ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေ...
De Juengal_0226
924K 139K 7.4K
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanm... Mai multe
Description
Omegaverse
Chapter - 1(U+Z)
Chapter - 2 (U+Z)
Chapter - 3(U+Z)
Chapter - 4 (U+Z)
Chapter - 5 (U+Z)
Chapter - 6 (U+Z)
Chapter - 7 (U+Z)
Chapter - 8 (U+Z)
Chapter - 9 (U+Z)
Chapter - 10 (U+Z)
Chapter - 11 (U+Z)
Chapter - 12 (U+Z)
Chapter - 13 (U+Z)
Chapter - 14 (U+Z)
Chapter - 15 (U+Z)
Chapter - 16 (U+Z)
Chapter - 17 (U+Z)
Chapter - 18 (U+Z)
Chapter - 19(U+Z)
Chapter-20 (U+Z)
Chapter - 21(U+Z)
Chapter - 22(U+Z)
Chapter - 23(U+Z)
Chapter - 24(U+Z)
Chapter-25(U+Z)
Chapter-25_2(U+Z)
Chapter-26(U+Z)
Chapter 27 (U+Z)
Chapter - 28(U+Z)
Chapter 29(U+Z)
Chapter - 30(U+Z)
Chapter - 31(U+Z)
Chapter - 32 (U+Z)
Chapter -33_1(U+Z)
Chapter-33_2
Chapter -34_1
Chapter-34_2
Chapter-35 (U+Z)
Chapter - 36 (U+Z)
Chapter - 37 (U+Z)
Chapter - 38 (U+Z)
Chapter - 39 (U+Z)
Chapter - 40 (U+Z)
Chapter - 41 (U+Z)
Chapter - 42.1(U+Z)
Chapter - 42.2 (U+Z)
Chapter - 43.1 ( U+Z)
Chapter - 43.2 (U+Z)
Chapter - 44.1 (U+Z)
Chapter - 44.2 (U+Z)
Chapter - 45 (U+Z)
Chapter - 47 (U+Z)
Chapter - 48(U+Z)
Chapter 49 (U+Z)
Chapter - 50 (U+Z)
Chapter 51 (U+Z)
Chapter - 52 (U+Z)
Chapter - 53 (U+Z)
Chapter - 54 (U+Z)
Chapter - 55 (U+Z)
Chapter - 56 (U+Z)
Chapter - 57 (U+Z)
Chapter - 58 (U+Z)
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 46 (U+Z)
12.4K 2.1K 62
De Juengal_0226
//UNICODE//
အခန်း 46 - ယာယီ အမှတ်အသားပြုခြင်း
စုလင်း ဒါရိုက်တာလီနှင့် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီး ကုလီဟန်ကို ​ပြောလိုက်သည်။
"၉ ရက်နေ့က​နေ ၁၅ ရက်နေ့အထိ တစ်ပတ်လောက်နေကြမယ်။ ဒီနေ့ ခင်ဗျား ပြန်ပြီး ပစ္စည်းတွေထုပ်ပိုးသင့်တယ်။ ပြီး ​နေ့စဥ်လိုအပ်တဲ့ပစ္စည်းတွေ ယူလာဖို့လည်း မမေ့နဲ့ဦး"
ကုလီဟန် သူ့​ကောင်ငယ်​လေးက အရမ်းစဥ်းစားတတ်သည်လို့ ခံစားရသည်။
"​ကောင်းပြီ"
စုလင်း: " ခင်ဗျား ဒီနေ့ လုပ်စရာရှိသေးလား?"
"မရှိဘူး"
စုလင်း ရယ်ပြီး ဆိုသည်။
"အဲ့ဒါဆို ခဏစောင့်​ပေး။ ကျွန်​တော် စောစောက ခင်ဗျားရွေး​ပေးတဲ့ ဖော်မြူလာအတိုင်း ရနံ့ကို ရောစပ်လိုက်ဦးမယ်။ ကျွန်​​တော် စောနိုင်သမျှ စော​စောပြီးလေ သက်တမ်းရင့်​အောင်လုပ်တဲ့ ဖြစ်စဥ် ​စော​စော ဖြစ်နိုင်​လေပဲ။ ခင်ဗျား မနက်ဖြန်ဆို သက်​ရောက်မှုကို စမ်းကြည့်လို့ရပြီ"
စုလင်း ​ပြော​နေရင်း တစ်ချက် ထည့်​ပြောလာသည်။
"ကျန်တဲ့ tester ​တွေက​တော့ သက်တမ်းဆက် ရင့်​နေလိမ့်မယ် အကျိုးသက်​ရောက်မှုကလည်း အချိန်နဲ့အမျှ ​ပြောင်းလဲ သွားလိမ့်မယ်"
ကုလီဟန် : "မင်းလုပ်စရာရှိတာလုပ်၊ ကိုယ့်အတွက် စိတ်မပူပါနဲ့"
​ကောင်ငယ်​လေး စိတ်ဝိညာဥ်ပင် အထူးကျွမ်းကျင်သင်တန်းကို တစ်ခါမှ မသင်ဖူးတာကို သူ​တွေးမိလိုက်​​သောအခါ
"သက်တမ်းရင့်​စေတဲ့စက်ကို သုံးရင် မင်း လိုချင်တဲ့ သက်တမ်းရင့်ရနံ့ကို မြန်မြန် တန်းရနိုင်လိမ့်မယ်။ အဲ့ဒါဆို မင်း သက်တမ်းမတူတဲ့ ရနံ့​တွေရဲ့ အာနိသင်တွေကို ယှဥ်ကြည့်ချင်ရင်လည်း ပိုအဆင်​ပြေလိမ့်မယ်"
ဖော်မြူလာမှလွဲ၍ စိတ်ဝိညာဉ်ပင်များကို အ​ခြေခံအသုံးပြုသည့် ရနံ့ထုတ်ကုန်များသည် စိတ်ဝိညာဉ်ပင်ဆိုင်ရာကျွမ်းကျင်သူတစ်ဦး လိုအပ်သည်။ သို့သော် နောက်ပိုင်း လုပ်ငန်းစဉ်များသည် အပြည့်အဝ စက်ပိုင်းဆိုင်ရာသာ ဖြစ်လိမ့်​ပေမည်။ သဘာဝအတိုင်း သက်တမ်းရင့်​စေခြင်းရဲ့ထိရောက်မှုမှာ အလွန်နည်း​သည်။ ဟုတ်ပါ​ပေသည်။ အကျိုးသက်ရောက်မှုက​တော့ သက်တမ်းရင့်​စေသည့်ကိရိယာကို အသုံးပြုတာထက် ပိုကောင်းသည်။  ယေဘူယျအားဖြင့် တန်ဖိုးကြီးသော စိတ်ကြိုက်ဖန်တီးသည့် ရနံ့ထုတ်ကုန်များအတွက် သဘာဝအတိုင်း သက်တမ်းရင့်​စေခြင်းကို ရွေးချယ်ကြမည်ဖြစ်သည်။ သို့သော် ဖော်မြူလာ၏အကျိုးသက်ရောက်မှုကိုလေ့လာသောအခါ သက်တမ်းရင့်​စေသည့်ကိရိယာကို အသုံးပြုခြင်းက ပိုမိုမြန်ဆန်ပြီး အဆင်ပြေကာ နှိုင်းယှဉ်မှုရလဒ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
ကျန်နေသော ​ရွှေမှုန်ကျဲပန်းပင်၏ essential oil ကိုထုတ်ယူပြီး စုလင်း မနက်ခင်းက သူယူထားခဲ့သော ​ရွှေမှုန်ကျဲပန်းပင်နဲ့ အဆီစစ်ထုတ်စက်ကို ထုတ်ယူလိုက်သည်။ သူက ပြန်​ပြောလာသည်။
"ကျွန်​တော် သိပါတယ်၊ ဒါပေမယ့် သက်တမ်းရင့်​စေတဲ့စက်က အရမ်းဈေးကြီးတယ်။ နောက်လမှာ ကျွန်​​တော် ဝယ်​တော့မယ်"
လာမည့်လတွင် သူ ဆူးနီ​ဘောလုံးပင်၏အရည်နှင့် ​ရွှေမှုန်ကျဲပန်းပင်၏ဝတ်ရည်များကို လေလံတင်ရောင်းချမှုမှ ကြယ်ဒင်္ဂါးပေါင်း 1.45 သန်းခန့် ရရှိမည်ဖြစ်သည်။ ငွေသည် များစွာသော စမ်းသပ်ပစ္စည်းများကို တစ်ပြိုင်နက် သက်တမ်းရင့်စေနိုင်မည့် အလတ်စားအရွယ် သက်တမ်းရင့်​​စက်တစ်လုံးဝယ်ရန် လုံလောက်သည်။ ထို့နောက် နောက်တစ်လတွင် ရနံ့ထုတ်ကုန်များမှ အညစ်အကြေးများကို ဖယ်ရှားရန် နောက်ဆုံးအဆင့်တွင် လိုအပ်သော အေးခဲ​စေနိုင်သော Filter ကို ဝယ်နိုင်မည်ဖြစ်သည်။
"ဘယ်မော်ဒယ်လိုချင်လဲ မင်းအတွက် ကိုယ်ဝယ်ပေးမယ်။"
ကုလီဟန် သူ့လက်ကောက်ကို ထိလိုက်သည်။
အဆီစစ်ထုတ်စက်မှ စုလင်း ​ရွှေမှုန်ကျဲပန်းပင်၏ essential oilများကို ပုလင်းတစ်လုံးထဲသို့ လောင်းထည့်လိုက်ပြီး နောက်ထပ်ပုလင်းအသစ်တစ်ခုကိုဖွင့်လိုက်သည်။ ကုလီဟန်ရဲ့ စကားကိုကြားတော့ သူက ပြုံးပြီးပြောသည်
" ကျွန်​​တော်က ဒီတိုင်း ​ပြောလိုက်တာ ခင်ဗျားကို တစ်ခုခု ဝယ်​ပေးခိုင်းချင်တာ မဟုတ်ပါဘူး"
"ကိုယ် မင်းအတွက် ဝယ်ချင်တယ်"
ကုလီဟန်က မျက်မှောင်ကြုတ်ကာ
"မင်းအတွက် ကိုယ်ဘာလုပ်ပေးရမလဲမသိဘူး။ ကိုယ် ဒီကိစ္စမှာ အတွေ့အကြုံမရှိဘူး"
စုလင်း ကုလီဟန်ကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်ပြီး သူ့ရဲ့အနုစိတ်လှ​သောမျက်နှာမှာ စိတ်ပျက်နေတဲ့ အမူအရာကို တွေ့လိုက်ရသည်။  စုလင်း ရယ်မောပြီး
"ဒါဆိုလည်း ဝယ်လိုက်ပါ။ ကျွန်​​တော် အလတ်စား စက်တစ်လုံး လိုချင်တယ်။ ပြီး အေးခဲ Filter သေးသေးလေး ဝယ်ပေးပါဦး။ ကျွန်​တော် ပိုက်ဆံရှိမှ ဝယ်ဖို့ စီစဉ်ထားတာ"
ကုလီဟန်ရဲ့စိတ် ချက်ချင်းပင် ပျော်ရွှင်လာသည်။ သူသည် ရနံ့နှင့် ကိရိယာတန်ဆာပလာများအတွက် ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် ထျန်ရှင်း(Divine Fragrance) ကို ရွေးချယ်ခဲ့သည်။  စုလင်း လိုချင်သော စက်ပစ္စည်းများကို သူထည့်လိုက်ပြီး​နောက် ငွေရှင်းသည့်စာမျက်နှာတွင် ခေတ္တရပ်ပြီး
"ပစ္စည်း​တွေ ဒီနေရာကို ပို့ခိုင်းရမလား?"
စုလင်း အမ်းဟု ပြောလိုက်ပေမယ့် ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ နတ်ဘုရားကို သူ့ရဲ့စိတ်ဒုက္ခ​တွေက​နေ လွတ်မြောက်စေပြီး သူ(SL) က သူ(GLH)ရဲ့ 'နာမကျန်းမှု' ကိုစိတ်မ၀င်စားကြောင်း ယုံကြည်လာစေရန်အတွက် သူ(GLH)နှ င့်အတူနေသင့်သည်။ တကယ်လို့ သူ(SL) နေရာနှစ်ခုကြားတွင် လှည့်ပတ်နေပါက သူ့ကို ကူညီ​ပေးဖို့ ခက်ခဲ​နေလိမ့်မည်။ ထို့ကြောင့် သူက ခေါင်းယမ်းကာ
"ဟင့်အင်း ခင်ဗျားနေရာကို ပို့ခိုင်းလိုက်"
ကုလီဟန်ရဲ့ နှုတ်ခမ်းထောင့်သည် ကွေးညွတ်သွားသည်။ ကောင်ငယ်​​လေးကို အမြဲမြင်နေရခြင်းက သူ့ကို စိတ်ချမ်းသာစေသည်။
ကုလီဟန်ရဲ့ နှုတ်ခမ်းကို တစ်ချက်ကြည့်လိုက်ပြီး စုလင်း ပို၍နက်ရှိုင်းစွာ ပြုံးလိုက်မိသည်။  သို့သော် သူပြုံးလိုက်သည်ကို သိလိုက်တိုင်း နတ်ဘုရား၏တုံ့ပြန်မှုကို တွေးကာ စုလင်း ထိုအ​ကြောင်း ​​​မေးချင်​သော်လည်း အတွေးကို ချက်ချင်းရပ်လိုက်သည်။  သူ့(GLH) စိတ်အ​ခြေအ​နေ​ကောင်း​​လေးကို မဖျက်စီးချင်တာ​ကြောင့် နောင်သင့်​တော်တဲ့အချိန်မှ ထပ်မေးဖို့ ဆုံးဖြတ်လိုက်သာ်။
ကုလီဟန် မြန်မြန်ပဲ ​အော်ဒါ တင်လိုက်သည်။ အ​ရောင်းအဝယ်​အောင်မြင်​ကြောင်း မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက်တွင် သူ့အကြည့်ကို သုံးဖက်မြင် ဖန်သားပြင်မှ စုလင်းထံသို့ ရွှေ့ကာ
"မင်း ကိုယ့်နေရာကို ဘယ်အချိန်ပြောင်းလာမှာလဲ"
စုလင်း essential oilများကို အချိုးအစား ရောစပ်ပြီး​နောက် ပုလင်းကို ဖုံးကာ ခဏ စဥ်းစားလိုက်ပြီး
"ကျွန်​တော်တို့ အသင်းကနေ ပြန်ရောက်ပြီးရင်"
"မင်း အခုလေးဝယ်ထားတဲ့ စက်ပစ္စည်းတွေကို နှစ်နာရီအတွင်း ဗီလာကို အရောက်ပို့ပေးမှာ၊ မင်း..."
ကုလီဟန် အလုပ်ခုံပေါ်ရှိ စမ်းသပ်ပုလင်းများကို ဖြတ်ကာ ကြည့်လိုက်ကာ
"ရလဒ်ကို မြန်မြန် သိချင်လား?"
စုလင်း သည်းမခံနိုင်ဘဲ ရယ်လိုက်မိပြီး သူ့ကို လှည့်ကြည့်ကာ
"ခင်ဗျားက ကျွန်​တော့်ကို ဒီ​နေ့ ပြောင်း​စေချင်တာလား"
အဲဒါကိုကြားတော့ ကုလီဟန် သူ့စိတ်ထဲမှာ မတော်တရော်တစ်ခုခုရှိနေတယ်လို့ ​ကောင်ငယ်​လေးက အထင်လွဲသွားမှာကို စိုးရိမ်တဲ့အတွက် သူ့လေသံက ပုံမှန်ထက် ပိုမြန်လာပြီး
"မင်းကို ဘာမှလုပ်ဖို့ မစီစဉ်ထားပါဘူး၊ မင်းကို ကြည့်ချင်လို့ပါ။"
သူတို့ပိုင်ဆိုင်တဲ့ Omega အတွက် Alpha တစ်​ယောက်ရဲ့ ကာကွယ်လို​သော စိတ်ဆန္ဒနှင့် ပိုင်ဆိုင်လို​ချင်​သော စိတ်ဆန္ဒက  Omega သူတို့ မြင်ကွင်းမှာ မရှိတဲ့အခါ သူတို့ကို စိတ်မသက်မသာဖြစ်စေပြီး စိုးရိမ်ပူပန်မှုဖြစ်စေသည်။
စုလင်းရဲ့ မျက်လုံးများ ကျဥ်း​မြောင်းသွားကာ
"ဒါဆို ကျွန်​တော်က အရမ်းပဲ ဆွဲဆောင်မှုမရှိဘူးလို့ ဆိုလိုတာလား?။ Alphaဆိုတာ က သူတို့ ရဲ့Omega နဲ့ အတူရှိတဲ့အခါဆို တစ်ခုခုကို အမြဲလုပ်ချင်နေတာ မဟုတ်ဘူးလား?
သူက ​ခေါင်းငဲ့ကြည့်လိုက်ပြီး
"ဒါမှမဟုတ် ခင်ဗျား ကျွန်​တော့်ကို အမှတ်အသားမလုပ်ရ​သေးလို့လား"
ကုလီဟန်ရဲ့ မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားသည်။
စုလင်း တစ်ဖက်လှည့်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကုလီဟန်ရှေ့မှာ ရပ်လိုက်သည်။ သူတို့ရဲ့ အရပ်အမောင်း ကွာခြားမှုက သူ့ကို မကျေမနပ် ဖြစ်စေတယ်။ သူ နတ်ဘုရားရဲ့ပခုံးကို ဖိပြီး ခြေဖျားထောက် ရပ်လိုက်ပြီး မျက်လုံးများ နှုတ်ခမ်းပေါ် ကျ​ရောက်သွားရကာ
"ကြိုဆိုတဲ့လက်ဆောင်က​လေ ယာယီအမှတ်အသားအဖြစ် ထည့်တွက်လို့မရဘူးလား?။"
[လင်းလင်းကွ😏]
Gu Liheng ၏ လည်ချောင်းများ လှုပ်ရှားသွားပြီး ပြန်ဖြေလာသည်။
"မတွက်ဘူး"
စုလင်း: "ဘာလို့လဲ၊ ယာယီ အမှတ်အသားက အနမ်းတစ်ခုပဲ မဟုတ်ဘူးလား"
​​ကောင်ငယ်​လေး၏ အညိုဖျော့ဖျော့မျက်လုံးများသည် ​ဖောက်ထွင်းမြင်နိုင်သော အလွှာတစ်ခုရှိပုံရပြီး အလွန်ဖြူစင်သောပုံပေါက်သည်။  သူ(SL) သည် သတိမေ့ရောဂါရှိပြီး အရာများစွာကို နားမလည်နိုင်သည်ကို သတိရလိုက်သဖြင့် ကုလီဟန်က
"သာမန်ထိတွေ့မှုအတွက် ယာယီအမှတ်အသားတစ်ခုရဲ့ အကျိုးသက်ရောက်မှု ရရှိဖို့ အချိန်အတိုင်းအတာတစ်ခုအထိ လိုအပ်တယ်။"
စုလင်း:"အနမ်းတွေကို ပုံမှန်ထိတွေ့မှုလို့ မှတ်ယူလို့ရလား?"
ကုလီဟန် တိတ်ဆိတ်သွားသည်။ စုလင်း မျက်ခုံးပင့်လိုက်ပြီး လက်ကို ပြန်ဆွဲယူလိုက်သည်။  သူ့လက်ကောက်ကို ထိပြီး ​ပြောသည်။
"ကျွန်​​တော် ရှာကြည့်ပြီးရင် သိလိမ့်မယ်"
စုလင်း အရင်က ဇီဝကမ္မဗေဒစာအုပ်ကို ဖတ်ပြီး အမှတ်အသားပြုတဲ့အပိုင်းကို ကြည့်ခဲ့တာကို မှတ်မိပေမယ့် သာမန် အမြင်သာ ရှိခဲ့သည်။ အနမ်းတစ်ခု သို့မဟုတ် အကြာကြီးပွေ့ဖက်ခြင်းသည် ယာယီအမှတ်အသားတစ်ခုဖြစ်သည်။  လည်ပင်းနောက်ဘက်ကို ကိုက်ခဲခြင်းသည်လည်း  ယာယီအမှတ်အသားတစ်ခုဖြစ်ပြီး အချိန် ပိုကြာရှည်ခံလိမ့်မည်။ sme-xy အချိန်အတွင်း knotခြင်းသည် အမြဲတမ်း အမှတ်အသား ဖြစ်လိမ့်မည်။ စုလင်း အစကတော့ အမြဲတမ်းအမှတ်အသားက ဘာကိုဆိုလိုသလဲဆိုတာကို နားမလည်ဘူးလို့ ထင်ခဲ့ပြီး အခု ယာယီအမှတ်အသားတောင် သူနားလည်ထားတာ မှားနေတာ ဖြစ်​လောက်သည်။ အဲဒါကြောင့်လည်း ထိုအချိန်က ဒါ​တွေနဲ့ပတ်သတ်ပြီး သိလိုခဲ့တာဖြစ်သည်။ နမ်းစဥ်က နှလုံးခုန်မြန်တာကလွဲလို့ စုလင်း တခြား ဘာမှထူးထူးခြားခြား မခံစားခဲ့ရ​ပေ။  အမှတ်အသားပြုပြီးနောက် Omega သည် Alpha ၏ pheromone ကြောင့် သက်ရောက်မှုရှိလိမ့်မည် ဟု စာအုပ်ကဆိုသည်။ သူသည် နီမြန်းနေပြီး ခြေဖဝါး​တွေ ပျော့ပျောင်းနေကာ Alpha ကို အလိုလို မှီခိုနေလိမ့်မည်။ ဇီဝကမ္မဗေဒစာအုပ်ကို စဖတ်တုန်းက ရှင်းလင်းချက်များသည် ရယ်စရာကောင်းလှသည်ဟု စုလင်း ထင်ခဲ့သည်။ အနမ်းခံရပြီးနောက် စာအုပ်က ဖြစ်ရပ်မှန်များကို ကြုံရာကျပန်း ပြုလုပ်ထားသည်ဟုပင် ထင်ခဲ့သော်လည်း ယခုမူ အဓိပ္ပါယ်ကို သူ နားလည်မှုလွဲသွားပုံရသည်။
သူ စပြီးရှာ​နေတာကို မစောင့်​တော့ဘဲ ကုလီဟန် သူ့လက်ကောက်ဝတ်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး
"ကိုယ် ပြောပြမယ်"
စုလင်း မော့ကြည့်ပြီး သူ့အဖြေကို စောင့်နေခဲ့သည်။
ကုလီဟန်က ​ခေါင်းငုံ့လာခဲ့ပြီး နှစ်ယောက်စလုံး အချင်းချင်း၏ အသက်ရှုသံကိုပင် ကြားနေရသည်။ ကုလီဟန်ရဲ့ အသံက အနည်းငယ်​တောင့်တင်း​နေခဲ့ကာ
“ ကိုယ် မင်းကို နမ်းလို့ရမလား?”
စုလင်း သူတို့ကြားမှာ အကွာအဝေးကို နီးကပ်​စေလိုက်ခြင်းဖြင့် ပြန်​​ဖြေလိုက်သည်။
အနမ်းဟာ ​ပြီးခဲ့သည့်တစ်ကြိမ်ကလို ခပ်ဖွဖွ အထိအ​တွေ့တစ်ခုမျှသာမဟုတ်ဘဲ ဤအကြိမ်တွင် ပိုရင်းနှီးလှကာ ပိုနက်ရှိုင်းသည်။  စုလင်းရဲ့ ​ခေါင်း​အ​နောက်သည် ကုလီဟန်ရဲ့ ကြီးမားသည့် လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားခြင်းခံရပြီး စုလင်းကို ​မော့ထား​စေသည်။ ကုလီဟန်က သူအသက်ရှုမဝလုနီးပါး ဖြစ်လာသည်အထိ သူ့ကို လွှတ်မပေးခဲ့ပေ။ သူ့ပါးပြင်တွေ ပူရှိန်း​နေကာ သူ့ခြေထောက်တွေက ပျော့ပျောင်းလွန်းလို့ လုံးလုံး မတည်မငြိမ်ဖြစ်နေခဲ့တာ​ကြောင့် ကုလီဟန်ကို မှီနေလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ နတ်ဘုရားရဲ့ ရနံ့တွေ ဖုံးလွှမ်းနေခဲ့သည်။ ဝိုင်နီရနံ့က သိသာလှစွာ အလွန်​ဖျော့​တော့​​နေခဲ့သော်လည်း အလွန်လွှမ်းမိုးနိုင်စွမ်းရှိပြီး ပြင်းထန်ရစ်မူး​စေသည်။ ရနံ့က သူ့ကို လိုလိုလားလား စိတ်ရင်းဖြင့်ပင် နာခံ​စေပြီး မည်သည့်​တောင်းဆိုမှုကိုမဆို မငြင်းဆန်နိုင်​စေ​ပေ။ စုလင်း မသိစိတ်အရ မျိုချလိုက်မိသည်။ ဤမကြုံစဖူးသောခံစားချက်က သူ့ဦးနှောက်ကို ခဏလောက် လွတ်ထွက်သွားစေပြီး နတ်ဘုရားပုခုံးပေါ် ခေါင်းတင်ပြီး အနားယူရင်း သက်ပြင်းရှိုက်​နေခဲ့မိသည်။
ကုလီဟန်၏မျက်လုံးများ မည်းမှောင်နေပြီး သူ့အသက်ရှုနှုန်းကို ထိန်းချုပ်ရန် ကြိုးစား​နေခဲ့သည်။ ထို့​နောက် ကုလီဟန် စုလင်းကို မင်းသမီး​ပွေ့ ​ပွေ့ချီကာ စိတ်ဝိညာဥ်ပင် အခန်းမှ ထွက်လာခဲ့သည်။
နောက်ဆုံး စုလင်း အသိစိတ် ပြန်ဝင်လာချိန်တွင် ရယ်​မောလိုက်​တော့ အသံက အက်ရှ​နေခဲ့သည်။
"အဲ့​တော့ အဲ့ဒါက ဒီလိုလား?"
နမ်းခြင်းဖြင့် ယာယီအမှတ်အသားပြုခြင်းဆိုသည်မှာ နက်ရှိုင်းသောအနမ်းနှင့် တံတွေးဖလှယ်ခြင်းကို ဆိုလိုသည်။ အဲဒါကို စဉ်းစားကြည့်တော့ ကျိုးကြောင်းဆီလျော်​ပေသည်။ သာမာန် ​ပေါ့ပါး​သော အထိအတွေ့ကို အမှတ်အသားအဖြစ် သတ်မှတ်ပါက အိုမီဂါသည် ၎င်းကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။  ကျောင်းတက်သည်ဖြစ်စေ အလုပ်လုပ်သည်ဖြစ်စေ ၎င်းတို့သည် Alpha ကို မတော်တဆ ​တွေ့ဆုံသွားနိုင်ခြေ အလွန်မြင့်မားသည်။
ကုလီဟန် စုလင်းကို ဆိုဖာပေါ်တင်လိုက်ပြီး သူ့ရဲ့အနက်ရောင်ဆံပင်တွေကို ညင်သာစွာ ပွတ်ပေးတာခဲ့ကြောင့် ယာယီအမှတ်အသားပြုတဲ့ခံစားချက်ကနေ အမြန်သက်သာရာရစေခဲ့ပါသည်။
“ကိုယ် ဒါကိုလုပ်ချင်နေတာကြာပြီ၊”
သူ့မျက်လုံးတွေက နက်မှောင်နေပြီး
“ဒီလိုလုပ်ဖို့ ရှင်းပြတာကို အခွင့်ကောင်းယူခဲ့တာ”
စုလင်း ရိုးရိုးသားသားဖြင့် ဝမ်း​မြောက်စွာနှင့်
"ခင်ဗျား အခွင့်အရေး​တွေ စောင့်စရာ မလိုပါဘူး။ ဒီလို လုပ်တာ ကျွန်​တော် သဘောကျတယ်။ စုံတွဲတွေ လုပ်သင့်တဲ့ အရာပဲ​လေ"
သူက ပြောရင်း ဆိုဖာပေါ် ခေါင်းမှီချလိုက်ပြီး မျက်လုံးတွေကို အုပ်ဖို့ လက်ကို မြှောက်လိုက်ကာ
"ကျွန်တော့်ရဲ့ တုံ့ပြန်မှုက နည်းနည်းတော့ ရှက်ရွံ့စေတယ်။ ကျွန်​တော် အရမ်းကို မတည်မငြိမ် ဖြစ်​နေခဲ့တာ”
ယောက်ျားတစ်ယောက်အ​နေနဲ့ သူ့ရဲ့ ​သုံး​လောကအမြင် လုံးလုံး ပြိုကျသွားသည်။
ကုလီဟန်ရဲ့ မျက်လုံးများတွင် အပြုံးတစ်ခုရှိ​နေခဲ့သည်။ ​ကောင်ငယ်လေး၏ အမူအရာက သူ့ကို လွန်စွာ သဘောကျ​ နှစ်ခြိုက်စေသည်။  သူ့(SL) မျက်နှာပေါ်ရှိ လက်ချောင်းများကို ညင်သာစွာ ပွတ်သပ်ပြီး ချီးကျူးလာသည်။
"ဒါက ဗီဇပါပဲ၊ မင်းလုပ်တာ အရမ်းကောင်းတယ်"
စုလင်း မျက်တောင်​လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ခင်ဗျား လုပ်တာလည်း အရမ်း​ကောင်းတယ်"
စုလင်း 'နာမကျန်းမှု' နှင့် ပတ်သက်ပြီး နတ်ဘုရားရဲ့ စိတ်ဓာတ်ကို ပြောင်းလဲ​​ပေးရန် အခွင့်အရေးယူဖို့ ဆုံးဖြတ်လိုက်သည်။
"ကျွန်​တော် ခင်ဗျားနဲ့ ရင်းနှီးရတာ ကြိုက်တယ်၊ အခုဆို ​တော်​​​တော် လုံလောက်​နေပြီ"
ကုလီဟန် စုလင်း ဘေးမှာထိုင်ပြီး သူ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
​ကောင်ငယ်​လေးသည် သူ့ရနံ့နှင့် ပြည့်​နေခြင်းက သူ့ကို ပျော်ရွှင် ပေါ့ပါးသွားစေသည်။ သူ့ပိုင်ဆိုင်လိုမှုတွေက တဟုန်ထိုးတက်လာပြီး သူ့အကွာအဝေးတစ်ခု အတွင်းမှာ စုလင်းကို ခိုင်မြဲစွာထားချင်ခဲ့သည်။
ကုလီဟန်က ဘာလို့ ဘာမှမပြောတာလဲ။  သူ့ 'ဝမ်းနည်းစရာကိစ္စ' ကို ပြန်တွေး​နေတာလား
စုလင်း သူ့နတ်ဘုရားရဲ့ အမူအရာကို ကြည့်လိုက်သည်။ သူက စိတ်အေးလက်အေးနဲ့ ရင်တွင်းမှာ ရုန်းကန်နေရပုံမပေါ်တာကြောင့် စုလင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ့စိတ်က ထိရှလွယ်တဲ့ အခြေအနေမှာ မရှိသရွေ့တော့ ကောင်းတယ်။
နှစ်ယောက်သား ဆိုဖာပေါ်တွင် အချိန်အတော်ကြာအောင် နေခဲ့ကြသည်။ ကုလီဟန်ရဲ့စိတ်နှလုံးသားကို ကျေနပ် ​ပျော်ရွှင်​နေချိန်တွင် စုလင်းလည်း အလွန်လုံခြုံသောခံစားချက်ဖြင့် ကြည်နူးပျော်ရွှင်နေခဲ့ပြီး နှစ်ယောက်လုံး အလွန် သက်​တောင့်သက်သာ ရှိ​နေခဲ့သည်။
ခဏကြာတော့ စုလင်း နာရီကို တစ်ချက်ကြည့်လိုက်ပြီး ကုလီဟန်ရဲ့ လက်​မောင်းကြားမှ တည့်မတ်ကာ မတ်တပ်ရပ်လိုက်ပြီး
"ခင်ဗျား ဗိုက်ဆာပြီလား? ကျွန်​တော်တို့၂​ယောက်လုံး အတူတူ 'Single' ဆိုတဲ့ အဆင့်အတန်းကို ခွဲခွာနိုင်ခဲ့တာ ဂုဏ်ပြုဖို့အတွက် စား​သောက်ပွဲ ကြီးကြီးကျယ်ကျယ်နဲ့ ထမင်းသွားစားကြရအောင်"
ကုလီဟန် သူ့မျက်လုံးတွေက ပြုံး​နေလျက်
"ကောင်းပြီ မင်းဘာစားချင်လဲ"
"ငါးအသားလွှာပြုတ်၊ ဝက်နံရိုးချိုချဥ်၊ ဝက်​ခြေ​ထောက်နှပ်၊ ပဲငံပြာရည် ကြက်တောင်ပံကြော်၊ ပုဇွန်နှပ်..."
စုလင်း စိတ်အ​ခြေအ​နေ ​ကောင်း​နေခဲ့သည်။ သူ ဆိုဖာပေါ်မှ ခုန်ဆင်းကာ အစားအ​သောက်စာရင်းကို တန်းစီ ရွတ်လိုက်သည်။
ကုလီဟန်က ထလာပြီး စုလင်းရဲ့ ​ထောင်နေသောဆံပင်များကို သဘာဝကျကျ ​သပ်ပေးကာ
"​ကြေးများ မနေပါနဲ့ အနည်းဆုံး အရွက်ဟင်း တစ်ခွက်​တော့ မှာဦး"
အဲဒါက စုလင်းကို နည်းနည်းရှက်သွားသလို ခံစားရ​စေသည်။ သူ ကလေးဘဝတုန်းကလို ဆက်ဆံခံရ ပြန်​ပေပြီ။
"ကျွန်တော် ဒီအတိုင်း ရွတ်ပြတာပါ။ ​သေချာ​ပေါက် တစ်နပ်စာနဲ့ အဲ့​လောက် အများကြီး မစားနိုင်ပါဘူး။ အသားဟင်း ၃ ပွဲ၊ ဟင်းသီး ဟင်းရွက် ၁ ပန်းကန် နဲ့ ဟင်းချို ၁ လုံး မှာရင် လုံလောက်ပါပြီ။"
စုလင်ူ ထိုစကားကိုပြောပြီးနောက် စိတ်ဝိညာဉ်ပင်များ အခန်းသို့သွားကာ သူ့နေရာလွတ်တွင် စိတ်ဝိညာဉ်ပင်များကို ထည့်ထားလိုက်သည်။
ကုလီဟန်က သူ့နောက်ကနေ လိုက်လာပြီး
"မင်းမှာချင် မှာလို့ ရပါတယ်"
နောက်ဆုံးတွင် စုလင်း သူ​​ရော၊ကုလီဟန်​ရောကြိုက်သည့် စားစရာများ (အသား ၃ ပွဲ၊ ဟင်းသီးဟင်းရွက် ၁ ပွဲနှင့် ဟင်းချို ၁ လုံး) ကိုသာ မှာကြားခဲ့သည်။
တစ်ဖက်တွင်၊ ညစာစားချိန်ရောက်သောအခါ၊ ကု villa၏ ထမင်းစားပွဲ၌ စုလင်း မှာယူထားသော ဟင်းလျာများနှင့် ပြည့်နေသော်လည်း နေ့လယ်စာစားချိန်အတွင်း အကုန် မစားနိုင်ဖြစ်နေသည်။  စုလင်းက ညစာစားချိန်​ရောက်သည့်တိုင် ပြုံးနေခဲ့သည်။ စတီးလ်ဇွန်းမှ သူ့အမူအရာကို အမှတ်တမဲ့မြင်လိုက်ရသောအခါတွင် သူက အနည်းငယ် ရူး​ကြောင်​ကြောင်နဲ့ မိုက်မဲနေပုံရသည်။ အချစ်က လူ​တွေကို တကယ်ပဲ မိုက်မဲ ​စေသည်။ သူ ထိုသို့ တွေးနေပေမယ့် သူ့အပြုံးက လျော့မသွားခဲ့ပါ​ချေ။  ညစာစားပြီးနောက် သူက ကုလီဟန် ပါးကို ပျော်ရွှင်စွာ နမ်းလိုက်ပြီး
"ပျော်ရွှင်မှုကို ကျွန်​တော့် သူငယ်ချင်းတွေနဲ့ ဝေမျှလို့ရမလား?"
ကုလီဟန်သည်လည်း ​ပျော်ရွှင်ကြည်နူး​နေ​သော စိတ်အ​ခြေအ​နေတွင် ရှိ​နေတာ​ကြောင့် ပျော်ရွှင်မှုကူးစက်ခံရသကဲ့သို့ မသိလိုက်ပါဘဲ ပြုံးမိကာ
"ရတာ​ပေါ့"
စုလင်းက ချက်ချင်း မက်ဆေ့ နှစ်ခု ပို့လိုက်သည်။
​"လေးလေး နာလူး၊ ကျွန်​တော့်မှာ ချစ်သူရှိနေပြီ၊ အဲဒါ ဥက္ကဋ္ဌ ကု"
"မန်မန့် ဥက္ကဋ္ဌကု နဲ့ ငါ အခု အတူရှိနေပြီ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
Sorry for late hee hee😁
//ZAWGYI//
"​ကောင်းပြီ"
"မရှိဘူး"
စုလင်း ရယ်ပြီး ဆိုသည်။