General Order

By OpalHawthorn28

36.6K 4K 176

Author: 偷偷写文 Original Name: /General Order Manhua/Chinese Comic Name: My Majesty Your Grace Support the artis... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (17)
Chapter (18)
Chapter (19)

Chapter (16)

997 190 8
By OpalHawthorn28

ယန်လျန်က သူ့ (မင်းကြီး)  ကိုမြင်တော့ ထိတ်လန့်သွားပြီး သူ့ဘေးကအပျိုတော်လေးကို အံ့အားသင့်နေဟန်နဲ့ လှည့်ကြည့်နေတယ်.....

အရှင်မင်းမြတ်ရဲ့ စိတ်ထဲမှာ ဒေါသတရားတွေ ကြီးစိုးလာပြီး ခုနကတုန်းက ခံစားနေရတဲ့ သနားမှုတွေ ဝမ်းနည်းမှုတွေကို မေ့လျော့သွားခဲ့တယ်.....

အခု သူ ထီးနန်းစိုးစံနိုင်နေပြီ...အရင်တုနိးကလို အားနည်းချိနဲ့နေတဲ့ မင်းသားတစ်ပါးမဟုတ်တော့တဲ့အပြင် တစ်ဖက်သားကို လှည့်စားတတ်တဲ့ သူရဲဘောကြောင်သူတစ်ယောက်လဲ မဟုတ်တော့ပါ.....

သူ ဘာလို့ထွက်ပြေးရတာလဲ....ဘာလို့ ဒီမိန်းမနဲ့အတူ ထွက်ပြေးသွားတာလဲ !!!!

"ဒီကိုလာခဲ့ ယန်လျန်...ငါကိုယ်တော် ဒီမိန်းမကိုသတ်ဘူးလို့ ကတိပေးတယ်....."

ခက်ခဲမှုတွေကို မြိုသိပ်ရင်းနဲ့ ယန်လျန်ဆီ လက်လှမ်းလိုက်တယ်.....

ယန်လျန်က သူ့ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေတယ်....သူတို့တွေ တဟ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအဆင်းသိနေတွေပါ...အတူတကွဖြတ်သန်းလာခဲ့ရတဲ့ နှစ် လတွေက အလကားမှမဟုတ်တာ....သူတို့နှစ်ယောက်က နှစ်ခုပေါင်းမှပြည့်စုံမှ စက်ဝိုင်းတစ်ခုလိုပဲလေ.....

မတိုးသာ မဆုတ်သာအခြေနေမျိုးမှာ ယန်လျန်က....

"အခုဆို မင်းသားက ဧကရာဇ်ဖြစ်နေပါပြီ...."

သူ ခေါင်းညိတ်လိုက်တယ်....

"အရှင့်ဘက်က ကတိဖျက်ခဲ့မယ်ဆို ကျွန်တော်မျိုးရဲ့အဆုံးသတ်လဲ အဆင်ပြေမှာမဟုတ်ဘူး...."

တဒိန်းဒိန်းခုန်လှုပ်နေလေသော နှလုံးသားကြောင့် ခြေလှမ်းတစ်ဝက်စာလောက် ရှေ့တိုးသွားခဲ့မိတယ်....

"မောင်မင်း ကိုယ်တော့်ကို စျေးလာဆစ်မနေနဲ့ ! !!!"

အမြဲတစေ မထုံတတေးရှိနေတတ်တဲ့ ယန်လျန်ရဲ့ မျက်နှာပေါ်မှာ နာကျင်နေတဲ့အရိပ်အယောင်တွေ မြင်နေရတယ်....ဒီအရိပ်အယောင်တွေကပဲ အရှင်မင်းမြတ်ကို အနိုင်ပိုင်းသွားလေပြီ....

"ကောင်းပြီ...ကိုယ်တော် သူ့ကို မသတ်ဘူးလို့ ကတိပေးတယ်...."

ယန်လျန့်ဘက်က လက်လွှတ်ပေးလိုက်တာကြောင့် ထိုအမျိုးသမီး ထိတ်လန့်သွားတယ်...ယန်လျန်က ထိုအမျိုးသမီးကို ပြုံးပြလိုက်ပြီး....

"ကတိမတည်နိုင်တဲ့အတွက်တောင်းပန်ပါတယ်...ကိုယ် မင်းကို ခေါ်ထုတ်မသွားနိူင်တော့ဘူး....ဒါပေမယ့် အရှင်က မင်းကို မသတ်ဘူးလို့ ကတိပေးထားတဲ့အတွက် အဆင်ပြေသွားမှာပါ...."

နှူတ်ဆက်စကားဆိုနေတဲ့ သူ့ကို အရှင်က ထူးဆန်းတဲ့ အပြုံးတွေပြုံးပြီး စိုက်ကြည့်နေခဲ့တယ်.....

ထိုအမျိုးသမီးကအရှင့်ခြေဖဝါးတော်အောက်မှာ ရုန်းကန်နေရပြီး အရှင့်ကို လက်ညိုးငေါက်ငေါက်ထိုးနေတယ်....

". ......"

ဒီအပြုမူမျိုးက အရိုအသေတန်လွန်းပေမယ့် သူမရဲ့ အမှားအတွက် နှစ်သိမ့်ဖြောင်းဖျပေးမယ့်သူ တစ်ဉီးမျှမရှိခဲ့ပါ...

အရှင်မင်းမြတ်က သူမကိုငုံ့ကြည့်လိုက်ပြီး....

"ကိုယ်တော် မင်းကို မသတ်ဘူးလို့ စစ်သူကြီးယန်ကို ကတိပေးထားတယ်..."

ပြီးတာနဲ့ ဘေးမှာရပ်နေတဲ့ မိန်းမစိုးတစ်ယောက်ကို လှမ်းမေးလိုက်တယ်....

"ဟန်ကုန်းကုန်း သူ ဘယ်လိုသေသွားတာလဲ..."

ဟန်ကုန်းကုန်းကလဲ အလျင်စလိုပြန်ဖြေလိုက်တယ်....

"လျှောက်တင်ပါတယ် အရှင်....သူ့ဘာသာ မတော်တဆ အဆိပ်ပါတဲ့သေရည်သောက်မိသွားတာပါ..."

အရှင်က ခေါင်းမော့ ရယ်မောလိုက်ပြီး ထွက်သွားလေပြီ......

တံခါးချပ်တွေ ဖြည်းညှင်းစွာ ပိတ်သွားတာကို ထိုအမျိုးသမီး ခေါင်းမော့ပြီး ကြည့်နေတယ်...လှပခဲ့ဖူးလေသော မျက်နှာလေးက နာကျင်မှုကြောင့် တွန်ချိုးနေလေရဲ့...သို့ပေမယ့် ရှားပါးလှတဲ့သူရဲကောင်းဆန်မှုတွေကို သူ့မျက်ဝန်းထဲမှာ တွေ့မြင်နိုင်တယ်...ဒါတွေက ချန်ဇီမင်းနဲ့ သိပ်တူတာပဲ....

လန့်နိုးလာတဲ့ အရှင်မင်းမြတ်က အိပ်နေရာကနေ ထထိုင်လိုက်ပြီး ခေါင်းငုံ့ထားတယ်...

"ယန်လျန်...ယန်လျန်...ငတုံးကောင်... ဘာလို့အဆိပ်ပြင်းတဲ့ ကျိန်ဆိုမှုတွေ လုပ်ခဲ့တာလဲ...အခုတော့ မင်းရဲ့ဆန္ဒတွေပြည့်သွားပြီပေါ့......"

နောက်ဆုံးသော စကားပြောနေစဉ်မှာ အရှင့်ရဲ့ အသံတွေ ကွဲအက်တုန်ရီနေတယ်....သန်းခေါင်ယံအိမ်မက်ဆိုးတွေကြောင့် လန့်နိူးလာသူတွေ မည်၍မည်မျှရှိနေလိမ့်မယ် မသိခဲ့မိပါ.....

တခဏအတွင်းမှာ အရှင်မင်းမြတ် မျက်ရည်ကျနေခဲ့ပါပြီ.....

.......... ......
ချန်ဇီမင်း လက်ထဲက စာကို ပိတ်ပြီး အကြာကြီး တိတ်ဆိတ်နေခဲ့တယ်...စာထဲမှာရေးသားထားတဲ့ နောက်ဆုံးသော စာကြောင်းတွေကတော့ သူ့ရှေ့မှာရှိနေဆဲပင်.....

". .....နောက်ပိုင်းမှာ နှစ်ဉီးသားဆက်ဆံရေးတွေ ကျဲပါးလာတယ်....ပြောနေကြတာတော့ အဲ့အမျိုးသမီးက  အစ်ကို ( ချန်ဇီမင်း) နဲ့ ရုပ်ချင်းဆင်တယ်တဲ့...ညီမလေး နန်းတွင်းထဲရောက်ကတည်းက အရှင့် အစ်ကို့ကို အေးတိအေးစက်နဲ့ ဆက်ဆံတန်မှန်း သတိထားမိလာတယ်...အစက​တော့ ထူးဆန်းတယ် ထင်နေမိသေးတယ်...ဒီအကြောင်းတွေ ကြားပြီးတော့မှပဲ စိတ်အေးနိုင်တော့တယ်....ဒီတစ်ခေါက် စစ်ချီထွက်တဲ့ ခရီးမှာ အစ်ကို့ကို လုပ်ကြံသတ်ဖြတ်နိုင်တယ်....ဒါကြောင့် အစ်ကို သတိထားပါ..."

စကားလုံးအနည်းငယ်လောက်နဲ့တင် ရင်းရင်းရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်နေပြီ......

ချန်ဇီမင်း ထရပ်လိုက်ပြီး ပြတင်းပေါက်ဖွင့်လိုက်တော့ ညလေအေးလေးတွေ အခန်းထဲ တိုးဝင်လာလေရဲ့....နွေဉီးရောက်နေသော်ငြားလဲ ညချမ်းအချိန်အခါကတော့ဖြင့် အေးမြလေရဲ့.....

ပင့်သက်ရှိုက်မောလိုက်ပြီး ချန်ဇီမင်း တီးတိုးရေရွတ်နေခဲ့တယ်....

" မင်းမသိသေးဘူး ရင်းရင်း...အမှောင်ထုထဲကနေ မြှားတွေ ပစ်လွှတ်လိုက်မယ်ဆိုရင်တောင် ဒီလိုဘဝမျိုးကြီးနဲ့နေရတာထက်စာရင် စစ်မြေပြင်မှာ သေသွားတာကမှ ပိုကောင်းဉီးမယ်...."

ဒီတစ်ခေါက် စစ်ချီထွက်ခြင်းက ယန်လျန် စစ်ချီထွက်တုန်းကလောက် မစည်ကားခဲ့ပါ...

တစ်ညမှာတော့ ချန်ဇီမင်းက သူကိုယ်တောင် ရွေးချယ်ထားတဲ့ မြင်းစီးတပ်သား တစ်သောင်းကျော်ကို ဉီးဆောင်ပြီး စစ်ချီထွက်သွားခဲ့ပါပြီ....လူအုပ်စုလိုက် နှုတ်ဆက်မှုတွေ၊ ပန်းပွင့်တွေ မရှိပါဘဲ တစ္ဆေများသဖွယ် တိတ်တဆိတ်ထွက်ခွာသွားခြင်းမျိုးနဲ့ပေါ့.....

ယန်လျန်ကျဆုံးသွားပြီးနောက်ပိုင်းမှာ ရှုန်းနုတွေ တပ်သားအင်အားလျော့ချလိုက်ပေမယ့်ပုလုကုန်း နယ်စပ်မှာ လျန်ယွန်းဘောင် ခံတပ်တစ်ခုကို တည်ဆောင်ခဲ့ကြတယ်...ထိုခံတပ်က ​တောင်ပိုင်းရဲ့  တောင်တန်းတွေနဲ့ မြောက်ပိုင်းရဲ့ ရှန်းချွမ်တို့ကို ဝန်းရံထားတယ်.....

ဒီခံတပ်က ရန်သူဘက်ကတိုက်စစ်ဆင်ဖို့လွယ်ကူသော်လည်း ချန်ဇီမင်းတို့အတွက်ကတော့ ထိုးဖောက်ရခက်ခဲလှတဲ့ ခံတပ်တစ်ခုဖြစ်နေတယ်....

လျန်ယွန်းဘောင်ကို မသိမ်းပိုက်မှီ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းရပေဉီးမည်.....

ချန်ဇီမင်းက တပ်သားတွေကို ဉီးဆောင်ပြီး သုံးလကြာမယ့် ခရီးကို ရက်လေးဆယ်တည်းနဲ့ ရောက်အောင် နေ့နေ့ညည ခရီးပြင်းနှင်ခဲ့တယ်....

သူ့အတွက် အချိန်က အရေးကြီးလွန်းတယ်လေ....ရန်သူဘက်ကရော...အစိုးရရုံးကလူတွေအပြင် အရှင်မင်းကြီးကပါ သူဒီလောက်အထိ မြန်မြန် ရောက်သွားမယ် ထင်မထားကြဘူး......

ရောက်ရောက်ချင်းမှာပဲ တပ်စခန်းချမနေတော့ဘဲ နားချင်ရင် ခံတပ်ထဲမှာ ဝင်နားမယ်ဆိုပြီး ချန်ဇီမင်းတစ်ယောက် တပ်သားတွေကို အမိန့်ပေးပြီး တိုက်ပွဲစတင်ခဲ့တယ်....

"ခံတပ်ကို အပိုင်သိမ်းနိူင်ရင် ညဘက်ဆို အိပ်ယာထဲမှာ အိပ်နိုင်ပြီ! !!"

ချန်ဇီမင်းရဲ့ အပြောကြောင့်တပ်သားတွေ သွေးဆူလာကြပြီ....ခရီးစဉ်တစ်လျှောက်လုံး နေ့နေ့ညည မြင်းကုန်းနှီးပေါ်မှာ ငိုက်မြည်းလာရသူတွေအဖို့ ကျကျနနအနားယူဖို့ စိတ်အားထက်သန်နေကြပါပြီ......

ချန်ဇီမင်းက မျက်ကန်းတစ်ယောက်မဟုတ်တဲ့အတွက် သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်....လမ်းတစ်လျှောက်လုံးမှာ ယန်လျန်ထားရစ်ခဲ့တဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်ခဲ့ပြီးပြီ....လိမ်မာပါးနပ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ယန်လျန်က မှတ်တမ်းတွေထဲမှာ အသေးစိတ်အချက်လက်တွေကိုပါ ရေးသားထားခဲ့တယ်လေ......

ချိန်ထိုးတွေးဆကြည့်ပြီးနောက်မှာတော့...ယန်လျန့်ရဲ့ ဗျူဟာနဲ့ ဆန့်ကျင်နေတဲ့ နည်းလမ်းကိုသာ ရွေးချယ်ဖြစ်ခဲ့တယ်...ယန်လျန်က တည်ငြိမ်ခိုင်ခံ့စွာနဲ့ ဗျူဟာခင်းခဲ့တယ်....ချန်ဇီမင်းရဲ့ ဗျူဟာကတော့ စကားတစ်လုံးတည်းနဲ့ ပြောရမယ်ဆို "အလစ်ငိုက်ဖမ်းခြင်း "လို့ပဲ ဆိုရမှာပေါ့.....

ခံတပ်မှာရှိတဲ့ ရန်သူတွေက ချန်ဇီမင်းတို့ရဲ့ ထိုးစစ်ဆင်မှုကြောင့် အလန့်တကြားဖြစ်ကုန်ကြတယ်....တပ်စခန်းမချသေးဘဲ ချက်ချင်းကြီး ထိုးစစ်ဆင်တဲ့ ရဲရင့်မှုကြောင့် ရန်သူ့တပ်သားတွေ စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြလေပြီ.......

ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခုပြီးဆုံးချိန်မှာ ချန်ဇီမင်းတို့တတွေ လျန်ယွန်းဘောင် ခံတပ်ပေါ်မှာ ခြေချနိုင်ခဲ့ပြီ.....

ချန်ဇီမင်း ဉီးဆောင်တဲ့အဖွဲ့က ရန်သူအယောက်ငါးထောင်ကို ခေါင်းဖြတ်သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း အယောက် တစ်ထောင်၊မြင်းကောင်ရေ တစ်ထောင်ကျော်နဲ့ ချပ်ဝတ်တွေ လက်နက်တွေကိုပါ သိမ်းယူနိုင်ခဲ့တယ်...ဒါတွေအကုန်လုံး နှစ်နာရီအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ.....

သူ့ခြေထောက်အောက်မှာ မျှားတွေစိုက်ဝက်နေတဲ့ အလောင်းတွေ ပုံထပ်နေတယ်....မလေးသည်တော်တွေ ပစ်လွှတ်လိုက်တဲ့ မျှားတွေကြောင့် ခံတပ်ထဲက ရန်သူတွေ တဖွဲဖွဲကျဆုံးကုန်ကြတယ်လေ....ပြီးတာနဲ့ သူတို့တွေ ခံတပ်ပေါ် ရောက်အောင်တက်သွားပြီး တစ်ယောက်ချင်းစီက ရန်သူဆယ်ယောက်လောက်ကိုသတ်ဖြတ်ခဲ့ကြတယ်....

သူတို့တွေက သူကိုယ်တိုင် ရွေးချယ်ခဲ့တဲ့တပ်သားတွေဖြစ်တာကြောင့် ချန်ဇီမင်း ဂုဏ်ယူနေမိတာပေါ့.....

တိုက်ခတ်လာတဲ့ လေတစ်သုတ်ကြောင့် ပုခုံးပေါ်က ဝတ်ရုံစတွေ လွန့်လူးကခုန်နေတယ်...နောက်ဘက်အရပ်ကတောင်တန်းတွေဆီငုပ်လျှိုးသွားလေသော နေဝင်ဆည်းတာကောင်းကင်အလှကို ချန်ဇီမင်း ငေးမောနေခဲ့တယ်.....

စိတ်ထဲမှာ မကြုံဖူးခဲ့တဲ့ ခံစားချက်မျိုးတွေ ပြည့်နှက်နေတယ်....ဒီကမ္ဘာမှာ သူလုပ်နိုင်တဲ့အရာတွေ ရှိနေသေးတာပဲ....မြို့တော်မှာတုန်းက ကတိဝတ်တွေနဲ့ နာခံတတ်ခဲ့သူက သူကိုယ်တိုင်မှ ဟုတ်ပါလေစ......

"စစ်သူကြီးချန်! !!!"

ချန်ဇီမင်း လှည့်ကြည့်လိုက်တော့ သာမာန်အမှုထမ်းတစ်ယောက်လို ဝတ်စားထားတဲ့သူတစ်ယောက်က လက်သီးဆုပ်ပြီး အရိုအသေပြုနေလေရဲ့....

"ကြီးကြပ်ရေးမှုးပဲ...."

အရှင်ကိုယ်တော်တိုင် အမည်နာမ မှည့်တွင်ပေးထားတဲ့ ဝူမင်ကောင်းဆိုသူက နည်းနည်းတော့ အရှက်မဲ့တယ်....လျန်ယွန်းဘောင်ကို စရောက်တုန်းက ချန်ဇီမင်းပေးတဲ့ အမိန့်တွေကို အန္တာရာယ်များလွန်းတယ်ဆိုပြီး ကန့်လန့်တိုက်ဖူးသူပါ.....

ဝူကောင်းက အပြုံးတစ်ခုဆင်မြန်းပြီး ....

"စစ်သူကြီးရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့်သာ အခုလို လျန်ယွန်းဘောင်ကို သိမ်းနိုင်တာပါ...ဒီတစ်ခေါက် ပေကျင်းကို ပြန်ရောက်ရင် စစ်သူကြီးရဲ့ ဂုဏ်သတင်းတွေ ကျော်ဇော်လာတော့မှာ အသေချာပါပဲ...."

ချန်ဇီမင်းက ဝူကောင်းကို မထူးမခြားနားလေသံနဲ့ ပြန်ပြောလိုက်တယ်....

"စစ်ပွဲကဖြင့် မပြီးသေးဘူး...ဘာလို့ ဆုလာဒ်တွေအကြောင်းပြောနေရတာလဲ..."

ဝူကောင်းက အံ့အားသင့်နေဟန်နဲ့ ပြန်မေးတယ်.....

"ဒါဆို စစ်သူကြီးက ဘာလို့ တိုက်ပွဲဝင်တာလဲ..."

[TN: မေးချင်တာ​က ဆုလာဒ်တွေ ကျော်ကြားမှုတွေ မလိုချင်ဘဲ ဘာလို့အကုန်တားနေတဲ့ကြားကနေ စစ်ချီထွက်လာသလဲပေါ့.....စကားမစပ် Update လာတောင်းတဲ့ ဒါဒါလေးတစ်ယောက်ရှိတယ်...အရမ်းချစ်ဖို့ကောင်းတာပဲ....]


ZawGyi

ယန္လ်န္က သူ႕ (မင္းႀကီး)  ကိုျမင္ေတာ့ ထိတ္လန္႔သြားၿပီး သူ႕ေဘးကအပ်ိဳေတာ္ေလးကို အံ့အားသင့္ေနဟန္နဲ႔ လွည့္ၾကည့္ေနတယ္.....

အ႐ွင္မင္းျမတ္ရဲ႕ စိတ္ထဲမွာ ေဒါသတရားေတြ ႀကီးစိုးလာၿပီး ခုနကတုန္းက ခံစားေနရတဲ့ သနားမႈေတြ ဝမ္းနည္းမႈေတြကို ေမ့ေလ်ာ့သြားခဲ့တယ္.....

အခု သူ ထီးနန္းစိုးစံႏိုင္ေနၿပီ...အရင္တုနိးကလို အားနည္းခ်ိနဲ႔ေနတဲ့ မင္းသားတစ္ပါးမဟုတ္ေတာ့တဲ့အျပင္ တစ္ဖက္သားကို လွည့္စားတတ္တဲ့ သူရဲေဘာေၾကာင္သူတစ္ေယာက္လဲ မဟုတ္ေတာ့ပါ.....

သူ ဘာလို႔ထြက္ေျပးရတာလဲ....ဘာလို႔ ဒီမိန္းမနဲ႔အတူ ထြက္ေျပးသြားတာလဲ !!!!

"ဒီကိုလာခဲ့ ယန္လ်န္...ငါကိုယ္ေတာ္ ဒီမိန္းမကိုသတ္ဘူးလို႔ ကတိေပးတယ္....."

ခက္ခဲမႈေတြကို ၿမိဳသိပ္ရင္းနဲ႔ ယန္လ်န္ဆီ လက္လွမ္းလိုက္တယ္.....

ယန္လ်န္က သူ႕ကို သံသယမ်က္လုံးေတြနဲ႔ ၾကည့္ေနတယ္....သူတို႔ေတြ တဟ္ေယာက္အေၾကာင္းတစ္ေယာက္ အတြင္းသိအဆင္းသိေနေတြပါ...အတူတကြျဖတ္သန္းလာခဲ့ရတဲ့ ႏွစ္ လေတြက အလကားမွမဟုတ္တာ....သူတို႔ႏွစ္ေယာက္က ႏွစ္ခုေပါင္းမွျပည့္စုံမွ စက္ဝိုင္းတစ္ခုလိုပဲေလ.....

မတိုးသာ မဆုတ္သာအေျခေနမ်ိဳးမွာ ယန္လ်န္က....

"အခုဆို မင္းသားက ဧကရာဇ္ျဖစ္ေနပါၿပီ...."

သူ ေခါင္းညိတ္လိုက္တယ္....

"အ႐ွင့္ဘက္က ကတိဖ်က္ခဲ့မယ္ဆို ကြၽန္ေတာ္မ်ိဳးရဲ႕အဆုံးသတ္လဲ အဆင္ေျပမွာမဟုတ္ဘူး...."

တဒိန္းဒိန္းခုန္လႈပ္ေနေလေသာ ႏွလုံးသားေၾကာင့္ ေျခလွမ္းတစ္ဝက္စာေလာက္ ေ႐ွ႕တိုးသြားခဲ့မိတယ္....

"ေမာင္မင္း ကိုယ္ေတာ္႕ကို ေစ်းလာဆစ္မေနနဲ႔ ! !!!"

အၿမဲတေစ မထုံတေတး႐ွိေနတတ္တဲ့ ယန္လ်န္ရဲ႕ မ်က္ႏွာေပၚမွာ နာက်င္ေနတဲ့အရိပ္အေယာင္ေတြ ျမင္ေနရတယ္....ဒီအရိပ္အေယာင္ေတြကပဲ အ႐ွင္မင္းျမတ္ကို အႏိုင္ပိုင္းသြားေလၿပီ....

"ေကာင္းၿပီ...ကိုယ္ေတာ္ သူ႕ကို မသတ္ဘူးလို႔ ကတိေပးတယ္...."

ယန္လ်န္႔ဘက္က လက္လႊတ္ေပးလိုက္တာေၾကာင့္ ထိုအမ်ိဳးသမီး ထိတ္လန္႔သြားတယ္...ယန္လ်န္က ထိုအမ်ိဳးသမီးကို ျပဳံးျပလိုက္ၿပီး....

"ကတိမတည္ႏိုင္တဲ့အတြက္ေတာင္းပန္ပါတယ္...ကိုယ္ မင္းကို ေခၚထုတ္မသြားႏိူင္ေတာ့ဘူး....ဒါေပမယ့္ အ႐ွင္က မင္းကို မသတ္ဘူးလို႔ ကတိေပးထားတဲ့အတြက္ အဆင္ေျပသြားမွာပါ...."

ႏႉတ္ဆက္စကားဆိုေနတဲ့ သူ႕ကို အ႐ွင္က ထူးဆန္းတဲ့ အျပဳံးေတြျပဳံးၿပီး စိုက္ၾကည့္ေနခဲ့တယ္.....

ထိုအမ်ိဳးသမီးကအ႐ွင့္ေျခဖဝါးေတာ္ေအာက္မွာ ႐ုန္းကန္ေနရၿပီး အ႐ွင့္ကို လက္ညိဳးေငါက္ေငါက္ထိုးေနတယ္....

". ......"

ဒီအျပဳမူမ်ိဳးက အ႐ိုအေသတန္လြန္းေပမယ့္ သူမရဲ႕ အမွားအတြက္ ႏွစ္သိမ့္ေျဖာင္းဖ်ေပးမယ့္သူ တစ္ဉီးမွ်မ႐ွိခဲ့ပါ...

အ႐ွင္မင္းျမတ္က သူမကိုငုံ႔ၾကည့္လိုက္ၿပီး....

"ကိုယ္ေတာ္ မင္းကို မသတ္ဘူးလို႔ စစ္သူႀကီးယန္ကို ကတိေပးထားတယ္..."

ၿပီးတာနဲ႔ ေဘးမွာရပ္ေနတဲ့ မိန္းမစိုးတစ္ေယာက္ကို လွမ္းေမးလိုက္တယ္....

"ဟန္ကုန္းကုန္း သူ ဘယ္လိုေသသြားတာလဲ..."

ဟန္ကုန္းကုန္းကလဲ အလ်င္စလိုျပန္ေျဖလိုက္တယ္....

"ေလွ်ာက္တင္ပါတယ္ အ႐ွင္....သူ႕ဘာသာ မေတာ္တဆ အဆိပ္ပါတဲ့ေသရည္ေသာက္မိသြားတာပါ..."

အ႐ွင္က ေခါင္းေမာ့ ရယ္ေမာလိုက္ၿပီး ထြက္သြားေလၿပီ......

တံခါးခ်ပ္ေတြ ျဖည္းညႇင္းစြာ ပိတ္သြားတာကို ထိုအမ်ိဳးသမီး ေခါင္းေမာ့ၿပီး ၾကည့္ေနတယ္...လွပခဲ့ဖူးေလေသာ မ်က္ႏွာေလးက နာက်င္မႈေၾကာင့္ တြန္ခ်ိဳးေနေလရဲ႕...သို႔ေပမယ့္ ႐ွားပါးလွတဲ့သူရဲေကာင္းဆန္မႈေတြကို သူ႕မ်က္ဝန္းထဲမွာ ေတြ႕ျမင္ႏိုင္တယ္...ဒါေတြက ခ်န္ဇီမင္းနဲ႔ သိပ္တူတာပဲ....

လန္႔ႏိုးလာတဲ့ အ႐ွင္မင္းျမတ္က အိပ္ေနရာကေန ထထိုင္လိုက္ၿပီး ေခါင္းငုံ႔ထားတယ္...

"ယန္လ်န္...ယန္လ်န္...ငတုံးေကာင္... ဘာလို႔အဆိပ္ျပင္းတဲ့ က်ိန္ဆိုမႈေတြ လုပ္ခဲ့တာလဲ...အခုေတာ့ မင္းရဲ႕ဆႏၵေတြျပည့္သြားၿပီေပါ့......"

ေနာက္ဆုံးေသာ စကားေျပာေနစဥ္မွာ အ႐ွင့္ရဲ႕ အသံေတြ ကြဲအက္တုန္ရီေနတယ္....သန္းေခါင္ယံအိမ္မက္ဆိုးေတြေၾကာင့္ လန္႔ႏိူးလာသူေတြ မည္၍မည္မွ်႐ွိေနလိမ့္မယ္ မသိခဲ့မိပါ.....

တခဏအတြင္းမွာ အ႐ွင္မင္းျမတ္ မ်က္ရည္က်ေနခဲ့ပါၿပီ.....

.......... ......
ခ်န္ဇီမင္း လက္ထဲက စာကို ပိတ္ၿပီး အၾကာႀကီး တိတ္ဆိတ္ေနခဲ့တယ္...စာထဲမွာေရးသားထားတဲ့ ေနာက္ဆုံးေသာ စာေၾကာင္းေတြကေတာ့ သူ႕ေ႐ွ႕မွာ႐ွိေနဆဲပင္.....

". .....ေနာက္ပိုင္းမွာ ႏွစ္ဉီးသားဆက္ဆံေရးေတြ က်ဲပါးလာတယ္....ေျပာေနၾကတာေတာ့ အဲ့အမ်ိဳးသမီးက  အစ္ကို ( ခ်န္ဇီမင္း) နဲ႔ ႐ုပ္ခ်င္းဆင္တယ္တဲ့...ညီမေလး နန္းတြင္းထဲေရာက္ကတည္းက အ႐ွင့္ အစ္ကို႔ကို ေအးတိေအးစက္နဲ႔ ဆက္ဆံတန္မွန္း သတိထားမိလာတယ္...အစက​ေတာ့ ထူးဆန္းတယ္ ထင္ေနမိေသးတယ္...ဒီအေၾကာင္းေတြ ၾကားၿပီးေတာ့မွပဲ စိတ္ေအးႏိုင္ေတာ့တယ္....ဒီတစ္ေခါက္ စစ္ခ်ီထြက္တဲ့ ခရီးမွာ အစ္ကို႔ကို လုပ္ၾကံသတ္ျဖတ္ႏိုင္တယ္....ဒါေၾကာင့္ အစ္ကို သတိထားပါ..."

စကားလုံးအနည္းငယ္ေလာက္နဲ႔တင္ ရင္းရင္းရဲ႕ သေဘာထားကို ႐ွင္း႐ွင္းလင္းလင္းသိျမင္ႏိုင္ေနၿပီ......

ခ်န္ဇီမင္း ထရပ္လိုက္ၿပီး ျပတင္းေပါက္ဖြင့္လိုက္ေတာ့ ညေလေအးေလးေတြ အခန္းထဲ တိုးဝင္လာေလရဲ႕....ေႏြဉီးေရာက္ေနေသာ္ျငားလဲ ညခ်မ္းအခ်ိန္အခါကေတာ့ျဖင့္ ေအးျမေလရဲ႕.....

ပင့္သက္႐ိႈက္ေမာလိုက္ၿပီး ခ်န္ဇီမင္း တီးတိုးေရ႐ြတ္ေနခဲ့တယ္....

" မင္းမသိေသးဘူး ရင္းရင္း...အေမွာင္ထုထဲကေန ျမႇားေတြ ပစ္လႊတ္လိုက္မယ္ဆိုရင္ေတာင္ ဒီလိုဘဝမ်ိဳးႀကီးနဲ႔ေနရတာထက္စာရင္ စစ္ေျမျပင္မွာ ေသသြားတာကမွ ပိုေကာင္းဉီးမယ္...."

ဒီတစ္ေခါက္ စစ္ခ်ီထြက္ျခင္းက ယန္လ်န္ စစ္ခ်ီထြက္တုန္းကေလာက္ မစည္ကားခဲ့ပါ...

တစ္ညမွာေတာ့ ခ်န္ဇီမင္းက သူကိုယ္ေတာင္ ေ႐ြးခ်ယ္ထားတဲ့ ျမင္းစီးတပ္သား တစ္ေသာင္းေက်ာ္ကို ဉီးေဆာင္ၿပီး စစ္ခ်ီထြက္သြားခဲ့ပါၿပီ....လူအုပ္စုလိုက္ ႏႈတ္ဆက္မႈေတြ၊ ပန္းပြင့္ေတြ မ႐ွိပါဘဲ တေစၧမ်ားသဖြယ္ တိတ္တဆိတ္ထြက္ခြာသြားျခင္းမ်ိဳးနဲ႔ေပါ့.....

ယန္လ်န္က်ဆုံးသြားၿပီးေနာက္ပိုင္းမွာ ႐ႈန္းႏုေတြ တပ္သားအင္အားေလ်ာ့ခ်လိုက္ေပမယ့္ပုလုကုန္း နယ္စပ္မွာ လ်န္ယြန္းေဘာင္ ခံတပ္တစ္ခုကို တည္ေဆာင္ခဲ့ၾကတယ္...ထိုခံတပ္က ​ေတာင္ပိုင္းရဲ႕  ေတာင္တန္းေတြနဲ႔ ေျမာက္ပိုင္းရဲ႕ ႐ွန္းခြၽမ္တို႔ကို ဝန္းရံထားတယ္.....

ဒီခံတပ္က ရန္သူဘက္ကတိုက္စစ္ဆင္ဖို႔လြယ္ကူေသာ္လည္း ခ်န္ဇီမင္းတို႔အတြက္ကေတာ့ ထိုးေဖာက္ရခက္ခဲလွတဲ့ ခံတပ္တစ္ခုျဖစ္ေနတယ္....

လ်န္ယြန္းေဘာင္ကို မသိမ္းပိုက္မွီ ခရီး႐ွည္ႀကီးတစ္ခုကို ျဖတ္သန္းရေပဉီးမည္.....

ခ်န္ဇီမင္းက တပ္သားေတြကို ဉီးေဆာင္ၿပီး သုံးလၾကာမယ့္ ခရီးကို ရက္ေလးဆယ္တည္းနဲ႔ ေရာက္ေအာင္ ေန႔ေန႔ညည ခရီးျပင္းႏွင္ခဲ့တယ္....

သူ႕အတြက္ အခ်ိန္က အေရးႀကီးလြန္းတယ္ေလ....ရန္သူဘက္ကေရာ...အစိုးရ႐ုံးကလူေတြအျပင္ အ႐ွင္မင္းႀကီးကပါ သူဒီေလာက္အထိ ျမန္ျမန္ ေရာက္သြားမယ္ ထင္မထားၾကဘူး......

ေရာက္ေရာက္ခ်င္းမွာပဲ တပ္စခန္းခ်မေနေတာ့ဘဲ နားခ်င္ရင္ ခံတပ္ထဲမွာ ဝင္နားမယ္ဆိုၿပီး ခ်န္ဇီမင္းတစ္ေယာက္ တပ္သားေတြကို အမိန္႔ေပးၿပီး တိုက္ပြဲစတင္ခဲ့တယ္....

"ခံတပ္ကို အပိုင္သိမ္းႏိူင္ရင္ ညဘက္ဆို အိပ္ယာထဲမွာ အိပ္ႏိုင္ၿပီ! !!"

ခ်န္ဇီမင္းရဲ႕ အေျပာေၾကာင့္တပ္သားေတြ ေသြးဆူလာၾကၿပီ....ခရီးစဥ္တစ္ေလွ်ာက္လုံး ေန႔ေန႔ညည ျမင္းကုန္းႏွီးေပၚမွာ ငိုက္ျမည္းလာရသူေတြအဖို႔ က်က်နနအနားယူဖို႔ စိတ္အားထက္သန္ေနၾကပါၿပီ......

ခ်န္ဇီမင္းက မ်က္ကန္းတစ္ေယာက္မဟုတ္တဲ့အတြက္ သူ႕ကိုယ္သူ ယုံၾကည္မႈ႐ွိတယ္....လမ္းတစ္ေလွ်ာက္လုံးမွာ ယန္လ်န္ထားရစ္ခဲ့တဲ့ မွတ္တမ္းေတြကို ဖတ္ၾကည့္ခဲ့ၿပီးၿပီ....လိမ္မာပါးနပ္တဲ့သူတစ္ေယာက္ျဖစ္တဲ့ ယန္လ်န္က မွတ္တမ္းေတြထဲမွာ အေသးစိတ္အခ်က္လက္ေတြကိုပါ ေရးသားထားခဲ့တယ္ေလ......

ခ်ိန္ထိုးေတြးဆၾကည့္ၿပီးေနာက္မွာေတာ့...ယန္လ်န္႔ရဲ႕ ဗ်ဴဟာနဲ႔ ဆန္႔က်င္ေနတဲ့ နည္းလမ္းကိုသာ ေ႐ြးခ်ယ္ျဖစ္ခဲ့တယ္...ယန္လ်န္က တည္ၿငိမ္ခိုင္ခံ့စြာနဲ႔ ဗ်ဴဟာခင္းခဲ့တယ္....ခ်န္ဇီမင္းရဲ႕ ဗ်ဴဟာကေတာ့ စကားတစ္လုံးတည္းနဲ႔ ေျပာရမယ္ဆို "အလစ္ငိုက္ဖမ္းျခင္း "လို႔ပဲ ဆိုရမွာေပါ့.....

ခံတပ္မွာ႐ွိတဲ့ ရန္သူေတြက ခ်န္ဇီမင္းတို႔ရဲ႕ ထိုးစစ္ဆင္မႈေၾကာင့္ အလန္႔တၾကားျဖစ္ကုန္ၾကတယ္....တပ္စခန္းမခ်ေသးဘဲ ခ်က္ခ်င္းႀကီး ထိုးစစ္ဆင္တဲ့ ရဲရင့္မႈေၾကာင့္ ရန္သူ႕တပ္သားေတြ စိတ္ပ်က္လက္ပ်က္ျဖစ္ကုန္ၾကေလၿပီ.......

ျပင္းထန္လွတဲ့ တိုက္ပြဲတစ္ခုၿပီးဆုံးခ်ိန္မွာ ခ်န္ဇီမင္းတို႔တေတြ လ်န္ယြန္းေဘာင္ ခံတပ္ေပၚမွာ ေျခခ်ႏိုင္ခဲ့ၿပီ.....

ခ်န္ဇီမင္း ဉီးေဆာင္တဲ့အဖြဲ႕က ရန္သူအေယာက္ငါးေထာင္ကို ေခါင္းျဖတ္သုတ္သင္ႏိုင္ခဲ့ၿပီး စစ္သုံ႔ပန္း အေယာက္ တစ္ေထာင္၊ျမင္းေကာင္ေရ တစ္ေထာင္ေက်ာ္နဲ႔ ခ်ပ္ဝတ္ေတြ လက္နက္ေတြကိုပါ သိမ္းယူႏိုင္ခဲ့တယ္...ဒါေတြအကုန္လုံး ႏွစ္နာရီအတြင္းမွာ ျဖစ္ပ်က္ခဲ့တာပါ.....

သူ႕ေျခေထာက္ေအာက္မွာ မွ်ားေတြစိုက္ဝက္ေနတဲ့ အေလာင္းေတြ ပုံထပ္ေနတယ္....မေလးသည္ေတာ္ေတြ ပစ္လႊတ္လိုက္တဲ့ မွ်ားေတြေၾကာင့္ ခံတပ္ထဲက ရန္သူေတြ တဖြဲဖြဲက်ဆုံးကုန္ၾကတယ္ေလ....ၿပီးတာနဲ႔ သူတို႔ေတြ ခံတပ္ေပၚ ေရာက္ေအာင္တက္သြားၿပီး တစ္ေယာက္ခ်င္းစီက ရန္သူဆယ္ေယာက္ေလာက္ကိုသတ္ျဖတ္ခဲ့ၾကတယ္....

သူတို႔ေတြက သူကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တဲ့တပ္သားေတြျဖစ္တာေၾကာင့္ ခ်န္ဇီမင္း ဂုဏ္ယူေနမိတာေပါ့.....

တိုက္ခတ္လာတဲ့ ေလတစ္သုတ္ေၾကာင့္ ပုခုံးေပၚက ဝတ္႐ုံစေတြ လြန္႔လူးကခုန္ေနတယ္...ေနာက္ဘက္အရပ္ကေတာင္တန္းေတြဆီငုပ္လွ်ိဳးသြားေလေသာ ေနဝင္ဆည္းတာေကာင္းကင္အလွကို ခ်န္ဇီမင္း ေငးေမာေနခဲ့တယ္.....

စိတ္ထဲမွာ မၾကဳံဖူးခဲ့တဲ့ ခံစားခ်က္မ်ိဳးေတြ ျပည့္ႏွက္ေနတယ္....ဒီကမ႓ာမွာ သူလုပ္ႏိုင္တဲ့အရာေတြ ႐ွိေနေသးတာပဲ....ၿမိဳ႕ေတာ္မွာတုန္းက ကတိဝတ္ေတြနဲ႔ နာခံတတ္ခဲ့သူက သူကိုယ္တိုင္မွ ဟုတ္ပါေလစ......

"စစ္သူႀကီးခ်န္! !!!"

ခ်န္ဇီမင္း လွည့္ၾကည့္လိုက္ေတာ့ သာမာန္အမႈထမ္းတစ္ေယာက္လို ဝတ္စားထားတဲ့သူတစ္ေယာက္က လက္သီးဆုပ္ၿပီး အ႐ိုအေသျပဳေနေလရဲ႕....

"ႀကီးၾကပ္ေရးမႈးပဲ...."

အ႐ွင္ကိုယ္ေတာ္တိုင္ အမည္နာမ မွည့္တြင္ေပးထားတဲ့ ဝူမင္ေကာင္းဆိုသူက နည္းနည္းေတာ့ အ႐ွက္မဲ့တယ္....လ်န္ယြန္းေဘာင္ကို စေရာက္တုန္းက ခ်န္ဇီမင္းေပးတဲ့ အမိန္႔ေတြကို အႏၲာရာယ္မ်ားလြန္းတယ္ဆိုၿပီး ကန္႔လန္႔တိုက္ဖူးသူပါ.....

ဝူေကာင္းက အျပဳံးတစ္ခုဆင္ျမန္းၿပီး ....

"စစ္သူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ျပတ္သားမႈေၾကာင့္သာ အခုလို လ်န္ယြန္းေဘာင္ကို သိမ္းႏိုင္တာပါ...ဒီတစ္ေခါက္ ေပက်င္းကို ျပန္ေရာက္ရင္ စစ္သူႀကီးရဲ႕ ဂုဏ္သတင္းေတြ ေက်ာ္ေဇာ္လာေတာ့မွာ အေသခ်ာပါပဲ...."

ခ်န္ဇီမင္းက ဝူေကာင္းကို မထူးမျခားနားေလသံနဲ႔ ျပန္ေျပာလိုက္တယ္....

"စစ္ပြဲကျဖင့္ မၿပီးေသးဘူး...ဘာလို႔ ဆုလာဒ္ေတြအေၾကာင္းေျပာေနရတာလဲ..."

ဝူေကာင္းက အံ့အားသင့္ေနဟန္နဲ႔ ျပန္ေမးတယ္.....

"ဒါဆို စစ္သူႀကီးက ဘာလို႔ တိုက္ပြဲဝင္တာလဲ..."

[TN: ေမးခ်င္တာ​က ဆုလာဒ္ေတြ ေက်ာ္ၾကားမႈေတြ မလိုခ်င္ဘဲ ဘာလို႔အကုန္တားေနတဲ့ၾကားကေန စစ္ခ်ီထြက္လာသလဲေပါ့.....စကားမစပ္ Update လာေတာင္းတဲ့ ဒါဒါေလးတစ္ေယာက္႐ွိတယ္...အရမ္းခ်စ္ဖို႔ေကာင္းတာပဲ....]







Continue Reading

You'll Also Like

2.5M 177K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
474K 87.8K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
1.3M 29.2K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...
340K 20.3K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...