ေနာက္တစ္ေန႔မနက္တြင္ေတာ့ ေခြက်ီ ႏိုးလာ
ခ်ိန္ အခန္းထဲ၌ သူတစ္ေယာက္ထဲသာ႐ွိေနၿပီး
တိတ္ဆိတ္ေနတာေၾကာင့္ ကုတင္မွထကာ
ေရခ်ိဳးေဆာင္ဘက္ထြက္လာလိုက္သည္။
သို႔ေပမယ့္ သူ႔ေနာက္ကတစ္ေယာက္ေယာက္
လိုက္လာမွန္းသိရၿပီး လွည့္ၾကည့္ရင္မေတြ႔ရ
တာေၾကာင့္ ဇာတ္လိုက္ရဲ႕ဝိညာဥိမွန္းသိလိုက္
သည္။
( တန္တန္ ဇာတ္လိုက္ကလူျပန္မျဖစ္ေသးဘူး
လား)
(ဇာတ္ေၾကာင္းတိုင္းဆိုရင္ဒီမနက္မွာသတိျပန္ရ
လာမွာပါ ဒါေပမယ့္အခုဘာလို႔ဝိညာဥ္ဘဲျဖစ္
ေနလဲမသိဘူး)
"ဖူးး"
"အမေလး! "
တန္တန္နဲ႔စကားေျပာေနစဥ္ နားထဲေလမႈတ္
ထည့္လာတဲ့ဇာတ္လိုက္ေၾကာင့္လန္႔သြားရ
သည္။ သူလဲသန္႔႐ွင့္ေရးျမန္ျမန္လုပ္ၿပီး ထိုနန္း
ေဆာင္မွထြက္ကာ ဘုရင့္ခနၶာကိုယ္႐ွိသည့္
နန္းေဆာင္ဘက္ထြက္လာခဲ့သည္။တစ္ေနရာ
အေရာက္တြင္ အမတ္ခ်ဳပ္ႀကီးနဲ႔ဇာတ္
လိုက္မအားေတြ႔လိုက္ရသည္။
" ဟမ့္...အေစခံကေန မေကာင္းဆိုးဝါးနဲ႔လက္
ထပ္တဲ့အဆင့္ထိေရာက္သြားၿပီး"
ဇာတ္လိုက္မအေျပာေၾကာင့္ ေခြက်ီလဲ ျပံဳးကာ
" ဒါက ကံတရားကငါ့ဘက္မွာ႐ွိေနတာေလ
မင္းသာအဲ့ေန႔က ေျခာက္မတြန္းခဲ့ရင္..."
" ဘာေတြေျပာေနတာလဲ မင္းဘာသာမင္း
ဝင္သြားၿပီးေတာ့"
"ထားပါေတာ့ေလ ဟမ့္ သြားလိုက္ပါအံုးမယ္
အမတ္ခ်ဳပ္ႀကီးနဲ႔သခင္ေလး "
က်န္ေခြက်ီ လဲ သူတို႔ကိုေက်ာခိုင္းကာ မင္းႀကီး
နန္းေဆာင္ဘက္ထြက္လာခဲ့သည္။နန္းေဆာင္
ေရာက္ေတာ့ မင္းႀကီးကသတိရေနၿပီး သူ႔အား
ေသခ်ာစိုက္ၾကည့္ေနသည္။
"ကိုယ့္နားလာခဲ့"
"ဟုတ္ "
သူလဲမင္းႀကီးနားေရာက္ခ်ိန္ မင္းႀကီးကသူ႔အားလက္ကဆြဲကာ ေပါင္ေပၚထိုင္းခိုင္းသည္။
" ဟို...ဟိုေလ မသင့္ေတာ္ပါဘူးမင္းႀကီး"
"ဘာကိုမသင့္ေတာ္တာလဲ ဒီတိုင္းေန"
မင္းႀကီးကေျပာၿပီးတာနဲ႔ေခြက်ီရဲ႕လည္ပင္းေတြ
ကိုလိုက္နမ္းကာအလုပ္႐ႈတ္ေနသည္။
" လင္အမတ္ခ်ဳပ္ႀကီးနဲ႔လင္သခင္ေလးတို္႔အခစားဝင္ေၾကာင္းပါ"
"ႁပြတ္...ဝင္ခဲ့"
"မင္း..မင္းျကီးလူဝင္လာေတာ့မယ္ ဖယ္ေပး"
" မဖယ္ဘူး"
ထိုခ်ိန္ ဝင္လာသည့္သားဖႏွစ္ေယာက္ကေတာ့
အထဲကပံုရိပ္ကိုျမင္ၿပီး မ်က္ႏွာပ်က္သြားၾက
သည္။လင္ေ႐ွာင္႐ွံုးကေတာ့ က်န္ေခြ႔က်ီအား
မနာလိုစြာၾကည့္ေနသည္။
* သရဲဘုရင္က ဒီေလာက္ခန္႔ညားကလား
က်စ္ အမွန္ဆို ဟိုအေစခံေနရာငါျဖစ္ရမွာ*
"ဘာကိစၥ႐ွိလို႔လဲအမတ္ႀကီး"
"မင္းႀကီးရဲ႕အေျခေနလာၾကည့္တာပါ သတိရလာၿပီဆိုေတာ့ အေစခံက်န္ေခြက်ီကိုျပန္ရႏိုင္မလား"
"ဒါဘာစကားလဲ က်န္ေခြက်ီကငါလက္ထပ္ထား
တဲ့လူဘဲေလ မၾကာခင္ သူကဧကရီျဖစ္လာ
ေတာ့မွာ"
"ဘာာ!!"
လင္ေ႐ွာင္႐ွံုးအသံေၾကာင့္ ထ်န္က်န္းဟန္က
မ်က္ေမွာင္က်ံဳ႕ကာ...
" ဒီေလာက္႐ိုင္းစိုင္းတာ မင္းကဘယ္သူလဲ"
"က်...က်ေတာ္က လင္ေ႐ွာင္႐ွံုးပါ အမတ္ခ်ဳပ္ရဲ႕
သား"
"ထားပါ...ခုနကေျပာတာကိုအမတ္ခ်ဳပ္ကဘဲ
သတင္းထုတ္ျပန္ေပးပါ"
"ဟုတ္ကဲ့ပါမင္းႀကီး"
"သြားႏိုင္ပါၿပီ "
လင္ေ႐ွာင္႐ွံုးကထြက္မသြားခင္...
"ဟိုေလ က်န္ေခြက်ီ ကိုခနေခၚသြားလို႔ရမလား
ေျပာစရာ႐ွိလို႔ပါ"
"ဒီမွာေျပာ"
"အဲ့...အဲ့ဒါက"
ေခြက်ီက
" က်ေတာ္ခနလိုက္သြားလိုက္မယ္ မင္းႀကီး"
"...."
"ျမန္ျမန္ျပန္လာခဲ့မယ္ "
" အင္း"
ထ်န္က်န္းဟန္က ေခြက်ီကိုအသာနမ္းကာ
လြတ္ေပးလိုက္သည္။ လင္ေ႐ွာင္႐ွံုးကေတာ့
ရင္ထဲကမနာလိုစိတ္ေၾကာင့္ မူးေမ့လဲမတတ္
ျဖစ္ေနေလသည္။ နန္းေတာ္လူသူကင္း႐ွင္း
သည့္ေနရာတြင္ လင္ေ႐ွာင္႐ွံုးနဲ႔က်န္ေခြက်ီတို႔
မ်က္ႏွာခ်င္းဆိုင္ရပ္ေနၾကသည္။
" ေျဖာင္းး...အေစခံေကာင္ နင္ကမတန္မရာ
မွန္းေနတယ္ အခုဘာတဲ့ဧကရီတဲ့ ဟက္
နင္ျမဴစြယ္ထားတာမလား!!"
" ဒီမွာ မင္းအခု႐ိုက္တဲ့သူကအရင္လိုအေစခံမဟုတ္ဘဲမင္းႀကီးအပိုင္ဆိုတာေမ့ေနတာလား"
"မင္း...မင္းဘဝေမ့တဲ့ေကာင္"
" မေမ့ပါဘူး အေစခံဘဝမွာငါဘယ္ေလာက္နာ
က်င္ခဲ့ရလဲဆိုတာငါတစ္သက္လံုးမေမ့သလို
ငါ့အေပၚမေကာင္းတဲ့လူေတြကိုလဲငါခံစားရ
သလိုျပန္ခံစားရေအာင္လုပ္ေတာ့မွာ"
"မင္း..မင္း"
"ခြင့္ျပဳပါဦး အ႐ွင့္ကိုလြမ္းေနၿပီ "
လင္ေ႐ွာင္႐ွံုးတစ္ေယာက္ ထြက္သြားတဲ့လူရဲ႕
ေက်ာျပင္ကိုၾကည့္ကာတစ္ကိုယ္လံုးတုန္
သည္ထိေဒါသထြက္ေနခဲ့သည္။
——
Uni
နောက်တစ်နေ့မနက်တွင်တော့ ခွေကျီ နိုးလာ
ချိန် အခန်းထဲ၌ သူတစ်ယောက်ထဲသာရှိနေပြီး
တိတ်ဆိတ်နေတာကြောင့် ကုတင်မှထကာ
ရေချိုးဆောင်ဘက်ထွက်လာလိုက်သည်။
သို့ပေမယ့် သူ့နောက်ကတစ်ယောက်ယောက်
လိုက်လာမှန်းသိရပြီး လှည့်ကြည့်ရင်မတွေ့ရ
တာကြောင့် ဇာတ်လိုက်ရဲ့ဝိညာဥိမှန်းသိလိုက်
သည်။
( တန်တန် ဇာတ်လိုက်ကလူပြန်မဖြစ်သေးဘူး
လား)
(ဇာတ်ကြောင်းတိုင်းဆိုရင်ဒီမနက်မှာသတိပြန်ရ
လာမှာပါ ဒါပေမယ့်အခုဘာလို့ဝိညာဉ်ဘဲဖြစ်
နေလဲမသိဘူး)
"ဖူးး"
"အမလေး! "
တန်တန်နဲ့စကားပြောနေစဉ် နားထဲလေမှုတ်
ထည့်လာတဲ့ဇာတ်လိုက်ကြောင့်လန့်သွားရ
သည်။ သူလဲသန့်ရှင့်ရေးမြန်မြန်လုပ်ပြီး ထိုနန်း
ဆောင်မှထွက်ကာ ဘုရင့်ခန္ဓာကိုယ်ရှိသည့်
နန်းဆောင်ဘက်ထွက်လာခဲ့သည်။တစ်နေရာ
အရောက်တွင် အမတ်ချုပ်ကြီးနဲ့ဇာတ်
လိုက်မအားတွေ့လိုက်ရသည်။
" ဟမ့်...အစေခံကနေ မကောင်းဆိုးဝါးနဲ့လက်
ထပ်တဲ့အဆင့်ထိရောက်သွားပြီး"
ဇာတ်လိုက်မအပြောကြောင့် ခွေကျီလဲ ပြုံးကာ
" ဒါက ကံတရားကငါ့ဘက်မှာရှိနေတာလေ
မင်းသာအဲ့နေ့က ခြောက်မတွန်းခဲ့ရင်..."
" ဘာတွေပြောနေတာလဲ မင်းဘာသာမင်း
ဝင်သွားပြီးတော့"
"ထားပါတော့လေ ဟမ့် သွားလိုက်ပါအုံးမယ်
အမတ်ချုပ်ကြီးနဲ့သခင်လေး "
ကျန်ခွေကျီ လဲ သူတို့ကိုကျောခိုင်းကာ မင်းကြီး
နန်းဆောင်ဘက်ထွက်လာခဲ့သည်။နန်းဆောင်
ရောက်တော့ မင်းကြီးကသတိရနေပြီး သူ့အား
သေချာစိုက်ကြည့်နေသည်။
"ကိုယ့်နားလာခဲ့"
"ဟုတ် "
သူလဲမင်းကြီးနားရောက်ချိန် မင်းကြီးကသူ့အားလက်ကဆွဲကာ ပေါင်ပေါ်ထိုင်းခိုင်းသည်။
" ဟို...ဟိုလေ မသင့်တော်ပါဘူးမင်းကြီး"
"ဘာကိုမသင့်တော်တာလဲ ဒီတိုင်းနေ"
မင်းကြီးကပြောပြီးတာနဲ့ခွေကျီရဲ့လည်ပင်းတွေ
ကိုလိုက်နမ်းကာအလုပ်ရှုတ်နေသည်။
" လင်အမတ်ချုပ်ကြီးနဲ့လင်သခင်လေးတို့်အခစားဝင်ကြောင်းပါ"
"ပြွတ်...ဝင်ခဲ့"
"မင်း..မင်းကြီးလူဝင်လာတော့မယ် ဖယ်ပေး"
" မဖယ်ဘူး"
ထိုချိန် ဝင်လာသည့်သားဖနှစ်ယောက်ကတော့
အထဲကပုံရိပ်ကိုမြင်ပြီး မျက်နှာပျက်သွားကြ
သည်။လင်ရှောင်ရှုံးကတော့ ကျန်ခွေ့ကျီအား
မနာလိုစွာကြည့်နေသည်။
* သရဲဘုရင်က ဒီလောက်ခန့်ညားကလား
ကျစ် အမှန်ဆို ဟိုအစေခံနေရာငါဖြစ်ရမှာ*
"ဘာကိစ္စရှိလို့လဲအမတ်ကြီး"
"မင်းကြီးရဲ့အခြေနေလာကြည့်တာပါ သတိရလာပြီဆိုတော့ အစေခံကျန်ခွေကျီကိုပြန်ရနိုင်မလား"
"ဒါဘာစကားလဲ ကျန်ခွေကျီကငါလက်ထပ်ထား
တဲ့လူဘဲလေ မကြာခင် သူကဧကရီဖြစ်လာ
တော့မှာ"
"ဘာာ!!"
လင်ရှောင်ရှုံးအသံကြောင့် ထျန်ကျန်းဟန်က
မျက်မှောင်ကျုံ့ကာ...
" ဒီလောက်ရိုင်းစိုင်းတာ မင်းကဘယ်သူလဲ"
"ကျ...ကျတော်က လင်ရှောင်ရှုံးပါ အမတ်ချုပ်ရဲ့
သား"
"ထားပါ...ခုနကပြောတာကိုအမတ်ချုပ်ကဘဲ
သတင်းထုတ်ပြန်ပေးပါ"
"ဟုတ်ကဲ့ပါမင်းကြီး"
"သွားနိုင်ပါပြီ "
လင်ရှောင်ရှုံးကထွက်မသွားခင်...
"ဟိုလေ ကျန်ခွေကျီ ကိုခနခေါ်သွားလို့ရမလား
ပြောစရာရှိလို့ပါ"
"ဒီမှာပြော"
"အဲ့...အဲ့ဒါက"
ခွေကျီက
" ကျတော်ခနလိုက်သွားလိုက်မယ် မင်းကြီး"
"...."
"မြန်မြန်ပြန်လာခဲ့မယ် "
" အင်း"
ထျန်ကျန်းဟန်က ခွေကျီကိုအသာနမ်းကာ
လွတ်ပေးလိုက်သည်။ လင်ရှောင်ရှုံးကတော့
ရင်ထဲကမနာလိုစိတ်ကြောင့် မူးမေ့လဲမတတ်
ဖြစ်နေလေသည်။ နန်းတော်လူသူကင်းရှင်း
သည့်နေရာတွင် လင်ရှောင်ရှုံးနဲ့ကျန်ခွေကျီတို့
မျက်နှာချင်းဆိုင်ရပ်နေကြသည်။
" ဖြောင်းး...အစေခံကောင် နင်ကမတန်မရာ
မှန်းနေတယ် အခုဘာတဲ့ဧကရီတဲ့ ဟက်
နင်မြူစွယ်ထားတာမလား!!"
" ဒီမှာ မင်းအခုရိုက်တဲ့သူကအရင်လိုအစေခံမဟုတ်ဘဲမင်းကြီးအပိုင်ဆိုတာမေ့နေတာလား"
"မင်း...မင်းဘဝမေ့တဲ့ကောင်"
" မမေ့ပါဘူး အစေခံဘဝမှာငါဘယ်လောက်နာ
ကျင်ခဲ့ရလဲဆိုတာငါတစ်သက်လုံးမမေ့သလို
ငါ့အပေါ်မကောင်းတဲ့လူတွေကိုလဲငါခံစားရ
သလိုပြန်ခံစားရအောင်လုပ်တော့မှာ"
"မင်း..မင်း"
"ခွင့်ပြုပါဦး အရှင့်ကိုလွမ်းနေပြီ "
လင်ရှောင်ရှုံးတစ်ယောက် ထွက်သွားတဲ့လူရဲ့
ကျောပြင်ကိုကြည့်ကာတစ်ကိုယ်လုံးတုန်
သည်ထိဒေါသထွက်နေခဲ့သည်။
——