东宫 Eastern Palace: Chapter 20
ဝမ်သညန်က လက်ခုပ်လက်ဝါးတီးရင်း မျက်နှာပေါ်မှာ အပြုံးပန်းတွေဝေနေေတာ့တာပဲပေါ့ ။
" ဒါ အရမ်းကောင်းတာပဲ !!အရမ်းကို ကောင်းမွန်တဲ့လက်ရာပါပဲ ရှင်။ ကျွန်မက အစတုန်းက တံခါးပေါ် အကမယ်တွေ ကပြနေတဲ့ ပန်းချီဆွဲဖို့အတွက် အနောက်အရပ်က ဆရာ အန်းကို ငွေစအမြောက်အမြားသုံးပြီး ခေါ်ယူမလို့ပဲ။ ဒီပန်းချီကတော့ အခု ဆရာ အန်းရဲ့ ပန်းချီထက်တောင်ပိုကောင်းနေပါပြီ !!!"
အင်းပေါ့ ။ အိမ်ရှေ့စံမင်းသားက နာမည်ကျော်ဆရာတွေဆီက နေ ကလေးဘဝကတည်း သင်ယူလာခဲ့တာလေ ။ အနုပညာလေးမျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီး ။ ပြီးပြည့်စုံနေအောင် မလုပ်နိုင်တာ တစ်ခုတစ်လေ တောင်မှ မရှိသလိုပဲ ။ သာမန် ပန်းချီကားတွေထက် သာလွန်အောင် ဆွဲနိုင်တာက ဖြစ်သင့်တာပဲပေါ့။
လီချန်းရင်ကလည်း တစ်ခဏတော့ သူ့လက်ရာ ပန်းချီကားကို ရှုစားရင်း သူ့ကိုယ်သူဂုဏ်ယူနေလေရဲ့ ။ နောက်ထပ် မျက်ခုံးမွှေးဆိုးဆေးကို ကောက်ယူလိုက်ပြီး စကားလုံးသုံးလုံးကို ချရေးလိုက်တယ် ။
"မှင် စွန်းသော တံခါး "
ဒီစကားလုံးသုံးလုံးက တရုတ်လက်ရေးလှ စာလုံး ကို ခပ်ထူထူ နဲ့လက်ရေးဆက် ရေးထားတာပဲ ။ သာမန်ထက် ထူးခြားတယ်လို့ ငါခံစားရတယ် ။
လီချန်းရင်က သူ့ပန်းချီးကား ကို ပြီးပြည့်စုံတယ်လို့ မခံစားရဘူးလားပဲ ။ ပန်းချီကားအောက်နား လောက်မှာ စာလုံးအသေးလေးတွေ ထပ်ပြီး ရေးပြန်ပြီ ။
" မြို့တော်လီဝူလျန် "
ရေးပြီးတဲ့နောက် မျက်ခံးမွှေးဆိုးဆေး ဘူးကို ပစ်ပေးလာရင်းနဲ့ ပြောလိုက်တာက " ငါ့လက်ဆေးဖို့ ရေယူလာပေးအုန်း !"
ဝမ်သညန်က သူမရဲ့ မျက်လုံးအစုံက ပါ ပြုံးနေခဲ့ရင်းနဲ့ သူလက်ဆေးဖို့ ရေယူလာပေးတယ် ။
ငါနည်းနည်းတော့ ဂုဏ်ယူမိသလိုလို ။ ငါ့ခမည်ူတော်က အလယ်ပိုင်းဒေသကို ထိမ်းမြားဖို့ မစေလွှတ်စေချင်ခဲ့ပေမဲ့လည်း ၊ သူ့ရဲ့ ဆိုးရွားတဲ့မြင်းစီးစွမ်းရည်နဲ့ သိုင်းပညာစွမ်းရည်ကလွဲရင် ငါ့ယောကျာ်းက အတော်လေး အစွမ်းအစရှ်ိသားပဲ !
ငါတို့လက်တွေကို ဆေးလို့ပြီးသွားကြတော့ ၊ ဝမ်သညန်က သူ့လူတွေကို ငါတို့စားဖို့ မုန့်အချိုအချို့ ပြုလုပ်စေလိုက်တယ် ။ ရုတ်တရက် သူမက သံသယ ဝင်လာတဲ့ အကြည့်တွေနဲ့ လီချန်းရင်ကို ခေါင်းအစ ခြေအဆုံး အပြန်ပြန်အလှန်လှန်ကြည့်လာပါလေရော ။ ငါလည်းသူမ တစ်ခုခု မူမမှန်တာကို သတိထားမိသွားမှာ ကြောက်တာနဲ့ သူ့ကို တစ်ခုခု လှမ်းပြောလို့ လုပ်နေတုန်းမှာပဲ ရုတ်ချည်းဆိုသလို မင်ယွီဖန်အနောက်ဘက်ကနေ "စူး" ကနဲ့ အသံတခုကြားလိုက်ရတယ် ။မထင်ထားမိဘူး ကောင်းကင်ကို ပစ်ဖောက်လိုက်တဲ့ မီးရှူးမီးပန်းတွေ ဖြစ်နေလိမ့်မယ်လို့ ။ ဒီမီးရှုးမီးပန်းတွေက တခြားမီးရှုးမီးပန်းတွေနဲ့ မတူဘူး ၊ ပိုပြီးမြင့်တဲ့ နေရာမှာ ပေါက်ကွဲကြ ပြီး လေထုထဲကိုပဲ သေသေသပ်သပ် တန်းတန်းမတ်မတ် သွားကြတာမျိုး ။
ငွေရောင်ခြယ်တဲ့ မီးပန်းများ က အမဲရောင်မိုးကောင်းကင် ထဲသို့ တွန်းထိုးဝင်ရောက်လာကြသည့်နှယ် ။ လူတို့၏ စိတ် အာရုံများကိုလည်း ဖမ်းစားလျှက် လေချွန်သံများ ဖြင့်ဆူညံသွားစေသည် ။
မီးရှူးမီးပန်းများကား ဆက်ပြီး ပေါက်ကွဲနေကြဆဲ ။ ရွေအိုရောင် အလင်းတန်း အမြောက်အများ က လည်း ပေါက်ကွဲလာကြရင်း အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံသွားကြ၏ ။ ရွေရောင် အမှုန်များ တစ်ပိုင်းစစီ ပေါက်ကွဲကြရင်းဖြင့် အနက်ရောင် ကတ္တီပါ ခင်းထားသလို ညရှုခင်းအား ဖန်တီးလိုက်သကဲ့သို့ပင် ။
ညရဲ့ ကောင်းကင် တစ်ဝက် ကို အပြာနု ရောင်ခပ်ဖျော့ဖျော့ ထင်ဟပ် နေစဉ် .......
လီချန်းရင်ရဲ့ မျက်နှာအမူယာ ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး မင်ယွီဖန် အနောက်ဘက်ကို တန်းတန်းမတ်မတ် ပြေးသွားတော့တယ် ။ ငါ့မှာ သူ့ကို မေးမြန်းနေဖို့ အချိန်တောင်မရလိုက်ပဲ သူ့နောက်သာ လိုက်သွားလိုက်တယ်။
သူခြေလှမ်းတွေကို ခပ်မြန်မြန်လှမ်းနေတာကြောင့် ငါသူ့နောက်ကို တကယ်ကို လိုက်မမှီနိုင်ဘူး ။ အပေါ်ဘက် လျှောက်လမ်းမကို ငါတို့ရောက်သွားတဲ့အခါ တစ်စုံတစ်ခုက မူမမှန်ဖြစ်နေတာကို ငါသတိထားမိလိုက်ပြီ ။
အနောက်ဘက်ခြံဝင်းက ကြောက်စရာကောင်းလောက်အောင်ကို တိတ်ဆိတ်နေတာပဲ ။
တစ်ကိုယ်လုံးအနက်ရောင် ဝတ်စုံဝတ်ဆင်ထားတဲ့လူတစ်ယောက်က လျှောက်လမ်းမပေါ်မှာ ဒူးထောက်နေခဲ့တယ် ။ သူ့ရဲ့ ကိုယ်ခန္ဓာက သွေးေတွက လည်း တစိမ့်စိမ့် ထွက်နေခဲ့သေးတယ် ။ ဘာလို့ ဒီနေရာမှာ လူသေတစ်ယောက်ရှိနေပါလိမ့် ?
ငါအများကြီးစဉ်းစားနေဖို့ အချိန်မရှိဘူး ။"အားတု " လို့ ငါအော်ချလိုက်တယ် ။ ငါသုံးခါတိတိ အော်ခေါ်ပေမဲ့လည်းအားတုဆီက တုံ့ပြန်လာသံမကြားရဘူး ။ ၊ ပုံမှန်ဆို ငါ တစ်ခါအော်လိုက်တာနဲ့ အားတု က တန်းပြီး ပေါ်လာလိမ့်မယ် ။အားတု ပါ တစ်ခုခု ဖြစ်နေလို့များလား ။ငါ့ရင်ဘတ်ထဲက နှလုံးခုန်တာတောင်မှ ဗရမ်းဗတာ ဖြစ်နေရပြီ ။
လီချန်းကတော့ အခန်းတံခါးကို ခြေနဲ့ ဆောင့်ကန်ပြီး ဖွင့်ချလိုက်တယ် ။ငါတို့ အခန်းထဲက ထွက်လာကြတာ လက်ဖက်ရည် နှစ်ခွက်ဖျော်စာ အချိန်ခဏလေးပဲ ရှိသေးတာလေ ။ နဂိုက ဒီအခန်းက အမွှေးနံ့သာ နံ့တွေ သင်းပျံ့နေခဲ့ပေမဲ့ အခု သွေးနံ့တွေချည်း လှိုင်နေခဲ့ပြီ ။ အမဲရောင်ဝတ်ထားတဲ့ လူသေအလောင်းတွေက ကြမ်းပြင်ပေါ် မှာ လှဲလျောင်းနေကြတယ် ။
လီချန်းရင်က အလောတကြီးနဲ့ ကန့်လန့်ကာ ကို ကန်ချလိုက်တော့ ၊ ကန့်လန့်ကာ အနောက်ဘက်က ကာထားတဲ့လိုက်ကာက တစ်စစီ ဖြစ်နေခဲ့တယ် ။ အဲ့တာက ဒီနေရာမှာ တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့ သက်သေပဲ ။
ဆိုဖာ တွေက လည်း မှောက်ခုံဖြစ်နေပြီး ဘေးနားက လက်တင်ခုံ ပေါ်မှာ တော့ ဓားခုတ်ရာ တစ်ချက်နှစ်ချက်တွေ့ရတယ် ။ သွေးစက်တွေက နေရာအနှံ့ ပြန့်ကျဲလို့ ။ လူသေအေလာင်းေတွကလည်း မနည်းမနောပဲ ။
ဝင်သက်ထွက်သက် ဟောဟဲလိုက် နေတဲ့ အမဲရောင်ဝတ်စုံ နဲ့လူတစ်ယောက်ကိုတွေ့တော့ လီချန်းရင်က သူ့ကို ထူပေးလိုက်တယ် ။
သူ့မျက်နှာတစ်ခုလုံးအနှံ့ သွေးတွေ ပေကျံ နေရင်းနဲ့ မျက်စိသူငယ်အိမ်တွေပါ ပြူးကျယ်လို့နေတယ်။ သူ့လည်ပင်း ညှပ်ရိုးကို မြင်နေရပြီး လက်မောင်းကတော့ တစ်ဝက်တိတိ ပြတ်နေခဲ့တာပဲ ။ အသက်ရှင်နေတယ် ဆိုတာက တင် အတော်လေး အံ့ဩဖို့ ကောင်းနေပြီ ။
လီချန်းရင် ရဲ့ စကားပြောလိုက်တဲ့ အသံက တင်းမာခက်ထန် နေခဲ့တယ် ။
" ဧကရာဇ် က ဘယ်မှာလဲ ?"
ဒီလူက ညာဘက်လက် တစ်ဖက်မရှိတော့တာကြောင့် သူ့ ရဲ့ ဘယ်ဘက်လက်ကို ပဲအသုံးပြုပြီး လီချန်းရင်ရဲ့ ဝတ်ရုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရင်း ၊ ဝင်သက်တစ်ခုကို ခက်ခက်ခဲခဲ ရှူသွင်းနေရတဲ့ ကြားထဲကနေ
"ဧကရာဇ်.....ဧကရာဇ်က ........."
"ဘယ်သူ့ လက်ချက်လဲ ?"
"မျက်နှာဖုံး.... မျက်နှာဖုံးနဲ့လုပ်ကြံသူ ....သူ့ရဲ့ သိုင်းပညာက တစ်ဖက်ကမ်းခပ်ပဲ ......ကျွန်တော်မျိုး .....ပြန်လည်မခုခံနိုင်ခဲ့ဘူး ။....."
သူရဲ့ ကျန်ရှိသမျှ ခွန်အား အလုံးစုံကို အသုံးပြုလိုက်ပြီး ပွင့်နေတဲ့ ပြတင်းပေါက် တစ်ချပ်ကို ညွန်ပြလိုက်တယ် ။ အဲ့ဒီနောက် သူ့ရဲ့ မျက်နှာပေါ်က အမူအရာ တွေတစ်ဖြည်းဖြည်းနဲ့ ဆောက်တည်ရာမရဖြစ်လာပြီး
" ဧကရာဇ်....ဧကရာဇ် ကို ကယ် တင် ပါ !"
လီချန်းရင်က မေးခွန်းတွေ ဆက်ပြီးမေးမြန်း ချင်ခဲ့ပေမဲ့ သူ့ ရဲ့ လက်ချောင်းတွေက တဖြည်းဖြည်ူနဲ့ အင်အား ယုတ်လျော့ လာခဲ့ပြီး ၊ အဆုံးမှာတော့ ခံစားချက်ကင်းမဲ့ စွာပဲ သွေးအိုင်ထဲမှာ သေဆုံးသွားခဲ့ပြီ ။
လီချန်းရင်က သူ့ရဲ့ ခေါင်းကို မော့လိုက်ပြီး ငါ့ကို ကြည့်လာတယ် ။ သူ့မျက်လုံးတွေက နီရဲနေပြီး ၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း သွေးတွေနဲ့ စိုရွှဲနေခဲ့ပြီ ။ ပတ်ပတ်လည်မှာက လည်း လူသေအလောင်း တွေချည်း ။
ငါတကယ်ပဲ ကြောက်မိတယ် ။
ငါတို့ထွက်သွားကြတာ ခဏလေးတင် ၊ ဒါပေမဲ့ လူသတ်သမားက ဒီလောက်လူတွေအများကြီးကို ဒီအချိန်လေးအတွင်းမှာ အကုန်သတ်ပြစ်လိုက်နိုင်တယ်လေ ။ ဒါ့အပြင် အဲ့ဒီလူတွေကလည်း နန်းတော်က ရဲမက်တွေထဲကမှ သိုင်းပညာအဆင့်မြင့်တဲ့ လူတွေချည်း ။
ရုပ်ဖျက်ထားတဲ့ တော်ဝင်အမျိုးသား တစ်ယောက်က သူနဲ့ အတူ သက်တော်စောင့်တွေ ခေါ်ယူလာခဲ့ပေမဲ့ ၊ အခုအချိန်မှာ သူတို့အားလုံးသေဆုံးသွားခဲ့ရပြီ ။ဒီ လူသတ်သမားရဲ့ သိုင်းပညာက ခန့်မှန်းကြည့်လို့ရတဲ့ အဆင့် မဟုတ်တာတော့ သေချာတယ် ။ ဒါပေမဲ့ လီချန်းရင်ကတော့ ဓားတစ်ချောင်း ကောက်ဆွဲလိုက်ပြီး ပြတင်းပေါက်ကဆင့် ခုန်ချသွားခဲ့ပြီ ။
"အားတု !!!" လို့ငါ အော်လိုက်တယ် ။
အားတု ဘယ်ကို ရောက်သွားခဲ့သလဲ တော့ငါမသိဘူး ။ အရင်တစ်ခေါက်က အခြေအနေ ကို ပြန်သတိရမိသွားတော့ အားတုကို ငါ အရမ်းစိတ်ပူမိတယ် ။
လီချန်းရင် အတွက်လည်း ငါ အရမ်း စိတ်ပူမိတယ် ။ လူသတ်သမားက ဒီလောက် သိုင်းပညာမြင့်တာ ငါတို့နှစ်ယောက်စလုံးကို သတ်ပစ်ဖို့ ဆိုတာက သူ့အတွက် ခက်ခဲတဲ့ အလုပ်တောင်ဟုတ်မယ်မထင်ဘူး ။ သွေးအိုင်ထဲက ဓားတစ်ချောင်းကို ငါ ကောက်ကိုင် လိုက်ပြီး ပြတင်းပေါက်မေလိုက်ပြီးခုန်ချလိုက်တယ် ။ ငါ့စိတ်ထဲမှာ သတ်ချင်စိတ်ပဲရှိတယ်။ အဲ့ဒီ လူသတ်သမားကို သတ်ဖို့ ငါ့အသက်ကိုပါ အရဲစွန့် လိုက်မယ် ။
အနောက်ဘက်ခြမ်းမှာက အလယ်မှာ ကျောက်တုံးတွေ အစီအရီ ရှိတဲ့ ပန်းခြံတစ်ခုရှိတယ် ။ဒီကျောက်တုံးတွေက အတော်လှမ်းတဲ့ တောင်ဘက် အရပ်ဒေသတစ်ခုက နေ သစ်ပင်တွေနဲ့ ပန်းပင်တွေကို အလှဆင်ဖို့ ယူလာတာပဲ ။ အခုအချိန်က အရမ်းအေးတဲ့ ရာသီဖြစ်တော့ သစ်ပင်တွေမှာက အရွက်တွေ ဗလာ ပဲ ။
လီချန်းရင်က ရုတ်တရက် ရပ်လိုက်ပြီး ကျောက်တုံးပုံတစ်ခု အပေါ်ကို ခုန်တက်လိုက်ရင်းသူ့လက်ကို အနောက်ဘက်ကို လှည့်ပြီး ငါ့ကို သူ့အနောက်ဘက်ကို တွန်းလိုက်တယ် ။
မညီမညာ စီထားတဲ့ ကျောက်တုံးပုံပေါ်ကို ခုန်တက်လိုက်ပြီးတဲ့နောက် ၊ ငါ သူ့ရဲ့ခေါင်းအနောက်ဘက်ကိုပဲ ငေးကြည့်နေမိတယ် ။ အလိုအလျောက်ဆိုသလို အရင်တစ်ခေါက်က လုပ်ကြံတဲ့လူနဲ့ ထိပ်တိုက်ရင်ဆိုင် ခဲ့ရတုန်းက လည်း သူ က ငါ့ကို ဒီလို တွန်းခဲ့တဲ့ အကြောင်း ကို စဉ်းစားနေမိတယ်။
ငါ့ ရင်ဘတ်ထဲက ချိုမြမြနဲ့ အမျိုးအမည်မသိတဲ့ ခံစားတစ်ခုကို ခံစားလိုက်ရတယ် ။ ငါ ခြေဖျားထောက်ပြီး လီချန်းရင် ရဲ့ ပုခုံးပေါ်ကို ကျော်ကြည့်လိုက်တော့ ၊ အနက်ရောင်ဝတ်ထားတဲ့ လူအများကြီးက မျက်နှာဖုံး နဲ့ လူကို ဝိုင်းထားတာပဲ ။ ဒီ အနက်ရောင် ဝတ်ထားတဲ့ လူတွေရဲ့ သိုင်းပညာကလည်း ပေါ့သေးသေးတော့ မဟုတ်ဘူး ။ဒါပေမဲ့ လည်း သူတို့က အဲ့ဒီ လုပ်ကြံတဲ့ လူရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး ဆိုတာ အသိသာကြီး ။ ဒီ အနက်ရောင် ဝတ်စုံနဲ့ လူတွေက နန်းတွင်းသက်တော်စောင့်တွေထဲကမှ အထူးချွန်ဆုံးလူတွေပဲ ။ သူတို့တွေ ဒဏ်ရာရနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ကို အနိုင်ရဖို့ခက်ခဲတာမျိုး ။
ဒီလူသတ်သမားကတော့ သူ့လက်တစ်ဖက်နဲ့ ပဲ ဓားကို ကိုင်ထားပြီး နောက်တစ်က လူတစ်ယောက်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားသေးတယ် ။အဲ့ဒီ ဖမ်းထားခံရတဲ့ လူကတော့ ဧကရာဇ်ပဲ ။
လုပ်ကြံတဲ့လူက လက်တစ်ဖက်နဲ့ ဧကရာဇ်ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားရင်း ၊ အခြားလက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင် ထားတဲ့ ဓား ရဲ့ ဓားရေးက လည်း ယှဉ်လို့မရနိုင်ဘူး ။ ဓားတစ်ချက်ညနဲ့ အနက်ရောင် ဝတ်လူတွေကို ဒဏ်ရာရစေနိုင်တုန်းပဲ။
ထင်ဟပ်နေတဲ့ လရောင်ကနေတစ်ဆင့် ကျောက်တုံးတွေပေါ်က သွေးကွက်တွေကို ငါမြင်နေရတယ် ။
အဲ့ဒီအချိန်မှာပဲ အဝေးတစ်နေရာကနေ ကျယ်လောင်တဲ့ မိုးကြိုးသံတစ်ခု မသဲမကွဲ ကြားလိုက်ရတဲ့ အချိန် ။ လုပ်ကြံသူက ရုတ်ချည်း ဓားကို ဧကရာဇ်ရဲ့ လည်ပင်းပေါ်ကို ဖိကပ်ထားလိုက်ပြီ။ ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲကြတော့ဘူး ။ ငါလည်း သူ့ကို ကြောင်တောင်တောင်ပဲ ကြည့်နေမိတော့တယ် ။
"သူ့ကို လွှတ်လိုက် !" လို့ လီချန်းရင်က ပြောလိုက်တယ် ။
သူ့ရဲ့ အသံက မိုးခြိမ်းသံ လို၊ မကျယ်ပေမဲ့ ကြည်လင်နေခဲ့တယ် ။ စကားလုံး အဖြတ်အတောက် တစ်ခုချင်းစီနဲ့ စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ကြားနိုင်တယ် ။
မိုးကြိုးသံ ကြောင့်ပဲ တအုန်းအုန်း ဖြစ်နေတာလားတော့မသိပဲ ။ အဝေးကနေ မိုးကြိုးသံနဲ့ တူတဲ့ အသံတစ်ခုကိုတော့ ခပ်အုပ်အုပ် ကြားရသလိုပဲ ။
ငါဘယ်တုန်းကမှ ဒီလောက်ထိ ကြောက်ဒူးမတုန်ဖူးဘူး ။ မင်ယွီဖန်မှာ ပြည့်နေတဲ့ လူသေအလောင်းတွေကြောင့် ကြောက်တာမဟုတ်သလို ၊ ဒီ မိစ္ဆာလို လုပ်ကြံတဲ့သူ လည်းကြောက်လို့မဟုတ်ဘူး ။ ဒါပေမဲ့ ငါဘာကို ကြောက်နေမှန်းလည်း ငါကိုယ်တိုင်တော့မသိတော့ဘူး ။
အဝေးက မိုးကြိုးသံက တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပြီ ။ ခဏအကြာ မှာ အဲ့ဒီ အသံက မိုးကြိုးသံမဟုတ်မှန်း ငါကြားလိုက်ရတော့တယ်။ အရပ်လေးမျက်နှာ အနှံ့က ဒုန်းစိုင်းလာနေကြတဲ့ မြင်းခွာသံတွေပဲ ။ အသံတွေက ကျယ်လောင်လွန်းလို့ ကောင်းကင် နဲ့ မြေကြီးကို ပါ ဖုံးလွှမ်းသွားတော့မတတ်။ မင်ယွီဖန်ရဲ့ အရပ်လေးမျက်နှာကနေ မြင့်မားတဲ့ ပင်လယ်လှိုင်းလုံးတွေလို အပြင်းအထန် လာနေကြတယ် ။ ဒီလောက် များပြားသိပ်သည်းတဲ့ မြင်းခွာသံတွေ ။ ငါ့ရဲ့ခမည်းတော်တောင် မြက်ခင်းပြင် ဒေသကို အင်အားအလုံးအရင်း စစ်ချီတဲ့ အခါမျိုးမှာတောင် အသံက ဒီလောက် မကျယ်ခဲ့ဘူး။
မင်ယွီဖန်ထဲကလူတွေသွေးပျက်နေကြတဲ့အသံကို ငါခပ်ယဲ့ယဲ့ ကြားနေရသေးတယ်။ မင်ယွီဖန် အဆောင်အအုံကြီးတောင် ဘယ်ညာယိမ်းထိုးပြီး သစ်သားတန်းတွေပေါ်က ဖုန်မှုန့်တွေတောင် ပြုတ်ကျနေမလားပဲ ။ မင်ယွီဖန်ထဲက အသံဗလံတွေကို မြင်းခွာသံတွေက အလျင်အမြန်ပဲ ဖုံးလွှမ်းသွားခဲ့ပြီ ။ ကန္တာရထဲမှာ အဆုံးမရှိတိုက်ခတ်ေနတဲ့ ဟာရီကိန်းမုန်တိုင်းလိုပဲ တစ်ဟုန်ထိုးပြေးလာနေကြတယ် ။
လူသတ်သမားက ဘာတစ်ခွန်းမှ မဆိုပဲ ဧကရာဇ်ရဲ့ လည်ပင်းပေါ်ကိုသာ ဓားကို ပိုပြီးဖိချလိုက်ရင်း နဲ့ တစ်လှမ်းချင်းနောက်ဆုတ်သွားတယ် ။
ဘယ်သူမှ မဆင်မခြင် မပြုမူရဲကြဘူး ။ ဒါပေမဲ့ ဧကရာဇ်က ရုတ်တရက် "ကျန်းရှန် လုပ်ကြံတဲ့သူကို သတ် !" လို့အော်ဟစ်လာတယ် ။
အနက်ရောင်ဝတ်စုံနဲ့ လူတွေထဲက တစ်ယောက်ရဲ့ နာမည် ကျန်းရှန် ပဲ။ငါ ဒီနာမည်ကို အရင်ကကြားဖူးပါတယ် ။သူက ရှန်းဝူ တပ် ရဲ့ နာမည်ကျော်တဲ့ စစ်သူကြီးပဲ ။ သိုင်းပညာမှာ ပြိုင်ဘက်ကင်းပြီး လူအယောက်တစ်ရာ ဆိုရင်တောင် သူတစ်ယောက်နဲ့တင် အနိုင်ယူနိုင်စွမ်းရှိတယ်လို့ပြောကြတယ်။
ကျန်းရှန့်ရဲ့ ပုခုံးကလည်း သွေးထွက်နေခဲ့ပြီး ချက်ချင်းဆိုသလို တစ်လှမ်းချင်း သူအရှေ့ကို တိုးလာခဲ့တယ် ။ လူသတ်သမားရဲ့ လက်ထဲက ဓားက နှင်းအမှုန်အခဲတွေ လို တလက်လက် တောက်ပနေပြီး ဧကရာဇ်ရဲ့ လည်ပင်းပေါ်ကို အေးစက်မှုတွေ ထုတ်လွှတ်နေဆဲပဲ ။ ငါ့ရဲ့ စိတ်ပူပန် နေမှုကြောင့် ငါဝတ်ထားတဲ့ ဝတ်ရုံပါ ချွေး စေး တွေနဲ့ ရွှဲစိုနေခဲ့ပြီ ။
လီချန်းရင်က ရုတ်တရက်ပြုံးလိုက်ပြီး လူသတ်သမား ကို ပြောလိုက်တယ် ။
" ငါဘယ်သူလဲ မင်းသိလား ?"
လူသတ်သမားရဲ့ မျက်နှာက အဝတ်အစတစ်လုနဲ့ ကာထားပြီး မျက်လုံးတစ်စုံကိုသာလျှင် တွေ့မြင်နိုင်တယ် ။ သူ့မျက်လုံးတွေမှာက ဘာအမူအရာမှ မတွေ့မြင်ရနိုင်ဘူး ။ လီချန်းရင်ကို သာလျှင် အေးစက်စက် ကြည့်နေတုန်းပဲ ။
" အခု ရှန်ဝူ တပ်က ကယ်တင်ဖို့ ရောက်လာနေပြီး ၊အပြင်ဘက်မှာလည်း သံမြှား ခေါင်း တွေ က အပြည့်ပဲ ။ မင်း ဒီလိုပဲ မဆင်မခြင် ဆက်ပြီယ ပြုမူနေမယ်ဆိုရင် မင်းရဲ့ နှလုံးကို မြှားတွေ ဖောက်သွားမှာကို ရှောင်လွှဲဖို့ ခက်လိမ့်မယ် ။ မင်းအခု ဓားကို ချလိုက်ရင် ငါမင်းကို အသက်ချမ်းသာပေးမယ် ။"
လူသတ်သမားရဲ့ အကြည့်တွေ တုံ့ဆိုင်းနေစဉ်မှာ ပဲ လီချန်းက ဆက်ပြောလိုက်တာက
"တကယ်လို့ မင်းစိတ်ပူနေသေးရင် ငါ့ကို ဓားစာခံအဖြစ်နဲ့ ခေါ်သွားလို့ရတယ် ။ မင်း လုံခြုံပြီလို့ ခံစားရတဲ့ နေရာမှာ ငါ့ကို လွှတ်ပေးလိုက်!"
ငါ့ရဲ့ လက်ဖဝါးတွေကပါ ချွေးထွက်နေတာကြောင့် လက်ထဲက ဓားတောင် လွတ်ကျချင်သလိုလို ။ ငါ အနောက်ကနေ အော်လိုက်တယ် ။
" တစ်ယောက်ယောက်က ဓားစာခံ ဖြစ်ဖို့ လိုမယ်ဆိုရင် ၊ ငါ့ကိုယ်ငါ ဓားစားခံ အဖြစ်နဲ့ လိုက်ခဲ့မယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ငါက အားနွဲ့တဲ့ မိန်းကလေး ပဲ ။ နင့်ကို လှည့်ကွက်တွေသုံးပြီး ဖမ်းနေမှာ နင်စိတ်ပူစရာမလိုတော့ဘူးပေါ့ "
"နင်စိတ်ချပြီ ဆိုမှ ငါ့ကို လွှတ်ပေးလို့ရတယ် "
လီချန်းရင်က င့ါကို ဒေါသတကြီးနဲ့ လှည့်ကြည့်လာတယ် ။ ငါလည်း သူ့ကို ခပ်တင်းတင်းပြန်ကြည့် ပစ်လိုက်တာပေါ့ ။သူဘာကို ဆိုလိုချင်လဲ ငါသိတယ် ။ ဒါက ကစားသင့်တဲ့ အရာ မဟုတ်မှန်းလည်း ငါသိတယ် ။ ဒါပေမဲ့ အခုအခြေအနေက သူ့ကို ကူကယ်ရာမဲ့ ဓားစာခံ အဖြစ်နဲ့ ခေါ်သံားခံရတာကိုကြည့်ရမယ်လို့ ပြောနေတာဆိုရင်တော့ ငါ အဲ့လို အဖြစ်မခံနိုင်ဘူး ။
လူသတ်သမားဆီက ဘာအသံမှ မကြားရသေးဘူး ။ အေးစက်စက်ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ထားတုန်း ပဲ ။ ကျန်းရှန်က လည်းစောင့်ဆိုင်းနေဆဲ ဖြစ်ပြီး လူသတ်သမားကို တွန်းအားပေးဖို့ မတတ်သာတဲ့ အခြေအနေ ။ နှစ်ဖက်စလုံးက မဆုတ်သာ မတိုးသာ အခြေအနေမှာ ပိတ်မိနေကြပြီ ။
လီချန်းရင်က အဲ့နေရာမှာပဲ မလှုပ်မရှား ရပ်နေတုန်းပဲ ။အပြင်ဘက်က ဆူညံသံတွေ ငြိမ်ကြသွားပြီး လျှောက်လမ်းမဆီက ခြေသံတွေကို ကြားနေရပြီ ။တစ်ယောက်ယောက်ကတော့ ဒီကို ရောက်လာတော့မယ် ။
ငါ့ဝတ်ရုံကလည်း ချွေးစေးတွေရွှဲနစ်လို့။ထပ်ရောက်လာတဲ့လူတွေက လူသတ်သမား ရဲ့ အပေါင်းအပါတွေပဲလားဆိုပြီး သိချင်နေမိတယ် ။
ခြေသံတွေ တစ်လှမ်းပြီးတစ်လှမ်း ပိုပြီး နီးကပ်လာကြပြီ ။ လီချန်းရင်က ရုတ်တရက် ငါ့လက်ကို လှမ်းဆွဲလိုက်တယ် ။ သူ့ရဲ့ လက်ဖဝါးတွေက နွေးထွေးနေခဲ့တယ် ။ အံ့ဩစရာကောင်းလောက်အောင် ငါ့စိတ်တွေတည်ငြိမ်သွားခဲ့တာပဲ ။ သူငါ့ဘေးမှာရှိတယ်ဆိုတာကို ငါခံစားရလို့ ထင်တယ် ။တကယ်လို့ ပိုပြီး အန္တရာယ်များလာခဲ့ရင်ရော ??
.
တကယ်လို့ ငါသေရမယ်ဆိုရင်တောင်မှ သေလိုက်တော့မယ် ! ငါရုတ်တရက်ကြီး သတ္တိတွေရှိလာခဲ့တယ်။ ငွေရောင်သံချပ်ကာတွေဝတ်ထားတဲ့လူတွေ အမြောက်အများဝင်လာပြီး နှစ်ဖက်စလုံးက မဆုတ်သာ မတိုးသာ အခြေအနေမှာ ပိတ်မိနေကြတာကို တွေ့လိုက်ရတော့ သူတို့ လန့်ဖြန့် သွားကြမှာက မလွဲဧကန်ပဲ ။ဒါပေမဲ့ ချက်ချင်းဆိုသလို သတိပြန်ဝင်လာရင်း မြေကြီးပေါ်ကို ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်တယ် ။
သူ့ရဲ့ သံချပ်ကာကနေ ဆူဆူညံညံ အသံတချို့ထွက်လာရင်းနဲ့
" ရင်းဝေ့ အလာနောက်ကျသွားတယ် ။ အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ "
"ကောင်းပြီ "
လူသတ်သမားတဲ့ ထက်တဲ့ ဓားကဧကရာဇ်ရဲ့ လည်ပင်းပေါ်ကို ရောက်နေပေမဲ့ သူ့အသံက တည်ငြိမ် နေ ဆဲ ။
" မြို့တော် ဂိတ်တံခါးကိုးခုလုံးကို ပိတ်ချလိုက်ဖို့ အမိန့်တော်ပြန်လိုက် "
"ဟုတ်ကဲ့ !"
" ရှန်ဝူ တပ်က အရှေ့နန်းတော်က ယွီလင်းတပ်ကို မြို့တော် ဂိတ်တံခါး ကိုးခုလုံး ပိတ်ဆို့နိုင်ဖို့ အကူအညီပေးပြီး ၊ လူသတ်သမားမှာ ဆက်စပ်နေတဲ့ ကြံရာပါတွေ ရှိနေသေးလား စုံစမ်းလိုက် ! "
"အမိန့်နာခံလျှက်ပါ !"
"ပြည်သူတွေ အထိန့်တလန့်မဖြစ်စေဖို့ သတင်းလည်း မပေါက်ကြားစေနဲ့ "
" သိပါပြီ !"
"အမြန် သွားတော့ !"
"ဟုတ်ကဲ့ပါ!"
ရင်းဝေ့က အရိုအသေပေး ပြီး အလျင်အမြန် ထွက်သွားခဲ့ပြီ ။ လျောက်လမ်းမ တစ်လျှောက်လုံး သူ့ရဲ့ အမိန့်ပေးနေသံကို ငါကြားနေရတယ်။ သူ့ ခြေသံက မနီးမဝေးကို ရောက်သွားပြီး ၊ အချို့လူတွေလည်း ထွက်သွားခဲ့ကြတယ် ။
ခဏကြာ သူပြန်ရောက်လာပြီး
" အရှင့်သား လူတွေ စိတ်မပူပန်ရကြရအောင် အရှေ့နန်းတော်ကို ပြန်တော်မူပါ ။ ကျွန်တော်မျိုး ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းလိုက်ပါမယ်"
လို့ပြောလာတယ် ။
လီချန်းရင်က သူ့ခေါင်းကို ယမ်းလိုက်ပြီး ၊ လူသတ်သမားကို စေ့စေ့ကြည့်လိုက်ရင်းနဲ့
" မင်း ငါ့ရဲ့ ခမည်းတော်ကို လွှတ်လိုက် ငါမင်းနဲ့ ဓားစာခံ အဖြစ်လိုက်လာခဲ့မယ်"
သူ ငါ့ လက်ကို ကိုင်ထားတုန်းပဲ ။
" မဟုတ်ဘူး ။ ငါ ဓားစားခံအဖြစ်နဲ့ လိုက်လာခဲ့မယ်လို့ " ငါအော်လိုက်တယ် ။
လီချန်းရင်က ငါ့ကို ဒေါသတကြီးနဲ့ လှည့်ကြည့်လာပြီး
"ပါးစပ်ပိတ်ထားစမ်း !!"
____________အပိုင်း (၂၁) ဆက်ရန် _________