ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

136

8.3K 1.4K 132
By Kiyoiko__

{Unicode}

"လှုပ်ရှားတော့"

လေလံပွဲ မတိုင်ခင် တစ်ရက်တွင် ရန်ကျားလိသည် လှောင်အိမ်ထဲမှ ထွက်လာရသည်။

အချိန်အတော်ကြာ လှောင်ပိတ်ခံထားရပြီး လှောင်အိမ်ထဲမှ ထွက်နိုင်သည့် အခွင့်အရေးမှာလည်း နည်းပါးသည့်အတွက် ရန်ကျားလိ၏ ခြေလက်များသည် ထုံထိုင်းလုနီးပါး ဖြစ်နေခဲ့သည်။

သူသည် ခေတ္တမျှ နှိပ်နယ်နေပြီးမှ သွေးများက စီးဆင်းလာသည်ဟု ခံစားလိုက်ရပြီး ခြေလက်များလည်း ပြေလျော့လာတော့သည်။

ယဲ့ဖန်သည် တစ်ဖက်မှ ဆိုဖာပေါ် ထိုင်နေပြီး နှုတ်ခမ်းထက် စီးကရက်ကို ခဲထားကာ မျက်လုံးက စိုးထိတ်စရာ ကောင်းလှအောင် မည်းမှောင်နေသည်။

သူသည် ထိုကဲ့သိုသာ ရန်ကျားလိကို စေ့စေ့ စိုက်ကြည့်နေပြီး မည်သို့သော စကားမှ မဆိုပေ။ နှုတ်ခမ်းထက်၌သာ အဓိပ္ပါယ် နက်နဲသည့် ထောင့်ချိုးမျိုး ရှိနေပြီး ပြုံးရယ်နေရာ ရန်ကျားလိကိုပင် ကြက်သီးမွေးညင်းများ ထလာစေပြီး စိတ်ထဲ၌ပင် ကြောက်ရွံ ထိတ်လန့်လာစေသည်။

ရန်ကျားလိသည် အတတ်နိုင်ဆုံး ခေါင်းမော့လိုက်ပြီး အခိုင်အမာ ရှိလှသော အသံနှင့်

"ခင်ဗျား တောင်းဆိုထားတဲ့ အခြေအနေတွေ အားလုံးလည်း ယဲ့ထင် သဘောတူပြီးပြီနော်။ မနက်ဖြန်ပဲ လေလံပွဲ စတော့မယ်။ သူလည်း လေလံစာရွက်တွေကို အစားထိုးဖို မှီမှာမဟုတ်တော့ဘူး။ အခု ကျွန်တော့်ကို လွှတ်ပေးလို့ ရပြီမလား"

ယဲ့ဖန်သည် ခေါင်းငုံ့ထားပြီး လက်ချောင်းက ဆေးလိပ်ပြာမှုန့်များကို ခါနေကာ တိတ်တိတ်ဆိတ်ဆိတ် ရှိနေသည်။

ရန်ကျားလိသည် သူ၏ တုံ့ပြန်ပုံကို ကြည့်နေရင်း စိတ်ထဲတွင် မပြတ်မသား မတင်မကျမှုတို့ ဖြစ်လာသည်။

ရန်ကျားလိသည် တိတ်တိတ်ကလေး လက်သီးဆုပ်လိုက်ကာ

"ဘာပဲဖြစ်ဖြစ် ခင်ဗျားလိုချင်တာ အားလုံး ပေးပြီးပြီးနော်။ ကျွန်တော် သွားတော့မယ်"

သူသည် ကိုယ်ကို လှည့်လိုက်ကာ တံခါးအပြင်ဘက်သို့ ထွက်သွားချေတော့မည်။

ရန်ကျားလိ၏ ခြေထောက်တစ်ချောင်းက ထိုဧည့်ခန်းလေး၏ တံခါးပေါက်ကို ခြေချလိုက်ချိန်တွင် ဆိုဖာပေါ် ထိုင်နေသည့် ယဲ့ဖန်က လက်မြှောက်လိုက်သည်။

တံခါးပေါက်မှ သက်တော်စောင့်က သဘောပေါက်သွားပြီး တစ်ချက်အဖမ်းနှင့် ရန်ကျားလိအား ချက်ချင်း ကြမ်းပြင်ပေါ် ဖိထားလိုက်သည်။

ရန်ကျားလိ၏ လည်ပင်းသည် သက်တော်စောင့်၏ အားကောင်းမောင်းသန်သည့် လက်နှင့် အဖိခံထားရသောအခါ ခဏတွင်းချင်း မျက်နှာက နီရဲလာသည်။

သူသည် လေသံကျယ်လိုက်ပြီး ဒေါသတကြီးနှင့် ပြောသည်။

"ယဲ့ဖန်! ခင်ဗျား ဒါဘာလုပ်တာလဲ။ ခင်ဗျား ကတိမတည်ဘူး!"

ယဲ့ဖန်သည် ဆေးလိပ်ထိပ်ပိုင်းကို ဖန်ဂျားထဲ ဖိသတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထလာကာ ကြမ်းပြင်ပေါ် အဖိခံထားရသည့် ရန်ကျားလိရှေ့ လျှောက်လာလိုက်ပြီး သားရေဖိနပ်က ရန်ကျားလိ နဖူးရှေ့ ချွန်မြနေကာ ရယ်သံထဲ အေးစက်စက် အကြင်နာကင်းမှုတို့ ပါဝင်နေပြီး

"ခယ်မက ငါ့ဒီမှာ လဝက်ကျော်လောက် နေသွားတာကို ငါက ထမင်းဟင်းတစ်နပ် ကောင်းကောင်းလေးနဲ့တောင် မင်းကို ဧည့်မခံနိုင်လိုက်ဘူး။ ငါ့စိတ်ထဲမှာ အရမ်း နောင်တရတာပဲ"

ရန်ကျားလိ စိတ်ထဲတစ်ချက် တုန်လှုပ်သွားပြီးနောက် နားလည်လာတော့သည်။

ယဲ့ဖန် ထိုခွေးမသားသည် ယနေ့သူ့ကို လွှတ်ပေးလိုက်ဖို့ လုံးဝ ဆန္ဒရှိခဲ့သည် မဟုတ်ပေ။

ယဲ့ဖန်သည် ရန်ကျားလိ၏ မျက်နှာကို ပင့်မြှောက်လိုက်ပြီး နှေးကွေးလေးကန်စွာနှင့် ပြောလာသည်။

"ဒါမှမဟုတ် ဒီလိုလုပ်လိုက်လေ။ ငါအပြင်မှာ လျှိဝှက်ထားတဲ့ နေအိမ်တစ်လုံး ရှိသေးတယ်။ ငါ့အောက်ကလူတွေကို အရင်မင်းကို အဲ့ဆီ ခေါ်သွားခိုင်းလိုက်မယ်။ မင်းကို ရက်ပိုင်းလောက် ဧည့်ခံပေးပြီးမှ မင်းထွက်သွားပေါ့။ အားလုံးက မိသားစုတွေပဲဟာ၊ အားမနာပါနဲ့"

ရန်ကျားလိ၏ နဖူးထက်တွင် အပြာရောင် သွေးကြောများ ဖြာထွက်နေပြီး သည်းမခံနိုင်စွာနှင့် ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ ပေါက်ကွဲထွက်လာတော့သည်။

"ငါလိုးကို တစ်မိသားစု!"

"ခင်ဗျားရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးရင် လေလံပွဲ မတိုင်ခင် တစ်ရက်မှာ ငါ့ကို လွှတ်ပေးမယ်လို ပြောခဲ့ရဲ့သားနဲ့။ အခုယဲ့ထင်က လေလံပြိုင်ပွဲက နှုတ်ထွက်ပြီး ရှယ်ယာတွေနဲ့ မြေကွက်ကိုလည်း ခင်ဗျားကို ပေးပြီးပြီ။ ခင်ဗျားက စောက်ကျိုးနည်း ကတိမတည်တဲ့အပြင် လောဘတက်နေတုန်း!"

ယဲ့ဖန်က မတ်မတ်ရပ်လိုက်ပြီး ခပ်လှမ်းလှမ်းမှ နစ်မြှုပ်နေသည့် နေမင်းကိုကြည့်ကာ အကြည့်များကပါ နက်နဲနေသည်။

သူ့အသံကပါ အနည်းငယ် လေးနက်နေပြီး စကားဆိုလာသည်။

"မင်းယဲ့ထင်ကို နားမလည်ပါဘူး"

"ငါ့ရဲ့ ဆိုးသွမ်းတဲ့ ဝံပုလွေလို ညီလေးကလေ မင်းကလွဲရင် တခြားသူတွေဆို သူက သွေးအေးနေတာ။ သူ့ရဲ့ သေချာပေါက် လက်စားချေပုံမျိုးနဲ့ဆို ငါက ကတိအတိုင်း မင်းကို လွှတ်ပေးလိုက်ရင်တောင် သိပ်မကြာခင်မှာပဲ သူက အစွယ်တွေ ထုတ်လာပြီး ငါ့ကို သေအောင် သတ်တော့မယ်ဆိုတာ ငါယုံကြည်တယ်။ မင်းက အခုထိ ယဲ့ထင်နဲ့ ငါ့ရဲ့ကြားက အကြီးမားဆုံး အလျှော့အတင်း chip ပဲလေ၊ တကယ်လို့ တစ်နေ့နေ့မှာ သူက ငါ့ဆီမှာ ရှုံးနိမ့်ပြီး နလန်ပြန် မထနိုင်တော့ရင်တော့ မင်းတို ပြန်ဆုံကြဖို့ ငါစဥ်းစားပေးလို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ မင်းကို ဒီတိုင်းကြီး လွှတ်ပေးလိုက်ရမှာကတော့ နှမြောစရာကြီး"

ရန်ကျားလိသည် ဒေါသကြောင့် မျက်လုံးများက ဝိုင်းစက်လာပြီး ဒေါသထွက်လွန်း၍ ယဲ့ဖန်၏ လည်မျိုကိုပင် အစိမ်းရှင်ရှင် ကိုက်ဖြတ်ပစ်လိုက်ချင်လာသည်။

"ခင်ဗျား စောက်စကား မတည်တဲ့လူ!"

ယဲ့ဖန်သည် ရန်ကျားလိ၏ မျက်နှာကို ပွတ်လိုက်ပြီး စိတ်မကောင်းစွာနှင့် ခေါင်းယမ်းလိုက်ကာ သက်ပြင်းချလျက် ဆိုသည်။

"မင်းက ယဲ့ထင်ဆီက တန်ဖိုးထားခံရတော့ သိပ်ကောင်းတာပဲ။ ရှောင်ရန်၊ မင်းနည်းနည်း ပိုကြီးလာရင် နားလည်လာလိမ့်မယ်။ ဘယ်သူကမှ မင်း ကိုယ့်အားကိုယ်ကိုးပြီး တက်လာသလား၊ သူများရဲ့ ခေါင်းကို နင်းချပြီး နေရာရလာတာလား ဆိုတာကို ဂရုစိုက်မနေဘူး။ ဒီကမ္ဘာမှာ အောင်မြင်မှုနဲ့ ကျရှုံးမှုကသာ အစစ်အမှန်ပဲ"

ယဲ့ဖန်သည် လက်ဝှေ့ယမ်းပြလိုက်သည်။

သက်တော်စောင့်များသည် ဆဲဆဲဆိုဆို ပြုနေသော ရန်ကျားလိကို ဆွဲခေါ်သွားကြပြီး လေမဝင်သော အခန်းတစ်ခန်းထဲ တွန်းထည့်လိုက်ကြသည်။

မကြာခင်မှာပဲ တံခါးက ထပ်မံပွင့်ဟသွားပြီး ဝင်လာသူကတော့ ဝမ်ယန်ဖြစ်နေခဲ့သည်။

ဝမ်ယန်သည် မက်စ်တပ်ထားပြီး အဖြူရောင် လက်အိတ်နှင့် လက်ထဲတွင် ရေစုပ်မျက်နှာသုတ်ပဝါ၊ အရည်တစ်ပုလင်း၊ ဆေးဖက်သုံး အီသာကို ယူလာသည်။

တံခါးနားမှ သက်တော်စောင့်သည် တံခါးပိတ်ခါနီးတွင် အခန်းထဲကို ဝင်လာသည့် ဝမ်ယန်ကို ပြောလိုက်သည်။

"အဲ့ဒီကောင်က အနံ့အရမ်းဆိုးပေမယ့် မင်းကစားချင်ရင်လည်း စမ်းကြည့်ပေါ့။ ဒါပေမဲ့ မင်းနည်းနည်းတော့ သတိထားဦး။ မေ့ဆေး အာနိသင် ရသွားရင် တော်လိုက်တော့။ အရမ်းပြင်းသွားရင် လူသေသွားဖို့က လွယ်လွယ်လေးပဲ"

ဝမ်ယန်က သူတို့ထံ ခေါင်းညိတ်ပြလိုက်ပြီး

"သိပြီ"

တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားသောအခါ အခန်းအပြည့် အမှောင်ထုသာ ကျန်ခဲ့တော့သည်။

ဝမ်ယန်သည် တည်တည်ငြိမ်ငြိမ်နှင့် ရန်ကျားလိရှေ့ လျှောက်လာပြီး သူတို့၏ မျက်လုံးနှစ်စုံမှာ ကြုံကြိုက်သွားကြတော့သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေချိန်တွင် ဝမ်ယန်သည် ရုတ်တရက် ထရယ်လာပြီး လေသံတိုးတိုးနှင့် ပြောသည်။

"မင်းမှန်းတာက တကယ်မှန်တယ်"

ရန်ကျားလိသည်လည်း နှုတ်ခမ်းတွန့်ကာ ရယ်လိုက်ပြီး

"ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ထင်နဲ့ငါက တွဲခဲ့ကြတာ ကြာပြီဆိုတော့ သူတို့ ယဲ့မိသားစုရဲ့ တစ်ယောက်ချင်းစီတိုင်းက မွေးရာပါအတိုင်း မျက်နှာနှစ်မျိုးနဲ့ လူတွေကို လှည့်စားတတ်ကြတာကို သိနေပြီလေ။ တကယ်လို့ ငါသာသေချာ ဂရုမစိုက်ခဲ့ရင် ယဲ့ဖန်ဆီကနေ အရူးလုပ်ခံရပြီး အဲ့အချိန်ကျ ငါရော ယဲ့ထင်ရော ကံဆိုးမိုးမှောင် ကျနေတော့မှာ"

ဝမ်ယန်သည် ခေါင်းညိတ်လိုက်ပြီး အိတ်ကပ်ထဲမှ ဓားမြှောင်တစ်လက် ထုတ်လာကာ ရန်ကျားလိ၏ အဝတ်ထဲကို တိတ်တဆိတ် ထည့်လိုက်သည်။

သူသည် အီသာပုလင်း အဖုံးကို ဖွင့်လိုက်ပြီး ရေစုပ်ဝတ်ဆီ သွန်ထည့်လိုက်ကာ ရန်ကျားလိ၏ မျက်နှာထက် ဖြစ်သလို နှစ်ကြိမ်မျှ သုတ်လိုက်သည်။

ရန်ကျားလိသည် အသက်ရှု ကြပ်သွားပြီး မျက်လုံးရှေ့တွင် အနည်းငယ် မူးမိုက်လာကာ မျက်လုံးမှိတ်ထားလျက်နှင့် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းသွားသည်။

ဝမ်ယန်သည် ဖန်ပုလင်း အဖုံးကို ပိတ်နေချိန်တွင် ရန်ကျားလိသည် ဖိနှိပ်ထားသော လေသံနှင့် ပြောလာသည်။

"ငါ့ကိုဒီလို ကူညီပေးဖို့ ဆန္ဒရှိခဲ့လို့ ကျေးဇူးတင်ပါတယ်"

ဝမ်ယန်က ခေါင်းယမ်းပြသည်။

သူသည် တံခါးရှေ့ လျှောက်သွားပြီး တံခါးဖွင့်ကာ မထွက်သွားခင်တွင် စိုစွတ်ပြီး နီရဲနေသော မျက်လုံးများတွင် ထောင်ပေါင်းများစွာသော ခံစားချက်များကို ဖုံးကွယ်ထားသလိုနှင့် ရှတတ ပြောလာသည်။

"ငါကမင်းနဲ့ ယဲ့ထင်တို့ ကောင်းကောင်းမွန်မွန်နဲ့ အတူတူ ရှိနေသင့်ပြီလို့ပဲ ထင်မိတယ်။ မင်း သိလား၊ ငါမင်းကို ကြည့်လိုက်တဲ့ အခါတိုင်း အတွေးတစ်ခုပဲ ရှိခဲ့တယ်"

".....တစ်စုံတစ်ယောက်က ချစ်ပေးနေတာ၊ သိပ်ကောင်းတာပဲလို့"

ရန်ကျားလိ၏ နှာခေါင်းက အနည်းငယ် ချဥ်စူးသွားသည်။

ဝမ်ယန် ထွက်သွားပြီး မကြာခင်မှာပဲ၊ သက်တော်စောင့်များက မက်စ်တပ်ပြီး ဝင်လာကြသည်။ ရန်ကျားလိ ကြမ်းပြင်ပေါ် လဲနေသည်ကိုမြင်သော် သူ့ကို လှုပ်ယမ်းကြည့်လိုက်ပြီး သူတုံပြန်မှု မရှိသည်ကို တွေ့သောအခါ စိတ်ချသွားပြီး လူကိုအခန်းထဲမှ ဆွဲထုတ်လိုက်ကြသည်။

ထရပ်ကား၏ ပစ္စည်းထည့်ခန်းထဲ အထည့်ခံလိုက်ရချိန်တွင် ရန်ကျားလိသည် မျက်လုံးကို အမြှောင်းသေးသေးလေး ဖွင့်ကြည့်လိုက်သောအခါ စိတ်ထဲ လန့်ဖျပ်သွားရသည်။

ပတ်ပတ်လည်တွင် တောင်တန်းများသာဖြစ်ပြီး ကောင်းကင်ကြီးလည်း မှောင်မိုက်နေကာ ပတ်ဝန်းကျင်ကပါ ဝေးလံခေါင်ဖျားနေလေရာ ယဲ့ထင် တစ်လျှောက်လုံး ရှာမတွေ့နိုင်သည်မှာလည်း မထူးဆန်းတော့ပေ။

ရန်ကျားလိ ကားနောက်ခန်းထဲ အထည့်ခံပြီးသောအခါ စောင့်ကြည့်ရန် တာဝန်ပေးခံထားရသော သက်တော်စောင့် နှစ်ဦးလည်း ဝင်လာကြသည်။ ကားမထွက်မီတွင် ဝမ်ယန်သည်လည်း ဆင်ခြေရှာပြီး ထွက်လာကာ ရန်ကျားလိဘေး ဝင်ထိုင်လိုက်သည်။

တောင်တက်လမ်းက ကြမ်းတမ်းပြီး ကားသည်လည်း ယိမ်းကာထိုးကားနှင့် အမှောင်ထုထဲ ကွေ့ပတ်သွားသည်။

ရန်ကျားလိသည် မျက်လုံးမှိတ်ထားရင်းနှင့် အသံမထွက်ဘဲ ဝမ်ယန်၏လက်ကို တိတ်တိတ်ကလေး ဆုပ်ကိုင်လိုက်သည်။

ဝမ်ယန်သည်လည်း ရန်ကျားလိ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား၏ လက်ဖဝါးတွင် စေးကပ်ကပ် ချွေးစေးများသာ ဖြစ်နေခဲ့သည်။

ဝမ်ယန်သည် ပြတင်းပေါက်သေးသေးလေးမှ အပြင်ဘက်သို လှမ်းကြည့်လိုက်သည်။ ကားသည် ပြည်နယ်လမ်းမကြီးကို တမင်တကာ ကျော်ဖြတ်သွားပြီး ဝေးလံသော လမ်းမဆီသို့သာ တောက်လျှောက် မောင်းနှင်လာခဲ့သည်။ ၎င်းမှာ လူအများ၏ မျက်စိနှင့် နားကို ဖုံးကွယ်ရန်နှင့် ထောက်လှမ်းရေး ကင်မရာများဆီမှ ဖမ်းမိခြင်း မခံရဘဲ သဲလွန်စများ မကျန်ခဲ့နိုင်အောင်လုပ်နေသည်ဟု ခန့်မှန်းရသည်။

ဝမ်ယန်သည် လမ်းတစ်လျှောက်လုံး စောင့်ကြည့်လေ့လာနေပြီး ရန်ကျားလိသည်လည်း အားလပ်နေခဲ့သည်တော့ မဟုတ်ပေ။

သူသည် မျက်လုံးမှိတ်ထားရင်း ကားသွားရာ အရှိန်နှုန်းကို ခံစားနေခဲ့သည်။

ကားက သိသိသာသာ အရှိန် လျော့ကျသွားပြီး စတင် ကုန်းတက်နေသည်ဟု ထင်လာရသောအခါ ရန်ကျားလိသည် ဝမ်ယန်၏ လက်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

လှုပ်ရှားတော့!

.

.

.

.

.

18/3/2022(Fri)

                                                                                                  ×××

{Zawgyi}

"လႈပ္ရွားေတာ့"

ေလလံပြဲ မတိုင္ခင္ တစ္ရက္တြင္ ရန္က်ားလိသည္ ေလွာင္အိမ္ထဲမွ ထြက္လာရသည္။

အခ်ိန္အေတာ္ၾကာ ေလွာင္ပိတ္ခံထားရၿပီး ေလွာင္အိမ္ထဲမွ ထြက္ႏိုင္သည့္ အခြင့္အေရးမွာလည္း နည္းပါးသည့္အတြက္ ရန္က်ားလိ၏ ေျခလက္မ်ားသည္ ထုံထိုင္းလုနီးပါး ျဖစ္ေနခဲ့သည္။

သူသည္ ေခတၱမွ် ႏွိပ္နယ္ေနၿပီးမွ ေသြးမ်ားက စီးဆင္းလာသည္ဟု ခံစားလိုက္ရၿပီး ေျခလက္မ်ားလည္း ေျပေလ်ာ့လာေတာ့သည္။

ယဲ့ဖန္သည္ တစ္ဖက္မွ ဆိုဖာေပၚ ထိုင္ေနၿပီး ႏႈတ္ခမ္းထက္ စီးကရက္ကို ခဲထားကာ မ်က္လုံးက စိုးထိတ္စရာ ေကာင္းလွေအာင္ မည္းေမွာင္ေနသည္။

သူသည္ ထိုကဲ့သိုသာ ရန္က်ားလိကို ေစ့ေစ့ စိုက္ၾကည့္ေနၿပီး မည္သို႔ေသာ စကားမွ မဆိုေပ။ ႏႈတ္ခမ္းထက္၌သာ အဓိပၸါယ္ နက္နဲသည့္ ေထာင့္ခ်ိဳးမ်ိဳး ရွိေနၿပီး ၿပဳံးရယ္ေနရာ ရန္က်ားလိကိုပင္ ၾကက္သီးေမြးညင္းမ်ား ထလာေစၿပီး စိတ္ထဲ၌ပင္ ေၾကာက္႐ြံ ထိတ္လန္႔လာေစသည္။

ရန္က်ားလိသည္ အတတ္ႏိုင္ဆုံး ေခါင္းေမာ့လိုက္ၿပီး အခိုင္အမာ ရွိလွေသာ အသံႏွင့္

"ခင္ဗ်ား ေတာင္းဆိုထားတဲ့ အေျခအေနေတြ အားလုံးလည္း ယဲ့ထင္ သေဘာတူၿပီးၿပီေနာ္။ မနက္ျဖန္ပဲ ေလလံပြဲ စေတာ့မယ္။ သူလည္း ေလလံစာ႐ြက္ေတြကို အစားထိုးဖို မွီမွာမဟုတ္ေတာ့ဘူး။ အခု ကြၽန္ေတာ့္ကို လႊတ္ေပးလို႔ ရၿပီမလား"

ယဲ့ဖန္သည္ ေခါင္းငုံ႔ထားၿပီး လက္ေခ်ာင္းက ေဆးလိပ္ျပာမႈန္႔မ်ားကို ခါေနကာ တိတ္တိတ္ဆိတ္ဆိတ္ ရွိေနသည္။

ရန္က်ားလိသည္ သူ၏ တုံ႔ျပန္ပုံကို ၾကည့္ေနရင္း စိတ္ထဲတြင္ မျပတ္မသား မတင္မက်မႈတို႔ ျဖစ္လာသည္။

ရန္က်ားလိသည္ တိတ္တိတ္ကေလး လက္သီးဆုပ္လိုက္ကာ

"ဘာပဲျဖစ္ျဖစ္ ခင္ဗ်ားလိုခ်င္တာ အားလုံး ေပးၿပီးၿပီးေနာ္။ ကြၽန္ေတာ္ သြားေတာ့မယ္"

သူသည္ ကိုယ္ကို လွည့္လိုက္ကာ တံခါးအျပင္ဘက္သို႔ ထြက္သြားေခ်ေတာ့မည္။

ရန္က်ားလိ၏ ေျခေထာက္တစ္ေခ်ာင္းက ထိုဧည့္ခန္းေလး၏ တံခါးေပါက္ကို ေျခခ်လိုက္ခ်ိန္တြင္ ဆိုဖာေပၚ ထိုင္ေနသည့္ ယဲ့ဖန္က လက္ေျမႇာက္လိုက္သည္။

တံခါးေပါက္မွ သက္ေတာ္ေစာင့္က သေဘာေပါက္သြားၿပီး တစ္ခ်က္အဖမ္းႏွင့္ ရန္က်ားလိအား ခ်က္ခ်င္း ၾကမ္းျပင္ေပၚ ဖိထားလိုက္သည္။

ရန္က်ားလိ၏ လည္ပင္းသည္ သက္ေတာ္ေစာင့္၏ အားေကာင္းေမာင္းသန္သည့္ လက္ႏွင့္ အဖိခံထားရေသာအခါ ခဏတြင္းခ်င္း မ်က္ႏွာက နီရဲလာသည္။

သူသည္ ေလသံက်ယ္လိုက္ၿပီး ေဒါသတႀကီးႏွင့္ ေျပာသည္။

"ယဲ့ဖန္! ခင္ဗ်ား ဒါဘာလုပ္တာလဲ။ ခင္ဗ်ား ကတိမတည္ဘူး!"

ယဲ့ဖန္သည္ ေဆးလိပ္ထိပ္ပိုင္းကို ဖန္ဂ်ားထဲ ဖိသတ္လိုက္ၿပီး ျဖည္းျဖည္းခ်င္း ထလာကာ ၾကမ္းျပင္ေပၚ အဖိခံထားရသည့္ ရန္က်ားလိေရွ႕ ေလွ်ာက္လာလိုက္ၿပီး သားေရဖိနပ္က ရန္က်ားလိ နဖူးေရွ႕ ခြၽန္ျမေနကာ ရယ္သံထဲ ေအးစက္စက္ အၾကင္နာကင္းမႈတို႔ ပါဝင္ေနၿပီး

"ခယ္မက ငါ့ဒီမွာ လဝက္ေက်ာ္ေလာက္ ေနသြားတာကို ငါက ထမင္းဟင္းတစ္နပ္ ေကာင္းေကာင္းေလးနဲ႔ေတာင္ မင္းကို ဧည့္မခံႏိုင္လိုက္ဘူး။ ငါ့စိတ္ထဲမွာ အရမ္း ေနာင္တရတာပဲ"

ရန္က်ားလိ စိတ္ထဲတစ္ခ်က္ တုန္လႈပ္သြားၿပီးေနာက္ နားလည္လာေတာ့သည္။

ယဲ့ဖန္ ထိုေခြးမသားသည္ ယေန႔သူ႔ကို လႊတ္ေပးလိုက္ဖို႔ လုံးဝ ဆႏၵရွိခဲ့သည္ မဟုတ္ေပ။

ယဲ့ဖန္သည္ ရန္က်ားလိ၏ မ်က္ႏွာကို ပင့္ေျမႇာက္လိုက္ၿပီး ေႏွးေကြးေလးကန္စြာႏွင့္ ေျပာလာသည္။

"ဒါမွမဟုတ္ ဒီလိုလုပ္လိုက္ေလ။ ငါအျပင္မွာ လွ်ိဝွက္ထားတဲ့ ေနအိမ္တစ္လုံး ရွိေသးတယ္။ ငါ့ေအာက္ကလူေတြကို အရင္မင္းကို အဲ့ဆီ ေခၚသြားခိုင္းလိုက္မယ္။ မင္းကို ရက္ပိုင္းေလာက္ ဧည့္ခံေပးၿပီးမွ မင္းထြက္သြားေပါ့။ အားလုံးက မိသားစုေတြပဲဟာ၊ အားမနာပါနဲ႔"

ရန္က်ားလိ၏ နဖူးထက္တြင္ အျပာေရာင္ ေသြးေၾကာမ်ား ျဖာထြက္ေနၿပီး သည္းမခံႏိုင္စြာႏွင့္ ႐ုန္႔ရင္းၾကမ္းတမ္းေသာ စကားလုံးမ်ား ေပါက္ကြဲထြက္လာေတာ့သည္။

"ငါလိုးကို တစ္မိသားစု!"

"ခင္ဗ်ားရဲ႕ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာေပးရင္ ေလလံပြဲ မတိုင္ခင္ တစ္ရက္မွာ ငါ့ကို လႊတ္ေပးမယ္လို ေျပာခဲ့ရဲ႕သားနဲ႔။ အခုယဲ့ထင္က ေလလံၿပိဳင္ပြဲက ႏႈတ္ထြက္ၿပီး ရွယ္ယာေတြနဲ႔ ေျမကြက္ကိုလည္း ခင္ဗ်ားကို ေပးၿပီးၿပီ။ ခင္ဗ်ားက ေစာက္က်ိဳးနည္း ကတိမတည္တဲ့အျပင္ ေလာဘတက္ေနတုန္း!"

ယဲ့ဖန္က မတ္မတ္ရပ္လိုက္ၿပီး ခပ္လွမ္းလွမ္းမွ နစ္ျမႇဳပ္ေနသည့္ ေနမင္းကိုၾကည့္ကာ အၾကည့္မ်ားကပါ နက္နဲေနသည္။

သူ႔အသံကပါ အနည္းငယ္ ေလးနက္ေနၿပီး စကားဆိုလာသည္။

"မင္းယဲ့ထင္ကို နားမလည္ပါဘူး"

"ငါ့ရဲ႕ ဆိုးသြမ္းတဲ့ ဝံပုေလြလို ညီေလးကေလ မင္းကလြဲရင္ တျခားသူေတြဆို သူက ေသြးေအးေနတာ။ သူ႔ရဲ႕ ေသခ်ာေပါက္ လက္စားေခ်ပုံမ်ိဳးနဲ႔ဆို ငါက ကတိအတိုင္း မင္းကို လႊတ္ေပးလိုက္ရင္ေတာင္ သိပ္မၾကာခင္မွာပဲ သူက အစြယ္ေတြ ထုတ္လာၿပီး ငါ့ကို ေသေအာင္ သတ္ေတာ့မယ္ဆိုတာ ငါယုံၾကည္တယ္။ မင္းက အခုထိ ယဲ့ထင္နဲ႔ ငါ့ရဲ႕ၾကားက အႀကီးမားဆုံး အေလွ်ာ့အတင္း chip ပဲေလ၊ တကယ္လို႔ တစ္ေန႔ေန႔မွာ သူက ငါ့ဆီမွာ ရႈံးနိမ့္ၿပီး နလန္ျပန္ မထႏိုင္ေတာ့ရင္ေတာ့ မင္းတို ျပန္ဆုံၾကဖို႔ ငါစဥ္းစားေပးလို႔ ရပါတယ္။ အဲ့လိုမဟုတ္ဘဲ မင္းကို ဒီတိုင္းႀကီး လႊတ္ေပးလိုက္ရမွာကေတာ့ ႏွေျမာစရာႀကီး"

ရန္က်ားလိသည္ ေဒါသေၾကာင့္ မ်က္လုံးမ်ားက ဝိုင္းစက္လာၿပီး ေဒါသထြက္လြန္း၍ ယဲ့ဖန္၏ လည္မ်ိဳကိုပင္ အစိမ္းရွင္ရွင္ ကိုက္ျဖတ္ပစ္လိုက္ခ်င္လာသည္။

"ခင္ဗ်ား ေစာက္စကား မတည္တဲ့လူ!"

ယဲ့ဖန္သည္ ရန္က်ားလိ၏ မ်က္ႏွာကို ပြတ္လိုက္ၿပီး စိတ္မေကာင္းစြာႏွင့္ ေခါင္းယမ္းလိုက္ကာ သက္ျပင္းခ်လ်က္ ဆိုသည္။

"မင္းက ယဲ့ထင္ဆီက တန္ဖိုးထားခံရေတာ့ သိပ္ေကာင္းတာပဲ။ ေရွာင္ရန္၊ မင္းနည္းနည္း ပိုႀကီးလာရင္ နားလည္လာလိမ့္မယ္။ ဘယ္သူကမွ မင္း ကိုယ့္အားကိုယ္ကိုးၿပီး တက္လာသလား၊ သူမ်ားရဲ႕ ေခါင္းကို နင္းခ်ၿပီး ေနရာရလာတာလား ဆိုတာကို ဂ႐ုစိုက္မေနဘူး။ ဒီကမာၻမွာ ေအာင္ျမင္မႈနဲ႔ က်ရႈံးမႈကသာ အစစ္အမွန္ပဲ"

ယဲ့ဖန္သည္ လက္ေဝွ႔ယမ္းျပလိုက္သည္။

သက္ေတာ္ေစာင့္မ်ားသည္ ဆဲဆဲဆိုဆို ျပဳေနေသာ ရန္က်ားလိကို ဆြဲေခၚသြားၾကၿပီး ေလမဝင္ေသာ အခန္းတစ္ခန္းထဲ တြန္းထည့္လိုက္ၾကသည္။

မၾကာခင္မွာပဲ တံခါးက ထပ္မံပြင့္ဟသြားၿပီး ဝင္လာသူကေတာ့ ဝမ္ယန္ျဖစ္ေနခဲ့သည္။

ဝမ္ယန္သည္ မက္စ္တပ္ထားၿပီး အျဖဴေရာင္ လက္အိတ္ႏွင့္ လက္ထဲတြင္ ေရစုပ္မ်က္ႏွာသုတ္ပဝါ၊ အရည္တစ္ပုလင္း၊ ေဆးဖက္သုံး အီသာကို ယူလာသည္။

တံခါးနားမွ သက္ေတာ္ေစာင့္သည္ တံခါးပိတ္ခါနီးတြင္ အခန္းထဲကို ဝင္လာသည့္ ဝမ္ယန္ကို ေျပာလိုက္သည္။

"အဲ့ဒီေကာင္က အနံ႔အရမ္းဆိုးေပမယ့္ မင္းကစားခ်င္ရင္လည္း စမ္းၾကည့္ေပါ့။ ဒါေပမဲ့ မင္းနည္းနည္းေတာ့ သတိထားဦး။ ေမ့ေဆး အာနိသင္ ရသြားရင္ ေတာ္လိုက္ေတာ့။ အရမ္းျပင္းသြားရင္ လူေသသြားဖို႔က လြယ္လြယ္ေလးပဲ"

ဝမ္ယန္က သူတို႔ထံ ေခါင္းညိတ္ျပလိုက္ၿပီး

"သိၿပီ"

တံခါးက ျဖည္းျဖည္းခ်င္း ပိတ္သြားေသာအခါ အခန္းအျပည့္ အေမွာင္ထုသာ က်န္ခဲ့ေတာ့သည္။

ဝမ္ယန္သည္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ရန္က်ားလိေရွ႕ ေလွ်ာက္လာၿပီး သူတို႔၏ မ်က္လုံးႏွစ္စုံမွာ ႀကဳံႀကိဳက္သြားၾကေတာ့သည္။

ပတ္ဝန္းက်င္က တိတ္ဆိတ္ေနခ်ိန္တြင္ ဝမ္ယန္သည္ ႐ုတ္တရက္ ထရယ္လာၿပီး ေလသံတိုးတိုးႏွင့္ ေျပာသည္။

"မင္းမွန္းတာက တကယ္မွန္တယ္"

ရန္က်ားလိသည္လည္း ႏႈတ္ခမ္းတြန္႔ကာ ရယ္လိုက္ၿပီး

"ဘယ္လိုပဲျဖစ္ျဖစ္ ယဲ့ထင္နဲ႔ငါက တြဲခဲ့ၾကတာ ၾကာၿပီဆိုေတာ့ သူတို႔ ယဲ့မိသားစုရဲ႕ တစ္ေယာက္ခ်င္းစီတိုင္းက ေမြးရာပါအတိုင္း မ်က္ႏွာႏွစ္မ်ိဳးနဲ႔ လူေတြကို လွည့္စားတတ္ၾကတာကို သိေနၿပီေလ။ တကယ္လို႔ ငါသာေသခ်ာ ဂ႐ုမစိုက္ခဲ့ရင္ ယဲ့ဖန္ဆီကေန အ႐ူးလုပ္ခံရၿပီး အဲ့အခ်ိန္က် ငါေရာ ယဲ့ထင္ေရာ ကံဆိုးမိုးေမွာင္ က်ေနေတာ့မွာ"

ဝမ္ယန္သည္ ေခါင္းညိတ္လိုက္ၿပီး အိတ္ကပ္ထဲမွ ဓားေျမႇာင္တစ္လက္ ထုတ္လာကာ ရန္က်ားလိ၏ အဝတ္ထဲကို တိတ္တဆိတ္ ထည့္လိုက္သည္။

သူသည္ အီသာပုလင္း အဖုံးကို ဖြင့္လိုက္ၿပီး ေရစုပ္ဝတ္ဆီ သြန္ထည့္လိုက္ကာ ရန္က်ားလိ၏ မ်က္ႏွာထက္ ျဖစ္သလို ႏွစ္ႀကိမ္မွ် သုတ္လိုက္သည္။

ရန္က်ားလိသည္ အသက္ရႈ ၾကပ္သြားၿပီး မ်က္လုံးေရွ႕တြင္ အနည္းငယ္ မူးမိုက္လာကာ မ်က္လုံးမွိတ္ထားလ်က္ႏွင့္ ေျမျပင္ေပၚတြင္ ၿငိမ္သက္စြာ လဲေလ်ာင္းသြားသည္။

ဝမ္ယန္သည္ ဖန္ပုလင္း အဖုံးကို ပိတ္ေနခ်ိန္တြင္ ရန္က်ားလိသည္ ဖိႏွိပ္ထားေသာ ေလသံႏွင့္ ေျပာလာသည္။

"ငါ့ကိုဒီလို ကူညီေပးဖို႔ ဆႏၵရွိခဲ့လို႔ ေက်းဇူးတင္ပါတယ္"

ဝမ္ယန္က ေခါင္းယမ္းျပသည္။

သူသည္ တံခါးေရွ႕ ေလွ်ာက္သြားၿပီး တံခါးဖြင့္ကာ မထြက္သြားခင္တြင္ စိုစြတ္ၿပီး နီရဲေနေသာ မ်က္လုံးမ်ားတြင္ ေထာင္ေပါင္းမ်ားစြာေသာ ခံစားခ်က္မ်ားကို ဖုံးကြယ္ထားသလိုႏွင့္ ရွတတ ေျပာလာသည္။

"ငါကမင္းနဲ႔ ယဲ့ထင္တို႔ ေကာင္းေကာင္းမြန္မြန္နဲ႔ အတူတူ ရွိေနသင့္ၿပီလို႔ပဲ ထင္မိတယ္။ မင္း သိလား၊ ငါမင္းကို ၾကည့္လိုက္တဲ့ အခါတိုင္း အေတြးတစ္ခုပဲ ရွိခဲ့တယ္"

".....တစ္စုံတစ္ေယာက္က ခ်စ္ေပးေနတာ၊ သိပ္ေကာင္းတာပဲလို႔"

ရန္က်ားလိ၏ ႏွာေခါင္းက အနည္းငယ္ ခ်ဥ္စူးသြားသည္။

ဝမ္ယန္ ထြက္သြားၿပီး မၾကာခင္မွာပဲ၊ သက္ေတာ္ေစာင့္မ်ားက မက္စ္တပ္ၿပီး ဝင္လာၾကသည္။ ရန္က်ားလိ ၾကမ္းျပင္ေပၚ လဲေနသည္ကိုျမင္ေသာ္ သူ႔ကို လႈပ္ယမ္းၾကည့္လိုက္ၿပီး သူတုံျပန္မႈ မရွိသည္ကို ေတြ႕ေသာအခါ စိတ္ခ်သြားၿပီး လူကိုအခန္းထဲမွ ဆြဲထုတ္လိုက္ၾကသည္။

ထရပ္ကား၏ ပစၥည္းထည့္ခန္းထဲ အထည့္ခံလိုက္ရခ်ိန္တြင္ ရန္က်ားလိသည္ မ်က္လုံးကို အေျမႇာင္းေသးေသးေလး ဖြင့္ၾကည့္လိုက္ေသာအခါ စိတ္ထဲ လန္႔ဖ်ပ္သြားရသည္။

ပတ္ပတ္လည္တြင္ ေတာင္တန္းမ်ားသာျဖစ္ၿပီး ေကာင္းကင္ႀကီးလည္း ေမွာင္မိုက္ေနကာ ပတ္ဝန္းက်င္ကပါ ေဝးလံေခါင္ဖ်ားေနေလရာ ယဲ့ထင္ တစ္ေလွ်ာက္လုံး ရွာမေတြ႕ႏိုင္သည္မွာလည္း မထူးဆန္းေတာ့ေပ။

ရန္က်ားလိ ကားေနာက္ခန္းထဲ အထည့္ခံၿပီးေသာအခါ ေစာင့္ၾကည့္ရန္ တာဝန္ေပးခံထားရေသာ သက္ေတာ္ေစာင့္ ႏွစ္ဦးလည္း ဝင္လာၾကသည္။ ကားမထြက္မီတြင္ ဝမ္ယန္သည္လည္း ဆင္ေျခရွာၿပီး ထြက္လာကာ ရန္က်ားလိေဘး ဝင္ထိုင္လိုက္သည္။

ေတာင္တက္လမ္းက ၾကမ္းတမ္းၿပီး ကားသည္လည္း ယိမ္းကာထိုးကားႏွင့္ အေမွာင္ထုထဲ ေကြ႕ပတ္သြားသည္။

ရန္က်ားလိသည္ မ်က္လုံးမွိတ္ထားရင္းႏွင့္ အသံမထြက္ဘဲ ဝမ္ယန္၏လက္ကို တိတ္တိတ္ကေလး ဆုပ္ကိုင္လိုက္သည္။

ဝမ္ယန္သည္လည္း ရန္က်ားလိ၏ လက္ကို ဆုပ္ကိုင္လိုက္ၿပီး ႏွစ္ေယာက္သား၏ လက္ဖဝါးတြင္ ေစးကပ္ကပ္ ေခြၽးေစးမ်ားသာ ျဖစ္ေနခဲ့သည္။

ဝမ္ယန္သည္ ျပတင္းေပါက္ေသးေသးေလးမွ အျပင္ဘက္သို လွမ္းၾကည့္လိုက္သည္။ ကားသည္ ျပည္နယ္လမ္းမႀကီးကို တမင္တကာ ေက်ာ္ျဖတ္သြားၿပီး ေဝးလံေသာ လမ္းမဆီသို႔သာ ေတာက္ေလွ်ာက္ ေမာင္းႏွင္လာခဲ့သည္။ ၎မွာ လူအမ်ား၏ မ်က္စိႏွင့္ နားကို ဖုံးကြယ္ရန္ႏွင့္ ေထာက္လွမ္းေရး ကင္မရာမ်ားဆီမွ ဖမ္းမိျခင္း မခံရဘဲ သဲလြန္စမ်ား မက်န္ခဲ့ႏိုင္ေအာင္လုပ္ေနသည္ဟု ခန႔္မွန္းရသည္။

ဝမ္ယန္သည္ လမ္းတစ္ေလွ်ာက္လုံး ေစာင့္ၾကည့္ေလ့လာေနၿပီး ရန္က်ားလိသည္လည္း အားလပ္ေနခဲ့သည္ေတာ့ မဟုတ္ေပ။

သူသည္ မ်က္လုံးမွိတ္ထားရင္း ကားသြားရာ အရွိန္ႏႈန္းကို ခံစားေနခဲ့သည္။

ကားက သိသိသာသာ အရွိန္ ေလ်ာ့က်သြားၿပီး စတင္ ကုန္းတက္ေနသည္ဟု ထင္လာရေသာအခါ ရန္က်ားလိသည္ ဝမ္ယန္၏ လက္ေခ်ာင္းကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္သည္။

လႈပ္ရွားေတာ့!

.

.

.

.

.

18/3/2022(Fri)


×××

Continue Reading

You'll Also Like

1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
40K 4.2K 22
Story Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်...
71.9K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...
980K 138K 99
Title : War Prisoner(စစ်သုံ့ပန်းစစ္သံု႔ပန္း) Original Author : Li Hua Yan Yu Novel Status : 95chps+bonus Translator.: @Chocolatelover 1412(eng trans...