Zawgyi
"မင်း ဒီကို ဘာလာလုပ်တာလဲရှောင်းကျန့်"
ဆေးရုံဝန်းထဲက ပန်းခြံအသေးလေးထဲကိုရောက်ပြီး ခဏကြာမှ ထွက်လာတဲ့ဟောက်ရွှမ်းရဲ့စကားကြောင့်ရှောင်းကျန့်က မဲ့ပြုံးပြုံးကာ
"ငါ့ကုမ္ပဏီက ဝန်ထမ်းဆီလာတာ ဘာထူးဆန်းလို့လဲ။ ငါ့ကို အဲ့ဒီလိုမေးတဲ့ မင်းကရော ဘာကိစ္စ ဒီကိုရောက်နေတာလဲ"
"ကိုယ်ချစ်ရတဲ့ကောင်လေး ဆေးရုံတက်နေရတယ်ဆိုလို့ လာကြည့်တာကရော ဘာထူးဆန်းနေလို့လဲ"
ဟောက်ရွှမ်းပြောလိုက်တော့ ထင်မှတ်မထားတဲ့ စကားမျိုး ကြားလိုက်ရတဲ့အတိုင်းရှောင်းကျန့်က ခဏကြောင်သွားပြီးနောက်မှ တဟားဟားအော်ရယ်ကာ
"ဝါး....ဝမ်ဟောက်ရွှမ်း...မင်းဒီလောက်ထိ မျက်နှာပြောင်လိမ့်မယ်လို့ ငါမထင်ထားဘူး။ မဟုတ်မှ...မင်းအစထဲက ဒီလိုစိတ်မျိုး ရှိနေလို့ ဝမ်ရိပေါ်ကို ငါမကြိုက်မှန်း သိရဲ့သားနဲ့ ငါတို့ကြား ပြဿနာဖြစ်အောင်တမင်မြှောက်ပေးလိုက်တာလား။ မထင်ရဘူးနော်ဝမ်ဟောက်ရွှမ်း..ဟား...ဟား.."
"မင်းစိတ်နဲ့နှိုင်းပြီး မဆိုင်တာတွေလျှောက်ပြောမနေနဲ့ရှောင်းကျန့်။ ရိပေါ်ကို ထိခိုက်စေဖို့ ငါဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ မင်းသာ...ရိပေါ်ကို ငါ့ဆီက လုယူဖို့ မစဉ်းစားနဲ့"
"လုတယ်ဆိုတာ ကိုယ်ပိုင်ပြီးသား အရာတွေပေါ်မှာပဲ သုံးလို့ရတာကွ...မင်းငါ့ကို အချိန်ကုန်ခံပြီး အဲ့ဒီစကားပြောနေမယ့်အစား ဝမ်ရိပေါ်ကို အရင်အပိုင်ရအောင်ကြိုးစားသင့်တယ်။ ငါ့အတွက်တော့ စိတ်ပူစရာမလိုပါဘူး...မင်းလည်း သိနေတာပဲ။ ဝမ်ရိပေါ်က ငါ့အကြိုက်မဟုတ်တာကို..."
"...ရိပေါ်.."
ဟောက်ရွှမ်းရဲ့ အလန့်တကြားခေါ်လိုက်တဲ့ အသံကြောင့်အနောက်ကို လှည့်ကြည့်လိုက်တော့ ရှောင်းကျန့်တို့နှစ်ယောက်ကို စူးစိုက်ပြီး ကြည့်နေတဲ့ ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်အနည်းငယ်တော့ ထိတ်လန့်သွားရသည်။
![](https://img.wattpad.com/cover/272589301-288-k298517.jpg)
आप पढ़ रहे हैं
Dear My Ex-crush[Completed]
रोमांसZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...