ရင်ခွင်ရိုင်း {Complete}
By wookiekyoe
408K 8.9K 121
Part 1 zawgi
Part 2 unicode
Part 2 zawgyi
Part 3 unicode
Part 3 zawgyi
part 4uni
part 4 zawgi
Part 5 unicode
part 5 zawgi
part 6 unicode
part 6 zawgi
part 7 unicode
part 7 zawgi
part 8 unicode
part 8 zawgi
part 9 unicode
part 9 zawgi
part 10 unicode
part 10 zawgi
part 11 unicode
part 11 zawgi
part 12 uincode
part 12 zawgi
part 13 unicode
part 13 zawgi
part 14 unicode
part 14 zawgi
part 15 unicode
part 15 zawgi
part 16 unicode
part 16 zawgi
part 17 unicode
part 17 zawgi
part 18 unicode
part 18 zawgi
Part 1 unicode
56.9K 776 10
By wookiekyoe
💘.ရင်ခွင်ရိုင်း... ၁
၁...
အချိန်ကားညပင်အတော်နက်လှပြီ..
လမ်းပေါ်မှာပြိုင်ကားအနက်တစ်စီးတစ်ရိပ်ရိပ်ပြေးနေသည်။
နောက်ကမာခ်တူးတစ်စီးကလည်းထပ်ချပ်မကွာ..
ပြိုင်ကားပေါ်မှာလူသုံးယောက်ပါသည်။
လွတ်လပ်ခြင်း၊မျိုးကို၊ကျော်ခေါင်..
"ခြင်း နောက်မှာဟိုကောင်တွေလိုက်လာတယ်..''
"ဘာ..''
ခြင်းကားဘက်မှန်ကနေနောက်ကိုရှိုးလိုက်တော့..အဟုတ်ပဲ။
ကစားဝိုင်းကရန်ကြွေးကိုကစားဝိုင်းမှာမရှင်းဘဲ..တောက်)))
သူတို့ကဖြင့်ပြီးလို့အိမ်ပြန်လာတာ..
ဒီနေ့အချီကြီးနိုင်လာသည်၊ဒါကိုဟိုကောင်တွေမကျေနပ်တာနေမယ်..
ကားနောက်ခန်းမှာခပ်ရှောရှောမှီပြီးသက်
တောင့်သက်သာလိုက်ပါလာတဲ့လွတ်လပ်ခြင်း
ကခေါင်းကြီးရှေ့တိုးလာကာ...
"ဖယ်စမ်း.. ''
ကျော်ခေါင်ကိုကျော်ခွလာပြီးကားမောင်းသူ
နေရာကိုရောက်လာသည်။
Speedကိုအမြင့်ဆုံးတင်ပြီး လမ်းကြောင်းပြောင်းကာမြို့ပြင်ကိုခေါ်ထုတ်သွားသည်။
ကားပေါ်ကနှစ်ကောင် ခြင်း ဘာလုပ်တော့
မလဲကြိုသိနေသဖြင့် သူတို့ကိုယ်မှာခါးပတ်
တွေအသည်းအသန်ပတ်နေသည်။
ခြင်းက ဒါကိုစောင်းကြည့်ပြီးမဲ့ပြုံးပြုံးသည်။
"မင်းလည်းပတ်ထား..''
"မလိုပါဘူး..''
ကားကိုကိုယ်တိုင်မောင်းလာတာ၁၃နှစ်လောက်ကတည်းက... ကားနဲ့များသေရမယ်လို့..
လွတ်လပ်ခြင်းရဲ့ရာဇဝင်ရိုင်းသွားမယ်။
ခြင်းကလက်မခံလည်းမျိုးကိုကလှမ်းပြီးအတင်းယူပတ်ပေးသည်။
ကျစ်..
" ရတယ်ဆိုနေမှကွာ..."
မြို့ပြင်ဘက်ရောက်လို့ကားလည်းအင်မတန်
ရှင်းနေပြီဆိုတော့.. ခြင်းအကြည့်တွေကဘက်
မှန်ကိုပဲရောက်နေတာကြောင့်ဟိုနှစ်ကောင်
ဘုရားစာရွတ်နေသည်။
မူးနေတာတွေဘယ်ရောက်သွားမှန်းမသိ..
ဘုရား...ဘုရား....!
အထက်အောက်ဘေးဘီရှိသမျှနတ်မင်းကယ်တော်
မူပါ။
ပြိုင်ကားကတဖြည်းဖြည်းအရှိန်လျှော့ချလိုက်တာ
ကြောင့်နောက်ကကားသိသိသာသာကပ်လာသည်
ရပ်ပဲရပ်တော့မလိုလိုနဲ့..ရုတ်တရက်စက်ဝိုင်းပုံ
လှည့်ပြီးဂငယ်ကွေ့ကာခေါင်းချင်းတည်ဝင်တိုက်
ပြစ်လိုက်သည်။
ဒုန်း.....
နောက်ကမာခ်တူးရှောင်ရင်းအရှိန်မထိန်းနိုင်ဘဲ
လမ်းဘေးကကန်စွန်းခင်းထဲသို့ထိုးကြသွားတော့
သည်၊၊
ဒါကိုကြည့်ပြီးမှခြင်းဆိုသူကမဲ့ပြုံးတစ်ချက်ပြုံးလိုက်
ရင်း...
"လွှတ်လပ်ခြင်းတဲ့တစ်ခြင်းထဲရှိတယ်..."
ပြီးနောက်ကားပြန်ကွေ့ပြီးအိမ်ပြန်လမ်းကိုဦး
တည်မောင်းနှင်လာခဲ့သည်။
ဟိုကားပေါ်ကသတ္တဝါတွေ သေတာရှင်တာ
သူစိတ်မဝင်စားတော့ပါ။
ဒူ...ဒူ...ဒူ..
ကားနောက်ခန်းမှာလျောကျကျန်ခဲ့တဲ့ဖုန်းကနေခေါ်သံအဆက်မပြတ်ထွက်ပေါ်လာသည်။
"ခြင်း မင်းဖုန်း..''
ကျော်ခေါင်ကလှမ်းယူပြီး..ပေးတာကို..
"ဘယ်သူလဲ..''
"Danger.. တဲ့ဘယ်သူလဲဟ..''
"ငါ့မားသားပဲ ချလိုက်တော့..''
သူ့အမေကိုဒိန်းဂျားတဲ့..ဒီကောင်ကတော့...
ွလွတ်လပ်ခြင်းရဲ့မွေးသမိခင်ဖြစ်သူဒေါ်သက်လျာ.. တစ်ရေးနိုးလာလို့သားအခန်းထဲတတ်ကြည့်သည်။ အခုထိလည်းပြန်မရောက်သေးပါလား..
ညဖြင့်၂နာရီကျော်ပြီ.. ဒီကလေးနဲ့တော့..
ဖုန်းခေါ်ကြည့်တော့လည်းတမင်မကိုင်တာ
ဖြစ်သည်။
ဟူး.. ဖုန်းကိုဘေးချကာ
သူမသားကိုထိုင်စောင့်ရင်းအတိတ်ကို
ဗီဒီယိုအနှေးပြကွက်ပြသလိုပြန်လည်မြင်ယောင်
လာပါသည်။
သက်လျာကဆေးကျောင်းသူ.. နယ်ကနေ
ရန်ကုန်မှာဆေးကျောင်းလာတတ်ရင်းအင်
ဂျင်နီယာလေးတစ်ယောက်နဲ့ချစ်ကြိုက်ခဲ့
သည်။ ကိုမောင်.. ကိုမောင်ကရိုးသားပြီး
အကျင့်စရိုက်ကလည်းနှူးညံ့သိမ်မွေ့တာမို့
သူမအတွက်ဘဝလက်တွဲဖော်တစ်ယောက်
အဖြစ်ရွေးချယ်ခဲ့သည်။
နောက်မှသိလိုက်ရတာကိုမောင့် အသိုင်းအဝိုင်းကသူမထင်သလိုမဟုတ်ပဲ အင်မတန်
ချမ်းသာပြီးဆွေကြီးမျိုးကြီး..
သူမကိုလည်းဆရာဝန်ဆိုတဲ့ဘွဲ့လေးတစ်ခုကို
ထောက်ပြီးလက်ခံခဲ့သည်။
လက်ထပ်ပြီးသူမကကလေးမွေးဖို့ခဲယဉ်းတာ
ကြောင့် ကိုမောင်က ကလေးကိုလက်လျော့ခဲ့
ပေမယ့် သူ့အမေဒေါ်အမတမှ...
"အမလေး မျိုးဆက်ပျက်ပါပြီဆိုပြီး.. ရင်ဘတ်
စည်တီးကာငိုလေသည်။
သက်လျာလည်းမနေသာတော့ပဲခက်ခက်ခဲခဲ
ကိုယ်ဝန်ဆောင်ပြီးသားဖြစ်သူကိုအသက်
လုပြီးမွေးခဲ့ရပါသည်။
ကလေးမွေးပြီးတစ်လပင်မပြည့်သေးပါ...
အိမ်ကိုဒေါအမတရောက်လာပြီး...
"ညည်းတို့နှစ်ယောက်လုံးအလုပ်များတော့
ငါ့မြေးကိုဘယ်သူဂရုစိုက်မှာလဲ မြေးကိုငါခေါ်
သွားမယ်..
ညည်းတို့တွေ့ချင်လာကြည့်ပေါ့အေ.. ''
ဟုဆိုကာအတင်းအကြပ်ခေါ်သွားခဲ့သည်။
သူမမှာတော့မျက်ရည်လည်ရွဲနဲ့ ဒီလိုလုပ်မယ်
မှန်းကြိုသိခဲ့ရင်လေ...
ပထမတော့ တစ်ပတ်တစ်ခါသားကိုအိမ်ခေါ်
ရသေးသည်။ နောက်တော့တစ်လမှတစ်ကြိမ်
လောက်.. နောက်ပိုင်းတော့ လုံးဝအိမ်ကိုမ
ထည့်ပေးတော့ပါ..
"ကလေးကဟိုနေဒီနေနဲ့ ဒုက္ခများသတဲ့..''
သူမစကားနားမထောင်တဲ့သားထက်..မြေးကို
ပဲပုံအောကာချစ်ပြစ်လိုက်ခြင်းဖြစ်သည်။
လွတ်လပ်ခြင်းဟု..သူ့အဖွားပဲအမည်မှဲ့ခဲ့တာ..
ငယ်ငယ်ကတည်းကအစွမ်းကုန်အလိုလိုက်
ထားခဲ့သည်။ ငါ့မြေးဘဝမှာသူလိုချင်တာကို
တောင်းတနေရတာမျိုးမရှိစေရဘူး..တဲ့.
ခြင်း..လက်ညိုးညွန်ရာအကုန်ရစေရမည်..
ခြင်းများငိုရင် တစ်အိမ်လုံးမိုးကြိုးပစ်ပြီမှတ်..
ဤကဲ့သို့ ဖွားအေကအလိုလိုက်ထားသဖြင့်
ခြင်းကလည်းအစွမ်းကုန်ဆိုးသည်။
ငယ်ငယ်ကတည်းကရန်ဖြစ်တတ်သည်။သူ
များကိုအနိုင်ကျင့်တတ်သည်။ထစ်ခနဲရှိလက်
ပါသည်။
သူ့ဖွားအေကလည်း..သူ့မြေးကသူများကိုရိုက်
ခဲ့ရင်..
"ငါ့မြေးကယောက်ျားပီသတာ..မြေးဘာမှစိတ်
မပူနဲ့ ဖွားလိုက်ရှင်းမယ်..''ဟုမြှောက်ပေးသည်။👍
သူ့ထက်အတန်းကြီးလူကောင်ကြီးတာတွေနဲ့
တိုးပြီးသူခံလာရရင်ဖြင့်..ဒေါ်အမတတို့က
ထမိန်မပြီးကျောင်းကိုပြေးမှာ..
" ငါ့မြေးကို ဒီလိုလုပ်လို့ရမလားဟေ့..." ဆိုပြီး။
ခြင်း ဒီနေ့လိုဆိုးသွမ်းနေတာသူ့ဖွားအေကြောင့်
သူ့ဘွားအေကတရားခံအစစ်ပင်...
အသက်ကဖြင့်အစိတ်လောက်ရှိသေးတယ်..
ကလပ်တတ်တယ်ဖဲရိုက်တယ်လောင်းကစား
လုပ်တယ်..ဒါပဲလားမေးတော့ဒီလောက်ပဲမဟုတ်.. ဆော်ကလည်းပွေလိုက်ရှုပ်လိုက်တာမှ.. ရည်စားကိုတစ်ပြိုင်နက်ထဲသုံးလေးယောက်ထားသည်။
တစ်ခါတစ်ခါမရှင်းမရှင်းတွေငြိလာရင်ခြင်း
အိမ်တွင်းအောင်းနေတတ်သည်..အဲ့တာ
လည်းတစ်ပတ်လောက်ပါပဲ..ပြီးရင်တော့
ထုံးစံအတိုင်း..
ကိုယ့်သားမို့လို့ကိုယ်မပြောချင်ပေမယ့်
တစ်ဦးတည်းသောသားမို့လို့ပါပဲနှစ်ယောက်
လောက်သာရှိရင်ကမ္ဘာမီးလောင်မယ့်သားမျိုး..
ဝူး..ကျွီ..
သူမတွေးနေတုန်းမှာခြံထဲကားဝင်လာသံ
ကြားရသည်။ ဟိုသတ္တဝါလေးပြန်ရောက်ပြီ
ပေါ့..
ခြင်းကားပေါ်ကဆင်းပြီး မျိုးကိုဆီကားသော့
လှမ်းပစ်လိုက်သည်။
"ဒီကားမြေဖို့လိုက်တော့..''
ပြောပြီးနောက်လှည့်မကြည့်အိမ်ထဲတန်းဝင်
သွားပါသည်။
"ဒါဘယ်အချိန်ရှိပြီလဲ ခြင်း..''
ဟ..အိမ်ထဲရောက်ရောက်ခြင်း မယ်တော်က
စီးဟောက်တာပဲ...
"ဘာလဲအိမ်ကနာရီတွေပျက်ကုန်လို့လား
မာမီကနာရီမေးဖို့ကျွန်တော့်ကိုထိုင်စောင့်
နေတာလား..''😏
"လွတ်လပ်ခြင်း... မင်းအခုချိန်မှဘယ်ကိုသဝေထိုးပြီးပြန်လာတာလဲမေးနေတာ..''
"ကျွန်တော့်ဘာသာဘယ်မှာပဲဘာလုပ်လုပ်
ဘယ်တုန်းက မာမီတို့ကိုလာငြိဖူးလ်ို့လဲ..
ကျွန်တော့်ပြသနာရှာရင်လည်းကိုယ့်ကိစ္စကိုယ်ရှင်းနိုင်တယ်..no problem.. ''
"အဲ့တာနဲ့ပဲမိဘကစိတ်မပူရတော့ဘူးလား..''
"မာမီကလား.. နေပါစေ..
ဒယ်ဒီရယ်မာ့မီ့တပည့်တွေရယ်..မာမီ့လူနာတွေအတွက်ပဲစိတ်ပူပါ..
လွတ်လပ်ခြင်းဆိုတဲ့ကောင်ကိုခေါင်းထဲကနေ
ထုတ်ထားလိုက် အိုကေ..👌''
"မင်း..မင်း..''
"ဝါး..ပင်ပန်းလာပြီအိပ်ချင်တယ်..''
သူမစကားဆုံးအောင်လည်းနားမထောင်
အိမ်ထဲမှာဖိနပ်ပင်မချွတ်အပေါ်ထပ်ကိုဒီအတိုင်းတတ်သွားလေသည်။
ထပ်ပြီးအပြစ်တင်ရရင်လည်း..သေသူယောက်က္ခမကိုပဲဖြစ်သည်။
သူ့မြေးကသူ့ကိုပိုတွယ်တာအောင်..သူ့ကိုပဲ
ပိုချစ်အောင်..နည်းအမျိုးမျိုးသုံးခဲ့တာလေ..
သားလေးအရမ်းနေမကောင်းဖြစ်လို့သတိလစ်တဲ့အချိန်..သူမကလည်းဆေးရုံမှာလူနာခွဲခန်းထဲ
ဝင်နေရတာမို့မအားလပ်ခဲ့ပါ။
သားလေးသတိရတာနဲ့..
"မင်းအမေကိုမမျှော်နဲ့မြေးရဲ့.. မင်းအမေကအဲ့
လိုမျိုး..အဖွားလောက်မင်းကိုဘယ်သူမှမချစ်
ဘူး..''
ကလေးငယ်ငယ်လေးရဲ့ခေါင်းထဲကိုအဲ့လိုအ
တွေးမျိုးရိုက်သွင်းခဲ့သည်။
အဲ့အချိန်မှစ.. သားကသူမအပေါ်အရမ်းစိမ်း
ကားသွားခဲ့သည်။ အိမ်အလည်ခေါ်ရင်တောင်မလိုက်ဖူးဟုအကြောက်အကန်ငြင်းသည်။
သူ့အဖွားဆုံးသွားတော့သူ့အသက်၁၈နှစ်ပဲ
ရှိသေးတာမို့..ဒီအိမ်ကိုအတင်းအကြပ်ခေါ်
လာခဲ့ပေမယ့်..မိဘကိုတစိမ်းဆန်စွာရိုသေလေးစားခြင်းလည်းမရှိ..
သူဆိုးလွန်းလို့အမွေဖြတ်မည်ဟုခြိမ်းခြောက်
ရင်တောင်..သူကထရီအုံးမည်။
လက်ရှိမှာသူကကိုယ်တွေလင်မယားထက်
ချမ်းသာသည်မဟုတ်လား..
သူ့အဖွားမဆုံးခင်က..
"ညည်းတို့ကပြည့်စုံနေတာပဲ..ငါမရှိတော့ရင်
ငါ့မြေးလေးပဲဒုက္ခရောက်မှာ..
ညည်းတို့ကိုအမွေပေးလိုက်ရင်ငါ့မြေးလေးက
ညည်းတို့ဆီ လက်ဖြန့်တောင်းရရင်ဘယ်
လောက်မျက်နှာငယ်မလဲ..
ငါ့မြေးကိုပဲအကုန်ပေးခဲ့မယ်.. ငါပိုင်တာ
အကုန်ငါ့မြေးပဲပိုင်တယ်..''
ဟုဆိုကာသူ့ဆီအမွေကုန်လွှဲသွားခဲ့သည်။
အခု..ကိုယ်ကဆုံးမရင်တောင်သူ့ပိုက်ဆံသူ
သုံးတာဘာဖြစ်လဲဆိုတာမျိုး..
သူ့အဖွားထားခဲ့တဲ့နန်းတော်လိုအိမ်ကြီးက
လည်းရှိနေတာကြောင့်..အချိန်မရွေးပြန်ပြေး
မယ်ဆိုတာမျိုး..ဟူး
ဒေါ်အမတရဲ့အစွန်းရောက်တဲ့အတ္တမီးတွေက
အခုထိလည်းသားဘဝမှာလောင်မြိုက်နေတုန်းပါလား...
ဘာပဲဖြစ်ဖြစ်အိမ်တော့ပြန်ရောက်လာပြီမို့
ဒီနေ့အတွက်တော့စိတ်အေးရပြီပေါ့..
သူမ အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။
"သက်..ဘာဖြစ်ပြန်ပြီလဲ မျက်နှာလဲမကောင်း
ပါလား..''
ကိုမောင်ကနိုးလာပြီးထမေးသည်။
"ကျွန်မတို့သားအတွက်ရင်လေးလို့ပါ..''
"မင်းသားအကြောင်းလည်းသိရဲ့သားနဲ့ကွာ..''
ဖခင်ဖြစ်သူကလည်းမချိတင်ကဲလေသံကြီးနဲ့
..သူလည်းမပူပန်ပဲနေပါ့မလား..
Lllllllllllllllllllllllll
ခြင်း.. အခန်းထဲရောက်တာနဲ့ကိုယ်ပေါ်ကအ
ဝတ်တွေအကုန်ချွတ်ပြီးကြမ်းပေါ်ဟိုပြစ်ဒီပြစ်..
မနက်ကြရင်တစ်ယောက်ယောက်လာသိမ်း
မှာပေါ့.. လူကတော့ရေပန်းအောက်ထဲဝင်နေ
လိုက်သည်။
မှန်မှာကပ်နေတဲ့ရေမှုန်ရေမွှားတွေကိုလက်နဲ့
သပ်ပြီးသူ့ကိုယ်သူမှန်ထဲပြန်ကြည့်နေသည်။
အတိတ်ကလွတ်လပ်ခြင်းဆိုတဲ့ကလေးလေး
ကိုပြန်ကြည့်တာဆိုပိုမှန်မည်..
နေမကောင်းဖြစ်တဲ့အခါ..
"မြေးလေး..မင်းအမေကမအားလို့ဖွားနဲ့နေ
နော်..''
ကျောင်းသွားရင်သူများတွေရဲ့အမေတွေက
လိုက်ပို့ကြပေမယ့်..သူ့မှာတော့အဖွားပဲ..
"ဖွားရှိတာပဲမြေးရယ်..သူတို့မလိုပါဘူး..''
သူ့မွေးနေ့မှာတောင်ကိတ်မုန့်ကြီးရှေ့ချပြီး
ထိုင်စောင့်နေခဲ့ပေမယ့်..
"မြေးလေး..မင်းမိဘတွေကခရီးလွန်နေလို့
မလာနိုင်တော့ဘူး..
မြေးကြိုက်တဲ့လက်ဆောင်ပြောနော်ဖွားအား
လုံးဝယ်ပေးမယ်..''
သူ ကိတ်မုန့်ကိုသွန်မှောက်ပြစ်..ရှိရှိသမျှကို
ဖျက်ဆီးပြစ်ပေမယ့်..သူ့အဖွားကပြုံးပြုံးကြီး
ပဲကြည့်နေတတ်တာ..
သူမွေးနေ့ကိုမုန်းသည်။ မွေးနေ့ပွဲဆိုတဲ့နေရာ
မျိုးကိုဘယ်တော့မှမသွား..
သူ့အဖွားဆုံးလို့ မတတ်သာလို့ဒီအိမ်ရောက်
လာပြန်တော့လည်း..
သူ့အမေကလာသမျှဧည့်သည်ကို
"သားကလူဆိုးလေး.သားကဆိုးတယ်''
ဆိုတာတစ်မျိုး..
သူ့အဖွားဆိုသူ့ကိုဆိုးတယ်လို့တစ်ခါမှမပြောဘူး..
ဟုတ်ပါတယ်..သူ့ခေါင်းထဲအသေအချာသ်ိ
တာက..သူ့အဖွားလို..သူ့အဖွားလောက်..သူ့ကို..ဘယ်သူမှ. .. မ ချစ် ဘူး...
=======================
🏥
"ဘ ...ဘ သက်သာရဲ့လားဟင်..''
"အင်း ဘ သက်သာပါတယ်သမီးရယ်..
ဘအတွက်စိတ်မပူပါနဲ့..''
ဖြူဖွေးနေတဲ့ဆေးရုံခန်းထဲကလူနာကုတင်ပေါ်မှာလှဲနေတဲ့ ဘ..ကိုသူမစိတ်မပူပဲနေနိုင်
ပါ့မလား.. ဘ ကသူမရှေ့မှာအမြဲကျန်းမာခဲ့
တာပဲ..
ဘ မှာသွေးတိုးရှိပေမယ့်အခုလိုဆေးရုံရောက်တဲ့အထိတော့တစ်ခါမှမဖြစ်ခဲ့ဘူးပါ
...
ဒါကလည်း ဘ အတွက်အစားအသောက်ကအစ အစစအရာရာသူမကလိုက်ဂရုစိုက်
ပေးခြင်းကြောင့်ဖြစ်သည်။
"ဒါကြောင့် ပျိုပြောတာပေါ့
အလုပ်ကိုအလွန်အကျွံမလုပ်ပါနဲ့ဆို
အခုလိုဆေးရုံရောက်တာတန်သလား..''
"ငါ့ကိုညည်းလေးအဲ့လိုပွစိပွစိမပြောရင်ပို
သက်သာမှာ..''
"ဘ နော်..''
ဘဆိုတာပျ်ို့ရဲ့ဘကြီးအရင်းပင်ဖြစ်သည်။
အုပ်ထိန်းသူဆိုရင်လည်းမမှားဘူးပေါ့..
ပျိုကမိဘတွေကိုတောင်မြင်ဘူးတာမဟုတ်ဘူးလေ
ပျို့ရဲ့မိဘတွေကပျိုအခါလည်အရွယ်လေးမှာ
ပင်အက်စီးဒင့်နဲ့နှစ်ယောက်စလုံးဆုံးပါးသွား
ခဲ့သည်။
ဘက ပျို့မေမေရဲ့အကိုကြီးဖြစ်သည်။
ပျို..ဒန်းပုခက်လေးထဲမှာပဲရှိနေသေးတဲ့ပျိုကို..
"မောင်.. ဒီကလေးကမောင့်တူမလေးမှန်းစိမ့်
သိပါတယ်..ဒါပေမယ့်ကလေးတစ်ယောက်
ကိုပြုစုစောင့်ရှောက်ဖို့ကမောင်ထင်သလို
မလွယ်ဘူး..
ဟိုဘက်ကအဖိုးအဖွားတွေဆီပဲပေးလိုက်ပါ
လား..သူတို့လည်းသွေးသားအရင်းပဲ..''
"ဘာပြောတယ် စိမ့်''
သူ့မှာတော့ညီမဆုံးလို့စိတ်မကောင်းကြီးဖြစ်
ကာ..ညီမရဲ့ကိုယ်ပွားလေးကိုမရမကပြန်လု
ထားရတာကို..
"မောင်နားခါးချင်လည်းခါးမယ်.. ဒါပေမယ့်
စိမ့်ပြောတာအမှန်ပဲ.. နောက်စိမ့်တို့လက်ထပ်
ပြီးကလေးရလာရင်..စိမ့်ကတော့ကိုယ့်သား
သမီးကိုယ်ပိုချစ်မိမှာပဲ..
အဲ့ကြရင်ပတ်ဝန်းကျင်ကမမျှတဘူးဆိုတာ
တွေဖြစ်လာမယ်..အခုရှုပ်မှနောင်ရှင်းပဲမောင်..ဒီကလေးကိုဟိုဘက်ကိုသာပေးလိုက်..
နောက်မှမောင်ထောက့်ပံ့ချင်လည်းရတာပဲ..''
"တော်တော့စိမ့်..မင်းတော်တော်အတ္တကြီးပါ
လား.. ''
"မောင် ထင်ချင်သလိုထင်..စိမ့်ကကိုယ်မလုပ်
နိုင်တာကိုမလုပ်ဘူး.. ဒီကလေးအမေမလုပ်
နိုင်ဘူး..''
"အေး.. ဒါဆိုငါနဲ့မင်းဆက်ပြောစရာအကြောင်းမရှိတော့ဘူး..''
"ဘာပြောလိုက်တယ်မောင်..မောင်ကဒီကလေးအတွက်နဲ့ စိမ့်ကိုစွန့်လွတ်မယ်လို့ပြောနေတာလား..''
"ငါ့တူမနဲ့မင်းကဘက်ပြိုင်ရွေးစရာကိုမလိုတာ..''
"ဪ နားလည်လိုက်ပါပြီ... ကျွန်မနားလည်
သွားပါပြီ..''
မျက်နှာကိုလက်ဝါးနဲ့အုပ်ကာအိမ်ပေါ်ကပြေး
ဆင်းသွားတဲ့စိမ့်..
မချစ်ခဲ့ဘူးလို့..မဆိုလိုပါ..
သွားတော့နော်..သွားတော့နော်စိမ့်..
အူဝဲ...အူဝဲ...
ပုခက်ထဲကငိုနေတဲ့ကလေးကိုညိုလွင်ကောက်ချီလိုက်သည်။
"တိတ် တိတ် သမီးလေးတိတ်..''
ညီမလေးနဲ့တူပါသောသမီးလေးကိုကြည့်ရင်း
သူ့ဆုံးဖြတ်ချက်ကမှန်ကန်ကြောင်းသေချာ
ခဲ့သည်။
အမေကဝမ်းနဲ့လွယ်တယ်..အဖေကခေါင်းနဲ့
လွယ်တယ်ဆိုရင်သူကတော့ရင်နဲ့လွယ်ပြီး
သမီးလေးတစ်ဘဝလုံးပြုစုပျိုးထောင်ပေးခဲ့
သည်။
ကညှာပျို..
ညိုလွင့်ရဲ့သမီးလေး ကညှာပျို..
သူပေးဆပ်ခဲ့တာနဲ့တန်အောင်တကယ်လိမ်
လိမ်မာမာ..ကောင်းမွန်စွာကြီးပြင်းလာခဲ့တာ
မို့..ကျေးဇူးတင်၍မဆုံးတော့..
သူ့ကို..အဘလည်းမဟုတ်ဘူး..ဘတဲ့
တစ်လုံးထဲခေါ်သည်။
သူ့လိုယောက်ျားအရင့်အမာကြီးကပြုစုပျိုး
ထောင်ခဲ့လို့..ခေတ်ကာလသမီးပျိုတွေလို
ဟော့ဟော့ဒိုင်းဒိုင်းလားလို့မထင်နဲ့...
အင်မတန်မှသိမ့်မွေ့နူးညံ့ပြီးမိန်းကလေးဆန်
စွာ..ကျက်သရေရှိရှိကြီးပြင်းလာတာမို့..
ညိုလွင့်သမီးကွလို့ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်။
ကြည့်အခုလည်းသူဆေးရုံရောက်လို့ကလေး
မပူပန်နေရပြီ..
တကယ်တော့သူ့မှာကသွေးတိုးအပြင်၊နှလုံး
ရောဂါလည်းရှိတယ်..ဒါတွေကိုကလေးမမသိ
အောင်ဖုံးကွယ်ထားတာ..
အခုလည်းသူ့တပည့်ကျော်ကတာဝန်ခံဆရာ
ဝန်ကို အကျိုးအကြောင်းပြောပြကာ..သူ့ရော
ဂါအမှန်ပျိုမသိအောင်ဖုံးထားပြန်သည်။
"ဘ အခုချက်ချင်းဆင်းဖို့တော့မကြိုးစားနဲ့နော်၊ပျို စိတ်ချရအောင်တစ်ရက်နှစ်ရက်လောက်ဆေးရုံမှာနေပါအုံး...''
"ဦးသော် အခုလောလောဆယ်ဘကိုလုပ်ငန်း
အကြောင်းတွေလည်းဘာမှမပြောပါနဲ့အုံး..
ဘ အနားယူပါစေ...''
"ဟ ပျို ညည်းကတော့ငါ့ကိုလုံးဝလူမမာကြီး
လိုလုပ်နေပြန်ပါလား..''
"ဘ ကလူမမာပဲလေ..''
......................................................
"ခြင်း...''
Bakery shopထဲမှာထိုင်နေတာ.. ခြင်းနဲ့အကြင်နာနှစ်ယောက်ထဲသာ..
အကြင်နာသူ့ကိုစကားပြောမလို့တပြင်ပြင်လုပ်နေတာကိုအဲ့စီးကရက်ကသောက်လို့မပြီး
နိုင်..
စီးကရက်ကိုတနေ့ဘယ်လိုနှုန်းနဲ့သောက်လဲမ
သိဘူး.. ခြင်းလက်ကြားမှာစီးကရက်ပျက်တဲ့
အချိန်သိပ်မရှိ..
အကြင်နာ..မစောင့်နိုင်တော့လို့သူ့ကိုခေါ်လိုက်တော့.
ဘာလဲပြောလေဆိုတဲ့အထာနဲ့မေးဆတ်ပြ
သည်။
"မယ်ရီနဲ့နင် ဘယ်လောက်ထိသွားဖို့စဉ်းစား
နေတာလဲ..''
"ငါလုပ်ချင်တာဆိုလုပ်ပြစ်လိုက်တယ်..ကြို
တင်ပြီးအကွက်ချတာတွေစဉ်းစားတာတွေ
မရှိဘူး..''
"ငါသိပါတယ်.. အခုငါပြောချင်တာက
နင်သူကြမှဒီလောက်အကြာကြီးတွဲနေတော့..''
"ဒါဆို နင့်ကြတော့ကော..''
အကြင်နာ မျက်ဝန်းလေးဖျက်ခနဲသူ့ဆီရွှေ့လာသည်။တစ်စုံတစ်ခုကိုပြောမလို့လုပ် ပြီးမှပြန်ပြီးခေါင်းငုံ့ကြသွားသည်။
ဟုတ်ပါတယ်အကြင်နာနဲ့သူကသမီးရည်းစား
တွေတော့ဖြစ်ခဲ့မှာပါ...ဒါပေမယ့်အခုထိဟုတ်
သလားမဟုတ်သလား..
သူအကြင်နာရှေ့မှာတင်နောက်တွဲတဲ့ရည်းစားပေါင်းက သူ့ခေါင်းကဆံပင်အရေအတွက်လောက်များမည်ထင်သည်။
ဒါလည်းအမှတ်မရှိ ဒီနေ့ထိသူနဲ့ ရည်းစားလိုလို..bffလိုလို ကိုယ့်ကိုယ်ကိုယ်ဘာမှန်းမသိ..
ခြင်းကတော့သိမှာပါ..အကြင်နာဆိုတဲ့မိန်းမကသူ့အတွက်ဘာကိုမဆိုဆိုတာ။
"မယ်ရီကဖျက်ရခက်တယ်..''
"ဒါကိုနင်သိရက်နဲ့..ရှေ့တိုးနေတာလား..
ငါကြားတာတော့..
...''
ဆက်မပြောဘဲ..ပြောသင့်မပြောသင့်စဉ်းစားနေသည်။
"ဟဘာလဲ.. ပြောချင်လည်းပြော မပြောချင်လည်းပြန်.. ငါဒီလိုလုပ်တာမကြိုက်မှန်းသိ
ရက်နဲ့.''
"ပြောမှာပါ.. သူတို့တစ်မျိုးလုံးကယောက်ကျားဖမ်းတတ်တယ်.. သူ့အဒေါ်တွေသူ့အမတွေအကုန်..အိမ်ထောင်သည်တွေဘာညာ
တွေဂရုစိုက်တာမဟုတ်ဘူး.. ချမ်းသာရင်တော့လာထားဘဲ.. နင့်လိုလူသာဆို..''
". နင်ဂျေနေတာလား.''
"ပြောပါ..နင့်စိတ်ကြိုက်..''
"ငါ့အတွက်မပူပါနဲ့.
နင့်ရှေ့ထိုင်နေတာဘယ်သူမို့လို့လဲ..''
"လည်လွန်းတဲ့ဘီး ဘာသင့်ဆိုလားနော်ခြင်း''
"ဖွီး..နင်ညစ်ပတ်တယ်..''
"ငါဘာမှလည်းမပြောရသေးဘူး..''
ခြင်းကရွံတတ်ပြီး အင်မတန်မှလည်းအသန့်
ကြိုက်သည်။ လူကသာ ဟင်း ဟင်း...
"မပြောနဲ့တော့.. လွတ်လပ်ခြင်းဆိုတဲ့ငါက
ကိုယ်လိုချင်တာပဲယူတယ်..ငါမလိုချင်တာ
လာပေးရင်လည်း..
အဲ့တာ..သူ့ငရဲသူဖန်တီးချင်လို့ပဲ..''
ဒါဆို မယ်ရီကိုသူမလိုချင်တာသေချာပါပြီ
တော်သေးတာပေါ့...အကြင်နာသက်ပြင်းဟင်းခနဲ
ချမိသည်။
....
လွတ်လပ်ခြင်း..
"ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့
အတိတ်နိမိတ်..''ဟုပြောတတ်သူ..
ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန်းတဲ့သူ့အသွင်အပြင်ကြောင့်နေရာ
တိုင်းမှာစန်းပွင့်သူ..
"ခြင်း..ငါ့ရဲ့ခြင်းလေး..''
သူကျောင်းတတ်တုန်းကဖြင့်ကောင်မလေး
တွေအသည်းအသန်..ရည်းစားများမှန်းသိ
ရက်နဲ့.. တစ်လတွဲရလည်းလူဖြစ်ရကျိုးနပ်
ပြီဆိုတဲ့ကလေးမတွေရှိသေး..သူတို့မိဘကြား
ရင်တော့ရင်ထုငိုမလားမသိ..
ဖေ့ဘုတ်ကိုသူကိုယ်တိုင်ကမသုံးပေမယ့်..
သူ့ပုံတွေကတော့ပုံမှန်ရောက်နေတဲ့..နာမည်ကြီးဖေ့ဘုတ်မင်းသား..
အနုပညာအလုပ်ကိုတော့လုံးဝဝါသနာမပါပါ.
လွတ်လပ်ခြင်းနဲ့တွဲမယ်ဆို စကားကြီးသုံး
ခွန်းကိုရှောင်ပါတဲ့...
⭐သူ့မွေးနေ့ကိုမမေးနဲ့.
⭐⭐မွေးနေ့ပါတီမဖိတ်နဲ့..
🌟🌟🌟နောက်ဆုံးတစ်ချက်ကတော့
ဘယ်တော့လက်ထပ်မှာလဲ လုံးဝမမေးနဲ့..
အဲ့ဒီလိုမေးတဲ့ကောင်မလေးဆိုနောက်တစ်ကြိမ်ထပ်မတွေ့ဘူး.. ဒါပဲ..
"ငါ့ရဲ့ လွတ်လပ်ခြင်းတွေကို အိမ်ထောင်ဆို
တဲ့ကြိုးကွင်းကြီးထဲမှာလွယ်လွယ်နဲ့ခြေ
ချုပ်ခံမယ်ထင်လား.. နိုးပဲ
ငါ့ရဲ့ လွပ်လပ်ခြင်းကိုအပ်နှင်းရလောက်အောင်
ဘယ်မိန်းမကိုမှ..ရင်ဘတ်ကအဲ့လောက်မညွှန်သေးဘူး..''
"နင် ညွှန်းဆိုလိုက်တဲ့ မိန်းမဆိုတဲ့အထဲ..
အကြင်နာဆိုတဲ့ ငါလည်းအပါအဝင်ပေါ့..''
"ဆောရီးဟ ဒါပေမယ့်နင်လည်း ချွင်းချက်တော့မဟုတ်ဘူး..''တဲ့
ကြည့် စကားပြောရင်လည်းတစ်ခွန်းမှအကောင်းမပါ.. ဒါတောင်မှ ဒီလူကိုမုန်းလို့မရနိုင်သေးတာ...
အချစ်ဝဠ်ကြွေး..
ကဲ နင်ကတော့ငါ့ရဲ့ချစ်ငရဲသားကြီးပဲခြင်းရယ်...
==========================
ဒေါ်သက်လျာကနှလုံးအထူးကုဆရာဝန်မကြီ
းလည်းဖြစ်သည့်အပြင်ဒီပုဂ္ဂလိကဆေးရုံရဲ့
ဒုဆေးရုံအုပ်လည်းဖြစ်သည်။
"ဆရာမကြီးရောက်ပြီ...''
သူမကားထိုးရပ်လိုက်တာနဲ့ နာစ့်မလေးတွေ
ပြေးပြီးလာကြိုသည်။
သူမကဒီလိုမျိုးကိုမကြိုက်ပေမယ့် သူတို့က
ပြောလည်းမရအကျင့်ဖြစ်နေပြီဆိုတော့
နောက်ပိုင်းသူမကိုယ်တိုင်လည်းမတားဆီးတော့ပါ...
အင့်...အို...
သူမကားဆီပြေးအလာမှာဆေးရုံထဲဝင်လာတဲ့
ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိသည်။
"အဲ သုသုကတော့အမြဲရှုပ်ပြာရှုပ်ပြာနဲ့..''
ဘယ်လောက်အရှိန်ပြင်းလိုက်လဲမသိ
လက်ထဲကအထုတ်အပိုးတွေနဲ့ကောင်မလေး
ကပစ်လဲကျသွားတာမို့.. ဒေါ်သက်လျာ ပါ
အနားရောက်သွားပြီး..
"သမီး ရရဲ့လား..ခိုက်မိတဲ့နေရာရှိလား ''
"ဟုတ်ကဲ့ ရပါတယ်ရှင့်.. ပျိုဘာမှမဖြစ်ပါဘူး..
ကျေးဇူးပါအန်တီ..''
သူ့ကိုဆရာဝန်မကြီးမှန်းသိပုံမရပါ...
ဘယ်သူ့ကိုမှလည်းအပြစ်မတင်ပြန့်ကျဲသွား
သည့်.. သူမရဲ့ပစ္စည်းတွေကိုလိုက်ကောက်ပြီး
ကျုံးထသည်။
ပြီးနောက်.. သက်လျာအားအားနာသောအပြုံးမျိုးနဲ့ပြုံးပြကာ..ခေါင်းငုံ့နှုတ်ဆက်ပြီးဆေးရုံထဲသို့ တစ်လှမ်းချင်းလှမ်းဝင်သွားသည်။
ဒေါ်သက်လျာနေရာကမခွာနိုင်သေးပဲ..ထိုမိန်း
ကလေးကိုရပ်ငေးနေမိသည်။
သူမရဲ့နုဖပ်နေတဲ့မျက်နှာအရ သားတော်မောင်နဲ့မတိမ်းမယိမ်းလောက်ပဲရှိအုံးမှာ..
အသားအရေကဝင်းဖန့်နေတာပဲရွှေအဆင်းလိုမိန်းကလေး..
ပြီးတော့ဗမာရင်ဖုံးနဲ့ကျစ်ဆံမြီးရှည်ကြီးကျော
မှာချလို့..ကိုယ်နေဟန်ကအချိုးအစားကြလှ
သည်။ တကယ့်ပန်းချီပန်းပုထုထားသလိုပဲ..
ဒီခေတ်မှာ..ဒါမျိုးလေးတွေရှားနေပြီ..
ငါ့သမီးလေးသာဖြစ်ရင်ကောင်းမှာပဲ။
"ဆရာမကြီး..''
"ဟင်..''
သူမအတွေးတွေပျက်တောက်သွားပြီးဓာတ်လှေကားဖြင့်သူမရုံးခန်းသို့တတ်ခဲ့သည်။
ဆရာဝန်မကြီးroundလှည့်ချိန်မို့..
နောက်ကဆရာဝန်ပေါက်စနတွေလည်းပါလာ
ကာ..တစ်ခန်းဝင်တစ်ခန်းထွက်လူနာအခြေအနေလိုက်လံစစ်ဆေးသည်။
ဘ ကိုလာပြီးလူနာကြည့်ပေးမှ.. စောစောက
တွေ့ခဲ့တာ..ဆရာဝန်မကြီးမှန်းပျိုသိတော့တယ်..
ဆရာဝန်မကြီးကလူနာမှတ်တမ်းကြည့်လိုက်
ဘကိုတစ်လှည့်ကြည့်လိုက်နဲ့..
"ဟို.. ကိုညိုလွင်..အကိုကြီးကိုညိုလွင်မဟုတ်
လားဟင်...''
"ဟင် ဘယ်သူ..''
"ဟုတ်တယ်မို့လား.. ကျွန်မလေ..သက်လျာလေမမှတ်မိဘူးလား..''
"သက်လျာ...မိသက်.. ဆေးကျောင်းမြို့မှာ
သွားတတ်တဲ့အသက်..''
"ဟုတ်တယ် ကိုကြီး...ဟုတ်တယ်..''
ဟမ်.. ဘ နဲ့ဆရာဝန်မကြီးကသိနေတာလား..
"နင်မြို့မှာပဲ..သူဌေးသားနဲ့လက်ထပ်သွားတယ်
ကြားတာ.. အခုတော့ဆရာဝန်မကြီးဒေါ်သက်လျာပေါ့..''
" အကြောင်းအမျိုးမျိုးကြောင့်ပြန်မလာ
ဖြစ်တော့ပေမယ့် ဇာတိချက်ကြွေကတော့
တစ်သက်မမေ့နိုင်စရာပါလေ..
ဒါနဲ့..ချိုလဲ့ကော.. ရန်ကုန်မှာလား..''
ဘ မျက်နှာအနည်းငယ်အိုကြသွားပြီး..
"အင်း နင့်သူငယ်ချင်းမကတော့ ဒီအကိုအပေါ်မကျေနပ်လို့ထင်ပါရဲ့
ပြန်မလာနိုင်တဲ့လမ်းကိုထွက်သွားတာ
သမီးလေးတစ်သက်ပဲပေါ့...''
သက်လျာ ဘကိုတစ်လှည့်ပျို့ကိုတစ်လှည့်ကြည့်ပြီး..
"အို...''
စိတ်မကောင်းလိုက်တာ..
ငယ်သူငယ်ချင်းအကြောင်းကလည်းသတင်း
ကောင်းမဟုတ်ခဲ့ပါ။
>>>>>>>>>
Continue Reading
You'll Also Like
17.3K 439 8
မောင်ကိုယ်တိုင် လုပ်ကျွေးခွင့် မရတော့တဲ့ ဖက်ထုပ်ကို အညို လုပ်ကျွေးပါ့မယ် ။ သမီးကလေးသိပ်ကြိုက်တဲ့ ဖက်ထုပ်ရဲ့အစာ ကြက်သွန်မြိတ် မြေဩဇာသာ ဖြစ်ပါတော့ ။...
17.6K 1K 30
" မြင်းအုန်းခွံ ၊ ကျွန်ကုလား ၊ မယားတောသူ ဆိုတဲ့စကား မင်းမကြားဖူးဘူးလား.. " " ဟာ မားရာ.. ရှင်လေးက ဒိတ်အောက်တာကြီး မကြိုက်ပါဘူး " . " ဒီမှာ မင်း ဂုဏ်မာ...