နိုးလာမည့်အချိန်ကိုစောင့်နေသည်။ ဝမ်ယောလ် က လူပြည်ကိုသွားစစ်ဆေးဖို့ တာဝန်ပေးအပ်ခြင်းခံထားရတော့ ညီလာခံကိုသွားစရာမလိုသေးပေ။ ထို့ကြောင့် ဝမ်ယောလ် စိတ်ချလက်ချ အိပ်မောကျနေသည်။
'နိုးပြီလား မင်းသား'
'အင်း'
ဘတ်ဟျွန်း က ရေနွေးစိမ်ထားသော အဝတ်စတစ်ခုကိုကမ်းပေးသည်။ ဝမ်ယောလ် ယူလိုက်ပြီး မျက်နှာသုတ်လိုက်ရင်း
'စောင့်နေတာကြာပြီလား'
'မကြာသေးပါဘူး။ တခြား ပြင်စရာရှိတာတွေပြင်နေတာ'
'မနက်ဖြန် လူ့ပြည်သွားရမယ်'
'ဟုတ်ကဲ့။ အဲ့ဒါကြောင့် လိုအပ်တာတွေပြင်နေတာပါ'
'လူပြည်သွားဖို့က ဘာမှပြင်စရာမရှိပါဘူး။ ဘာလို့ဆို လူ့ပြည်က ဒီမှာထက် ပိုပြီးပြည့်စုံတယ်'
'ဘာလို့လဲ'
'ရောက်ရင်သိလိမ့်မယ်။ လူ့ပြည်ရောက်ပြီး ပြန်မလာချင်တော့ဘူး'
'မဖြစ်နိုင်တာ။ နတ်ပြည်က ပိုကောင်းတာကြီးကို'
ဝမ်ယောလ် ရယ်သာရယ်နေသည်။
ခဏနေတော့ ဝမ်ယောလ် က မနေ့ညက သင်ထားသော စာလုံးတွေကိုပြန်ရေးစေသည်။ သူကတော့ လက်စသတ်စရာတွေကို လုပ်နေသည်။ ဘတ်ဟျွန်း က တစ်ချို့ဆုတောင်လွှာတွေကိုဖြည့်ဆည်းပေးပြီး ဝမ်ယောလ် ကို ခဏအနားယူစေသည်။ ဝမ်ယောလ် က ဘတ်ဟျွန်း စီစဉ်ထားတာတွေကို အဆင်ပြေမပြေဆုံးဖြတ်ပြီး လိုအပ်တာတွေကို သင်ကြားပေးနေသည်။
နေ့လည်ပိုင်းရောက်တော့ နေ့လည်စာကို ပြင်ခိုင်းလိုက်သည်။
'ဒီနေ့တော့ ဒီလောက်ပဲ။ နေ့လည်စာစားရအောင်'
'ဒီတစ်မျက်နှာ ပြီးအောင်ရေးလိုက်မယ်'
ဘတ်ဟျွန်း စုတ်တံကို မှင်အိုးထဲနှစ်လိုက်ပြီး မှင်ရည်တွေကို ပြန်နည်းအောင်သန့်စင်ကာ ဆက်ရေးဖို့ပြင်သည်။ ဝမ်ယောလ် က စာရွက်ကို သူ့စွမ်းအားဖြင့်ယူလိုက်ပြီး
'ရပြီ ဒီလောက်ဆို'
ဝမ်ယောလ် မျက်နှာတည်နေတာကြောင့် ဘတ်ဟျွန်း ထပ်တွန့်မတက်တော့ဘဲ ထမင်းစားပွဲဝိုင်းဆီကို လျှောက်သွားလိုက်သည်။
'စား'
ဝမ်ယောလ် က ဟင်းရွက်တစ်ခုအား တူဖြင့်ညှပ်ကာ ဘတ်ဟျွန်း ပန်းကန်ထဲ ထည့်ပေးသည်။ အတူနေလာတဲ့ အချိန်တွေများတော့ ဘတ်ဟျွန်း အသားမစားတတ်တာကို သတိထားမိနေပြီး စားဖိုဆောင်ကိုလည်း သက်သက်လွတ်အမြဲချက်ထားဖို့ ဝမ်ယောလ် ကိုယ်တိုင်မှာကြားထားသည်။
အရင်တစ်ခေါက် ဝမ်ယောလ် ပြစ်ပေးထားလို့ နတ်သူငယ်တွေက ဘတ်ဟျွန်း ကို မထီမဲ့မြင်မလုပ်တော့ဘဲ တလေးတစားဆက်ဆံလာသည်။ ဒါပေမဲ့ ရွံကြောက်ကြီးဖြစ်နေတော့ ဘတ်ဟျွန်း သိပ်တော့အလိုမကျပေ။ ဘတ်ဟျွန်း ကတော့ အားလုံးကို စိတ်ရင်းနဲ့ အကာအကွယ်ပေးထားသည်။
'အသားစားဖို့ ကြိုးစားကြည့်ပါလား။ တဖြည်းဖြည်းနဲ့ပိန်လာသလိုပဲ'
'မစားချင်ဘူး'
'အသားအစစ်မှမဟုတ်တာကို ဘာလို့ မစားချင်တာလဲ။ ဒါတွေစားမှ ဟျွန်းလေး ရဲ့စွမ်းအားက ပိုတိုးတက်မှာပေါ့'
'ရပါတယ်'
'နောက်ရက်ကျရင်တော့ စားကြည့်။ အခုတော့ လွှတ်ထားလိုက်မယ်'
ဘတ်ဟျွန်း သက်ပြင်းလေးချလိုက်သည်။ ဝမ်ယောလ် ၏ အမိန့်ကို သူမငြင်းဆန်နိုင်ပါ။
~~~~~~~~~~~~
ဝမ်ယောလ် က မြှားပစ်လေ့ကျင့်ကွင်းတွင် ဘတ်ဟျွန်း ကို မြှားပစ်သင်ပေးနေသည်။ စွမ်းအားမြှားက စွမ်းအားကြီးလွန်းတော့ သာမန် သစ်သားမြှားလေးဖြင့်သာ သင်ပေးနေသည်။
'လက်ကိုတန်းတန်းထား။ ပစ်မှတ်ကိုသေချာချိန်။ .....'
ဝမ်ယောလ် က ဘတ်ဟျွန်း ကို သိုင်းဖက်ထားပြီ ဘတ်ဟျွန်း လက်ကိုထပ်ကာ မြှားပစ်သင်ပေးနေသည်။
'ပစ်တော့'
မြှားက အနီရောင်စက်ဝိုင်းကွင်း အလယ်တည့်တည့်သို့ရောက်သွားသည်။
'ပစ်ကြည့်'
ဘတ်ဟျွန်း ပထမတစ်ခေါက်ပစ်တော့ မရပေ။ နောက်အခေါက်တွေလည်း လွဲသေးသည်။
'ကျွန်တော် မရဘူးထင်တယ်'
ဝမ်ယောလ် က ဘတ်ဟျွန်း ခေါင်းလေးပုတ်ပြီး နှစ်သိမ့်ပေးသည်။
'အခုမှအစမို့လို့ပါ။ ထပ်လေ့ကျင့်နေလိုက်'
'မင်းသား ဘယ်သွားမလို့လဲ'
'ဂျွန်မြောင် ဆီသွားမလို'
'ကြာမှာလား'
'ခဏလေးပဲ။ မလိုက်ခဲ့နဲ့'
'ဟုတ်ကဲ့'
ဝမ်ယောလ် ထွက်သွားတော့ ဘတ်ဟျွန်း လေးကြိုးကို ပြန်ဆွဲလိုက်သည်။
ရုတ်တရက် ဘတ်ဟျွန်း နဖူးတွင် အပြာရောင်မီးလျှံအမှတ်အသားပေါ်လာပြီး မြှားသည်လည်း စွမ်းအားမြှားဖြစ်သွားတော့သည်။
အစက ဘတ်ပြားကို ချိန်ထားပေမဲ့ ပြာလွင်သောမျက်လုံးတို့ရောက်လာပြီးသည့်နောက် ပစ်မှတ်နေရာသည် ပြောင်းသွားသည်။
'ချန်းယောလ်'
လျှောက်လမ်းကနေထွက်သွားသော ဝမ်ယောလ် ၏ နောက်ကျောဆီသို့ ဘတ်ဟျွန်း သေချာချိန်ထားပြီး မြှားကို လွှတ်လိုက်တော့သည်။
^-^-^-^-^-^-^-^-^-^-^-^-^-^-^