//Zawgyi//
Extra 1.2 : Later Story 2
_________________
“ရွဲန္းရွန္?”
ရွန္ရိက်င္းအသံကုိၾကားေတာ့ က်င္ရႊင္က ကြန္ပ်ဴတာေနာက္ကေနလံုးဝကုိခုန္ထလိုက္ျပီး သူ႔ႏွာတံေပၚရွိ မ်က္မွန္တို႔ကုိပင့္တင္လုိက္၏။
သူအနီးမႈန္ေနတာမဟုတ္ဘဲ မ်က္မွန္ေတြက အျပာေရာင္ေရာင္ျခည္ေတြကုိ ကာကြယ္ဖို႔သက္သက္ပင္။
ၾကီးမားတဲ့အနက္ေရာင္ကိုင္းတပ္မ်က္မွန္ေတြက သူ႔မ်က္ႏွာတစ္ဝက္ေလာက္ထိ ဖံုးကာထားျပီး အမ်ားအားျဖင့္ သိမ္ေမြ႔ႏူးညံ့တဲ့လူငယ္ေလးကုိ အတန္ငယ္ပုိျပီးခ်စ္စဖြယ္ေကာင္းေစ၏။
က်င္ရႊင္ ကြန္ပ်ဴတာေနာက္ကေန ခုန္ထြက္လုိက္သည္။
“တကယ္ပဲခင္ဗ်ားလား? ခင္ဗ်ားဘာလို႔ …ရုတ္တရက္ၾကီးျပန္လာတာလဲ”
တစ္ခ်ိန္တည္းမွာပဲ ရွန္ရိက်င္းဟာလည္း သူ႔ဆီကုိေလွ်ာက္လာႏွင့္ျပီ။
သူ႔အေရွ႕မွာ ခုန္ေပါက္ေနတဲ့လူငယ္ေလးကုိ အလိုအေလ်ာက္ေပြ႔ဖက္လိုက္ျပီး အသံတိုးတုိးျဖင့္ျပန္ေျဖလုိက္၏ : “ဘာလို႔ဆို ကုိယ္မင္းကုိလြမ္းလို႔ေလ”
!
က်င္ရႊင္က အေျပးေလးရွန္ရိက်င္းကုိျပန္ေပြ႔ဖက္လုိက္သည္။ သူ႔ေမးေစ့က အလိုအေလ်ာက္ပင္ တစ္ဖက္လူရဲ႕ပခံုးေပၚနားခိုသြားျပီး သူ႔ကုိယ္ေပၚရွိ ေအာ္ဒီကလုန္းအေမႊးနံ႔ေဖ်ာ့ေဖ်ာ့ကို ရွဴရိႈက္လုိက္သည္။
သူ႔ကုိျပန္ဖက္ထားတဲ့ရွန္ရိက်င္းက သူ႔ခါးပတ္လည္ကုိဝန္းရံလိုက္ျပီး လက္ေမာင္းရွိခြန္အားတုိ႔က အနည္းငယ္ပုိမ်ားလာေပမဲ့ ဒီေပ်ာ္ရႊင္ဖြယ္အံ့ၾသမႈမွာနစ္ျမဳပ္ေနခဲ့သူကေတာ့ သတိမထားမိ။
က်င္ရႊင္က ရွန္ရိက်င္းသူ႔အားေမးလာတာကုိသာလွ်င္ၾကားလိုက္ရ၏ : “ဒီေလာက္ေနာက္က်ေနျပီ ၊ ဘာလို႔ေရွာင္ရႊင္က ကုမၸဏီမွာအခ်ိန္ပိုဆင္းေနေသးတာလဲ?”
“…” က်င္ရႊင္တံု႔ဆိုင္းေနမိသည္ : “ဒါက…”
ရွန္ရိက်င္း : “မင္းအိမ္ေစာေစာျပန္ျပီးအိပ္ပါ့မယ္လုိ႔ ကိုယ့္ကိုကတိေပးခဲ့တယ္မလား?”
“…”
က်င္ရႊင္ဘာအေၾကာင္းျပခ်က္မွမရွာႏုိင္ေတာ့။
ရွန္ရိက်င္းထြက္ခြာသြားတဲ့ပထမဆံုးညမွာ သူအလိုအေလ်ာက္ပင္ ကုမၸဏီမွာအရမ္းေနာက္က်တဲ့အထိ အခ်ိန္ပုိဆင္းခဲ့ျပီး ရုံးခန္းထဲမွာပဲတုိက္ရုိက္သြားအိပ္ခဲ့သည္။
ရလဒ္အေနနဲ႔ ရွန္ရိက်င္းဟာ ေနာက္ေန႔မွာဒီအေၾကာင္းသိသြားေတာ့၏။ ျဖစ္သြားပံုက လက္ေထာက္ေရွာင္ထန္းက ရွဲန္းရွန္ဆီ ကုမၸဏီအလုပ္ေတြတင္ျပေနတဲ့အခ်ိန္မေတာ္တဆဒါကိုေျပာမိသြားတာပင္။ အတိုခ်ဳပ္ကေတာ့ ရွန္ရိက်င္းက မၾကာခင္မွာပဲ သူ႔ကုိဖုန္းေခၚျပီး အရမ္းေနာက္က်တဲ့ထိ အလုပ္မလုပ္ဖို႔နဲ႔ ေစာေစာျပန္အိပ္ဖို႔ေျပာလာခဲ့သည္။
သူအေဝးေရာက္ေနခ်ိန္ က်င္ရႊင္လည္းသူ႔ကုိစိတ္မပူေစခ်င္တာေၾကာင့္ သေဘာတူလုိက္သည္။
ထုိ႔ေန႔မွာပဲ..မေန႔ညကေပါ့…သူလည္းအိမ္ေစာေစာျပန္အိပ္ဖို႔စီစဥ္ထားတာပါ။ သူမထင္ထားတာက အျခားဓာတ္ခြဲခန္းေတြမွာ ျပႆနာအေသးစားအခ်ိဳ႕ေပၚလာလိမ့္မယ္လို႔ပဲ။ က်င္ရႊင္က ထုိအရာေတြကုိင္တြယ္ဖို႔သြားရာ ဥာဥ့္နက္တဲ့အထိ အလုပ္မ်ားေနတာနဲ႔အဆံုးသတ္သြားတာမုိ႔ ရိုးရွင္းစြာပဲ ကုမၸဏီမွာေနာက္တစ္ညထပ္ေနရျပန္သည္။
ဒီေန႔ကေတာ့…
ေကာင္းျပီ ဒီေန႔ကေတာ့ သူအိမ္မျပန္ခ်င္လို႔ပဲ။
သူျပန္သြားရင္ ဘာမွလုပ္စရာမရွိတာေၾကာင့္ အခ်ိန္ေတြကုန္တာအရမ္းေႏွးတယ္လို႔ သူခံစားမိလိမ့္မယ္…
သုိ႔ရာတြင္ သက္ေသကျပည့္လွ်ံထြက္ေနျပီ။
လူမိခံလိုက္ရျပီး အေၾကာင္းျပခ်က္မရွာႏုိင္ေတာ့ က်င္ရႊင့္မွာေရြးခ်ယ္စရာမရွိဘဲ ေခါင္းစဥ္ေျပာင္းလိုက္ရေတာ့သည္။
သူ႔ေခါင္းကုိအနည္းငယ္ေမာ့ကာ အံ့အားသင့္မႈျဖင့္ေမးလိုက္သည္ : “ခင္ဗ်ားကေရာ ရွဲန္းရွန္? ခင္ဗ်ားေျပာေတာ့ ျပန္လာဖို႔ႏွစ္ရက္ေလာက္လိုေသးတယ္ဆို?...”
ရွန္ရိက်င္းဟာသူ႔ေမးခြန္းကုိမေျဖခဲ့။
ဘာလို႔လဲဆိုေတာ့ ေနာက္တစ္စကၠန္႔မွာ က်င္ရႊင္အနမ္းခံလိုက္ရလို႔ပဲ။
သူတုိ႔ရဲ႕လက္ရွိပံုစံက နမ္းဖို႔အတြက္သင့္ေလ်ာ္ျပီး အခ်င္းခ်င္းႏွစ္ရက္ေတာင္မေတြ႔ရတာပါထပ္ေပါင္းလိုက္ေတာ့..သူတုိ႔အမွန္ကုိ တစ္ဦးကုိတစ္ဦး နည္းနည္းေလးလြမ္းေနမိသည္…
က်င္ရႊင္က မသိစိတ္အေလ်ာက္ ရွန္ရိက်င္းလည္ပင္းအား သုိင္းဖက္ရန္ သူ႔လက္တုိ႔ကုိေျမွာက္လိုက္ျပီး ေဟာဟဲလိုက္ေနတဲ့သူ႔အသံက အတန္ငယ္တိုးလာသည္။
သို႔ေပမဲ့ သူမေမွ်ာ္လင့္ထားတာကေတာ့ သူတို႔နမ္းေနစဥ္ သူတုိ႔ပံုစံကေျပာင္းလဲသြားမယ္လုိ႔ပဲ!
“ဝူး”
သူ႔ႏွာရိုးေပၚရွိမ်က္မွန္က ေပ်ာက္ဆံုးသြားျပီ။ သူတို႔ဘယ္လိုလုပ္စူပါကြန္ပ်ဴတာရဲ႕consoleဆီေရာက္သြားမွန္း သူမသိေတာ့။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်ီမခံရကာ ထုိအေပၚအတင္ခံလိုက္ရခ်ိန္ က်င္ရႊင္ပထမဆံုးခံစားလိုက္ရတာကေတာ့ ေအာက္ပုိင္းမွ ေရခဲလိုေအးျမမႈနဲ႔ သူ႔ကုိယ္ေပၚရွိေအးစက္မႈတုိ႔ပင္။
[Console ဆိုတာက ဒီလုိမ်ိဳးကြန္ပ်ဴတာတင္တဲ့ခံုမ်ိဳးပါ]
သူအံ့ၾသတၾကီးေမာ့ၾကည့္လိုက္ေတာ့ ရွန္ရိက်င္းက သူ႔ရဲ႕…ကုိခၽြတ္ေနတာအားေတြ႔လိုက္ရသည္။
? ? ?
“ဒီ..ဒီ…ဒီထဲမွာလား”
က်င္ရႊင္ကအရမ္းအံ့အားသင့္သြားတာမို႔ က်ယ္က်ယ္ထုတ္ေမးမိသြားသည္။
TVေပၚရွိ ရွန္ရိက်င္းရဲ႕မ်က္လံုးေတြက ထူးမျခားနားျဖစ္ပံုရေပမဲ့ ဒီအခုိက္အတန္႔မွာေတာ့ ထူးထူးျခားျခားေတာက္ပတဲ့အလင္းေရာင္ေလးရွိေနသည္။ အျခားသူေတြထံကေန သတိျပဳမိတာနည္းတဲ့ သူ႔မက္မြန္ပြင့္သ႑ာန္မ်က္ဝန္းေတြဟာ အနည္းငယ္ပုိစြဲမက္ဖြယ္ေကာင္းေန၏။
“ကုိယ္တို႔လုပ္လို႔မရဘူးလား” ေမးေနေပမဲ့ သူ႔လက္လႈပ္ရွားမႈေတြကေတာ့ မရပ္သြားခဲ့။
“……”
က်င္ရႊင္က ပုိလို႔ေတာင္ၾကက္ေသ,ေသမိသြားသည္။ သူက consoleေပၚမွာ ကုိယ္တစ္ဝက္ေထာက္ကူလို႔ထိုင္ေနျပီး ရွန္ရိက်င္းရဲ႕…လက္ေခ်ာင္းေတြကုိ ဆြံ႔အစြာၾကည့္ေနကာ နဂိုပါးျပင္ျဖဴျဖဴက တမဟုတ္ခ်င္းနီရဲသြားေတာ့သည္။
သူတုိ႔လုပ္လို႔မရႏုိင္တာေတာ့မဟုတ္ဘူးေလ။
ဒါေပမဲ့ ဒါကသူအလုပ္လုပ္တဲ့ေနရာၾကီးလို႔! သူထုိင္ေနတဲ့စက္က သူအရမ္းခ်စ္ျမတ္ႏိုးရတဲ့သူငယ္ခ်င္းေဟာင္းၾကီး သူ႔စူပါကြန္ပ်ဴတာၾကီးေလ!
ဒါ့အျပင္ တကယ္လို႔တစ္ေယာက္ေယာက္သာ တကယ္ၾကီးဝင္လာခဲ့ရင္…
ထုိအခုိက္အတန္႔မွာ က်င္ရႊင္က အမ်ားၾကီးေလွ်ာက္ေတြးမိသြား၏။
သို႔ေသာ္ သူကေတြးေတာရာမွာအလုပ္အရမ္းရႈပ္ေနျပီး ဘာမွမေျပာခဲ့တာေၾကာင့္ ဒီအကြာအဟၾကားကုိ အခြင့္အေကာင္းယူလ်က္ က်င္ရႊင့္အဝတ္အစားေတြ၊အေပၚေရာေအာက္ေရာက…အေစာကတည္းက…
“ေနပါဦး ေနပါဦး ေနပါဦး?...!”
ေသေရးရွင္ေရးအခုိက္အတန္႔မွာ သူရွန္ရိက်င္းကုိတားဆီးလုိက္ျပီး သူ႔ဘက္ကေနအစျပဳလို႔ တစ္ဖက္လူလည္ပင္းကုိရစ္ပတ္လိုက္၏။
Console ေပၚမွာထိုင္ေနရင္း က်င္ရႊင့္တစ္ကုိယ္လံုးက ပုစြန္အၾကီးစားတစ္ေကာင္ကဲ့သို႔ ေကြးလုမတတ္ျဖစ္ေနကာ တစ္ျပင္လံုးရဲရဲေတာက္ေနလ်က္ ရွန္ရိက်င္းအားေျပာလုိက္သည္ : “အထဲသြားၾကရေအာင္ေနာ္”
သူရည္ညႊန္းတဲ့အရာက ဓာတ္ခြဲခန္းရဲ႕သံုးပံုႏွစ္ပံုနီးပါးေနရာယူထားတဲ့ ပူးတြဲေအာက္ခံထည္ၾကီးပင္။
အမ်ားအားျဖင့္ မည္သူကမွ်ထိုေနရာကိုမသြားတတ္…အဲ့ေနရာကိုသြားတာက က်င္ရႊင့္ရဲ႕ေနာက္ဆံုးေတာင္းဆုိမႈပင္။
“အိုေက” ရွန္ရိက်င္းကမျငင္းပယ္၊ သူက နည္းနည္းေလးေတာင္ တံု႔ဆုိင္းမေနဘဲ လူငယ္ေလးကုိ ေအာက္ခံထည္ဆီ တုိက္ရုိက္ဆြဲေခၚသြား၏။
“…ဒီေနရာကို ညစ္ပတ္ေအာင္မလုပ္နဲ႔ေနာ္” ေလထဲသို႔ ခႏၶာကုိယ္ကုိလံုးဝပင့္တင္ခံလိုက္ရတဲ့က်င္ရႊင္က သူ႔ကုိညႊန္ၾကားဖို႔ၾကိဳးစားလုိက္သည္။
“အင္း” ရွန္ရိက်င္းကေျပာသည္။
ပံုမွန္အားျဖင့္ စြမ္းအင္အလဟႆမျဖစ္ေစရန္ ဒီပစၥည္းထားထားတဲ့ေနရာမွာ ဘာမီးမွဖြင့္ထားေလ့မရွိ။
ထိုအခ်ိန္၌ လူတစ္ေယာက္အရပ္အျမင့္ထက္ပိုတဲ့ ေအာက္ခံထည္တစ္တန္းလံုးက သိပ္သည္းေသာအနီေရာင္အလင္းတုိ႔ကို လင္းလက္ေနေစသည္။
အနီေရာင္အလင္းတုိ႔က ျပတ္ေတာင္းျပတ္ေတာင္းလင္းလက္ေနလ်က္ အလင္းတစ္ခုလင္းလက္သြားခ်ိန္ ေနာက္တစ္ခုကြယ္ေပ်ာက္သြားသည္။
တစ္ခုျပီးတစ္ခု
ရုတ္တရက္ ေအာက္ခံထည္ရဲ႕ဟိန္းေဟာက္သံက အမ်ားၾကီးပိုက်ယ္ေလာင္လာသလိုပင္။ စူပါကြန္ပ်ဴတာက ေဒတာေတြကိုလ်င္လ်င္ျမန္ျမန္စီမံျပီး ထည့္သြင္းေနသလိုမ်ိဳး ေအာက္ခံထည္တစ္တြဲလံုးက စတင္ျပီးေတာ့ စြမ္းအင္ကုိျမန္ျမန္ဆန္ဆန္ေမာင္းႏွင္ထုတ္လႊတ္လ်က္ပင္။
ေလထုတစ္ခုလံုးက အပူျမင့္တက္လာျပီး ပူေလာင္ေျခာက္ေသြ႔လာ၏။
ဒီေနရာမွာပုန္းေနတာကအဆင္ေျပသားပဲလို႔ က်င္ရႊင္ခံစားရေပမဲ့ သူမတ္တပ္ရပ္ႏုိင္ရုံေလာက္ပဲရွိေတာ့သည္။
အခ်ိန္အၾကာၾကီးလုပ္ေဆာင္ျပီးေနာက္ သူနည္းနည္းပင္ပန္းေနျပီ
…ဒါမွမဟုတ္ နည္းနည္းမဟုတ္ဘဲ အမ်ားၾကီးပင္ပန္းတာလို႔သူေျပာသင့္လား?
သူကတကယ္ျပႆနာတက္ျပီပဲ
သို႔ေပမဲ့ သူအဖက္ခံလိုက္ရခ်ိန္ေနာက္ပုိင္းမွာ သူ႔အေလးခ်ိန္အားလံုးကုိ ရွန္ရိက်င္းဆီလႊဲေျပာင္းလိုက္ေတာ့ သူအမ်ားၾကီးပုိသက္သာသြား၏။
ခုနက ေဒတာေတြစီမံလုပ္ေဆာင္ေနတဲ့အခ်ိန္ ဒီတစ္ေခါက္ရွဲန္းရွန္ရဲ႕လႈပ္ရွားမႈေတြ အနည္းငယ္ပိုျမန္ေနသလို သူခံစားရသည္။
…လြန္ခဲ့တဲ့ေျခာက္လမွာ ရွန္ရိက်င္းကတည္ျငိမ္တဲ့အေျခအေန၌ရွိေနခဲ့တာပင္။ စိတ္လႈပ္ရွားအခုိက္အတန္႔ေလးေတြရွိတတ္ေပမဲ့ ခုနကလိုမ်ိဳးေတာ့ရွားပါးလွသည္…
ဒါကုိေတြးေနရင္း သူမေနႏုိင္ဘဲ အတိတ္ကရွန္ရိက်င္းနဲ႔ယေန႔ရွန္ရိက်င္းၾကား ကြာျခားခ်က္ကုိ သူျပန္ေတြးၾကည့္မိသည္။
ေအာက္ခံထည္က အခ်ိန္တစ္ခုၾကာ အလ်င္အျမန္စီမံျပီး ေဒတာေတြကုိတစ္ၾကိမ္ခန္႔ခြဲျပီးေနာက္ က်င္ရႊင့္ပါးစပ္လည္းေျခာက္ေသြ႔ေနခဲ့ျပီ။
သူက အားေဖ်ာ့စြာျဖင့္ ရွန္ရိက်င္းေပၚမွီကာ တစ္ဖက္လူသူ႔အားအဝတ္ဝတ္ေပးတာကိုခြင့္ျပဳထားလုိက္၏ အခ်ိန္အေတာ္ၾကာ သူ႔အသက္ရွဴသံကုိထိန္းညွိျပီးေနာက္ ေနာက္ဆံုး၌အက္ရွစြာေျပာလိုက္၏ “ကၽြန္ေတာ္ေရေသာက္ခ်င္တယ္”
“ေကာင္းျပီ”
“ကၽြန္ေတာ့္ခြက္ထဲမွာေရမရွိေတာ့ဘူး” က်င္ရႊင္ေျပာလုိက္သည္။
ရွန္ရိက်င္းကလႈပ္ရွားသြားခ်ိန္ သူ႔လည္ေခ်ာင္းက နိမ့္ဆင္းသြားျပီး အလ်င္အျမန္ေျပာလာ၏ “ကုိယ္အခုသြားထည့္ေပးမယ္ေနာ္”
သူေျပာေနရင္း က်င္ရႊင့္ကုိကုလားထိုင္ေပၚတင္ကာ က်င္ရႊင့္ခြက္ကုိေကာက္ယူလုိက္ျပီးေနာက္ ေရထည့္ရန္ခပ္သြက္သြက္ထြက္သြားလုိက္သည္။
သုိ႔ေသာ္ ထုိအခုိက္အတန္႔၌ အဝတ္ျပန္ဝတ္ထားျပီးတဲ့က်င္ရႊင္က ေနရာကေန ထကာ ရွန္ရိက်င္းကုိအမီလိုက္၏။
သူက ရွန္ရိက်င္းေျခလွမ္းေတြကို အမီလိုက္ရုံတင္မကဘဲ အေနာက္ဘက္ကေနလည္း သုိင္းဖက္လုိက္သည္။
ရွန္ရိက်င္းရဲ႕ပေဟဠိျဖစ္ေနတဲ့အၾကည့္နဲ႔ရင္ဆိုင္ရခ်ိန္ က်င္ရႊင္ကမ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္၍ရွင္းျပလုိက္၏ : “ကၽြန္ေတာ္ရုတ္တရက္ ေၾကာက္စရာပံုျပင္အခ်ိဳ႕ကို သတိရသြားျပီး အျပင္ထြက္၊ေရမထည့္ရဲလို႔ပါ…တကယ္ေတာ့ ကုမၸဏီမွာေနတာကလဲေကာင္းပါတယ္! ခင္ဗ်ားရုံးခန္းမွာအရာအားလံုးရွိတယ္ေလ။ ကၽြန္ေတာ္မွကားမေမာင္းတတ္တာ အဲ့ေတာ့ ကၽြန္ေတာ္အိမ္ျပန္ဖို႔ဆို အျခားသူေတြကုိ ဒုကၡေပးေနရလိမ့္မယ္…”
“ေရွာင္ရႊင္” ရွန္ရိက်င္းက သူ႔ကုိတားဆီးလိုက္သည္။
“အမ္?”
ရွန္ရိက်င္းကေျပာ၏ : “အနာဂတ္မွာ ကုိယ္မင္းကုိမထားခဲ့ေတာ့ဘူး”
“…” ဘာရွင္းျပရမယ္မွန္းမသိေပမဲ့ တစ္ခုခုရွင္းျပခ်င္ေနေသးတဲ့က်င္ရႊင္က ခ်က္ခ်င္းရပ္တန္႔လိုက္သည္။ အဲ့အစားသူအခ်ဳပ္အားျဖင့္တံု႔ျပန္လုိက္၏ : “ဟုတ္ပါျပီ”
တံု႔ျပန္ျပီးေနာက္ ႏူးညံ့တဲ့သူ႔မ်က္ခံုးေတြဟာ သိမ္ေမြ႔စြာေကြးညြတ္သြားလို႔ ျပံဳးလုိက္မိျပန္သည္။
ဟင္း ဒါကဘာလဲ?
ႏွစ္ရက္ပဲခြဲရေသးတယ္ ဘာလို႔ ေသျခင္းရွင္ျခင္းေက်ာ္ျဖတ္ခဲ့တဲ့ ခြဲခြာမႈမ်ိဳးနဲ႔တူေနရတာလဲ?
က်င္ရႊင္က ဒီညလည္းကုမၸဏီကုိျပန္လိမ့္မယ္လို႔ ရွန္ရိက်င္းထင္ထားတာေၾကာင့္ အျမန္ျပန္လာခဲ့မွန္းသူသိသည္။
…ကီလိုမီတာတစ္ေထာင္ေက်ာ္..ဒါကအနည္းဆံုးေတာ့ ကုိယ္ပုိင္ဂ်က္ေလယာဥ္နဲ႔ဆို နာရီမ်ားစြာၾကာျမင့္ေသးသည္။ ရွဲန္းရွန္က ဖုန္းခ်ျပီးတာနဲ႔ ဒီကိုျပန္လာဖို႔ျပင္ဆင္ခဲ့တာလည္းျဖစ္ႏုိင္၏။
ရွဲန္းရွန္က သူကုမၸဏီမွာ ႏြမ္းပါးတဲ့အစားအစာ၊ေနရာထိုင္ခင္းတုိ႔နဲ႔ေနရမွာကို စိုးရိမ္ေနတာလား…?
သို႔ေပမဲ့ တစ္ခုခုမွားေနတယ္လို႔ေတာ့ က်င္ရႊင္မထင္ေပ။
ဖီလာအားျဖင့္ သူအိမ္မွာတစ္ေယာက္တည္းရွိေနတဲ့အခ်ိန္ ျငီးေငြ႔မႈက ပုိလို႔ေတာင္မသက္မသာျဖစ္ေသးတယ္…
က်င္ရႊင္ရုတ္ျခည္းေတြးမိသြားသည္၊ ရွဲန္းရွန္က သူကုမၸဏီမွာေနတာကို က်င့္သားမရမွာအားစိတ္ပူေနတာမဟုတ္ဘဲ သူအထီးက်န္မွာကုိ စုိးရိမ္ေနတာမ်ားလား?
အျပံဳးက တျဖည္းျဖည္းနဲ႔ သူ႔မ်က္ႏွာထက္ ပုိျပီးထင္ရွားလာကာ သူ႔မ်က္လံုးေထာင့္စြန္းအျမီးေလးေတြ အေပၚတက္သြားတာကုိထပ္မံဖိႏွိပ္ႏုိင္ျခင္းမရွိေတာ့ဘဲ မ်က္လံုးေအာက္ရွိ မ်က္ရည္ခံမွဲ႔က တစ္မူထူးလုိ႔မ်က္စိဖမ္းစားဖြယ္ပင္။
က်င္ရႊင္ကအနည္းငယ္မင္သက္ေနမိသည္။
သူဒီျဖစ္ႏုိင္ေခ်ကို ေတြးလိုက္မိခ်ိန္တြင္ သူကိစၥကုိအလိုအေလ်ာက္ေျဖရွင္းႏုိင္သြားသည္။ ရွန္ရိက်င္းက ခရီးကေနအျမန္ျပန္လာျပီးေနာက္ ေမာပန္းႏြမ္းနယ္ေနလိမ့္မည္။ သူခုနကအရမ္းစိတ္လႈပ္ရွားေနခဲ့တာက…တစ္ဖက္လူဟာ လြန္ခဲ့တဲ့ႏွစ္ရက္က သူ႔စိတ္အေျခအေနကုိ ခန္႔မွန္းမိသြားခဲ့တာေၾကာင့္ပဲ?
--သူအိမ္ကိုတစ္ေယာက္တည္းမျပန္ခ်င္တာမို႔ သူအိမ္မျပန္တဲ့အခ်ိန္ ကုမၸဏီမွာပဲအလုပ္ပံုထဲေခါင္းစုိက္ေနမွာကုိ ရွန္ရိက်င္းသတိထားမိတာေၾကာင့္ ညတြင္းခ်င္းပဲ သူ႔ကုိအေဖာ္လုပ္ေပးဖို႔အေျပးျပန္လာခဲ့တာပဲ။
…အလိုေလး
တစ္ခ်ိန္လံုး တစ္စံုတစ္ေယာက္ရဲ႕ ၾကင္နာယုယစြာအခ်စ္ခံရျပီး စိတ္ပူခံရတာက ဘယ္လုိခံစားရလဲ?
က်င္ရႊင္ ၎ကိုမေဖာ္ျပႏုိင္ေပ။
သူ႔ႏွလံုးသားထဲမွာ အေတာ္ေလးခ်ိဳျမိန္ေနတာကုိသာခံစားႏုိင္ျပီး ပါးစပ္ေထာင့္ေတြက ထိန္းမႏုိင္သိမ္းမရတစ္ဖန္ျမင့္တက္သြားျပန္သည္။ သူက ရွန္ရိက်င္းကုိ ပုိတင္းတင္းက်ပ္က်ပ္ဖက္လုိက္ျပီး ကိစၥေတြက တကယ္ပဲသူေတြးသလုိလားဟုေမးျမန္းလိုက္သည္။
ရွန္ရိက်င္းက ၎ကုိမျငင္းေပ။
“အင္း ေရွာင္ရႊင္ ကုိယ့္ကုိအရမ္းလြမ္းေနမွာစိုးလို႔ေလ”
က်င္ရႊင္ : “…”
က်င္ရႊင္က ရွန္ရိက်င္းဆီ သံသယျဖစ္စြာျဖင့္မ်က္လံုးေတြေမာ့လိုက္ရင္း ဒီစိတ္ၾကီးဝင္တဲ့စကားလံုးေတြက သူေျပာတတ္တဲ့အရာနဲ႔တူပံုမရမွန္း ခံစားမိသည္။
က်င္ရႊင္က…သူ႔ပါးစပ္ကုိတင္းတင္းေစ့လုိက္ေသာ္ျငား ၾကည့္ရတာ သူမွန္ေနပံုပဲ။
သူအိမ္ကုိမျပန္ခ်င္တာက သူအထီးက်န္လို႔မဟုတ္ဘူး။
အိမ္ျပန္ျပီးဘာမွလုပ္စရာမရွိတဲ့အခ်ိန္ သူရွန္ရိက်င္းကုိေတြးမိလိမ့္မယ္။ အဲ့ဒါက အရမ္း……
ရွန္ရိက်င္းက ျဗဳန္းစားၾကီးေျပာလာသည္ : “ကိုယ္မင္းကုိ တကယ္လြမ္းတယ္ ေရွာင္ရႊင္။ ေန႔တုိင္း အခုိက္အတန္႔တိုင္း ကိုယ္မင္းကုိေတြးမိတုိင္း အရမ္းလြမ္းတယ္”
က်င္ရႊင့္အၾကည့္နဲ႔ရင္ဆုိင္လုိက္ရေတာ့ သူေသေသခ်ာခ်ာရွင္းျပလုိက္သည္ : “ဒါေၾကာင့္ ကုိယ့္ကုိကုိယ္နဲ႔ တုိင္းတာၾကည့္ျပီးေတာ့… ေရွာင္ရႊင္လဲကုိယ့္ကိုလြမ္းမွာစိုးေနမိတာ”
“…..”
က်င္ရႊင္က ေနာက္တစ္ဖန္ မင္သက္သြားရျပန္၏။
သူ တကယ္ပဲ…အဲ့လိုျဖစ္ေနခဲ့တာ အားးး!
ဒါကုိေနာက္ထပ္ထိန္းခ်ဳပ္မထားႏုိင္ေတာ့ဘဲ က်င္ရႊင့္နားရြက္ေတြကနီရဲသြားေတာ့သည္။
သူကအလိုအေလ်ာက္ အၾကည့္ကိုေရွာင္လိုက္ျပီးေနာက္ သူ႔ကုိယ္သူအားတင္းကာ ရွန္ရိက်င္းရဲ႕မ်က္ဝန္းေတြထံ တစ္ဖန္ျပန္ၾကည့္လုိက္ျပီး စိတ္ရင္းအတုိင္းဝန္ခံလုိက္၏ : “ကၽြန္ေတာ္…ခင္ဗ်ားကုိလြမ္းတယ္”
…သူတုိ႔ရဲ႕ပံုမွန္ ခင္ပြန္းသည္နဲ႔ခင္ပြန္းသည္အခ်ိန္ေတြအတြင္းမွာ က်င္ရႊင္က လြယ္လြယ္ကူကူရွက္ေသြးမျဖာတတ္။
အဓိကအရာကေတာ့ အလုပ္နဲ႔ဘဝၾကား ညီမွ်တဲ့မ်ဥ္းတစ္ခုရွိေနလို႔ပဲ။ ရွန္ရိက်င္းနဲ႔သူက တစ္ေလွ်ာက္လံုးအလြန္ကုိသဟဇာတျဖစ္ၾကသည္။ သူတုိ႔တစ္ခါမွစကားမမ်ားဖူးတာကုိ ထည့္မေျပာနဲ႔ဦး၊ ဒီရက္ပုိင္းသူ႔ဘဝကအျမဲတမ္းသာယာေနခဲ့တာ၊ တစ္ခုမွလြဲလို႔ေပါ့ မင္းတုိ႔သိပါတယ္ မီးပ်က္သြားတဲ့အခ်ိန္၊ အဲ့အခ်ိန္မွလြဲလို႔ သူရွက္ေသြးျဖာခဲလွသည္။
ဒါေပမဲ့ ႏွစ္ရက္ေလာက္ေဝးကြာျပီးေနာက္မွာ ရွန္ရိက်င္းေရွ႕ သူ႔ရဲ႕ရွက္ရြံ႕မႈက တစ္ဖန္ျပန္ေပၚလာျပီမွန္း သူရုတ္ျခည္းသေဘာေပါက္သြားသည္!
ဒါေပမဲ့ ေတြးၾကည့္လုိက္ေတာ့ ဒီလိုအရာမ်ိဳးက လိမ္လို႔မရသလို ျငင္းဆန္ဖို႔လည္းမျဖစ္ႏုိင္ေပ။
က်င္ရႊင္က သူ႔ကံၾကမၼာကုိ လက္သင့္ခံလိုက္ျပီး နီရဲေနတဲ့နားရြက္တို႔ကိုခါယမ္းလုိက္သည္။ သူ႔ေခါင္းကိုအသာေစာင္းငဲ့လုိက္ျပီး သူ႔စနစ္အတြင္းရွိerrorကုိ ရုိးရုိးသားသားနဲ႔အၾကြင္းမဲ့ဖာေထးလိုက္သည္ : “ခင္ဗ်ားကို အရမ္း အရမ္းလြမ္းေနတာ”
“…က်င္ရႊင္”
ရွန္ရိက်င္းရဲ႕အသက္ရွဴသံျပင္းျပင္းက သူ႔နားထဲရုတ္တရက္ျမည္ဟည္းလာသည္။
တစ္ဖက္လူ သူ႔နာမည္ေခၚတာအားၾကားလုိက္ရျပီးေနာက္ခ်က္ခ်င္းပင္ အလြန္အမင္းအဖိုးတန္လွတဲ့ရွားပါးရတနာကုိ ကုိင္တြယ္ေနရသလိုမ်ိဳး ရွန္ရိက်င္းရဲ႕ေပြ႔ဖက္ျခင္းခံလုိက္ရကာ တစ္ဖက္လူက သူ႔ထံပါးကေန ခြဲခြာသြားဖို႔ဆႏၵမရွိေနသလိုပင္။
တကယ္လို႔ သူတုိ႔သာဓာတ္ခြဲခန္းဝင္ေပါက္မွာမရပ္ေနဘူး၊ ဖန္တံခါးအျပင္ဘက္ကေန အတြင္းဘက္ကုိ မျမင္ႏုိင္ခဲ့ဘူးဆိုရင္ ခုနကေဒတာကုိ ျပန္အသက္သြင္းလုပ္ေဆာင္ေနေလာက္ျပီ!
ကံေကာင္းစြာနဲ႔ တစ္ဖက္လူက သူ႔ကုိတင္းက်ပ္စြာေပြ႔ဖက္ထားရုံပင္။ သူေရဆာေနမွန္း ရွန္ရိက်င္းသတိရသြားကာ သူ႔အတြက္ေရသြားခပ္ေပးခ်င္ေန၏။
“ကၽြန္ေတာ္လဲလုိက္မယ္” က်င္ရႊင္က အလိုအေလ်ာက္ပင္ ရွန္ရိက်င္းလက္ကုိကုိင္ဆြဲကာ ေခ်ာေမာလွတဲ့သူ႔မ်က္ႏွာက တစ္ဖက္လူကိုၾကည့္ေနရင္း ျပံဳးေနတဲ့သူ႔မ်က္ဝန္းတို႔က သလင္းေက်ာက္ေရာင္လုိ ေတာက္ပေနလ်က္။
သူေျပာလုိက္သည္ : “အခုကစျပီး ခင္ဗ်ားသြားတဲ့ေနရာတုိင္း ကၽြန္ေတာ္လုိက္မယ္။ ခင္ဗ်ားလဲ အဲ့လိုပဲလုပ္ရမယ္”
“ေကာင္းျပီ” ရွန္ရိက်င္းက တံု႔ဆုိင္းျခင္းမရွိပဲ တံု႔ျပန္လာသည္။
သူ႔မ်က္လံုးထဲရွိ အလင္းေရာင္ကုိျမင္ျပီးေနာက္ ရွန္ရိက်င္းရဲ႕ႏႈတ္ခမ္းပါးတို႔ေကာ့တက္သြားျပီး လူငယ္ေလးနဲ႔အတူလုိက္ပါျပံဳးလုိက္သည္။
ထိုဟာျပီးေနာက္ က်င္ရႊင္ကေရထည့္ရန္ေခၚသြားခံရ၏။
သူတို႔ စားဖိုေဆာင္ဆီ မသြားခဲ့ရုံေလးပဲ။
အဲ့အစား သူတို႔ ရွန္ရိက်င္းရုံးခန္းဆီ တန္းတန္းမတ္မတ္ျပန္သြားၾကသည္။
သိပၸံနဲ႔နည္းပညာအေငြ႔အသက္တုိ႔ ျပင္းထန္တဲ့ ကုမၸဏီတစ္ခုအေနျဖင့္ ရိေဝ့အေဆာက္အအံုရဲ႕အတြင္းပုိင္းမွာ ဝန္ထမ္းေတြရဲ႕အလုပ္နဲ႔ဘဝကုိ ဂရုစုိက္ေပးရန္ ပစၥည္းပစၥယေတြအမ်ားၾကီးရွိ၏။
ဥကၠ႒ရုံးခန္းကုိ အိမ္သံုးကိရိယာပစၥည္းအစံုျဖင့္ တပ္ဆင္ထားျပီး ေရပန္းေတာင္ပါရွိေသးသည္။
သူတကယ္ကုိေရဆာေနတာေၾကာင့္ က်င္ရႊင္က ေရခြက္အၾကီးၾကီးတစ္ခြက္ကုိ အသက္တစ္ရိႈက္ရွဴခ်ိန္အတြင္း ေမာ့ခ်လိုက္သည္။
ထုိ႔ေနာက္ ရွန္ရိက်င္းက သူ႔ကုိေမး၏ : “ေရွာင္ရႊင္ ေရခ်ိဳးခ်င္လား”
ေမးေနရင္း ရွန္ရိက်င္းက သူ႔လည္ပင္းတစ္ဝိုက္ရွိ နက္ခ္တုိင္ကုိ ျဖည္ေနလ်က္သား။
က်င္ရႊင္ :“…”
ေတာက္ပေနတဲ့ရုံးခန္းထဲမွာ ရွန္ရိက်င္းရဲ႕နက္ခ္တိုင္ျဖည္ေနတဲ့အျပဳအမူအေသးေလးက ျပီးျပည့္စံုျပီး ရမၼက္ၾကြေစကာ တည္ျငိမ္ျပီးၾကီးစိုးျခယ္လွယ္ခ်င္တဲ့ဥကၠ႒ဟန္အျပည့္ပင္။
သုိ႔တေစ ဒီအခ်ိန္မွာ က်င္ရႊင္ေတြးေနတာက…
ခုနတုန္းက ရွဲန္းရွန္က သူ႔အဝတ္ေတြကုိေတာင္မခၽြတ္ခဲ့ဘူး။
ထိုအခ်ိန္ ေဒတာေတြလုပ္ေဆာင္ထည့္သြင္းေနတုန္းက CPUက memoryအရမ္းမ်ားသြားတာမို႔ သူထုိအေသးစိတ္ေလးကုိ အာရုံမထားမိခဲ့ဘူး။
အခုျပန္ၾကည့္ရရင္ ရွန္ရိက်င္းက အမွန္တကယ္ပဲ ျဖစ္စဥ္တစ္လုံုးကုိ ….
ေသေသသပ္သပ္ဝတ္ထားရင္း ျဖတ္ေက်ာ္ခဲ့တာ!
…ဒီေတာ့ ဘာအေၾကာင္းျပခ်က္ေၾကာင့္လဲ!?
က်င္ရႊင္က သူဒါကုိလက္ခံႏုိင္ေၾကာင္းေဖာ္ျပလိုက္ေပမဲ့ ရွန္ရိက်င္းရဲ႕ရွင္းျပခ်က္က ခုိင္လံုေနဆဲပင္:
“ ကိုယ္ေရွာင္ရႊင္ကုိအရမ္းလြမ္းေနခဲ့ေတာ့ မထိန္းႏုိင္ဘဲတစ္ခ်က္ေလာက္ၾကည့္ခ်င္မိလို႔ပါ”
က်င္ရႊင္ : “……”
ရွန္ရိက်င္း : “ဒါဆို ကုိယ္အခုခၽြတ္လုိက္မယ္ေလ မင္းကုိယ့္ကုိျပန္ၾကည့္လုိရတာပဲကို?”
“…”
ဒါက အဓိကအခ်က္လားလို႔!
….ေကာင္းျပီ
တစ္ဖက္လူက အတည္ၾကီးမွန္း က်င္ရႊင္သိ၏။
ဒီေလာက္အခ်ိန္ေတြၾကာျပီးေနာက္မွာ သူ႔စိတ္ပုိင္းဆိုင္ရာက ျပႆနာထပ္ျပီးမရွိေတာ့ေသာ္ျငား ရွန္ရိက်င္းက ဟာသမလုပ္ႏုိင္ဆဲပင္။
သူေပးတဲ့အဆိုျပဳခ်က္ေတြအားလံုးက ေသေသခ်ာခ်ာေတြးေတာကာ ခြဲျခမ္းစိတ္ျဖာျပီးေနာက္ ဂရုတစုိက္ခ်မွတ္ထားတဲ့အေတြးအစစ္အမွန္ေတြပင္။
သူက ေသခ်ာေပါက္ကုိ သူကုိယ္တုိင္ကုိေရာ အျခားလူေတြကုိေရာ ရည္ရြယ္ခ်က္ရွိရွိစေနာက္မွာမဟုတ္။
က်င္ရႊင္က ေခါင္းခါလိုက္ျပီး : “ရွဲန္းရွန္ အရင္သြားေဆးေၾကာလိုက္ပါ”
သူက ေကာင္းေကာင္းမြန္မြန္ဝတ္စားထားေပမဲ့ ေစာနေလးက သူေခၽြးေတြအမ်ားၾကီးထြက္ထားျပီး သူ႔အဝတ္အစားေတြက…သူ႔ေၾကာင့္ ရႈပ္ေပညစ္ေထးေနလိမ့္မည္။
အဲ့ဒါကုိခၽြတ္ဖို႔မေျပာနဲ႔ အခုေတာက္ပတဲ့အလင္းေအာက္မွာ သူရွန္ရိက်င္းကုိအဝတ္အစားေတြရွိေနေသးရက္နဲ႔ေတာင္ တည့္တည့္မၾကည့္ရဲဘူး!
ဒါေပမဲ့ ရွန္ရိက်င္းက သူ႔ဆိုလိုရင္းကုိ နားလည္မႈလြဲသြားတာအသိသာၾကီး
ခံ့ညားတဲ့မ်က္ခံုးေတြက ျမင့္တက္သြားျပီး : “ေရွာင္ရႊင္က ကိုယ္နဲ႔တူတူ ေရမခ်ိဳးဘူးလား?”
သူေျပာေနရင္း သူ႔နဖူးျပင္ကပါ ခဏတာဆံုးရႈံးမႈတုိ႔လိုက္ပါလ်က္၊ သူတစ္စံုတစ္ခုကုိမေက်မခ်မ္းျဖစ္ေနတဲ့အတုိင္းပင္။
…ရွန္ရိက်င္းရဲ႕ပံုမွန္အရွိန္အဝါက အားေကာင္းလြန္းလို႔ျဖစ္ႏုိင္သည္၊ သူတုိ႔ႏွစ္ေယာက္ပဲရွိေနရင္ေတာင္မွ က်င္ရႊင္ကတစ္ဖက္လူရဲ႕ျမင့္ျမတ္မႈနဲ႔ေအးစက္မႈတုိ႔ကုိ က်င့္သားရေနခဲ့ျပီ။
သို႔ျဖစ္ရာ တစ္ဖက္လူက စိတ္ပ်က္မႈကိုျပသလာခ်ိန္ သူ႔ရဲ႕ထူးမျခားနားလ်စ္လ်ဴရႈတတ္တဲ့ဘက္ျခမ္းက သိပ္ျပီးမသိသာေတာ့။
သူမေက်မနပ္ညည္းညူေနပံုရ၏ : ခုနေလးတင္ ကုိယ္တုိ႔ထာဝရတုိင္ေအာင္ အတူတူေနမယ္လို႔ေျပာခဲ့တာ အရွင္းၾကီးကုိ
“……”
သူ႔ကုိယ္ပုိင္ဦးေႏွာက္ေၾကာင့္ ၾကက္ေသ,ေသေနမိရင္း က်င္ရႊင္က ရွန္ရိက်င္းနဲ႔တူတူ ေရခ်ိဳးခန္းထဲလုိက္ပါသြားရင္း အဆံုးသတ္သြားေတာ့၏။
အထဲေရာက္ျပီးတစ္ခဏေနမွ သူ႔စိတ္ကဘာလို႔ တစ္ေယာက္ျပီးမွတစ္ေယာက္ခ်ိဳးမွာလဲဆိုတာရဲ႕အေၾကာင္းရင္းကို တံု႔ျပန္ႏုိင္သြားသည္…ပစၥည္းပစၥယေတြက ျပည့္စံုေပမဲ့ ရုံးခန္းထဲရွိေရခ်ိဳးခန္းေလးက အရမ္းကုိေသးလြန္းေနဆဲျဖစ္ျပီး လူတစ္ေယာက္သာလွ်င္ ဆံ့သည္ေလ။
တကယ္လို႔ လူႏွစ္ေယာက္အတူတူခ်ိဳးမယ္ဆိုရင္ သူတုိ႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ နီးနီးကပ္ကပ္ေနေနရလိမ့္မယ္
…ဒါက တကယ္ကိုအရမ္းၾကပ္လြန္းတယ္
__
စာေရးသူမွာေျပာစရာရွိပါတယ္ :
ေရခ်ိဳးတာက ပညာရွင္ဆန္တဲ့အလုပ္တစ္ခုပဲ~
[ဒါဒါ - လုိက္လည္းလိုက္ပါတယ္၊ ဒီသဲသဲကဲကဲအတြဲကေတာ့ ၊ ႏွစ္ရက္ေလးခြဲရတာ ႏွစ္ကမာၻျခားသြားသလုိပဲ><]
❀❀❀❀❀❀❀❀❀❀❀❀❀❀❀
//Unicode//
Extra 1.2 : Later Story 2
_________________
“ရှဲန်းရှန်?”
ရှန်ရိကျင်းအသံကိုကြားတော့ ကျင်ရွှင်က ကွန်ပျူတာနောက်ကနေလုံးဝကိုခုန်ထလိုက်ပြီး သူ့နှာတံပေါ်ရှိ မျက်မှန်တို့ကိုပင့်တင်လိုက်၏။
သူအနီးမှုန်နေတာမဟုတ်ဘဲ မျက်မှန်တွေက အပြာရောင်ရောင်ခြည်တွေကို ကာကွယ်ဖို့သက်သက်ပင်။
ကြီးမားတဲ့အနက်ရောင်ကိုင်းတပ်မျက်မှန်တွေက သူ့မျက်နှာတစ်ဝက်လောက်ထိ ဖုံးကာထားပြီး အများအားဖြင့် သိမ်မွေ့နူးညံ့တဲ့လူငယ်လေးကို အတန်ငယ်ပိုပြီးချစ်စဖွယ်ကောင်းစေ၏။
ကျင်ရွှင် ကွန်ပျူတာနောက်ကနေ ခုန်ထွက်လိုက်သည်။
“တကယ်ပဲခင်ဗျားလား? ခင်ဗျားဘာလို့ …ရုတ်တရက်ကြီးပြန်လာတာလဲ”
တစ်ချိန်တည်းမှာပဲ ရှန်ရိကျင်းဟာလည်း သူ့ဆီကိုလျှောက်လာနှင့်ပြီ။
သူ့အရှေ့မှာ ခုန်ပေါက်နေတဲ့လူငယ်လေးကို အလိုအလျောက်ပွေ့ဖက်လိုက်ပြီး အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်၏ : “ဘာလို့ဆို ကိုယ်မင်းကိုလွမ်းလို့လေ”
!
ကျင်ရွှင်က အပြေးလေးရှန်ရိကျင်းကိုပြန်ပွေ့ဖက်လိုက်သည်။ သူ့မေးစေ့က အလိုအလျောက်ပင် တစ်ဖက်လူရဲ့ပခုံးပေါ်နားခိုသွားပြီး သူ့ကိုယ်ပေါ်ရှိ အော်ဒီကလုန်းအမွှေးနံ့ဖျော့ဖျော့ကို ရှူရှိုက်လိုက်သည်။
သူ့ကိုပြန်ဖက်ထားတဲ့ရှန်ရိကျင်းက သူ့ခါးပတ်လည်ကိုဝန်းရံလိုက်ပြီး လက်မောင်းရှိခွန်အားတို့က အနည်းငယ်ပိုများလာပေမဲ့ ဒီပျော်ရွှင်ဖွယ်အံ့သြမှုမှာနစ်မြုပ်နေခဲ့သူကတော့ သတိမထားမိ။
ကျင်ရွှင်က ရှန်ရိကျင်းသူ့အားမေးလာတာကိုသာလျှင်ကြားလိုက်ရ၏ : “ဒီလောက်နောက်ကျနေပြီ ၊ ဘာလို့ရှောင်ရွှင်က ကုမ္ပဏီမှာအချိန်ပိုဆင်းနေသေးတာလဲ?”
“…” ကျင်ရွှင်တုံ့ဆိုင်းနေမိသည် : “ဒါက…”
ရှန်ရိကျင်း : “မင်းအိမ်စောစောပြန်ပြီးအိပ်ပါ့မယ်လို့ ကိုယ့်ကိုကတိပေးခဲ့တယ်မလား?”
“…”
ကျင်ရွှင်ဘာအကြောင်းပြချက်မှမရှာနိုင်တော့။
ရှန်ရိကျင်းထွက်ခွာသွားတဲ့ပထမဆုံးညမှာ သူအလိုအလျောက်ပင် ကုမ္ပဏီမှာအရမ်းနောက်ကျတဲ့အထိ အချိန်ပိုဆင်းခဲ့ပြီး ရုံးခန်းထဲမှာပဲတိုက်ရိုက်သွားအိပ်ခဲ့သည်။
ရလဒ်အနေနဲ့ ရှန်ရိကျင်းဟာ နောက်နေ့မှာဒီအကြောင်းသိသွားတော့၏။ ဖြစ်သွားပုံက လက်ထောက်ရှောင်ထန်းက ရှဲန်းရှန်ဆီ ကုမ္ပဏီအလုပ်တွေတင်ပြနေတဲ့အချိန်မတော်တဆဒါကိုပြောမိသွားတာပင်။ အတိုချုပ်ကတော့ ရှန်ရိကျင်းက မကြာခင်မှာပဲ သူ့ကိုဖုန်းခေါ်ပြီး အရမ်းနောက်ကျတဲ့ထိ အလုပ်မလုပ်ဖို့နဲ့ စောစောပြန်အိပ်ဖို့ပြောလာခဲ့သည်။
သူအဝေးရောက်နေချိန် ကျင်ရွှင်လည်းသူ့ကိုစိတ်မပူစေချင်တာကြောင့် သဘောတူလိုက်သည်။
ထို့နေ့မှာပဲ..မနေ့ညကပေါ့…သူလည်းအိမ်စောစောပြန်အိပ်ဖို့စီစဉ်ထားတာပါ။ သူမထင်ထားတာက အခြားဓာတ်ခွဲခန်းတွေမှာ ပြဿနာအသေးစားအချို့ပေါ်လာလိမ့်မယ်လို့ပဲ။ ကျင်ရွှင်က ထိုအရာတွေကိုင်တွယ်ဖို့သွားရာ ဉာဥ့်နက်တဲ့အထိ အလုပ်များနေတာနဲ့အဆုံးသတ်သွားတာမို့ ရိုးရှင်းစွာပဲ ကုမ္ပဏီမှာနောက်တစ်ညထပ်နေရပြန်သည်။
ဒီနေ့ကတော့…
ကောင်းပြီ ဒီနေ့ကတော့ သူအိမ်မပြန်ချင်လို့ပဲ။
သူပြန်သွားရင် ဘာမှလုပ်စရာမရှိတာကြောင့် အချိန်တွေကုန်တာအရမ်းနှေးတယ်လို့ သူခံစားမိလိမ့်မယ်…
သို့ရာတွင် သက်သေကပြည့်လျှံထွက်နေပြီ။
လူမိခံလိုက်ရပြီး အကြောင်းပြချက်မရှာနိုင်တော့ ကျင်ရွှင့်မှာရွေးချယ်စရာမရှိဘဲ ခေါင်းစဉ်ပြောင်းလိုက်ရတော့သည်။
သူ့ခေါင်းကိုအနည်းငယ်မော့ကာ အံ့အားသင့်မှုဖြင့်မေးလိုက်သည် : “ခင်ဗျားကရော ရှဲန်းရှန်? ခင်ဗျားပြောတော့ ပြန်လာဖို့နှစ်ရက်လောက်လိုသေးတယ်ဆို?...”
ရှန်ရိကျင်းဟာသူ့မေးခွန်းကိုမဖြေခဲ့။
ဘာလို့လဲဆိုတော့ နောက်တစ်စက္ကန့်မှာ ကျင်ရွှင်အနမ်းခံလိုက်ရလို့ပဲ။
သူတို့ရဲ့လက်ရှိပုံစံက နမ်းဖို့အတွက်သင့်လျော်ပြီး အချင်းချင်းနှစ်ရက်တောင်မတွေ့ရတာပါထပ်ပေါင်းလိုက်တော့..သူတို့အမှန်ကို တစ်ဦးကိုတစ်ဦး နည်းနည်းလေးလွမ်းနေမိသည်…
ကျင်ရွှင်က မသိစိတ်အလျောက် ရှန်ရိကျင်းလည်ပင်းအား သိုင်းဖက်ရန် သူ့လက်တို့ကိုမြှောက်လိုက်ပြီး ဟောဟဲလိုက်နေတဲ့သူ့အသံက အတန်ငယ်တိုးလာသည်။
သို့ပေမဲ့ သူမမျှော်လင့်ထားတာကတော့ သူတို့နမ်းနေစဉ် သူတို့ပုံစံကပြောင်းလဲသွားမယ်လို့ပဲ!
“ဝူး”
သူ့နှာရိုးပေါ်ရှိမျက်မှန်က ပျောက်ဆုံးသွားပြီ။ သူတို့ဘယ်လိုလုပ်စူပါကွန်ပျူတာရဲ့consoleဆီရောက်သွားမှန်း သူမသိတော့။ ဘယ်လိုပဲဖြစ်ဖြစ် ချီမခံရကာ ထိုအပေါ်အတင်ခံလိုက်ရချိန် ကျင်ရွှင်ပထမဆုံးခံစားလိုက်ရတာကတော့ အောက်ပိုင်းမှ ရေခဲလိုအေးမြမှုနဲ့ သူ့ကိုယ်ပေါ်ရှိအေးစက်မှုတို့ပင်။
[Console ဆိုတာက ဒီလိုမျိုးကွန်ပျူတာတင်တဲ့ခုံမျိုးပါ]
သူအံ့သြတကြီးမော့ကြည့်လိုက်တော့ ရှန်ရိကျင်းက သူ့ရဲ့…ကိုချွတ်နေတာအားတွေ့လိုက်ရသည်။
? ? ?
“ဒီ..ဒီ…ဒီထဲမှာလား”
ကျင်ရွှင်ကအရမ်းအံ့အားသင့်သွားတာမို့ ကျယ်ကျယ်ထုတ်မေးမိသွားသည်။
TVပေါ်ရှိ ရှန်ရိကျင်းရဲ့မျက်လုံးတွေက ထူးမခြားနားဖြစ်ပုံရပေမဲ့ ဒီအခိုက်အတန့်မှာတော့ ထူးထူးခြားခြားတောက်ပတဲ့အလင်းရောင်လေးရှိနေသည်။ အခြားသူတွေထံကနေ သတိပြုမိတာနည်းတဲ့ သူ့မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေဟာ အနည်းငယ်ပိုစွဲမက်ဖွယ်ကောင်းနေ၏။
“ကိုယ်တို့လုပ်လို့မရဘူးလား” မေးနေပေမဲ့ သူ့လက်လှုပ်ရှားမှုတွေကတော့ မရပ်သွားခဲ့။
“……”
ကျင်ရွှင်က ပိုလို့တောင်ကြက်သေ,သေမိသွားသည်။ သူက consoleပေါ်မှာ ကိုယ်တစ်ဝက်ထောက်ကူလို့ထိုင်နေပြီး ရှန်ရိကျင်းရဲ့…လက်ချောင်းတွေကို ဆွံ့အစွာကြည့်နေကာ နဂိုပါးပြင်ဖြူဖြူက တမဟုတ်ချင်းနီရဲသွားတော့သည်။
သူတို့လုပ်လို့မရနိုင်တာတော့မဟုတ်ဘူးလေ။
ဒါပေမဲ့ ဒါကသူအလုပ်လုပ်တဲ့နေရာကြီးလို့! သူထိုင်နေတဲ့စက်က သူအရမ်းချစ်မြတ်နိုးရတဲ့သူငယ်ချင်းဟောင်းကြီး သူ့စူပါကွန်ပျူတာကြီးလေ!
ဒါ့အပြင် တကယ်လို့တစ်ယောက်ယောက်သာ တကယ်ကြီးဝင်လာခဲ့ရင်…
ထိုအခိုက်အတန့်မှာ ကျင်ရွှင်က အများကြီးလျှောက်တွေးမိသွား၏။
သို့သော် သူကတွေးတောရာမှာအလုပ်အရမ်းရှုပ်နေပြီး ဘာမှမပြောခဲ့တာကြောင့် ဒီအကွာအဟကြားကို အခွင့်အကောင်းယူလျက် ကျင်ရွှင့်အဝတ်အစားတွေ၊အပေါ်ရောအောက်ရောက…အစောကတည်းက…
“နေပါဦး နေပါဦး နေပါဦး?...!”
သေရေးရှင်ရေးအခိုက်အတန့်မှာ သူရှန်ရိကျင်းကိုတားဆီးလိုက်ပြီး သူ့ဘက်ကနေအစပြုလို့ တစ်ဖက်လူလည်ပင်းကိုရစ်ပတ်လိုက်၏။
Console ပေါ်မှာထိုင်နေရင်း ကျင်ရွှင့်တစ်ကိုယ်လုံးက ပုစွန်အကြီးစားတစ်ကောင်ကဲ့သို့ ကွေးလုမတတ်ဖြစ်နေကာ တစ်ပြင်လုံးရဲရဲတောက်နေလျက် ရှန်ရိကျင်းအားပြောလိုက်သည် : “အထဲသွားကြရအောင်နော်”
သူရည်ညွှန်းတဲ့အရာက ဓာတ်ခွဲခန်းရဲ့သုံးပုံနှစ်ပုံနီးပါးနေရာယူထားတဲ့ ပူးတွဲအောက်ခံထည်ကြီးပင်။
အများအားဖြင့် မည်သူကမျှထိုနေရာကိုမသွားတတ်…အဲ့နေရာကိုသွားတာက ကျင်ရွှင့်ရဲ့နောက်ဆုံးတောင်းဆိုမှုပင်။
“အိုကေ” ရှန်ရိကျင်းကမငြင်းပယ်၊ သူက နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘဲ လူငယ်လေးကို အောက်ခံထည်ဆီ တိုက်ရိုက်ဆွဲခေါ်သွား၏။
“…ဒီနေရာကို ညစ်ပတ်အောင်မလုပ်နဲ့နော်” လေထဲသို့ ခန္ဓာကိုယ်ကိုလုံးဝပင့်တင်ခံလိုက်ရတဲ့ကျင်ရွှင်က သူ့ကိုညွှန်ကြားဖို့ကြိုးစားလိုက်သည်။
“အင်း” ရှန်ရိကျင်းကပြောသည်။
ပုံမှန်အားဖြင့် စွမ်းအင်အလဟဿမဖြစ်စေရန် ဒီပစ္စည်းထားထားတဲ့နေရာမှာ ဘာမီးမှဖွင့်ထားလေ့မရှိ။
ထိုအချိန်၌ လူတစ်ယောက်အရပ်အမြင့်ထက်ပိုတဲ့ အောက်ခံထည်တစ်တန်းလုံးက သိပ်သည်းသောအနီရောင်အလင်းတို့ကို လင်းလက်နေစေသည်။
အနီရောင်အလင်းတို့က ပြတ်တောင်းပြတ်တောင်းလင်းလက်နေလျက် အလင်းတစ်ခုလင်းလက်သွားချိန် နောက်တစ်ခုကွယ်ပျောက်သွားသည်။
တစ်ခုပြီးတစ်ခု
ရုတ်တရက် အောက်ခံထည်ရဲ့ဟိန်းဟောက်သံက အများကြီးပိုကျယ်လောင်လာသလိုပင်။ စူပါကွန်ပျူတာက ဒေတာတွေကိုလျင်လျင်မြန်မြန်စီမံပြီး ထည့်သွင်းနေသလိုမျိုး အောက်ခံထည်တစ်တွဲလုံးက စတင်ပြီးတော့ စွမ်းအင်ကိုမြန်မြန်ဆန်ဆန်မောင်းနှင်ထုတ်လွှတ်လျက်ပင်။
လေထုတစ်ခုလုံးက အပူမြင့်တက်လာပြီး ပူလောင်ခြောက်သွေ့လာ၏။
ဒီနေရာမှာပုန်းနေတာကအဆင်ပြေသားပဲလို့ ကျင်ရွှင်ခံစားရပေမဲ့ သူမတ်တပ်ရပ်နိုင်ရုံလောက်ပဲရှိတော့သည်။
အချိန်အကြာကြီးလုပ်ဆောင်ပြီးနောက် သူနည်းနည်းပင်ပန်းနေပြီ
…ဒါမှမဟုတ် နည်းနည်းမဟုတ်ဘဲ အများကြီးပင်ပန်းတာလို့သူပြောသင့်လား?
သူကတကယ်ပြဿနာတက်ပြီပဲ
သို့ပေမဲ့ သူအဖက်ခံလိုက်ရချိန်နောက်ပိုင်းမှာ သူ့အလေးချိန်အားလုံးကို ရှန်ရိကျင်းဆီလွှဲပြောင်းလိုက်တော့ သူအများကြီးပိုသက်သာသွား၏။
ခုနက ဒေတာတွေစီမံလုပ်ဆောင်နေတဲ့အချိန် ဒီတစ်ခေါက်ရှဲန်းရှန်ရဲ့လှုပ်ရှားမှုတွေ အနည်းငယ်ပိုမြန်နေသလို သူခံစားရသည်။
…လွန်ခဲ့တဲ့ခြောက်လမှာ ရှန်ရိကျင်းကတည်ငြိမ်တဲ့အခြေအနေ၌ရှိနေခဲ့တာပင်။ စိတ်လှုပ်ရှားအခိုက်အတန့်လေးတွေရှိတတ်ပေမဲ့ ခုနကလိုမျိုးတော့ရှားပါးလှသည်…
ဒါကိုတွေးနေရင်း သူမနေနိုင်ဘဲ အတိတ်ကရှန်ရိကျင်းနဲ့ယနေ့ရှန်ရိကျင်းကြား ကွာခြားချက်ကို သူပြန်တွေးကြည့်မိသည်။
အောက်ခံထည်က အချိန်တစ်ခုကြာ အလျင်အမြန်စီမံပြီး ဒေတာတွေကိုတစ်ကြိမ်ခန့်ခွဲပြီးနောက် ကျင်ရွှင့်ပါးစပ်လည်းခြောက်သွေ့နေခဲ့ပြီ။
သူက အားဖျော့စွာဖြင့် ရှန်ရိကျင်းပေါ်မှီကာ တစ်ဖက်လူသူ့အားအဝတ်ဝတ်ပေးတာကိုခွင့်ပြုထားလိုက်၏ အချိန်အတော်ကြာ သူ့အသက်ရှူသံကိုထိန်းညှိပြီးနောက် နောက်ဆုံး၌အက်ရှစွာပြောလိုက်၏ “ကျွန်တော်ရေသောက်ချင်တယ်”
“ကောင်းပြီ”
“ကျွန်တော့်ခွက်ထဲမှာရေမရှိတော့ဘူး” ကျင်ရွှင်ပြောလိုက်သည်။
ရှန်ရိကျင်းကလှုပ်ရှားသွားချိန် သူ့လည်ချောင်းက နိမ့်ဆင်းသွားပြီး အလျင်အမြန်ပြောလာ၏ “ကိုယ်အခုသွားထည့်ပေးမယ်နော်”
သူပြောနေရင်း ကျင်ရွှင့်ကိုကုလားထိုင်ပေါ်တင်ကာ ကျင်ရွှင့်ခွက်ကိုကောက်ယူလိုက်ပြီးနောက် ရေထည့်ရန်ခပ်သွက်သွက်ထွက်သွားလိုက်သည်။
သို့သော် ထိုအခိုက်အတန့်၌ အဝတ်ပြန်ဝတ်ထားပြီးတဲ့ကျင်ရွှင်က နေရာကနေ ထကာ ရှန်ရိကျင်းကိုအမီလိုက်၏။
သူက ရှန်ရိကျင်းခြေလှမ်းတွေကို အမီလိုက်ရုံတင်မကဘဲ အနောက်ဘက်ကနေလည်း သိုင်းဖက်လိုက်သည်။
ရှန်ရိကျင်းရဲ့ပဟေဠိဖြစ်နေတဲ့အကြည့်နဲ့ရင်ဆိုင်ရချိန် ကျင်ရွှင်ကမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ရှင်းပြလိုက်၏ : “ကျွန်တော်ရုတ်တရက် ကြောက်စရာပုံပြင်အချို့ကို သတိရသွားပြီး အပြင်ထွက်၊ရေမထည့်ရဲလို့ပါ…တကယ်တော့ ကုမ္ပဏီမှာနေတာကလဲကောင်းပါတယ်! ခင်ဗျားရုံးခန်းမှာအရာအားလုံးရှိတယ်လေ။ ကျွန်တော်မှကားမမောင်းတတ်တာ အဲ့တော့ ကျွန်တော်အိမ်ပြန်ဖို့ဆို အခြားသူတွေကို ဒုက္ခပေးနေရလိမ့်မယ်…”
“ရှောင်ရွှင်” ရှန်ရိကျင်းက သူ့ကိုတားဆီးလိုက်သည်။
“အမ်?”
ရှန်ရိကျင်းကပြော၏ : “အနာဂတ်မှာ ကိုယ်မင်းကိုမထားခဲ့တော့ဘူး”
“…” ဘာရှင်းပြရမယ်မှန်းမသိပေမဲ့ တစ်ခုခုရှင်းပြချင်နေသေးတဲ့ကျင်ရွှင်က ချက်ချင်းရပ်တန့်လိုက်သည်။ အဲ့အစားသူအချုပ်အားဖြင့်တုံ့ပြန်လိုက်၏ : “ဟုတ်ပါပြီ”
တုံ့ပြန်ပြီးနောက် နူးညံ့တဲ့သူ့မျက်ခုံးတွေဟာ သိမ်မွေ့စွာကွေးညွတ်သွားလို့ ပြုံးလိုက်မိပြန်သည်။
ဟင်း ဒါကဘာလဲ?
နှစ်ရက်ပဲခွဲရသေးတယ် ဘာလို့ သေခြင်းရှင်ခြင်းကျော်ဖြတ်ခဲ့တဲ့ ခွဲခွာမှုမျိုးနဲ့တူနေရတာလဲ?
ကျင်ရွှင်က ဒီညလည်းကုမ္ပဏီကိုပြန်လိမ့်မယ်လို့ ရှန်ရိကျင်းထင်ထားတာကြောင့် အမြန်ပြန်လာခဲ့မှန်းသူသိသည်။
…ကီလိုမီတာတစ်ထောင်ကျော်..ဒါကအနည်းဆုံးတော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ဆို နာရီများစွာကြာမြင့်သေးသည်။ ရှဲန်းရှန်က ဖုန်းချပြီးတာနဲ့ ဒီကိုပြန်လာဖို့ပြင်ဆင်ခဲ့တာလည်းဖြစ်နိုင်၏။
ရှဲန်းရှန်က သူကုမ္ပဏီမှာ နွမ်းပါးတဲ့အစားအစာ၊နေရာထိုင်ခင်းတို့နဲ့နေရမှာကို စိုးရိမ်နေတာလား…?
သို့ပေမဲ့ တစ်ခုခုမှားနေတယ်လို့တော့ ကျင်ရွှင်မထင်ပေ။
ဖီလာအားဖြင့် သူအိမ်မှာတစ်ယောက်တည်းရှိနေတဲ့အချိန် ငြီးငွေ့မှုက ပိုလို့တောင်မသက်မသာဖြစ်သေးတယ်…
ကျင်ရွှင်ရုတ်ခြည်းတွေးမိသွားသည်၊ ရှဲန်းရှန်က သူကုမ္ပဏီမှာနေတာကို ကျင့်သားမရမှာအားစိတ်ပူနေတာမဟုတ်ဘဲ သူအထီးကျန်မှာကို စိုးရိမ်နေတာများလား?
အပြုံးက တဖြည်းဖြည်းနဲ့ သူ့မျက်နှာထက် ပိုပြီးထင်ရှားလာကာ သူ့မျက်လုံးထောင့်စွန်းအမြီးလေးတွေ အပေါ်တက်သွားတာကိုထပ်မံဖိနှိပ်နိုင်ခြင်းမရှိတော့ဘဲ မျက်လုံးအောက်ရှိ မျက်ရည်ခံမှဲ့က တစ်မူထူးလို့မျက်စိဖမ်းစားဖွယ်ပင်။
ကျင်ရွှင်ကအနည်းငယ်မင်သက်နေမိသည်။
သူဒီဖြစ်နိုင်ချေကို တွေးလိုက်မိချိန်တွင် သူကိစ္စကိုအလိုအလျောက်ဖြေရှင်းနိုင်သွားသည်။ ရှန်ရိကျင်းက ခရီးကနေအမြန်ပြန်လာပြီးနောက် မောပန်းနွမ်းနယ်နေလိမ့်မည်။ သူခုနကအရမ်းစိတ်လှုပ်ရှားနေခဲ့တာက…တစ်ဖက်လူဟာ လွန်ခဲ့တဲ့နှစ်ရက်က သူ့စိတ်အခြေအနေကို ခန့်မှန်းမိသွားခဲ့တာကြောင့်ပဲ?
--သူအိမ်ကိုတစ်ယောက်တည်းမပြန်ချင်တာမို့ သူအိမ်မပြန်တဲ့အချိန် ကုမ္ပဏီမှာပဲအလုပ်ပုံထဲခေါင်းစိုက်နေမှာကို ရှန်ရိကျင်းသတိထားမိတာကြောင့် ညတွင်းချင်းပဲ သူ့ကိုအဖော်လုပ်ပေးဖို့အပြေးပြန်လာခဲ့တာပဲ။
…အလိုလေး
တစ်ချိန်လုံး တစ်စုံတစ်ယောက်ရဲ့ ကြင်နာယုယစွာအချစ်ခံရပြီး စိတ်ပူခံရတာက ဘယ်လိုခံစားရလဲ?
ကျင်ရွှင် ၎င်းကိုမဖော်ပြနိုင်ပေ။
သူ့နှလုံးသားထဲမှာ အတော်လေးချိုမြိန်နေတာကိုသာခံစားနိုင်ပြီး ပါးစပ်ထောင့်တွေက ထိန်းမနိုင်သိမ်းမရတစ်ဖန်မြင့်တက်သွားပြန်သည်။ သူက ရှန်ရိကျင်းကို ပိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီး ကိစ္စတွေက တကယ်ပဲသူတွေးသလိုလားဟုမေးမြန်းလိုက်သည်။
ရှန်ရိကျင်းက ၎င်းကိုမငြင်းပေ။
“အင်း ရှောင်ရွှင် ကိုယ့်ကိုအရမ်းလွမ်းနေမှာစိုးလို့လေ”
ကျင်ရွှင် : “…”
ကျင်ရွှင်က ရှန်ရိကျင်းဆီ သံသယဖြစ်စွာဖြင့်မျက်လုံးတွေမော့လိုက်ရင်း ဒီစိတ်ကြီးဝင်တဲ့စကားလုံးတွေက သူပြောတတ်တဲ့အရာနဲ့တူပုံမရမှန်း ခံစားမိသည်။
ကျင်ရွှင်က…သူ့ပါးစပ်ကိုတင်းတင်းစေ့လိုက်သော်ငြား ကြည့်ရတာ သူမှန်နေပုံပဲ။
သူအိမ်ကိုမပြန်ချင်တာက သူအထီးကျန်လို့မဟုတ်ဘူး။
အိမ်ပြန်ပြီးဘာမှလုပ်စရာမရှိတဲ့အချိန် သူရှန်ရိကျင်းကိုတွေးမိလိမ့်မယ်။ အဲ့ဒါက အရမ်း……
ရှန်ရိကျင်းက ဗြုန်းစားကြီးပြောလာသည် : “ကိုယ်မင်းကို တကယ်လွမ်းတယ် ရှောင်ရွှင်။ နေ့တိုင်း အခိုက်အတန့်တိုင်း ကိုယ်မင်းကိုတွေးမိတိုင်း အရမ်းလွမ်းတယ်”
ကျင်ရွှင့်အကြည့်နဲ့ရင်ဆိုင်လိုက်ရတော့ သူသေသေချာချာရှင်းပြလိုက်သည် : “ဒါကြောင့် ကိုယ့်ကိုကိုယ်နဲ့ တိုင်းတာကြည့်ပြီးတော့… ရှောင်ရွှင်လဲကိုယ့်ကိုလွမ်းမှာစိုးနေမိတာ”
“…..”
ကျင်ရွှင်က နောက်တစ်ဖန် မင်သက်သွားရပြန်၏။
သူ တကယ်ပဲ…အဲ့လိုဖြစ်နေခဲ့တာ အားးး!
ဒါကိုနောက်ထပ်ထိန်းချုပ်မထားနိုင်တော့ဘဲ ကျင်ရွှင့်နားရွက်တွေကနီရဲသွားတော့သည်။
သူကအလိုအလျောက် အကြည့်ကိုရှောင်လိုက်ပြီးနောက် သူ့ကိုယ်သူအားတင်းကာ ရှန်ရိကျင်းရဲ့မျက်ဝန်းတွေထံ တစ်ဖန်ပြန်ကြည့်လိုက်ပြီး စိတ်ရင်းအတိုင်းဝန်ခံလိုက်၏ : “ကျွန်တော်…ခင်ဗျားကိုလွမ်းတယ်”
…သူတို့ရဲ့ပုံမှန် ခင်ပွန်းသည်နဲ့ခင်ပွန်းသည်အချိန်တွေအတွင်းမှာ ကျင်ရွှင်က လွယ်လွယ်ကူကူရှက်သွေးမဖြာတတ်။
အဓိကအရာကတော့ အလုပ်နဲ့ဘဝကြား ညီမျှတဲ့မျဉ်းတစ်ခုရှိနေလို့ပဲ။ ရှန်ရိကျင်းနဲ့သူက တစ်လျှောက်လုံးအလွန်ကိုသဟဇာတဖြစ်ကြသည်။ သူတို့တစ်ခါမှစကားမများဖူးတာကို ထည့်မပြောနဲ့ဦး၊ ဒီရက်ပိုင်းသူ့ဘဝကအမြဲတမ်းသာယာနေခဲ့တာ၊ တစ်ခုမှလွဲလို့ပေါ့ မင်းတို့သိပါတယ် မီးပျက်သွားတဲ့အချိန်၊ အဲ့အချိန်မှလွဲလို့ သူရှက်သွေးဖြာခဲလှသည်။
ဒါပေမဲ့ နှစ်ရက်လောက်ဝေးကွာပြီးနောက်မှာ ရှန်ရိကျင်းရှေ့ သူ့ရဲ့ရှက်ရွံ့မှုက တစ်ဖန်ပြန်ပေါ်လာပြီမှန်း သူရုတ်ခြည်းသဘောပေါက်သွားသည်!
ဒါပေမဲ့ တွေးကြည့်လိုက်တော့ ဒီလိုအရာမျိုးက လိမ်လို့မရသလို ငြင်းဆန်ဖို့လည်းမဖြစ်နိုင်ပေ။
ကျင်ရွှင်က သူ့ကံကြမ္မာကို လက်သင့်ခံလိုက်ပြီး နီရဲနေတဲ့နားရွက်တို့ကိုခါယမ်းလိုက်သည်။ သူ့ခေါင်းကိုအသာစောင်းငဲ့လိုက်ပြီး သူ့စနစ်အတွင်းရှိerrorကို ရိုးရိုးသားသားနဲ့အကြွင်းမဲ့ဖာထေးလိုက်သည် : “ခင်ဗျားကို အရမ်း အရမ်းလွမ်းနေတာ”
“…ကျင်ရွှင်”
ရှန်ရိကျင်းရဲ့အသက်ရှူသံပြင်းပြင်းက သူ့နားထဲရုတ်တရက်မြည်ဟည်းလာသည်။
တစ်ဖက်လူ သူ့နာမည်ခေါ်တာအားကြားလိုက်ရပြီးနောက်ချက်ချင်းပင် အလွန်အမင်းအဖိုးတန်လှတဲ့ရှားပါးရတနာကို ကိုင်တွယ်နေရသလိုမျိုး ရှန်ရိကျင်းရဲ့ပွေ့ဖက်ခြင်းခံလိုက်ရကာ တစ်ဖက်လူက သူ့ထံပါးကနေ ခွဲခွာသွားဖို့ဆန္ဒမရှိနေသလိုပင်။
တကယ်လို့ သူတို့သာဓာတ်ခွဲခန်းဝင်ပေါက်မှာမရပ်နေဘူး၊ ဖန်တံခါးအပြင်ဘက်ကနေ အတွင်းဘက်ကို မမြင်နိုင်ခဲ့ဘူးဆိုရင် ခုနကဒေတာကို ပြန်အသက်သွင်းလုပ်ဆောင်နေလောက်ပြီ!
ကံကောင်းစွာနဲ့ တစ်ဖက်လူက သူ့ကိုတင်းကျပ်စွာပွေ့ဖက်ထားရုံပင်။ သူရေဆာနေမှန်း ရှန်ရိကျင်းသတိရသွားကာ သူ့အတွက်ရေသွားခပ်ပေးချင်နေ၏။
“ကျွန်တော်လဲလိုက်မယ်” ကျင်ရွှင်က အလိုအလျောက်ပင် ရှန်ရိကျင်းလက်ကိုကိုင်ဆွဲကာ ချောမောလှတဲ့သူ့မျက်နှာက တစ်ဖက်လူကိုကြည့်နေရင်း ပြုံးနေတဲ့သူ့မျက်ဝန်းတို့က သလင်းကျောက်ရောင်လို တောက်ပနေလျက်။
သူပြောလိုက်သည် : “အခုကစပြီး ခင်ဗျားသွားတဲ့နေရာတိုင်း ကျွန်တော်လိုက်မယ်။ ခင်ဗျားလဲ အဲ့လိုပဲလုပ်ရမယ်”
“ကောင်းပြီ” ရှန်ရိကျင်းက တုံ့ဆိုင်းခြင်းမရှိပဲ တုံ့ပြန်လာသည်။
သူ့မျက်လုံးထဲရှိ အလင်းရောင်ကိုမြင်ပြီးနောက် ရှန်ရိကျင်းရဲ့နှုတ်ခမ်းပါးတို့ကော့တက်သွားပြီး လူငယ်လေးနဲ့အတူလိုက်ပါပြုံးလိုက်သည်။
ထိုဟာပြီးနောက် ကျင်ရွှင်ကရေထည့်ရန်ခေါ်သွားခံရ၏။
သူတို့ စားဖိုဆောင်ဆီ မသွားခဲ့ရုံလေးပဲ။
အဲ့အစား သူတို့ ရှန်ရိကျင်းရုံးခန်းဆီ တန်းတန်းမတ်မတ်ပြန်သွားကြသည်။
သိပ္ပံနဲ့နည်းပညာအငွေ့အသက်တို့ ပြင်းထန်တဲ့ ကုမ္ပဏီတစ်ခုအနေဖြင့် ရိဝေ့အဆောက်အအုံရဲ့အတွင်းပိုင်းမှာ ဝန်ထမ်းတွေရဲ့အလုပ်နဲ့ဘဝကို ဂရုစိုက်ပေးရန် ပစ္စည်းပစ္စယတွေအများကြီးရှိ၏။
ဥက္ကဋ္ဌရုံးခန်းကို အိမ်သုံးကိရိယာပစ္စည်းအစုံဖြင့် တပ်ဆင်ထားပြီး ရေပန်းတောင်ပါရှိသေးသည်။
သူတကယ်ကိုရေဆာနေတာကြောင့် ကျင်ရွှင်က ရေခွက်အကြီးကြီးတစ်ခွက်ကို အသက်တစ်ရှိုက်ရှူချိန်အတွင်း မော့ချလိုက်သည်။
ထို့နောက် ရှန်ရိကျင်းက သူ့ကိုမေး၏ : “ရှောင်ရွှင် ရေချိုးချင်လား”
မေးနေရင်း ရှန်ရိကျင်းက သူ့လည်ပင်းတစ်ဝိုက်ရှိ နက်ခ်တိုင်ကို ဖြည်နေလျက်သား။
ကျင်ရွှင် :“…”
တောက်ပနေတဲ့ရုံးခန်းထဲမှာ ရှန်ရိကျင်းရဲ့နက်ခ်တိုင်ဖြည်နေတဲ့အပြုအမူအသေးလေးက ပြီးပြည့်စုံပြီး ရမ္မက်ကြွစေကာ တည်ငြိမ်ပြီးကြီးစိုးခြယ်လှယ်ချင်တဲ့ဥက္ကဋ္ဌဟန်အပြည့်ပင်။
သို့တစေ ဒီအချိန်မှာ ကျင်ရွှင်တွေးနေတာက…
ခုနတုန်းက ရှဲန်းရှန်က သူ့အဝတ်တွေကိုတောင်မချွတ်ခဲ့ဘူး။
ထိုအချိန် ဒေတာတွေလုပ်ဆောင်ထည့်သွင်းနေတုန်းက CPUက memoryအရမ်းများသွားတာမို့ သူထိုအသေးစိတ်လေးကို အာရုံမထားမိခဲ့ဘူး။
အခုပြန်ကြည့်ရရင် ရှန်ရိကျင်းက အမှန်တကယ်ပဲ ဖြစ်စဉ်တစ်လုံးကို ….
သေသေသပ်သပ်ဝတ်ထားရင်း ဖြတ်ကျော်ခဲ့တာ!
…ဒီတော့ ဘာအကြောင်းပြချက်ကြောင့်လဲ!?
ကျင်ရွှင်က သူဒါကိုလက်ခံနိုင်ကြောင်းဖော်ပြလိုက်ပေမဲ့ ရှန်ရိကျင်းရဲ့ရှင်းပြချက်က ခိုင်လုံနေဆဲပင်:
“ ကိုယ်ရှောင်ရွှင်ကိုအရမ်းလွမ်းနေခဲ့တော့ မထိန်းနိုင်ဘဲတစ်ချက်လောက်ကြည့်ချင်မိလို့ပါ”
ကျင်ရွှင် : “……”
ရှန်ရိကျင်း : “ဒါဆို ကိုယ်အခုချွတ်လိုက်မယ်လေ မင်းကိုယ့်ကိုပြန်ကြည့်လိုရတာပဲကို?”
“…”
ဒါက အဓိကအချက်လားလို့!
….ကောင်းပြီ
တစ်ဖက်လူက အတည်ကြီးမှန်း ကျင်ရွှင်သိ၏။
ဒီလောက်အချိန်တွေကြာပြီးနောက်မှာ သူ့စိတ်ပိုင်းဆိုင်ရာက ပြဿနာထပ်ပြီးမရှိတော့သော်ငြား ရှန်ရိကျင်းက ဟာသမလုပ်နိုင်ဆဲပင်။
သူပေးတဲ့အဆိုပြုချက်တွေအားလုံးက သေသေချာချာတွေးတောကာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ဂရုတစိုက်ချမှတ်ထားတဲ့အတွေးအစစ်အမှန်တွေပင်။
သူက သေချာပေါက်ကို သူကိုယ်တိုင်ကိုရော အခြားလူတွေကိုရော ရည်ရွယ်ချက်ရှိရှိစနောက်မှာမဟုတ်။
ကျင်ရွှင်က ခေါင်းခါလိုက်ပြီး : “ရှဲန်းရှန် အရင်သွားဆေးကြောလိုက်ပါ”
သူက ကောင်းကောင်းမွန်မွန်ဝတ်စားထားပေမဲ့ စောနလေးက သူချွေးတွေအများကြီးထွက်ထားပြီး သူ့အဝတ်အစားတွေက…သူ့ကြောင့် ရှုပ်ပေညစ်ထေးနေလိမ့်မည်။
အဲ့ဒါကိုချွတ်ဖို့မပြောနဲ့ အခုတောက်ပတဲ့အလင်းအောက်မှာ သူရှန်ရိကျင်းကိုအဝတ်အစားတွေရှိနေသေးရက်နဲ့တောင် တည့်တည့်မကြည့်ရဲဘူး!
ဒါပေမဲ့ ရှန်ရိကျင်းက သူ့ဆိုလိုရင်းကို နားလည်မှုလွဲသွားတာအသိသာကြီး
ခံ့ညားတဲ့မျက်ခုံးတွေက မြင့်တက်သွားပြီး : “ရှောင်ရွှင်က ကိုယ်နဲ့တူတူ ရေမချိုးဘူးလား?”
သူပြောနေရင်း သူ့နဖူးပြင်ကပါ ခဏတာဆုံးရှုံးမှုတို့လိုက်ပါလျက်၊ သူတစ်စုံတစ်ခုကိုမကျေမချမ်းဖြစ်နေတဲ့အတိုင်းပင်။
…ရှန်ရိကျင်းရဲ့ပုံမှန်အရှိန်အဝါက အားကောင်းလွန်းလို့ဖြစ်နိုင်သည်၊ သူတို့နှစ်ယောက်ပဲရှိနေရင်တောင်မှ ကျင်ရွှင်ကတစ်ဖက်လူရဲ့မြင့်မြတ်မှုနဲ့အေးစက်မှုတို့ကို ကျင့်သားရနေခဲ့ပြီ။
သို့ဖြစ်ရာ တစ်ဖက်လူက စိတ်ပျက်မှုကိုပြသလာချိန် သူ့ရဲ့ထူးမခြားနားလျစ်လျူရှုတတ်တဲ့ဘက်ခြမ်းက သိပ်ပြီးမသိသာတော့။
သူမကျေမနပ်ညည်းညူနေပုံရ၏ : ခုနလေးတင် ကိုယ်တို့ထာဝရတိုင်အောင် အတူတူနေမယ်လို့ပြောခဲ့တာ အရှင်းကြီးကို
“……”
သူ့ကိုယ်ပိုင်ဦးနှောက်ကြောင့် ကြက်သေ,သေနေမိရင်း ကျင်ရွှင်က ရှန်ရိကျင်းနဲ့တူတူ ရေချိုးခန်းထဲလိုက်ပါသွားရင်း အဆုံးသတ်သွားတော့၏။
အထဲရောက်ပြီးတစ်ခဏနေမှ သူ့စိတ်ကဘာလို့ တစ်ယောက်ပြီးမှတစ်ယောက်ချိုးမှာလဲဆိုတာရဲ့အကြောင်းရင်းကို တုံ့ပြန်နိုင်သွားသည်…ပစ္စည်းပစ္စယတွေက ပြည့်စုံပေမဲ့ ရုံးခန်းထဲရှိရေချိုးခန်းလေးက အရမ်းကိုသေးလွန်းနေဆဲဖြစ်ပြီး လူတစ်ယောက်သာလျှင် ဆံ့သည်လေ။
တကယ်လို့ လူနှစ်ယောက်အတူတူချိုးမယ်ဆိုရင် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်နေနေရလိမ့်မယ်
…ဒါက တကယ်ကိုအရမ်းကြပ်လွန်းတယ်
__
စာရေးသူမှာပြောစရာရှိပါတယ် :
ရေချိုးတာက ပညာရှင်ဆန်တဲ့အလုပ်တစ်ခုပဲ~
[ဒါဒါ - လိုက်လည်းလိုက်ပါတယ်၊ ဒီသဲသဲကဲကဲအတွဲကတော့ ၊ နှစ်ရက်လေးခွဲရတာ နှစ်ကမ္ဘာခြားသွားသလိုပဲ><]