ထယ် သူ့အဒေါ်အိမ်မှာနေနေတာ အခုဆိုတစ်ပတ်ရှိပြီ
အခန်းထဲက အခန်းပြင်လည်းမထွက် ထမင်းစားချိန်တောင် ပန်ကန်းယူပြီးအထဲမှာဘဲစားသည်။ ထယ်ဒေါ်လေးမှာလည်း သူ့တူကိုကြည့်၍စိတ်ထဲမကောင်းပေ။
အဲ့ အကြောင်းတွေသာသိခဲ့ရင် သူ့တူကိုဒါတွေမလုပ်ဖို့တားခဲ့မိမှာအခုတော့ သူကြောင့်ကလေးတွေခံစားနေရပြီ သူ့အပစ်လည်းပါပါတယ်။
*ဒေါက် ဒေါက်
"ဘယ်သူလည်းမသိဘူးကွယ်"
"ကျွန်တော်တို့ ထယ်ရဲ့သူငယ်ချင်းပါ"
"သား ထယ်ရေသူငယ်ချင်းေတွ လာတယ်ခဏထွက်လာခဲ့ပါဦး"
"ထိုင်ကြဦးနော် အန်တီခေါ်ထားတယ်"
"အော် နမ်ဂျွန်းတို့ဘဲဘာကိစ္စလည်းမသိဘူး"
"ငါနဲ့ ယွန်ဂျီမင်္ဂလာဆောင်လေ အဲ့တာလာဖိတ်တာဆက်ဆက်လာခဲ့နော်ထယ်ယောင်း"
(ကိုနန်းကျော်ကိုနည်းနည်းocခွင့်ပြုပါ)
"အင်း လာနိုင်အောင်ကြိုးစားပါမယ်"
"ဒါနဲ့လေ ထယ်ယောင်း ဂျောင်ဂုဆီပြန်မသွားတော့ဘူးလား သူတော်တော်အခြေအနေဆိုးနေတာ နေ့တိုင်းအရက်တွေသောက်ပြီးအလုပ်တောင်မသွားတော့ဘူး"
"...... "
"ဟုတ်တယ် အကိုထယ်ယောင်း အကိုဂျောင်ဂုက မူးပြီး အကို့နာမည်ဘဲထိုင်ခေါ်နေတာ အကိုအခန်းထဲက အငွေအသက်လေးပျောက်မှာဆိုးလို့ဆိုပြီး အိမ်က လူတွေကို သန့်ရှင်းရေးလည်းမလုပ်ခိုင်းဘူး ဟိုတစ်ခါ မူးပြီးပြန်လာပြီးအိမ်ရှေ့ကစတော်ဘယ်ရီပင်တွေ နားမှာအိပ်ပျော်သွားတာတဲ့ ပြီးတော့.... "
"တော် တော်ပါတော့"
ဆိုပြီးထယ်ယောင်းတစ်ယောက်အရည်ကြည်တွေနဲ့ပြည်နေတဲ့မျက်လုံးကိုပွတ်ကာအခန်းထဲပြေးဝင်သွားသည်။
"ယွန်ဂျီ ကလည်း ထယ်သွေးပူနေချိန်ဘာလို့သွားပြောလိုက်တာလည်း"
"အကိုဂျောင်ဂုဘယ်လိုခံစားနေရလည်းပြောပြတာပါ"
"အချိူရေလေး သုံးဆောင်ကြပါဦးကွယ်"
"တော်ပါပြီ အန်တီ ကျွန်တော်တို့အခုဘဲပြန်တော့မှာဗျ"
အခန်းထဲပြေးဝင်သွားတဲ့ ထယ်ကတော့ တံခါးကိုမှီကာ အသံတိတ်ငိုနေလေသည်။
သူ ဂျောင်ဂုကိုချစ်ပါသည် အခုမှမဟုတ်ဘူး စတွေ့ထဲက ဒါမဲ့လက်စားချေမယ်ဆိုတဲ့ စိတ်နဲ့ဖုံးထားခဲ့သည် ဂျောင်ဂုကဒီလောက်တောင်ခံစားလာခဲ့ရပြီးပြီဟာကို သူကဒဏ်ရာတွေထပ်ပေးခဲ့တာ ပြန်သွားလိုက်ရင် သူဘယ်မျက်နှာနဲ့ပြန်သွားမလည်း ဒီလောက်တောင်လုပ်ခဲ့မိတာ ဘာလို့ သူနဲ့ငါ့မှ ဒါတွေလာဖြစ်နေရတာလည်း!
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ
ဒီနေ့ နမ်ဂျွန်းတို့ လာဖိတ်ထားတဲ့မင်္ဂလာဆောင်နေ့
သူသွားရင်ကောင်းမလား မသွားဘဲနေရမလားနဲ့စာရေး စာပွဲမှာ ကြောင်ကြောင်ကြီးထိုင်နေသည်။
"ထယ် သားဘာတွေစဉ်းစားနေတာတုန်း"
"ဘာမှမဟုတ်ပါဘူး ဟိုတစ်ခါကလာတဲ့နမ်ဂျွန်းတို့မင်္ဂလာဆောင်သွားရင်ကောင်းမလား မသွားဘဲနေရမလားစဉ်းစားနေတာ"
"သွားရမှာပေါ့ သားရယ် သားကိုအိမ်ထိလာဖိတ်တာဘဲကို သားအပြင်မထွက်တာလည်းကြာပြီလေ စိတ်လေးပေါ့ပါးသွားအောင်သွားလိုက်ပါ ထ ထအဒေါ်ပြင်ပေးမယ်" ဆိုပြီးထယ်ကိုအတင်းဆွဲကာအကျီလဲခိုင်းလေသည်။
ထယ်လည်း စိတ်မပါလက်မပါ အဒေါ်ဆင်ပေးတဲ့ဂျင်းဘောင်းဘီမဲအပွနဲ့ shirt လက်ရှည်အပြာအနုလေးဝတ်ကာထွက်လာခဲ့သည်။
မင်္ဂလာဆောင်ရောက်တော့ သူနဲ့ဂျောင်ဂုရဲ့မင်္ဂလာပွဲတောင် ပြန်မြင်ယောင်လာမိသည်။
Aaa shittငါဘာတွေတွေးနေတာလည်း
သူအတွေးလွန်နေချိန် နမ်ဂျွန်းကလာနှုတ်ဆက်နေလေသည်
"ထယ်ယောင်းတောင်ရောက်လာပြီလား"
"ဟုတ် နောက်မှာလက်ဆောင်ပေးမယ်နော်"
"ရပါတယ်ကွာ မင်္ဂလာပွဲစတော့မှာထိုင်တော့လေကွ"
သတိုးသား သတိုးသမီး ကတိသစ္စာပြုပြီးတော့တစ်ယောက်နဲ့တစ်ယောက် နမ်းကြရသည်။
ထိုအချိန်တွင် ထယ်အတိတ်ကတစ်ခုခုကိုပြန်မြင်ယောင်သွားသည်
သူတို့မင်္ဂလာပွဲတုန်းကအနမ်းက ချစ်ခြင်းတရားတွေအကြင်နာတွေမပါခဲ့ဘူးမလား ဒီတိုင်းနှုတ်ခမ်းခြင်းထိကပ်လိုက်ရုံဘဲမလား... ။
"ကဲ့ အခုသတိုးသားရဲ့သူငယ်ချင်းက Beautiful in white သီချင်းနဲ့ဖျော်ဖြေပေးမှာဖြစ်ပါတယ်"
စင်ပေါ်တက်လာတဲ့လူကို မြင်ပြီး ထယ်ယောင်း သွေးကြောတွေပါ ပြောင်းပြန်စီးသွားသလိုပင် အကျီအဖြူနဲ့ ဘောင်းဘီအမဲကိုဝတ်ကာ အပေါ်ကကုတ်အမဲကိုထပ်ဝတ်ထားပြီး အနည်းငယ်ရှည်နေတဲ့ဆံပင်တွေကို အနောက်ကိုစုစည်းထားကာ နှုတ်ခမ်းမွေးရေးရေးလေး တွေပေါက်နေသည့် သူချစ်ရတဲ့ဂျောင်ဂု...
သူ ဒီပွဲမှာတွေ့လောက်မယ်လို့ထင်ထားခဲ့ပေမဲ့ ဒီလိုပုံစံမျိူးနဲ့တွေ့ရလိမ့်မယ်လို့မထင်ထားခဲ့။
So as long as I live I love you 🎶
Will have and hold you
You look so beautiful in white
And from now 'til my very last breath
This day I'll cherish
You look so beautiful in white
Tonight 🎶 🎶
သီချင်းဆိုနေတဲ့ဂျောင်ဂုရဲ့မျက်လုံး တွေကထယ်ထိုင်နေတဲ့ ဝိုင်းဆီကိုသာရောက်နေသည် ထယ်မှာလည်း ဘာလို့မှန်းမသိ ခေါင်းကိုသာအောက်အတင်းငုံ့ထားမိနေလေသည်။
သီချင်းဆိုလို့ လည်းပြီးသွားရော ပန်းစည်းပစ်ဖို့အချိန်ရောက်လာ တော့တယ်
"အခုပန်းစည်း ပစ်ပါတော့မယ်"
"1 2 3! "
"ရေးးးးးငါရသွားပြီ"
ပန်းစည် ရသွားတဲ့တစ်ယောက်ကပန်းစည်း ကိုကိုင်ရင်း သီချင်းဆိုကောင်းတဲ့ဂျောင်ဂုကိုကြွေသွားတာမို့ သူ့နားလာကာ
"ပိုင်ရှင်မရှိရင် ဟိဟိ တွဲကြရအောင်လေ"
"ကျွန်တော်မှာ ပိုင်ရှင်မရှိပါဘူး..... "
ထိုစကားကို သိပ်မဝေးတဲ့ နေရာကထယ်ကြားတာပေါ့
ဟမ်ဟမ်! ဘာပြောလိုက်တယ် ငါနဲ့သူနဲ့တောင်မကွာရှင်းရသေးတာကို ကောင်မလေးတွေနဲ့ပလူးချင်နေတယ် ဂျောင်ဂုမကောင်းဘူး
ထယ်မျက်ရည်တွေဝဲလာကာ အိမ်သာဘက်ကိုပြေးဝင်သွားလေသည်။
"ကျွန်တော် အရမ်းချစ်ရတဲ့သူတော့ရှိတယ် စိတ်မကောင်းဘူး"
"နမ်ဂျွန်း ငါလိုက်သွားလိုက်ဦးမယ်"
နမ်ဂျွန်းကိုလက်လွှဲပေးပြီး သူရဲ့စိတ်ကောက်ပြီးပြေးသွားတဲ့အချစ်ကလေးဆီလိုက်ရတော့တယ်
"အေး သွားသွား"
"ယွန်ဂျီ ဒါကဘယ်သွားမလို့လည်း"
"ဟီးဟီး လိုက်ချောင်းမလို့လေ"
"ဒီကလေးမကလေး ဒီမှာဓာတ်ပုံရိုက်ရဦးမှာကို"
ထယ်တစ်ယောက်တော့အိမ်သာထဲမှာအသကုန်ပေါက်ကွဲရင်း ငိုချတော့တယ်
"အကောင်စုတ်ကြီး!! ရှုတ်တဲ့ကောင်ကြီး ငါနဲ့သူနဲ့ကကွာမှမကွာရှင်းရသေးတာကို ပွေချင်နေတယ် အကောင်စုတ်ကြီး! အဟင့်ဟင့်"
အနောက်ကနေ သူပြောနေတဲ့အကောင်စုတ်ကြီးရောက်နေတာတော့ ထယ်မသိလိုက်
"အဟမ်း ဟမ်း ဘယ်သူကပွေရှူပ်တာလည်းဗျ"
"ဟမ်! ဂျောင်ဂု"
"ပြောပါဦး ဘယ်သူကအကောင်စုတ်ကြီးလည်း"
"....."
ထယ် သူ့ကို ရှောင်ပြီးထွက်သွားမို့လုပ်တော့ ဆွဲပြီးနံရံကိုကပ်လိုက်ကာ ဘေးနှစ်ဖက်ကို လက်ထောက်လျက် ထယ်မျက်နှာကိုစေ့စေ့ကြည့်လိုက်သည်
"ပြောပါဦး ဘယ်သူက ပွေရှူပ်တဲ့အကောင်စုတ်ကြီးလည်းလို့"
"မင်းပေါ့ မင်းလေ! "
"အမ် ကိုက ဘာများလုပ်မိလို့လည်း"
"ခုနကကမိန်းမနဲ့လေ ငါတို့ကွာတောင်မကွာရှင်းရသေးတဲ့ဟာကို ပိုင်ရှင်မရှိဘူးလေးဘာလေးနဲ့ ရှုပ်ချင်နေတာ"
"အဲ့ဆို ကိုက ပိုင်ရှင်ရှိတယ်ပေါ့"
"မသိဘူး"
"ဖယ် ဖယ်တော့"
"မဖယ်ပါဘူး ပြောလေ ဟုတ်လားလို့"
ဆိုပြီးထယ်မျက်နှာနား တဖြည်းဖြည်းတိုးကပ်လာလေသည်။
*ဒေါက် ဒေါက်
"ဂျောင်ဂုရေ အမှတ်တရဓာတ်ပုံရိုက်ကြရအောင်လာဦးဟ"
နမ်ဂျွန်းက တံခါးခေါက်လာခေါ်တာကြောင့်
"ဟွန့် ကောင်းနေပြီဆို ဖျက်ပြီ"
"လာသွားကြမယ်"
ဆိုပြီး ထယ့် လက်ကို လှမ်းဆွဲလိုက်တာကြောင့်
"မင်း လွတ်နော် လူကိုပိုင်စိုးပိုင်နင်နဲ့ဘာမှတ်နေလည်း"
"ကို့အပိုင်လေးလေ"
"ဘာ ဘာ!"
"ဓာတ်ပုံရိုက်ဖို့လာခေါ်တာဟေ့ နောက်မှာတချိန်လုံးအေးဆေးအလွမ်းသယ်"
"လာပါပြီကွ"
ဂျောင်ဂုလည်း အပြင်ကမထွက်မချင်းစောင့်နေမဲ့ကိုယ်တော်ချောကို အထဲကပြန်အော်လိုက်လေတယ်
~
"ဟုတ်ပြီး ရိုက်မယ်နော် ပြုံးမယ်"
"ဟိုဘက်ကနှစ်ယောက် ကကပ်ပါဦး"
ကင်မရာသမားပြောတဲ့ ထယ်လည်းဟိုဘက်နည်းနည်းတိုးလိုက်သည်
"ဟာ ကပ်ဦးလေဗျာ"
ဂျောင်ဂုလည်း စိတ်မရှည်တော့ဘဲ ထယ့်ကိုခါးကဆွဲပြီးအနားကပ်လိုက်တော့သည်။
"ဟာ ဘာလုပ်"
"ငြိမ်ငြိမ်နေ ကင်မရာကိုကြည့်"
"ဟုတ်ပြီဗျာ ရိုက်မယ်"
ချလက်!📸
"ဒါနဲ့ဂျောင်ဂု မင်းငါတို့နက်ဖြန်ဟန်နီးမွန်း ဂျယ်ဂျူးသွားမှာလိုက်မှာလား"
"လိုက်မှာပေါ့ကွာ"
"အဲ့ဆို ငါပြန်တော့နော်"
ထယ်လည်းနမ်ဂျွန်းတို့ကို နှုတ်ဆက်လိုက်ကာ ထွက်သွားမယ် အလုပ်
"ဘယ်ကိုပြန်မှာလည်း ကွာမှမကွာရှင်းရသေးတာ ပိုင်ရှင်ရဲ့အိမ်ကိုလိုက်ခဲ့တော့"
ဟု ပြောကာ ထယ့်ကိုဆွဲချီလိုက်တော့တယ်
"ဟာ ဂျောင်ဂုငါ့ကိုလွတ်နော် ဂျောင်ဂု မင်း!!"
"နမ်ဂျွန်းရေ နောက်နေ့မှတွေ့မယ်ဟေ့ သွားပြီ"
"အေးအေး အဆင်ပြေပါစေကွာ"
"ဟီးဟီး ချစ်ဖို့ကောင်းလိုက်ကြတာ"
"အဟမ်း ဟမ်း ဘေးမှာကို့ဘဲကြီးရှိတာကို သူများအတွဲကိုငမ်းနေတယ်နော်"
"နည်းနည်းပါ"
"ဒီကလေးလေးကို အပြစ်ပေးမှရမယ်"
"ဒီကလေးလေးက အပြစ်ပေးမခံချင်လို့ပြေးပြီ"
"ကလေး မင်္ဂလာဝတ်စုံကြီးတဲ့မပြေးနဲ့ ချော်လဲမယ်လေကွာ"
"ㅋㅋㅋ blah blah"
မဂ်လာဆောင်ခန်းမထဲမှာကျန်ခဲ့တဲ့ နမ်ဂျွန်းတို့လည်း အချင်းချင်းပျော်ရွှင်စွာ စနောက်နေလေရဲ့