အသစ်တဖန်မွေးဖွားလာမည့်ထာဝရအတွ...

By pngon677

139K 15K 506

This is Myanmar Translation of (Rebirth)Ten Years that I loved You Most ဆယ်နှစ်ထက်မကမင်းကိုပိုချစ်ခဲ့ပါတယ်ရဲ့... More

Hello(U)
Hello(Z)
Description (U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27+28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)END

EP15(U+Z)

2.3K 342 8
By pngon677

[ U ]

EP15 ဘိုးဘိုးဆုံးပါးခြင်း


ဟယ်ကျစ်ရှု တစ်ယောက်ခြံထဲမှ စံပယ်ပင်တွေကို ကြည့်ရင်း သက်ရှိထင်ရှားရှိနေဆဲ ဖြစ်တဲ့ ရေလောင်းနေသောသူ့ အဘိုးကို
ကြည့်လိုက်တယ်။ဟိုးတချိန်က သူ့ဘိုးဘိုး မှာခဲ့ဖူးသောစကားတွေ ဖြစ်တဲ့သူ့ကိုယ်သူ
ဂရုစိုက်ဖို့, စာကြိုးစားဖို့, နောင်တချိန် မိဘတွေကို ပြန်ကြည့်ဖို့ ချမ်းသာကြွယ်ဝဖို့
မတောင်းဆိုပဲ ဘဝတလျှောက်လုံး အေးချမ်း
လုံခြုံစေဖို့စသည်တို့အား သူပြန်အမှတ်ရနေမိတယ်။

ဒါပေမဲ့ ဟယ်ကျစ်ရှု တစ်ယောက် သူ့ကိုယ်သူ အမှတ်အနည်းငယ်သာပေးမိတယ်၊ကျန်းဝမ်ရွီီရဲ့ "ကိုယ်မင်းကို လိုအပ်တယ်"ဆိုတဲ့ စကားတခွန်းကြောင့်  အသက်19နှစ်မှာ တက္ကသိုလ်
မတက်ခဲ့ဘဲ ကျန်းဝမ်ရွှီ နောက်သို့ မဆိုင်းမတွ
လိုက်သွားခဲ့မိတယ်၊ တက္ကသိုလ်တက်ဖို့
ဘဝရည်ရွယ်ချက်တွေလည်း သူနှင့်အတူ
လွင့်ပါးပျောက်ကွယ်ခဲ့ရတယ်။

ဟယ်ကျစ်ရှု တစ်ယောက်အရာအားလုံးကို
စွန့်လွှတ်၍ လောင်းကြေးထပ်ပြီး ဘေဂျင်း၌ လှပတဲ့ ကမ္ဘာကြီးတစ်ခုဖန်တီးဖို့ 5ရက်ကနေ 9ရက်လောက်ထိအစာအိမ်ထဲမှအရည်တွေပင် အန်ထွက်လာသည်အထိ ပါတနာတွေနဲ့
မရပ်မနား အရက်တွေလည်း သောက်ခဲ့ရဖူးတယ်။

ဒါပေမဲ့ နောက်ဆုံး၌ အချိန်ကောင်းတွေ ဖြစ်လာတဲ့အခါ မိဘတွေကို ဆုံးရှုံးလိုက်
ရပြန်တယ်၊သူကိုယ်သူအပြစ်တင်မိရင် နောင်တတွေသာပွေ့ပိုက်မိခဲ့တယ်။ပူပန်မှု ကင်းမဲ့တဲ့ ဘဝလေးကနေ ကျောင်းလည်း
ဆက်မတက်၊ မိဘတွေကိုလည်း မစောင့်ရှောက်နိုင်ပဲ ဝမ်းနည်းမှုတွေသာရခဲ့ရတယ်။

ဘိုးဘိုးရဲ့ စကားတွေကို လိုက်နာဖို့ရာပျက်ကွက်ခဲ့ရုံသာမက မှားယွင်းမှုတွေထဲ
ကျရှုံးရင်းအမှားတွေသာထပ်ဆင့်ကဲကာ
လုပ်မိခဲ့တယ်။

ဒါကြောင့်မို့ ခုလက်ရှိဟယ်ကျစ်ရှုကတော့
မှားယွင်းတဲ့ခြေလှမ်းအားယောင်လို့တောင်
လှမ်းဖို့ စိတ်ကူးမရှိဘူး၊အချစ်ဆိုတာကရော
ဘာမို့လဲ? ချစ်နေရုံနဲ့ အာဟာရဖြစ်လာ
မည်မှ မဟုတ်တာပဲ။

မလိုဘူး...

ဒါဆိုလည်း ခုကစပြီး ပြောင်းလဲမှုတွေ
စကြတာပေါ့...။

နေ့လည်ပိုင်းထိ ဘိုးဘိုး၌ ကြီးကြီးမားမား ပြသနာရှိမလာခဲ့၊ ကျန်းမာရေး အခြေအနေကလည်း ကောင်းမွန်နေဆဲပဲ၊ ဟယ်ကျစ်ရှု
ဘိုးဘိုးအားနေ့လည်စာ ကျွေးမွေး ပြင်ဆင်ပြီးနောက် ဘိုးဘိုး နားမှာသာထိုင်ရင်း
အိမ်စာတွေ လုပ်နေလိုက်တယ်။

ဟယ်ကျစ်ရှုဘိုးဘိုးအား လှမ်းလှမ်းကြည့်နေပေမယ့် သူ့အလုပ်မှာလည်းမလစ်ဟင်းစေခဲ့။
သူ့လက်ရှိအခြေအနေကသူလျှောက်လိုတဲ့
ဆေးတက္ကသိုလ်နဲ့အနည်းငယ်အလှမ်းဝေးသေးတာမို့ပိုမိုအားစိုက်ထုတ်ဖို့လိုအပ်တယ်။

တိတ်ဆိတ်နေသော အခန်းထဲ၌ဟယ်ကျစ်ရှုရဲ့ စာအုပ်လှန်လှောသံနှင့်ဘိုးဘိုးဟောက်သံတိုးတိုးလေးမှလွဲ၍မည်သည့်အသံမှ
မကြားရ။

ဟယ်ကျစ်ရှု တစ်ယောက်ခက်ခဲသော အိမ်စာတွေကို လုံ့လစိုက်ထုတ်ပြီး စေ့စေ့ စပ်စပ်လုပ်နေသော်လည်း မည်သည့် မူမမှန်သည့် လက္ခဏာမှမပြဘဲ တည်ငြိမ်စွာရှိနေသည့်
ဘိုးဘိုး ဘက်သို့ လှည့်ကြည့်လိုက်မိတယ်။

ဒီနေ့ တွင် မည်သည့်အချိန်၌ ဘိုးဘိုးရဲ့ ကျန်းမာရေး မူမမှန်ဖြစ်မည်ကို သူမသိတာ
မို့ အိမ်စာကိုပင် စိတ်ဖြောင့်ဖြောင့်မလုပ်နိုင်လျက် စိုးရိမ်ပူပန်နေမိတယ်။

ဟယ်ကျစ်ရှု သူ့ကိုယ်သူတွေးရင်းရယ်နေမိတယ်၊ သူ့ပုံစံက ဘိုးဘိုး မကြာခင် နာမကျန်း
ဖြစ်ဖို့ကို မျှော်လင့်နေသလို ဖြစ်နေတာမို့
ကူရာကယ်ရာမဲ့သော အပြုံးတစ်ခု မျက်နှာထက်၌ ပေါ်လာခဲ့ပြန်တယ်။

ခဏအကြာ, ဘိုးဘိုး နိုးလာပြီး သူ့ဘေးတွင် ဟယ်ကျစ်ရှု ရှိနေတာကို တွေ့တဲ့အခါ
ခေါ်လာတယ်။

"ရှောင်ရှု"

ဟယ်ကျစ်ရှု ချက်ခြင်းပင်လှည့်ကြည့်ကာတုံ့ပြန်လိုက်တယ်၊ ဘိုးဘိုး ကျန်းမာပြီး
ဘေးကင်းနေကြောင်း တွေ့ရတာမို့
စာဖတ်ရန်တဖက်သို့်ပြန်လှည့်လိုက်တယ်။

ရုတ်တရက် အသံ တစ်သံကြားလိုက်ရပြီးနောက် ဟယ်ကျစ်ရှု ပုံမှန်မဟုတ်သော
လှုပ်ရှားမှုဆိုတာကို သိလိုက်တဲ့အခါ
ရုတ်တရက် နှလုံးသားတွေပင်တင်းကြပ်
လာတယ်၊သူချက်ခြင်းလှည့်ကြည့်လိုက်ရာ
ဘိုးဘိုး မူးလဲသွားတာကို မြင်လိုက်ရပြီး
သူအတော်လေး တုန်လှုပ်ချောက်ခြားသွားတယ်။

ဟယ်ကျစ်ရှု ကပျာကသီ ဘိုးဘိုးအနီးသို့
လှမ်းသွားလိုက်ပြီး သတိလစ်သွားပြီဖြစ်တဲ့ဘိုးဘိုးဟယ်အား မသိစိတ်ဖြင့် လှုပ်ခါလိုက်မိတယ်၊ဘိုးဘိုးအား အိပ်ရာပေါ် တင်ပြီးနောက် အိမ်နီးနားချင်းအား အကူအညီတောင်းဖို့ လုပ်လိုက်တယ်။

သူက အကူအညီတောင်းရန် 120သို့ ခေါ်ဆိုနေပေမယ့် ခုထိ ဖုန်းကိုင်မလာသေး။

ထိုအချိန် အိမ်တံခါးဝ၌ ကျန်းဝမ်ရွှီအား
ဟယ်ကျစ်ရှု တွေ့လိုက်ရတယ်....ရုတ်တရက်မို့ ဟယ်ကျစ်ရှုအံ့သြမိနေလျက်ရှိတယ်။
ထို့ နောက် အိမ်နီးနားချင်းတွေရောက်လာပြီး
သန်သန်မာမာရှိတဲ့ လူကြီးအချို့က ဘိုးဘိုးကိုချီမပြီး ကားခေါ်ကာ နီးစပ်ရာဆေးရုံဆီသို့
ပို့ကြတယ်။

သူအစောဦးပိုင်းက ခေါ်ထားတဲ့လူနာတင်
ယာဥ်နဲ့ လမ်းမှာတွေ့ပြီး လူနာတင်ယာဥ်ထဲ၌
ဆေးဝါး ပစ္စည်းကိရိယာအစုံရှိတာမို့ ဘိုးဘိုးအား လူနာတင်ယာဥ် ဆီသို့လွှဲပြောင်းပေးလိုက်တယ်။

ထိုအချိန် ကျန်းဝမ်ရွှီလည်း လူနာတင်ယာဥ်ပေါ်လိုက်လာတယ်။ ကားထဲမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေလည်း ရှိတာမို့ဟယ်ကျစ်ရှု မကြည်ဖြူသော်ငြား ကားထဲကနေတော့
မောင်းမထုတ်ခဲ့ဘူး။ဟယ်ကျစ်ရှု မျက်နှာက
ပြိုတော့မယ်မိုးလို ညို့ နေသော်ငြား
ကျန်းဝမ်ရွီကို မမှီခိုခဲ့၊ဘိုးဘိုးလက်ကိုသာ
တင်းတင်းဆုပ်ကိုင်ရင်း မျက်လုံးထဲ၌ အလွန်အမင်း စိုးရိမ်မှုတွေကသာသာကဲကဲ။

ဟယ်ကျစ်ရှုရဲ့ စိုးရိမ်ပူပန်မှုနာကျင်ခံစားနေ
ရမှု တွေကို မြင်ရတဲ့အခါ ကျန်းဝမ်ရွှီစိတ်မကောင်းဖြစ်နေမိတယ်၊သူငယ်ရွယ်စဥ်အခါကတော့ သူကကျစ်ရှု အတွက်တစ်ဦးတည်းသောစိတ်ဓာတ်ပိုင်းဆိုင်ရာအထောက်အပံ့
ဖြစ်ခဲ့ဖူးတယ်။

သို့သော် ယခုအချိန်မှာတော့ ကျစ်ရှုကို
နှစ်သိမ်ဖို့ရာမစွမ်းနိုင်ခဲ့၊ သူ့ရှေ့မှကောင်လေးကိုသာ ဗလာမျက်ဝန်းတွေနဲ့ ငေးကြည့်နေရလျက် နှလုံးသားထဲ၌ ပို၍ ပင်ခါးသီး
နာကျင်လာခဲ့ရတယ်၊ကျန်းဝမ်ရွှီ သတိလက်
လွတ်ဖြင့် ကျစ်ရှုရဲ့ ကျောပြင်အား ဖွဖွလေး
ပုတ်ပေးလိုက်တယ်။ဒီနည်းလမ်းဖြင့်သာ
သူကျစ်ရှုအား တိတ်တဆိတ်နှစ်သိမ့်ပေးနိုင်မည် ဖြစ်တယ်။

ကျစ်ရှုရဲ့ တင်းကြပ်နေတဲ့ ခန္ဓာကိုယ်က
သူ့ရဲ့ သိမ်မွေ့တဲ့ တွေ့ထိမှုကြောင့် သိသိသာသာဖြေလျော့လာတာကို ကျန်းဝမ်ရွှီ
ခံစားမိနေတယ်။

သို့သော် ဟယ်ကျစ်ရှုက ဟိုတုန်းကလို
မျက်ရည်ကျရုံသာတတ်နိုင်သည့် ကောင်လေး မဟုတ်တော့၊ ယခုအနေအထားက
အနာဖေးတွေ ဖုံးလွှမ်းနေတဲ့ ရာဘာပင် ပင်စည်ကဲ့သို့ ရှိနေတယ်။  ယခင်ထက်အားသာချက် မရှိသော်လည်း ပြင်ပ ပရောဂတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ
များခဲ့ရသည်မို့ ယခုတွင်မူလုံလောက်အောင်
သန်မာ သည်ထက် ပိုကဲ နေပြီ။

အကြောင်းမူကာ အပ်ပေါက်ရာ ဗလပွနှင့်
နှလုံးသားရဲ့တခုတည်းသော လုပ်ဆောင်မှု
က ထုံကျင်သွားခြင်းပင်။

ဘိုးဘိုးလဲကျမှုက ငြင်းဆို၍မရသည့် ကိစ္စဖြစ်သော်လည်း ကျန်းဝမ်ရွှီ သူ့ကျောပြင်အား
ပုတ်၍ နှစ်သိမ့်ပေးလာခြင်းက သူ့ကို ငြိမ်သက်တည်ငြိမ် သွားစေသော်လည်း ထို အပြုအမူနှင့် ကျင့်သားရနိုင်ဖို့က အချိန်နှောင်းသွားပြီ။

ဟိုးအရင် သူ့အပေါ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ဖြေလျော့လာခြင်းလား?သို့တည်း
မဟုတ် သူက အမြဲတစေ အားငယ်တတ်သူမို့
ဥပေက္ခာတွေက ထိုသူ့အပေါ် သက်ရောက်မှု
မရှိတာလည်းဖြစ်နိုင်တယ်။

ဆေးရုံကိုရောက်တဲ့အချိန် ဟယ်ကျစ်ရှုရဲ့
မိဘတွေလည်းရောက်လာမည်ဟု အကြောင်း ကြားတယ်၊ခွဲစိတ်ခန်း တံခါးဝ၌ရှေ့နောက်လျှောက်ကာ စိုးရိမ်ပူပန်မှုနှင့်အတူ ရှိနေခဲ့တယ်။

ဒါပေမဲ့အခြေအနေတွေကတော့ မပြောင်းလဲခဲ့ဘူး၊ခွဲစိတ်မှုအား ရပ်တန့်ပြီး ဘိုးဘိုးဟယ်အား အထွေထွေကုသဆောင်ဘက်သို့ရွေ့ကာ
ယခင်ဟိုတုန်းကအတိုင်းတူညီတဲ့ စကားတွေကိုမှာကြားပြီး နောက်ဆုံးတွင်ဘိုးဘိုးကွယ်လွန် သွားခဲ့ရပြန်တယ်။

သို့သော်..ဒီတခါတော့ ဟယ်ကျစ်ရှု
မျက်ရည်မကျတော့ဘူး။

မျက်ရည်က သူ့အတွက် အထောက်အပံ့
ဖြစ်မလာနိုင်ဘူးဆိုတာကို သူသိတယ်၊
နောင်လာမယ့်နေရက်တွေကို သူဆက်ပြီး
ရှင်သန်နိုင်ရမယ်။

ဒီတကြိမ်မှာတော့ ကျန်းဝမ်ရွီ ကို မလိုအပ်တော့ပဲ သူပြန်ရှင်သန်နိုင်ရမယ်လို့
ဟယ်ကျစ်ရှု ဆုံးဖြတ်ထားခဲ့တယ်။

31.3.2022
(T/N..နေမကောင်းလိုက်တာတပတ်ကျော်
ကို အကုန်နောက်ကျသွားလို့ သွေ့ပုချီပါ😘😘😘)

............................... ......................................

[ Z ]

EP15 ဘိုးဘိုးဆုံးပါးျခင္း

ဟယ္က်စ္ရႈ တစ္ေယာက္ၿခံထဲမွ စံပယ္ပင္ေတြကို ၾကည့္
ရင္း သက္ရွိထင္ရွားရွိေနဆဲ ျဖစ္တဲ့ ေရေလာင္းေနေသာသူ႕ အဘိုးကို ၾကည့္လိုက္တယ္။ဟိုးတခ်ိန္က
သူ႕ဘိုးဘိုး မွာခဲ့ဖူးေသာစကားေတြ ျဖစ္တဲ့သူ႕ကိုယ္သူ
ဂ႐ုစိုက္ဖို႔, စာႀကိဳးစားဖို႔, ေနာင္တခ်ိန္ မိဘေတြကို ျပန္
ၾကည့္ဖို႔ ခ်မ္းသာႂကြယ္ဝဖို႔ မေတာင္းဆိုပဲ ဘဝတေလွ်ာက္လုံး ေအးခ်မ္းလုံၿခဳံေစဖို႔စသည္တို႔အား သူျပန္အမွတ္ရေနမိတယ္။

ဒါေပမဲ့ ဟယ္က်စ္ရႈ တစ္ေယာက္ သူ႕ကိုယ္သူ အမွတ္အနည္းငယ္သာေပးမိတယ္၊က်န္းဝမ္႐ြီီရဲ႕ "ကိုယ္မင္းကို လိုအပ္တယ္"ဆိုတဲ့ စကားတခြန္းေၾကာင့္ အသက္19ႏွစ္မွာ တကၠသိုလ္မတက္ခဲ့ဘဲ က်န္းဝမ္႐ႊီ ေနာက္သို႔ မဆိုင္းမတြ
လိုက္သြားခဲ့မိတယ္၊ တကၠသိုလ္တက္ဖို႔ဘဝရည္႐ြယ္
ခ်က္ေတြလည္း သူႏွင့္အတူလြင့္ပါးေပ်ာက္ကြယ္ခဲ့ရတယ္။

ဟယ္က်စ္ရႈ တစ္ေယာက္အရာအားလုံးကို
စြန့္လႊတ္၍ ေလာင္းေၾကးထပ္ၿပီး ေဘဂ်င္း၌ လွပတဲ့
ကမၻာႀကီးတစ္ခုဖန္တီးဖို႔ 5ရက္ကေန 9ရက္ေလာက္ထိအစာအိမ္ထဲမွအရည္ေတြပင္ အန္ထြက္လာသည္အထိ ပါတနာေတြနဲ႕ မရပ္မနား အရက္ေတြလည္း ေသာက္ခဲ့ရဖူးတယ္။

ဒါေပမဲ့ ေနာက္ဆုံး၌ အခ်ိန္ေကာင္းေတြ ျဖစ္လာတဲ့အခါ
မိဘေတြကို ဆုံးရႈံးလိုက္ရျပန္တယ္၊သူကိုယ္သူအျပစ္တင္မိရင္ ေနာင္တေတြသာေပြ႕ပိုက္မိခဲ့တယ္။ပူပန္မႈ ကင္းမဲ့တဲ့ ဘဝေလးကေန ေက်ာင္းလည္းဆက္မတက္၊ မိဘေတြကိုလည္း မေစာင့္ေရွာက္နိုင္ပဲ ဝမ္းနည္းမႈေတြသာရခဲ့ရတယ္။

ဘိုးဘိုးရဲ႕ စကားေတြကို လိုက္နာဖို႔ရာပ်က္ကြက္ခဲ့႐ုံသာမက မွားယြင္းမႈေတြထဲက်ရႈံးရင္းအမွားေတြသာထပ္ဆင့္ကဲကာလုပ္မိခဲ့တယ္။

ဒါေၾကာင့္မို႔ ခုလက္ရွိဟယ္က်စ္ရႈကေတာ့
မွားယြင္းတဲ့ေျခလွမ္းအားေယာင္လို႔ေတာင္
လွမ္းဖို႔ စိတ္ကူးမရွိဘူး၊အခ်စ္ဆိုတာကေရာ
ဘာမို႔လဲ? ခ်စ္ေန႐ုံနဲ႕ အာဟာရျဖစ္လာ
မည္မွ မဟုတ္တာပဲ။

မလိုဘူး...

ဒါဆိုလည္း ခုကစၿပီး ေျပာင္းလဲမႈေတြ
စၾကတာေပါ့...။

ေန႕လည္ပိုင္းထိ ဘိုးဘိုး၌ ႀကီးႀကီးမားမား ျပသနာရွိမလာခဲ့၊ က်န္းမာေရး အေျခအေနကလည္း ေကာင္းမြန္ေနဆဲပဲ၊ ဟယ္က်စ္ရႈ ဘိုးဘိုးအားေန႕လည္စာ ေကြၽးေမြး
ျပင္ဆင္ၿပီးေနာက္ ဘိုးဘိုး နားမွာသာထိုင္ရင္း
အိမ္စာေတြ လုပ္ေနလိုက္တယ္။

ဟယ္က်စ္ရႈဘိုးဘိုးအား လွမ္းလွမ္းၾကည့္ေနေပမယ့္ သူ႕အလုပ္မွာလည္းမလစ္ဟင္းေစခဲ့။
သူ႕လက္ရွိအေျခအေနကသူေလွ်ာက္လိုတဲ့
ေဆးတကၠသိုလ္နဲ႕အနည္းငယ္အလွမ္းေဝးေသး
တာမို႔ပိုမိုအားစိုက္ထုတ္ဖို႔လိုအပ္တယ္။

တိတ္ဆိတ္ေနေသာ အခန္းထဲ၌ဟယ္က်စ္ရႈရဲ႕ စာအုပ္
လွန္ေလွာသံႏွင့္ဘိုးဘိုးေဟာက္သံတိုးတိုးေလးမွလြဲ၍မည္သည့္အသံမွမၾကားရ။

ဟယ္က်စ္ရႈ တစ္ေယာက္ခက္ခဲေသာ အိမ္စာေတြကို လုံ႕လစိုက္ထုတ္ၿပီး ေစ့ေစ့ စပ္စပ္လုပ္ေနေသာ္လည္း
မည္သည့္ မူမမွန္သည့္ လကၡဏာမွမျပဘဲ တည္ၿငိမ္စြာ
ရွိေနသည့္ ဘိုးဘိုး ဘက္သို႔ လွည့္ၾကည့္လိုက္မိတယ္။

ဒီေန႕ တြင္ မည္သည့္အခ်ိန္၌ ဘိုးဘိုးရဲ႕
က်န္းမာေရး မူမမွန္ျဖစ္မည္ကို သူမသိတာ
မို႔ အိမ္စာကိုပင္ စိတ္ေျဖာင့္ေျဖာင့္မလုပ္
နိုင္လ်က္ စိုးရိမ္ပူပန္ေနမိတယ္။

ဟယ္က်စ္ရႈ သူ႕ကိုယ္သူေတြးရင္းရယ္ေန
မိတယ္၊ သူ႕ပုံစံက ဘိုးဘိုး မၾကာခင္ နာမက်န္း
ျဖစ္ဖို႔ကို ေမွ်ာ္လင့္ေနသလို ျဖစ္ေနတာမို႔
ကူရာကယ္ရာမဲ့ေသာ အၿပဳံးတစ္ခု မ်က္ႏွာထက္၌
ေပၚလာခဲ့ျပန္တယ္။

ခဏအၾကာ, ဘိုးဘိုး နိုးလာၿပီး သူ႕ေဘးတြင္ ဟယ္က်စ္ရႈ ရွိေနတာကို ေတြ႕တဲ့အခါ ေခၚလာတယ္။

"ေရွာင္ရႈ"

ဟယ္က်စ္ရႈ ခ်က္ျခင္းပင္လွည့္ၾကည့္ကာ
တုံ႕ျပန္လိုက္တယ္၊ ဘိုးဘိုး က်န္းမာၿပီး
ေဘးကင္းေနေၾကာင္း ေတြ႕ရတာမို႔
စာဖတ္ရန္တဖက္သို႔္ျပန္လွည့္လိုက္တယ္။

႐ုတ္တရက္ အသံ တစ္သံၾကားလိုက္
ရၿပီးေနာက္ ဟယ္က်စ္ရႈ ပုံမွန္မဟုတ္ေသာ
လႈပ္ရွားမႈဆိုတာကို သိလိုက္တဲ့အခါ
႐ုတ္တရက္ ႏွလုံးသားေတြပင္တင္းၾကပ္
လာတယ္၊သူခ်က္ျခင္းလွည့္ၾကည့္လိုက္ရာ
ဘိုးဘိုး မူးလဲသြားတာကို ျမင္လိုက္ရၿပီး
သူအေတာ္ေလး တုန္လႈပ္ေခ်ာက္ျခားသြားတယ္။

ဟယ္က်စ္ရႈ ကပ်ာကသီ ဘိုးဘိုးအနီးသို႔
လွမ္းသြားလိုက္ၿပီး သတိလစ္သြားၿပီျဖစ္တဲ့ဘိုးဘိုးဟယ္အား မသိစိတ္ျဖင့္ လႈပ္ခါလိုက္မိတယ္၊ဘိုးဘိုးအား
အိပ္ရာေပၚ တင္ၿပီးေနာက္ အိမ္နီးနားခ်င္းအား
အကူအညီေတာင္းဖို႔ လုပ္လိုက္တယ္။

သူက အကူအညီေတာင္းရန္ 120သို႔ ေခၚဆိုေနေပမယ့္
ခုထိ ဖုန္းကိုင္မလာေသး။

ထိုအခ်ိန္ အိမ္တံခါးဝ၌ က်န္းဝမ္႐ႊီအား
ဟယ္က်စ္ရႈ ေတြ႕လိုက္ရတယ္....႐ုတ္တရက္မို႔
ဟယ္က်စ္ရႈအံ့ၾသမိေနလ်က္ရွိတယ္။
ထို႔ ေနာက္ အိမ္နီးနားခ်င္းေတြေရာက္လာၿပီး
သန္သန္မာမာရွိတဲ့ လူႀကီးအခ်ိဳ႕က ဘိုးဘိုးကိုခ်ီမၿပီး ကားေခၚကာ နီးစပ္ရာေဆး႐ုံဆီသို႔ပို႔ၾကတယ္။

သူအေစာဦးပိုင္းက ေခၚထားတဲ့လူနာတင္
ယာဥ္နဲ႕ လမ္းမွာေတြ႕ၿပီး လူနာတင္ယာဥ္ထဲ၌
ေဆးဝါး ပစၥည္းကိရိယာအစုံရွိတာမို႔ ဘိုးဘိုးအား
လူနာတင္ယာဥ္ ဆီသို႔လႊဲေျပာင္းေပးလိုက္တယ္။

ထိုအခ်ိန္ က်န္းဝမ္႐ႊီလည္း လူနာတင္ယာဥ္ေပၚလိုက္လာတယ္။ ကားထဲမွာ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြလည္း ရွိတာမို႔ဟယ္က်စ္ရႈ မၾကည္ျဖဴေသာ္ျငား ကားထဲ
ကေနေတာ့ ေမာင္းမထုတ္ခဲ့ဘူး။ဟယ္က်စ္ရႈ
မ်က္ႏွာက ၿပိဳေတာ့မယ္မိုးလို ညို႔ ေနေသာ္ျငား
က်န္းဝမ္႐ြီကို မမွီခိုခဲ့၊ဘိုးဘိုးလက္ကိုသာ
တင္းတင္းဆုပ္ကိုင္ရင္း မ်က္လုံးထဲ၌ အလြန္အမင္း
စိုးရိမ္မႈေတြကသာသာကဲကဲ။

ဟယ္က်စ္ရႈရဲ႕ စိုးရိမ္ပူပန္မႈနာက်င္ခံစားေန
ရမႈ ေတြကို ျမင္ရတဲ့အခါ က်န္းဝမ္႐ႊီစိတ္မေကာင္းျဖစ္ေနမိတယ္၊သူငယ္႐ြယ္စဥ္အခါကေတာ့ သူကက်စ္ရႈ အတြက္တစ္ဦးတည္းေသာစိတ္ဓာတ္ပိုင္းဆိုင္ရာအေထာက္အပံ့
ျဖစ္ခဲ့ဖူးတယ္။

သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ က်စ္ရႈကို
ႏွစ္သိမ္ဖို႔ရာမစြမ္းနိုင္ခဲ့၊ သူ႕ေရွ႕မွေကာင္ေလး
ကိုသာ ဗလာမ်က္ဝန္းေတြနဲ႕ ေငးၾကည့္ေနရ
လ်က္ ႏွလုံးသားထဲ၌ ပို၍ ပင္ခါးသီး
နာက်င္လာခဲ့ရတယ္၊က်န္းဝမ္႐ႊီ သတိလက္
လြတ္ျဖင့္ က်စ္ရႈရဲ႕ ေက်ာျပင္အား ဖြဖြေလး
ပုတ္ေပးလိုက္တယ္။ဒီနည္းလမ္းျဖင့္သာ
သူက်စ္ရႈအား တိတ္တဆိတ္ႏွစ္သိမ့္ေပး
နိုင္မည္ ျဖစ္တယ္။

က်စ္ရႈရဲ႕ တင္းၾကပ္ေနတဲ့ ခႏၶာကိုယ္က
သူ႕ရဲ႕ သိမ္ေမြ႕တဲ့ ေတြ႕ထိမႈေၾကာင့္ သိသိသာသာေျဖေလ်ာ့လာတာကို က်န္းဝမ္႐ႊီ ခံစားမိေနတယ္။

သို႔ေသာ္ ဟယ္က်စ္ရႈက ဟိုတုန္းကလို
မ်က္ရည္က်႐ုံသာတတ္နိုင္သည့္ ေကာင္ေလး
မဟုတ္ေတာ့၊ ယခုအေနအထားက အနာေဖးေတြ
ဖုံးလႊမ္းေနတဲ့ ရာဘာပင္ ပင္စည္ကဲ့သို႔ ရွိေနတယ္။ ယခင္ထက္အားသာခ်က္ မရွိေသာ္လည္း ျပင္ပ ပေရာဂေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြမ်ားခဲ့ရသည္မို႔
ယခုတြင္မူလုံေလာက္ေအာင္သန္မာ သည္ထက္
ပိုကဲ ေနၿပီ။

အေၾကာင္းမူကာ အပ္ေပါက္ရာ ဗလပြႏွင့္
ႏွလုံးသားရဲ႕တခုတည္းေသာ လုပ္ေဆာင္မႈ
က ထုံက်င္သြားျခင္းပင္။

ဘိုးဘိုးလဲက်မႈက ျငင္းဆို၍မရသည့္
ကိစၥျဖစ္ေသာ္လည္း က်န္းဝမ္႐ႊီ သူ႕ေက်ာျပင္အား
ပုတ္၍ ႏွစ္သိမ့္ေပးလာျခင္းက သူ႕ကို ၿငိမ္သက္တည္ၿငိမ္ သြားေစေသာ္လည္း ထို အျပဳအမူႏွင့္ က်င့္သားရနိုင္ဖို႔က အခ်ိန္ႏွောင္းသြားၿပီ။

ဟိုးအရင္ သူ႕အေပၚက်ဴးလြန္ခဲ့တဲ့ အျပစ္ေတြ
အတြက္ ေျဖေလ်ာ့လာျခင္းလား?သို႔တည္း
မဟုတ္ သူက အၿမဲတေစ အားငယ္တတ္သူမို႔
ဥေပကၡာေတြက ထိုသူ႕အေပၚ သက္ေရာက္မႈ
မရွိတာလည္းျဖစ္နိုင္တယ္။

ေဆး႐ုံကိုေရာက္တဲ့အခ်ိန္ ဟယ္က်စ္ရႈရဲ႕
မိဘေတြလည္းေရာက္လာမည္ဟု အေၾကာင္း ၾကားတယ္၊ခြဲစိတ္ခန္း တံခါးဝ၌ေရွ႕ေနာက္ေလွ်ာက္ကာ စိုးရိမ္
ပူပန္မႈႏွင့္အတူ ရွိေနခဲ့တယ္။

ဒါေပမဲ့အေျခအေနေတြကေတာ့ မေျပာင္းလဲခဲ့ဘူး၊ခြဲစိတ္မႈအား ရပ္တန့္ၿပီး ဘိုးဘိုးဟယ္အား အေထြေထြကုသေဆာင္ဘက္သို႔ေ႐ြ႕ကာယခင္ဟိုတုန္းကအတိုင္းတူညီတဲ့ စကားေတြကိုမွာၾကားၿပီး ေနာက္ဆုံးတြင္ဘိုးဘိုးကြယ္လြန္ သြားခဲ့ရျပန္တယ္။

သို႔ေသာ္..ဒီတခါေတာ့ ဟယ္က်စ္ရႈ
မ်က္ရည္မက်ေတာ့ဘူး။

မ်က္ရည္က သူ႕အတြက္ အေထာက္အပံ့
ျဖစ္မလာနိုင္ဘူးဆိုတာကို သူသိတယ္၊
ေနာင္လာမယ့္ေနရက္ေတြကို သူဆက္ၿပီး
ရွင္သန္နိုင္ရမယ္။

ဒီတႀကိမ္မွာေတာ့ က်န္းဝမ္႐ြီ ကို
မလိုအပ္ေတာ့ပဲ သူျပန္ရွင္သန္နိုင္ရမယ္လို႔
ဟယ္က်စ္ရႈ ဆုံးျဖတ္ထားခဲ့တယ္။

31.3.2022
(T/N..ေနမေကာင္းလိုက္တာတပတ္ေက်ာ္
ကို အကုန္ေနာက္က်သြားလို႔ ေသြ႕ပုခ်ီပါ😘😘😘)

............................... ......................................



















Continue Reading

You'll Also Like

847K 123K 142
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
166K 23.7K 49
Name : Who Dare Touch My Disciple!? [Notice : Not written in English.] Genre : historical, bl, fantasy, romance Start date : 19.7.2020 End date : 19...
197K 30K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
315K 7.7K 77
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်