"ရိပေါ် ....ကလေးလေး"
"မခေါ်နဲ့ မကြားချင်ဘူး အီး.. ဟီး"
သူ့ကိုကျောပေးထားရာကနေ မျက်စောင်းလေးချီကာ ပြောရင်း ပခုံးလေးတွေတလှုပ်လှုပ်ဖြင့် ငိုနေသေးတာမို့ ကလေးငယ်ရဲ့အနားကို မသိမသာလေးတိုးသွားလိုက်သည်။
"ကိုကိုမှားသွားပါတယ်ကွာ... ကလေးမကျေနပ်ရင် ကိုကို့ကိုပြန်လုပ် ကိုကိုခံပါ့မယ်"
"တကယ်လုပ်မှာ ခင်ဗျား ဒီကိုလာခဲ့.."
အငိုရပ်လိုရပ်ငြား စကားအဖြစ်ပြောလိုက်တာကို အတည်မှတ်ပြီး လက်သီးလက်မောင်းတန်းနေတဲ့ကလေးရဲ့ လက်တုတ်တုတ်လေးနှစ်ဖက်ကို အလျင်အမြန်ဆွဲဖမ်းလိုက်ရင်း ပေါင်ပေါ်မှာချုပ်ထားလိုက်သည်။
"ကိုကိုက မသိလိုက်လို့လုပ်မိတာကို ကလေးက ကိုကို့ကို တကယ်ကြီးလုပ်ရက်တယ်ပေါ့ ... ဟင်.. လုပ်ရက်တယ်လားလို့"
ပေါင်ပေါ်မှာ ဘေးတစ်စောင်းလေးထိုင်နေတဲ့ ကလေးငယ်ရဲ့ပခုံးလေးပေါ် မေးတင်ထားရင်း စိတ်မကောင်းသလိုလေးမေးလိုက်တော့ ငိုနေရာကနေ သူ့ကိုမျက်လုံးလေးစွေလို့ ကြည့်လာသည်။
"ကိုကိုက ကျွန်တော့်ပိုးကောင်လေးကို သတ်ပစ်လိုက်တာ"
မျက်နှာလွှဲထားရက်ကနေ နှုတ်ခမ်းလေးတထော်ထော်ဖြင့် မကျေမနပ်ရေရွတ်လာတဲ့ ဂျစ်တူးလေးကြောင့် ရှောင်းကျန့်တို့ခေါင်းကိုက်ရချေပြီ။
ဖြစ်ပုံက ဒီလို။ မနေ့က ရုံးပိတ်ရက်မှာ ရိပေါ်နဲ့သူနဲ့အတူ အိမ်အတွက် လိုအပ်တာလေးတွေဝယ်ရင်း ရိပေါ်က ခြံထဲမှာအပင်အသစ်တွေ ထပ်စိုက်ချင်တယ်ဆိုပြီး ပူဆာတာကြောင့် ရိပေါ်သဘောကျတဲ့ ကျူးလစ်ပင်လေးတွေ ဝယ်လာကြလေသည်။
နဂိုထဲက ရှောင်းကျန့်က အဲ့လိုအပင်စိုက်တဲ့ကိစ္စတွေကို သိပ်နားမလည်တာမို့ ခြံထဲမှာရိပေါ်အပင်တွေနေရာချနေတုန်း သူက ရိပေါ်ကြိုက်တတ်တဲ့မုန့်လေးတွေကို သွားလုပ်ပေးရသည်။
မနေ့ကရော ဒီနေ့မနက်ပိုင်းအထိပါ နှစ်ယောက်သားအဆင်ပြေနေပေမယ့် ညနေပိုင်းမှ ပြဿနာကစသည်။ မနက်က ဘာစိတ်ကူးပေါက်တယ်မသိ။ ကုမ္ပဏီမသွားခင် ရိပေါ်စိုက်ထားတဲ့အပင်လေးတွေကို ကြည့်ချင်စိတ်ဖြစ်လာတာနဲ့ ခြံအနောက်ဖက်က အပင်စိုက်ထားတဲ့နေရာလေးကိုသွားကြည့်ရင်း အပင်တစ်ပင်မှာ ခူယားလိုလို ပိုးတုံးလုံးလိုလို အစိမ်းရောင်ဝဝတုတ်တုတ်ပိုးကောင်ကိုတွေ့လိုက်တာမို့ သူမျက်မှောင်ကျုံ့လိုက်မိသည်။
မနေ့ကမှ ဝယ်လာတဲ့အပင်မှာ ဘယ်လိုဖြစ်ပြီး ပိုးကောင်ကတွယ်နေရတာလဲ။ ဆိုင်မှာတုန်းက ကောင်းတဲ့အပင်တွေကို သေချာရွေးဝယ်ခဲ့တာပါ။ အကိုင်းတစ်ခုနဲ့တစ်ခုကို တလိမ့်လိမ့်နဲ့ကူးနေတဲ့ ပိုးကောင်ဝတုတ်ကိုကြည့်ရင်း ကြက်သီးထလာတာမို့ အနားမှာရှိတဲ့ တုတ်ချောင်းရှည်ရှည်တစ်ခုကိုယူပြီး ထိုပိုးကောင်ကိုအမှိုက်ပုံးထဲပစ်ထုတ်လိုက်မိသည်။
ငယ်ငယ်ထဲက သူက အဲ့လိုပျော့စိစိပိုးကောင်တွေဆို သိပ်မုန်းတာ။ မြင်ရုံနဲ့တင် ကြက်သီးတွေတဖြန်းဖြန်းထပြီး အော့အန်ချင်လာရော။ တော်သေးတာပေါ့.. ရိပေါ်မတွေ့ခင် သူအရင်တွေ့လိုက်လို့။ မဟုတ်ရင် ကလေးပုစိကတစ်ယောက်ထဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ ကြောက်နေရှာမှာ။
ရှောင်းကျန့်ကသာ အဲ့ဒီလိုစေတနာထားပြီး လုပ်ပေးခဲ့ပေမယ့် ကုမ္ပဏီကပြန်ရောက်တာနဲ့ ကျေးဇူးရှင်လေးက သူ့ရဲ့ပိုးကောင်လေးကို ရှောင်းကျန့်ကသတ်ပစ်လိုက်ပါတယ်ဆိုပြီး ပြဿနာရှာတော့သည်။
ကြံကြံဖန်ဖန် ပန်းဆိုင်ကချုံပုတ်နားမှာတွေ့ခဲ့တဲ့ ပိုးတုံးလုံးလေးကို သနားလို့ သူဝယ်လာတဲ့အပင်မှာနေခိုင်းပြီး မွေးထားတာတဲ့လေ။ ဝမ်ပူတင်းတို့က လုပ်လိုက်ရင် အထူးအဆန်းတွေချည်းပဲ။
သူလည်း ဘယ်လိုလုပ်ပြီး ထင်မှာလဲ။ အစထဲက ကြိုပြောထားရင်တော့တစ်မျိုးပေါ့။ အခုဟာက... အရွက်စားပိုးကောင်ကို သနားလို့ သူ့အပင်မှာခေါ်မွေးထားတယ်ဆိုတာကတော့ မဟုတ်သေးပါဘူး။ ပြန်ရောက်ထဲက ဒီရစ်စိန်ကိုချော့နေရတာနဲ့ သူ့မှာအခုထိ အဝတ်အစားတောင်မလဲရသေးတဲ့အဖြစ်။
"ဒီအပတ်ပိတ်ရက်ကျရင် ကိုကိုက ရိပေါ်အတွက် အဲ့လိုပိုးကောင်လေးတွေ အများကြီးခေါ်လာပေးမယ်လေ ဟုတ်ပြီလား"
"အများကြီးလိုချင်ပါဘူး ကျွန်တော်က အဲ့ဒီပိုးကောင်လေးကိုပဲလိုချင်တာ.. အဲ့ဒီပိုးကောင်လေးကိုပဲ ပြန်လိုက်ရှာပေး ... အဲ့တာမှ ကျွန်တော်ကကျေနပ်မှာ"
လက်မထပ်ခင်က ရိပေါ်ဒီလောက်ထိ ရစ်တတ်မယ်မှန်း မထင်ခဲ့မိဘူး။
"ဟုတ်ပြီ ရိပေါ်ရဲ့ပိုးကောင်လေးကို ကိုကိုကလိုက်ပြန်ရှာပေးမှာမို့ စိတ်ကောက်ပြေတော့နော်.. ကိုကို့ကလေးလေးက ငိုနေတော့ ကိုကို့ရင်ဘတ်ထဲက နာလွန်းလို့"
"ဟုတ်ပဲနဲ့ ...သဝါး"
အမူပိုစွာနဲ့ သူ့ရင်ဘတ်ကိုလက်သီးစုပ်နဲ့ထုလိုက်တာမို့ ရင်ဘတ်ကအောင့်ခနဲ။ အပြောင်းအလဲကလည်း မြန်ပါ့။ ထားပါလေ... ဒါတွေဟာကိစ္စမရှိပါဘူး။ အရေးကြီးတာက ဒီရစ်စိန်လေးစိတ်ပြေသွားဖို့ပဲ။
ပေါင်ပေါ်မှာထိုင်နေတဲ့ ဝက်ပေါက်လေးကို မင်းသမီးလေးချီသလို ပွေ့ချီပြီး ထရပ်လိုက်တော့ အလန့်တကြားဖြင့် လည်ပင်းကိုသိုင်းဖက်လာတာမို့ ရှောင်းကျန့်ရဲ့ခြေလှမ်းတွေကို အိပ်ခန်းဆီကိုဦးတည်လိုက်သည်။
အိပ်ယာပေါ်တင်ပေးလိုက်တဲ့အထိ အခြေအနေကိုမရိပ်မိသေးတဲ့ဝက်ကလေးက သူ့တစ်ကိုယ်လုံးကို အစုန်အဆန်ကြည့်လို့ အဝတ်အစားတွေကို အလျင်စလိုချွတ်နေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရတဲ့အခါမှာတော့ အလန့်တကြားဖြင့် ကုတင်ပေါ်ကဆင်းပြေးဖို့လုပ်တော့သည်။
"ကျွန်တော် ဗိုက်ဆာနေပြီလို့ လွှတ်ပေး"
ထွက်ပြေးတာမအောင်မြင်တဲ့ ဝက်ပေါက်လေးခမျာ ယုန်ဆိုးကြီးရဲ့အောက်မှာ မျက်နှာငယ်လေးဖြင့် အသနားခံနေရရှာသည်။
"ကိုကိုက ကလေးလေးကို ချစ်လို့လေကွာ.. ရိပေါ်လေးကရော ကိုကို့ကိုမချစ်ဘူးလား"
ဒီရှောင်းကျန့်ကိုကိုဟာလေ ရိပေါ်သူ့ကိုဘယ်လောက်ချစ်မှန်းသိရက်နဲ့ သိပ်ဒရာမာချိုးချင်နေတာပါပဲ။ ရိပေါ်ကိုအငိုက်ဖမ်းနေတဲ့ ကိုကိုက ရိပေါ်တခြားကိုအတွေးရောက်နေတုန်း ကိုယ်ပေါ်ကအဝတ်အစားတွေကို အလျင်စလိုဆွဲဖယ်ကာ ရန်တွေ့ဖိုပြင်နေတဲ့ ရိပေါ်နှုတ်ခမ်းကို သူ့နှုတ်ခမ်းတွေနဲ့ချိတ်ပိတ်ပစ်လိုက်တာမို့ ရိပေါ်မှာ ကိုကို့လက်ထဲ မလူးသာမလွန့်သာ။
"တော်ပြီလေ ကိုကိုရာ .... ပိုးကောင်လေးကို သွားပြန်ရှာရဦးမယ်လေလို့"
ကိုကိုက သူလုပ်စရာရှိတာကို ကြိုးစားပမ်းစားလုပ်နေသလို ရိပေါ်ကလည်း ကိုကို့လက်ကမလွတ်နိူင်မှန်းသိပေမယ့် သူ့ရဲ့အကျင့်စရိုက်အတိုင်း အမူပိုကာ ငြင်းဟန်ဆောင်နေလေရဲ့။
❀ ❀ ❀ ❀ ❀
"ကိုကိုရေ မြန်မြန်ထပါဦးလို့ ...ကျွန်တော် ပိုးကောင်လေးကိုအိပ်မက်မက်တယ်"
ရှောင်းကျန့်အိပ်နေရင်း အတင်းဆွဲလှုပ်ရမ်းခံနေရတာကြောင့် မျက်လုံးမပွင့်တပွင့်ဖြင့်ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့သူ့ရဲ့ အမျိုးသားလေး ဝမ်ရိပေါ်ရယ်လေ။ လာပြန်ပြီ ဒီပိုးကောင်လေး။ အရင်ရက်တွေကလည်း သူ့ပိုးကောင်လေးကို အိပ်မက်မက်တယ်ဆိုပြီး လာနှိုးနေကြမို့ ရှောင်းကျန့်မကြားချင်ယောင်ဆောင်ကာ ဆက်အိပ်နေလိုက်သည်။
"ကိုကို့ ထတော့လို့ဆို"
သူဒီလောက်လှုပ်နှိုးနေတာတောင် ဂရုမစိုက်ပဲ တစ်ဖက်ကိုလှည့်ပြီး အိပ်နေတဲ့ကိုကိုကြောင့် ရိပေါ်စိတ်ကောက်ချင်လာသည်။ ကိုကိုက အမြဲတမ်းဒီအတိုင်းပဲ။ ရိပေါ်ကိုဆို နည်းနည်းလေးတောင် စိတ်ရှည်ချင်ပုံမရဘူး။
အင်းပေါ့လေ.. သူ့ဘက်ကအရင်စပြီး ကိုကို့ကိုချစ်ခဲ့တာဆိုတော့ ကိုကိုက သူ့ကိုအထင်သေးတာမဆန်းပါဘူးလေ။
ဘေးကနေ တကျီကျီအော်နေတဲ့ ငှက်ပေါက်စရဲ့အသံတိတ်သွားတာကြောင့် ရှောင်းကျန့်အိပ်နေရာကနေ ကိုယ်ကိုအသာရို့လို့ နောက်လှည့်ကြည့်လိုက်မိသည်။
"အမလေး..."
မျက်လုံးစိမ်းကြီးတွေနဲ့ သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေတဲ့ရိပေါ်ကြောင့် ယောင်ယမ်းပြီးထအော်မိတဲ့အထိ။ ဒါကိုဘယ်လိုဘယ်ပုံထင်သွားသလဲ မသိတဲ့ကောက်စိန်က မျက်နှာလေး တဖြည်းဖြည်းမဲ့ကျလာပြီး မျက်ရည်တွေတလိမ့်ချင်း ကျလာတော့သည်။
"ဘာဖြစ်လို့လဲရိပေါ် ...ဘာလို့ငိုနေရတာလဲကွာ"
လက်ဖောင်းဖောင်းလေးတစ်ဖက်ကို ဆွဲကိုင်ရင်း စိုးရိမ်တကြီးမေးမိတော့ လက်ကိုအကိုင်မခံပဲ အတင်းရုန်းထွက်သွားကာ ကုတင်ထောင့်စွန်းနားအထိ တိုးသွားပြီး ဒူးလေးတုပ်လို့ ထိုင်နေလေသည်။
"ကို ကို က ... ကျွန်တော့်ကို.. မချစ် ..အင့် မချစ်တော့ဘူး ...."
ငိုနေရင်းကနေ ဆူပုတ်ပုတ်လေးနဲ့လှမ်းပြောတဲ့ဟာလေးကို ရှောင်းကျန့်အသဲယားလာတာမို့ ပုံ့ပုံ့လေးထိုင်နေတဲ့ခန္ဓာကိုယ်လေးကို ပေါင်ပေါ်တင်ထားလိုက်မိသည်။
"ကျွန်တော်ဘက်က စချစ်ခဲ့တာဆိုပြီး ကိုကိုက ကျွန်တော့်ကို တန်ဖိုးမထားတာမဟုတ်လား.."
ပေါင်ပေါ်မှာထိုင်နေတဲ့ ကလေးငယ်ရဲ့ လက်မောင်းလေးတွေ ပခုံးသားလေးတွေကို တရှုံ့ရှုံ့လိုက်နမ်းနေရင်း ကြားလိုက်ရတဲ့စကားသံလေးကြောင့် ရှောင်းကျန့်မျက်မှောင်ကျုံ့လိုက်မိသည်။ ဝမ်ပူတင်းတို့က ပြောလိုက်ရင် အထူးအဆန်းတွေချည်းပဲ။ ဒီစကားကိုရော ဘယ်ကနေဘယ်လို တတ်လာပြန်ပါသလဲ။
"ဘာလို့ ကိုကိုက မချစ်တော့ဘူးလို့ထင်ရတာလဲ ပြောပါဦး .."
ပါးပေါ်က မျက်ရည်တွေကို လက်မနဲ့ဖိသုတ်ပေးရင်း မေးလိုက်တော့ ဝမ်ပူတင်းက နဂိုရှိရင်းထက် နှုတ်ခမ်းကပိုထော်လာပြီး
"ကိုကိုက ကျွန်တော့်ကို ဂရုမစိုက်တော့ဘူး.. တစ်ယောက်ထဲပစ်ထားတယ် ...ပြီးတော့ ကိုကိုက ကျွန်တော့်မျက်နှာကို မြင်ပြီး လန့်သွားတာ အဲ့တာ ကျွန်တော့်ကို မချစ်တော့လို့ပေါ့"
အလုပ်မှာအရမ်းပင်ပန်းလာလို့ အိပ်မိပါတယ် ...သူ့ကို တစ်ယောက်ထဲပစ်ထားပါတယ်ဆိုပြီး ခေါင်းစဉ်အကြီးကြီးတပ်နေပြန်တာမို့ ရှောင်းကျန့်တို့အကြံအိုက်ရချေပြီ။ ဒီဟာလေး တစ်ခါ တစ်ခါရစ်ပြီဆို ညလုံးပေါက်မအိပ်ရတဲ့အထိပဲ။ ကောက်တတ် ကွေးတတ် ရစ်တတ်လိုက်တာလည်း လွန်ပါရော။
"ဒီလောက်ချစ်စရာကောင်းတဲ့ကလေးလေးကို ကိုကိုကဘာလို့မချစ်ရမှာလဲ ....ချစ်လွန်းလို့ ဖက်ထုတ်လေးလိုသေးသေးလေးထုတ်ပြီးတောင် မြိုချထားချင်တာ သိရဲ့လား"
ဟုတ်ပါတယ်..။ ဒီလိုကြက်သီးထစရာကောင်းတဲ့ စကားတွေကိုပြောနေတဲ့သူက အရင်ကကြောက်စရာကောင်းလှပါတယ်ဆိုတဲ့ မင်းတို့ရဲ့လူသားစက်ရုပ်CEOရှောင်းရယ်ပါ။ ကိုယ့်ထက်လေးနှစ်လောက်ငယ်တဲ့ ယောကျာၤးဂျစ်တူးလေးကို ယူထားရတော့လည်း ဒီလိုပဲရွှီးတတ်ရတာပေါ့။
"ကိုကိုလူဆိုးကြီး တော်တော်တတ်နေ.."
"စိတ်ကောက်ပြေပြီဆို အိပ်ကြမယ်လေ ဟဲဟဲ"
"အမ်... ဘာပြောတာလဲ"
"အော် .. ကိုယ်ပြောတာက ကလေးအိပ်ရေးပျက်မှာစိုးလို့ ဆက်အိပ်ရအောင်လို့"
"အွန်း အွန်း... ခုနက နည်းနည်းပိကျိလေးငိုလိုက်ရတော့ မျက်လုံးကျယ်သွားပြီ ... အဲ့တာကိုကိုဖက်ပြီး ချော့သိပ်ပေး"
ရင်ခွင်ထဲတိုးဝင်လာတဲ့ လုံးလုံးသေးသေးခန္ဓာကိုယ်လေးကြောင့် ခေါင်းအောက်ကို လက်မောင်းခံကာအိပ်စေရင်း လွတ်နေတဲ့လက်တစ်ဖက်က တင်ပါးလေးကိုပုတ်ကာ ချော့သိပ်ပေးရသည်။
ခဏကြာတော့ ရင်ခွင်ထဲက ဟောက်သံသေးသေးလေးကြားလိုက်ရတာမို့ ခပ်သဲ့သဲ့ရယ်လိုက်ရင်း ကလေးပေါင်ဒါအနံ့သင်းနေတဲ့ ဆံနွယ်လေးတွေကို တဝကြီးရှူရှိုက်လိုက်မိသည်။
❀ ❀ ❀ ❀ ❀
"သားငယ်လေး လာ... မကြောက်နဲ့"
ရိပေါ်က အခု မားနဲ့အတူ ရပ်ကွက်ထဲကအဒေါ်ကြီးတွေစုပြီး ကတဲ့နေရာကို လိုက်လာတာဖြစ်သည်။ ကိုကိုအလုပ်သွားတုန်း အိမ်မှာပျင်းနေတာရော ဒီလိုစုပြီးကတာမျိုးကို အနီးကပ်မမြင်ဖူးတာကြောင့်ပါ စပ်စုစိန်လေးရိပေါ်က မားရဲ့လက်ကိုဆွဲကာ လိုက်လာခဲ့ခြင်းပင်။
ဒီရောက်တော့မှ အဒေါ်ကြီးတွေက ရိပေါ်ကိုဝိုင်းပြီးကြည့်နေကြတာမို့ ဆက်မသွားရဲပဲ တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတာမို့ မားက ရိပေါ်ရဲ့လက်ကိုဆွဲကာ အဒေါ်ကြီးတွေကြားထဲကို ခေါ်သွားလေသည်။
"သားလေးလား.. ကြည့်ပါဦး ချစ်စရာလေး ပါးလေးကိုဖောင်းနေတာပဲ"
ပြောနေရင်းက အသဲယားလာပုံရတဲ့အဒေါ်ကြီးက ရိပေါ်ရဲ့ပါးတစ်ဖက်ကို ဆွဲညှစ်လိုက်တာမို့ ရိပေါ်မှာပြူးကြောင်ကြောင်လေးဖြစ်သွားရသည်။
"ဟယ်တော့ .... ငါအိမ်မှာလုပ်နေကြ အသားပေါက်စီလေးလိုပဲ နုနုအိအိလေး"
"ဟုတ်လား... ငါတို့လည်း ညှစ်ကြည့်ရအောင်"
ရိပေါ်အနားကို အလုအယက်တိုးကပ်လာတဲ့အဒေါ်ကြီးတွေကြောင့် ရိပေါ်ကြောက်ကြောက်လန့်လန့်ဖြင့် မားရဲ့အနောက်မှာဝင်ပုန်းနေလိုက်သည်။
"ကဲ ...မစကြနဲ့တော့.. ဒီမှာသားငယ်လေးက ကြောက်နေပြီ"
မားဝင်ဟန့်လိုက်တော့မှ ကိုယ်ရှိန်သတ်သွားတဲ့အဒေါ်ကြီးတွေက မားလစ်တာနဲ့ ရိပေါ်ပါးကို လာညှစ်သွားကြတာမို့ ရိပေါ်ပါးလေးနှစ်ဖက်မှာ ရဲလို့။ အဲ့ဒီနေ့က အဒေါ်ကြီးတွေကိုကြောက်လို့ ရိပေါ်မှာ မားသင်ပေးတဲ့အကတွေကိုလည်း သေချာလိုက်မမှတ်နိူင်တာမို့ ရိပေါ်စိတ်အကြီးကြီးတိုချင်သွားသည်။
ရိပေါ်က ဉာဏ်တုံးတဲ့သူမဟုတ်ပါဘူးနော်။ ကိုကိုက ပြောဖူးတယ်။ ရိပေါ်က ဉာဏ်အရမ်းကောင်းလို့ အရမ်းခက်တဲ့legoတွေကိုတောင် ဆက်နိူင်တာတဲ့။ အဲ့တာကြောင့် အခုက ရိပေါ်က ဉာဏ်မကောင်းလို့မမှတ်မိတာမဟုတ်ပဲ လက်ရဲဇက်ရဲအဒေါ်ကြီးတွေကို ကြောက်နေရလို့သာ သေချာအာရုံမစိုက်လိုက်နိူင်တာဖြစ်သည်။
❀ ❀ ❀ ❀ ❀
ဒီနေ့က ရိပေါ်အတွက်တော့ အရမ်း အရမ်းကို ပျင်းစရာကောင်းတဲ့နေ့တစ်နေ့ပါပဲ။ ကိုကိုကလည်း အလုပ်သွားတယ်။ မားကလည်း မနက်ခင်းကဖို့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေဆီထွက်သွားတယ်။ အဲ့ဒီတော့ အိမ်မှာတစ်ယောက်ထဲ ကျန်ခဲ့တဲ့ရိပေါ်လေးက ပျင်းရိပျင်းတွဲဖြင့် ဧည့်ခန်းထဲကဆိုဖာမှာ အပျော့ကောင်လေးလို ခွေခေါက်နေလေသည်။
ကိုကိုက ရိပေါ်အတွက် အသစ်ထွက်တဲ့legoတွေ အများကြီးဝယ်ထားပေးပေမယ့်လည်း အပျင်းတစ်နေတဲ့ဝက်ကလေးက အခန်းထဲသွားယူဖို့တောင် ပျင်းနေလေသည်။ လူကသာငြိမ်နေပေမယ့် ခေါင်းသေးသေးလေးက ဉာဏ်နီဉာဏ်နက်တွေစဉ်းစားနေတဲ့ရိပေါ်က အကြံတစ်ခုရသွားတာမို့ ခွေခေါက်နေရာကနေ ငေါက်ခနဲထထိုင်လိုက်မိသည်။
ကောချန်နဲ့မတွေ့တာကြာပြီမို့ သူ့ကိုအိမ်လည်ခေါ်ရမည်။ ပြီးရင် ကောချန်နဲ့အတူ ဂိမ်းဆော့မည်။ ဂိမ်းဆော့ပြီးရင် ရိပေါ်ရဲ့legoအသစ်တွေထုတ်ပြပြီး ကိုကိုက သူ့ကိုဘယ်လောက်ချစ်ပြီး အလိုလိုက်ကြောင်းကြွားရမည်။
သူ့အကြံနဲ့သူ သဘောကျနေတဲ့ရိပေါ်က အလျင်အမြန်ပင် ကောချန်ကိုဖုန်းဆက်ပြီး လှမ်းခေါ်လိုက်သည်။ ရိပေါ်ကြိုက်တဲ့ ဖက်ထုတ်ပြုတ်ဝယ်လာခိုင်းဖို့လည်းမမေ့။
ခဏကြာတော့ ကောချန်ရောက်လာတာမို့ ဂိမ်းအတူဆော့နေရင်း ကောချန်က ရိပေါ်ကိုတစ်ခုခုပြောချင်တဲ့ပုံစံဖြင့် ပြောဖို့ပြင်ပြီးမှ ရိပေါ်နဲ့အကြည့်ချင်းဆုံရင် မျက်နှာလွှဲလွှဲသွားတာမို့ ကောချန်ရဲ့ဖုန်းကိုလှမ်းဆွဲလိုက်ပြီး
"မင်းငါ့ကို တစ်ခုခုပြောစရာရှိနေတယ်မဟုတ်လား"
"မ.. မဟုတ်ပါဘူးကွာ မင်းကလည်း ..."
"ပြောစမ်းပါ ....ဘာပြောမလို့လဲ"
"အဲ့တာကလေ ငါလာရင်းနဲ့ လမ်းမှာ ရှောင်းကျန့်ကောကို အမျိုးသမီးတစ်ယောက်နဲ့တွေ့လိုက်လို့"
မဝံ့မရဲနဲ့ပြောလာတဲ့ ကောချန်ရဲ့စကားကြောင့် ရိပေါ်မျက်ခုံးတွေကျုံ့ထားရာကနေ ဟက်ခနဲရယ်လိုက်ရင်း
"ဘာများလဲလို့... ကိုကိုက CEOဆိုတော့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေနဲ့ နေ့လည်စာသွားစားတာမျိုးက ထုံးစံပဲလေကွာ"
"မဟုတ်ဘူးကွ... သူတို့နှစ်ယောက်ကိုကြည့်ရတာ တော်တော်ရင်းနှီးတဲ့ပုံပဲ ..မင်းမယုံမှာစိုးလို့ ငါဓာတ်ပုံရိုက်လာတယ် ဒီမှာကြည့်.."
ခုနကထိ ပြုံးတုံ့တုံ့လုပ်နေတဲ့ရိပေါ်က ကောချန်ဖုန်းထဲကပုံတွေကို မြင်ပြီးတဲ့နောက်မှာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။ ပုံထဲမှာ ပါးချိုင့်တွေပေါ်တဲ့အထိ ရယ်နေတဲ့ကိုကိုက ထိုအမျိုးသမီးရဲ့ ခါးကိုလည်းလှမ်းဖက်ထားသေးသည်။
ကိုကိုက ရိပေါ်မဟုတ်တဲ့အခြားတစ်ယောက်ကို ရယ်ပြတယ် ပြီးတော့ ခါးကိုလည်းဖက်ထားသေးတယ်။ ကိုကိုတကယ်များ.... ဖက်.. ဖက်.. ဖက် မဟုတ်ဘူး ကိုကိုက ရိပေါ်ကိုပဲချစ်တာ။ ဘယ်တော့မှအဲ့လိုလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီပုံတွေကရော....။
ဂိမ်းလည်းဆက်ပြီး ဆော့ချင်စိတ်မရှိတော့တာမို့ ကောချန်ကိုပြန်လွှတ်လိုက်ပြီး ဧည့်ခန်းထဲမှာခေါက်တုံ့ခေါက်ပြန်လျှောက်လို့ အတွေးများနေမိသည်။ အခုချိန်လောက်ဆို ကိုကိုနဲ့ဟိုအမျိုးသမီး ဘာတွေလုပ်နေကြမလဲ။ ခုနကတောင် ခါးကိုဖက်ထားတာဆိုတော့ အခုအချိန်သာဆို... မဟုတ်ဘူး ...မဟုတ်ဘူး ဘယ်လိုအကြောင်းနဲ့မှ အဲ့လိုအဖြစ်မခံနိူင်ဘူး။
သူတားရမယ်..။ သေချာပေါက်ကို တားမှဖြစ်မည်။
ကိုကို့ဖုန်းကိုဆက်ကြည့်လိုက်တော့ စက်ပိတ်ထားတာမို့ ရိပေါ်ရဲ့ဒေါသအရှိန်က တဖြည်းဖြည်းတက်လာလေသည်။ ကိုကို ခင်ဗျားပြန်လာရင် ကျွန်တော်နဲ့တွေ့ကြသေးတာပေါ့။
ညနေရှောင်းကျန့်အိမ်ပြန်ရောက်တော့ အိမ်ဝမှာ အရင်ကထွက်ကြိုနေကြ ဝက်ကလေးမရှိတဲ့အပြင် တစ်အိမ်လုံးအပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေတာမို့ မျက်ခုံးပင့်လိုက်မိသည်။
အခန်းထဲရောက်တော့မှ ပြတင်းပေါက်ဘက်ကိုမျက်နှာမူပြီး ကုတင်ပေါ်မှာထိုင်နေတဲ့ကလေးငယ်ကြောင့် အနောက်ကနေ ခါးလေးကိုလှမ်းဖက်လိုက်တော့ ရှောင်းကျန့်လက်တွေကိုဖယ်ချကာ
"အပြင်ကပြန်လာရင် ရေအရင်ချိုး"
တစ်ခုခုကို စိတ်အလိုမကျဖြစ်နေပုံပေါ်တာမို့ ရှောင်းကျန့်လည်း ဘာမှအထွန့်မတက်တော့ပဲ ရေချိုးခန်းထဲကိုသာ ဝင်သွားလိုက်တော့သည်။
ရေချိုးပြီးလို့ ပြန်ထွက်လာတော့လည်း အရင်လို ခေါင်းကိုတဘတ်နဲ့သုတ်ပေးတာမျိုး မလုပ်ပေးတဲ့အပြင် သူ့ကိုမသိချင်ယောင်ဆောင်ကာ စောင်ခြုံပြီးအိပ်ဖို့ပြင်နေတာမို့ အနားကိုတိုးသွားကာ အိပ်ယာပေါ်လှဲလိုက်တော့ စိတ်ရှုပ်ဟန်ဖြင့် ရှောင်းကျန့်လက်မောင်းတွေကို ဖတ်ခနဲရိုက်လိုက်ရင်း
"ဖယ်စမ်းပါ.. အိပ်တော့မလို့"
"ကလေးက ....ကိုယ့်ကိုမစောင့်ပဲအိပ်တော့မလို့လား"
"မျက်လုံးချင်းတူတာမှမဟုတ်တာ.. ကိုယ်အိပ်ချင်တဲ့အချိန်အိပ်မှာပေါ့"
စောင်ကိုမျက်နှာလေးပေါ်ရုံသာ ခြုံပြီး သူ့ကိုကျောပေးကာ အိပ်နေတာမို့ စောင်ထုပ်လေးကို အနောက်ကနေ သိုင်းဖက်လိုက်ရင်း
"ရိပေါ်ကကွာ.. ကိုယ့်ကိုစိတ်ကောက်နေတာလား ဘာလို့အကန်တွေချည်းပြောနေရတာလဲ"
"ဟုတ်လား... ကျွန်တော်စိတ်ကောက်အောင် ခင်ဗျားက ဘာတွေလုပ်ထားသေးလို့လဲ"
ကျောပေးထားရာကနေ တစ်ခွန်းမကျန်ရန်ပြန်တွေ့နေတဲ့ဟာလေးကို အသဲယားလာတာမို့ စောင်ထုပ်လေးကို ပိုတိုးလို့ဖိညှစ်လိုက်ရင်း
"ကလေးမှာ ကိုယ်ဝန်ရှိနေတာများလား .... အခုတလော အရမ်းစိတ်ဆတ်လာသလိုပဲ"
ရှောင်းကျန့်စကားအဆုံး ရိပေါ်က အိပ်နေရာကနေ ငေါက်ခနဲထထိုင်ကာ
"ခင်ဗျား ယူထားတာက အထီးဗျ အထီး... အဲ့လောက်တောင် ကလေးလိုချင်နေရင်လည်း အစထဲက မိန်းမယူပါလား ....ဘာလို့ ကျွန်တော့်ကိုယူထားသေးလဲ"
ရှောင်းကျန့်ရင်ဘတ်ကို စောင့်တွန်းကာ ဒေါသတကြီးဖြင့် ပြောလာတာမို့ ရှောင်းကျန့်သူ့စကားမှားသွားပြီမှန်းသိလိုက်သည်။ ဒေါသအိုးကိုမှ ဒီလိုစကားမျိုး သွားပြောမိတယ်လို့။
"ကိုယ်က ဒီတိုင်းစလိုက်တာပါကွာ.. ပြီးတော့ ကိုယ့်မှာဒီလောက်ချစ်စရာကောင်းတဲ့အူကြူးလေးရှိနေတာကို ဘာကိစ္စကလေးလိုချင်ရမှာလဲ"
"သူ့ကိုအရင် စချစ်ခဲ့တာဆိုတိုင်း ပြောချင်တာပြောလို့ရရောလား .... ဒီကဖြင့် သူ့ကိုသနားလို့ပြန်လက်ခံလိုက်တာကို"
ဒါတောင်ကျေနပ်သေးပုံမရတဲ့ ဝမ်ပူတင်းက မျက်စောင်းချီလို့ ပွစိပွစိရေရွတ်ရင်း ပြန်လှဲအိပ်သွားတာကြောင့် ဟင်းခနဲသက်ပြင်းချလိုက်မိသည်။ ပြောပြန်ပြီ ဒီစကားကို။ ဘယ်ကနေ ဘယ်လိုတတ်လာပြီး ပြောတဲ့စကားလဲမသိပေမယ့် ရှောင်းကျန့်သဘောမကျတာတော့အမှန်ပင်။ တကယ်ပြောတာ တနေ့တခြားဒီဟာလေးက ပိုပိုပြီးဆိုးတတ် ဂျစ်တတ်လာသလိုပဲ။
❀ ❀ ❀ ❀ ❀
"ပြန်ရအောင်ရိပေါ်ရာ.. ရှောင်းကျန့်ကောသိရင် ငါအသတ်ခံရလိမ့်မယ်ကွ"
"ဆက်ပြီး ပွစိပွစိပြောနေမယ်ဆို ကိုကိုမသတ်ခင် ငါမင်းကိုအရင်သတ်မိတော့မယ်"
အပြင်ဘက်ကိုကြည့်နေရာကနေ မျက်စိမလွှဲပဲ အံကြိတ်သံကြီးဖြင့် ပြောလာတဲ့ရိပေါ်ကြောင့် ကောချန်သူ့ပါးစပ်သူ လက်ဖြင့်အုပ်ထားလိုက်မိသည်။
မနေ့က ရှောင်းကျန့်ကောကိုအမျိုးသမီးတစ်ယောက်နဲ့တွေ့ခဲ့ကြောင်း အာချောင်ပြီးပြောမိတာသူ့အမှားပဲ။ အခုတော့ ပြောမရ ဆိုမရ ရိပေါ်က ရှောင်းကျန့်ကောကိုလိုက်ချောင်းဖို့ဆိုပြီး သူ့ကိုခေါ်လာတာမို့ သူ့မှာဖင်မီးခဲခုထိုင်နေရသလိုပဲ။ ရှောင်းကျန့်ကောကိုကြောက်ရ ရိပေါ်ကိုကြောက်ရနဲ့ လွယ်ကူမနေဘူး။
ရိပေါ်ကသာ ဇွဲရှိရှိနဲ့ ရှောင်းကျန့်ကောထွက်လာမယ့်အချိန်ကိုစောင့်နေပေမယ့် အခုဆို သူတို့နှစ်ယောက် ရှောင်းကျန့်ကောရဲ့ကုမ္ပဏီအရှေ့ကိုရောက်တာ နေ့တစ်ပိုင်းလောက်ရှိနေပြီ။ ရှောင်းကျန့်ကောရဲ့အရိပ်အယောင်တောင်မမြင်ရသေးဘူး။
"ကောချန် ဟိုမှာ ကုမ္ပဏီထဲကနေ ကိုကိုနဲ့အတူထွက်လာတာ မနေ့ကဓာတ်ပုံထဲက အမျိုးသမီးမဟုတ်လား"
ကောချန်အတွေးများနေရာကနေ ရိပေါ်လက်ညိုးထိုးပြတဲ့နေရာကို လှမ်းကြည့်လိုက်တော့ တကယ်ပဲ မနေ့ကတွေ့ခဲ့တဲ့အမျိုးသမီးဖြစ်နေတာမို့ ခေါင်းညိတ်ပြလိုက်မိသည်။
သူ့ဆီကအတည်ပြုချက်ရတာနဲ့ ရိပေါ်က ဒက်ရှ်ဘုတ်ပေါ်ကဖုန်းကို လှမ်းယူလိုက်တာမို့ ရိပေါ်ရဲ့လက်ကိုလှမ်းဆွဲကာ
"ဘာလုပ်ဦးမလို့လဲရိပေါ်.."
"ရော့ ... ငါနေမကောင်းလို့ဆိုပြီး ကိုကို့ဆီဖုန်းဆက်လိုက်"
အတည်ပေါက်ကြီးနဲ့ သူ့ဆီဖုန်းလှမ်းပေးပြီးပြောလာတဲ့ ရိပေါ်ကြောင့် သူခေါင်းကိုအဆတ်မပြတ်ခါပြလိုက်မိသည်။ ရှောင်းကျန့်ကောရဲ့ လက်ဆဘယ်လောက်ပြင်းသလဲဆိုတာ သူအသိဆုံး။
"ဆက်မှာလား... မဆက်ဘူးလား"
ထပ်ပြီးခေါင်းခါပြလိုက်တော့ ရိပေါ်က ကောင်းပြီဆိုကာ ကားပေါ်ကဆင်းဖို့ပြင်နေတာမို့ မျက်လုံးစုံမှိတ်ကာ
"ဆက်မယ် .... ငါဆက်လိုက်မယ်"
သူသာဖုန်းမဆက်ပေးရင် ရိပေါ်က ရှောင်းကျန့်ကောနဲ့ထိုအမျိုးသမီးဆီသွားပြီး ပြဿနာရှာမှာအသေအချာပဲ။
ကောချန်နဲ့ဖုန်းပြောပြီးတာနဲ့ ထိုအမျိုးသမီးကိုထားခဲ့ပြီး အလျင်စလိုကားမောင်းထွက်သွားတဲ့ကိုကို့ကြောင့် ရိပေါ်ဟက်ခနဲရယ်လိုက်မိသည်။ ကိုကိုက သူ့အပိုင်။ သူ့ဆီက ဘယ်သူမှကိုကို့ကိုလာလုလို့မရဘူး။
❀ ❀ ❀ ❀ ❀
အိမ်ရှေ့ကားရပ်လိုက်တာနဲ့ ကားပေါ်ကအလျင်စလိုဆင်းလိုက်ရင်း ကလေးငယ်ရဲ့နာမည်ကိုအော်ကာ အိမ်ထဲဝင်လာချိန် ဧည့်ခန်းထဲမှာတီဗီထိုင်ကြည့်နေတဲ့ ကလေးငယ်ကြောင့် ခြေလှမ်းကျဲကြီးတွေသုံးလို့ အနားကိုကပ်သွားရင်း
"နေမကောင်းဘူးဆို ဘယ်လိုဖြစ်တာလဲကွာ... ကိုယ်ရောပူနေသေးလား ..ကောချန်ရော ဘယ်ရောက်သွားလဲ .."
ရိပေါ်ဘေးမှာဝင်ထိုင်လိုက်ရင်း နဖူးကိုစမ်းလိုက် ပါးကိုစမ်းလိုက်နဲ့ စိုးရိမ်တကြီး မေးလာတဲ့ကိုကိုကြောင့် ပါးပေါ်က ကိုကို့ရဲ့လက်ကိုလှမ်းကိုင်လိုက်ရင်း
"ဘာမှမဖြစ်ပါဘူးကိုကိုရဲ့ ...ကျွန်တော်က ဒီတိုင်း ကိုကို့ကိုလွမ်းလို့ ကောချန်ကိုဖုန်းဆက်ခိုင်းလိုက်တာ"
ရိပေါ်စကားအဆုံး စိတ်တိုသွားဟန်ဖြင့် ကျစ်ခနဲစုတ်သတ်လိုက်တဲ့ကိုကိုကြောင့် ရိပေါ်စိတ်ထဲတင်းခနဲဖြစ်သွားပြီး
"ဒါက ဘာအပြုအမူလဲကိုကို"
"ထားလိုက်တော့ ..ကိုယ်ရေချိုးလိုက်ဦးမယ်"
ကိုကိုက ရိပေါ်ကိုလှည့်ကြည့်ရင်း ဘာမှမပြောချင်တော့သလို လေပူတွေကို ဟူးခနဲမှုတ်ထုတ်ကာ လှေကားပေါ်တက်သွားတာမို့ ရိပေါ်ဒေါသတကြီးဖြင့် ကိုကို့နောက်လိုက်သွားမိသည်။
"ခင်ဗျား အခုကျွန်တော့်ကို စိတ်ကုန်နေတဲ့အကြည့်နဲ့ ကြည့်လိုက်တာလား... ဖြေလေ ခင်ဗျား ကျွန်တော့်ကို စိတ်ကုန်နေပြီမဟုတ်လားလို့"
အနောက်တကောက်ကောက်လိုက်ပြီး ပြောနေတဲ့ ရိပေါ်စကားတွေကို အဖတ်မလုပ်ပဲ အဝတ်အစားလဲနေတဲ့ကိုကို့ကြောင့် ရိပေါ်ဒေါသပိုထွက်လာရသည်။
"အခုတော့ ခင်ဗျားက ကျွန်တော်နဲ့စကားတောင်မပြောချင်တော့ဘူးပေါ့လေ ...ဒီမှာ ခင်ဗျားသိအောင် တစ်ခါထဲပြောထားလိုက်မယ် ... ကျွန်တော့်ဘက်ကအရင် ခင်ဗျားကိုစချစ်ခဲ့တာဆိုပြီး မာန်တက်မနေနဲ့.. ခင်ဗျား ကျွန်တော့်အိမ်ကို ခဏခဏလာပြီး တောင်းပန်လွန်းလို့သာ ကျွန်တော်က..."
"ရိပေါ်က ကိုယ့်ကိုတကယ်မချစ်ပဲ သနားလို့လက်ခံလိုက်တာမဟုတ်လား ..."
ရိပေါ်စကားအဆုံးခင် ဖြတ်ပြောလိုက်တဲ့ကိုကို့စကားကြောင့် ရိပေါ်ခဏကြောင်သွားပြီးမှ
"ဟုတ်တယ် ....အဲ့အတိုင်းပဲ"
"ကွာရှင်းကြမလား.."
"ခင်ဗျား ဘာပြောလိုက်တာလဲ"
"ရိပေါ်က ကိုယ့်ကိုတကယ်မချစ်ပဲ သနားလို့လက်ခံလိုက်ရတာဆိုတော့ ကိုယ်နဲ့နေရတာ မပျော်ဘူးမဟုတ်လား ....အဲ့တာကြောင့် ကွာရှင်းကြမလားလို့"
အရင်က စိတ်ကောက်ရင်လည်း ဒီလိုပဲပြောနေကြမို့ ပြောလိုက်ပေမယ့် ရိပေါ်စကားကိုအတည်ထင်ပြီး ကွာရှင်းဖို့အထိတွေပါပြောလာတာမို့ ရိပေါ်ဝမ်းနည်းမိသလို စိတ်လည်းတိုလာရသည်။
"ဟိုမိန်းမကြောင့်လား.. ခင်ဗျားမှာနောက်တစ်ယောက်ရှိနေလို့ ဒီလိုစကားမျိုးပြောထွက်တာမဟုတ်လားလို့"
"ဘယ်ကမိန်းမက ဘာလာရပြန်တာလဲရိပေါ် "
အခုမှ မသိသလိုမျိုး ပြန်လာမေးနေတာမို့ ရိပေါ်မနေ့က ကောချန်ဆီက ကူးထားတဲ့ပုံတွေကိုပြလိုက်တော့ ကိုကိုကအတော်အံ့သြသွားပုံပင်။
"မင်းကိုယ့်ကို နောက်ယောင်ခံလိုက်နေတာလား"
ရိပေါ်ကဘာမှမပြောပဲ ကြည့်မြဲကြည့်နေလိုက်တော့ ကိုကိုက မယုံကြည်နိူင်သလိုမျိုးဖြင့် ရိပေါ်ပခုံးနှစ်ဖက်ကိုဆွဲကိုင်ကာ
"ဟုတ်လားလို့ ရိပေါ်.. တစ်ချိန်လုံး ကိုယ့်ကို ဖောက်ပြန်တဲ့သူဆိုပြီး ထင်နေတာလား"
"အဲ့တာဆို အဲ့ဒီမိန်းမဘယ်သူလဲဆိုတာ ကျွန်တော့်ကိုရှင်းပြလေ"
"ကိုယ်မင်းကို ဒီတစ်ခါတော့ တော်တော်စိတ်ပျက်မိတယ်"
ရိပေါ်ကို စိတ်ပျက်တဲ့အကြည့်တွေနဲ့ကြည့်ပြီး ထွက်သွားတဲ့ကိုကို့ကို မတားမိသလို တားဖို့လည်းစိတ်ကူးမရှိ။ ကိုကိုမို့ ကွာရှင်းမယ်ဆိုတဲ့စကားကို ပြောထွက်ရက်တယ်။
ကားသံကြားလို့ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ တရှိန်ထိုးမောင်းထွက်သွားတဲ့ကိုကို့ကားကိုကြည့်ပြီး ကျချင်နေတဲ့မျက်ရည်တွေကို လက်မဖြင့်ဖိသုတ်လိုက်မိသည်။ သူတောင်ပြတ်နိူင်ရင် ရိပေါ်ကရော ဘာလို့မပြတ်နိူင်ရမှာလဲ။
❀ ❀ ❀ ❀ ❀
"ဟေ့ကောင် ကောချန် ဒီနေ့နဲ့ဆို ကိုကိုအိမ်ပြန်မလာတာ သုံးရက်တောင်ရှိပြီကွ.. သုံးရက် ... အဲ့တာ မင်းကြောင့် မင်းလျှာရှည်ပြီးလာပြောလို့ ကိုကိုနဲ့ငါ ရန်ဖြစ်ကြရတာ"
ကောချန်လည်း သူ့အပြစ်နဲ့သူမို့ ရိပေါ်မူးပြီးရစ်သမျှကို ခေါင်းငုံ့ပြီးခံနေရသည်။ ရွှမ်းကောပြောပြမှသိရတာ။ ဟိုတနေ့က ရှောင်းကျန့်ကောနဲ့အတူ တွဲပြီးတွေ့လိုက်တဲ့အမျိုးသမီးက ကျောင်းတုန်းက ရွှမ်းကောတို့သုံးယောက်နဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတဲ့။
အရင်ကလည်း ရင်းရင်းနှီးနှီးနေ,နေကြဖြစ်တဲ့အပြင် ထိုအမျိုးသမီးခြေထောက်ခေါက်သွားတာကို ရှောင်းကျန့်ကောကလှမ်းထိန်းပေးတာကို တစ်မျိုးတစ်ဖုံတွေမြင် ထင်ချင်ရာတွေထင်ပြီး ရိပေါ်ကိုသွားပြောမိတာဖြစ်သည်။ ပြီးတော့ ထိုအမျိုးသမီးမှာကလည်း လက်ရှိအိမ်ထောင်နဲ့ဖြစ်ပြီး ကလေးတစ်ယောက်လည်းရှိလေသည်။
"ပြီးတော့ ကိုကို့ကို ငါကတကယ်ချစ်တာ.. သနားလို့လက်ခံလိုက်တယ်ဆိုတာ မဟုတ်ဘူး ငါလျှောက်ပြောနေတာပါလို့ ...သွားပြော အခုချက်ချင်းသွားပြောပေး"
"မသောက်ပါနဲ့တော့ရိပေါ်ရာ ....မင်းသောက်တာအရမ်းများနေပြီ"
"မင်းမပြောရင် ငါသွားပြောမယ် ..."
ထိုင်နေရာကနေ ယိုင်ထိုးယိုင်တိုင်ဖြင့် ထထွက်သွားတဲ့ရိပေါ်ကြောင့် ကောချန်မှာအမြန်တားရပြန်သည်။
"ကိုကိုရေ.. ကိုကိုမရှိတော့ ဒီကကိုကို့ကလေးလေးကို ဆွဲလားရမ်းလားတွေလုပ်နေပြီ ....လာရိုက်ပြီး ဆုံးမပေးဦးလေ ကိုကိုရဲ့ အီး...ဟီး .."
ကျေးဇူးရှင်လေးက သူ့လက်ထဲမှာ အငြိမ်မနေပဲ အတင်းတွန်းထိုးရုန်းကန်နေတဲ့အပြင် မူးမူးရူးရူးနဲ့ပေါက်ကရတွေပါအော်နေပြန်တာမို့ ရိပေါ်ရဲ့ပါးစပ်ကို လက်ဖြင့်အမြန်ပိတ်ထားလိုက်ရသည်။
"သားငယ်လေး ဘာဖြစ်လို့လဲ"
ဒီလောက်လက်နဲ့အုပ်ထားတာတောင် ထိန်းမနိူင် သိမ်းမနိူင် အာပြဲစိန်ရိပေါ်ရဲ့အသံကို ရှောင်းမားမားက ကြားသွားပြီး မီးဖိုချောင်ကနေထွက်လာတာမို့ ရိပေါ်ကိုချုပ်ထားရာကနေ လွှတ်ပေးလိုက်ပြီး သွားဖြဲပြလိုက်မိသည်။
"မား... သူ .. သူသားကိုအနိူင်ကျင့်တယ် ...သူ့ကိုရိုက်ပစ်"
အမယ့်... ဒင်းကအမူးပါး။ မူးသာမူးနေတာ သူများကို အချွန်နဲ့မ ဖို့တော့သတိရသား။ သူ့မှာတော့ ကောင်မလေးခေါ်တာတောင်မသွားပဲ သူ့သူငယ်ချင်းလေး သူ့ကြောင့် လင်ပစ်ခံရတာပါလားဆိုပြီး အဖော်လုပ်ပေးဖို့လာနေပေးတာ။
ဒါကို ဒင်းက သူ့ကိုပြေးပေါက်မှားအောင်လုပ်နေတယ်။ တော်တော်သနားချင်စရာကောင်းတဲ့ သူငယ်ချင်း။
သူမနဲ့အနောက်မှာဝင်ပုန်းရင်း ကောချန်ဆိုတဲ့ကောင်လေးကို လက်ညိုးတထိုးထိုးဖြင့် မကျေမချမ်း တိုင်တောနေတဲ့သားငယ်လေးကြောင့် သူမမှာရယ်ရခက် ငိုရခက်။ သူမရဲ့သားငယ်လေးက မူးနေတာတောင် ချစ်စရာလေးပါဆို။
"ဘာမှမဖြစ်ဘူးနော် သားငယ်လေး.. မားသူ့ကိုရိုက်လိုက်မယ်"
"အွန်း အွန်း"
သူမစကားကြားတော့ သားငယ်လေးက ခေါင်းတဆတ်ဆတ်ညိတ်ပြကာ သဘောကျနေသလောက် ကောချန်ဆိုတဲ့ကလေးခမျာတော့ တကယ်ထင်ပြီး ငိုမဲ့မဲ့ဖြင့် သူမကိုကြည့်နေတာမို့ ခေါင်းအသာညိတ်ပြရင်း ပြန်ဖို့်အချက်ပြလိုက်တော့ ထိုကောင်လေးမှာဝမ်းသာအားရဖြင့် သူ့အိတ်ကိုဆွဲကာ အမြန်ပြေးတော့သည်။
"မား... သူထွက်ပြေးပြီလို့"
"ဟုတ်ပကွယ် ...သားငယ်လေးကိုကြောက်လို့ထင်တယ် ထွက်ပြေးသွားတာ"
"အဲ့တာဆို ကိုကိုကရော သားကိုကြောက်လို့ ထွက်ပြေးသွားတာပေါ့နော်"
နှုတ်ခမ်းလေးက တဖြည်းဖြည်းမဲ့ကျလာပြီး မျက်နှာငယ်လေးနဲ့မေးလာတဲ့သားငယ်လေးကြောင့် သူမသက်ပြင်းချလိုက်မိသည်။ သားကျန့်တစ်ယောက်နဲ့တော့ ခက်ပြီ။ မချစ်တာလည်းမဟုတ် တကယ်ပြတ်နိူင်တာလည်းမဟုတ်ပဲ ဘာတွေထွင်ဦးမလို့လဲမသိဘူး။
သားငယ်လေးခမျာ ဒီလောက်ထိခံစားနေရတာ သိရက်နဲ့တောင် ဇွဲကမလျှော့နိူင်သေးဘူး။
ခဏနေတော့ သားငယ်လေးက မူးပြီးအိပ်ပျော်သွားတော့မှ ပုန်းနေရာက ထွက်လာပြီး သားငယ်လေးကိုပွေ့ချီကာ အပေါ်တက်သွားတဲ့သားကျန့်ရဲ့ လက်မောင်းကိုခပ်ဖွဖွလှမ်းရိုက်လိုက်မိသည်။
ဒီခေတ်ကလေးတွေနဲ့တော့ သူမလိုက်လို့ကိုမမှီတော့ဘူး။ သူမတို့ခေတ်က လင်မယားချင်းစကားများ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းတာပဲကြားဖူးပါတယ်။ အခု သူတို့အလှည့်ကျမှအဆန်း။
သားငယ်လေးနဲ့မခွဲနိူင်လို့ အိမ်ပေါ်က ဆင်းချင်ယောင်ဆောင်ပြီး အိမ်ထဲမှာပြန်ပုန်းနေပါသတဲ့လေ။ စိတ်ဆိုးရတဲ့အကြောင်းအရင်းကလည်း သားငယ်လေးက သူ့ကိုမချစ်ပဲ သနားလို့ပြန်လက်ခံတာပါဆိုပြီး ရန်ဖြစ်တိုင်းပြောတတ်လွန်းလို့ အဲ့ဒီစကားကိုနောက်ထပ် ထပ်မပြောတော့အောင် သင်ခန်းစာပေးပါတဲ့။
တတ်လည်း တတ်နိူင်လွန်းတဲ့ဟာတွေ။ အဲ့လောက်တောင် မခွဲနိူင် မခွာရက်သဲသဲလှုပ်ဖြစ်နေရင်လည်း ဘာလို့ကလေးကို စိတ်ဆင်းရဲအောင်လို့ အိမ်ပေါ်ကဆင်းချင်ယောင်ဆောင်နေသေးလဲ။ သားငယ်လေးပြောတာလည်း မှန်သင့်သလောက် မှန်နေတာပဲကို။
တကယ်လည်း သားကျန့်က ဝမ်အိမ်တော်ကိုဗွက်ထမတတ်သွားလွန်းလို့ သားငယ်လေးကမျက်စိနောက်လို့ လက်ခံလိုက်တာဖြစ်မှာပေါ့။ ဒါကို အခုမှ လာရှက်ချင်နေသေးတယ်။ အံ့သြပါ့...။
❀ ❀ ❀ ❀ ❀
ပါးစပ်လေးဟကာ တခူးခူးဟောက်ရင်း အိပ်ပျော်နေတဲ့ အမူးသမားလေးကိုကြည့်ရင်း နှာတံလုံးလေးကို မနာအောင်ညှစ်ထားလိုက်တော့ အသံရှူကြပ်လို့ထင် မျက်နှာလေးကရှုံ့မဲ့သွားတာမို့ သဘောတကျဖြင့် အသံထွက်တဲ့အထိပင် ရယ်လိုက်မိသည်။
"အဆိုးလေး... အဲ့လိုဆိုးလိုက်ရတော့ ပျော်လား"
"နင်ရော သားငယ်လေး ခံစားနေရတာမြင်တော့ ပျော်ရဲ့လား"
ရိပေါ်မျက်နှာလေးကို ချစ်မဝစွာကြည့်နေရင်း အနောက်ကထွက်လာတဲ့မားရဲ့အသံကြောင့် မလန့်တတ်တဲ့ရှောင်းကျန့်ပင် ဆတ်ခနဲတုန်သွားရသည်။
"မားကလည်းဗျာ ...အသံမပေး ဘာမပေးနဲ့"
"အသံပေးလို့နင်ကြားရတာ မဟုတ်ဘူးလား.. အခုမှ ရှက်ရမ်းရမ်းမနေနဲ ...သားငယ်လေးခမျာ အရမ်းစိတ်ကောင်းဖြစ်နေရှာတာ .. နင်မပြောရင်နေ ငါကတော့ သားငယ်လေးခံစားနေရတာကို မကြည့်ရက်တော့လို့ နင်ဒီမှာရှိတဲ့အကြောင်းပြောပြလိုက်တော့မှာ"
"မရပါဘူး.. ပြောချင်းပြော သားကိုယ်တိုင်ပဲပြောမှာပေါ့ ...သူများအတွဲတွေကြား မားက ဘာလို့ဝင်ရှုပ်ချင်နေရတာလဲ"
"နင့်ကိုအမြင်ကပ်လို့ ရှင်းပြီလား"
ပြောချင်ရာပြောပြီး ထွက်သွားတဲ့မားကိုကြည့်ပြီး သူခေါင်းခါလိုက်မိသည်။ တနေ့တခြား ရိပေါ်ဆိုးလာတာလည်း မပြောနဲ့။ မားကိုက ဦးဆောင်ပြီး အဲ့လိုတွေမြှောက်ပေးနေတာ။
ဘာပဲဖြစ်ဖြစ် ရိပေါ်လည်း သူပြောတဲ့စကား မှားမှန်းသိနေပြီမို့ သူရိပေါ်ရှေ့ ကိုယ်ထင်ပြဖို့လိုပြီထင်သည်။ မားပြောသလို သူလည်းပဲ သူ့ကလေးလေးခံစားနေရတာကို မမြင်ရက်တော့ပေ။
❀ ❀ ❀ ❀ ❀
"ကိုကိုက သားကိုထားသွားပြီလားမသိဘူးနော် မား"
ထမင်းတောင်ဖြောင့်အောင်မစားနိူင်ပဲ နေ့နေ့ညည သူ့ရဲ့ကိုကို ကိုပဲတနေတဲ့သားငယ်လေးကိုကြည့်ပြီး သူမစိတ်မကောင်းဖြစ်မိသည်။
"မဟုတ်ပါဘူး သားငယ်လေးရယ်... သားရဲ့ကိုကိုက စိတ်ဆိုးတုန်းခဏမို့ပါ"
"တကယ်တမ်း မှားတာကသားပါ .... ကိုကို သားကိုအရမ်းချစ်တာသိရက်နဲ့ ကိုကို့အပေါ်အထင်လွဲခဲ့မိတာ.. ပြီးတော့ ကိုကိုမကြိုက်တဲ့ စကားကိုလည်း သုံးခါတောင်ပြောခဲ့မိတယ်... ကိုကိုသာ သားကိုတကယ်ထားသွားမယ်ဆို ကိုကို့ကို တောင်းပန်စကားတောင် ပြောလိုက်ရမှာမဟုတ်ဘူး"
"တောင်းပန်ရုံပဲဆိုရင်တော့ မလုံလောက်သေးဘူးထင်တယ်"
မားနဲ့စကားပြောနေရင်း နောက်ပါးကနေကြားလိုက်ရတဲ့ ရင်းနှီးနေတဲ့အသံပိုင်ရှင်ကြောင့် ဝမ်းသာအားရဖြင့် လှည့်ကြည့်ကာ လွမ်းနေခဲ့ရတဲ့ လူကြီးရဲ့ကိုယ်ပေါ်ကို ခုန်တက်လိုက်မိသည်။
"ကိုကို့...."
ဝက်ကလေးတစ်ကောင်က ရုတ်တရက် ကိုယ်ပေါ်ခုန်တက်လာတာမို့ နောက်ကိုအနည်းငယ်ယိုင်မလိုဖြစ်သွားပြီးမှ အရှိန်ပြန်ထိန်းကာ ဘေးကခုံမှာဝင်ထိုင်လိုက်တော့ ရိပေါ်က သူ့ပေါင်ပေါ်ထိုင်ရက်သားလေး ဖြစ်နေလေသည်။
အဆိုးလေးကို နည်းနည်းလောက်ပညာပေးချင်သေးတာမို့ ရယ်ချင်နေတာကို တင်းခံထားရင်း
"ဆင်း.."
"မဆင်းဘူး ..."
"ဆင်းလို့ ပြောနေတယ်လေ"
"မဆင်းဘူး ...မဆင်းဘူး.. ဆင်းကို မဆင်းဘူး"
သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့်ဖက်တွယ်ကာ မျက်နှာဥဥလေးကို သူ့မျက်နှာနဲ့ အတင်းတိုးကပ်ရင်း ညှင်းဆန်နေတဲ့ကလေးငယ်ကြောင့် တစ်ချက်တစ်ချက် ကလေးငယ်ရဲ့ပါးဖောင်းဖောင်းလေးက သ့ူရဲ့နှာတံချွန်ချွန်နဲ့ ထိမိသွားအခါတိုင်း ရင်ထဲမှာဓာတ်လိုက်နေသလိုပင်။
ဒါပေမယ့် မဖြစ်သေးဘူး။ သူစိတ်ကို တည်ငြိမ်အောင် ထိန်းထားရမယ်။ မျက်နှာကို ပိုတိုးလို့တည်တင်းပစ်လိုက်ရင်း
"ကိုကိုက ရိပေါ်ဘက်ကစချစ်ခဲ့တယ်ဆိုပြီး ရိပေါ်ကိုအနိူင်ကျင့်တယ်ဆို.."
"ဟင့်အင်း ..."
"ကိုကို့ကို သနားလို့ပြန်လက်ခံလိုက်တာဆို.."
"ဟုတ်ဖူးလို့ ...."
"ကိုကို့မှာ ရိပေါ်အပြင် နောက်ထပ်တစ်ယောက်ရှိနေပြီဆို.."
"ကိုကို့ ....ပြောနဲ့တော့ဆို .."
"အဲ့တာတွေအကုန် ရိပေါ်ပဲပြောခဲ့တာမဟုတ်ဘူးလား"
"ကျွန်တော်မှားသွားပါတယ်ကိုကိုရယ်.. စိတ်ဆိုးပြေပါတော့နော် မွ ....မွ မွ .."
လက်နှစ်ဖက်က သူ့လည်တိုင်မှာ ချိတ်တွယ်ထားရာကနေ သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ နှုတ်ခမ်းကို ကလေးတွေနမ်းသလို တမွမွဖြင့် နမ်းနေတာမို့ သူမရယ်ပဲမနေနိူင်တော့။
"နောက်ဆို...."
"စိတ်ချ ...စိတ်ချ ကိုကိုမကြိုက်တဲ့စကားလည်းမပြောဘူး ...ကိုကိုမကြိုက်တာလည်း မလုပ်တော့ဘူးနော်.. ကိုကို့စကားနားထောင်တဲ့ လိမ္မာတဲ့tweetyလေးပဲလုပ်တော့မှာ ကတိပေးတယ်"
"လူလည်လေး ..."
ဒီတော့မှ သူ့ကိုမလွတ်တမ်းဖက်ထားရင်း ရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့ကလေးလေးကို ပြန်လည်ထွေးပွေ့ထားရင်း ပိုင်ပိုင်နိူင်နိူင်ပြုံးလိုက်မိသည်။
အခုတော့ ဘာတတ်နိူင်သေးလဲ။ သူဉာဏ်ကောင်းပြီး အပုန်းတော်လို့ ဆိုးဆိုးပေပေ ဂျစ်တူးလေးကို လိမ္မာတဲ့ကလေးလေးအဖြစ် သူပြောင်းလဲပေးနိူင်ခဲ့ပြီ။ ကလေးတွေဆိုတာ လူကြီးတွေ လှည့်လိုက်ရင် လည်မှန်းမသိ လည်ထွက်သွားရတာချည်းပဲ။ ကလေးက ကလေးပါပဲ ဝမ်ပူတူးလေးရယ်။
တစ်ဖက်မှာတော့ လှေကားနားအကွယ်ကနေ ချောင်းကြည့်နေတဲ့မားကြောင့် ကိုကို့ရင်ခွင်ထဲကနေ လှမ်းပြီး လက်မထောင်ပြလိုက်မိသည်။
မားနဲ့သူက တစ်ဖွဲ့ထဲဆိုတာ ကိုကိုမေ့နေလေရော့သလား။ ကိုကိုနဲ့သူ စကားများပြီး နောက်တစ်နေ့မနက်ထဲက ကိုကိုအိမ်ပေါ်ကမဆင်းပဲ အိမ်ထဲမှာပုန်းနေတယ်ဆိုတာ သူသိသားပဲ။
သူ့ကိုယ်သူ ဉာဏ်ကောင်းလှပါတယ်ဆိုတဲ့ကိုကိုရှောင်းက ညရောက်မှသွားလာလှုပ်ရှားရင် သိသာမှာစိုးလို့ ရိပေါ်မနိုးခင်မနက်အစောကြီးမှာ လုပ်စရာရှိတာတွေကို လုပ်တာမို့ ချော့သိပ်ပေးမယ့် ကိုကိုမရှိလို့ မနက်အစောကြီးနိုးလာပြီး ရေဆင်းသောက်တဲ့ရိပေါ်က ကိုကို့ကိုမြင်သွားတာဖြစ်သည်။
ဘူမသိ ကိုးမသိ ကောချန်ကိုတော့ တမင်တကာအမြင်ကပ်လို့ မူးချင်ယောင်ဆောင်ပြီး ရစ်ပေးလိုက်တာ။ ဒီကြားထဲ အစားအသောက်နည်းနည်းအပျက်ခံပြီး ဒရာမာချိုးပြလိုက်ရတာကတော့ အရင်းပေါ့။
ကိုကို... ကိုကို ..။ သူ့ကိုယ်သူ လည်လှပြီ ထင်နေတာ။ လူကြီးတွေဘယ်လောက်လည်လည် ကလေးတွေ တစ်ကွက်ပြလိုက်ရင် လိုက်မမှီတော့ဘူးဆိုတာ ကိုကိုမှမသိသေးပဲကိုး....။
ဒါလေးက စာအုပ်ထဲမှာပါတဲ့ special chapterလေးပါ။ ဒီနေ့က အကိုတို့နှစ်ယောက်စတွေ့တဲ့ရက်ဖြစ်တဲ့အပြင် မီ့ရဲ့မွေးနေ့လည်းဖြစ်တော့ လက်ဆောင်အနေနဲ့တင်ပေးတာပါ.. လူလည်လေးဝမ်ပူတင်းနဲ့ လူတတ်ကြီးကိုကိုရှောင်းတို့ကို အလွမ်းပြေကြမယ်လို့လည်း မျှော်လင့်ပါတယ်... ဒါနဲ့ ယူတို့ရဲ့အလှလေးက ဒီနေ့ကစပြီး ထိပ်စီးပြောင်းတဲ့ လူကြီးလေးဖြစ်သွားပါပြီ ဟီးဟီး
Zawgyi
"ရိေပၚ ....ကေလးေလး"
"မေခၚနဲ႔ မၾကားခ်င္ဘူး အီး.. ဟီး"
သူ႔ကိုေက်ာေပးထားရာကေန မ်က္ေစာင္းေလးခ်ီကာ ေျပာရင္း ပခံုးေလးေတြတလႈပ္လႈပ္ျဖင့္ ငိုေနေသးတာမို႔ ကေလးငယ္ရဲ႕အနားကို မသိမသာေလးတိုးသြားလိုက္သည္။
"ကိုကိုမွားသြားပါတယ္ကြာ... ကေလးမေက်နပ္ရင္ ကိုကို႔ကိုျပန္လုပ္ ကိုကိုခံပါ့မယ္"
"တကယ္လုပ္မွာ ခင္ဗ်ား ဒီကိုလာခဲ့.."
အငိုရပ္လိုရပ္ျငား စကားအျဖစ္ေျပာလိုက္တာကို အတည္မွတ္ၿပီး လက္သီးလက္ေမာင္းတန္းေနတဲ့ကေလးရဲ႕ လက္တုတ္တုတ္ေလးႏွစ္ဖက္ကို အလ်င္အျမန္ဆြဲဖမ္းလိုက္ရင္း ေပါင္ေပၚမွာခ်ဳပ္ထားလိုက္သည္။
"ကိုကိုက မသိလိုက္လို႔လုပ္မိတာကို ကေလးက ကိုကို႔ကို တကယ္ႀကီးလုပ္ရက္တယ္ေပါ့ ... ဟင္.. လုပ္ရက္တယ္လားလို႔"
ေပါင္ေပၚမွာ ေဘးတစ္ေစာင္းေလးထိုင္ေနတဲ့ ကေလးငယ္ရဲ႕ပခံုးေလးေပၚ ေမးတင္ထားရင္း စိတ္မေကာင္းသလိုေလးေမးလိုက္ေတာ့ ငိုေနရာကေန သူ႔ကိုမ်က္လံုးေလးေစြလို႔ ၾကည့္လာသည္။
"ကိုကိုက ကြၽန္ေတာ့္ပိုးေကာင္ေလးကို သတ္ပစ္လိုက္တာ"
မ်က္ႏွာလႊဲထားရက္ကေန ႏႈတ္ခမ္းေလးတေထာ္ေထာ္ျဖင့္ မေက်မနပ္ေရရြတ္လာတဲ့ ဂ်စ္တူးေလးေၾကာင့္ ေ႐ွာင္းက်န္႔တို႔ေခါင္းကိုက္ရေခ်ၿပီ။
ျဖစ္ပံုက ဒီလို။ မေန႔က ရံုးပိတ္ရက္မွာ ရိေပၚနဲ႔သူနဲ႔အတူ အိမ္အတြက္ လိုအပ္တာေလးေတြဝယ္ရင္း ရိေပၚက ျခံထဲမွာအပင္အသစ္ေတြ ထပ္စိုက္ခ်င္တယ္ဆိုၿပီး ပူဆာတာေၾကာင့္ ရိေပၚသေဘာက်တဲ့ က်ဴးလစ္ပင္ေလးေတြ ဝယ္လာၾကေလသည္။
နဂိုထဲက ေ႐ွာင္းက်န္႔က အဲ့လိုအပင္စိုက္တဲ့ကိစၥေတြကို သိပ္နားမလည္တာမို႔ ျခံထဲမွာရိေပၚအပင္ေတြေနရာခ်ေနတုန္း သူက ရိေပၚႀကိဳက္တတ္တဲ့မုန္႔ေလးေတြကို သြားလုပ္ေပးရသည္။
မေန႔ကေရာ ဒီေန႔မနက္ပိုင္းအထိပါ ႏွစ္ေယာက္သားအဆင္ေျပေနေပမယ့္ ညေနပိုင္းမွ ျပႆနာကစသည္။ မနက္က ဘာစိတ္ကူးေပါက္တယ္မသိ။ ကုမၸဏီမသြားခင္ ရိေပၚစိုက္ထားတဲ့အပင္ေလးေတြကို ၾကည့္ခ်င္စိတ္ျဖစ္လာတာနဲ႔ ျခံအေနာက္ဖက္က အပင္စိုက္ထားတဲ့ေနရာေလးကိုသြားၾကည့္ရင္း အပင္တစ္ပင္မွာ ခူယားလိုလို ပိုးတံုးလံုးလိုလို အစိမ္းေရာင္ဝဝတုတ္တုတ္ပိုးေကာင္ကိုေတြ႔လိုက္တာမို႔ သူမ်က္ေမွာင္က်ံဳ႕လိုက္မိသည္။
မေန႔ကမွ ဝယ္လာတဲ့အပင္မွာ ဘယ္လိုျဖစ္ၿပီး ပိုးေကာင္ကတြယ္ေနရတာလဲ။ ဆိုင္မွာတုန္းက ေကာင္းတဲ့အပင္ေတြကို ေသခ်ာေရြးဝယ္ခဲ့တာပါ။ အကိုင္းတစ္ခုနဲ႔တစ္ခုကို တလိမ့္လိမ့္နဲ႔ကူးေနတဲ့ ပိုးေကာင္ဝတုတ္ကိုၾကည့္ရင္း ၾကက္သီးထလာတာမို႔ အနားမွာ႐ွိတဲ့ တုတ္ေခ်ာင္း႐ွည္႐ွည္တစ္ခုကိုယူၿပီး ထိုပိုးေကာင္ကိုအမိႈက္ပံုးထဲပစ္ထုတ္လိုက္မိသည္။
ငယ္ငယ္ထဲက သူက အဲ့လိုေပ်ာ့စိစိပိုးေကာင္ေတြဆို သိပ္မုန္းတာ။ ျမင္ရံုနဲ႔တင္ ၾကက္သီးေတြတျဖန္းျဖန္းထၿပီး ေအာ့အန္ခ်င္လာေရာ။ ေတာ္ေသးတာေပါ့.. ရိေပၚမေတြ႔ခင္ သူအရင္ေတြ႔လိုက္လို႔။ မဟုတ္ရင္ ကေလးပုစိကတစ္ေယာက္ထဲ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိနဲ႔ ေၾကာက္ေန႐ွာမွာ။
ေ႐ွာင္းက်န္႔ကသာ အဲ့ဒီလိုေစတနာထားၿပီး လုပ္ေပးခဲ့ေပမယ့္ ကုမၸဏီကျပန္ေရာက္တာနဲ႔ ေက်းဇူး႐ွင္ေလးက သူ႔ရဲ႕ပိုးေကာင္ေလးကို ေ႐ွာင္းက်န္႔ကသတ္ပစ္လိုက္ပါတယ္ဆိုၿပီး ျပႆနာ႐ွာေတာ့သည္။
ၾကံၾကံဖန္ဖန္ ပန္းဆိုင္ကခ်ံဳပုတ္နားမွာေတြ႔ခဲ့တဲ့ ပိုးတံုးလံုးေလးကို သနားလို႔ သူဝယ္လာတဲ့အပင္မွာေနခိုင္းၿပီး ေမြးထားတာတဲ့ေလ။ ဝမ္ပူတင္းတို႔က လုပ္လိုက္ရင္ အထူးအဆန္းေတြခ်ည္းပဲ။
သူလည္း ဘယ္လိုလုပ္ၿပီး ထင္မွာလဲ။ အစထဲက ႀကိဳေျပာထားရင္ေတာ့တစ္မ်ိဳးေပါ့။ အခုဟာက... အရြက္စားပိုးေကာင္ကို သနားလို႔ သူ႔အပင္မွာေခၚေမြးထားတယ္ဆိုတာကေတာ့ မဟုတ္ေသးပါဘူး။ ျပန္ေရာက္ထဲက ဒီရစ္စိန္ကိုေခ်ာ့ေနရတာနဲ႔ သူ႔မွာအခုထိ အဝတ္အစားေတာင္မလဲရေသးတဲ့အျဖစ္။
"ဒီအပတ္ပိတ္ရက္က်ရင္ ကိုကိုက ရိေပၚအတြက္ အဲ့လိုပိုးေကာင္ေလးေတြ အမ်ားႀကီးေခၚလာေပးမယ္ေလ ဟုတ္ၿပီလား"
"အမ်ားႀကီးလိုခ်င္ပါဘူး ကြၽန္ေတာ္က အဲ့ဒီပိုးေကာင္ေလးကိုပဲလိုခ်င္တာ.. အဲ့ဒီပိုးေကာင္ေလးကိုပဲ ျပန္လိုက္႐ွာေပး ... အဲ့တာမွ ကြၽန္ေတာ္ကေက်နပ္မွာ"
လက္မထပ္ခင္က ရိေပၚဒီေလာက္ထိ ရစ္တတ္မယ္မွန္း မထင္ခဲ့မိဘူး။
"ဟုတ္ၿပီ ရိေပၚရဲ႕ပိုးေကာင္ေလးကို ကိုကိုကလိုက္ျပန္႐ွာေပးမွာမို႔ စိတ္ေကာက္ေျပေတာ့ေနာ္.. ကိုကို႔ကေလးေလးက ငိုေနေတာ့ ကိုကို႔ရင္ဘတ္ထဲက နာလြန္းလို႔"
"ဟုတ္ပဲနဲ႔ ...သဝါး"
အမူပိုစြာနဲ႔ သူ႔ရင္ဘတ္ကိုလက္သီးစုပ္နဲ႔ထုလိုက္တာမို႔ ရင္ဘတ္ကေအာင့္ခနဲ။ အေျပာင္းအလဲကလည္း ျမန္ပါ့။ ထားပါေလ... ဒါေတြဟာကိစၥမ႐ွိပါဘူး။ အေရးႀကီးတာက ဒီရစ္စိန္ေလးစိတ္ေျပသြားဖို႔ပဲ။
ေပါင္ေပၚမွာထိုင္ေနတဲ့ ဝက္ေပါက္ေလးကို မင္းသမီးေလးခ်ီသလို ေပြ႔ခ်ီၿပီး ထရပ္လိုက္ေတာ့ အလန္႔တၾကားျဖင့္ လည္ပင္းကိုသိုင္းဖက္လာတာမို႔ ေ႐ွာင္းက်န္႔ရဲ႕ေျခလွမ္းေတြကို အိပ္ခန္းဆီကိုဦးတည္လိုက္သည္။
အိပ္ယာေပၚတင္ေပးလိုက္တဲ့အထိ အေျခအေနကိုမရိပ္မိေသးတဲ့ဝက္ကေလးက သူ႔တစ္ကိုယ္လံုးကို အစုန္အဆန္ၾကည့္လို႔ အဝတ္အစားေတြကို အလ်င္စလိုခြၽတ္ေနတဲ့ ေ႐ွာင္းက်န္႔ကိုေတြ႔လိုက္ရတဲ့အခါမွာေတာ့ အလန္႔တၾကားျဖင့္ ကုတင္ေပၚကဆင္းေျပးဖို႔လုပ္ေတာ့သည္။
"ကြၽန္ေတာ္ ဗိုက္ဆာေနၿပီလို႔ လႊတ္ေပး"
ထြက္ေျပးတာမေအာင္ျမင္တဲ့ ဝက္ေပါက္ေလးခမ်ာ ယုန္ဆိုးႀကီးရဲ႕ေအာက္မွာ မ်က္ႏွာငယ္ေလးျဖင့္ အသနားခံေနရ႐ွာသည္။
"ကိုကိုက ကေလးေလးကို ခ်စ္လို႔ေလကြာ.. ရိေပၚေလးကေရာ ကိုကို႔ကိုမခ်စ္ဘူးလား"
ဒီေ႐ွာင္းက်န္႔ကိုကိုဟာေလ ရိေပၚသူ႔ကိုဘယ္ေလာက္ခ်စ္မွန္းသိရက္နဲ႔ သိပ္ဒရာမာခ်ိဳးခ်င္ေနတာပါပဲ။ ရိေပၚကိုအငိုက္ဖမ္းေနတဲ့ ကိုကိုက ရိေပၚတျခားကိုအေတြးေရာက္ေနတုန္း ကိုယ္ေပၚကအဝတ္အစားေတြကို အလ်င္စလိုဆြဲဖယ္ကာ ရန္ေတြ႔ဖိုျပင္ေနတဲ့ ရိေပၚႏႈတ္ခမ္းကို သူ႔ႏႈတ္ခမ္းေတြနဲ႔ခ်ိတ္ပိတ္ပစ္လိုက္တာမို႔ ရိေပၚမွာ ကိုကို႔လက္ထဲ မလူးသာမလြန္႔သာ။
"ေတာ္ၿပီေလ ကိုကိုရာ .... ပိုးေကာင္ေလးကို သြားျပန္႐ွာရဦးမယ္ေလလို႔"
ကိုကိုက သူလုပ္စရာ႐ွိတာကို ႀကိဳးစားပမ္းစားလုပ္ေနသလို ရိေပၚကလည္း ကိုကို႔လက္ကမလြတ္ႏိူင္မွန္းသိေပမယ့္ သူ႔ရဲ႕အက်င့္စ႐ိုက္အတိုင္း အမူပိုကာ ျငင္းဟန္ေဆာင္ေနေလရဲ႕။
❀ ❀ ❀ ❀ ❀
"ကိုကိုေရ ျမန္ျမန္ထပါဦးလို႔ ...ကြၽန္ေတာ္ ပိုးေကာင္ေလးကိုအိပ္မက္မက္တယ္"
ေ႐ွာင္းက်န္႔အိပ္ေနရင္း အတင္းဆြဲလႈပ္ရမ္းခံေနရတာေၾကာင့္ မ်က္လံုးမပြင့္တပြင့္ျဖင့္ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္မ႐ွိတဲ့သူ႔ရဲ႕ အမ်ိဳးသားေလး ဝမ္ရိေပၚရယ္ေလ။ လာျပန္ၿပီ ဒီပိုးေကာင္ေလး။ အရင္ရက္ေတြကလည္း သူ႔ပိုးေကာင္ေလးကို အိပ္မက္မက္တယ္ဆိုၿပီး လာႏိႈးေနၾကမို႔ ေ႐ွာင္းက်န္႔မၾကားခ်င္ေယာင္ေဆာင္ကာ ဆက္အိပ္ေနလိုက္သည္။
"ကိုကို႔ ထေတာ့လို႔ဆို"
သူဒီေလာက္လႈပ္ႏိႈးေနတာေတာင္ ဂ႐ုမစိုက္ပဲ တစ္ဖက္ကိုလွည့္ၿပီး အိပ္ေနတဲ့ကိုကိုေၾကာင့္ ရိေပၚစိတ္ေကာက္ခ်င္လာသည္။ ကိုကိုက အျမဲတမ္းဒီအတိုင္းပဲ။ ရိေပၚကိုဆို နည္းနည္းေလးေတာင္ စိတ္႐ွည္ခ်င္ပံုမရဘူး။
အင္းေပါ့ေလ.. သူ႔ဘက္ကအရင္စၿပီး ကိုကို႔ကိုခ်စ္ခဲ့တာဆိုေတာ့ ကိုကိုက သူ႔ကိုအထင္ေသးတာမဆန္းပါဘူးေလ။
ေဘးကေန တက်ီက်ီေအာ္ေနတဲ့ ငွက္ေပါက္စရဲ႕အသံတိတ္သြားတာေၾကာင့္ ေ႐ွာင္းက်န္႔အိပ္ေနရာကေန ကိုယ္ကိုအသာ႐ို႕လို႔ ေနာက္လွည့္ၾကည့္လိုက္မိသည္။
"အမေလး..."
မ်က္လံုးစိမ္းႀကီးေတြနဲ႔ သူ႔ကိုစူးစူးရဲရဲစိုက္ၾကည့္ေနတဲ့ရိေပၚေၾကာင့္ ေယာင္ယမ္းၿပီးထေအာ္မိတဲ့အထိ။ ဒါကိုဘယ္လိုဘယ္ပံုထင္သြားသလဲ မသိတဲ့ေကာက္စိန္က မ်က္ႏွာေလး တျဖည္းျဖည္းမဲ့က်လာၿပီး မ်က္ရည္ေတြတလိမ့္ခ်င္း က်လာေတာ့သည္။
"ဘာျဖစ္လို႔လဲရိေပၚ ...ဘာလို႔ငိုေနရတာလဲကြာ"
လက္ေဖာင္းေဖာင္းေလးတစ္ဖက္ကို ဆြဲကိုင္ရင္း စိုးရိမ္တႀကီးေမးမိေတာ့ လက္ကိုအကိုင္မခံပဲ အတင္း႐ုန္းထြက္သြားကာ ကုတင္ေထာင့္စြန္းနားအထိ တိုးသြားၿပီး ဒူးေလးတုပ္လို႔ ထိုင္ေနေလသည္။
"ကို ကို က ... ကြၽန္ေတာ့္ကို.. မခ်စ္ ..အင့္ မခ်စ္ေတာ့ဘူး ...."
ငိုေနရင္းကေန ဆူပုတ္ပုတ္ေလးနဲ႔လွမ္းေျပာတဲ့ဟာေလးကို ေ႐ွာင္းက်န္႔အသဲယားလာတာမို႔ ပံု႔ပံု႔ေလးထိုင္ေနတဲ့ခႏၶာကိုယ္ေလးကို ေပါင္ေပၚတင္ထားလိုက္မိသည္။
"ကြၽန္ေတာ္ဘက္က စခ်စ္ခဲ့တာဆိုၿပီး ကိုကိုက ကြၽန္ေတာ့္ကို တန္ဖိုးမထားတာမဟုတ္လား.."
ေပါင္ေပၚမွာထိုင္ေနတဲ့ ကေလးငယ္ရဲ႕ လက္ေမာင္းေလးေတြ ပခံုးသားေလးေတြကို တ႐ွံဳ႕႐ွံဳ႕လိုက္နမ္းေနရင္း ၾကားလိုက္ရတဲ့စကားသံေလးေၾကာင့္ ေ႐ွာင္းက်န္႔မ်က္ေမွာင္က်ံဳ႕လိုက္မိသည္။ ဝမ္ပူတင္းတို႔က ေျပာလိုက္ရင္ အထူးအဆန္းေတြခ်ည္းပဲ။ ဒီစကားကိုေရာ ဘယ္ကေနဘယ္လို တတ္လာျပန္ပါသလဲ။
"ဘာလို႔ ကိုကိုက မခ်စ္ေတာ့ဘူးလို႔ထင္ရတာလဲ ေျပာပါဦး .."
ပါးေပၚက မ်က္ရည္ေတြကို လက္မနဲ႔ဖိသုတ္ေပးရင္း ေမးလိုက္ေတာ့ ဝမ္ပူတင္းက နဂို႐ွိရင္းထက္ ႏႈတ္ခမ္းကပိုေထာ္လာၿပီး
"ကိုကိုက ကြၽန္ေတာ့္ကို ဂ႐ုမစိုက္ေတာ့ဘူး.. တစ္ေယာက္ထဲပစ္ထားတယ္ ...ၿပီးေတာ့ ကိုကိုက ကြၽန္ေတာ့္မ်က္ႏွာကို ျမင္ၿပီး လန္႔သြားတာ အဲ့တာ ကြၽန္ေတာ့္ကို မခ်စ္ေတာ့လို႔ေပါ့"
အလုပ္မွာအရမ္းပင္ပန္းလာလို႔ အိပ္မိပါတယ္ ...သူ႔ကို တစ္ေယာက္ထဲပစ္ထားပါတယ္ဆိုၿပီး ေခါင္းစဥ္အႀကီးႀကီးတပ္ေနျပန္တာမို႔ ေ႐ွာင္းက်န္႔တို႔အၾကံအိုက္ရေခ်ၿပီ။ ဒီဟာေလး တစ္ခါ တစ္ခါရစ္ၿပီဆို ညလံုးေပါက္မအိပ္ရတဲ့အထိပဲ။ ေကာက္တတ္ ေကြးတတ္ ရစ္တတ္လိုက္တာလည္း လြန္ပါေရာ။
"ဒီေလာက္ခ်စ္စရာေကာင္းတဲ့ကေလးေလးကို ကိုကိုကဘာလို႔မခ်စ္ရမွာလဲ ....ခ်စ္လြန္းလို႔ ဖက္ထုတ္ေလးလိုေသးေသးေလးထုတ္ၿပီးေတာင္ ၿမိဳခ်ထားခ်င္တာ သိရဲ႕လား"
ဟုတ္ပါတယ္..။ ဒီလိုၾကက္သီးထစရာေကာင္းတဲ့ စကားေတြကိုေျပာေနတဲ့သူက အရင္ကေၾကာက္စရာေကာင္းလွပါတယ္ဆိုတဲ့ မင္းတို႔ရဲ႕လူသားစက္႐ုပ္CEOေ႐ွာင္းရယ္ပါ။ ကိုယ့္ထက္ေလးႏွစ္ေလာက္ငယ္တဲ့ ေယာက်ာၤးဂ်စ္တူးေလးကို ယူထားရေတာ့လည္း ဒီလိုပဲ႐ႊီးတတ္ရတာေပါ့။
"ကိုကိုလူဆိုးႀကီး ေတာ္ေတာ္တတ္ေန.."
"စိတ္ေကာက္ေျပၿပီဆို အိပ္ၾကမယ္ေလ ဟဲဟဲ"
"အမ္... ဘာေျပာတာလဲ"
"ေအာ္ .. ကိုယ္ေျပာတာက ကေလးအိပ္ေရးပ်က္မွာစိုးလို႔ ဆက္အိပ္ရေအာင္လို႔"
"အြန္း အြန္း... ခုနက နည္းနည္းပိက်ိေလးငိုလိုက္ရေတာ့ မ်က္လံုးက်ယ္သြားၿပီ ... အဲ့တာကိုကိုဖက္ၿပီး ေခ်ာ့သိပ္ေပး"
ရင္ခြင္ထဲတိုးဝင္လာတဲ့ လံုးလံုးေသးေသးခႏၶာကိုယ္ေလးေၾကာင့္ ေခါင္းေအာက္ကို လက္ေမာင္းခံကာအိပ္ေစရင္း လြတ္ေနတဲ့လက္တစ္ဖက္က တင္ပါးေလးကိုပုတ္ကာ ေခ်ာ့သိပ္ေပးရသည္။
ခဏၾကာေတာ့ ရင္ခြင္ထဲက ေဟာက္သံေသးေသးေလးၾကားလိုက္ရတာမို႔ ခပ္သဲ့သဲ့ရယ္လိုက္ရင္း ကေလးေပါင္ဒါအနံ႔သင္းေနတဲ့ ဆံႏြယ္ေလးေတြကို တဝႀကီး႐ွဴ႐ိႈက္လိုက္မိသည္။
❀ ❀ ❀ ❀ ❀
"သားငယ္ေလး လာ... မေၾကာက္နဲ႔"
ရိေပၚက အခု မားနဲ႔အတူ ရပ္ကြက္ထဲကအေဒၚႀကီးေတြစုၿပီး ကတဲ့ေနရာကို လိုက္လာတာျဖစ္သည္။ ကိုကိုအလုပ္သြားတုန္း အိမ္မွာပ်င္းေနတာေရာ ဒီလိုစုၿပီးကတာမ်ိဳးကို အနီးကပ္မျမင္ဖူးတာေၾကာင့္ပါ စပ္စုစိန္ေလးရိေပၚက မားရဲ႕လက္ကိုဆြဲကာ လိုက္လာခဲ့ျခင္းပင္။
ဒီေရာက္ေတာ့မွ အေဒၚႀကီးေတြက ရိေပၚကိုဝိုင္းၿပီးၾကည့္ေနၾကတာမို႔ ဆက္မသြားရဲပဲ တြန္႔ဆုတ္ တြန္႔ဆုတ္လုပ္ေနတာမို႔ မားက ရိေပၚရဲ႕လက္ကိုဆြဲကာ အေဒၚႀကီးေတြၾကားထဲကို ေခၚသြားေလသည္။
"သားေလးလား.. ၾကည့္ပါဦး ခ်စ္စရာေလး ပါးေလးကိုေဖာင္းေနတာပဲ"
ေျပာေနရင္းက အသဲယားလာပံုရတဲ့အေဒၚႀကီးက ရိေပၚရဲ႕ပါးတစ္ဖက္ကို ဆြဲညႇစ္လိုက္တာမို႔ ရိေပၚမွာျပဴးေၾကာင္ေၾကာင္ေလးျဖစ္သြားရသည္။
"ဟယ္ေတာ့ .... ငါအိမ္မွာလုပ္ေနၾက အသားေပါက္စီေလးလိုပဲ ႏုႏုအိအိေလး"
"ဟုတ္လား... ငါတို႔လည္း ညႇစ္ၾကည့္ရေအာင္"
ရိေပၚအနားကို အလုအယက္တိုးကပ္လာတဲ့အေဒၚႀကီးေတြေၾကာင့္ ရိေပၚေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ မားရဲ႕အေနာက္မွာဝင္ပုန္းေနလိုက္သည္။
"ကဲ ...မစၾကနဲ႔ေတာ့.. ဒီမွာသားငယ္ေလးက ေၾကာက္ေနၿပီ"
မားဝင္ဟန္႔လိုက္ေတာ့မွ ကိုယ္႐ွိန္သတ္သြားတဲ့အေဒၚႀကီးေတြက မားလစ္တာနဲ႔ ရိေပၚပါးကို လာညႇစ္သြားၾကတာမို႔ ရိေပၚပါးေလးႏွစ္ဖက္မွာ ရဲလို႔။ အဲ့ဒီေန႔က အေဒၚႀကီးေတြကိုေၾကာက္လို႔ ရိေပၚမွာ မားသင္ေပးတဲ့အကေတြကိုလည္း ေသခ်ာလိုက္မမွတ္ႏိူင္တာမို႔ ရိေပၚစိတ္အႀကီးႀကီးတိုခ်င္သြားသည္။
ရိေပၚက ဥာဏ္တံုးတဲ့သူမဟုတ္ပါဘူးေနာ္။ ကိုကိုက ေျပာဖူးတယ္။ ရိေပၚက ဥာဏ္အရမ္းေကာင္းလို႔ အရမ္းခက္တဲ့legoေတြကိုေတာင္ ဆက္ႏိူင္တာတဲ့။ အဲ့တာေၾကာင့္ အခုက ရိေပၚက ဥာဏ္မေကာင္းလို႔မမွတ္မိတာမဟုတ္ပဲ လက္ရဲဇက္ရဲအေဒၚႀကီးေတြကို ေၾကာက္ေနရလို႔သာ ေသခ်ာအာရံုမစိုက္လိုက္ႏိူင္တာျဖစ္သည္။
❀ ❀ ❀ ❀ ❀
ဒီေန႔က ရိေပၚအတြက္ေတာ့ အရမ္း အရမ္းကို ပ်င္းစရာေကာင္းတဲ့ေန႔တစ္ေန႔ပါပဲ။ ကိုကိုကလည္း အလုပ္သြားတယ္။ မားကလည္း မနက္ခင္းကဖို႔ ရပ္ကြက္ထဲက အေဒၚႀကီးေတြဆီထြက္သြားတယ္။ အဲ့ဒီေတာ့ အိမ္မွာတစ္ေယာက္ထဲ က်န္ခဲ့တဲ့ရိေပၚေလးက ပ်င္းရိပ်င္းတြဲျဖင့္ ဧည့္ခန္းထဲကဆိုဖာမွာ အေပ်ာ့ေကာင္ေလးလို ေခြေခါက္ေနေလသည္။
ကိုကိုက ရိေပၚအတြက္ အသစ္ထြက္တဲ့legoေတြ အမ်ားႀကီးဝယ္ထားေပးေပမယ့္လည္း အပ်င္းတစ္ေနတဲ့ဝက္ကေလးက အခန္းထဲသြားယူဖို႔ေတာင္ ပ်င္းေနေလသည္။ လူကသာၿငိမ္ေနေပမယ့္ ေခါင္းေသးေသးေလးက ဥာဏ္နီဥာဏ္နက္ေတြစဥ္းစားေနတဲ့ရိေပၚက အၾကံတစ္ခုရသြားတာမို႔ ေခြေခါက္ေနရာကေန ေငါက္ခနဲထထိုင္လိုက္မိသည္။
ေကာခ်န္နဲ႔မေတြ႔တာၾကာၿပီမို႔ သူ႔ကိုအိမ္လည္ေခၚရမည္။ ၿပီးရင္ ေကာခ်န္နဲ႔အတူ ဂိမ္းေဆာ့မည္။ ဂိမ္းေဆာ့ၿပီးရင္ ရိေပၚရဲ႕legoအသစ္ေတြထုတ္ျပၿပီး ကိုကိုက သူ႔ကိုဘယ္ေလာက္ခ်စ္ၿပီး အလိုလိုက္ေၾကာင္းႂကြားရမည္။
သူ႔အၾကံနဲ႔သူ သေဘာက်ေနတဲ့ရိေပၚက အလ်င္အျမန္ပင္ ေကာခ်န္ကိုဖုန္းဆက္ၿပီး လွမ္းေခၚလိုက္သည္။ ရိေပၚႀကိဳက္တဲ့ ဖက္ထုတ္ျပဳတ္ဝယ္လာခိုင္းဖို႔လည္းမေမ့။
ခဏၾကာေတာ့ ေကာခ်န္ေရာက္လာတာမို႔ ဂိမ္းအတူေဆာ့ေနရင္း ေကာခ်န္က ရိေပၚကိုတစ္ခုခုေျပာခ်င္တဲ့ပံုစံျဖင့္ ေျပာဖို႔ျပင္ၿပီးမွ ရိေပၚနဲ႔အၾကည့္ခ်င္းဆံုရင္ မ်က္ႏွာလႊဲလႊဲသြားတာမို႔ ေကာခ်န္ရဲ႕ဖုန္းကိုလွမ္းဆြဲလိုက္ၿပီး
"မင္းငါ့ကို တစ္ခုခုေျပာစရာ႐ွိေနတယ္မဟုတ္လား"
"မ.. မဟုတ္ပါဘူးကြာ မင္းကလည္း ..."
"ေျပာစမ္းပါ ....ဘာေျပာမလို႔လဲ"
"အဲ့တာကေလ ငါလာရင္းနဲ႔ လမ္းမွာ ေ႐ွာင္းက်န္႔ေကာကို အမ်ိဳးသမီးတစ္ေယာက္နဲ႔ေတြ႔လိုက္လို႔"
မဝံ့မရဲနဲ႔ေျပာလာတဲ့ ေကာခ်န္ရဲ႕စကားေၾကာင့္ ရိေပၚမ်က္ခံုးေတြက်ံဳ႕ထားရာကေန ဟက္ခနဲရယ္လိုက္ရင္း
"ဘာမ်ားလဲလို႔... ကိုကိုက CEOဆိုေတာ့ စီးပြားေရးလုပ္ငန္း႐ွင္အမ်ိဳးသမီးေတြနဲ႔ ေန႔လည္စာသြားစားတာမ်ိဳးက ထံုးစံပဲေလကြာ"
"မဟုတ္ဘူးကြ... သူတို႔ႏွစ္ေယာက္ကိုၾကည့္ရတာ ေတာ္ေတာ္ရင္းႏွီးတဲ့ပံုပဲ ..မင္းမယံုမွာစိုးလို႔ ငါဓာတ္ပံု႐ိုက္လာတယ္ ဒီမွာၾကည့္.."
ခုနကထိ ျပံဳးတံု႔တံု႔လုပ္ေနတဲ့ရိေပၚက ေကာခ်န္ဖုန္းထဲကပံုေတြကို ျမင္ၿပီးတဲ့ေနာက္မွာ လက္သီးတင္းတင္းဆုပ္လိုက္မိသည္။ ပံုထဲမွာ ပါးခ်ိဳင့္ေတြေပၚတဲ့အထိ ရယ္ေနတဲ့ကိုကိုက ထိုအမ်ိဳးသမီးရဲ႕ ခါးကိုလည္းလွမ္းဖက္ထားေသးသည္။
ကိုကိုက ရိေပၚမဟုတ္တဲ့အျခားတစ္ေယာက္ကို ရယ္ျပတယ္ ၿပီးေတာ့ ခါးကိုလည္းဖက္ထားေသးတယ္။ ကိုကိုတကယ္မ်ား.... ဖက္.. ဖက္.. ဖက္ မဟုတ္ဘူး ကိုကိုက ရိေပၚကိုပဲခ်စ္တာ။ ဘယ္ေတာ့မွအဲ့လိုလုပ္မွာမဟုတ္ဘူး။ ဒါေပမယ့္ ဒီပံုေတြကေရာ....။
ဂိမ္းလည္းဆက္ၿပီး ေဆာ့ခ်င္စိတ္မ႐ွိေတာ့တာမို႔ ေကာခ်န္ကိုျပန္လႊတ္လိုက္ၿပီး ဧည့္ခန္းထဲမွာေခါက္တံု႔ေခါက္ျပန္ေလွ်ာက္လို႔ အေတြးမ်ားေနမိသည္။ အခုခ်ိန္ေလာက္ဆို ကိုကိုနဲ႔ဟိုအမ်ိဳးသမီး ဘာေတြလုပ္ေနၾကမလဲ။ ခုနကေတာင္ ခါးကိုဖက္ထားတာဆိုေတာ့ အခုအခ်ိန္သာဆို... မဟုတ္ဘူး ...မဟုတ္ဘူး ဘယ္လိုအေၾကာင္းနဲ႔မွ အဲ့လိုအျဖစ္မခံႏိူင္ဘူး။
သူတားရမယ္..။ ေသခ်ာေပါက္ကို တားမွျဖစ္မည္။
ကိုကို႔ဖုန္းကိုဆက္ၾကည့္လိုက္ေတာ့ စက္ပိတ္ထားတာမို႔ ရိေပၚရဲ႕ေဒါသအ႐ွိန္က တျဖည္းျဖည္းတက္လာေလသည္။ ကိုကို ခင္ဗ်ားျပန္လာရင္ ကြၽန္ေတာ္နဲ႔ေတြ႔ၾကေသးတာေပါ့။
ညေနေ႐ွာင္းက်န္႔အိမ္ျပန္ေရာက္ေတာ့ အိမ္ဝမွာ အရင္ကထြက္ႀကိဳေနၾက ဝက္ကေလးမ႐ွိတဲ့အျပင္ တစ္အိမ္လံုးအပ္က်သံပင္မၾကားရေအာင္ တိတ္ဆိတ္ေနတာမို႔ မ်က္ခံုးပင့္လိုက္မိသည္။
အခန္းထဲေရာက္ေတာ့မွ ျပတင္းေပါက္ဘက္ကိုမ်က္ႏွာမူၿပီး ကုတင္ေပၚမွာထိုင္ေနတဲ့ကေလးငယ္ေၾကာင့္ အေနာက္ကေန ခါးေလးကိုလွမ္းဖက္လိုက္ေတာ့ ေ႐ွာင္းက်န္႔လက္ေတြကိုဖယ္ခ်ကာ
"အျပင္ကျပန္လာရင္ ေရအရင္ခ်ိဳး"
တစ္ခုခုကို စိတ္အလိုမက်ျဖစ္ေနပံုေပၚတာမို႔ ေ႐ွာင္းက်န္႔လည္း ဘာမွအထြန္႔မတက္ေတာ့ပဲ ေရခ်ိဳးခန္းထဲကိုသာ ဝင္သြားလိုက္ေတာ့သည္။
ေရခ်ိဳးၿပီးလို႔ ျပန္ထြက္လာေတာ့လည္း အရင္လို ေခါင္းကိုတဘတ္နဲ႔သုတ္ေပးတာမ်ိဳး မလုပ္ေပးတဲ့အျပင္ သူ႔ကိုမသိခ်င္ေယာင္ေဆာင္ကာ ေစာင္ျခံဳၿပီးအိပ္ဖို႔ျပင္ေနတာမို႔ အနားကိုတိုးသြားကာ အိပ္ယာေပၚလွဲလိုက္ေတာ့ စိတ္႐ႈပ္ဟန္ျဖင့္ ေ႐ွာင္းက်န္႔လက္ေမာင္းေတြကို ဖတ္ခနဲ႐ိုက္လိုက္ရင္း
"ဖယ္စမ္းပါ.. အိပ္ေတာ့မလို႔"
"ကေလးက ....ကိုယ့္ကိုမေစာင့္ပဲအိပ္ေတာ့မလို႔လား"
"မ်က္လံုးခ်င္းတူတာမွမဟုတ္တာ.. ကိုယ္အိပ္ခ်င္တဲ့အခ်ိန္အိပ္မွာေပါ့"
ေစာင္ကိုမ်က္ႏွာေလးေပၚရံုသာ ျခံဳၿပီး သူ႔ကိုေက်ာေပးကာ အိပ္ေနတာမို႔ ေစာင္ထုပ္ေလးကို အေနာက္ကေန သိုင္းဖက္လိုက္ရင္း
"ရိေပၚကကြာ.. ကိုယ့္ကိုစိတ္ေကာက္ေနတာလား ဘာလို႔အကန္ေတြခ်ည္းေျပာေနရတာလဲ"
"ဟုတ္လား... ကြၽန္ေတာ္စိတ္ေကာက္ေအာင္ ခင္ဗ်ားက ဘာေတြလုပ္ထားေသးလို႔လဲ"
ေက်ာေပးထားရာကေန တစ္ခြန္းမက်န္ရန္ျပန္ေတြ႔ေနတဲ့ဟာေလးကို အသဲယားလာတာမို႔ ေစာင္ထုပ္ေလးကို ပိုတိုးလို႔ဖိညႇစ္လိုက္ရင္း
"ကေလးမွာ ကိုယ္ဝန္႐ွိေနတာမ်ားလား .... အခုတေလာ အရမ္းစိတ္ဆတ္လာသလိုပဲ"
ေ႐ွာင္းက်န္႔စကားအဆံုး ရိေပၚက အိပ္ေနရာကေန ေငါက္ခနဲထထိုင္ကာ
"ခင္ဗ်ား ယူထားတာက အထီးဗ် အထီး... အဲ့ေလာက္ေတာင္ ကေလးလိုခ်င္ေနရင္လည္း အစထဲက မိန္းမယူပါလား ....ဘာလို႔ ကြၽန္ေတာ့္ကိုယူထားေသးလဲ"
ေ႐ွာင္းက်န္႔ရင္ဘတ္ကို ေစာင့္တြန္းကာ ေဒါသတႀကီးျဖင့္ ေျပာလာတာမို႔ ေ႐ွာင္းက်န္႔သူ႔စကားမွားသြားၿပီမွန္းသိလိုက္သည္။ ေဒါသအိုးကိုမွ ဒီလိုစကားမ်ိဳး သြားေျပာမိတယ္လုိ႔။
"ကိုယ္က ဒီတိုင္းစလိုက္တာပါကြာ.. ၿပီးေတာ့ ကိုယ့္မွာဒီေလာက္ခ်စ္စရာေကာင္းတဲ့အူၾကဴးေလး႐ွိေနတာကို ဘာကိစၥကေလးလိုခ်င္ရမွာလဲ"
"သူ႔ကိုအရင္ စခ်စ္ခဲ့တာဆိုတိုင္း ေျပာခ်င္တာေျပာလို႔ရေရာလား .... ဒီကျဖင့္ သူ႔ကိုသနားလို႔ျပန္လက္ခံလိုက္တာကို"
ဒါေတာင္ေက်နပ္ေသးပံုမရတဲ့ ဝမ္ပူတင္းက မ်က္ေစာင္းခ်ီလို႔ ပြစိပြစိေရရြတ္ရင္း ျပန္လွဲအိပ္သြားတာေၾကာင့္ ဟင္းခနဲသက္ျပင္းခ်လိုက္မိသည္။ ေျပာျပန္ၿပီ ဒီစကားကို။ ဘယ္ကေန ဘယ္လိုတတ္လာၿပီး ေျပာတဲ့စကားလဲမသိေပမယ့္ ေ႐ွာင္းက်န္႔သေဘာမက်တာေတာ့အမွန္ပင္။ တကယ္ေျပာတာ တေန႔တျခားဒီဟာေလးက ပိုပိုၿပီးဆိုးတတ္ ဂ်စ္တတ္လာသလိုပဲ။
❀ ❀ ❀ ❀ ❀
"ျပန္ရေအာင္ရိေပၚရာ.. ေ႐ွာင္းက်န္႔ေကာသိရင္ ငါအသတ္ခံရလိမ့္မယ္ကြ"
"ဆက္ၿပီး ပြစိပြစိေျပာေနမယ္ဆို ကိုကိုမသတ္ခင္ ငါမင္းကိုအရင္သတ္မိေတာ့မယ္"
အျပင္ဘက္ကိုၾကည့္ေနရာကေန မ်က္စိမလႊဲပဲ အံႀကိတ္သံႀကီးျဖင့္ ေျပာလာတဲ့ရိေပၚေၾကာင့္ ေကာခ်န္သူ႔ပါးစပ္သူ လက္ျဖင့္အုပ္ထားလိုက္မိသည္။
မေန႔က ေ႐ွာင္းက်န္႔ေကာကိုအမ်ိဳးသမီးတစ္ေယာက္နဲ႔ေတြ႔ခဲ့ေၾကာင္း အာေခ်ာင္ျပီးေျပာမိတာသူ႔အမွားပဲ။ အခုေတာ့ ေျပာမရ ဆိုမရ ရိေပၚက ေ႐ွာင္းက်န္႔ေကာကိုလိုက္ေခ်ာင္းဖို႔ဆိုၿပီး သူ႔ကိုေခၚလာတာမို႔ သူ႔မွာဖင္မီးခဲခုထိုင္ေနရသလိုပဲ။ ေ႐ွာင္းက်န္႔ေကာကိုေၾကာက္ရ ရိေပၚကိုေၾကာက္ရနဲ႔ လြယ္ကူမေနဘူး။
ရိေပၚကသာ ဇြဲ႐ွိ႐ွိနဲ႔ ေ႐ွာင္းက်န္႔ေကာထြက္လာမယ့္အခ်ိန္ကိုေစာင့္ေနေပမယ့္ အခုဆို သူတို႔ႏွစ္ေယာက္ ေ႐ွာင္းက်န္႔ေကာရဲ႕ကုမၸဏီအေ႐ွ႕ကိုေရာက္တာ ေန႔တစ္ပိုင္းေလာက္႐ွိေနၿပီ။ ေ႐ွာင္းက်န္႔ေကာရဲ႕အရိပ္အေယာင္ေတာင္မျမင္ရေသးဘူး။
"ေကာခ်န္ ဟိုမွာ ကုမၸဏီထဲကေန ကိုကိုနဲ႔အတူထြက္လာတာ မေန႔ကဓာတ္ပံုထဲက အမ်ိဳးသမီးမဟုတ္လား"
ေကာခ်န္အေတြးမ်ားေနရာကေန ရိေပၚလက္ညိဳးထိုးျပတဲ့ေနရာကို လွမ္းၾကည့္လိုက္ေတာ့ တကယ္ပဲ မေန႔ကေတြ႔ခဲ့တဲ့အမ်ိဳးသမီးျဖစ္ေနတာမို႔ ေခါင္းညိတ္ျပလိုက္မိသည္။
သူ႔ဆီကအတည္ျပဳခ်က္ရတာနဲ႔ ရိေပၚက ဒက္႐ွ္ဘုတ္ေပၚကဖုန္းကို လွမ္းယူလိုက္တာမို႔ ရိေပၚရဲ႕လက္ကိုလွမ္းဆြဲကာ
"ဘာလုပ္ဦးမလို႔လဲရိေပၚ.."
"ေရာ့ ... ငါေနမေကာင္းလို႔ဆိုၿပီး ကိုကို႔ဆီဖုန္းဆက္လိုက္"
အတည္ေပါက္ႀကီးနဲ႔ သူ႔ဆီဖုန္းလွမ္းေပးၿပီးေျပာလာတဲ့ ရိေပၚေၾကာင့္ သူေခါင္းကုိအဆတ္မျပတ္ခါျပလိုက္မိသည္။ ေ႐ွာင္းက်န္႔ေကာရဲ႕ လက္ဆဘယ္ေလာက္ျပင္းသလဲဆိုတာ သူအသိဆံုး။
"ဆက္မွာလား... မဆက္ဘူးလား"
ထပ္ၿပီးေခါင္းခါျပလိုက္ေတာ့ ရိေပၚက ေကာင္းၿပီဆိုကာ ကားေပၚကဆင္းဖို႔ျပင္ေနတာမို႔ မ်က္လံုးစံုမွိတ္ကာ
"ဆက္မယ္ .... ငါဆက္လိုက္မယ္"
သူသာဖုန္းမဆက္ေပးရင္ ရိေပၚက ေ႐ွာင္းက်န္႔ေကာနဲ႔ထိုအမ်ိဳးသမီးဆီသြားၿပီး ျပႆနာ႐ွာမွာအေသအခ်ာပဲ။
ေကာခ်န္နဲ႔ဖုန္းေျပာၿပီးတာနဲ႔ ထိုအမ်ိဳးသမီးကိုထားခဲ့ၿပီး အလ်င္စလိုကားေမာင္းထြက္သြားတဲ့ကိုကို႔ေၾကာင့္ ရိေပၚဟက္ခနဲရယ္လိုက္မိသည္။ ကိုကိုက သူ႔အပိုင္။ သူ႔ဆီက ဘယ္သူမွကိုကို႔ကိုလာလုလို႔မရဘူး။
❀ ❀ ❀ ❀ ❀
အိမ္ေ႐ွ႕ကားရပ္လိုက္တာနဲ႔ ကားေပၚကအလ်င္စလိုဆင္းလိုက္ရင္း ကေလးငယ္ရဲ႕နာမည္ကိုေအာ္ကာ အိမ္ထဲဝင္လာခ်ိန္ ဧည့္ခန္းထဲမွာတီဗီထိုင္ၾကည့္ေနတဲ့ ကေလးငယ္ေၾကာင့္ ေျခလွမ္းက်ဲႀကီးေတြသံုးလို႔ အနားကိုကပ္သြားရင္း
"ေနမေကာင္းဘူးဆို ဘယ္လိုျဖစ္တာလဲကြာ... ကိုယ္ေရာပူေနေသးလား ..ေကာခ်န္ေရာ ဘယ္ေရာက္သြားလဲ .."
ရိေပၚေဘးမွာဝင္ထိုင္လိုက္ရင္း နဖူးကိုစမ္းလိုက္ ပါးကိုစမ္းလိုက္နဲ႔ စိုးရိမ္တႀကီး ေမးလာတဲ့ကိုကိုေၾကာင့္ ပါးေပၚက ကိုကို႔ရဲ႕လက္ကိုလွမ္းကိုင္လိုက္ရင္း
"ဘာမွမျဖစ္ပါဘူးကိုကိုရဲ႕ ...ကြၽန္ေတာ္က ဒီတိုင္း ကိုကို႔ကိုလြမ္းလို႔ ေကာခ်န္ကိုဖုန္းဆက္ခိုင္းလိုက္တာ"
ရိေပၚစကားအဆံုး စိတ္တိုသြားဟန္ျဖင့္ က်စ္ခနဲစုတ္သတ္လိုက္တဲ့ကိုကိုေၾကာင့္ ရိေပၚစိတ္ထဲတင္းခနဲျဖစ္သြားၿပီး
"ဒါက ဘာအျပဳအမူလဲကိုကို"
"ထားလိုက္ေတာ့ ..ကိုယ္ေရခ်ိဳးလိုက္ဦးမယ္"
ကိုကိုက ရိေပၚကိုလွည့္ၾကည့္ရင္း ဘာမွမေျပာခ်င္ေတာ့သလို ေလပူေတြကို ဟူးခနဲမႈတ္ထုတ္ကာ ေလွကားေပၚတက္သြားတာမို႔ ရိေပၚေဒါသတႀကီးျဖင့္ ကိုကို႔ေနာက္လိုက္သြားမိသည္။
"ခင္ဗ်ား အခုကြၽန္ေတာ့္ကို စိတ္ကုန္ေနတဲ့အၾကည့္နဲ႔ ၾကည့္လိုက္တာလား... ေျဖေလ ခင္ဗ်ား ကြၽန္ေတာ့္ကို စိတ္ကုန္ေနၿပီမဟုတ္လားလို႔"
အေနာက္တေကာက္ေကာက္လိုက္ၿပီး ေျပာေနတဲ့ ရိေပၚစကားေတြကို အဖတ္မလုပ္ပဲ အဝတ္အစားလဲေနတဲ့ကိုကို႔ေၾကာင့္ ရိေပၚေဒါသပိုထြက္လာရသည္။
"အခုေတာ့ ခင္ဗ်ားက ကြၽန္ေတာ္နဲ႔စကားေတာင္မေျပာခ်င္ေတာ့ဘူးေပါ့ေလ ...ဒီမွာ ခင္ဗ်ားသိေအာင္ တစ္ခါထဲေျပာထားလိုက္မယ္ ... ကြၽန္ေတာ့္ဘက္ကအရင္ ခင္ဗ်ားကိုစခ်စ္ခဲ့တာဆိုၿပီး မာန္တက္မေနနဲ႔.. ခင္ဗ်ား ကြၽန္ေတာ့္အိမ္ကို ခဏခဏလာၿပီး ေတာင္းပန္လြန္းလို႔သာ ကြၽန္ေတာ္က..."
"ရိေပၚက ကိုယ့္ကိုတကယ္မခ်စ္ပဲ သနားလို႔လက္ခံလိုက္တာမဟုတ္လား ..."
ရိေပၚစကားအဆံုးခင္ ျဖတ္ေျပာလိုက္တဲ့ကိုကို႔စကားေၾကာင့္ ရိေပၚခဏေၾကာင္သြားၿပီးမွ
"ဟုတ္တယ္ ....အဲ့အတိုင္းပဲ"
"ကြာ႐ွင္းၾကမလား.."
"ခင္ဗ်ား ဘာေျပာလိုက္တာလဲ"
"ရိေပၚက ကိုယ့္ကိုတကယ္မခ်စ္ပဲ သနားလို႔လက္ခံလိုက္ရတာဆိုေတာ့ ကိုယ္နဲ႔ေနရတာ မေပ်ာ္ဘူးမဟုတ္လား ....အဲ့တာေၾကာင့္ ကြာ႐ွင္းၾကမလားလို႔"
အရင္က စိတ္ေကာက္ရင္လည္း ဒီလိုပဲေျပာေနၾကမို႔ ေျပာလိုက္ေပမယ့္ ရိေပၚစကားကိုအတည္ထင္ၿပီး ကြာ႐ွင္းဖို႔အထိေတြပါေျပာလာတာမို႔ ရိေပၚဝမ္းနည္းမိသလို စိတ္လည္းတိုလာရသည္။
"ဟိုမိန္းမေၾကာင့္လား.. ခင္ဗ်ားမွာေနာက္တစ္ေယာက္႐ွိေနလို႔ ဒီလိုစကားမ်ိဳးေျပာထြက္တာမဟုတ္လားလို႔"
"ဘယ္ကမိန္းမက ဘာလာရျပန္တာလဲရိေပၚ "
အခုမွ မသိသလိုမ်ိဳး ျပန္လာေမးေနတာမို႔ ရိေပၚမေန႔က ေကာခ်န္ဆီက ကူးထားတဲ့ပံုေတြကိုျပလိုက္ေတာ့ ကိုကိုကအေတာ္အံ့ၾသသြားပံုပင္။
"မင္းကိုယ့္ကို ေနာက္ေယာင္ခံလိုက္ေနတာလား"
ရိေပၚကဘာမွမေျပာပဲ ၾကည့္ျမဲၾကည့္ေနလိုက္ေတာ့ ကိုကိုက မယံုၾကည္ႏိူင္သလိုမ်ိဳးျဖင့္ ရိေပၚပခံုးႏွစ္ဖက္ကိုဆြဲကိုင္ကာ
"ဟုတ္လားလို႔ ရိေပၚ.. တစ္ခ်ိန္လံုး ကိုယ့္ကို ေဖာက္ျပန္တဲ့သူဆိုၿပီး ထင္ေနတာလား"
"အဲ့တာဆို အဲ့ဒီမိန္းမဘယ္သူလဲဆိုတာ ကြၽန္ေတာ့္ကို႐ွင္းျပေလ"
"ကိုယ္မင္းကို ဒီတစ္ခါေတာ့ ေတာ္ေတာ္စိတ္ပ်က္မိတယ္"
ရိေပၚကို စိတ္ပ်က္တဲ့အၾကည့္ေတြနဲ႔ၾကည့္ၿပီး ထြက္သြားတဲ့ကိုကို႔ကို မတားမိသလို တားဖို႔လည္းစိတ္ကူးမ႐ွိ။ ကိုကိုမို႔ ကြာ႐ွင္းမယ္ဆိုတဲ့စကားကို ေျပာထြက္ရက္တယ္။
ကားသံၾကားလို႔ ျပတင္းေပါက္ကေနလွမ္းၾကည့္လိုက္ေတာ့ တ႐ွိန္ထိုးေမာင္းထြက္သြားတဲ့ကိုကို႔ကားကိုၾကည့္ၿပီး က်ခ်င္ေနတဲ့မ်က္ရည္ေတြကို လက္မျဖင့္ဖိသုတ္လိုက္မိသည္။ သူေတာင္ျပတ္ႏိူင္ရင္ ရိေပၚကေရာ ဘာလို႔မျပတ္ႏိူင္ရမွာလဲ။
❀ ❀ ❀ ❀ ❀
"ေဟ့ေကာင္ ေကာခ်န္ ဒီေန႔နဲ႔ဆို ကိုကိုအိမ္ျပန္မလာတာ သံုးရက္ေတာင္႐ွိၿပီကြ.. သံုးရက္ ... အဲ့တာ မင္းေၾကာင့္ မင္းလွ်ာ႐ွည္ၿပီးလာေျပာလို႔ ကိုကိုနဲ႔ငါ ရန္ျဖစ္ၾကရတာ"
ေကာခ်န္လည္း သူ႔အျပစ္နဲ႔သူမို႔ ရိေပၚမူးၿပီးရစ္သမွ်ကို ေခါင္းငံု႔ၿပီးခံေနရသည္။ ရႊမ္းေကာေျပာျပမွသိရတာ။ ဟိုတေန႔က ေ႐ွာင္းက်န္႔ေကာနဲ႔အတူ တြဲၿပီးေတြ႔လိုက္တဲ့အမ်ိဳးသမီးက ေက်ာင္းတုန္းက ရႊမ္းေကာတို႔သံုးေယာက္နဲ႔ အရမ္းရင္းႏွီးတဲ့ သူငယ္ခ်င္းတဲ့။
အရင္ကလည္း ရင္းရင္းႏွီးႏွီးေန,ေနၾကျဖစ္တဲ့အျပင္ ထိုအမ်ိဳးသမီးေျခေထာက္ေခါက္သြားတာကို ေ႐ွာင္းက်န္႔ေကာကလွမ္းထိန္းေပးတာကို တစ္မ်ိဳးတစ္ဖံုေတြျမင္ ထင္ခ်င္ရာေတြထင္ၿပီး ရိေပၚကိုသြားေျပာမိတာျဖစ္သည္။ ၿပီးေတာ့ ထိုအမ်ိဳးသမီးမွာကလည္း လက္႐ွိအိမ္ေထာင္နဲ႔ျဖစ္ၿပီး ကေလးတစ္ေယာက္လည္း႐ွိေလသည္။
"ၿပီးေတာ့ ကိုကို႔ကို ငါကတကယ္ခ်စ္တာ.. သနားလုိ႔လက္ခံလိုက္တယ္ဆိုတာ မဟုတ္ဘူး ငါေလွ်ာက္ေျပာေနတာပါလို႔ ...သြားေျပာ အခုခ်က္ခ်င္းသြားေျပာေပး"
"မေသာက္ပါနဲ႔ေတာ့ရိေပၚရာ ....မင္းေသာက္တာအရမ္းမ်ားေနၿပီ"
"မင္းမေျပာရင္ ငါသြားေျပာမယ္ ..."
ထိုင္ေနရာကေန ယိုင္ထိုးယိုင္တိုင္ျဖင့္ ထထြက္သြားတဲ့ရိေပၚေၾကာင့္ ေကာခ်န္မွာအျမန္တားရျပန္သည္။
"ကိုကိုေရ.. ကိုကိုမ႐ွိေတာ့ ဒီကကိုကို႔ကေလးေလးကို ဆြဲလားရမ္းလားေတြလုပ္ေနၿပီ ....လာ႐ိုက္ၿပီး ဆံုးမေပးဦးေလ ကိုကိုရဲ႕ အီး...ဟီး .."
ေက်းဇူး႐ွင္ေလးက သူ႔လက္ထဲမွာ အၿငိမ္မေနပဲ အတင္းတြန္းထိုး႐ုန္းကန္ေနတဲ့အျပင္ မူးမူး႐ူး႐ူးနဲ႔ေပါက္ကရေတြပါေအာ္ေနျပန္တာမို႔ ရိေပၚရဲ႕ပါးစပ္ကို လက္ျဖင့္အျမန္ပိတ္ထားလိုက္ရသည္။
"သားငယ္ေလး ဘာျဖစ္လို႔လဲ"
ဒီေလာက္လက္နဲ႔အုပ္ထားတာေတာင္ ထိန္းမႏိူင္ သိမ္းမႏိူင္ အာျပဲစိန္ရိေပၚရဲ႕အသံကို ေ႐ွာင္းမားမားက ၾကားသြားၿပီး မီးဖိုေခ်ာင္ကေနထြက္လာတာမို႔ ရိေပၚကိုခ်ဳပ္ထားရာကေန လႊတ္ေပးလိုက္ၿပီး သြားျဖဲျပလိုက္မိသည္။
"မား... သူ .. သူသားကိုအႏိူင္က်င့္တယ္ ...သူ႔ကို႐ိုက္ပစ္"
အမယ့္... ဒင္းကအမူးပါး။ မူးသာမူးေနတာ သူမ်ားကို အခြၽန္နဲ႔မ ဖို႔ေတာ့သတိရသား။ သူ႔မွာေတာ့ ေကာင္မေလးေခၚတာေတာင္မသြားပဲ သူ႔သူငယ္ခ်င္းေလး သူ႔ေၾကာင့္ လင္ပစ္ခံရတာပါလားဆိုၿပီး အေဖာ္လုပ္ေပးဖို႔လာေနေပးတာ။
ဒါကို ဒင္းက သူ႔ကိုေျပးေပါက္မွားေအာင္လုပ္ေနတယ္။ ေတာ္ေတာ္သနားခ်င္စရာေကာင္းတဲ့ သူငယ္ခ်င္း။
သူမနဲ႔အေနာက္မွာဝင္ပုန္းရင္း ေကာခ်န္ဆိုတဲ့ေကာင္ေလးကို လက္ညိဳးတထိုးထိုးျဖင့္ မေက်မခ်မ္း တိုင္ေတာေနတဲ့သားငယ္ေလးေၾကာင့္ သူမမွာရယ္ရခက္ ငိုရခက္။ သူမရဲ႕သားငယ္ေလးက မူးေနတာေတာင္ ခ်စ္စရာေလးပါဆို။
"ဘာမွမျဖစ္ဘူးေနာ္ သားငယ္ေလး.. မားသူ႔ကို႐ိုက္လိုက္မယ္"
"အြန္း အြန္း"
သူမစကားၾကားေတာ့ သားငယ္ေလးက ေခါင္းတဆတ္ဆတ္ညိတ္ျပကာ သေဘာက်ေနသေလာက္ ေကာခ်န္ဆိုတဲ့ကေလးခမ်ာေတာ့ တကယ္ထင္ၿပီး ငိုမဲ့မဲ့ျဖင့္ သူမကိုၾကည့္ေနတာမို႔ ေခါင္းအသာညိတ္ျပရင္း ျပန္ဖို္႔အခ်က္ျပလိုက္ေတာ့ ထိုေကာင္ေလးမွာဝမ္းသာအားရျဖင့္ သူ႔အိတ္ကိုဆြဲကာ အျမန္ေျပးေတာ့သည္။
"မား... သူထြက္ေျပးၿပီလို႔"
"ဟုတ္ပကြယ္ ...သားငယ္ေလးကိုေၾကာက္လို႔ထင္တယ္ ထြက္ေျပးသြားတာ"
"အဲ့တာဆို ကိုကိုကေရာ သားကိုေၾကာက္လို႔ ထြက္ေျပးသြားတာေပါ့ေနာ္"
ႏႈတ္ခမ္းေလးက တျဖည္းျဖည္းမဲ့က်လာၿပီး မ်က္ႏွာငယ္ေလးနဲ႔ေမးလာတဲ့သားငယ္ေလးေၾကာင့္ သူမသက္ျပင္းခ်လိုက္မိသည္။ သားက်န္႔တစ္ေယာက္နဲ႔ေတာ့ ခက္ၿပီ။ မခ်စ္တာလည္းမဟုတ္ တကယ္ျပတ္ႏိူင္တာလည္းမဟုတ္ပဲ ဘာေတြထြင္ဦးမလို႔လဲမသိဘူး။
သားငယ္ေလးခမ်ာ ဒီေလာက္ထိခံစားေနရတာ သိရက္နဲ႔ေတာင္ ဇြဲကမေလွ်ာ့ႏိူင္ေသးဘူး။
ခဏေနေတာ့ သားငယ္ေလးက မူးၿပီးအိပ္ေပ်ာ္သြားေတာ့မွ ပုန္းေနရာက ထြက္လာၿပီး သားငယ္ေလးကိုေပြ႔ခ်ီကာ အေပၚတက္သြားတဲ့သားက်န္႔ရဲ႕ လက္ေမာင္းကိုခပ္ဖြဖြလွမ္း႐ိုက္လိုက္မိသည္။
ဒီေခတ္ကေလးေတြနဲ႔ေတာ့ သူမလိုက္လို႔ကိုမမွီေတာ့ဘူး။ သူမတို႔ေခတ္က လင္မယားခ်င္းစကားမ်ား ရန္ျဖစ္ၿပီး အိမ္ေပၚကဆင္းတာပဲၾကားဖူးပါတယ္။ အခု သူတို႔အလွည့္က်မွအဆန္း။
သားငယ္ေလးနဲ႔မခြဲႏိူင္လို႔ အိမ္ေပၚက ဆင္းခ်င္ေယာင္ေဆာင္ၿပီး အိမ္ထဲမွာျပန္ပုန္းေနပါသတဲ့ေလ။ စိတ္ဆိုးရတဲ့အေၾကာင္းအရင္းကလည္း သားငယ္ေလးက သူ႔ကိုမခ်စ္ပဲ သနားလို႔ျပန္လက္ခံတာပါဆိုၿပီး ရန္ျဖစ္တိုင္းေျပာတတ္လြန္းလို႔ အဲ့ဒီစကားကိုေနာက္ထပ္ ထပ္မေျပာေတာ့ေအာင္ သင္ခန္းစာေပးပါတဲ့။
တတ္လည္း တတ္ႏိူင္လြန္းတဲ့ဟာေတြ။ အဲ့ေလာက္ေတာင္ မခြဲႏိူင္ မခြာရက္သဲသဲလႈပ္ျဖစ္ေနရင္လည္း ဘာလို႔ကေလးကို စိတ္ဆင္းရဲေအာင္လို႔ အိမ္ေပၚကဆင္းခ်င္ေယာင္ေဆာင္ေနေသးလဲ။ သားငယ္ေလးေျပာတာလည္း မွန္သင့္သေလာက္ မွန္ေနတာပဲကို။
တကယ္လည္း သားက်န္႔က ဝမ္အိမ္ေတာ္ကိုဗြက္ထမတတ္သြားလြန္းလို႔ သားငယ္ေလးကမ်က္စိေနာက္လို႔ လက္ခံလိုက္တာျဖစ္မွာေပါ့။ ဒါကို အခုမွ လာ႐ွက္ခ်င္ေနေသးတယ္။ အံ့ၾသပါ့...။
❀ ❀ ❀ ❀ ❀
ပါးစပ္ေလးဟကာ တခူးခူးေဟာက္ရင္း အိပ္ေပ်ာ္ေနတဲ့ အမူးသမားေလးကိုၾကည့္ရင္း ႏွာတံလံုးေလးကို မနာေအာင္ညႇစ္ထားလိုက္ေတာ့ အသံ႐ွဴၾကပ္လို႔ထင္ မ်က္ႏွာေလးက႐ွံု႕မဲ့သြားတာမို႔ သေဘာတက်ျဖင့္ အသံထြက္တဲ့အထိပင္ ရယ္လုိက္မိသည္။
"အဆိုးေလး... အဲ့လိုဆိုးလိုက္ရေတာ့ ေပ်ာ္လား"
"နင္ေရာ သားငယ္ေလး ခံစားေနရတာျမင္ေတာ့ ေပ်ာ္ရဲ႕လား"
ရိေပၚမ်က္ႏွာေလးကို ခ်စ္မဝစြာၾကည့္ေနရင္း အေနာက္ကထြက္လာတဲ့မားရဲ႕အသံေၾကာင့္ မလန္႔တတ္တဲ့ေ႐ွာင္းက်န္႔ပင္ ဆတ္ခနဲတုန္သြားရသည္။
"မားကလည္းဗ်ာ ...အသံမေပး ဘာမေပးနဲ႔"
"အသံေပးလို႔နင္ၾကားရတာ မဟုတ္ဘူးလား.. အခုမွ ႐ွက္ရမ္းရမ္းမေနနဲ ...သားငယ္ေလးခမ်ာ အရမ္းစိတ္ေကာင္းျဖစ္ေန႐ွာတာ .. နင္မေျပာရင္ေန ငါကေတာ့ သားငယ္ေလးခံစားေနရတာကို မၾကည့္ရက္ေတာ့လို႔ နင္ဒီမွာ႐ွိတဲ့အေၾကာင္းေျပာျပလိုက္ေတာ့မွာ"
"မရပါဘူး.. ေျပာခ်င္းေျပာ သားကိုယ္တိုင္ပဲေျပာမွာေပါ့ ...သူမ်ားအတြဲေတြၾကား မားက ဘာလို႔ဝင္႐ႈပ္ခ်င္ေနရတာလဲ"
"နင့္ကိုအျမင္ကပ္လို႔ ႐ွင္းၿပီလား"
ေျပာခ်င္ရာေျပာၿပီး ထြက္သြားတဲ့မားကိုၾကည့္ၿပီး သူေခါင္းခါလိုက္မိသည္။ တေန႔တျခား ရိေပၚဆိုးလာတာလည္း မေျပာနဲ႔။ မားကိုက ဦးေဆာင္ၿပီး အဲ့လိုေတြေျမႇာက္ေပးေနတာ။
ဘာပဲျဖစ္ျဖစ္ ရိေပၚလည္း သူေျပာတဲ့စကား မွားမွန္းသိေနၿပီမို႔ သူရိေပၚေ႐ွ႕ ကိုယ္ထင္ျပဖို႔လိုၿပီထင္သည္။ မားေျပာသလို သူလည္းပဲ သူ႔ကေလးေလးခံစားေနရတာကို မျမင္ရက္ေတာ့ေပ။
❀ ❀ ❀ ❀ ❀
"ကိုကိုက သားကိုထားသြားၿပီလားမသိဘူးေနာ္ မား"
ထမင္းေတာင္ေျဖာင့္ေအာင္မစားႏိူင္ပဲ ေန႔ေန႔ညည သူ႔ရဲ႕ကိုကို ကိုပဲတေနတဲ့သားငယ္ေလးကိုၾကည့္ၿပီး သူမစိတ္မေကာင္းျဖစ္မိသည္။
"မဟုတ္ပါဘူး သားငယ္ေလးရယ္... သားရဲ႕ကိုကိုက စိတ္ဆိုးတုန္းခဏမို႔ပါ"
"တကယ္တမ္း မွားတာကသားပါ .... ကိုကို သားကိုအရမ္းခ်စ္တာသိရက္နဲ႔ ကိုကို႔အေပၚအထင္လြဲခဲ့မိတာ.. ၿပီးေတာ့ ကိုကိုမႀကိဳက္တဲ့ စကားကိုလည္း သံုးခါေတာင္ေျပာခဲ့မိတယ္... ကိုကိုသာ သားကိုတကယ္ထားသြားမယ္ဆို ကိုကို႔ကို ေတာင္းပန္စကားေတာင္ ေျပာလိုက္ရမွာမဟုတ္ဘူး"
"ေတာင္းပန္ရံုပဲဆိုရင္ေတာ့ မလံုေလာက္ေသးဘူးထင္တယ္"
မားနဲ႔စကားေျပာေနရင္း ေနာက္ပါးကေနၾကားလိုက္ရတဲ့ ရင္းႏွီးေနတဲ့အသံပိုင္႐ွင္ေၾကာင့္ ဝမ္းသာအားရျဖင့္ လွည့္ၾကည့္ကာ လြမ္းေနခဲ့ရတဲ့ လူႀကီးရဲ႕ကိုယ္ေပၚကို ခုန္တက္လိုက္မိသည္။
"ကိုကို႔...."
ဝက္ကေလးတစ္ေကာင္က ႐ုတ္တရက္ ကိုယ္ေပၚခုန္တက္လာတာမို႔ ေနာက္ကိုအနည္းငယ္ယိုင္မလိုျဖစ္သြားၿပီးမွ အ႐ွိန္ျပန္ထိန္းကာ ေဘးကခံုမွာဝင္ထိုင္လိုက္ေတာ့ ရိေပၚက သူ႔ေပါင္ေပၚထိုင္ရက္သားေလး ျဖစ္ေနေလသည္။
အဆိုးေလးကို နည္းနည္းေလာက္ပညာေပးခ်င္ေသးတာမို႔ ရယ္ခ်င္ေနတာကို တင္းခံထားရင္း
"ဆင္း.."
"မဆင္းဘူး ..."
"ဆင္းလို႔ ေျပာေနတယ္ေလ"
"မဆင္းဘူး ...မဆင္းဘူး.. ဆင္းကုိ မဆင္းဘူး"
သူ႔လည္ပင္းကို လက္ႏွစ္ဖက္ျဖင့္ဖက္တြယ္ကာ မ်က္ႏွာဥဥေလးကို သူ႔မ်က္ႏွာနဲ႔ အတင္းတိုးကပ္ရင္း ညႇင္းဆန္ေနတဲ့ကေလးငယ္ေၾကာင့္ တစ္ခ်က္တစ္ခ်က္ ကေလးငယ္ရဲ႕ပါးေဖာင္းေဖာင္းေလးက သ့ူရဲ႕ႏွာတံခြၽန္ခြၽန္နဲ႔ ထိမိသြားအခါတိုင္း ရင္ထဲမွာဓာတ္လုိက္ေနသလိုပင္။
ဒါေပမယ့္ မျဖစ္ေသးဘူး။ သူစိတ္ကို တည္ၿငိမ္ေအာင္ ထိန္းထားရမယ္။ မ်က္ႏွာကို ပိုတိုးလို႔တည္တင္းပစ္လိုက္ရင္း
"ကိုကိုက ရိေပၚဘက္ကစခ်စ္ခဲ့တယ္ဆိုၿပီး ရိေပၚကိုအႏိူင္က်င့္တယ္ဆို.."
"ဟင့္အင္း ..."
"ကိုကို႔ကို သနားလို႔ျပန္လက္ခံလိုက္တာဆို.."
"ဟုတ္ဖူးလို႔ ...."
"ကိုကို႔မွာ ရိေပၚအျပင္ ေနာက္ထပ္တစ္ေယာက္႐ွိေနၿပီဆို.."
"ကိုကို႔ ....ေျပာနဲ႔ေတာ့ဆို .."
"အဲ့တာေတြအကုန္ ရိေပၚပဲေျပာခဲ့တာမဟုတ္ဘူးလား"
"ကြၽန္ေတာ္မွားသြားပါတယ္ကိုကိုရယ္.. စိတ္ဆိုးေျပပါေတာ့ေနာ္ မြ ....မြ မြ .."
လက္ႏွစ္ဖက္က သူ႔လည္တိုင္မွာ ခ်ိတ္တြယ္ထားရာကေန သူ႔ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာ ႏႈတ္ခမ္းကို ကေလးေတြနမ္းသလို တမြမြျဖင့္ နမ္းေနတာမို႔ သူမရယ္ပဲမေနႏိူင္ေတာ့။
"ေနာက္ဆို...."
"စိတ္ခ် ...စိတ္ခ် ကိုကိုမႀကိဳက္တဲ့စကားလည္းမေျပာဘူး ...ကိုကုိမႀကိဳက္တာလည္း မလုပ္ေတာ့ဘူးေနာ္.. ကိုကို႔စကားနားေထာင္တဲ့ လိမၼာတဲ့tweetyေလးပဲလုပ္ေတာ့မွာ ကတိေပးတယ္"
"လူလည္ေလး ..."
ဒီေတာ့မွ သူ႔ကိုမလြတ္တမ္းဖက္ထားရင္း ရင္ခြင္ထဲအတင္းတိုးဝင္ေနတဲ့ကေလးေလးကို ျပန္လည္ေထြးေပြ႔ထားရင္း ပိုင္ပိုင္ႏိူင္ႏိူင္ျပံဳးလိုက္မိသည္။
အခုေတာ့ ဘာတတ္ႏိူင္ေသးလဲ။ သူဥာဏ္ေကာင္းၿပီး အပုန္းေတာ္လို႔ ဆိုးဆိုးေပေပ ဂ်စ္တူးေလးကို လိမၼာတဲ့ကေလးေလးအျဖစ္ သူေျပာင္းလဲေပးႏိူင္ခဲ့ၿပီ။ ကေလးေတြဆိုတာ လူႀကီးေတြ လွည့္လိုက္ရင္ လည္မွန္းမသိ လည္ထြက္သြားရတာခ်ည္းပဲ။ ကေလးက ကေလးပါပဲ ဝမ္ပူတူးေလးရယ္။
တစ္ဖက္မွာေတာ့ ေလွကားနားအကြယ္ကေန ေခ်ာင္းၾကည့္ေနတဲ့မားေၾကာင့္ ကိုကို႔ရင္ခြင္ထဲကေန လွမ္းၿပီး လက္မေထာင္ျပလိုက္မိသည္။
မားနဲ႔သူက တစ္ဖြဲ႔ထဲဆိုတာ ကိုကိုေမ့ေနေလေရာ့သလား။ ကိုကိုနဲ႔သူ စကားမ်ားၿပီး ေနာက္တစ္ေန႔မနက္ထဲက ကိုကိုအိမ္ေပၚကမဆင္းပဲ အိမ္ထဲမွာပုန္းေနတယ္ဆိုတာ သူသိသားပဲ။
သူ႔ကိုယ္သူ ဥာဏ္ေကာင္းလွပါတယ္ဆိုတဲ့ကိုကိုေ႐ွာင္းက ညေရာက္မွသြားလာလႈပ္႐ွားရင္ သိသာမွာစိုးလို႔ ရိေပၚမႏိုးခင္မနက္အေစာႀကီးမွာ လုပ္စရာ႐ွိတာေတြကို လုပ္တာမို႔ ေခ်ာ့သိပ္ေပးမယ့္ ကိုကိုမ႐ွိလို႔ မနက္အေစာႀကီးႏိုးလာၿပီး ေရဆင္းေသာက္တဲ့ရိေပၚက ကိုကို႔ကိုျမင္သြားတာျဖစ္သည္။
ဘူမသိ ကိုးမသိ ေကာခ်န္ကိုေတာ့ တမင္တကာအျမင္ကပ္လုိ႔ မူးခ်င္ေယာင္ေဆာင္ၿပီး ရစ္ေပးလိုက္တာ။ ဒီၾကားထဲ အစားအေသာက္နည္းနည္းအပ်က္ခံၿပီး ဒရာမာခ်ိဳးျပလိုက္ရတာကေတာ့ အရင္းေပါ့။
ကိုကို... ကိုကို ..။ သူ႔ကိုယ္သူ လည္လွၿပီ ထင္ေနတာ။ လူႀကီးေတြဘယ္ေလာက္လည္လည္ ကေလးေတြ တစ္ကြက္ျပလိုက္ရင္ လိုက္မမွီေတာ့ဘူးဆိုတာ ကိုကိုမွမသိေသးပဲကိုး....။
ဒါေလးက စာအုပ္ထဲမွာပါတဲ့ special chapterေလးပါ။ ဒီေန႔က အကိုတို႔ႏွစ္ေယာက္စေတြ႕တဲ့ရက္ျဖစ္တဲ့အျပင္ မီ့ရဲ႕ေမြးေန႔လည္းျဖစ္ေတာ့ လက္ေဆာင္အေနနဲ႔တင္ေပးတာပါ.. လူလည္ေလးဝမ္ပူတင္းနဲ႔ လူတတ္ႀကီးကိုကိုေ႐ွာင္းတို႔ကို အလြမ္းေျပၾကမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္... ဒါန႔ဲ ယူတို႔ရဲ႕အလွေလးက ဒီေန႔ကစၿပီး ထိပ္စီးေျပာင္းတဲ့ လူႀကီးေလးျဖစ္သြားပါၿပီ ဟီးဟီး