ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

By Change_7

742K 64.6K 6.6K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)

အပိုင်း✨🍁(၁၇)

10.8K 1.1K 98
By Change_7

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၇)

*ဟင်...ဒီအခြေအနေကြီးက အိမ်မက်ထဲနဲ့တူလှချည်လား...*
ဧကလေး ပယင်းရောင်မျက်ဝန်းများကို စိုက်ကြည့်ရင်း တွေးနေမိသည်။
အိမ်မက်ထဲကလူက ပယင်းရောင်မျက်ဝန်းများဖြင့် ရိုးရိုးအဝတ်အစားနှင့်အတူ အနက်ရောင်‌ကုတ်တစ်ထည်ကိုဝတ်ထားကာ ဧကလေးအား‌ဆွေးဆွေးမြေ့မြေ့ကြည့်နေပြီး ထွက်သွားသည်ပဲဖြစ်သည်။
ယခု သူ့ရှေ့မှာ ရှိနေသည့် အရှင်၏ ပယင်းရောင်မျက်ဝန်းများကမူ သူ့အားပြုံးပြီးကြည့်နေသည်။
အကြည့်များ ၊အဝတ်စားများမတူညီသော်လည်း ထပ်တူညီသော လူနှစ်ယောက်။
ဧကလေး လိုက်မမှီနိုင်သည့်အခြေအနေအား အသည်းအသန်‌အဖြေရှာနေခိုက်

“သျှင်းငယ်...”

“အမ်...ဗျာ....”
ဧကလေး အယောင်ယောင်အမှားမှားဖြင့်ထူးလိုက်မိသည်။

“အဟွန်း!!အနားလာလေ သျှင်းငယ်...”

“ဟုတ်ကဲ့...”

ဒဝီဦးခိုက် မျက်ဝန်းပြာလေးများကို ပြုံးလျက်ကြည့်ပြီးနောက် ရှေ့တည့်တည့်မှ အပင်လေးများဆီကို အကြည့်ပြန်ပို့လိုက်သ ည်။
ဥယျာဉ်တော်တစ်ခုလုံးကို အကြည့်များလွှမ်းခြုံရင်း မယ်မယ့်အားသတိရသွားမိသည်။
ဒဝီဦးခိုက်၏ငယ်ဘဝတစ်လျှောက်လုံးဟာ ဥယျာဉ်တော်ထဲမယ်မယ်နှင့်အတူ ကုန်ဆုံးခဲ့တာများသည်။
မယ်မယ်နှင့်အတူပန်းပင်လေးများပျိုးထောင်ရင်း၊မယ်မယ်ပြောပြသည့် ဘိုးဘေးတို့အကြောင်းပုံပြင်လေးများနားထောင်ရင်း ပျော်ရွှင်စွာ ကုန်ဆုံးခဲ့သည့်အချိန်များကို လွမ်းဆွတ်မိသည်။

ဧကလေး ဥယျာဉ်တော်တစ်ခုလုံးအား ဆွေးဆွေးမြေ့မြေ့ကြည့်နေသော အရှင့်ကြောင့် အလိုက်တသိ ဘေးမှာရပ်နေလိုက်သည်။

“ကိုယ်တော် မယ်မယ်နဲ့အတူပျိုးထောင်ခဲ့တာတွေလေ....”

အဆက်အစပ်မရှိပြောလာသည့်အရှင့်စကားကြောင့် ဧကလေး အမြန်အဖြေပေးလိုက်သည်။

“ဗျာ... ဟုတ်...”

“မယ်မယ်က ပန်းပင်လေးတွေပျိုးထောင်စိုက်ပျိုးရတာ အရမ်းသဘောကျခဲ့တယ်..အမြဲတမ်းလိုလို ဥယျာဉ်ထဲမှာ နေတတ်တယ်...”

“အဲ့ဒါကြောင့် ဒီဥယျာဉ်လေးက အရမ်းလှတာကိုး...အရှင့်မယ်မယ်နဲ့အရှင် ပျိုးထောင်ခဲ့တဲ့ ပန်းပင်လေးတွေက ကောင်းကောင်းရှင်သန်ကြီးထွားနေတာပဲ...စိတ်ချမ်းသာစရာလေး...”

“အဟွန်း!!”

“ကျွန်တော်ကြားဖူးတာတစ်ခုပြောပြရမလားအရှင်...”

“ပြောပါဦး....”

“သစ်ပင်စိုက်တဲ့လက်တွေကပဲ ကမ္ဘာကြီးကိုကယ်တင်တဲ့လက်တွေတဲ့...အပင်ဆိုတာက ဘာပင်ပဲနေနေ စိုက်တိုင်းလည်းရှင်တယ်ဆိုတာရှားတယ်လေ...လက်ဆိပ်ပါတဲ့သူဆို ဘာအပင်စိုက်စိုက်ရှင်တယ်တဲ့...တစ်ချို့ကျလည်း ဘယ်လောက်ဂရုတစိုက် စိုက်ပျိုးပျိုးမရှင်သန်ဘူး ...”

“အွန်း!!”

“ကမ္ဘာကြီးကနောက်ပိုင်းတိုးတတ်ပြောင်းလဲလာတဲ့အခါမှ စက်ယန္တရားတွေပေါ်လာမယ်...လူဦးရေထူထပ်လာတဲ့အခါ ‌နယ်မြေတွေချဲ့ထွင်လာမယ်...အဲ့အချိန်ကျရင် သစ်‌တောတွေပြုန်းတီးလာမယ်...သစ်ပင်တွေနဲ့ စိမ်းစိုနေရမယ့်နေရာတွေမှာ အဆောက်အဦးတွေကနေရာယူလာမယ်...ကား‌တွေ ဆိုင်ကယ်တွေကြောင့် လေထုညစ်ညမ်းမှုတွေအများကြီးဖြစ်လာပြီး သဘာဝတရားကြီးကပါ ဖောက်လွဲဖောက်ပြန်ဖြစ်လာမယ်...အဲ့ဒီလိုတွေကြောင့် ဒီကမ္ဘာကြီးမှာ သစ်ပင်တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်...ဒါကြောင့် သေးငယ်တဲ့အပင်လေးကိုစိုက်ပျိုးတာပဲဖြစ်ပါစေဦး ကမ္ဘာကြီးကိုကယ်တင်လိုက်တာပဲ...အရှင်ကလောလောဆယ် သရေခေတ္တရာကြီးကို အရင်ကယ်တင်လိုက်တာ....”

ဧကလေး ပြောချင်ရာတွေစွတ်ပြောနေရင်း အရှင့်ကို မော့ကြည့်လိုက်ရာ သူ့အားစိတ်ဝင်တစားကြည့်နေပြီး သူပြောသည့်စကားများအား တွေးတောနေပုံရသည်။
ဧကလေး လျှာအရမ်း‌ရှည်လိုက်မိပြီလား။
သူကခေတ်ကလာသည့်လူ‌ဆိုတော့ ကြိုသိနေတာမစမ်းပေမယ့် အရှင်ကျ သူပြောသည့်ကားတွေဆိုင်ကယ်တွေကျ နားမလည်နိုင်လောက်ပေ။သူ့ကိုလူထူးဆန်းများထင်သွားပြီလား။သရေခေတ္တရာ၏ဘုရင်အား
သရေခေတ္တရာကိုကယ်တင်သည်ဆိုသည့်စကားမှာ ရယ်ချင်စရာကောင်းလှသည်။
သို့သော်....

“သျှင်းငယ်ပြောတာတွေက ကိုယ်တော်မသိတဲ့အကြောင်းအရာတွေပဲ ကိုယ်တော်သေချာမှတ်ထားပါ့မယ်သျှင်းငယ်....”

“အဲ...အဲ့လောက်ထိလည်းမဟုတ်ပါဘူး ကျွန်တော်က...”
ဧကလေး ဘာဆက်ပြောရမှန်းတောင်မသိဖြစ်သွားသည်။တည်ကြည်လေးနက်သောစကားများနှင့်အကြည့်များကြောင့် လည်ချောင်းမှစကားများလည်းတန့်သွားရသည်။

“အဟွန်း!! သျှင်းငယ်က ‌ဗဟုသုတနဲ့ပြည့်စုံတယ် တော်တယ်...အဲ့ဒီအကြောင်းအရာတွေ ကိုယ်တော်တစ်ခါလေးမှတောင် မတွေးခဲ့ မသင်ခဲ့ဖူးဘူး...”

“အာ..အဲ့လိုမဟုတ်ပါဘူး...”
ဧကလေး အရှင့်၏ချီးမွမ်းမှုကြောင့် နားလေးတွေပါနီရဲလာကာ လည်ဂုတ်ကိုအသာပွတ်လိုက်သည်။

ထို့ကြောင့်စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် ရှေ့မှ မြင်နေရသည့် ကံ့ကော်ပင်နှင့်ပုန်းညက်ပင်လေးအားလက်ညှိုးထိုးပြကာ

“အဲ့အပင်လေးတွေက သေးသေးတယ်နော် အရှင်...”

“အွန်း!! ကိုယ်တော်စိုက်ထားတာ သိပ်မကြာသေးဘူး...”

“အရှင်က အဲ့အပင်လေးတွေကို သဘောကျတာလားဗျ...”

“အဲ့ဒီအပင်လေးတွေတင်မဟုတ်ပါဘူး ကိုယ်တော်က အီနောက်နောက်အနံ့မျိုးမဟုတ်ပဲ အနံ့သင်းသင်းလေးတွေရတဲ့ ပန်းပင်တွေ သဘောကျတယ်...မယ်မယ်လည်း သဘောကျတယ်လေ...”

“အော် ဟုတ်....ပန်းပင်လေးတွေမှာ အဓိပ္ပာယ်ရှိတယ် သိလားအရှင်...”

“အဓိပ္ပာယ်?....ကိုယ်တော် မသိဘူး...”

“ဟီး ကျွန်တော်လည်း တစ်မျိုး၊နှစ်မျိုးသိတာပါ..ကံ့ကော်ပင်ကအကြိုက်ဆုံးမို့ မှတ်ထားတာ...ကံ့ကော်ပန်းရဲ့အဓိပ္ပာယ်က
ထာဝရတည်တံ့နေမည့်ချစ်ခြင်း၊ကတိသစ္စာတည်ခြင်းနဲ့ ဖြူစင်သန့်ရှင်းခြင်းကို ကိုယ်စားပြုတယ်....”

“ထာဝရတည်‌တံ့နေမည့်ချစ်ခြင်းတဲ့လား....”
ဒဝီဦးခိုက် တိုးတိုးရေရွတ်ရင်း

“ပုန်းညက်ပန်းရဲ့အဓိပ္ပာယ်ကရော...”

ဧကလေး လွမ်းစွတ်စွာပုန်းညက်ပင်လေးအားကြည့်ရင်း ပြုံးလိုက်ကာ

“ပုန်းညက်ပန်းပင်လေးရဲ့အဓိပ္ပာယ်က ကျွန်တော့်ရဲ့ချစ်လှစွာသော ပါးပါး ပုန်းညက်ဦးညိုတဲ့...”

“ပုန်းညက်ဦးညို...”

“ဒယ်ဒီကပြောတယ်...ပုန်းညက်ပန်းပင်ရဲ့အဓိပ္ပာယ်သပ်သပ်က ဘယ်လိုရှိလည်းသူမသိပေမယ့်...ပုန်းညက်ဦးညိုကတော့ သူ့နှလုံးသားတဲ့...သူ့ရှင်သန်ရခြင်းတဲ့...အဲ့ဒါကြောင့် ပုန်းညက်ပန်းပင်တွေပွင့်ချိန်မှာ မွေးခဲ့တဲ့ ပါးပါးကပဲ သူ့အတွက်တော့အဲ့ပန်းရဲ့အဓိပ္ပာယ်တဲ့...”
ဧကလေးပြောရင်း ပါးပါးတို့ကို သတိရသွားကာ မျက်ဝန်းပြာလေးများကဖျော့တော့သွားပြီး မျက်ရည်ကြည်လေးများရစ်သိုင်းလာကာ ခေါင်းကိုငုံ့ချလိုက်သည်။အရှင့်ရှေ့ သူမငိုချင်ပါ။

(#ပုန်းညက်ပန်းရဲ့အဓိပ္ပာယ်ကလေ ကိုယ်googleမှာရှာတယ် မတွေ့ဘူး..အဲ့ဒါကြောင့် ကိုယ့်အချစ်လေးတို့သိရင် ပြောပေးသွားပါဦး)

ဒဝီဦးခိုက် ရုတ်တရက်ဖျော့တော့သွားသောမျက်ဝန်းပြာလေးများအပြင် အောက်ကို ခေါင်းငုံ့သွားသူကြောင့် ရင်ထဲထိတ်ကနဲဖြစ်သွားရသည်။

“သျှင်းငယ်...”

“ဟုတ်....”
ဧကလေး မငိုမိစေရင် တင်းထားသောကြောင့် အသံထွက်သည်ဆိုရုံမျှထူးလိုက်သည်။
မျက်လုံးတွေပါကျိန်းစက်လာရပြီး တင်းထားရလွန်းလို့ မျက်နှာကြီးနီနေလောက်ပြီဆိုတာ ခန့်မှန်းမိ၍ ဧကလေး ခေါင်းတောင်မော့မကြည့်ရဲ။

ဒဝီဦးခိုက် အပေါ်စီးမှ နီရဲနေသော မျက်နှာလေးကြောင့် ပုခုံးကိုဆုပ်ကိုင်လိုက်ကာ လက်တစ်ဖက်က မျက်နှာလေးအားပင့်တင်လိုက်သည်။ဒီကောင်လေးနှင့်ဆိုလျှင် သူ့အမူအယာတွေကစ နူးညံ့ကုန်သည်က ထွေးထူးသက်သေပြစရာမလို။

“ကိုယ်တော့်ကိုကြည့်ပါဦး...”

လက်လေးဖြင့် ပင့်အတင် မော့ကြည်လာသော ငွေ့ရည်ဖွဲ့မျက်ဝန်းပြာလေးများမှ မျက်ရည်ကြည်လေးများက ခုန်ဆင်းလာသောကြောင့် ဒဝီလန့်သွားရသည်။

“ဘာဖြစ်လို့လဲ...သျှင်းငယ်...ကိုယ်တော် အမှားတစ်ခုခုများ လုပ်မိလို့လား...သျှင်းငယ်မကြိုက်....”
လမ်းတစ်ဝက်တွင် ‌ရပ်သွားသည့်စကားများနှင့်အတူ မိမိရင်ခွင်ထဲ ဝင်ရောက်လာပါသော ကိုယ်လုံးငယ်လေးနှင့် ခါးတစ်ဝိုက် ဖက်တွယ်လာသော လက်သေးသေးလေးနှစ်ဖက်ကြောင့် ဒဝီမှင်တတ်သွားရသည်။

ဧကလေးကိုယ်တိုင်မှာလည်း ကိုယ့်ကိုစိုးရိမ်တကြီးကြည့်နေသော ပယင်းရောင်မျက်ဝန်းများကြောင့် လူကအိမ်ကိုလွမ်းလာ၍ဝမ်းနည်းနေသည့်အချိန် ဘာကိုမှမစဉ်းစားနိုင်တော့ပဲ မျက်စိရှေ့‌တွင်မြင်နေရသည့် ရင်ခွင်ထဲကိုသာ ခိုဝင်မိလိုက်သည်။ခဏလောက်လေးဖြစ်ဖြစ် ဒီလူက သရေခေတ္တရာပြည့်ရှင်ဆိုသည်ကိုရော အရာအားလုံးကိုပါ မေ့ထားချင်မိသည်။

“လွမ်းတယ်...ဟင့်..”

*ဟင်....*
ထွက်ပေါ်လာသော ရင်ခွင်ထဲက အသံလေးကြားမှသာ ဒဝီ စိတ်နှင့်လူနှင့်ပြန်ကပ်ကာ ခပ်ဖွဖွလေး ဖက်ရင်း ကျောပြင်လေးအား ပွတ်ပေးလိုက်သည်။

“ဘာဖြစ်လို့လည်းဆိုတာ ကိုယ်တော့်ကိုပြောပါဦး ကိုယ်တော်စိုးရိမ်တယ်....ကလေးရယ်...”

ဒဝီစကားအကြား ခါးပေါ်မှလက်လေးများက ပို၍ တင်းကြပ်သွားသလိုရင်ခွင်ထဲ ပိုတိုးဝင်လာကာ ကျောပြင်လေးများတလှုပ်လှုပ်ဖြင့် ငိုတော့လေသည်။
ကလေးများငိုနေသည့်အချိန် တစ်ခုခုမေးရင် ချော့ရင် ပိုငိုသလိုမျိူး ငိုနေသည်က ဒဝီဦးခိုက်၏ မျက်ရည်များနှင့်စိုစွတ်နေသော ရင်ဘက်တစ်ခြမ်းက သိသာသည်။

“လွမ်းတယ်...ဟင့်...ဒယ်ဒီ့ကိုလွမ်းတယ်...ပါးပါးကိုလွမ်းတယ်...ဖောင်းဖောင်းလေးကို လွမ်းတယ်...အင့် အိမ်ပြန်တယ် ဟင့်....”
ဧကလေး ရှိုက်ကြီးတငင်ငိုမိသည် ။ခုချိန်ဆို ဟိုဘက်ခေတ်မှာ ပါးပါးတို့ဘယ်လိုဖြစ်နေပြီလဲ၊သူရောဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာမသိ။အကယ်၍ ပြန်လို့သာမရတော့ရင်ဟူသော စိတ်ကြီးကလည်းကြီးစိုးလာကာ ပို၍ဝမ်းနည်းလာရသည်။

ရင်ခွင်ထဲမှ ဗလုံးဗထွေးပြောနေမှုများကြောင့် ဒဝီသေချာမကြားရသော်လည်း
လွမ်းတယ်နှင့်အိမ်ပြန်ချင်တယ်ပြောသော စကားများကိုတော့ ကြားလိုက်ရ၍ ဗိဿနိုးကိုများလွမ်းနေတာလားဟုတွေးမိသွားရသည်။
သို့သော်လည်း...

“အင်းအင်း...တိတ်တိတ်..ကိုယ်တော် အဆောင်တော်ကို ပြန်ပို့ပေးမယ်နော်...တိတ် တိတ်...မျက်လုံးတွေနာမယ်...လိမ်မာပါတယ် သျှင်းငယ်က...ကိုယ်တော်လိုက်ပို့ပေးမယ် ....”

ထိုအခါမှ ရင်ခွင်ထဲနစ်ဝင်နေသည့် ကိုယ်လုံးလေးဟာ တဖြည်းဖြည်းငြိမ်ကျသွားသည်။သို့သော် ရင်ခွင်ထဲကတော့ မထွက်သေးသည်မို့ ဒဝီလည်း ဖက်တွယ်လျက်သား ကျောလေးကို အသာပုတ်ပေးလိုက်သည်။
သူကိုယ်တိုင်လည်း ဒီကိုယ်လုံးလေးအား မဖယ်ပေးချင်သေးပါ။

အချိန်ခဏကြာသည်အထိ ရင်ခွင်ထဲက ကိုယ်လုံးလေးကမလှုပ်မယှက်ပဲဖြစ်နေ၍ ဒဝီဦးခိုက် နားနားကပ်ပြီး ခပ်တိုးတိုးခေါ်လိုက်သည်။

“သျှင်းငယ်...”

တုတ်တုတ်မှမလှုပ်သည့်အပြင် တစ်စုံတစ်ရာ လှုပ်ရှားမှုလည်းမရှိ၍ ဒဝီအသာခွာ၍ ငုံ့ကြည့်လိုက်ရာ
မျက်တောင်တိုတိုစိတ်စိတ်လေးပေါ်တွင် မခြောက်သွေ့သေးသော မျက်ရည်စလေးများနှင့်အတူ အိပ်ပျော်နေသော သျှင်းငယ်အားတွေ့လိုက်ရသည် ။

“အဟွန်း!!ကလေးလေးအတိုင်းပဲ...”

ဒဝီ ငိုလိုအားဝတော့မှ မတ်တပ်ရပ်လျှက် အိပ်ပျော်သွားသူ‌ကြောင့် သဘောတကျရယ်ရင်း ခပ်တိုးတိုးရေရွတ်လိုက်ကာ ဒူးအောက်မှ အသာလျို၍ ပွေ့ချီလိုက်သည်။
ရင်ခွင်ထဲ စွေ့ကနဲပါလာသူလေးက ငှက်မွှေးလေးသဖွယ် ပေါ့ပါးကာ သူ့ရင်ဘက်ထဲ ပိုလို့တိုးဝှေ့လာသည်။

“ဟင့်....”

“ကျွတ်စ်...ကျွတ်စ်...”

ရှိုက်သံသေးသေးလေးထွက်လာသူကြောင့်ကလေးများသဖွယ် ခပ်တိုးတိုးချော့လိုက်ပြီး လမ်းကိုဖြည်းဖြည်းချင်းလျှောက်လိုက်သည်။

ဥယျာဉ်နှင့်ခပ်လှမ်းလှမ်း‌တွင် စောင့်နေသော သက္ကမှာလည်း သခင်လေးအား ပွေ့လျှက်ထွက်လာသောအရှင့်ကြောင့် သခင်လေးဘာများဖြစ်လို့လဲဟု စိုးရိမ်သွားကာ အနားအမြန်ပြေးသွားရင် ပါးစပ်မှလည်း..

“သခင်လေး.....”

ဒဝီဦးခိုက် အဝေးမှ ‌အော်ရင်း ပြေးလာသော သက္ကကြောင့် လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ အေးစက်စက်ကြည့်‌လိုက်သည်။

သက္ကမှာ အစိုးရိမ်တကြီးပြေးလာသော်လည်း အေးစက်နေသည့် အကြည့်များကြောင့် အမြန်ကိုယ်ရှိန်သပ်ကာ ပါးစပ်ကိုပါအသေစိလိုက်သည်။
၃တောင်(၄ပေ၆လက်မ)လောက်အကွာမှာ ရပ်လိုက်ကာ အရှင့်ရင်ခွင်ထဲမှ သခင်လေးအားပြူးတူးပြဲတဲကြည့်လိုက်သည်။
အေးအေးဆေးဆေးအိပ်ပျော်နေ‌ပုံရသော သခင်လေးကြောင့် သက္ကခေါင်း‌ထဲ ‌မေးခွန်းတွေတောင် တန်းစီသွားသလိုပင်။

“ဟို သခင်လေးက အိပ်ပျော်နေတာလား အရှင်...”

ထို့ကြောင့် အရဲစွန့်ကာ အရှင့်အားမေးလိုက်ရာ ပြန်ဖြေသည်က....

“အသံမထွက်နဲ့ ရှေ့ကသွား အိပ်ယာသွားပြင်...”

“ခင်ဗျာ ဟုတ် ဟုတ်ကဲ့ အမိန့်တိုင်းပါအရှင်....”
ယောက်ဖတော်ကို ရင်ခွင်ထဲပွေ့ချီကာ အတော်လေးဂရုတစိုက်ရှိ‌သည့် သရေခေတ္တရာပြည့်ရှင်ကြောင့် သက္ကမှာလည်း ထပ်အတွန့်မတတ်ရဲပဲ ရှေ့မှ အဆောင်တော်သို့ အမြန်လျှောက်လိုက်သည်။

အဆောင်တော်ထဲကမျောကသောဝင်လာသော သက္ကကြောင့် ခတ္တရာမှာလည်း ကံ့ကော်ဆောင်တော်ဘက်ကူးမလို့ပြင်ပြီးမှ နောက်မှ မောင်ငယ်လေးကို ပွေ့ချီလျှက်ဝင်လာသော အရှင့်ကိုမြင်ခိုက် မျက်ဆံနက်နက်လေးတွေက အံ့ဩခြင်းကြောင့် ဝိုင်းစက်သွားရသည်။
မောင်ငယ်လေးများတစ်ခုခုဖြစ်လို့လားဟူသော အတွေးဝင်လာခိုက် အလျှင်အမြန်ပဲ ‌ကံ့ကော်ဆောင်ဘက်ကူးလိုက်သည်။

သက္က အိပ်ယာခင်းအား သေချာစွာဖြန့်ချလိုက်ပြီး သပ်သပ်ရပ်ရပ်လုပ်လိုက်သည်။

“ဟင့်...ပါးပါး...”

ဒဝီဦးခိုက် သျှင်းငယ်အား အိပ်ယာပေါ်အသာတင်လိုက်ရာ အနည်းငယ်လူးလွင့်ပြီးနောက် ကွေးကွေးလေးအိပ်သွားသည်။
အပေါ်မှ ပိုးချည်စောင်ပိုင်းလေးအားလွှမ်းခြုံပေးရင်း ခဏခဏ သျှင်းငယ်ပါးစပ်မှ ခေါ်သည့် ပါးပါးဆိုသည့်အခေါ်အဝေါ်အား စဉ်းစားနေမိသည်။
သျှင်းငယ် အဘယ်မျှထိတောင် အလေးထားသည့်လူမို့ ထိုပါးပါးဆိုသည့်လူ၏နာမည်ကို ခေါ်နေရတာလဲ။
သလွန်ဘေးကိုယ်တစောင်းဝင်ထိုင်ကာ မျက်မှောင်တော်ကျုံ့လျှက် စဉ်းစားနေသော အရှင့်ကြောင့် သက္ကမှာလည်း အဆောင်ထဲမှ အသာထွက်လာရာ သခင်မလေးနှင့် အပေါက်ဝတွင်ဆုံသည်။

“သက္က ‌သျှင်းလေး ဘာဖြစ်လို့လဲ...ဟင်...ဘယ်နေရာခိုက်မိလို့လည်း ...”

ခတ္တရာ အလောတကြီးမေးပြီး အဆောင်ထဲဝင်ဖို့ရာပြင်လိုက်သော်လည်း သက္ကစကားကြောင့် ‌လှမ်းနေသည့် ခြေလှမ်းများရပ်သွားရသည်။

“သခင်လေးအိပ်ပျော်သွားလို့ အရှင်က ပွေ့ချီလာပေးတာပါ သခင်မလေး....”

“ဟင်...”

“ဟို ဟုတ်ပါတယ်သခင်မလေး ဟီး ကြည့်ရတာ အရှင်က သူ့ယောက်ဖတော်လေးကို ဂရုစိုက်ပုံပဲ ခုလည်း သခင်လေးဘေးမှာထိုင်နေတယ်...”

“ဟင်....အင်း...သက္က လုပ်စရာရှိတာသွားလုပ်တော့လေ...”
ခတ္တရာအရမ်းအံ့ဩဟန်မပေါက်အောင်ထိန်းလိုက်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ သခင်မလေး...”

ထွက်သွားသည့် သက္ကကိုကြည့်ရင်း သူမဘယ်လောက်တောင် အံ့ဩနေရသလဲဆိုတာ သူမအသိဆုံးပင်ဖြစ်သည်။
ပွင့်နေသည့် တံခါးဝမှ အထဲကိုမသိမသာကြည့်မိသောအခါ အိပ်ပျော်နေသော မောင်ငယ်လေးဘေး ‌တစောင်းထိုင်နေသော အရှင့်အားတွေ့လိုက်ရသည်။

အကြည့်တွေကအစ နူးညံ့နေမည်ဆိုတာ ခတ္တရာအရင်တစ်ခါကတည်းက ခံစားမိသည်။
ခတ္တရာကြည့်နေဆဲမှာပင် အရှင့်၏ မြောက်တတ်သွားသောလက်တစ်ဖက်က မောင်ငယ်လေး၏ နှဖူးပေါ်ကျနေသည့် ဆံစအချို့အား နူးနူးညံ့ညံ့သပ်တင်ပေးလိုက်လေသည်။
ဝိုင်းစက်သွားသည့် မျက်ဝန်းတစ်စုံနှင့်အတူ
အဖြေရှာမရသည့် မေးခွန်းများနှင့် ပြည့်စုံသွားသော ခတ္တရာမှာထိုမြင်ကွင်းအားမယုံနိုင်အောင်ပင်။

အရှင်က မောင်ငယ်လေးအပေါ်အရမ်းဂရုစိုက်အလေးထားပုံက သိသာလွန်းသည်။
ဘာမှန်းမသိသည့် တစ်စုံတစ်ခုကိုစိုးထိတ်လာမှုနှင့်အတူ ခတ္တရာ ထိုနားမှ အသာလှည့်ပြန်လာလိုက်သည်။

ဒဝီဦးခိုက်မှာတော့ ကလေးလေးသဖွယ်အိပ်ပျော်နေသည့် ကောင်ငယ်လေးအားကြည့်ရင်း မချင့်မရဲဖျစ်ညှစ်ပစ်ချင်စိတ်များပေါက်လာရသည်မှာလည်း မဝံ့မရဲ။
မကြာခင် ညအချိန်ရောက်တော့မည်ဖြစ်၍
ဆက်နေဖို့မသင့်လျှော်တော့သောကြောင့် ရင်ဘက်နားထိ စောင်ပါးလေးအား ဆွဲတင်လိုက်သည်။လေအဝေ့တွင် အခန်းထဲဝေ့လိုက်လာသော ကံ့ကော်ပန်းများ၏ရနံ့ကြောင့် အသာအယာပြုံးမိကာ အခန်းထဲမှထွက်လာလိုက်သည်။

**********

ပရောဟိတ်အမတ်ကြီး သူ့ရှေ့တည့်တည့်မှ တစ်ခုခုအား အလေးအနက်စဉ်းစားနေပုံရသော အရှင်ဒဝီဦးခိုက်ကြောင့် ငြိမ်သက်လျှက်ပင် ကြည့်နေလိုက်သည် ။
ဝေခွဲမရသည့်အဖြေများကို ခွဲခြမ်းစိတ်ဖြာနေပုံရသော ဒဝီ၏မျက်ဝန်းများကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်းလည်းဖြစ်သည် ။
မည်ကဲ့သို့သောအကြောင်းအရာများကြောင့်
ထိုသို့ဝေခွဲမရဖြစ်နေရပါသနည်း။

“ဆရာ...”

“ဟုတ်ကဲ့ ပြောပါ အရှင်...”

“သက်တောင့်သက်တာ ဒဝီဦးခိုက်လို့ပဲ ခေါ်ပါဆရာ...ကိုယ်တော် အနေရခက်ပါတယ်...”

ပရောဟိတ်ကြီးပြုံးလိုက်မိသည်။အများသူငှာရှေ့ အရှင်လို့ခေါ်ရင် မပြောပေမယ့် နှစ်ယောက်သားဆွေးနွေးတိုင်း အရှင်လို့အခေါ်မခံသည့် သူ့လက်ပေါ်တွင်ပဲကြီးပြင်းလာသော ဒဝီဦးခိုက်အားကြည့်မိသည်။အရာရာတိုင်းက မနေ့ကလိုပင် အဖြစ်အပျက်များက မြန်ဆန်လှသည်မှာ ဒဝီဦးခိုက်ပင် တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေလေပြီ။
ငယ်ရွယ်စဉ်ကတည်းကဆုံးဖြတ်ချက်ပြတ်သားပြီး သူသင်ကြားသည့်အတိုင်း တသွေမတိမ်းလိုက်နာနိုင်သည့်ကလေးက ခုချိန်မှတော့ ဆုံးဖြတ်ချက်ခက်ခဲနေသည့်ကိစ္စရှိနေသည့်ပုံပင်။

“ဟုတ်ပြီ ...ပေါ့ပေါ့ပါးပါးပဲပြောကြစို့...
ဆရာ့ဆီရောက်လာတာ အကြောင်းကိစ္စတစ်ခုခုများရှိလို့လား...”

ဒဝီ ဘယ်ကစပြောရမှန်းမသိဖြစ်နေရင်း...

“ချစ်ခြင်းမေတ္တာကို ဆရာဘယ်လိုမြင်ပါလဲ...”

“ချစ်ခြင်းမေတ္တာ..အင်း တယ်လည်းခက်တဲ့မေးခွန်းပါပဲ...ဆရာ့လို တစ်ဦးထဲခရီးသွားကြီးကို ဒီလိုမေးတာက နှိမ်တာလားကွဲ့...”

“မဟုတ်ရပါဘူးဆရာ ကိုယ်တော် ဒီအတိုင်း..”

“ဟွန်း!!ဆရာသိပါတယ်...ချစ်ခြင်းမေတ္တာက ဆရာ‌မကြုံဘူးပေမယ့် သိမ်မွေ့နက်နဲတဲ့ကျမ်းတစ်ခုလို့ ယူဆတယ် ...ဒီလိုမေးခွန်းမေးလာတယ်ဆိုတော့ကား..တစ်စုံတစ်ယောက်ကိုသဘောကျနေမိပြီထင်တယ် ဆရာပြောတာ မှန်ရဲ့လား...”

ဒဝီ ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။

“ချစ်ခြင်းမေတ္တာဆိုတာက ကောင်းမွန်တဲ့အရာပါပဲ...လူတစ်ဦးနဲ့တစ်ဦးကြားမေတ္တာထားသည်က မုန်းနေတာထက်စာရင်တော့ ပိုကောင်းတာပေါ့...ဘာကိုများစိုးရိမ်ကြောင့်ကြနေတော်မူတာပါလဲ...”

“ဖြစ်သင့်လား... မဖြစ်သင့်လား...ချမှတ်ထားတဲ့ လမ်းစဉ်တွေကိုသွေဖီသလိုဖြစ်နေမလား... ဆန့်ကျင်နေပြီလားဆိုတာဝေခွဲမရပေမယ့်...ကိုယ်တော်က ကိုယ်တော်နဲ့မျိုးတူ ယောင်္ကျားပျိုတစ်ဦးအပေါ်မှာ မရိုးသားတဲ့စိတ်တွေဖြစ်မိနေတယ်...အဲ့စိတ်တွေကိုမထိန်းချုပ်နိုင်တဲ့အပြင် မျက်တောင်တစ်ခတ်စာတိုင်းမှာ အကန့်အသတ်မရှိတိုးပွားလာနေတယ်...ကိုယ်တော့်စိတ်‌တွေချွတ်ယွင်းနေပြီလား...”

ပရောဟိတ်ကြီး ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း တွေးတွေးဆဆစဉ်းစားနေသည်။

”ယောင်္ကျားပျိုတစ်ယောက်က မျိုးတူလိင်တူယောင်္ကျားပျိုတစ်ယောက်အပေါ် အဲ့ဒီလိုစိတ်တွေဖြစ်ပေါ်လာတာမျိုးက ကိုယ့်စိတ်တွေချွတ်ယွင်းနေတာမျိုးမဟုတ်ပါဘူး...လမ်းစဉ်တွေကို သွေဖီကောင်းသွေဖီနေနိုင်ပေမယ့် ချစ်ခြင်းမေတ္တာဆိုသည်က ကန့်သတ်လို့ရသည့်အရာမှ မဟုတ်ပါပဲ...မေတ္တာဆိုတာ ကွက်ကြားရွာတဲ့မိုးလို့ပဲ ကိုယ်ရွာသွန်းချင်တဲ့နေရာကိုပဲရွေးရွာတတ်တယ်...ကိုယ်မရွာသွန်းချင်တဲ့နေရာမျိုးဆို မြေကြီးတွေပက်ကြားအပ်နေပါစေဦး တစ်စက်လေးတောင် ရွာလိမ့်မည်မဟုတ်ဘူး..”

ဒဝီဦးခိုက် ပရောဟိတ်ကြီးပြောပြသည့် အကြောင်းအရာများက ဆီလျော်နေသဖြင့် လေးလေးနက်နက်‌နားထောင်နေမိသည်။

“ဘုရားရှင်လက်ထက်တော်ကတည်းက ခုလိုချစ်ခြင်းမေတ္တာမျိုးတွေရှိတော်မူခဲ့တယ် ...
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကလည်း မေတ္တာတရားဟာ ဖို၊မ ကန့်သတ်မှုပေါ်မှာပဲ ရှိတော်မူရမယ်လို့ ဟောကြားတော်မမူခဲ့ဘူး...အရာရာတိုင်းက အကျိုးကြောင့်‌အကြောင်းတရားဖြစ်လာတာမျိုးပဲ...အတိတ်ကံတွေနဲ့စပ်ဆက်ကြည့်ရမယ်ဆိုရင် သူကမင်းအတွက် ပါရမီဖြည့်ဖက်တစ်ယောက်အနေနဲ့ဖြစ်တည်လာတာမို့ လိင်ကွဲလွဲမှုတွေက မင်းတို့နှစ်ယောက်ကြားကရေစက်တွေကိုဖြတ်နိုင်မယ်မထင်ဘူး...
ဆရာပြောတာနားလည်လား..”

“ကိုယ်တော် ရှင်းရှင်းလင်းလင်းနားလည်ပါပြီ ဆရာ...”

“လူ့ဘဝဟာရခဲလှတယ်...တိုတောင်းလွန်းလှတယ်...နောက်ကြောင်းပြန်စဉ်းစားမိတဲ့အချိန်တိုင်းမှာ ဆရာတို့နောင်တရစရာကိစ္စတွေကို မလုပ်ခဲ့မိရင် ဘဝကြီးက အဓိပ္ပာယ်အပြည့်ပါပဲ...ကိုယ်ကိုတိုင်မစွန့်လွှတ်နိုင်တဲ့အခါ...သေချာနေသောစစ်မှန်ခြင်းတွေနောက်မှာ နှလုံးသားနောက်ကိုလိုက်ပါ...ဆရာ့ကိုမေးတာထက် ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပာယ်ကို ကိုယ်တိုင်ရှာဖွေပါ...ဒါဟာစစ်မှန်တဲ့ ဘဝရဲ့အဓိပ္ပာယ်ပါပဲ...ငယ်ငယ်က ဆရာမေးတဲ့မေးခွန်းများကို ကိုယ်တိုင်အဖြေရအောင်ထုတ်သလို‌မျိုးပေါ့...”

ဒဝီဦးခိုက်၏ပြတ်သားသွားသည့်မျက်ဝန်းထဲမှ အရိပ်အယောင်များကိုကြည့်ပြီး
ပရောဟိတ်ကြီး ပြုံးရင်း မသိမသာသက်ပြင်းချမိသည်။
အရာရာတိုင်းဟာ ကံအကြောင်းတရားအရ သတ်မှတ်ပြီးသားပင်မဟုတ်ပါလား။

CHANGE 🍁
နောက်ကျသွားပေမယ့် အရှည်ကြီးပါနော်ဟီး...
ကိုယ်ကလေ ကိုယ်လိုချင်တာကိုသိပြီး
ကိုယ်လိုချင်တာကိုအရယူနိုင်တာမျိုးဆို
သိပ်သဘောကျတယ်...
လွဲမှားနေတဲ့ဖြစ်တည်မှုဆိုတာမျိုး ဒီကမ္ဘာကြီးမှာမရှိတာမို့ သောက်ကြောတင်းစွာပဲ
ကိုယ့်ဖြစ်တည်မှုကိုယ်တန်ဖိုးထားကြပါဗျ..

အားလုံးအစစအရာရာဂရုစိုက်ကြပါဗျ❤️

Zawgyi

ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၁၇)

*ဟင္...ဒီအေျခအေနႀကီးက အိမ္မက္ထဲနဲ႔တူလွခ်ည္လား...*
ဧကေလး ပယင္းေရာင္မ်က္ဝန္းမ်ားကို စိုက္ၾကည့္ရင္း ေတြးေနမိသည္။
အိမ္မက္ထဲကလူက ပယင္းေရာင္မ်က္ဝန္းမ်ားျဖင့္ ႐ိုး႐ိုးအဝတ္အစားႏွင့္အတူ အနက္ေရာင္‌ကုတ္တစ္ထည္ကိုဝတ္ထားကာ ဧကေလးအား‌ေဆြးေဆြးေျမ့ေျမ့ၾကည့္ေနၿပီး ထြက္သြားသည္ပဲျဖစ္သည္။
ယခု သူ႔ေရွ႕မွာ ရွိေနသည့္ အရွင္၏ ပယင္းေရာင္မ်က္ဝန္းမ်ားကမူ သူ႔အားၿပဳံးၿပီးၾကည့္ေနသည္။
အၾကည့္မ်ား ၊အဝတ္စားမ်ားမတူညီေသာ္လည္း ထပ္တူညီေသာ လူႏွစ္ေယာက္။
ဧကေလး လိုက္မမွီႏိုင္သည့္အေျခအေနအား အသည္းအသန္‌အေျဖရွာေနခိုက္

“သွ်င္းငယ္...”

“အမ္...ဗ်ာ....”
ဧကေလး အေယာင္ေယာင္အမွားမွားျဖင့္ထူးလိုက္မိသည္။

“အဟြန္း!!အနားလာေလ သွ်င္းငယ္...”

“ဟုတ္ကဲ့...”

ဒဝီဦးခိုက္ မ်က္ဝန္းျပာေလးမ်ားကို ၿပဳံးလ်က္ၾကည့္ၿပီးေနာက္ ေရွ႕တည့္တည့္မွ အပင္ေလးမ်ားဆီကို အၾကည့္ျပန္ပို႔လိုက္သ ည္။
ဥယ်ာဥ္ေတာ္တစ္ခုလုံးကို အၾကည့္မ်ားလႊမ္းၿခဳံရင္း မယ္မယ့္အားသတိရသြားမိသည္။
ဒဝီဦးခိုက္၏ငယ္ဘဝတစ္ေလွ်ာက္လုံးဟာ ဥယ်ာဥ္ေတာ္ထဲမယ္မယ္ႏွင့္အတူ ကုန္ဆုံးခဲ့တာမ်ားသည္။
မယ္မယ္ႏွင့္အတူပန္းပင္ေလးမ်ားပ်ိဳးေထာင္ရင္း၊မယ္မယ္ေျပာျပသည့္ ဘိုးေဘးတို႔အေၾကာင္းပုံျပင္ေလးမ်ားနားေထာင္ရင္း ေပ်ာ္႐ႊင္စြာ ကုန္ဆုံးခဲ့သည့္အခ်ိန္မ်ားကို လြမ္းဆြတ္မိသည္။

ဧကေလး ဥယ်ာဥ္ေတာ္တစ္ခုလုံးအား ေဆြးေဆြးေျမ့ေျမ့ၾကည့္ေနေသာ အရွင့္ေၾကာင့္ အလိုက္တသိ ေဘးမွာရပ္ေနလိုက္သည္။

“ကိုယ္ေတာ္ မယ္မယ္နဲ႔အတူပ်ိဳးေထာင္ခဲ့တာေတြေလ....”

အဆက္အစပ္မရွိေျပာလာသည့္အရွင့္စကားေၾကာင့္ ဧကေလး အျမန္အေျဖေပးလိုက္သည္။

“ဗ်ာ... ဟုတ္...”

“မယ္မယ္က ပန္းပင္ေလးေတြပ်ိဳးေထာင္စိုက္ပ်ိဳးရတာ အရမ္းသေဘာက်ခဲ့တယ္..အၿမဲတမ္းလိုလို ဥယ်ာဥ္ထဲမွာ ေနတတ္တယ္...”

“အဲ့ဒါေၾကာင့္ ဒီဥယ်ာဥ္ေလးက အရမ္းလွတာကိုး...အရွင့္မယ္မယ္နဲ႔အရွင္ ပ်ိဳးေထာင္ခဲ့တဲ့ ပန္းပင္ေလးေတြက ေကာင္းေကာင္းရွင္သန္ႀကီးထြားေနတာပဲ...စိတ္ခ်မ္းသာစရာေလး...”

“အဟြန္း!!”

“ကြၽန္ေတာ္ၾကားဖူးတာတစ္ခုေျပာျပရမလားအရွင္...”

“ေျပာပါဦး....”

“သစ္ပင္စိုက္တဲ့လက္ေတြကပဲ ကမာၻႀကီးကိုကယ္တင္တဲ့လက္ေတြတဲ့...အပင္ဆိုတာက ဘာပင္ပဲေနေန စိုက္တိုင္းလည္းရွင္တယ္ဆိုတာရွားတယ္ေလ...လက္ဆိပ္ပါတဲ့သူဆို ဘာအပင္စိုက္စိုက္ရွင္တယ္တဲ့...တစ္ခ်ိဳ႕က်လည္း ဘယ္ေလာက္ဂ႐ုတစိုက္ စိုက္ပ်ိဳးပ်ိဳးမရွင္သန္ဘူး ...”

“အြန္း!!”

“ကမာၻႀကီးကေနာက္ပိုင္းတိုးတတ္ေျပာင္းလဲလာတဲ့အခါမွ စက္ယႏၲရားေတြေပၚလာမယ္...လူဦးေရထူထပ္လာတဲ့အခါ ‌နယ္ေျမေတြခ်ဲ႕ထြင္လာမယ္...အဲ့အခ်ိန္က်ရင္ သစ္‌ေတာေတြျပဳန္းတီးလာမယ္...သစ္ပင္ေတြနဲ႔ စိမ္းစိုေနရမယ့္ေနရာေတြမွာ အေဆာက္အဦးေတြကေနရာယူလာမယ္...ကား‌ေတြ ဆိုင္ကယ္ေတြေၾကာင့္ ေလထုညစ္ညမ္းမႈေတြအမ်ားႀကီးျဖစ္လာၿပီး သဘာဝတရားႀကီးကပါ ေဖာက္လြဲေဖာက္ျပန္ျဖစ္လာမယ္...အဲ့ဒီလိုေတြေၾကာင့္ ဒီကမာၻႀကီးမွာ သစ္ပင္ေတြက အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တယ္...ဒါေၾကာင့္ ေသးငယ္တဲ့အပင္ေလးကိုစိုက္ပ်ိဳးတာပဲျဖစ္ပါေစဦး ကမာၻႀကီးကိုကယ္တင္လိုက္တာပဲ...အရွင္ကေလာေလာဆယ္ သေရေခတၱရာႀကီးကို အရင္ကယ္တင္လိုက္တာ....”

ဧကေလး ေျပာခ်င္ရာေတြစြတ္ေျပာေနရင္း အရွင့္ကို ေမာ့ၾကည့္လိုက္ရာ သူ႔အားစိတ္ဝင္တစားၾကည့္ေနၿပီး သူေျပာသည့္စကားမ်ားအား ေတြးေတာေနပုံရသည္။
ဧကေလး လွ်ာအရမ္း‌ရွည္လိုက္မိၿပီလား။
သူကေခတ္ကလာသည့္လူ‌ဆိုေတာ့ ႀကိဳသိေနတာမစမ္းေပမယ့္ အရွင္က် သူေျပာသည့္ကားေတြဆိုင္ကယ္ေတြက် နားမလည္ႏိုင္ေလာက္ေပ။သူ႔ကိုလူထူးဆန္းမ်ားထင္သြားၿပီလား။သေရေခတၱရာ၏ဘုရင္အား
သေရေခတၱရာကိုကယ္တင္သည္ဆိုသည့္စကားမွာ ရယ္ခ်င္စရာေကာင္းလွသည္။
သို႔ေသာ္....

“သွ်င္းငယ္ေျပာတာေတြက ကိုယ္ေတာ္မသိတဲ့အေၾကာင္းအရာေတြပဲ ကိုယ္ေတာ္ေသခ်ာမွတ္ထားပါ့မယ္သွ်င္းငယ္....”

“အဲ...အဲ့ေလာက္ထိလည္းမဟုတ္ပါဘူး ကြၽန္ေတာ္က...”
ဧကေလး ဘာဆက္ေျပာရမွန္းေတာင္မသိျဖစ္သြားသည္။တည္ၾကည္ေလးနက္ေသာစကားမ်ားႏွင့္အၾကည့္မ်ားေၾကာင့္ လည္ေခ်ာင္းမွစကားမ်ားလည္းတန႔္သြားရသည္။

“အဟြန္း!! သွ်င္းငယ္က ‌ဗဟုသုတနဲ႔ျပည့္စုံတယ္ ေတာ္တယ္...အဲ့ဒီအေၾကာင္းအရာေတြ ကိုယ္ေတာ္တစ္ခါေလးမွေတာင္ မေတြးခဲ့ မသင္ခဲ့ဖူးဘူး...”

“အာ..အဲ့လိုမဟုတ္ပါဘူး...”
ဧကေလး အရွင့္၏ခ်ီးမြမ္းမႈေၾကာင့္ နားေလးေတြပါနီရဲလာကာ လည္ဂုတ္ကိုအသာပြတ္လိုက္သည္။

ထို႔ေၾကာင့္စကားလမ္းေၾကာင္းလႊဲသည့္အေနျဖင့္ ေရွ႕မွ ျမင္ေနရသည့္ ကံ့ေကာ္ပင္ႏွင့္ပုန္းညက္ပင္ေလးအားလက္ညႇိဳးထိုးျပကာ

“အဲ့အပင္ေလးေတြက ေသးေသးတယ္ေနာ္ အရွင္...”

“အြန္း!! ကိုယ္ေတာ္စိုက္ထားတာ သိပ္မၾကာေသးဘူး...”

“အရွင္က အဲ့အပင္ေလးေတြကို သေဘာက်တာလားဗ်...”

“အဲ့ဒီအပင္ေလးေတြတင္မဟုတ္ပါဘူး ကိုယ္ေတာ္က အီေနာက္ေနာက္အနံ႔မ်ိဳးမဟုတ္ပဲ အနံ႔သင္းသင္းေလးေတြရတဲ့ ပန္းပင္ေတြ သေဘာက်တယ္...မယ္မယ္လည္း သေဘာက်တယ္ေလ...”

“ေအာ္ ဟုတ္....ပန္းပင္ေလးေတြမွာ အဓိပၸာယ္ရွိတယ္ သိလားအရွင္...”

“အဓိပၸာယ္?....ကိုယ္ေတာ္ မသိဘူး...”

“ဟီး ကြၽန္ေတာ္လည္း တစ္မ်ိဳး၊ႏွစ္မ်ိဳးသိတာပါ..ကံ့ေကာ္ပင္ကအႀကိဳက္ဆုံးမို႔ မွတ္ထားတာ...ကံ့ေကာ္ပန္းရဲ႕အဓိပၸာယ္က
ထာဝရတည္တံ့ေနမည့္ခ်စ္ျခင္း၊ကတိသစၥာတည္ျခင္းနဲ႔ ျဖဴစင္သန္႔ရွင္းျခင္းကို ကိုယ္စားျပဳတယ္....”

“ထာဝရတည္‌တံ့ေနမည့္ခ်စ္ျခင္းတဲ့လား....”
ဒဝီဦးခိုက္ တိုးတိုးေရ႐ြတ္ရင္း

“ပုန္းညက္ပန္းရဲ႕အဓိပၸာယ္ကေရာ...”

ဧကေလး လြမ္းစြတ္စြာပုန္းညက္ပင္ေလးအားၾကည့္ရင္း ၿပဳံးလိုက္ကာ

“ပုန္းညက္ပန္းပင္ေလးရဲ႕အဓိပၸာယ္က ကြၽန္ေတာ့္ရဲ႕ခ်စ္လွစြာေသာ ပါးပါး ပုန္းညက္ဦးညိဳတဲ့...”

“ပုန္းညက္ဦးညိဳ...”

“ဒယ္ဒီကေျပာတယ္...ပုန္းညက္ပန္းပင္ရဲ႕အဓိပၸာယ္သပ္သပ္က ဘယ္လိုရွိလည္းသူမသိေပမယ့္...ပုန္းညက္ဦးညိဳကေတာ့ သူ႔ႏွလုံးသားတဲ့...သူ႔ရွင္သန္ရျခင္းတဲ့...အဲ့ဒါေၾကာင့္ ပုန္းညက္ပန္းပင္ေတြပြင့္ခ်ိန္မွာ ေမြးခဲ့တဲ့ ပါးပါးကပဲ သူ႔အတြက္ေတာ့အဲ့ပန္းရဲ႕အဓိပၸာယ္တဲ့...”
ဧကေလးေျပာရင္း ပါးပါးတို႔ကို သတိရသြားကာ မ်က္ဝန္းျပာေလးမ်ားကေဖ်ာ့ေတာ့သြားၿပီး မ်က္ရည္ၾကည္ေလးမ်ားရစ္သိုင္းလာကာ ေခါင္းကိုငုံ႔ခ်လိုက္သည္။အရွင့္ေရွ႕ သူမငိုခ်င္ပါ။

(#ပုန္းညက္ပန္းရဲ႕အဓိပၸာယ္ကေလ ကိုယ္googleမွာရွာတယ္ မေတြ႕ဘူး..အဲ့ဒါေၾကာင့္ ကိုယ့္အခ်စ္ေလးတို႔သိရင္ ေျပာေပးသြားပါဦး)

ဒဝီဦးခိုက္ ႐ုတ္တရက္ေဖ်ာ့ေတာ့သြားေသာမ်က္ဝန္းျပာေလးမ်ားအျပင္ ေအာက္ကို ေခါင္းငုံ႔သြားသူေၾကာင့္ ရင္ထဲထိတ္ကနဲျဖစ္သြားရသည္။

“သွ်င္းငယ္...”

“ဟုတ္....”
ဧကေလး မငိုမိေစရင္ တင္းထားေသာေၾကာင့္ အသံထြက္သည္ဆို႐ုံမွ်ထူးလိုက္သည္။
မ်က္လုံးေတြပါက်ိန္းစက္လာရၿပီး တင္းထားရလြန္းလို႔ မ်က္ႏွာႀကီးနီေနေလာက္ၿပီဆိုတာ ခန႔္မွန္းမိ၍ ဧကေလး ေခါင္းေတာင္ေမာ့မၾကည့္ရဲ။

ဒဝီဦးခိုက္ အေပၚစီးမွ နီရဲေနေသာ မ်က္ႏွာေလးေၾကာင့္ ပုခုံးကိုဆုပ္ကိုင္လိုက္ကာ လက္တစ္ဖက္က မ်က္ႏွာေလးအားပင့္တင္လိုက္သည္။ဒီေကာင္ေလးႏွင့္ဆိုလွ်င္ သူ႔အမူအယာေတြကစ ႏူးညံ့ကုန္သည္က ေထြးထူးသက္ေသျပစရာမလို။

“ကိုယ္ေတာ့္ကိုၾကည့္ပါဦး...”

လက္ေလးျဖင့္ ပင့္အတင္ ေမာ့ၾကည္လာေသာ ေငြ႕ရည္ဖြဲ႕မ်က္ဝန္းျပာေလးမ်ားမွ မ်က္ရည္ၾကည္ေလးမ်ားက ခုန္ဆင္းလာေသာေၾကာင့္ ဒဝီလန႔္သြားရသည္။

“ဘာျဖစ္လို႔လဲ...သွ်င္းငယ္...ကိုယ္ေတာ္ အမွားတစ္ခုခုမ်ား လုပ္မိလို႔လား...သွ်င္းငယ္မႀကိဳက္....”
လမ္းတစ္ဝက္တြင္ ‌ရပ္သြားသည့္စကားမ်ားႏွင့္အတူ မိမိရင္ခြင္ထဲ ဝင္ေရာက္လာပါေသာ ကိုယ္လုံးငယ္ေလးႏွင့္ ခါးတစ္ဝိုက္ ဖက္တြယ္လာေသာ လက္ေသးေသးေလးႏွစ္ဖက္ေၾကာင့္ ဒဝီမွင္တတ္သြားရသည္။

ဧကေလးကိုယ္တိုင္မွာလည္း ကိုယ့္ကိုစိုးရိမ္တႀကီးၾကည့္ေနေသာ ပယင္းေရာင္မ်က္ဝန္းမ်ားေၾကာင့္ လူကအိမ္ကိုလြမ္းလာ၍ဝမ္းနည္းေနသည့္အခ်ိန္ ဘာကိုမွမစဥ္းစားႏိုင္ေတာ့ပဲ မ်က္စိေရွ႕‌တြင္ျမင္ေနရသည့္ ရင္ခြင္ထဲကိုသာ ခိုဝင္မိလိုက္သည္။ခဏေလာက္ေလးျဖစ္ျဖစ္ ဒီလူက သေရေခတၱရာျပည့္ရွင္ဆိုသည္ကိုေရာ အရာအားလုံးကိုပါ ေမ့ထားခ်င္မိသည္။

“လြမ္းတယ္...ဟင့္..”

*ဟင္....*
ထြက္ေပၚလာေသာ ရင္ခြင္ထဲက အသံေလးၾကားမွသာ ဒဝီ စိတ္ႏွင့္လူႏွင့္ျပန္ကပ္ကာ ခပ္ဖြဖြေလး ဖက္ရင္း ေက်ာျပင္ေလးအား ပြတ္ေပးလိုက္သည္။

“ဘာျဖစ္လို႔လည္းဆိုတာ ကိုယ္ေတာ့္ကိုေျပာပါဦး ကိုယ္ေတာ္စိုးရိမ္တယ္....ကေလးရယ္...”

ဒဝီစကားအၾကား ခါးေပၚမွလက္ေလးမ်ားက ပို၍ တင္းၾကပ္သြားသလိုရင္ခြင္ထဲ ပိုတိုးဝင္လာကာ ေက်ာျပင္ေလးမ်ားတလႈပ္လႈပ္ျဖင့္ ငိုေတာ့ေလသည္။
ကေလးမ်ားငိုေနသည့္အခ်ိန္ တစ္ခုခုေမးရင္ ေခ်ာ့ရင္ ပိုငိုသလိုမ်ိဴး ငိုေနသည္က ဒဝီဦးခိုက္၏ မ်က္ရည္မ်ားႏွင့္စိုစြတ္ေနေသာ ရင္ဘက္တစ္ျခမ္းက သိသာသည္။

“လြမ္းတယ္...ဟင့္...ဒယ္ဒီ့ကိုလြမ္းတယ္...ပါးပါးကိုလြမ္းတယ္...ေဖာင္းေဖာင္းေလးကို လြမ္းတယ္...အင့္ အိမ္ျပန္တယ္ ဟင့္....”
ဧကေလး ရႈိက္ႀကီးတငင္ငိုမိသည္ ။ခုခ်ိန္ဆို ဟိုဘက္ေခတ္မွာ ပါးပါးတို႔ဘယ္လိုျဖစ္ေနၿပီလဲ၊သူေရာဘယ္လိုအေျခအေနျဖစ္ေနလဲဆိုတာမသိ။အကယ္၍ ျပန္လို႔သာမရေတာ့ရင္ဟူေသာ စိတ္ႀကီးကလည္းႀကီးစိုးလာကာ ပို၍ဝမ္းနည္းလာရသည္။

ရင္ခြင္ထဲမွ ဗလုံးဗေထြးေျပာေနမႈမ်ားေၾကာင့္ ဒဝီေသခ်ာမၾကားရေသာ္လည္း
လြမ္းတယ္ႏွင့္အိမ္ျပန္ခ်င္တယ္ေျပာေသာ စကားမ်ားကိုေတာ့ ၾကားလိုက္ရ၍ ဗိႆႏိုးကိုမ်ားလြမ္းေနတာလားဟုေတြးမိသြားရသည္။
သို႔ေသာ္လည္း...

“အင္းအင္း...တိတ္တိတ္..ကိုယ္ေတာ္ အေဆာင္ေတာ္ကို ျပန္ပို႔ေပးမယ္ေနာ္...တိတ္ တိတ္...မ်က္လုံးေတြနာမယ္...လိမ္မာပါတယ္ သွ်င္းငယ္က...ကိုယ္ေတာ္လိုက္ပို႔ေပးမယ္ ....”

ထိုအခါမွ ရင္ခြင္ထဲနစ္ဝင္ေနသည့္ ကိုယ္လုံးေလးဟာ တျဖည္းျဖည္းၿငိမ္က်သြားသည္။သို႔ေသာ္ ရင္ခြင္ထဲကေတာ့ မထြက္ေသးသည္မို႔ ဒဝီလည္း ဖက္တြယ္လ်က္သား ေက်ာေလးကို အသာပုတ္ေပးလိုက္သည္။
သူကိုယ္တိုင္လည္း ဒီကိုယ္လုံးေလးအား မဖယ္ေပးခ်င္ေသးပါ။

အခ်ိန္ခဏၾကာသည္အထိ ရင္ခြင္ထဲက ကိုယ္လုံးေလးကမလႈပ္မယွက္ပဲျဖစ္ေန၍ ဒဝီဦးခိုက္ နားနားကပ္ၿပီး ခပ္တိုးတိုးေခၚလိုက္သည္။

“သွ်င္းငယ္...”

တုတ္တုတ္မွမလႈပ္သည့္အျပင္ တစ္စုံတစ္ရာ လႈပ္ရွားမႈလည္းမရွိ၍ ဒဝီအသာခြာ၍ ငုံ႔ၾကည့္လိုက္ရာ
မ်က္ေတာင္တိုတိုစိတ္စိတ္ေလးေပၚတြင္ မေျခာက္ေသြ႕ေသးေသာ မ်က္ရည္စေလးမ်ားႏွင့္အတူ အိပ္ေပ်ာ္ေနေသာ သွ်င္းငယ္အားေတြ႕လိုက္ရသည္ ။

“အဟြန္း!!ကေလးေလးအတိုင္းပဲ...”

ဒဝီ ငိုလိုအားဝေတာ့မွ မတ္တပ္ရပ္လွ်က္ အိပ္ေပ်ာ္သြားသူ‌ေၾကာင့္ သေဘာတက်ရယ္ရင္း ခပ္တိုးတိုးေရ႐ြတ္လိုက္ကာ ဒူးေအာက္မွ အသာလ်ိဳ၍ ေပြ႕ခ်ီလိုက္သည္။
ရင္ခြင္ထဲ ေစြ႕ကနဲပါလာသူေလးက ငွက္ေမႊးေလးသဖြယ္ ေပါ့ပါးကာ သူ႔ရင္ဘက္ထဲ ပိုလို႔တိုးေဝွ႔လာသည္။

“ဟင့္....”

“ကြၽတ္စ္...ကြၽတ္စ္...”

ရႈိက္သံေသးေသးေလးထြက္လာသူေၾကာင့္ကေလးမ်ားသဖြယ္ ခပ္တိုးတိုးေခ်ာ့လိုက္ၿပီး လမ္းကိုျဖည္းျဖည္းခ်င္းေလွ်ာက္လိုက္သည္။

ဥယ်ာဥ္ႏွင့္ခပ္လွမ္းလွမ္း‌တြင္ ေစာင့္ေနေသာ သကၠမွာလည္း သခင္ေလးအား ေပြ႕လွ်က္ထြက္လာေသာအရွင့္ေၾကာင့္ သခင္ေလးဘာမ်ားျဖစ္လို႔လဲဟု စိုးရိမ္သြားကာ အနားအျမန္ေျပးသြားရင္ ပါးစပ္မွလည္း..

“သခင္ေလး.....”

ဒဝီဦးခိုက္ အေဝးမွ ‌ေအာ္ရင္း ေျပးလာေသာ သကၠေၾကာင့္ လမ္းေလွ်ာက္ေနရာမွ ရပ္လိုက္ကာ ေအးစက္စက္ၾကည့္‌လိုက္သည္။

သကၠမွာ အစိုးရိမ္တႀကီးေျပးလာေသာ္လည္း ေအးစက္ေနသည့္ အၾကည့္မ်ားေၾကာင့္ အျမန္ကိုယ္ရွိန္သပ္ကာ ပါးစပ္ကိုပါအေသစိလိုက္သည္။
၃ေတာင္(၄ေပ၆လက္မ)ေလာက္အကြာမွာ ရပ္လိုက္ကာ အရွင့္ရင္ခြင္ထဲမွ သခင္ေလးအားျပဴးတူးၿပဲတဲၾကည့္လိုက္သည္။
ေအးေအးေဆးေဆးအိပ္ေပ်ာ္ေန‌ပုံရေသာ သခင္ေလးေၾကာင့္ သကၠေခါင္း‌ထဲ ‌ေမးခြန္းေတြေတာင္ တန္းစီသြားသလိုပင္။

“ဟို သခင္ေလးက အိပ္ေပ်ာ္ေနတာလား အရွင္...”

ထို႔ေၾကာင့္ အရဲစြန႔္ကာ အရွင့္အားေမးလိုက္ရာ ျပန္ေျဖသည္က....

“အသံမထြက္နဲ႔ ေရွ႕ကသြား အိပ္ယာသြားျပင္...”

“ခင္ဗ်ာ ဟုတ္ ဟုတ္ကဲ့ အမိန႔္တိုင္းပါအရွင္....”
ေယာက္ဖေတာ္ကို ရင္ခြင္ထဲေပြ႕ခ်ီကာ အေတာ္ေလးဂ႐ုတစိုက္ရွိ‌သည့္ သေရေခတၱရာျပည့္ရွင္ေၾကာင့္ သကၠမွာလည္း ထပ္အတြန႔္မတတ္ရဲပဲ ေရွ႕မွ အေဆာင္ေတာ္သို႔ အျမန္ေလွ်ာက္လိုက္သည္။

အေဆာင္ေတာ္ထဲကေမ်ာကေသာဝင္လာေသာ သကၠေၾကာင့္ ခတၱရာမွာလည္း ကံ့ေကာ္ေဆာင္ေတာ္ဘက္ကူးမလို႔ျပင္ၿပီးမွ ေနာက္မွ ေမာင္ငယ္ေလးကို ေပြ႕ခ်ီလွ်က္ဝင္လာေသာ အရွင့္ကိုျမင္ခိုက္ မ်က္ဆံနက္နက္ေလးေတြက အံ့ဩျခင္းေၾကာင့္ ဝိုင္းစက္သြားရသည္။
ေမာင္ငယ္ေလးမ်ားတစ္ခုခုျဖစ္လို႔လားဟူေသာ အေတြးဝင္လာခိုက္ အလွ်င္အျမန္ပဲ ‌ကံ့ေကာ္ေဆာင္ဘက္ကူးလိုက္သည္။

သကၠ အိပ္ယာခင္းအား ေသခ်ာစြာျဖန႔္ခ်လိုက္ၿပီး သပ္သပ္ရပ္ရပ္လုပ္လိုက္သည္။

“ဟင့္...ပါးပါး...”

ဒဝီဦးခိုက္ သွ်င္းငယ္အား အိပ္ယာေပၚအသာတင္လိုက္ရာ အနည္းငယ္လူးလြင့္ၿပီးေနာက္ ေကြးေကြးေလးအိပ္သြားသည္။
အေပၚမွ ပိုးခ်ည္ေစာင္ပိုင္းေလးအားလႊမ္းၿခဳံေပးရင္း ခဏခဏ သွ်င္းငယ္ပါးစပ္မွ ေခၚသည့္ ပါးပါးဆိုသည့္အေခၚအေဝၚအား စဥ္းစားေနမိသည္။
သွ်င္းငယ္ အဘယ္မွ်ထိေတာင္ အေလးထားသည့္လူမို႔ ထိုပါးပါးဆိုသည့္လူ၏နာမည္ကို ေခၚေနရတာလဲ။
သလြန္ေဘးကိုယ္တေစာင္းဝင္ထိုင္ကာ မ်က္ေမွာင္ေတာ္က်ဳံ႕လွ်က္ စဥ္းစားေနေသာ အရွင့္ေၾကာင့္ သကၠမွာလည္း အေဆာင္ထဲမွ အသာထြက္လာရာ သခင္မေလးႏွင့္ အေပါက္ဝတြင္ဆုံသည္။

“သကၠ ‌သွ်င္းေလး ဘာျဖစ္လို႔လဲ...ဟင္...ဘယ္ေနရာခိုက္မိလို႔လည္း ...”

ခတၱရာ အေလာတႀကီးေမးၿပီး အေဆာင္ထဲဝင္ဖို႔ရာျပင္လိုက္ေသာ္လည္း သကၠစကားေၾကာင့္ ‌လွမ္းေနသည့္ ေျခလွမ္းမ်ားရပ္သြားရသည္။

“သခင္ေလးအိပ္ေပ်ာ္သြားလို႔ အရွင္က ေပြ႕ခ်ီလာေပးတာပါ သခင္မေလး....”

“ဟင္...”

“ဟို ဟုတ္ပါတယ္သခင္မေလး ဟီး ၾကည့္ရတာ အရွင္က သူ႔ေယာက္ဖေတာ္ေလးကို ဂ႐ုစိုက္ပုံပဲ ခုလည္း သခင္ေလးေဘးမွာထိုင္ေနတယ္...”

“ဟင္....အင္း...သကၠ လုပ္စရာရွိတာသြားလုပ္ေတာ့ေလ...”
ခတၱရာအရမ္းအံ့ဩဟန္မေပါက္ေအာင္ထိန္းလိုက္ၿပီး ေျပာလိုက္သည္။

“ဟုတ္ကဲ့ သခင္မေလး...”

ထြက္သြားသည့္ သကၠကိုၾကည့္ရင္း သူမဘယ္ေလာက္ေတာင္ အံ့ဩေနရသလဲဆိုတာ သူမအသိဆုံးပင္ျဖစ္သည္။
ပြင့္ေနသည့္ တံခါးဝမွ အထဲကိုမသိမသာၾကည့္မိေသာအခါ အိပ္ေပ်ာ္ေနေသာ ေမာင္ငယ္ေလးေဘး ‌တေစာင္းထိုင္ေနေသာ အရွင့္အားေတြ႕လိုက္ရသည္။

အၾကည့္ေတြကအစ ႏူးညံ့ေနမည္ဆိုတာ ခတၱရာအရင္တစ္ခါကတည္းက ခံစားမိသည္။
ခတၱရာၾကည့္ေနဆဲမွာပင္ အရွင့္၏ ေျမာက္တတ္သြားေသာလက္တစ္ဖက္က ေမာင္ငယ္ေလး၏ ႏွဖူးေပၚက်ေနသည့္ ဆံစအခ်ိဳ႕အား ႏူးႏူးညံ့ညံ့သပ္တင္ေပးလိုက္ေလသည္။
ဝိုင္းစက္သြားသည့္ မ်က္ဝန္းတစ္စုံႏွင့္အတူ
အေျဖရွာမရသည့္ ေမးခြန္းမ်ားႏွင့္ ျပည့္စုံသြားေသာ ခတၱရာမွာထိုျမင္ကြင္းအားမယုံႏိုင္ေအာင္ပင္။

အရွင္က ေမာင္ငယ္ေလးအေပၚအရမ္းဂ႐ုစိုက္အေလးထားပုံက သိသာလြန္းသည္။
ဘာမွန္းမသိသည့္ တစ္စုံတစ္ခုကိုစိုးထိတ္လာမႈႏွင့္အတူ ခတၱရာ ထိုနားမွ အသာလွည့္ျပန္လာလိုက္သည္။

ဒဝီဦးခိုက္မွာေတာ့ ကေလးေလးသဖြယ္အိပ္ေပ်ာ္ေနသည့္ ေကာင္ငယ္ေလးအားၾကည့္ရင္း မခ်င့္မရဲဖ်စ္ညႇစ္ပစ္ခ်င္စိတ္မ်ားေပါက္လာရသည္မွာလည္း မဝံ့မရဲ။
မၾကာခင္ ညအခ်ိန္ေရာက္ေတာ့မည္ျဖစ္၍
ဆက္ေနဖို႔မသင့္ေလွ်ာ္ေတာ့ေသာေၾကာင့္ ရင္ဘက္နားထိ ေစာင္ပါးေလးအား ဆြဲတင္လိုက္သည္။ေလအေဝ့တြင္ အခန္းထဲေဝ့လိုက္လာေသာ ကံ့ေကာ္ပန္းမ်ား၏ရနံ႔ေၾကာင့္ အသာအယာၿပဳံးမိကာ အခန္းထဲမွထြက္လာလိုက္သည္။

**********

ပေရာဟိတ္အမတ္ႀကီး သူ႔ေရွ႕တည့္တည့္မွ တစ္ခုခုအား အေလးအနက္စဥ္းစားေနပုံရေသာ အရွင္ဒဝီဦးခိုက္ေၾကာင့္ ၿငိမ္သက္လွ်က္ပင္ ၾကည့္ေနလိုက္သည္ ။
ေဝခြဲမရသည့္အေျဖမ်ားကို ခြဲျခမ္းစိတ္ျဖာေနပုံရေသာ ဒဝီ၏မ်က္ဝန္းမ်ားကို သူပထမဆုံးအႀကိမ္ျမင္ဖူးျခင္းလည္းျဖစ္သည္ ။
မည္ကဲ့သို႔ေသာအေၾကာင္းအရာမ်ားေၾကာင့္
ထိုသို႔ေဝခြဲမရျဖစ္ေနရပါသနည္း။

“ဆရာ...”

“ဟုတ္ကဲ့ ေျပာပါ အရွင္...”

“သက္ေတာင့္သက္တာ ဒဝီဦးခိုက္လို႔ပဲ ေခၚပါဆရာ...ကိုယ္ေတာ္ အေနရခက္ပါတယ္...”

ပေရာဟိတ္ႀကီးၿပဳံးလိုက္မိသည္။အမ်ားသူငွာေရွ႕ အရွင္လို႔ေခၚရင္ မေျပာေပမယ့္ ႏွစ္ေယာက္သားေဆြးေႏြးတိုင္း အရွင္လို႔အေခၚမခံသည့္ သူ႔လက္ေပၚတြင္ပဲႀကီးျပင္းလာေသာ ဒဝီဦးခိုက္အားၾကည့္မိသည္။အရာရာတိုင္းက မေန႔ကလိုပင္ အျဖစ္အပ်က္မ်ားက ျမန္ဆန္လွသည္မွာ ဒဝီဦးခိုက္ပင္ တိုင္းျပည္ကို အုပ္ခ်ဳပ္မင္းလုပ္ေနေလၿပီ။
ငယ္႐ြယ္စဥ္ကတည္းကဆုံးျဖတ္ခ်က္ျပတ္သားၿပီး သူသင္ၾကားသည့္အတိုင္း တေသြမတိမ္းလိုက္နာႏိုင္သည့္ကေလးက ခုခ်ိန္မွေတာ့ ဆုံးျဖတ္ခ်က္ခက္ခဲေနသည့္ကိစၥရွိေနသည့္ပုံပင္။

“ဟုတ္ၿပီ ...ေပါ့ေပါ့ပါးပါးပဲေျပာၾကစို႔...
ဆရာ့ဆီေရာက္လာတာ အေၾကာင္းကိစၥတစ္ခုခုမ်ားရွိလို႔လား...”

ဒဝီ ဘယ္ကစေျပာရမွန္းမသိျဖစ္ေနရင္း...

“ခ်စ္ျခင္းေမတၱာကို ဆရာဘယ္လိုျမင္ပါလဲ...”

“ခ်စ္ျခင္းေမတၱာ..အင္း တယ္လည္းခက္တဲ့ေမးခြန္းပါပဲ...ဆရာ့လို တစ္ဦးထဲခရီးသြားႀကီးကို ဒီလိုေမးတာက ႏွိမ္တာလားကြဲ႕...”

“မဟုတ္ရပါဘူးဆရာ ကိုယ္ေတာ္ ဒီအတိုင္း..”

“ဟြန္း!!ဆရာသိပါတယ္...ခ်စ္ျခင္းေမတၱာက ဆရာ‌မႀကဳံဘူးေပမယ့္ သိမ္ေမြ႕နက္နဲတဲ့က်မ္းတစ္ခုလို႔ ယူဆတယ္ ...ဒီလိုေမးခြန္းေမးလာတယ္ဆိုေတာ့ကား..တစ္စုံတစ္ေယာက္ကိုသေဘာက်ေနမိၿပီထင္တယ္ ဆရာေျပာတာ မွန္ရဲ႕လား...”

ဒဝီ ေခါင္းကိုအသာၿငိမ့္ျပလိုက္သည္။

“ခ်စ္ျခင္းေမတၱာဆိုတာက ေကာင္းမြန္တဲ့အရာပါပဲ...လူတစ္ဦးနဲ႔တစ္ဦးၾကားေမတၱာထားသည္က မုန္းေနတာထက္စာရင္ေတာ့ ပိုေကာင္းတာေပါ့...ဘာကိုမ်ားစိုးရိမ္ေၾကာင့္ၾကေနေတာ္မူတာပါလဲ...”

“ျဖစ္သင့္လား... မျဖစ္သင့္လား...ခ်မွတ္ထားတဲ့ လမ္းစဥ္ေတြကိုေသြဖီသလိုျဖစ္ေနမလား... ဆန႔္က်င္ေနၿပီလားဆိုတာေဝခြဲမရေပမယ့္...ကိုယ္ေတာ္က ကိုယ္ေတာ္နဲ႔မ်ိဳးတူ ေယာက်ၤားပ်ိဳတစ္ဦးအေပၚမွာ မ႐ိုးသားတဲ့စိတ္ေတြျဖစ္မိေနတယ္...အဲ့စိတ္ေတြကိုမထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ မ်က္ေတာင္တစ္ခတ္စာတိုင္းမွာ အကန႔္အသတ္မရွိတိုးပြားလာေနတယ္...ကိုယ္ေတာ့္စိတ္‌ေတြခြၽတ္ယြင္းေနၿပီလား...”

ပေရာဟိတ္ႀကီး ေခါင္းကို တဆတ္ဆတ္ၿငိမ့္ရင္း ေတြးေတြးဆဆစဥ္းစားေနသည္။

”ေယာက်ၤားပ်ိဳတစ္ေယာက္က မ်ိဳးတူလိင္တူေယာက်ၤားပ်ိဳတစ္ေယာက္အေပၚ အဲ့ဒီလိုစိတ္ေတြျဖစ္ေပၚလာတာမ်ိဳးက ကိုယ့္စိတ္ေတြခြၽတ္ယြင္းေနတာမ်ိဳးမဟုတ္ပါဘူး...လမ္းစဥ္ေတြကို ေသြဖီေကာင္းေသြဖီေနႏိုင္ေပမယ့္ ခ်စ္ျခင္းေမတၱာဆိုသည္က ကန႔္သတ္လို႔ရသည့္အရာမွ မဟုတ္ပါပဲ...ေမတၱာဆိုတာ ကြက္ၾကား႐ြာတဲ့မိုးလို႔ပဲ ကိုယ္႐ြာသြန္းခ်င္တဲ့ေနရာကိုပဲေ႐ြး႐ြာတတ္တယ္...ကိုယ္မ႐ြာသြန္းခ်င္တဲ့ေနရာမ်ိဳးဆို ေျမႀကီးေတြပက္ၾကားအပ္ေနပါေစဦး တစ္စက္ေလးေတာင္ ႐ြာလိမ့္မည္မဟုတ္ဘူး..”

ဒဝီဦးခိုက္ ပေရာဟိတ္ႀကီးေျပာျပသည့္ အေၾကာင္းအရာမ်ားက ဆီေလ်ာ္ေနသျဖင့္ ေလးေလးနက္နက္‌နားေထာင္ေနမိသည္။

“ဘုရားရွင္လက္ထက္ေတာ္ကတည္းက ခုလိုခ်စ္ျခင္းေမတၱာမ်ိဳးေတြရွိေတာ္မူခဲ့တယ္ ...
ျမတ္စြာဘုရားရွင္ကိုယ္ေတာ္တိုင္ကလည္း ေမတၱာတရားဟာ ဖို၊မ ကန႔္သတ္မႈေပၚမွာပဲ ရွိေတာ္မူရမယ္လို႔ ေဟာၾကားေတာ္မမူခဲ့ဘူး...အရာရာတိုင္းက အက်ိဳးေၾကာင့္‌အေၾကာင္းတရားျဖစ္လာတာမ်ိဳးပဲ...အတိတ္ကံေတြနဲ႔စပ္ဆက္ၾကည့္ရမယ္ဆိုရင္ သူကမင္းအတြက္ ပါရမီျဖည့္ဖက္တစ္ေယာက္အေနနဲ႔ျဖစ္တည္လာတာမို႔ လိင္ကြဲလြဲမႈေတြက မင္းတို႔ႏွစ္ေယာက္ၾကားကေရစက္ေတြကိုျဖတ္ႏိုင္မယ္မထင္ဘူး...
ဆရာေျပာတာနားလည္လား..”

“ကိုယ္ေတာ္ ရွင္းရွင္းလင္းလင္းနားလည္ပါၿပီ ဆရာ...”

“လူ႔ဘဝဟာရခဲလွတယ္...တိုေတာင္းလြန္းလွတယ္...ေနာက္ေၾကာင္းျပန္စဥ္းစားမိတဲ့အခ်ိန္တိုင္းမွာ ဆရာတို႔ေနာင္တရစရာကိစၥေတြကို မလုပ္ခဲ့မိရင္ ဘဝႀကီးက အဓိပၸာယ္အျပည့္ပါပဲ...ကိုယ္ကိုတိုင္မစြန႔္လႊတ္ႏိုင္တဲ့အခါ...ေသခ်ာေနေသာစစ္မွန္ျခင္းေတြေနာက္မွာ ႏွလုံးသားေနာက္ကိုလိုက္ပါ...ဆရာ့ကိုေမးတာထက္ ခ်စ္ျခင္းေမတၱာရဲ႕အဓိပၸာယ္ကို ကိုယ္တိုင္ရွာေဖြပါ...ဒါဟာစစ္မွန္တဲ့ ဘဝရဲ႕အဓိပၸာယ္ပါပဲ...ငယ္ငယ္က ဆရာေမးတဲ့ေမးခြန္းမ်ားကို ကိုယ္တိုင္အေျဖရေအာင္ထုတ္သလို‌မ်ိဳးေပါ့...”

ဒဝီဦးခိုက္၏ျပတ္သားသြားသည့္မ်က္ဝန္းထဲမွ အရိပ္အေယာင္မ်ားကိုၾကည့္ၿပီး
ပေရာဟိတ္ႀကီး ၿပဳံးရင္း မသိမသာသက္ျပင္းခ်မိသည္။
အရာရာတိုင္းဟာ ကံအေၾကာင္းတရားအရ သတ္မွတ္ၿပီးသားပင္မဟုတ္ပါလား။

CHANGE 🍁
ေနာက္က်သြားေပမယ့္ အရွည္ႀကီးပါေနာ္ဟီး...
ကိုယ္ကေလ ကိုယ္လိုခ်င္တာကိုသိၿပီး
ကိုယ္လိုခ်င္တာကိုအရယူႏိုင္တာမ်ိဳးဆို
သိပ္သေဘာက်တယ္...
လြဲမွားေနတဲ့ျဖစ္တည္မႈဆိုတာမ်ိဳး ဒီကမာၻႀကီးမွာမရွိတာမို႔ ေသာက္ေၾကာတင္းစြာပဲ
ကိုယ့္ျဖစ္တည္မႈကိုယ္တန္ဖိုးထားၾကပါဗ်..

အားလုံးအစစအရာရာဂ႐ုစိုက္ၾကပါဗ်❤️

Continue Reading

You'll Also Like

138K 11.6K 69
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
104K 6.6K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
822K 101K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...