ချစ်မြဲ ချစ်ဆဲ

Por smiling-Onion

265K 10K 54

ယခု ( ချစ်မြဲ ချစ်ဆဲ ) ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း ဇာတ်ကောင်များသည် ကိုယ်တိုင်ဖန်တီးထားသော အရေးအသား အကြေ... Mais

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
ဇာတ်သိမ်းပိုင်း

အပိုင်း ၆၆

2.7K 77 1
Por smiling-Onion

(unicode)

ပူပြင်းလှသော နွေရာသီအခါဖြစ်၍ သမီးငယ်အားချွေးတို့ဖြင့် ဖျားသွားမည်ကို စိတ်ပူမိသည်။ ချည်အင်္ကျီပါးပါးဂါဝန်မိုးပြာရောင်နှင့် ယသော်ငယ်ငယ်မှာလည်း ကလေးသဘာဝအတိုင်း အငြိမ်မနေ။

" ပူလိုက်တာ "

သမီးဖြစ်သူကိုလှမ်းကြည့်လျက် နှုတ်မှလည်း " ပူလိုက်တာ " ဟုအခါခါ ရေရွတ်နေမိပေသည်။

" ကောင်းလိုက်တာ ဟူး..."

လေတစ်ချက်ဝေ့လိုက်ချိန်ရရှိလိုက်သော အေးမြမှုတို့မှာ ဘယ်အရာနှင့်မှ အစားထိုးနိုင်ဖွယ်မရှိ။

" ကလေးငယ်ကိုယ်က မွှေးနေရော ရွှတ် "

အပင်ကြီးအောက်ဖျားလေးခင်းပြီး ထိုင်နေသည်ကို အနောက်မှသိုင်းဖက်လျက်ပါးလေးအား နမ်းရှိုက်လာပေသည်။

" အစောကြီးပါလား "

" အင်း။ ကိုယ်ကအလုပ်သမားမှမဟုတ်တာ ပြန်ချင်တဲ့အချိန် ပြန်မှာပေါ့ "

" လူကြီးကြည့်ပါအုန်း။ သမီးက ထွားလာလိုက်တာ "

သစ်ပင်အရိပ်​အောက် သင်ဖြူးဖျာလေးထက် ကစားနေသော ယသော်ငယ်ငယ်။ သော်လင်းတို့ရှိနေသောနေရာသည် ခြံဝန်းအနောက်ဘက်ရှိ
ဥယျာဥ်ခြံငယ်ထဲပင်။ ခြံဝင်းကျယ်ကြီးဖြစ်၍ ရေကူးကန်၊ သီးသန့်တိုက်ပုလေးအချို့အပြင် အပင်ကြီးတို့ဖြင့် အုပ်ဆိုင်းနေပြီး ခြံအနောက်ဘက်တွင် စမ်းချောင်းငယ်တစ်ခုပင်ရှိပေသည်။

စမ်းချောင်းလေးထက်မှ ဖြတ်တိုက်လာသော လေနု၊ လေအေးအေးလေး။ ထို့ကြောင့် နေ့ခင်းနေလယ် သော်လင်းတို့သားအဖ ခြံအနောက်ရှိဘက်စမ်းချောင်းငယ်နှင့် ခမ်းလှမ်းလှမ်းတွင်
လာရောက်အနားယူ လေညှင်းခံထွက်ဖြစ်သည်။

" သမီးရေ...လာအိပ်တော့ "

" ဖေ့ ဘူးပု "

" မီးမီးမအိပ်ရင် daddyနဲ့ ဖေဖေအိပ်တော့မယ်။ မီးမီးက တစ်ယောက်တည်းပဲ ကစားနေတော့ "

" အင့်အင့် ဒီဒီအိပ် "

သူ့daddyနဲ့ကိုင်ပြောတာနဲ့ ယယော်ငယ်ငယ်တစ်ယောက် စွယ်သော်လင်းထိုင်နေသော ဖျာဘက်သို့ လေးဘက်ကုန်းထပြီးသည်နှင့် ဟိုယိုင်သည်ယိုင်ပြုလျက် လျှောက်လာလေသည်။ ဖျားထက် ၌သမီးဖြစ်သူကို Hello Kitty အရုပ်ခေါင်းအုံးလေးဖြင့် အိပ်စေလိုက်သည်။ သော်လင်းမှာမူ လူကြီးလက်မောင်းလေးထက်၌ အိပ်လိုက်သည်။

ဖျားလေးထက်၌သားဖသုံးယောက် တစ်ရေးတ မော အိပ်စက်နေကြပေသည်။ အနည်းငယ်လှမ်းသော စမ်းချောင်းငယ်ကိုဖြတ်၍ တိုက်ခက်လာသော လေအေးတို့ကြောင့် စွယ်သော်လင်းနှင့် ယသော်ငယ်ငယ်တို့အလျင်အမြန်ပင် အိပ်မောကျသွားလေတော့၏။

ဒေါင်းမာန်မှာ နေ့ခင်းဘက် အိပ်ကျင့်မရှိသော် လည်း လက်မောင်းအား ခေါင်းအုံးလျက်အိပ် ပျော်နေသော ကလေးငယ်အိပ်ပျော်သွားသည့်အထိစောင့်ပြီးခါမှသာ လက်မောင်းအစားခေါင်း အုံးပျော့ပျော့တစ်ခုကို အစားထိုးအုံးပေးလိုက်သည်။ အိပ်ပျော်နေသော သမီးလေးယသော်ငယ်ငယ်မှာ ပါးစပ်ပိစိလေး ဟလျက်။ ကလေးငယ်မှာလည်း ထိုနည်းတူပင်။

သမီးဖြစ်သူသည် မွေးရာပါမျက်ဝန်းပြာပြာ (မဲနယ်ပြေ)နှင့် မွေးဖွားလာခြင်းပင်။ မိဘနှစ်ဦးလုံးနှင့်မတူသော မျက်ဝန်းဝိုင်းကြီးကြီးများနှင့် အပြာရောင်မျက်ဆံတို့ကို လှပစွာ ပိုင်ဆိုင်ထား ၏။ မျက်ဆံပြာလေးတို့ကို ပိုင်ဆိုင်ထားသော် လည်း ဆံပင်အရောင်မှာမူ အနက်ရောင်ပင်။

နှစ်ခြိုက်စွာအိပ်ပျော်နေကြသော သားအဖနှစ်ယောက်ကို ဒေါင်းမာန်တစိမ့်စိမ့်ကြည့်နေမိသည်။ ကလေးငယ်၏မျက်လုံးတို့သည် သေးသေးဝိုင်းဝိုင်းလေး ဖြစ်၏။ သမီးဖြစ်သူ၏မျက်လုံးကျယ်တို့ထက် ကလေးငယ်၏သေးသေးဝိုင်းဝိုင်းကို ဒေါင်းမာန် ပိုနှစ်သက်မြတ်နိုးသည်။

" အိပ်နေတာလေးက ချစ်ဖို့ကောင်းလိုက်တာကွာ "

အပြောနှင့်ထပ်တူ အိပ်မောကျနေသော ကလေးငယ်၏မျက်ဝန်းပေါ်သို့ အသာနမ်းရှိုက်လိုက်သည်။

" ကိုယ့်ကလေးလေး ​ရွှတ် ရွှတ် "

ပါးအိအိလေးထက်သို့ အခါခါနမ်းမိပြန်သည်။ ဘေး၌အိပ်နေသော သမီးဖြစ်သူဘက်ကို ကြည့်လိုက်ပြီး ကလေးငယ်နှုတ်ခမ်းလေးအား ထပ်နမ်းလိုက်သည်။

" ချစ်လိုက်တာကွာ "

အိပ်ပျော်နေသူကိုထိုင်ကြည်လျက် ဒေါင်းမာန်မှာ အသည်းတယားယားဖြစ်နေရသည်။ ကလေးတစ်ယောက်ရပြီးသော်လည်း ဒေါင်းမာန်မှာ သူ့ကလေးငယ်အား ချစ်မဝနိုင်သေး။

နွေ၊ မိုး၊ ဆောင်းအလီလီပြောင်းခဲ့ပြီးနောက်

" daddy "

အဝတ်လဲခန်းတံခါးဝမှ ခေါင်းလေးဝင်ပြီး ခေါ်လာသည်။

" ဘာပြောမလို့လဲ။ လာလေ "

" daddyကို ဖေဖေစိတ်ဆိုးနေတာလား "

အဝတ်လဲနေချိန် အနားသို့လျှောက်လာပြီး အနီးရှိအဝတ်ဗီရိုတစ်ခုဘေးလာရပ်၍ ကြည့်နေလေလျက် အမေးစကားဆိုလာသူမှာ ယသော်ငယ်ငယ်။

" သမီးဖေဖေက ညဘက်ရေခဲမုန့်တောင်းစားတာမကျွေးလို့ စိတ်ကောက်သွားတာ "

" ဖေဖေက ရေခဲမုန့်အရမ်းကြိုက်တယ်။ ယယကိုတောင် သိပ်မကျွေးချင်ဘူး "

ရေခဲမုန့်အကြိုက်ချင်းတူသော သားအဖနှစ်ယောက်။ သမီးငယ်သည် ကလေးဖြစ်၍ တားရလွယ်သော်လည်း ဒေါင်းမာန်၏မူပိုင်ကလေးငယ်ကိုမူ မတားနိုင်ခဲ့။ ယခုမူ သမီးငယ်က သူ့မစားခဲ့ရကြောင်းတို့ကို ဖွင့်ဟပြောလာလေ၏။

" daddy ယယကိုလည်း ကုမ္ပဏီခေါ်သွားနော်။ ဖေဖေကdaddyကို စိတ်ဆိုးတိုင်း ယယအပိုင် ရေခဲချောင်းတွေကိုလည်း ယူယူစားတယ်။ ပြန်တောင်းလည်း အော်တယ်။ ယယကိုပါ ခေါ်သွားနော် daddy "

၄ နှစ်ကျော်ကျော် ကလေးအပြောကို ဒေါင်းမာန်ပြုံးလျက် နားထောင်ပေးနေသည်။ ထိုလူသားလေးနှစ်ယောက်ကြောင့် ဒေါင်းမာန်မှာပြသာနာတို့ကို ကူရှင်းပေးခဲ့ရသည်မှာလည်း အချိန်ပြည့်ပင်။

၄ နှစ်ကလေးထက် ၃၁ နှစ်အရွယ်ရှိကလေးကြီးမှာပို၍ ထိန်းရခက်သည်။ ကလေးငယ်မှာ အ သက်ကြီးလေ ပိုချစ်ဖို့ ကောင်းလာလေပေ။ ပိုလှ၊ ပိုချော၍ ပိုချစ်စရာကောင်းလာသော ဒေါင်းမျိုးနွယ်လေးကို ဒေါင်းမာန်စိတ်မချနိုင်လည်း ဖြစ်ရသည်။ ယောက်ျားငယ်ငယ်ရထားသူဖြစ်၍ အ ပြင်သို့ ထွက်ချိန်တိုင်းလည်း သဝန်တိုရသည်မှာ အခါခါမကတော့။

" daddy ! ယယကို ခေါ်သွားပါနော် "

အင်္ကျီခါးအနားစကိုဆွဲလျက် ထပ်ပြောလာသောသမီးကို အသာကောက်ချီလိုက်ပြီး မနက်စာစားရန်နှင့် စိတ်ကောက်နေသော ယောက်ျားသေးသေးလေးအား ချော့ရန်အတွက် အခန်းပြင်ထွက်ခဲ့လိုက်သည်။

(zawgyi)

ပူျပင္းလွေသာ ေႏြရာသီအခါျဖစ္၍ သမီးငယ္အားေခြၽးတို႔ျဖင့္ ဖ်ားသြားမည္ကို စိတ္ပူမိသည္။ ခ်ည္အက်ႌပါးပါးဂါဝန္မိုးျပာေရာင္ႏွင့္ ယေသာ္ငယ္ငယ္မွာလည္း ကေလးသဘာဝအတိုင္း အၿငိမ္မေန။

" ပူလိုက္တာ "

သမီးျဖစ္သူကိုလွမ္းၾကည့္လ်က္ ႏႈတ္မွလည္း " ပူလိုက္တာ " ဟုအခါခါ ေရ႐ြတ္ေနမိေပသည္။

" ေကာင္းလိုက္တာ ဟူး..."

ေလတစ္ခ်က္ေဝ့လိုက္ခ်ိန္ရရွိလိုက္ေသာ ေအးျမမႈတို႔မွာ ဘယ္အရာႏွင့္မွ အစားထိုးႏိုင္ဖြယ္မရွိ။

" ကေလးငယ္ကိုယ္က ေမႊးေနေရာ ႐ႊတ္ "

အပင္ႀကီးေအာက္ဖ်ားေလးခင္းၿပီး ထိုင္ေနသည္ကို အေနာက္မွသိုင္းဖက္လ်က္ပါးေလးအား နမ္းရႈိက္လာေပသည္။

" အေစာႀကီးပါလား "

" အင္း။ ကိုယ္ကအလုပ္သမားမွမဟုတ္တာ ျပန္ခ်င္တဲ့အခ်ိန္ ျပန္မွာေပါ့ "

" လူႀကီးၾကည့္ပါအုန္း။ သမီးက ထြားလာလိုက္တာ "

သစ္ပင္အရိပ္​ေအာက္ သင္ျဖဴးဖ်ာေလးထက္ ကစားေနေသာ ယေသာ္ငယ္ငယ္။ ေသာ္လင္းတို႔ရွိေနေသာေနရာသည္ ၿခံဝန္းအေနာက္ဘက္ရွိ
ဥယ်ာဥ္ၿခံငယ္ထဲပင္။ ၿခံဝင္းက်ယ္ႀကီးျဖစ္၍ ေရကူးကန္၊ သီးသန္႔တိုက္ပုေလးအခ်ိဳ႕အျပင္ အပင္ႀကီးတို႔ျဖင့္ အုပ္ဆိုင္းေနၿပီး ၿခံအေနာက္ဘက္တြင္ စမ္းေခ်ာင္းငယ္တစ္ခုပင္ရွိေပသည္။

စမ္းေခ်ာင္းေလးထက္မွ ျဖတ္တိုက္လာေသာ ေလႏု၊ ေလေအးေအးေလး။ ထို႔ေၾကာင့္ ေန႔ခင္းေနလယ္ ေသာ္လင္းတို႔သားအဖ ၿခံအေနာက္ရွိဘက္စမ္းေခ်ာင္းငယ္ႏွင့္ ခမ္းလွမ္းလွမ္းတြင္
လာေရာက္အနားယူ ေလညႇင္းခံထြက္ျဖစ္သည္။

" သမီးေရ...လာအိပ္ေတာ့ "

" ေဖ့ ဘူးပု "

" မီးမီးမအိပ္ရင္ daddyနဲ႔ ေဖေဖအိပ္ေတာ့မယ္။ မီးမီးက တစ္ေယာက္တည္းပဲ ကစားေနေတာ့ "

" အင့္အင့္ ဒီဒီအိပ္ "

သူ႔daddyနဲ႔ကိုင္ေျပာတာနဲ႔ ယေယာ္ငယ္ငယ္တစ္ေယာက္ စြယ္ေသာ္လင္းထိုင္ေနေသာ ဖ်ာဘက္သို႔ ေလးဘက္ကုန္းထၿပီးသည္ႏွင့္ ဟိုယိုင္သည္ယိုင္ျပဳလ်က္ ေလွ်ာက္လာေလသည္။ ဖ်ားထက္ ၌သမီးျဖစ္သူကို Hello Kitty အ႐ုပ္ေခါင္းအုံးေလးျဖင့္ အိပ္ေစလိုက္သည္။ ေသာ္လင္းမွာမူ လူႀကီးလက္ေမာင္းေလးထက္၌ အိပ္လိုက္သည္။

ဖ်ားေလးထက္၌သားဖသုံးေယာက္ တစ္ေရးတ ေမာ အိပ္စက္ေနၾကေပသည္။ အနည္းငယ္လွမ္းေသာ စမ္းေခ်ာင္းငယ္ကိုျဖတ္၍ တိုက္ခက္လာေသာ ေလေအးတို႔ေၾကာင့္ စြယ္ေသာ္လင္းႏွင့္ ယေသာ္ငယ္ငယ္တို႔အလ်င္အျမန္ပင္ အိပ္ေမာက်သြားေလေတာ့၏။

ေဒါင္းမာန္မွာ ေန႔ခင္းဘက္ အိပ္က်င့္မရွိေသာ္ လည္း လက္ေမာင္းအား ေခါင္းအုံးလ်က္အိပ္ ေပ်ာ္ေနေသာ ကေလးငယ္အိပ္ေပ်ာ္သြားသည့္အထိေစာင့္ၿပီးခါမွသာ လက္ေမာင္းအစားေခါင္း အုံးေပ်ာ့ေပ်ာ့တစ္ခုကို အစားထိုးအုံးေပးလိုက္သည္။ အိပ္ေပ်ာ္ေနေသာ သမီးေလးယေသာ္ငယ္ငယ္မွာ ပါးစပ္ပိစိေလး ဟလ်က္။ ကေလးငယ္မွာလည္း ထိုနည္းတူပင္။

သမီးျဖစ္သူသည္ ေမြးရာပါမ်က္ဝန္းျပာျပာ (မဲနယ္ေျပ)ႏွင့္ ေမြးဖြားလာျခင္းပင္။ မိဘႏွစ္ဦးလုံးႏွင့္မတူေသာ မ်က္ဝန္းဝိုင္းႀကီးႀကီးမ်ားႏွင့္ အျပာေရာင္မ်က္ဆံတို႔ကို လွပစြာ ပိုင္ဆိုင္ထား ၏။ မ်က္ဆံျပာေလးတို႔ကို ပိုင္ဆိုင္ထားေသာ္ လည္း ဆံပင္အေရာင္မွာမူ အနက္ေရာင္ပင္။

ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနၾကေသာ သားအဖႏွစ္ေယာက္ကို ေဒါင္းမာန္တစိမ့္စိမ့္ၾကည့္ေနမိသည္။ ကေလးငယ္၏မ်က္လုံးတို႔သည္ ေသးေသးဝိုင္းဝိုင္းေလး ျဖစ္၏။ သမီးျဖစ္သူ၏မ်က္လုံးက်ယ္တို႔ထက္ ကေလးငယ္၏ေသးေသးဝိုင္းဝိုင္းကို ေဒါင္းမာန္ ပိုႏွစ္သက္ျမတ္ႏိုးသည္။

" အိပ္ေနတာေလးက ခ်စ္ဖို႔ေကာင္းလိုက္တာကြာ "

အေျပာႏွင့္ထပ္တူ အိပ္ေမာက်ေနေသာ ကေလးငယ္၏မ်က္ဝန္းေပၚသို႔ အသာနမ္းရႈိက္လိုက္သည္။

" ကိုယ့္ကေလးေလး ​႐ႊတ္ ႐ႊတ္ "

ပါးအိအိေလးထက္သို႔ အခါခါနမ္းမိျပန္သည္။ ေဘး၌အိပ္ေနေသာ သမီးျဖစ္သူဘက္ကို ၾကည့္လိုက္ၿပီး ကေလးငယ္ႏႈတ္ခမ္းေလးအား ထပ္နမ္းလိုက္သည္။

" ခ်စ္လိုက္တာကြာ "

အိပ္ေပ်ာ္ေနသူကိုထိုင္ၾကည္လ်က္ ေဒါင္းမာန္မွာ အသည္းတယားယားျဖစ္ေနရသည္။ ကေလးတစ္ေယာက္ရၿပီးေသာ္လည္း ေဒါင္းမာန္မွာ သူ႔ကေလးငယ္အား ခ်စ္မဝႏိုင္ေသး။

ေႏြ၊ မိုး၊ ေဆာင္းအလီလီေျပာင္းခဲ့ၿပီးေနာက္

" daddy "

အဝတ္လဲခန္းတံခါးဝမွ ေခါင္းေလးဝင္ၿပီး ေခၚလာသည္။

" ဘာေျပာမလို႔လဲ။ လာေလ "

" daddyကို ေဖေဖစိတ္ဆိုးေနတာလား "

အဝတ္လဲေနခ်ိန္ အနားသို႔ေလွ်ာက္လာၿပီး အနီးရွိအဝတ္ဗီ႐ိုတစ္ခုေဘးလာရပ္၍ ၾကည့္ေနေလလ်က္ အေမးစကားဆိုလာသူမွာ ယေသာ္ငယ္ငယ္။

" သမီးေဖေဖက ညဘက္ေရခဲမုန္႔ေတာင္းစားတာမေကြၽးလို႔ စိတ္ေကာက္သြားတာ "

" ေဖေဖက ေရခဲမုန္႔အရမ္းႀကိဳက္တယ္။ ယယကိုေတာင္ သိပ္မေကြၽးခ်င္ဘူး "

ေရခဲမုန္႔အႀကိဳက္ခ်င္းတူေသာ သားအဖႏွစ္ေယာက္။ သမီးငယ္သည္ ကေလးျဖစ္၍ တားရလြယ္ေသာ္လည္း ေဒါင္းမာန္၏မူပိုင္ကေလးငယ္ကိုမူ မတားႏိုင္ခဲ့။ ယခုမူ သမီးငယ္က သူ႔မစားခဲ့ရေၾကာင္းတို႔ကို ဖြင့္ဟေျပာလာေလ၏။

" daddy ယယကိုလည္း ကုမၸဏီေခၚသြားေနာ္။ ေဖေဖကdaddyကို စိတ္ဆိုးတိုင္း ယယအပိုင္ ေရခဲေခ်ာင္းေတြကိုလည္း ယူယူစားတယ္။ ျပန္ေတာင္းလည္း ေအာ္တယ္။ ယယကိုပါ ေခၚသြားေနာ္ daddy "

၄ ႏွစ္ေက်ာ္ေက်ာ္ ကေလးအေျပာကို ေဒါင္းမာန္ၿပဳံးလ်က္ နားေထာင္ေပးေနသည္။ ထိုလူသားေလးႏွစ္ေယာက္ေၾကာင့္ ေဒါင္းမာန္မွာျပသာနာတို႔ကို ကူရွင္းေပးခဲ့ရသည္မွာလည္း အခ်ိန္ျပည့္ပင္။

၄ ႏွစ္ကေလးထက္ ၃၁ ႏွစ္အ႐ြယ္ရွိကေလးႀကီးမွာပို၍ ထိန္းရခက္သည္။ ကေလးငယ္မွာ အ သက္ႀကီးေလ ပိုခ်စ္ဖို႔ ေကာင္းလာေလေပ။ ပိုလွ၊ ပိုေခ်ာ၍ ပိုခ်စ္စရာေကာင္းလာေသာ ေဒါင္းမ်ိဳးႏြယ္ေလးကို ေဒါင္းမာန္စိတ္မခ်ႏိုင္လည္း ျဖစ္ရသည္။ ေယာက္်ားငယ္ငယ္ရထားသူျဖစ္၍ အ ျပင္သို႔ ထြက္ခ်ိန္တိုင္းလည္း သဝန္တိုရသည္မွာ အခါခါမကေတာ့။

" daddy ! ယယကို ေခၚသြားပါေနာ္ "

အက်ႌခါးအနားစကိုဆြဲလ်က္ ထပ္ေျပာလာေသာသမီးကို အသာေကာက္ခ်ီလိုက္ၿပီး မနက္စာစားရန္ႏွင့္ စိတ္ေကာက္ေနေသာ ေယာက္်ားေသးေသးေလးအား ေခ်ာ့ရန္အတြက္ အခန္းျပင္ထြက္ခဲ့လိုက္သည္။

Continuar a ler

Também vai Gostar

1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
4.7K 304 48
~မေတ္တာတွေဟာမခြုံခင်ကတည်းက လုံနေခဲ့ပြီးသား...~ 23.2.2023
36.3K 1.9K 25
ငါတို႔ကဘာမွ မဆိုင္ဘူးေနာ္ မင္းကငါ့ စိတ္အာသာေျဖဖို႔ကလြဲရင္ဘာမွ အသုံးမဝင္တဲ့ အမွိုက္ေကာင္ ငါတို့ကဘာမှ မဆိုင်ဘူးနော် မင်းကငါ့ စိတ်အာသာဖြေဖို့ကလွဲရင်ဘာမ...
1.2M 89.7K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.