THE FIRST TIME WE MET🌊 [COMP...

By ARIA_K95

76.1K 6.8K 647

အချစ်ဦးလေးအားပင်လယ်ပြင်၏ကမ်းစပ်နားလေးတွင်စတင်တွေ့ရှိခဲ့သည် အခ်စ္ဦးေလးအားပင္လယ္ျပင္၏ကမ္းစပ္နားေလးတြင္စတင္ေတြ႕႐... More

Part.1🌊
Part.2 🌊
Part.3🌊
Part.4🌊
Part.5🌊
Part.6🌊
Part.7🌊
Part.8🌊
Part.9🌊
Part.10🌊
Part.11🌊
Part .12🌊
Part .13🌊
Part . 14🌊
Part . 15🌊
Part . 16 🌊
Part . 17🌊
Part . 18🌊
Part . 19🌊
Part . 20 🌊
Part . 21🌊
Part. 22 🌊
Part . 23🌊
[ FINAL ]🌊

AT WEDDING DAY_[ Taehyung's POV]

2.9K 242 32
By ARIA_K95

Unicode

ဖြန့်ခင်းထားသည့်ကော်ဇော်နီပေါ်သို့တစ်လှမ်းချင်း လှမ်းလာနေတဲ့သတို့သမီး။ ရုပ်နဲ့တွဲသည့်ခန္ဓာကိုယ်ဟာ ဘုန်းတော်ကြီး၏ဘေး၌ ရှိနေသော်လဲ ထိန်းချုပ်၍မဖြစ်နိုင်တဲ့ နာမ်ဟာဆိုရင်ဖြင့် တစ်ယောက်သောသူလေးဆီကိုသာရောက်နေခဲ့ပါတယ်။ ညာဘက်လက်ကောက်ဝတ်ပေါ်တွင် အကျအန နေရာယူထားသော ခရုလက်ပတ်လေးအားငုံ့ကြည့်မိသည့်အခါ ပြုံးရသေး၏။ ဒီသေးသေးမျှင်မျှင်အကွင်းလေးရဖို့အတွက် ဘယ်လောက်တောင်သူစိတ်ရှည်ခဲ့ရမလဲ။ ပြုလုပ်နေသည့် အရာတစ်ခုထဲပေါ်မှာသာ အာရုံစူးစိုက်တတ်တဲ့ ကောင်ငယ်လေးရဲ့ မျက်ခုံးထူထူတို့ ဘယ်အတိုင်းအတာလောက်များထိ စုကျုံ့နေလိုက်မလဲ။

လှစ်ကနဲပြုံးတတ်သည့်နှုတ်ခမ်းပါးတွေ၊ ကျွန်တော်သိပ်သဘောကျရတဲ့မျက်လုံးနက်နက်လေးတွေ၊ ပါးပေါ်၌တည် ရှိနေပါသောအမာရွတ်ကအစ နှုတ်ခမ်းပါးအောက်ရှိ မှဲ့လေးအဆုံး အကုန်လုံးမြတ်နိုးခဲ့ရတယ်။

ဆွန်းလီ၏ လက်ဖဝါးတစ်ဖက်ကို သူ့အဖေကတင်ပေးလာသည်။ ပြန်လည်ဆုပ်ကိုင်ခဲ့ခြင်းမရှိတဲ့ လက်ဖျားပေါ်မှာ သူမ၏ လက်လေးကပြုတ်ကျမှာစိုးသည့်သဖွယ်ကုပ်တွယ်ထား၏။ လုပ်ရိုးလုပ်စဉ်အတိုင်း ဘုန်းတော်ကြီးရှေ့တော်မှောက် နှစ်ဦးသားမျက်နှာချင်းဆိုင်ကြသည်။
ဇာပုဝါအောက်က သတို့သမီးရဲ့မျက်နှာ ဘယ်ပုံဘယ်သို့ဖြစ်နေမှန်းမသိပါ။ ပြန်တွေးကြည့်တဲ့အခါ ဆွန်းလီကိုခုမှသာမြင်ရခြင်းပင်။ လက်ထပ်ပွဲနေ့မှာ ကိုယ့်သတို့သမီးရဲ့ပုံစံကို ကျမ်းကျိန်ခါနီးမှ သိရတဲ့ သတို့သား။

ရှေ့ဆုံးနားလောက်မှာထိုင်နေသည့် ဖေဖေကမျက်နှာသိပ်မကောင်း။ ဘေးမှာ မေမေနဲ့ အမကပြုံးလျက်ကြည့်နေသည်။ မြင်ကွင်းထဲ သိပ်ကိုကြည်နူးစရာကောင်းတယ်ဟုများထင်နေကြတာလား။ မိဘများ၏နောက်မှာ ထိုင်နေသည်က ယူရှင်း။ ရုတ်တရက်ကြီး လက်ထပ်တော့မည်ဆိုတဲ့အကြောင်းသိသွားခဲ့တုန်းက ဘယ်လိုပြောပြောမယုံခဲ့တဲ့သူ။ လူပျိုကြီးက တစ်ယောက်တည်းကပျာကယာ ဒယ်ဂူဘက်သို့ဆင်းလာခဲ့သည်။ ပွဲမစခင် သူငယ်ချင်းနှစ်ယောက်စကားပြောဖြစ်ကြသေး၏။

"ထယ်ယောင်း မင်းမလဲ, လက်ထပ်တာကရုတ်တရက်ကြီးပါလား ဘယ်လိုဖြစ်ရတာလဲ"

"ဒီလိုပဲဖြစ်သွားတယ်၊ မင်းလဲပျော်တယ်မဟုတ်လား"

"ငါက? ဘာလို့ ငါကပျော်ရမှာတုန်း သတို့သားလဲမဟုတ်ပဲ"

"ဆွန်းလီနဲ့ငါ့ကိုသဘောတူခဲ့တာ မင်းထိပ်ဆုံးကလေ"

"ဒါကတော့ မင်းအတွက်အသင့်တော်ဆုံးဖြစ်မယ်ထင်ခဲ့လို့ပါ"

"ယူရှင်း..."

ပြောလေဆိုသည့်သဘောဖြင့် ခေါင်းငြိမ့်ပြသည်။ ရင်ဘတ်ကိုထုထုပြီးငိုပစ်လိုက်ချင်ပေမယ့် မတတ်သာခဲ့တဲ့အခြေအနေမှာ လွယ်လင့်တကူ ငိုကြွေးဖို့တောင်မဖြစ်နိုင်။

"ငါလေ...."

"....."

"ငါသူနဲ့တကယ်ဝေးပြီလား"

"....."

"ငါတို့မဖြစ်နိုင်ကြတော့ဘူးလား"

အားလျော့စွာဖွင့်ဟလာသည့် ထယ်ယောင်း၏စကားသံတိုးတိုးကြောင့် ယူရှင်းစိတ်မကောင်းဖြစ်မိသည်။ ပခုံးတစ်ဖက်ကိုအသာဆုပ်ကိုင်ရင်း အားပေးတဲ့သဘောဖြင့် တဆတ်တဆတ်ပုတ်ပေးနေသည်။ ခုလိုအချိန်မှာ ဘယ်လိုစကားမျိုးကမှ ထယ်ယောင်းအတွက်နှစ်သိမ့်ရာရောက်မည်မဟုတ်။ တစ်ခါတရံ ငြိမ်သက်စွာနားထောင်ပေးလိုက်ခြင်းက အရာမရောက်တဲ့ နှစ်သိမ့်စကားတွေထက်ပို၍သင့်တော်ပါတယ်။

ရှေ့မှာမြင်နေရသည်က ဆွန်းလီရဲ့ဂါဝန်အနားစ။ ဟုတ်ပါတယ် အောက်သို့တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာ။ လက်နှစ်ဖက်ကိုအရှေ့ဖက်သို ယှက်ထားရင်း ခရုလက်ပတ်လေးကိုတစ်ချိန်လုံးထိတွေ့နေသည်။

ဇာပုဝါအောက်မှ ကော့စင်းနေသောမျက်တောင်ဖျားလေးဖြင့်ကာရန်ထားသည့်မျက်ဝန်းဟာ သတို့သား၏လက်ကောက်ဝတ်ဆီသို့အကြည့်ရောက်ခဲ့လေ၏။ နာကျင်စွာ တစ်ချက်ပြုံးမိပြန်သည်။ ‌ဂျွန်ဂျောင်ဂုဆိုတဲ့လူဟာ အနားမှာရှိမနေတာတောင်မှ သူမ,အား အကြိမ်ကြိမ်အခါခါအနိုင်ပိုင်းနေခဲ့ပြီ။ သက်မဲ့အရာပစ္စည်းလေးတစ်ခုလောက်တောင်မှ အကိုထယ်ယောင်းရဲ့စိတ်ဝင်စားခြင်းကိုမခံရတဲ့သူမ,အဖို့ အရှုံးတွေကိုပွေ့ပိုက်ဖို့သာကျန်တော့လေပြီ။

"သတို့သား ကင်မ်ထယ်‌ယောင်းဟာ သတို့သမီးဘတ်ဆွန်းလီအပေါ် ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ၊ အိုမင်းမစွမ်းသည်ဖြစ်စေ သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်သွားပါမည်ဟု ဘုရားသခင်ရှေ့တော်မှောက်၌ ကတိသစ္စာပြုဝံ့ပါသလား"

ဘုန်းတော်ကြီး၏ စကားသံအဆုံးအပ်ကျသံပင်မကြားရတော့တဲ့ခန်းမ။ ကြွရောက်ချီးမြှင့်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းက သတို့သား၏ တုံ့ပြန်ခြင်းကြန့်ကြာနေမှုအပေါ် တီးတိုးစကားသံတွေထွက်လာပြီ။

ဘုန်းတော်ကြီးက

"သတို့သား အဆင်ပြေပါရဲ့လား"

"....."

နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ထယ်‌ယောင်း၏ ရင်ဘတ်ဟာ ပုံမှန်ထက်မြန်ဆန်စွာလှုပ်ရှားလာ၏။ နောက်ဆုံးတော့ သတို့သမီး၏မျက်နှာကိုလှမ်းကြည့်တဲ့အခါ ပုဝါအောက်က မျက်ဝန်းတွေနှင့်သွားဆုံသည်။ တစ်ချိန်လုံး ဆွန်းလီဘက်မှ စိုက်ကြည့်နေခဲ့သည်မှန်း သိပေမယ့် ဂျောင်ဂုရဲ့မျက်ဝန်းနက်တွေအပေါ်သာပြိုလဲချင်မိတာ။

"ဆွန်းလီ"

နှစ်ကိုယ်တည်းကြားနိုင်သည့် လေသံမျိုးဖြင့်စကားစ လာသည့်ထယ်ယောင်း။ ဧည့်သည်တစ်ချို့မှာ ထိုင်ခုံနှင့်ဖင်တောင်လွတ်ချင်နေပြီ။ ဘာများဖြစ်‌‌နေတာလဲဆိုသည့်ပုံစံများဖြင့်ပို၍ဂရုစိုက်ကြည့်လာကုန်၏။

"ဘုရားသခင်က လိမ်တာကိုကြိုက်ပါ့မလား"

"......"

ဆွန်းလီက ပြူးတူးတူးဖြင့်ကြည့်လာသည်။
ထယ်ယောင်းက ပြောစရာရှိတာကိုဆက်ပြောနေ၏။

"မွန်မြတ်သန့်စင်တဲ့ဒီလိုနေရာမှာ တစ်ဘဝလုံးစာအတွက်လိမ်ဖို့ဖြစ်သင့်လား၊ ဆွန်းလီ ဘယ်လိုထင်လဲ"

"အစ်ကို..."

ဘေးကသူတွေမမြင်နိုင်ပေမယ့် ရှေ့တည့်တည့်မှာရပ်နေသည့် ထယ်ယောင်းက ဆွန်းလီ၏မျက်ဝန်းအိမ်လေးများ ငွေ့ရည်ဖွဲ့လာသည်ကိုမြင်ရ၏။ ညီမလေးတစ်ယောက်လိုတွေးပြီး စောင့်ရှောက်ပေးချင်ခဲ့ပေမယ့် ဇနီးမယားတစ်ယောက်လိုမျိုးထိ ဘယ်လိုမှသဘောမထားနိုင်ဘူးထင်တယ်။

"အစ်ကို့ကိုလူလိမ်ဖြစ်စေချင်လား ဘုရားသခင်ရှေ့မှာလေ..."

လက်ဝါးကပ်တိုင်ပေါ်ရှိ သခင်ယေရှုအား ဆွန်းလီမော့ကြည့်လိုက်သည်။ ဒီယောက်ျားသားအပေါ်အမြတ်တနိုးနဲ့စွဲလန်းခဲ့မိပါသည်။ ထို့အတွက်ကြောင့်ပိုင်ဆိုင်ချင်ခဲ့မိသည်။ နှလုံးသားမကျန်တောင် အခွံကိုပဲပိုက်ထားဖို့ထိ ဝန်မလေးခဲ့တဲ့ သူမရဲ့ဆုံးဖြတ်ဟာ တစ်ချိန်ကပြတ်သားလွန်းခဲ့သည်။ ဒီယောက်ျားဟာ သူမကိုမနှစ်မြို့ဘူး၊ လက်မခံချင်ဘူးဆိုတာသိရက်နဲ့ အတင်းဇွတ်တိုးခဲ့သည်။ အဆုံးစွန် ဘုရားသခင်ရှေ့တော်မှောက်၌ မုသားစကားအလိမ်အညာတို့ဖြင့်ရစ်ပတ်နေမည့် သစ္စာစကားတို့ကိုပါ အစ်ကို့နှုတ်မှထွက်ကျ‌စေသည်ထိ ပြုလုပ်ခဲ့မိသည်။

အပြစ်သားဆိုရင်တောင် သူမပဲခံယူမည်မို့ ဒီတစ်ချိန်မှာတော့ တရားဝင် အရှုံးပေးရတော့မည်။
ကျွန်မရှင့်ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးပဲ ဂျွန်ဂျောင်ဂု။ ငယ်ချစ်တွေရဲ့သံယောစဉ်အပေါ် ဖြတ်တောက်ဖို့ကြိုးစားနေသည့် ပုံစံက ရေကိုဓားနဲ့ပိုင်းသလိုပင် မိုက်ရူးရဲဆန်လိုက်လေခြင်း။

"သွားပါ..."

ဒီတစ်ခါ မျက်လုံးကျယ်သွားရသည်က ထယ်ယောင်း။
နားကြားမှားသွားတယ်ဟုပင် ထင်နေသည်။ ခန္ဓာကိုယ်အားရှေ့သို့အနည်းငယ်ကိုင်း၍ နားထောင်ဟန်ပြုတော့ ဆွန်းလီက နောက်တစ်ခါထပ်ပြောသည်။

"သူ့ဆီ...သွားလိုက်ပါ"

"ဆွန်းလီ..."

ဝမ်းသာရိပ်မြူးနေသည့် အစ်ကို့ရဲ့မျက်ဝန်းတွေက ညီမကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့အသိနဲ့တင် ကျေနပ်ပါသည်။ သက်ပြင်းတစ်ချက်ရှိုက်၍ မျက်လွှာအားတစ်ချက်ပိတ်လိုက်တဲ့အခါ ပေါက်ခနဲကျဆင်းသွားသည့် မျက်ရည်တစ်ချို့။ ရင်နာလိုက်တာ....သူမဟာ တကယ်ကိုအချစ်ကံခေလွန်းလှတယ်။

ပြေးထွက်သွားသည့် ကျောပြင်နောက် ဆွန်းလီ၏အကြည့်များတောက်လျှောက်ကပ်ပါသွားခဲ့သည်။
ခန်းမထဲရှိ ဧည့်သည်တွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်ရင်း ထယ်ယောင်းရဲ့ အမေကမူးမော်သွားတော့၏။
တစ်ခဏချင်းဖြစ်ပျက်သွားတဲ့အရာတွေအပေါ် လိုက်မမှီတဲ့ဖခင်ဖြစ်သူသာ မိန်းမရဲ့ပခုံးစွန်းလေးကိုကိုင်ရင်း သူ၏ရင်ခွင်၌ခေါင်းမှီထားစေသည်။

သမီးကြီးကတော့ ရှုဆေးဘူးတွေထုတ်၊ သွေးခုန်နှုန်းတွေစမ်းဖြင့်တအားအလုပ်ရှုပ်သွားတော့တာ။

တဖုန်းဖုန်းပြေးထွက်လာတဲ့သတို့သားကြောင့် ဘုရားကျောင်းဝန်းအတွင်းရှိ အစာစား‌နေသောခိုအုပ်စုမှာ လန့်ပြီးပျံတတ်ကုန်ကြသည်။ ထွက်သာထွက်လာတာ ဒီဝတ်စုံကြီးနှင့်အတော်ပင် ကို့ရို့ကားယားနိုင်သည်မို့ taxi ငှားရန်တွန့်ဆုတ်နေမိသည်။ တစ်ယောက်တည်း ခေါင်းကုတ်ရင်း အပေါက်ဝမှာ ယောင်လည်လည်လုပ်နေတုန်း ပခုံးတစ်ဖက်သို့ လာပုတ်တဲ့အသိကြောင့် လှည့်ကြည့်စဉ်_

.

.


.

"ယူရှင်း.."

နက်ပြာရောင် ကုတ်အင်္ကျီကိုလက်တစ်ဖက်တွင်ချိတ်ထားရင်း ရိုးရိုးတီရှပ်အဖြူသာဝတ်ထားတဲ့ ပုံစံဖြင့်ဘုကြည့်ကြည့်နေ၏။

"လမ်းကြုံတယ် လိုက်ပို့ပေးမယ်"

"ဟမ်...ဘယ်ကိုကြုံတာလဲ လမ်းက"

ထယ်ယောင်း နားမလည်သလိုကြည့်တဲ့အခါ တုံးလိုက်လေခြင်းဆိုသည့်ပုံစံမျိုးဖြင့် သက်ပြင်းချသည်။

"မင်းသွားတဲ့လမ်းတိုင်းကြုံမယ်ကွာ... ကဲ တတ်, ကြာတယ်"

ထိုအခါမှသဘောပေါက်သွားသည့်ထယ်ယောင်းက ခါးကျိုးမတတ်ပင် ယူရှင်းအားကျေးဇူးတင်စကားကို ဘူဆန်သွားသည့်လမ်းတစ်လျှောက်လုံးမနားတမ်းဆိုလာခဲ့သည်။ နောက်ဆုံးတော့ ကျွန်တော့်လူသားလေးဆီသွားနိုင်တော့မယ်။ ဘယ်သူတွေနဲ့ယှဉ်လာလာ မျက်ဝန်းနက်လေးတွေကိုပဲရွေးချယ်မယ်။ ရှိနေသမျှကာလပတ်လုံးနေ့စဉ်ရက်ဆက်အချစ်တွေနဲ့ထုတ်ပိုးသိမ်းဆည်းချည်နှောင်သွားမယ်။

အောက်ခံတီရှပ်အဖြူနဲ့သာ ‌ကားပေါ်မှပြေးဆင်းလာခဲ့သည်။ ကပျာကယာထွက်သွားတဲ့ ထယ်ယောင်းရဲ့ကျောပြင်အားကြည့်ရင်း ယူရှင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်။

"တယ်လဲ အချစ်ကြီးတဲ့ကောင်တွေပဲ"

ဝမ်းသာအားရပြေးလာခဲ့ပေမယ့် မြင်လိုက်ရတဲ့မြင်ကွင်းဟာ ရင်နှင့်စရာ။ အရက်ပုလင်းကြီးပိုက်လျက် အိပ်ပျော်နေတဲ့ပုံရိပ်လေးကြောင့် နှလုံးသားဟာနာကျင်လာသည်။
ပွစာကျဲနေသည့်အမှိုက်တွေကိုကျော်ခွပြီး အနားမှာ ဒူးထောက်၍ထိုင်ချလိုက်သည်။ မကြာလိုက် အမူးသမားလေးက လူကိုမမြင်ဖူးသလိုကြည့်ရင်း ပါးပြင်ဆီအုပ်ကိုင်လာသည်။ နှုတ်ဖျားမှလဲ_

"အချစ်...ကျွန်တော့်ဆီလာတာလားဟင်"

"အိပ်မက်ထဲမှာတောင် အချစ်ရဲ့မျက်ဝန်းလေးကသိပ်လှတာ"

"ကျွန်တော်တို့ပန်းခင်းကြီးအတူတူကြည့်ကြမလား"

ကယောင်ကတမ်းဖြင့် လျှောက်ပြောနေသည့် ပုံစံလေးကြောင့် ဖြေမဆည်နိုင်အောင်ငိုမိတော့သည်။ သနားဖို့ကောင်းတဲ့ဒီကလေးကို ဘာကြောင့်များ လက်လွှတ်ဖို့တွေးခဲ့မိတာလဲ။ အဆုံးစွန်ထိ ရူးမိုက်မိခဲ့တော့မလို့။ ငါတောင်းပန်ပါတယ် အချစ်ရယ်....အစ်ကိုတကယ်မှားသွားခဲ့ပါတယ်။

ကျွန်တော်ငိုတဲ့အခါ ဂျောင်ဂုက အသိစိတ်လွတ်နေသည့်ကြားထဲမှ မျက်ရည်တွေကိုလက်ဖြင့်အားယူသုတ်ပေးနေသည်။

"မငိုနဲ့လေ အစ်ကိုငိုရင် ဒီနေရာက နာတယ်"

ကလေးလေးတွေလိုမျိုး သူ့ရဲ့ဘယ်ဘက်ဝဲရင်အုံဆီလက်ညှိုးဖြင့်ထိုးပြရင်း ဒီနေရာဟုဆိုသည်။ စကားတောင် လေသံမကွဲတော့ပေမယ့် ဘယ်အချိန်မဆို ဂျောင်ဂုရဲ့နွေထွေးမှုအား နှလုံးသားဖြင့်အလိုအလျောက်ခံစားသိရှိခဲ့သည်။

"ငါမင်းကိုသိပ်ချစ်ပါတယ် ဂျောင်ဂုရယ်"

အနမ်းတို့အား မျက်နှာအစိတ်အပိုင်းတစ်ခုဆီ၌တံဆိပ်ခတ်လိုက်သည်။ ပြုံးယောင်သန်းသွားသည့်နှုတ်ခမ်းပါးလေးဖြင့် အမူးသမားလေးမှာအိပ်ပျော်သွားတော့၏။ ရွှေအိုရောင်ဆံနွယ်တွေကြား လက်ထဲ၍ ပွတ်သက်ပေးသည့်အခါ တအင်းအင်းဖြင့် ခိုလေးညည်းသလို အသံပြုသည်။

.


.



.

"ကောင်းသောအိပ်စက်ခြင်းပါ ငါ့ကောင်လေး"

Ariak
A/N ကဲ... Taehyungရဲ့ POV လေးပြီးခဲ့ပါပြီ။
မနက်ဖြန်ဖြစ်ဖြစ် သဘက်ခါဖြစ်ဖြစ် အသစ်လေးစပါမယ်
Stay tuned><
ဒရမ်မာချိုးချင်စိတ်ကို ခဏခေါက်ထားလိုက်ပါပြီ





Zawgyi

ျဖန္႔ခင္းထားသည့္ေကာ္ေဇာ္နီေပၚသို႔တစ္လွမ္းခ်င္း လွမ္းလာေနတဲ့သတို႔သမီး။ ႐ုပ္နဲ႔တြဲသည့္ခႏၶာကိုယ္ဟာ ဘုန္းေတာ္ႀကီး၏ေဘး၌ ႐ွိေနေသာ္လဲ ထိန္းခ်ဳပ္၍မျဖစ္ႏိုင္တဲ့ နာမ္ဟာဆိုရင္ျဖင့္ တစ္ေယာက္ေသာသူေလးဆီကိုသာေရာက္ေနခဲ့ပါတယ္။ ညာဘက္လက္ေကာက္ဝတ္ေပၚတြင္ အက်အန ေနရာယူထားေသာ ခ႐ုလက္ပတ္ေလးအားငုံ႔ၾကည့္မိသည့္အခါ ျပဳံးရေသး၏။ ဒီေသးေသးမွ်င္မွ်င္အကြင္းေလးရဖို႔အတြက္ ဘယ္ေလာက္ေတာင္သူစိတ္႐ွည္ခဲ့ရမလဲ။ ျပဳလုပ္ေနသည့္ အရာတစ္ခုထဲေပၚမွာသာ အာ႐ုံစူးစိုက္တတ္တဲ့ ေကာင္ငယ္ေလးရဲ႕ မ်က္ခုံးထူထူတို႔ ဘယ္အတိုင္းအတာေလာက္မ်ားထိ စုက်ံဳ႕ေနလိုက္မလဲ။

လွစ္ကနဲျပဳံးတတ္သည့္ႏႈတ္ခမ္းပါးေတြ၊ ကြၽန္ေတာ္သိပ္သေဘာက်ရတဲ့မ်က္လုံးနက္နက္ေလးေတြ၊ ပါးေပၚ၌တည္ ႐ွိေနပါေသာအမာ႐ြတ္ကအစ ႏႈတ္ခမ္းပါးေအာက္႐ွိ မွဲ႔ေလးအဆုံး အကုန္လုံးျမတ္ႏိုးခဲ့ရတယ္။

ဆြန္းလီ၏ လက္ဖဝါးတစ္ဖက္ကို သူ႕အေဖကတင္ေပးလာသည္။ ျပန္လည္ဆုပ္ကိုင္ခဲ့ျခင္းမ႐ွိတဲ့ လက္ဖ်ားေပၚမွာ သူမ၏ လက္ေလးကျပဳတ္က်မွာစိုးသည့္သဖြယ္ကုပ္တြယ္ထား၏။ လုပ္႐ိုးလုပ္စဥ္အတိုင္း ဘုန္းေတာ္ႀကီးေ႐ွ႕ေတာ္ေမွာက္ ႏွစ္ဦးသားမ်က္ႏွာခ်င္းဆိုင္ၾကသည္။
ဇာပုဝါေအာက္က သတို႔သမီးရဲ႕မ်က္ႏွာ ဘယ္ပုံဘယ္သို႔ျဖစ္ေနမွန္းမသိပါ။ ျပန္ေတြးၾကည့္တဲ့အခါ ဆြန္းလီကိုခုမွသာျမင္ရျခင္းပင္။ လက္ထပ္ပြဲေန႔မွာ ကိုယ့္သတို႔သမီးရဲ႕ပုံစံကို က်မ္းက်ိန္ခါနီးမွ သိရတဲ့ သတို႔သား။

ေ႐ွ႕ဆုံးနားေလာက္မွာထိုင္ေနသည့္ ေဖေဖကမ်က္ႏွာသိပ္မေကာင္း။ ေဘးမွာ ေမေမနဲ႔ အမကျပဳံးလ်က္ၾကည့္ေနသည္။ ျမင္ကြင္းထဲ သိပ္ကိုၾကည္ႏူးစရာေကာင္းတယ္ဟုမ်ားထင္ေနၾကတာလား။ မိဘမ်ား၏ေနာက္မွာ ထိုင္ေနသည္က ယူ႐ွင္း။ ႐ုတ္တရက္ႀကီး လက္ထပ္ေတာ့မည္ဆိုတဲ့အေၾကာင္းသိသြားခဲ့တုန္းက ဘယ္လိုေျပာေျပာမယုံခဲ့တဲ့သူ။ လူပ်ိဳႀကီးက တစ္ေယာက္တည္းကပ်ာကယာ ဒယ္ဂူဘက္သို႔ဆင္းလာခဲ့သည္။ ပြဲမစခင္ သူငယ္ခ်င္းႏွစ္ေယာက္စကားေျပာျဖစ္ၾကေသး၏။

"ထယ္ေယာင္း မင္းမလဲ, လက္ထပ္တာက႐ုတ္တရက္ႀကီးပါလား ဘယ္လိုျဖစ္ရတာလဲ"

"ဒီလိုပဲျဖစ္သြားတယ္၊ မင္းလဲေပ်ာ္တယ္မဟုတ္လား"

"ငါက? ဘာလို႔ ငါကေပ်ာ္ရမွာတုန္း သတို႔သားလဲမဟုတ္ပဲ"

"ဆြန္းလီနဲ႔ငါ့ကိုသေဘာတူခဲ့တာ မင္းထိပ္ဆုံးကေလ"

"ဒါကေတာ့ မင္းအတြက္အသင့္ေတာ္ဆုံးျဖစ္မယ္ထင္ခဲ့လို႔ပါ"

"ယူ႐ွင္း..."

ေျပာေလဆိုသည့္သေဘာျဖင့္ ေခါင္းၿငိမ့္ျပသည္။ ရင္ဘတ္ကိုထုထုၿပီးငိုပစ္လိုက္ခ်င္ေပမယ့္ မတတ္သာခဲ့တဲ့အေျခအေနမွာ လြယ္လင့္တကူ ငိုေႂကြးဖို႔ေတာင္မျဖစ္ႏိုင္။

"ငါေလ...."

"....."

"ငါသူနဲ႔တကယ္ေဝးၿပီလား"

"....."

"ငါတို႔မျဖစ္ႏိုင္ၾကေတာ့ဘူးလား"

အားေလ်ာ့စြာဖြင့္ဟလာသည့္ ထယ္ေယာင္း၏စကားသံတိုးတိုးေၾကာင့္ ယူ႐ွင္းစိတ္မေကာင္းျဖစ္မိသည္။ ပခုံးတစ္ဖက္ကိုအသာဆုပ္ကိုင္ရင္း အားေပးတဲ့သေဘာျဖင့္ တဆတ္တဆတ္ပုတ္ေပးေနသည္။ ခုလိုအခ်ိန္မွာ ဘယ္လိုစကားမ်ိဳးကမွ ထယ္ေယာင္းအတြက္ႏွစ္သိမ့္ရာေရာက္မည္မဟုတ္။ တစ္ခါတရံ ၿငိမ္သက္စြာနားေထာင္ေပးလိုက္ျခင္းက အရာမေရာက္တဲ့ ႏွစ္သိမ့္စကားေတြထက္ပို၍သင့္ေတာ္ပါတယ္။

ေ႐ွ႕မွာျမင္ေနရသည္က ဆြန္းလီရဲ႕ဂါဝန္အနားစ။ ဟုတ္ပါတယ္ ေအာက္သို႔တစ္ခ်ိန္လုံးစိုက္ၾကည့္ေနခဲ့တာ။ လက္ႏွစ္ဖက္ကိုအေ႐ွ႕ဖက္သို ယွက္ထားရင္း ခ႐ုလက္ပတ္ေလးကိုတစ္ခ်ိန္လုံးထိေတြ႕ေနသည္။

ဇာပုဝါေအာက္မွ ေကာ့စင္းေနေသာမ်က္ေတာင္ဖ်ားေလးျဖင့္ကာရန္ထားသည့္မ်က္ဝန္းဟာ သတို႔သား၏လက္ေကာက္ဝတ္ဆီသို႔အၾကည့္ေရာက္ခဲ့ေလ၏။ နာက်င္စြာ တစ္ခ်က္ျပဳံးမိျပန္သည္။ ‌ဂြၽန္ေဂ်ာင္ဂုဆိုတဲ့လူဟာ အနားမွာ႐ွိမေနတာေတာင္မွ သူမ,အား အႀကိမ္ႀကိမ္အခါခါအႏိုင္ပိုင္းေနခဲ့ၿပီ။ သက္မဲ့အရာပစၥည္းေလးတစ္ခုေလာက္ေတာင္မွ အကိုထယ္ေယာင္းရဲ႕စိတ္ဝင္စားျခင္းကိုမခံရတဲ့သူမ,အဖို႔ အ႐ႈံးေတြကိုေပြ႕ပိုက္ဖို႔သာက်န္ေတာ့ေလၿပီ။

"သတို႔သား ကင္မ္ထယ္‌ေယာင္းဟာ သတို႔သမီးဘတ္ဆြန္းလီအေပၚ ဆင္းရဲသည္ျဖစ္ေစ၊ခ်မ္းသာသည္ျဖစ္ေစ၊ နာမက်န္းသည္ျဖစ္ေစ၊ အိုမင္းမစြမ္းသည္ျဖစ္ေစ သက္ဆုံးတိုင္ ေပါင္းသင္းေနထိုင္သြားပါမည္ဟု ဘုရားသခင္ေ႐ွ႕ေတာ္ေမွာက္၌ ကတိသစၥာျပဳဝံ့ပါသလား"

ဘုန္းေတာ္ႀကီး၏ စကားသံအဆုံးအပ္က်သံပင္မၾကားရေတာ့တဲ့ခန္းမ။ ႂကြေရာက္ခ်ီးျမႇင့္လာၾကတဲ့ ဧည့္ပရိတ္သတ္အေပါင္းက သတို႔သား၏ တုံ႔ျပန္ျခင္းၾကန္႔ၾကာေနမႈအေပၚ တီးတိုးစကားသံေတြထြက္လာၿပီ။

ဘုန္းေတာ္ႀကီးက

"သတို႔သား အဆင္ေျပပါရဲ႕လား"

"....."

နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည့္ ထယ္‌ေယာင္း၏ ရင္ဘတ္ဟာ ပုံမွန္ထက္ျမန္ဆန္စြာလႈပ္႐ွားလာ၏။ ေနာက္ဆုံးေတာ့ သတို႔သမီး၏မ်က္ႏွာကိုလွမ္းၾကည့္တဲ့အခါ ပုဝါေအာက္က မ်က္ဝန္းေတြႏွင့္သြားဆုံသည္။ တစ္ခ်ိန္လုံး ဆြန္းလီဘက္မွ စိုက္ၾကည့္ေနခဲ့သည္မွန္း သိေပမယ့္ ေဂ်ာင္ဂုရဲ႕မ်က္ဝန္းနက္ေတြအေပၚသာၿပိဳလဲခ်င္မိတာ။

"ဆြန္းလီ"

ႏွစ္ကိုယ္တည္းၾကားႏိုင္သည့္ ေလသံမ်ိဳးျဖင့္စကားစ လာသည့္ထယ္ေယာင္း။ ဧည့္သည္တစ္ခ်ိဳ႕မွာ ထိုင္ခုံႏွင့္ဖင္ေတာင္လြတ္ခ်င္ေနၿပီ။ ဘာမ်ားျဖစ္‌‌ေနတာလဲဆိုသည့္ပုံစံမ်ားျဖင့္ပို၍ဂ႐ုစိုက္ၾကည့္လာကုန္၏။

"ဘုရားသခင္က လိမ္တာကိုႀကိဳက္ပါ့မလား"

"......"

ဆြန္းလီက ျပဴးတူးတူးျဖင့္ၾကည့္လာသည္။
ထယ္ေယာင္းက ေျပာစရာ႐ွိတာကိုဆက္ေျပာေန၏။

"မြန္ျမတ္သန္႔စင္တဲ့ဒီလိုေနရာမွာ တစ္ဘဝလုံးစာအတြက္လိမ္ဖို႔ျဖစ္သင့္လား၊ ဆြန္းလီ ဘယ္လိုထင္လဲ"

"အစ္ကို..."

ေဘးကသူေတြမျမင္ႏိုင္ေပမယ့္ ေ႐ွ႕တည့္တည့္မွာရပ္ေနသည့္ ထယ္ေယာင္းက ဆြန္းလီ၏မ်က္ဝန္းအိမ္ေလးမ်ား ေငြ႕ရည္ဖြဲ႕လာသည္ကိုျမင္ရ၏။ ညီမေလးတစ္ေယာက္လိုေတြးၿပီး ေစာင့္ေ႐ွာက္ေပးခ်င္ခဲ့ေပမယ့္ ဇနီးမယားတစ္ေယာက္လိုမ်ိဳးထိ ဘယ္လိုမွသေဘာမထားႏိုင္ဘူးထင္တယ္။

"အစ္ကို႔ကိုလူလိမ္ျဖစ္ေစခ်င္လား ဘုရားသခင္ေ႐ွ႕မွာေလ..."

လက္ဝါးကပ္တိုင္ေပၚ႐ွိ သခင္ေယ႐ႈအား ဆြန္းလီေမာ့ၾကည့္လိုက္သည္။ ဒီေယာက်္ားသားအေပၚအျမတ္တႏိုးနဲ႔စြဲလန္းခဲ့မိပါသည္။ ထို႔အတြက္ေၾကာင့္ပိုင္ဆိုင္ခ်င္ခဲ့မိသည္။ ႏွလုံးသားမက်န္ေတာင္ အခြံကိုပဲပိုက္ထားဖို႔ထိ ဝန္မေလးခဲ့တဲ့ သူမရဲ႕ဆုံးျဖတ္ဟာ တစ္ခ်ိန္ကျပတ္သားလြန္းခဲ့သည္။ ဒီေယာက်္ားဟာ သူမကိုမႏွစ္ၿမိဳ႕ဘူး၊ လက္မခံခ်င္ဘူးဆိုတာသိရက္နဲ႔ အတင္းဇြတ္တိုးခဲ့သည္။ အဆုံးစြန္ ဘုရားသခင္ေ႐ွ႕ေတာ္ေမွာက္၌ မုသားစကားအလိမ္အညာတို႔ျဖင့္ရစ္ပတ္ေနမည့္ သစၥာစကားတို႔ကိုပါ အစ္ကို႔ႏႈတ္မွထြက္က်‌ေစသည္ထိ ျပဳလုပ္ခဲ့မိသည္။

အျပစ္သားဆိုရင္ေတာင္ သူမပဲခံယူမည္မို႔ ဒီတစ္ခ်ိန္မွာေတာ့ တရားဝင္ အ႐ႈံးေပးရေတာ့မည္။
ကြၽန္မ႐ွင့္ကိုဘယ္ေတာ့မွႏိုင္မွာမဟုတ္ဘူးပဲ ဂြၽန္ေဂ်ာင္ဂု။ ငယ္ခ်စ္ေတြရဲ႕သံေယာစဥ္အေပၚ ျဖတ္ေတာက္ဖို႔ႀကိဳးစားေနသည့္ ပုံစံက ေရကိုဓားနဲ႔ပိုင္းသလိုပင္ မိုက္႐ူးရဲဆန္လိုက္ေလျခင္း။

"သြားပါ..."

ဒီတစ္ခါ မ်က္လုံးက်ယ္သြားရသည္က ထယ္ေယာင္း။
နားၾကားမွားသြားတယ္ဟုပင္ ထင္ေနသည္။ ခႏၶာကိုယ္အားေ႐ွ႕သို႔အနည္းငယ္ကိုင္း၍ နားေထာင္ဟန္ျပဳေတာ့ ဆြန္းလီက ေနာက္တစ္ခါထပ္ေျပာသည္။

"သူ႕ဆီ...သြားလိုက္ပါ"

"ဆြန္းလီ..."

ဝမ္းသာရိပ္ျမဴးေနသည့္ အစ္ကို႔ရဲ႕မ်က္ဝန္းေတြက ညီမေၾကာင့္ျဖစ္ေပၚလာတယ္ဆိုတဲ့အသိနဲ႔တင္ ေက်နပ္ပါသည္။ သက္ျပင္းတစ္ခ်က္႐ိႈက္၍ မ်က္လႊာအားတစ္ခ်က္ပိတ္လိုက္တဲ့အခါ ေပါက္ခနဲက်ဆင္းသြားသည့္ မ်က္ရည္တစ္ခ်ိဳ႕။ ရင္နာလိုက္တာ....သူမဟာ တကယ္ကိုအခ်စ္ကံေခလြန္းလွတယ္။

ေျပးထြက္သြားသည့္ ေက်ာျပင္ေနာက္ ဆြန္းလီ၏အၾကည့္မ်ားေတာက္ေလွ်ာက္ကပ္ပါသြားခဲ့သည္။
ခန္းမထဲ႐ွိ ဧည့္သည္ေတြအကုန္႐ုတ္႐ုတ္သဲသဲျဖစ္ကုန္ရင္း ထယ္ေယာင္းရဲ႕ အေမကမူးေမာ္သြားေတာ့၏။
တစ္ခဏခ်င္းျဖစ္ပ်က္သြားတဲ့အရာေတြအေပၚ လိုက္မမွီတဲ့ဖခင္ျဖစ္သူသာ မိန္းမရဲ႕ပခုံးစြန္းေလးကိုကိုင္ရင္း သူ၏ရင္ခြင္၌ေခါင္းမွီထားေစသည္။

သမီးႀကီးကေတာ့ ႐ႈေဆးဘူးေတြထုတ္၊ ေသြးခုန္ႏႈန္းေတြစမ္းျဖင့္တအားအလုပ္႐ႈပ္သြားေတာ့တာ။

တဖုန္းဖုန္းေျပးထြက္လာတဲ့သတို႔သားေၾကာင့္ ဘုရားေက်ာင္းဝန္းအတြင္း႐ွိ အစာစား‌ေနေသာခိုအုပ္စုမွာ လန္႔ၿပီးပ်ံတတ္ကုန္ၾကသည္။ ထြက္သာထြက္လာတာ ဒီဝတ္စုံႀကီးႏွင့္အေတာ္ပင္ ကို႔႐ို႕ကားယားႏိုင္သည္မို႔ taxi ငွားရန္တြန္႔ဆုတ္ေနမိသည္။ တစ္ေယာက္တည္း ေခါင္းကုတ္ရင္း အေပါက္ဝမွာ ေယာင္လည္လည္လုပ္ေနတုန္း ပခုံးတစ္ဖက္သို႔ လာပုတ္တဲ့အသိေၾကာင့္ လွည့္ၾကည့္စဥ္_

.

.


.

"ယူ႐ွင္း.."

နက္ျပာေရာင္ ကုတ္အက်ႌကိုလက္တစ္ဖက္တြင္ခ်ိတ္ထားရင္း ႐ိုး႐ိုးတီ႐ွပ္အျဖဴသာဝတ္ထားတဲ့ ပုံစံျဖင့္ဘုၾကည့္ၾကည့္ေန၏။

"လမ္းၾကဳံတယ္ လိုက္ပို႔ေပးမယ္"

"ဟမ္...ဘယ္ကိုၾကဳံတာလဲ လမ္းက"

ထယ္ေယာင္း နားမလည္သလိုၾကည့္တဲ့အခါ တုံးလိုက္ေလျခင္းဆိုသည့္ပုံစံမ်ိဳးျဖင့္ သက္ျပင္းခ်သည္။

"မင္းသြားတဲ့လမ္းတိုင္းၾကဳံမယ္ကြာ... ကဲ တတ္, ၾကာတယ္"

ထိုအခါမွသေဘာေပါက္သြားသည့္ထယ္ေယာင္းက ခါးက်ိဳးမတတ္ပင္ ယူ႐ွင္းအားေက်းဇူးတင္စကားကို ဘူဆန္သြားသည့္လမ္းတစ္ေလွ်ာက္လုံးမနားတမ္းဆိုလာခဲ့သည္။ ေနာက္ဆုံးေတာ့ ကြၽန္ေတာ့္လူသားေလးဆီသြားႏိုင္ေတာ့မယ္။ ဘယ္သူေတြနဲ႔ယွဥ္လာလာ မ်က္ဝန္းနက္ေလးေတြကိုပဲေ႐ြးခ်ယ္မယ္။ ႐ွိေနသမွ်ကာလပတ္လုံးေန႔စဥ္ရက္ဆက္အခ်စ္ေတြနဲ႔ထုတ္ပိုးသိမ္းဆည္းခ်ည္ေႏွာင္သြားမယ္။

ေအာက္ခံတီ႐ွပ္အျဖဴနဲ႔သာ ‌ကားေပၚမွေျပးဆင္းလာခဲ့သည္။ ကပ်ာကယာထြက္သြားတဲ့ ထယ္ေယာင္းရဲ႕ေက်ာျပင္အားၾကည့္ရင္း ယူ႐ွင္း ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္။

"တယ္လဲ အခ်စ္ႀကီးတဲ့ေကာင္ေတြပဲ"

ဝမ္းသာအားရေျပးလာခဲ့ေပမယ့္ ျမင္လိုက္ရတဲ့ျမင္ကြင္းဟာ ရင္ႏွင့္စရာ။ အရက္ပုလင္းႀကီးပိုက္လ်က္ အိပ္ေပ်ာ္ေနတဲ့ပုံရိပ္ေလးေၾကာင့္ ႏွလုံးသားဟာနာက်င္လာသည္။
ပြစာက်ဲေနသည့္အမိႈက္ေတြကိုေက်ာ္ခြၿပီး အနားမွာ ဒူးေထာက္၍ထိုင္ခ်လိုက္သည္။ မၾကာလိုက္ အမူးသမားေလးက လူကိုမျမင္ဖူးသလိုၾကည့္ရင္း ပါးျပင္ဆီအုပ္ကိုင္လာသည္။ ႏႈတ္ဖ်ားမွလဲ_

"အခ်စ္...ကြၽန္ေတာ့္ဆီလာတာလားဟင္"

"အိပ္မက္ထဲမွာေတာင္ အခ်စ္ရဲ႕မ်က္ဝန္းေလးကသိပ္လွတာ"

"ကြၽန္ေတာ္တို႔ပန္းခင္းႀကီးအတူတူၾကည့္ၾကမလား"

ကေယာင္ကတမ္းျဖင့္ ေလွ်ာက္ေျပာေနသည့္ ပုံစံေလးေၾကာင့္ ေျဖမဆည္ႏိုင္ေအာင္ငိုမိေတာ့သည္။ သနားဖို႔ေကာင္းတဲ့ဒီကေလးကို ဘာေၾကာင့္မ်ား လက္လႊတ္ဖို႔ေတြးခဲ့မိတာလဲ။ အဆုံးစြန္ထိ ႐ူးမိုက္မိခဲ့ေတာ့မလို႔။ ငါေတာင္းပန္ပါတယ္ အခ်စ္ရယ္....အစ္ကိုတကယ္မွားသြားခဲ့ပါတယ္။

ကြၽန္ေတာ္ငိုတဲ့အခါ ေဂ်ာင္ဂုက အသိစိတ္လြတ္ေနသည့္ၾကားထဲမွ မ်က္ရည္ေတြကိုလက္ျဖင့္အားယူသုတ္ေပးေနသည္။

"မငိုနဲ႔ေလ အစ္ကိုငိုရင္ ဒီေနရာက နာတယ္"

ကေလးေလးေတြလိုမ်ိဳး သူ႕ရဲ႕ဘယ္ဘက္ဝဲရင္အုံဆီလက္ညိႇဳးျဖင့္ထိုးျပရင္း ဒီေနရာဟုဆိုသည္။ စကားေတာင္ ေလသံမကြဲေတာ့ေပမယ့္ ဘယ္အခ်ိန္မဆို ေဂ်ာင္ဂုရဲ႕ေႏြေထြးမႈအား ႏွလုံးသားျဖင့္အလိုအေလ်ာက္ခံစားသိ႐ွိခဲ့သည္။

"ငါမင္းကိုသိပ္ခ်စ္ပါတယ္ ေဂ်ာင္ဂုရယ္"

အနမ္းတို႔အား မ်က္ႏွာအစိတ္အပိုင္းတစ္ခုဆီ၌တံဆိပ္ခတ္လိုက္သည္။ ျပဳံးေယာင္သန္းသြားသည့္ႏႈတ္ခမ္းပါးေလးျဖင့္ အမူးသမားေလးမွာအိပ္ေပ်ာ္သြားေတာ့၏။ ေ႐ႊအိုေရာင္ဆံႏြယ္ေတြၾကား လက္ထဲ၍ ပြတ္သက္ေပးသည့္အခါ တအင္းအင္းျဖင့္ ခိုေလးညည္းသလို အသံျပဳသည္။

.


.



.

"ေကာင္းေသာအိပ္စက္ျခင္းပါ ငါ့ေကာင္ေလး"

Ariak
A/N ကဲ... Taehyungရဲ႕ POV ေလးၿပီးခဲ့ပါၿပီ။
မနက္ျဖန္ျဖစ္ျဖစ္ သဘက္ခါျဖစ္ျဖစ္ အသစ္ေလးစပါမယ္
Stay tuned><
ဒရမ္မာခ်ိဳးခ်င္စိတ္ကို ခဏေခါက္ထားလိုက္ပါၿပီ

Continue Reading

You'll Also Like

666K 33.1K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
304K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
1.1M 48.1K 94
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
404K 16.6K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...