I am not girl(Complete)

By Period-K

421K 24K 923

I am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone M... More

Character Fact, memes and Dialogue
That a boy
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50(Final)
Extra 1
Extra-2
Bd Present 💛
ဟိန်းဇက်အတွဲ
Side Story(Moe Htet Yan+Shine Yewai - 1)
Part 2
Part 3

Chapter 8

8K 546 14
By Period-K

မဖြစ်နိုင်လိုက်တာ ‌ေဒါ်မူးမြတ်ခင်ထိုစကားကြောင့် ခြေလှမ်းတွေ နောက်ကိုဆုတ်လျှက် သခင်လေးကတောင် လိုချင်မက်မောနေတာ ဘာကိစ္စ ယောက်ျားလေးဖြစ်ရမည်လဲ အခုလေးတင် စေ့စပ် တင်တောင်းငွေအဖြစ် The Unique ရဲ့ အမြတ်ရှယ်ယာ 10% ကိုရခဲ့တာ

ဒီလိုအကျိုးအမြတ်တွေတောင် ရနှင့်နေပြီ တမင်တကာ သူ့ကိုညာနေကြတာပဲ

"သားဘုန်း မေမေ့ကိုလိမ်နေတာမလား"

"သားမွေးထားတဲ့ကလေးက ယောက်ျားစစ်စစ်ပါမေမေ မေမေ့ရဲ့လောဘတွေနဲ့ထပ်ပြီး"

"မပြောနဲ့ ဘုန်းမြင်းမိုရ်"

မပြောနဲ့ ကျိန်စာဆိုတဲ့ မုသားတွေ နဲ့ အတင်းအဓ္ဓမ မိန်းကလေးမွေးဖို့ဖိအားပေးခဲ့ရတာတွေ သူကလွဲပြီး ဘယ်သူမှ မသိတဲ့အကြောင်းအရာတွေနဲ့

မိန်းကလေးမွေးလာဖို့ သူဘယ်လို ယတြာတွေချေခဲ့ရသလဲ ဘယ်လို ဝတ်ပြုဆုတောင်းမှုတွေလုပ်ခဲ့ရသလဲ ဒါတွေက 18 နှစ်လုံးလုံး သူမအလိမ်ခံခဲ့ရဖို့မှ မဟုတ်ဘဲ The Unique  မှာဝင်ဆံ့ဖို့ အားလုံးဟာသူမကိုမော်မကြည့်နိုင်လောက်တဲ့အထိ အဆင့်အတန်းမြင့်မားဖို့လုပ်ခဲ့ရတာ သူမဘာမှ ဂရုမစိုက်နိုင်ဘူး

"ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ဒီအကြောင်းတွေ ဘယ်သူမှ မသိစေနဲ့ တိတ်တိတ်ကလေးနေကြချေ မဟုတ်ရင် နန္ဒာ ညည်းသားဘဝကိုရော ညည်းအမေ ညည်းအမ ညည်းတူ အထိ
ငါဖျက်ဆီးပြမယ် နန္ဒာ စိမ့်ဝတီ နိုးလာရင် ဘာမှမပြောင်းလဲသွားစေနဲ့ သူစတင်ခဲ့တဲ့ဇာတ်လမ်းကို သူဇာတ်သိမ်းတဲ့အထိသူအဆုံးသတ်ရမယ်!!"

"မေမေ လုပ်ချင်ရာသာလုပ်တော့မေမေ နန္ဒာဘာကို မှမကြောက်တော့ဘူး"

"စိမ့်ဝတီရဲ့ ဘဝကိို ငါစုတ်ဖြဲပစ်မယ် နန္ဒာ"

"မေမေ!"

နန္ဒာကပျော့ညံ့လွန်းသည့်မိန်းကလေးလို့ဆိုပါစေအုံး နန္ဒာသားလေးကို အနည်းမျှအထိအခိုက်မခံရဲဘူး။ဒါကြောင့်လည်း သားကို မိန်းကလေးလို နေခိုင်းခဲ့တာ။စိမ့်ဘဝလေးကအခုမှ စတင်ဖို့ကြံရွယ်တာလေ မေမေသည် ဘယ်လိုစိတ်နှင့်များပြောရက်လေခြင်း အတ္တလောဘ ကြီးသူသည်မျက်ကန်းများလိုပဲတဲ့ ဘယ်အရာကိုမှ မမြင်နိုင်ဘဲ ဇွတ်လုပ်တတ်ကြတာမလား

"နန္ဒာတောင်းပန်ပါတယ် ဟင့်!"

"မေမေ"

"ဟင်! စိမ့်လေး စိမ့် "

စိမ့်နိုးလာတော့ မေမေ ဖေဖေနဲ့ ဖွားဖွားပါအနားမှာ ရှိနေခဲ့သည်။ဖွားဖွားကို ကြောက်လွန်းလို့ စိမ့်မေမေ့ကိုဖက်ထားမိသည်။

"ကြောက်တယ်မေမေ စိမ့်အရမ်းကြောက်တယ်"

"မေမေ ရှိတယ် သားလေး ဖေဖေ လည်း ရှိတယ် ဘာမှ မဖြစ်တော့ဘူး နော်"

အခန်းထဲက ဒေါ်မူးမြတ်ခင် ထွက််လာခဲ့တော့သည်။သူမဟိုးအရင်ကတည်းက သမီးမိန်းကလေးမွေးဖို့ ဖိအားပေးထားခဲ့တာ သူမတို့လုပ်ငန်းတွေ ထိုးကျပြီး စတော့ရှယ်ယာစျေးတွေ ဖောင်းပွလာခဲ့တယ် အရှုံးကြီးကျရှုံးလုဆဲဆဲပဲ သမီးမိန်းကလေးမွေးမှ ဒုတိယသခင်လေးထံ ခန္ဓာကိုယ်ကို ရောင်းချလို့ရနိုင်မှာ သမီးမွေးသည်နှင့် စိမ့်ဝတီဆိုတဲ့ ကလေးမလေးကိုရောင်းချခဲ့တာ အချက်အလက်အစုံနှင့် ထက်ဦးယံ ရဲ့ဒုတိယသား ဆီ ၁၈ နှစ်တိတိ အပ်နှင်းခဲ့ပြီး ခန္ဓာကိုယ်ကိုပေးခဲ့ရတာပဲ အစအဆုံး The unique ရဲ့ အမွေးဆက်ခံသူချွေးမ အဖြစ် သူတို့လုပ်ငန်း တွေက အကျိုးစီပွားအများဆုံးရထာခဲ့တာ ဒီပထမဆုံးရက်ကစပြီး ဒုတိယသားရဲ့ စိတ်ဝင်စားမှု အစုံက စိမ့်အပေါ်ရောက်ခဲ့တယ် အဲ့ အတွက်ရှယ်ယာစျေးက အရှိန်နဲ့တတ်လာတာ ဒုတိယသခင်လေးရဲ့ အရှိန်အဝါဆိုတာ ဒါတွေပဲ သူ့စိတ်အတတ်အကျနဲ့ကိုဆိုင်နေတာမျိုး

"ငါလည်းငါ့မြေးလေးကိုချစ်ပါတယ်"

^^^^

"ဟုတ် စိမ့် စိမ့် မိန်းကလေးအဖြစ်နဲ့ နေပေးပါ့မယ် မေမေစိမ့်ကို မစွန့်ပြစ်ပါနဲ့နော်"

နန္ဒာသားရှေ့မှာ မနေရက်တော့တာကြောင့် အိမ်သာ ခန်းထဲသို့ပြေးဝင်လာမိတော့သည်။အခုမှ သတိရလာသည့်သားဖြစ်သူထံ အကြောက်တရားတွေသွင်းမိရတော့သည်။သားဘဝလေး ပျက်စီးသွားရတာထက်စာရင် ဒီလိုလေးက သားပျော်ရာဘဝလေးရှာဖွေနိုင်အုံးမှာပါ မေမေ့ရဲ့ ဘဝကြွေးတွေကို နောက်ဘဝကျသေချာပေါက်ပြန်ဆပ်မှာပါ

စိတ်ကျရောဂါခံစားရမလိုဖြစ်တာကြောင့် ဆေးရုံမှ စိတ်ကျန်းမာရေးဆရာနဲ့ပါပြယူရသည်အထိ တစ်လလောက် ထိနလန်ပြန်မထူနိုင်သည့်သားဖြစ်သားကို ကြည့်ပြီး နန္ဒာ့မှာရူးမတတ် ဒီအတောအတွင်း မေမေက ကိုဘုန်းကို ပြည်ပကိုပို့ပစ်သေးသည်။နန္ဒာနဲ့ သားသာ မေမေရဲ့ လက်အောက်မှာ နေထိုင်ရတော့သည်။ ကိုဘုန်းကအဆက်အသွယ်မပြတ် နေ့စဥ် အခြေအနေနဲ့ သားသတင်းတွေ မေးလေ့ရှိပေမဲ့ ကိုဘုန်း မြန်မာပြည်ကို ပြန်လာဖို့ဆိုသည့်စကားကိုတော့ ဘယ်တော့မှ မပြောပေ

"မေမေ စိမ့် နှုတ်ခမ်းမှာ တစ်ခုခုပေနေလားဟင်"

"မပေဘူးနော် သားလေး ဘာမှ မရှိဘူး စိတ်ထင်နေလို့ပါ"

"ညစ်ပတ်တဲ့ အရေတွေ မရှိဘူးမလားဟင်"

"ဘာမှ မရှိဘူး စိတ်မပူနဲ့နော်"

"သားတို့ ဖွားအေးဆီပြန်ကြမယ်လေ ဖေဖေ့ကိုလည်းသားလွမ်းနေပြီ"

"သားရယ်! ပျော့ညံ့ တာတွေမေမေမကြိုက်ဘူးလေ ဖေဖေက ပြည်ပမှာ အလုပ်လုပ်နေရတာ သားကအခုလို နေကလည်း မ ကောင်းဘူး ဆက်တိုက်ဂျီနေရင် သားဖေဖေ အလုပ်အကိုင်ကဘယ်လို အဆင်ပြေမှာလဲ!"

"မေ......"

အပြင်သို့ ထွက်သွားသည့် မေမေ့ကို စိမ့်ဆက်ပြီး အော်မခေါ်ဖြစ်ခဲ့တော့။စိမ့်သတိရလာတဲ့ နေ့တစ်ရက် ဖေဖေနဲ့မေမေ ကစိမ့်ပြုစုပေးခဲ့တယ် နောက်ရက်မှာပဲ ဖေဖေ စင်္ကာပူကို အလုပ်ကိစ္စနဲ့ထွက်သွားရတယ်တဲ့။ စိမ့်မပျော့ညံ့ချင်ခဲ့ပါဘူး အဲ့နေ့ညကကိစ္စတွေ ပြန်သတိရတိုင်း စိမ့်ကြောက်လည်းကြောက်တယ် ရူးမလိုပဲ။မေမေတစ်လလုံးလုံး ပြုစုနေရတာပင်ပန်းရောပေါ့ စိမ့် ကနေမကောင်းအမြဲငိုတယ်ခေါင်းလေးမူးနေရင်တောင် မေမေ့ကို အနားကမခွာပဲကပ်ဂျီနေတတ်တာ
အိမ်ပြန်ရောက်တော့လည်း မှိုင် ထွေနေ တတ်တဲ့စိမ့်ကြောင့်ပဲမေမေစိတ်ညစ်ရတာမလား

မေမေပြောသည့်စကားတွေကြောင့် စိမ့်သိသင့်သလောက်သိပါတယ် ကောင်းကင်ထက်ယံဆိုတဲ့ လူကို လက်ထပ်ကို လက်ထပ်ရမယ်ဆိုတဲ့အကြောင်း

.....

"အေး သက်သာလာပြီဆိုတော့လည်း သင်တန်းပြန်တတ်ဖို့ပြင် ပင်ပန်းမှာစိုးရင် မနက်ပိုင်းသင်တန်းပဲတတ် ကျန်တဲ့သင်တန်းတွေဖြုတ်ချလိုက်မယ်"

"ဟုတ်"

"စိမ့်ဝတီ "

"ရှင် ရှင်ဖွားဖွား"

"ဖွားဖွား မြေးကိုချစ်တယ်နော်"

လိမ်ခွေနေသည့်ဆံပင်လိပ်လေးတွေက ပုခုံးနှစ်ဖက်ပေါ်ဖြာချထားသည်။ဒူးအတိပေါင်တို ဇာနက် ဂါဝန်လေးနှင့် သင့်တင့်လိုက်ဖက်လျှက် ဒေါက်ချွန်ဖိနပ်လေးသည်လည်း စိမ့်ကျွမ်းကျင်စွာ စီးတတ်သည့် ဖိနပ်တစ်ရံပဲလေ

ကားပေါ်မှာ ယခင်ကအတိုင်း မမမြတ်နိုးနှင့် ကိုရန်နောင်တို့အဖွဲ့ပါသည်။စိမ့်လုံခြုံရေးအရပြောပေမဲ့လည်း ကောင်းကင်ထက်ယံ ရန်မှတော့မကာကွယ်ပေးဘဲတွန်းပို့ကြသည့်လူတွေ

စိမ့်ဘာမှမတွေးချင်ပါဘူး ဘာမှ လည်း လုပ် နိုင်စွမ်းမရှိဘူး မေမေ့ရဲ့ စကားတွေကို စိမ့်အခုထိကြောက်ရွံ့မိနေဆဲမို့ စိမ့်တစ်သက်လုံး မိန်းကလေးလိုနေရလည်း အဆင်ပြေပါတယ်လေ

စိမ့်အတန်း နည်းနည်းနောက်ကျပေမဲ့ ဆရာကမဝင်သေးပေ။ လူစုံနေပြီဖြစ်တာကြောင့် စိမ့်အခန်းထဲဝင်သွားတော့ သင်တန်းသားသစ်တွေလည်း ရောက်နေကြပြီဖြစ်သည်။စိမ့်သူ့နေရာလွတ်လေးကို မြင်တော့ တစ်ဆက်တည်းဘေးနားက ကောင်းကင်ထက်ယံကိုတွေ့လိုက်ရသည်။မမပန်းနုလည်း သင်တန်းမတတ်တော့ ဘူးထင်ပါရဲ့ ။ဘာပဲနေနေ နေရာလွတ်ကိုပဲ ဝင်ထိုင်ရမည်မို့ စိမ့် ထိုနေရာလေးသာ ဝင်ထိုင်လိုက်တော့သည်။

"ဟေး ငါ့မိန်းမလောင်းလေ"

"ဖယ်ပါ!"

စိမ့်ပုခုံးပေါ်သူ့လက်ကြီးကို အားကြီးနဲ့ပစ်တင်သည်မို့ အတင်းတွန်းဖယ်ရသည်။အားချင်းဘယ်တော့မှမမျှခဲ့သည်မို့ ရုန်းလို့မလွတ်နိုင်ခဲ့ပြန်

"ဟင့်!"

"ဟ ငိုဖို့ပဲကွာ!"

"ဖယ်ပေးပါ "

"ဖယ်မယ် ဖယ်မယ် မငိုနဲ့တော့ တကယ်ပါပဲ"

စိမ့် ပုခုံးပေါ်ကလက်ကြီးဖယ်သွားတော့မှ စိမ့်စိတ်ထဲ ဝန်လျော့သွားသလိုခံစားလိုက်ရသည်။ ဆရာဝင်လာတော့ သင်ခန်းစာစသင်ကြားပို့ချနေစဥ်

"Uni က The unique မှာပဲ တတ်မှာမလား"

စာမှတ်နေတုန်း ခုံကိုဘေးနားကပ်ကာ တိုးတိုးလေးကပ်မေးတာကြောင့် စိမ့်မဖြေချင်ပေမဲ့
လည်း

"မန္တလေးမှာပဲပြန်တတ်မှာပါ"

"လောင်းမလား ငါနဲ့ မင်း The unique မှာပဲတတ်မှာ"

စိမ့်ဘဝကို စိမ့်သိပါတယ်။အသက်ရှင်နေရင်းတောင် သူ့ဘဝကိုသူမပိုင်သလို ခန္ဓာကိုယ်ကိုလည်းသူမပိုင်ပါ ယောက်ျားလေးဖြစ်ရက်နဲ့တောင်---

စဥ်းစားမိတိုင်းမျက်ရည်ကြည်တို့ဝေ့ဝဲလာတတ်သည်။အရှုံးပေးပါသည်ဆိုတဲ့ အကြည့်တို့နဲ့ပဲ ကောင်းကင်ထက်ယံကို ကြည့်လိုက်သည်။သူ့ရဲ့အပြုံးတောက်တောက်တို့ကကြည်လင်ပြတ်သားနေလျှက်

"မင်းငါ့ကို ဘာလို့အဲ့လောက်မုန်းနေတာလဲ"

"ငါမင်းကို မမုန်းပါဘူးချစ်တာပါ "

စိမ့် လှောင်ပြုံးပြုံးလိုက်မိသည်။လူတစ်ယောက်ရဲ့ဘဝကိုရော အတိတ်ကိုရော ဖျက်ဆီးတဲ့သူတစ်ယောက်က ချစ်တယ်တဲ့လား သူအတွက်အချစ်ဆိုတာ လိင်ဆက်ဆံရ တာမျိုးလားတော့ စိမ့်မသိ ပါ

"ငါတော့မင်းကို ရူးလောက်အောင်မုန်းတယ်ကောင်းကင်ထက်ယံ"

@Period-K

Long time no see my bae😚😚

Zawgyi

မျဖစ္နိုင္လိုက္တာ ‌ေဒၚမူးျမတ္ခင္ထိုစကားေၾကာင့္ ေျခလွမ္းေတြ ေနာက္ကိုဆုတ္လွ်က္ သခင္ေလးကေတာင္ လိုခ်င္မက္ေမာေနတာ ဘာကိစၥ ေယာက္်ားေလးျဖစ္ရမည္လဲ အခုေလးတင္ ေစ့စပ္ တင္ေတာင္းေငြအျဖစ္ The Unique ရဲ႕ အျမတ္ရွယ္ယာ 10% ကိုရခဲ့တာ

ဒီလိုအက်ိဳးအျမတ္ေတြေတာင္ ရႏွင့္ေနၿပီ တမင္တကာ သူ႕ကိုညာေနၾကတာပဲ

"သားဘုန္း ေမေမ့ကိုလိမ္ေနတာမလား"

"သားေမြးထားတဲ့ကေလးက ေယာက္်ားစစ္စစ္ပါေမေမ ေမေမ့ရဲ႕ေလာဘေတြနဲ႕ထပ္ၿပီး"

"မေျပာနဲ႕ ဘုန္းျမင္းမိုရ္"

မေျပာနဲ႕ က်ိန္စာဆိုတဲ့ မုသားေတြ နဲ႕ အတင္းအဓၶမ မိန္းကေလးေမြးဖို႔ဖိအားေပးခဲ့ရတာေတြ သူကလြဲၿပီး ဘယ္သူမွ မသိတဲ့အေၾကာင္းအရာေတြနဲ႕

မိန္းကေလးေမြးလာဖို႔ သူဘယ္လို ယၾတာေတြေခ်ခဲ့ရသလဲ ဘယ္လို ဝတ္ျပဳဆုေတာင္းမႈေတြလုပ္ခဲ့ရသလဲ ဒါေတြက 18 ႏွစ္လုံးလုံး သူမအလိမ္ခံခဲ့ရဖို႔မွ မဟုတ္ဘဲ The Unique  မွာဝင္ဆံ့ဖို႔ အားလုံးဟာသူမကိုေမာ္မၾကည့္နိုင္ေလာက္တဲ့အထိ အဆင့္အတန္းျမင့္မားဖို႔လုပ္ခဲ့ရတာ သူမဘာမွ ဂ႐ုမစိုက္နိုင္ဘူး

"ဘာျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး ဒီအေၾကာင္းေတြ ဘယ္သူမွ မသိေစနဲ႕ တိတ္တိတ္ကေလးေနၾကေခ် မဟုတ္ရင္ နႏၵာ ညည္းသားဘဝကိုေရာ ညည္းအေမ ညည္းအမ ညည္းတူ အထိ
ငါဖ်က္ဆီးျပမယ္ နႏၵာ စိမ့္ဝတီ နိုးလာရင္ ဘာမွမေျပာင္းလဲသြားေစနဲ႕ သူစတင္ခဲ့တဲ့ဇာတ္လမ္းကို သူဇာတ္သိမ္းတဲ့အထိသူအဆုံးသတ္ရမယ္!!"

"ေမေမ လုပ္ခ်င္ရာသာလုပ္ေတာ့ေမေမ နႏၵာဘာကို မွမေၾကာက္ေတာ့ဘူး"

"စိမ့္ဝတီရဲ႕ ဘဝကိို ငါစုတ္ၿဖဲပစ္မယ္ နႏၵာ"

"ေမေမ!"

နႏၵာကေပ်ာ့ညံ့လြန္းသည့္မိန္းကေလးလို႔ဆိုပါေစအုံး နႏၵာသားေလးကို အနည္းမွ်အထိအခိုက္မခံရဲဘူး။ဒါေၾကာင့္လည္း သားကို မိန္းကေလးလို ေနခိုင္းခဲ့တာ။စိမ့္ဘဝေလးကအခုမွ စတင္ဖို႔ႀကံ႐ြယ္တာေလ ေမေမသည္ ဘယ္လိုစိတ္ႏွင့္မ်ားေျပာရက္ေလျခင္း အတၱေလာဘ ႀကီးသူသည္မ်က္ကန္းမ်ားလိုပဲတဲ့ ဘယ္အရာကိုမွ မျမင္နိုင္ဘဲ ဇြတ္လုပ္တတ္ၾကတာမလား

"နႏၵာေတာင္းပန္ပါတယ္ ဟင့္!"

"ေမေမ"

"ဟင္! စိမ့္ေလး စိမ့္ "

စိမ့္နိုးလာေတာ့ ေမေမ ေဖေဖနဲ႕ ဖြားဖြားပါအနားမွာ ရွိေနခဲ့သည္။ဖြားဖြားကို ေၾကာက္လြန္းလို႔ စိမ့္ေမေမ့ကိုဖက္ထားမိသည္။

"ေၾကာက္တယ္ေမေမ စိမ့္အရမ္းေၾကာက္တယ္"

"ေမေမ ရွိတယ္ သားေလး ေဖေဖ လည္း ရွိတယ္ ဘာမွ မျဖစ္ေတာ့ဘူး ေနာ္"

အခန္းထဲက ေဒၚမူးျမတ္ခင္ ထြက္္လာခဲ့ေတာ့သည္။သူမဟိုးအရင္ကတည္းက သမီးမိန္းကေလးေမြးဖို႔ ဖိအားေပးထားခဲ့တာ သူမတို႔လုပ္ငန္းေတြ ထိုးက်ၿပီး စေတာ့ရွယ္ယာေစ်းေတြ ေဖာင္းပြလာခဲ့တယ္ အရႈံးႀကီးက်ရႈံးလုဆဲဆဲပဲ သမီးမိန္းကေလးေမြးမွ ဒုတိယသခင္ေလးထံ ခႏၶာကိုယ္ကို ေရာင္းခ်လိဳ႕ရနိုင္မွာ သမီးေမြးသည္ႏွင့္ စိမ့္ဝတီဆိုတဲ့ ကေလးမေလးကိုေရာင္းခ်ခဲ့တာ အခ်က္အလက္အစုံႏွင့္ ထက္ဦးယံ ရဲ႕ဒုတိယသား ဆီ ၁၈ ႏွစ္တိတိ အပ္ႏွင္းခဲ့ၿပီး ခႏၶာကိုယ္ကိုေပးခဲ့ရတာပဲ အစအဆုံး The unique ရဲ႕ အေမြးဆက္ခံသူေခြၽးမ အျဖစ္ သူတို႔လုပ္ငန္း ေတြက အက်ိဳးစီပြားအမ်ားဆုံးရထာခဲ့တာ ဒီပထမဆုံးရက္ကစၿပီး ဒုတိယသားရဲ႕ စိတ္ဝင္စားမႈ အစုံက စိမ့္အေပၚေရာက္ခဲ့တယ္ အဲ့ အတြက္ရွယ္ယာေစ်းက အရွိန္နဲ႕တတ္လာတာ ဒုတိယသခင္ေလးရဲ႕ အရွိန္အဝါဆိုတာ ဒါေတြပဲ သူ႕စိတ္အတတ္အက်နဲ႕ကိုဆိုင္ေနတာမ်ိဳး

"ငါလည္းငါ့ေျမးေလးကိုခ်စ္ပါတယ္"

^^^^

"ဟုတ္ စိမ့္ စိမ့္ မိန္းကေလးအျဖစ္နဲ႕ ေနေပးပါ့မယ္ ေမေမစိမ့္ကို မစြန့္ျပစ္ပါနဲ႕ေနာ္"

နႏၵာသားေရွ႕မွာ မေနရက္ေတာ့တာေၾကာင့္ အိမ္သာ ခန္းထဲသို႔ေျပးဝင္လာမိေတာ့သည္။အခုမွ သတိရလာသည့္သားျဖစ္သူထံ အေၾကာက္တရားေတြသြင္းမိရေတာ့သည္။သားဘဝေလး ပ်က္စီးသြားရတာထက္စာရင္ ဒီလိုေလးက သားေပ်ာ္ရာဘဝေလးရွာေဖြနိုင္အုံးမွာပါ ေမေမ့ရဲ႕ ဘဝေႂကြးေတြကို ေနာက္ဘဝက်ေသခ်ာေပါက္ျပန္ဆပ္မွာပါ

စိတ္က်ေရာဂါခံစားရမလိုျဖစ္တာေၾကာင့္ ေဆး႐ုံမွ စိတ္က်န္းမာေရးဆရာနဲ႕ပါျပယူရသည္အထိ တစ္လေလာက္ ထိနလန္ျပန္မထူနိုင္သည့္သားျဖစ္သားကို ၾကည့္ၿပီး နႏၵာ့မွာ႐ူးမတတ္ ဒီအေတာအတြင္း ေမေမက ကိုဘုန္းကို ျပည္ပကိုပို႔ပစ္ေသးသည္။နႏၵာနဲ႕ သားသာ ေမေမရဲ႕ လက္ေအာက္မွာ ေနထိုင္ရေတာ့သည္။ ကိုဘုန္းကအဆက္အသြယ္မျပတ္ ေန႕စဥ္ အေျခအေနနဲ႕ သားသတင္းေတြ ေမးေလ့ရွိေပမဲ့ ကိုဘုန္း ျမန္မာျပည္ကို ျပန္လာဖို႔ဆိုသည့္စကားကိုေတာ့ ဘယ္ေတာ့မွ မေျပာေပ

"ေမေမ စိမ့္ ႏႈတ္ခမ္းမွာ တစ္ခုခုေပေနလားဟင္"

"မေပဘူးေနာ္ သားေလး ဘာမွ မရွိဘူး စိတ္ထင္ေနလို႔ပါ"

"ညစ္ပတ္တဲ့ အေရေတြ မရွိဘူးမလားဟင္"

"ဘာမွ မရွိဘူး စိတ္မပူနဲ႕ေနာ္"

"သားတို႔ ဖြားေအးဆီျပန္ၾကမယ္ေလ ေဖေဖ့ကိုလည္းသားလြမ္းေနၿပီ"

"သားရယ္! ေပ်ာ့ညံ့ တာေတြေမေမမႀကိဳက္ဘူးေလ ေဖေဖက ျပည္ပမွာ အလုပ္လုပ္ေနရတာ သားကအခုလို ေနကလည္း မ ေကာင္းဘူး ဆက္တိုက္ဂ်ီေနရင္ သားေဖေဖ အလုပ္အကိုင္ကဘယ္လို အဆင္ေျပမွာလဲ!"

"ေမ......"

အျပင္သို႔ ထြက္သြားသည့္ ေမေမ့ကို စိမ့္ဆက္ၿပီး ေအာ္မေခၚျဖစ္ခဲ့ေတာ့။စိမ့္သတိရလာတဲ့ ေန႕တစ္ရက္ ေဖေဖနဲ႕ေမေမ ကစိမ့္ျပဳစုေပးခဲ့တယ္ ေနာက္ရက္မွာပဲ ေဖေဖ စကၤာပူကို အလုပ္ကိစၥနဲ႕ထြက္သြားရတယ္တဲ့။ စိမ့္မေပ်ာ့ညံ့ခ်င္ခဲ့ပါဘူး အဲ့ေန႕ညကကိစၥေတြ ျပန္သတိရတိုင္း စိမ့္ေၾကာက္လည္းေၾကာက္တယ္ ႐ူးမလိုပဲ။ေမေမတစ္လလုံးလုံး ျပဳစုေနရတာပင္ပန္းေရာေပါ့ စိမ့္ ကေနမေကာင္းအၿမဲငိုတယ္ေခါင္းေလးမူးေနရင္ေတာင္ ေမေမ့ကို အနားကမခြာပဲကပ္ဂ်ီေနတတ္တာ
အိမ္ျပန္ေရာက္ေတာ့လည္း မွိုင္ ေထြေန တတ္တဲ့စိမ့္ေၾကာင့္ပဲေမေမစိတ္ညစ္ရတာမလား

ေမေမေျပာသည့္စကားေတြေၾကာင့္ စိမ့္သိသင့္သေလာက္သိပါတယ္ ေကာင္းကင္ထက္ယံဆိုတဲ့ လူကို လက္ထပ္ကို လက္ထပ္ရမယ္ဆိုတဲ့အေၾကာင္း

.....

"ေအး သက္သာလာၿပီဆိုေတာ့လည္း သင္တန္းျပန္တတ္ဖို႔ျပင္ ပင္ပန္းမွာစိုးရင္ မနက္ပိုင္းသင္တန္းပဲတတ္ က်န္တဲ့သင္တန္းေတြျဖဳတ္ခ်လိဳက္မယ္"

"ဟုတ္"

"စိမ့္ဝတီ "

"ရွင္ ရွင္ဖြားဖြား"

"ဖြားဖြား ေျမးကိုခ်စ္တယ္ေနာ္"

လိမ္ေခြေနသည့္ဆံပင္လိပ္ေလးေတြက ပုခုံးႏွစ္ဖက္ေပၚျဖာခ်ထားသည္။ဒူးအတိေပါင္တို ဇာနက္ ဂါဝန္ေလးႏွင့္ သင့္တင့္လိုက္ဖက္လွ်က္ ေဒါက္ခြၽန္ဖိနပ္ေလးသည္လည္း စိမ့္ကြၽမ္းက်င္စြာ စီးတတ္သည့္ ဖိနပ္တစ္ရံပဲေလ

ကားေပၚမွာ ယခင္ကအတိုင္း မမျမတ္နိုးႏွင့္ ကိုရန္ေနာင္တို႔အဖြဲ႕ပါသည္။စိမ့္လုံၿခဳံေရးအရေျပာေပမဲ့လည္း ေကာင္းကင္ထက္ယံ ရန္မွေတာ့မကာကြယ္ေပးဘဲတြန္းပို႔ၾကသည့္လူေတြ

စိမ့္ဘာမွမေတြးခ်င္ပါဘူး ဘာမွ လည္း လုပ္ နိုင္စြမ္းမရွိဘူး ေမေမ့ရဲ႕ စကားေတြကို စိမ့္အခုထိေၾကာက္႐ြံ႕မိေနဆဲမို႔ စိမ့္တစ္သက္လုံး မိန္းကေလးလိုေနရလည္း အဆင္ေျပပါတယ္ေလ

စိမ့္အတန္း နည္းနည္းေနာက္က်ေပမဲ့ ဆရာကမဝင္ေသးေပ။ လူစုံေနၿပီျဖစ္တာေၾကာင့္ စိမ့္အခန္းထဲဝင္သြားေတာ့ သင္တန္းသားသစ္ေတြလည္း ေရာက္ေနၾကၿပီျဖစ္သည္။စိမ့္သူ႕ေနရာလြတ္ေလးကို ျမင္ေတာ့ တစ္ဆက္တည္းေဘးနားက ေကာင္းကင္ထက္ယံကိုေတြ႕လိုက္ရသည္။မမပန္းႏုလည္း သင္တန္းမတတ္ေတာ့ ဘူးထင္ပါရဲ႕ ။ဘာပဲေနေန ေနရာလြတ္ကိုပဲ ဝင္ထိုင္ရမည္မို႔ စိမ့္ ထိုေနရာေလးသာ ဝင္ထိုင္လိုက္ေတာ့သည္။

"ေဟး ငါ့မိန္းမေလာင္းေလ"

"ဖယ္ပါ!"

စိမ့္ပုခုံးေပၚသူ႕လက္ႀကီးကို အားႀကီးနဲ႕ပစ္တင္သည္မို႔ အတင္းတြန္းဖယ္ရသည္။အားခ်င္းဘယ္ေတာ့မွမမွ်ခဲ့သည္မို႔ ႐ုန္းလို႔မလြတ္နိုင္ခဲ့ျပန္

"ဟင့္!"

"ဟ ငိုဖို႔ပဲကြာ!"

"ဖယ္ေပးပါ "

"ဖယ္မယ္ ဖယ္မယ္ မငိုနဲ႕ေတာ့ တကယ္ပါပဲ"

စိမ့္ ပုခုံးေပၚကလက္ႀကီးဖယ္သြားေတာ့မွ စိမ့္စိတ္ထဲ ဝန္ေလ်ာ့သြားသလိုခံစားလိုက္ရသည္။ ဆရာဝင္လာေတာ့ သင္ခန္းစာစသင္ၾကားပို႔ခ်ေနစဥ္

"Uni က The unique မွာပဲ တတ္မွာမလား"

စာမွတ္ေနတုန္း ခုံကိုေဘးနားကပ္ကာ တိုးတိုးေလးကပ္ေမးတာေၾကာင့္ စိမ့္မေျဖခ်င္ေပမဲ့
လည္း

"မႏၲေလးမွာပဲျပန္တတ္မွာပါ"

"ေလာင္းမလား ငါနဲ႕ မင္း The unique မွာပဲတတ္မွာ"

စိမ့္ဘဝကို စိမ့္သိပါတယ္။အသက္ရွင္ေနရင္းေတာင္ သူ႕ဘဝကိုသူမပိုင္သလို ခႏၶာကိုယ္ကိုလည္းသူမပိုင္ပါ ေယာက္်ားေလးျဖစ္ရက္နဲ႕ေတာင္---

စဥ္းစားမိတိုင္းမ်က္ရည္ၾကည္တို႔ေဝ့ဝဲလာတတ္သည္။အရႈံးေပးပါသည္ဆိုတဲ့ အၾကည့္တို႔နဲ႕ပဲ ေကာင္းကင္ထက္ယံကို ၾကည့္လိုက္သည္။သူ႕ရဲ႕အၿပဳံးေတာက္ေတာက္တို႔ကၾကည္လင္ျပတ္သားေနလွ်က္

"မင္းငါ့ကို ဘာလို႔အဲ့ေလာက္မုန္းေနတာလဲ"

"ငါမင္းကို မမုန္းပါဘူးခ်စ္တာပါ "

စိမ့္ ေလွာင္ၿပဳံးၿပဳံးလိုက္မိသည္။လူတစ္ေယာက္ရဲ႕ဘဝကိုေရာ အတိတ္ကိုေရာ ဖ်က္ဆီးတဲ့သူတစ္ေယာက္က ခ်စ္တယ္တဲ့လား သူအတြက္အခ်စ္ဆိုတာ လိင္ဆက္ဆံရ တာမ်ိဳးလားေတာ့ စိမ့္မသိ ပါ

"ငါေတာ့မင္းကို ႐ူးေလာက္ေအာင္မုန္းတယ္ေကာင္းကင္ထက္ယံ"

@Period-K

Long time no see my bae😚😚

Continue Reading

You'll Also Like

175K 9.9K 44
ကျုပ်ဘဝမှာအမေပြီးရင် ခင်ဗျားကိုအချစ်ဆုံး..
163K 23.3K 60
21+ අසබ්‍ය වචන හා mature content අඩංගුය.
241K 19.2K 40
ခင္ဗ်ားရဲ႔ အျပံဳးေတြေအာက္မွာ ကြ်န္ေတာ့္ရဲ႔ ႏွလံုးသားငယ္ အျကိမ္ျကိမ္ ျပိဳလဲခဲ႔ဖူးပါတယ္............။
17.5K 2.7K 53
කිරුළ නොපලන් රජෙකුගෙ කතාව