ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

133

7.3K 1.2K 29
By Kiyoiko__

{Unicode}

"ငါကိုကူညီပါ"

ရန်ကျားလိသည် ဝမ်ယန်နှင့် အကြောင်းအရာ အများအပြား ပြောဖြစ်ခဲ့ကြသည်။

စစချင်းတွင် ယဲ့ထင်က သူ့အား မည်မျှပင် မုန်းနေခဲ့ကြောင်း ဝမ်ယန်ကို ပြောပြသည်။

သူယဲ့ထင်ကို ပေးခဲ့သည့် ရည်းစားစာသည် ယဲ့ထင်ထံမှ တစ်စစီဖြစ်အောင် ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။ သူအစောကြီးထပြီး နှင်းထုကြီးကို အံတုကာ ယဲ့ထင်အတွက် ဝယ်ပေးခဲ့သည့် သုံးမြှောင့်ထမင်းလုံး ပူပူလေးကိုလည်း ယဲ့ထင်က ကြည့်ပင်မကြည့်ဘဲ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပြီး မိန်းကလေးများပေးသည့် ဘီစကွတ်ကိုတော့ စားလိုက်ဖို့ရန် ပို၍ဆန္ဒရှိနေခဲ့သည်။ သူယဲ့ထင်ထံ ချဥ်းကပ်သွားလျှင် ယဲ့ထင်က သူ့ကုပ်ကိုကိုင်ပြီး မောင်းထုတ်သည်။ အေးတိအေးစက်နှင့် တိခနဲ ငြင်းပစ်လိုက်တာပင်။

ရန်ကျားလိသည် ဝမ်ယန်အား မိမိနှင့် ယဲ့ထင်တို့ ပဋိပက္ခများကို ဖြည်းညှင်းစွာ ဖြေရှင်းခဲ့ကြပြီး တဖြည်းဖြည်းချင်း အတူတူ ရှိလာခဲ့ကြပုံကို ပြောပြသည်။

ဝမ်ယန်သည် တစ်လျှောက်လုံး ငြိမ်ငြိမ်ဆိမ်ဆိမ်နှင့် နားထောင်နေခဲ့ပြီး အသံမပြုခဲ့ပေ။

ရန်ကျားလိသည် ပြောရင်းပြောရင်းနှင့် ယဲ့ထင်က သူ့ကို အပျော့ဆွဲဆွဲရင်း ဟော်တယ်ခေါ်သွားကာ အခန်းဌားခဲ့ကြသည့် အကြောင်းအရာကို ရောက်သောအခါမှ ဝမ်ယန်က ကြမ်းရှရှနှင့် ပြောလာလေ၏။

"သူကမင်းကို ဒီလောက်တောင် သဘောကျတာကို၊ မင်းကို အဲ့လိုနာကျင်အောင်လည်း လုပ်ရက်တယ်လား"

ရန်ကျားလိက တစ်ချက် ကြောင်သွားပြီး ခေါင်းယမ်းလိုက်ကာ

"မနာပါဘူး"

ဝမ်ယန်သည် ထိုအကြောင်းကို အလွန်အမင်း သေချာနေပြီး ပြောလာသည်။

"အရမ်း နာတယ်၊ သေချာပေါက် အရမ်းနာတယ်"

ရန်ကျားလိက ရယ်လိုက်ပြီး

"လိုက်လျောညီထွေ ရှိနေမယ်။ တစ်ဖက်လူက ပိုစိတ်ရှည်ပြီး၊ မင်းကိုလည်း ပိုချစ်တယ်၊ ပိုတန်ဖိုးထားမယ်ဆိုရင်၊ အဲ့ဒါလုပ်ရတာ တကယ်အရမ်း ပျော်ဖို့ကောင်းတယ်"

ထိုစကား ပြောပြီးနောက် ရန်ကျားလိလည်း ရှက်ရွံ့သွားပြီး ကိုယ်တိုင်၏ မျက်နှာကပါ မကူနိုင် မကယ်နိုင် နီမြန်းသွားတော့၏။

သူ ခေါင်းမော့လိုက်သည့်အခါ ဝမ်ယန်၏ မျက်နှာထက်တွင် သူ မျှော်လင့်ထားသည့် အပြုံးမျိုး မတွေ့ခဲ့ရပေ။

ထိုအစား ဝမ်ယန်၏ မျက်နှာက ပို၍ပင် ဖြူစုတ်လာသည်။ နှုတ်ခမ်းကပင် မဆိုစလောက် တုန်ရီနေခဲ့ပြီး မျက်လုံးထဲတွင်လည်း ကလေးငယ် တစ်ယောက်လို ဝမ်းနည်းမှုများ ရှိနေခဲ့သည်။

ရန်ကျားလိသည် ဝမ်ယန်၏ အင်္ကျီလက်အောက်မှ ခရမ်းရောင် အနာရွတ်များနှင့် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ပုံကို တွေးမိသွားပြီး ချက်ချင်း တုံ့ပြန်လာနိုင်သည်။

ယဲ့ဖန်တစ်ယောက် အခန်းထဲတွင် ဤမျှ လူမဆန်ပုံနှင့် ဝမ်ယန်သည် လူတစ်ယောက်ထံမှ ပွေ့ဖက်ပြီး အချစ်ခံရသည်မှာ မည်သို့သော ခံစားမှုမျိုးဖြစ်ကြောင်းကို တစ်ကြိမ်တစ်ခါမှပင် မတွေ့ကြုံ မခံစားဖူးတာ ဖြစ်ပါလိမ့်မည်။

တစ်ယောက်နှင့်တစ်ယောက် လိမ်ယှက်တွယ်ကပ်လျက် ဂရုစိုက်ပေးရသည့် ကျေနပ်ပျော်ရွှင်ဖွယ် ကိစ္စရပ်တစ်ခုမှာ ဝမ်ယန်အတွက်တော့ ခါးသီးကြေကွဲဖွယ် ညှည်းပန်း နှိပ်စက်မှုသာဖြစ်သည်။

ရန်ကျားလိသည် တိတ်ဆိတ်သွားပြီး အတော်ကြာမှ ချောင်းတစ်ချက် ဟန့်လိုက်ကာ အပြင်ဘက်မှ တဖြည်းဖြည်း မည်းမှောင်လာသည့် မိုးကုပ်စက်ဝိုင်းကို ကြည့်ပြီး ပြောလာသည်။

"ပြောနေတာ တစ်နေ့ခင်းတောင် ကုန်သွားပြီ။ ခဏနေရင် ယဲ့ဖန်လည်း ပြန်လာတော့မယ်။ မင်း ပြန်သွားထိုင်လိုက်တော့လေ၊ အလကား သူ စိတ်အနှောင့်အယှက် မဖြစ်အောင်လို့"

ဝမ်ယန်လည်း ခေါင်းညိတ်ကာ ထွက်သွားသည်။

ဆက်ရောက်လာသည့် နေ့များတွင် ဝမ်ယန်သည် နေ့စဥ်နေ့တိုင်း ယဲ့ဖန် ထွက်သွားပြီးနောက် ရန်ကျားလိ၏ လှောင်အိမ်ဘေးတွင် ဝပ်တုတ်နေတတ်သည်။

သူသည် ဘယ်လိုမှလည်း မထိုင်ဘဲ ရန်ကျားလိ ပြောပြသည့် ယဲ့ထင်နှင့် သူ၏ ပုံပြင်ကိုသာ တိတ်တိတ်ကလေး နားထောင်သည်။

ရန်ကျားလိ ကိုယ်တိုင်လည်း အမှတ်တရများကြား နစ်မြောနေပြီး ယခင်က မေ့ပျောက်သွားခဲ့သည့် ကိစ္စများသည်လည်း ပြောရင်းပြောရင်းနှင့် ပြန်လည် အမှတ်ရလာသည်။

ရန်ကျားလိသည် ပုံပြင်ပြောသူကဲ့သို့ တစ်ခါတရံတွင် လှုပ်ရှားတက်ကြွနေတတ်ပြီး တစ်ခါတရံမှာတော့လည်း မျက်ရည်တစမ်းစမ်းနှင့်ပင်။

ပြောရင်းနှင့် သူနှင့်ယဲ့ထင်တို့ ငါးနှစ်ကြာပြီးနောက် ပြန်လည်တွေ့ဆုံကြသည့် အချိန်အပိုင်းအခြား ရောက်လာသောအခါ ရန်ကျားလိသည် မျက်လုံးကို သုတ်လိုက်ပြီး

"ငါအရင်က သူ့ကို အကြင်နာ ကင်းမဲ့ပြီး အရမ်းယုတ်မာတယ်လို့ပဲ တွေးခဲ့တာ၊ ငါ့ကို ခွေးတစ်ကောင်လို ကစားနေတယ် ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ငါအခု ပြန်စဥ်းစားကြည့်တော့ သူကလေ တစ်ယူသန်လွန်းနေတာ။ ဒါပေမဲ့ သူ ဘယ်တုန်းကမှ ငါတကယ်ကြီး အနာတရ ဖြစ်သွားမှာကို လိုလားတာ မဟုတ်ဘူး။ သူကငါ့ကို အရမ်း တန်ဖိုးထားလွန်းတာပါ....."

"ဝမ်ယန်၊ မင်းသိလား။ ငါလေ သူ့ကိုအရင်တုန်းက နည်းနည်းတော့ အပြစ်တင်မိသေးပေမယ့်၊ အခုတော့ ငါသူ့ကို သိပ်သတိရတာပဲ"

ဝမ်ယန်၏ မျက်နှာတစ်ဝက်က လက်မောင်းထဲ နစ်မြှုပ်နေပြီး တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား မျက်ခမ်းစပ်က တိတ်တိတ်ကလေး နီမြန်းလာသည်။

ဝမ်ယန်သည် ရန်ကျားလိ၏ လေကြောရှည်ရှည် ဇာတ်လမ်းများကို နားထောင်နေရင်း စိတ်မရှည်တာမျိုးလည်း မရှိခဲ့ပေ။ ထိုအစား စိတ်လိုလက်ရပင် နားထောင်နေခဲ့ပြီး မှုန်ဝေဝေနှင့် ရှုပ်ထွေးနေတတ်သည့် မျက်လုံးများသည် ရံဖန်ရံခါ ကလေးငယ်လေးလို ရွှန်းရွှန်းဝေဆာနေတတ်သည်။ သူကိုယ်တိုင်ကပါ ချစ်ကျွမ်းဝင် သွားရသလိုပင်။

ကြားကာလတွင် ယဲ့ဖန်သည် သူတို့နှစ်ယောက် အတူရှိနေကြသည်ကို မတော်တဆ တွေ့သွားသည်။

ယဲ့ဖန်က မကျေမနပ်နှင့် ဝမ်ယန်ကို အပြစ်ပေးလိုက်ပြီး သူ့အား ထိုလှောင်အိမ်နှင့် ဝေးဝေးနေဖို့ သတိပေးလိုက်သည်။

ဝမ်ယန်သည် တဟုတ်ဟုတ်နှင့် ကတိပေးခဲ့ပြီး နောက်ပိုင်းတွင် ယဲ့ဖန် အိပ်ပျော်သွားမှမှောင်မိုက်မိုက် ညနက်ထဲ လှောင်အိမ်ကို မှီလျက် ရန်ကျားလိ လေသံတိုးတိုးနှင့် ဆက်ပြောလာသည့် ထိုအကြောင်းအရာ အတိုအထွာလေးများကို နားထောင်ရင်း မည်သည်ကို စဥ်းစားနေသည်မသိ မျက်လုံးများက မပြတ်မသားနှင့် လမင်းကြီးကို ကြည့်နေခဲ့သည်။

လှောင်အိမ်ထဲ ပိတ်လှောင်ခံထားရသည်မှာ ဆယ့်သုံးရက် ကြာညောင်းသွားသည့် ည​နေခင်း၊ ယဲ့ဖန် ပြန်လာသည့် အချိန်တွင် ရွှင်မြူးတက်ကြွနေခဲ့သည်။

သူသည် ရန်ကျားလိအား လှောင်အိမ်ထဲမှ ထုတ်လာဖို့ရန်ပင် လူများအား ညွှန်ကြားလိုက်ပြီး ချီးမြှင့် ပေးသနားတော် ပြုနေသလိုနှင့် ပြောလာသည်။

"ဒီနေ့ညတော့ မင်းကို ကိုယ်လက်လှုပ်ရှား ခိုင်းလိုက်ပါမယ်၊ လှောင်အိမ်ထဲမှာ မွန်းကြပ်ပြီး သေမသွားအောင်လို့။ ညစာလည်း အတူတူ လာစားလိုက်၊ ဘာပဲဖြစ်ဖြစ်၊ ငါ့ရဲ့ ခယ်မပဲဟာ။ နေ့တိုင်း ပေါင်မုန့်ခြောက်ချည်းပဲ စားနေရလို့ ဘယ်ဖြစ်မလဲ။ ထမင်းဟင်းတစ်နပ်တော့ ကောင်းကောင်းလေး ဧည့်ခံရမှာပေါ့။ ငါ အပေါ်တက်သွားမှ မင်းလှောင်အိမ်ထဲ ပြန်ဝင်နေလိုက်"

ရန်ကျားလိသည် စစချင်းတွင် ယဲ့ဖန်၏ ရုတ်တရက်ဆန်သော စိတ်ကောင်းဝင်သွားမှုကို နားမလည်ခဲ့ပေ။

ယဲ့ဖန်တစ်ယောက် ထမင်းစားပွဲပေါ်တွင် ထားထားသည့် Financial Times (newspaper)ကို မြင်မှသာ နားလည်သွားတော့သည်။

Financial Times (newspaper) ပေါ်မှ ခေါင်းစဥ်ကြီးတစ်ခု : ကွမ်ဟွေ့အုပ်စုသည် လေလံမပိတ်မီ ဆယ်ရက်အလိုတွင် လေလံရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ရန်ကျားလိသည် ယဲ့ဖန်အား တိတ်တဆိတ် ချောင်းကြည့်လိုက်ရာ သူသည် ဤတစ်ဖက်ခြမ်းကို အာရုံရောက်မနေမှန်း တွေ့လိုက်ရပြီး အသံမပြုဘဲ သတင်းတစ်ပုဒ်လုံးကို ဖတ်လိုက်သည်။

သတင်းစဥ်တွင် ကွမ်ဟွေ့အုပ်စုသည် ဤလေလံပရောဂျက်ကို အနိုင်ရရန် အကောင်းဆုံး ကြိုးစားခဲ့ပုံနှင့် ဤဆောက်လုပ်ရေး စီမံကိန်းမှာ ကွမ်ဟွေ့အတွက် မည်မျှပင် အရေးကြီးကြောင်း ရေးသားဖော်ပြထားသည်။ ယခုအခါ ယဲ့ထင်၏ ကွမ်ဟွေ့က နှုတ်ထွက်သွား၍ လေလံယှဥ်ပြိုင်မည့်သူမှာ အုပ်စုနှစ်စုသာ ကျန်တော့သည်။ ဟုန်ရဲ့ စီးပွားရေး အရင်းရှင်နှင့် Wind ဘဏ္ဍာရေး။ ဟုန်ရဲ့၏ ကျွမ်းကျင်မှုနယ်ပယ်သည် ဤဘောင်အတွင်းတွင် တစ်ခါမှပင် မရှိခဲ့ဖူးပေ။ သို့ဖြစ်၍ ယင်းလေလံပြိုင်ပွဲမှာ အတွေ့အကြုံ ရရှိစေရန် စမ်းသပ်မှု တစ်ခုမျှသာဖြစ်သည်ဟု ခန့်မှန်းရသည်။ စျေးပြိုင်ကမ်းလှမ်းခြင်း အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဂရုမထားပေ။ သို့နှင့် ကျန်ရှိသည့် Wind ဘဏ္ဍာရေးမှာ မျှော်လင့်ထားသည့်အတိုင်း နောက်ဆုံးသော အနိုင်ရရှိသူ ဖြစ်ပေလိမ့်မည်။

ရန်ကျားလိသည် သတင်းစာမှ အကြည့်ကို ခွာလိုက်ပြီး ထမင်းတစ်လုတ် စားလိုက်သည်။

အလည်ထိုင်ခုံတွင် ထိုင်နေသည့် ယဲ့ဖန်သည် ရန်ကျားလိ၏ အမူအရာကို ကြည့်လိုက်ပြီး နံဘေးမှ သတင်းစဥ်ကို ပြန်ကြည့်လိုက်ကာ ဖျော့တော့တော့ သရော်ပြုံး ပြုံးလာသည်။

"ယဲ့ထင်က ဒီလောက် ဒဲ့ထိုးဆန်ပြီး မင်းအတွက် ဒီအဆင့်ထိတောင် လုပ်ပေးသွားတာ၊ အမှန်တိုင်းပြောရရင် ငါတောင် မတွေးထားဖူးဘူး"

ရန်ကျားလိသည် ခေါင်းငုံ့ကာ ထမင်းစားနေပြီး လေသံတိုးတိုးနှင့် မိမိဘာသာ ရေရွတ်သည်။

"ဦးနှောက်က ခွေးလိုမျိုး သေးနေတာကို၊ ဘယ်စဥ်းစားမိမလဲ"

ယဲ့ဖန်၏ လက်ချောင်းက စားပွဲပေါ် အသာအယာ ပုတ်နေပြီး ခေါင်းယမ်းလိုက်ကာ

"ဒါပေမဲ့၊ သူက ဘယ်လောက်ပဲ ကြင်နာကြင်နာ၊ ဘယ်လိုပဲ မင်းကို ပိုချစ်နေပါစေ။ အဘိုးကြီးနဲ့ သူ့အဖေ အမေဆိုတဲ့ တောင်ကို မကျော်နိုင်ရင်၊ ဘာမှ အသုံးမဝင်တော့ဘူး။ မင်းလည်း အစကတည်းက စိတ်ကူးကြိုယဥ် မနေရင် ပိုကောင်းမယ်"

ရန်ကျားလိက အေးစက်စက် သရော်လိုက်ပြီး

"ခင်ဗျား ပါးစပ်ဖွာစရာ မလိုဘူး"

ယဲ့ဖန်သည်ကား ရန်ကျားလိအား စိတ်ဝင်တစားနှင့် ကြည့်လိုက်ပြီး

"ငါကတော့ အရမ်းသိချင်နေတာ၊ သူက မင်းအတွက်နဲ့ ဒီအဆင့်ထိတောင် လုပ်နိုင်ပြီး သူကမင်းကို အဲ့လောက်တောင် စွဲလမ်းနေတာ၊ မင်းမှာ သာလွန်နေတဲ့ နေရာတွေများ ရှိနေလို့လား။ ဥပမာ ပြောရရင်၊ ကုတင်ပေါ်မှာ?"

ယဲ့ဖန်က ပြုံးလိုက်ကာ ယုတ်ညံ့စွာနှင့် လက်ဆန့်ထုတ်လာပြီး ရန်ကျားလိ၏ နားရွက်နှင့် မျက်နှာပြင်ကို ပွတ်သပ်သည်။

ရန်ကျားလိသည် ဓာတ်လိုက်ခံလိုက်ရသည့်အတိုင်း ခဏတွင်းချင်း ထခုန်သွားပြီး မျက်ခုံးပင့်လျက် ဆဲဆိုသည်။

"ထမင်းစားတဲ့အချိန်မှာ သူများကို လိုက်ထိနေတာက အရမ်းရိုင်းတဲ့ အပြုအမူဆိုတာ ခင်ဗျားအမေ မသင်ပေးထားဘူးလား။ အရှက်ကို မရှိဘူး၊ ရွံ့စရာကောင်းတယ်"

ယဲ့ဖန်၏ မျက်နှာသည် ခဏတွင်းချင်း သုန်မှုန်သွားသည်။

သူသည် အေးစက် မှုန်မှိုင်းစွာနှင့် ရန်ကျားလိ၏ ထမင်းဟင်းများကို ဖယ်ခိုင်းလိုက်ပြီး သက်တော်စောင့်ထံ လက်ယမ်းပြကာ

"စကားနားမထောင်တဲ့ ကောင်၊ ပြန်ချုပ်ထားလိုက်တော့"

ရန်ကျားလိသည် လေတစ်ချက် ချွန်လိုက်ပြီး သက်တော်စောင့်က သူ့ကို လာမဖမ်းချုပ်သေးသည်ကို အခွင့်ကောင်းယူ၍ ထမင်းစားပွဲပေါ်မှ ဆူဆူဖြိုးဖြိုး ကြက်ပေါင်ကြီးကို အလျင်အမြန် ကောက်ယူလိုက်သည်။ ပြီးနောက် ယဲ့ဖန်ကို တစ်ချက် ပြန်ကြည့်လိုက်သည်။ ၎င်းမှာ အောင်နိုင်သူ ကြက်ဖကြီးက ရွပ်ရွပ်ချွံချွံ တက်တက်ကြွကြွနှင့် လှောင်အိမ်ထဲ ပြန်ဝင်သွားတာနှင့် တူပေသည်။

ထိုနေ့ည ဆယ်နာရီတွင် ယဲ့ဖန်သည် ဝမ်ယန်ကို ဆွဲခေါ်ပြီး အိပ်ခန်းထဲ ဝင်သွားပြန်သည်။

ခါတိုင်းကဲ့သို့ အော်ဟစ်သံများ ကျော်လွှားသွားပြီးနောက် ဝမ်ယန်သည် အောက်ဆင်းလာပြီး မှိန်ဖျဖျညတွင် ရန်ကျားလိ လှောင်အိမ်ဘေး ကုပ်ကုပ်ကလေး ထိုင်လိုက်သည်။

ရန်ကျားလိသည် အရင်အတိုင်း သူ့အစား ဒဏ်ရာများကို ရှင်းလင်းပေးနေပြီး ယဲ့ထင်နှင့် ဇာတ်လမ်းကိုလည်း တစ်ခဏလောက် တတွတ်တွတ် ပြောပြသည်။

ဝမ်ယန်တစ်ယောက် ညှို့ယူ ဆွဲဆောင်ခံနေရတုန်း ရန်ကျားလိက ရုတ်တရက် ရပ်တန့်သွားလေ၏။

ဝမ်ယန်က သူ့ကိုမေးသည်။

"ဘာလို့ ဆက်မပြောတော့တာလဲ"

ရန်ကျားလိသည် လေသံကို သူတို့နှစ်ယောက်သာ ကြားနိုင်လောက်သည်အထိ တိုးချလိုက်ပြီး သက်ပြင်းချလျက် ဆိုသည်။

"ယဲ့ထင်က အပြင်မှာ ငါ့ကို အရူးတပိုင်း လိုက်ရှာနေမှာ။ ငါ့အတွက်နဲ့ ဒီလောက်အများကြီး စွန့်လွှတ်ခဲ့ပြီးပြီ။ ငါကတော့ သူ့ကို ဒီမှာ ကူကယ်ရာမဲ့ရင်း ထိုင်စောင့်နေရတယ်။ ငါ့စိတ်ထဲမှာ အရမ်းခံရခက်တာပဲ"

ဝမ်ယန်သည် ရန်ကျားလိ၏ မျက်လုံးကို စိုက်ကြည့်နေပြီး စကားမဆိုပေ။

ရန်ကျားလိ၏ လက်ချောင်းက လှောင်အိမ်ထဲမှ ထွက်လာပြီး ဝမ်ယန်၏ လက်ချောင်းကို ချိတ်လိုက်ကာ တောင်းပန်စွာ စကားဆိုသည်။

"မင်းငါ့ကို တစ်ခုလောက် ကူညီပေးလို့ ရမလား"

ဝမ်ယန်က တိတိကျကျ ပြောလာသည်။

"မင်းကငါ့ကို မင်းထွက်သွားနိုင်အောင် ကူညီပေးစေချင်တယ်"

ရန်ကျားလိက ပြုံးလိုက်ပြီး ခေါင်းခါသည်။

သူသည် ဝမ်ယန့်ရှေ့ လက်ဝှေ့ပြလိုက်ပြီး အနားကို တိုးလာခိုင်းကာ သူ့နားရွက်နား တိုးတိုးလေး ပြောသည်။

"ငါမင်းကို လုပ်စေချင်တာက...."
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။

ရန်ကျားလိ : အဲ့ဒီဟာ လုပ်ရတာ အရမ်း ဇိမ်ရှိတယ်၊ အရမ်းလည်း ပျော်ဖို့ကောင်းတယ်။

ဝမ်ယန် : ဘယ်လိုမျိုး ပျော်ဖို့ကောင်းတာလဲ။ မင်းပြောပြလေ။

ယဲ့ဖန် : ဘယ်လောက် ပျော်ဖို့ကောင်းတာလဲ။ ​မင်းပြောလေ။

ယဲ့ထင် : သူ့ကို ဖိအား မပေးနဲ့။ ငါပြောပြမယ်။

ရန်ကျားလိ : မင်း ပါးစပ်ပိတ်ထား။

8/3/2022(Tue)

                           ×××

{Zawgyi}

"ငါ့ကိုကူညီပါ"


ရန္က်ားလိသည္ ဝမ္ယန္ႏွင့္ အေၾကာင္းအရာ အမ်ားအျပား ေျပာျဖစ္ခဲ့ၾကသည္။

စစခ်င္းတြင္ ယဲ့ထင္က သူ႔အား မည္မွ်ပင္ မုန္းေနခဲ့ေၾကာင္း ဝမ္ယန္ကို ေျပာျပသည္။

သူယဲ့ထင္ကို ေပးခဲ့သည့္ ရည္းစားစာသည္ ယဲ့ထင္ထံမွ တစ္စစီျဖစ္ေအာင္ ဆြဲၿဖဲျခင္းကို ခံလိုက္ရသည္။ သူအေစာႀကီးထၿပီး ႏွင္းထုႀကီးကို အံတုကာ ယဲ့ထင္အတြက္ ဝယ္ေပးခဲ့သည့္ သုံးေျမႇာင့္ထမင္းလုံး ပူပူေလးကိုလည္း ယဲ့ထင္က ၾကည့္ပင္မၾကည့္ဘဲ အမႈိက္ပုံးထဲ လႊင့္ပစ္လိုက္ၿပီး မိန္းကေလးမ်ားေပးသည့္ ဘီစကြတ္ကိုေတာ့ စားလိုက္ဖို႔ရန္ ပို၍ဆႏၵရွိေနခဲ့သည္။ သူယဲ့ထင္ထံ ခ်ဥ္းကပ္သြားလွ်င္ ယဲ့ထင္က သူ႔ကုပ္ကိုကိုင္ၿပီး ေမာင္းထုတ္သည္။ ေအးတိေအးစက္ႏွင့္ တိခနဲ ျငင္းပစ္လိုက္တာပင္။

ရန္က်ားလိသည္ ဝမ္ယန္အား မိမိႏွင့္ ယဲ့ထင္တို႔ ပဋိပကၡမ်ားကို ျဖည္းညႇင္းစြာ ေျဖရွင္းခဲ့ၾကၿပီး တျဖည္းျဖည္းခ်င္း အတူတူ ရွိလာခဲ့ၾကပုံကို ေျပာျပသည္။

ဝမ္ယန္သည္ တစ္ေလွ်ာက္လုံး ၿငိမ္ၿငိမ္ဆိမ္ဆိမ္ႏွင့္ နားေထာင္ေနခဲ့ၿပီး အသံမျပဳခဲ့ေပ။

ရန္က်ားလိသည္ ေျပာရင္းေျပာရင္းႏွင့္ ယဲ့ထင္က သူ႔ကို အေပ်ာ့ဆြဲဆြဲရင္း ေဟာ္တယ္ေခၚသြားကာ အခန္းဌားခဲ့ၾကသည့္ အေၾကာင္းအရာကို ေရာက္ေသာအခါမွ ဝမ္ယန္က ၾကမ္းရွရွႏွင့္ ေျပာလာေလ၏။

"သူကမင္းကို ဒီေလာက္ေတာင္ သေဘာက်တာကို၊ မင္းကို အဲ့လိုနာက်င္ေအာင္လည္း လုပ္ရက္တယ္လား"

ရန္က်ားလိက တစ္ခ်က္ ေၾကာင္သြားၿပီး ေခါင္းယမ္းလိုက္ကာ

"မနာပါဘူး"

ဝမ္ယန္သည္ ထိုအေၾကာင္းကို အလြန္အမင္း ေသခ်ာေနၿပီး ေျပာလာသည္။

"အရမ္း နာတယ္၊ ေသခ်ာေပါက္ အရမ္းနာတယ္"

ရန္က်ားလိက ရယ္လိုက္ၿပီး

"လိုက္ေလ်ာညီေထြ ရွိေနမယ္။ တစ္ဖက္လူက ပိုစိတ္ရွည္ၿပီး၊ မင္းကိုလည္း ပိုခ်စ္တယ္၊ ပိုတန္ဖိုးထားမယ္ဆိုရင္၊ အဲ့ဒါလုပ္ရတာ တကယ္အရမ္း ေပ်ာ္ဖို႔ေကာင္းတယ္"

ထိုစကား ေျပာၿပီးေနာက္ ရန္က်ားလိလည္း ရွက္႐ြံ႕သြားၿပီး ကိုယ္တိုင္၏ မ်က္ႏွာကပါ မကူႏိုင္ မကယ္ႏိုင္ နီျမန္းသြားေတာ့၏။

သူ ေခါင္းေမာ့လိုက္သည့္အခါ ဝမ္ယန္၏ မ်က္ႏွာထက္တြင္ သူ ေမွ်ာ္လင့္ထားသည့္ အၿပဳံးမ်ိဳး မေတြ႕ခဲ့ရေပ။

ထိုအစား ဝမ္ယန္၏ မ်က္ႏွာက ပို၍ပင္ ျဖဴစုတ္လာသည္။ ႏႈတ္ခမ္းကပင္ မဆိုစေလာက္ တုန္ရီေနခဲ့ၿပီး မ်က္လုံးထဲတြင္လည္း ကေလးငယ္ တစ္ေယာက္လို ဝမ္းနည္းမႈမ်ား ရွိေနခဲ့သည္။

ရန္က်ားလိသည္ ဝမ္ယန္၏ အက်ႌလက္ေအာက္မွ ခရမ္းေရာင္ အနာ႐ြတ္မ်ားႏွင့္ ေထာ့နဲ႔ေထာ့နဲ႔ လမ္းေလွ်ာက္ပုံကို ေတြးမိသြားၿပီး ခ်က္ခ်င္း တုံ႔ျပန္လာႏိုင္သည္။

ယဲ့ဖန္တစ္ေယာက္ အခန္းထဲတြင္ ဤမွ် လူမဆန္ပုံႏွင့္ ဝမ္ယန္သည္ လူတစ္ေယာက္ထံမွ ေပြ႕ဖက္ၿပီး အခ်စ္ခံရသည္မွာ မည္သို႔ေသာ ခံစားမႈမ်ိဳးျဖစ္ေၾကာင္းကို တစ္ႀကိမ္တစ္ခါမွပင္ မေတြ႕ႀကဳံ မခံစားဖူးတာ ျဖစ္ပါလိမ့္မည္။

တစ္ေယာက္ႏွင့္တစ္ေယာက္ လိမ္ယွက္တြယ္ကပ္လ်က္ ဂ႐ုစိုက္ေပးရသည့္ ေက်နပ္ေပ်ာ္႐ႊင္ဖြယ္ ကိစၥရပ္တစ္ခုမွာ ဝမ္ယန္အတြက္ေတာ့ ခါးသီးေၾကကြဲဖြယ္ ညႇည္းပန္း ႏွိပ္စက္မႈသာျဖစ္သည္။

ရန္က်ားလိသည္ တိတ္ဆိတ္သြားၿပီး အေတာ္ၾကာမွ ေခ်ာင္းတစ္ခ်က္ ဟန္႔လိုက္ကာ အျပင္ဘက္မွ တျဖည္းျဖည္း မည္းေမွာင္လာသည့္ မိုးကုပ္စက္ဝိုင္းကို ၾကည့္ၿပီး ေျပာလာသည္။

"ေျပာေနတာ တစ္ေန႔ခင္းေတာင္ ကုန္သြားၿပီ။ ခဏေနရင္ ယဲ့ဖန္လည္း ျပန္လာေတာ့မယ္။ မင္း ျပန္သြားထိုင္လိုက္ေတာ့ေလ၊ အလကား သူ စိတ္အေႏွာင့္အယွက္ မျဖစ္ေအာင္လို႔"

ဝမ္ယန္လည္း ေခါင္းညိတ္ကာ ထြက္သြားသည္။

ဆက္ေရာက္လာသည့္ ေန႔မ်ားတြင္ ဝမ္ယန္သည္ ေန႔စဥ္ေန႔တိုင္း ယဲ့ဖန္ ထြက္သြားၿပီးေနာက္ ရန္က်ားလိ၏ ေလွာင္အိမ္ေဘးတြင္ ဝပ္တုတ္ေနတတ္သည္။

သူသည္ ဘယ္လိုမွလည္း မထိုင္ဘဲ ရန္က်ားလိ ေျပာျပသည့္ ယဲ့ထင္ႏွင့္ သူ၏ ပုံျပင္ကိုသာ တိတ္တိတ္ကေလး နားေထာင္သည္။

ရန္က်ားလိ ကိုယ္တိုင္လည္း အမွတ္တရမ်ားၾကား နစ္ေျမာေနၿပီး ယခင္က ေမ့ေပ်ာက္သြားခဲ့သည့္ ကိစၥမ်ားသည္လည္း ေျပာရင္းေျပာရင္းႏွင့္ ျပန္လည္ အမွတ္ရလာသည္။

ရန္က်ားလိသည္ ပုံျပင္ေျပာသူကဲ့သို႔ တစ္ခါတရံတြင္ လႈပ္ရွားတက္ႂကြေနတတ္ၿပီး တစ္ခါတရံမွာေတာ့လည္း မ်က္ရည္တစမ္းစမ္းႏွင့္ပင္။

ေျပာရင္းႏွင့္ သူႏွင့္ယဲ့ထင္တို႔ ငါးႏွစ္ၾကာၿပီးေနာက္ ျပန္လည္ေတြ႕ဆုံၾကသည့္ အခ်ိန္အပိုင္းအျခား ေရာက္လာေသာအခါ ရန္က်ားလိသည္ မ်က္လုံးကို သုတ္လိုက္ၿပီး

"ငါအရင္က သူ႔ကို အၾကင္နာ ကင္းမဲ့ၿပီး အရမ္းယုတ္မာတယ္လို႔ပဲ ေတြးခဲ့တာ၊ ငါ့ကို ေခြးတစ္ေကာင္လို ကစားေနတယ္ ဆိုၿပီးေတာ့ေပါ့။ ဒါေပမဲ့ ငါအခု ျပန္စဥ္းစားၾကည့္ေတာ့ သူကေလ တစ္ယူသန္လြန္းေနတာ။ ဒါေပမဲ့ သူ ဘယ္တုန္းကမွ ငါတကယ္ႀကီး အနာတရ ျဖစ္သြားမွာကို လိုလားတာ မဟုတ္ဘူး။ သူကငါ့ကို အရမ္း တန္ဖိုးထားလြန္းတာပါ....."

"ဝမ္ယန္၊ မင္းသိလား။ ငါေလ သူ႔ကိုအရင္တုန္းက နည္းနည္းေတာ့ အျပစ္တင္မိေသးေပမယ့္၊ အခုေတာ့ ငါသူ႔ကို သိပ္သတိရတာပဲ"

ဝမ္ယန္၏ မ်က္ႏွာတစ္ဝက္က လက္ေမာင္းထဲ နစ္ျမႇဳပ္ေနၿပီး တစ္စုံတစ္ခုကို ေတြးမိသြားသည့္အလား မ်က္ခမ္းစပ္က တိတ္တိတ္ကေလး နီျမန္းလာသည္။

ဝမ္ယန္သည္ ရန္က်ားလိ၏ ေလေၾကာရွည္ရွည္ ဇာတ္လမ္းမ်ားကို နားေထာင္ေနရင္း စိတ္မရွည္တာမ်ိဳးလည္း မရွိခဲ့ေပ။ ထိုအစား စိတ္လိုလက္ရပင္ နားေထာင္ေနခဲ့ၿပီး မႈန္ေဝေဝႏွင့္ ရႈပ္ေထြးေနတတ္သည့္ မ်က္လုံးမ်ားသည္ ရံဖန္ရံခါ ကေလးငယ္ေလးလို ႐ႊန္း႐ႊန္းေဝဆာေနတတ္သည္။ သူကိုယ္တိုင္ကပါ ခ်စ္ကြၽမ္းဝင္ သြားရသလိုပင္။

ၾကားကာလတြင္ ယဲ့ဖန္သည္ သူတို႔ႏွစ္ေယာက္ အတူရွိေနၾကသည္ကို မေတာ္တဆ ေတြ႕သြားသည္။

ယဲ့ဖန္က မေက်မနပ္ႏွင့္ ဝမ္ယန္ကို အျပစ္ေပးလိုက္ၿပီး သူ႔အား ထိုေလွာင္အိမ္ႏွင့္ ေဝးေဝးေနဖို႔ သတိေပးလိုက္သည္။

ဝမ္ယန္သည္ တဟုတ္ဟုတ္ႏွင့္ ကတိေပးခဲ့ၿပီး ေနာက္ပိုင္းတြင္ ယဲ့ဖန္ အိပ္ေပ်ာ္သြားမွေမွာင္မိုက္မိုက္ ညနက္ထဲ ေလွာင္အိမ္ကို မွီလ်က္ ရန္က်ားလိ ေလသံတိုးတိုးႏွင့္ ဆက္ေျပာလာသည့္ ထိုအေၾကာင္းအရာ အတိုအထြာေလးမ်ားကို နားေထာင္ရင္း မည္သည္ကို စဥ္းစားေနသည္မသိ မ်က္လုံးမ်ားက မျပတ္မသားႏွင့္ လမင္းႀကီးကို ၾကည့္ေနခဲ့သည္။

ေလွာင္အိမ္ထဲ ပိတ္ေလွာင္ခံထားရသည္မွာ ဆယ့္သုံးရက္ ၾကာေညာင္းသြားသည့္ ည​ေနခင္း၊ ယဲ့ဖန္ ျပန္လာသည့္ အခ်ိန္တြင္ ႐ႊင္ျမဴးတက္ႂကြေနခဲ့သည္။

သူသည္ ရန္က်ားလိအား ေလွာင္အိမ္ထဲမွ ထုတ္လာဖို႔ရန္ပင္ လူမ်ားအား ၫႊန္ၾကားလိုက္ၿပီး ခ်ီးျမႇင့္ ေပးသနားေတာ္ ျပဳေနသလိုႏွင့္ ေျပာလာသည္။

"ဒီေန႔ညေတာ့ မင္းကို ကိုယ္လက္လႈပ္ရွား ခိုင္းလိုက္ပါမယ္၊ ေလွာင္အိမ္ထဲမွ မြန္းၾကပ္ၿပီး ေသမသြားေအာင္လို႔။ ညစာလည္း အတူတူ လာစားလိုက္၊ ဘာပဲျဖစ္ျဖစ္၊ ငါ့ရဲ႕ ခယ္မပဲဟာ။ ေန႔တိုင္း ေပါင္မုန္႔ေျခာက္ခ်ည္းပဲ စားေနရလို႔ ဘယ္ျဖစ္မလဲ။ ထမင္းဟင္းတစ္နပ္ေတာ့ ေကာင္းေကာင္းေလး ဧည့္ခံရမွာေပါ့။ ငါ အေပၚတက္သြားမွ မင္းေလွာင္အိမ္ထဲ ျပန္ဝင္ေနလိုက္"

ရန္က်ားလိသည္ စစခ်င္းတြင္ ယဲ့ဖန္၏ ႐ုတ္တရက္ဆန္ေသာ စိတ္ေကာင္းဝင္သြားမႈကို နားမလည္ခဲ့ေပ။

ယဲ့ဖန္တစ္ေယာက္ ထမင္းစားပြဲေပၚတြင္ ထားထားသည့္ Financial Times (newspaper)ကို ျမင္မွသာ နားလည္သြားေတာ့သည္။

Financial Times (newspaper) ေပၚမွ ေခါင္းစဥ္ႀကီးတစ္ခု : ကြမ္ေဟြ႕အုပ္စုသည္ ေလလံမပိတ္မီ ဆယ္ရက္အလိုတြင္ ေလလံ႐ုတ္သိမ္းေၾကာင္း ေၾကညာခဲ့သည္။

ရန္က်ားလိသည္ ယဲ့ဖန္အား တိတ္တဆိတ္ ေခ်ာင္းၾကည့္လိုက္ရာ သူသည္ ဤတစ္ဖက္ျခမ္းကို အာ႐ုံေရာက္မေနမွန္း ေတြ႕လိုက္ရၿပီး အသံမျပဳဘဲ သတင္းတစ္ပုဒ္လုံးကို ဖတ္လိုက္သည္။

သတင္းစဥ္တြင္ ကြမ္ေဟြ႕အုပ္စုသည္ ဤေလလံပေရာဂ်က္ကို အႏိုင္ရရန္ အေကာင္းဆုံး ႀကိဳးစားခဲ့ပုံႏွင့္ ဤေဆာက္လုပ္ေရး စီမံကိန္းမွာ ကြမ္ေဟြ႕အတြက္ မည္မွ်ပင္ အေရးႀကီးေၾကာင္း ေရးသားေဖာ္ျပထားသည္။ ယခုအခါ ယဲ့ထင္၏ ကြမ္ေဟြ႕က ႏႈတ္ထြက္သြား၍ ေလလံယွဥ္ၿပိဳင္မည့္သူမွာ အုပ္စုႏွစ္စုသာ က်န္ေတာ့သည္။ ဟုန္ရဲ႕ စီးပြားေရး အရင္းရွင္ႏွင့္ Wind ဘ႑ာေရး။ ဟုန္ရဲ႕၏ ကြၽမ္းက်င္မႈနယ္ပယ္သည္ ဤေဘာင္အတြင္းတြင္ တစ္ခါမွပင္ မရွိခဲ့ဖူးေပ။ သို႔ျဖစ္၍ ယင္းေလလံၿပိဳင္ပြဲမွာ အေတြ႕အႀကဳံ ရရွိေစရန္ စမ္းသပ္မႈ တစ္ခုမွ်သာျဖစ္သည္ဟု ခန႔္မွန္းရသည္။ ေစ်းၿပိဳင္ကမ္းလွမ္းျခင္း ေအာင္ျမင္သည္ျဖစ္ေစ ရႈံးနိမ့္သည္ျဖစ္ေစ ဂ႐ုမထားေပ။ သို႔ႏွင့္ က်န္ရွိသည့္ Wind ဘ႑ာေရးမွာ ေမွ်ာ္လင့္ထားသည့္အတိုင္း ေနာက္ဆုံးေသာ အႏိုင္ရရွိသူ ျဖစ္ေပလိမ့္မည္။

ရန္က်ားလိသည္ သတင္းစာမွ အၾကည့္ကို ခြာလိုက္ၿပီး ထမင္းတစ္လုတ္ စားလိုက္သည္။

အလည္ထိုင္ခုံတြင္ ထိုင္ေနသည့္ ယဲ့ဖန္သည္ ရန္က်ားလိ၏ အမူအရာကို ၾကည့္လိုက္ၿပီး နံေဘးမွ သတင္းစဥ္ကို ျပန္ၾကည့္လိုက္ကာ ေဖ်ာ့ေတာ့ေတာ့ သေရာ္ၿပဳံး ၿပဳံးလာသည္။

"ယဲ့ထင္က ဒီေလာက္ ဒဲ့ထိုးဆန္ၿပီး မင္းအတြက္ ဒီအဆင့္ထိေတာင္ လုပ္ေပးသြားတာ၊ အမွန္တိုင္းေျပာရရင္ ငါေတာင္ မေတြးထားဖူးဘူး"

ရန္က်ားလိသည္ ေခါင္းငုံ႔ကာ ထမင္းစားေနၿပီး ေလသံတိုးတိုးႏွင့္ မိမိဘာသာ ေရ႐ြတ္သည္။

"ဦးေႏွာက္က ေခြးလိုမ်ိဳး ေသးေနတာကို၊ ဘယ္စဥ္းစားမိမလဲ"

ယဲ့ဖန္၏ လက္ေခ်ာင္းက စားပြဲေပၚ အသာအယာ ပုတ္ေနၿပီး ေခါင္းယမ္းလိုက္ကာ

"ဒါေပမဲ့၊ သူက ဘယ္ေလာက္ပဲ ၾကင္နာၾကင္နာ၊ ဘယ္လိုပဲ မင္းကို ပိုခ်စ္ေနပါေစ။ အဘိုးႀကီးနဲ႔ သူ႔အေဖ အေမဆိုတဲ့ ေတာင္ကို မေက်ာ္ႏိုင္ရင္၊ ဘာမွ အသုံးမဝင္ေတာ့ဘူး။ မင္းလည္း အစကတည္းက စိတ္ကူးႀကိဳယဥ္ မေနရင္ ပိုေကာင္းမယ္"

ရန္က်ားလိက ေအးစက္စက္ သေရာ္လိုက္ၿပီး

"ခင္ဗ်ား ပါးစပ္ဖြာစရာ မလိုဘူး"

ယဲ့ဖန္သည္ကား ရန္က်ားလိအား စိတ္ဝင္တစားႏွင့္ ၾကည့္လိုက္ၿပီး

"ငါကေတာ့ အရမ္းသိခ်င္ေနတာ၊ သူက မင္းအတြက္နဲ႔ ဒီအဆင့္ထိေတာင္ လုပ္ႏိုင္ၿပီး သူကမင္းကို အဲ့ေလာက္ေတာင္ စြဲလမ္းေနတာ၊ မင္းမွာ သာလြန္ေနတဲ့ ေနရာေတြမ်ား ရွိေနလို႔လား။ ဥပမာ ေျပာရရင္၊ ကုတင္ေပၚမွာ?"

ယဲ့ဖန္က ၿပဳံးလိုက္ကာ ယုတ္ညံ့စြာႏွင့္ လက္ဆန္႔ထုတ္လာၿပီး ရန္က်ားလိ၏ နား႐ြက္ႏွင့္ မ်က္ႏွာျပင္ကို ပြတ္သပ္သည္။

ရန္က်ားလိသည္ ဓာတ္လိုက္ခံလိုက္ရသည့္အတိုင္း ခဏတြင္းခ်င္း ထခုန္သြားၿပီး မ်က္ခုံးပင့္လ်က္ ဆဲဆိုသည္။

"ထမင္းစားတဲ့အခ်ိန္မွာ သူမ်ားကို လိုက္ထိေနတာက အရမ္း႐ိုင္းတဲ့ အျပဳအမူဆိုတာ ခင္ဗ်ားအေမ မသင္ေပးထားဘူးလား။ အရွက္ကို မရွိဘူး၊ ႐ြံ႕စရာေကာင္းတယ္"

ယဲ့ဖန္၏ မ်က္ႏွာသည္ ခဏတြင္းခ်င္း သုန္မႈန္သြားသည္။

သူသည္ ေအးစက္ မႈန္မႈိင္းစြာႏွင့္ ရန္က်ားလိ၏ ထမင္းဟင္းမ်ားကို ဖယ္ခိုင္းလိုက္ၿပီး သက္ေတာ္ေစာင့္ထံ လက္ယမ္းျပကာ

"စကားနားမေထာင္တဲ့ ေကာင္၊ ျပန္ခ်ဳပ္ထားလိုက္ေတာ့"

ရန္က်ားလိသည္ ေလတစ္ခ်က္ ခြၽန္လိုက္ၿပီး သက္ေတာ္ေစာင့္က သူ႔ကို လာမဖမ္းခ်ဳပ္ေသးသည္ကို အခြင့္ေကာင္းယူ၍ ထမင္းစားပြဲေပၚမွ ဆူဆူၿဖိဳးၿဖိဳး ၾကက္ေပါင္ႀကီးကို အလ်င္အျမန္ ေကာက္ယူလိုက္သည္။ ၿပီးေနာက္ ယဲ့ဖန္ကို တစ္ခ်က္ ျပန္ၾကည့္လိုက္သည္။ ၎မွာ ေအာင္ႏိုင္သူ ၾကက္ဖႀကီးက ႐ြပ္႐ြပ္ခြၽံခြၽံ တက္တက္ႂကြႂကြႏွင့္ ေလွာင္အိမ္ထဲ ျပန္ဝင္သြားတာႏွင့္ တူေပသည္။

ထိုေန႔ည ဆယ္နာရီတြင္ ယဲ့ဖန္သည္ ဝမ္ယန္ကို ဆြဲေခၚၿပီး အိပ္ခန္းထဲ ဝင္သြားျပန္သည္။

ခါတိုင္းကဲ့သို႔ ေအာ္ဟစ္သံမ်ား ေက်ာ္လႊားသြားၿပီးေနာက္ ဝမ္ယန္သည္ ေအာက္ဆင္းလာၿပီး မွိန္ဖ်ဖ်ညတြင္ ရန္က်ားလိ ေလွာင္အိမ္ေဘး ကုပ္ကုပ္ကေလး ထိုင္လိုက္သည္။

ရန္က်ားလိသည္ အရင္အတိုင္း သူ႔အစား ဒဏ္ရာမ်ားကို ရွင္းလင္းေပးေနၿပီး ယဲ့ထင္ႏွင့္ ဇာတ္လမ္းကိုလည္း တစ္ခဏေလာက္ တတြတ္တြတ္ ေျပာျပသည္။

ဝမ္ယန္တစ္ေယာက္ ညႇိဳ႕ယူ ဆြဲေဆာင္ခံေနရတုန္း ရန္က်ားလိက ႐ုတ္တရက္ ရပ္တန္႔သြားေလ၏။

ဝမ္ယန္က သူ႔ကိုေမးသည္။

"ဘာလို႔ ဆက္မေျပာေတာ့တာလဲ"

ရန္က်ားလိသည္ ေလသံကို သူတို႔ႏွစ္ေယာက္သာ ၾကားႏိုင္ေလာက္သည္အထိ တိုးခ်လိုက္ၿပီး သက္ျပင္းခ်လ်က္ ဆိုသည္။

"ယဲ့ထင္က အျပင္မွာ ငါ့ကို အ႐ူးတပိုင္း လိုက္ရွာေနမွာ။ ငါ့အတြက္နဲ႔ ဒီေလာက္အမ်ားႀကီး စြန္႔လႊတ္ခဲ့ၿပီးၿပီ။ ငါကေတာ့ သူ႔ကို ဒီမွာ ကူကယ္ရာမဲ့ရင္း ထိုင္ေစာင့္ေနရတယ္။ ငါ့စိတ္ထဲမွာ အရမ္းခံရခက္တာပဲ"

ဝမ္ယန္သည္ ရန္က်ားလိ၏ မ်က္လုံးကို စိုက္ၾကည့္ေနၿပီး စကားမဆိုေပ။

ရန္က်ားလိ၏ လက္ေခ်ာင္းက ေလွာင္အိမ္ထဲမွ ထြက္လာၿပီး ဝမ္ယန္၏ လက္ေခ်ာင္းကို ခ်ိတ္လိုက္ကာ ေတာင္းပန္စြာ စကားဆိုသည္။

"မင္းငါ့ကို တစ္ခုေလာက္ ကူညီေပးလို႔ ရမလား"

ဝမ္ယန္က တိတိက်က် ေျပာလာသည္။

"မင္းကငါ့ကို မင္းထြက္သြားႏိုင္ေအာင္ ကူညီေပးေစခ်င္တယ္"

ရန္က်ားလိက ၿပဳံးလိုက္ၿပီး ေခါင္းခါသည္။

သူသည္ ဝမ္ယန္႔ေရွ႕ လက္ေဝွ႔ျပလိုက္ၿပီး အနားကို တိုးလာခိုင္းကာ သူ႔နား႐ြက္နား တိုးတိုးေလး ေျပာသည္။

"ငါမင္းကို လုပ္ေစခ်င္တာက...."
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရွိသည္။

ရန္က်ားလိ : အဲ့ဒီဟာ လုပ္ရတာ အရမ္း ဇိမ္ရွိတယ္၊ အရမ္းလည္း ေပ်ာ္ဖို႔ေကာင္းတယ္။

ဝမ္ယန္ : ဘယ္လိုမ်ိဳး ေပ်ာ္ဖို႔ေကာင္းတာလဲ။ မင္းေျပာျပေလ။

ယဲ့ဖန္ : ဘယ္ေလာက္ ေပ်ာ္ဖို႔ေကာင္းတာလဲ။ ​မင္းေျပာေလ။

ယဲ့ထင္ : သူ႔ကို ဖိအား မေပးနဲ႔။ ငါေျပာျပမယ္။

ရန္က်ားလိ : မင္း ပါးစပ္ပိတ္ထား။

8/3/2022(Tue)

                           ×××

Continue Reading

You'll Also Like

769K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
90.3K 7.6K 12
Chinese Manga Translation to Burmese Original Author : Tu Zi Translator & Rewriter : Hanashiro Yuzuki Full Credit to Origin
61.4K 4.7K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...