ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၂၅)
*မဟုတ်မှ အစ်မတော်ပြောသည့် အေးစက်စက်ဆိုတာ ကိုယ်ရံတော်မဏိလား.... အဲ့ဓားရိုးပုံစံ အဲ့မာန်အပြည့်နဲ့ဓားရိုးကိုကိုင်ထားတဲ့လက်ပုံစံက တကယ်ကို ကွက်တိပဲဟ ....တကယ်ပဲ တကယ်ပဲ ကိုယ်ရံတော်ကြီးလား....အိုးးးးးးးမထင်ရဘူးဟ....*
ဧကလေး မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကိုယ်ရံတော်အားကြည့်လိုက် လက်အားကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေရာ ဘေးမှ သူ့အားခပ်တည်တည်ကြည့်နေပါသော အရှင့်အားသတိမထားမိပေ။
*မဆိုးပါဘူး...ရုပ်ရည်ကတော့တည်တည်ကြည်ကြည်handsomeပဲ..ကိုလူအေး typeကြီး...တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ချစ်မယ့်ပုံစံကြီးပဲ ...ဒါပေမယ့် ဘာလို့သူက ငါ့အစ်မတော်အချောလေးကို လျစ်လျူရှူရဲရတာလဲ...ရာရာစစတွေ...ဟက်...မင်းမြတ်ဧကဦးမာန်အကြောင်း ပြပေးရသေးတာပေါ့...ဘယ်လောက်ထိအေးနိုင်မလဲဆိုတာ စောင့်ကြည့်ဦးမယ်...*
ဧကလေး ကိုယ်ရံတော်မဏိကိုကြည့်ရင်း စိတ်ထဲမှ ဉာဏ်နီ၊ဉာဏ်နက်များတွင်သာမက ဉာဏ်ရောင်စုံများပါထုတ်နေမိခိုက် ပတ်ဝန်းကျင်လေထုက သိသိသာသာအေးစက်လာသည်။
ခတ္တရာမှာလည်း အရှင့်၏ခါတိုင်းထက်ပိုတည်တင်းနေသည့်မျက်နှာတော်ကြောင့် စိုးထိတ်မိသလို ထိုအချင်းအရာအားမသိပဲ ခုချိန်ထိ မဏိဆီမှ အကြည့်မလွဲသေးသည့်မောင်ငယ်လေးကြောင့် ဘယ်လိုသတိပေးရမှန်းတောင်မသိဖြစ်သွားသည်။
မောင်ငယ်လေးကြည့်သည်က သူ့ပဝါထဲကပုံစံလေးကို မဏိဆီမှ အတည်ပြုနေမှန်း ခတ္တရာနားလည်သော်လည်း အရှင့်အနေဖြင့်ကတော့ ထိုသို့တွေးလိမ့်မည်မဟုတ်။
မဏိသည်လည်းနေရင်းထိုင်ရင်း သခင်လေးသျှင်းကြောင့် အရှင့်ဆီမှ အကြည့်စူးစူးများကို လက်ခံရရှိနေသဖြင့် မသိမသာဇောချွေးများတောင်ပြန်ချင်လာရသည်။
သခင်လေးကလည်း သူ့ဆီက ဘာတွေများဒီလောက်ထိစူးစမ်းနေလည်းဆိုတာ အဖြေရှာမရ။အရှင့်အကြည့်တွေနှင့်သခင်မလေး၏အားတုံ့အားနာဖြစ်နေသည့်ဟန်များကြားထဲ ကြာတော့ အငွေ့ပြန်ချင်စိတ်ပေါက်လာသည်။
“အဟမ်း!!!!”
ဒဝီဦးခိုက် မဏိကိုပဲမျက်တောင်မခတ်ကြည့်နေသော သျှင်းငယ်ကြောင့် စိတ်ထဲနေရထိုင်ရဘယ်လိုမှအဆင်မပြေတော့သဖြင့် ချောင်းဟန့်လိုက်သည်။
သို့သော်လည်း အချည်းနှီးသာ။
“အဟမ်း!!!”
ဒုတိယတစ်ခါလည်းအချည်းနှီးသာပင်။
ဧကလေးမှာတော့ ဉာဏ်ရောင်စုံထုတ်နေရသဖြင့် အရှင့်၏ချောင်းဟန့်သံကိုသတိမထားမိပေ။
ခတ္တရာ မနေသာတော့သဖြင့် မောင်ငယ်လေးကို သတိပေးဖို့ပြင်လိုက်သည်။
ထိုအချိန်တွင်ပဲ ဧကလေး၏မျက်လုံးပေါ် လက်ဖဝါးနွေးနွေးတစ်ဖက်ကျရောက်လာကာ အမြင်အာရုံအလုံးစုံကိုကာသွားလေတော့သည်။
*ဟင်....*
ဧကလေး ယောင်ရမ်းပြီး ထိုလက်ဖဝါးအပေါ်မှထပ်ကိုင်လိုက်မိသည်။
ထိုအခိုက်နားနားကပ်ပြီးပြောလာသော ထွက်သက်နွေးနွေးကြောင့် ဆတ်ကနဲတုန်သွားကာတစ်ကိုယ်လုံးရဲတတ်လာသည်။
“ဘာတွေအဲ့လောက်ထိကြည့်နေရတာလဲ
သျှင်းဓနနောင်...ကိုယ်တော့်ကိုစမ်းသပ်နေတာလား...”
*အာ...ဒီလူကတော့ အစ်မတော်တို့ရှေ့မှာကို ...*
ဧကလေး ကိုယ်လေးကိုအနောက်အနည်းငယ်ဆုတ်ရင်း အရှင့်၏မျက်နှာတော် တည်တည်ကြီးကိုကြည့်လိုက်ကာ ပြောလိုက်သည်။
“ဗျာ..ဘာကိုစမ်းသပ်တာလဲဟင်...အရှင်...”
*Wait အရှင်က ခု သူ့ကိုနာမည်အရင်းခေါ်လိုက်တာလား...*
“မသိဘူးလား...”
“ဘာကိုပြောတာလဲဗျ...”
*ငါလေးဘာလုပ်မိလို့ပါလိမ့်...ဘာမှလည်းမလုပ်ရသေးပါဘူး..ခုမကြံစည်နေတုန်းရှိသေးတာကို ငင့်...*
“အဟွန်း!!! "
ဒဝီဦးခိုက် မသိချင်ယောင်ဆောင်နေသည့်အဆိုးလေးကိုကြည့်ရင်း နှုတ်ခမ်းတစ်ဖက်တွန့်ပြုံးလိုက်ကာ...
“သွားမယ် ဥယျာဉ်ထဲ....ခတ္တရာ ကိုယ်တော်သွားပြီ...မဏိ ခတ္တရာကိုသေချာစောင့်ရှောက်ပါ...”
“ဟုတ်ကဲ့ အရှင်...”
“အမိန့်တိုင်းပါအရှင်...”
ဒဝီဦးခိုက်ပြောပြီးသည်နှင့် သျှင်းငယ်လက်ကို ဆုပ်ကိုင်ကာ ကံ့ကော်ဆောင်မှထွက်လာလိုက်သည်။
ဧကလေးသည်လည်းရုပ်တည်ကြီးနှင့်ဆွဲခေါ်သွားသူနောက် ယက်ကန်ယက်ကန်ပါသွားလေတော့သည်။အစ်မတော်တို့ကို လှည့်ကြည့်မိပြန်တော့လည်း သူ့အဖြစ်ကိုကြည့်ပြီး ပြုံးနေပြန်၏။
ခတ္တရာ မောင်ငယ်လေးနှင့်အရှင့်ကြောင့် ပြုံးမိရင်း ကျောက်ဝိုင်းတွင် ဝင်ထိုင်ပြီး ထိုးလက်စ ပဝါကိုကောက်ကိုင်လိုက်သည်။ဘေးနားကလူကို သတိတရကြည့်မိပြန်တော့ ခပ်တောင့်တောင့်ကြီးမတ်တပ်ရပ်နေပြန်၏။
“ကိုမဏိရှင့်...”
“ဟုတ်ကဲ့သခင်မလေး...”
“ဝင်ထိုင်ပါရှင့်...”
“မသင့်တော်ပါဘူး သခင်မလေး...”
“ခတ္တရာခွင့်ပြုတယ်လေ...”
“ဒါပေမယ်..”
“ခတ္တရာ မော့ကြည့်ရတာညောင်းတယ်ရှင့်...အကယ်၍ ကိုမဏိ မထိုင်ဘူးဆိုရင် ပြန်လိုက်လို့ရပါပြီ ...ခတ္တရာကို စောင့်ရှောက်ပေးဖို့မလိုပါဘူး...ခတ္တရာအရှင့်ကို ပြောလိုက်ပါ့မယ်...”
ထိုအခါမှ ရှေ့ကခုံပေါ်ဝင်ထိုင်လာသည်။ကျောက်ဝိုင်းပေါ်တင်ထားသည့် ဓားရိုးပေါ်တွင်ကိုင်ထားသော အကျောစိမ်းများနှင့်လက်ဆီ အကြည့်ရောက်မိတော့ အသာပြုံးလိုက်မိသည်။
လေပြေလေညှင်းလေးတွေတိုက်ခတ်နေသောကြောင့် နှဖူးပေါ်မှဆံနွယ်စလေးများဟာ ဟိုဟိုဒီဒီဝေ့ဝဲယိမ်းကနေသည်မှာ ကဗျာဆန်လှသည်။ပဝါစကိုကိုင်ကာချည်ထိုးနေသည့်ဟန် ယောင်ယောင်လေးပြုံးယောင်သမ်းနေသည့် နှုတ်ခမ်းပါးနှင့်မျက်ဝန်းလေးများက ရစ်မူးပစ်ချင်စရာကောင်းလှသည်။မျက်စိရှေ့က အလှနတ်ဖုရားမလေးအား စေ့စေ့မကြည့်ရဲလို့ ရှောင်ဖယ်နေမိသည်ဆိုတာ တခြားသူတွေနားလည်နိုင်မည်မဟုတ်။
သခင်မလေးကိုမြင်တိုင်း အခုန်မြန်လာသည့်ရင်ဘက်နှင့်အတူ ထိန်းချုပ်ရခက်သော လောဘများကပိုတိုး၍လာသည်။
ထို့ကြောင့် အကွာအဝေးတစ်ခုတွင် ကိုယ့်ကိုကိုယ် ထိန်းချုပ်နေခဲ့ခြင်းဖြစ်သည်။
မဏိ သခင်မလေး မျက်နှာတော်နုနုကို တစိမ့်စိမ့် သတိလက်လွှတ်ကြည့်နေမိခိုက် ရုတ်တရက်ဝင့်တက်လာသော မျက်ဝန်းလှလှလေးတစ်စုံကို မရှောင်တိမ်းနိုင်လိုက်။အငိုက်မိသလိုဖြစ်သွားကာ အမြန်အကြည့်လွှဲလိုက်မိသည်။
သို့သော် လူမိသွားသည်ဖြစ်သည့်အတွက် သခင်မလေး၏ သာယာနာပျော်ဖွယ် ရယ်သံသဲ့သဲ့လေးထွက်ပေါ်လာသည်။
“အဟင်း...ဟင်းးးး”
ခတ္တရာမိမိအားငေးကြည့်နေပါသော ကိုလူအေးကြီး၏ လူမိသွားသောပုံစံလေးကို သဘောတကျရယ်မိသည်။ရယ်ရင်းပင် ပဝါလေးကိုအမြန်လက်စသတ်လိုက်သည်။
မဏိ ဓားရိုးပေါ်ကိုင်ထားသည့်လက်ကိုပို၍အားထည့်ကိုင်လိုက်မိသည်။အဘယ်ကြောင့်ဆိုသော် သခင်မလေးလက်ထဲမှ အနားသတ်ထိုးနေသည့် ပဝါထဲမှ ပုံလေးကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
“ကိုမဏိရှင့်...”
“ဟုတ်ကဲ့ သခင်မလေး...”
“ခတ္တရာတို့ဗိဿနိုးမှာ အလေ့အကျင့်တစ်ခုရှိတယ်...ကိုယ်ချစ်မြတ်နိုးအားကိုးရတဲ့သူအတွက် က်ိုယ်ကိုတိုင် ထိုးထားတဲ့ပဝါလေးကို ပေးလေ့ရှိတယ်...အဲ့ဒီလို ပဝါလေးကိုပေးလိုက်သည်နှင့်တစ်ပြိုင်နက် အဲ့ဒီလူက ကိုယ့်လက်တွဲဖော်လို့ သတ်မှတ်လိုက်တာနဲ့ အတူတူပဲတဲ့...”
“ဟုတ်ကဲ့ သခင်မလေး....”
“အဟင်း..ခတ္တရာလည်း ခုလူတစ်ယောက်အတွက်ရည်ရွယ်ပြီး ပဝါလေးတစ်ခုထိုးထားတယ်...အဲ့ဒီလူဘက်ကဘယ်လိုလဲမသိပေမယ့်လို့ပေါ့....ခတ္တရာက သိပ်ရူးမိုက်တာပဲနော်...”
မဏိ ပဝါလေးကိုကြည့်ရင်း ဆွေးမြေ့စွာပြောနေသော သခင်မလေးကိုကြည့်ပြီး ရင်ဘက်ထဲမှနာကျင်လာရသည်။သူ့ရဲ့သတ္တိမရှိမှုတွေကြား၊မဝံ့မရဲဖြစ်မှုတွေကြားမှာ သခင်မလေး ခံစားရမှာကိုမလိုချင်ပေ။အရှင်ကနားလည်ခွင့်လွှတ်သည်ဆိုပေမယ့် အများသူငှာအမြင်ကိုသူထည့်တွက်ရဦးမည်လေ။
“သခင်မလေးက ရူးမိုက်တာမဟုတ်ပါဘူး...ပဝါပိုင်ရှင်က သတ္တိမရှိလို့ပါ ..သိက္ခာတွေကိုငဲ့ကွက်ပြီး မတန်မရာကိုမျှော်မှန်းမိသလိုဖြစ်မှာဆိုးလို့ စောင့်ထိန်းနေတာပါ...”
“ဟုတ်လား...အဟင်း..ခတ္တရာက သူစွန့်စားရလောက်အောင်ထိ မဟုတ်လောက်လို့ပဲနေမှာပါ...”
“ဘာလို့များအဲ့ဒီလိုထင်ရတာလဲ သခင်မလေးရယ်...ကျွန်တော်မျိုးအတွက် သခင်မလေးက ဒီသံသရာမှာ အရာအားလုံးနဲ့လဲပြီး စွန့်စားရအောင်ထိ မြတ်နိုးရတဲ့သူပါ...မြတ်နိုးမိလွန်းလို့ ဖြစ်ပေါ်လာတဲ့ လောဘတွေကို ချိုးနှိမ်နေရတဲ့သူပါ...”
မဏိ သခင်မလေးအထင်လွှဲမှာဆိုးသဖြင့် မိမိဘာသာတောင်မသိလိုက်ပါပဲ ခံစားချက်များကို ဖွင့်ဟဝန်ခံမိသွားသည်။
“အဟင်း...နောက်ဆုံးတော့ ဝန်ခံပြီပေါ့ ကိုမဏိရှင့်...”
“ဗျာ.....”
မဏိထိုအခါမှ သူ့စကားများသူသတိထားမိသွားကာ ရင်မဆိုင်ဝံ့စွာ ခေါင်းငုံ့မိလိုက်သည်။
“ခတ္တရာ ရှက်ဖို့လည်းထားပါဦးရှင်..မြင်းကမလှုပ်ပဲ ခုံက လှုပ်ထားတာကို ခတ္တရာရှက်ပါရစေဦးရှင့်...”
မိမိကလမ်းကြောင်းဖွင့်ပေးသော်လည်းအလိုက်သိစီးဆင်းမလာသောကြောင့် ဆည်ပါချိုးချလိုက်ရသည့် ခတ္တရာအဖြစ်ပင်။ကိုယ်မှမစလျှင် စလာမည့်အရိပ်အယောင်လည်းမရှိ။သူ့ဘက်ကအရင်စဖွင့်ပြောတာမျိုးသာ ခတ္တရာတို့စောင့်ရပါက ဦးရစ်ဆံဖြူလို့သွားကျိုးသွားပေနိုင်သည်။
“ဟာဗျာ....ကျွန်တော်မျိုး ရှက်နေလို့မဟုတ်ပါဘူး...ကျွန်တော်မျိုး...”
“ကဲပါရှင်...ခတ္တရာက နောက်တာပါရှင့်..ဒါလေးကို ကိုမဏိလက်ခံပြီးသွားပြီဆိုလျှင် ငြင်းပိုင်ခွင့်မရှိတော့ဘူးနော်...စဉ်းစားပါဦး...”
“ကျွန်တော်မျိုး သေချာ စဉ်းစားပြီးပါပြီ...သခင်မလေးကို ကျွန်တော်မျိုးအသက်ထက်ချစ်မြတ်နိုးပါတယ်...အကောင်းဆုံးသောအရာမှန်သမျှကို ပေးနိုင်မယ်လို့ အာမမခံရဲပေမယ့် စိတ်ဆင်းရဲမှုတွေမရှိစေရဖို့အာမခံနိုင်ပါတယ်...သခင်မလေးတစ်ဦးအတွက်ပဲဖြစ်တည်လာတဲ့ မေတ္တာနန်းတော် မှာ သခင်မလေးကဘုရင်မတစ်ပါးလို သိမ်းပိုက်အုပ်ချုပ်ပေးတော်မူပါ...”
ခတ္တရာမှာတော့ ရုပ်တည်ကြီးနှင့်မိမိအားအကြည့်တစ်ချက်မလွှဲပဲ ပြောလာသော မဏိ၏စကားများကြောင့် ရှက်ရွံထူပူလာမိသည်။ထင်မှတ်မထားသည်က ထိုကဲ့သို့သော စကားများကို ပြောတတ်လိမ့်မည်ဟုမထင်ထားသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ခတ္တရာခမျာ ရှက်ပြုံးလေးပဲပြုံးနိုင်လေတော့သည်။
ရှေ့ကကျောက်ရုပ်ကြီးကတော့ သူမဟုတ်သည့်အလား ခတ္တရာကိုပဲထိုင်ကြည့်နေလေ၏။
********
ဧကလေး အရှင်ဆွဲခေါ်သွားသည့်အတိုင်း နောက်မှ အသာလေးလိုက်သွားလိုက်သည်။သူဘာအမှားလုပ်မိထားလည်းစဉ်းစားမရသောကြောင့် အရှင်က ဘာကိုစိတ်ဆိုးနေမှန်းလည်းသူမသိ။ဥယျာဥ်တော်ကိုသွားနေသည့် လမ်းတစ်လျှောက်လုံးတွင်လည်း တစ်ချက်လေးလှည့်မကြည့်လာပဲ လက်ကိုပဲဆုပ်ကိုင်ထားလေသည်။
“အရှင်...”
ဧကလေး မဝံ့မရဲခပ်တိုးတိုးခေါ်လိုက်မိသည်။
“အင်း!!..”
လှည့်မကြည့်၊ခြေလှမ်းလည်းမရပ်ပဲပြန်ထူးလာသောအသံကြောင့်ဧကလေး မျက်နှာလေးကို မဲ့လိုက်မိသည်။
Memoryတွေကို ဘယ်လိုပဲ recallပြန်ခေါ်ခေါ် လုံးဝစဉ်းစားမရ။
*ငါလေးဘာမှမလုပ်ထားတာသေချာသလောက်ပါပဲဟ...ငင့် အရှင်ကဘာတွေစိတ်ဆိုးနေတာလဲမသိတော့ပါဘူးလို့ ...*
“အရှင်....”
“အင်း....”
*ငင့်...*
“ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဟင်...”
“.....”
“စိတ်ဆိုးနေတာလား...ဟုတ်လား...အရှင်မကြိုက်တာ ကျွန်တော် ဘာလုပ်မိလို့လဲဟင်....”
“.....”
ဧကလေးမေးသမျှကိုမဖြေပဲ ရှေ့ကဆက်လျှောက်နေသူကြောင့် ငိုချင်စိတ်ပါပေါက်သွားကာ လက်ကိုဖြုတ်ချပြီး ခြေလှမ်းတွေကိုရပ်ပစ်လိုက်သည်။
ထိုအခါမှ နောက်ကို လှည့်ကြည့်လာသည်။
“ဘာကိုစိတ်ဆိုးနေတာလဲဟင်...အရှင်မပြောပဲ ကျွန်တော်ကဘယ်လိုလုပ်သိမှာလဲလို့...ပြောပြလေနော်...”
ဧကလေး သနားစဖွယ် မျက်နှာငယ်လေးလုပ်ပြီး ပြောလိုက်သည်။
“စိတ်မဆိုးပါဘူး...”
“အဲ့ဒီလိုပြောနေတာကြီးကိုက စိတ်ဆိုးနေတာသိသာတယ်..ပြောပြလေ နော်...”
ဟုဆိုကာ အရှင့်၏လက်တစ်ဖက်ကို မိမိလက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ ဟိုဟိုဒီဒီရမ်းရင်း ပြောလိုက်သည်။မျက်နှာလေးကို သနားစဖွယ်ဖြစ်အောင်လုပ်ထားဖို့ကလည်းမမေ့။အရှင် ရုပ်တည်ကြီးနှင့် စိတ်ဆိုးနေပုံကို ဧကလေးမလိုချင်ပါ။
“ပြောတော့ ချစ်မြတ်နိုးတယ်ဆို...ခုကျ ငြိုငြင်တာလား...အရှင်က ပြောမပြပဲ ကျွန်တော်မျိုးကသိရအောင် အကြားအမြင်ရနေတာမှ မဟုတ်ပဲကို...ပြောပြမှ အထင်လွဲနေရင် ကျွန်တော်က ရှင်းပြလို့ရမှာပေါ့..ဟွန့်..”
“အဟွန်း!!!!!”
ဒဝီဦးခိုက် ခုမျက်နှာငယ်လေးဖြစ်သွားလိုက် ဆူပုတ်ပုတ်လေးဖြစ်သွားလိုက်ဖြင့် အမျိုးမျိူးတတ်နိုင်သော ကောင်ငယ်လေးကိုကြည့်ရင်း စိတ်မကြည်မလင်မှုများလွင့်စင်သွားရသည်။
“အယ် ရယ်ပြီ...ဟီး ရယ်သွားပြီဆိုတော့ စိတ်မဆိုးတော့ဘူးပေါ့...ဟီး အာ့ဆိုပြောပြ...”
“သျှင်းငယ် တကယ်မသိတာလား ...”
“ကျွန်တော်ဘာလုပ်မိလို့လဲဟင်...တကယ်စဥ်းစားမရဘူးဗျ...”
“စောနက ကိုယ်ရံတော်မဏိကို ဘာလို့အကြာကြီးစိုက်ကြည့်နေတာလဲ...”
“ဟမ်...ကိုယ်ရံတော်မဏိကို....”
ဧကလေး မထင်မှတ်ထားသည့်အရာကိုအရှင်က စိတ်ဆိုးနေသည်ဆိုတာသိလိုက်ရတော့ ပထမဆုံး အံ့ဩသွားပြီး နောက်တဖြည်းဖြည်းရယ်ချင်လာသည်ကထိန်းမရ။
*ဘယ်လိုတွေတောင်ချစ်စရာကောင်းနေရတာလဲ...*
“အဟွန်း!!ခု အရှင်က ကျွန်တော့်ကို ကိုယ်ရံတော်မဏိနဲ့ သဝန်တိုနေတာလားဗျ...ဟုတ်လား...ဟီးးးးး”
ဧကလေး သဘောကျစွာ မျက်ရည်တွေဝဲလာသည်အထိရယ်မိလိုက်သည်။
ဒဝီဦးခိုက်မှာတော့ ကိုယ်ကပူလောင်နေသလောက် သူကသဘောတကျတွေရယ်နေသောကြောင့် မျက်မှောင်ကြုတ်ပြီးကြည့်ပေးလိုက်သည်။
“အဟီး ဆောဒီး အရမ်းတွေကိုချစ်ဖို့ကောင်းနေလို့...အဲ့ဒါက အဲ့ဒီလိုကိစ္စလေးတွေရှိလို့ပါ...ဟဲဟဲ ရိုးရိုးသားသားကြည့်တာပါဗျ...”
“မဏိက ခတ္တရာကိုသဘောကျနေတာ...”
“အမ်...အရှင်သိတယ်လား....ဟုတ်တယ် အဲ့ဒါကြောင့် ကျွန်တော်က သူ့ကိုအကဲခတ်နေတာပါဗျ...”
“အကဲခတ်တာက အဲ့ဒီလောက်အကြာကြီးစိုက်ကြည့်နေဖို့လိုလို့လား....ကိုယ်တော်ဆို တစ်ချက်ကြည့်ရုံနဲ့ သိတယ် ...”
“ဟုတ်..နောက်မကြည့်တော့ဘူးလေနော်...ဒီတိုင်းအတွေးလွန်သွားလို့ အကြာကြီးကြည့်မိသလိုဖြစ်သွားတာ....”
“နောက်တစ်ခါ အတွေးလွန်ချင်ရင် ကိုယ်တော့်ကိုကြည့်ပြီး အတွေးလွန်ပါ...”
*အားးးးးဘယ်လိုတွေတောင် ချစ်ဖို့ကောင်းနေတာလဲဟေ့ ဒီဘုရင်ကြီးကတော့ ....*
“ဟုတ် ဟုတ် ...အရှင့်ကိုပဲကြည့်ပြီး အတွေးလွန်ပါ့မယ်နော်...ဟီး....”
“အွန်း!!!”
“အဲ့ဒါဆို ခုစိတ်မဆိုးတော့ဘူးဟုတ်....”
“အစကတည်းက စိတ်မဆိုးပါဘူး ကိုယ်တော်က သဝန်နည်းနည်းတိုမိလို့....”
*အော် နည်းနည်းလား...*
“ဟီးးဟီးးနောက်မလုပ်တော့ဘူးနော် ....လာလာ ဥယျာဉ်တော်ထဲ သွားကြမယ်နော် ဟီး..”
“အဟွန်း!!ကောင်းပါပြီ...”
ဒဝီဦးခိုက် ကိုယ့်အားမျက်နှာချိုသွေးပြီး ရယ်ပြနေသည့်အပြင် လက်ကို သူ့လက်သေးသေးနှစ်ဖက်ဖြင့် အတင်းဆုပ်ကိုင်ထားသူကြောင့် သဘောတကျပြုံးလိုက်သည်။
မနီးမဝေးတစ်နေရာတွင် သရေခေတ္တရာပြည့်ရှင်နှင့် ဗိဿနိုးသခင်လေးတို့အားကြည့်ပြီး မဟာသိနအမတ်ကြီးမဲ့ပြုံးပြုံးလိုက်သည်။
“ဟမ့်..နိမ့်ကျလိုက်တဲ့ဒဝီဦးခိုက် ဘုရင်နေရာမှာ အကြာကြီးထိုင်ဖို့ မျှော်လင့်မနေနဲ့...မကြာခင်ပဲ သက်တမ်းစေ့ပြီ...သခင်လေးအတွက် လက်စားချေဖို့အချိန်ရောက်ပြီ....”
မဟာသိနအမတ် တစ်ဦးထဲ ရေရွတ်လိုက်ရင်း အရေးကြီးသည့်အစီအစဉ်ကိုစဖို့ရာအတွက် အဆောင်တော်ကိုပြန်ခဲ့လိုက်သည်။
*******
“သျှင်းငယ်...”
“ဗျာ....”
“ကံ့ကော်ပန်းတွေအဓိပ္ပာယ်က ထာဝရချစ်ခြင်းကို ကိုယ်စားပြုတယ်လို့ သျှင်းငယ်ပြောခဲ့တယ်မလား..”
“ဟုတ်တယ်လေ အရှင်...ကံ့ကော်ပန်းတွေရဲ့အဓိပ္ပာယ်က ထာဝရချစ်ခြင်းကိုကိုယ်စားပြုတယ်...”
“အင်း..ကိုယ်တော့်နောက်လိုက်ခဲ့...”
ဒဝီဦးခိုက် ဥယျာဉ်ထောင့်နားမှ ကံကော်ကိုင်းဆက်များကို ပျိုးထားသော အိုးများဘက်ကို သျှင်းငယ်လက်ကိုဆွဲခေါ်သွားလိုက်သည်။
ဒူးလောက်အရွယ်ရှိပျိုးပင်များရှေ့အရောက် ဒဝီဦးခိုက် မတ်တပ်ရပ်လိုက်ပြီး
“သျှင်းငယ်အတွက်...”
“ဗျာ....”
ဧကလေး, အံ့ဩစွာ ရှေ့မှ ကံ့ကော်ပင်ပေါက်လေးများကိုတစ်လှည့် အရှင့်ကိုတစ်လှည့်ကြည့်ရင်း
“အရှင်ပေးစရာရှိတယ်ဆိုတာ ဒီအပင်ပေါက်လေးတွေလား...”
“အင်း!!”
“အများကြီးပဲ..တစ်ပင် နှစ်ပင်...တ
စ်ဆယ်ခုနှစ်ပင်ကြီးများတောင်လား...”
“ဟုတ်တယ် တစ်ဆယ့်ခုနှစ်ပင်...”
“ဘာလို့ပေးတာလဲဟင်...”
“မကြာခင်မှာ သျှင်းငယ်အသက်က ၁၇နှစ်ပြည့်တော့မယ်မလား...”
“ဟုတ်လား...အဲ ဟုတ် အရှင်...”
*ငါ့မွေးနေ့ကိုငါတောင်မသိဘူးအရှင်ကသိနေတယ်...အမှန်ခေတ်မှာဆို၂၁နှစ် ပြည့်မှာပါ..*
“ကံ့ကော်ပင်ပေါက်လေးတွေကို ဘာလို့မွေးနေ့လက်ဆောင်အနေနဲ့ပေးတာလဲဆိုတာသိလား....”
“ကျွန်တော်မသိဘူးအရှင်....ဘာလို့ပေးတာလဲဟင်...”
“ကံ့ကော်ပန်းရဲ့အဓိပ္ပာယ်က ထာဝရရှင်သန်နေမယ့်ချစ်ခြင်းကိုကိုယ်စားပြုတယ်ဆိုရင် အဲ့ပန်းလေးတွေကိုဖြစ်တည်စေတဲ့ ကံ့ကော်ပင်ရဲ့ အဓိပ္ပာယ်ဆိုရင် ပိုပြီးလေးနက်စေမယ်လို့ထင်လို့....”
ဧကလေး အရှင့်ရဲ့ တွေးခေါ်ပုံကို အံ့ဩမိလွန်းလို့ အသံပင်မထွက်နိုင်ဖြစ်နေသည်။
ကံကော်ပင်ရဲ့အဓိပ္ပာယ်ကို အရှင်ဘာကြောင့် အဲ့ဒီလိုယူဆသလဲဆိုတာနားမလည်ပေမယ့် အရှင့်ဆီမှ နွေးထွေးလွန်းသည့်ချစ်ခြင်းတွေခံစားမိနေသည်။သူပြောသည့်စကားတစ်ခွန်းကိုအဘယ်မျှအလေးထားပြီးမှတ်ထားပါသလဲဆိုတာ သိသာစေသည့်အပြင် ကိုယ့်အတွက်အလေးအနက်ထားပေးသည်ကိုပါခံစားရသည်။ရင်ထဲမှာ ဝမ်းနည်းပျော်ရွှင်နေသည့်ခံစားချက်ကြီးကတိုးလာကာ မျက်ဝန်းပြာလေးထဲတွင် ငွေ့ရည်လေးတွေရစ်သိုင်းလာရသည်။
“ကိုယ်တော်ရဲ့အယူအဆမှန်သလားမသိပေမယ့် သျှင်းငယ်ရဲ့အသက်၁၇နှစ်ပြည့်ကနေစပြီး နောင်နှစ်ပေါင်းများစွာ သံသရာအဆက်ဆက်ထိ နှလုံးသားနဲ့အနီးဆုံးနေရာလေးမှာ စတဲချရင်း ဝင်သက်ထွက်သက်တွေကိုခံစားချင်တယ်ဆိုတဲ့ သဘောမျိုး...ထာဝရတည်တဲ့နေတာထက် သံသရာအဆုံး ရုပ်၊နာမ်ခန္ဓာမရှိတော့ရင်တောင် ကမ္ဘာမြေကြီးက အခွံသက်သက်ဖြစ်သွားမယ့်အချိန်ထိ တည်မြဲနေမယ်ဆိုပြီးရည်ရွယ်ခဲ့တာ....”
“အင့်...”
ဧကလေး ထိန်းထားသည့်ကြားထဲမှ အရှင့်စကားများကြောင့် ရှိုက်သံလေးထွက်ပေါ်လာရသည်။
တအိအိကျဆင်းလာသောမျက်ရည်များနှင့်ရှိုက်သံသေးသေးလေးကြောင့် ဒဝီဦးခိုက်ပြာသွားကာ မျက်ရည်များကိုအသာသုတ်ပေးလိုက်ရင်း
“သျှင်းငယ် သဘောမကျလို့လား...မငိုပါနဲ့...သျှင်းငယ်သဘောမကျရင် လက်မခံ....”
“ဘာတွေလျှောက်ပြောနေတာလဲ...ဘယ်သူကသဘောမကျဘူးပြောလို့လဲ...ရိုးရိုးတမ်းတမ်းချစ်စကားပြောလဲရတာပဲကို ဘာလို့ဝမ်းနည်းစရာကောင်းအောင်ပြောနေရတာလဲ...ဟိုး၂၁ရာစုကနေ ရောက်လာတဲ့ကျွန်တော်က အရှင့်အချစ်တွေတန်ရဲ့လားတောင်မသိတော့ဘူးဗျ...သိရဲ့လား...”
*ကျွန်တော်ကအချိန်တန်ရင်ပြန်ရမယ့်လူ...*
ထိုစကားကိုတော့ ဧကလေးစိတ်ထဲမှ ပြောလိုက်သည်။
“အင်းအင်း မပြောတော့ဘူးနော်...မငိုပါနဲ့ သျှင်းငယ်မျက်ရည်တွေကိုကိုယ်တော်မမြင်နိုင်ဘူး...သျှင်းငယ်ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကိုကိုယ်တော်သေချာနားမလည်ပေမယ့် ဒီကမ္ဘာမြေကြီးမှာ သျှင်းငယ်တစ်ဦးထဲက ကိုယ်တော့် အချစ်တွေနဲ့ထိုက်တန်တဲ့သူပါ...နောင်သံသရာတွေထိတွေ့စုံရပါစေဆိုတဲ့ ဆုတောင်းတွေမပြည့်မှန်းကိုယ်တော်သိပေမယ့်...တောင်းဆုတစ်ခုသာပြည့်စုံမယ်ဆိုလျှင် ကိုယ်တော်အမှန်တကယ်ပဲ ထိုဆုကိုသာလိုချင်ပါတယ်....”
“အီးဟီး...မပြောပါနဲ့ဆိုတာကို ဆက်ဆက်ပြောနေတော့တာပဲ....ရင်အခုန်လွန် ရင်အတုန်လွန်ပြီး သေသွားရင် ခင်ဗျားတာဝန်ယူမှာလားပြော...ခုတောင် တစ်ကိုယ်လုံး ပရွက်ဆိပ်တတ်သလိုဖြစ်နေတာကို သူတစ်ယောက်ထဲကပဲပြောနေတယ်...အဖြေကျမတောင်းဘူး...”
ဧကလေး ခံစားချက်အစုံဖြင့်ငိုနေရင်း အဖြေမတောင်းသေးသောသူကြောင့် စိတ်ပေါက်စွာပြောလိုက်သည်။
“ဟမ်....”
“သူတစ်ယောက်ထဲကပဲပြောနေတယ် ကျွန်တော်လည်းအဖြေပေးချင်နေပြီလေ...အဖြေတောင်းတော့လို့... အီးဟီး...”
(#ကိုယ့်သားလေးကအဖြေပေးချင်နေပြီကိုဘျင်ကြီးအလိုက်ကိုမသိဘူး)
ဒဝီဦးခိုက်မှာတော့ သူနားကြားမှားသွားသည်လားဟုပြန်စမ်းစစ်ရင်းပင်
“အဟွန်း!!!!!”
CHANGE 🍁
April 3,2:35PM
အမှားပါရင်နားလည်ပေးကြပါဦးဗျ...
စိတ်ညစ်နေတဲ့အချိန်တိုင်းမန့်တွေကိုဖတ်ပြီးအားယူဖြစ်တယ် ...ချစ်စရာကောင်းတဲ့မန့်လေးတွေကိုမန့်ပေးတဲ့အချစ်လေးတို့
အာဘွား...မမန့်လည်းချစ်ပါတယ်...
လက်ဆွယ်ငုတ်နေလို့လက်မကစာရိုက်ရတာအဆင်သိပ်မပြေဘူး အရှည်ကြီးရေးပေးထားပါတယ်နော်....
🍁ဒီနေ့Reviewပေးချင်တဲ့Ficလေးကတော့
ချည်တိုင်တဲ့...တစ်ခါတစ်လေ တစ်ချို့ချည်တိုင်တွေက ကိုယ်တို့ကိုင်တိုင်က လိုလိုချင်ချင်အချည်ခံခဲ့တာမျိုး🍁
Zawgyi
ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၂၅)
*မဟုတ္မွ အစ္မေတာ္ေျပာသည့္ ေအးစက္စက္ဆိုတာ ကိုယ္ရံေတာ္မဏိလား.... အဲ့ဓား႐ိုးပုံစံ အဲ့မာန္အျပည့္နဲ႔ဓား႐ိုးကိုကိုင္ထားတဲ့လက္ပုံစံက တကယ္ကို ကြက္တိပဲဟ ....တကယ္ပဲ တကယ္ပဲ ကိုယ္ရံေတာ္ႀကီးလား....အိုးးးးးးးမထင္ရဘူးဟ....*
ဧကေလး မ်က္လုံးျပဴးမ်က္ဆံျပဴးျဖင့္ ကိုယ္ရံေတာ္အားၾကည့္လိုက္ လက္အားၾကည့္လိုက္ျဖင့္ အလုပ္ရႈပ္ေနရာ ေဘးမွ သူ႔အားခပ္တည္တည္ၾကည့္ေနပါေသာ အရွင့္အားသတိမထားမိေပ။
*မဆိုးပါဘူး...႐ုပ္ရည္ကေတာ့တည္တည္ၾကည္ၾကည္handsomeပဲ..ကိုလူေအး typeႀကီး...တစ္ေယာက္ဆိုတစ္ေယာက္ ပိေတာက္ဆိုပိေတာက္ခ်စ္မယ့္ပုံစံႀကီးပဲ ...ဒါေပမယ့္ ဘာလို႔သူက ငါ့အစ္မေတာ္အေခ်ာေလးကို လ်စ္လ်ဴရႉရဲရတာလဲ...ရာရာစစေတြ...ဟက္...မင္းျမတ္ဧကဦးမာန္အေၾကာင္း ျပေပးရေသးတာေပါ့...ဘယ္ေလာက္ထိေအးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ဦးမယ္...*
ဧကေလး ကိုယ္ရံေတာ္မဏိကိုၾကည့္ရင္း စိတ္ထဲမွ ဉာဏ္နီ၊ဉာဏ္နက္မ်ားတြင္သာမက ဉာဏ္ေရာင္စုံမ်ားပါထုတ္ေနမိခိုက္ ပတ္ဝန္းက်င္ေလထုက သိသိသာသာေအးစက္လာသည္။
ခတၱရာမွာလည္း အရွင့္၏ခါတိုင္းထက္ပိုတည္တင္းေနသည့္မ်က္ႏွာေတာ္ေၾကာင့္ စိုးထိတ္မိသလို ထိုအခ်င္းအရာအားမသိပဲ ခုခ်ိန္ထိ မဏိဆီမွ အၾကည့္မလြဲေသးသည့္ေမာင္ငယ္ေလးေၾကာင့္ ဘယ္လိုသတိေပးရမွန္းေတာင္မသိျဖစ္သြားသည္။
ေမာင္ငယ္ေလးၾကည့္သည္က သူ႔ပဝါထဲကပုံစံေလးကို မဏိဆီမွ အတည္ျပဳေနမွန္း ခတၱရာနားလည္ေသာ္လည္း အရွင့္အေနျဖင့္ကေတာ့ ထိုသို႔ေတြးလိမ့္မည္မဟုတ္။
မဏိသည္လည္းေနရင္းထိုင္ရင္း သခင္ေလးသွ်င္းေၾကာင့္ အရွင့္ဆီမွ အၾကည့္စူးစူးမ်ားကို လက္ခံရရွိေနသျဖင့္ မသိမသာေဇာေခြၽးမ်ားေတာင္ျပန္ခ်င္လာရသည္။
သခင္ေလးကလည္း သူ႔ဆီက ဘာေတြမ်ားဒီေလာက္ထိစူးစမ္းေနလည္းဆိုတာ အေျဖရွာမရ။အရွင့္အၾကည့္ေတြႏွင့္သခင္မေလး၏အားတုံ႔အားနာျဖစ္ေနသည့္ဟန္မ်ားၾကားထဲ ၾကာေတာ့ အေငြ႕ျပန္ခ်င္စိတ္ေပါက္လာသည္။
“အဟမ္း!!!!”
ဒဝီဦးခိုက္ မဏိကိုပဲမ်က္ေတာင္မခတ္ၾကည့္ေနေသာ သွ်င္းငယ္ေၾကာင့္ စိတ္ထဲေနရထိုင္ရဘယ္လိုမွအဆင္မေျပေတာ့သျဖင့္ ေခ်ာင္းဟန႔္လိုက္သည္။
သို႔ေသာ္လည္း အခ်ည္းႏွီးသာ။
“အဟမ္း!!!”
ဒုတိယတစ္ခါလည္းအခ်ည္းႏွီးသာပင္။
ဧကေလးမွာေတာ့ ဉာဏ္ေရာင္စုံထုတ္ေနရသျဖင့္ အရွင့္၏ေခ်ာင္းဟန႔္သံကိုသတိမထားမိေပ။
ခတၱရာ မေနသာေတာ့သျဖင့္ ေမာင္ငယ္ေလးကို သတိေပးဖို႔ျပင္လိုက္သည္။
ထိုအခ်ိန္တြင္ပဲ ဧကေလး၏မ်က္လုံးေပၚ လက္ဖဝါးေႏြးေႏြးတစ္ဖက္က်ေရာက္လာကာ အျမင္အာ႐ုံအလုံးစုံကိုကာသြားေလေတာ့သည္။
*ဟင္....*
ဧကေလး ေယာင္ရမ္းၿပီး ထိုလက္ဖဝါးအေပၚမွထပ္ကိုင္လိုက္မိသည္။
ထိုအခိုက္နားနားကပ္ၿပီးေျပာလာေသာ ထြက္သက္ေႏြးေႏြးေၾကာင့္ ဆတ္ကနဲတုန္သြားကာတစ္ကိုယ္လုံးရဲတတ္လာသည္။
“ဘာေတြအဲ့ေလာက္ထိၾကည့္ေနရတာလဲ
သွ်င္းဓနေနာင္...ကိုယ္ေတာ့္ကိုစမ္းသပ္ေနတာလား...”
*အာ...ဒီလူကေတာ့ အစ္မေတာ္တို႔ေရွ႕မွာကို ...*
ဧကေလး ကိုယ္ေလးကိုအေနာက္အနည္းငယ္ဆုတ္ရင္း အရွင့္၏မ်က္ႏွာေတာ္ တည္တည္ႀကီးကိုၾကည့္လိုက္ကာ ေျပာလိုက္သည္။
“ဗ်ာ..ဘာကိုစမ္းသပ္တာလဲဟင္...အရွင္...”
*Wait အရွင္က ခု သူ႔ကိုနာမည္အရင္းေခၚလိုက္တာလား...*
“မသိဘူးလား...”
“ဘာကိုေျပာတာလဲဗ်...”
*ငါေလးဘာလုပ္မိလို႔ပါလိမ့္...ဘာမွလည္းမလုပ္ရေသးပါဘူး..ခုမႀကံစည္ေနတုန္းရွိေသးတာကို ငင့္...*
“အဟြန္း!!! "
ဒဝီဦးခိုက္ မသိခ်င္ေယာင္ေဆာင္ေနသည့္အဆိုးေလးကိုၾကည့္ရင္း ႏႈတ္ခမ္းတစ္ဖက္တြန္႔ၿပဳံးလိုက္ကာ...
“သြားမယ္ ဥယ်ာဥ္ထဲ....ခတၱရာ ကိုယ္ေတာ္သြားၿပီ...မဏိ ခတၱရာကိုေသခ်ာေစာင့္ေရွာက္ပါ...”
“ဟုတ္ကဲ့ အရွင္...”
“အမိန႔္တိုင္းပါအရွင္...”
ဒဝီဦးခိုက္ေျပာၿပီးသည္ႏွင့္ သွ်င္းငယ္လက္ကို ဆုပ္ကိုင္ကာ ကံ့ေကာ္ေဆာင္မွထြက္လာလိုက္သည္။
ဧကေလးသည္လည္း႐ုပ္တည္ႀကီးႏွင့္ဆြဲေခၚသြားသူေနာက္ ယက္ကန္ယက္ကန္ပါသြားေလေတာ့သည္။အစ္မေတာ္တို႔ကို လွည့္ၾကည့္မိျပန္ေတာ့လည္း သူ႔အျဖစ္ကိုၾကည့္ၿပီး ၿပဳံးေနျပန္၏။
ခတၱရာ ေမာင္ငယ္ေလးႏွင့္အရွင့္ေၾကာင့္ ၿပဳံးမိရင္း ေက်ာက္ဝိုင္းတြင္ ဝင္ထိုင္ၿပီး ထိုးလက္စ ပဝါကိုေကာက္ကိုင္လိုက္သည္။ေဘးနားကလူကို သတိတရၾကည့္မိျပန္ေတာ့ ခပ္ေတာင့္ေတာင့္ႀကီးမတ္တပ္ရပ္ေနျပန္၏။
“ကိုမဏိရွင့္...”
“ဟုတ္ကဲ့သခင္မေလး...”
“ဝင္ထိုင္ပါရွင့္...”
“မသင့္ေတာ္ပါဘူး သခင္မေလး...”
“ခတၱရာခြင့္ျပဳတယ္ေလ...”
“ဒါေပမယ္..”
“ခတၱရာ ေမာ့ၾကည့္ရတာေညာင္းတယ္ရွင့္...အကယ္၍ ကိုမဏိ မထိုင္ဘူးဆိုရင္ ျပန္လိုက္လို႔ရပါၿပီ ...ခတၱရာကို ေစာင့္ေရွာက္ေပးဖို႔မလိုပါဘူး...ခတၱရာအရွင့္ကို ေျပာလိုက္ပါ့မယ္...”
ထိုအခါမွ ေရွ႕ကခုံေပၚဝင္ထိုင္လာသည္။ေက်ာက္ဝိုင္းေပၚတင္ထားသည့္ ဓား႐ိုးေပၚတြင္ကိုင္ထားေသာ အေက်ာစိမ္းမ်ားႏွင့္လက္ဆီ အၾကည့္ေရာက္မိေတာ့ အသာၿပဳံးလိုက္မိသည္။
ေလေျပေလညႇင္းေလးေတြတိုက္ခတ္ေနေသာေၾကာင့္ ႏွဖူးေပၚမွဆံႏြယ္စေလးမ်ားဟာ ဟိုဟိုဒီဒီေဝ့ဝဲယိမ္းကေနသည္မွာ ကဗ်ာဆန္လွသည္။ပဝါစကိုကိုင္ကာခ်ည္ထိုးေနသည့္ဟန္ ေယာင္ေယာင္ေလးၿပဳံးေယာင္သမ္းေနသည့္ ႏႈတ္ခမ္းပါးႏွင့္မ်က္ဝန္းေလးမ်ားက ရစ္မူးပစ္ခ်င္စရာေကာင္းလွသည္။မ်က္စိေရွ႕က အလွနတ္ဖုရားမေလးအား ေစ့ေစ့မၾကည့္ရဲလို႔ ေရွာင္ဖယ္ေနမိသည္ဆိုတာ တျခားသူေတြနားလည္ႏိုင္မည္မဟုတ္။
သခင္မေလးကိုျမင္တိုင္း အခုန္ျမန္လာသည့္ရင္ဘက္ႏွင့္အတူ ထိန္းခ်ဳပ္ရခက္ေသာ ေလာဘမ်ားကပိုတိုး၍လာသည္။
ထို႔ေၾကာင့္ အကြာအေဝးတစ္ခုတြင္ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ေနခဲ့ျခင္းျဖစ္သည္။
မဏိ သခင္မေလး မ်က္ႏွာေတာ္ႏုႏုကို တစိမ့္စိမ့္ သတိလက္လႊတ္ၾကည့္ေနမိခိုက္ ႐ုတ္တရက္ဝင့္တက္လာေသာ မ်က္ဝန္းလွလွေလးတစ္စုံကို မေရွာင္တိမ္းႏိုင္လိုက္။အငိုက္မိသလိုျဖစ္သြားကာ အျမန္အၾကည့္လႊဲလိုက္မိသည္။
သို႔ေသာ္ လူမိသြားသည္ျဖစ္သည့္အတြက္ သခင္မေလး၏ သာယာနာေပ်ာ္ဖြယ္ ရယ္သံသဲ့သဲ့ေလးထြက္ေပၚလာသည္။
“အဟင္း...ဟင္းးးး”
ခတၱရာမိမိအားေငးၾကည့္ေနပါေသာ ကိုလူေအးႀကီး၏ လူမိသြားေသာပုံစံေလးကို သေဘာတက်ရယ္မိသည္။ရယ္ရင္းပင္ ပဝါေလးကိုအျမန္လက္စသတ္လိုက္သည္။
မဏိ ဓား႐ိုးေပၚကိုင္ထားသည့္လက္ကိုပို၍အားထည့္ကိုင္လိုက္မိသည္။အဘယ္ေၾကာင့္ဆိုေသာ္ သခင္မေလးလက္ထဲမွ အနားသတ္ထိုးေနသည့္ ပဝါထဲမွ ပုံေလးကို ျမင္လိုက္ရေသာေၾကာင့္ျဖစ္သည္။
“ကိုမဏိရွင့္...”
“ဟုတ္ကဲ့ သခင္မေလး...”
“ခတၱရာတို႔ဗိႆႏိုးမွာ အေလ့အက်င့္တစ္ခုရွိတယ္...ကိုယ္ခ်စ္ျမတ္ႏိုးအားကိုးရတဲ့သူအတြက္ က္ိုယ္ကိုတိုင္ ထိုးထားတဲ့ပဝါေလးကို ေပးေလ့ရွိတယ္...အဲ့ဒီလို ပဝါေလးကိုေပးလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အဲ့ဒီလူက ကိုယ့္လက္တြဲေဖာ္လို႔ သတ္မွတ္လိုက္တာနဲ႔ အတူတူပဲတဲ့...”
“ဟုတ္ကဲ့ သခင္မေလး....”
“အဟင္း..ခတၱရာလည္း ခုလူတစ္ေယာက္အတြက္ရည္႐ြယ္ၿပီး ပဝါေလးတစ္ခုထိုးထားတယ္...အဲ့ဒီလူဘက္ကဘယ္လိုလဲမသိေပမယ့္လို႔ေပါ့....ခတၱရာက သိပ္႐ူးမိုက္တာပဲေနာ္...”
မဏိ ပဝါေလးကိုၾကည့္ရင္း ေဆြးေျမ့စြာေျပာေနေသာ သခင္မေလးကိုၾကည့္ၿပီး ရင္ဘက္ထဲမွနာက်င္လာရသည္။သူ႔ရဲ႕သတၱိမရွိမႈေတြၾကား၊မဝံ့မရဲျဖစ္မႈေတြၾကားမွာ သခင္မေလး ခံစားရမွာကိုမလိုခ်င္ေပ။အရွင္ကနားလည္ခြင့္လႊတ္သည္ဆိုေပမယ့္ အမ်ားသူငွာအျမင္ကိုသူထည့္တြက္ရဦးမည္ေလ။
“သခင္မေလးက ႐ူးမိုက္တာမဟုတ္ပါဘူး...ပဝါပိုင္ရွင္က သတၱိမရွိလို႔ပါ ..သိကၡာေတြကိုငဲ့ကြက္ၿပီး မတန္မရာကိုေမွ်ာ္မွန္းမိသလိုျဖစ္မွာဆိုးလို႔ ေစာင့္ထိန္းေနတာပါ...”
“ဟုတ္လား...အဟင္း..ခတၱရာက သူစြန႔္စားရေလာက္ေအာင္ထိ မဟုတ္ေလာက္လို႔ပဲေနမွာပါ...”
“ဘာလို႔မ်ားအဲ့ဒီလိုထင္ရတာလဲ သခင္မေလးရယ္...ကြၽန္ေတာ္မ်ိဳးအတြက္ သခင္မေလးက ဒီသံသရာမွာ အရာအားလုံးနဲ႔လဲၿပီး စြန႔္စားရေအာင္ထိ ျမတ္ႏိုးရတဲ့သူပါ...ျမတ္ႏိုးမိလြန္းလို႔ ျဖစ္ေပၚလာတဲ့ ေလာဘေတြကို ခ်ိဳးႏွိမ္ေနရတဲ့သူပါ...”
မဏိ သခင္မေလးအထင္လႊဲမွာဆိုးသျဖင့္ မိမိဘာသာေတာင္မသိလိုက္ပါပဲ ခံစားခ်က္မ်ားကို ဖြင့္ဟဝန္ခံမိသြားသည္။
“အဟင္း...ေနာက္ဆုံးေတာ့ ဝန္ခံၿပီေပါ့ ကိုမဏိရွင့္...”
“ဗ်ာ.....”
မဏိထိုအခါမွ သူ႔စကားမ်ားသူသတိထားမိသြားကာ ရင္မဆိုင္ဝံ့စြာ ေခါင္းငုံ႔မိလိုက္သည္။
“ခတၱရာ ရွက္ဖို႔လည္းထားပါဦးရွင္..ျမင္းကမလႈပ္ပဲ ခုံက လႈပ္ထားတာကို ခတၱရာရွက္ပါရေစဦးရွင့္...”
မိမိကလမ္းေၾကာင္းဖြင့္ေပးေသာ္လည္းအလိုက္သိစီးဆင္းမလာေသာေၾကာင့္ ဆည္ပါခ်ိဳးခ်လိုက္ရသည့္ ခတၱရာအျဖစ္ပင္။ကိုယ္မွမစလွ်င္ စလာမည့္အရိပ္အေယာင္လည္းမရွိ။သူ႔ဘက္ကအရင္စဖြင့္ေျပာတာမ်ိဳးသာ ခတၱရာတို႔ေစာင့္ရပါက ဦးရစ္ဆံျဖဴလို႔သြားက်ိဳးသြားေပႏိုင္သည္။
“ဟာဗ်ာ....ကြၽန္ေတာ္မ်ိဳး ရွက္ေနလို႔မဟုတ္ပါဘူး...ကြၽန္ေတာ္မ်ိဳး...”
“ကဲပါရွင္...ခတၱရာက ေနာက္တာပါရွင့္..ဒါေလးကို ကိုမဏိလက္ခံၿပီးသြားၿပီဆိုလွ်င္ ျငင္းပိုင္ခြင့္မရွိေတာ့ဘူးေနာ္...စဥ္းစားပါဦး...”
“ကြၽန္ေတာ္မ်ိဳး ေသခ်ာ စဥ္းစားၿပီးပါၿပီ...သခင္မေလးကို ကြၽန္ေတာ္မ်ိဳးအသက္ထက္ခ်စ္ျမတ္ႏိုးပါတယ္...အေကာင္းဆုံးေသာအရာမွန္သမွ်ကို ေပးႏိုင္မယ္လို႔ အာမမခံရဲေပမယ့္ စိတ္ဆင္းရဲမႈေတြမရွိေစရဖို႔အာမခံႏိုင္ပါတယ္...သခင္မေလးတစ္ဦးအတြက္ပဲျဖစ္တည္လာတဲ့ ေမတၱာနန္းေတာ္ မွာ သခင္မေလးကဘုရင္မတစ္ပါးလို သိမ္းပိုက္အုပ္ခ်ဳပ္ေပးေတာ္မူပါ...”
ခတၱရာမွာေတာ့ ႐ုပ္တည္ႀကီးႏွင့္မိမိအားအၾကည့္တစ္ခ်က္မလႊဲပဲ ေျပာလာေသာ မဏိ၏စကားမ်ားေၾကာင့္ ရွက္႐ြံထူပူလာမိသည္။ထင္မွတ္မထားသည္က ထိုကဲ့သို႔ေသာ စကားမ်ားကို ေျပာတတ္လိမ့္မည္ဟုမထင္ထားေသာေၾကာင့္ျဖစ္သည္။
ထို႔ေၾကာင့္ ခတၱရာခမ်ာ ရွက္ၿပဳံးေလးပဲၿပဳံးႏိုင္ေလေတာ့သည္။
ေရွ႕ကေက်ာက္႐ုပ္ႀကီးကေတာ့ သူမဟုတ္သည့္အလား ခတၱရာကိုပဲထိုင္ၾကည့္ေနေလ၏။
********
ဧကေလး အရွင္ဆြဲေခၚသြားသည့္အတိုင္း ေနာက္မွ အသာေလးလိုက္သြားလိုက္သည္။သူဘာအမွားလုပ္မိထားလည္းစဥ္းစားမရေသာေၾကာင့္ အရွင္က ဘာကိုစိတ္ဆိုးေနမွန္းလည္းသူမသိ။ဥယ်ာဥ္ေတာ္ကိုသြားေနသည့္ လမ္းတစ္ေလွ်ာက္လုံးတြင္လည္း တစ္ခ်က္ေလးလွည့္မၾကည့္လာပဲ လက္ကိုပဲဆုပ္ကိုင္ထားေလသည္။
“အရွင္...”
ဧကေလး မဝံ့မရဲခပ္တိုးတိုးေခၚလိုက္မိသည္။
“အင္း!!..”
လွည့္မၾကည့္၊ေျခလွမ္းလည္းမရပ္ပဲျပန္ထူးလာေသာအသံေၾကာင့္ဧကေလး မ်က္ႏွာေလးကို မဲ့လိုက္မိသည္။
Memoryေတြကို ဘယ္လိုပဲ recallျပန္ေခၚေခၚ လုံးဝစဥ္းစားမရ။
*ငါေလးဘာမွမလုပ္ထားတာေသခ်ာသေလာက္ပါပဲဟ...ငင့္ အရွင္ကဘာေတြစိတ္ဆိုးေနတာလဲမသိေတာ့ပါဘူးလို႔ ...*
“အရွင္....”
“အင္း....”
*ငင့္...*
“ကြၽန္ေတာ့္ကိုစိတ္ဆိုးေနတာလားဟင္...”
“.....”
“စိတ္ဆိုးေနတာလား...ဟုတ္လား...အရွင္မႀကိဳက္တာ ကြၽန္ေတာ္ ဘာလုပ္မိလို႔လဲဟင္....”
“.....”
ဧကေလးေမးသမွ်ကိုမေျဖပဲ ေရွ႕ကဆက္ေလွ်ာက္ေနသူေၾကာင့္ ငိုခ်င္စိတ္ပါေပါက္သြားကာ လက္ကိုျဖဳတ္ခ်ၿပီး ေျခလွမ္းေတြကိုရပ္ပစ္လိုက္သည္။
ထိုအခါမွ ေနာက္ကို လွည့္ၾကည့္လာသည္။
“ဘာကိုစိတ္ဆိုးေနတာလဲဟင္...အရွင္မေျပာပဲ ကြၽန္ေတာ္ကဘယ္လိုလုပ္သိမွာလဲလို႔...ေျပာျပေလေနာ္...”
ဧကေလး သနားစဖြယ္ မ်က္ႏွာငယ္ေလးလုပ္ၿပီး ေျပာလိုက္သည္။
“စိတ္မဆိုးပါဘူး...”
“အဲ့ဒီလိုေျပာေနတာႀကီးကိုက စိတ္ဆိုးေနတာသိသာတယ္..ေျပာျပေလ ေနာ္...”
ဟုဆိုကာ အရွင့္၏လက္တစ္ဖက္ကို မိမိလက္ႏွစ္ဖက္ျဖင့္ ဆြဲကိုင္ကာ ဟိုဟိုဒီဒီရမ္းရင္း ေျပာလိုက္သည္။မ်က္ႏွာေလးကို သနားစဖြယ္ျဖစ္ေအာင္လုပ္ထားဖို႔ကလည္းမေမ့။အရွင္ ႐ုပ္တည္ႀကီးႏွင့္ စိတ္ဆိုးေနပုံကို ဧကေလးမလိုခ်င္ပါ။
“ေျပာေတာ့ ခ်စ္ျမတ္ႏိုးတယ္ဆို...ခုက် ၿငိဳျငင္တာလား...အရွင္က ေျပာမျပပဲ ကြၽန္ေတာ္မ်ိဳးကသိရေအာင္ အၾကားအျမင္ရေနတာမွ မဟုတ္ပဲကို...ေျပာျပမွ အထင္လြဲေနရင္ ကြၽန္ေတာ္က ရွင္းျပလို႔ရမွာေပါ့..ဟြန႔္..”
“အဟြန္း!!!!!”
ဒဝီဦးခိုက္ ခုမ်က္ႏွာငယ္ေလးျဖစ္သြားလိုက္ ဆူပုတ္ပုတ္ေလးျဖစ္သြားလိုက္ျဖင့္ အမ်ိဳးမ်ိဴးတတ္ႏိုင္ေသာ ေကာင္ငယ္ေလးကိုၾကည့္ရင္း စိတ္မၾကည္မလင္မႈမ်ားလြင့္စင္သြားရသည္။
“အယ္ ရယ္ၿပီ...ဟီး ရယ္သြားၿပီဆိုေတာ့ စိတ္မဆိုးေတာ့ဘူးေပါ့...ဟီး အာ့ဆိုေျပာျပ...”
“သွ်င္းငယ္ တကယ္မသိတာလား ...”
“ကြၽန္ေတာ္ဘာလုပ္မိလို႔လဲဟင္...တကယ္စဥ္းစားမရဘူးဗ်...”
“ေစာနက ကိုယ္ရံေတာ္မဏိကို ဘာလို႔အၾကာႀကီးစိုက္ၾကည့္ေနတာလဲ...”
“ဟမ္...ကိုယ္ရံေတာ္မဏိကို....”
ဧကေလး မထင္မွတ္ထားသည့္အရာကိုအရွင္က စိတ္ဆိုးေနသည္ဆိုတာသိလိုက္ရေတာ့ ပထမဆုံး အံ့ဩသြားၿပီး ေနာက္တျဖည္းျဖည္းရယ္ခ်င္လာသည္ကထိန္းမရ။
*ဘယ္လိုေတြေတာင္ခ်စ္စရာေကာင္းေနရတာလဲ...*
“အဟြန္း!!ခု အရွင္က ကြၽန္ေတာ့္ကို ကိုယ္ရံေတာ္မဏိနဲ႔ သဝန္တိုေနတာလားဗ်...ဟုတ္လား...ဟီးးးးး”
ဧကေလး သေဘာက်စြာ မ်က္ရည္ေတြဝဲလာသည္အထိရယ္မိလိုက္သည္။
ဒဝီဦးခိုက္မွာေတာ့ ကိုယ္ကပူေလာင္ေနသေလာက္ သူကသေဘာတက်ေတြရယ္ေနေသာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္ေပးလိုက္သည္။
“အဟီး ေဆာဒီး အရမ္းေတြကိုခ်စ္ဖို႔ေကာင္းေနလို႔...အဲ့ဒါက အဲ့ဒီလိုကိစၥေလးေတြရွိလို႔ပါ...ဟဲဟဲ ႐ိုး႐ိုးသားသားၾကည့္တာပါဗ်...”
“မဏိက ခတၱရာကိုသေဘာက်ေနတာ...”
“အမ္...အရွင္သိတယ္လား....ဟုတ္တယ္ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္က သူ႔ကိုအကဲခတ္ေနတာပါဗ်...”
“အကဲခတ္တာက အဲ့ဒီေလာက္အၾကာႀကီးစိုက္ၾကည့္ေနဖို႔လိုလို႔လား....ကိုယ္ေတာ္ဆို တစ္ခ်က္ၾကည့္႐ုံနဲ႔ သိတယ္ ...”
“ဟုတ္..ေနာက္မၾကည့္ေတာ့ဘူးေလေနာ္...ဒီတိုင္းအေတြးလြန္သြားလို႔ အၾကာႀကီးၾကည့္မိသလိုျဖစ္သြားတာ....”
“ေနာက္တစ္ခါ အေတြးလြန္ခ်င္ရင္ ကိုယ္ေတာ့္ကိုၾကည့္ၿပီး အေတြးလြန္ပါ...”
*အားးးးးဘယ္လိုေတြေတာင္ ခ်စ္ဖို႔ေကာင္းေနတာလဲေဟ့ ဒီဘုရင္ႀကီးကေတာ့ ....*
“ဟုတ္ ဟုတ္ ...အရွင့္ကိုပဲၾကည့္ၿပီး အေတြးလြန္ပါ့မယ္ေနာ္...ဟီး....”
“အြန္း!!!”
“အဲ့ဒါဆို ခုစိတ္မဆိုးေတာ့ဘူးဟုတ္....”
“အစကတည္းက စိတ္မဆိုးပါဘူး ကိုယ္ေတာ္က သဝန္နည္းနည္းတိုမိလို႔....”
*ေအာ္ နည္းနည္းလား...*
“ဟီးးဟီးးေနာက္မလုပ္ေတာ့ဘူးေနာ္ ....လာလာ ဥယ်ာဥ္ေတာ္ထဲ သြားၾကမယ္ေနာ္ ဟီး..”
“အဟြန္း!!ေကာင္းပါၿပီ...”
ဒဝီဦးခိုက္ ကိုယ့္အားမ်က္ႏွာခ်ိဳေသြးၿပီး ရယ္ျပေနသည့္အျပင္ လက္ကို သူ႔လက္ေသးေသးႏွစ္ဖက္ျဖင့္ အတင္းဆုပ္ကိုင္ထားသူေၾကာင့္ သေဘာတက်ၿပဳံးလိုက္သည္။
မနီးမေဝးတစ္ေနရာတြင္ သေရေခတၱရာျပည့္ရွင္ႏွင့္ ဗိႆႏိုးသခင္ေလးတို႔အားၾကည့္ၿပီး မဟာသိနအမတ္ႀကီးမဲ့ၿပဳံးၿပဳံးလိုက္သည္။
“ဟမ့္..နိမ့္က်လိုက္တဲ့ဒဝီဦးခိုက္ ဘုရင္ေနရာမွာ အၾကာႀကီးထိုင္ဖို႔ ေမွ်ာ္လင့္မေနနဲ႔...မၾကာခင္ပဲ သက္တမ္းေစ့ၿပီ...သခင္ေလးအတြက္ လက္စားေခ်ဖို႔အခ်ိန္ေရာက္ၿပီ....”
မဟာသိနအမတ္ တစ္ဦးထဲ ေရ႐ြတ္လိုက္ရင္း အေရးႀကီးသည့္အစီအစဥ္ကိုစဖို႔ရာအတြက္ အေဆာင္ေတာ္ကိုျပန္ခဲ့လိုက္သည္။
*******
“သွ်င္းငယ္...”
“ဗ်ာ....”
“ကံ့ေကာ္ပန္းေတြအဓိပၸာယ္က ထာဝရခ်စ္ျခင္းကို ကိုယ္စားျပဳတယ္လို႔ သွ်င္းငယ္ေျပာခဲ့တယ္မလား..”
“ဟုတ္တယ္ေလ အရွင္...ကံ့ေကာ္ပန္းေတြရဲ႕အဓိပၸာယ္က ထာဝရခ်စ္ျခင္းကိုကိုယ္စားျပဳတယ္...”
“အင္း..ကိုယ္ေတာ့္ေနာက္လိုက္ခဲ့...”
ဒဝီဦးခိုက္ ဥယ်ာဥ္ေထာင့္နားမွ ကံေကာ္ကိုင္းဆက္မ်ားကို ပ်ိဳးထားေသာ အိုးမ်ားဘက္ကို သွ်င္းငယ္လက္ကိုဆြဲေခၚသြားလိုက္သည္။
ဒူးေလာက္အ႐ြယ္ရွိပ်ိဳးပင္မ်ားေရွ႕အေရာက္ ဒဝီဦးခိုက္ မတ္တပ္ရပ္လိုက္ၿပီး
“သွ်င္းငယ္အတြက္...”
“ဗ်ာ....”
ဧကေလး, အံ့ဩစြာ ေရွ႕မွ ကံ့ေကာ္ပင္ေပါက္ေလးမ်ားကိုတစ္လွည့္ အရွင့္ကိုတစ္လွည့္ၾကည့္ရင္း
“အရွင္ေပးစရာရွိတယ္ဆိုတာ ဒီအပင္ေပါက္ေလးေတြလား...”
“အင္း!!”
“အမ်ားႀကီးပဲ..တစ္ပင္ ႏွစ္ပင္...တ
စ္ဆယ္ခုႏွစ္ပင္ႀကီးမ်ားေတာင္လား...”
“ဟုတ္တယ္ တစ္ဆယ့္ခုႏွစ္ပင္...”
“ဘာလို႔ေပးတာလဲဟင္...”
“မၾကာခင္မွာ သွ်င္းငယ္အသက္က ၁၇ႏွစ္ျပည့္ေတာ့မယ္မလား...”
“ဟုတ္လား...အဲ ဟုတ္ အရွင္...”
*ငါ့ေမြးေန႔ကိုငါေတာင္မသိဘူးအရွင္ကသိေနတယ္...အမွန္ေခတ္မွာဆို၂၁ႏွစ္ ျပည့္မွာပါ..*
“ကံ့ေကာ္ပင္ေပါက္ေလးေတြကို ဘာလို႔ေမြးေန႔လက္ေဆာင္အေနနဲ႔ေပးတာလဲဆိုတာသိလား....”
“ကြၽန္ေတာ္မသိဘူးအရွင္....ဘာလို႔ေပးတာလဲဟင္...”
“ကံ့ေကာ္ပန္းရဲ႕အဓိပၸာယ္က ထာဝရရွင္သန္ေနမယ့္ခ်စ္ျခင္းကိုကိုယ္စားျပဳတယ္ဆိုရင္ အဲ့ပန္းေလးေတြကိုျဖစ္တည္ေစတဲ့ ကံ့ေကာ္ပင္ရဲ႕ အဓိပၸာယ္ဆိုရင္ ပိုၿပီးေလးနက္ေစမယ္လို႔ထင္လို႔....”
ဧကေလး အရွင့္ရဲ႕ ေတြးေခၚပုံကို အံ့ဩမိလြန္းလို႔ အသံပင္မထြက္ႏိုင္ျဖစ္ေနသည္။
ကံေကာ္ပင္ရဲ႕အဓိပၸာယ္ကို အရွင္ဘာေၾကာင့္ အဲ့ဒီလိုယူဆသလဲဆိုတာနားမလည္ေပမယ့္ အရွင့္ဆီမွ ေႏြးေထြးလြန္းသည့္ခ်စ္ျခင္းေတြခံစားမိေနသည္။သူေျပာသည့္စကားတစ္ခြန္းကိုအဘယ္မွ်အေလးထားၿပီးမွတ္ထားပါသလဲဆိုတာ သိသာေစသည့္အျပင္ ကိုယ့္အတြက္အေလးအနက္ထားေပးသည္ကိုပါခံစားရသည္။ရင္ထဲမွာ ဝမ္းနည္းေပ်ာ္႐ႊင္ေနသည့္ခံစားခ်က္ႀကီးကတိုးလာကာ မ်က္ဝန္းျပာေလးထဲတြင္ ေငြ႕ရည္ေလးေတြရစ္သိုင္းလာရသည္။
“ကိုယ္ေတာ္ရဲ႕အယူအဆမွန္သလားမသိေပမယ့္ သွ်င္းငယ္ရဲ႕အသက္၁၇ႏွစ္ျပည့္ကေနစၿပီး ေနာင္ႏွစ္ေပါင္းမ်ားစြာ သံသရာအဆက္ဆက္ထိ ႏွလုံးသားနဲ႔အနီးဆုံးေနရာေလးမွာ စတဲခ်ရင္း ဝင္သက္ထြက္သက္ေတြကိုခံစားခ်င္တယ္ဆိုတဲ့ သေဘာမ်ိဳး...ထာဝရတည္တဲ့ေနတာထက္ သံသရာအဆုံး ႐ုပ္၊နာမ္ခႏၶာမရွိေတာ့ရင္ေတာင္ ကမာၻေျမႀကီးက အခြံသက္သက္ျဖစ္သြားမယ့္အခ်ိန္ထိ တည္ၿမဲေနမယ္ဆိုၿပီးရည္႐ြယ္ခဲ့တာ....”
“အင့္...”
ဧကေလး ထိန္းထားသည့္ၾကားထဲမွ အရွင့္စကားမ်ားေၾကာင့္ ရႈိက္သံေလးထြက္ေပၚလာရသည္။
တအိအိက်ဆင္းလာေသာမ်က္ရည္မ်ားႏွင့္ရႈိက္သံေသးေသးေလးေၾကာင့္ ဒဝီဦးခိုက္ျပာသြားကာ မ်က္ရည္မ်ားကိုအသာသုတ္ေပးလိုက္ရင္း
“သွ်င္းငယ္ သေဘာမက်လို႔လား...မငိုပါနဲ႔...သွ်င္းငယ္သေဘာမက်ရင္ လက္မခံ....”
“ဘာေတြေလွ်ာက္ေျပာေနတာလဲ...ဘယ္သူကသေဘာမက်ဘူးေျပာလို႔လဲ...႐ိုး႐ိုးတမ္းတမ္းခ်စ္စကားေျပာလဲရတာပဲကို ဘာလို႔ဝမ္းနည္းစရာေကာင္းေအာင္ေျပာေနရတာလဲ...ဟိုး၂၁ရာစုကေန ေရာက္လာတဲ့ကြၽန္ေတာ္က အရွင့္အခ်စ္ေတြတန္ရဲ႕လားေတာင္မသိေတာ့ဘူးဗ်...သိရဲ႕လား...”
*ကြၽန္ေတာ္ကအခ်ိန္တန္ရင္ျပန္ရမယ့္လူ...*
ထိုစကားကိုေတာ့ ဧကေလးစိတ္ထဲမွ ေျပာလိုက္သည္။
“အင္းအင္း မေျပာေတာ့ဘူးေနာ္...မငိုပါနဲ႔ သွ်င္းငယ္မ်က္ရည္ေတြကိုကိုယ္ေတာ္မျမင္ႏိုင္ဘူး...သွ်င္းငယ္ဆိုလိုခ်င္တဲ့ အဓိပၸာယ္ကိုကိုယ္ေတာ္ေသခ်ာနားမလည္ေပမယ့္ ဒီကမာၻေျမႀကီးမွာ သွ်င္းငယ္တစ္ဦးထဲက ကိုယ္ေတာ့္ အခ်စ္ေတြနဲ႔ထိုက္တန္တဲ့သူပါ...ေနာင္သံသရာေတြထိေတြ႕စုံရပါေစဆိုတဲ့ ဆုေတာင္းေတြမျပည့္မွန္းကိုယ္ေတာ္သိေပမယ့္...ေတာင္းဆုတစ္ခုသာျပည့္စုံမယ္ဆိုလွ်င္ ကိုယ္ေတာ္အမွန္တကယ္ပဲ ထိုဆုကိုသာလိုခ်င္ပါတယ္....”
“အီးဟီး...မေျပာပါနဲ႔ဆိုတာကို ဆက္ဆက္ေျပာေနေတာ့တာပဲ....ရင္အခုန္လြန္ ရင္အတုန္လြန္ၿပီး ေသသြားရင္ ခင္ဗ်ားတာဝန္ယူမွာလားေျပာ...ခုေတာင္ တစ္ကိုယ္လုံး ပ႐ြက္ဆိပ္တတ္သလိုျဖစ္ေနတာကို သူတစ္ေယာက္ထဲကပဲေျပာေနတယ္...အေျဖက်မေတာင္းဘူး...”
ဧကေလး ခံစားခ်က္အစုံျဖင့္ငိုေနရင္း အေျဖမေတာင္းေသးေသာသူေၾကာင့္ စိတ္ေပါက္စြာေျပာလိုက္သည္။
“ဟမ္....”
“သူတစ္ေယာက္ထဲကပဲေျပာေနတယ္ ကြၽန္ေတာ္လည္းအေျဖေပးခ်င္ေနၿပီေလ...အေျဖေတာင္းေတာ့လို႔... အီးဟီး...”
(#ကိုယ့္သားေလးကအေျဖေပးခ်င္ေနၿပီကိုဘ်င္ႀကီးအလိုက္ကိုမသိဘူး)
ဒဝီဦးခိုက္မွာေတာ့ သူနားၾကားမွားသြားသည္လားဟုျပန္စမ္းစစ္ရင္းပင္
“အဟြန္း!!!!!”
CHANGE 🍁
April 3,2:35PM
အမွားပါရင္နားလည္ေပးၾကပါဦးဗ်...
စိတ္ညစ္ေနတဲ့အခ်ိန္တိုင္းမန႔္ေတြကိုဖတ္ၿပီးအားယူျဖစ္တယ္ ...ခ်စ္စရာေကာင္းတဲ့မန႔္ေလးေတြကိုမန႔္ေပးတဲ့အခ်စ္ေလးတို႔
အာဘြား...မမန႔္လည္းခ်စ္ပါတယ္...
လက္ဆြယ္ငုတ္ေနလို႔လက္မကစာ႐ိုက္ရတာအဆင္သိပ္မေျပဘူး အရွည္ႀကီးေရးေပးထားပါတယ္ေနာ္....
🍁ဒီေန႔Reviewေပးခ်င္တဲ့Ficေလးကေတာ့
ခ်ည္တိုင္တဲ့...တစ္ခါတစ္ေလ တစ္ခ်ိဳ႕ခ်ည္တိုင္ေတြက ကိုယ္တို႔ကိုင္တိုင္က လိုလိုခ်င္ခ်င္အခ်ည္ခံခဲ့တာမ်ိဳး🍁