Castle in the air

By tuminkoe

11.1K 860 136

OTP အစွဲရှိရင်မဖတ်ပါနဲ့ စိတ်အခြေအနေအရက Vmin လား Jikookလား Taekookလားမသိပါဘူးရေးချင်သလိုရေးမှာပါရေးချင်သလိုရေး... More

Intro
Castle in the air 1
castle in the air 2
Castle in the air 3
Castle in the air 4
Castle in the air5
Castle in the air 6
Castle in the air 8
Castle in the air 9
Castle in the air 10
Castle in thr air 11
Castle in the air 12
Castle in the air 13
Castle in the air 14
Castle in the air 15
Castle in the air 16
Castle in the air 17 ⚠️over 21
Castele in the air 18
Castle in the air 19
Castle in the air 20
Castle in the air 21 (new)
Case in the air 22
Castle in the air 23

Castle in the air 7

396 40 12
By tuminkoe

Internetကနေ ဆယ်ကျော်သက်အချစ်အကြောင်းရှာကြည့်မိတော့

ဒီအရွယ်က သစ်ရွက်လေး လေတိုက်ရင်လှုပ်သလို နှလုံးသားလေးက လှုပ်ရှားလွယ်တယ်တဲ့

Jk laptop ကkeyboards ထက်က လက်ချောင်းလေးတွေ လှုပ်ရှားရင်း Taehyung Accountထဲ ဝင်ကြည့်မိ၏။

ကိုကို က ဒီရက်ပိုင်း သိပ်ထူးဆန်းနေတာ သူ့ဆီကိုလည်းမလာ သူပို့တဲ့ စာတွေလည်း ပြန်မပို့ဘူး ဖုန်းဆက်တော့လည်း မကိုင်ဘူး

ဘဝမှာ ကိုကို တစ်ယောက်တည်းကို ၁၃နှစ်အရွယ်ကတည်းက ရင်ခုန်ခဲ့ရတာအခုထိ အခုချိန်မှာ နှလုံးသားက ရင်ခုန်စေသူ တိုးပေးလိုက်ပြန်တယ်

ကျွန်တော်မျက်နှာမများဘူး အခုရွယ်က စိတ်ကစားတဲ့အရွဟ်မို့ပါ ကျွန်တော် တကယ်ချစ်တာကိုကို့ ကိုပါ

Jimin accountထဲ ဝင်ကြည့်မိတော့ ကိုကို့ပုံလေးတစ်ပုံ တင်ထားတာတွေ့မိပြန်တယ် captionက

"အရူးလေး "တဲ့

ကိုကိုက အဲ့ဓာတ်ပုံထဲမှာ ရယ်နေတာ ချစ်ဖို့ကောင်းတယ်

Jk ထယ်ယောင်း ပုံလေးကို likeပေးလိုက်ပြီး Jimin chat boxထဲစကားသွားပြောလိုက်၏။

💬Hey

💬Omm

ဟွန်း ချေလိုက်တာ ငါကသူ့ကိုပြောချင်တယ်ထင်လို့လား

JKနှာခေါင်းလေးရှုံ့ကာ စိတ်မကျေနပ်မှုကို တစ်ယောက်တည်း ဖော်ပြနေမိ၏။

💬ကိုကိုနဲ့အဆက်သွယ်ရသေးလား

💬ရတယ်

Jk နှုတ်ခမ်းထော်မိ၏။

ဒါဘာကို အလိုမကျတာလဲ သူ့ကိုယ်သူမသိဘူး သေချာတာ စိတ်ကောက်ချင်တယ် စိတ်ဆိုးချင်တာဘဲ သိတယ်

Jk laptopလေး ပိတ်လိုက်ပြီး အိပ်ယာထက်ပစ်လှဲ ချလိုက်ပြီး မျက်နှာချက်ကိုကြည့်ရင်း စိတ်ထဲ သဝန်တိုမှုကို ဖြေဖျောက်ဖို့ ကြိုးစားမိသည်

"ကိုကို ကျွန်တော့်ကို ပစ်ထားတယ်"

"Park Jimin ခင်ဗျားမကောင်းဘူး ကျွန်တော့်ဆီ စာလေးတစ်ကြောင်းတောင်မပို့ထားဘူး"

ရေရွတ်ရင်း မျက်လုံးလေးမှိတ်ကာ ဒီညတာကို အိပ်စက်ခြင်းနှင့်အနားယူလိုက်သည်

////

တကယ်က JKကို တမင် ပြောလိုက်တာ သူလည်း ထယ်ယောင်းနဲ့ဆက်သွယ်လို့မရပေ

ထယ်ယောင်း အိမ်လိုက်သွားတော့ နိုင်ငံခြား အလည်သွားတာတဲ့

သန်ဘတ်ခါ ပြန်လာမယ်ပြောတယ်

Jimin အိပ်ယာဘေးက စားပွဲပေါ်က ဖုန်းလေးလှဲအိပ်နေရင်းလှမ်းယူကာ ထယ်ယောင်းဆီ ဖုန်းဆက်လိုက်မိပြန်သည်

"ဒီတစ်ခါတော့ ဖုန်းကိုင်ပါကွာ"

"ဟယ်လို "

တစ်ဖက်က ဖုန်းပြန်ထူးလိုက်သည်မို့ Jimin ပျော်သွားမိကာ အိပ်ယာထဲလှဲနေရာကနေ ထထိုင်လိုက်မိ၏။

"ထယ် ငါ့ကိုပစ်ထားတယ် "

"အပိုတွေပြောမနေနဲ့ ငါမအားဘူး ခဏခဏဖုန်းဆက်နေတာ ဘာလဲ"

"လွမ်းနေပြီ"

"ဟား ဟား မင်းကောင်လေးဆီ ဖုန်းဆက်လေကွာ"

တစ်ဖက် ထယ်ယောင်း ရယ်သံက ပေါ့ပါးစွာမို့ Jiminပြုံးလိုက်မိ၏။

ဟိုနိုင်ငံမှာ ဒီကောင် ကဲနေပြီမလား clubတွေတက် ကောင်မလေးတွေနဲ့ ကြူနေလောက်ရောပေါ့

"ဘာလဲ clubရောက်နေတာလား ထယ်ယောင်း"

"အေး"

ထင်တဲ့အတိုင်း မို့ Jimin ခေါင်းလေးခါကာ

"အေး ရည်းစားရမလာစေနဲ့ "

"ငါ့ကောင်မလေးပါတယ် "

ပြုံးနေမိတဲ့ ဂျီမင့်မျက်နှာ တည်သွားတာ ထယ်ယောင်းမသိပေ

ထယ်ယောင်းဘေး တကယ် သူမ ရှိနေတာ အိမ်က သဘောတူတဲ့သူကို လာတွေ့တာမို့ clubကိုကောင်မလေးနဲ့မဆန်းပေ

"ဘာလဲ အိမ်က သဘောတူတဲ့သူလား"

"omm"

"သူ့ပုံ cbကနေ ပို့ထားလိုက် အခုချက်ချင်းနော်"

"အမ် ဘာလုပ်မို့လဲ....."

တစ်ဖက်က ဖုန်းချသွားသည်မို့ ထယ်ယောင်း ဂျီမင့်ကို နားမလည်ပေ

သူမ နဲ့ သူ က ရိုးရှင်းတယ် မိဘတွေသဘောတူလို့ မိဘတွေသဘောအတိုင်း တွေ့ကြDateကြတာ သူမက girlfriendရှိကြောင်း ဝန်ခံထားသည်မို့ နှစ်ယောက်သားဟန်ဆောင်တွဲ ရုံအပြင် ခံစားချက်မပိုကြပေ

"ဘာတဲ့လဲ နင့်သူငယ်ချင်းက "

"မင်း ပုံကိုပို့ခိုင်းနေတာ"

သူမက ပုခုံးတစ်ချက်ပင့်သွားကာ ပြုံးလိုက်ပြီး

"သူအကဲခတ်မို့နဲ့တူတယ် "

"ဟုတ်မှာ"

သူမရဲ့ Girlfriendဖြစ်သူ clubလိုက်လာ၍ ၂ယောက်သား စကားပြောရပ်လိုက်ပြီး သူမနဲ့သူ့အကြောင်းကို သူမ girlfriendကို ရှင်းပြလိုက်တော့၏။

ဒီနိုင်ငံမှာ LGBTကို အပြည့်အဝလက်ခံကြပေမယ့်သူမ မိဘတွေကတော့ နားလည်မပေးကြတော့ သူကဘဲ ကူညီပေးရမယ်မလား

/////

Jkဆီကို သူဘဲကားနဲ့သွားခေါ်ပေးတော့ Jkက ထူးထူးဆန်းဆန်း သူ့အား ချိုသာစွာပြုံးပြသည်

ဒီနေ့မိုးရွာမှာဘဲလို့ စိတ်ထဲက ပြောလိုက်မိတာ Jkမသိပေ

"ကိုကို့လေယာဉ်ချိန်က ၂နာရီခွဲဆိုတော့ လမ်းမှာ မုန့်ဝင်စားမလား "

"မင်းဗိုက်ဆာရင်ပေါ့ "

Jkမျက်စောင်းလေး Jiminဆီ ရောက်လာတော့ Jiminရယ်တော့၏။

"ဘာလဲ ခင်ဗျားက"

"မင်းဗိုက်ဆာရင် cafeတစ်ခု ဝင်မယ်ပြောတာလေ မင်းက ဘာလို့ စိတ်ဆိုးရတာလဲ"

"ခင်ဗျား ခေါင်းထဲမှာ ကိုကို ဘဲရှိတာလား "

Jkရဲ့မေးခွန်းကြောင့် ရယ်နေတာရပ်ကာ ကားကိုသာ အရှိန်တင်လိုက်သည်

တမင်မဖြေတာ Jkသိတာပေါ့ မရမကမေးရမှာမို့ Jk စကားဆက်လိုက်ရသည်

"ကိုကို့ကို အခြားသူလက်ထဲ ခင်ဗျားမပေးချင်ဘူးမလား "

"ဘာလို့မေးတာလဲ"

"ခင်ဗျား အကြောင်း သေချာလေ့လာရင်သိသာတယ် ခင်ဗျား ရည်းစားတွေ ထားပြီး ဘယ်တုန်းက မြဲလို့လဲ "

Jk စကားထဲကနေ Jiminအကြောင်း Jk စုံစမ်းထားတာ ပေါ်သွားပြီမို့ Jimin ပြုံးလိုက်မိ၏။

"ကိုယ့်အကြောင်းစုံစမ်းထားတာလား"

ထိုအခါမှ Jk သတိရကာ ရှက်မိတော့သည်

ရှက်တာနဲ့ အမြန်ငြင်းဖို့စကားရှာရ၏

ဘာပြောရမှန်းမသိတာနဲ့ radioကောက်ဖွင့်ကာ ကားမှန်ဘက်လှည့်ကာ ဘေးဘယ်ယာ ကြည့်နေလိုက်သည်

Jiminလည်း ဆက်မစတော့ဘဲ ကားကိုသာ မောင်းရင်း radioနားထောင်နေလိုက်သည်

>>>>>

"နင့်ကို ကျေးဇူးတင်ပါတယ် ထယ်ယောင်း"

"မလိုပါဘူး ငါနင်တို့ကို ကူညီမှာပါ"

ထယ်ယောင်း ပြောသင့်မပြောသင့်စဉ်းစားရင်း သူမ ဖုန်းလေးကို ထယ်ယောင်းဆီ ကမ်းပေးလိုက်တာမို့ ထယ်ယောင်းယူလိုက်သည်

"ဘာလဲ"

"ကြည့်လေ"

ထယ်ယောင်း ကြည့်မိတော့ သူမနဲ့ Jiminစကား​ပြောထားတာတွေမလား

Jimin သူမဆီကိုစာအရင်ပို့တာ

"သူက နင့်သူငယ်ချင်းမလား ထယ်ယောင်း"

"အေး "

သူမ တစ်ချက်လေးပြုံးကာ ထယ်ယောင်းဆီက ဖုန်းလေးပြန်ယူလိုက်၏။

"နင်သိလား သူငါ့ကို ဘလိုင်းကြီး လာကြောင်တာ "

ထယ်ယောင်း သူမကိုအားနာမိတာမို့ သက်ပြင်းဖွဖွချကာ သူမဘက်မျက်နှာလှည့်လိုက်သည်

"မနေ့ညက မင်း Acc nameနဲ့ photo ပို့လိုက်မိတာငါမှားတာ"

"တော်သေးတာပေါ့ ငါကစိတ်မဆိုးတတ်လို့ နင်အားနာမနေပါနဲ့ ဘာမှမျက်နှာပူစရာမရှိဘူး ငါက ငါ့ ကောင်မလေးကလွဲရင် ဘယ်သူ့မှစိတ်မဝင်စားဘူးရယ်"

ထယ်ယောင်း စိတ်ထဲ နားလည်ရခက်တာ
ဂျီမင် ကူးငယ်ရှိရဲ့နဲ့ ဘာတွေလုပ်နေပြန်တာလဲမသိတာလည်း ခက်ရချည်ရဲ့

"နင်သိလား သူကနင့်သူငယ်ချင်းပါဆိုပြီး ပေါ်တင်လာကြောင်တာ ငါလည်း နင့်ဘဲ စိတ်ဝင်စားတာပါဆိုပြီး ငြင်းထားတယ်"

"ငါအားနာပါတယ်ဟာ Jimin မှာက တကယ်တော့ Boyfriend ရှိတယ်ဟ သူကအရင်က ကောင်မလေးတွေအများကြီးထားတာ သူ့Bfနဲ့ကြမှ ခြေငြိမ်တာ အခု ပြန်စပြီ ဇာတ်လမ်းက"

သူမ Jiminအကြောင်းကို သိချင်သွားတာအမှန်ပင် Jiminမှာ လျှို့ဝှက်ချက်တွေ ရှိနေမှာအသေအချာဘဲ လို့စိတ်ထဲတွေးမိကာ ပြုံးနေလိုက်သည်

လေယာဉ်ပေါ်ကဆင်းကာ ၂ယောက်သစကားပြောရင်း ထွက်လာတော့

Jiminနဲ့ Jkကို ထယ်ယောင်းမမြင်ပေ

Jimin ထယ်ယောင်းနဲ့သူ့ဘေးက ကောင်မလေးကြည့်နေရင်း Jkကို ထယ်ယောင်းတို့ ဟိုမှာ ဖြစ်ကြောင်းလက်ညှိုးထိုးပြလိုက်တော့ Jkက ထယ်ယောင်းအား အော်ခေါ်လိုက်၏။

"ကိုကို ..."

ထယ်ယောင်းနှင့်သူမ JKအသံကြားတော့ Jkတို့နားရောက်လာသည်

သူမ Jiminကိုမြင်တာနဲ့ မျက်ခုံးပင့်ပြလိုက်တော့ Jimin က ပြုံးပြရုံပင်

"ကိုကို ကျွန်တော့်ကို သတိတောင်မရဘူးလား"

"ကူးငယ် ကို ကိုကို သတိရပါတယ် ဟိုမှာ မအားဘူးလေ အဲ့တာမို့ မဆက်အသွယ်မလုပ်တာ"

Jkပုခုံးဖက်ကာ ထယ်ယောင်း စကားပြောတော့ Jimin ထယ်ယောင်းကို စိုက်ကြည့်နေတာ သူမ မြင်မိသည်

သူမ Jiminကို ကြည့်နေရင်း ထယ်ယောင်းနဲ့ Jkအား တစ်ဖန်ပြန်ကြည့်လိုက်ပြန်သည် ထို့နောက် ခေါင်း၃ချက်ဆင့်ငြိမ့်ကာ တစ်ခုခုကို သဘောပေါက်လိုက်သည်

Park Jimin ရှင်နဲ့ကျွန်မ နဲ့တွေ့ပြီဘဲ

Zawgyi











💬Hey

💬Omm











////






















"omm"












/////




















>>>>>






























Continue Reading

You'll Also Like

155K 3.5K 61
imagines as taylor swift as your mom and travis kelce as your dad
7.6K 658 8
လွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook!
14K 398 38
Y/N was never meant to be royalty. She always knew that. But when her village was destroyed one night when she was young, King Anthony Stark took her...
269K 7.8K 133
"𝑻𝒉𝒆𝒓𝒆'𝒔 𝒓𝒆𝒂𝒍𝒍𝒚 𝒏𝒐 𝒘𝒂𝒚 𝒐𝒇 𝒘𝒊𝒏𝒏𝒊𝒏𝒈 𝒊𝒇 𝒊𝒏 𝒕𝒉𝒆𝒊𝒓 𝒆𝒚𝒆𝒔 𝒚𝒐𝒖'𝒍𝒍 𝒂𝒍𝒘𝒂𝒚𝒔 𝒃𝒆 𝒂 𝒅𝒖𝒎𝒃 𝒃𝒍𝒐𝒏𝒅𝒆."