Zawgyi
"ဟင့်အင်း လက်မခံနိုင်ဘူး"
ရှောင်းကျန့်မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ဖြေလိုက်တဲ့ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်မှာတအံတသြ။ အနီးအနားတစ်ဝိုက်ကို လှမ်းကြည့်လိုက်တော့ ရှောင်းကျန့်ကိုကြည့်ပြီး အချင်းချင်းတီးတိုးပြောနေကြကာ တစ်ချို့ကတော့ ဖုန်းနဲ့ပါမှတ်တမ်းတင်နေကြလေရဲ့။
အရှေ့မှာရပ်နေတဲ့ ရိပေါ်ကိုကြည့်မိတော့ ရှောင်းကျန့်ရဲ့ပုံစံကိုကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ထွက်သွားဖို့ပြင်နေတာမို့ လက်တစ်ဖက်ကိုလှမ်းဆွဲကာ
"ဘာလို့လဲ ရိပေါ်...ကိုယ့်ကို ဘာလို့လက်မခံနိုင်တာလဲ"
မျက်ရည်တွေရစ်သိုင်းကာ မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ရိပေါ်ကိုမေးခွန်းထုတ်လာတဲ့ ရှောင်းကျန့်ရဲ့ပုံစံကိုကြည့်ရတာ ကျေနပ်စရာကောင်းလှသည်။ ရိပေါ်လက်ကိုကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့လက်ကိုခပ်ပြင်းပြင်းခါထုတ်လိုက်ကာ အပြုံးတစ်ပွင့်ဖန်တီးလို့
"ခင်ဗျားဖြစ်နေလို့ကို လက်မခံနိုင်တာ...။ ခင်ဗျားက ကျွန်တော့်အကြိုက်မဟုတ်ဘူး ရှောင်းကျန့်.."
တစ်ချိန်က ရှောင်းကျန့်ပြောခဲ့ဖူးတဲ့စကားတွေနဲ့ ပြန်လည်ထိုးနှက်လာတဲ့ချစ်ရသူက ရှောင်းကျန့်ကိုလှောင်ပြုံးပြုံးပြကာ ထွက်သွားချေပြီ။ လှိုက်တက်လာတဲ့ဝမ်းနည်းမှုနဲ့အတူ ကပ်ပါလာတဲ့နောင်တတွေဟာ တစ်သီတစ်တန်း။ ဒီကိစ္စတွေရဲ့အရင်းအမြစ်တရားခံဟာ ကိုယ်တိုင်သာပေမို့ အခုချိန်မှ'လုပ်ရက်လိုက်တာ ရိပေါ်ရယ်'ဆိုပြီးလည်း နစ်နာသူကြီးလိုခံစားပြနေလို့မရ။
ဘေးနားကတီးတိုးကဲ့ရဲ့သံတွေကိုလည်း ဂရုမပြုမိတော့ပဲ အခုချိန် ရှောင်းကျန့်အတွေးထဲမှာ'အရင်ထဲက ရိပေါ်ကို နည်းနည်းလောက်ပဲဖြစ်ဖြစ်ဂရုစိုက်ပေးခဲ့ရင်'ဆိုတဲ့ မချိတင်ကဲရေရွတ်သံတွေသာ ဝဲလည်လို့နေတယ်။
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...