ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... Еще

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း

7.4K 1.3K 23
Cora0411

//Zawgyi//

Extra 1.4: Later Story – တရားဝင္ေၾကညာလုိက္ေသာႏုိင္ငံ့CP

_________________

သိပၸံနဲ႔နည္းပညာဌာနရဲ႕ဖိုရမ္က တစ္ဖန္ထပ္မံေပါက္ကြဲသြားျပန္သည္။ အေၾကာင္းျပခ်က္ကေတာ့ တစ္ခါက နာမည္ၾကီးခဲ့တဲ့ “ဒီေန႔ေခတ္ေခ်ာေမာတဲ့ေကာင္ေလးေတြက အခ်င္းခ်င္းပဲ အတြင္းက်က်အစာခ်က္ၾကတာလား?” ေခါင္းစဥ္ျဖင့္ပို႔စ္ဟာ အမည္မသိစြာဘဲ တစ္ဖန္တြန္းတင္ခံလိုက္ရတာေၾကာင့္ပင္။

ဓာတ္ပံုနဲ႔ေခါင္းစဥ္ကတင္ မ်က္စိဖမ္းစားဖို႔လံုေလာက္ေနျပီျဖစ္တာေၾကာင့္ လူမ်ားစြာက ပုိ႔စ္ကုိႏွိပ္ကာ ဓာတ္ပံုကိုအထင္ၾကီးသေဘာက်သြားၾကတာေၾကာင့္ ထပ္ျပီးေတာ့ ဆက္ၾကည့္ၾကသည္။

ဒီၾကာေညာင္းျပီျဖစ္တဲ့ပို႔စ္အေပၚမွာ လူတုိင္းကထင္ျမင္ခ်က္အခ်ိဳ႕ရွိၾကသည္။

ပို႔စ္က ရုတ္တရက္ၾကီးျပန္တက္လာကိုျမင္ေတာ့ ထင္ျမင္ခ်က္အခ်ိဳ႕ရွိေနဆဲလူေတြက မေနႏုိင္ဘဲ ၎ကုိႏွိပ္ကာတစ္ခ်က္ၾကည့္မိၾက၏။

စစဦးဆံုး လူတုိင္းက ဒီပို႔စ္ဟာဘာလုိ႔homepageမွာ ထပ္ေပၚလာရတာလဲဆိုတာအား စူးစမ္းခ်င္ရုံသာ။

သုိ႔ေပမဲ့ ဓာတ္ပံုေတြကုိၾကည့္ရင္း မၾကာခင္မွာပဲသူတုိ႔သဲလြန္စရွာေတြ႔သြားသည္_

“ဟမ္? ဓာတ္ပံုထဲက အရပ္ရွည္ရွည္နဲ႔တစ္ေယာက္က မၾကာေသးခင္ကသတင္းေတြထဲမွာပါလာတဲ့တစ္ေယာက္နဲ႔ ဆင္သလုိလိုပဲ…”

“ဘယ္တစ္ေယာက္လဲ ငါဝွက္စာေဖာ္ရတဲ့စကားလံုးေတြကုိ မုန္းတယ္ တန္းလန္းၾကီးမေျပာၾကပါနဲ႔လို႔ အား!”

“…အေပၚကေျပာထားတာကုိ နားေထာင္ၾကည့္ရင္ တကယ္မွန္ပံုပဲ…ဒါေပမဲ့မဟုတ္ဘူး!! ဓာတ္ပံုထဲကလူက သာမန္ရွပ္နဲ႔ဂ်င္းေဘာင္းဘီကုိဝတ္ထားတာေလ…ဒါက တကယ္ၾကီးငါတို႔မၾကာခဏေျပာေနတဲ့ဒယ္ဒီရွန္လား?”

“ စစတုန္းက ငါမယံုခဲ့ဘူး၊ ဒါေပမဲ့ဓာတ္ပံုေတြကုိ ေသေသခ်ာခ်ာယွဥ္ၾကည့္ျပီးေနာက္မွာ ဒီလုိမ်ိဳးျဖစ္ေနတာငါတစ္ေယာက္တည္းမဟုတ္မွန္း သိသာတာပဲ! ငါထင္တာေတာ့ အဓိကက ဆံပင္စတုိင္လ္အရမ္းကြဲေနလို႔ထင္တယ္…အဓိကပို႔စ္ကဓာတ္ပံုထဲမွာ သူ႔ဆံပင္ကခ်ထားတာေလ သတင္းေတြထဲကထက္စာရင္ ပိုျပီးေတာ့ငယ္ရြယ္တဲ့ပံုေပါက္တယ္”

“ဒါက အသြင္အျပင္ေၾကာင့္လို႔နင္ထင္ေနတာလား? ပင္မပုိ႔စ္ရဲ႕ခုိးရုိက္ထားတဲ့ဓာတ္ပံုထဲမွာ မစၥတာရွန္ရဲ႕အမူအရာက သိသိသာသာကုိ အမ်ားၾကီးပုိႏူးညံ့ျပီး ေလးနက္မႈေတြနည္းေနတာေလ”

“ ငါအေပၚက မိတ္ေဆြကိုသေဘာတူတယ္၊ မစၥတာရွန္နဲ႔ အျမဲတမ္းေဘာင္တစ္ခုတည္းမွာရွိေနခဲ့တဲ့သူကို နင္တို႔မျမင္ၾကဘူးလား!!”

“!!!”

ေက်ာက္တံုးတစ္တံုးက ေထာင္ခ်ီတဲ့လိႈင္းတို႔ကုိ ေမႊေႏွာက္လိုက္ေလျပီ။

အဆံုးမွာေတာ့ ဒီမတုိင္ခင္တုန္းက ရွန္ရိက်င္းနဲ႔ႏိႈင္းယွဥ္လုိက္ရင္ ဒီေက်ာင္းကေက်ာင္းသားေတြအတြက္ က်င္ရႊင့္လုပ္ေဆာင္ခ်က္ေတြက အမ်ားၾကီးပိုေက်ာ္ၾကားလွသည္။

“ဒါဆို ဒီေနရာမွာျပႆနာေပၚလာျပီ…ဓာတ္ပံုထဲက စီနီယာယန္နဲ႔တူတူရွိေနတဲ့သူက အမွန္ပဲဒယ္ဒီရွန္ဆိုရင္ …”

“ငါတုိ႔ ေရွာ့ခ္ရစရာ လွ်ိဳ႕ဝွက္ခ်က္ၾကီးရွာေတြ႔တာမဟုတ္ဘူးလား??”

ေက်ာင္းဖိုရမ္က အရမ္းသက္ဝင္တက္ၾကြလာသည္။

ဖိုရမ္တင္မကဘဲ သတင္းကလံုေလာက္ေအာင္ၾကီးတာမို႔ အဓိကလူမႈကြန္ယက္ပလက္ေဖာင္းေတြေတာင္မွ ပို႔စ္တစ္ခုခ်င္းစီရဲ႕အေၾကာင္းအရာအားလံုးကုိလက္ခံကာ အခ်င္းခ်င္း အျပိဳင္သတင္းျဖန္႔ၾကေတာ့သည္။

ညတြင္းခ်င္းမွာပဲ အသစ္စက္စက္စာရင္းဝင္သြားတဲ့ကုမၸဏီရဲ႕ဥကၠ႒ျဖစ္သူရွန္ရိက်င္းတြင္ ေကာလိပ္၌ခ်စ္သူေကာင္ငယ္ေလးတစ္ေယာက္ရွိတယ္ဆိုတဲ့သတင္းက ေတာမီးလိုပ်ံ႕ႏွံ႕သြားျပီး hot topicတစ္ခုျဖစ္လာသည္။

ႏွစ္ဖက္လံုးရဲ႕သရုပ္မွန္ေတြက သိထားၾကျပီးျဖစ္ကာ က်င္ရႊင္နဲ႔ရွန္ရိက်င္းက အင္တာနက္ေပၚတြင္ CPေခါင္းစဥ္အား လံုးလံုးလ်ားလ်ားရရွိသြားေတာ့သည္။

ပထမတုန္းက သူတို႔ေတြ ေက်ာင္းဝင္းအတြင္းမွာ ဓာတ္ပံုခုိးရုိက္ျပီး အင္တာနက္ေပၚမွာတင္လုိက္ခ်ိန္တြင္ သူတုိ႔ႏွစ္ေယာက္က သူတုိ႔ရဲ႕မ်က္ႏွာတန္ဖိုးတစ္ခုတည္းနဲ႔တင္ ပြဲဦးထြက္လုနီးနီးပဲ။ ရွန္ရိက်င္းရဲ႕ေက်ာ္ၾကားမႈအရွိန္ႏွင့္အတူ က်င္ရႊင္နဲ႔သူတို႔CPက အျပည့္အဝကုိ hot searchရဲ႕ထိပ္ဆံုးေရာက္သြားျပီး အင္တာနက္ေပၚ၌ ေဆြးေႏြးမႈေခါင္းစဥ္ျဖစ္လာခဲ့သည္။

လိင္တူလက္ထပ္ျခင္းဟာ တရားဝင္တဲ့ယေန႔ေခတ္ကမာၻမွာ ကြာေစ့စားသူအမ်ားစုက “တကယ္လုိ႔အမွန္သာဆိုရင္ သူတုိ႔ကုိေကာင္းခ်ီးေပးရေအာင္”ဆိုတဲ့ သေဘာထားေခါင္းစဥ္ေအာက္တြင္ ပါဝင္ခဲ့ၾကသည္။

သုိ႔ရာတြင္ ဒီသတင္းေတြကုိလက္မခံႏုိင္တဲ့ လူအနည္းစုလည္းရွိေသး၏။

သူတို႔က ရွန္ရိက်င္းေဘးမွာရွိေနတဲ့က်င္ရႊင့္အေၾကာင္း စပ္စုခ်င္ၾကသည္။

သူတုိ႔က က်င္ရႊင့္ရဲ႕သရုပ္မွန္နဲ႔ သူတုိ႔ၾကားဆက္ဆံေရးအစစ္အမွန္ကို ရုိးရွင္းစြာပင္ေမးခြန္းထုတ္ၾကေတာ့သည္။

အဆံုးမွာေတာ့ သူတုိ႔ဓာတ္ပံုေတြက ဘယ္ေလာက္လွပျပီးသဟဇာတျဖစ္ေနပါေစ အမွန္တရားက “နာမည္ၾကီး စီးပြားေရးလုပ္ငန္းရွင္က ေကာလိပ္ေက်ာင္းသားတစ္ေယာက္ကုိ ေမြးစားထားတယ္”ဆိုတာပဲေလ။ ဓာတ္ပံုေတြလွသေလာက္ ဒါကေတာ့ၾကားလုိ႔မေကာင္းေပ။

[ဒါဒါ -တကယ္ေမြးစားတာကိုေျပာတာမဟုတ္ဘူးေနာ္၊ စပြန္ဆာသေဘာမ်ိဳးေပးကမ္းထားတာကို ေျပာခ်င္တာ]

ထုိ႔ေၾကာင့္ ရွန္ရိက်င္းရဲ႕စရိုက္နဲ႔ဂုဏ္သိကၡာကုိလည္း ေမးခြန္းထုတ္လာၾကသည္။

အခ်စ္က ကုိယ္ေရးကိုယ္တာကိစၥဆုိေသာ္ျငား ဘယ္လိုပဲျဖစ္ေနပါေစ ရွန္ရိက်င္းက Dragonျမိဳ႕ေတာ္ရဲ႕စာရင္းဝင္ကုမၸဏီတစ္ခု၏ဥကၠ႒ျဖစ္ျပီး ရွန္အုပ္စုရဲ႕ဒါရုိက္တာနဲ႔ဥကၠ႒လည္းျဖစ္သည္။ အခုအင္တာနက္ေပၚမွာ အမ်ိဳးမ်ိဳးေသာထင္ေၾကးေတြေပးေနၾကျပီး အမ်ားၾကီးအုတ္အုတ္က်က္က်က္ျဖစ္ေနလ်က္ပင္။ ကုမၸဏီႏွစ္ခုရဲ႕ရွယ္ယာရွင္ေတြက အလုပ္အမႈေဆာင္ဒါရုိက္တာရဲ႕ယံုၾကည္စိတ္ခ်ရမႈကုိ စတင္ေမးခြန္းထုတ္လာၾကျပီ။

အလြန္အမင္းကိုတာဝန္ေက်တဲ့ကြာေစ့ကုိက္သူေတြကေတာ့ က်င္ရႊင့္သရုပ္မွန္ကုိ အျပည့္အဝနားမလည္မခ်င္း သူတို႔ပါးစပ္ေတြကုိဖြင့္လိမ့္မွာမဟုတ္တာေၾကာင့္ တိတ္ဆိတ္စြာပဲရွိေနၾက၏။ သူတုိ႔က ဆိုးဝါးလွတဲ့အင္တာနက္trollေတြကို ဆဲေရးရန္ အေကာင္းျမင္ဆက္သားေတြအေနျဖင့္ေတာင္ ျပဳမူေနၾကသည္။

သုိ႔ရာတြင္ အမ်ားစုက အေပ်ာ္ရွာရုံသာျဖစ္ျပီး ကိစၥၾကီးလို႔မေတြးထားၾက။

မွားယြင္းတဲ့ဝါဒျဖန္႔မေကာင္းတဲ့မီဒီယာပလက္ေဖာင္းေတြနဲ႔ ဒီအခြင့္အေရးကိုယူကာ ရိေဝ့ကိုနင္းေျခဖယ္ရွားခ်င္တဲ့ျပိဳင္ဘက္ျဖစ္သူေတြအျပင္ hot searchေရာက္ျပီး နာရီဝက္အၾကာ အမ်ားျပည္သူတစ္ရပ္လံုးပြက္ပြက္ညံေနေလျပီ။

သုိ႔ေပမဲ့ နာရီအနည္းငယ္ေလာက္အၾကာမွာပဲ ေရစီးေၾကာင္းက တစ္ခါျပီးတစ္ခါေျပာင္းလဲသြားကာ ယခင္ေကာင္းခ်ီးေပးတဲ့အသံေတြကို သံသယအသံတုိ႔ကလံုးဝဖံုးလႊမ္းသြားေတာ့၏။ က်င္ရႊင္နဲ႔ရွန္ရိက်င္းက မုန္တုိင္းရဲ႕ဓားသြားအလယ္ကုိ တြန္းပို႔ခံထားရျပီးျပီ။

သုိ႔တေစ ထိုသို႔ဆိုရင္ေတာင္ သူတို႔ႏွစ္ေယာက္က ကိစၥေတြအား လံုးဝစိတ္ထဲထည့္မထားေပ။

က်င္ရႊင့္သုေတသနက အဆံုးသတ္ေရာက္ခါနီးေနျပီမို႔ သူကအရမ္းအလုပ္ရႈပ္ေနတာ ဘယ္လိုလုပ္အြန္လိုင္းမွတ္ခ်က္ေတြကုိ ဖတ္ႏုိင္မွာတုန္း?

သူ႔ကိုဒီကိစၥအေၾကာင္းလာေျပာရင္ေတာင္မွ သူစိတ္အေႏွာင့္အယွက္ျဖစ္ခံမွာမဟုတ္ေပ၊ ဘာလို႔လဲဆိုေတာ့ ရွဲန္းရွန္က ၎ကိုအလြယ္တကူကိုင္တြယ္ႏုိင္မွန္း သူသိေနလုိ႔ပဲ။

က်င္ရႊင္ေျပာခဲ့သလုိပါပဲ။ ရွန္ရိက်င္းက ဒီကိစၥကိုအလြယ္တကူေျဖရွင္းႏုိင္သည္။ သူ႔အတြက္ေတာ့ ရင္းႏွီးျမဳပ္ႏွံသူေတြ ေမးခြန္းထုတ္သည္ျဖစ္ေစ၊ ျပိဳင္ဘက္ေတြက နင္းေျခသြားျပီး netizenေတြက လက္လြတ္စပယ္သူ႔ကိုထင္ျမင္ခ်က္ေပးသည္ျဖစ္ေစ အေရးမပါလွ။

သူသည္းမခံႏုိင္တဲ့တစ္ခုတည္းေသာအရာက သူနဲ႔ေရွာင္ရႊင္ရဲ႕ဆက္ဆံေရးအေၾကာင္း လူေတြေမးခြန္းထုတ္ေနၾကတာကိုပဲ။

သူတို႔ဆက္ဆံေရးက စစ္မွန္ရဲ႕လားဆိုတာကုိ ေမးခြန္းထုတ္တယ္ေပါ့?

ဒါကကုိင္တြယ္ရလြယ္ပါတယ္။

သူနဲ႔ေရွာင္ရႊင္ၾကားက လက္ထပ္မွတ္ပံုတင္ကုိ အြန္လိုင္းမွာတင္လိုက္သေရြ႕ ဒါကရွင္းလင္းသြားလိမ့္မယ္။

ဘာလို႔သတင္းေတြထြက္ျပီး နာရီအနည္းငယ္ၾကာမွ ရွင္းလင္းခ်က္ထြက္လာတာလဲဆုိတာကေတာ့..

ယေန႔ဥကၠ႒ရွန္က အရမ္းကုိအလုပ္မ်ားေနလို႔ပဲ။

အစည္းအေဝးေတြေရာ ကိုင္တြယ္စရာတရားဝင္စီးပြားေရးလုပ္ငန္းေတြေရာရွိေနသည္။

ရွန္ရိက်င္းက ေနာက္ဆံုးမွာေတာ့ အိမ္ကိုကားေမာင္းျပန္သြားရန္အခ်ိန္တခ်ိဳ႕ယူကာ သူနဲ႔က်င္ရႊင္ရဲ႕လက္ထပ္မွတ္ပံုတင္ကို မီးခံေသတၱာထဲကေန ထုတ္ယူလိုက္သည္။

သူဓာတ္ပံုတစ္ပံုရုိက္လုိက္ျပီး သူ႔လက္ေထာက္ဆီပို႔လိုက္၏။ က်န္တာကေတာ့ သူ႔အမိန္႔မလိုေတာ့ေပ။

ရွန္ရိက်င္းက လက္ထပ္မွတ္ပံုတင္ကုိ ေနရာတက်ျပန္ထားလုိက္ျပီး ကိစၥရပ္ေတြအား ကုိင္တြယ္ရန္ ကုမၸဏီသုိ႔ျပန္လာလုိက္သည္။

ညေနခင္း က်င္ရႊင္အလုပ္ျပီးျပီး ေနာက္ဆံုးေတာ့ အြန္လုိင္းေပၚမွာျဖစ္ပ်က္ေနတာေတြကုိ ၾကည့္ဖို႔အခ်ိန္ရသြားခ်ိန္ ျပီးခဲ့တဲ့ဆိုးယုတ္ေသာေလထုအေျခအေနၾကီးက လံုးဝေပ်ာက္ကြယ္သြားေလျပီ။ သူ ရွဲန္းရွန္ရဲ႕နာမည္နဲ႔ hot searchေပၚႏွိပ္လုိက္ခ်ိန္ ပထမဆံုးျမင္လိုက္ရတဲ့အရာကေတာ့ ရိေဝ့ရဲ႕တရားဝင္blogက ထုတ္ျပန္ထားတဲ့ လက္ထပ္မွတ္ပံုတင္ပင္။

၎ႏွင့္အတူ စာအရွည္ၾကီးတြဲပါကာ လူတုိင္းအား ရိေဝ့ကိုအာရုံစုိက္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းနဲ႔စတင္ထားျပီး ေနာက္ပုိင္းတြင္ တရားဝင္စကားလံုးအခ်ိဳ႕ရယ္၊ က်င္ရႊင့္ရဲ႕သရုပ္မွန္အေၾကာင္းအတုိခ်ဳပ္ေဖာ္ျပခ်က္တစ္ခုရယ္၊ သူ႔လက္ရွိရာထူးနဲ႔ ရွန္ရိက်င္းနဲ႔သူ႔ဆက္ဆံေရးတုိ႔ပါဝင္သည္။

စာကရွည္ေသာ္ျငား စကားလံုးေတြက လိုရွင္းတုိရွင္းနဲ႔ရိုးရွင္းကာထိရွလွသည္။

ဒီလုိလုပ္ေဆာင္မႈမ်ိဳးက အမွန္ကိုတုိက္ရုိက္ရွင္းလင္းမႈမ်ိဳးပင္။ ရွန္ရိက်င္းက အခုသတင္းေတြအမ်ားၾကီးမွာပါလာျပီး သူ႔အားpublic figureတစ္ဝက္အေနျဖင့္သတ္မွတ္လို႔ရႏုိင္ကာ သူ႔ကိုယ္ေရးကုိယ္တာလံုျခံဳမႈကလည္း အမွန္ကိုအရင္ကထက္အမ်ားၾကီးေလ်ာ့နည္းသြားခဲ့သည္။

သူတုိ႔လူမႈဝန္းက်င္တာဝန္ကို ဘယ္ေလာက္ပဲတာဝန္ယူထားပါေစ၊ အမ်ိဳးမ်ိဳးေသာအေျခအေနေတြကုိ အထုိက္အေလ်ာက္သည္းခံႏုိင္ရမည္။ ေစာသည္ျဖစ္ေစ ေနာက္က်သည္ျဖစ္ေစ လူတုိင္းကသူတုိ႔လက္ထပ္တဲ့အေၾကာင္းသိသြားၾကမွာပင္။ ဒါကိုတုိက္ရိုက္ေၾကညာျပီး အစျပဳကာဝန္ခံဖုိ႔အခ်ိန္ေကာင္းရသြားတာနဲ႔တူ၏။

လက္ထပ္မွတ္ပံုတင္ဓာတ္ပံုထြက္ေပၚလာလာခ်င္းမွာပဲ မင္းအေပၚေအာက္ဆြဲၾကည့္လုိက္ရင္ ရလဒ္ကေတာ့ ေအာက္ကေကာမန္႔ေတြအားလံုးက *99ဆိုျပီး သူတုိ႔ကုိဆုေတာင္းေပးေနၾကတာခ်ည္းပင္။

[*စံုတြဲကို ရာသက္ပန္ေပါင္းဖက္ရပါေစလို႔ဆုေတာင္းေပးျခင္း]

“က်င္ရႊင္က ရိေဝ့ရဲ႕သုေတသနအၾကီးအကဲျဖစ္ေနတာပဲ! သူကထူးခၽြန္တဲ့သိပၸံပညာရွင္တစ္ေယာက္ပဲ!”

“ဝူးဝူးဝူး နည္းပညာကုမၸဏီရဲ႕အာဏာရွင္ၾကီးနဲ႔သိပၸံပညာရွင္ေလးတုိ႔ၾကားကအခ်စ္…ခ်စ္စရာေလး ခ်စ္စရာေလးပဲ”

“ငါတုိ႔ေက်ာင္းဖုိရမ္ကုိ အေျခအေနလာၾကည့္ျပီး စီနီယာယန္ကုိက်ိန္ဆဲသြားတဲ့လူအခ်ိဳ႕ရွိၾကတယ္။ စီနီယာနဲ႔ဥကၠ႒ရွန္ကုိ အသေရဖ်က္သြားတဲ့လူေတြ ေသခ်င္ေယာင္ေဆာင္မေနနဲ႔ မင္းတုိ႔မေတာင္းပန္ၾကဘူးလား?”

“ဒင္ဒင္ဒင္ ေတာင္းပန္ပါ! လူေတြက ငါတုိ႔ဥကၠ႒ယန္ကုိေမးခြန္းထုတ္ေနမွန္းငါေတြ႔ခဲ့တယ္ သူတို႔ေတြက ဥကၠ႒ရွန္နဲ႔ဥကၠ႒ယန္ၾကားဆက္ဆံေရးကုိပါ သံသယဝင္ေနေသးတယ္? နင္တုိ႔ေတြ ငါတို႔ရိေဝ့ကုိ အထင္ေသးေနတာလား!”

ေကာမန္႔ေတြထဲမွာ က်င္ရႊင္မေနႏုိင္ဘဲ ထုိဓာတ္ပံုေတြကိုတစ္ဖန္ၾကည့္လိုက္မိသည္။

လက္ထပ္မွတ္ပံုတင္ကုိ မိတၱဴပြားထားတာျဖစ္သည္။ ဓာတ္ပံုဆရာကဘယ္ေလာက္ေလးနက္မွန္း ျမင္ႏုိင္၏။ ေကာ္ပီႏွစ္ခုလံုးကုိရုိက္ထားရုံတင္မကဘဲ လက္ေရးကလည္း အလြန္ေသသပ္ရွင္းလင္းလွသည္။

နာမည္ေတြနဲ႔ႏွစ္ေယာက္သားရဲ႕ဓာတ္ပံုေတြမွလြဲ အေရးၾကီးအခ်က္အလက္အားလံုးကုိ ဝါးထားသည္။

ပုိျပီးေတာ့ေကာင္းေသးတာက သူတုိ႔လက္ထပ္မွတ္ပံုတင္ဓာတ္ပံုကို အလြန္အႏုပညာေျမာက္စြာရုိက္ယူထားတာပင္။

အၾကည့္တစ္ခ်က္နဲ႔တင္ ေတာက္ပတဲ့အနီေနာက္ခံျဖင့္ ႏွစ္ေယာက္သားဟာအနက္ေရာင္ဝတ္စံုေတြနဲ႔ ပခံုးခ်င္းယွဥ္လ်က္ပင္။ သူတုိ႔ေတြက တူညီတဲ့အျဖဴေရာင္ရွပ္ကုိဝတ္ထားၾကသည္။ တစ္ေယာက္က နီရဲတဲ့ႏႈတ္ခမ္း၊ျဖဴေဖြးတဲ့သြားတုိ႔ျဖင့္ ၾကည္လင္ေခ်ာေမာတဲ့လူငယ္ေလးျဖစ္ျပီး ေနာက္တစ္ေယာက္က *ဓားသ႑ာန္မ်က္ခံုး၊ ေသာက္ရွဴးၾကယ္ပမာမ်က္လံုးတုိ႔ျဖင့္ တည္ျငိမ္ခံ့ညားတဲ့သူတစ္ေယာက္ပင္။

[*ေျဖာင့္မတ္မႈနဲ႔သူရဲေကာင္းဆန္မႈတို႔ျပည့္ေနေသာအသြင္အျပင္ကိုေဖာ္ျပသည္]

က်င္ရႊင္ေတာင္မွ ဒါကုိျမင္ခ်ိန္ လႈပ္ခတ္သြားရ၏။ သူမေနႏုိင္ဘဲ သက္ျပင္းခ်လုိက္မိသည္၊ ဒါကအရမ္းေကာင္းတာပဲ

အရမ္းၾကည့္ေကာင္းတယ္!

“ဓာတ္ပံုေတြဘယ္သူရုိက္ထားတာလဲ ၾကည့္ရတာအရမ္းအႏုပညာဆန္တယ္ေနာ္ ဟုတ္တယ္မလား?” သူ႔ေဘးရွိရွန္ရိက်င္းအား သူေမးလုိက္သည္။

ရွန္ရိက်င္း သူ႔ဖုန္းမ်က္ႏွာျပင္ကုိၾကည့္ရန္ ေခါင္းလွည့္လာျပီး
“ကုိယ္ရုိက္ထားတာ”

က်င္ရႊင္ : “?”

ရိေဝ့ရဲ႕ရွင္းလင္းထုတ္ျပန္ခ်က္ကုိ မြန္းလြဲပုိင္းမွက်င္ရႊင္သတိျပဳမိခဲ့ေသာ္ျငား ဒီအေၾကာင္းကိုေတာ့ ေန႔လည္ကတည္းကသိထားျပီးျဖစ္ရာ ရွန္ရိက်င္းက သူ႔ထက္အမ်ားၾကီးပိုေစာသိတာျဖစ္ႏုိင္သည္။

ဒါဆိုဘာလုိ႔ဓာတ္ပံုေတြက မြန္းလြဲသံုးနာရီမွထြက္လာတာလဲ…?

က်င္ရႊင္ေတြးခဲ့မိတာက တစ္ခုခုေလးနက္တာျဖစ္သြားလို႔ ရွန္ရိက်င္းလက္ေထာက္ေတြအားလံုးက သူတုိ႔အိမ္သြားျပီး စာရြက္စာတမ္းေတြထုတ္ကာ ဓာတ္ပံုရိုက္ဖို႔အခ်ိန္မရွိခဲ့တာဟုပင္။

၎ကရွန္ရိက်င္းေျပာမလာခင္အထိပင္ “အဆင္ေျပပါတယ္၊ ဒါေပမဲ့ကုိယ္ဓာတ္ပံုတစ္ပံုပဲရုိက္ႏုိင္ခဲ့တယ္”

…?

က်င္ရႊင္ကပိုလို႔ေတာင္ပေဟဠိျဖစ္သြားရသည္။ ရွန္ရိက်င္းက လက္ထပ္မွတ္ပံုတင္ကို အိမ္ရွိမီးခံေသတၱာထဲ၌ထည့္ထားေၾကာင္းသူသိေပမဲ့ မစၥတာရွန္ရဲ႕စည္းမ်ဥ္းက အျမဲတမ္းသံသယဝင္စရာမလုိတဲ့လူေတြကို အလုပ္ခန္႔ရန္ျဖစ္သည္။ ရုံးရဲ႕လက္ေထာက္၊အတြင္းေရးမွဴးအားလံုးက ယံုၾကည္စိတ္ခ်ထိုက္တဲ့သူေတြျဖစ္ျပီး လ်ိဳ႕ဝွက္နံပါတ္ေပးကာ သူတုိ႔ကိုမီးခံေသတၱာဖြင့္ဖို႔ေျပာလုိက္ရင္အဆင္ေျပေနျပီကုိ…

ဒီေတာ့ဘယ္လို…

ရွန္ရိက်င္းက က်င္ရႊင့္ဖုန္းကိုယူကာ ဓာတ္ပံုကိုအၾကီးခ်ဲ႕ရန္ႏွိပ္လိုက္ျပီး သူ႔အေၾကာင္းျပခ်က္ကို အေလးအနက္ရွင္းျပလိုက္သည္ : “မင္းကလြဲျပီး ဒီလက္ထပ္မွတ္ပံုတင္ကို တတိယလူထိမွာကုိယ္မလုိခ်င္ဘူး”

“…”

က်င္ရႊင္ကသူ႔ပါးျပင္ကုိကုတ္ျခစ္လုိက္သည္။ ဘယ္အခ်ိန္မဆို စာရြက္စာတမ္းအားလံုးကုိ အသစ္ျပန္လုပ္လုိ႔ရျပီး အမ်ားျပည္သူကိစၥေရးရာဌာနက သူတုိ႔ကုိအခေၾကးေငြကင္းလြတ္ေပးထားမို႔ ပိုက္ဆံမကုန္ေပ။ အဲ့ေတာ့…အဲ့ေလာက္အဖိုးမတန္ဘူးေလ

သုိ႔ေသာ္ ရွန္ရိက်င္းက ဒီနည္းအတုိင္း ၎တုိ႔ကုိရႈျမင္ေတာ့လည္း…

ဒီတုိင္းပဲရွိပါေစေတာ့

☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎☼︎

//Unicode//

Extra 1.4: Later Story – တရားဝင်ကြေညာလိုက်သောနိုင်ငံ့CP

_________________

သိပ္ပံနဲ့နည်းပညာဌာနရဲ့ဖိုရမ်က တစ်ဖန်ထပ်မံပေါက်ကွဲသွားပြန်သည်။ အကြောင်းပြချက်ကတော့ တစ်ခါက နာမည်ကြီးခဲ့တဲ့ “ဒီနေ့ခေတ်ချောမောတဲ့ကောင်လေးတွေက အချင်းချင်းပဲ အတွင်းကျကျအစာချက်ကြတာလား?” ခေါင်းစဉ်ဖြင့်ပို့စ်ဟာ အမည်မသိစွာဘဲ တစ်ဖန်တွန်းတင်ခံလိုက်ရတာကြောင့်ပင်။

ဓာတ်ပုံနဲ့ခေါင်းစဉ်ကတင် မျက်စိဖမ်းစားဖို့လုံလောက်နေပြီဖြစ်တာကြောင့် လူများစွာက ပို့စ်ကိုနှိပ်ကာ ဓာတ်ပုံကိုအထင်ကြီးသဘောကျသွားကြတာကြောင့် ထပ်ပြီးတော့ ဆက်ကြည့်ကြသည်။

ဒီကြာညောင်းပြီဖြစ်တဲ့ပို့စ်အပေါ်မှာ လူတိုင်းကထင်မြင်ချက်အချို့ရှိကြသည်။

ပို့စ်က ရုတ်တရက်ကြီးပြန်တက်လာကိုမြင်တော့ ထင်မြင်ချက်အချို့ရှိနေဆဲလူတွေက မနေနိုင်ဘဲ ၎င်းကိုနှိပ်ကာတစ်ချက်ကြည့်မိကြ၏။

စစဦးဆုံး လူတိုင်းက ဒီပို့စ်ဟာဘာလို့homepageမှာ ထပ်ပေါ်လာရတာလဲဆိုတာအား စူးစမ်းချင်ရုံသာ။

သို့ပေမဲ့ ဓာတ်ပုံတွေကိုကြည့်ရင်း မကြာခင်မှာပဲသူတို့သဲလွန်စရှာတွေ့သွားသည်_

“ဟမ်? ဓာတ်ပုံထဲက အရပ်ရှည်ရှည်နဲ့တစ်ယောက်က မကြာသေးခင်ကသတင်းတွေထဲမှာပါလာတဲ့တစ်ယောက်နဲ့ ဆင်သလိုလိုပဲ…”

“ဘယ်တစ်ယောက်လဲ ငါဝှက်စာဖော်ရတဲ့စကားလုံးတွေကို မုန်းတယ် တန်းလန်းကြီးမပြောကြပါနဲ့လို့ အား!”

“…အပေါ်ကပြောထားတာကို နားထောင်ကြည့်ရင် တကယ်မှန်ပုံပဲ…ဒါပေမဲ့မဟုတ်ဘူး!! ဓာတ်ပုံထဲကလူက သာမန်ရှပ်နဲ့ဂျင်းဘောင်းဘီကိုဝတ်ထားတာလေ…ဒါက တကယ်ကြီးငါတို့မကြာခဏပြောနေတဲ့ဒယ်ဒီရှန်လား?”

“ စစတုန်းက ငါမယုံခဲ့ဘူး၊ ဒါပေမဲ့ဓာတ်ပုံတွေကို သေသေချာချာယှဉ်ကြည့်ပြီးနောက်မှာ ဒီလိုမျိုးဖြစ်နေတာငါတစ်ယောက်တည်းမဟုတ်မှန်း သိသာတာပဲ! ငါထင်တာတော့ အဓိကက ဆံပင်စတိုင်လ်အရမ်းကွဲနေလို့ထင်တယ်…အဓိကပို့စ်ကဓာတ်ပုံထဲမှာ သူ့ဆံပင်ကချထားတာလေ သတင်းတွေထဲကထက်စာရင် ပိုပြီးတော့ငယ်ရွယ်တဲ့ပုံပေါက်တယ်”

“ဒါက အသွင်အပြင်ကြောင့်လို့နင်ထင်နေတာလား? ပင်မပို့စ်ရဲ့ခိုးရိုက်ထားတဲ့ဓာတ်ပုံထဲမှာ မစ္စတာရှန်ရဲ့အမူအရာက သိသိသာသာကို အများကြီးပိုနူးညံ့ပြီး လေးနက်မှုတွေနည်းနေတာလေ”

“ ငါအပေါ်က မိတ်ဆွေကိုသဘောတူတယ်၊ မစ္စတာရှန်နဲ့ အမြဲတမ်းဘောင်တစ်ခုတည်းမှာရှိနေခဲ့တဲ့သူကို နင်တို့မမြင်ကြဘူးလား!!”

“!!!”

ကျောက်တုံးတစ်တုံးက ထောင်ချီတဲ့လှိုင်းတို့ကို မွှေနှောက်လိုက်လေပြီ။

အဆုံးမှာတော့ ဒီမတိုင်ခင်တုန်းက ရှန်ရိကျင်းနဲ့နှိုင်းယှဉ်လိုက်ရင် ဒီကျောင်းကကျောင်းသားတွေအတွက် ကျင်ရွှင့်လုပ်ဆောင်ချက်တွေက အများကြီးပိုကျော်ကြားလှသည်။

“ဒါဆို ဒီနေရာမှာပြဿနာပေါ်လာပြီ…ဓာတ်ပုံထဲက စီနီယာယန်နဲ့တူတူရှိနေတဲ့သူက အမှန်ပဲဒယ်ဒီရှန်ဆိုရင် …”

“ငါတို့ ရှော့ခ်ရစရာ လျှို့ဝှက်ချက်ကြီးရှာတွေ့တာမဟုတ်ဘူးလား??”

ကျောင်းဖိုရမ်က အရမ်းသက်ဝင်တက်ကြွလာသည်။

ဖိုရမ်တင်မကဘဲ သတင်းကလုံလောက်အောင်ကြီးတာမို့ အဓိကလူမှုကွန်ယက်ပလက်ဖောင်းတွေတောင်မှ ပို့စ်တစ်ခုချင်းစီရဲ့အကြောင်းအရာအားလုံးကိုလက်ခံကာ အချင်းချင်း အပြိုင်သတင်းဖြန့်ကြတော့သည်။

ညတွင်းချင်းမှာပဲ အသစ်စက်စက်စာရင်းဝင်သွားတဲ့ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သူရှန်ရိကျင်းတွင် ကောလိပ်၌ချစ်သူကောင်ငယ်လေးတစ်ယောက်ရှိတယ်ဆိုတဲ့သတင်းက တောမီးလိုပျံ့နှံ့သွားပြီး hot topicတစ်ခုဖြစ်လာသည်။

နှစ်ဖက်လုံးရဲ့သရုပ်မှန်တွေက သိထားကြပြီးဖြစ်ကာ ကျင်ရွှင်နဲ့ရှန်ရိကျင်းက အင်တာနက်ပေါ်တွင် CPခေါင်းစဉ်အား လုံးလုံးလျားလျားရရှိသွားတော့သည်။

ပထမတုန်းက သူတို့တွေ ကျောင်းဝင်းအတွင်းမှာ ဓာတ်ပုံခိုးရိုက်ပြီး အင်တာနက်ပေါ်မှာတင်လိုက်ချိန်တွင် သူတို့နှစ်ယောက်က သူတို့ရဲ့မျက်နှာတန်ဖိုးတစ်ခုတည်းနဲ့တင် ပွဲဦးထွက်လုနီးနီးပဲ။ ရှန်ရိကျင်းရဲ့ကျော်ကြားမှုအရှိန်နှင့်အတူ ကျင်ရွှင်နဲ့သူတို့CPက အပြည့်အဝကို hot searchရဲ့ထိပ်ဆုံးရောက်သွားပြီး အင်တာနက်ပေါ်၌ ဆွေးနွေးမှုခေါင်းစဉ်ဖြစ်လာခဲ့သည်။

လိင်တူလက်ထပ်ခြင်းဟာ တရားဝင်တဲ့ယနေ့ခေတ်ကမ္ဘာမှာ ကွာစေ့စားသူအများစုက “တကယ်လို့အမှန်သာဆိုရင် သူတို့ကိုကောင်းချီးပေးရအောင်”ဆိုတဲ့ သဘောထားခေါင်းစဉ်အောက်တွင် ပါဝင်ခဲ့ကြသည်။

သို့ရာတွင် ဒီသတင်းတွေကိုလက်မခံနိုင်တဲ့ လူအနည်းစုလည်းရှိသေး၏။

သူတို့က ရှန်ရိကျင်းဘေးမှာရှိနေတဲ့ကျင်ရွှင့်အကြောင်း စပ်စုချင်ကြသည်။

သူတို့က ကျင်ရွှင့်ရဲ့သရုပ်မှန်နဲ့ သူတို့ကြားဆက်ဆံရေးအစစ်အမှန်ကို ရိုးရှင်းစွာပင်မေးခွန်းထုတ်ကြတော့သည်။

အဆုံးမှာတော့ သူတို့ဓာတ်ပုံတွေက ဘယ်လောက်လှပပြီးသဟဇာတဖြစ်နေပါစေ အမှန်တရားက “နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်က ကောလိပ်ကျောင်းသားတစ်ယောက်ကို မွေးစားထားတယ်”ဆိုတာပဲလေ။ ဓာတ်ပုံတွေလှသလောက် ဒါကတော့ကြားလို့မကောင်းပေ။

[ဒါဒါ -တကယ်မွေးစားတာကိုပြောတာမဟုတ်ဘူးနော်၊ စပွန်ဆာသဘောမျိုးပေးကမ်းထားတာကို ပြောချင်တာ]

ထို့ကြောင့် ရှန်ရိကျင်းရဲ့စရိုက်နဲ့ဂုဏ်သိက္ခာကိုလည်း မေးခွန်းထုတ်လာကြသည်။

အချစ်က ကိုယ်ရေးကိုယ်တာကိစ္စဆိုသော်ငြား ဘယ်လိုပဲဖြစ်နေပါစေ ရှန်ရိကျင်းက Dragonမြို့တော်ရဲ့စာရင်းဝင်ကုမ္ပဏီတစ်ခု၏ဥက္ကဋ္ဌဖြစ်ပြီး ရှန်အုပ်စုရဲ့ဒါရိုက်တာနဲ့ဥက္ကဋ္ဌလည်းဖြစ်သည်။ အခုအင်တာနက်ပေါ်မှာ အမျိုးမျိုးသောထင်ကြေးတွေပေးနေကြပြီး အများကြီးအုတ်အုတ်ကျက်ကျက်ဖြစ်နေလျက်ပင်။ ကုမ္ပဏီနှစ်ခုရဲ့ရှယ်ယာရှင်တွေက အလုပ်အမှုဆောင်ဒါရိုက်တာရဲ့ယုံကြည်စိတ်ချရမှုကို စတင်မေးခွန်းထုတ်လာကြပြီ။

အလွန်အမင်းကိုတာဝန်ကျေတဲ့ကွာစေ့ကိုက်သူတွေကတော့ ကျင်ရွှင့်သရုပ်မှန်ကို အပြည့်အဝနားမလည်မချင်း သူတို့ပါးစပ်တွေကိုဖွင့်လိမ့်မှာမဟုတ်တာကြောင့် တိတ်ဆိတ်စွာပဲရှိနေကြ၏။ သူတို့က ဆိုးဝါးလှတဲ့အင်တာနက်trollတွေကို ဆဲရေးရန် အကောင်းမြင်ဆက်သားတွေအနေဖြင့်တောင် ပြုမူနေကြသည်။

သို့ရာတွင် အများစုက အပျော်ရှာရုံသာဖြစ်ပြီး ကိစ္စကြီးလို့မတွေးထားကြ။

မှားယွင်းတဲ့ဝါဒဖြန့်မကောင်းတဲ့မီဒီယာပလက်ဖောင်းတွေနဲ့ ဒီအခွင့်အရေးကိုယူကာ ရိဝေ့ကိုနင်းခြေဖယ်ရှားချင်တဲ့ပြိုင်ဘက်ဖြစ်သူတွေအပြင် hot searchရောက်ပြီး နာရီဝက်အကြာ အများပြည်သူတစ်ရပ်လုံးပွက်ပွက်ညံနေလေပြီ။

သို့ပေမဲ့ နာရီအနည်းငယ်လောက်အကြာမှာပဲ ရေစီးကြောင်းက တစ်ခါပြီးတစ်ခါပြောင်းလဲသွားကာ ယခင်ကောင်းချီးပေးတဲ့အသံတွေကို သံသယအသံတို့ကလုံးဝဖုံးလွှမ်းသွားတော့၏။ ကျင်ရွှင်နဲ့ရှန်ရိကျင်းက မုန်တိုင်းရဲ့ဓားသွားအလယ်ကို တွန်းပို့ခံထားရပြီးပြီ။

သို့တစေ ထိုသို့ဆိုရင်တောင် သူတို့နှစ်ယောက်က ကိစ္စတွေအား လုံးဝစိတ်ထဲထည့်မထားပေ။

ကျင်ရွှင့်သုတေသနက အဆုံးသတ်ရောက်ခါနီးနေပြီမို့ သူကအရမ်းအလုပ်ရှုပ်နေတာ ဘယ်လိုလုပ်အွန်လိုင်းမှတ်ချက်တွေကို ဖတ်နိုင်မှာတုန်း?

သူ့ကိုဒီကိစ္စအကြောင်းလာပြောရင်တောင်မှ သူစိတ်အနှောင့်အယှက်ဖြစ်ခံမှာမဟုတ်ပေ၊ ဘာလို့လဲဆိုတော့ ရှဲန်းရှန်က ၎င်းကိုအလွယ်တကူကိုင်တွယ်နိုင်မှန်း သူသိနေလို့ပဲ။

ကျင်ရွှင်ပြောခဲ့သလိုပါပဲ။ ရှန်ရိကျင်းက ဒီကိစ္စကိုအလွယ်တကူဖြေရှင်းနိုင်သည်။ သူ့အတွက်တော့ ရင်းနှီးမြုပ်နှံသူတွေ မေးခွန်းထုတ်သည်ဖြစ်စေ၊ ပြိုင်ဘက်တွေက နင်းခြေသွားပြီး netizenတွေက လက်လွတ်စပယ်သူ့ကိုထင်မြင်ချက်ပေးသည်ဖြစ်စေ အရေးမပါလှ။

သူသည်းမခံနိုင်တဲ့တစ်ခုတည်းသောအရာက သူနဲ့ရှောင်ရွှင်ရဲ့ဆက်ဆံရေးအကြောင်း လူတွေမေးခွန်းထုတ်နေကြတာကိုပဲ။

သူတို့ဆက်ဆံရေးက စစ်မှန်ရဲ့လားဆိုတာကို မေးခွန်းထုတ်တယ်ပေါ့?

ဒါကကိုင်တွယ်ရလွယ်ပါတယ်။

သူနဲ့ရှောင်ရွှင်ကြားက လက်ထပ်မှတ်ပုံတင်ကို အွန်လိုင်းမှာတင်လိုက်သရွေ့ ဒါကရှင်းလင်းသွားလိမ့်မယ်။

ဘာလို့သတင်းတွေထွက်ပြီး နာရီအနည်းငယ်ကြာမှ ရှင်းလင်းချက်ထွက်လာတာလဲဆိုတာကတော့..

ယနေ့ဥက္ကဋ္ဌရှန်က အရမ်းကိုအလုပ်များနေလို့ပဲ။

အစည်းအဝေးတွေရော ကိုင်တွယ်စရာတရားဝင်စီးပွားရေးလုပ်ငန်းတွေရောရှိနေသည်။

ရှန်ရိကျင်းက နောက်ဆုံးမှာတော့ အိမ်ကိုကားမောင်းပြန်သွားရန်အချိန်တချို့ယူကာ သူနဲ့ကျင်ရွှင်ရဲ့လက်ထပ်မှတ်ပုံတင်ကို မီးခံသေတ္တာထဲကနေ ထုတ်ယူလိုက်သည်။

သူဓာတ်ပုံတစ်ပုံရိုက်လိုက်ပြီး သူ့လက်ထောက်ဆီပို့လိုက်၏။ ကျန်တာကတော့ သူ့အမိန့်မလိုတော့ပေ။

ရှန်ရိကျင်းက လက်ထပ်မှတ်ပုံတင်ကို နေရာတကျပြန်ထားလိုက်ပြီး ကိစ္စရပ်တွေအား ကိုင်တွယ်ရန် ကုမ္ပဏီသို့ပြန်လာလိုက်သည်။

ညနေခင်း ကျင်ရွှင်အလုပ်ပြီးပြီး နောက်ဆုံးတော့ အွန်လိုင်းပေါ်မှာဖြစ်ပျက်နေတာတွေကို ကြည့်ဖို့အချိန်ရသွားချိန် ပြီးခဲ့တဲ့ဆိုးယုတ်သောလေထုအခြေအနေကြီးက လုံးဝပျောက်ကွယ်သွားလေပြီ။ သူ ရှဲန်းရှန်ရဲ့နာမည်နဲ့ hot searchပေါ်နှိပ်လိုက်ချိန် ပထမဆုံးမြင်လိုက်ရတဲ့အရာကတော့ ရိဝေ့ရဲ့တရားဝင်blogက ထုတ်ပြန်ထားတဲ့ လက်ထပ်မှတ်ပုံတင်ပင်။

၎င်းနှင့်အတူ စာအရှည်ကြီးတွဲပါကာ လူတိုင်းအား ရိဝေ့ကိုအာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့စတင်ထားပြီး နောက်ပိုင်းတွင် တရားဝင်စကားလုံးအချို့ရယ်၊ ကျင်ရွှင့်ရဲ့သရုပ်မှန်အကြောင်းအတိုချုပ်ဖော်ပြချက်တစ်ခုရယ်၊ သူ့လက်ရှိရာထူးနဲ့ ရှန်ရိကျင်းနဲ့သူ့ဆက်ဆံရေးတို့ပါဝင်သည်။

စာကရှည်သော်ငြား စကားလုံးတွေက လိုရှင်းတိုရှင်းနဲ့ရိုးရှင်းကာထိရှလှသည်။

ဒီလိုလုပ်ဆောင်မှုမျိုးက အမှန်ကိုတိုက်ရိုက်ရှင်းလင်းမှုမျိုးပင်။ ရှန်ရိကျင်းက အခုသတင်းတွေအများကြီးမှာပါလာပြီး သူ့အားpublic figureတစ်ဝက်အနေဖြင့်သတ်မှတ်လို့ရနိုင်ကာ သူ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကလည်း အမှန်ကိုအရင်ကထက်အများကြီးလျော့နည်းသွားခဲ့သည်။

သူတို့လူမှုဝန်းကျင်တာဝန်ကို ဘယ်လောက်ပဲတာဝန်ယူထားပါစေ၊ အမျိုးမျိုးသောအခြေအနေတွေကို အထိုက်အလျောက်သည်းခံနိုင်ရမည်။ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ လူတိုင်းကသူတို့လက်ထပ်တဲ့အကြောင်းသိသွားကြမှာပင်။ ဒါကိုတိုက်ရိုက်ကြေညာပြီး အစပြုကာဝန်ခံဖို့အချိန်ကောင်းရသွားတာနဲ့တူ၏။

လက်ထပ်မှတ်ပုံတင်ဓာတ်ပုံထွက်ပေါ်လာလာချင်းမှာပဲ မင်းအပေါ်အောက်ဆွဲကြည့်လိုက်ရင် ရလဒ်ကတော့ အောက်ကကောမန့်တွေအားလုံးက *99ဆိုပြီး သူတို့ကိုဆုတောင်းပေးနေကြတာချည်းပင်။

[*စုံတွဲကို ရာသက်ပန်ပေါင်းဖက်ရပါစေလို့ဆုတောင်းပေးခြင်း]

“ကျင်ရွှင်က ရိဝေ့ရဲ့သုတေသနအကြီးအကဲဖြစ်နေတာပဲ! သူကထူးချွန်တဲ့သိပ္ပံပညာရှင်တစ်ယောက်ပဲ!”

“ဝူးဝူးဝူး နည်းပညာကုမ္ပဏီရဲ့အာဏာရှင်ကြီးနဲ့သိပ္ပံပညာရှင်လေးတို့ကြားကအချစ်…ချစ်စရာလေး ချစ်စရာလေးပဲ”

“ငါတို့ကျောင်းဖိုရမ်ကို အခြေအနေလာကြည့်ပြီး စီနီယာယန်ကိုကျိန်ဆဲသွားတဲ့လူအချို့ရှိကြတယ်။ စီနီယာနဲ့ဥက္ကဋ္ဌရှန်ကို အသရေဖျက်သွားတဲ့လူတွေ သေချင်ယောင်ဆောင်မနေနဲ့ မင်းတို့မတောင်းပန်ကြဘူးလား?”

“ဒင်ဒင်ဒင် တောင်းပန်ပါ! လူတွေက ငါတို့ဥက္ကဋ္ဌယန်ကိုမေးခွန်းထုတ်နေမှန်းငါတွေ့ခဲ့တယ် သူတို့တွေက ဥက္ကဋ္ဌရှန်နဲ့ဥက္ကဋ္ဌယန်ကြားဆက်ဆံရေးကိုပါ သံသယဝင်နေသေးတယ်? နင်တို့တွေ ငါတို့ရိဝေ့ကို အထင်သေးနေတာလား!”

ကောမန့်တွေထဲမှာ ကျင်ရွှင်မနေနိုင်ဘဲ ထိုဓာတ်ပုံတွေကိုတစ်ဖန်ကြည့်လိုက်မိသည်။

လက်ထပ်မှတ်ပုံတင်ကို မိတ္တူပွားထားတာဖြစ်သည်။ ဓာတ်ပုံဆရာကဘယ်လောက်လေးနက်မှန်း မြင်နိုင်၏။ ကော်ပီနှစ်ခုလုံးကိုရိုက်ထားရုံတင်မကဘဲ လက်ရေးကလည်း အလွန်သေသပ်ရှင်းလင်းလှသည်။

နာမည်တွေနဲ့နှစ်ယောက်သားရဲ့ဓာတ်ပုံတွေမှလွဲ အရေးကြီးအချက်အလက်အားလုံးကို ဝါးထားသည်။

ပိုပြီးတော့ကောင်းသေးတာက သူတို့လက်ထပ်မှတ်ပုံတင်ဓာတ်ပုံကို အလွန်အနုပညာမြောက်စွာရိုက်ယူထားတာပင်။

အကြည့်တစ်ချက်နဲ့တင် တောက်ပတဲ့အနီနောက်ခံဖြင့် နှစ်ယောက်သားဟာအနက်ရောင်ဝတ်စုံတွေနဲ့ ပခုံးချင်းယှဉ်လျက်ပင်။ သူတို့တွေက တူညီတဲ့အဖြူရောင်ရှပ်ကိုဝတ်ထားကြသည်။ တစ်ယောက်က နီရဲတဲ့နှုတ်ခမ်း၊ဖြူဖွေးတဲ့သွားတို့ဖြင့် ကြည်လင်ချောမောတဲ့လူငယ်လေးဖြစ်ပြီး နောက်တစ်ယောက်က *ဓားသဏ္ဍာန်မျက်ခုံး၊ သောက်ရှူးကြယ်ပမာမျက်လုံးတို့ဖြင့် တည်ငြိမ်ခံ့ညားတဲ့သူတစ်ယောက်ပင်။

[*ဖြောင့်မတ်မှုနဲ့သူရဲကောင်းဆန်မှုတို့ပြည့်နေသောအသွင်အပြင်ကိုဖော်ပြသည်]

ကျင်ရွှင်တောင်မှ ဒါကိုမြင်ချိန် လှုပ်ခတ်သွားရ၏။ သူမနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်၊ ဒါကအရမ်းကောင်းတာပဲ

အရမ်းကြည့်ကောင်းတယ်!

“ဓာတ်ပုံတွေဘယ်သူရိုက်ထားတာလဲ ကြည့်ရတာအရမ်းအနုပညာဆန်တယ်နော် ဟုတ်တယ်မလား?” သူ့ဘေးရှိရှန်ရိကျင်းအား သူမေးလိုက်သည်။

ရှန်ရိကျင်း သူ့ဖုန်းမျက်နှာပြင်ကိုကြည့်ရန် ခေါင်းလှည့်လာပြီး
“ကိုယ်ရိုက်ထားတာ”

ကျင်ရွှင် : “?”

ရိဝေ့ရဲ့ရှင်းလင်းထုတ်ပြန်ချက်ကို မွန်းလွဲပိုင်းမှကျင်ရွှင်သတိပြုမိခဲ့သော်ငြား ဒီအကြောင်းကိုတော့ နေ့လည်ကတည်းကသိထားပြီးဖြစ်ရာ ရှန်ရိကျင်းက သူ့ထက်အများကြီးပိုစောသိတာဖြစ်နိုင်သည်။

ဒါဆိုဘာလို့ဓာတ်ပုံတွေက မွန်းလွဲသုံးနာရီမှထွက်လာတာလဲ…?

ကျင်ရွှင်တွေးခဲ့မိတာက တစ်ခုခုလေးနက်တာဖြစ်သွားလို့ ရှန်ရိကျင်းလက်ထောက်တွေအားလုံးက သူတို့အိမ်သွားပြီး စာရွက်စာတမ်းတွေထုတ်ကာ ဓာတ်ပုံရိုက်ဖို့အချိန်မရှိခဲ့တာဟုပင်။

၎င်းကရှန်ရိကျင်းပြောမလာခင်အထိပင် “အဆင်ပြေပါတယ်၊ ဒါပေမဲ့ကိုယ်ဓာတ်ပုံတစ်ပုံပဲရိုက်နိုင်ခဲ့တယ်”

…?

ကျင်ရွှင်ကပိုလို့တောင်ပဟေဠိဖြစ်သွားရသည်။ ရှန်ရိကျင်းက လက်ထပ်မှတ်ပုံတင်ကို အိမ်ရှိမီးခံသေတ္တာထဲ၌ထည့်ထားကြောင်းသူသိပေမဲ့ မစ္စတာရှန်ရဲ့စည်းမျဉ်းက အမြဲတမ်းသံသယဝင်စရာမလိုတဲ့လူတွေကို အလုပ်ခန့်ရန်ဖြစ်သည်။ ရုံးရဲ့လက်ထောက်၊အတွင်းရေးမှူးအားလုံးက ယုံကြည်စိတ်ချထိုက်တဲ့သူတွေဖြစ်ပြီး လျို့ဝှက်နံပါတ်ပေးကာ သူတို့ကိုမီးခံသေတ္တာဖွင့်ဖို့ပြောလိုက်ရင်အဆင်ပြေနေပြီကို…

ဒီတော့ဘယ်လို…

ရှန်ရိကျင်းက ကျင်ရွှင့်ဖုန်းကိုယူကာ ဓာတ်ပုံကိုအကြီးချဲ့ရန်နှိပ်လိုက်ပြီး သူ့အကြောင်းပြချက်ကို အလေးအနက်ရှင်းပြလိုက်သည် : “မင်းကလွဲပြီး ဒီလက်ထပ်မှတ်ပုံတင်ကို တတိယလူထိမှာကိုယ်မလိုချင်ဘူး”

“…”

ကျင်ရွှင်ကသူ့ပါးပြင်ကိုကုတ်ခြစ်လိုက်သည်။ ဘယ်အချိန်မဆို စာရွက်စာတမ်းအားလုံးကို အသစ်ပြန်လုပ်လို့ရပြီး အများပြည်သူကိစ္စရေးရာဌာနက သူတို့ကိုအခကြေးငွေကင်းလွတ်ပေးထားမို့ ပိုက်ဆံမကုန်ပေ။ အဲ့တော့…အဲ့လောက်အဖိုးမတန်ဘူးလေ

သို့သော် ရှန်ရိကျင်းက ဒီနည်းအတိုင်း ၎င်းတို့ကိုရှုမြင်တော့လည်း…

ဒီတိုင်းပဲရှိပါစေတော့

Продолжить чтение

Вам также понравится

လွမ်းပျက်ပြယ် ReRe

Любовные романы

590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1M 86.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
Lovey Dovey 𝙼𝙰𝚁𝙸𝙳𝙰

Любовные романы

1.4M 176K 150
BL
28.3K 4K 10
Associated Name : Four forty-eight (凌晨四點四十八) Original Authors : Qin Mobei, 秦墨北 Total Chapters : 8 chapters (Completed) {I respectfully give credit to...