Lawless Gangster (Myanmar Tra...

By ViVianKhin

41.7K 7.7K 491

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 52
Episode 53
Episode 54
Episode 55

Episode 51

505 69 3
By ViVianKhin

အပိုင္း ၅၁

Zawgyi

ခ်ီ႐ႈိ႕ယြမ္ ေရခ်ိဳးခန္းထဲေရာက္ေတာ့ သူ႔ကိုယ္သူ ေဆးေၾကာသုတ္သင္ၿပီး သဘတ္ကိုပါ ေလ်ွာ္လိုက္တယ္။ သူ႔ညီေလးကို ေဆးေၾကာေနတုန္း အိပ္ရာေပၚမွာ လဲေလ်ာင္းရင္း က်န္ခဲ့တဲ့ေ႐ွာင္းလီဆီ အေတြးေရာက္မိေနတာေၾကာင့္ ေဆးေၾကာရတဲ့ အခ်ိန္က လိုတာထက္ ပိုသြားရတယ္။

ခါးမွာ တဘက္ကိုပတ္လို႔ ေရခ်ိဳးခန္းထဲကေန ေပါ့ေပါ့ပါးပါး ထြက္လာခ်ိန္မွာ အခန္းတံခါးဝမွာေစာင့္လို႔ေနတဲ့ လူရိပ္သံုးခုကို ျမင္လိုက္ရတယ္။

ေရခ်ိဳးခန္းအျပင္ကို ေျခတစ္လွမ္း လွမ္းရံုမ်ွ႐ွိေသး အေမွာင္ထုထဲက လက္တစ္ဖက္ထြက္လာကာ သူ႔လည္ပင္းကို ၾကမ္းၾကမ္းတမ္းတမ္း ဆုပ္ကိုင္လာတယ္။ တစ္ဖက္လူရဲ႕အားေကာင္းခ်က္က ခ်ီ႐ႈိ႕ယြမ္ လည္ပင္းေတာင္ ေပါက္ထြက္မတတ္ျဖစ္ကာ တစ္ကိုယ္လံုး ၾကမ္းေပၚမွ ႂကြတက္လာၿပီး အခန္းနံရံထက္ ၾကမ္းတမ္းစြာ ဖိကပ္ထားျခင္း ခံရတယ္။

ခ်ီ႐ႈိ႕ယြမ္ ခုခံဖို႔ အခ်ိန္ပင္ မရလိုက္။

အားကုန္ထုတ္ၿပီး အသံျပဳမည္ျပင္ေနစဥ္ သူ႔လည္ပင္းကို ညႇစ္ထားသူရဲ႕ ေနာက္လက္တစ္ဖက္မွ ဓားတစ္ေခ်ာင္းကိုင္ေျမႇာက္ထားတာကို ျမင္လိုက္ရတယ္။

ခ်ီ႐ႈိ႕ယြမ္ ႐ွိသမ်ွအားနဲ႔ေခါင္းကို ေမာ့ကာ တစ္ဖက္လူရဲ႕ လက္ေကာက္ဝတ္ကို ကိုင္ၿပီး လည္ပင္းညႇစ္ ခံရတာကို ကာကြယ္ဖို႔လုပ္တယ္။ ထိုသို႔ ႐ုန္းရင္းဆန္ခတ္ ျဖစ္ေနခ်ိန္ အေမွာင္ထဲမွ တျခားလူတစ္ေယာက္ သူတို႔ဆီေလ်ွာက္လာတာကို ျမင္လိုက္ရတယ္။ ထိုလူက ဘာအသံမွမထြက္ပဲ သူ႔ေဘးမွာလာရပ္ကာ

" မိန္းကေလးက ေ႐ွ႕ကအခန္းမွာအိပ္ေပ်ာ္ေနတာေနာ္။ "

အသံ ခပ္ျသျသ ေအးစက္စက္က အရမ္းကို ရင္းႏီွးေနသလိုပင္။

" အရမ္းကိုမွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္နဲ႔.... "

ထိုအခိုက္အတန္႔ အရာအားလံုးက ရပ္တန္႔သြားသလိုမ်ိဳး.... ခ်ီ႐ႈိ႕ယြမ္ တစ္ကိုယ္လံုး ေတာင့္ခဲေနတယ္။ ႐ုန္းရင္းဆန္ခတ္လုပ္ဖို႔ အားထုတ္မႈဟာလည္း ေပ်ာက္ပ်က္ကာ က်စ္က်စ္ဆုပ္ထားတဲ့ လက္သီးသည္လည္း ေျပေလ်ာ့ သြားရတယ္။

သူ႔အမူအရာကို ခဏအကဲခတ္ၿပီးေနာက္ ထိုလူက လက္ကိုအသာေျမႇာက္ကာ အခ်က္ျပလိုက္တယ္။

ထိုအခါမွ ခ်ီ႐ႈိ႕ယြမ္ လည္ပင္းကို တင္းၾကပ္စြာညႇစ္ထားတဲ့လက္လည္း ေျပေလ်ာ့သြားသလို ေျမႇာက္ကိုင္ထားတဲ့ ဓားေျမႇာင္ပါ ျမင္ကြင္းမွ ေပ်ာက္သြားတယ္။ ခ်ီ႐ႈိ႕ယြမ္ အေတာ္ၾကာတဲ့အထိ သတိမကပ္ႏိုင္။ သတိျပန္လည္ခ်ိန္မွာ သူ႔ေ႐ွ႕က လူသံုးေယာက္ထံမွ ေအးစက္တဲ့ေလထုကို ထုတ္လႊတ္ေနေၾကာင္း သတိထားမိတယ္။ မီးေရာင္မိွန္မိွန္ေၾကာင့္ လီ႐ွီခ်င္း မ်က္ႏွာေပၚဝယ္ အျပံဳးခပ္ေရးေရး႐ွိေနတာကို သိလိုက္ရတယ္။ ထိုလူ စကားေျပာေတာ့ အသံတိုးလြန္းတာေၾကာင့္ မနည္းပင္ အာရံုစိုက္ကာ နားေထာင္ရတယ္။

" သူ႔အိပ္ရာေဘးမွာ အိပ္ေဆးပုလင္းကို ေတြ႔လိုက္တယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ ဘာလို႔ အိပ္မရျဖစ္ေနရတာလဲ မသိဘူးေနာ္။ အသံ တစ္စက္မွ မထြက္တာ အေကာင္းဆံုးျဖစ္မယ္ထင္တယ္။ ေတာ္ၾကာ အဲ့မိန္းကေလး ႏိုးသြားမွျဖင့္..... "

စကားကို တစ္ဝက္တစ္ပ်က္နဲ႔ ရပ္ကာ ျပံဳးလ်က္

" ကိုယ့္လူေတြက သည္းမခံႏိုင္ပဲ တစ္ခုခုလုပ္လိုက္မွာ စိုးရတယ္။ "

ခ်ီ႐ႈိ႕ယြမ္ မ်က္ႏွာထက္မွာ ေဒါသတို႔႐ွိေနကာ သူ႔ေ႐ွ႕က လူအုပ္ သူ႔အိမ္ထဲေရာက္ေနတာကို မယံုႏိုင္ဘူးျဖစ္ေနတယ္။ အံကိုတင္းတင္းႀကိတ္ကာ မ်က္ႏွာမွာ ဘာအမူအရာမွ မေပၚေစရန္ ႀကိဳးစားလိုက္တယ္။

ခ်ီ႐ႈိ႕ယြမ္ကို လည္ပင္းညစ္ထားသူဆီ အၾကည့္ေရာက္သြားေတာ့ လီ႐ွီခ်င္း မ်က္ႏွာထက္က အျပံဳးက ေပ်ာက္ကြယ္သြားကာ မ်က္ႏွာအမူအရာျဖင့္ အမိန္႔ေပးတယ္။

ထိုအခါ ခ်ီ႐ႈိ႕ယြမ္ တစ္ေယာက္ လည္ပင္းကို ထံုထိုင္းသည္အထိ ဖိကိုင္ခံရကာ အိပ္ခန္းထဲကို ဆြဲေခၚသြားခံရတယ္။
ခ်ီ႐ႈိ႕ယြမ္ကေတာ့ ေျခဗလာနဲ႔ သူ႔လည္ပင္းကိုညစ္ရင္း ေခၚေဆာင္ရာေနာက္ အသံမထြက္ေအာင္ အတတ္ႏိုင္ဆံုးထိန္းကာ လိုက္လာခဲ့တယ္။ အိပ္ခန္းတံခါးဝေရာက္ေတာ့ သူ႔တစ္ကိုယ္လံုး ေခြၽးေစးျပန္ကာ ရႊဲရႊဲနစ္လို႔ေနတယ္။

အိပ္ရာေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ေ႐ွာင္းလီကို လီ႐ွီခ်င္းတို႔ထိေနတာကိုၾကမ္းေပၚမွာ ဒူးေထာက္ကာ ၾကည့္ဖို႔ ဖိအားေပးခံလိုက္ရတယ္။

သူ႔ေ႐ွ႕မွာ ျဖစ္ပ်က္ေနတာကို ဟန္မပ်က္ ၾကည့္ေနႏိုင္ဖို႔ အံကို တင္းတင္းႀကိတ္ရံုမွ တစ္ပါး ေရြးစရာမ႐ွိ။

----------------------------------------------

Q&A

ဟန္က်ား - စစေတြ႔ခ်င္း တစ္ေယာက္ကို တစ္ေယာက္ ဘယ္လိုျမင္လဲ။

ေ႐ွာင္းလီ - သတၱိ႐ွိတယ္။ စကားေျပာဖို႔ မလြယ္ဘူး။

ခ်ီ႐ႈိ႕ယြမ္ - ဂိုဏ္းစတားျဖစ္ေနရလို႔ သနားမိတယ္။

ဟန္က်ား - တစ္ေယာက္ကို တစ္ေယာက္ သေဘာက်မိတဲ့အခ်က္...

ခ်ီ႐ႈိ႕ယြမ္ - အကုန္ ႀကိဳက္တယ္။ အျကိဳက္ဆံုးကေတာ့ အျပင္ပန္းက မာေၾကာတယ္ထင္ရေပမယ့္ အတြင္းက ႏူးည့ံတာကိုပဲ။

ဟန္က်ား - ဒါက တင္စားေျပာတာမ်ိဳးလား။ ဘာလု႔ိ လူယုတ္မာဆန္တယ္လို႔ပဲ ထင္ရတာပါလိမ့္။

ခ်ီ႐ႈိ႕ယြမ္ - (ရယ္လ်က္) ထင္ခ်င္သလို ထင္ႏိုင္တယ္။

ဟန္က်ား - ( မ်က္ႏွာႀကီး မဲလာ) ေ႐ွာင္းလီေရ... မင္း ဒီလို လူၾကမ္းကို ဘာလို႔ႀကိဳက္လဲ ငါျဖင့္ နားကိုမလည္ႏိုင္ဘူး။

ေ႐ွာင္းလီ - ( ျပံဳးလ်က္) သူက ဇြဲေကာင္းတယ္ေလ။

ခ်ီ႐ႈိ႕ယြမ္ - ကိုယ္သာ နည္းနည္းေလာက္ ဇြဲေလ်ာ့ခဲ့လို႔ကေတာ့ မင္းကို ပိုင္ဆိုင္ႏိုင္မယ္မထင္ဘူး၊

ဟန္က်ား - တစ္ေယာက္ကို တစ္ေယာက္ သေဘာမက်တဲ့အခ်က္

ခ်ီ႐ႈိ႕ယြမ္ - သူက အရာအားလံုးကို တစ္ေယာက္တည္း တာဝန္ခံခ်င္ေနတာ။

ဟန္က်ား - ေ႐ွာင္းလီဆိုမွေတာ့ ဒီလိုပဲေပါ့။ ဒါေပမယ့္ ခင္ဗ်ားက ဘာလို႔ သေဘာမက်ရတာလဲ။

ခ်ီ႐ႈိ႕ယြမ္ - တိတိက်က်ေျပာရရင္ သေဘာမက်တာ မဟုတ္ပါဘူး။ ဒီအတိုင္း စိတ္ပူမိလို႔ပါ။ ၿပီးေတာ့ ကိုယ့္ကိုကိုယ္ အျပင္လူတစ္ေယာက္လို ခံစားမိလို႔။

ေ႐ွာင္းလီ - ငါက မင္းကို အ႐ႈပ္ေတြထဲ ဝင္မပါေစခ်င္လို႔ပါ။

ခ်ီ႐ႈိ႕ယြမ္ - ဒါေပမယ့္ ကိုယ္ရင္ဆိုင္ခ်င္တယ္ေလ မင္းနဲ႔အတူ....။ ဘုရားေပးတဲ့ ဆုျဖစ္ျဖစ္ ဝဋ္ေႂကြးျဖစ္ျဖစ္ ဘာေတြပဲ ျဖစ္လာလာ အတူရင္ဆိုင္ဖို႔ လိုတာေပါ့။

ေ႐ွာင္းလီ - (သက္ျပင္းခ်)ခ်ီ႐ႈိ႕ယြမ္.....

ဟန္က်ား - ဒီ အေမးအေျဖ တစ္ရာက သူ႔ဟာနဲ႔သူ ေကာင္းကြက္ေလးေတြလည္း ႐ွိတယ္ထင္ပါ့..... ေကာင္းၿပီ ေနာက္တစ္ခု ...

*********************************
အပိုင်း ၅၁

Unicode

ချီရှို့ယွမ် ရေချိုးခန်းထဲရောက်တော့ သူ့ကိုယ်သူ ဆေးကြောသုတ်သင်ပြီး သဘတ်ကိုပါ လျှော်လိုက်တယ်။ သူ့ညီလေးကို ဆေးကြောနေတုန်း အိပ်ရာပေါ်မှာ လဲလျောင်းရင်း ကျန်ခဲ့တဲ့ရှောင်းလီဆီ အတွေးရောက်မိနေတာကြောင့် ဆေးကြောရတဲ့ အချိန်က လိုတာထက် ပိုသွားရတယ်။

ခါးမှာ တဘက်ကိုပတ်လို့ ရေချိုးခန်းထဲကနေ ပေါ့ပေါ့ပါးပါး ထွက်လာချိန်မှာ အခန်းတံခါးဝမှာစောင့်လို့နေတဲ့ လူရိပ်သုံးခုကို မြင်လိုက်ရတယ်။

ရေချိုးခန်းအပြင်ကို ခြေတစ်လှမ်း လှမ်းရုံမျှရှိသေး အမှောင်ထုထဲက လက်တစ်ဖက်ထွက်လာကာ သူ့လည်ပင်းကို ကြမ်းကြမ်းတမ်းတမ်း ဆုပ်ကိုင်လာတယ်။ တစ်ဖက်လူရဲ့အားကောင်းချက်က ချီရှို့ယွမ် လည်ပင်းတောင် ပေါက်ထွက်မတတ်ဖြစ်ကာ တစ်ကိုယ်လုံး ကြမ်းပေါ်မှ ကြွတက်လာပြီး အခန်းနံရံထက် ကြမ်းတမ်းစွာ ဖိကပ်ထားခြင်း ခံရတယ်။

ချီရှို့ယွမ် ခုခံဖို့ အချိန်ပင် မရလိုက်။

အားကုန်ထုတ်ပြီး အသံပြုမည်ပြင်နေစဉ် သူ့လည်ပင်းကို ညှစ်ထားသူရဲ့ နောက်လက်တစ်ဖက်မှ ဓားတစ်ချောင်းကိုင်မြှောက်ထားတာကို မြင်လိုက်ရတယ်။

ချီရှို့ယွမ် ရှိသမျှအားနဲ့ခေါင်းကို မော့ကာ တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ကို ကိုင်ပြီး လည်ပင်းညှစ် ခံရတာကို ကာကွယ်ဖို့လုပ်တယ်။ ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် အမှောင်ထဲမှ တခြားလူတစ်ယောက် သူတို့ဆီလျှောက်လာတာကို မြင်လိုက်ရတယ်။ ထိုလူက ဘာအသံမှမထွက်ပဲ သူ့ဘေးမှာလာရပ်ကာ

" မိန်းကလေးက ရှေ့ကအခန်းမှာအိပ်ပျော်နေတာနော်။ "

အသံ ခပ်သြသြ အေးစက်စက်က အရမ်းကို ရင်းနှီးနေသလိုပင်။

" အရမ်းကိုမှ နှစ်နှစ်ခြိုက်ခြိုက်နဲ့.... "

ထိုအခိုက်အတန့် အရာအားလုံးက ရပ်တန့်သွားသလိုမျိုး.... ချီရှို့ယွမ် တစ်ကိုယ်လုံး တောင့်ခဲနေတယ်။ ရုန်းရင်းဆန်ခတ်လုပ်ဖို့ အားထုတ်မှုဟာလည်း ပျောက်ပျက်ကာ ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးသည်လည်း ပြေလျော့ သွားရတယ်။

သူ့အမူအရာကို ခဏအကဲခတ်ပြီးနောက် ထိုလူက လက်ကိုအသာမြှောက်ကာ အချက်ပြလိုက်တယ်။

ထိုအခါမှ ချီရှို့ယွမ် လည်ပင်းကို တင်းကြပ်စွာညှစ်ထားတဲ့လက်လည်း ပြေလျော့သွားသလို မြှောက်ကိုင်ထားတဲ့ ဓားမြှောင်ပါ မြင်ကွင်းမှ ပျောက်သွားတယ်။ ချီရှို့ယွမ် အတော်ကြာတဲ့အထိ သတိမကပ်နိုင်။ သတိပြန်လည်ချိန်မှာ သူ့ရှေ့က လူသုံးယောက်ထံမှ အေးစက်တဲ့လေထုကို ထုတ်လွှတ်နေကြောင်း သတိထားမိတယ်။ မီးရောင်မှိန်မှိန်ကြောင့် လီရှီချင်း မျက်နှာပေါ်ဝယ် အပြုံးခပ်ရေးရေးရှိနေတာကို သိလိုက်ရတယ်။ ထိုလူ စကားပြောတော့ အသံတိုးလွန်းတာကြောင့် မနည်းပင် အာရုံစိုက်ကာ နားထောင်ရတယ်။

" သူ့အိပ်ရာဘေးမှာ အိပ်ဆေးပုလင်းကို တွေ့လိုက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အိပ်မရဖြစ်နေရတာလဲ မသိဘူးနော်။ အသံ တစ်စက်မှ မထွက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ တော်ကြာ အဲ့မိန်းကလေး နိုးသွားမှဖြင့်..... "

စကားကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ကာ ပြုံးလျက်

" ကိုယ့်လူတွေက သည်းမခံနိုင်ပဲ တစ်ခုခုလုပ်လိုက်မှာ စိုးရတယ်။ "

ချီရှို့ယွမ် မျက်နှာထက်မှာ ဒေါသတို့ရှိနေကာ သူ့ရှေ့က လူအုပ် သူ့အိမ်ထဲရောက်နေတာကို မယုံနိုင်ဘူးဖြစ်နေတယ်။ အံကိုတင်းတင်းကြိတ်ကာ မျက်နှာမှာ ဘာအမူအရာမှ မပေါ်စေရန် ကြိုးစားလိုက်တယ်။

ချီရှို့ယွမ်ကို လည်ပင်းညစ်ထားသူဆီ အကြည့်ရောက်သွားတော့ လီရှီချင်း မျက်နှာထက်က အပြုံးက ပျောက်ကွယ်သွားကာ မျက်နှာအမူအရာဖြင့် အမိန့်ပေးတယ်။

ထိုအခါ ချီရှို့ယွမ် တစ်ယောက် လည်ပင်းကို ထုံထိုင်းသည်အထိ ဖိကိုင်ခံရကာ အိပ်ခန်းထဲကို ဆွဲခေါ်သွားခံရတယ်။
ချီရှို့ယွမ်ကတော့ ခြေဗလာနဲ့ သူ့လည်ပင်းကိုညစ်ရင်း ခေါ်ဆောင်ရာနောက် အသံမထွက်အောင် အတတ်နိုင်ဆုံးထိန်းကာ လိုက်လာခဲ့တယ်။ အိပ်ခန်းတံခါးဝရောက်တော့ သူ့တစ်ကိုယ်လုံး ချွေးစေးပြန်ကာ ရွှဲရွှဲနစ်လို့နေတယ်။

အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့ ရှောင်းလီကို လီရှီချင်းတို့ထိနေတာကိုကြမ်းပေါ်မှာ ဒူးထောက်ကာ ကြည့်ဖို့ ဖိအားပေးခံလိုက်ရတယ်။

သူ့ရှေ့မှာ ဖြစ်ပျက်နေတာကို ဟန်မပျက် ကြည့်နေနိုင်ဖို့ အံကို တင်းတင်းကြိတ်ရုံမှ တစ်ပါး ရွေးစရာမရှိ။

----------------------------------------------

Q&A

ဟန်ကျား - စစတွေ့ချင်း တစ်ယောက်ကို တစ်ယောက် ဘယ်လိုမြင်လဲ။

ရှောင်းလီ - သတ္တိရှိတယ်။ စကားပြောဖို့ မလွယ်ဘူး။

ချီရှို့ယွမ် - ဂိုဏ်းစတားဖြစ်နေရလို့ သနားမိတယ်။

ဟန်ကျား - တစ်ယောက်ကို တစ်ယောက် သဘောကျမိတဲ့အချက်...

ချီရှို့ယွမ် - အကုန် ကြိုက်တယ်။ အကြိုက်ဆုံးကတော့ အပြင်ပန်းက မာကြောတယ်ထင်ရပေမယ့် အတွင်းက နူးညံ့တာကိုပဲ။

ဟန်ကျား - ဒါက တင်စားပြောတာမျိုးလား။ ဘာလို့ လူယုတ်မာဆန်တယ်လို့ပဲ ထင်ရတာပါလိမ့်။

ချီရှို့ယွမ် - (ရယ်လျက်) ထင်ချင်သလို ထင်နိုင်တယ်။

ဟန်ကျား - ( မျက်နှာကြီး မဲလာ) ရှောင်းလီရေ... မင်း ဒီလို လူကြမ်းကို ဘာလို့ကြိုက်လဲ ငါဖြင့် နားကိုမလည်နိုင်ဘူး။

ရှောင်းလီ - ( ပြုံးလျက်) သူက ဇွဲကောင်းတယ်လေ။

ချီရှို့ယွမ် - ကိုယ်သာ နည်းနည်းလောက် ဇွဲလျော့ခဲ့လို့ကတော့ မင်းကို ပိုင်ဆိုင်နိုင်မယ်မထင်ဘူး၊

ဟန်ကျား - တစ်ယောက်ကို တစ်ယောက် သဘောမကျတဲ့အချက်

ချီရှို့ယွမ် - သူက အရာအားလုံးကို တစ်ယောက်တည်း တာဝန်ခံချင်နေတာ။

ဟန်ကျား - ရှောင်းလီဆိုမှတော့ ဒီလိုပဲပေါ့။ ဒါပေမယ့် ခင်ဗျားက ဘာလို့ သဘောမကျရတာလဲ။

ချီရှို့ယွမ် - တိတိကျကျပြောရရင် သဘောမကျတာ မဟုတ်ပါဘူး။ ဒီအတိုင်း စိတ်ပူမိလို့ပါ။ ပြီးတော့ ကိုယ့်ကိုကိုယ် အပြင်လူတစ်ယောက်လို ခံစားမိလို့။

ရှောင်းလီ - ငါက မင်းကို အရှုပ်တွေထဲ ဝင်မပါစေချင်လို့ပါ။

ချီရှို့ယွမ် - ဒါပေမယ့် ကိုယ်ရင်ဆိုင်ချင်တယ်လေ မင်းနဲ့အတူ....။ ဘုရားပေးတဲ့ ဆုဖြစ်ဖြစ် ဝဋ်ကြွေးဖြစ်ဖြစ် ဘာတွေပဲ ဖြစ်လာလာ အတူရင်ဆိုင်ဖို့ လိုတာပေါ့။

ရှောင်းလီ - (သက်ပြင်းချ)ချီရှို့ယွမ်.....

ဟန်ကျား - ဒီ အမေးအဖြေ တစ်ရာက သူ့ဟာနဲ့သူ ကောင်းကွက်လေးတွေလည်း ရှိတယ်ထင်ပါ့..... ကောင်းပြီ နောက်တစ်ခု ...

Continue Reading

You'll Also Like

1.4M 84K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...
406K 11.7K 29
တော်ဝင်ဂုဏ် + ရှေးဆန်သူ
1.9M 91.4K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.5M 89.6K 37
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...