အချိန်များက တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးခဲ့သည်။
ရာသီတွေဟာလည်း အလီလီပြောင်းခဲ့ကြပြီ။
ကမ္ဘာကြီးကလည်းပြောင်းလဲလာခဲ့ပြီ။
လူတွေကလည်းပြောင်းလဲကုန်ကြပြီ...
သို့သော်
အရှေ့မြောက်ဒေသတွင်တိုက်ပွဲများကလည်း မရပ်မနားဖြစ်ပွားနေဆဲ
၂၀၁၆ခုနှစ်တွင် MNDAAလက်နက်ကိုင်များက မုံကိုးဒေသသို့ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာတော့ လောက်ကိုင်မြို့သို့ပြန်လည်အခြေချလာခဲ့ကြသည်။
"၂၀၁၇ခုနှစ်၊မတ်လ(၆)ရက်နံနက်အစောပိုင်းတွင် MNDAAအကြမ်းဖက်တပ်ဖွဲ့က
တပ်စခန်းများ၊ရဲစခန်းများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို လက်နက်ကြီး၊လက်နက်ငယ်ဖြင့်ပစ်ခွဲခဲ့၊မီးရှို့ဖျက်စီးခြင်း၊ပြန်ပေးဆွဲ၊ဓားပြတိုက် စသည့်အကြမ်းဖက်လုပ်ရက်များကိုလုပ်လာခဲ့ကြောင်း"
"ထိုဖြစ်စဉ်ကြောင့် မူလတန်းပြဆရာမ
ဒေါ်ပြာမှီအပါအဝင် အရပ်သားငါးဦးသေဆုံးကာ ကိုးကန့်ယာဉ်ထိန်းရဲ(၄)ဦးကိုလည်းဓားစာခဲအဖြစ်ခေါ်ဆောင်သွားကြောင်း"
"မီးရှို့ထားသည့်အလောင်း(၂၀)လောင်းအပြင်၊လက်နက်(၁၀)လက်ကိုလည်းသိမ်းဆည်းရမိကြောင်း"
"ထိုမတ်လ(၆)ရက်တိုက်ခိုက်မှုများတွင် MNDAAအဖွဲ့မှ အင်အား(၄၅)ဦးခန့်ဖြင့်
ဖူလီလိုက်ဟိုတယ်မှ ယွမ်ငွေသိန်း(၃၀၀၀)ခန့်ကို ဓားပြတိုက်ယူဆောင်ကာ ဟိုတယ်ဝန်ထမ်းအမျိုးသား၁၂၀ဦး၊အမျိုးသမီး၂၀၀ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း"
"လိုက်ပါရန်ငြင်းဆိုသည့်ဝန်ထမ်း(အမည်မသိအား)သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး၊အမျိုးသမီးဝန်ထမ်းတစ်ဦးကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း၊ကားများကိုလည်းမီးရှို့ဖျက်စီးခဲ့ကြောင်း..."
"ထိုသို့ဖမ်းဆီးခံရသည့်
ဝန်ထမ်းအမျိုးသား၁၂၀ဦးမှ တရုတ်နိုင်ငံသား(၁၀)ဦးကိုပြန်လည်လွှတ်ပေးခဲ့ကာ ကျန်ရှိနေသေးသည့်ဝန်ထမ်းများအား
ကုန်းကြမ်းဒေသဖမ်းဆီးခေါ်ဆောင်သွားကာ အကြမ်းဖက်သင်တန်းသို့တက်ရောက်စေခဲ့ကြောင်း"
စသည်ဖြင့် စုံလှစွာသောသတင်းများကလည်း နေ့စဉ်နှင့်အမျှကြားနေရဆဲ...
၂၀၁၇ခုနှစ်အတွင်းသတင်းဌာနများ၌
ထိုတိုက်ပွဲများ၊ပြန်ပေးဆွဲမှုများ၊အကြမ်းဖက်မှုများကသာနေရာယူထားခဲ့သည်။
အချိန်ကြာလာသော်လည်း အပြောင်းအလဲမရှိ နေရာဒေသအနှံ့အပြား၌ ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲများ....
ထပ်မံတိုးပွားလာရသည်က နိုင်ငံအတွင်းအာဏာသိမ်းမှု....
နိုင်ငံအတွင်း
မြန်မာ့တပ်မတော်၏အကြမ်းဖက်မှု၊သတ်ဖြတ်မှု။
*****************
၆နှစ်ကျော်ကြာပြီးနောက်.....၂၀၂၂ခုနှစ်
လမ်းမဘက်ကိုမျက်နှာမူ၍ ငေးနေပါသောလူတစ်ဦး....
ထိုလူသည် လှုပ်ရှားမှုမရှိဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေကာ အသက်ရှုသည်ကိုပင်မတွေ့ရ။
သို့ပါသော်လည်း မြင်နေရသည့် လမ်းမကြီးကိုတော့ မျက်ဝန်းတစ်စုံက လိုက်ကြည့်နေပါသည်။
ခဏကြာတော့ ထိုလူအနားသို့ လူတစ်ယောက်ရောက်လာကာ ဘေး၌လာထိုင်လေ၏။
လာထိုင်ချသည့်လူကလည်း ထိုလူကြည့်နေသည့် လမ်းမထက်သို့ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။
ဒီလူဟာ အမြဲတမ်း ဤကဲ့သို့ပင်...
တာဝန်ချိန်မှာသာ တည်ငြိမ်စွာရှိပေမယ့် ကျန်သည့်အချိန်များတွင်တော့ အဝေးတစ်နေရာကို ဆွေးဆွေးမြေ့မြေ့ကြည့်နေတတ်သည်မှာ
အကျင့်တစ်ခုလို...
တစ်ခြားသူများနဲ့လည်း သိပ်မရောတတ်သလို လက်အောက်ငယ်သားများနှင့်လည်း
တရင်းတနှီးမရှိလှ။
အထက်ကလူကြီးတွေနှင့်ဆိုလျှင်ပိုဆိုးသည်။
မိသားစုနဲ့ဖုန်းပြောတာလည်းမတွေ့ဖူးသလို ဆက်လာမည့်သူကလည်းမရှိ။
ချောမောသည့် ရုပ်ရည်ကြောင့် ပျိုမဒီလေးများက ကြိုက်ကြသော်လည်း
အမြဲတည်ကာ အေးစက်စက်ဖြစ်နေသည်မို့
ဘယ်သူမှမကြိုက်ရဲကြ။
ကိုယ်နှင့်တောင် တစ်ခန်းထဲနေသည်မို့ ခင်မင်နေကြခြင်း..ကိုယ်နဲ့ဆိုလျှင်တော့ စကားများပြောဖြစ်ကြပါသည်။
ကိုယ်နဲ့က ခင်လာတာလည်းငါးနှစ်လောက်ရှိခဲ့ပြီး ညီအကိုလိုဖြစ်နေကြတော့ တစ်ခြားသူများထက်စာရင်တော့ဒီကောင်လေးက သူ့အပေါ် ဖော်ရွေပါသည်။
"ကဲ ကိုယ့်လူ ဘာတွေစဉ်းစားနေတာ"
"ဒီလိုပါပဲဗျာ"
ပြန်ဖြေလာသူက လမ်းမကိုအကြည့်မလွှဲ..
"ချစ်သူအကြောင်းစဥ်းစားနေတာလား"
"မဟုတ်တာ"
"အကိုသိပါတယ်ကွာ။စစ်သားတစ်ယောက်အတွက် တမ်းတမ်းတတလွမ်းဆွေးစရာက နိုင်ငံရေးနဲ့၊အချစ်ရေးပဲရှိတာ။တစ်ခုမဟုတ်တစ်ခုပေါ့"
".........."
ဘာမှခွန်းတုံ့မပြန်တော့ဘဲ ငြိမ်သက်နေသူကြောင့် ရယ်လိုက်မိကာ
"မှန်သွားပြီမလား"
"မဟုတ်ပါဘူးဗျာ...ဒီတိုင်းထွေရာလေးပါးစဉ်းစားနေတာပါ"
"ဟုတ်ပါပြီကွာ"
စကားပြောချင်စိတ်ရှိပုံမပေါ်သည့်ကောင်လေးက သူ့ဘက်ကဘယ်လောက်စကားဝိုင်း
စည်ကားအောင်လုပ်လုပ်ဘာမှမထူးလာခဲ့။
ငြိမ်သက်မြဲငြိမ်သက်နေကာ ရှေ့သို့သာကြည့်နေ၏။
ဒါတင်မဟုတ် လက်တစ်ဖက်ကလည်း ညာဘက်လက်ပေါ်ဝတ်ထားသည့် အနီရောင်ကြိုးလေးကို ခပ်ဖွဖွပွတ်သပ်နေပြန်သည်။
"ဪ ဒါနဲ့...
အကိုမေးချင်လို့ပါ...စိတ်တော့မရှိနဲ့
ညီ့လက်မှာဝတ်ထားတဲ့ လက်ပတ်က
တော်တော်ကြာနေပြီနော်။
ပြီးတော့ အကို့အမြင်မှာ ညီက
ဒီလက်ပတ်ကို တော်တော်ကြီး...အင်း..ဘယ်လိုပြောရမလဲ"
သူ့အတွက်ဆက်ပြောဖို့အခက်တွေ့နေတော့
ကောင်လေးကတစ်ချက်ပြုံးသွား၏။
ထို့နောက် လက်ပတ်ကိုငုံကြည့်လိုက်ကာ
"ဒါလေးက ကျွန်တော့်အတွက်တစ်ယောက်သောသူရဲ့ ရှားရှားပါးပါး တစ်ခုတည်းသောပစ္စည်းလေ.."
"........"
"ကျွန်တော်သိပ်ချစ်ခဲ့ရပြီး သိပ်ရက်စက်ခဲ့မိတဲ့ လူနဲ့ တစ်ချိန်ကအတူတူရှိခဲ့ဖူးတယ်ဆိုတဲ့အမှတ်အသားလေးပေါ့.."
"သူကရော..အခုဘယ်မှာလဲ"
"........"
"ညီအဆင်ပြေမှပါ။ရင်ဖွင့်လိုက်ရင် အနည်းဆုံးတော့ ခံစားနေရတာတွေသက်သာသွားနိုင်တယ်လေ"
သူ့စကားဆုံးတော့ သူရစစ်နိုင်းက သူ့ကိုကြည့်လာ၏။တော်တော်ကြာကြည့်ပြီးကာမှ မျက်နှာပြန်လွှဲသွားကာ
"မရှိတော့ဘူး....ကျွန်တော့်ကြောင့် ထွက်သွားခဲ့ပြီ။သူ့အပေါ်ရက်စက်ခဲ့တဲ့၊သူ့အပေါ်
ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ်တွေလုပ်ခဲ့တဲ့
ကျွန်တော့်ကိုထားသွားခဲ့ပြီ...
နောက်ဆုံးအချိန်ထိ ကျွန်တော့်လုပ်ရပ်တွေကိုအပြစ်စကားတစ်ခွန်းမဆိုခဲ့တဲ့အပြင်
ကျွန်တော့်ကိုနေကောင်းအောင်နေပါ...
ကိုယ့်ကိုကိုယ်ဂရုစိုက်ပါတဲ့..
အဲ့တာပဲ...အဲ့စကားကိုပဲသူကပြောသွားခဲ့တာ
သူထွက်သွားတဲ့အချိန်ကတည်းက သူနဲ့ပတ်သက်ပြီးကျန်ခဲ့တာဆိုလို့ ကျွန်တော့်မှာဒါလေးတစ်ခုပဲရှိတော့တယ်..အဲ့တာကြောင့် ဒါလေးကကျွန်တော့်အတွက်သိပ်အရေးပါတဲ့ပစ္စည်းပဲ"
စကားဆုံးတော့ နိုင်း ထိုအကို ကိုပြုံးပြလိုက်မိသည်။အကိုက သက်ပြင်းချလိုက်ကာ
"ဒီလိုပါပဲ ဘဝဆိုတာ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့ဘဝမလား။
အကိုတို့ကစစ်သားဆိုတော့ ပိုဆိုးတယ်။
ကိုယ့်ဘဝအကြောင်း နားလည်ပေးနိုင်တဲ့ လက်တွဲဖော်နဲ့တွေ့ရင် အကိုတို့က
အချစ်တတ်ဆုံးလူသားတွေဖြစ်သွားပေမယ့်
ကိုယ့်ကို နားမလည်ပေးနိုင်တဲ့လက်တွဲဖော်နဲ့တွေ့တဲ့အခါ အကိုတို့ဟာ လူဆိုးလူမိုက်တစ်ယောက်ဖြစ်သွားကြပြန်ရော...
ကိုယ့်ကိုလူဆိုးဖြစ်စေတာကလည်း ဒီလူတွေပဲ၊လူကောင်းဖြစ်စေတာကလည်းဒီလူတွေပဲ...
အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ်
ရောက်တဲ့နေရာ၊ရောက်ရာအရပ်မှာ အဆင်ပြေသလို နေထိုင်ရမှာပေါ့...
မဟုတ်ဘူးလား..."
နိုင်းဘာမှပြန်မပြောမိတော့...
ပြုံးသာပြုံးပြလိုက်မိသည်။ထို့နောက်...
"ဪ ဒါနဲ့မျိုးမင်းထွန်းတောင်မိန်းမယူတော့မယ်တဲ့ကွ"
"မျိုးမင်းထွန်းဆိုတာ"
"ညီတို့အပတ်စဥ်ရဲ့ဂါဒီယန်ပဲလေ...
ညီတို့ထက် အပတ်စဉ်နောက်ကျတယ်မလား..ဟိုအသားဖြူဖြူ ရှမ်းမျက်နှာပေါက်နဲ့လေကွာ.."
"သိပြီ သိပြီ"
နိုင်းခေါင်းငြိမ့်ပြလိုက်တော့
"အင်း အဲ့တာအကိုတို့ကိုလာဖိတ်ထားတယ်.နောက်နှစ်ရက်ကျရင်လားမသိဘူး....
အကိုရှိချင်မှရှိမှာ..မနက်ဖြန်အဘနဲ့ တိုင်းမှူးခရီးစဉ်လိုက်ရမှာမို့လို့ ညီပဲသွားလိုက်တော့။"
"ဟုတ်"
နိုင်းခေါင်းငြိမ့်ပြလိုက်သည်။
ခဏကြာတော့ ရောက်မိရောက်ရာစကားဆက်ပြောကြရင်း သူ့မိသားစုအကြောင်းရောက်သွားတော့လေသည်။
"ဗိုလ်မှူးတို့"
ထိုအချိန်နောက်ပါးမှခေါ်လာသည့် စကားသံကြောင့်လှည့်ကြည့်မိကြသည်။
"ထမင်းစားလို့ရပါပြီ"
"လှမောင် ငါတို့ဒီနေ့အပြင်သွားစရာရှိတယ်ကွ စားဖြစ်မှာမဟုတ်တော့ဘူး အပြင်မှာပဲစားလာတော့မယ်"
"ဟုတ်ကဲ့"
ထွက်သွားသည့်သူကိုကြည့်ကာ ထိုကောင်လေးဘက်ကိုပြန်ကြည့်၍
"ကဲ ညီ သွားကြရအောင်။"
"ဟုတ်ကဲ့"
ထို့နောက်နှစ်ယောက်သား ကားဖြင့်ထွက်လာ၍ တိုင်းရုံးသို့သွားတော့သည်။
အပြန်ကျတော့ ထမင်းဆိုင်၌ထမင်းဝင်စားကြ၏။
ဒီထမင်းဆိုင်က သပ်သပ်ရပ်ရပ်ရှိလှကာနာမည်ကြီးမို့ လူအမြဲပြည့်နေတတ်သည်။
ဟင်းပွဲများရောက်လာချိန်ထမင်းစားဖို့ပြင်တော့ ဘေးဘက်မှထွက်လာသည့်အသံများကြောင့် နားထောင်မိသည်။
"ဒီနေ့ ကိုးကန့်ဘက်ကခေါင်းဆောင်တစ်ယောက်ကို videoနဲ့အမေးအမြန်းလုပ်ထားတာ လွှင့်မှာကွ"
"ဟုတ်လား"
"အေ"
"ဘာတွေလာအုံးမလဲမသိဘူး စိတ်ဝင်စားလို့စောင့်နေတာ"
နိုင်း ကိုးကန့်အဖွဲ့ဟုကြားသောကြောင့်
တစ်ချက်စိတ်လှုပ်ရှားမိသော်လည်း တစ်ယောက်သောသူ မဖြစ်နိုင်မှာသေချာနေသောကြောင့် စိတ်မဝင်စားတော့။
ခဏကြာတော့
"လာပြီလာပြီ"
ဟုထအော်လာသည့် သူများကြောင့် နှစ်ယောက်သား ထမင်းစားနေရင်းမှကြည့်မိသည်။
အင်တာဗျူးမယ့်သူတွေကပေါ်မလာသေး...
ခုမှစပြရုံသာ ဘယ်လိုတွေတောင်ဖြစ်နေလဲမသိ။
သိပ်မကြာလိုက်။ တီဗီမှစကားသံများပေါ်လာသည်မို့ မော့ကြည့်လိုက်မိသည်။
"မင်္ဂလာပါရှင့်"
"မင်္ဂလာပါ"
နိုင်းစိတ်မဝင်စားစွာ ထမင်းပြန်စားဖို့လုပ်လိုက်ရင်း ကြားလိုက်ရသည့်အသံကြောင့် ကိုင်လက်စဇွန်းများက လေထဲ၌တန့်သွားခဲ့သည်။
ဒီအသံ...
မကြားရတာ(၆)နှစ်ကျော်ခဲ့ပေမယ့် သူမှတ်မိဆဲ။ပြောင်းလဲသွားသည်က
အရင်လိုနူးညံ့သည့်အသံမဟုတ်တော့ဘဲ ဩဇာအာဏာစက် ပြင်းလှသည့်အသံဖြင့်။
သူတို့ပြောသည့်စကားသံတွေကြားနေရပေမယ့် နိုင်းမော့မကြည့်မိသေး။
တစ်ယောက်သောသူ၏ မျက်နှာကိုကြည့်ဖို့အတွက် သူမဝံ့မရဲဖြစ်နေ၏။
"ဖေဖော်ဝါရီလက ကိုးကန့်တပ်ဖွဲ့ရဲ့ဥက္ကဌ ဦးဖုန်ကြားရှင် လူကြီးရောဂါနဲ့ဆုံးသွားတဲ့ သတင်းကြားရပါတယ်။အဲ့နောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ကို ဦးဖုန်ကြားရှင်ရဲ့ သားအကြီးဆုံး ဦးဖုန်တာရှင်က ဦးဆောင်နေတယ်လို့ကြားသိရပါတယ်။အဲ့တာဟုတ်ပါသလားရှင့်"
"ဟုတ်ပါတယ်"
"ဟုတ်ကဲ့ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ကရော MNDAAအနေနဲ့ ဘယ်လိုလုပ်ဆောင်သွားမလဲရှင့်"
"အပစ်အခတ်ရပ်စဲမှုကတော့မရှိသေးပါဘူး။
အခုလက်ရှိ ရှမ်းမြောက်ဘက်မှာ တိုက်ပွဲတွေ ဟိုတစ်ပွဲဒီတစ်ပွဲဖြစ်နေတာကို ကြားမယ်လို့ထင်ပါတယ်။အဲ့တာကြောင့် မသေချာသေးပါဘူး။"
နိုင်းတဖြည်းဖြည်းအားတင်းပြီးမော့ကြည့်လိုက်မိသည်။
တွေ့ပါပြီ...သူမမြင်ရတာကြာနေပြီဖြစ်သည့်မျက်နှာ.....
၃၅နှစ်အရွယ် ယောက်ျားတစ်ယောက်၏ ယောက်ျားပီသလှသည့်မျက်နှာ......
အရင်လို အရယ်အပြုံးနဲ့တော့မဟုတ်။
တည်ငြိမ်နေသောမျက်နှာက ရင့်ကျက်သွားသည့်သဘောကိုဆောင်လေသလား ...
ဒါမှမဟုတ်
လူကြီးဆန်သည့် ပုံစံကိုဖော်ပြနေသလား..
ဖုန်းထဲမှတစ်ဆင့်မြင်နေရပေမယ့် ထိုသူ၏မျက်နှာအား သူရှင်းလင်းစွာတွေ့ရပါသည်။
ကင်မရာကိုအဝေးကချိန်ထားသည်မို့ မျက်နှာတင်မက ခန္ဓာကိုယ်ကိုပါမြင်တွေ့နိုင်သည်။
အရင်လို ကုတ်အရှည်ဝတ်တတ်သည့်အကျင့်ကတော့မပြောင်းလဲ...
တည်တံ့နေသောမျက်နှာထားက မေးသည့်မေးခွန်းများကို သေသေချာချာဖြေပေးနေ၏။
ဘယ်လောက်တောင်လွမ်းနေခဲ့ရတာမလို့လဲ။
ပြီးတော့ သူ့ကို ဘယ်လောက်တောင်နာကြည်း နေခဲ့မဲ့ မျက်နှာလေးလဲ။
နိုင်းငေးကြည့်နေတာ အချိန်ဘယ်လောက်ကြာသွားသည်မသိ နောက်ဆုံးမေးခွန်းသို့ရောက်ရှိကာမှအသိပြန်ဝင်လာ၏။
"ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ကိုးကန့်တပ်ဖွဲ့အကြောင်းအကျဉ်းချုပ်လေးပြောပြပေးပါရှင့်"
"ကိုးကန့်အဖွဲ့ဆိုတာ အခုမှပေါ်လာတာမဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။
၁၉၈၉ခုနှစ် နဝတစစ်အစိုးရလက်ထက်မှာအစိုးရနဲ့ ပထမဆုံးငြိမ်းချမ်းရေးယူခဲ့တာ ကျွန်တော်တို့ကိုးကန့်အဖွဲ့ပါ။
ကျွန်တော်တို့ပြီးမှ နောက်အဖွဲ့၁၇ဖွဲ့လောက်က ငြိမ်းချမ်းရေးယူခဲ့ကြတာပါ။
မူးယစ်ဆေးဝါးပပျောက်ရေးလည်း ထဲထဲဝင်ဝင်လုပ်ခဲ့တယ်။
ဒါကြောင့် ၂၀၀၂ခုနှစ်မှာ ကိုးကန့်နယ်မြေကိုဘိန်းကင်းစင်တဲ့ နယ်မြေအဖြစ်ကြေညာနိုင်ခဲ့တယ်။
ဒါပေမယ့်၂၀၀၉ခုနှစ်မှာတော့ စစ်အစိုးရက ကျွန်တော်တို့ကိုစွပ်စွဲခဲ့တယ်။
မူးယစ်ဆေးဝါးထုတ်လုပ်တယ်၊လက်နက်စက်ရုံတည်ထောင်တယ်ဆိုပြီး စွပ်စွဲခဲ့ကြတယ်။ပြီးတော့ ကျွန်တော်တို့နယ်မြေပေါ်ကနေ ကျွန်တော်တို့ကိုတိုက်ထုတ်ခဲ့ကြတယ်။
သူတို့ကပြောကြတယ်..ကျွန်တော်တို့က
ကိုးကန့်နယ်မြေကို ကျူးကျော်သိမ်းပိုက်ချင်နေကြတဲ့လူတွေတဲ့။အဲ့တာကို ကျွန်တော်ကလက်မခံပါဘူး။
ဒါဟာ အရင်ကတည်းက ကျွန်တော်တို့အိမ်ပါ။ကျွန်တော်တို့က ကိုယ့်အိမ်ကိုပြန်လာကြတဲ့လူတွေပါ။
ကိုယ့်အိမ်မှာ ကိုယ်ပြန်နေရဖို့ကြိုးစားနေကြတဲ့သူတွေပါ။
အဲ့တာကိုကျူးကျော်တယ်လို့သတ်မှတ်ကြတယ်၊သူပုန်လို့ ခေါ်ကြတယ်။
ကျွန်တော်တို့က ဂရုမစိုက်ပါဘူး....."
"ဟုတ်ကဲ့ ပြီးတော့ အခု မြန်မာနိုင်ငံမှာအာဏာသိမ်းခဲ့တာ ၁နှစ်ကျော်သွားခဲ့ပါပြီ။အဲ့တာနဲ့ပတ်သက်ပြီးရော ဘာများပြောချင်သေးလဲရှင့်"
"အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေဖြစ်ပေါ်နေတယ်။
အဲ့လိုအာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ဆိုတာ ဘယ်လောက်ဖိနှိပ်ချုပ်ချယ်တတ်မှန်း သိလောက်ကြပါပြီ။
ကျွန်တော်တို့ တိုင်းရင်းသားတွေက
စစ်အာဏာရှင်ရဲ့ ခေါင်းပုံဖြတ်မှု၊ဖိနှိပ်ချုပ်ချယ်မှုတွေကိုခံလာခဲ့ရတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။
ပြည်သူတွေလည်း ကျွန်တော်တို့ခံစားချက်တွေကို ထပ်တူခံစားမိကြလိမ့်မယ်လို့ထင်ပါတယ်။လူဆိုတာ ကိုယ်တိုင်ခံစားဖူးမှ နားလည်ကြတာမလား....."
တဖြည်းဖြည်းတင်းမာလာသည့်လေသံကို တခြားသူတွေကသတိမထားမိပေမယ့် ရှင်းအကြောင်းသိသည့်နိုင်းကတော့သတိထားမိသည်။
သေချာသည်။ရှင်းဒေါသထွက်နေ၏။
"ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်"
"ဟုတ်ကဲ့"
တီကနဲပိတ်သွားသည့် ဖန်သားပြင်ထက်
ချစ်ရသူ၏မျက်နှာပျောက်ကွယ်သွားသည့်တိုင် နိုင်းအသိမဝင်နိုင်သေး..
ဖန်သားပြင်ကိုသာ ငေးငိုင်၍ကြည့်နေမိသည်။
"ညီ"
"......."
"ညီ သူရစစ်နိုင်း"
"ဗျာ"
"စားလေ ဘာလဲခုနက ပြောသွားတဲ့စကားတွေကိုစဉ်းစားနေတာလား"
နိုင်းဘာမှပြန်မပြောမိ...
"သူတို့ဘက်ကကြည့်ရင် သူတို့မှန်သလို အကိုတို့ဘက်ကကြည့်ရင်လည်း အကိုတို့မှန်တာပဲလေ။
အမြင်မတူတဲ့ နှစ်ဘက်မို့ ဘယ်လိုကြည့်ကြည့်ဆန့်ကျင်ဘက်တွေပဲ မြင်ရမှာမလား"
နိုင်း ထိုစကားကြောင့်ပြုံးပြလိုက်သည်။
ဟုတ်တယ်...အမြင်မတူ...လျှောက်လမ်းမတူကြတဲ့လူတွေမို့ ဘယ်လိုကြည့်ကြည့် ဆန့်ကျင်ဘက်တွေမြင်ရမှာဖြစ်သလို
ဘယ်တော့မှ ညီညွတ်နိုင်ကြမှာလည်းမဟုတ်ဘူး။
"ကဲ ထားပါ..ညီ ခွင့်တင်ထားတယ်မလား"
"ဟုတ်တယ်အကို"
"အဲ့တာခွင့်ကျပြီလား"
"ဟုတ် ဒီလထဲမှာကျမယ်ထင်တယ်"
ခေါင်းငြိမ့်ပြလာသည့် အကိုဇေယျာဝင်းက
တစ်ခုခုကို စဉ်းစားနေဟန်ဖြင့်..
"ညီက ဘယ်ကိုပြန်မှာ"
"မသိသေးဘူးအကို ကျွန်တော် စိတ်ကူးပေါက်ရာသွားမိမယ်ထင်တယ်"
"ဪ အေးပါ"
ထို့နောက် နှစ်ယောက်သားစကားဆက်မပြောကြဘဲ ထမင်းသာဆက်စားဖြစ်ကြ၏။
ဟုတ်သည်လေ...သူ့လိုလူအတွက်
ကြိုနေမယ့် အိမ်ကဘယ်မှာများရှိခဲ့ဖူးလို့လဲ...
*********
သူဒီနေ့ခွင့်ပြန်မည့်နေ့......
ဟိုလက ခွင့်ကျမည်ထင်ထားပေမယ့် ဒီလမှကျသည်မို့ ဒီလမှပြန်ဖြစ်သည်။
ခွင့်ကျကျခြင်း သူဘာမှမစဉ်းစားမိ။
သူ့စိတ်ထဲဝင်လာသည်က တစ်ခုတည်း....
နောက်တစ်ခါဆိုတာမသေချာပြီမို့ သူသွားချင်ပါသည်။
အနည်းဆုံးတော့ သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကို ပြန်မြင်ခွင့်ရှိနိုင်လောက်တယ်မလား။
မနက်ခွင့်ရပြီဆိုတာနဲ့ ညနေပိုင်းချက်ချင်းအထုတ်ပြင်ကာ သူထွက်လာခဲ့လိုက်သည်။
တစ်ကိုယ်တည်းသမားမို့ ပစ္စည်းကများများစားစားတော့မပါ။
မန္တလေးမှ လားရှိုးသို့......
လားရှိုးမှတစ်ဆင့် လောက်ကိုင်သို့....
လားရှိုးမှစထွက်လာသည့်အချိန်မှစကာ သူစိတ်လှုပ်ရှားနေမိသည်။
ချစ်ရသူနဲ့တွေ့ရမည့်အတွက်လား...
အရင်က နေဖူးခဲ့သည့်ဒေသဆိုသည့်အကြောင်းပြချက်ဖြင့်လား...
ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် သူစိတ်လှုပ်ရှားနေပါသည်။
ကားစီးတာကြာလာတော့ လူကအိပ်ချင်လာပေမယ့် သူမအိပ်မိ။
အိပ်လိုက်ရင် မျက်စိထဲကမြင်ကွင်းများပျောက်သွားမှာစိုးသည့်အတွက်...
ကွမ်းလုံကြိုးတံတားကို မမြင်လိုက်ရမှာဆိုးသည့်အတွက်.....
သွားနေသည့်ကားလေးက တောင်ကုန်းတောင်တန်းများကိုဖြတ်သန်းသွားလာနေပြီး
ကားထဲ၌ သီချင်းသံများကလည်းပျံ့လွင့်နေခဲ့လေသည်။
🎶"ကမ္ဘာဟာ သူ့အချိန်တိုင်းသူလည်ပတ်အုံးမှာပါ
ဆောင်းနွေမိုးတွေ အလွတ်တမ်းရောက်လာနေကျ
တစ်ကယ်တို့ဝေးရင် တစ်ရက်တော့ငိုကွာ
ကိုယ်စီအသက်ရှင်ရမယ်မပျော်တဲ့ လူ့ဘဝတွေမှာ
ကြုံမယ်တစ်နေ့တာဝတ္တရားများ ရှိတဲ့အချိန်မှာ
တကယ်တို့ဝေးရင် တစ်ရက်တည်းမင်းငိုပါ
မလွယ်ပေမယ့် ....ကိုယ်တစ်ယောက်တည်း
ဝင်လာခဲ့တဲ့လောကကြီးမှာ.....
ဒီအချိန် ကိုယ်တစ်ယောက်တည်း
အသည်းကွဲလို့ကျန်နေလည်း အချစ်ရယ်
ကမ္ဘာမှာနောက်နေ့သစ်တွေလာမှာပဲ...
သဘာဝပဲ.....
လွန်ဆန်ခွင့်မရှိတဲ့ နှုတ်ဆက်ရခြင်းတွေ
ကြိုတင်မမြင်နိုင်တဲ့ အပြောင်းအလဲများကြုံသော်လည်း....
အချစ်ရာ....မြင်လား..."
ရွေ့လျားနေသည့်ကားလေးက
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဆိုင်းဘုတ်ရှေ့မှဖြတ်သန်းသွားပြီ
နာရီအနည်းငယ်အကြာမှာတော့
"ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ"
ဆိုသည့် စာတမ်းပါ ဆိုင်းဘုတ်ပြာပြာ တစ်ခုကိုလှမ်းမြင်လိုက်ရလေသည်။
နိုင်းရင်တွေခုန်နေခဲ့သည်။။
နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။
(၆)နှစ်ကျော်ကြာခဲ့ပြီးတဲ့နောက်မှာတော့
ဒီမြေပေါ်ကို သူပြန်လည်ခြေချနိုင်ခဲ့ပြီ။
ကားပေါ်မှဆင်းပြီးနောက် ပလုတ်တုတ်တစ်စီးငှားကာ သူမြို့ထဲသို့ထွက်လာတော့သည်။
ထိုမှတစ်ဆင့် သူဦးတည်ရာသို့....
ပြောင်းလဲကုန်ပြီ....
ဒီမြေ၊ဒီရေက လူနေမှုအဆောက်အအုံတွေက
သူ့အတွက်ပြောင်းလဲသွားခဲ့ပြီ။
ဒီပတ်ဝန်းကျင်ကလည်း သူ့အတွက် စိမ်းသက်သွားခဲ့ပြီ။
ဒီမြေမှာ ဗမာတွေပေါများလာခဲ့ပြီ။
ဒီမြေမှာ ဗမာလူမျိုးတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေပေါများလာခဲ့ပြီ။
နေရာတိုင်းမှာဗမာလူမျိုးများ၊ဗမာဈေးဆိုင်တန်းများ....
ခေတ်မှီတိုက်တာအဆောက်အအုံဆိုတာကလည်း အရင်ကထက်ပိုများလာခဲ့သလို
ကာစီနိုဝိုင်းတွေကလည်း အရင်ကထက်
ပေါများလာခဲ့ပြီ။
တစ်ချိန်က မြေပြန့်သာဖြစ်ခဲ့သည့် နေရာက အဆင့်မြင့်အိမ်များဖြစ်သွားခဲ့သလို
ခြုံနွယ်ထူထပ်ခဲ့သည့် နေရာဟာလည်း
ဆောက်လက်စတိုက်ကြီးများနှင့်...
ဘုံခုနှစ်ဆင့်ဟာလည်း ခေတ်မှီခဲ့ပြီဖြစ်သလို
ဈေးတန်းတွေဟာလည်း သန့်ရှင်းသပ်ရပ်ခဲ့ပြီ။
ဒီမြေမှာဝူကျော့တန်တွေမသုံးကြတော့။
သူသိပ်သဘောကျရတဲ့ ဝူကျော့တန်တွေကို
အခုခေတ်ကလေးတွေဟာ မကြားဖူးကြတော့။
အရင်က ဝူကျော့နဲ့ဝယ်လို့ရခဲ့တဲ့မုန့်တွေက အခုဆိုရင် တစ်ယွမ်နဲ့တောင် သိပ်မလောက်ချင်တော့...
အရင်ကလို အခွေတွေလည်း မရောင်းကြတော့....
အရာရာဟာ အသစ်အဆန်းများ၊တိုးတက်မှုများ၊ပြောင်းလဲမှုများနှင့်သာ.....
မင်းရော အဲ့လိုပြောင်းလဲသွားလောက်ပြီလားရှင်း...
အရင်လို ငါ့ကိုချစ်သေးလားလို့တော့
မေးမထွက်တော့ပါဘူး...
ထွက်သွားခဲ့တဲ့အချိန်ကတည်းက မင်းကငါ့ကိုပြတ်ပြတ်သားသားပြောသွားခဲ့လို့....
"ကောင်းပြီ..... ငါထွက်သွားမယ်.....
ထွက်သွားပြီးရင်တော့ လုံးဝပြန်မလာတော့ဘူး။
မင်းအငွေ့အသက်တွေရှိခဲ့တဲ့နေရာကိုခြေဦးတောင်လှည့်ဖို့မကြိုးစားတော့ဘူး။
ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ၊ပျော်ရွှင်ခဲ့ဖူးတဲ့အမှတ်တရတွေကို ဗလာနတ္တိဖြစ်သွားအောင်မေ့လိုက်တော့မယ်..
နိုင်း ဆိုတဲ့နာမ်စားကို ငါ့နှလုံးသားထဲမှာ ဘယ်တော့မှမဖွင့်မိအောင် သော့ခတ်ထားတော့မယ်.."
မင်းပြောသွားတဲ့အတိုင်း ငါတို့ရဲ့အမှတ်တရတွေကို ဘာမှသတိမရတော့ဘူးလား...
ငါဆိုတဲ့နာမ်စားကိုရော မင်းနှလုံးသားထဲကနောက်တစ်ခေါက်ထပ်ဖွင့်မကြည့်တော့ဘူးလား..
ငါဆိုတဲ့ကောင်ကို အခုချိန်ထိ ခွင့်မလွှတ်နိုင်သေးဘူးလား...
ပလုတ်တုတ်က တဖြည်းဖြည်းရွေ့လျားရင်း
တစ်နေရာအရောက်မှာတော့ ရပ်တန့်သွားလေသည်။
"ရပြီအကို ဒီနားမှာပဲဆင်းတော့မယ် ဘယ်လောက်လဲ"
ကျသင့်သည့်ပိုက်ဆံကို ရှင်းပေးကာ ဆက်လျှောက်လာမိသည့်တစ်ခုတည်းသောနေရာက .....
နိုင်းလျှောက်လှမ်းနေသည့် ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။
ထို့နောက်မြင်နေရသည့် မျက်စိရှေ့မှမြင်ကွင်းများ အထူးအဆန်းကဲ့သို့ကြည့်နေမိသည်။
တစ်ချိန်က တစ်ယောက်သောသူ တယုတယပျိုးထောင်ပေးခဲ့သည့် ပန်းသီးပင် လေးပင်သည်
ပန်းသီးစိမ်းများဝေဆာပွင့်သီးနေကြသည်။
ခြံဝန်းထဲ၌လည်းသပ်ရပ်သန့်ရှင်းမှုရှိနေသည်က လူရှိသည့်အဓိပ္ပာယ်မဟုတ်ပါလား။
ခြံဝန်းထဲသူတို့စကားထိုင်ပြောခဲ့ကြသည့်
ခုံတန်းဟာလည်းအရင်အတိုင်း အပြောင်းအလဲမရှိ....
အိမ်အနေအထား၊အိမ်ပုံစံဟာ သူတို့နှစ်ယောက်နေထိုင်တုန်းကလိုပင်....
အိမ်နောက်ဖေးကကြီးမားစွာပေါက်ရောက်နေသည့် အပင်ကြီးက ကြီးမားလွန်းလှသည်မို့ အိမ်ရှေ့ကပင်လှမ်း၍ မြင်နိုင်သည်။
ရှင်းပြောခဲ့သလို ချယ်ရီပင်ကြီးများလား..
နိုင်းကြည့်နေရင်းနှင့် သူ့မျက်စိရှေ့ထဲသို့ ကောင်လေးနှစ်ယောက်က ပေါ်လာခဲ့လေသည်။
ကောင်လေးတစ်ယောက်က ကုန်းချ၍ပန်းသီးပင်ဘေး၌ မြေကြီးများတူးဆွနေကာ ကျန်ကောင်လေးတစ်ယောက်ကတော့ ဘေး၌ရပ်၍ပွစိပွစိနှင့်ပြောနေလေသည်။
ခဏကြာတော့ ကုန်းနေသည့်ကောင်လေးက
ထရပ်လိုက်ကာ ဘေးမှကောင်လေးအားဆွဲ၍ နှစ်ယောက်သားထိုင်ခုံပေါ်၌ ထိုင်ချလိုက်ကြသည်။
ပိုငယ်ပုံရသည့်ကောင်လေးသည် ပါးစပ်တစ်လှုပ်လှုပ်နှင့် စကားများတရစပ်ပြောနေသော်လည်း ဘေးကကောင်လေးကတော့
ထိုကဲ့သို့ပြောနေသည့်ကောင်လေးအား
ချစ်မြတ်နိုးသည့်မျက်လုံးများဖြင့်ကြည့်နေခဲ့သလို နှုတ်ခမ်းထက်၌လည်းအပြုံးများဖြစ်ထွန်းနေခဲ့သည်။
ခဏကြာတော့ ထိုကောင်ငယ်လေး၏နှာသီးထိပ်လေးကို မြေကြီးပေနေသည့်လက်ဖြင့်
ခပ်ဖွဖွတို့လိုက်တော့ ထိုကောင်ငယ်လေးသည် ထိုလက်အားလှမ်းဆွဲလာလေသည်။
နိုင်းသူ့ရှေ့၌ မြင်နေရသည့်မြင်ကွင်းအား ပြုံး၍ကြည့်နေမိသည်။
သိပ်မကြာလိုက်ထိုကဲ့သို့ပြုံးနေရင်းနှင့် မျက်ရည်များက မျက်ဝန်းထက်၌ ရစ်သိုင်းလာခဲ့လေသည်။
နိုင်းအံ့ဩသွားသည်......
ဒီအိမ်ဟာ ဘာကြောင့်လွန်ခဲ့တဲ့(၆)နှစ်က အငွေ့အသက်များရနေတာလဲ။
ဘာကြောင့်သူတို့နေထိုင်ခဲ့တဲ့ပုံစံအတိုင်းဖြစ်နေရတာလဲ...
နိုင်းတွေးရင်းခြေလှမ်းများကို အိမ်ထဲသို့ခပ်မြန်မြန်လှမ်းခဲ့မိသည်။
အိမ်နားရောက်လေ သူ့စိတ်ထဲသိချင်စိတ်တွေပိုများလာလေ...
အိမ်ရှေ့တံခါးဝရောက်ချိန်မှာတော့ မြင်လိုက်ရသည့်ဖိနပ်တစ်ရံ...
နိုင်းရှေ့ဆက်တိုးကာ တံခါးကို တိုးတိတ်စွာဖွင့်လိုက်တော့ ထွက်ပေါ်လာသည့်ဂီတာသံနှင့်သီချင်းသံ...
🎶လူမှန်ရင် အချစ်ကမ္ဘာကိုရှာစမြဲမို့လေ....
ရှာခဲ့ရဖူးတယ်လေ...
ရင်နာစရာအကြောင်းတွေကို ဖန်တီးခဲ့သူ အချစ်ရေ....
မပိုင်ဆိုင်သူအတွက်ဆို ဒီကမ္ဘာလောကဟာ...
အစဉ်အမြဲခမ်းခြောက်နေဆဲ.....
အဖြစ်ဟောင်းရဲ့ အကြွင်းအကျန်တွေကို မစဉ်းစားနဲ့လေ...အချစ်ရေ...
မယုံနိုင်အောင်ပဲ သူဖျက်ဆီးခဲ့တယ်...
မရောက်သေးတဲ့အချစ်ခရီးလမ်းကို...
ရင်နာစရာရဲ အခြေခံဟာ သူကိုယ်တိုင်ရဲ့ အဆုံးအဖြတ်ပါ....အဆုံးအဖြတ်ပါ...
တကယ်ဆိုရင် မင်းဟာလိုလေသေးမရှိတဲ့...
ဆန္ဒရဲ့တန်ခိုးရှင်လား...
ဒါဆိုရင် မင်းဟာ ကိုယ်နဲ့မထိုက်မှန်းသိတယ်...အချစ်ရေ...
မယုံနိုင်အောင်ပဲ သူဖျက်ဆီးခဲ့တယ်
မရောက်သေးတဲ့အချစ်ခရီးလမ်းကို....
ရင်နာစရာရဲ့ အခြေခံဟာ...သူကိုယ်တိုင်ရဲ့အဆုံးအဖြတ်ပါ...အဆုံးအဖြတ်ပါ....🎶🎶
ဆိုနေသည့် အပ်ရှရှအသံက ကြားရသူကို ဝမ်းနည်းစေနိုင်၏။
ဒီအသံကိုသူမမှတ်မိဘဲနေပါ့မလား...
ဘဝတစ်လျှောက်မှာ သူပထမဆုံးချစ်ခဲ့ရတဲ့
သူ့ရဲ့အချစ်ဦး....
သိပ်ချစ်ခဲ့ပေမယ့် သူသိပ်ရက်စက်ခဲ့တဲ့ သူ့ရဲ့အချစ်ဦး....
နိုင်းတံခါးကိုဆက်ပြီး မဖွင့်မိ...
သူ့စိတ်ထဲဒွိဟတွေများနေခဲ့သည်။
ဒီအချိန်သာ လှည့်ပြန်လိုက်ရင် ချစ်ရသူရဲ့မျက်နှာကို ဒီတစ်သက်မြင်ရတော့မှာမဟုတ်...
ဝင်လိုက်ပြန်ရင်လည်း ဘယ်လိုမျက်နှာမျိုးနဲ့သူ့ကိုရင်ဆိုင်ရပါ့မလဲ....
ငယ်ရွယ်စဉ်အတိတ်တစ်ချိန်ကလိုတော့ ကိုယ်ဟာသူ့ကိုမျက်နှာပြောင်တိုက်ပြီး
အရွဲ့တိုက်ဖို့သတ္တိမရှိတော့....
ငါးမိနစ်လောက်ကြာပြီးချိန်မှာတော့ သူ့စိတ်ထဲ ပြတ်သားသည့်ဆုံးဖြတ်ချက်တစ်ခုပေါ်ပေါက်လာခဲ့သည်။
ခြေလှမ်များကို အနောက်သို့နှစ်လှမ်း၊သုံးလှမ်းခန့်ပြန်ဆုတ်ကာ နောက်ပြန်လှည့်မည့်အချိန်.....
"မျက်နှာချင်းဆိုင်ဖို့သတ္တိမရှိတော့ဘူးလား.."
ထွက်ပေါ်လာသည့် အေးစက်စက်အသံတစ်ခုကြောင့် နိုင်းရပ်တန့်လိုက်မိသည်။
အချစ်များစွာဖြင့်🌸
နေး
20.3.2022(02:45AM)
(Note- မနက်ဖြန်ဇာတ်သိမ်းပါပြီ။)
************
************************************
အခ်ိန္မ်ားက တစ္ႏွစ္ၿပီးတစ္ႏွစ္ကုန္ဆုံးခဲ့သည္။
ရာသီေတြဟာလည္း အလီလီေျပာင္းခဲ့ၾကၿပီ။
ကမာၻႀကီးကလည္းေျပာင္းလဲလာခဲ့ၿပီ။
လူေတြကလည္းေျပာင္းလဲကုန္ၾကၿပီ...
သို႔ေသာ္
အေရွ႕ေျမာက္ေဒသတြင္တိုက္ပြဲမ်ားကလည္း မရပ္မနားျဖစ္ပြားေနဆဲ
၂၀၁၆ခုႏွစ္တြင္ MNDAAလက္နက္ကိုင္မ်ားက မုံကိုးေဒသသို႔ထပ္မံဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ၂၀၁၇ခုႏွစ္မွာေတာ့ ေလာက္ကိုင္ၿမိဳ႕သို႔ျပန္လည္အေျခခ်လာခဲ့ၾကသည္။
"၂၀၁၇ခုႏွစ္၊မတ္လ(၆)ရက္နံနက္အေစာပိုင္းတြင္ MNDAAအၾကမ္းဖက္တပ္ဖြဲ႕က
တပ္စခန္းမ်ား၊ရဲစခန္းမ်ားႏွင့္ အမ်ားျပည္သူပိုင္ အေဆာက္အအုံမ်ားကို လက္နက္ႀကီး၊လက္နက္ငယ္ျဖင့္ပစ္ခြဲခဲ့၊မီးရႈိ႕ဖ်က္စီးျခင္း၊ျပန္ေပးဆြဲ၊ဓားျပတိုက္ စသည့္အၾကမ္းဖက္လုပ္ရက္မ်ားကိုလုပ္လာခဲ့ေၾကာင္း"
"ထိုျဖစ္စဥ္ေၾကာင့္ မူလတန္းျပဆရာမ
ေဒၚျပာမွီအပါအဝင္ အရပ္သားငါးဦးေသဆုံးကာ ကိုးကန႔္ယာဥ္ထိန္းရဲ(၄)ဦးကိုလည္းဓားစာခဲအျဖစ္ေခၚေဆာင္သြားေၾကာင္း"
"မီးရႈိ႕ထားသည့္အေလာင္း(၂၀)ေလာင္းအျပင္၊လက္နက္(၁၀)လက္ကိုလည္းသိမ္းဆည္းရမိေၾကာင္း"
"ထိုမတ္လ(၆)ရက္တိုက္ခိုက္မႈမ်ားတြင္ MNDAAအဖြဲ႕မွ အင္အား(၄၅)ဦးခန႔္ျဖင့္
ဖူလီလိုက္ဟိုတယ္မွ ယြမ္ေငြသိန္း(၃၀၀၀)ခန႔္ကို ဓားျပတိုက္ယူေဆာင္ကာ ဟိုတယ္ဝန္ထမ္းအမ်ိဳးသား၁၂၀ဦး၊အမ်ိဳးသမီး၂၀၀ဦးကို ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း"
"လိုက္ပါရန္ျငင္းဆိုသည့္ဝန္ထမ္း(အမည္မသိအား)ေသနတ္ျဖင့္ပစ္သတ္ခဲ့ၿပီး၊အမ်ိဳးသမီးဝန္ထမ္းတစ္ဦးကိုလည္း မုဒိမ္းက်င့္ခဲ့ေၾကာင္း၊ကားမ်ားကိုလည္းမီးရႈိ႕ဖ်က္စီးခဲ့ေၾကာင္း..."
"ထိုသို႔ဖမ္းဆီးခံရသည့္
ဝန္ထမ္းအမ်ိဳးသား၁၂၀ဦးမွ တ႐ုတ္ႏိုင္ငံသား(၁၀)ဦးကိုျပန္လည္လႊတ္ေပးခဲ့ကာ က်န္ရွိေနေသးသည့္ဝန္ထမ္းမ်ားအား
ကုန္းၾကမ္းေဒသဖမ္းဆီးေခၚေဆာင္သြားကာ အၾကမ္းဖက္သင္တန္းသို႔တက္ေရာက္ေစခဲ့ေၾကာင္း"
စသည္ျဖင့္ စုံလွစြာေသာသတင္းမ်ားကလည္း ေန႔စဥ္ႏွင့္အမွ်ၾကားေနရဆဲ...
၂၀၁၇ခုႏွစ္အတြင္းသတင္းဌာနမ်ား၌
ထိုတိုက္ပြဲမ်ား၊ျပန္ေပးဆြဲမႈမ်ား၊အၾကမ္းဖက္မႈမ်ားကသာေနရာယူထားခဲ့သည္။
အခ်ိန္ၾကာလာေသာ္လည္း အေျပာင္းအလဲမရွိ ေနရာေဒသအႏွံ႔အျပား၌ ဆက္လက္ျဖစ္ပြားေနသည့္တိုက္ပြဲမ်ား....
ထပ္မံတိုးပြားလာရသည္က ႏိုင္ငံအတြင္းအာဏာသိမ္းမႈ....
ႏိုင္ငံအတြင္း
ျမန္မာ့တပ္မေတာ္၏အၾကမ္းဖက္မႈ၊သတ္ျဖတ္မႈ။
*****************
၆ႏွစ္ေက်ာ္ၾကာၿပီးေနာက္.....၂၀၂၂ခုႏွစ္
လမ္းမဘက္ကိုမ်က္ႏွာမူ၍ ေငးေနပါေသာလူတစ္ဦး....
ထိုလူသည္ လႈပ္ရွားမႈမရွိဘဲ ေက်ာက္႐ုပ္ကဲ့သို႔ ၿငိမ္သက္ေနကာ အသက္ရႈသည္ကိုပင္မေတြ႕ရ။
သို႔ပါေသာ္လည္း ျမင္ေနရသည့္ လမ္းမႀကီးကိုေတာ့ မ်က္ဝန္းတစ္စုံက လိုက္ၾကည့္ေနပါသည္။
ခဏၾကာေတာ့ ထိုလူအနားသို႔ လူတစ္ေယာက္ေရာက္လာကာ ေဘး၌လာထိုင္ေလ၏။
လာထိုင္ခ်သည့္လူကလည္း ထိုလူၾကည့္ေနသည့္ လမ္းမထက္သို႔ၾကည့္လိုက္ကာ သက္ျပင္းခ်လိုက္သည္။
ဒီလူဟာ အၿမဲတမ္း ဤကဲ့သို႔ပင္...
တာဝန္ခ်ိန္မွာသာ တည္ၿငိမ္စြာရွိေပမယ့္ က်န္သည့္အခ်ိန္မ်ားတြင္ေတာ့ အေဝးတစ္ေနရာကို ေဆြးေဆြးေျမ့ေျမ့ၾကည့္ေနတတ္သည္မွာ
အက်င့္တစ္ခုလို...
တစ္ျခားသူမ်ားနဲ႔လည္း သိပ္မေရာတတ္သလို လက္ေအာက္ငယ္သားမ်ားႏွင့္လည္း
တရင္းတႏွီးမရွိလွ။
အထက္ကလူႀကီးေတြႏွင့္ဆိုလွ်င္ပိုဆိုးသည္။
မိသားစုနဲ႔ဖုန္းေျပာတာလည္းမေတြ႕ဖူးသလို ဆက္လာမည့္သူကလည္းမရွိ။
ေခ်ာေမာသည့္ ႐ုပ္ရည္ေၾကာင့္ ပ်ိဳမဒီေလးမ်ားက ႀကိဳက္ၾကေသာ္လည္း
အၿမဲတည္ကာ ေအးစက္စက္ျဖစ္ေနသည္မို႔
ဘယ္သူမွမႀကိဳက္ရဲၾက။
ကိုယ္ႏွင့္ေတာင္ တစ္ခန္းထဲေနသည္မို႔ ခင္မင္ေနၾကျခင္း..ကိုယ္နဲ႔ဆိုလွ်င္ေတာ့ စကားမ်ားေျပာျဖစ္ၾကပါသည္။
ကိုယ္နဲ႔က ခင္လာတာလည္းငါးႏွစ္ေလာက္ရွိခဲ့ၿပီး ညီအကိုလိုျဖစ္ေနၾကေတာ့ တစ္ျခားသူမ်ားထက္စာရင္ေတာ့ဒီေကာင္ေလးက သူ႔အေပၚ ေဖာ္ေ႐ြပါသည္။
"ကဲ ကိုယ့္လူ ဘာေတြစဥ္းစားေနတာ"
"ဒီလိုပါပဲဗ်ာ"
ျပန္ေျဖလာသူက လမ္းမကိုအၾကည့္မလႊဲ..
"ခ်စ္သူအေၾကာင္းစဥ္းစားေနတာလား"
"မဟုတ္တာ"
"အကိုသိပါတယ္ကြာ။စစ္သားတစ္ေယာက္အတြက္ တမ္းတမ္းတတလြမ္းေဆြးစရာက ႏိုင္ငံေရးနဲ႔၊အခ်စ္ေရးပဲရွိတာ။တစ္ခုမဟုတ္တစ္ခုေပါ့"
".........."
ဘာမွခြန္းတုံ႔မျပန္ေတာ့ဘဲ ၿငိမ္သက္ေနသူေၾကာင့္ ရယ္လိုက္မိကာ
"မွန္သြားၿပီမလား"
"မဟုတ္ပါဘူးဗ်ာ...ဒီတိုင္းေထြရာေလးပါးစဥ္းစားေနတာပါ"
"ဟုတ္ပါၿပီကြာ"
စကားေျပာခ်င္စိတ္ရွိပုံမေပၚသည့္ေကာင္ေလးက သူ႔ဘက္ကဘယ္ေလာက္စကားဝိုင္း
စည္ကားေအာင္လုပ္လုပ္ဘာမွမထူးလာခဲ့။
ၿငိမ္သက္ၿမဲၿငိမ္သက္ေနကာ ေရွ႕သို႔သာၾကည့္ေန၏။
ဒါတင္မဟုတ္ လက္တစ္ဖက္ကလည္း ညာဘက္လက္ေပၚဝတ္ထားသည့္ အနီေရာင္ႀကိဳးေလးကို ခပ္ဖြဖြပြတ္သပ္ေနျပန္သည္။
"ဪ ဒါနဲ႔...
အကိုေမးခ်င္လို႔ပါ...စိတ္ေတာ့မရွိနဲ႔
ညီ့လက္မွာဝတ္ထားတဲ့ လက္ပတ္က
ေတာ္ေတာ္ၾကာေနၿပီေနာ္။
ၿပီးေတာ့ အကို႔အျမင္မွာ ညီက
ဒီလက္ပတ္ကို ေတာ္ေတာ္ႀကီး...အင္း..ဘယ္လိုေျပာရမလဲ"
သူ႔အတြက္ဆက္ေျပာဖို႔အခက္ေတြ႕ေနေတာ့
ေကာင္ေလးကတစ္ခ်က္ၿပဳံးသြား၏။
ထို႔ေနာက္ လက္ပတ္ကိုငုံၾကည့္လိုက္ကာ
"ဒါေလးက ကြၽန္ေတာ့္အတြက္တစ္ေယာက္ေသာသူရဲ႕ ရွားရွားပါးပါး တစ္ခုတည္းေသာပစၥည္းေလ.."
"........"
"ကြၽန္ေတာ္သိပ္ခ်စ္ခဲ့ရၿပီး သိပ္ရက္စက္ခဲ့မိတဲ့ လူနဲ႔ တစ္ခ်ိန္ကအတူတူရွိခဲ့ဖူးတယ္ဆိုတဲ့အမွတ္အသားေလးေပါ့.."
"သူကေရာ..အခုဘယ္မွာလဲ"
"........"
"ညီအဆင္ေျပမွပါ။ရင္ဖြင့္လိုက္ရင္ အနည္းဆုံးေတာ့ ခံစားေနရတာေတြသက္သာသြားႏိုင္တယ္ေလ"
သူ႔စကားဆုံးေတာ့ သူရစစ္ႏိုင္းက သူ႔ကိုၾကည့္လာ၏။ေတာ္ေတာ္ၾကာၾကည့္ၿပီးကာမွ မ်က္ႏွာျပန္လႊဲသြားကာ
"မရွိေတာ့ဘူး....ကြၽန္ေတာ့္ေၾကာင့္ ထြက္သြားခဲ့ၿပီ။သူ႔အေပၚရက္စက္ခဲ့တဲ့၊သူ႔အေပၚ
ခြင့္မလႊတ္ႏိုင္တဲ့လုပ္ရပ္ေတြလုပ္ခဲ့တဲ့
ကြၽန္ေတာ့္ကိုထားသြားခဲ့ၿပီ...
ေနာက္ဆုံးအခ်ိန္ထိ ကြၽန္ေတာ့္လုပ္ရပ္ေတြကိုအျပစ္စကားတစ္ခြန္းမဆိုခဲ့တဲ့အျပင္
ကြၽန္ေတာ့္ကိုေနေကာင္းေအာင္ေနပါ...
ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ပါတဲ့..
အဲ့တာပဲ...အဲ့စကားကိုပဲသူကေျပာသြားခဲ့တာ
သူထြက္သြားတဲ့အခ်ိန္ကတည္းက သူနဲ႔ပတ္သက္ၿပီးက်န္ခဲ့တာဆိုလို႔ ကြၽန္ေတာ့္မွာဒါေလးတစ္ခုပဲရွိေတာ့တယ္..အဲ့တာေၾကာင့္ ဒါေလးကကြၽန္ေတာ့္အတြက္သိပ္အေရးပါတဲ့ပစၥည္းပဲ"
စကားဆုံးေတာ့ ႏိုင္း ထိုအကို ကိုၿပဳံးျပလိုက္မိသည္။အကိုက သက္ျပင္းခ်လိုက္ကာ
"ဒီလိုပါပဲ ဘဝဆိုတာ ျဖစ္ခ်င္တာထက္
ျဖစ္သင့္တာကို ဦးစားေပးေနရတဲ့ဘဝမလား။
အကိုတို႔ကစစ္သားဆိုေတာ့ ပိုဆိုးတယ္။
ကိုယ့္ဘဝအေၾကာင္း နားလည္ေပးႏိုင္တဲ့ လက္တြဲေဖာ္နဲ႔ေတြ႕ရင္ အကိုတို႔က
အခ်စ္တတ္ဆုံးလူသားေတြျဖစ္သြားေပမယ့္
ကိုယ့္ကို နားမလည္ေပးႏိုင္တဲ့လက္တြဲေဖာ္နဲ႔ေတြ႕တဲ့အခါ အကိုတို႔ဟာ လူဆိုးလူမိုက္တစ္ေယာက္ျဖစ္သြားၾကျပန္ေရာ...
ကိုယ့္ကိုလူဆိုးျဖစ္ေစတာကလည္း ဒီလူေတြပဲ၊လူေကာင္းျဖစ္ေစတာကလည္းဒီလူေတြပဲ...
အဲ့တာေၾကာင့္ ဘာပဲျဖစ္ျဖစ္
ေရာက္တဲ့ေနရာ၊ေရာက္ရာအရပ္မွာ အဆင္ေျပသလို ေနထိုင္ရမွာေပါ့...
မဟုတ္ဘူးလား..."
ႏိုင္းဘာမွျပန္မေျပာမိေတာ့...
ၿပဳံးသာၿပဳံးျပလိုက္မိသည္။ထို႔ေနာက္...
"ဪ ဒါနဲ႔မ်ိဳးမင္းထြန္းေတာင္မိန္းမယူေတာ့မယ္တဲ့ကြ"
"မ်ိဳးမင္းထြန္းဆိုတာ"
"ညီတို႔အပတ္စဥ္ရဲ႕ဂါဒီယန္ပဲေလ...
ညီတို႔ထက္ အပတ္စဥ္ေနာက္က်တယ္မလား..ဟိုအသားျဖဴျဖဴ ရွမ္းမ်က္ႏွာေပါက္နဲ႔ေလကြာ.."
"သိၿပီ သိၿပီ"
ႏိုင္းေခါင္းၿငိမ့္ျပလိုက္ေတာ့
"အင္း အဲ့တာအကိုတို႔ကိုလာဖိတ္ထားတယ္.ေနာက္ႏွစ္ရက္က်ရင္လားမသိဘူး....
အကိုရွိခ်င္မွရွိမွာ..မနက္ျဖန္အဘနဲ႔ တိုင္းမႉးခရီးစဥ္လိုက္ရမွာမို႔လို႔ ညီပဲသြားလိုက္ေတာ့။"
"ဟုတ္"
ႏိုင္းေခါင္းၿငိမ့္ျပလိုက္သည္။
ခဏၾကာေတာ့ ေရာက္မိေရာက္ရာစကားဆက္ေျပာၾကရင္း သူ႔မိသားစုအေၾကာင္းေရာက္သြားေတာ့ေလသည္။
"ဗိုလ္မႉးတို႔"
ထိုအခ်ိန္ေနာက္ပါးမွေခၚလာသည့္ စကားသံေၾကာင့္လွည့္ၾကည့္မိၾကသည္။
"ထမင္းစားလို႔ရပါၿပီ"
"လွေမာင္ ငါတို႔ဒီေန႔အျပင္သြားစရာရွိတယ္ကြ စားျဖစ္မွာမဟုတ္ေတာ့ဘူး အျပင္မွာပဲစားလာေတာ့မယ္"
"ဟုတ္ကဲ့"
ထြက္သြားသည့္သူကိုၾကည့္ကာ ထိုေကာင္ေလးဘက္ကိုျပန္ၾကည့္၍
"ကဲ ညီ သြားၾကရေအာင္။"
"ဟုတ္ကဲ့"
ထို႔ေနာက္ႏွစ္ေယာက္သား ကားျဖင့္ထြက္လာ၍ တိုင္း႐ုံးသို႔သြားေတာ့သည္။
အျပန္က်ေတာ့ ထမင္းဆိုင္၌ထမင္းဝင္စားၾက၏။
ဒီထမင္းဆိုင္က သပ္သပ္ရပ္ရပ္ရွိလွကာနာမည္ႀကီးမို႔ လူအၿမဲျပည့္ေနတတ္သည္။
ဟင္းပြဲမ်ားေရာက္လာခ်ိန္ထမင္းစားဖို႔ျပင္ေတာ့ ေဘးဘက္မွထြက္လာသည့္အသံမ်ားေၾကာင့္ နားေထာင္မိသည္။
"ဒီေန႔ ကိုးကန႔္ဘက္ကေခါင္းေဆာင္တစ္ေယာက္ကို videoနဲ႔အေမးအျမန္းလုပ္ထားတာ လႊင့္မွာကြ"
"ဟုတ္လား"
"ေအ"
"ဘာေတြလာအုံးမလဲမသိဘူး စိတ္ဝင္စားလို႔ေစာင့္ေနတာ"
ႏိုင္း ကိုးကန႔္အဖြဲ႕ဟုၾကားေသာေၾကာင့္
တစ္ခ်က္စိတ္လႈပ္ရွားမိေသာ္လည္း တစ္ေယာက္ေသာသူ မျဖစ္ႏိုင္မွာေသခ်ာေနေသာေၾကာင့္ စိတ္မဝင္စားေတာ့။
ခဏၾကာေတာ့
"လာၿပီလာၿပီ"
ဟုထေအာ္လာသည့္ သူမ်ားေၾကာင့္ ႏွစ္ေယာက္သား ထမင္းစားေနရင္းမွၾကည့္မိသည္။
အင္တာဗ်ဴးမယ့္သူေတြကေပၚမလာေသး...
ခုမွစျပ႐ုံသာ ဘယ္လိုေတြေတာင္ျဖစ္ေနလဲမသိ။
သိပ္မၾကာလိုက္။ တီဗီမွစကားသံမ်ားေပၚလာသည္မို႔ ေမာ့ၾကည့္လိုက္မိသည္။
"မဂၤလာပါရွင့္"
"မဂၤလာပါ"
ႏိုင္းစိတ္မဝင္စားစြာ ထမင္းျပန္စားဖို႔လုပ္လိုက္ရင္း ၾကားလိုက္ရသည့္အသံေၾကာင့္ ကိုင္လက္စဇြန္းမ်ားက ေလထဲ၌တန႔္သြားခဲ့သည္။
ဒီအသံ...
မၾကားရတာ(၆)ႏွစ္ေက်ာ္ခဲ့ေပမယ့္ သူမွတ္မိဆဲ။ေျပာင္းလဲသြားသည္က
အရင္လိုႏူးညံ့သည့္အသံမဟုတ္ေတာ့ဘဲ ဩဇာအာဏာစက္ ျပင္းလွသည့္အသံျဖင့္။
သူတို႔ေျပာသည့္စကားသံေတြၾကားေနရေပမယ့္ ႏိုင္းေမာ့မၾကည့္မိေသး။
တစ္ေယာက္ေသာသူ၏ မ်က္ႏွာကိုၾကည့္ဖို႔အတြက္ သူမဝံ့မရဲျဖစ္ေန၏။
"ေဖေဖာ္ဝါရီလက ကိုးကန႔္တပ္ဖြဲ႕ရဲ႕ဥကၠဌ ဦးဖုန္ၾကားရွင္ လူႀကီးေရာဂါနဲ႔ဆုံးသြားတဲ့ သတင္းၾကားရပါတယ္။အဲ့ေနာက္ပိုင္းမွာ ကိုးကန႔္တပ္ဖြဲ႕ကို ဦးဖုန္ၾကားရွင္ရဲ႕ သားအႀကီးဆုံး ဦးဖုန္တာရွင္က ဦးေဆာင္ေနတယ္လို႔ၾကားသိရပါတယ္။အဲ့တာဟုတ္ပါသလားရွင့္"
"ဟုတ္ပါတယ္"
"ဟုတ္ကဲ့ အပစ္အခတ္ရပ္စဲေရးႏွင့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ကေရာ MNDAAအေနနဲ႔ ဘယ္လိုလုပ္ေဆာင္သြားမလဲရွင့္"
"အပစ္အခတ္ရပ္စဲမႈကေတာ့မရွိေသးပါဘူး။
အခုလက္ရွိ ရွမ္းေျမာက္ဘက္မွာ တိုက္ပြဲေတြ ဟိုတစ္ပြဲဒီတစ္ပြဲျဖစ္ေနတာကို ၾကားမယ္လို႔ထင္ပါတယ္။အဲ့တာေၾကာင့္ မေသခ်ာေသးပါဘူး။"
ႏိုင္းတျဖည္းျဖည္းအားတင္းၿပီးေမာ့ၾကည့္လိုက္မိသည္။
ေတြ႕ပါၿပီ...သူမျမင္ရတာၾကာေနၿပီျဖစ္သည့္မ်က္ႏွာ.....
၃၅ႏွစ္အ႐ြယ္ ေယာက္်ားတစ္ေယာက္၏ ေယာက္်ားပီသလွသည့္မ်က္ႏွာ......
အရင္လို အရယ္အၿပဳံးနဲ႔ေတာ့မဟုတ္။
တည္ၿငိမ္ေနေသာမ်က္ႏွာက ရင့္က်က္သြားသည့္သေဘာကိုေဆာင္ေလသလား ...
ဒါမွမဟုတ္
လူႀကီးဆန္သည့္ ပုံစံကိုေဖာ္ျပေနသလား..
ဖုန္းထဲမွတစ္ဆင့္ျမင္ေနရေပမယ့္ ထိုသူ၏မ်က္ႏွာအား သူရွင္းလင္းစြာေတြ႕ရပါသည္။
ကင္မရာကိုအေဝးကခ်ိန္ထားသည္မို႔ မ်က္ႏွာတင္မက ခႏၶာကိုယ္ကိုပါျမင္ေတြ႕ႏိုင္သည္။
အရင္လို ကုတ္အရွည္ဝတ္တတ္သည့္အက်င့္ကေတာ့မေျပာင္းလဲ...
တည္တံ့ေနေသာမ်က္ႏွာထားက ေမးသည့္ေမးခြန္းမ်ားကို ေသေသခ်ာခ်ာေျဖေပးေန၏။
ဘယ္ေလာက္ေတာင္လြမ္းေနခဲ့ရတာမလို႔လဲ။
ၿပီးေတာ့ သူ႔ကို ဘယ္ေလာက္ေတာင္နာၾကည္း ေနခဲ့မဲ့ မ်က္ႏွာေလးလဲ။
ႏိုင္းေငးၾကည့္ေနတာ အခ်ိန္ဘယ္ေလာက္ၾကာသြားသည္မသိ ေနာက္ဆုံးေမးခြန္းသို႔ေရာက္ရွိကာမွအသိျပန္ဝင္လာ၏။
"ဟုတ္ကဲ့ ေနာက္ဆုံးအေနနဲ႔ ကိုးကန႔္တပ္ဖြဲ႕အေၾကာင္းအက်ဥ္းခ်ဳပ္ေလးေျပာျပေပးပါရွင့္"
"ကိုးကန႔္အဖြဲ႕ဆိုတာ အခုမွေပၚလာတာမဟုတ္ပါဘူး။
ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာထဲထဲဝင္ဝင္ပါဝင္ခဲ့ပါတယ္။
၁၉၈၉ခုႏွစ္ နဝတစစ္အစိုးရလက္ထက္မွာအစိုးရနဲ႔ ပထမဆုံးၿငိမ္းခ်မ္းေရးယူခဲ့တာ ကြၽန္ေတာ္တို႔ကိုးကန႔္အဖြဲ႕ပါ။
ကြၽန္ေတာ္တို႔ၿပီးမွ ေနာက္အဖြဲ႕၁၇ဖြဲ႕ေလာက္က ၿငိမ္းခ်မ္းေရးယူခဲ့ၾကတာပါ။
မူးယစ္ေဆးဝါးပေပ်ာက္ေရးလည္း ထဲထဲဝင္ဝင္လုပ္ခဲ့တယ္။
ဒါေၾကာင့္ ၂၀၀၂ခုႏွစ္မွာ ကိုးကန႔္နယ္ေျမကိုဘိန္းကင္းစင္တဲ့ နယ္ေျမအျဖစ္ေၾကညာႏိုင္ခဲ့တယ္။
ဒါေပမယ့္၂၀၀၉ခုႏွစ္မွာေတာ့ စစ္အစိုးရက ကြၽန္ေတာ္တို႔ကိုစြပ္စြဲခဲ့တယ္။
မူးယစ္ေဆးဝါးထုတ္လုပ္တယ္၊လက္နက္စက္႐ုံတည္ေထာင္တယ္ဆိုၿပီး စြပ္စြဲခဲ့ၾကတယ္။ၿပီးေတာ့ ကြၽန္ေတာ္တို႔နယ္ေျမေပၚကေန ကြၽန္ေတာ္တို႔ကိုတိုက္ထုတ္ခဲ့ၾကတယ္။
သူတို႔ကေျပာၾကတယ္..ကြၽန္ေတာ္တို႔က
ကိုးကန႔္နယ္ေျမကို က်ဴးေက်ာ္သိမ္းပိုက္ခ်င္ေနၾကတဲ့လူေတြတဲ့။အဲ့တာကို ကြၽန္ေတာ္ကလက္မခံပါဘူး။
ဒါဟာ အရင္ကတည္းက ကြၽန္ေတာ္တို႔အိမ္ပါ။ကြၽန္ေတာ္တို႔က ကိုယ့္အိမ္ကိုျပန္လာၾကတဲ့လူေတြပါ။
ကိုယ့္အိမ္မွာ ကိုယ္ျပန္ေနရဖို႔ႀကိဳးစားေနၾကတဲ့သူေတြပါ။
အဲ့တာကိုက်ဴးေက်ာ္တယ္လို႔သတ္မွတ္ၾကတယ္၊သူပုန္လို႔ ေခၚၾကတယ္။
ကြၽန္ေတာ္တို႔က ဂ႐ုမစိုက္ပါဘူး....."
"ဟုတ္ကဲ့ ၿပီးေတာ့ အခု ျမန္မာႏိုင္ငံမွာအာဏာသိမ္းခဲ့တာ ၁ႏွစ္ေက်ာ္သြားခဲ့ပါၿပီ။အဲ့တာနဲ႔ပတ္သက္ၿပီးေရာ ဘာမ်ားေျပာခ်င္ေသးလဲရွင့္"
"အခုဆိုရင္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေတြျဖစ္ေပၚေနတယ္။
အဲ့လိုအာဏာသိမ္းၿပီးေနာက္မွာ စစ္အာဏာရွင္ဆိုတာ ဘယ္ေလာက္ဖိႏွိပ္ခ်ဳပ္ခ်ယ္တတ္မွန္း သိေလာက္ၾကပါၿပီ။
ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြက
စစ္အာဏာရွင္ရဲ႕ ေခါင္းပုံျဖတ္မႈ၊ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈေတြကိုခံလာခဲ့ရတာ ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ပါၿပီ။
ျပည္သူေတြလည္း ကြၽန္ေတာ္တို႔ခံစားခ်က္ေတြကို ထပ္တူခံစားမိၾကလိမ့္မယ္လို႔ထင္ပါတယ္။လူဆိုတာ ကိုယ္တိုင္ခံစားဖူးမွ နားလည္ၾကတာမလား....."
တျဖည္းျဖည္းတင္းမာလာသည့္ေလသံကို တျခားသူေတြကသတိမထားမိေပမယ့္ ရွင္းအေၾကာင္းသိသည့္ႏိုင္းကေတာ့သတိထားမိသည္။
ေသခ်ာသည္။ရွင္းေဒါသထြက္ေန၏။
"ဟုတ္ကဲ့ အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္"
"ဟုတ္ကဲ့"
တီကနဲပိတ္သြားသည့္ ဖန္သားျပင္ထက္
ခ်စ္ရသူ၏မ်က္ႏွာေပ်ာက္ကြယ္သြားသည့္တိုင္ ႏိုင္းအသိမဝင္ႏိုင္ေသး..
ဖန္သားျပင္ကိုသာ ေငးငိုင္၍ၾကည့္ေနမိသည္။
"ညီ"
"......."
"ညီ သူရစစ္ႏိုင္း"
"ဗ်ာ"
"စားေလ ဘာလဲခုနက ေျပာသြားတဲ့စကားေတြကိုစဥ္းစားေနတာလား"
ႏိုင္းဘာမွျပန္မေျပာမိ...
"သူတို႔ဘက္ကၾကည့္ရင္ သူတို႔မွန္သလို အကိုတို႔ဘက္ကၾကည့္ရင္လည္း အကိုတို႔မွန္တာပဲေလ။
အျမင္မတူတဲ့ ႏွစ္ဘက္မို႔ ဘယ္လိုၾကည့္ၾကည့္ဆန႔္က်င္ဘက္ေတြပဲ ျမင္ရမွာမလား"
ႏိုင္း ထိုစကားေၾကာင့္ၿပဳံးျပလိုက္သည္။
ဟုတ္တယ္...အျမင္မတူ...ေလွ်ာက္လမ္းမတူၾကတဲ့လူေတြမို႔ ဘယ္လိုၾကည့္ၾကည့္ ဆန႔္က်င္ဘက္ေတြျမင္ရမွာျဖစ္သလို
ဘယ္ေတာ့မွ ညီၫြတ္ႏိုင္ၾကမွာလည္းမဟုတ္ဘူး။
"ကဲ ထားပါ..ညီ ခြင့္တင္ထားတယ္မလား"
"ဟုတ္တယ္အကို"
"အဲ့တာခြင့္က်ၿပီလား"
"ဟုတ္ ဒီလထဲမွာက်မယ္ထင္တယ္"
ေခါင္းၿငိမ့္ျပလာသည့္ အကိုေဇယ်ာဝင္းက
တစ္ခုခုကို စဥ္းစားေနဟန္ျဖင့္..
"ညီက ဘယ္ကိုျပန္မွာ"
"မသိေသးဘူးအကို ကြၽန္ေတာ္ စိတ္ကူးေပါက္ရာသြားမိမယ္ထင္တယ္"
"ဪ ေအးပါ"
ထို႔ေနာက္ ႏွစ္ေယာက္သားစကားဆက္မေျပာၾကဘဲ ထမင္းသာဆက္စားျဖစ္ၾက၏။
ဟုတ္သည္ေလ...သူ႔လိုလူအတြက္
ႀကိဳေနမယ့္ အိမ္ကဘယ္မွာမ်ားရွိခဲ့ဖူးလို႔လဲ...
*********
သူဒီေန႔ခြင့္ျပန္မည့္ေန႔......
ဟိုလက ခြင့္က်မည္ထင္ထားေပမယ့္ ဒီလမွက်သည္မို႔ ဒီလမွျပန္ျဖစ္သည္။
ခြင့္က်က်ျခင္း သူဘာမွမစဥ္းစားမိ။
သူ႔စိတ္ထဲဝင္လာသည္က တစ္ခုတည္း....
ေနာက္တစ္ခါဆိုတာမေသခ်ာၿပီမို႔ သူသြားခ်င္ပါသည္။
အနည္းဆုံးေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕အမွတ္တရေတြကို ျပန္ျမင္ခြင့္ရွိႏိုင္ေလာက္တယ္မလား။
မနက္ခြင့္ရၿပီဆိုတာနဲ႔ ညေနပိုင္းခ်က္ခ်င္းအထုတ္ျပင္ကာ သူထြက္လာခဲ့လိုက္သည္။
တစ္ကိုယ္တည္းသမားမို႔ ပစၥည္းကမ်ားမ်ားစားစားေတာ့မပါ။
မႏၲေလးမွ လားရႈိးသို႔......
လားရႈိးမွတစ္ဆင့္ ေလာက္ကိုင္သို႔....
လားရႈိးမွစထြက္လာသည့္အခ်ိန္မွစကာ သူစိတ္လႈပ္ရွားေနမိသည္။
ခ်စ္ရသူနဲ႔ေတြ႕ရမည့္အတြက္လား...
အရင္က ေနဖူးခဲ့သည့္ေဒသဆိုသည့္အေၾကာင္းျပခ်က္ျဖင့္လား...
ဘယ္လိုအေၾကာင္းျပခ်က္နဲ႔ျဖစ္ျဖစ္ သူစိတ္လႈပ္ရွားေနပါသည္။
ကားစီးတာၾကာလာေတာ့ လူကအိပ္ခ်င္လာေပမယ့္ သူမအိပ္မိ။
အိပ္လိုက္ရင္ မ်က္စိထဲကျမင္ကြင္းမ်ားေပ်ာက္သြားမွာစိုးသည့္အတြက္...
ကြမ္းလုံႀကိဳးတံတားကို မျမင္လိုက္ရမွာဆိုးသည့္အတြက္.....
သြားေနသည့္ကားေလးက ေတာင္ကုန္းေတာင္တန္းမ်ားကိုျဖတ္သန္းသြားလာေနၿပီး
ကားထဲ၌ သီခ်င္းသံမ်ားကလည္းပ်ံ႕လြင့္ေနခဲ့ေလသည္။
🎶"ကမာၻဟာ သူ႔အခ်ိန္တိုင္းသူလည္ပတ္အုံးမွာပါ
ေဆာင္းေႏြမိုးေတြ အလြတ္တမ္းေရာက္လာေနက်
တစ္ကယ္တို႔ေဝးရင္ တစ္ရက္ေတာ့ငိုကြာ
ကိုယ္စီအသက္ရွင္ရမယ္မေပ်ာ္တဲ့ လူ႔ဘဝေတြမွာ
ႀကဳံမယ္တစ္ေန႔တာဝတၱရားမ်ား ရွိတဲ့အခ်ိန္မွာ
တကယ္တို႔ေဝးရင္ တစ္ရက္တည္းမင္းငိုပါ
မလြယ္ေပမယ့္ ....ကိုယ္တစ္ေယာက္တည္း
ဝင္လာခဲ့တဲ့ေလာကႀကီးမွာ.....
ဒီအခ်ိန္ ကိုယ္တစ္ေယာက္တည္း
အသည္းကြဲလို႔က်န္ေနလည္း အခ်စ္ရယ္
ကမာၻမွာေနာက္ေန႔သစ္ေတြလာမွာပဲ...
သဘာဝပဲ.....
လြန္ဆန္ခြင့္မရွိတဲ့ ႏႈတ္ဆက္ရျခင္းေတြ
ႀကိဳတင္မျမင္ႏိုင္တဲ့ အေျပာင္းအလဲမ်ားႀကဳံေသာ္လည္း....
အခ်စ္ရာ....ျမင္လား..."
ေ႐ြ႕လ်ားေနသည့္ကားေလးက
"ဝ"ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ
ဆိုင္းဘုတ္ေရွ႕မွျဖတ္သန္းသြားၿပီ
နာရီအနည္းငယ္အၾကာမွာေတာ့
"ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ"
ဆိုသည့္ စာတမ္းပါ ဆိုင္းဘုတ္ျပာျပာ တစ္ခုကိုလွမ္းျမင္လိုက္ရေလသည္။
ႏိုင္းရင္ေတြခုန္ေနခဲ့သည္။။
ေနာက္ဆုံးေတာ့ ေရာက္လာခဲ့ၿပီ။
(၆)ႏွစ္ေက်ာ္ၾကာခဲ့ၿပီးတဲ့ေနာက္မွာေတာ့
ဒီေျမေပၚကို သူျပန္လည္ေျခခ်ႏိုင္ခဲ့ၿပီ။
ကားေပၚမွဆင္းၿပီးေနာက္ ပလုတ္တုတ္တစ္စီးငွားကာ သူၿမိဳ႕ထဲသို႔ထြက္လာေတာ့သည္။
ထိုမွတစ္ဆင့္ သူဦးတည္ရာသို႔....
ေျပာင္းလဲကုန္ၿပီ....
ဒီေျမ၊ဒီေရက လူေနမႈအေဆာက္အအုံေတြက
သူ႔အတြက္ေျပာင္းလဲသြားခဲ့ၿပီ။
ဒီပတ္ဝန္းက်င္ကလည္း သူ႔အတြက္ စိမ္းသက္သြားခဲ့ၿပီ။
ဒီေျမမွာ ဗမာေတြေပါမ်ားလာခဲ့ၿပီ။
ဒီေျမမွာ ဗမာလူမ်ိဳးေတြအတြက္အလုပ္အကိုင္အခြင့္အလမ္းေတြေပါမ်ားလာခဲ့ၿပီ။
ေနရာတိုင္းမွာဗမာလူမ်ိဳးမ်ား၊ဗမာေဈးဆိုင္တန္းမ်ား....
ေခတ္မွီတိုက္တာအေဆာက္အအုံဆိုတာကလည္း အရင္ကထက္ပိုမ်ားလာခဲ့သလို
ကာစီႏိုဝိုင္းေတြကလည္း အရင္ကထက္
ေပါမ်ားလာခဲ့ၿပီ။
တစ္ခ်ိန္က ေျမျပန႔္သာျဖစ္ခဲ့သည့္ ေနရာက အဆင့္ျမင့္အိမ္မ်ားျဖစ္သြားခဲ့သလို
ၿခဳံႏြယ္ထူထပ္ခဲ့သည့္ ေနရာဟာလည္း
ေဆာက္လက္စတိုက္ႀကီးမ်ားႏွင့္...
ဘုံခုႏွစ္ဆင့္ဟာလည္း ေခတ္မွီခဲ့ၿပီျဖစ္သလို
ေဈးတန္းေတြဟာလည္း သန႔္ရွင္းသပ္ရပ္ခဲ့ၿပီ။
ဒီေျမမွာဝူေက်ာ့တန္ေတြမသုံးၾကေတာ့။
သူသိပ္သေဘာက်ရတဲ့ ဝူေက်ာ့တန္ေတြကို
အခုေခတ္ကေလးေတြဟာ မၾကားဖူးၾကေတာ့။
အရင္က ဝူေက်ာ့နဲ႔ဝယ္လို႔ရခဲ့တဲ့မုန႔္ေတြက အခုဆိုရင္ တစ္ယြမ္နဲ႔ေတာင္ သိပ္မေလာက္ခ်င္ေတာ့...
အရင္ကလို အေခြေတြလည္း မေရာင္းၾကေတာ့....
အရာရာဟာ အသစ္အဆန္းမ်ား၊တိုးတက္မႈမ်ား၊ေျပာင္းလဲမႈမ်ားႏွင့္သာ.....
မင္းေရာ အဲ့လိုေျပာင္းလဲသြားေလာက္ၿပီလားရွင္း...
အရင္လို ငါ့ကိုခ်စ္ေသးလားလို႔ေတာ့
ေမးမထြက္ေတာ့ပါဘူး...
ထြက္သြားခဲ့တဲ့အခ်ိန္ကတည္းက မင္းကငါ့ကိုျပတ္ျပတ္သားသားေျပာသြားခဲ့လို႔....
"ေကာင္းၿပီ..... ငါထြက္သြားမယ္.....
ထြက္သြားၿပီးရင္ေတာ့ လုံးဝျပန္မလာေတာ့ဘူး။
မင္းအေငြ႕အသက္ေတြရွိခဲ့တဲ့ေနရာကိုေျခဦးေတာင္လွည့္ဖို႔မႀကိဳးစားေတာ့ဘူး။
ျဖတ္သန္းခဲ့တဲ့ေန႔ရက္ေတြ၊ေပ်ာ္႐ႊင္ခဲ့ဖူးတဲ့အမွတ္တရေတြကို ဗလာနတၱိျဖစ္သြားေအာင္ေမ့လိုက္ေတာ့မယ္..
ႏိုင္း ဆိုတဲ့နာမ္စားကို ငါ့ႏွလုံးသားထဲမွာ ဘယ္ေတာ့မွမဖြင့္မိေအာင္ ေသာ့ခတ္ထားေတာ့မယ္.."
မင္းေျပာသြားတဲ့အတိုင္း ငါတို႔ရဲ႕အမွတ္တရေတြကို ဘာမွသတိမရေတာ့ဘူးလား...
ငါဆိုတဲ့နာမ္စားကိုေရာ မင္းႏွလုံးသားထဲကေနာက္တစ္ေခါက္ထပ္ဖြင့္မၾကည့္ေတာ့ဘူးလား..
ငါဆိုတဲ့ေကာင္ကို အခုခ်ိန္ထိ ခြင့္မလႊတ္ႏိုင္ေသးဘူးလား...
ပလုတ္တုတ္က တျဖည္းျဖည္းေ႐ြ႕လ်ားရင္း
တစ္ေနရာအေရာက္မွာေတာ့ ရပ္တန႔္သြားေလသည္။
"ရၿပီအကို ဒီနားမွာပဲဆင္းေတာ့မယ္ ဘယ္ေလာက္လဲ"
က်သင့္သည့္ပိုက္ဆံကို ရွင္းေပးကာ ဆက္ေလွ်ာက္လာမိသည့္တစ္ခုတည္းေသာေနရာက .....
ႏိုင္းေလွ်ာက္လွမ္းေနသည့္ ေျခလွမ္းမ်ားကို ရပ္တန႔္လိုက္မိသည္။
ထို႔ေနာက္ျမင္ေနရသည့္ မ်က္စိေရွ႕မွျမင္ကြင္းမ်ား အထူးအဆန္းကဲ့သို႔ၾကည့္ေနမိသည္။
တစ္ခ်ိန္က တစ္ေယာက္ေသာသူ တယုတယပ်ိဳးေထာင္ေပးခဲ့သည့္ ပန္းသီးပင္ ေလးပင္သည္
ပန္းသီးစိမ္းမ်ားေဝဆာပြင့္သီးေနၾကသည္။
ၿခံဝန္းထဲ၌လည္းသပ္ရပ္သန႔္ရွင္းမႈရွိေနသည္က လူရွိသည့္အဓိပၸာယ္မဟုတ္ပါလား။
ၿခံဝန္းထဲသူတို႔စကားထိုင္ေျပာခဲ့ၾကသည့္
ခုံတန္းဟာလည္းအရင္အတိုင္း အေျပာင္းအလဲမရွိ....
အိမ္အေနအထား၊အိမ္ပုံစံဟာ သူတို႔ႏွစ္ေယာက္ေနထိုင္တုန္းကလိုပင္....
အိမ္ေနာက္ေဖးကႀကီးမားစြာေပါက္ေရာက္ေနသည့္ အပင္ႀကီးက ႀကီးမားလြန္းလွသည္မို႔ အိမ္ေရွ႕ကပင္လွမ္း၍ ျမင္ႏိုင္သည္။
ရွင္းေျပာခဲ့သလို ခ်ယ္ရီပင္ႀကီးမ်ားလား..
ႏိုင္းၾကည့္ေနရင္းႏွင့္ သူ႔မ်က္စိေရွ႕ထဲသို႔ ေကာင္ေလးႏွစ္ေယာက္က ေပၚလာခဲ့ေလသည္။
ေကာင္ေလးတစ္ေယာက္က ကုန္းခ်၍ပန္းသီးပင္ေဘး၌ ေျမႀကီးမ်ားတူးဆြေနကာ က်န္ေကာင္ေလးတစ္ေယာက္ကေတာ့ ေဘး၌ရပ္၍ပြစိပြစိႏွင့္ေျပာေနေလသည္။
ခဏၾကာေတာ့ ကုန္းေနသည့္ေကာင္ေလးက
ထရပ္လိုက္ကာ ေဘးမွေကာင္ေလးအားဆြဲ၍ ႏွစ္ေယာက္သားထိုင္ခုံေပၚ၌ ထိုင္ခ်လိုက္ၾကသည္။
ပိုငယ္ပုံရသည့္ေကာင္ေလးသည္ ပါးစပ္တစ္လႈပ္လႈပ္ႏွင့္ စကားမ်ားတရစပ္ေျပာေနေသာ္လည္း ေဘးကေကာင္ေလးကေတာ့
ထိုကဲ့သို႔ေျပာေနသည့္ေကာင္ေလးအား
ခ်စ္ျမတ္ႏိုးသည့္မ်က္လုံးမ်ားျဖင့္ၾကည့္ေနခဲ့သလို ႏႈတ္ခမ္းထက္၌လည္းအၿပဳံးမ်ားျဖစ္ထြန္းေနခဲ့သည္။
ခဏၾကာေတာ့ ထိုေကာင္ငယ္ေလး၏ႏွာသီးထိပ္ေလးကို ေျမႀကီးေပေနသည့္လက္ျဖင့္
ခပ္ဖြဖြတို႔လိုက္ေတာ့ ထိုေကာင္ငယ္ေလးသည္ ထိုလက္အားလွမ္းဆြဲလာေလသည္။
ႏိုင္းသူ႔ေရွ႕၌ ျမင္ေနရသည့္ျမင္ကြင္းအား ၿပဳံး၍ၾကည့္ေနမိသည္။
သိပ္မၾကာလိုက္ထိုကဲ့သို႔ၿပဳံးေနရင္းႏွင့္ မ်က္ရည္မ်ားက မ်က္ဝန္းထက္၌ ရစ္သိုင္းလာခဲ့ေလသည္။
ႏိုင္းအံ့ဩသြားသည္......
ဒီအိမ္ဟာ ဘာေၾကာင့္လြန္ခဲ့တဲ့(၆)ႏွစ္က အေငြ႕အသက္မ်ားရေနတာလဲ။
ဘာေၾကာင့္သူတို႔ေနထိုင္ခဲ့တဲ့ပုံစံအတိုင္းျဖစ္ေနရတာလဲ...
ႏိုင္းေတြးရင္းေျခလွမ္းမ်ားကို အိမ္ထဲသို႔ခပ္ျမန္ျမန္လွမ္းခဲ့မိသည္။
အိမ္နားေရာက္ေလ သူ႔စိတ္ထဲသိခ်င္စိတ္ေတြပိုမ်ားလာေလ...
အိမ္ေရွ႕တံခါးဝေရာက္ခ်ိန္မွာေတာ့ ျမင္လိုက္ရသည့္ဖိနပ္တစ္ရံ...
ႏိုင္းေရွ႕ဆက္တိုးကာ တံခါးကို တိုးတိတ္စြာဖြင့္လိုက္ေတာ့ ထြက္ေပၚလာသည့္ဂီတာသံႏွင့္သီခ်င္းသံ...
🎶လူမွန္ရင္ အခ်စ္ကမာၻကိုရွာစၿမဲမို႔ေလ....
ရွာခဲ့ရဖူးတယ္ေလ...
ရင္နာစရာအေၾကာင္းေတြကို ဖန္တီးခဲ့သူ အခ်စ္ေရ....
မပိုင္ဆိုင္သူအတြက္ဆို ဒီကမာၻေလာကဟာ...
အစဥ္အၿမဲခမ္းေျခာက္ေနဆဲ.....
အျဖစ္ေဟာင္းရဲ႕ အႂကြင္းအက်န္ေတြကို မစဥ္းစားနဲ႔ေလ...အခ်စ္ေရ...
မယုံႏိုင္ေအာင္ပဲ သူဖ်က္ဆီးခဲ့တယ္...
မေရာက္ေသးတဲ့အခ်စ္ခရီးလမ္းကို...
ရင္နာစရာရဲ အေျခခံဟာ သူကိုယ္တိုင္ရဲ႕ အဆုံးအျဖတ္ပါ....အဆုံးအျဖတ္ပါ...
တကယ္ဆိုရင္ မင္းဟာလိုေလေသးမရွိတဲ့...
ဆႏၵရဲ႕တန္ခိုးရွင္လား...
ဒါဆိုရင္ မင္းဟာ ကိုယ္နဲ႔မထိုက္မွန္းသိတယ္...အခ်စ္ေရ...
မယုံႏိုင္ေအာင္ပဲ သူဖ်က္ဆီးခဲ့တယ္
မေရာက္ေသးတဲ့အခ်စ္ခရီးလမ္းကို....
ရင္နာစရာရဲ႕ အေျခခံဟာ...သူကိုယ္တိုင္ရဲ႕အဆုံးအျဖတ္ပါ...အဆုံးအျဖတ္ပါ....🎶🎶
ဆိုေနသည့္ အပ္ရွရွအသံက ၾကားရသူကို ဝမ္းနည္းေစႏိုင္၏။
ဒီအသံကိုသူမမွတ္မိဘဲေနပါ့မလား...
ဘဝတစ္ေလွ်ာက္မွာ သူပထမဆုံးခ်စ္ခဲ့ရတဲ့
သူ႔ရဲ႕အခ်စ္ဦး....
သိပ္ခ်စ္ခဲ့ေပမယ့္ သူသိပ္ရက္စက္ခဲ့တဲ့ သူ႔ရဲ႕အခ်စ္ဦး....
ႏိုင္းတံခါးကိုဆက္ၿပီး မဖြင့္မိ...
သူ႔စိတ္ထဲဒြိဟေတြမ်ားေနခဲ့သည္။
ဒီအခ်ိန္သာ လွည့္ျပန္လိုက္ရင္ ခ်စ္ရသူရဲ႕မ်က္ႏွာကို ဒီတစ္သက္ျမင္ရေတာ့မွာမဟုတ္...
ဝင္လိုက္ျပန္ရင္လည္း ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔သူ႔ကိုရင္ဆိုင္ရပါ့မလဲ....
ငယ္႐ြယ္စဥ္အတိတ္တစ္ခ်ိန္ကလိုေတာ့ ကိုယ္ဟာသူ႔ကိုမ်က္ႏွာေျပာင္တိုက္ၿပီး
အ႐ြဲ႕တိုက္ဖို႔သတၱိမရွိေတာ့....
ငါးမိနစ္ေလာက္ၾကာၿပီးခ်ိန္မွာေတာ့ သူ႔စိတ္ထဲ ျပတ္သားသည့္ဆုံးျဖတ္ခ်က္တစ္ခုေပၚေပါက္လာခဲ့သည္။
ေျခလွမ္မ်ားကို အေနာက္သို႔ႏွစ္လွမ္း၊သုံးလွမ္းခန႔္ျပန္ဆုတ္ကာ ေနာက္ျပန္လွည့္မည့္အခ်ိန္.....
"မ်က္ႏွာခ်င္းဆိုင္ဖို႔သတၱိမရွိေတာ့ဘူးလား.."
ထြက္ေပၚလာသည့္ ေအးစက္စက္အသံတစ္ခုေၾကာင့္ ႏိုင္းရပ္တန႔္လိုက္မိသည္။
အခ်စ္မ်ားစြာျဖင့္🌸
ေနး
20.3.2022(02:45AM)
(Note- မနက္ျဖန္ဇာတ္သိမ္းပါၿပီ။)
************
************************************