ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

By Change_7

742K 64.6K 6.6K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)

အပိုင်း✨🍁(၁၈)

10.4K 1K 129
By Change_7

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၈)

ခတ္တရာ ကံကော်ပန်းပွင့်များကိုဘုရားကပ်ဖို့သီကုံးနေရင်း ယမန်နေ့ကအကြောင်းအရာများကိုလည်းစဉ်းစားနေမိသည်။
ဘယ်လိုပင်စဉ်းစားစဉ်းစား ဘယ်ရှူ့ထောင့်ကပဲတွေးတွေး နားမလည်နိုင်ခြင်းတွေပဲဖြစ်နေကာ အဖြေဟာထုတ်မရ။

အရှင်၏ပယင်းရောင်မျက်ဝန်းများက မောင်ငယ်လေးအပေါ်ကြည့်သည့်အကြည့်မှာ ခမည်းတော် မယ်တော့်အပေါ်ကြည့်သည့်အကြည့်လိုမျိုး နူးညံ့လှသည်။
ချစ်မြတ်နိုးမှုတွေပါဝင်နေသည်။ထိုကဲ့သို့သောအလားတူအကြည့်မျိုးဖြင့် အရှင်ဟာ မောင်ငယ်လေးကိုကြည့်နေခဲ့လေသည်။
သူတို့နှစ်ဦးကြားတွင်ရှိနေသည့်အားကောင်းသောတစ်စုံတစ်ရာကို ခတ္တရာခံစားမိနေသည်။
ခတ္တရာအတွေးလွန်နေခိုက် ကံ့ကော်ဆောင်အတွင်းဝင်လာသည့် အရှင့်၏ကိုယ်ရံတော်အားသတိမထားမိ။

မဏိ အရှင့်မှာကြားချက်အတိုင်း နောက်လိုက်အနည်းငယ်ဖြင့် ကံ့ကော်ဆောင်၏စားဖိုဆောင်သို့လာရောက် စစ်ဆေးဖြည့်စွက်ခြင်းဖြစ်သည်။ထိုအချိန်ကံ့ကော်ပင်များအောက်တွင် ပန်းတွေသီကုံးနေသော သခင်မလေးအားတွေ့သည့်အခိုက် ရင်ဘက်ထဲမှအချက်ပြမှုနဲ့အတူ အကြည့်မလွှဲနိုင်အောင်ဖြစ်သွားရသည်။

ဖြူလွှလွှရင်ပြတ်အဝတ်ပေါ်တွင် ပဝါပါးလွှမ်းခြုံထားကာ ဆံနွယ်များကို အသာအယာချပြီး နားနောက်သပ်ထားပုံကမဟာဆန်လှသည်။
နှဖူးပြင်တည့်တည့်တွင် တွဲလောင်းကျလျှက်ရှိသော ခေါင်းမှ အဆင်တန်ဆာလေးဟာလည်း လှုပ်လီလှုပ်လဲ့ဖြစ်နေပုံအား မနီးမဝေးမှ မဏိမြင်နေရသည့်အထိပင်ဖြစ်သည်။
မဏိပဲအမြင်အာရုံကောင်းလွန်းနေသည်လားမသိ သခင်မလေးနှင့်ပတ်သတ်လျှင် ဆံချည်မျှင်လေးလှုပ်ခတ်သွားသည်ကအစ သတိထားမိသည်။
ငေးကြည့်နေ၍မဖြစ်သေး မဏိကိုယ်ဟန်ကိုပြင်လိုက်ကာ အရှင်မှာကြားလိုက်သည့်ကိစ္စအား ‌အသိပေးရန် အနားကိုသွားလိုက်သည်။

ခတ္တရာကိုယ့်အာရုံနှင့်ကိုယ်အပြင် မောင်လေးအကြောင်းလည်းတွေးနေသည်မို့ လက်မှာကိုင်ထားသည့်ပင်အပ်က ကံ့ကော်အညှာအားချော်ကာ မိမိလက်သို့စိုက်သွားသည်ကိုသတိမထားမိလိုက်။

"အ!!"

"သခင်မလေး...ဘာဖြစ်သွားသေးလဲခင်ဗျ...နာသွားလား...အများကြီးထိုးမိသွားလားခင်ဗျ..."

ခတ္တရာမှာတော့ ရုတ်တရက်လန့်ပြီးအော်လိုက်မိသော်လည်း အနားသို့ဘယ်အချိန်ကရောက်နေမှန်းမသိသည့် မဏိ၏အလောတကြီးစိုးရိမ်သံများကြောင့်
ခဏ‌ကြောင်သွားရသည်။

မဏိသွေးတွေထွက်နေသော သခင်မလေး၏လက်အားဖိကိုင်လိုက်ကာ ကျန်သည့်လက်တစ်ဖက်မှ ဝတ်ရုံအစကိုကိုင်၍ အသာသုပ်‌လိုက်သည်။
သွေးမထွက်တော့သည့်အခါမှ လက်ကိုလွှတ်ပေးဖို့သတိရပြီး တစ်ဆက်ထဲ မိမိ၏ရိုင်းပြလွန်းလှသည့်အပြုအမူကိုပါ သတိထားမိသွားသည်။
ထို့ကြောင့်အလျှင်အမြန်ဒူးထောက်ချပစ်လိုက်သည်။
*သူ့လိုကိုယ်ရံတော်ကများရာရာစစတိုင်းပြည်၏ မိဖုရားခေါင်အား ကိုယ်ထိလက်ရောက်ပြုမူရဲရတယ်လို့ ဘယ်လိုတောင်စဉ်းစားဉာဏ်မရှိရတာလဲ...*

"စိုးရွံလှပါတယ် သခင်မလေး...ကျွန်တော်မျိုး၏ရိုင်းပြလွန်းသည့်အပြုအမူအတွက် ကြိုက်ရာအပြစ်ပေးတော်မူပါ..."

ခတ္တရာမှာတော့ ရုတ်တရက်ဆန်လှသည့်မဏိ၏အပြုအမူများကိုနားလည်အောင်ကြိုးစားနေခိုက် ရှေ့ကလူက ဒူးပါထောက်ချလိုက်သဖြင့် လန့်သွားရသည်။

"ဟင်...ဘာ ဘာလုပ်တာလဲရှင်.. ထပါ..."
လေအလျှင်လိုအနားရောက်လာသလားထင်ရသည့်သူက သူ့လက်အားဆွဲယူပြီး သွေးသုတ်ပေးသည့်အချိန်တွင် စိတ်လှုပ်ရှားမှုနှင့်အတူ ခတ္တရာအံ့ဩနေသောကြောင့် စွန့်အမိသွားသော်လည်း အပြစ်ရှိသည်ဟုထင်သွားသောသူ့ကြောင့် ခတ္တရာအသံကိုထိန်းပြီးပြောလိုက်သည်။

သခင်မလေးအသံကြားသော်လည်း မဏိတုတ်တုတ်မျှတောင်မလှုပ်။ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း သခင်မလေးကိုမော့မကြည့်ရဲအောင်ဖြစ်နေသည်။သခင်မလေးလက်မှ သွေးအားမြင်လိုက်ရသည့်အခိုက်သူ့ရင်ထဲစိုးထိတ်သွားမိသည်ကနှိုင်းဆပြပင်မရ။
တိုက်ပွဲအလီလီ ဓား၊လှံ၊တံစူးအမျိုးမျိုးဖြင့် ထိခိုက်မိခဲ့သော ဒီခန္ဓာကိုယ်ကြီးမှာ အမာရွတ်များဟာလက်ညှိုးထိုးပင်မလွဲ။
သေလုမြောပါးအခြေအနေများကို ကျော်ဖြတ်ခဲ့ရသည့်အချိန်တုန်းကပင်လျှင် တစ်ချက်လေးတောင် စိုးထိတ်ပူပန်ခြင်းမရှိခဲ့သည့် သူ့လိုလူက သခင်မလေး၏ အပ်ထိုးရာကြောင့် အဘယ်မျှတောင် ပူပန်သွားရပါသလဲ။ခန္ဓာကိုယ်ပေါ်က အမာ‌ရွတ်များဟာ မဏိကို လှောင်ပြောင်နေသလိုပင်။

"မဏိ..ထပါ...ခတ္တရာနားလည်ခွင့်လွှတ်တာမို့ထပါ..."

"အတင့်ရဲမှုအတွက်အပြစ်ပေးတော်မူပါသခင်မလေး..."

"ခတ္တရာခွင့်လွှတ်တယ်လေ...."

"ကျွန်တော်မျိုးအတင့်ရဲမှုအတွက်အပြစ်ပေးတော်မူပါ သခင်မလေး ..."

ဟုတ်သည်။မဏိစိတ်ထဲ အပြစ်ကြီးတစ်ခုကျူးလွန်မိသလိုခံစားနေရကာ သခင်မလေးသာအပြစ်မပေးရင် သူ့ကိုယ်သူတစ်ခုခုလုပ်မည်ဟုဆုံးဖြတ်ထားသည်။

ခတ္တရာမှာတော့ ကိုယ်ကိုတိုင်ခွင့်လွှတ်ပါတယ်ပြောသော်လည်း ခေါင်းမာစွာအပြစ်ပေးဖို့ ပြောနေသည့် မဏိကြောင့် နားမလည်နိုင်ဖြစ်နေရသည်။ကိုယ်သာအပြစ်မပေးပါက သူ့ကိုယ်သူတစ်ခုခုလုပ်မိမည့်ပုံစံမို့ အကြံတစ်ခုအမြန်ထုတ်လိုက်သည်။

"ဟုတ်ပြီလေ...အပြစ်ခံယူချင်တယ်မဟုတ်လား..."

"ဟုတ်ပါတယ် သခင်မလေး...."

"ကောင်းပြီ အရင်ဆုံး ဒီကိုဘာအတွက်ရောက်လာလဲအရင်ပြောပါ ပြစ်ဒဏ်ကိုနောက်မှ ဆုံးဖြတ်မယ် ...ပြီးတော့ ဒူးကဘယ်ချိန်ထိထောက်ထားမလို့လဲ ထပါ...."

"ဟုတ်ကဲ့ သခင်မလေး..."
မဏိထိုအခါမှထလိုက်ကာ သခင်မလေးဘေး ခပ်တည်တည်ရပ်နေလိုက်သည်။

"အရှင်က သခင်လေးသျှင်းအတွက် အစားအသောက်ဆောင်ကို စစ်ဆေး ခိုင်းလိုက်လို့ပါသခင်မလေး..."

"သျှင်းလေးအတွက်..."

"ဟုတ်ပါတယ်သခင်မလေး..."

"ဘာကြောင့်များလဲ..."

"သခင်လေးသျှင်းရဲ့ခန္ဓာကိုယ်က ပေါ့ပါးလွန်းတာကြောင့် အစားအသောက်များအဆင်မပြေလို့လားဆိုပြီး အရှင်ကစိတ်ပူလို့ပါသခင်မလေး...ဒါကြောင့် ကျွန်တော်မျိုးတို့ စားဖိုဆောင်က စာဖိုမှူးများကို သခင်လေးသျှင်းအတွက်သီးသန့်ထပ်ဖြည့်ထားပါတယ် သခင်မလေး...."

"ဟင်...."

လျှောက်တင်သည့်သူကလည်း အရှင်ပြောသည့်အတိုင်း တစ်လုံးမကျန်လျှောက်တင်သလို နားထောင်နေသည့်ခတ္တရာမှာလည်း ဟင် တစ်လုံးသာ ထွက်နိုင်တော့သည်။

"အရှင်က သျှင်းလေးကိုအတော်လေးဂရုစိုက်တာပဲ..."

"ဟုတ်ကဲ့ သခင်မလေး...."

"ဟုတ်ပါပြီရှင် ..အရှင့်ကိုအမှာတော်ပါးပေးပါ...ခတ္တရာကလည်း မောင်ငယ်လေးအပေါ်ခုလိုအလေးထားဂရုစိုက်ပေးတဲ့အတွက် အရှင့်အားကျေးဇူးကြီးမြတ်လှပါကြောင်း...မဏိက အမှာတော်ပါးပေးပါဦး..."

"ကျွန်တော်မျိုး သေချာ လျှောက်တင်လိုက်ပါ့မယ်သခင်မလေး..."

"ကောင်းပါပြီရှင်..."
ခတ္တရာ ပြောရင်း ကံ့ကော်ပန်းသီကုံးမှုကိုပဲ အာရုံပြန်စိုက်လိုက်သည်။

"သခင်မလေး ကျွန်တော်မျိုးအတွက်အပြစ်ဒဏ်က...."

"ဪ အဲ့ဒါက...ညနေစောင်းရင် ဘောဘောကြီးစေတီလိုက်ပို့ပေး...ဆီမီး၊ပန်း၊ရေချမ်းကပ်ချင်လို့..."
ခတ္တရာ ပန်းသီမပျက် ခပ်တည်တည်ပဲပြောလိုက်သည်။

"ခင်ဗျာ...."
မဏိ ကိုယ့်နားပင်ကိုယ်မယုံနိုင်အောင်ဖြစ်သွားရသည်။
*သခင်မလေးက ပေးသည့်အပြစ်ဒဏ်က သူ့အားဘုရားသို့‌လိုက်‌ပို့ပေးစေချင်သည်တဲ့လား...သူနားကြားများမှားသွားသည်လား...*

"ဟုတ်တယ်လေ ‌...ဒီရောက်ကတည်းက ‌ဘုရားသွားဖူးချင်ခဲ့တာ...ခုတော့ အခွင့်သင့်တာပဲ...အဆင်မပြေလို့လား...ခတ္တရာပေးတဲ့အပြစ်ဒဏ်ကို ငြင်းလို့မရဘူးနော်..."

"ခင်ဗျာ... ကျွန်တော်မျိုး အဆင်ပြေပါတယ်ဗျ...မငြင်းပါဘူး သခင်လေးခင်ဗျ...."

"အဟင်း..ဟင်း..."
မဏိ၏အလောတကြီးဖြေသံကြောင့် ခတ္တရာ သွားတန်းဖြူဖြူလေးတွေပေါ်သည်အထိ သဘောတကျရယ်မိလိုက်သည်။

မဏိမှာလည်း ‌ထိုအလှတရားလေးဟာ ငေးကနဲဖြစ်သွားကာ မသိမသာပြုံးမိလိုက်သည်။

**********

ဥယျာဉ်တော်အတွင်းတွင်တော့ သရေခေတ္တရာပြည့်ရှင်အရှင်ဒဝီဦးခိုက်တစ်ယောက် အပင်ပေါက်ကိုင်းများနှင့်အလုပ်ရှုပ်နေလေသည်။
သေချာဖြတ်ထားသော ကိုင်းများကို အိုးထဲတွင် သေချာဂရုတစိုက်ပျိုးနေမိသည်။
ချစ်ခြင်းသင်္ကတ အနေဖြင့်တစ်စုံတစ်ယောက်ကို ပေးမည်ဖြစ်သောကြောင့် ကိုယ်တိုင်ကိုယ်ကျ အားတတ်သရောလုပ်နေသည်ပဲဖြစ်သည်။

မြေဆွေးများကိုကိုင်နေသည်ဖြစ်သောကြောင့် အပေါ်ဝတ်ရုံအားချွတ်ထားတော်မူရာ ကျစ်လျစ်သော အသားဆိုင်များဟာ ပေါ်လွင်နေပြီး ပျိုးထားပြီးသောအိုးများကိုရွှေ့တိုင်း တုတ်ခိုင်နေသော လက်မောင်းကြွက်သားများဟာလည်း ထိန်းမရသိမ်းမရထွက်ပေါ်လာသည်။
မနက်ခင်း နေရောင်ချည်အောက်တွင် တည်တင်းသော မျက်နှာတော်၊စုကျုံ့ထားသောမျက်ခုံးတန်းနှင့်အတူ ရင်ဘက်တစ်လျှောက် စီးကျနေသော ချွေးစက်များဖြင့် ဒဝီဦးခိုက်၏ပုံရိပ်သည် အပျိုတော်များအတွက်တော့ မူးမေ့လဲချင်စရာပင်။
(#ကိုယ်လည်းမူးမေ့လဲသွားပါပြီ ခင်ဗျားလေးတို့ရော လဲကြဦးမလားဗျ:3 )

ထိုအချိန်တွင် မဏိမှာ အရှင်ခိုင်းထားသည့် ကိစ္စအားဆောင်ရွက်ပြီးစီးသောကြောင့် ဥယျာဉ်ထဲဝင်လာလိုက်သည်။
ရင်ဘက်ထဲမှာပန်းတွေပွင့်လန်းနေကာ တစ်လမ်းလုံးပြုံးမိနေသည့်မျက်နှာဟာလည်းထိန်းမရ။
မလှမ်းမကမ်းမှ အရှင့်ကိုမြင်သည့်အခါမှ အတတ်နိုင်ဆုံး မျက်နှာပိုးသပ်လိုက်သည်။

"ကျွန်တော်မျိုးဆောင်ရွက်တော်မူခဲ့ပါပြီအရှင်...."

"အင်း...သျှင်းငယ်ရော အိပ်ယာနိုးပြီလား...."

"သခင်လေးသျှင်းကိုတော့ ကျွန်တော်မျိုး မမြင်ခဲ့ပါဘူး အရှင်.."

"အင်း..."

အကုန်ပြီးစီးသည့်အခါမှ ဒဝီလက်ကိုသန့်စင်လိုက်ကာ ဘေးမှ ရပ်နေသည့် မဏိအား ကြည့်လိုက်သည်။
ပျော်ရွှင်မြူးထူးနေသည့်အရိပ်များပြည့်လျှံနေသော မဏိ၏မျက်ဝန်းများကိုကြည့်ရင်း

"မဏိ..."

"အမိန့်ရှိပါအရှင်...."

"ခတ္တရာသျှင်နွယ်ကို သဘောကျနေတာလား..."

"အ အရှင်..."
မဏိ အရှင့်ဆီမှ မမျှော်လင့်ထားသည့်စကားကြောင့် ထိတ်လန့်သွားသလို တစ်ဆက်ထဲ ဒူးထောက်ချလိုက်သည်။

"ကျွန်တော်မျိုး သေလောက်သည့်အပြစ်ဒဏ်ကျူးလွန်မိပါတယ်အရှင်...."

"ငြင်းဆန်မှုမပြုဖူးပဲ...ကောင်းတယ်...."

"အရှင်..."

"ကိုယ်တော် ခတ္တရာကို ကိုယ်တော့်နှမလေးလိုပဲ သဘောထားတယ်...
မောင်မင်းနဲ့ကိုယ်တော်က ဟိုးငယ်စဉ်ကတည်းက အတူကြီးပြင်းလာခဲ့တာပဲ...မောင်မင်းရဲ့ခံစားချက်တစ်ချို့ကို ကိုယ်တော်ရိပ်မိပါတယ်...."

"စိုးရွံလှပါတယ်အရှင်...ကျွန်တော်မျိုး..."

"ကိုယ်တော်ခွင့်ပြုတယ်...အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တော်တို့လက်ဆက်ထားပေမယ့် ခတ္တရာကိုယ်တိုင်ကလည်း သဘောတူညီမှုယူထားတယ်...အဲ့ဒီတော့ မောင်မင်းကို ကိုယ်တော်ခွင့်ပြုပေးမယ်..."

"ကျွန်တော်မျိုး..."

မဏိဘာစကားပြောရမှန်းကိုမသိ‌ဖြစ်နေသည်။ဘယ်လိုတုန့်ပြန်ရမလဲဆိုတာမသိ။ခုလိုကိစ္စကြီးမျိုးကို အရှင်ကဘယ်လိုစိတ်ဖြင့် နားလည်ခွင့်လွှတ်ပေးလည်းမသိပေ။
အရိပ်နေနေအခက်ချိုးချိုးဆိုသည့်စကားပုံအတိုင်း သူဟာတိုင်းပြည်၏မိခင်ကိုမှ ပြစ်မှားမိနေခြင်းပင်မဟုတ်ပါလား။

ဒဝီဦးခိုက်မှာတော့ ငယ်စဉ်ကတည်းကတူတူကြီးပြင်း‌လာသောကြောင့် မဏိ၏စိတ်ကိုကောင်းစွာသိသည်။ရိုးဖြောင့်မှန်ကန်ပြီး စိတ်သဘောထားပြည့်ဝသော မဏိက ခတ္တရာနာကျင်အောင်လုပ်လိမ့်မည်မဟုတ်။
ခုကိစ္စကိုခွင့်ပြုပေးရသည့် အဓိကအကြောင်းအရာမှာ ခတ္တသျှင်နွယ်ကို မိမိတိုင်းပြည်အတွင်း ပိတ်လှောင်ထားပြီးပြီပဲဖြစ်၍ နှလုံးသားကိုမူမပိတ်လှောင်ချင်ပေ။
နှလုံးသားဆန္ဒအတိုင်းလိုက်တော့မည့် ဒဝီဦးခိုက်အတွက် ခတ္တရာကို ကန့်သတ်ထားပါက မတရားရာကျပေလိမ့်မည်။
ထို့အပြင် တစ်ဖက်မှ အတွင်းသိအစင်းသိမဏိဖြစ်နေသောကြောင့် ပို၍ နားလည်ပေးနိုင်ခြင်းပင်ဖြစ်သည်။
သူမလည်း သူမရင်ခုန်သံကိုရှာဖွေသင့်သည်မဟုတ်ပါလား။

"မဏိ..."

"အမိန့်ရှိပါအရှင်..."

"ကိုယ်တော်က အသားလွတ်ခွင့်ပြုပေးတာတော့ မဟုတ်ဘူး..ကတိတစ်ခုထားမယ်.."

"ဟုတ်ကဲ့ အရှင်....ကျွန်တော်မျိုးနာခံလျှက်ပါ..."

"ကိုယ်တော်ဒီကိစ္စကိုသိနေတော်မူတာကို မောင်မင်းကလွဲလျှင်တခြားသူမသိပါစေနဲ့...
သိသာသိစေမမြင်စေနဲ့ဆိုတဲ့စကားအတိုင်း ခတ္တရာသိက္ခာကျစေမယ့်အပြုအမူမျိုး မလုပ်ဘူးလို့ ကိုယ်တော်ယုံတယ်..."

"စိတ်ချတော်မူပါအရှင်...ကျွန်တော်မျိုး သခင်မလေးသိက္ခာကျစေမည့် အပြုအမူမျိုး အမူအယာဖြင့်တောင်လုပ်မည်မဟုတ်ကြောင်း ကျွန်တော်မျိုးအသက်နဲ့ကျိန်ဆိုဝံ့ပါတယ် အရှင်..."

"သူစိတ်ဆန္ဒမပါလျှင်တော့ မောင်မင်းကံ‌ပဲပေါ့...."

"ဟုတ်ကဲ့ အရှင်..."

"ပျော်စရာကိစ္စတစ်ခုခုရှိပုံရတယ် အဝင်တုန်းက ပြုံးလာတာတွေ့လိုက်တယ်..."

"အာ...ဟုတ်ကဲ့ အရှင်...ဟို သခင်မလေးက ညနေစောင်းကျ ဘောဘောကြီးစေတီဘက်လိုက်ပို့ခိုင်းတော်မူလို့ပါအရှင်..."

ဒဝီမျက်ခုံးနှစ်ဖက်ကိုအသာပင့်လိုက်သည်။
သူတို့ကအခြေအနေကောင်းနေတာပင်။

"ဪ...အဟမ်း !!သျှင်းငယ်ရော ပါမယ်တဲ့လား..."

"အဲ့ဒါတော့ ကျွန်တော်မျိုးလည်းမသိပါဘူးအရှင်...သခင်မလေးသွားတာဆိုတော့ ပါချင်လည်းပါလာနိုင်ပါတယ်အရှင်..."

"အဟမ်း!! မောင်မင်းတစ်ယောက်ထဲဆိုမသင့်လျှော်ပေဘူး...ကိုယ်တော်ရော လိုက်ခဲ့တော်မူမယ်..."

"ခင်ဗျာ..."

ဒဝီ မေးခွန်းထုတ်‌သလို လာကြည့်သည့် မဏိအား ခပ်တည်တည်စိုက်ကြည့်ပေးလိုက်ရာ

"ဟုတ်ကဲ့ အမိန့်တိုင်းပါအရှင်..."

"အဟွန်း!!!ကောင်းပြီ...."

ထို့နောက်တွင်တော့ နေစောင်းလျှင်ဘယ်လိုဝတ်စားသွားရမလဲတွေးနေသည့်သရေခေတ္တရာပြည့်ရှင်နှင့်အတူ အရှင့်အားနားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေသော မဏိတို့ ဥယျာဉ်တော်ထဲမှ ထွက်ခဲ့ကြတော့သည်။

တစ်ဖက်ကကံ့ကော်ဆောင်အတွင်းတွင်လည်း ညစာနှင့်မနက်စာပေါင်းစားနေသော ဧကလေးမှာ အစ်မတော်နှင့်အပျိုတော်တို့၏ ညနေစောင်း ဘောဘောကြီးဘုရားသွားရောက်ပူဇော်မည်ဆိုသော သတင်းစကားကြောင့် တက်ကြွစွာလိုက်ဖို့ပြင်နေလေတော့သည်။

********

"သခင်လေး အဆင်သင့်ဖြစ်ပါပြီလားဗျ..."

သက္က မိမိဝတ်ထားသည့် အင်္ကျီအားအောက်သို့ပြန့်အောင်ဆွဲချရင်း အပြင်ဘက်မှ သခင်လေးအား လှမ်းခေါ်လိုက်သည်။

"အေး ခဏ...."

ဧကလေး ကိုယ်လုံးပေါ် ကြေးမုံရှေ့မှ လှမ်းအော်ပြောရင်း မိမိကိုယ်ကိုကြည့်နေမိသည်။
တစ်ခုခုကိုအလိုမကျစွာ မျက်မှောင်ကျုံ့ထားပြီး ဖားလျားကျနေသည့် ဆံပင်များကိုလည်း စိတ်မရှည်စွာ ကိုင်ထားသည်။
စိတ်ရှိလက်ရှိတိုင်းဆိုပါက ဒီဆံပင်များကိုညှပ်ပစ်ပြီး သရေခေတ္တရာအတွင်းက ပျိုမဒီတွေ မူးမေ့လဲသွားအောင်ထိ လန်းသော ခေတ်က သူ့ဆံပင်ပုံစံကို ပြန်လိုချင်သည်။
ထိုဆံပင်ပုံစံဟာ မြန်မာနိုင်ငံတွေနှစ်ယောက်မရှိနိုင်သော ဧကလေး၏ပုံစံဖြစ်ကာ ဒီဘက်ခေတ်မှာဆိုလျှင် ကြီးကြီးငယ်ငယ်ပျိုမဒီများ၏ အသဲကိုချွေယူနိုင်သည်။

"ယောင်္ကျားလေးတစ်ယောက်မှ အဓိကက ဆံပင်ပုံစံပဲကွ...ဆံပင်ပုံစံကအစကောင်မလေးတွေကို ချွေယူနိုင်‌ရမယ်...ဦးဦးလူပျိုတုန်းကဆို ဝိုင်းဝိုင်းကိုလည်လို့ပဲ...အဟမ်း!! ဧကလေးက ‌ရုပ်လေးကချောပြီးသားဆို ဝင့်တချက်ပင့်တာနဲ့ ကြွေကျလာကြမှာအသေချာပဲ..."
ဧက ဦးဦးလင်းမိုပြောထားသည့်စကားများအားပြန်ကြားယောင်ရင်း နှုတ်ခမ်းကိုတစ်ဖက်တွန့်ပြုံးလိုက်သည်။

သို့သော် ဆံပင်ညှပ်မည်ဟုစဉ်းစား‌ထားသော အတွေးကိုဖယ်ကာ ဒီတလောအတွင်းကျင့်သားရနေသည့်အတိုင်း ဆံနွယ်ကိုသေချာထုံးပြီး နှဖူးစည်းကိုပါ တပ်ဆင်လိုက်သည်။
သူ့ခေတ်သူ့ခါအလိုက်နေရဦးမည်ပဲမဟုတ်ပါလား။ထင်ပေါ်ကျော်ကြားတာကိုသဘောကျသော်လည်း မျက်ဝန်းပြာများနှင့်တင် အာရုံစိုက်ခံနေရပြီးသားဖြစ်၍ လက်လျှော့လိုက်သည်။
ထို့နောက်တွင်တော့ တစ်ကိုယ်လုံးကို ကြေးမုံထဲတစ်ခေါက်ပြန်ကြည့်ကာ ထွက်လာလိုက်သည်။

"သွားမယ်..."

"ဟုတ် သခင်လေး...."

ခတ္တရာနှင့်အပျိုတော်များမှာတော့ လိုအပ်သည်များကို ယူဆောင်ကာ သွားဖို့ပြင်ဆင်နေသည်။
အပျိုလေးများ၏ ရှက်ကိုးရှက်ကန်းအမူအယာများကို ခတ္တရာသတိထားမိခိုက် ဘေးဘီသို့ကြည့်လိုက်ရာ အနားသို့မယောင်မလည်နှင့်ရောက်လာသော မောင်ငယ်ဖြစ်သူနှင့် သက္ကအားတွေ့လိုက်ရသည်။
ခတ္တရာ အသာပြုံးရင်း ပန်းများကို သကလပ်ပေါ်အသာခွေတင်‌လိုက်သည်။

ပျားရည်တွေမှောက်ချလာသလားအောက်မေ့ရသော သက္က၏အပြုံးများဟာဆိုလျှင် အပျိုတော်လေးများဆီက တစ်ချက်မခွာ။
*သက္က သက္က...ထူးခြားနှစ်ကိုယ်ခွဲလို့မထင်ရအောင်ထိ ဖွန်ကြောင်တာကဆရာကျလိုက်တာ...*
ဧကလေး သက္ကအားကြည့်ရင်း ခေါင်းကိုအသာရမ်းလိုက်သည်။ထူးခြားသည်လည်း အလားတူပင်မဟုတ်ပါလား။ကျောင်းတက်နေသည့်တစ်လျှောက်လုံး ကြောင်လိုက်သည့် ဖွန်၊ကျွေးလိုက်သည့်မျက်စိအစာ၊ ဇကကျ တစ်စက်လေးမှမရှိပေ။တကယ့်တကယ်ကျ ထူးခြားအတည်လိုက်သည်မှာလည်းမရှိ။ဧကလေးတို့ မျက်စိအစာကျွေးသည်ဆိုတာက အပျင်းပြေ‌ပင်။
သို့သော် ယခုချိန်ထိ အဘယ်သူမျှသူ့မျက်လုံးထဲမတိုးသေးတာကတော့အမှန်ပင်။
ထိုအကြောင်းကိုစဉ်းစားနေခိုက် မြင်ယောင်လာသည်က ပယင်းရောင်မျက်ဝန်းတစ်စုံနှင့်မျက်နှာတော်တစ်ခုပင်။

*ကျစ်!!မဖြစ်သေးပါဘူး ...ဒီနေ့ည သေချာအောင်လုပ်ရမယ်...ဟုတ်တယ်..ငါကအဖြောင့်...သရေခေတ္တရာအတွင်းက အပျိုတော်တွေကို သေချာရှူစားတော်မူရမယ်...အဟမ်း!!မင်းမြတ်ဧကဦးမာန်ပါကွ..ကွေးစရာလား.....*
ဧကလေး ဟန်ကိုယ့်ဖို့ကိုယ့်ကိုကိုယ် မာန်တင်းလိုက်သည်။စိတ်ထဲတွင် ထိုလူနှင့်ကိုယ်ဟာ မဖြစ်နိုင်ဘူးဆိုသည့်အကြောင်းအရာများကလွန်ဆွဲနေရာ ထိုလူကြောင့် မိမိဟာကွေးတော့မည့်အနံ့များလည်းရနေသည်။
မနေ့က ဥယျာဉ်တော်ထဲ ဘယ်လိုစိတ်လွတ်ပြီး အရှင့်ရင်ခွင်ထဲ ဝ‌င်ရောက်ငိုမိခဲ့လည်းမသိပေမယ့် ပြန်တွေးကြည့်တိုင်း ရင်ဘက်ထဲက နွေးထွေးပြီး ကျလိကျလိဖြစ်လာသည်မှာ ထိန်းမရ။

ထိုအချိန် မလှမ်းမကမ်းမှ မိမိတို့ဘက်ဦးတည်လာနေသော အရှင်နှင့်သူ၏ကိုယ်ရံတော်အားတွေ့လိုက်ရသည့်အခိုက် ထိတ်ခနဲခုန်သွားသည့်နှလုံးခုန်သံနှင့်အတူ မျက်နှာပူစွာဖြင့် ဧကလေး အနားမှကံ့ကော်ပန်းတွေသီထားသည့် သကလပ်အား ဆွဲမလိုက်လေတော့သည်။

CHANGE 🍁

ပျင်းနေကြပြီလားဗျ...
ဖတ်ရတာအဆင်ပြေရဲ့လားဟင်...
ကိုယ်မှားနေရင်ထောက်ပြပေးသွားလို့ရပါတယ်ဗျ...
မနေ့က ကိုယ့်အမှားကိုပြောပြပေးသွားတဲ့ကောင်မလေးနှစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ❤️

ဒါနဲ့reviewလေးတောင်းလို့ရမလား... ခင်ဗျားလေးတို့ဆီက🥺ရရင်တော့ တကယ်ပျော်မိမှာပဲ...

Zawgyi

ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၁၈)

ခတၱရာ ကံေကာ္ပန္းပြင့္မ်ားကိုဘုရားကပ္ဖို႔သီကုံးေနရင္း ယမန္ေန႔ကအေၾကာင္းအရာမ်ားကိုလည္းစဥ္းစားေနမိသည္။
ဘယ္လိုပင္စဥ္းစားစဥ္းစား ဘယ္ရႉ႔ေထာင့္ကပဲေတြးေတြး နားမလည္ႏိုင္ျခင္းေတြပဲျဖစ္ေနကာ အေျဖဟာထုတ္မရ။

အရွင္၏ပယင္းေရာင္မ်က္ဝန္းမ်ားက ေမာင္ငယ္ေလးအေပၚၾကည့္သည့္အၾကည့္မွာ ခမည္းေတာ္ မယ္ေတာ့္အေပၚၾကည့္သည့္အၾကည့္လိုမ်ိဳး ႏူးညံ့လွသည္။
ခ်စ္ျမတ္ႏိုးမႈေတြပါဝင္ေနသည္။ထိုကဲ့သို႔ေသာအလားတူအၾကည့္မ်ိဳးျဖင့္ အရွင္ဟာ ေမာင္ငယ္ေလးကိုၾကည့္ေနခဲ့ေလသည္။
သူတို႔ႏွစ္ဦးၾကားတြင္ရွိေနသည့္အားေကာင္းေသာတစ္စုံတစ္ရာကို ခတၱရာခံစားမိေနသည္။
ခတၱရာအေတြးလြန္ေနခိုက္ ကံ့ေကာ္ေဆာင္အတြင္းဝင္လာသည့္ အရွင့္၏ကိုယ္ရံေတာ္အားသတိမထားမိ။

မဏိ အရွင့္မွာၾကားခ်က္အတိုင္း ေနာက္လိုက္အနည္းငယ္ျဖင့္ ကံ့ေကာ္ေဆာင္၏စားဖိုေဆာင္သို႔လာေရာက္ စစ္ေဆးျဖည့္စြက္ျခင္းျဖစ္သည္။ထိုအခ်ိန္ကံ့ေကာ္ပင္မ်ားေအာက္တြင္ ပန္းေတြသီကုံးေနေသာ သခင္မေလးအားေတြ႕သည့္အခိုက္ ရင္ဘက္ထဲမွအခ်က္ျပမႈနဲ႔အတူ အၾကည့္မလႊဲႏိုင္ေအာင္ျဖစ္သြားရသည္။

ျဖဴလႊလႊရင္ျပတ္အဝတ္ေပၚတြင္ ပဝါပါးလႊမ္းၿခဳံထားကာ ဆံႏြယ္မ်ားကို အသာအယာခ်ၿပီး နားေနာက္သပ္ထားပုံကမဟာဆန္လွသည္။
ႏွဖူးျပင္တည့္တည့္တြင္ တြဲေလာင္းက်လွ်က္ရွိေသာ ေခါင္းမွ အဆင္တန္ဆာေလးဟာလည္း လႈပ္လီလႈပ္လဲ့ျဖစ္ေနပုံအား မနီးမေဝးမွ မဏိျမင္ေနရသည့္အထိပင္ျဖစ္သည္။
မဏိပဲအျမင္အာ႐ုံေကာင္းလြန္းေနသည္လားမသိ သခင္မေလးႏွင့္ပတ္သတ္လွ်င္ ဆံခ်ည္မွ်င္ေလးလႈပ္ခတ္သြားသည္ကအစ သတိထားမိသည္။
ေငးၾကည့္ေန၍မျဖစ္ေသး မဏိကိုယ္ဟန္ကိုျပင္လိုက္ကာ အရွင္မွာၾကားလိုက္သည့္ကိစၥအား ‌အသိေပးရန္ အနားကိုသြားလိုက္သည္။

ခတၱရာကိုယ့္အာ႐ုံႏွင့္ကိုယ္အျပင္ ေမာင္ေလးအေၾကာင္းလည္းေတြးေနသည္မို႔ လက္မွာကိုင္ထားသည့္ပင္အပ္က ကံ့ေကာ္အညႇာအားေခ်ာ္ကာ မိမိလက္သို႔စိုက္သြားသည္ကိုသတိမထားမိလိုက္။

“အ!!”

“သခင္မေလး...ဘာျဖစ္သြားေသးလဲခင္ဗ်...နာသြားလား...အမ်ားႀကီးထိုးမိသြားလားခင္ဗ်...”

ခတၱရာမွာေတာ့ ႐ုတ္တရက္လန႔္ၿပီးေအာ္လိုက္မိေသာ္လည္း အနားသို႔ဘယ္အခ်ိန္ကေရာက္ေနမွန္းမသိသည့္ မဏိ၏အေလာတႀကီးစိုးရိမ္သံမ်ားေၾကာင့္
ခဏ‌ေၾကာင္သြားရသည္။

မဏိေသြးေတြထြက္ေနေသာ သခင္မေလး၏လက္အားဖိကိုင္လိုက္ကာ က်န္သည့္လက္တစ္ဖက္မွ ဝတ္႐ုံအစကိုကိုင္၍ အသာသုပ္‌လိုက္သည္။
ေသြးမထြက္ေတာ့သည့္အခါမွ လက္ကိုလႊတ္ေပးဖို႔သတိရၿပီး တစ္ဆက္ထဲ မိမိ၏႐ိုင္းျပလြန္းလွသည့္အျပဳအမူကိုပါ သတိထားမိသြားသည္။
ထို႔ေၾကာင့္အလွ်င္အျမန္ဒူးေထာက္ခ်ပစ္လိုက္သည္။
*သူ႔လိုကိုယ္ရံေတာ္ကမ်ားရာရာစစတိုင္းျပည္၏ မိဖုရားေခါင္အား ကိုယ္ထိလက္ေရာက္ျပဳမူရဲရတယ္လို႔ ဘယ္လိုေတာင္စဥ္းစားဉာဏ္မရွိရတာလဲ...*

“စိုး႐ြံလွပါတယ္ သခင္မေလး...ကြၽန္ေတာ္မ်ိဳး၏႐ိုင္းျပလြန္းသည့္အျပဳအမူအတြက္ ႀကိဳက္ရာအျပစ္ေပးေတာ္မူပါ...”

ခတၱရာမွာေတာ့ ႐ုတ္တရက္ဆန္လွသည့္မဏိ၏အျပဳအမူမ်ားကိုနားလည္ေအာင္ႀကိဳးစားေနခိုက္ ေရွ႕ကလူက ဒူးပါေထာက္ခ်လိုက္သျဖင့္ လန႔္သြားရသည္။

“ဟင္...ဘာ ဘာလုပ္တာလဲရွင္.. ထပါ...”
ေလအလွ်င္လိုအနားေရာက္လာသလားထင္ရသည့္သူက သူ႔လက္အားဆြဲယူၿပီး ေသြးသုတ္ေပးသည့္အခ်ိန္တြင္ စိတ္လႈပ္ရွားမႈႏွင့္အတူ ခတၱရာအံ့ဩေနေသာေၾကာင့္ စြန႔္အမိသြားေသာ္လည္း အျပစ္ရွိသည္ဟုထင္သြားေသာသူ႔ေၾကာင့္  ခတၱရာအသံကိုထိန္းၿပီးေျပာလိုက္သည္။

သခင္မေလးအသံၾကားေသာ္လည္း မဏိတုတ္တုတ္မွ်ေတာင္မလႈပ္။ကိုယ့္ကိုကိုယ္အျပစ္တင္ရင္း သခင္မေလးကိုေမာ့မၾကည့္ရဲေအာင္ျဖစ္ေနသည္။သခင္မေလးလက္မွ ေသြးအားျမင္လိုက္ရသည့္အခိုက္သူ႔ရင္ထဲစိုးထိတ္သြားမိသည္ကႏႈိင္းဆျပပင္မရ။
တိုက္ပြဲအလီလီ ဓား၊လွံ၊တံစူးအမ်ိဳးမ်ိဳးျဖင့္ ထိခိုက္မိခဲ့ေသာ ဒီခႏၶာကိုယ္ႀကီးမွာ အမာ႐ြတ္မ်ားဟာလက္ညႇိဳးထိုးပင္မလြဲ။
ေသလုေျမာပါးအေျခအေနမ်ားကို ေက်ာ္ျဖတ္ခဲ့ရသည့္အခ်ိန္တုန္းကပင္လွ်င္ တစ္ခ်က္ေလးေတာင္ စိုးထိတ္ပူပန္ျခင္းမရွိခဲ့သည့္ သူ႔လိုလူက သခင္မေလး၏ အပ္ထိုးရာေၾကာင့္ အဘယ္မွ်ေတာင္ ပူပန္သြားရပါသလဲ။ခႏၶာကိုယ္ေပၚက အမာ‌႐ြတ္မ်ားဟာ မဏိကို ေလွာင္ေျပာင္ေနသလိုပင္။

“မဏိ..ထပါ...ခတၱရာနားလည္ခြင့္လႊတ္တာမို႔ထပါ...”

“အတင့္ရဲမႈအတြက္အျပစ္ေပးေတာ္မူပါသခင္မေလး...”

“ခတၱရာခြင့္လႊတ္တယ္ေလ....”

“ကြၽန္ေတာ္မ်ိဳးအတင့္ရဲမႈအတြက္အျပစ္ေပးေတာ္မူပါ သခင္မေလး ...”

ဟုတ္သည္။မဏိစိတ္ထဲ အျပစ္ႀကီးတစ္ခုက်ဴးလြန္မိသလိုခံစားေနရကာ သခင္မေလးသာအျပစ္မေပးရင္ သူ႔ကိုယ္သူတစ္ခုခုလုပ္မည္ဟုဆုံးျဖတ္ထားသည္။

ခတၱရာမွာေတာ့ ကိုယ္ကိုတိုင္ခြင့္လႊတ္ပါတယ္ေျပာေသာ္လည္း ေခါင္းမာစြာအျပစ္ေပးဖို႔ ေျပာေနသည့္ မဏိေၾကာင့္ နားမလည္ႏိုင္ျဖစ္ေနရသည္။ကိုယ္သာအျပစ္မေပးပါက သူ႔ကိုယ္သူတစ္ခုခုလုပ္မိမည့္ပုံစံမို႔ အႀကံတစ္ခုအျမန္ထုတ္လိုက္သည္။

“ဟုတ္ၿပီေလ...အျပစ္ခံယူခ်င္တယ္မဟုတ္လား...”

“ဟုတ္ပါတယ္ သခင္မေလး....”

“ေကာင္းၿပီ အရင္ဆုံး ဒီကိုဘာအတြက္ေရာက္လာလဲအရင္ေျပာပါ ျပစ္ဒဏ္ကိုေနာက္မွ ဆုံးျဖတ္မယ္ ...ၿပီးေတာ့ ဒူးကဘယ္ခ်ိန္ထိေထာက္ထားမလို႔လဲ ထပါ....”

“ဟုတ္ကဲ့ သခင္မေလး...”
မဏိထိုအခါမွထလိုက္ကာ သခင္မေလးေဘး ခပ္တည္တည္ရပ္ေနလိုက္သည္။

“အရွင္က သခင္ေလးသွ်င္းအတြက္ အစားအေသာက္ေဆာင္ကို စစ္ေဆး ခိုင္းလိုက္လို႔ပါသခင္မေလး...”

“သွ်င္းေလးအတြက္...”

“ဟုတ္ပါတယ္သခင္မေလး...”

“ဘာေၾကာင့္မ်ားလဲ...”

“သခင္ေလးသွ်င္းရဲ႕ခႏၶာကိုယ္က ေပါ့ပါးလြန္းတာေၾကာင့္ အစားအေသာက္မ်ားအဆင္မေျပလို႔လားဆိုၿပီး အရွင္ကစိတ္ပူလို႔ပါသခင္မေလး...ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳးတို႔ စားဖိုေဆာင္က စာဖိုမႉးမ်ားကို သခင္ေလးသွ်င္းအတြက္သီးသန႔္ထပ္ျဖည့္ထားပါတယ္ သခင္မေလး....”

“ဟင္....”

ေလွ်ာက္တင္သည့္သူကလည္း အရွင္ေျပာသည့္အတိုင္း တစ္လုံးမက်န္ေလွ်ာက္တင္သလို နားေထာင္ေနသည့္ခတၱရာမွာလည္း ဟင္ တစ္လုံးသာ ထြက္ႏိုင္ေတာ့သည္။

“အရွင္က သွ်င္းေလးကိုအေတာ္ေလးဂ႐ုစိုက္တာပဲ...”

“ဟုတ္ကဲ့ သခင္မေလး....”

“ဟုတ္ပါၿပီရွင္ ..အရွင့္ကိုအမွာေတာ္ပါးေပးပါ...ခတၱရာကလည္း ေမာင္ငယ္ေလးအေပၚခုလိုအေလးထားဂ႐ုစိုက္ေပးတဲ့အတြက္ အရွင့္အားေက်းဇူးႀကီးျမတ္လွပါေၾကာင္း...မဏိက အမွာေတာ္ပါးေပးပါဦး...”

“ကြၽန္ေတာ္မ်ိဳး ေသခ်ာ ေလွ်ာက္တင္လိုက္ပါ့မယ္သခင္မေလး...”

“ေကာင္းပါၿပီရွင္...”
ခတၱရာ ေျပာရင္း ကံ့ေကာ္ပန္းသီကုံးမႈကိုပဲ အာ႐ုံျပန္စိုက္လိုက္သည္။

“သခင္မေလး ကြၽန္ေတာ္မ်ိဳးအတြက္အျပစ္ဒဏ္က....”

“ဪ အဲ့ဒါက...ညေနေစာင္းရင္ ေဘာေဘာႀကီးေစတီလိုက္ပို႔ေပး...ဆီမီး၊ပန္း၊ေရခ်မ္းကပ္ခ်င္လို႔...”
ခတၱရာ ပန္းသီမပ်က္ ခပ္တည္တည္ပဲေျပာလိုက္သည္။

“ခင္ဗ်ာ...."
မဏိ ကိုယ့္နားပင္ကိုယ္မယုံႏိုင္ေအာင္ျဖစ္သြားရသည္။
*သခင္မေလးက ေပးသည့္အျပစ္ဒဏ္က သူ႔အားဘုရားသို႔‌လိုက္‌ပို႔ေပးေစခ်င္သည္တဲ့လား...သူနားၾကားမ်ားမွားသြားသည္လား...*

“ဟုတ္တယ္ေလ ‌...ဒီေရာက္ကတည္းက ‌ဘုရားသြားဖူးခ်င္ခဲ့တာ...ခုေတာ့ အခြင့္သင့္တာပဲ...အဆင္မေျပလို႔လား...ခတၱရာေပးတဲ့အျပစ္ဒဏ္ကို ျငင္းလို႔မရဘူးေနာ္...”

“ခင္ဗ်ာ... ကြၽန္ေတာ္မ်ိဳး အဆင္ေျပပါတယ္ဗ်...မျငင္းပါဘူး သခင္ေလးခင္ဗ်....”

“အဟင္း..ဟင္း...”
မဏိ၏အေလာတႀကီးေျဖသံေၾကာင့္ ခတၱရာ သြားတန္းျဖဴျဖဴေလးေတြေပၚသည္အထိ သေဘာတက်ရယ္မိလိုက္သည္။

မဏိမွာလည္း ‌ထိုအလွတရားေလးဟာ ေငးကနဲျဖစ္သြားကာ မသိမသာၿပဳံးမိလိုက္သည္။

**********

ဥယ်ာဥ္ေတာ္အတြင္းတြင္ေတာ့ သေရေခတၱရာျပည့္ရွင္အရွင္ဒဝီဦးခိုက္တစ္ေယာက္ အပင္ေပါက္ကိုင္းမ်ားႏွင့္အလုပ္ရႈပ္ေနေလသည္။
ေသခ်ာျဖတ္ထားေသာ ကိုင္းမ်ားကို အိုးထဲတြင္ ေသခ်ာဂ႐ုတစိုက္ပ်ိဳးေနမိသည္။
ခ်စ္ျခင္းသကၤတ အေနျဖင့္တစ္စုံတစ္ေယာက္ကို ေပးမည္ျဖစ္ေသာေၾကာင့္ ကိုယ္တိုင္ကိုယ္က် အားတတ္သေရာလုပ္ေနသည္ပဲျဖစ္သည္။

ေျမေဆြးမ်ားကိုကိုင္ေနသည္ျဖစ္ေသာေၾကာင့္ အေပၚဝတ္႐ုံအားခြၽတ္ထားေတာ္မူရာ က်စ္လ်စ္ေသာ အသားဆိုင္မ်ားဟာ ေပၚလြင္ေနၿပီး ပ်ိဳးထားၿပီးေသာအိုးမ်ားကိုေ႐ႊ႕တိုင္း တုတ္ခိုင္ေနေသာ လက္ေမာင္းႂကြက္သားမ်ားဟာလည္း ထိန္းမရသိမ္းမရထြက္ေပၚလာသည္။
မနက္ခင္း ေနေရာင္ခ်ည္ေအာက္တြင္ တည္တင္းေသာ မ်က္ႏွာေတာ္၊စုက်ဳံ႕ထားေသာမ်က္ခုံးတန္းႏွင့္အတူ ရင္ဘက္တစ္ေလွ်ာက္ စီးက်ေနေသာ ေခြၽးစက္မ်ားျဖင့္ ဒဝီဦးခိုက္၏ပုံရိပ္သည္ အပ်ိဳေတာ္မ်ားအတြက္ေတာ့ မူးေမ့လဲခ်င္စရာပင္။
(#ကိုယ္လည္းမူးေမ့လဲသြားပါၿပီ ခင္ဗ်ားေလးတို႔ေရာ လဲၾကဦးမလားဗ်:3 )

ထိုအခ်ိန္တြင္ မဏိမွာ အရွင္ခိုင္းထားသည့္ ကိစၥအားေဆာင္႐ြက္ၿပီးစီးေသာေၾကာင့္ ဥယ်ာဥ္ထဲဝင္လာလိုက္သည္။
ရင္ဘက္ထဲမွာပန္းေတြပြင့္လန္းေနကာ တစ္လမ္းလုံးၿပဳံးမိေနသည့္မ်က္ႏွာဟာလည္းထိန္းမရ။
မလွမ္းမကမ္းမွ အရွင့္ကိုျမင္သည့္အခါမွ အတတ္ႏိုင္ဆုံး မ်က္ႏွာပိုးသပ္လိုက္သည္။

“ကြၽန္ေတာ္မ်ိဳးေဆာင္႐ြက္ေတာ္မူခဲ့ပါၿပီအရွင္....”

“အင္း...သွ်င္းငယ္ေရာ အိပ္ယာႏိုးၿပီလား....”

“သခင္ေလးသွ်င္းကိုေတာ့ ကြၽန္ေတာ္မ်ိဳး မျမင္ခဲ့ပါဘူး အရွင္..”

“အင္း...”

အကုန္ၿပီးစီးသည့္အခါမွ ဒဝီလက္ကိုသန႔္စင္လိုက္ကာ ေဘးမွ ရပ္ေနသည့္ မဏိအား ၾကည့္လိုက္သည္။
ေပ်ာ္႐ႊင္ျမဴးထူးေနသည့္အရိပ္မ်ားျပည့္လွ်ံေနေသာ မဏိ၏မ်က္ဝန္းမ်ားကိုၾကည့္ရင္း

“မဏိ...”

“အမိန႔္ရွိပါအရွင္....”

“ခတၱရာသွ်င္ႏြယ္ကို သေဘာက်ေနတာလား...”

“အ အရွင္...”
မဏိ အရွင့္ဆီမွ မေမွ်ာ္လင့္ထားသည့္စကားေၾကာင့္ ထိတ္လန႔္သြားသလို တစ္ဆက္ထဲ ဒူးေထာက္ခ်လိုက္သည္။

“ကြၽန္ေတာ္မ်ိဳး ေသေလာက္သည့္အျပစ္ဒဏ္က်ဴးလြန္မိပါတယ္အရွင္....”

“ျငင္းဆန္မႈမျပဳဖူးပဲ...ေကာင္းတယ္....”

“အရွင္...”

“ကိုယ္ေတာ္ ခတၱရာကို ကိုယ္ေတာ့္ႏွမေလးလိုပဲ သေဘာထားတယ္...
ေမာင္မင္းနဲ႔ကိုယ္ေတာ္က ဟိုးငယ္စဥ္ကတည္းက အတူႀကီးျပင္းလာခဲ့တာပဲ...ေမာင္မင္းရဲ႕ခံစားခ်က္တစ္ခ်ိဳ႕ကို ကိုယ္ေတာ္ရိပ္မိပါတယ္....”

“စိုး႐ြံလွပါတယ္အရွင္...ကြၽန္ေတာ္မ်ိဳး...”

“ကိုယ္ေတာ္ခြင့္ျပဳတယ္...အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ကိုယ္ေတာ္တို႔လက္ဆက္ထားေပမယ့္ ခတၱရာကိုယ္တိုင္ကလည္း သေဘာတူညီမႈယူထားတယ္...အဲ့ဒီေတာ့ ေမာင္မင္းကို ကိုယ္ေတာ္ခြင့္ျပဳေပးမယ္...”

“ကြၽန္ေတာ္မ်ိဳး...”

မဏိဘာစကားေျပာရမွန္းကိုမသိ‌ျဖစ္ေနသည္။ဘယ္လိုတုန႔္ျပန္ရမလဲဆိုတာမသိ။ခုလိုကိစၥႀကီးမ်ိဳးကို အရွင္ကဘယ္လိုစိတ္ျဖင့္ နားလည္ခြင့္လႊတ္ေပးလည္းမသိေပ။
အရိပ္ေနေနအခက္ခ်ိဳးခ်ိဳးဆိုသည့္စကားပုံအတိုင္း သူဟာတိုင္းျပည္၏မိခင္ကိုမွ ျပစ္မွားမိေနျခင္းပင္မဟုတ္ပါလား။

ဒဝီဦးခိုက္မွာေတာ့ ငယ္စဥ္ကတည္းကတူတူႀကီးျပင္း‌လာေသာေၾကာင့္ မဏိ၏စိတ္ကိုေကာင္းစြာသိသည္။႐ိုးေျဖာင့္မွန္ကန္ၿပီး စိတ္သေဘာထားျပည့္ဝေသာ မဏိက ခတၱရာနာက်င္ေအာင္လုပ္လိမ့္မည္မဟုတ္။
ခုကိစၥကိုခြင့္ျပဳေပးရသည့္ အဓိကအေၾကာင္းအရာမွာ ခတၱသွ်င္ႏြယ္ကို မိမိတိုင္းျပည္အတြင္း ပိတ္ေလွာင္ထားၿပီးၿပီပဲျဖစ္၍ ႏွလုံးသားကိုမူမပိတ္ေလွာင္ခ်င္ေပ။
ႏွလုံးသားဆႏၵအတိုင္းလိုက္ေတာ့မည့္ ဒဝီဦးခိုက္အတြက္ ခတၱရာကို ကန႔္သတ္ထားပါက မတရားရာက်ေပလိမ့္မည္။
ထို႔အျပင္ တစ္ဖက္မွ အတြင္းသိအစင္းသိမဏိျဖစ္ေနေသာေၾကာင့္ ပို၍ နားလည္ေပးႏိုင္ျခင္းပင္ျဖစ္သည္။
သူမလည္း သူမရင္ခုန္သံကိုရွာေဖြသင့္သည္မဟုတ္ပါလား။

“မဏိ...”

“အမိန႔္ရွိပါအရွင္...”

“ကိုယ္ေတာ္က အသားလြတ္ခြင့္ျပဳေပးတာေတာ့ မဟုတ္ဘူး..ကတိတစ္ခုထားမယ္..”

“ဟုတ္ကဲ့ အရွင္....ကြၽန္ေတာ္မ်ိဳးနာခံလွ်က္ပါ...”

“ကိုယ္ေတာ္ဒီကိစၥကိုသိေနေတာ္မူတာကို ေမာင္မင္းကလြဲလွ်င္တျခားသူမသိပါေစနဲ႔...
သိသာသိေစမျမင္ေစနဲ႔ဆိုတဲ့စကားအတိုင္း ခတၱရာသိကၡာက်ေစမယ့္အျပဳအမူမ်ိဳး မလုပ္ဘူးလို႔ ကိုယ္ေတာ္ယုံတယ္...”

“စိတ္ခ်ေတာ္မူပါအရွင္...ကြၽန္ေတာ္မ်ိဳး သခင္မေလးသိကၡာက်ေစမည့္ အျပဳအမူမ်ိဳး အမူအယာျဖင့္ေတာင္လုပ္မည္မဟုတ္ေၾကာင္း ကြၽန္ေတာ္မ်ိဳးအသက္နဲ႔က်ိန္ဆိုဝံ့ပါတယ္ အရွင္...”

“သူစိတ္ဆႏၵမပါလွ်င္ေတာ့ ေမာင္မင္းကံ‌ပဲေပါ့....”

“ဟုတ္ကဲ့ အရွင္...”

“ေပ်ာ္စရာကိစၥတစ္ခုခုရွိပုံရတယ္ အဝင္တုန္းက ၿပဳံးလာတာေတြ႕လိုက္တယ္...”

“အာ...ဟုတ္ကဲ့ အရွင္...ဟို သခင္မေလးက ညေနေစာင္းက် ေဘာေဘာႀကီးေစတီဘက္လိုက္ပို႔ခိုင္းေတာ္မူလို႔ပါအရွင္...”

ဒဝီမ်က္ခုံးႏွစ္ဖက္ကိုအသာပင့္လိုက္သည္။
သူတို႔ကအေျခအေနေကာင္းေနတာပင္။

“ဪ...အဟမ္း !!သွ်င္းငယ္ေရာ ပါမယ္တဲ့လား...”

“အဲ့ဒါေတာ့ ကြၽန္ေတာ္မ်ိဳးလည္းမသိပါဘူးအရွင္...သခင္မေလးသြားတာဆိုေတာ့ ပါခ်င္လည္းပါလာႏိုင္ပါတယ္အရွင္...”

“အဟမ္း!! ေမာင္မင္းတစ္ေယာက္ထဲဆိုမသင့္ေလွ်ာ္ေပဘူး...ကိုယ္ေတာ္ေရာ လိုက္ခဲ့ေတာ္မူမယ္...”

“ခင္ဗ်ာ...”

ဒဝီ ေမးခြန္းထုတ္‌သလို လာၾကည့္သည့္ မဏိအား ခပ္တည္တည္စိုက္ၾကည့္ေပးလိုက္ရာ

“ဟုတ္ကဲ့ အမိန႔္တိုင္းပါအရွင္...”

“အဟြန္း!!!ေကာင္းၿပီ....”

ထို႔ေနာက္တြင္ေတာ့ ေနေစာင္းလွ်င္ဘယ္လိုဝတ္စားသြားရမလဲေတြးေနသည့္သေရေခတၱရာျပည့္ရွင္ႏွင့္အတူ အရွင့္အားနားမလည္ႏိုင္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ေနေသာ မဏိတို႔ ဥယ်ာဥ္ေတာ္ထဲမွ ထြက္ခဲ့ၾကေတာ့သည္။

တစ္ဖက္ကကံ့ေကာ္ေဆာင္အတြင္းတြင္လည္း ညစာႏွင့္မနက္စာေပါင္းစားေနေသာ ဧကေလးမွာ အစ္မေတာ္ႏွင့္အပ်ိဳေတာ္တို႔၏ ညေနေစာင္း ေဘာေဘာႀကီးဘုရားသြားေရာက္ပူေဇာ္မည္ဆိုေသာ သတင္းစကားေၾကာင့္ တက္ႂကြစြာလိုက္ဖို႔ျပင္ေနေလေတာ့သည္။

********

“သခင္ေလး အဆင္သင့္ျဖစ္ပါၿပီလားဗ်...”

သကၠ မိမိဝတ္ထားသည့္ အက်ႌအားေအာက္သို႔ျပန႔္ေအာင္ဆြဲခ်ရင္း အျပင္ဘက္မွ သခင္ေလးအား လွမ္းေခၚလိုက္သည္။

“ေအး ခဏ....”

ဧကေလး ကိုယ္လုံးေပၚ ေၾကးမုံေရွ႕မွ လွမ္းေအာ္ေျပာရင္း မိမိကိုယ္ကိုၾကည့္ေနမိသည္။
တစ္ခုခုကိုအလိုမက်စြာ မ်က္ေမွာင္က်ဳံ႕ထားၿပီး ဖားလ်ားက်ေနသည့္ ဆံပင္မ်ားကိုလည္း စိတ္မရွည္စြာ ကိုင္ထားသည္။
စိတ္ရွိလက္ရွိတိုင္းဆိုပါက ဒီဆံပင္မ်ားကိုညႇပ္ပစ္ၿပီး သေရေခတၱရာအတြင္းက ပ်ိဳမဒီေတြ မူးေမ့လဲသြားေအာင္ထိ လန္းေသာ ေခတ္က သူ႔ဆံပင္ပုံစံကို ျပန္လိုခ်င္သည္။
ထိုဆံပင္ပုံစံဟာ ျမန္မာႏိုင္ငံေတြႏွစ္ေယာက္မရွိႏိုင္ေသာ ဧကေလး၏ပုံစံျဖစ္ကာ ဒီဘက္ေခတ္မွာဆိုလွ်င္ ႀကီးႀကီးငယ္ငယ္ပ်ိဳမဒီမ်ား၏ အသဲကိုေခြၽယူႏိုင္သည္။

“ေယာက်ၤားေလးတစ္ေယာက္မွ အဓိကက ဆံပင္ပုံစံပဲကြ...ဆံပင္ပုံစံကအစေကာင္မေလးေတြကို ေခြၽယူႏိုင္‌ရမယ္...ဦးဦးလူပ်ိဳတုန္းကဆို ဝိုင္းဝိုင္းကိုလည္လို႔ပဲ...အဟမ္း!! ဧကေလးက ‌႐ုပ္ေလးကေခ်ာၿပီးသားဆို ဝင့္တခ်က္ပင့္တာနဲ႔ ေႂကြက်လာၾကမွာအေသခ်ာပဲ...”
ဧက ဦးဦးလင္းမိုေျပာထားသည့္စကားမ်ားအားျပန္ၾကားေယာင္ရင္း ႏႈတ္ခမ္းကိုတစ္ဖက္တြန႔္ၿပဳံးလိုက္သည္။

သို႔ေသာ္ ဆံပင္ညႇပ္မည္ဟုစဥ္းစား‌ထားေသာ အေတြးကိုဖယ္ကာ ဒီတေလာအတြင္းက်င့္သားရေနသည့္အတိုင္း ဆံႏြယ္ကိုေသခ်ာထုံးၿပီး ႏွဖူးစည္းကိုပါ တပ္ဆင္လိုက္သည္။
သူ႔ေခတ္သူ႔ခါအလိုက္ေနရဦးမည္ပဲမဟုတ္ပါလား။ထင္ေပၚေက်ာ္ၾကားတာကိုသေဘာက်ေသာ္လည္း မ်က္ဝန္းျပာမ်ားႏွင့္တင္ အာ႐ုံစိုက္ခံေနရၿပီးသားျဖစ္၍ လက္ေလွ်ာ့လိုက္သည္။
ထို႔ေနာက္တြင္ေတာ့ တစ္ကိုယ္လုံးကို ေၾကးမုံထဲတစ္ေခါက္ျပန္ၾကည့္ကာ ထြက္လာလိုက္သည္။

“သြားမယ္...”

“ဟုတ္ သခင္ေလး....”

ခတၱရာႏွင့္အပ်ိဳေတာ္မ်ားမွာေတာ့ လိုအပ္သည္မ်ားကို ယူေဆာင္ကာ သြားဖို႔ျပင္ဆင္ေနသည္။
အပ်ိဳေလးမ်ား၏ ရွက္ကိုးရွက္ကန္းအမူအယာမ်ားကို ခတၱရာသတိထားမိခိုက္ ေဘးဘီသို႔ၾကည့္လိုက္ရာ အနားသို႔မေယာင္မလည္ႏွင့္ေရာက္လာေသာ ေမာင္ငယ္ျဖစ္သူႏွင့္ သကၠအားေတြ႕လိုက္ရသည္။
ခတၱရာ အသာၿပဳံးရင္း ပန္းမ်ားကို သကလပ္ေပၚအသာေခြတင္‌လိုက္သည္။

ပ်ားရည္ေတြေမွာက္ခ်လာသလားေအာက္ေမ့ရေသာ သကၠ၏အၿပဳံးမ်ားဟာဆိုလွ်င္ အပ်ိဳေတာ္ေလးမ်ားဆီက တစ္ခ်က္မခြာ။
*သကၠ သကၠ...ထူးျခားႏွစ္ကိုယ္ခြဲလို႔မထင္ရေအာင္ထိ ဖြန္ေၾကာင္တာကဆရာက်လိုက္တာ...*
ဧကေလး သကၠအားၾကည့္ရင္း ေခါင္းကိုအသာရမ္းလိုက္သည္။ထူးျခားသည္လည္း အလားတူပင္မဟုတ္ပါလား။ေက်ာင္းတက္ေနသည့္တစ္ေလွ်ာက္လုံး ေၾကာင္လိုက္သည့္ ဖြန္၊ေကြၽးလိုက္သည့္မ်က္စိအစာ၊ ဇကက် တစ္စက္ေလးမွမရွိေပ။တကယ့္တကယ္က် ထူးျခားအတည္လိုက္သည္မွာလည္းမရွိ။ဧကေလးတို႔ မ်က္စိအစာေကြၽးသည္ဆိုတာက အပ်င္းေျပ‌ပင္။
သို႔ေသာ္ ယခုခ်ိန္ထိ အဘယ္သူမွ်သူ႔မ်က္လုံးထဲမတိုးေသးတာကေတာ့အမွန္ပင္။
ထိုအေၾကာင္းကိုစဥ္းစားေနခိုက္ ျမင္ေယာင္လာသည္က ပယင္းေရာင္မ်က္ဝန္းတစ္စုံႏွင့္မ်က္ႏွာေတာ္တစ္ခုပင္။

*က်စ္!!မျဖစ္ေသးပါဘူး ...ဒီေန႔ည ေသခ်ာေအာင္လုပ္ရမယ္...ဟုတ္တယ္..ငါကအေျဖာင့္...သေရေခတၱရာအတြင္းက အပ်ိဳေတာ္ေတြကို ေသခ်ာရႉစားေတာ္မူရမယ္...အဟမ္း!!မင္းျမတ္ဧကဦးမာန္ပါကြ..ေကြးစရာလား.....*
ဧကေလး ဟန္ကိုယ့္ဖို႔ကိုယ့္ကိုကိုယ္ မာန္တင္းလိုက္သည္။စိတ္ထဲတြင္ ထိုလူႏွင့္ကိုယ္ဟာ မျဖစ္ႏိုင္ဘူးဆိုသည့္အေၾကာင္းအရာမ်ားကလြန္ဆြဲေနရာ ထိုလူေၾကာင့္ မိမိဟာေကြးေတာ့မည့္အနံ႔မ်ားလည္းရေနသည္။
မေန႔က ဥယ်ာဥ္ေတာ္ထဲ ဘယ္လိုစိတ္လြတ္ၿပီး အရွင့္ရင္ခြင္ထဲ ဝ‌င္ေရာက္ငိုမိခဲ့လည္းမသိေပမယ့္ ျပန္ေတြးၾကည့္တိုင္း ရင္ဘက္ထဲက ေႏြးေထြးၿပီး က်လိက်လိျဖစ္လာသည္မွာ ထိန္းမရ။

ထိုအခ်ိန္ မလွမ္းမကမ္းမွ မိမိတို႔ဘက္ဦးတည္လာေနေသာ အရွင္ႏွင့္သူ၏ကိုယ္ရံေတာ္အားေတြ႕လိုက္ရသည့္အခိုက္ ထိတ္ခနဲခုန္သြားသည့္ႏွလုံးခုန္သံႏွင့္အတူ မ်က္ႏွာပူစြာျဖင့္ ဧကေလး အနားမွကံ့ေကာ္ပန္းေတြသီထားသည့္ သကလပ္အား ဆြဲမလိုက္ေလေတာ့သည္။

CHANGE 🍁

ပ်င္းေနၾကၿပီလားဗ်...
ဖတ္ရတာအဆင္ေျပရဲ႕လားဟင္...
ကိုယ္မွားေနရင္ေထာက္ျပေပးသြားလို႔ရပါတယ္ဗ်...
မေန႔က ကိုယ့္အမွားကိုေျပာျပေပးသြားတဲ့ေကာင္မေလးႏွစ္ေယာက္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်❤️

ဒါနဲ႔reviewေလးေတာင္းလို႔ရမလား... ခင္ဗ်ားေလးတို႔ဆီက🥺ရရင္ေတာ့ တကယ္ေပ်ာ္မိမွာပဲ...

ခတ္က သူ႔ဆံပင္ပုံစံကို ျပန္လိုခ်င္သည္။
ထိုဆံပင္ပုံစံဟာ ျမန္မာႏိုင္ငံေတြႏွစ္ေယာက္မရွိႏိုင္ေသာ ဧကေလး၏ပုံစံျဖစ္ကာ ဒီဘက္ေခတ္မွာဆိုလွ်င္ ႀကီးႀကီးငယ္ငယ္ပ်ိဳမဒီမ်ား၏ အသဲကိုေခြၽယူႏိုင္သည္။

“ေယာက်ၤားေလးတစ္ေယာက္မွ အဓိကက ဆံပင္ပုံစံပဲကြ...ဆံပင္ပုံစံကအစေကာင္မေလးေတြကို ေခြၽယူႏိုင္‌ရမယ္...ဦးဦးလူပ်ိဳတုန္းကဆို ဝိုင္းဝိုင္းကိုလည္လို႔ပဲ...အဟမ္း!! ဧကေလးက ‌႐ုပ္ေလးကေခ်ာၿပီးသားဆို ဝင့္တခ်က္ပင့္တာနဲ႔ ေႂကြက်လာၾကမွာအေသခ်ာပဲ...”
ဧက ဦးဦးလင္းမိုေျပာထားသည့္စကားမ်ားအားျပန္ၾကားေယာင္ရင္း ႏႈတ္ခမ္းကိုတစ္ဖက္တြန႔္ၿပဳံးလိုက္သည္။

သို႔ေသာ္ ဆံပင္ညႇပ္မည္ဟုစဥ္းစား‌ထားေသာ အေတြးကိုဖယ္ကာ ဒီတေလာအတြင္းက်င့္သားရေနသည့္အတိုင္း ဆံႏြယ္ကိုေသခ်ာထုံးၿပီး ႏွဖူးစည္းကိုပါ တပ္ဆင္လိုက္သည္။
သူ႔ေခတ္သူ႔ခါအလိုက္ေနရဦးမည္ပဲမဟုတ္ပါလား။ထင္ေပၚေက်ာ္ၾကားတာကိုသေဘာက်ေသာ္လည္း မ်က္ဝန္းျပာမ်ားႏွင့္တင္ အာ႐ုံစိုက္ခံေနရၿပီးသားျဖစ္၍ လက္ေလွ်ာ့လိုက္သည္။
ထို႔ေနာက္တြင္ေတာ့ တစ္ကိုယ္လုံးကို ေၾကးမုံထဲတစ္ေခါက္ျပန္ၾကည့္ကာ ထြက္လာလိုက္သည္။

“သြားမယ္...”

“ဟုတ္ သခင္ေလး....”

ခတၱရာႏွင့္အပ်ိဳေတာ္မ်ားမွာေတာ့ လိုအပ္သည္မ်ားကို ယူေဆာင္ကာ သြားဖို႔ျပင္ဆင္ေနသည္။
အပ်ိဳေလးမ်ား၏ ရွက္ကိုးရွက္ကန္းအမူအယာမ်ားကို ခတၱရာသတိထားမိခိုက္ ေဘးဘီသို႔ၾကည့္လိုက္ရာ အနားသို႔မေယာင္မလည္ႏွင့္ေရာက္လာေသာ ေမာင္ငယ္ျဖစ္သူႏွင့္ သကၠအားေတြ႕လိုက္ရသည္။
ခတၱရာ အသာၿပဳံးရင္း ပန္းမ်ားကို သကလပ္ေပၚအသာေခြတင္‌လိုက္သည္။

ပ်ားရည္ေတြေမွာက္ခ်လာသလားေအာက္ေမ့ရေသာ သကၠ၏အၿပဳံးမ်ားဟာဆိုလွ်င္ အပ်ိဳေတာ္ေလးမ်ားဆီက တစ္ခ်က္မခြာ။
*သကၠ သကၠ...ထူးျခားႏွစ္ကိုယ္ခြဲလို႔မထင္ရေအာင္ထိ ဖြန္ေၾကာင္တာကဆရာက်လိုက္တာ...*
ဧကေလး သကၠအားၾကည့္ရင္း ေခါင္းကိုအသာရမ္းလိုက္သည္။ထူးျခားသည္လည္း အလားတူပင္မဟုတ္ပါလား။ေက်ာင္းတက္ေနသည့္တစ္ေလွ်ာက္လုံး ေၾကာင္လိုက္သည့္ ဖြန္၊ေကြၽးလိုက္သည့္မ်က္စိအစာ၊ ဇကက် တစ္စက္ေလးမွမရွိေပ။တကယ့္တကယ္က် ထူးျခားအတည္လိုက္သည္မွာလည္းမရွိ။ဧကေလးတို႔ မ်က္စိအစာေကြၽးသည္ဆိုတာက အပ်င္းေျပ‌ပင္။
သို႔ေသာ္ ယခုခ်ိန္ထိ အဘယ္သူမွ်သူ႔မ်က္လုံးထဲမတိုးေသးတာကေတာ့အမွန္ပင္။
ထိုအေၾကာင္းကိုစဥ္းစားေနခိုက္ ျမင္ေယာင္လာသည္က ပယင္းေရာင္မ်က္ဝန္းတစ္စုံႏွင့္မ်က္ႏွာေတာ္တစ္ခုပင္။

*က်စ္!!မျဖစ္ေသးပါဘူး ...ဒီေန႔ည ေသခ်ာေအာင္လုပ္ရမယ္...ဟုတ္တယ္..ငါကအေျဖာင့္...သေရေခတၱရာအတြင္းက အပ်ိဳေတာ္ေတြကို ေသခ်ာရႉစားေတာ္မူရမယ္...အဟမ္း!!မင္းျမတ္ဧကဦးမာန္ပါကြ..ေကြးစရာလား.....*
ဧကေလး ဟန္ကိုယ့္ဖို႔ကိုယ့္ကိုကိုယ္ မာန္တင္းလိုက္သည္။စိတ္ထဲတြင္ ထိုလူႏွင့္ကိုယ္ဟာ မျဖစ္ႏိုင္ဘူးဆိုသည့္အေၾကာင္းအရာမ်ားကလြန္ဆြဲေနရာ ထိုလူေၾကာင့္ မိမိဟာေကြးေတာ့မည့္အနံ႔မ်ားလည္းရေနသည္။
မေန႔က ဥယ်ာဥ္ေတာ္ထဲ ဘယ္လိုစိတ္လြတ္ၿပီး အရွင့္ရင္ခြင္ထဲ ဝ‌င္ေရာက္ငိုမိခဲ့လည္းမသိေပမယ့္ ျပန္ေတြးၾကည့္တိုင္း ရင္ဘက္ထဲက ေႏြးေထြးၿပီး က်လိက်လိျဖစ္လာသည္မွာ ထိန္းမရ။

ထိုအခ်ိန္ မလွမ္းမကမ္းမွ မိမိတို႔ဘက္ဦးတည္လာေနေသာ အရွင္ႏွင့္သူ၏ကိုယ္ရံေတာ္အားေတြ႕လိုက္ရသည့္အခိုက္ ထိတ္ခနဲခုန္သြားသည့္ႏွလုံးခုန္သံႏွင့္အတူ မ်က္ႏွာပူစြာျဖင့္ ဧကေလး အနားမွကံ့ေကာ္ပန္းေတြသီထားသည့္ သကလပ္အား ဆြဲမလိုက္ေလေတာ့သည္။

CHANGE 🍁

ပ်င္းေနၾကၿပီလားဗ်...
ဖတ္ရတာအဆင္ေျပရဲ႕လားဟင္...
ကိုယ္မွားေနရင္ေထာက္ျပေပးသြားလို႔ရပါတယ္ဗ်...
မေန႔က ကိုယ့္အမွားကိုေျပာျပေပးသြားတဲ့ေကာင္မေလးႏွစ္ေယာက္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်❤️

ဒါနဲ႔reviewေလးေတာင္းလို႔ရမလား... ခင္ဗ်ားေလးတို႔ဆီက🥺ရရင္ေတာ့ တကယ္ေပ်ာ္မိမွာပဲ...


Continue Reading

You'll Also Like

710K 73.4K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
498K 50.4K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
1.8M 276K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...