ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

By Change_7

742K 64.6K 6.6K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)

အပိုင်း✨🍁(၁၄)

11.4K 1.1K 77
By Change_7

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၄)

တိတ်ဆိတ်ငြိမ်သက်သော ညအမှောင်ယံတစ်ခုတွင် ညောင်စောင်းပေါ်မှ လူသားလေးတစ်ဦးသည် အပူပင်ကင်းစွာဖြင့်အိပ်မောကျနေသည်မှာ တစ်လောကလုံးအား ဂရုမစိုက်စွာပင်။

ပန်းရနံ့တွေမွှေးကြိုင်နေသော နေရာတစ်ခု၊
အရောင်အသွေးစုံလင်လှသည့် လိပ်ပြာ‌လေးများဟာလည်း ဟိုဟိုဒီဒီ ယှက်ကူးပျံသန်းလျက်၊ကျေးငှက်လေးများ၏ တကျီကျီအော်သံနှင့်အတူ လှပလွန်းသော ဥယျာဥ်တစ်ခုထဲတွင် ဧကလေး ရောက်နေသည်။
ဘာကြောင့်ရယ်မသိပေမယ့် သူ့စိတ်ထဲတွင် ဒီနေရာက ရင်းနှီးနေသလို ခံစားရသည်။
ပန်းပေါင်းစုံတွေကြား ဟိုဟိုဒီဒီလိုက်ကြည့်ရင်း မျက်ဝန်းပြာလေးများဟာ တလက်တလက်။
တို့ထိကိုင်တွယ်ကြည့်မိသည့် ပန်းပွင့်လေးများနှင့်အတူ မျက်ခွံလေးတွေ ပိတ်ကျသည်အထိပြုံးမိလိုက်သည်။

"ဒီနေရာလေးက အေးချမ်းလိုက်တာ..."

ထို့အချိန်၌ အောက်မှ တစ်စုံတစ်ရာက သူ့အဝတ်အားဆွဲနေသလို ဖြစ်သောကြောင့် ဧကလေးငုံ့ကြည့်လိုက်ရာ ချစ်စဖွယ်ကလေးငယ်လေးတစ်ယောက်။
ပယင်းရောင်မျက်ဆံဝိုင်းလေးများက သူ့ကိုငေးမောကြည့်နေပြီး လက်လေးများကမ်းကာ သူ့ကိုချီခိုင်းနေသည်။

ဧကလေး အံ့ဩသွားရသည်။
ဘေးဘီပတ်ဝန်းကျင်အားဝေ့ဝိုက်ကြည့်ပါသော်လည်း လူနှင့်တူသည့်အရိပ်အယောင်မျှတောင်မတွေ့ရ။
သူနဲ့ကလေးလေးပဲရှိနေသည့်အလားထင်ရကာ ကလေးလေးရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်သည်။

*ဒီကလေးလေးက ဘယ်ကဘယ်လိုရောက်လာတာလဲ...
ဒီနေရာကရော ဘယ်နေရာကြီးလဲ..
ငါကရော ဘာလို့ဒီရောက်နေတာလဲ....*
လဲပေါင်းများစွာသော မေးခွန်းများဟာ ခေါင်းထဲသို့ အလုအယက်ဝင်လာပြီး ကလေးငယ်လေးကို သေချာစိုက်ကြည့်နေမိသည်။

ပယင်းရောင်မျက်ဝန်းများက မျက်တောင်တစ်ချက်မခတ် တစ်ခါလွှဲဖယ်မသွားပဲ သူ့ကိုတည့်တည့်စိုက်ကြည့်နေကာ လက်လေးကမ်းပေးထားသည်ကလည်း နေမြဲအတိုင်းပင်။

"ကလေးလေး...ဒီနေရာကို ဘယ်လိုရောက်လာတာလဲဟင်...
ကလေး မိဘတွေရော....လမ်းမှားလာတာလား...."

ဧကလေး၏ အမေးစကားများအား အဖြေတစ်ခုမရပဲ ပယင်းရောင်မျက်ဝန်းများက သူ့ကိုပဲ စိုက်ကြည့်နေသည်။ကလေးလေးအား သနားပြီးချီဖို့ရာလုပ်လိုက်သည့်အချိန်တွင် ကလေးလေးလည်ပင်းမှ လက်ကနဲ မြင်လိုက်ရသည့် အရာတစ်ခုအား ‌သူသေချာကြည့်မိလိုက်သည်။
ပယင်းလည်ဆွဲတစ်ခု၏ အလယ်က ပယင်းကျောက်လေးရဲ့အထဲတွင် အကောင်လေးတစ်ကောင်၏အရိုးစုလေးရှိနေကာ တလက်လက်တောက်နေ‌ပုံက သူ့လက်နှင့်ထိလိုက်သည့်အချိန်တွင် ပိုတောက်ပလာသလိုပင်။

ထိုပယင်းကျောက်လည်ဆွဲလေးအား ဧကလေးသဘောတကျ လက်လေးနှင့်ကိုင်ကြည့်နေမိသည့်အခိုက် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်က သူ့ရှေ့က ကလေးလေးမှာ သူ့နှင့်ရွယ်တူ ကောင်လေးတစ်ယောက်ဖြစ်သွားသည်။

"ဟင်..."
ဧကလေး တအံ့တဩ မျက်လုံးပြူးပြီးကြည့်နေမိသည်။
သူ့ရှေ့ကထိုပြောင်းလဲသွားသည့်လူက ကုတ်အင်္ကျီရှည်တစ်ခုကိုဝတ်ထားကာ ပယင်းရောင်မျက်ဝန်းများက တည်ငြိမ်စွာ သူ့ကိုကြည့်နေသည်။
ထိုလူက သူ့လည်ပင်းမှဆွဲထားသည့် ပယင်းလည်ဆွဲအားဖြုတ်ကာ ဧကလေး၏ လက်တစ်ဖက်ကို ဆွဲယူပြီး အသာအယာချည်ပေးလာသည်။
မရုန်းဖယ်မိ မတွန်းလှန်မိပဲ ထိုလူလုပ်သမျှ
ဧကလေး ကြောင်‌ကြည့်နေမိသည်က အရိုးအကျောများ ဆိုင်းငံ့ခံထားရသလိုပင်။

ထို့နောက်တွင်တော့ ထိုလူဟာ မတ်တပ်ထရပ်ပြီး သူ့အား ဆွေးမြည့်စွာကြည့်နေပုံက ဧကလေးအား အသက်ရှူမဝတော့သလို ရင်ဘက်ထဲထိ တစ်စို့လာစေသည်။
မြင်ဖူးနေသလိုရင်းနှီးနေသလိုခံစားရပါသော်လည်း ဧကလေးမှတ်ဉာဏ်တွေဟာ အလုပ်မလုပ်။ဘာမှစဉ်းစားတွေးတောမရ။
အထူးသဖြင့် သူရင်းနှီးနေပါသော ပယင်းရောင်မျက်ဝန်းတွေ။

ထိုနောက် သူ့အား တစ်ချက်ကြည့်ပြီး နောက်မလှည့်စတမ်းလှည့်ထွက်သွားသူကြောင့် ဝမ်းနည်းတစ်စို့ကာ ရင်ဘက်ထဲတင်းကျပ်ပြီး မျက်ရည်များ အဆက်မပြတ်ကျလာသည်။
ထွက်မသွားပါနဲ့။ ပြန်လာပေးပါ။မထားခဲ့ပါနဲ့ ဟုအော်ခေါ်လိုက်ချင်သော်လည်း စကားလုံးများဟာ ထွက်ကျမလာ။
အတင်းကြိုးစားပြီး အသံထွက်ဖို့လုပ်သော်လည်း ဘာအသံမှထွက်မလာပဲ မျက်ရည်များကသာတိုးလို့ကျလာသည်။
‌ထိုလူ့နောက်အား အတင်းပြေးလိုက်ချင်ပါသော်လည်း ‌ခန္ဓာကိုယ်တစ်ခုလုံး နည်းနည်းလေးတောင်လှုပ်မရ။
ဧကလေး အတင်းကြိုးစားပြီးအော်ခေါ်လိုက်မိသည်က....

"မောင်.........."

*************

March 8(Tuesday,9:30PM)

"တီ......တီ......တီ......"

အရေးပေါ်VVIPခန်းထဲမှ အချက်ပေးအသံအကျယ်ကြီးကြောင့် Toiletခန်းထဲဝင်ပြီး လက်ဆေးနေပါသော သက္ကရာဇ်တစ်ယောက် မတ်ကနဲဖြစ်သွားရပြီး အပြင်ဘက်ကို အမြန်ပြေးထွက်လိုက်သည်။

တစ်ပြေးထဲဖြစ်သွားသော မျဉ်းအနီရောင်ကြီးကို မြင်လိုက်ရသည့်အခိုက် ခေါင်းတစ်ခုလုံး ဒိန်းကနဲဖြစ်သွားကာ အရေးပေါ် ဆရာဝန်ခေါ်သည့် ခလုတ်အားဖိနှိပ်ကာ အပြင်ဘက်အားပြေးထွက်ပြီး

"Doctor... Doctor....Doctor ..."

အံ့ဩတုန်လှုပ်စွာ အော်ခေါ်လိုက်သည့်အသံအဆုံးတွေ အခန်းထဲသော ဆရာဝန်‌ ရောသူနာပြုများ‌ပါ ပြေးဝင်လာကာ တစ်ခဏအတွင်း ကိုကို့အနားဝိုင်းသွားသည်။
သွေးခုန်နှုန်းစမ်းသူ မျက်လုံးအားစစ်ဆေးသူနှင့်အတူ ဘာတွေပြောနေမှန်း မကြားရအောင်အထိ အလုပ်ရှုပ်သွားပါသော ဆရာဝန်များအားကြည့်ပြီး သက္ကရာဇ်တုတ်တုတ်မျှတောင် မလှုပ်မိ။
လက်သီးအားတင်းတင်းဆုပ်ထားကာ
အံကိုကြိတ်လျှက် မျက်ဝန်းညိုများဟာ မျက်တောင်မခတ် သူတို့လှုပ်ရှားသမျှကိုကြည့်နေမိသည်။

ဆရာဝန်၏ လက်နှစ်ဖက်ဖြင့်နှလုံးခုန်အောင်လုပ်သော်လည်းထူခြားမလာ။

"မဖြစ်တော့ဘူး နှလုံးခုန်နှိုးစက်အသင့်ပြင်..."

"ဟုတ်ကဲ့ဒေါက်တာ..."

"100j...."

"အသင့်ပါဆရာ...."

"1,2,3.....shock ..."

"200j...."

"1,2,3...shock..."

"300j...."

"1,2,3....shock...."

"တွီ...."

ထိုအခါမှ ပုံမှန်ပြန်ဖြစ်သွားပါသော နှလုံးခုန်နှုန်းကြောင့် ဆရာဝန်နှင့်အတူ အားလုံးပဲ သက်ပြင်းကိုစီချလိုက်မိသည်။

"ဟူးးးးးးပုံမှန်ပြန်ဖြစ်သွားပါပြီ...."

ထိုအချိန်ထိ သက္ကရာဇ်မှာ မလှုပ်မယှက်ကြည့်နေမိတုန်းပင်။
ကိုကိုဘေးကင်းသွားပြီဟု ဆရာဝန်ကပြောသော်လည်း သူဘာပြန်ပြောရမှန်းမသိ။
ထိတ်လန့်စိုးရိမ်စိတ်ကြောင့် လူကအကြောင်သားပဲ ကိုကို့ကိုကြည့်နေမိသည်။
ဆရာဝန်များက ဆေးပိုက်ကို ပုံစံတကျပြန်တပ်ပေးပြီးသည်အထိ သက္ကရာဇ်ကြည့်နေမိသည်။

"လန့်သွားမှာပေါ့ မောင်ရင်....ခုလောလောဆယ်တော့ ဘေးကင်းသွားပါပြီ....ကျန်တာကတော့ ဒေါက်တာတို့ အတူတူစောင့်ကြည့်ရဦးမယ်..."

သက္ကရာဇ် ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။

ဆရာဝန်မှာလည်း နားလည်နေသည့်အလား ပုခုံးကို ပုတ်ပြီးအားပေးကာ အခန်းထဲမှ ထွက်သွားသည်။

ဆရာဝန်ထွက်သွားသည့်အခါမှ သက္ကရာဇ် စိတ်ကိုထိန်းချုပ်ပြီး ကိုကို့အနား အသာကပ်သွားလိုက်သည်။
ပိတ်ကျနေသော မျက်တောင်တိုတိုစိပ်စိပ်လေးများအောက်က မျက်ဝန်းပြာလေးများကိုမမြင်ရသည်က တစ်ပတ်တိတိ၊သူ့ကိုအမြဲစနောက်တတ်သည့် စကားသံလေးများကို မကြားရသည်ကလည်း တစ်ပတ်တိတိ ရှိသွားခဲ့ပြီဖြစ်သည်။
ဘယ်နေရာမှစ၍ ဘယ်လိုဖြစ်ခဲ့လည်း ဆရာဝန်တွေလည်းနားမလည်ခဲ့ အဖြေရှာမရခဲ့ပေမယ့် ထိုနေ့ကတည်းက ကိုကိုနိုးမလာတော့သည်ပဲဖြစ်သည်။

*ဒါ သူ့ပေါ့ဆမှုကြောင့်ဖြစ်တာ..အဲ့နေ့ညက သူကိုကို‌အိပ်နေတယ်ဆိုပြီး ဒီတိုင်းပဲအတည်ပြုခဲ့မိတာ သူမှားတာ...မနက်ခင်းရုံးမသွားခင် ဝင်မကြည့်ခဲ့မိတာ သူမှားတာ...
ကိုကိုခုလိုဖြစ်ရတာ သူ့အမှားကြောင့်...*

ရုံးမှာစာရင်းတွေလုပ်နေသည့်အခိုက် ပါးပါး၏ သားကိုကိုကို နှိုးလို့မရတော့ဘူးဆိုသည့် စကားအကြားသူဘယ်လောက်ထိ shockရပြီး အိမ်ကိုဘယ်လိုပြန်ရောက်လာလည်းတောင်မသိခဲ့။
ဒယ်ဒီပြန်မရောက်ခင်အထိ အားတင်းထားပုံရသော ပါးပါးက ဒယ်ဒီမျက်နှာလည်းမြင်ရော ပျော့ခွေကျသွားပြီး သတိလစ်သွားသည်။
တစ်ပတ်လုံးလုံး သားအဖသုံးယောက်လုံး ဘယ်လိုအင်အားနဲ့တောင့်ခံခဲ့ရသလဲဆိုတာ မှန်းဆလို့တောင်မရ။
ကိုကို့မျက်နှာကိုကြည့်ပြီး ငိုငိုနေသော ပါးပါးကိုကြည့်ကာ ဒယ်ဒီမျက်နှာကလည်း ထိန်းမရသိမ်းမရသည်အထိ ညှိုးနွမ်းနေလေသည်။
ဘာကျွေးကျွေးမစားသော ပါးပါးကြောင့် ကိုကိုတစ်ခုခုမဖြစ်ခင် ပါးပါးလဲသွားမှာဆိုးသောကြောင့် ဒယ်ဒီရော သူရော အတင်းချော့မော့ကျွေးခဲ့ရသည်။
ကုမ္ပဏီနှစ်ခုလုံးကို ဒီအတိုင်း ဦးဦးလင်းမိုဆီအပ်ထားခဲ့ကာ နေ့နေ့ညည ဘာဖြစ်မှန်းမသိသည့် ကိုကို့ဘေးနားမှာပဲ အခြေအနေကိုစောင့်ကြည့်နေခဲ့ကြသည်။

အိပ်ပျော်နေသည့်အတိုင်း ငြိမ်ငြိမ်‌သက်သက်လေးရှိနေသော ကိုကိုက တစ်ပတ်လုံးအတွင်း တစ်ခါလေးတောင်နိုးမလာခဲ့ပေ။
ဆေးပညာရှူထောင့်အရ Comaဝင်သွားသည်ဟု ဆုံးဖြတ်ခဲ့သော်လည်း မတော်တဆမှူတစ်ခုလေးတောင်မဖြစ်သည့်ကိုကို၏ အဖြစ်ပျက်အား ဘယ်လိုမှမယုံကြည်နိုင်။
ယခုလည်း ဒယ်ဒီနဲ့ပါးပါးအိမ်ခဏပြန်တုန်း ဖြစ်သွားသည့်ကိစ္စအား သူနားမလည်နိုင်ဖြစ်ရသည်။
ဒီလိုအသက်လုရသည့်အခြေအနေမျိုး ခဏခဏဖြစ်နိုင်လောက်သည်ဟုဆရာဝန်ကပြောသော်လည်း သူလက်မခံနိုင်။

ဘယ်လိုထိခိုက်မှုမျိုးမှ မရှိခဲ့သည့် ကိုကိုက ဘာလို့ ဒီအခန်းလေးထဲက ရှုပ်ယှက်ခတ်နေသည့် ပိုက်တန်းတွေကြားထဲ လဲလျောင်းနေရမှာလဲ။
ဘယ်လိုတောင် ယုတ္တိမရှိမှုကြီးလဲဆိုတာ သက္ကရာဇ် တွေးရင်း ကိုကို့၏ လက်ဖဝါးဖွေးဖွေးလေးအား အသာဆုပ်ကိုင်လိုက်သည်။

"တောင်းပန်ပါတယ်ကိုကို...ကိုယ့်ပေါ့ဆမှုကြောင့်ပါ...ဘယ်တွေဆီများရောက်နေလဲကိုကို...."

သက္ကရာဇ် ခပ်တိုးတိုးပြောနေမိသည်။
စောနကအခြေအနေမျိုးကိုသာ ပါးပါးမြင်သွားပါက ခုချိန်‌အရေးပေါ်ခန်းထဲရောက်နေသည်က ပါးပါးဖြစ်နေလောက်သည်။
သက်ပြင်းကိုအသာကြိတ်ချရင်း ဝေ့ဝဲလာသည့် မျက်ရည်များကို မျက်တောင်ရှည်ကြီးများက အသာခပ်ရင်း သိမ်းလိုက်သည်။

"ဘယ်ပဲရောက်နေနေ အမြန်ဆုံးပြန်လာပေးပါကိုကို..."

************

March 8(Tuesday,9:45PM)

မင်းမဟာဟော်နန်းတစ်ခုလုံးအပ်ကျသံတောင်မကြားရသည်အထိတိတ်ဆိတ်နေသည်က ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရသည့်အထိပင်။
ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပါသော သားဖြစ်သူကိုတစ်ချက် တစ်ပတ်လုံး လေ့ကျင့်ခန်းထဲမှ ထွက်မလာသော ခင်ပွန်းဖြစ်သူရှိရာ အခန်းဘက်ကို တစ်ချက်အသာကြည့်ရင်း စောဒေဝီ သက်ပြင်းကိုကြိတ်ချလိုက်သည်။

ဆရာကိုယ်တိုင်က
"မင်းတားလို့မရဘူး...မင်းလုပ်နိုင်တာမရှိဘူး..ဒါ ငါကိုယ်တိုင် စီစဉ်‌ကူညီပေးခဲ့တာ..."ဟုပြောသော်လည်း တစ်ချက်လက်မခံပဲ သူရအောင်ပြန်ခေါ်မည်ဆိုပြီး နေ့နေ့ညည ကျင့်ကြံနေသူအား ဘယ်သူမျှတားမရ။

တအိအိ‌ငိုနေသော သမီးငယ်လေးအား ချော့မော့ပြီး အခန်းကိုပြန်လွှတ်လိုက်ပြီးနောက် ကုတင်ဘေး ထိုင်နေရာမှ အသာထကာ ဆရာတော်ပေးသွားသည့် ဖယောင်းတိုင်အား သေချာထွန်းလိုက်သည်။

"ဒီဖယောင်းတိုင်ကို ညတိုင်း ‌တစ်ညတစ်တိုင် ထွန်းပေးပါ...သူတို့ဝိဉာဉ်တွေ ဘေးကင်းနေဖို့လိုတယ်...."

ဟုဆိုကာ ပေးသွားပါသော ဖယောင်တိုင်းများ။
စောဒေဝီ ဆရာပြောသည့် သူတို့ဆိုသည့် အဓိပ္ပာယ်အား သိချင်စွာဖြင့် မေးလိုက်သော်လည်း ဆရာဖြေခဲ့သည့်အဖြေအား သူနားမလည်နိုင်ခဲ့။

"ဆရာ သူတို့ဆိုတာ...."

"ကမ္ဘာဘက်ကပဲ ထွန်းပေးထားရင် အဲ့ကလေးရော ဘေးကင်းပါတယ်...တစ်ခုတော့ ဂရုစိုက်ပါ...ဖယောင်းမီးမတည်မငြိမ်ဖြစ်လာတဲ့အခါ တစ်ဖက်က ကလေးမှာ အန္တရာယ်ရှိနေပြီဆိုတာ မှတ်ထားပါ...အဲ့ကလေး တစ်ခုခုဖြစ်သွားရင် ကမ္ဘာလည်း နိုးထမလာတော့ဘူးဆိုတာလည်း သေချာမှတ်ထားပါ..."

"ဟုတ်ကဲ့ပါဆရာ ဒေဝီ သေချာဂရုစိုက်ပါ့မယ်...."
‌စောဒေဝီ ဘယ်အရာတွေ ဘယ်လိုပဲဖြစ်ပါစေ သား တစ်ခုခုဖြစ်လို့မရသောကြောင့်
သူမသေချာဂရုစိုက်ရမည်။
သားလေး ယခုလောက်ထိစွန့်စားကာ ခေါ်ဆောင်သွားသူ၊ သားပြင်ချင်တဲ့အတိတ်တစ်ချို့၊သားကာကွယ်ပေးချင်တဲ့သူ ထိုအရာတွေကို ဘေးကင်းကင်း လုပ်ဆောင်နိုင်ဖို့ သူမ တတ်သလောက် လုပ်နိုင်သလောက် ကာကွယ်ပေးရမည်။သို့ပေမယ့် အတိတ်ကိုပြင်ချင် အမှားတွေကို ပြင်ဆင်ချင်ရုံနှင့် အန္တရာယ်တွင်းထဲ အတူခေါ်သွားပါသော သားလေး၏ လုပ်ရပ်ဟာ ထိုကလေးအတွက်ကျ တရားမျှတပါရဲ့လား...။

ရှမ်းပြည်နယ်၏ အအေးဓာတ်က ညပိုင်းတွေမှာပိုမိုသိသာက အအေးဆတ်လာသည်။
စောဒေဝီ စောင်ကို ကမ္ဘာ၏ ရင်ဘက်ပေါ်အထိအသာ လွှမ်းခြုံပေးရင်း ဆံပင်လေးကို အသာသပ်တင်ပေးလိုက်သည်။
ထူထဲသောမျက်ခုံးတစ်စုံအောက်က စူးရှရှ ပယင်းရောင်မျက်ဝန်းများကို မြင်ယောင်ရင်း ထိုညက အိမ်မက်ကိုသတိရမိသည်။
ထိုအိမ်မက်ထဲမှာလည်း ပယင်းရောင်မျက်ဝန်းတစ်စုံနှင့်လူတစ်ယောက်က တောက်တောက်ပြောင်ပြောင် နန်းဝတ်နန်းစားများနှင့်အတူ လက်တစ်ဖက်တွင် ကြိုးတစ်ခုကို ကိုင်ထားသည်။
ထိုလူက သူ့ကို ဒီမှာနေခွင့်ပေးဖို့ တောင်းဆိုခဲ့တုန်းက နှစ်ခါမစဉ်းစားပဲ သူမခေါင်းညိတ်လက်ခံလိုက်ပြီး တစ်ပတ်အတွင်းမှာပဲ သားလေး၏ ကိုယ်ဝန်ကို လွယ်ခဲ့ရသည်။

လက်ကိုအသာအယာကိုင်မိသည့်အခိုက် တစ်စုံတစ်ခုကို မတွေ့ရသဖြင့် အင်္ကျီကို အသာအပေါ်ဆွဲကြည့်လိုက်သည်။
ရှင်းလင်းနေသော လက်ကောက်ဝတ်လေးမှာ မယ်မယ်အမြဲတစေ ဝတ်ခိုင်းစေသည့် ပယင်းကြိုးလေးဟာ မရှိတော့။

မှတ်မှတ်ရရ သားလေးမွေး‌ပြီးပြီးချင်း မယ်မယ်က ပယင်းလက်ပတ်ကြိုးလေးတစ်ခုကို ပေးခဲ့သည်။
စကားတွေအများကြီးမပြောခဲ့ပဲ သားငယ်လေးကိုပဲ တစ်စိမ့်စိမ့်ကြည့်ကာ
"ကလေးကို ဒီဟာလေးအမြဲဆွဲပေးထား...
ဘယ်သောအခါမှ မကျွတ်စေနဲ့...ဒါ သူ့ရဲ့အဆောင်ပဲ..."
ဟုဆိုကာ ‌ပေးခဲ့သည်။

ထိုအချိန်ကတည်းက သားနှင့်တစ်ပါးထဲ အတူရှိ‌ခဲ့သော ပယင်းကြိုးလေးဟာ ခုချိန်မှာတော့ ပျောက်ခြင်းမလှပျောက်‌သွားခဲ့ပြီလေ။
လိုက်မမှီနိုင်သည့် ထူးခြားဆန်းကျယ်မှုများနှင့်ဒီလောကကြီးမှာ သားလေးနှင့်အဲ့ကလေး အန္တရာယ်ကင်းကင်း ကျော်ဖြတ်လာနိုင်ဖို့ပဲ မျှော်လင့်မိ‌သည်။

သား နိုးလာတဲ့အချိန်ကျရင်တော့
"ငါ့သားလေးက အတ္တကြီးလိုက်တာ..."
ဟုဆိုကာ တစ်ချက်လောက်နာနာလေးရိုက်ပစ်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။

***********

ခေါင်းထဲမှ တစ်ဆစ်ဆစ်ကိုက်ခဲမှုကြောင့် ဧကလေး မျက်မှောင်ကိုကြုံ့ရင်း နားထင်ကို အသာအယာဖိလိုက်သည်။

"သခင်မလေး...သခင်လေးနိုးလာပြီ..."

သက္က၏ ဝမ်းပန်းတသာ အသံအဆုံးမှာ
အနားသို့ ရောက်လာသည့် အစ်မတော်က သူ့လက်ကလေးအား အသာဆုပ်ကိုင်လာသည်။

"သျှင်းလေး သတိရလာပြီလား....ဘယ်နားနေလို့မကောင်းတာလဲဟင် ...ခေါင်းတွေမူးနေတာလား သမားတော်ကို အမြန်သွားခေါ်စမ်းပါ သက္ကရေ..."

"ဟုတ် သခင်မလေး...."

အဆက်မပြတ်ထွက်ပေါ်လာသော အစ်မတော်၏ စိုးရိမ်ပူပန်မှုသံနှင့်အတူ အလျင်အမြန်ထွက်သွားသော သက္ကကြောင့် လက်ရှိအခြေအနေကို ဧကလေး လိုက်မမှီနိုင်ဖြစ်သွားသည်။
ခေါင်း‌တစ်ခုလုံးကိုက်ခဲနေသည်ကလည်း နေရခက်သည် ။
ဧကလေး ကြိုးစားပြီး ထထိုင်ဖို့ရာပြင်လိုက်တော့ အစ်မတော်က ကူ‌ပေးလာသည်။

ညောင်စောင်းပေါ်အသာမှီထိုင်ရင်း ရိပ်တိတ်တိတ်ဖြစ်နေသည့် ခေါင်းအား ကြည်အောင် အသာခဏ မျက်လုံးမှိတ်ထားလိုက်သည်။
သူမှတ်မိသည်က အရှင် အဆောင်တော်ကိုလိုက်ပို့ပေးပြီးနောက် ညပိုင်း အိမ်မက်လိုလို ဘာလိုလို မက်သည့်အကြောင်းအရာအထိ မှတ်မိသည်။
အိပ်မပျော်ခင် အရှင့်အကြောင်းတွေးနေမိသည်ကိုလည်း မှတ်မိသေးသည်။

"အစ်မတော်..."

ဧကလေး လည်ချောင်းထဲမှ ထွက်ပေါ်လာသည့် အသံကခပ်အက်အက်၊လည်ချောင်းတစ်လျှောက်ကျိန်းစပ်နေသည်ကလည်း တစ်မျိုးကြီးပင်။ဒီအသံထွက်လာဖို့ကို သူ မနည်းအားစိုက်လိုက်ရသည်။

"သျှင်းလေး ဘာပြောချင်လို့လဲဟင်...အစ်မတော် ဘာလုပ်ပေးရမလဲ..."
ခတ္တရာ စိုးရိမ်တကြီး မေးလိုက်သည်။
သူမတို့ဘယ်လောက်လန့်သွားရသည်မှတ်နေပါလဲ။
၂ရက်လုံးလုံးသတိပြန်မလည်လာသည့် မောင်ငယ်လေးကြောင့် ကံ့ကော်ဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားရုံမက အရှင်ကိုယ်တိုင် ရောက်လာသောကြောင့် အကုန်လုံး အံ့ဩပြီး ပြာယာခတ်သွားရသည်။

"အဟမ်း!ကျွန်တော် ဘယ်လိုဖြစ်တာလဲ...."

"၂ရက်တိတိရှိပြီ သျှင်းလေး အဖျားကြီးပြီး မေ့မြောနေတာ...ဒီနေ့က ၃ရက်မြောက်နေ့ပဲ...အစ်မတော် အရမ်းစိုးထိတ်သွားတာပဲ...ကလေးလေး နေရတာ သက်သာရဲ့လားဟင်...."

"ဗျာ ၂ရက်တောင်...ဟုတ် သက်သာပါတယ် အစ်မတော်..."
*ဘယ်လိုဖြစ်တာပါလိမ့်...ဘယ်လိုဖြစ်လို့ နှစ်ရက်ကြီးများတောင်...*
ဧကလေးဘယ်လိုမှကို စဉ်းစား၍မရ။သူဘယ်ကဘယ်လိုအဖျားဝင်ပြီး သတိလစ်တဲ့အထိဖြစ်သွားရတာလဲဆိုတာတကယ်ကိုမသိပေ။
ညကြီး စောင်တွေဘာတွေလွတ်လို့အအေးပတ်ရအောင်လည်း သရေခေတ္တရာက ထိုမျှလောက် အအေးဓာတ်မရှိ။
နေသာထိုင်သာရှိလောက်သည့်အအေးဓာတ်မျိုးပဲဖြစ်သည်။

ထိုအခိုက် သမားတော်ရောက်လာသဖြင့် သူ့ကို စစ်ဆေးပေးကာ ဆေးအချို့ကိုလည်းပေးသွားသည်။
ဆေးထိုးခံရမှာကြောက်သည့်သူ့အတွက် ပျူခေတ်မှာ ဆေးထိုးအပ်မရှိသည့်အတွက် အရမ်းတွေအဆင်ပြေသောကြောင့် ရယ်ချင်နေသည့် မျက်နှာကြီးက ထိန်းမရ။
ဒီဘက်ခေတ်ကဆေးဆရာတွေကို ဟိုဘက်ခေတ်ထိသာခေါ်လာလို့ရရင် ဆရာဝန်တွေအကုန်လုံး ငုတ်တုတ်မေ့လောက်သည်။
ကိုယ့်အတွေးကိုယ်သဘောကျစွာ ပြုံးမိသည့်အခိုက် အစ်မတော်ကလည်း သူ့မျက်နှာလေးကြည့်ကာ ပြုံးလာသောကြောင့် ဧကလေးစိတ်ထဲသနားသွားရသည်။

"ကျွန်တော်သက်သာပါတယ် စိတ်မပူနဲ့တော့နော်..."

ခတ္တရာ ဘာမှမပြောနိုင်ပဲ မျက်ရည်တွေဝဲပြီး မောင်ငယ်လေးအား ကြည့်မိသည်။
မောင်ငယ်လေးသာ တစ်ခုခုဖြစ်သွားပါက သူမပါ ဆက်ရှင်သန်နိုင်မည်ဟုမထင်ပေ။
သူမမျက်နှာကြောင့် လိုက်ခဲ့ရသည့်ကလေးက ၂ပတ်အတွင်း မျက်နှာလေးတွေချောင်ကျသွားသလိုပင်ခံစားရသည်။

(#ဧကလေးပျူခေတ်ကို မရောက်ခင်က ခတ္တရာ‌နဲ့သျှင်းငယ်တို့ရောက်နေတာက ၁ပတ် ခု၁ပတ်နဲ့ဆိုတော့ ၂ပတ်ရှိသွားပါပြီနော် ဟီး ရှုပ်ကုန်မှာဆိုးလို့ပါဗျ)

ဧကလေးမျက်ရည်တွေဝဲပြီး ကြည့်နေသော အစ်မတော်ကြောင့် ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိဖြစ်သွားကာ

"ကျွန်တော်တကယ်အဆင်ပြေပါတယ်..."

ခတ္တရာ ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။

တစ်နည်းမရသဖြင့် နောက်တစ်နည်းပြောင်းကာ မျက်နှာလေးကို ငယ်ချလိုက်ကာ
"ကျွန်တော် ဗိုက်ဆာနေပြီ...."

"ဟင်...သျှင်းလေး ဗိုက်ဆာနေပြီလား ....
ဟုတ်ပေသား စားသောက်ဖွယ်ရာတွေ ဒီအခန်းထဲယူခဲ့ကြ...."
ခတ္တရာ အမြန်ပင် ဘေးမှာရပ်နေသည့် အပျိုတော်တွေကိုအမိန့်ပေးလိုက်သည်။

တစ်ခဏအတွင်း ဝင်သူထွက်သူတွေစည်ကားသွား‌သော သူ့အခန်းလေးကိုကြည့်ကာ ဧကလေး သက်ပြင်းကို အသာချလိုက်မိတော့သည်။
အရိပ်တကြည့်ကြည့်ဂရုစိုက်ခံရတာလည်း ကောင်းမလိုလိုနှင့် မကောင်းတာပဲဖြစ်သည်။

CHANGE 🍁
လိုင်းကမရသေးပါဘူးဗျ
ကတိအတိုင်း တစ်ရက်ခြားတစ်ခါပါပဲ
အစစအရာရာဂရုစိုက်ကြပါနော်...

အခန်းတွေက ဖြေးဖြေးချင်း ဖြေရေးနေတာမို့ ပျင်းစရာကောင်းနေလောက်တယ်🥺

သျှင်းဓနနောင် ဆိုတဲ့ ဧကလေးနာမည်က
အစက ကိုယ်စဉ်းစားထားတာက
အခပတိသျှင်နောင်ဆိုပြီး နောက်မှ ပြောင်းပစ်လိုက်တာ...

ရာသီဥတုအကူးအပြောင်းမှာ
အိုက်တယ် ပူတယ်ဆိုပြီး
ရေနေ့တိုင်းမချိူးကြပါနဲ့နော်...
ကျန်းမာရေးဂရုစိုက်ကြပါဗျ....

Zawgyi

ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၁၄)

တိတ္ဆိတ္ၿငိမ္သက္ေသာ ညအေမွာင္ယံတစ္ခုတြင္ ေညာင္ေစာင္းေပၚမွ လူသားေလးတစ္ဦးသည္ အပူပင္ကင္းစြာျဖင့္အိပ္ေမာက်ေနသည္မွာ တစ္ေလာကလုံးအား ဂ႐ုမစိုက္စြာပင္။

ပန္းရနံ႔ေတြေမႊးႀကိဳင္ေနေသာ ေနရာတစ္ခု၊
အေရာင္အေသြးစုံလင္လွသည့္ လိပ္ျပာ‌ေလးမ်ားဟာလည္း ဟိုဟိုဒီဒီ ယွက္ကူးပ်ံသန္းလ်က္၊ေက်းငွက္ေလးမ်ား၏ တက်ီက်ီေအာ္သံႏွင့္အတူ လွပလြန္းေသာ ဥယ်ာဥ္တစ္ခုထဲတြင္ ဧကေလး ေရာက္ေနသည္။
ဘာေၾကာင့္ရယ္မသိေပမယ့္ သူ႔စိတ္ထဲတြင္ ဒီေနရာက ရင္းႏွီးေနသလို ခံစားရသည္။
ပန္းေပါင္းစုံေတြၾကား ဟိုဟိုဒီဒီလိုက္ၾကည့္ရင္း မ်က္ဝန္းျပာေလးမ်ားဟာ တလက္တလက္။
တို႔ထိကိုင္တြယ္ၾကည့္မိသည့္ ပန္းပြင့္ေလးမ်ားႏွင့္အတူ မ်က္ခြံေလးေတြ ပိတ္က်သည္အထိၿပဳံးမိလိုက္သည္။

"ဒီေနရာေလးက ေအးခ်မ္းလိုက္တာ..."

ထို႔အခ်ိန္၌ ေအာက္မွ တစ္စုံတစ္ရာက သူ႔အဝတ္အားဆြဲေနသလို ျဖစ္ေသာေၾကာင့္ ဧကေလးငုံ႔ၾကည့္လိုက္ရာ ခ်စ္စဖြယ္ကေလးငယ္ေလးတစ္ေယာက္။
ပယင္းေရာင္မ်က္ဆံဝိုင္းေလးမ်ားက သူ႔ကိုေငးေမာၾကည့္ေနၿပီး လက္ေလးမ်ားကမ္းကာ သူ႔ကိုခ်ီခိုင္းေနသည္။

ဧကေလး အံ့ဩသြားရသည္။
ေဘးဘီပတ္ဝန္းက်င္အားေဝ့ဝိုက္ၾကည့္ပါေသာ္လည္း လူႏွင့္တူသည့္အရိပ္အေယာင္မွ်ေတာင္မေတြ႕ရ။
သူနဲ႔ကေလးေလးပဲရွိေနသည့္အလားထင္ရကာ ကေလးေလးေရွ႕ ဒူးတစ္ဖက္ေထာက္ထိုင္ခ်လိုက္သည္။

*ဒီကေလးေလးက ဘယ္ကဘယ္လိုေရာက္လာတာလဲ...
ဒီေနရာကေရာ ဘယ္ေနရာႀကီးလဲ..
ငါကေရာ ဘာလို႔ဒီေရာက္ေနတာလဲ....*
လဲေပါင္းမ်ားစြာေသာ ေမးခြန္းမ်ားဟာ ေခါင္းထဲသို႔ အလုအယက္ဝင္လာၿပီး ကေလးငယ္ေလးကို ေသခ်ာစိုက္ၾကည့္ေနမိသည္။

ပယင္းေရာင္မ်က္ဝန္းမ်ားက မ်က္ေတာင္တစ္ခ်က္မခတ္ တစ္ခါလႊဲဖယ္မသြားပဲ သူ႔ကိုတည့္တည့္စိုက္ၾကည့္ေနကာ လက္ေလးကမ္းေပးထားသည္ကလည္း ေနၿမဲအတိုင္းပင္။

"ကေလးေလး...ဒီေနရာကို ဘယ္လိုေရာက္လာတာလဲဟင္...
ကေလး မိဘေတြေရာ....လမ္းမွားလာတာလား...."

ဧကေလး၏ အေမးစကားမ်ားအား အေျဖတစ္ခုမရပဲ ပယင္းေရာင္မ်က္ဝန္းမ်ားက သူ႔ကိုပဲ စိုက္ၾကည့္ေနသည္။ကေလးေလးအား သနားၿပီးခ်ီဖို႔ရာလုပ္လိုက္သည့္အခ်ိန္တြင္ ကေလးေလးလည္ပင္းမွ လက္ကနဲ ျမင္လိုက္ရသည့္ အရာတစ္ခုအား ‌သူေသခ်ာၾကည့္မိလိုက္သည္။
ပယင္းလည္ဆြဲတစ္ခု၏ အလယ္က ပယင္းေက်ာက္ေလးရဲ႕အထဲတြင္ အေကာင္ေလးတစ္ေကာင္၏အ႐ိုးစုေလးရွိေနကာ တလက္လက္ေတာက္ေန‌ပုံက သူ႔လက္ႏွင့္ထိလိုက္သည့္အခ်ိန္တြင္ ပိုေတာက္ပလာသလိုပင္။

ထိုပယင္းေက်ာက္လည္ဆြဲေလးအား ဧကေလးသေဘာတက် လက္ေလးႏွင့္ကိုင္ၾကည့္ေနမိသည့္အခိုက္ ႐ုတ္ခ်ည္းဆိုသလို ေျပာင္းလဲသြားသည္က သူ႔ေရွ႕က ကေလးေလးမွာ သူ႔ႏွင့္႐ြယ္တူ ေကာင္ေလးတစ္ေယာက္ျဖစ္သြားသည္။

"ဟင္..."
ဧကေလး တအံ့တဩ မ်က္လုံးျပဴးၿပီးၾကည့္ေနမိသည္။
သူ႔ေရွ႕ကထိုေျပာင္းလဲသြားသည့္လူက ကုတ္အက်ႌရွည္တစ္ခုကိုဝတ္ထားကာ ပယင္းေရာင္မ်က္ဝန္းမ်ားက တည္ၿငိမ္စြာ သူ႔ကိုၾကည့္ေနသည္။
ထိုလူက သူ႔လည္ပင္းမွဆြဲထားသည့္ ပယင္းလည္ဆြဲအားျဖဳတ္ကာ ဧကေလး၏ လက္တစ္ဖက္ကို ဆြဲယူၿပီး အသာအယာခ်ည္ေပးလာသည္။
မ႐ုန္းဖယ္မိ မတြန္းလွန္မိပဲ ထိုလူလုပ္သမွ်
ဧကေလး ေၾကာင္‌ၾကည့္ေနမိသည္က အ႐ိုးအေက်ာမ်ား ဆိုင္းငံ့ခံထားရသလိုပင္။

ထို႔ေနာက္တြင္ေတာ့ ထိုလူဟာ မတ္တပ္ထရပ္ၿပီး သူ႔အား ေဆြးျမည့္စြာၾကည့္ေနပုံက ဧကေလးအား အသက္ရႉမဝေတာ့သလို ရင္ဘက္ထဲထိ တစ္စို႔လာေစသည္။
ျမင္ဖူးေနသလိုရင္းႏွီးေနသလိုခံစားရပါေသာ္လည္း ဧကေလးမွတ္ဉာဏ္ေတြဟာ အလုပ္မလုပ္။ဘာမွစဥ္းစားေတြးေတာမရ။
အထူးသျဖင့္ သူရင္းႏွီးေနပါေသာ ပယင္းေရာင္မ်က္ဝန္းေတြ။

ထိုေနာက္ သူ႔အား တစ္ခ်က္ၾကည့္ၿပီး ေနာက္မလွည့္စတမ္းလွည့္ထြက္သြားသူေၾကာင့္ ဝမ္းနည္းတစ္စို႔ကာ ရင္ဘက္ထဲတင္းက်ပ္ၿပီး မ်က္ရည္မ်ား အဆက္မျပတ္က်လာသည္။
ထြက္မသြားပါနဲ႔။ ျပန္လာေပးပါ။မထားခဲ့ပါနဲ႔ ဟုေအာ္ေခၚလိုက္ခ်င္ေသာ္လည္း စကားလုံးမ်ားဟာ ထြက္က်မလာ။
အတင္းႀကိဳးစားၿပီး အသံထြက္ဖို႔လုပ္ေသာ္လည္း ဘာအသံမွထြက္မလာပဲ မ်က္ရည္မ်ားကသာတိုးလို႔က်လာသည္။
‌ထိုလူ႔ေနာက္အား အတင္းေျပးလိုက္ခ်င္ပါေသာ္လည္း ‌ခႏၶာကိုယ္တစ္ခုလုံး နည္းနည္းေလးေတာင္လႈပ္မရ။
ဧကေလး အတင္းႀကိဳးစားၿပီးေအာ္ေခၚလိုက္မိသည္က....

"ေမာင္.........."

*************

March 8(Tuesday,9:30PM)

"တီ......တီ......တီ......"

အေရးေပၚVVIPခန္းထဲမွ အခ်က္ေပးအသံအက်ယ္ႀကီးေၾကာင့္ Toiletခန္းထဲဝင္ၿပီး လက္ေဆးေနပါေသာ သကၠရာဇ္တစ္ေယာက္ မတ္ကနဲျဖစ္သြားရၿပီး အျပင္ဘက္ကို အျမန္ေျပးထြက္လိုက္သည္။

တစ္ေျပးထဲျဖစ္သြားေသာ မ်ဥ္းအနီေရာင္ႀကီးကို ျမင္လိုက္ရသည့္အခိုက္ ေခါင္းတစ္ခုလုံး ဒိန္းကနဲျဖစ္သြားကာ အေရးေပၚ ဆရာဝန္ေခၚသည့္ ခလုတ္အားဖိႏွိပ္ကာ အျပင္ဘက္အားေျပးထြက္ၿပီး

"Doctor... Doctor....Doctor ..."

အံ့ဩတုန္လႈပ္စြာ ေအာ္ေခၚလိုက္သည့္အသံအဆုံးေတြ အခန္းထဲေသာ ဆရာဝန္‌ ေရာသူနာျပဳမ်ား‌ပါ ေျပးဝင္လာကာ တစ္ခဏအတြင္း ကိုကို႔အနားဝိုင္းသြားသည္။
ေသြးခုန္ႏႈန္းစမ္းသူ မ်က္လုံးအားစစ္ေဆးသူႏွင့္အတူ ဘာေတြေျပာေနမွန္း မၾကားရေအာင္အထိ အလုပ္ရႈပ္သြားပါေသာ ဆရာဝန္မ်ားအားၾကည့္ၿပီး သကၠရာဇ္တုတ္တုတ္မွ်ေတာင္ မလႈပ္မိ။
လက္သီးအားတင္းတင္းဆုပ္ထားကာ
အံကိုႀကိတ္လွ်က္ မ်က္ဝန္းညိဳမ်ားဟာ မ်က္ေတာင္မခတ္ သူတို႔လႈပ္ရွားသမွ်ကိုၾကည့္ေနမိသည္။

ဆရာဝန္၏ လက္ႏွစ္ဖက္ျဖင့္ႏွလုံးခုန္ေအာင္လုပ္ေသာ္လည္းထူျခားမလာ။

"မျဖစ္ေတာ့ဘူး ႏွလုံးခုန္ႏႈိးစက္အသင့္ျပင္..."

"ဟုတ္ကဲ့ေဒါက္တာ..."

"100j...."

"အသင့္ပါဆရာ...."

"1,2,3.....shock ..."

"200j...."

"1,2,3...shock..."

"300j...."

"1,2,3....shock...."

"တြီ...."

ထိုအခါမွ ပုံမွန္ျပန္ျဖစ္သြားပါေသာ ႏွလုံးခုန္ႏႈန္းေၾကာင့္ ဆရာဝန္ႏွင့္အတူ အားလုံးပဲ သက္ျပင္းကိုစီခ်လိုက္မိသည္။

"ဟူးးးးးးပုံမွန္ျပန္ျဖစ္သြားပါၿပီ...."

ထိုအခ်ိန္ထိ သကၠရာဇ္မွာ မလႈပ္မယွက္ၾကည့္ေနမိတုန္းပင္။
ကိုကိုေဘးကင္းသြားၿပီဟု ဆရာဝန္ကေျပာေသာ္လည္း သူဘာျပန္ေျပာရမွန္းမသိ။
ထိတ္လန႔္စိုးရိမ္စိတ္ေၾကာင့္ လူကအေၾကာင္သားပဲ ကိုကို႔ကိုၾကည့္ေနမိသည္။
ဆရာဝန္မ်ားက ေဆးပိုက္ကို ပုံစံတက်ျပန္တပ္ေပးၿပီးသည္အထိ သကၠရာဇ္ၾကည့္ေနမိသည္။

"လန႔္သြားမွာေပါ့ ေမာင္ရင္....ခုေလာေလာဆယ္ေတာ့ ေဘးကင္းသြားပါၿပီ....က်န္တာကေတာ့ ေဒါက္တာတို႔ အတူတူေစာင့္ၾကည့္ရဦးမယ္..."

သကၠရာဇ္ ေခါင္းကိုအသာၿငိမ့္ျပလိုက္သည္။

ဆရာဝန္မွာလည္း နားလည္ေနသည့္အလား ပုခုံးကို ပုတ္ၿပီးအားေပးကာ အခန္းထဲမွ ထြက္သြားသည္။

ဆရာဝန္ထြက္သြားသည့္အခါမွ သကၠရာဇ္ စိတ္ကိုထိန္းခ်ဳပ္ၿပီး ကိုကို႔အနား အသာကပ္သြားလိုက္သည္။
ပိတ္က်ေနေသာ မ်က္ေတာင္တိုတိုစိပ္စိပ္ေလးမ်ားေအာက္က မ်က္ဝန္းျပာေလးမ်ားကိုမျမင္ရသည္က တစ္ပတ္တိတိ၊သူ႔ကိုအၿမဲစေနာက္တတ္သည့္ စကားသံေလးမ်ားကို မၾကားရသည္ကလည္း တစ္ပတ္တိတိ ရွိသြားခဲ့ၿပီျဖစ္သည္။
ဘယ္ေနရာမွစ၍ ဘယ္လိုျဖစ္ခဲ့လည္း ဆရာဝန္ေတြလည္းနားမလည္ခဲ့ အေျဖရွာမရခဲ့ေပမယ့္ ထိုေန႔ကတည္းက ကိုကိုႏိုးမလာေတာ့သည္ပဲျဖစ္သည္။

*ဒါ သူ႔ေပါ့ဆမႈေၾကာင့္ျဖစ္တာ..အဲ့ေန႔ညက သူကိုကို‌အိပ္ေနတယ္ဆိုၿပီး ဒီတိုင္းပဲအတည္ျပဳခဲ့မိတာ သူမွားတာ...မနက္ခင္း႐ုံးမသြားခင္ ဝင္မၾကည့္ခဲ့မိတာ သူမွားတာ...
ကိုကိုခုလိုျဖစ္ရတာ သူ႔အမွားေၾကာင့္...*

႐ုံးမွာစာရင္းေတြလုပ္ေနသည့္အခိုက္ ပါးပါး၏ သားကိုကိုကို ႏႈိးလို႔မရေတာ့ဘူးဆိုသည့္ စကားအၾကားသူဘယ္ေလာက္ထိ shockရၿပီး အိမ္ကိုဘယ္လိုျပန္ေရာက္လာလည္းေတာင္မသိခဲ့။
ဒယ္ဒီျပန္မေရာက္ခင္အထိ အားတင္းထားပုံရေသာ ပါးပါးက ဒယ္ဒီမ်က္ႏွာလည္းျမင္ေရာ ေပ်ာ့ေခြက်သြားၿပီး သတိလစ္သြားသည္။
တစ္ပတ္လုံးလုံး သားအဖသုံးေယာက္လုံး ဘယ္လိုအင္အားနဲ႔ေတာင့္ခံခဲ့ရသလဲဆိုတာ မွန္းဆလို႔ေတာင္မရ။
ကိုကို႔မ်က္ႏွာကိုၾကည့္ၿပီး ငိုငိုေနေသာ ပါးပါးကိုၾကည့္ကာ ဒယ္ဒီမ်က္ႏွာကလည္း ထိန္းမရသိမ္းမရသည္အထိ ညႇိဳးႏြမ္းေနေလသည္။
ဘာေကြၽးေကြၽးမစားေသာ ပါးပါးေၾကာင့္ ကိုကိုတစ္ခုခုမျဖစ္ခင္ ပါးပါးလဲသြားမွာဆိုးေသာေၾကာင့္ ဒယ္ဒီေရာ သူေရာ အတင္းေခ်ာ့ေမာ့ေကြၽးခဲ့ရသည္။
ကုမၸဏီႏွစ္ခုလုံးကို ဒီအတိုင္း ဦးဦးလင္းမိုဆီအပ္ထားခဲ့ကာ ေန႔ေန႔ညည ဘာျဖစ္မွန္းမသိသည့္ ကိုကို႔ေဘးနားမွာပဲ အေျခအေနကိုေစာင့္ၾကည့္ေနခဲ့ၾကသည္။

အိပ္ေပ်ာ္ေနသည့္အတိုင္း ၿငိမ္ၿငိမ္‌သက္သက္ေလးရွိေနေသာ ကိုကိုက တစ္ပတ္လုံးအတြင္း တစ္ခါေလးေတာင္ႏိုးမလာခဲ့ေပ။
ေဆးပညာရႉေထာင့္အရ Comaဝင္သြားသည္ဟု ဆုံးျဖတ္ခဲ့ေသာ္လည္း မေတာ္တဆမႉတစ္ခုေလးေတာင္မျဖစ္သည့္ကိုကို၏ အျဖစ္ပ်က္အား ဘယ္လိုမွမယုံၾကည္ႏိုင္။
ယခုလည္း ဒယ္ဒီနဲ႔ပါးပါးအိမ္ခဏျပန္တုန္း ျဖစ္သြားသည့္ကိစၥအား သူနားမလည္ႏိုင္ျဖစ္ရသည္။
ဒီလိုအသက္လုရသည့္အေျခအေနမ်ိဳး ခဏခဏျဖစ္ႏိုင္ေလာက္သည္ဟုဆရာဝန္ကေျပာေသာ္လည္း သူလက္မခံႏိုင္။

ဘယ္လိုထိခိုက္မႈမ်ိဳးမွ မရွိခဲ့သည့္ ကိုကိုက ဘာလို႔ ဒီအခန္းေလးထဲက ရႈပ္ယွက္ခတ္ေနသည့္ ပိုက္တန္းေတြၾကားထဲ လဲေလ်ာင္းေနရမွာလဲ။
ဘယ္လိုေတာင္ ယုတၱိမရွိမႈႀကီးလဲဆိုတာ သကၠရာဇ္ ေတြးရင္း ကိုကို႔၏ လက္ဖဝါးေဖြးေဖြးေလးအား အသာဆုပ္ကိုင္လိုက္သည္။

"ေတာင္းပန္ပါတယ္ကိုကို...ကိုယ့္ေပါ့ဆမႈေၾကာင့္ပါ...ဘယ္ေတြဆီမ်ားေရာက္ေနလဲကိုကို...."

သကၠရာဇ္ ခပ္တိုးတိုးေျပာေနမိသည္။
ေစာနကအေျခအေနမ်ိဳးကိုသာ ပါးပါးျမင္သြားပါက ခုခ်ိန္‌အေရးေပၚခန္းထဲေရာက္ေနသည္က ပါးပါးျဖစ္ေနေလာက္သည္။
သက္ျပင္းကိုအသာႀကိတ္ခ်ရင္း ေဝ့ဝဲလာသည့္ မ်က္ရည္မ်ားကို မ်က္ေတာင္ရွည္ႀကီးမ်ားက အသာခပ္ရင္း သိမ္းလိုက္သည္။

"ဘယ္ပဲေရာက္ေနေန အျမန္ဆုံးျပန္လာေပးပါကိုကို..."

************

March 8(Tuesday,9:45PM)

မင္းမဟာေဟာ္နန္းတစ္ခုလုံးအပ္က်သံေတာင္မၾကားရသည္အထိတိတ္ဆိတ္ေနသည္က ကိုယ့္ႏွလုံးခုန္သံကို ကိုယ္ျပန္ၾကားေနရသည့္အထိပင္။
ကုတင္ေပၚတြင္ ၿငိမ္သက္စြာ လဲေလ်ာင္းေနပါေသာ သားျဖစ္သူကိုတစ္ခ်က္ တစ္ပတ္လုံး ေလ့က်င့္ခန္းထဲမွ ထြက္မလာေသာ ခင္ပြန္းျဖစ္သူရွိရာ အခန္းဘက္ကို တစ္ခ်က္အသာၾကည့္ရင္း ေစာေဒဝီ သက္ျပင္းကိုႀကိတ္ခ်လိုက္သည္။

ဆရာကိုယ္တိုင္က
"မင္းတားလို႔မရဘူး...မင္းလုပ္ႏိုင္တာမရွိဘူး..ဒါ ငါကိုယ္တိုင္ စီစဥ္‌ကူညီေပးခဲ့တာ..."ဟုေျပာေသာ္လည္း တစ္ခ်က္လက္မခံပဲ သူရေအာင္ျပန္ေခၚမည္ဆိုၿပီး ေန႔ေန႔ညည က်င့္ႀကံေနသူအား ဘယ္သူမွ်တားမရ။

တအိအိ‌ငိုေနေသာ သမီးငယ္ေလးအား ေခ်ာ့ေမာ့ၿပီး အခန္းကိုျပန္လႊတ္လိုက္ၿပီးေနာက္ ကုတင္ေဘး ထိုင္ေနရာမွ အသာထကာ ဆရာေတာ္ေပးသြားသည့္ ဖေယာင္းတိုင္အား ေသခ်ာထြန္းလိုက္သည္။

"ဒီဖေယာင္းတိုင္ကို ညတိုင္း ‌တစ္ညတစ္တိုင္ ထြန္းေပးပါ...သူတို႔ဝိဉာဥ္ေတြ ေဘးကင္းေနဖို႔လိုတယ္...."

ဟုဆိုကာ ေပးသြားပါေသာ ဖေယာင္တိုင္းမ်ား။
ေစာေဒဝီ ဆရာေျပာသည့္ သူတို႔ဆိုသည့္ အဓိပၸာယ္အား သိခ်င္စြာျဖင့္ ေမးလိုက္ေသာ္လည္း ဆရာေျဖခဲ့သည့္အေျဖအား သူနားမလည္ႏိုင္ခဲ့။

"ဆရာ သူတို႔ဆိုတာ...."

"ကမာၻဘက္ကပဲ ထြန္းေပးထားရင္ အဲ့ကေလးေရာ ေဘးကင္းပါတယ္...တစ္ခုေတာ့ ဂ႐ုစိုက္ပါ...ဖေယာင္းမီးမတည္မၿငိမ္ျဖစ္လာတဲ့အခါ တစ္ဖက္က ကေလးမွာ အႏၲရာယ္ရွိေနၿပီဆိုတာ မွတ္ထားပါ...အဲ့ကေလး တစ္ခုခုျဖစ္သြားရင္ ကမာၻလည္း ႏိုးထမလာေတာ့ဘူးဆိုတာလည္း ေသခ်ာမွတ္ထားပါ..."

"ဟုတ္ကဲ့ပါဆရာ ေဒဝီ ေသခ်ာဂ႐ုစိုက္ပါ့မယ္...."
‌ေစာေဒဝီ ဘယ္အရာေတြ ဘယ္လိုပဲျဖစ္ပါေစ သား တစ္ခုခုျဖစ္လို႔မရေသာေၾကာင့္
သူမေသခ်ာဂ႐ုစိုက္ရမည္။
သားေလး ယခုေလာက္ထိစြန႔္စားကာ ေခၚေဆာင္သြားသူ၊ သားျပင္ခ်င္တဲ့အတိတ္တစ္ခ်ိဳ႕၊သားကာကြယ္ေပးခ်င္တဲ့သူ ထိုအရာေတြကို ေဘးကင္းကင္း လုပ္ေဆာင္ႏိုင္ဖို႔ သူမ တတ္သေလာက္ လုပ္ႏိုင္သေလာက္ ကာကြယ္ေပးရမည္။သို႔ေပမယ့္ အတိတ္ကိုျပင္ခ်င္ အမွားေတြကို ျပင္ဆင္ခ်င္႐ုံႏွင့္ အႏၲရာယ္တြင္းထဲ အတူေခၚသြားပါေသာ သားေလး၏ လုပ္ရပ္ဟာ ထိုကေလးအတြက္က် တရားမွ်တပါရဲ႕လား...။

ရွမ္းျပည္နယ္၏ အေအးဓာတ္က ညပိုင္းေတြမွာပိုမိုသိသာက အေအးဆတ္လာသည္။
ေစာေဒဝီ ေစာင္ကို ကမာၻ၏ ရင္ဘက္ေပၚအထိအသာ လႊမ္းၿခဳံေပးရင္း ဆံပင္ေလးကို အသာသပ္တင္ေပးလိုက္သည္။
ထူထဲေသာမ်က္ခုံးတစ္စုံေအာက္က စူးရွရွ ပယင္းေရာင္မ်က္ဝန္းမ်ားကို ျမင္ေယာင္ရင္း ထိုညက အိမ္မက္ကိုသတိရမိသည္။
ထိုအိမ္မက္ထဲမွာလည္း ပယင္းေရာင္မ်က္ဝန္းတစ္စုံႏွင့္လူတစ္ေယာက္က ေတာက္ေတာက္ေျပာင္ေျပာင္ နန္းဝတ္နန္းစားမ်ားႏွင့္အတူ လက္တစ္ဖက္တြင္ ႀကိဳးတစ္ခုကို ကိုင္ထားသည္။
ထိုလူက သူ႔ကို ဒီမွာေနခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တုန္းက ႏွစ္ခါမစဥ္းစားပဲ သူမေခါင္းညိတ္လက္ခံလိုက္ၿပီး တစ္ပတ္အတြင္းမွာပဲ သားေလး၏ ကိုယ္ဝန္ကို လြယ္ခဲ့ရသည္။

လက္ကိုအသာအယာကိုင္မိသည့္အခိုက္ တစ္စုံတစ္ခုကို မေတြ႕ရသျဖင့္ အက်ႌကို အသာအေပၚဆြဲၾကည့္လိုက္သည္။
ရွင္းလင္းေနေသာ လက္ေကာက္ဝတ္ေလးမွာ မယ္မယ္အၿမဲတေစ ဝတ္ခိုင္းေစသည့္ ပယင္းႀကိဳးေလးဟာ မရွိေတာ့။

မွတ္မွတ္ရရ သားေလးေမြး‌ၿပီးၿပီးခ်င္း မယ္မယ္က ပယင္းလက္ပတ္ႀကိဳးေလးတစ္ခုကို ေပးခဲ့သည္။
စကားေတြအမ်ားႀကီးမေျပာခဲ့ပဲ သားငယ္ေလးကိုပဲ တစ္စိမ့္စိမ့္ၾကည့္ကာ
"ကေလးကို ဒီဟာေလးအၿမဲဆြဲေပးထား...
ဘယ္ေသာအခါမွ မကြၽတ္ေစနဲ႔...ဒါ သူ႔ရဲ႕အေဆာင္ပဲ..."
ဟုဆိုကာ ‌ေပးခဲ့သည္။

ထိုအခ်ိန္ကတည္းက သားႏွင့္တစ္ပါးထဲ အတူရွိ‌ခဲ့ေသာ ပယင္းႀကိဳးေလးဟာ ခုခ်ိန္မွာေတာ့ ေပ်ာက္ျခင္းမလွေပ်ာက္‌သြားခဲ့ၿပီေလ။
လိုက္မမွီႏိုင္သည့္ ထူးျခားဆန္းက်ယ္မႈမ်ားႏွင့္ဒီေလာကႀကီးမွာ သားေလးႏွင့္အဲ့ကေလး အႏၲရာယ္ကင္းကင္း ေက်ာ္ျဖတ္လာႏိုင္ဖို႔ပဲ ေမွ်ာ္လင့္မိ‌သည္။

သား ႏိုးလာတဲ့အခ်ိန္က်ရင္ေတာ့
"ငါ့သားေလးက အတၱႀကီးလိုက္တာ..."
ဟုဆိုကာ တစ္ခ်က္ေလာက္နာနာေလး႐ိုက္ပစ္ဦးမည္ဟု ဆုံးျဖတ္လိုက္သည္။

***********

ေခါင္းထဲမွ တစ္ဆစ္ဆစ္ကိုက္ခဲမႈေၾကာင့္ ဧကေလး မ်က္ေမွာင္ကိုႀကဳံ႕ရင္း နားထင္ကို အသာအယာဖိလိုက္သည္။

"သခင္မေလး...သခင္ေလးႏိုးလာၿပီ..."

သကၠ၏ ဝမ္းပန္းတသာ အသံအဆုံးမွာ
အနားသို႔ ေရာက္လာသည့္ အစ္မေတာ္က သူ႔လက္ကေလးအား အသာဆုပ္ကိုင္လာသည္။

"သွ်င္းေလး သတိရလာၿပီလား....ဘယ္နားေနလို႔မေကာင္းတာလဲဟင္ ...ေခါင္းေတြမူးေနတာလား သမားေတာ္ကို အျမန္သြားေခၚစမ္းပါ သကၠေရ..."

"ဟုတ္ သခင္မေလး...."

အဆက္မျပတ္ထြက္ေပၚလာေသာ အစ္မေတာ္၏ စိုးရိမ္ပူပန္မႈသံႏွင့္အတူ အလ်င္အျမန္ထြက္သြားေသာ သကၠေၾကာင့္ လက္ရွိအေျခအေနကို ဧကေလး လိုက္မမွီႏိုင္ျဖစ္သြားသည္။
ေခါင္း‌တစ္ခုလုံးကိုက္ခဲေနသည္ကလည္း ေနရခက္သည္ ။
ဧကေလး ႀကိဳးစားၿပီး ထထိုင္ဖို႔ရာျပင္လိုက္ေတာ့ အစ္မေတာ္က ကူ‌ေပးလာသည္။

ေညာင္ေစာင္းေပၚအသာမွီထိုင္ရင္း ရိပ္တိတ္တိတ္ျဖစ္ေနသည့္ ေခါင္းအား ၾကည္ေအာင္ အသာခဏ မ်က္လုံးမွိတ္ထားလိုက္သည္။
သူမွတ္မိသည္က အရွင္ အေဆာင္ေတာ္ကိုလိုက္ပို႔ေပးၿပီးေနာက္ ညပိုင္း အိမ္မက္လိုလို ဘာလိုလို မက္သည့္အေၾကာင္းအရာအထိ မွတ္မိသည္။
အိပ္မေပ်ာ္ခင္ အရွင့္အေၾကာင္းေတြးေနမိသည္ကိုလည္း မွတ္မိေသးသည္။

"အစ္မေတာ္..."

ဧကေလး လည္ေခ်ာင္းထဲမွ ထြက္ေပၚလာသည့္ အသံကခပ္အက္အက္၊လည္ေခ်ာင္းတစ္ေလွ်ာက္က်ိန္းစပ္ေနသည္ကလည္း တစ္မ်ိဳးႀကီးပင္။ဒီအသံထြက္လာဖို႔ကို သူ မနည္းအားစိုက္လိုက္ရသည္။

"သွ်င္းေလး ဘာေျပာခ်င္လို႔လဲဟင္...အစ္မေတာ္ ဘာလုပ္ေပးရမလဲ..."
ခတၱရာ စိုးရိမ္တႀကီး ေမးလိုက္သည္။
သူမတို႔ဘယ္ေလာက္လန႔္သြားရသည္မွတ္ေနပါလဲ။
၂ရက္လုံးလုံးသတိျပန္မလည္လာသည့္ ေမာင္ငယ္ေလးေၾကာင့္ ကံ့ေကာ္ေဆာင္တစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြား႐ုံမက အရွင္ကိုယ္တိုင္ ေရာက္လာေသာေၾကာင့္ အကုန္လုံး အံ့ဩၿပီး ျပာယာခတ္သြားရသည္။

"အဟမ္း!ကြၽန္ေတာ္ ဘယ္လိုျဖစ္တာလဲ...."

"၂ရက္တိတိရွိၿပီ သွ်င္းေလး အဖ်ားႀကီးၿပီး ေမ့ေျမာေနတာ...ဒီေန႔က ၃ရက္ေျမာက္ေန႔ပဲ...အစ္မေတာ္ အရမ္းစိုးထိတ္သြားတာပဲ...ကေလးေလး ေနရတာ သက္သာရဲ႕လားဟင္...."

"ဗ်ာ ၂ရက္ေတာင္...ဟုတ္ သက္သာပါတယ္ အစ္မေတာ္..."
*ဘယ္လိုျဖစ္တာပါလိမ့္...ဘယ္လိုျဖစ္လို႔ ႏွစ္ရက္ႀကီးမ်ားေတာင္...*
ဧကေလးဘယ္လိုမွကို စဥ္းစား၍မရ။သူဘယ္ကဘယ္လိုအဖ်ားဝင္ၿပီး သတိလစ္တဲ့အထိျဖစ္သြားရတာလဲဆိုတာတကယ္ကိုမသိေပ။
ညႀကီး ေစာင္ေတြဘာေတြလြတ္လို႔အေအးပတ္ရေအာင္လည္း သေရေခတၱရာက ထိုမွ်ေလာက္ အေအးဓာတ္မရွိ။
ေနသာထိုင္သာရွိေလာက္သည့္အေအးဓာတ္မ်ိဳးပဲျဖစ္သည္။

ထိုအခိုက္ သမားေတာ္ေရာက္လာသျဖင့္ သူ႔ကို စစ္ေဆးေပးကာ ေဆးအခ်ိဳ႕ကိုလည္းေပးသြားသည္။
ေဆးထိုးခံရမွာေၾကာက္သည့္သူ႔အတြက္ ပ်ဴေခတ္မွာ ေဆးထိုးအပ္မရွိသည့္အတြက္ အရမ္းေတြအဆင္ေျပေသာေၾကာင့္ ရယ္ခ်င္ေနသည့္ မ်က္ႏွာႀကီးက ထိန္းမရ။
ဒီဘက္ေခတ္ကေဆးဆရာေတြကို ဟိုဘက္ေခတ္ထိသာေခၚလာလို႔ရရင္ ဆရာဝန္ေတြအကုန္လုံး ငုတ္တုတ္ေမ့ေလာက္သည္။
ကိုယ့္အေတြးကိုယ္သေဘာက်စြာ ၿပဳံးမိသည့္အခိုက္ အစ္မေတာ္ကလည္း သူ႔မ်က္ႏွာေလးၾကည့္ကာ ၿပဳံးလာေသာေၾကာင့္ ဧကေလးစိတ္ထဲသနားသြားရသည္။

"ကြၽန္ေတာ္သက္သာပါတယ္ စိတ္မပူနဲ႔ေတာ့ေနာ္..."

ခတၱရာ ဘာမွမေျပာႏိုင္ပဲ မ်က္ရည္ေတြဝဲၿပီး ေမာင္ငယ္ေလးအား ၾကည့္မိသည္။
ေမာင္ငယ္ေလးသာ တစ္ခုခုျဖစ္သြားပါက သူမပါ ဆက္ရွင္သန္ႏိုင္မည္ဟုမထင္ေပ။
သူမမ်က္ႏွာေၾကာင့္ လိုက္ခဲ့ရသည့္ကေလးက ၂ပတ္အတြင္း မ်က္ႏွာေလးေတြေခ်ာင္က်သြားသလိုပင္ခံစားရသည္။

(#ဧကေလးပ်ဴေခတ္ကို မေရာက္ခင္က ခတၱရာ‌နဲ႔သွ်င္းငယ္တို႔ေရာက္ေနတာက ၁ပတ္ ခု၁ပတ္နဲ႔ဆိုေတာ့ ၂ပတ္ရွိသြားပါၿပီေနာ္ ဟီး ရႈပ္ကုန္မွာဆိုးလို႔ပါဗ်)

ဧကေလးမ်က္ရည္ေတြဝဲၿပီး ၾကည့္ေနေသာ အစ္မေတာ္ေၾကာင့္ ဘယ္လိုႏွစ္သိမ့္ေပးရမွန္းမသိျဖစ္သြားကာ

"ကြၽန္ေတာ္တကယ္အဆင္ေျပပါတယ္..."

ခတၱရာ ေခါင္းကိုအသာၿငိမ့္ျပလိုက္သည္။

တစ္နည္းမရသျဖင့္ ေနာက္တစ္နည္းေျပာင္းကာ မ်က္ႏွာေလးကို ငယ္ခ်လိုက္ကာ
"ကြၽန္ေတာ္ ဗိုက္ဆာေနၿပီ...."

"ဟင္...သွ်င္းေလး ဗိုက္ဆာေနၿပီလား ....
ဟုတ္ေပသား စားေသာက္ဖြယ္ရာေတြ ဒီအခန္းထဲယူခဲ့ၾက...."
ခတၱရာ အျမန္ပင္ ေဘးမွာရပ္ေနသည့္ အပ်ိဳေတာ္ေတြကိုအမိန႔္ေပးလိုက္သည္။

တစ္ခဏအတြင္း ဝင္သူထြက္သူေတြစည္ကားသြား‌ေသာ သူ႔အခန္းေလးကိုၾကည့္ကာ ဧကေလး သက္ျပင္းကို အသာခ်လိုက္မိေတာ့သည္။
အရိပ္တၾကည့္ၾကည့္ဂ႐ုစိုက္ခံရတာလည္း ေကာင္းမလိုလိုႏွင့္ မေကာင္းတာပဲျဖစ္သည္။

CHANGE 🍁
လိုင္းကမရေသးပါဘူးဗ်
ကတိအတိုင္း တစ္ရက္ျခားတစ္ခါပါပဲ
အစစအရာရာဂ႐ုစိုက္ၾကပါေနာ္...

အခန္းေတြက ေျဖးေျဖးခ်င္း ေျဖေရးေနတာမို႔ ပ်င္းစရာေကာင္းေနေလာက္တယ္🥺

သွ်င္းဓနေနာင္ ဆိုတဲ့ ဧကေလးနာမည္က
အစက ကိုယ္စဥ္းစားထားတာက
အခပတိသွ်င္ေနာင္ဆိုၿပီး ေနာက္မွ ေျပာင္းပစ္လိုက္တာ...

ရာသီဥတုအကူးအေျပာင္းမွာ
အိုက္တယ္ ပူတယ္ဆိုၿပီး
ေရေန႔တိုင္းမခ်ိဴးၾကပါနဲ႔ေနာ္...
က်န္းမာေရးဂ႐ုစိုက္ၾကပါဗ်....

Continue Reading

You'll Also Like

129K 10.7K 165
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
165K 19K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
711K 73.4K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
8.8K 497 25
အင်္ဂါနေ့တိုင်း Update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့