Culprit
စိတ်ရဲ့ အမှောင်ထုဟာ ကူးစက်ရောဂါလို ပျံ့နှံ့သွားသည်။
စွဲချက်တွေနဲ့ လွှမ်းခြုံသွားတဲ့ ဝိဥာည်၊
မုသားတွေ ဝါးမြိုသွားလိုက်တာ အမှန်တရားတို့ ကျဆုံးခန်းတိုင်တဲ့အထိ။
တစ်စုံတစ်ယောက်
ဆန္ဒရှိရင် ယုံကြည်ပေးပါ...
ငါဟာ အပြစ်မဲ့တဲ့ တရားခံ ။
~~~~~~~~~~~~~
အလုပ်ချိန်ကျော်လွန်သွားပြီးမလို့ အမှောင်ချလိုက်သည့် အဆောက်အအုံအတွင်းမှ အလျှိုလျှို ထွက်လာကြသည့် အိမ်ပြန်ဖို့ တက်ကြွနေကြသော အကသမားနဲ့ ဝန်ထမ်းတွေ။
လုံခြုံရေး ကင်မရာကနေ လူအုပ်ကြီးကို စောင့်ကြည့်နေတဲ့ ညစောင့် ဦးလေးကြီးက အဆောက်အအုံအတွင်းရှိ လူတွေအားလုံး ကုန်သွားမယ့် အချိန်လောက်ထိ ကော်ဖီမစ်တစ်ထုတ်ကို ဖျော်သောက်ရင်း ခနလောက် စောင့်သည်။
တရွေ့ရွေ့ ကုန်ဆုံးသွားသည့် အချိန်တွေမှာ ငိုက်မြည်းချင်သလိုလာတာမလို့ တာဝန်ကျ ညစောင့်က ဓါတ်မီးတစ်လက် ထိုးရင်း တစ်လွှာချင်းစီက အကခန်းတွေအား လိုက်စစ်ဆေးခြင်းအမှုကို သာမန်နေ့တွေထက်စောလို့ စတင်သည်။
"စောစောပြီး စောစော အိပ်လို့ရတာပေါ့ကွာ"
တိတ်ဆိတ်ငြိမ်သတ်နေသည့် အခန်းတွေအတွင်းကို ဟိုဟိုဒီဒီ ဓါတ်မီးဖြင့်ထိုးကား စစ်ဆေးနေရင်း တတိယမြောက် အခန်းထိ သာမန်ကာ လျှံကာ ဖြတ်လျှောက်ခဲ့ပေမယ့် စတုတ္ထမြောက်အခန်းနား မရောက်ခင် နားထဲသို့ အလုံးအရင်း ဝင်လာသည့် ခြေသံလို တရှပ်ရှပ်ဖြတ်ပြေးနေသည့် အသံကြောင့် အိပ်ချင်စိတ်တို့ဟာ အဝေးသို့ မောင်းထုတ်ခံလိုက်ရသည်။
ယိုင်တိုင်တိုင်ခြေလှမ်းတို့ဟာလည်း တသမတ်တည်း ရပ်တန့်သွားရပြီး ဓါတ်မီးအား ဆုပ်ကိုင်ထားသည့်လက်မှာ တုန်ရင်လာသည်။
ထိုအခန်းနားသို့ နီးကပ်လာလေ ကြမ်းပြင်ပေါ် ရှပ်တိုက်ပြေးလွှားနေသည့် ခြေသံတွေက ပိုကျယ်လောင်လောင်လာလေ။ လျှောက်လမ်းပေါ် တပြေညီကျရောက်နေသည့် ဓါတ်မီး အလင်းရောင်ကို ဦးတည်ရာမရှိ တောင်ရောက် မြောက်ရောက် လျှောက်ထိုးနေရင်း အခန်းပြတင်းမှန်နားသို့ တိုးကပ်လိုက်ကာ အခန်းအတွင်းထဲသို့ မဝံ့မရဲ ကြည့်လိုက်မိသည်။
'သူတစ်ခေါက် ဘာမှမဖြစ်ခဲ့ရင် တကယ် ဒီ အလုပ်က ထွက်တော့မယ်။'
ကြောက်စိတ်နဲ့အတူ အာရုံကြောတို့ကို ပြင်းထန်စွာ လှုံဆော်လိုက်တာဆိုပေမယ့် လက်တွေ့ မြင်တွေ့လိုက်ရတာက အလှတရားတစ်ခု။
လူယောင်အသွင်ယူထားတဲ့ ငန်းဖြူတစ်ကောင်လား ဒါမှမဟုတ် ဆီးနှင်းလွှာကို ဖောက်ထွင်း ထုဆစ်ထားတဲ့ ဖယောင်းရုပ်ကြွများလား။
မှန်ပြတင်းဆီက ဖြာကျနေတဲ့ လရောင်ရဲ့အထောက်အပံ့အောက် မှာ သွယ်လျလျလက်နှစ်သွယ်ကို အတောင်ပံတွေလို ဖြန့်ကျက်ထားပုံကစလို့ အသက်ရှူသံအဆုံး ဒဏ္ဍာရီတစ်ပုဒ်ထဲ ပျံသန်းရသလို စွဲလမ်းဖွယ်။
အပို အသုံးအနှုန်းတွေနဲ့ သွယ်ဝိုက်နေတာမျိုး မဟုတ်ပဲ ဘဲလေးအကနဲ့ အထိအတွေ့မရှိဘဲ ညစောင့်တစ်ယောက်ဖြစ်တဲ့ သူလိုလူတောင် ဒီလို အမှောင်ထဲက ခမ်းနားမှုမျိုးကို စိတ်ကူးမယှဥ်ကြည့် ဖူးဘူး။
နတ်ဘုရားတွေ အပင်ပန်းခံထားတဲ့ ဂန္ဒဝင်တစ်ရပ်လို အနှီးလူသားရဲ့ လှုပ်ရှားမှုတိုင်းဟာ ငေးမောမိသူရဲ့ အသက်ကိုခြွေဖို့ပဲ။
ပြင်းရှတဲ့ အရှိန်အဝါမှာ ဤလူသားရဲ့ အသက်သွေးကြောတွေအတွင်း ရွှေရည်တို့ဖြင့် စီးစေသည်ဆိုရင်တောင် ယုံရက်နိုင်လောက်အောင်အထိ။
'ဝမ်ရိပေါ် '
တင်စားမယ့် ဂုဏ်ပုဒ်တွေကိုတောင် သိမ်ငယ်စေအောင် လှရက်သူပေါ့။
"သခင်လေးလား။
သခင်လေး အခုထိ မပြန်သေးတာလား"
အရဲစွန့်ကာ အခန်းအတွင်းထိ ဝင်လို့ ဆိုမိတော့ ကျောပေးထားတဲ့ ထိုလူသားက မိမိအား နောက်ပြန်လှည့်ကြည့်လာသည်။
အလိုက်မသိစွာ မျက်နှာ တည့်တည့် ထိုးထားမိသည့် ဓါတ်မီး အလင်းရောင်ကို လက်ဖဝါးဖြင့် ကွယ်လိုက်သည့်အခါ မှောင်ရိပ်သမ်းသွားသည့် မျက်နှာ တစ်ဖက်ခြမ်း။
"ခနနေပြန်မှာ။
မီးပြန်ဖွင့်စရာမလိုဘူး။
ငါ့ ဘာသာငါ မြင်ရတယ်"
စကားစဖြတ်လို့ အရင်ကျောခိုင်းကာ မှန်ချပ်ရှေ့ မျက်နှာမူလိုက်သည့် ဝမ်ရိပေါ်ကြောင့် ညစောင့်ကြီးက အယောင်ယောင် အနနဖြင့် အခန်းအတွင်းမှ အမြန်ထွက်လာမိသည်။
မှန်မှ ရောင်ပြန် ထင်ဟပ်နေသည့် မိမိ၏ ပုံရိပ်ယောင်ဟာ ချွေးများ ရွှဲနစ်နေလို့ နွမ်းလျလျဖြင့် စိတ်ပျက်စရာကောင်းလှသည်။
ဘဝတစ်ခုလုံး နှစ်မြှုပ်ခဲ့ရတဲ့ ဘဲလေး၊
ရူးမတတ် မက်မောရသည့် Onsra ၊
အဆုံးထိ ဖုံးကွယ်သွားချင်သည့် တစ်ခုတည်းသော အရာ။
မှန်ထဲမှ အရှုံးပေးလိုက်ဖို့ စိတ်ညွှတ်ချင်နေသည့် ပုံရိပ်အား အထင်သေးစွာ စိုက်ကြည့်နေလိုက်ရင်း မိမိကိုယ်ကိုယ်သာ ကျိန်ဆဲနေမိသည်။
"အခုအချိန် သနားစရာ ကပ်ပါးကောင်လို ဖြစ်နေရတာ အားမရလို့ ဘာလဲ ဒီ အားမရှိတဲ့ ပုံစံက။
အရှုံးသမားလိုကောင်"
ဝေ့တတ်လာတဲ့ မျက်ရည်စတွေကို ကာစီးဖို့ မျက်ခွံတွေကို ခန မှိတ်ချထားလိုက်ပြီး ပြန်လည် ဖွင့်လှစ်လိုက်ကာ မှန်ချပ်ဆီသို့တစ်ဖန်ပြန်ကြည့်မိသည့် အခိုက်။
မျက်ဝန်းတွေဟာ အံ့သြတကြီး ပြူးကျယ်သွားရသည်။
အမြင်များမှားလေသလားဟု အတည်ပြုကြည့်ပေမယ့် ဒီ ထိတ်လန့်စရာ ဖြစ်ရပ်မျိုးက လက်တွေ့ကြုံနေရတာပါတဲ့။။
မှန်ချပ်ပေါ်ရှိ ပျော့ညံ့ညံ့ ပုံရိပ်ဟာ ယခုတော့ ဥသုန် ပျောက်ကွယ်သွား၏။
ဝမ်ရိပေါ်ရဲ့ ပုံရိပ်ဟာ မှန်ပေါ်မှာ လာမထင်ဟပ်တော့ဘူးဆို ပိုမှန်လိမ့်မည်။
အထိတ်တလန့်ဖြင့် ခြေလှမ်းတွေကို နောက်ပြန် ဆုတ်ခွာရင်း ကျယ်ပြန့်သည့် မှန်ချပ်တွေ အဆုံးထိ အကြည့်ဝေ့မိပေမယ့် မိမိ၏ မျက်နှာချင်းဆိုင်၌ ပုံရိပ်တစ်ခုတောင် ထင်ဟပ်မနေ။
သွေးပျက်ခြောက်ခြားစွာ အကူအညီ တစ်စုံတစ်ရာ အတွက် အော်ဟစ်လိုက်ဖို့ ကြိုးစားပေမယ့် ဦးနှောက်ထဲသို့ ဝင်ရောက်လာသည့် အသိတစ်ခု။
"ပါးပါး"
အရင်တစ်ခေါက် မက်ခဲ့ဖူးသည့် အိမ်မက်ထဲမှာ ပါးပါး ဟာ ဤ မှန်ချပ်တွေအတွင်း ပိတ်မိနေခဲ့သည်မလား။
အဝေးသို့ လှမ်းထားနှင့်သည့် ခြေလှမ်းတွေကို အနားသို့ပြန်လည် နီးကပ်စေလိုက်သည်။
မှန်မျက်နှာပြင်ပေါ်ကို လက်ချောင်းတို့ဖြင့် ခပ်ဖွဖွ ထိတွေ့လို့ ပါးပါး အား နောက်တစ်ကြိမ် မြင်တွေ့ခွင့်ရဖို့သာ ထက်သန်စွာ တောင်းဆုပြုမိသည်။
ဒီတစ်ခေါက်အတွက်တော့ မလှည့်စားလိုက်ပါနဲ့ အရမ်း ထိရှလွတယ်တာမလို့။
အတွင်းထဲထိ ထွင်းဖောက်ကြည့်လို့ ရှာဖွေနေသော်လည်း အရင်တစ်ခေါက်ကလို ပါးပါးရဲ့ ကျောပြင်အားလည်း ငေးခွင့်မရသလို ရှိုက်သံတိုးတိုးကိုလည်း မကြားနိုင်။
မှန်အတွင်းသို့သာ ဝမ်းနည်းဆို့နစ်စွာ ငေးကြည့်နေမိရာက အနောက်ဘက်ဆီမှ အရိပ်တစ်ခု ဖြတ်ပြေးသွားသလို ခံစားမိသည်။
အလျင်အမြန် နောက်သို့လှည့်ကြည့်လိုက်ပေမယ့် တစ်စုံတစ်ရာမှ ဖမ်းမမိ။
မူမမှန်သလို ကသိကအောက် ခံစားချက်တို့နဲ့အတူ အတွေးလွန်နေရင်း မှန်ရှိရာဘက်ဆီသို့ ပြန်ကြည့်မိတော့ မျက်နှာချင်းဆိုင်မှာ ပုံရိပ်တစ်ခုက နေရာယူထားနှင့်သည်။
နှလုံးရပ်မတတ် ထိတ်လန့် ကြောက်ရွံ့မှုကြား ရိပေါ်အသံတောင် မပြုနိုင်တော့။
ပြုစားခံရသလို တောင့်တင်းနေသည့် ခန္ဓာကိုယ်ဟာ ဤ အခြေအနေမှ ရုန်းကန် လွတ်မြောက်ဖို့ရာ ခဲယဥ်းသည်။
"Mrs. Wang....."
နှုတ်ခမ်းနီ ရဲရဲနှင့် သူမဟာ အသက်ရှိစဥ်ကထက် ပိုလှပသည်။
ကောက်ကျစ်တဲ့ မျက်ဝန်းတွေဟာ ပိုအသက်ဝင်သည်။
မျက်နှာချင်းဆိုင်ရပ်နေကြသည် သူမနှင့် ရိပေါ်အကြား ခြားနားထားသည်က မှန်တစ်ချပ်သာ။
မုန်းတီး စက်ဆုတ်သလို ကြည့်နေရာမှ သူမဟာ ရိပေါ်အား အထင်သေးစွာ ပြုံးသည်။
"ဝမ်ရိပေါ် ၊
အတုအယောင် "
မျက်ခမ်းသားတွေ ရဲစွေးလာသည်။
ဒေါသမီးရဲ့ လှုံ့ဆော်မှုမှာ ဝမ်ရိပေါ် သူမအား ဒုတိယ အကြိမ်မြောက် သေစေမိတော့မည်။
ပင်ပန်းမှု ဒဏ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေသည့် ဝမ်ရိပေါ်အစား နတ်ဆိုး ဝမ်ရိပေါ်က မှန်အထက် ပုံရိပ် အသစ်တစ်ခု အနေဖြင့်။
မုန်းစရာကောင်းလောက်အောင်ကို အော်ရယ်နေခဲ့တာ။
သူမဟာ ပိုးစိုးပက်စက် ရွှံစရာကောင်းတဲ့ မိန်းမမျိုးပဲ။
"ဟားး ဟားးးဟားးး"
နီးကပ်နေသည့် မှန်ချပ်အား အရှိန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်သည့် အခါ ကြေမွအသံအချို့နှင့်အတူ အပိုင်းအစများဟာ ရိပေါ်၏ မျက်နှာပြင်အားဖြတ်တိုက် ပိုင်းရှပစ်သည်။
အောင်မြင်မှုကတော့ ရယ်သံတွေကို ပိတ်ကျစေလိုက်တာပါပဲ။
ပူနွေးစွာ ပါးပြင်ပေါ်သို့ ဖြတ်စီးနေသည့် သွေးစီးကြောင်းတို့ဟာ မျက်ရည်တို့ဖြင့် ရောနှောမိလေတော့ သွက်လက်စွာ မေးရိုးအနားသတ်တွင် ရီးလေးခိုနေသည်။
စပ်ဖျဥ်းဖျဥ်း ခံစားချက်ကြောင့် ရိပေါ် သက်သောင့်သက်သာ ကြမ်းပြင်ပေါ်သို့ လဲချလိုက်သည်။
အက်ကြောင်းထင်းနေသည့် မှန်တစ်ချပ်ရယ်၊
ကြမ်းခင်းပေါ် ပြန့်ကျဲနေတဲ့ မှန်စတွေရယ်၊
'မကျန်တော့ဘူး။
လှောင်ရယ်မည့် လူတစ်ယောက်မှ မကျန်တော့ဘူး။'
မချိမဆံ့နိုင်လောက်အောင် ပင်ပန်းလာတဲ့ တစ်စုံတစ်ယောက်ထံ အံဝင်ခွင်ကျ နားခိုကြည့်ချင်လာသည်။
ဒါဟာ သန်မာဖို့ အသားမကျသေးတဲ့ ရိပေါ်ကို သူစိမ်း ဖြစ်တဲ့ ရှောင်းကျန့်က ဖျက်စီးလိုက်တဲ့ အကျင့်ဆိုးတွေပေါ့။
အတွေးတို့ကို လက်စမသတ်နိုင်ခင် မျက်နှာပူစွာ ခေါင်းကို ခါရမ်းလိုက်သည်။
ဘယ်လိုလုပ် ဒီလို အချိန်မျိုးမှာ ပေါက်ကရတွေ တွေးနေနိုင်ရတာလဲ။
ကိုက်ခဲနုန်းချိနေသည့် ကိုယ်ကို အားပြုကာ ထလို့ အနားရှိ ဖုန်းကို ကောက်ယူလိုက်သည်။
များများစားစား မရှိတဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းမှာ ပါးပါး ဆိုသည့် နာမ်စားလေးက ထိပ်ဆုံးမှာ။
သူနောက်ဆုံး ဖုန်းပြောခဲ့သူဟာ ယခုအတွက် သက်ရှိထင်ရှား ရှိမနေတော့တဲ့ ပါးပါးနဲ့ပဲ။
ထပ်တွေ့ခွင့် မရှိတော့ဘူး။
လေ့ကျင့်ချိန်တွေကြာနေလို့ အိမ်ပြန်နောက်ကျတဲ့အခါ စိုးရိမ်တကြီး ဆက်ခေါ်လာမယ့် အဝင် call တစ်ခုကို နောက်ထပ် ဘယ်တော့မှ တွေ့ခွင့်မရှိတော့ဘူး။
ရင်ဘက်ပေါ် ဖုန်းအား မှောက်ရက် တင်လိုက်တော့ မောဟိုက်မှုကြောင့် တုန်ခါနေသည့် နှလုံးခြန်သံတို့ဟာ ပိုလို့ သိသာလာသည်။
အိမ်တော်ထိန်းကြီး ရိုက်ထည့်ပေးထားသည့် ရှေ့နေရှောင်း ၏ ဖုန်းနံပါတ်ကို မိမိကိုယ်တိုင် ဖျက်ပစ်ခဲ့တာမလို့ အခုတော့ မိမိကိုယ်တိုင်ပဲ ပြန်တောင်းရပေတော့မည်။
ဖုန်းအား အဆက်မပြတ်ခေါ်ဆိုနေပေမယ့် ကိုင်သူမဲ့နေသည့်အခါ ရိပေါ်ထံ အလိုမကျခြင်းတို့ ကိန်းအောင်းလာသည်။
ရိပေါ် ပြန်မရောက်မချင်း တော်ရုံဆို မအိပ်တတ်သည့် အိမ်တော်ထိန်ကြီးကို အိပ်ပျော်သွားတာများလား။
၉ နာရီ ကျော်ဆိုတဲ့ အချိန်က သိပ်လင့်သေးတာလည်းမဟုတ်။
ဒုတိယ အကြိမ် ဖုန်းခေါ်ဆိုမှု အဆုံးထိ အိမ်တော်ထိန်းကြီးထံမှ ဖြေကြားခြင်းမရှိတဲ့အခါ ရိပေါ် တစ်စုံတစ်ရာအား စဥ်းစားမိသွားဟန်ဖြင့် ရုတ်ချည်း မတ်တပ်ရပ်လိုက်မိသည်။
ပါလာသည့် အဝတ်အစားတွေ အမြန်ပြန်လဲလို့ အခန်း အပြင်ဘက် ပြေးထွက်နေရင်းမှ တုန်ခါမှုနှင့်အတူ အသံပေးလာသည့် မိမိ၏ ဖုန်း။
"ဟယ်လို ။
ဘာလုပ်နေလို့ ဖုန်းမကိုင်ရတာလဲ"
တစ်ဖက်ထံမှ တော်တော် နှင့်ပြန်မဖြေ။
မြန်ဆန်နေသည့် အသက်ရှူသံတွေကို အတိုင်းသား ကြားနေရသည်။
ခြောက်သွေ့နေသော လည်ချောင်းကို ရှင်းလင်းဖို့ တံတွေး မျိုချလိုက်သံ။
ဒီအဘိုးကြီး ဘာမဟုတ်တွေ ကြံစည်နေပြန်ပြီလဲ။
" သခင်ကြီးရဲ့ စာကြည့်ခန်းကို သန့်ရှင်းရေးလုပ်နေလို့ပါ။
ဖုန်းသံကြားကြားချင်း အပြေးလာခဲ့ပေမယ့် ဒီ မသန်စွမ်းတော့တဲ့ အဘိုးကြီးက နှေးကွေး နေတော့တာပဲ။"
လုပ်ဇာတ်ကြီးဆိုပေမယ့် ရိပေါ်ရဲ့ မျက်နှာလေးက ညှိုးငယ်လို့ကျသည်။
အရမ်းတွယ်တာမိခဲ့တယ်လေ။
ငယ်ရွယ်နုနယ်စဥ်ကနေ အခု မာကျောအေးစက်စေတဲ့အထိ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တာ။
နောက်ကျောကို ထိုးမယ့်ဓါးလည်း ဖြစ်သလို ကျန်ရှိနေတဲ့ တစ်ဦးတည်သော အရင်းနှီးဆုံး။
"ဂရုစိုက်ရမယ်လေ အိုပဲအိုနေပြီ။"
'ဘုကလန့်ပြောလည်း ရယ်မောနေတတ်ပေမယ့် ဖျက်စီးပစ်ဖို့ အမြဲတွေးနေမှာ။'
မဟုတ်တမ်းရား အတွေးတွေကြောင့် ရိပေါ်ဟာ လှိုင်းဒဏ်သင့်တဲ့ လှေငယ်လို အဝေးသို့ ထပ်လွင့်ရပြန်သည်။
"လိပ်စာ တစ်ခုပို့ပေးပါ သွားချင်တဲ့နေရာရှိလို့"
"ကျွန်တော်လိုက်ပို့ပေးပါ့မယ်။"
"မဟုတ်ဘူး၊
သီးသန့် တွေ့ချင်တဲ့လူ"
အလိုက်သိစွာ တိတ်ဆိတ်ပေးသည်။
မကြာခင်မှာရောက်လာသည့် message ကြောင့် ရိပေါ် မျက်နှာပေါ်က သွေးစတွေကို သန့်စင်လိုက်လို့ အပြင်ဘက်သို့ အမြန်ပြေးထွက်သွားလာမိသည်။
'အရမ်း နောက်ကျနေပြီ ။
ရှိရော ရှိသေးပါ့မလား'
လက်ပတ်နာရီက ရွေ့လျားနေသည့် စက္ကန့်တွေကို ရေတွက်ရင်း ကိုယ်တိုင် သတိမမူမိခင်မှာ စိတ်လှုပ်ရှားလို့။
ပထမဆုံးအနေဖြင့် တစ်စုံတစ်ယောက် နှင့် လွဲမှားရမှာကို စိုးရိမိခြင်းပဲ။
ထိုအဆောက်အအုံရှေ့က လျှောက်လမ်းပေါ်မှာ ရိပေါ် ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်မှာ အချိန်အပိုင်းအခြား တစ်ခုကျော်လွန်ခဲ့ပြီ။
ပြန်များ ပြန်သွားပြီလား စိုးရိမ်မိပေမယ့် ကွက်တိကွက်ကျား လလျှပ်စစ်မီးတို့ ထွန်းလင်းနေသည့် အခန်းတစ်ခုတစ်လေ အတွင်းမှာတော့ အလုပ်ကြိုးစားတယ်လို့ နာမည်ကြီးတဲ့ ရှေ့နေရှောင်းတစ်ယောက် ရှိလောက်ကောင်းပါရဲ့။
မိုးပြေး က အချိန်မတော် တဖြိုက်ဖြိုက်ကျသည်။
အမိုးအကာအောက် ပြေးလိုက်ရသည့် ဝမ်ရိပေါ် တစ်ယောက် မိုးစက်တွေကို ကြည့်ရင်း နောင်တရစပြုချင်လာပြီ။
"မဖြစ်ဘူးလေ။
ငါ့ဘက်က အရင်စရှာလို့ မဖြစ်တာကို"
ကြာရှည်ချင်ခဲ့တဲ့ ဆက်ဆံရေးတိုင်း ဝမ်ရိပေါ်ရဲ့ လွဲမှားနေသည့် မာနကြောင့် ပျက်စီးရစမြဲ။
ပျိုမြစ်ချိန်အတွက် သူငယ်ချင်း၊
အတွေးများတတ်တဲ့ ဆယ်ကျော်သက်အရွယ်ကစလို့ ဝေမျှစရာ ဘယ်သူမှ မရှိခဲ့ဘူး။
ရိပေါ်က တွန်းထုတ်ခဲ့တာမှန်ပေမယ့် သူတို့ကို ဆက်ဆွဲထားစေချင်ခဲ့တာ ။
ဒါပေမယ့် သူတို့ဟာ ဘာမှ မစတင်ခင်ကတည်းက ရိပေါ်ကို လက်လွှတ်ဖို့ ရွေးချယ်ခဲ့ကြသူများသာ။
မိုးသက်လေဟာ အားနည်းလာသည်။
အတန်ကြာရပ်နေရာမှ မိုးရေကြောင့် စိုစွတ်သွားသည့် လျှောက်လမ်းပေါ် ပြန်ဦးတည်လို့။
မီးအပြည့် မလင်းတော့သည့် အဆောက်အအုံးအား ကျောခိုင်းလို့ အိမ်အပြန်လမ်းအတွက် ခြေလှမ်း အပြင်။
"ဝမ်ရိပေါ်!
ဝမ်ရိပေါ်လား? "
အနောက်ဖက် ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည့် အသံကြောင့် အချိန်အတော်ကြာ တောင့်တင်းစေခဲ့သည် ပါးပြင်ပေါ်က ကြွက်သားအချို့ကို အလုပ်ပေးမိသည်။
ပြုံးရယ်လိုက်မိသည်လား။
ဝန်မခံလိုပါ။
သေချာသည်က တစ်မိုးအောက် ဝမ်ရိပေါ် ဟန်ဆောင်ဖို့ မေ့လျှော့သည်အထိ ဗျာများခဲ့ရတာ။
"ရှောင်းကျန့် ခင်များက ဘယ်လိုလုပ် ဒီကိုရောက်"
မသိခြင်ထောင်ထောင်တဲ့ အကွက်မှာ ရှောင်းကျန့်က ပျော်ပျော်ကြီး လိုက်ပါပေးသည်။
"အာ ကိုယ့်ရဲ့ ရုံးက ဟိုး အဆောက်အအုံထဲမှာလေ ရိပေါ်ရဲ့"
ရှောင်းကျန့် လက်ညှိုး ညွှန်ရာကို လိုက်ကြည့်ရင်း ရိပေါ်က တစ်ခါမှ မကြားဖူးသည့် စကားအား ကြားနေရသလို အံ့သြဟန်ဖြင့် ပါးစပ်လေးကို စက်ဝိုင်း သဏ္ဍာန် ဝိုင်းစက်ထားသည်။
"အော် ကျွန်တော် အကကျင့်နေရင်း ငြီးငွေ့လာလို့ ကားပတ်မောင်းနေတာ ဒီထိရောက်လာတာပဲ။
ခင်များကို ဒီမှာတွေ့ရမယ်လို့တော့ ဘယ်ထင်မလဲ"
ရိပေါ် အစကတည်းက အတည်လိမ်နေတာဆိုပေမယ့် ဘဝင်မကျသလို မျက်မှောင်ကုတ်ကာ စိုက်ကြည့်နေသည့် ရှောင်းကျန့်ကြောင့် နေရခက်လာသည်။
အဲ့လိုနဲ့ သိက္ခာက ကောက်စရာမရှိအောင် ကျတော့မှာမလား။
"မတော်တဆတွေ့တာပါဆို ။
ဘယ်သူက လိမ်နေလို့ အဲ့လို လာကြည့်နေရတာလဲ"
မလုံမလဲ မလို့ အသံမြှင့်ကာ ဆိုလိုက်ရပေမယ့် သူ့ပုံက စူပုတ်ပုတ်ဖြစ်နေမှာကိုလည်း စိုးရပါသေးသည်။
"အခုထိ အကကျင့်နေတာလား အနားမယူပဲလေ"
"ဟမ်"
"ဘာစားပြီးပြီးလဲ"
"ရှောင်းကျန့်က ကျွန်တော့်ကို တွေ့တိုင်း စားဖို့ပဲ ပြောနေတော့မှာလား"
ရှောင်းကျန့်က ရှက်ရမ်းရမ်းဖြင့် ဂုတ်အား လက်ဖြင့် ပွတ်သက်နေသည်။
လက်ထဲ ဆွဲကိုင်လာသည့် ခေါက်ဆွဲခြောက်ထုပ်တွေကို အခုမှ သတိထားမိတာမလို့ ရိပေါ်က ရှောင်းကျန့်ကို တစ်လှည့် ခေါက်ဆွဲခြောက်ထုပ်တွေကို တစ်လှည့် အပြန်ပြန် ကြည့်နေသည်။
ရိပေါ်ရဲ့ မျက်စိ ကစားရာကို လိုက်ကြည့်မိသည့် ရှောင်းကျန့်က သဘောပေါက်သွား ဟန်ဖြင့် အချက်ကျကျ ရှင်းပြခြင်းကို စတင်သည်။
"အာ အလုပ်တွေ မပြတ်သေးတာ ။
ညစာစားဖို့ကလည်း အချိန်လင့်နေတော့ ခေါက်ဆွဲပဲ ပြုတ်စားမလို့"
မြှောက်ပင့်ပြလာသည့် ခေါက်ဆွဲထုပ်အစား ရိပေါ် ရှောင်းကျန့်ကိုသာ ငေးကြည့်နေမိသည်။
ပူပန်ပေးတတ်တဲ့အခါ။
အနက်ဆုံးထိ တူးဆွချင်တဲ့အခါ။
'ဒီ လူသားက အရမ်းထူးခြားတယ်။
ပျော့ညံ့လိုက်လဲဖြစ်တယ်။
ပြိုကျလိုက်လဲ ဒီလူကတော့ ဖမ်းပေးထားလောက်တယ်လို့ တွေးမိတဲ့အထိ ထူးခြားတယ်'
"တခြားဟာ တစ်ခုခု စားကြရအောင် ကျွန်တော်လည်း ဘာမှ မစားရသေးလို့"
တစ်နေ့စာအတွက် ကယ်လိုရီ ချိန်စားရတဲ့ ရိပေါ်အနေနဲ့ ပိုစားမိတဲ့အခါ တကယ် ဒုက္ခရောက်လိမ့်မယ်။
ဒါပေမယ့် အချိန်ပိုကြာအောင် အတူရှိစေမယ့် တခြားနည်းလမ်းတစ်ခု ရှာမတွေ့ခဲ့ဘူး။
တကယ်ပဲ ရိပေါ် ဘာတွေ လုပ်မိနေတာပါလိမ့်။
ဆိုင်အတွင်း လူခြေရှင်းနေတာ သိပ်နာမည်မရှိလို့လဲ ဖြစ်နိုင်သလို အရမ်း မိုးချုပ်နေလို့လည်း ဖြစ်နိုင်သည်။
သံစားပွဲဝိုင်းနဲ့ ပလက်စတစ်သောက်ရေခွက်တွေ ။
အနောက်မှာ ချက်ပြုတ်ပြင်ဆင်နေတာလဲ အဘွားအို တစ်ယောက် ဖြစ်သလို စားပွဲလာထိုးတာလည်း ထိုအဘွားအိုပဲ။
ရှောင်းကျန့်က ပလက်စတစ်ခွက်ထဲ ရေငှဲ့ထည့်လို့ ရိပေါ်ရှေ့ချပေးသည်။
"ဘာစားမလဲ "
ကတ်ထူးထဲ ချရေးထားသည့် ဟင်းအမယ်တွေကို ကြည့်ရင်း ရိပေါ် ခေါင်းတွေ မူးနောက်လာသည်။
"ရှောင်းကျန့် ကောင်းမယ်ထင်တဲ့ဟာပဲ မှာလိုက်ပါ"
ထိုအခါ ရှောင်းကျန့်က သူစားနေကျ ခေါက်ဆွဲကို နှစ်ပွဲ ချပေးရန်ပြောတော့ အဘွားအိုက နောက်ဆက်တွဲ ရှောင်းကျန့်မှာနေကျအတိုင်းသံယောင်လိုက်သည်။
လက်စသက်တော့ ဖောက်သည်ဆိုင်ကို။
"အရည်များများ အသားပိုထည့်ပေးပြီး နံနံပင်ရှောင်မယ်ဟုတ်"
အဘွားအိုရဲ့ အပြောကို ရှောင်းကျန့်က ပြုံးတုံ့တုံ့ တုန့်ပြန်ပြီး
"နံနံပင် များများထည့်မယ် အဘွား"
အဘွားဟာ ရုတ်တရက် နားမလည် ဟန်ဖြစ်သွားပေမယ့် စားပွဲခုံကို တစ်ရှူးဖြင့် ထပ်လာထပ်ခါ သုတ်နေသူ ရိပေါ်ကို မျက်စပစ်ပြတော့ သဘောပေါက်စွာ အနောက်စီသို့ အမြန်ပြန်ထွက်သွားသည်။
"ကိုယ်ကျောင်းတတ်ကတည်းက ဒီမှာ စားတာ ။
အရမ်း ကြိုက်တာ။
တကယ် စားလို့ကောင်းတယ်"
ခေါင်းငြိမ့်ပြကာ ထောက်ခံလို့ ခနအကြာမှာ အငွေ့တထောင်းထောင်းဖြင့် ပန်းကန်းနှစ်ခွက်ဟာ ကိုယ်စီ ရှေ့သို့ရောက်လာသည်။
အငွေ့မသေခင် တဟူးဟူး မှုတ်လို့ ရှောင်းကျန့်က အားရပါးရစားနေပေမယ့် ရိပေါ် ပြည့်လျှံနေသည့် ပန်းကန်အားကြည့်ရင်း အခက်တွေ့ရသည်။
အမြည်း သဘောမျိုးဖြင့် တစ်ဇွန်းစားလိုက်တာဆိုပေမယ့် ရှောင်းကျန့်ပြောသလို ကောင်းလွန်းသည့် အရသာကြောင့် အလုတ်ခပ်ကြီးတွေက ပါးစပ်ထဲ ဆက်တိုက်ဆိုသလို။
ပန်းကန်ထဲ ကုန်လုနီးနီး ခေါက်ဆွဲနဲ့အတူ ပြည့်တင်းသွားသည့် ရိပေါ် အစာအိမ်က အောင့်မျက်မျက် ဖြစ်လာသည်။
အများကြီး စားမိသွားတာမလို့ ပူထူလာသည့် စိတ်သောက။
"ရှောင်းကျန့် သန့်စင်ခန်း ခနသွားလိုက်ဦးမယ်"
ပိုက်ဆံရှင်းဖို့ ပြင်နေသည့် ရှောင်းကျန့်က သူလိုက်ပို့ပေးမည်ဟု ဆိုပေမယ့် ငြင်းဆန်ကာ အဘွားအား နေရာမေးလို့ တစ်ယောက်ထဲ ထွက်လာလိုက်သည်။
"ဝေါ့ "
အာခေါင်ကို လက်နှင့်ထိုးလို့ ပြန်အန်ထုတ်ရသည်မှာ အတော်ကို ဆိုဝါးသည့် ဝေဒနာမျိုး။
နာကျင်မှုကြောင့် မြင်လွှာထက် မျက်ရည်ကြည်များဝေ့လာသည်။
တံခါးလက်ကိုင်ကို ဆုပ်ကိုင်အားပြုထားသည့် လက်များက တုန်ရင်လို့။
အာခေါင်းကို ထိုးကလော်ဖို့ သွားချွန်ချွန်တို့ဖြင့် ခြစ်မိသည့် လက်ဆစ်၏ အရေပြားတို့ဟာ စုတ်လန်နေသည်။
အားပြင်းပြင်းနဲ့ ဆွဲဖွင့်လိုက်တဲ့ တံခါးချပ်မှာ ယိုင်တိုင်ယိုင် ရိပေါ်ရဲ့အားက မခုခံသာ။
ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးနေသည့် အထိအတွေ့ကြောင့် ရိပေါ် အားကုန် တွန်းကန်နေပေမယ့် ခွင့်မပြု။
"အားရအောင် အန်ပြီးရင် ကိုယ် အခုဝယ်လာတဲ့ အစာအိမ်ဆေး သောက်လိုက်နော်"
"ဟင် ရှောင်းကျန့် "
လျှပ်တပြတ် လှည့်ကြည့်မိတဲ့အခါ စိုးရိမ်ဟန်နဲ့ ရှောင်းကျန့်က ရိပေါ်အား စူးစိုက်လို့ကြည့်နေသည်။
ထိတ်လန့်မှုတွေနဲ့ ရိပေါ်ရဲ့ မျက်ဝန်းတွေထဲထိ စုံအောင် ကြည့်နေရင်း
ထို့နောက် အကြည့်တို့ကို အောက်သို့လွှဲလို့ နီရဲသွေးစို့နေသည့် လက်ညှိုး၏ လက်ဆစ်ကွေးထံသို့။
"ကျွန်တော်....."
"အစားအများကြီး စားမိတိုင်း ဒီနည်းသုံးတာ အစာအိမ်အတွက် မကောင်းဘူး။
မင်းကို ထိခိုက်လိမ့်မယ်"
လက်ဆစ်က ပွန်းပဲ့ရာ ကတစ်ဆင့် ပါးပြင်ပေါ်က ရှရာအား အစုန်အဆန် ကြည့်ရင်းဆိုသည်။
"အဆင်ပြေပါတယ်။
ကျွန်တော့်ကို ထိခိုက်တာက ဘဲလေးကို မထိခိုက်ရင် ရပြီပဲ"
နှစ်ဦးကြား အခြေအနေဟာ ကသိကအောက် ဖြစ်စရာ။
"တစ်သက်လုံး အမြဲ ချင့်ချိန်ပဲစားဖူးတာမလား။
အခုလို ပြန်အန်ထုတ်ဖူးတာ ပထမဆုံးပဲမလား"
အံ့အားတသင့် ရှောင်းကျန့်အား မေးခွန်းထုတ်ချင်စွာ ပြန်ကြည့်မိတော့ စတွေ့ချင်းကလို အရာအားလုံး နားလည်သဘောပေါက်သည့် ပုံမျိုးဖြင့် ပြုံးနေသည်မှာ မုန်းစရာ။
ဒီလူသားက တကယ်ပဲ ရိပေါ်ရဲ့ ဘဝ အစိတ်အပိုင်းမှန်သမျှ ဖော်ထုတ်ပစ်မှာလား။
အတွေးကြောင့် ခက်ထန်သွားသည့် မျက်နှာထား။
ရင်ထဲ မီးမြှိုက်ခံလိုက်ရသလို ဗလောင်ဆူသွားရသည်။
ရုတ်တရက် အေးခဲသွားသည့် အခြေအနေကို ရှောင်းကျန့်လိုက်မမီစွာ။
"ပထမဆုံး သိလိုက်ရတဲ့ အမှန်တရားလား"
ရိပေါ် အပြောကြောင့် ပါးနပ်သည့် ရှောင်းကျန့်က နားလည်သလောက်ရှိပြီ။
အပြောင်းအလဲ မြန်သည့် ရိပေါ်ကိုလည်း အံ့သြ၍ မဆုံး။
"အင်း ပထမဆုံးသိတဲ့ အမှန်တရားပဲ။
ဝမ်ရိပေါ်က တစ်သက်လုံး ခုထိ စားချင်တာတွေ မစားခဲ့ရဖူးဆိုတာ "
"ဖျက်စီး ပစ်မှာ။
တစ်ခုသိရင် ရှောင်းကျန့် နှစ်သက်တာ တစ်ခုကို ပြန်ဖျက်စီး ပစ်မှာလို့ ပြောပြီးသား"
ရှောင်းကျန့် မီးနဲ့ရေလို ကွဲပြားသွားတဲ့ အနေအထားအတွင်းမှာ အလိုက်သင့်ဖြစ်အောက် မနည်းလိုက်ယူနေရသည်။
ဝမ်ရိပေါ်မှာ ဘယ်လို ပုံစံတွေ ရှိနေသေးတာလဲ။
"ဒီဆိုင်က ခေါက်ဆွဲကို ကြိုက်တာလား။
ဖျက်စီးပစ်မယ်။
နောက်တစ်ခု သိရင် နောက်တစ်မျိုး
ဘာမှ မကျန်အောင် ဖျက်စီး ပစ်မှာမလို့ မသိချင်ပါနဲ့!! "
စိတ်ပျက် ရွံရှာသွားလိမ့်မယ်။
ဒေါသတကြီး အော်ဟစ် စွန့်ခွာသွားလိမ့်မယ်။
ရိပေါ် အမျိုးမျိုးသော ကျန်ရစ်မှုမျိုးနဲ့ စိတ်ကူးကြည့်လို့ မျက်ဝန်းတွေကို မှိတ်ချလိုက်သည်။
ပါးပြင်းပေါ်က ဒဏ်ရာကို ညှင်သာစွာ ပွတ်ဆွဲကြည့်လာသည့် လက်မ။
အလန့်တကြား မျက်လုံးတွေဖွင့်ကြည့်လိုက်မိတာ နီးကပ်လွန်းတဲ့ ထိုလူသားကြောင့် အန္တရာယ်များတဲ့ ကျော့ကွင်းတစ်ခုထံ ညွတ်တိမ်းမိလုဆဲ။
"ဝမ်ရိပေါ်က အသည်းယားစရာ ကောင်းအောင်ကို ဆိုးသွမ်းနေတော့တာပဲ"
မျက်ဝန်းတွေဟာ ညှို့ငင်ထားရာမှ သက်ညှာပေးဖို့ စိတ်ကူးမရှိ။
တိမ်စိုင်ပေါ် ပြေးလွှားရသလို လှိုက်မောရသည်။
တရှိန်းရှိန်း ပူထူနေတဲ့ မျက်နှာပြင်
အခု ဝမ်ရိပေါ်က ရှက်သွေး ဖြာနေတာတဲ့လား။
ဝမ်ရိပေါ်ကလေ။
'အက်ကြောင်း အပြည့်နဲ့ ဖန်တစ်ချပ်မလို့ အကျည်းတန်လှတယ်။
အလောတကြီး ခြေစုံပစ်ဝင်တဲ့အခါ နှလုံးသားထဲထိ ရှင်သန်ဖို့ မရဲဝံ့ခဲ့ဖူး။
ဆက်ရမယ့် ခရီးဟာ အောက်ခြေမရှိ တွင်းနက်မလို့ ရှောင်းကျန့် ခင်များနဲ့တော့ ခရီး မဆက်လိုဘူး'
~~~~~~~~~~~
ညဥ့် အတော်နက်မှ အိမ်သို့ ပြန်ရောက်သည်ဆိုပေမယ့် အိမ်တော်ထိန်းကြီးက အခန်းထွက်မှ ထွက်လာလို့ ကြိုသည်။
"အရမ်း နောက်ကျနေတာကို မနားသေးဘူးလား".
"သခင်လေးကို စောင့်နေတာပါ"
ပင်ပန်းနေပုံရသည့် အိမ်တော်ထိန်းကြီးကြောင့် ဘာမှ ဆက်မပြောတော့ပဲ အခန်းဘက်သို့ ဆက်လျှောက်လာရာ နှာခေါင်းအတွင်းသို့ တိုးဝင်လာသည့် ရနံ့တစ်ခုကြောင့် နှာခေါင်းတရှုံ့ရှုံဖြင့် လိုက်ရှာနေမိသည်။
"ဘာလို့ပါလဲ သခင်လေး။"
"အင်း အနံ့တစ်ခုခု ရလား စိမ်းရွှင်ရွှင် အနံ့လို"
ရိပေါ် စကား မဆုံးခင် အိမ်တော်ထိန်းကြီးက ကိုယ်ကို အနောက်သို့ ရို့လိုက်သည်။
"ကျွန်တော် နေ့လည်က အလုပ်တွေ လုပ်ပြီး ရေမချိုးမိလိုက်လို့နေမယ် ။
နေမကောင်ဖြစ်ချင်သလို ဖြစ်နေတာနဲ့"
ရိပေါ် အနားနေတိုင်း အိမ်တော်ထိန်းကြီးဟာ ရေမိုးချိုးလို့ ရေမွှေးတစ်မျိုး စွတ်ထားစမြဲ။
များများစားစား တွေးမနေချင်တော့သည့် ရိပေါ်က ကိုယ်နံ့လို့ပဲ မှတ်ယူလို့ အခန်းအတွင်း ဝင်လာခဲ့လိုက်သည်။
တစ်စုံတစ်ခုဆိုရင်တောင် ရိပေါ်အနေနဲ့ တားဆီးဖို့ အင်အားရှိမနေ။
အိပ်ရာထဲ ဟိုလှိမ့်သည်လှိမ့်နှင့် ရိပေါ်၏ သွေးသားတို့က အိပ်မောကျလိုက်ဖို့ ငြင်းဆန်နေသည်။
"အားးးး"
ခြေထောက်တွေကို မိုးပေါ်ထောင်ကာ ကန်ကျောက်လို့ ညစ်ညူးစွာ အော်ဟစ်လိုက်မိသည်။
အတွေးထဲ ဝင်လာသည်က ပါးပြင်ပေါ်က အထိအတွေ့ရယ် ကလူကျီဆယ်သံနဲ့
'ဝမ်ရိပေါ်က အသည်းယားစရာ ကောင်းအောင်ကို ဆိုးသွမ်းနေတော့တာပဲ'
ဆိုတဲ့ ရှောင်းကျနိ့ အသံကြီးရယ်။
"ရူးးတော့မှာပဲ"
ဆံပင်တွေကိုထိုးဖွလိုက်လို့ ငုတ်တုတ်ထထိုင်မိပြန်သည်။
အရေးမပါလိုက်ပုံများ။
ဒီလို အချိန်အခါမျိုးမှာ ရင်တွေဟာ ခုန်ပေါက်နေခဲ့တယ်တဲ့။
ရောင်နီက ထွက်စပြုလာသည်ကို မှန်ပြတင်းပေါက်ကနေ မြင်နေသည်။
ဆက်လုပ်ရမယ့် အလုပ်တွေက များလွန်းတယ်။
ခံစားချက်တွေ မျက်ကွယ်ပြုဖို့ ထိုက်တန်လွန်းတဲ့အထိ Onsra ကိုတော့ မက်မောရတာမလို့ ဘဲလေး အကသမား ဝမ်ရိပေါ်ဟာ အထီးကျန်စွာ နိုးထရဦးမှာပါ။
~~~~~~~~~~~~~~~
"အသစ်ရောက်တဲ့ တစ်ယောက် စောင်တွေပြီးရင် လှန်းလိုက်နော်"
"အသစ်ရောက်တဲ့ တစ်ယောက် ပန်းအိုး နင်လဲဖို့ တာဝမ်ကျတာနော် ပန်းတွေ အသင့်ဖြစ်နေပြီလား"
မနက်နိုးကတည်းက အက်ကြောင်းထပ်နေသည့် ခေါ်သံကြောင့် ယန်း ငိုချချင်လာပြီ။
မနေ့ကမှ အလုပ်ဝင်သည့် ယန်း အတွက် ပတ်ဝန်းကျင်ဟာလည်း စိမ်းသက်နေသလို အသစ်ဆိုရင် ဖိနှိပ်ချင်ကြသည့် စီနယာများကြောင့် မအားနိုင်။
တစ်စုံတစ်ရာ လွဲမှားခဲ့ရင်လည်း ပိုးစိုးပက်စက် အငေါက်အငမ်းခံရတာမလို့ ချက်ချင်း ပြန်ထပြေးလိုက်ချင်ပေမယ့် လက်တွေ့တွင်တွေ့ ဟုတ်ကဲ့ တစ်လုံးဖြင့်သာ သိမ်းကျုံးလုပ်ပေးနေရသည်။
ဝမ်အိမ်တော်ရဲ့ သခင်လေးဟာ တကယ့်ကို အသည်းမဲ့ပြီး ရက်စက်တတ်တယ်လို့ သတင်းမွှေးပေမယ့် မက်လောက်စရာ လုပ်အားခမှာ ကြောက်တတ်ပေမယိ့ ငွေမက်သည့် ယန်းဟာ အလုပ်ဝင်ဖြစ်ခဲ့သည်။
"ယန်း စတိုခန်းထဲက စားပွဲခင်း အသစ်လေးတွေ ထုတ်ပေးခဲ့ပါဦး"
မီးချောင်ထဲ ကူညီဖို့ တာဝန်ယူထားသည့် အသက်ကြီးကြီး အန်တီကြီးရဲ့ တောင်းဆိုမှုကြောင့် ယန်း မသိမစမ်းဖြင့် စတိုးခန်းလို့ ထင်ရသည့် အခန်းတစ်ခုအတွင်း ရောက်ရှိနေသည်။
အခန်းအပြည့် စင်အမြင့်ကြီးတို့ စီတန်းထားသည့် အကန့်တစ်ခုချင်းစီ လိုက်လံရှာဖွေကြည့်ပေမယ့် စားပွဲခင်းနှင့် တူသည့် အရာ ပိတ်စတစ်စတောင် မတွေ့မိတဲ့အခါ အခန်းအတွင်းထဲရောက်သည်အထိ အရဲစွန့်လျှောက်လာမိသည်။
"အာ ဒီမှာပဲ တွေ့ပြီ "
အထပ်လိုက်စီထားသည့် စားပွဲခင်းတွေထဲမှ တစ်ထည်ကို ဆွဲထုတ်လို့ ပြန်အထွက် မျက်နှာပြင်ထက် ကျရောက်လာသည့် အလင်းရောင်ပြန် တစ်ခုကြောင့် အလင်းအရင်းခံရာသို့ တိုးကပ်ကာ သွားကြည့်လိုက်မိသည်။
နံရံကြားထဲ လှစ်ဟနေသည့် ကြားတစ်ခုအတွင်းမှ ထိုအလင်းဟာ ထိုးထွက်လျက်ရှိသည်။
မျက်လုံးအပ်လို့ ထိုအပေါက်မှ အတွင်းသို့ ချောင်းမိသည့်အခါ ယခု အခန်းနှင့်နည်းတူ စင်အချို့ကို ဝေဝေဝါးဝါး မြင်ရသည်။
"ဘာလဲဟ အခန်းထဲမှာ နောက်အခန်းတစ်ခု ရှိနေသေးတာလား"
နောက်တစ်ခေါက် ထပ်ချောင်းဖို့ နံရံပေါ် လက်ထောက်အားပြုလိုက်တာဆိုပေမယ့် နိမ့်ဆင်းသွားသည့် နံရံချပ်နှင့်အတူ စောနက အခန်းရှေ့ သူမဟာ ရောက်နေနှင့်ပြီ။
"အာ့ အနံ့က ဆိုးလိုက်တာ။
ဘာတွေလဲဟ ။
အနံ့တွေကို ရှူရှိုက်လိုက်တာနဲ့ သူမဟာ မူးဝေလာသည်။
ကလီစာတွေကို ချေမွှနေသလို ခံစားရကာ ခံတွင်း အတွင်းမှ သွေးအရသာကို ခံစားရသည်။
သူမပုခုံးပေါ် လက်တစ်ဖက် တင်လိုက်သလို ခံစားရလို့ လှည့်ကြည့်လိုက်ပေမယ့် သူမရဲ့ အမြင်အာရုံဟာ ဝေးဝါးဝါးသာ။
ဆောင့်တွန်လိုက်တာမလို့ ကြမ်းပြင်ပေါ် ပစ်စလတ်ခတ် လဲကျသွားသည်။
ဆဲရေးတိုင်းထွာသံ အချို့ကို ကြားနေရပေမယ့် သူမဟာ စကြဝဠာ အပြင်ဘက်သို့ ဆွဲထုတ်ခံလိုက်ရပြီ။
မနက်စာစားဖို့ လှေကားက ဆင်းလာတဲ့ လမ်းတစ်လျှောက်လုံး ဗလာကျင်းနေသည့် ပန်းအိုးတွေကြောင့် စိပေါ် စိတ်တွေဟာ နောက်ကျိလာသည်။
"အလုပ်သမားတွေ လူစုလိုက်"
ဘာများအမှား လုပ်မိပြန်ပြီလဲလို စိုးထိတ်စိတ်တွေနဲ့ အလုပ်သမားတွေက တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း မျက်နှာတွေ အပျက်ပျက် အယွင်းယွင်း။
တုန်ရင်နေသည့် လက်တွေကို ထိန်းချုပ်ဖို့ အတွက် လက်အချင်းချင်း သွယ်ယှက်ထားသည်။
"ပန်းအိုးထဲမှာ ဘာလို့ ဘာမှ ရှိမနေတာလဲ ။
ဒီနေ့ ပန်းအိုး ထိုးဖို့ တာဝန်ကျတာဘယ်သူလဲ"
ဇဝေဇဝါဖြစ်နေကြသည့် အလုပ်သမားများက တစ်စုံတစ်ရာကို ပြောသင့် မပြောသင့် ချင့်ချိန်နေဟန်။
"အခုချက်ချင်း မပြောသေးဘူးလား!!!"
"ယန်း ပါ။
မနေ့ကမှ အသစ်ရောက်တာမလို့ အမှားအယွင်း ဖြစ်တယခ ထင်ပါတယ်။"
"အခု ယန်းက ဘယ်ရောက်နေတာမလို့ မင်းက အစားဝင်ဖြေပေးရတာလဲ"
"မနက် ကတည်းက ပျောက်နေတာပါ။
တစ်နေရာရာမှာများ အိပ်နေတာလား မသိတာမလို့ လိုက် ရှာကြည့်လိုက်ပါ့မယ်"
"မင်းတို့တွေက အသစ်ကို သင်ပြမယ်မရှိပဲ ဘာတွေလုပ်နေကြတာလဲ"
ရိပေါ် ဒေါသတကြီး ဆက်လက် ဆူပူဖို့ ပြင်လိုက်ပေမယ့် အနောက်မှ ရောက်နေသည့် အိမ်တော်ထိန်းကြီးရဲ့ သတင်းစကားကြောင့် ဝမ်းပန်းတသာ။
"သခင်လေး ဆေးရုံက ဖုန်းဆက်လာပါတယ်။
Clara သတိပြန်လည်လာပြီတဲ့"
"ဟုတ်လား အိမ်တော်ထိန်းမင် ကားအသင့်ပြင်လိုက်ပါ ။
ကျွန်တော်တို့ သွားတွေ့ကြရအောင်"
ရိပေါ် အနေနဲ့ ဒီကိစ္စမျိုး လုပ်လေ့မရှိပေမယ့် ခြေထောက်ဆုံးရှုံးထားသည့် ဘဲလေးအကမယ် တစ်ယောက် အပေါ် သနားကရုဏာသက်မိတာကြောင့်သာ။
"သခင်လေး ကိုယ်တိုင် သွားဖို့ မသင့်တော့ ပါဘူး"
"မဟုတ်ဘူး။
သူမ swan queen တသ်ယောက်ပါ။
ကျွန်တော် သွားဖို့ သင့်တော်တာထက်ပိုပါတယ်။"
ကုတင်ပေါ်တွင် လှဲလျောင်းနေသည့် Clara အနား မည်သူမှ မရှိ ။
"စောနကထိ ငိုယို ပြဿနာရှာပြီ အခုမှ အိပ်ပျော်သွားတာပါ"
ဆရာဝန်ရဲ့ ပြောဆိုချက်အရ Clara ဟာ လက်တွေ့ အခြေအနေကို လက်သင့်မခံနိုင်ပုံပါပဲ။
တစ်ကောင်ကြွက် Clara ဟာ ဝမ်ရိပေါ်နည်းတူ အသိမခံနိုင်သည့် ဘဝ အစိတ်အပိုင်းအချို့ကို ဖုံးကွယ်လို့ ရှင်ငန်နေထိုင်သည်။
Swan Queen အဖြစ်လောကကြီးရဲ့ အမြင်ကို ပြောင်းလဲလိုသူပေါ့။
ဆေးပိုက်ရာ ဗလပွဖြငိ့ Clara ရဲ့ လက်ကို ဘေးရှိ ရေဝတ်တစ်ခုဖြင့် ပွတ်တိုက်ပေးနေရာမှ Clara က လူးလွင့်၍ နိုးလာသည်။
ရိပေါ်ကို မြင်မြင်ချင်း သရဲ တစ်ကောင်ကို တွေ့မြင်လိုက်ရသလို ထိတ်လန့်သွားသည့် Clara က မျက်လုံးကြီးတွေ ပြူးကျယ်လာသည်။
မြန်ဆန်နေသည့် နှလုံးခုန်သံကြောင့် စက်တွင်ပေါ်နေသော လှိုင်းတွန့်တွေဟာ ယောက်ယက်ခတ်နေသလို ထိုးကျသွားသည့် အောက်စီဂျင်ကြောင့် သူမဟာ အသက်ရှူရခက်ဟန်။
"ဆရာ ဝမ် ရိ ပေါ် မ လာ နဲ့။
ထွက် သွား!!!"
ရုန်းကန်အော်ဟစ်နေသည့် သူမကို ဆရာဝမ်နှစ်ယောက်က လျုပ်ကိုင်ထားသည်။
အရူးတစ်ယောက်လို ပုံပျက်ဆင်းပျက်ဖြစ်နေသည့် သူမကြောင့်
ရိပေါ် စိတ်မကောင်း။
"ဘာလို့ လုပ်ရက်ရတာလဲ"
ဆက်လို့ ရုန်းမကန်တော့သည့် သူမက ဘာအတွက် သည်မေးခွန်းကို ထုတ်သည် မသိ။
"ဘာလို့လဲ ဘာလို့လဲ"
ဒေါသကြောင့် သူမ မျက်ဝန်းတွေဟာ ပေါက်ထွက်မတတ်ရဲ့နေသည်။
ထိုမေးခွန်းကို ထပ်ခါထပ်ခါမေးနေပေမယ့် ဘာကို ဆိုလိုချင်မှန်းနားမလည်။
"ဘာကို ပြောချင်တာလဲ"
Clara က မျက်ရည်တွေ ရွှဲနစ်နေသည့်ကြားက ကျယ်လောင်စွာ အော််ရယ်။
"ဟားး ဟားး ဟားး ။
အရှူံးသမား နင် ဘာလို့ ငါ့ခြေထောက်တွေကို ဖျက်စီးပစ်ရတာလဲ။
ငါ့အဖေက လူသတ်ရာဇဝတ်ကောင်ဆိုတာ နင်သိနေတယ်။
အာ့ကြောင့် တန်ရာမမှန်းတဲ့ငါကို ပညာပေးချင်တာလား။
ငါ အရမ်း လက်တွေ့ဆန်တဲ့ အိမ်မက်တစ်ခု မက်ခဲ့တယ်။
ငါခြေထောက်တွေက သုံးမရတော့ဘူးတဲ့။
ငါ ဘဲလေး ဘဝက သေဆုံးသွားပြီးတဲ့။
နင်သတ်လိုက်တာ ။
နင် သတ်လိုက်တာ။"
အရူးတစ်ယောက်လို စွတ်စွဲ။
အရူးတစ်ယောက်လို အော်ငိုပြန်တယ်။
"အိမ်မက်မဟုတ်ဘူး။
တကယ်ပါ။ နင့်ခြေထောက်တွေ ကြေမွသွားတာ နင်ဘဲလေးဘဝ က သေဆုံးသွားပြီ"
လောကကြီးကို အရွဲ့တိုက်လို့ ကြီးပြင်းခဲ့တဲ့ ရိပေါ်က ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ဘူး။
မထီသလို မဲ့ပြုံးမှာ Clara က အော်ဟစ်ငိုနေပြန်ပါပြီ။
Culprit
'ထို တရားခံက နာကျည်းစွာဆိုတယ်။
"ကျူးလွန်မိတာဆိုလို့ အများကြီး ရိုးသားခဲ့မိတာပဲ။" တဲ့
TBC♡
Culprit
စိတ္ရဲ႕ အေမွာင္ထုဟာ ကူးစက္ေရာဂါလို ပ်ံ့ႏွံ႕သြားသည္။
စြဲတစ်ပိုင်းခ်က္ေတြနဲ႕ လႊမ္းၿခဳံသြားတဲ့ ဝိဥာည္၊
မုသားေတြ ဝါးၿမိဳသြားလိုက္တာ အမွန္တရားတို႔ က်ဆဳံးခန္းတိုင္တဲ့အထိ။
တစ္စုံတစ္ေယာက္
ဆႏၵရွိရင္ ယုံၾကည္ေပးပါ...
ငါဟာ အျပစ္မဲ့တဲ့ တရားခံ ။
~~~~~~~~~~~~~
အလုပ္ခ်ိန္ေက်ာ္လြန္သြားၿပီးမလို႔ အေမွာင္ခ်လိဳက္သည့္ အေဆာက္အအုံအတြင္းမွ အလွ်ိုလွ်ို ထြက္လာၾကသည့္ အိမ္ျပန္ဖို႔ တက္ႂကြေနၾကေသာ အကသမားနဲ႕ ဝန္ထမ္းေတြ။
လုံၿခဳံေရး ကင္မရာကေန လူအုပ္ႀကီးကို ေစာင့္ၾကည့္ေနတဲ့ ညေစာင့္ ဦးေလးႀကီးက အေဆာက္အအုံအတြင္းရွိ လူေတြအားလုံး ကုန္သြားမယ့္ အခ်ိန္ေလာက္ထိ ေကာ္ဖီမစ္တစ္ထုတ္ကို ေဖ်ာ္ေသာက္ရင္း ခနေလာက္ ေစာင့္သည္။
တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးသြားသည့္ အခ်ိန္ေတြမွာ ငိုက္ျမည္းခ်င္သလိုလာတာမလို႔ တာဝန္က် ညေစာင့္က ဓါတ္မီးတစ္လက္ ထိုးရင္း တစ္လႊာခ်င္းစီက အကခန္းေတြအား လိုက္စစ္ေဆးျခင္းအမႈကို သာမန္ေန႕ေတြထက္ေစာလို႔ စတင္သည္။
"ေစာေစာၿပီး ေစာေစာ အိပ္လို႔ရတာေပါ့ကြာ"
တိတ္ဆိတ္ၿငိမ္သတ္ေနသည့္ အခန္းေတြအတြင္းကို ဟိုဟိုဒီဒီ ဓါတ္မီးျဖင့္ထိုးကား စစ္ေဆးေနရင္း တတိယေျမာက္ အခန္းထိ သာမန္ကာ လွ်ံကာ ျဖတ္ေလွ်ာက္ခဲ့ေပမယ့္ စတုတၳေျမာက္အခန္းနား မေရာက္ခင္ နားထဲသို႔ အလုံးအရင္း ဝင္လာသည့္ ေျခသံလို တရွပ္ရွပ္ျဖတ္ေျပးေနသည့္ အသံေၾကာင့္ အိပ္ခ်င္စိတ္တို႔ဟာ အေဝးသို႔ ေမာင္းထုတ္ခံလိုက္ရသည္။
ယိုင္တိုင္တိုင္ေျခလွမ္းတို႔ဟာလည္း တသမတ္တည္း ရပ္တန့္သြားရၿပီး ဓါတ္မီးအား ဆုပ္ကိုင္ထားသည့္လက္မွာ တုန္ရင္လာသည္။
ထိုအခန္းနားသို႔ နီးကပ္လာေလ ၾကမ္းျပင္ေပၚ ရွပ္တိုက္ေျပးလႊားေနသည့္ ေျခသံေတြက ပိုက်ယ္ေလာင္ေလာင္လာေလ။ ေလွ်ာက္လမ္းေပၚ တေျပညီက်ေရာက္ေနသည့္ ဓါတ္မီး အလင္းေရာင္ကို ဦးတည္ရာမရွိ ေတာင္ေရာက္ ေျမာက္ေရာက္ ေလွ်ာက္ထိုးေနရင္း အခန္းျပတင္းမွန္နားသို႔ တိုးကပ္လိုက္ကာ အခန္းအတြင္းထဲသို႔ မဝံ့မရဲ ၾကည့္လိုက္မိသည္။
'သူတစ္ေခါက္ ဘာမွမျဖစ္ခဲ့ရင္ တကယ္ ဒီ အလုပ္က ထြက္ေတာ့မယ္။'
ေၾကာက္စိတ္နဲ႕အတူ အာ႐ုံေၾကာတို႔ကို ျပင္းထန္စြာ လႈံေဆာ္လိုက္တာဆိုေပမယ့္ လက္ေတြ႕ ျမင္ေတြ႕လိုက္ရတာက အလွတရားတစ္ခု။
လူေယာင္အသြင္ယူထားတဲ့ ငန္းျဖဴတစ္ေကာင္လား ဒါမွမဟုတ္ ဆီးႏွင္းလႊာကို ေဖာက္ထြင္း ထုဆစ္ထားတဲ့ ဖေယာင္း႐ုပ္ႂကြမ်ားလား။
မွန္ျပတင္းဆီက ျဖာက်ေနတဲ့ လေရာင္ရဲ႕အေထာက္အပံ့ေအာက္ မွာ သြယ္လ်လ်လက္ႏွစ္သြယ္ကို အေတာင္ပံေတြလို ျဖန့္က်က္ထားပုံကစလို႔ အသက္ရႉသံအဆုံး ဒ႑ာရီတစ္ပုဒ္ထဲ ပ်ံသန္းရသလို စြဲလမ္းဖြယ္။
အပို အသုံးအႏႈန္းေတြနဲ႕ သြယ္ဝိုက္ေနတာမ်ိဳး မဟုတ္ပဲ ဘဲေလးအကနဲ႕ အထိအေတြ႕မရွိဘဲ ညေစာင့္တစ္ေယာက္ျဖစ္တဲ့ သူလိုလူေတာင္ ဒီလို အေမွာင္ထဲက ခမ္းနားမႈမ်ိဳးကို စိတ္ကူးမယွဥ္ၾကည့္ ဖူးဘူး။
နတ္ဘုရားေတြ အပင္ပန္းခံထားတဲ့ ဂႏၵဝင္တစ္ရပ္လို အႏွီးလူသားရဲ႕ လႈပ္ရွားမႈတိုင္းဟာ ေငးေမာမိသူရဲ႕ အသက္ကိုေႁခြဖို႔ပဲ။
ျပင္းရွတဲ့ အရွိန္အဝါမွာ ဤလူသားရဲ႕ အသက္ေသြးေၾကာေတြအတြင္း ေ႐ႊရည္တို႔ျဖင့္ စီးေစသည္ဆိုရင္ေတာင္ ယုံရက္နိုင္ေလာက္ေအာင္အထိ။
'ဝမ္ရိေပၚ '
တင္စားမယ့္ ဂုဏ္ပုဒ္ေတြကိုေတာင္ သိမ္ငယ္ေစေအာင္ လွရက္သူေပါ့။
"သခင္ေလးလား။
သခင္ေလး အခုထိ မျပန္ေသးတာလား"
အရဲစြန့္ကာ အခန္းအတြင္းထိ ဝင္လို႔ ဆိုမိေတာ့ ေက်ာေပးထားတဲ့ ထိုလူသားက မိမိအား ေနာက္ျပန္လွည့္ၾကည့္လာသည္။
အလိုက္မသိစြာ မ်က္ႏွာ တည့္တည့္ ထိုးထားမိသည့္ ဓါတ္မီး အလင္းေရာင္ကို လက္ဖဝါးျဖင့္ ကြယ္လိုက္သည့္အခါ ေမွာင္ရိပ္သမ္းသြားသည့္ မ်က္ႏွာ တစ္ဖက္ျခမ္း။
"ခနေနျပန္မွာ။
မီးျပန္ဖြင့္စရာမလိုဘူး။
ငါ့ ဘာသာငါ ျမင္ရတယ္"
စကားစျဖတ္လို႔ အရင္ေက်ာခိုင္းကာ မွန္ခ်ပ္ေရွ႕ မ်က္ႏွာမူလိုက္သည့္ ဝမ္ရိေပၚေၾကာင့္ ညေစာင့္ႀကီးက အေယာင္ေယာင္ အနနျဖင့္ အခန္းအတြင္းမွ အျမန္ထြက္လာမိသည္။
မွန္မွ ေရာင္ျပန္ ထင္ဟပ္ေနသည့္ မိမိ၏ ပုံရိပ္ေယာင္ဟာ ေခြၽးမ်ား ႐ႊဲနစ္ေနလို႔ ႏြမ္းလ်လ်ျဖင့္ စိတ္ပ်က္စရာေကာင္းလွသည္။
ဘဝတစ္ခုလုံး ႏွစ္ျမႇုပ္ခဲ့ရတဲ့ ဘဲေလး၊
႐ူးမတတ္ မက္ေမာရသည့္ Onsra ၊
အဆုံးထိ ဖုံးကြယ္သြားခ်င္သည့္ တစ္ခုတည္းေသာ အရာ။
မွန္ထဲမွ အရႈံးေပးလိုက္ဖို႔ စိတ္ၫႊတ္ခ်င္ေနသည့္ ပုံရိပ္အား အထင္ေသးစြာ စိုက္ၾကည့္ေနလိုက္ရင္း မိမိကိုယ္ကိုယ္သာ က်ိန္ဆဲေနမိသည္။
"အခုအခ်ိန္ သနားစရာ ကပ္ပါးေကာင္လို ျဖစ္ေနရတာ အားမရလို႔ ဘာလဲ ဒီ အားမရွိတဲ့ ပုံစံက။
အရႈံးသမားလိုေကာင္"
ေဝ့တတ္လာတဲ့ မ်က္ရည္စေတြကို ကာစီးဖို႔ မ်က္ခြံေတြကို ခန မွိတ္ခ်ထားလိုက္ၿပီး ျပန္လည္ ဖြင့္လွစ္လိုက္ကာ မွန္ခ်ပ္ဆီသို႔တစ္ဖန္ျပန္ၾကည့္မိသည့္ အခိုက္။
မ်က္ဝန္းေတြဟာ အံ့ၾသတႀကီး ျပဴးက်ယ္သြားရသည္။
အျမင္မ်ားမွားေလသလားဟု အတည္ျပဳၾကည့္ေပမယ့္ ဒီ ထိတ္လန့္စရာ ျဖစ္ရပ္မ်ိဳးက လက္ေတြ႕ႀကဳံေနရတာပါတဲ့။။
မွန္ခ်ပ္ေပၚရွိ ေပ်ာ့ညံ့ညံ့ ပုံရိပ္ဟာ ယခုေတာ့ ဥသုန္ ေပ်ာက္ကြယ္သြား၏။
ဝမ္ရိေပၚရဲ႕ ပုံရိပ္ဟာ မွန္ေပၚမွာ လာမထင္ဟပ္ေတာ့ဘူးဆို ပိုမွန္လိမ့္မည္။
အထိတ္တလန့္ျဖင့္ ေျခလွမ္းေတြကို ေနာက္ျပန္ ဆုတ္ခြာရင္း က်ယ္ျပန့္သည့္ မွန္ခ်ပ္ေတြ အဆုံးထိ အၾကည့္ေဝ့မိေပမယ့္ မိမိ၏ မ်က္ႏွာခ်င္းဆိုင္၌ ပုံရိပ္တစ္ခုေတာင္ ထင္ဟပ္မေန။
ေသြးပ်က္ေျခာက္ျခားစြာ အကူအညီ တစ္စုံတစ္ရာ အတြက္ ေအာ္ဟစ္လိုက္ဖို႔ ႀကိဳးစားေပမယ့္ ဦးႏွောက္ထဲသို႔ ဝင္ေရာက္လာသည့္ အသိတစ္ခု။
"ပါးပါး"
အရင္တစ္ေခါက္ မက္ခဲ့ဖူးသည့္ အိမ္မက္ထဲမွာ ပါးပါး ဟာ ဤ မွန္ခ်ပ္ေတြအတြင္း ပိတ္မိေနခဲ့သည္မလား။
အေဝးသို႔ လွမ္းထားႏွင့္သည့္ ေျခလွမ္းေတြကို အနားသို႔ျပန္လည္ နီးကပ္ေစလိုက္သည္။
မွန္မ်က္ႏွာျပင္ေပၚကို လက္ေခ်ာင္းတို႔ျဖင့္ ခပ္ဖြဖြ ထိေတြ႕လို႔ ပါးပါး အား ေနာက္တစ္ႀကိမ္ ျမင္ေတြ႕ခြင့္ရဖို႔သာ ထက္သန္စြာ ေတာင္းဆုျပဳမိသည္။
ဒီတစ္ေခါက္အတြက္ေတာ့ မလွည့္စားလိုက္ပါနဲ႕ အရမ္း ထိရွလြတယ္တာမလို႔။
အတြင္းထဲထိ ထြင္းေဖာက္ၾကည့္လို႔ ရွာေဖြေနေသာ္လည္း အရင္တစ္ေခါက္ကလို ပါးပါးရဲ႕ ေက်ာျပင္အားလည္း ေငးခြင့္မရသလို ရွိုက္သံတိုးတိုးကိုလည္း မၾကားနိုင္။
မွန္အတြင္းသို႔သာ ဝမ္းနည္းဆို႔နစ္စြာ ေငးၾကည့္ေနမိရာက အေနာက္ဘက္ဆီမွ အရိပ္တစ္ခု ျဖတ္ေျပးသြားသလို ခံစားမိသည္။
အလ်င္အျမန္ ေနာက္သို႔လွည့္ၾကည့္လိုက္ေပမယ့္ တစ္စုံတစ္ရာမွ ဖမ္းမမိ။
မူမမွန္သလို ကသိကေအာက္ ခံစားခ်က္တို႔နဲ႕အတူ အေတြးလြန္ေနရင္း မွန္ရွိရာဘက္ဆီသို႔ ျပန္ၾကည့္မိေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ ပုံရိပ္တစ္ခုက ေနရာယူထားႏွင့္သည္။
ႏွလုံးရပ္မတတ္ ထိတ္လန့္ ေၾကာက္႐ြံ႕မႈၾကား ရိေပၚအသံေတာင္ မျပဳနိုင္ေတာ့။
ျပဳစားခံရသလို ေတာင့္တင္းေနသည့္ ခႏၶာကိုယ္ဟာ ဤ အေျခအေနမွ ႐ုန္းကန္ လြတ္ေျမာက္ဖို႔ရာ ခဲယဥ္းသည္။
"Mrs. Wang....."
ႏႈတ္ခမ္းနီ ရဲရဲႏွင့္ သူမဟာ အသက္ရွိစဥ္ကထက္ ပိုလွပသည္။
ေကာက္က်စ္တဲ့ မ်က္ဝန္းေတြဟာ ပိုအသက္ဝင္သည္။
မ်က္ႏွာခ်င္းဆိုင္ရပ္ေနၾကသည္ သူမႏွင့္ ရိေပၚအၾကား ျခားနားထားသည္က မွန္တစ္ခ်ပ္သာ။
မုန္းတီး စက္ဆုတ္သလို ၾကည့္ေနရာမွ သူမဟာ ရိေပၚအား အထင္ေသးစြာ ၿပဳံးသည္။
"ဝမ္ရိေပၚ ၊
အတုအေယာင္ "
မ်က္ခမ္းသားေတြ ရဲေစြးလာသည္။
ေဒါသမီးရဲ႕ လႈံ႕ေဆာ္မႈမွာ ဝမ္ရိေပၚ သူမအား ဒုတိယ အႀကိမ္ေျမာက္ ေသေစမိေတာ့မည္။
ပင္ပန္းမႈ ဒဏ္ေတြကို ဖုံးကြယ္ဖို႔ ႀကိဳးစားေနသည့္ ဝမ္ရိေပၚအစား နတ္ဆိုး ဝမ္ရိေပၚက မွန္အထက္ ပုံရိပ္ အသစ္တစ္ခု အေနျဖင့္။
မုန္းစရာေကာင္းေလာက္ေအာင္ကို ေအာ္ရယ္ေနခဲ့တာ။
သူမဟာ ပိုးစိုးပက္စက္ ႐ႊံစရာေကာင္းတဲ့ မိန္းမမ်ိဳးပဲ။
"ဟားး ဟားးးဟားးး"
နီးကပ္ေနသည့္ မွန္ခ်ပ္အား အရွိန္ျပင္းျပင္းျဖင့္ ရိုက္ခ်လိဳက္သည့္ အခါ ေၾကမြအသံအခ်ိဳ႕ႏွင့္အတူ အပိုင္းအစမ်ားဟာ ရိေပၚ၏ မ်က္ႏွာျပင္အားျဖတ္တိုက္ ပိုင္းရွပစ္သည္။
ေအာင္ျမင္မႈကေတာ့ ရယ္သံေတြကို ပိတ္က်ေစလိုက္တာပါပဲ။
ပူႏြေးစြာ ပါးျပင္ေပၚသို႔ ျဖတ္စီးေနသည့္ ေသြးစီးေၾကာင္းတို႔ဟာ မ်က္ရည္တို႔ျဖင့္ ေရာႏွောမိေလေတာ့ သြက္လက္စြာ ေမးရိုးအနားသတ္တြင္ ရီးေလးခိုေနသည္။
စပ္ဖ်ဥ္းဖ်ဥ္း ခံစားခ်က္ေၾကာင့္ ရိေပၚ သက္ေသာင့္သက္သာ ၾကမ္းျပင္ေပၚသို႔ လဲခ်လိဳက္သည္။
အက္ေၾကာင္းထင္းေနသည့္ မွန္တစ္ခ်ပ္ရယ္၊
ၾကမ္းခင္းေပၚ ျပန့္က်ဲေနတဲ့ မွန္စေတြရယ္၊
'မက်န္ေတာ့ဘူး။
ေလွာင္ရယ္မည့္ လူတစ္ေယာက္မွ မက်န္ေတာ့ဘူး။'
မခ်ိမဆံ့နိုင္ေလာက္ေအာင္ ပင္ပန္းလာတဲ့ တစ္စုံတစ္ေယာက္ထံ အံဝင္ခြင္က် နားခိုၾကည့္ခ်င္လာသည္။
ဒါဟာ သန္မာဖို႔ အသားမက်ေသးတဲ့ ရိေပၚကို သူစိမ္း ျဖစ္တဲ့ ေရွာင္းက်န့္က ဖ်က္စီးလိုက္တဲ့ အက်င့္ဆိုးေတြေပါ့။
အေတြးတို႔ကို လက္စမသတ္နိုင္ခင္ မ်က္ႏွာပူစြာ ေခါင္းကို ခါရမ္းလိုက္သည္။
ဘယ္လိုလုပ္ ဒီလို အခ်ိန္မ်ိဳးမွာ ေပါက္ကရေတြ ေတြးေနနိုင္ရတာလဲ။
ကိုက္ခဲႏုန္းခ်ိေနသည့္ ကိုယ္ကို အားျပဳကာ ထလို႔ အနားရွိ ဖုန္းကို ေကာက္ယူလိုက္သည္။
မ်ားမ်ားစားစား မရွိတဲ့ ဖုန္းေခၚဆိုမႈ မွတ္တမ္းမွာ ပါးပါး ဆိုသည့္ နာမ္စားေလးက ထိပ္ဆုံးမွာ။
သူေနာက္ဆုံး ဖုန္းေျပာခဲ့သူဟာ ယခုအတြက္ သက္ရွိထင္ရွား ရွိမေနေတာ့တဲ့ ပါးပါးနဲ႕ပဲ။
ထပ္ေတြ႕ခြင့္ မရွိေတာ့ဘူး။
ေလ့က်င့္ခ်ိန္ေတြၾကာေနလို႔ အိမ္ျပန္ေနာက္က်တဲ့အခါ စိုးရိမ္တႀကီး ဆက္ေခၚလာမယ့္ အဝင္ call တစ္ခုကို ေနာက္ထပ္ ဘယ္ေတာ့မွ ေတြ႕ခြင့္မရွိေတာ့ဘူး။
ရင္ဘက္ေပၚ ဖုန္းအား ေမွာက္ရက္ တင္လိုက္ေတာ့ ေမာဟိုက္မႈေၾကာင့္ တုန္ခါေနသည့္ ႏွလုံးျခန္သံတို႔ဟာ ပိုလို႔ သိသာလာသည္။
အိမ္ေတာ္ထိန္းႀကီး ရိုက္ထည့္ေပးထားသည့္ ေရွ႕ေနေရွာင္း ၏ ဖုန္းနံပါတ္ကို မိမိကိုယ္တိုင္ ဖ်က္ပစ္ခဲ့တာမလို႔ အခုေတာ့ မိမိကိုယ္တိုင္ပဲ ျပန္ေတာင္းရေပေတာ့မည္။
ဖုန္းအား အဆက္မျပတ္ေခၚဆိုေနေပမယ့္ ကိုင္သူမဲ့ေနသည့္အခါ ရိေပၚထံ အလိုမက်ျခင္းတို႔ ကိန္းေအာင္းလာသည္။
ရိေပၚ ျပန္မေရာက္မခ်င္း ေတာ္႐ုံဆို မအိပ္တတ္သည့္ အိမ္ေတာ္ထိန္ႀကီးကို အိပ္ေပ်ာ္သြားတာမ်ားလား။
၉ နာရီ ေက်ာ္ဆိုတဲ့ အခ်ိန္က သိပ္လင့္ေသးတာလည္းမဟုတ္။
ဒုတိယ အႀကိမ္ ဖုန္းေခၚဆိုမႈ အဆုံးထိ အိမ္ေတာ္ထိန္းႀကီးထံမွ ေျဖၾကားျခင္းမရွိတဲ့အခါ ရိေပၚ တစ္စုံတစ္ရာအား စဥ္းစားမိသြားဟန္ျဖင့္ ႐ုတ္ခ်ည္း မတ္တပ္ရပ္လိုက္မိသည္။
ပါလာသည့္ အဝတ္အစားေတြ အျမန္ျပန္လဲလို႔ အခန္း အျပင္ဘက္ ေျပးထြက္ေနရင္းမွ တုန္ခါမႈႏွင့္အတူ အသံေပးလာသည့္ မိမိ၏ ဖုန္း။
"ဟယ္လို ။
ဘာလုပ္ေနလို႔ ဖုန္းမကိုင္ရတာလဲ"
တစ္ဖက္ထံမွ ေတာ္ေတာ္ ႏွင့္ျပန္မေျဖ။
ျမန္ဆန္ေနသည့္ အသက္ရႉသံေတြကို အတိုင္းသား ၾကားေနရသည္။
ေျခာက္ေသြ႕ေနေသာ လည္ေခ်ာင္းကို ရွင္းလင္းဖို႔ တံေတြး မ်ိဳခ်လိဳက္သံ။
ဒီအဘိုးႀကီး ဘာမဟုတ္ေတြ ႀကံစည္ေနျပန္ၿပီလဲ။
" သခင္ႀကီးရဲ႕ စာၾကည့္ခန္းကို သန့္ရွင္းေရးလုပ္ေနလို႔ပါ။
ဖုန္းသံၾကားၾကားခ်င္း အေျပးလာခဲ့ေပမယ့္ ဒီ မသန္စြမ္းေတာ့တဲ့ အဘိုးႀကီးက ႏွေးေကြး ေနေတာ့တာပဲ။"
လုပ္ဇာတ္ႀကီးဆိုေပမယ့္ ရိေပၚရဲ႕ မ်က္ႏွာေလးက ညွိုးငယ္လို႔က်သည္။
အရမ္းတြယ္တာမိခဲ့တယ္ေလ။
ငယ္႐ြယ္ႏုနယ္စဥ္ကေန အခု မာေက်ာေအးစက္ေစတဲ့အထိ အေရးပါတဲ့ ပုဂၢိုလ္ျဖစ္ခဲ့တာ။
ေနာက္ေက်ာကို ထိုးမယ့္ဓါးလည္း ျဖစ္သလို က်န္ရွိေနတဲ့ တစ္ဦးတည္ေသာ အရင္းႏွီးဆုံး။
"ဂ႐ုစိုက္ရမယ္ေလ အိုပဲအိုေနၿပီ။"
'ဘုကလန့္ေျပာလည္း ရယ္ေမာေနတတ္ေပမယ့္ ဖ်က္စီးပစ္ဖို႔ အၿမဲေတြးေနမွာ။'
မဟုတ္တမ္းရား အေတြးေတြေၾကာင့္ ရိေပၚဟာ လွိုင္းဒဏ္သင့္တဲ့ ေလွငယ္လို အေဝးသို႔ ထပ္လြင့္ရျပန္သည္။
"လိပ္စာ တစ္ခုပို႔ေပးပါ သြားခ်င္တဲ့ေနရာရွိလို႔"
"ကြၽန္ေတာ္လိုက္ပို႔ေပးပါ့မယ္။"
"မဟုတ္ဘူး၊
သီးသန့္ ေတြ႕ခ်င္တဲ့လူ"
အလိုက္သိစြာ တိတ္ဆိတ္ေပးသည္။
မၾကာခင္မွာေရာက္လာသည့္ message ေၾကာင့္ ရိေပၚ မ်က္ႏွာေပၚက ေသြးစေတြကို သန့္စင္လိုက္လို႔ အျပင္ဘက္သို႔ အျမန္ေျပးထြက္သြားလာမိသည္။
'အရမ္း ေနာက္က်ေနၿပီ ။
ရွိေရာ ရွိေသးပါ့မလား'
လက္ပတ္နာရီက ေ႐ြ႕လ်ားေနသည့္ စကၠန့္ေတြကို ေရတြက္ရင္း ကိုယ္တိုင္ သတိမမူမိခင္မွာ စိတ္လႈပ္ရွားလို႔။
ပထမဆုံးအေနျဖင့္ တစ္စုံတစ္ေယာက္ ႏွင့္ လြဲမွားရမွာကို စိုးရိမိျခင္းပဲ။
ထိုအေဆာက္အအုံေရွ႕က ေလွ်ာက္လမ္းေပၚမွာ ရိေပၚ ေခါက္တုန့္ေခါက္ျပန္ေလွ်ာက္ေနသည္မွာ အခ်ိန္အပိုင္းအျခား တစ္ခုေက်ာ္လြန္ခဲ့ၿပီ။
ျပန္မ်ား ျပန္သြားၿပီလား စိုးရိမ္မိေပမယ့္ ကြက္တိကြက္က်ား လလွ်ပ္စစ္မီးတို႔ ထြန္းလင္းေနသည့္ အခန္းတစ္ခုတစ္ေလ အတြင္းမွာေတာ့ အလုပ္ႀကိဳးစားတယ္လို႔ နာမည္ႀကီးတဲ့ ေရွ႕ေနေရွာင္းတစ္ေယာက္ ရွိေလာက္ေကာင္းပါရဲ႕။
မိုးေျပး က အခ်ိန္မေတာ္ တၿဖိဳက္ၿဖိဳက္က်သည္။
အမိုးအကာေအာက္ ေျပးလိုက္ရသည့္ ဝမ္ရိေပၚ တစ္ေယာက္ မိုးစက္ေတြကို ၾကည့္ရင္း ေနာင္တရစျပဳခ်င္လာၿပီ။
"မျဖစ္ဘူးေလ။
ငါ့ဘက္က အရင္စရွာလို႔ မျဖစ္တာကို"
ၾကာရွည္ခ်င္ခဲ့တဲ့ ဆက္ဆံေရးတိုင္း ဝမ္ရိေပၚရဲ႕ လြဲမွားေနသည့္ မာနေၾကာင့္ ပ်က္စီးရစၿမဲ။
ပ်ိဳျမစ္ခ်ိန္အတြက္ သူငယ္ခ်င္း၊
အေတြးမ်ားတတ္တဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ကစလို႔ ေဝမွ်စရာ ဘယ္သူမွ မရွိခဲ့ဘူး။
ရိေပၚက တြန္းထုတ္ခဲ့တာမွန္ေပမယ့္ သူတို႔ကို ဆက္ဆြဲထားေစခ်င္ခဲ့တာ ။
ဒါေပမယ့္ သူတို႔ဟာ ဘာမွ မစတင္ခင္ကတည္းက ရိေပၚကို လက္လႊတ္ဖို႔ ေ႐ြးခ်ယ္ခဲ့ၾကသူမ်ားသာ။
မိုးသက္ေလဟာ အားနည္းလာသည္။
အတန္ၾကာရပ္ေနရာမွ မိုးေရေၾကာင့္ စိုစြတ္သြားသည့္ ေလွ်ာက္လမ္းေပၚ ျပန္ဦးတည္လို႔။
မီးအျပည့္ မလင္းေတာ့သည့္ အေဆာက္အအုံးအား ေက်ာခိုင္းလို႔ အိမ္အျပန္လမ္းအတြက္ ေျခလွမ္း အျပင္။
"ဝမ္ရိေပၚ!
ဝမ္ရိေပၚလား? "
အေနာက္ဖက္ ခပ္လွမ္းလွမ္းမွ ထြက္ေပၚလာသည့္ အသံေၾကာင့္ အခ်ိန္အေတာ္ၾကာ ေတာင့္တင္းေစခဲ့သည္ ပါးျပင္ေပၚက ႂကြက္သားအခ်ိဳ႕ကို အလုပ္ေပးမိသည္။
ၿပဳံးရယ္လိုက္မိသည္လား။
ဝန္မခံလိုပါ။
ေသခ်ာသည္က တစ္မိုးေအာက္ ဝမ္ရိေပၚ ဟန္ေဆာင္ဖို႔ ေမ့ေလွ်ာ့သည္အထိ ဗ်ာမ်ားခဲ့ရတာ။
"ေရွာင္းက်န့္ ခင္မ်ားက ဘယ္လိုလုပ္ ဒီကိုေရာက္"
မသိျခင္ေထာင္ေထာင္တဲ့ အကြက္မွာ ေရွာင္းက်န့္က ေပ်ာ္ေပ်ာ္ႀကီး လိုက္ပါေပးသည္။
"အာ ကိုယ့္ရဲ႕ ႐ုံးက ဟိုး အေဆာက္အအုံထဲမွာေလ ရိေပၚရဲ႕"
ေရွာင္းက်န့္ လက္ညွိုး ၫႊန္ရာကို လိုက္ၾကည့္ရင္း ရိေပၚက တစ္ခါမွ မၾကားဖူးသည့္ စကားအား ၾကားေနရသလို အံ့ၾသဟန္ျဖင့္ ပါးစပ္ေလးကို စက္ဝိုင္း သ႑ာန္ ဝိုင္းစက္ထားသည္။
"ေအာ္ ကြၽန္ေတာ္ အကက်င့္ေနရင္း ၿငီးေငြ႕လာလို႔ ကားပတ္ေမာင္းေနတာ ဒီထိေရာက္လာတာပဲ။
ခင္မ်ားကို ဒီမွာေတြ႕ရမယ္လို႔ေတာ့ ဘယ္ထင္မလဲ"
ရိေပၚ အစကတည္းက အတည္လိမ္ေနတာဆိုေပမယ့္ ဘဝင္မက်သလို မ်က္ေမွာင္ကုတ္ကာ စိုက္ၾကည့္ေနသည့္ ေရွာင္းက်န့္ေၾကာင့္ ေနရခက္လာသည္။
အဲ့လိုနဲ႕ သိကၡာက ေကာက္စရာမရွိေအာင္ က်ေတာ့မွာမလား။
"မေတာ္တဆေတြ႕တာပါဆို ။
ဘယ္သူက လိမ္ေနလို႔ အဲ့လို လာၾကည့္ေနရတာလဲ"
မလုံမလဲ မလို႔ အသံျမႇင့္ကာ ဆိုလိုက္ရေပမယ့္ သူ႕ပုံက စူပုတ္ပုတ္ျဖစ္ေနမွာကိုလည္း စိုးရပါေသးသည္။
"အခုထိ အကက်င့္ေနတာလား အနားမယူပဲေလ"
"ဟမ္"
"ဘာစားၿပီးၿပီးလဲ"
"ေရွာင္းက်န့္က ကြၽန္ေတာ့္ကို ေတြ႕တိုင္း စားဖို႔ပဲ ေျပာေနေတာ့မွာလား"
ေရွာင္းက်န့္က ရွက္ရမ္းရမ္းျဖင့္ ဂုတ္အား လက္ျဖင့္ ပြတ္သက္ေနသည္။
လက္ထဲ ဆြဲကိုင္လာသည့္ ေခါက္ဆြဲေျခာက္ထုပ္ေတြကို အခုမွ သတိထားမိတာမလို႔ ရိေပၚက ေရွာင္းက်န့္ကို တစ္လွည့္ ေခါက္ဆြဲေျခာက္ထုပ္ေတြကို တစ္လွည့္ အျပန္ျပန္ ၾကည့္ေနသည္။
ရိေပၚရဲ႕ မ်က္စိ ကစားရာကို လိုက္ၾကည့္မိသည့္ ေရွာင္းက်န့္က သေဘာေပါက္သြား ဟန္ျဖင့္ အခ်က္က်က် ရွင္းျပျခင္းကို စတင္သည္။
"အာ အလုပ္ေတြ မျပတ္ေသးတာ ။
ညစာစားဖို႔ကလည္း အခ်ိန္လင့္ေနေတာ့ ေခါက္ဆြဲပဲ ျပဳတ္စားမလို႔"
ျမႇောက္ပင့္ျပလာသည့္ ေခါက္ဆြဲထုပ္အစား ရိေပၚ ေရွာင္းက်န့္ကိုသာ ေငးၾကည့္ေနမိသည္။
ပူပန္ေပးတတ္တဲ့အခါ။
အနက္ဆုံးထိ တူးဆြခ်င္တဲ့အခါ။
'ဒီ လူသားက အရမ္းထူးျခားတယ္။
ေပ်ာ့ညံ့လိုက္လဲျဖစ္တယ္။
ၿပိဳက်လိဳက္လဲ ဒီလူကေတာ့ ဖမ္းေပးထားေလာက္တယ္လို႔ ေတြးမိတဲ့အထိ ထူးျခားတယ္'
"တျခားဟာ တစ္ခုခု စားၾကရေအာင္ ကြၽန္ေတာ္လည္း ဘာမွ မစားရေသးလို႔"
တစ္ေန႕စာအတြက္ ကယ္လိုရီ ခ်ိန္စားရတဲ့ ရိေပၚအေနနဲ႕ ပိုစားမိတဲ့အခါ တကယ္ ဒုကၡေရာက္လိမ့္မယ္။
ဒါေပမယ့္ အခ်ိန္ပိုၾကာေအာင္ အတူရွိေစမယ့္ တျခားနည္းလမ္းတစ္ခု ရွာမေတြ႕ခဲ့ဘူး။
တကယ္ပဲ ရိေပၚ ဘာေတြ လုပ္မိေနတာပါလိမ့္။
ဆိုင္အတြင္း လူေျခရွင္းေနတာ သိပ္နာမည္မရွိလို႔လဲ ျဖစ္နိုင္သလို အရမ္း မိုးခ်ဳပ္ေနလို႔လည္း ျဖစ္နိုင္သည္။
သံစားပြဲဝိုင္းနဲ႕ ပလက္စတစ္ေသာက္ေရခြက္ေတြ ။
အေနာက္မွာ ခ်က္ျပဳတ္ျပင္ဆင္ေနတာလဲ အဘြားအို တစ္ေယာက္ ျဖစ္သလို စားပြဲလာထိုးတာလည္း ထိုအဘြားအိုပဲ။
ေရွာင္းက်န့္က ပလက္စတစ္ခြက္ထဲ ေရငွဲ႕ထည့္လို႔ ရိေပၚေရွ႕ခ်ေပးသည္။
"ဘာစားမလဲ "
ကတ္ထူးထဲ ခ်ေရးထားသည့္ ဟင္းအမယ္ေတြကို ၾကည့္ရင္း ရိေပၚ ေခါင္းေတြ မူးေနာက္လာသည္။
"ေရွာင္းက်န့္ ေကာင္းမယ္ထင္တဲ့ဟာပဲ မွာလိုက္ပါ"
ထိုအခါ ေရွာင္းက်န့္က သူစားေနက် ေခါက္ဆြဲကို ႏွစ္ပြဲ ခ်ေပးရန္ေျပာေတာ့ အဘြားအိုက ေနာက္ဆက္တြဲ ေရွာင္းက်န့္မွာေနက်အတိုင္းသံေယာင္လိုက္သည္။
လက္စသက္ေတာ့ ေဖာက္သည္ဆိုင္ကို။
"အရည္မ်ားမ်ား အသားပိုထည့္ေပးၿပီး နံနံပင္ေရွာင္မယ္ဟုတ္"
အဘြားအိုရဲ႕ အေျပာကို ေရွာင္းက်န့္က ၿပဳံးတုံ႕တုံ႕ တုန့္ျပန္ၿပီး
"နံနံပင္ မ်ားမ်ားထည့္မယ္ အဘြား"
အဘြားဟာ ႐ုတ္တရက္ နားမလည္ ဟန္ျဖစ္သြားေပမယ့္ စားပြဲခုံကို တစ္ရႉးျဖင့္ ထပ္လာထပ္ခါ သုတ္ေနသူ ရိေပၚကို မ်က္စပစ္ျပေတာ့ သေဘာေပါက္စြာ အေနာက္စီသို႔ အျမန္ျပန္ထြက္သြားသည္။
"ကိုယ္ေက်ာင္းတတ္ကတည္းက ဒီမွာ စားတာ ။
အရမ္း ႀကိဳက္တာ။
တကယ္ စားလို႔ေကာင္းတယ္"
ေခါင္းၿငိမ့္ျပကာ ေထာက္ခံလို႔ ခနအၾကာမွာ အေငြ႕တေထာင္းေထာင္းျဖင့္ ပန္းကန္းႏွစ္ခြက္ဟာ ကိုယ္စီ ေရွ႕သို႔ေရာက္လာသည္။
အေငြ႕မေသခင္ တဟူးဟူး မႈတ္လို႔ ေရွာင္းက်န့္က အားရပါးရစားေနေပမယ့္ ရိေပၚ ျပည့္လွ်ံေနသည့္ ပန္းကန္အားၾကည့္ရင္း အခက္ေတြ႕ရသည္။
အျမည္း သေဘာမ်ိဳးျဖင့္ တစ္ဇြန္းစားလိုက္တာဆိုေပမယ့္ ေရွာင္းက်န့္ေျပာသလို ေကာင္းလြန္းသည့္ အရသာေၾကာင့္ အလုတ္ခပ္ႀကီးေတြက ပါးစပ္ထဲ ဆက္တိုက္ဆိုသလို။
ပန္းကန္ထဲ ကုန္လုနီးနီး ေခါက္ဆြဲနဲ႕အတူ ျပည့္တင္းသြားသည့္ ရိေပၚ အစာအိမ္က ေအာင့္မ်က္မ်က္ ျဖစ္လာသည္။
အမ်ားႀကီး စားမိသြားတာမလို႔ ပူထူလာသည့္ စိတ္ေသာက။
"ေရွာင္းက်န့္ သန့္စင္ခန္း ခနသြားလိုက္ဦးမယ္"
ပိုက္ဆံရွင္းဖို႔ ျပင္ေနသည့္ ေရွာင္းက်န့္က သူလိုက္ပို႔ေပးမည္ဟု ဆိုေပမယ့္ ျငင္းဆန္ကာ အဘြားအား ေနရာေမးလို႔ တစ္ေယာက္ထဲ ထြက္လာလိုက္သည္။
"ေဝါ့ "
အာေခါင္ကို လက္ႏွင့္ထိုးလို႔ ျပန္အန္ထုတ္ရသည္မွာ အေတာ္ကို ဆိုဝါးသည့္ ေဝဒနာမ်ိဳး။
နာက်င္မႈေၾကာင့္ ျမင္လႊာထက္ မ်က္ရည္ၾကည္မ်ားေဝ့လာသည္။
တံခါးလက္ကိုင္ကို ဆုပ္ကိုင္အားျပဳထားသည့္ လက္မ်ားက တုန္ရင္လို႔။
အာေခါင္းကို ထိုးကေလာ္ဖို႔ သြားခြၽန္ခြၽန္တို႔ျဖင့္ ျခစ္မိသည့္ လက္ဆစ္၏ အေရျပားတို႔ဟာ စုတ္လန္ေနသည္။
အားျပင္းျပင္းနဲ႕ ဆြဲဖြင့္လိုက္တဲ့ တံခါးခ်ပ္မွာ ယိုင္တိုင္ယိုင္ ရိေပၚရဲ႕အားက မခုခံသာ။
ေက်ာျပင္ကို ခပ္ဖြဖြ ပုတ္ေပးေနသည့္ အထိအေတြ႕ေၾကာင့္ ရိေပၚ အားကုန္ တြန္းကန္ေနေပမယ့္ ခြင့္မျပဳ။
"အားရေအာင္ အန္ၿပီးရင္ ကိုယ္ အခုဝယ္လာတဲ့ အစာအိမ္ေဆး ေသာက္လိုက္ေနာ္"
"ဟင္ ေရွာင္းက်န့္ "
လွ်ပ္တျပတ္ လွည့္ၾကည့္မိတဲ့အခါ စိုးရိမ္ဟန္နဲ႕ ေရွာင္းက်န့္က ရိေပၚအား စူးစိုက္လို႔ၾကည့္ေနသည္။
ထိတ္လန့္မႈေတြနဲ႕ ရိေပၚရဲ႕ မ်က္ဝန္းေတြထဲထိ စုံေအာင္ ၾကည့္ေနရင္း
ထို႔ေနာက္ အၾကည့္တို႔ကို ေအာက္သို႔လႊဲလို႔ နီရဲေသြးစို႔ေနသည့္ လက္ညွိုး၏ လက္ဆစ္ေကြးထံသို႔။
"ကြၽန္ေတာ္....."
"အစားအမ်ားႀကီး စားမိတိုင္း ဒီနည္းသုံးတာ အစာအိမ္အတြက္ မေကာင္းဘူး။
မင္းကို ထိခိုက္လိမ့္မယ္"
လက္ဆစ္က ပြန္းပဲ့ရာ ကတစ္ဆင့္ ပါးျပင္ေပၚက ရွရာအား အစုန္အဆန္ ၾကည့္ရင္းဆိုသည္။
"အဆင္ေျပပါတယ္။
ကြၽန္ေတာ့္ကို ထိခိုက္တာက ဘဲေလးကို မထိခိုက္ရင္ ရၿပီပဲ"
ႏွစ္ဦးၾကား အေျခအေနဟာ ကသိကေအာက္ ျဖစ္စရာ။
"တစ္သက္လုံး အၿမဲ ခ်င့္ခ်ိန္ပဲစားဖူးတာမလား။
အခုလို ျပန္အန္ထုတ္ဖူးတာ ပထမဆုံးပဲမလား"
အံ့အားတသင့္ ေရွာင္းက်န့္အား ေမးခြန္းထုတ္ခ်င္စြာ ျပန္ၾကည့္မိေတာ့ စေတြ႕ခ်င္းကလို အရာအားလုံး နားလည္သေဘာေပါက္သည့္ ပုံမ်ိဳးျဖင့္ ၿပဳံးေနသည္မွာ မုန္းစရာ။
ဒီလူသားက တကယ္ပဲ ရိေပၚရဲ႕ ဘဝ အစိတ္အပိုင္းမွန္သမွ် ေဖာ္ထုတ္ပစ္မွာလား။
အေတြးေၾကာင့္ ခက္ထန္သြားသည့္ မ်က္ႏွာထား။
ရင္ထဲ မီးျမႇိုက္ခံလိုက္ရသလို ဗေလာင္ဆူသြားရသည္။
႐ုတ္တရက္ ေအးခဲသြားသည့္ အေျခအေနကို ေရွာင္းက်န့္လိုက္မမီစြာ။
"ပထမဆုံး သိလိုက္ရတဲ့ အမွန္တရားလား"
ရိေပၚ အေျပာေၾကာင့္ ပါးနပ္သည့္ ေရွာင္းက်န့္က နားလည္သေလာက္ရွိၿပီ။
အေျပာင္းအလဲ ျမန္သည့္ ရိေပၚကိုလည္း အံ့ၾသ၍ မဆုံး။
"အင္း ပထမဆုံးသိတဲ့ အမွန္တရားပဲ။
ဝမ္ရိေပၚက တစ္သက္လုံး ခုထိ စားခ်င္တာေတြ မစားခဲ့ရဖူးဆိုတာ "
"ဖ်က္စီး ပစ္မွာ။
တစ္ခုသိရင္ ေရွာင္းက်န့္ ႏွစ္သက္တာ တစ္ခုကို ျပန္ဖ်က္စီး ပစ္မွာလို႔ ေျပာၿပီးသား"
ေရွာင္းက်န့္ မီးနဲ႕ေရလို ကြဲျပားသြားတဲ့ အေနအထားအတြင္းမွာ အလိုက္သင့္ျဖစ္ေအာက္ မနည္းလိုက္ယူေနရသည္။
ဝမ္ရိေပၚမွာ ဘယ္လို ပုံစံေတြ ရွိေနေသးတာလဲ။
"ဒီဆိုင္က ေခါက္ဆြဲကို ႀကိဳက္တာလား။
ဖ်က္စီးပစ္မယ္။
ေနာက္တစ္ခု သိရင္ ေနာက္တစ္မ်ိဳး
ဘာမွ မက်န္ေအာင္ ဖ်က္စီး ပစ္မွာမလို႔ မသိခ်င္ပါနဲ႕!! "
စိတ္ပ်က္ ႐ြံရွာသြားလိမ့္မယ္။
ေဒါသတႀကီး ေအာ္ဟစ္ စြန့္ခြာသြားလိမ့္မယ္။
ရိေပၚ အမ်ိဳးမ်ိဳးေသာ က်န္ရစ္မႈမ်ိဳးနဲ႕ စိတ္ကူးၾကည့္လို႔ မ်က္ဝန္းေတြကို မွိတ္ခ်လိဳက္သည္။
ပါးျပင္းေပၚက ဒဏ္ရာကို ညွင္သာစြာ ပြတ္ဆြဲၾကည့္လာသည့္ လက္မ။
အလန့္တၾကား မ်က္လုံးေတြဖြင့္ၾကည့္လိုက္မိတာ နီးကပ္လြန္းတဲ့ ထိုလူသားေၾကာင့္ အႏၱရာယ္မ်ားတဲ့ ေက်ာ့ကြင္းတစ္ခုထံ ၫြတ္တိမ္းမိလုဆဲ။
"ဝမ္ရိေပၚက အသည္းယားစရာ ေကာင္းေအာင္ကို ဆိုးသြမ္းေနေတာ့တာပဲ"
မ်က္ဝန္းေတြဟာ ညွို႔ငင္ထားရာမွ သက္ညွာေပးဖို႔ စိတ္ကူးမရွိ။
တိမ္စိုင္ေပၚ ေျပးလႊားရသလို လွိုက္ေမာရသည္။
တရွိန္းရွိန္း ပူထူေနတဲ့ မ်က္ႏွာျပင္
အခု ဝမ္ရိေပၚက ရွက္ေသြး ျဖာေနတာတဲ့လား။
ဝမ္ရိေပၚကေလ။
'အက္ေၾကာင္း အျပည့္နဲ႕ ဖန္တစ္ခ်ပ္မလို႔ အက်ည္းတန္လွတယ္။
အေလာတႀကီး ေျခစုံပစ္ဝင္တဲ့အခါ ႏွလုံးသားထဲထိ ရွင္သန္ဖို႔ မရဲဝံ့ခဲ့ဖူး။
ဆက္ရမယ့္ ခရီးဟာ ေအာက္ေျခမရွိ တြင္းနက္မလို႔ ေရွာင္းက်န့္ ခင္မ်ားနဲ႕ေတာ့ ခရီး မဆက္လိုဘူး'
~~~~~~~~~~~
ညဥ့္ အေတာ္နက္မွ အိမ္သို႔ ျပန္ေရာက္သည္ဆိုေပမယ့္ အိမ္ေတာ္ထိန္းႀကီးက အခန္းထြက္မွ ထြက္လာလို႔ ႀကိဳသည္။
"အရမ္း ေနာက္က်ေနတာကို မနားေသးဘူးလား".
"သခင္ေလးကို ေစာင့္ေနတာပါ"
ပင္ပန္းေနပုံရသည့္ အိမ္ေတာ္ထိန္းႀကီးေၾကာင့္ ဘာမွ ဆက္မေျပာေတာ့ပဲ အခန္းဘက္သို႔ ဆက္ေလွ်ာက္လာရာ ႏွာေခါင္းအတြင္းသို႔ တိုးဝင္လာသည့္ ရနံ႕တစ္ခုေၾကာင့္ ႏွာေခါင္းတရႈံ႕ရႈံျဖင့္ လိုက္ရွာေနမိသည္။
"ဘာလို႔ပါလဲ သခင္ေလး။"
"အင္း အနံ႕တစ္ခုခု ရလား စိမ္း႐ႊင္႐ႊင္ အနံ႕လို"
ရိေပၚ စကား မဆုံးခင္ အိမ္ေတာ္ထိန္းႀကီးက ကိုယ္ကို အေနာက္သို႔ ရို႔လိုက္သည္။
"ကြၽန္ေတာ္ ေန႕လည္က အလုပ္ေတြ လုပ္ၿပီး ေရမခ်ိဳးမိလိုက္လို႔ေနမယ္ ။
ေနမေကာင္ျဖစ္ခ်င္သလို ျဖစ္ေနတာနဲ႕"
ရိေပၚ အနားေနတိုင္း အိမ္ေတာ္ထိန္းႀကီးဟာ ေရမိုးခ်ိဳးလို႔ ေရေမႊးတစ္မ်ိဳး စြတ္ထားစၿမဲ။
မ်ားမ်ားစားစား ေတြးမေနခ်င္ေတာ့သည့္ ရိေပၚက ကိုယ္နံ႕လို႔ပဲ မွတ္ယူလို႔ အခန္းအတြင္း ဝင္လာခဲ့လိုက္သည္။
တစ္စုံတစ္ခုဆိုရင္ေတာင္ ရိေပၚအေနနဲ႕ တားဆီးဖို႔ အင္အားရွိမေန။
အိပ္ရာထဲ ဟိုလွိမ့္သည္လွိမ့္ႏွင့္ ရိေပၚ၏ ေသြးသားတို႔က အိပ္ေမာက်လိဳက္ဖို႔ ျငင္းဆန္ေနသည္။
"အားးးး"
ေျခေထာက္ေတြကို မိုးေပၚေထာင္ကာ ကန္ေက်ာက္လို႔ ညစ္ၫူးစြာ ေအာ္ဟစ္လိုက္မိသည္။
အေတြးထဲ ဝင္လာသည္က ပါးျပင္ေပၚက အထိအေတြ႕ရယ္ ကလူက်ီဆယ္သံနဲ႕
'ဝမ္ရိေပၚက အသည္းယားစရာ ေကာင္းေအာင္ကို ဆိုးသြမ္းေနေတာ့တာပဲ'
ဆိုတဲ့ ေရွာင္းက်နိ႕ အသံႀကီးရယ္။
"႐ူးးေတာ့မွာပဲ"
ဆံပင္ေတြကိုထိုးဖြလိုက္လို႔ ငုတ္တုတ္ထထိုင္မိျပန္သည္။
အေရးမပါလိုက္ပုံမ်ား။
ဒီလို အခ်ိန္အခါမ်ိဳးမွာ ရင္ေတြဟာ ခုန္ေပါက္ေနခဲ့တယ္တဲ့။
ေရာင္နီက ထြက္စျပဳလာသည္ကို မွန္ျပတင္းေပါက္ကေန ျမင္ေနသည္။
ဆက္လုပ္ရမယ့္ အလုပ္ေတြက မ်ားလြန္းတယ္။
ခံစားခ်က္ေတြ မ်က္ကြယ္ျပဳဖို႔ ထိုက္တန္လြန္းတဲ့အထိ Onsra ကိုေတာ့ မက္ေမာရတာမလို႔ ဘဲေလး အကသမား ဝမ္ရိေပၚဟာ အထီးက်န္စြာ နိုးထရဦးမွာပါ။
~~~~~~~~~~~~~~~
"အသစ္ေရာက္တဲ့ တစ္ေယာက္ ေစာင္ေတြၿပီးရင္ လွန္းလိုက္ေနာ္"
"အသစ္ေရာက္တဲ့ တစ္ေယာက္ ပန္းအိုး နင္လဲဖို႔ တာဝမ္က်တာေနာ္ ပန္းေတြ အသင့္ျဖစ္ေနၿပီလား"
မနက္နိုးကတည္းက အက္ေၾကာင္းထပ္ေနသည့္ ေခၚသံေၾကာင့္ ယန္း ငိုခ်ခ်င္လာၿပီ။
မေန႕ကမွ အလုပ္ဝင္သည့္ ယန္း အတြက္ ပတ္ဝန္းက်င္ဟာလည္း စိမ္းသက္ေနသလို အသစ္ဆိုရင္ ဖိႏွိပ္ခ်င္ၾကသည့္ စီနယာမ်ားေၾကာင့္ မအားနိုင္။
တစ္စုံတစ္ရာ လြဲမွားခဲ့ရင္လည္း ပိုးစိုးပက္စက္ အေငါက္အငမ္းခံရတာမလို႔ ခ်က္ခ်င္း ျပန္ထေျပးလိုက္ခ်င္ေပမယ့္ လက္ေတြ႕တြင္ေတြ႕ ဟုတ္ကဲ့ တစ္လုံးျဖင့္သာ သိမ္းက်ဳံးလုပ္ေပးေနရသည္။
ဝမ္အိမ္ေတာ္ရဲ႕ သခင္ေလးဟာ တကယ့္ကို အသည္းမဲ့ၿပီး ရက္စက္တတ္တယ္လို႔ သတင္းေမႊးေပမယ့္ မက္ေလာက္စရာ လုပ္အားခမွာ ေၾကာက္တတ္ေပမယိ့ ေငြမက္သည့္ ယန္းဟာ အလုပ္ဝင္ျဖစ္ခဲ့သည္။
"ယန္း စတိုခန္းထဲက စားပြဲခင္း အသစ္ေလးေတြ ထုတ္ေပးခဲ့ပါဦး"
မီးေခ်ာင္ထဲ ကူညီဖို႔ တာဝန္ယူထားသည့္ အသက္ႀကီးႀကီး အန္တီႀကီးရဲ႕ ေတာင္းဆိုမႈေၾကာင့္ ယန္း မသိမစမ္းျဖင့္ စတိုးခန္းလို႔ ထင္ရသည့္ အခန္းတစ္ခုအတြင္း ေရာက္ရွိေနသည္။
အခန္းအျပည့္ စင္အျမင့္ႀကီးတို႔ စီတန္းထားသည့္ အကန့္တစ္ခုခ်င္းစီ လိုက္လံရွာေဖြၾကည့္ေပမယ့္ စားပြဲခင္းႏွင့္ တူသည့္ အရာ ပိတ္စတစ္စေတာင္ မေတြ႕မိတဲ့အခါ အခန္းအတြင္းထဲေရာက္သည္အထိ အရဲစြန့္ေလွ်ာက္လာမိသည္။
"အာ ဒီမွာပဲ ေတြ႕ၿပီ "
အထပ္လိုက္စီထားသည့္ စားပြဲခင္းေတြထဲမွ တစ္ထည္ကို ဆြဲထုတ္လို႔ ျပန္အထြက္ မ်က္ႏွာျပင္ထက္ က်ေရာက္လာသည့္ အလင္းေရာင္ျပန္ တစ္ခုေၾကာင့္ အလင္းအရင္းခံရာသို႔ တိုးကပ္ကာ သြားၾကည့္လိုက္မိသည္။
နံရံၾကားထဲ လွစ္ဟေနသည့္ ၾကားတစ္ခုအတြင္းမွ ထိုအလင္းဟာ ထိုးထြက္လ်က္ရွိသည္။
မ်က္လုံးအပ္လို႔ ထိုအေပါက္မွ အတြင္းသို႔ ေခ်ာင္းမိသည့္အခါ ယခု အခန္းႏွင့္နည္းတူ စင္အခ်ိဳ႕ကို ေဝေဝဝါးဝါး ျမင္ရသည္။
"ဘာလဲဟ အခန္းထဲမွာ ေနာက္အခန္းတစ္ခု ရွိေနေသးတာလား"
ေနာက္တစ္ေခါက္ ထပ္ေခ်ာင္းဖို႔ နံရံေပၚ လက္ေထာက္အားျပဳလိုက္တာဆိုေပမယ့္ နိမ့္ဆင္းသြားသည့္ နံရံခ်ပ္ႏွင့္အတူ ေစာနက အခန္းေရွ႕ သူမဟာ ေရာက္ေနႏွင့္ၿပီ။
"အာ့ အနံ႕က ဆိုးလိုက္တာ။
ဘာေတြလဲဟ ။
အနံ႕ေတြကို ရႉရွိုက္လိုက္တာနဲ႕ သူမဟာ မူးေဝလာသည္။
ကလီစာေတြကို ေခ်မႊေနသလို ခံစားရကာ ခံတြင္း အတြင္းမွ ေသြးအရသာကို ခံစားရသည္။
သူမပုခုံးေပၚ လက္တစ္ဖက္ တင္လိုက္သလို ခံစားရလို႔ လွည့္ၾကည့္လိုက္ေပမယ့္ သူမရဲ႕ အျမင္အာ႐ုံဟာ ေဝးဝါးဝါးသာ။
ေဆာင့္တြန္လိုက္တာမလို႔ ၾကမ္းျပင္ေပၚ ပစ္စလတ္ခတ္ လဲက်သြားသည္။
ဆဲေရးတိုင္းထြာသံ အခ်ိဳ႕ကို ၾကားေနရေပမယ့္ သူမဟာ စၾကဝဠာ အျပင္ဘက္သို႔ ဆြဲထုတ္ခံလိုက္ရၿပီ။
မနက္စာစားဖို႔ ေလွကားက ဆင္းလာတဲ့ လမ္းတစ္ေလွ်ာက္လုံး ဗလာက်င္းေနသည့္ ပန္းအိုးေတြေၾကာင့္ စိေပၚ စိတ္ေတြဟာ ေနာက္က်ိလာသည္။
"အလုပ္သမားေတြ လူစုလိုက္"
ဘာမ်ားအမွား လုပ္မိျပန္ၿပီလဲလို စိုးထိတ္စိတ္ေတြနဲ႕ အလုပ္သမားေတြက တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ၾကည့္ရင္း မ်က္ႏွာေတြ အပ်က္ပ်က္ အယြင္းယြင္း။
တုန္ရင္ေနသည့္ လက္ေတြကို ထိန္းခ်ဳပ္ဖို႔ အတြက္ လက္အခ်င္းခ်င္း သြယ္ယွက္ထားသည္။
"ပန္းအိုးထဲမွာ ဘာလို႔ ဘာမွ ရွိမေနတာလဲ ။
ဒီေန႕ ပန္းအိုး ထိုးဖို႔ တာဝန္က်တာဘယ္သူလဲ"
ဇေဝဇဝါျဖစ္ေနၾကသည့္ အလုပ္သမားမ်ားက တစ္စုံတစ္ရာကို ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ေနဟန္။
"အခုခ်က္ခ်င္း မေျပာေသးဘူးလား!!!"
"ယန္း ပါ။
မေန႕ကမွ အသစ္ေရာက္တာမလို႔ အမွားအယြင္း ျဖစ္တယခ ထင္ပါတယ္။"
"အခု ယန္းက ဘယ္ေရာက္ေနတာမလို႔ မင္းက အစားဝင္ေျဖေပးရတာလဲ"
"မနက္ ကတည္းက ေပ်ာက္ေနတာပါ။
တစ္ေနရာရာမွာမ်ား အိပ္ေနတာလား မသိတာမလို႔ လိုက္ ရွာၾကည့္လိုက္ပါ့မယ္"
"မင္းတို႔ေတြက အသစ္ကို သင္ျပမယ္မရွိပဲ ဘာေတြလုပ္ေနၾကတာလဲ"
ရိေပၚ ေဒါသတႀကီး ဆက္လက္ ဆူပူဖို႔ ျပင္လိုက္ေပမယ့္ အေနာက္မွ ေရာက္ေနသည့္ အိမ္ေတာ္ထိန္းႀကီးရဲ႕ သတင္းစကားေၾကာင့္ ဝမ္းပန္းတသာ။
"သခင္ေလး ေဆး႐ုံက ဖုန္းဆက္လာပါတယ္။
Clara သတိျပန္လည္လာၿပီတဲ့"
"ဟုတ္လား အိမ္ေတာ္ထိန္းမင္ ကားအသင့္ျပင္လိုက္ပါ ။
ကြၽန္ေတာ္တို႔ သြားေတြ႕ၾကရေအာင္"
ရိေပၚ အေနနဲ႕ ဒီကိစၥမ်ိဳး လုပ္ေလ့မရွိေပမယ့္ ေျခေထာက္ဆုံးရႈံးထားသည့္ ဘဲေလးအကမယ္ တစ္ေယာက္ အေပၚ သနားက႐ုဏာသက္မိတာေၾကာင့္သာ။
"သခင္ေလး ကိုယ္တိုင္ သြားဖို႔ မသင့္ေတာ့ ပါဘူး"
"မဟုတ္ဘူး။
သူမ swan queen တသ္ေယာက္ပါ။
ကြၽန္ေတာ္ သြားဖို႔ သင့္ေတာ္တာထက္ပိုပါတယ္။"
ကုတင္ေပၚတြင္ လွဲေလ်ာင္းေနသည့္ Clara အနား မည္သူမွ မရွိ ။
"ေစာနကထိ ငိုယို ျပႆနာရွာၿပီ အခုမွ အိပ္ေပ်ာ္သြားတာပါ"
ဆရာဝန္ရဲ႕ ေျပာဆိုခ်က္အရ Clara ဟာ လက္ေတြ႕ အေျခအေနကို လက္သင့္မခံနိုင္ပုံပါပဲ။
တစ္ေကာင္ႂကြက္ Clara ဟာ ဝမ္ရိေပၚနည္းတူ အသိမခံနိုင္သည့္ ဘဝ အစိတ္အပိုင္းအခ်ိဳ႕ကို ဖုံးကြယ္လို႔ ရွင္ငန္ေနထိုင္သည္။
Swan Queen အျဖစ္ေလာကႀကီးရဲ႕ အျမင္ကို ေျပာင္းလဲလိုသူေပါ့။
ေဆးပိုက္ရာ ဗလပြျဖငိ့ Clara ရဲ႕ လက္ကို ေဘးရွိ ေရဝတ္တစ္ခုျဖင့္ ပြတ္တိုက္ေပးေနရာမွ Clara က လူးလြင့္၍ နိုးလာသည္။
ရိေပၚကို ျမင္ျမင္ခ်င္း သရဲ တစ္ေကာင္ကို ေတြ႕ျမင္လိုက္ရသလို ထိတ္လန့္သြားသည့္ Clara က မ်က္လုံးႀကီးေတြ ျပဴးက်ယ္လာသည္။
ျမန္ဆန္ေနသည့္ ႏွလုံးခုန္သံေၾကာင့္ စက္တြင္ေပၚေနေသာ လွိုင္းတြန့္ေတြဟာ ေယာက္ယက္ခတ္ေနသလို ထိုးက်သြားသည့္ ေအာက္စီဂ်င္ေၾကာင့္ သူမဟာ အသက္ရႉရခက္ဟန္။
"ဆရာ ဝမ္ ရိ ေပၚ မ လာ နဲ႕။
ထြက္ သြား!!!"
႐ုန္းကန္ေအာ္ဟစ္ေနသည့္ သူမကို ဆရာဝမ္ႏွစ္ေယာက္က လ်ဳပ္ကိုင္ထားသည္။
အ႐ူးတစ္ေယာက္လို ပုံပ်က္ဆင္းပ်က္ျဖစ္ေနသည့္ သူမေၾကာင့္
ရိေပၚ စိတ္မေကာင္း။
"ဘာလို႔ လုပ္ရက္ရတာလဲ"
ဆက္လို႔ ႐ုန္းမကန္ေတာ့သည့္ သူမက ဘာအတြက္ သည္ေမးခြန္းကို ထုတ္သည္ မသိ။
"ဘာလို႔လဲ ဘာလို႔လဲ"
ေဒါသေၾကာင့္ သူမ မ်က္ဝန္းေတြဟာ ေပါက္ထြက္မတတ္ရဲ႕ေနသည္။
ထိုေမးခြန္းကို ထပ္ခါထပ္ခါေမးေနေပမယ့္ ဘာကို ဆိုလိုခ်င္မွန္းနားမလည္။
"ဘာကို ေျပာခ်င္တာလဲ"
Clara က မ်က္ရည္ေတြ ႐ႊဲနစ္ေနသည့္ၾကားက က်ယ္ေလာင္စြာ ေအာ္္ရယ္။
"ဟားး ဟားး ဟားး ။
အရႉံးသမား နင္ ဘာလို႔ ငါ့ေျခေထာက္ေတြကို ဖ်က္စီးပစ္ရတာလဲ။
ငါ့အေဖက လူသတ္ရာဇဝတ္ေကာင္ဆိုတာ နင္သိေနတယ္။
အာ့ေၾကာင့္ တန္ရာမမွန္းတဲ့ငါကို ပညာေပးခ်င္တာလား။
ငါ အရမ္း လက္ေတြ႕ဆန္တဲ့ အိမ္မက္တစ္ခု မက္ခဲ့တယ္။
ငါေျခေထာက္ေတြက သုံးမရေတာ့ဘူးတဲ့။
ငါ ဘဲေလး ဘဝက ေသဆုံးသြားၿပီးတဲ့။
နင္သတ္လိုက္တာ ။
နင္ သတ္လိုက္တာ။"
အ႐ူးတစ္ေယာက္လို စြတ္စြဲ။
အ႐ူးတစ္ေယာက္လို ေအာ္ငိုျပန္တယ္။
"အိမ္မက္မဟုတ္ဘူး။
တကယ္ပါ။ နင့္ေျခေထာက္ေတြ ေၾကမြသြားတာ နင္ဘဲေလးဘဝ က ေသဆုံးသြားၿပီ"
ေလာကႀကီးကို အ႐ြဲ႕တိုက္လို႔ ႀကီးျပင္းခဲ့တဲ့ ရိေပၚက ကံၾကမၼာကို ရိုးမယ္မဖြဲ႕ခ်င္ဘူး။
မထီသလို မဲ့ၿပဳံးမွာ Clara က ေအာ္ဟစ္ငိုေနျပန္ပါၿပီ။
Culprit
'ထို တရားခံက နာက်ည္းစြာဆိုတယ္။
"က်ဴးလြန္မိတာဆိုလို႔ အမ်ားႀကီး ရိုးသားခဲ့မိတာပဲ။" တဲ့
TBC♡