ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်က...

By Cora0411

1.6M 235K 8.6K

Title - 嫁给渣攻的反派哥哥 English title-Married the Scum Gong's Villain Brother All credits to original author and E... More

Description
Chapter 1✰Edited
Chapter-1.1
Chapter 1.2
Chapter 2✰Edited
Chapter 2
Chapter 3✰Edited
Chapter 3
Chapter 4✰Edited
Chapter 4
Chapter 5✰Edited
Chapter 5
Chapter 6✰Edited
Chapter 6
Chapter 7✰Edited
Chapter 7
Chapter 8✰Edited
Chapter 8
Chapter 9✰Edited
Chapter 9
Chapter 10✰Edited
Chapter 10
Chapter 11✰Edited
Chapter 11
Chapter 12✰Edited
Chapter 12
Chapter 13✰Edited
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84 (Final Chapter)
Extra 1.1:Later Story-နောက်ဆက်တွဲ/ေနာက္ဆက္တြဲ
Extra 1.2: Later Story 2
Extra 1.3: Later Story 3
Extra 1.4: Later Story4-နိုင်ငံ့CPကိုတရားဝင်ကြေညာခြင်း
Extra 1.5: Later Story - လက်ထပ်ပွဲ/လက္ထပ္ပြဲ
Extra 2.1: သဝန်တိုခြင်း/သဝန္တိုျခင္း
Extra 2.2: လောင်ကုန်း/ေလာင္ကုန္း
Extra 3.1: အချိန်မီပြန်သွားလို့ တစ်ဖန်ပြန်လည်တွေ့ဆုံကြမယ်!
Extra 3.2: ပျော်ရွှင်မှုက နေရာတိုင်းမှာ
ကျေးဇူးတင်လွှာ💓

Chapter 77

10.7K 1.7K 68
By Cora0411

//Zawgyi//

Chapter 77 : ကၽြန္ေတာ္က ခင္ဗ်ားနဲ႔က်မွ ခ်စ္စရာေကာင္းေအာင္ျပဳမူတာပါေနာ္
____________________

သူတုိ႔အဘိုးရွန္ကုိသြားေရာက္ႏႈတ္ဆက္ကာ စာၾကည့္ခန္းထဲကေန ထြက္လာျပီးေနာက္ ရွန္ရိက်င္းက က်င္ရႊင့္ကုိသူ႔အခန္းဆီအနားယူဖို႔ေခၚမသြားခဲ့ေပ။

အဲ့အစား သူက ေကာ္ရစ္တာရွည္ၾကီးဆီဦးေဆာင္သြားကာ ေကြ႔လိုက္ျပီး ေနာက္ေကာ္ရစ္တာဆီေရာက္သြားသည္။

ရွန္မိသားစုျခံဝင္းက ဧရိယာအေတာ္ၾကီးမားျပီး အတြင္းဘက္ဖြဲ႔စည္းပံုကလည္း ရႈပ္ေထြးသည္။ အျပင္ဘက္ကေန ဘာမွမျမင္ႏုိင္ေသာ္ျငား အတြင္းပုိင္းဖြဲ႔စည္းပံုက ရဲတုိက္အိုၾကီးအေငြ႔အသက္တုိ႔ေပးစြမ္းေန၏။

သူတုိ႔က ခြဲျခားထားတဲ့ေကာ္ရစ္တာကုိ အဆံုးထိေလွ်ာက္သြားၾကျပီး ၾကီးမားတဲ့အျပင္ဘက္လသာေဆာင္ဆီေရာက္သြားၾကသည္။

လသာေဆာင္တစ္ခုလံုးက မုခ္ခံုးပါအဝိုင္းပံုသ႑ာန္ျဖစ္ျပီး ထူထဲတဲ့သဘာဝေပါက္ပင္နဲ႔အတူ အမ်ိဳးမ်ိဳးေသာအိုးစုိက္အပင္ေတြျဖင့္ ျပည့္ေနသည္။ အၾကည့္တစ္ခ်က္နဲ႔တင္ အပူပိုင္းေဒသဥယ်ာဥ္နဲ႔ဆင္တူ၏။

ဒါ့အျပင္ အပန္းေျဖအနားယူရန္အတြက္ ေက်ာခင္းလို႔ရတဲ့ကုလားထုိင္ေတြ၊ ထီးေတြလည္းရွိျပီး သဘာဝေပါက္ပင္ေတြၾကား အတြင္းက်က်မွာ ပုန္းကြယ္တည္ရွိေနသည္။

ဒီထက္ပုိျပီးအံ့ၾသစရာေကာင္းတာကေတာ့ မင္းလွဲခ်လို႔ရတဲ့ကုလားထုိင္ေပၚမွာထုိင္ဖို႔ ဒီပန္းပင္ေတြကို ျဖတ္သန္းသြားတဲ့အခ်ိန္ အျပင္ဘက္ရွိ ေသသပ္သန္႔ရွင္းတဲ့ျမက္ခင္းျပင္၊ ေတးဂီတေရပန္းနဲ႔ ႏွင္းဆီဥယ်ာဥ္တို႔ကုိ ျမင္ေတြ႔ႏုိင္သည္။

[ဒီလိုေရပန္းပါ]

သူ႔အျမင္အာရုံထဲမွာေတာ့ အနီ၊အစိမ္းတို႔ျဖင့္ ေဝေဝဆာဆာရွိေနတဲ့ႏွင္းဆီပင္အုပ္လိုက္ၾကီးပင္။ ေဝးကြာတဲ့ေနရာမွာေတာ့ သစ္ပင္ၾကီးေတြရဲ႕အရိပ္က ယိမ္းထိုးေနျပီး ရွည္လ်ားေျဖာင့္တန္းတဲ့သစ္ပင္ေတြဟာ အေစာင့္အေရွာက္တစ္ခုလိုမ်ိဳး ဥယ်ာဥ္ၾကီးကုိကာကြယ္ေပးထားသည္။ အနည္းငယ္ပုိေဝးတဲ့ဆီမွာေတာ့ အဆံုးမရွိေကာင္းကင္ျပာနဲ႔ အျဖဴေရာင္တိမ္တုိက္တုိ႔ပင္။

ဒီရႈေထာင့္ကေနဆို ရွန္မိသားစုက ျမိဳ႕ထဲမွာတည္ရွိေနတာမဟုတ္ဘဲ လွပတဲ့ေက်းလက္ေဒသမွာရွိေနသလိုမ်ိဳးပင္။

ျမိဳ႕ၾကီးက စတီးနဲ႔သံသစ္ပင္ေတြၾကား အခ်ိန္အေတာ္ၾကာျဖတ္သန္းသြားလာခဲ့သူေတြဆိုရင္ ဒီျမင္ကြင္းကုိျမင္လုိက္ရခ်ိန္ လန္းဆန္းမႈနဲ႔ေပ်ာ္ရႊင္မႈတုိ႔ကုိ ရုတ္ျခည္းခံစားသြားရလိမ့္မည္။

က်င္ရႊင္ေတာင္မွ မေနႏုိင္ဘဲ လတ္ဆတ္တဲ့ေလတုိ႔ကုိ ခပ္ျပင္းျပင္းရႈသြင္းလိုက္မိသည္။

သို႔တေစ သူအံ့ၾသသြားရတာက ရွန္ရိက်င္းက သူ႔အားဒီေနရာေခၚလာေပမဲ့ ရႈခင္းတစ္ခုတည္းၾကည့္ဖုိ႔ရန္မဟုတ္ေပ။

သစ္ပင္ပန္းမန္ေတြနဲ႔ ဖံုးအုပ္ထားတဲ့ေလသာေဆာင္ထက္မွာ က်င္ရႊင္က ကုလားထုိင္ေပၚလဲေလ်ာင္းမေနရဘဲ Mr.ဗီလိန္ရဲ႕လက္ေမာင္းေတြၾကား ေခ်ာင္ပိတ္မိေနသည္။

ရွန္ရိက်င္းက သူ႔အားေျပာလာသည္ : "ခုနက အန္တီယန္ေရွ႕မွာ ေရွာင္ရႊင္ေျပာလုိက္တာက...အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္"

အဖက္ခံထားရတဲ့က်င္ရႊင္က ခ်က္ခ်င္းျပံဳးလုိက္ကာ
" ကၽြန္ေတာ္က အရမ္းေတာ္တယ္မလား"

"အင္း" ရွန္ရိက်င္းကလည္းျပံဳးလာ၏။

က်င္ရႊင့္မ်က္ႏွာေပၚရွိအျပံဳးက ေတာက္ပရႈေမာဖြယ္ေကာင္းကာ ေႏြဦးေလျပည္ေလးလိုျဖစ္ေနျပီး အျပင္ဘက္ရွိႏွင္းဆီခ်ံဳေတြထက္ေတာင္မွ ပုိက်က္သေရရွိတင့္တယ္လွပလွသည္။

သူက အနည္းငယ္ရွင္းျပလုိက္၏ : "ကၽြန္ေတာ္သူတုိ႔ကုိမၾကိဳက္ဘူး ဒါကစကားနဲ႔တုိက္ခုိက္တာပဲဆိုရင္ေတာင္မွ ဘာေၾကာင့္လဲ! ကၽြန္ေတာ္တုိ႔ကစကားျပန္ေျပာရမွာ ပ်င္းေနတာနဲ႔ပဲ သူမကကၽြန္ေတာ္တုိ႔ကိုအႏုိင္က်င့္လို႔ရတယ္တဲ့လား?"

"ကုိယ္သိတယ္"

လူငယ္ေလးကုိ တင္းက်ပ္စြာေပြ႔ဖက္ထားရင္း သူမထိန္းႏုိင္ဘဲ နဖူးျပင္ေပၚနမ္းလိုက္ကာ
"မင္းေျပာခ်င္တာမွန္သမွ် ေျပာလို႔ရတယ္။ မင္းဘာေျပာေျပာအျမဲမွန္တယ္"

"....အမ္း"

ရွန္ရိက်င္းဆီကေန ဒီလုိမ်ိဳးအဖက္ခံေနရရင္း က်င္ရႊင္က ခုနကေဒါသေၾကာင့္ ထပ္ျပီးစိတ္အေႏွာင့္အယွက္မျဖစ္ႏုိင္ေတာ့ေပ။

သူက ထိန္းခ်ဳပ္လို႔မရႏုိင္စြာရွက္ေသြးျဖာလာသည္...ရွဲန္းရွန္ရဲ႕ေကာင္းမြန္လြန္းတဲ့အသံေၾကာင့္ေပါ့။

သူကအျမဲတမ္း ရွဲန္းရွန္ေရွ႕မွာဆုိ ရွက္ေသြးျဖာေနတဲ့အခ်က္နဲ႔ပတ္သက္ျပီး က်င္ရႊင္ အမွန္တရားကုိရွာေဖြရန္ စမ္းသပ္မႈတစ္ခုလုပ္ခဲ့သည္။

လက္ရွိရင္းႏွီးကၽြမ္းဝင္တဲ့အျပဳအမူေတြေၾကာင့္ အူလႈိက္သည္းလႈိက္ ရွက္ရြံ႕မႈအခ်ိဳ႕အျပင္ ရွက္ေသြးျဖာေနရတဲ့အျခားအေၾကာင္းအရင္းက ရွဲန္းရွန္ကအရမ္းျမွဴဆြယ္လို႔ပဲ။

အခုလိုမ်ိဳးေပါ့

သူက ရွန္ရိက်င္းလက္ေမာင္းထဲမွာ ကုိယ္တစ္ဝက္မွီကာ သူ႔ရဲ႕ျပံဳးေယာင္သန္းေနတဲ့မ်က္ခံုးကုိၾကည့္ရင္း၊ နီးကပ္လွတဲ့အကြာအေဝးကေန သူ႔အသံကုိနားေထာင္လ်က္ သူ႔ရဲ႕သိသိသာသာအလိုလိုက္တဲ့ေလသံကုိ ခံစားမိေနစဥ္မွာ...

သူဘာမွမခံစားရမွ ထူးဆန္းေနမွာေပါ့!

က်င္ရႊင္က မသိစိတ္အေလ်ာက္ ပူေလာင္ေနတဲ့သူ႔နားရြက္ေတြကုိ လႈပ္လုိက္မိသည္။

ေျပာရမယ္ဆိုရင္ ဒါကတကယ္ပဲသူ႔ျပႆနာမဟုတ္ဘူးလို႔...!

"ဒါေပမဲ့..." ဒါကုိေျပာေနရင္း က်င္ရႊင္က ရုတ္တရက္ဆုိသလုိသတိရသြားသည္ : "အဲ့မစၥယန္က ဆန္ကုန္ေျမ...ရွန္ေပၚဟန္ရဲ႕အေမျဖစ္ေနေသးတယ္။ သူက ခင္ဗ်ားကုမၸဏီကို ရႈပ္ဖို႔ၾကိဳးစားလိမ့္မယ္"

သူဒီအေၾကာင္းကုိအၾကမ္းဖ်င္းပဲသိထားသည္၊ မူရင္းစာအုပ္ထဲမွာ မူလကုိယ္က စီးပြားေရးသူလွ်ိဳအေနနဲ႔အပို႔ခံလိုက္ရေပမဲ့ ဆန္ကုန္ေျမေလးgongနဲ႔အျခားသူေတြက မူလကိုယ္တစ္ေယာက္တည္းကုိသာပို႔ေလာက္တဲ့အထိ မရိုးရွင္းမွန္း က်င္ရႊင္ခန္႔မွန္းမိသည္။

သူတုိ႔သူလွ်ိဳအမ်ားၾကီးပို႔ခဲ့ေလာက္ျပီး ကုမၸဏီတြင္းရွိလူအမ်ားအျပားနဲ႔ဆက္သြယ္ခဲ့ေလာက္ေပမဲ့ ရိေဝ့က မလႈပ္ခတ္ႏုိင္တဲ့ေက်ာက္သားတုိင္ၾကီးလိုပင္။ ေနာက္ဆံုးမွာေတာ့ ဆန္ကုန္ေျမေလးgongက မ်က္ႏွာလွလွေလးရွိတဲ့မူလကုိယ္ကုိ ပို႔ခဲ့သည္။

သူကအခုခ်ိန္မွာ ဘာအခ်က္အလက္မွ ခိုးဦးမွာမဟုတ္ေပမဲ့ က်င္ရႊင္စိုးရိမ္မိဆဲပင္ : "အဲ့လူေတြကုိ ေစာင့္ၾကည့္ထားဖို႔လုိလိမ့္မယ္ေနာ္"

"အင္း"

ဒါကိုၾကည့္မယ္ဆိုရင္ ရွန္ရိက်င္းက ဟိုးကတည္းက မူမမွန္တဲ့တစ္ခုခုကုိရွာေတြ႔ျပီးပံုပင္။

သူေျပာလုိက္၏ : "သူတုိ႔က ကုိယ့္နားကလူေတြကုိ ဝယ္ဖို႔ၾကိဳးစားေနခဲ့ၾကတာ၊ သူတို႔ေအာင္ေအာင္ျမင္ျမင္လဲအခ်ိဳ႕ကုိဝယ္ႏုိင္ခဲ့တယ္ေလ အဘိုးေနာက္ကလိုက္လို႔ ခက္ခဲတဲ့အခ်ိန္ေတြကို တူတူျဖတ္ေက်ာ္ခဲ့ၾကတဲ့ ရွန္အုပ္စုထဲကဝန္ထမ္းေဟာင္းေတြပါအပါအဝင္ေပါ့"

ဒါကုိေျပာေနခ်ိန္ ရွန္ရိက်င္းရဲ႕ေလသံက အထူးတလည္အတက္အက်မ်ိဳး ပါရွိမေန။

ဒါက ရုိးရွင္းစြာနဲ႔ ရွင္းျပမႈတစ္ခုသာျဖစ္သည္။

ဒီသစၥာေဖာက္မႈအေပၚ သူကသေဘာထားၾကီးေပးထားပံုေပၚျပီး ဒါကို စီးပြားေရးနယ္ပယ္ထဲမွ လုပ္ပုိင္ခြင့္အက်ိဳးရလဒ္ေတြအတြက္ ျပိဳင္ပြဲတစ္ခုအေနျဖင့္နားလည္ထားပံုပင္။

ရွဲန္းရွန္က အရမ္းကိုဆင္ျခင္ႏုိင္စြမ္းရွိေသးတာ ရွင္းလင္းလြန္းလွျပီး ထိုအထဲမွာ ဘာကုိယ္ေရးကုိယ္တာခံစားခ်က္မွမပါဝင္ေနသလို အပုပ္ခ်ထားတာမ်ိဳးလည္းမရွိေပ။

က်င္ရႊင္က စိတ္သက္သာရာရသြားေပမဲ့ စိတ္ႏွလံုးပူေဆြးမႈကုိေတာ့ တခ်ိဳ႕တေလခံစားေနရသည္။

--ဘယ္သူကမွ သစၥာေဖာက္ခံရျပီး ပုန္ကန္ခံရတာကုိ ခံစားလို႔ေကာင္းမွာမဟုတ္ေပ၊ ရွဲန္းရွန္ရဲ႕ရန္သူေတြက အျမဲတမ္းသူ႔ေသြးသားရင္းေဆြမ်ိဳးေတြျဖစ္ေနတာကို ထည့္မေျပာနဲ႔ဦး။

ဒါကုိေတြးမိသြားေတာ့ က်င္ရႊင္ကမေနႏုိင္ဘဲ တစ္ဖက္လွည့္ကာ သူ႔အားဖက္လိုက္မိသည္။

သူ႔ေမးသြယ္သြယ္ကုိ တစ္ဖက္လူရဲ႕ပခံုးေပၚ နားခုိထားရင္း က်င္ရႊင္ေျပာလုိက္၏
" ခင္ဗ်ားရဲ႕ႏွလံုးသားထဲမွာ သိေနသေရြ႕ အဆင္ေျပပါတယ္ ရွဲန္းရွန္"

သူ႔အသံက ညင္သာေနကာ ဒါကုိေျပာေနစဥ္ ရွန္ရိက်င္းရဲ႕နားရြက္နားကပ္ကာမွီေနတာမို႔ အသံက အရမ္းလည္းမက်ယ္သလို တုိးလည္းမတုိးေပ၊ ၾကားရတာအလြန္ႏူးညံ့လွ၏။

က်င္ရႊင္က ေလးေလးနက္နက္ပြင့္ပြင့္လင္းလင္းေျပာလုိက္သည္ : "ဘယ္လိုပဲျဖစ္ျဖစ္ ဘာေတြပဲျဖစ္ေနပါေစ ကၽြန္ေတာ္ခင္ဗ်ားနဲ႔ရွိေနမွာပါ"

"က်င္ရႊင္"

လည္ပင္းအဖက္ခံထားရတဲ့လူက တစ္ခဏေလာက္ေတာင့္တင္းသြားျပီးေနာက္ သူ႔လက္ေမာင္းေတြက တျဖည္းျဖည္းတင္းက်ပ္လာကာ လူငယ္ေလးရဲ႕ခါးက်ဥ္က်ဥ္ကုိ အားအမ်ားၾကီးမသံုးရဲဘဲ ရစ္ပတ္ထားသည္။

သူဆႏၵရွိေနတာက တစ္ဖက္လူကုိ သူ႔အေသြးအသားထဲ နစ္ဝင္သြားေအာင္ထိုးထြင္းထားခ်င္ေပမဲ့လည္း ဒါကထုိသူကိုနာက်င္သြားေစမွာအား ေၾကာက္ရြံ႕ေနသလုိပင္။

အဆံုးမွာေတာ့ ရွန္ရိက်င္းက နည္းလည္းမနည္း မ်ားလည္းမမ်ားတဲ့အားတစ္ခုျဖင့္ လူငယ္ေလးကုိဖက္ထားရုံသာတတ္ႏုိင္သည္။

ေပြ႔ဖက္ထားမႈက အလြန္ရွည္ၾကာလွ၏။

ဒီေန႔ကတိမ္ထူတဲ့ေန႔ဆိုေပမဲ့ ေကာင္းကင္ကၾကည္လင္ေနျပီး အပူခ်ိန္က သိပ္မျမင့္သလုိ ေနေရာင္ကလည္းအေနေတာ္ပင္။

ရွန္ရိက်င္းက အျပင္ဘက္မွႏွင္းဆီဥယ်ာဥ္ၾကီးကုိၾကည့္ျပီး ျဗဳန္းစားၾကီးေျပာလာသည္
"မိသားစုအိမ္ေတာ္က မတုိင္မီက ဒီလုိမ်ိဳးမဟုတ္ဘူး"

က်င္ရႊင္ : "ဟမ္?"

ရွဲန္းရွန္ဘာလို႔ရုတ္တရက္ၾကီးဒါကိုေျပာလာမွန္း သူနားမလည္ေပမဲ့ က်င္ရႊင္က စူးစမ္းသိလုိစိတ္အသင့္အတင့္ကိုျပလုိက္ဆဲပင္
"ဘာနဲ႔တူတာလဲဟင္"

"အိမ္ေတာ္ေဟာင္းက တကယ္ကို ရဲတုိက္အိုတစ္လံုးနဲ႔တူတယ္"

"......"

ေပြ႔ဖက္ထားတဲ့ပံုစံက က်င္ရႊင့္အား ရွန္ရိက်င္းမ်က္ႏွာကုိမျမင္ရေအာင္လုပ္ထားသည္။

သူ႔ႏွလံုးသားထဲမွာ အနည္းငယ္စိုးထိတ္လာမိသည္။ ဘာလို႔လဲဆိုေတာ့ ရွဲန္းရွန္က စိတ္ပညာရွင္ေရွ႕မွာေတာင္ အတိတ္ကိုတစ္ခါမွမထုတ္ေဖာ္ခဲ့ဖူးတာေၾကာင့္ပင္။

သို႔ေပမဲ့ အခုတစ္ဖက္လူက တကယ္ၾကီးအဲ့အေၾကာင္းကုိအရင္စေျပာလာေတာ့ က်င္ရႊင္ကဘယ္လိုလုပ္စိတ္မလႈပ္ရွားဘဲေနႏုိင္မွာလဲ?

သူမလႈပ္ရဲေတာ့ဘဲ ဆက္ေမးလုိက္သည္ : "နန္းေတာ္?...ေနာက္ျပီးေတာ့ေရာ?"

"အဲ့ေနာက္ ကိုယ္အရမ္းငယ္ေသးတဲ့အခ်ိန္မွာ အဘိုးက ဒီအိမ္ကုိျဖိဳခဲ့တယ္"

"...ဒါက ျဖိဳျပီးေတာ့ ျပန္ေဆာက္ထားတာလား"

"အင္း"

ရွန္ရိက်င္းအသံက ဝမ္းနည္းမႈေပ်ာ္ရႊင္မႈတုိ႔ မပါရွိေပ၊ သူ႔မွတ္ဥာဏ္ေတြကုိ ရုိးရိုးရွင္းရွင္းျပန္ရွင္းျပေနသလိုပဲ။

သူဆက္ေျပာလိမ့္မယ္လို႔ က်င္ရႊင္ထင္ခဲ့မိေပမဲ့ သူဆက္ေျပာမလာခဲ့။ အတိတ္မွာတုန္းကလိုပဲ ရွဲန္းရွန္က စကားနည္းနည္းေလးေျပာေနဆဲပင္။

က်င္ရႊင့္ႏႈတ္ခမ္းေတြတြန္႔လိမ္သြားကာ ထပ္ေမးၾကည့္ဖုိ႔ၾကိဳးစားလိုက္သည္ : "...ဒါဆို ဘာလို႔ဒါကုိျဖိဳခဲ့တာလဲဟင္"

သို႔ေသာ္ ရွန္ရိက်င္းက ဒီတစ္ၾကိမ္ေတာ့မေျဖလာခဲ့။

သူက သူ႔ကုိဖက္ရုံသာဖက္ထားသည္။

ေစ့ေစ့စပ္စပ္ျဖင့္ သူက လူငယ္ေလးရဲ႕သြယ္လ်ေႏြးေထြးတဲ့ခႏၶာကုိယ္ကုိ တင္းက်ပ္စြာဖက္တြယ္ထား၏။

အခ်ိန္တစ္ခုၾကာေညာင္းျပီးေနာက္။

"လမ္းသြားေလွ်ာက္ၾကမလား" ရွန္ရိက်င္းက ရုတ္တရက္ၾကီးကမ္းလွမ္းလာကာ သူ႔အသံက ပံုမွန္အတုိင္းတူညီေနဆဲပင္ : "ကုိယ္အရင္က မင္းကိုမေခၚသြားရေသးတဲ့ေနရာေတြအမ်ားၾကီးရွိေသးတယ္"

က်င္ရႊင္လည္း ထိုေမးခြန္းေနာက္ဆက္မလိုက္ေတာ့ဘဲ ျပတ္ျပတ္သားသားေခါင္းညိတ္လိုက္၏ : "အိုး ေကာင္းတာေပါ့"

ရွန္မိသားစုဥယ်ာဥ္က အမွန္ကုိအရမ္းၾကီးမားလွ၏။ အျပင္ဘက္ေရကူးကန္ၾကီးအျပင္ ကုိယ္ပုိင္ဘတ္စ္ကတ္ေဘာကြင္းနဲ႔တင္းနစ္ကြင္းတို႔ေတာင္မွရွိ၏။

ေန႔လည္စာမစားခင္ အခ်ိန္တုိေလးမွာ ဘာမွလုပ္စရာမရွိတာေၾကာင့္ က်င္ရႊင္က ရွန္ရိက်င္းနဲ႔အတူ ဘတ္စ္ကတ္ေဘာကစားလိုက္သည္။

သူကေလးတုန္းက ဘတ္စ္ကတ္ေဘာကစားဖို႔အိပ္မက္မက္ခဲ့ဖူးသည္။ သူကူးေျပာင္းလာျပီးေနာက္မွာ မၾကာခဏဆုိသလို တကၠသိုလ္ေက်ာင္းတြင္းမွလူေတြကစားတာအား ၾကည့္ခဲ့သည္။ သုိ႔ေပမဲ့ မတုိင္ခင္က က်င္ရႊင္တစ္ခါမွေဘာလံုးကိုမထိကိုင္ဖူးေပ။ သူက စည္းမ်ဥ္းေတြနဲ႔အလြန္ရင္းႏွီးေနေသာ္ျငား သူမလြဲဧကန္ေတာင့္တင္းေနကာ ဝင္ကစားဖို႔အစမျပဳရဲမွာေသခ်ာသေလာက္ပင္။

ဒါေပမဲ့ရွဲန္းရွန္ေရွ႕မွာေတာ့...

ရွန္ရိက်င္းက သူဘယ္သူဆိုတာနဲ႔ သူ႔အေၾကာင္းအားလံုးသိတာမို႔ ရွက္ေနစရာဘာအေၾကာင္းမွမရွိေပ။

ရွဲန္းရွန္ရဲ႕အရပ္ေၾကာင့္ သူဟာေက်ာင္းတက္ေနစဥ္မွာ ဘတ္စ္ကတ္ေဘာအဖြဲ႔ရဲ႕ အၾကိမ္ေပါင္းမ်ားစြာ ေရြးခ်ယ္ျခင္းခံခဲ့ရသည္။ သူက ႏွစ္မ်ားစြာအတည္ကစားလာခဲ့ျပီးျဖစ္တာေၾကာင့္ က်င္ရႊင့္ကိုကစားဖို႔သင္ေပးတာက မလြယ္ကူဘူးဆိုတာမျဖစ္ႏုိင္ေပ။

လြတ္လပ္တဲ့ကြင္းျပင္ထဲမွာ ရွန္ရိက်င္းက ပထမဆံုး ပစ္ခ်က္အေၾကာင္းနဲ႔ စိုက္ထုတ္ရတဲ့ခြန္အားအေၾကာင္းေျပာျပကာ အဲ့ဒါျပီးေနာက္ က်င္ရႊင္ကသူနဲ႔အတူေလ့က်င့္ရမဲ့အခ်ိန္ပင္။

အနည္းဆံုးေတာ့ က်င္ရႊင္ကအရပ္မပုတဲ့အတြက္ လက္ေကာက္ဝတ္နည္းပညာကုိတတ္ကၽြမ္းျပီးေနာက္မွာ လက္ႏွစ္ဖက္နဲ႔အတူ အတန္ငယ္ေလ့က်င့္ျပီးေနာက္ သံုးမွတ္တန္ပစ္ခ်က္ကုိ ေအာင္ေအာင္ျမင္ျမင္ပစ္သြင္းႏုိင္ခဲ့သည္။

ဘတ္စ္ကတ္ေဘာက ေနာက္ခံဘုတ္ျပားကုိထိသြားကာ ဘန္းခနဲျမည္သြားျပီးေနာက္ အၾကိမ္ေရအနည္းငယ္လွည့္ပတ္ေနျပီး ေနာက္ဆံုးမွာေတာ့ ေအာင္ေအာင္ျမင္ျမင္ဝင္သြား၏။

ေျပာစရာမလိုေအာင္ကုိပဲ ဒီလိုေအာင္ျမင္မႈမ်ိဳး...က်င္ရႊင္က အေတာ္ေလးမိမိုက္တယ္လို႔ခံစားမိသည္။

သူက တက္တက္ၾကြၾကြ ေျပးသြားကာ ရွန္ရိက်င္းကုိဖက္လုိက္ျပီးေနာက္ တစ္ဖက္လူသူ႔အတြက္ေကာက္ေပးထားတဲ့ေဘာလံုးကုိယူလိုက္ျပီး အျခားရႈေထာင့္ေအာက္ကေန ပစ္သြင္းၾကည့္လုိက္သည္။

ဒီတစ္ေခါက္ကလည္း ေခ်ာေမြ႔စြာပန္းဝင္သြား၏။ က်င္ရႊင္က ေခါင္းလွည့္ကာ ရွန္ရိက်င္းကုိ ေပ်ာ္ရႊင္စြာၾကည့္လုိက္ျပီး သူ႔အျပံဳးကလည္းၾကီးမားလြန္းရာ ႏႈတ္ခမ္းေထာင့္ကနားရြက္တက္ခ်ိတ္ခါနီးထိပင္။ သူ႔ညႊန္းဆိုမႈကေတာ့ : ၾကည့္ဦး ရွွဲန္းရွန္ ကၽြန္ေတာ္ကအရမ္းေတာ္တာပဲေနာ္!

ေနာက္ခံဘုတ္ျပားေအာက္မတ္တပ္ရပ္ေနရင္း သူ႔အတြက္ေဘာလံုးေကာက္ဖို႔တာဝန္က်တဲ့ရွန္ရိက်င္းက လက္မေထာင္ျပကာေျပာလာသည္ : " အခ်င္းခ်င္းျပိဳင္ျပီးေဆာ့ၾကည့္ရေအာင္ေလ?"

က်င္ရႊင္ : "ေကာင္းတယ္!"

က်င္ရႊင္က လိုလိုလ်ားလ်ားတံု႔ျပန္လိုက္၏ သို႔ရာတြင္ ကြင္းထဲမွာဒီတုိင္းပစ္တာကလြယ္သေလာက္ အခ်င္းခ်င္းျပိဳင္ကစားတာကေတာ့ မလြယ္ကူလွဘူး။

သူက ရွန္ရိက်င္းဆီကေန ေဘာလံုးလုယူႏုိင္ေလာက္တာပဲရွိတာကုိထည့္မေျပာနဲ႔ဦး။ တကယ္လို႔သူေဘာလံုးရသြားရင္ေတာင္မွ ေဘာလံုးနဲ႔အေရွ႕ကိုေျပးသြားတဲ့အခ်ိန္ ဒါမွမဟုတ္လွမ္းပစ္လုိက္တဲ့အခ်ိန္ လြယ္လင့္တကူအတားခံလုိက္ရသည္။

သူ႔ရဲ႕တိက်တဲ့အတြက္အခ်က္စြမ္းရည္က ထပ္ျပီးအသံုးမက်ေတာ့သလိုခံစားမိသည္ အဓိကက ဘာေၾကာင့္လဲဆိုေတာ့ သူက တစ္ဖက္လူရဲ႕နည္းဗ်ဴဟာကိုမတြက္ခ်က္ႏုိင္သလို သူ႔ခႏၶာကုိယ္ကလည္း အခ်ိန္မီမတံု႔ျပန္ႏုိင္ေပ။

ကြင္းထဲမွာ ပြဲအနည္းငယ္ေဆာ့ျပီးေနာက္ သူေျခကုန္လက္ပန္းက်ကာ ေဟာဟဲလိုက္လာသည္။ အဆံုးမွာေတာ့ သူကအသက္ရွဴရန္အတြက္ ရွန္ရိက်င္းရဲ႕ခါးကုိသာျမဲျမဲကုိင္ထားရ၏။

"အရမ္းခက္လြန္းတယ္ ကၽြန္ေတာ္...မလုပ္ႏုိင္ဘူး..." က်င္ရႊင္က စကားကုိေတာင္ေကာင္းေကာင္းမေျပာႏုိင္ေတာ့ေခ်။

ဒီရုိးရွင္းတဲ့လႈပ္ရွားမႈေတြက စစ္တုရင္ကစားတာလိုမ်ိဳး စိတ္ပုိင္းဆိုင္ရာသက္သက္အလုပ္ေတြထက္ အမ်ားၾကီးပိုခက္တယ္!

ရွန္ရိက်င္းက ေဘာလံုးကိုပစ္ထုတ္လိုက္ကာ တစ္ဖက္ကုိလွည့္ျပီး သူ႔အားေထာက္ကူေပးထားရင္း လူငယ္ေလးကုိသူ႔ကုိယ္ေပၚမွီကာ အသက္ေပးရွဴထားလုိက္သည္။

"ေရွာင္ရႊင္က အရမ္းေတာ္ျပီးသားပါ"

က်င္ရႊင္က သူ႔သံသယကုိေဖာ္ထုတ္လိုက္သည္ : "...တကယ္လား"

"အင္း" ရွန္ရိက်င္းက မ်က္ဝန္းထဲမွာကြယ္ဝွက္ထားတဲ့အျပံဳးတစ္ခုနဲ႔အတူ အတည္ျပဳေပးလုိက္သည္ : "အရမ္းကိုျမင့္မားတဲ့ဦးေႏွာက္ရွိတယ္ေလ"

"အြန္း" က်င္ရႊင္ကညည္းလုိက္၏။ ရုတ္တရက္ အရင္တစ္ေခါက္က သူ႔ခႏၶာကုိယ္ကိုေလ့က်င့္ေပးဖို႔ဆံုးျဖတ္ထားတာကို သတိရသြားကာ မေနႏိုင္ဘဲေျပာလုိက္မိ၏ : "ရွဲန္းရွန္ အနာဂတ္မွာေလ ခင္ဗ်ားေလ့က်င့္ခန္းလုပ္ရင္ ကၽြန္ေတာ့္ပါေခၚသြားေပးစမ္းပါ။ ကၽြန္ေတာ္ေလ့က်င့္ခန္းေကာင္းေကာင္းလုပ္ရမယ္!"

"ဟုတ္ပါျပီ" ထံုးစံအတုိင္းပဲ ရွန္ရိက်င္းမွာ ဘာမွတ္ခ်က္မွမရွိေပ။

ဘတ္စ္ကတ္ေဘာကြင္းအျပင္ဘက္မွာ ယန္ႏ်န္႔ေက်ာင္းရဲ႕ကားက ကားသြားတဲ့လမ္းကေန ျဖတ္ေက်ာ္သြားသည္။

ကားထဲမွာထုိင္ေနတဲ့လူက သဘာဝက်စြာပဲ ဘတ္စ္ကတ္ေဘာကြင္းထဲမွာ တစ္ဦးကုိတစ္ဦးဖက္ထားတဲ့လူႏွစ္ေယာက္ကို ျမင္ေလ၏။

ကားေမာင္းေနတဲ့ခ်ီဇီမင္က မေအာင့္အည္းထားႏုိင္ဘဲ သက္ျပင္းခ်လုိက္သည္ : "က်စ္ သခင္ေလးက်င္းနဲ႔သခင္ေလးက်င္ရႊင္က အခ်င္းခ်င္းကုိ တကယ္ကုိခ်စ္ၾကတာပဲ။ သူက ဒီလုိမ်ိဳးအင္အားၾကီးသူတစ္ေယာက္ဆိုတာသာငါသိခဲ့ရင္ သူ႔ကုိဆြဲထားဖို႔အာ့ေရွာက္ကုိေျပာခဲ့မွာ..."

သူစကားေျပာလုိ႔မျပီးေသးခင္ အေနာက္ခံုရွိယန္ႏ်န္႔ေက်ာင္းက သူ႔အားစိမ္းစိမ္းဝါးဝါးစိုက္ၾကည့္လာသည္။

ယန္က်င္ရႊင္ရဲ႕ေတာ္လြန္းေနမႈက သူမရဲ႕အသိအျမင္ကုိ ခ်ိဳးဖ်က္သြားကာ ရုတ္ျခည္းသတင္းေတြၾကားသိလုိက္ရတဲ့ယန္ႏ်န္႔ေက်ာင္းကုိ ပုိလို႔ေတာင္စိတ္ဓာတ္က်သြားေစသည္။

...သူမေတြးခဲ့တာက တာ့ေရွာက္ရယ္က အလွေၾကာင့္ရႈပ္ေထြးသြားျပီး ဘာမိသားစုေနာက္ခံမွမရွိတဲ့တစ္ေယာက္ကို သာမန္ကာလွ်ံကာလက္ထပ္လုိက္တယ္ေပါ့

ဒီလိုမ်ိဳးျဖစ္ေနလိမ့္မယ္လို႔ သူမထင္မထားခဲ့ဘူး...!

လြန္ခဲ့တဲ့ႏွစ္ႏွစ္အတြင္းမွာ ေစ်းကြက္ကတျဖည္းျဖည္းအေျပာင္းအလဲျဖစ္လာျပီး ခ်မ္းသာတဲ့မိသားစုစီးပြားေရးလုပ္ငန္းအမ်ားအျပားက ညတြင္းခ်င္းျပိဳကြဲသြားခဲ့ၾကသည္။

နယ္ပယ္ေဟာင္းေတြက တင္းက်ပ္က်ဆင္းလာကာ အလားအလာအရွိဆံုးျဖင့္ထြက္ေပၚလာတဲ့နယ္ပယ္ကေတာ့ အဆင့္ျမင့္နည္းပညာပင္။

အရည္အခ်င္းရွိလူသားအရင္းအျမစ္ကုိ ပုိျပီးဖမ္းဆုပ္ႏုိင္တဲ့ေနရာမွာ ဦးေဆာင္ေနတဲ့ဘယ္သူမဆို အႏုိင္ရလိမ့္မယ္။

ယန္ႏ်န္႔ေက်ာင္းက အေစာပုိင္းႏွစ္ေတြမွာ ဒါကုိသတိမျပဳမိခဲ့။ ရွန္ရိက်င္းအိမ္ျပန္ေရာက္လာျပီး ရိေဝ့နည္းပညာကုိ ဖန္တီးဖို႔ဦးေဆာင္မႈယူလုိက္တဲ့အခ်ိန္က်မွ ဒါကသူမကုိႏုိးထသြားေစသည္။

အဲ့ေနာက္ သူမေစ်းကြက္ကုိ ပုိနားလည္လာေလေလ နည္းပညာရဲ႕အလားအလာေကာင္းမႈကို သူမပိုနားလည္လာေလေလပင္။ ဒါေပမဲ့ကံမေကာင္းစြာနဲ႔ သူမဒါကုိသေဘာေပါက္သြားခ်ိန္ အေတာ္ေနာက္က်သြားခဲ့ျပီ။

--ရိေဝ့နည္းပညာက အၾကီးမားဆံုးျပည္တြင္းကုမၸဏီျဖစ္လာေပမဲ့ သူမအျပင္ဘက္မွာ ရန္ပံုေငြမတည္ထားတဲ့ကုမၸဏီေလးေတြကေတာ့ အခုထိတရားဝင္မစတင္ရေသးဘူး

မူလကေတာ့ AI chipကေန ရိေဝ့ကိုေက်ာ္တက္သြားခ်င္ခဲ့ေပမဲ့ မေမွ်ာ္လင့္ထားတာကေတာ့ ရွန္ရိက်င္းရွာေတြ႔ထားခဲ့တဲ့တစ္စံုတစ္ေယာက္က သူမဆြယ္ယူလို႔မရႏုိင္တဲ့သူျဖစ္ေနတယ္ေလ!

အခ်င္းခ်င္းဖက္တြယ္ကာ ပူးကပ္ျပီးစကားေျပာေနၾကဆဲျဖစ္တဲ့ ဘတ္စ္ကတ္ေဘာကြင္းရွိလူႏွစ္ေယာက္ကုိၾကည့္ရင္း ယန္ႏ်န္႔ေက်ာင္းက ဒီအခ်ိန္မွာ သူမသားအတြက္ ပုိပုိျပီးမေက်မခ်မ္းျဖစ္လာရသည္။

ဒီလိုအေရးၾကီးတဲ့အခ်က္အလက္မ်ိဳးကို ရွန္ေပၚဟန္ကဘာလို႔သူမကုိမေျပာျပခဲ့ရတာလဲ!

မိသားစုေနာက္ခံရွိတဲ့လက္ထပ္မဲ့ပါတနာတစ္ေယာက္ကုိရွာတာထက္စာရင္ အေရးပါထင္ရွားလာတဲ့နယ္ပယ္မွာ ဆံုးျဖတ္ခ်က္ခ်ႏုိင္တဲ့ ယန္က်င္ရႊင္လုိအရည္အခ်င္းရွိေက်ာင္းသားက ပိုေကာင္းတာေပါ့လုိ႔..

ဒီႏွစ္ေတြမွာ အရည္အခ်င္းက ဘာအရာထက္မဆို ပုိျပီးအေရးၾကီးတယ္!

"ျမန္ျမန္လုပ္ ကုမၸဏီကိုအစည္းအေဝးအတြက္သြားရမယ္! ကိစၥကဘယ္ေလာက္ေတာင္အေလာတၾကီးႏုိင္လဲဆိုတာ နင္မျမင္ႏုိင္ဘူးလား? နင္ကေနာက္ေျပာင္ဖို႔စိတ္ရွိေနေသးတယ္ေပါ့!"

သူတစ္ခဏေလာက္ဘတ္စ္ကတ္ေဘာကစားလုိက္သည္။ ေန႔လည္ဘက္သူအားသြားတဲ့အခ်ိန္မွာ ရွန္ရိက်င္းက တင္းနစ္ကစားရန္က်င္ရႊင့္ကိုအေဖာ္လုပ္ေပးလာသည္။

သူအရင္က တင္းနစ္ကစားဖူးတယ္...ဂိမ္းစက္နဲ႔ေလ။

ဂိမ္းစက္နဲ႔ကစားတဲ့အခ်ိန္မွာ ရိုးရွင္းပံုေပၚျပီး လက္ေတြ႔အမွန္ကစားတဲ့အခါမွာလည္း မခက္ခဲေပ။ ပြဲျပီးသြားတဲ့ေနာက္မွာ သူ႔လက္ေမာင္းေတြက နာက်င္လြန္းလို႔လံုးဝမ,မတင္ႏုိင္ေတာ့သလို က်င္ရႊင္ခံစားေနရသည္။ ေရခြက္ကိုင္တာေတာင္ သူတုန္ယင္ေန၏။

ဒါ့အျပင္ ဒီေန႔ သူတုိ႔ေတြရွန္မိသားစုျခံဝင္းကုိ အတြင္းေရာအျပင္ပါေလွ်ာက္ပတ္ၾကည့္ၾကေသးသည္။ က်င္ရႊင့္ေျခေထာက္ႏွစ္ဖက္လံုးအမွန္ကို နာက်င္ေနသည္။

ဒီအခိုက္မွာ သူအိပ္ယာေပၚေျခပစ္လက္ပစ္လဲေလ်ာင္းျပီး ရွန္ရိက်င္းကုိ သူ႔လက္ေမာင္းေတြ၊ပခံုးေတြနဲ႔ေပါင္ေတြကို ပြတ္သပ္ခြင့္ေပးထားရသည္။

ရွဲန္းရွန္ရဲ႕လက္ေတြက အတန္ငယ္ျပင္းထန္ေပမဲ့ သူ*latic acidေတြ စုစည္းမ်ားျပားလာမွန္း က်င္ရႊင္သိတာေၾကာင့္ ခပ္ျမန္ျမန္ကုသရန္အႏွိပ္ခံဖုိ႔လိုေလသည္။

[*ျပင္းထန္စြာကုိယ္လက္လႈပ္ရွားမႈျပဳစဥ္ ၾကြက္သားမ်ား၌ျဖစ္ေပၚလာေသာအရာ]

နာက်င္ေသာ္ျငားလည္း သူအံၾကိတ္ကာသည္းခံထား၏။

ရွန္ရိက်င္းက အနားယူဖို႔အၾကံေပးလာတုန္းက ဘယ္သူကသူ႔ကုိျငင္းခုိင္းလို႔လဲ?

သူကသည္းခံေနရင္း မၾကာခဏဆိုသလို မ်က္ႏွာရႈံ႕မဲ့ကာ နာက်င္မႈကုိသက္သာေစရန္ ရံဖန္ရံခါ သူ႔ေျခေထာက္ကုိလႈပ္ရမ္းေန၏။

က်င္ရႊင္က အိပ္ရာေပၚမွာခဏေလာက္လွိမ့္ေနျပီးေနာက္ ရွန္ရိက်င္းက သူ႔ကုိေကာက္ခ်ီကာ ေရခ်ိဳးခန္းထဲေခၚသြားသည္။

"ေရေႏြးေႏြးေလးခ်ိဳးလိုက္ရင္ ပုိသက္သာသြားလိမ့္မယ္"

က်င္ရႊင္ : "အိုေက ဝူးဝူးဝူး"

ေရခ်ိဳးကန္ထဲရွိေရက အဆင္သင့္ျဖစ္ေနျပီ။

ရွန္ရိက်င္းက သူ႔ကုိေရခ်ိဳးခန္းထဲမွာထားခဲ့ျပီး အလုပ္ဖုန္းျမည္တာေၾကာင့္ထြက္သြားသည္။

ပိတ္ရက္ေတြမွာေတာင္မွ ရွဲန္းရွန္ကအလုပ္ကေနလံုးဝၾကီးမနားႏုိင္ေပ။ က်င္ရႊင္က ဒါကုိက်င့္သားရေနျပီျဖစ္တာမို႔ သူ႔ဘာသာအဝတ္ေတြခၽြတ္ကာ ေရခ်ိဳးကန္ထဲဝင္လိုက္၏။

သူတုိ႔ယေန႔ည အဓိကအိမ္ေတာ္မွာေနျဖစ္ၾကသည္။ ရွဲန္းရွန္အခန္းထဲရွိေရခ်ိဳးကန္က အိမ္ကေရေႏြးနဲ႔ႏွိပ္နယ္ေပးတဲ့ဟာလိုမ်ိဳးမဟုတ္ေပ၊ ဒါက ရိုးရွင္းတဲ့ ေခတ္ေဟာင္းစတုိင္ေထာင့္မွန္စတုဂံပံုေရခ်ိဳးကန္ပင္။ သိပ္မၾကီးေပမဲ့ ကံေကာင္းစြာျဖင့္ အထဲမွာထိုင္လုိက္တဲ့အခ်ိန္ေတာ့ ပခံုးထိျမဳပ္ေလသည္။

ေရစိမ္ေနရင္း ေဖာ့ဂုဏ္သတၱိေအာက္မွာ သူအမ်ားၾကီးေနလုိ႔ပိုေကာင္းလာ၏။

က်င္ရႊင္က စိတ္ေအးသက္သာစြာ ေရခ်ိဳးကန္နံရံကုိမွီေနရင္း မ်က္ႏွာၾကက္ရွိ ေငြ႔ရည္ဖြဲ႔ေနတဲ့ျမဴခိုးတုိ႔ကုိၾကည့္လိုက္သည္။

ပတ္ဝန္းက်င္အေျပာင္းအလဲေၾကာင့္လားသူမသိေပမဲ့ ညအခါမွာ က်င္ရႊင္ကဒီေနရာမွာရွိေနျခင္းအား က်င့္သားမရေသးေပ။

ေန႔လည္တုန္းက ရွန္ရိက်င္းက သူ႔အားအိမ္ေတာ္အေၾကာင္းေျပာခဲ့တာကုိ သတိရသြားျပီး မိန္းေမာစြာျဖင့္ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္လိုက္မိသည္။

ေဒါက္တာလီတစ္ခါကေျပာဖူးတယ္ ရွဲန္းရွန္ရဲ႕အဓိကျပႆနာက တစ္ခါမွသူ႔အတိတ္အေၾကာင္းကုိမေျပာတာတဲ့။

ဆယ္စုႏွစ္ႏွစ္ခုနီးပါး ရွည္ၾကာတဲ့စိတ္ပုိင္းဆုိင္ရာညွဥ္းပန္းမႈထဲမွာ ရုန္းကန္ခဲ့ျပီးေနာက္ ရွန္ရိက်င္းက မေရမတြက္ႏုိင္တဲ့စိတ္ေရာဂါအထူးကုဆရာဝန္ေတြေျပာင္းခဲ့သည္။

သို႔ေပမဲ့ အေစာပုိင္းစိတ္ေရာဂါအထူးကုပညာရွင္အမ်ားစုက မယံုၾကည္ရေလာက္တာေၾကာင့္ေရာ၊ လက္မ်ားစြာရဲ႕ကုသျခင္းခံခဲ့ရတာေၾကာင့္ေရာ ရွန္ရိက်င္းက ေနာက္ပုိင္းအခ်ိန္ေတြမွာ သူ႔ကုိကုိင္တြယ္တဲ့ဆရာဝန္ထက္ေတာင္မွ ပုိကၽြမ္းက်င္လုနီးနီးပင္။

စိတ္ကုထံုးက သူ႔ကုိမကယ္တင္ႏုိင္ေတာ့ဘူးဆိုတာ သိသြားတာေၾကာင့္ထင္သည္၊ ဟုိးအရင္ကတည္းက သူ႔ျပႆနာေတြကုိ တစ္ပါးသူေတြေရွ႕ ခြဲျခမ္းစိတ္ျဖာျပဖို႔ျငင္းဆန္ကာ အဲ့အေၾကာင္းကုိတစ္ခါေလးေတာင္ထပ္မဟလာခဲ့ေတာ့။

သူ႔ခံစားခ်က္ေတြကုိတည္ျငိမ္ေစရန္ ေဆးတစ္ခုတည္းကုိမွီဝဲရမဲ့ဘဝကုိ သူလက္ခံခဲ့သည္။

သူက ခံစားခ်က္ကင္းမဲ့တာလည္းျဖစ္ႏုိင္သလို စိတ္ၾကြစိတ္က်ေနခ်ိန္ အိပ္မေပ်ာ္တဲ့ညတုိ႔ကုန္ဆံုးရတာလည္းျဖစ္ႏုိင္တယ္။ ရွန္ရိက်င္းက ဒါကုိက်င့္သားရေနခဲ့တာ။

သူက ကုသမႈကိုလက္ေလ်ာ့လိုက္ကာ မည္သူ႔ကုိမွ ထပ္ျပီးစကားမေျပာေတာ့ရန္ေရြးခ်ယ္ခဲ့သည္။

ဒါ့ေၾကာင့္မို႔ လ်ိဳ႕ဝွက္ခ်က္အားလံုးက သူ႔ႏွလံုးသားထဲမွာ သူ႔ခံစားခ်က္ေတြနဲ႔အတူတစ္ပါတည္း နက္နက္ရိႈင္းရိႈင္းျမွဳပ္ႏွံခံလိုက္ရ၏။

ဒါကအခ်ိန္အေတာ္ၾကာေနခဲ့ျပီး အျပင္လူေတြထိေတြ႔ဖို႔မေျပာနဲ႔ ရွန္ရိက်င္းကုိယ္တုိင္ေတာင္မွ ဒီအေၾကာင္းအရာကုိေတြးဖို႔ သူ႔ကုိယ္သူမသိမ္းသြင္းႏုိင္ေသးတာလည္း ျဖစ္ႏုိင္သည္။

...ဒီေတာ့ ရွဲန္းရွန္ကအတိတ္မွာဘာေတြမ်ားၾကံဳေတြ႔ခဲ့ရတာလဲ?

ရွန္ရိက်င္းက ထိုအရာကုိသူကုိယ္တုိင္လည္းမေျပာသလို အျပင္လူေတြကုိလည္းေျပာခြင့္မျပဳတာေၾကာင့္ ေဒါက္တာလီသာမကဘဲ က်င္ရႊင္ေတာင္မွထိုအေၾကာင္းကုိမသိေပ။

သူမေမးရဲသလုိ ဒီအေၾကာင္းကုိသူ႔မိသားစုဆီကလည္း မစံုစမ္းရဲဘူး။

ဒါက ရွန္ရိက်င္းကို လႈံ႕ေဆာ္မိသြားမွာသူေၾကာက္သည္။

တကယ္တမ္းေတာ့ ေဒါက္တာလီက ရွဲန္းရွန္ရဲ႕အတိတ္ကုိအလြယ္တကူ ထိေတြ႔ရန္ သူ႔အားမေထာက္ခံခဲ့ေပ။

ေသခ်ာတာေပါ့ တကယ္လုိ႔သူသာအတိတ္အေၾကာင္းမၾကာခဏေျပာရင္ ဒါကကုသမႈကိုအကူအညီရေကာင္းရလိမ့္မည္။

ယေန႔ ဒီအိမ္ေတာ္ၾကီးအေၾကာင္းရွဲန္းရွန္ရဲ႕ရုတ္ျခည္းထုတ္ေျပာလာမႈက က်င္ရႊင့္အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးသန္းလာေစသည္။

သုိ႔ေသာ္ျငားလည္း ယေန႔သူတုိ႔ျခံဝင္းတစ္ပတ္ေလွ်ာက္ပတ္ခဲ့ေပမဲ့ ရွဲန္းရွန္ၾကည့္ရတာ ဒီျပန္တည္ေဆာက္ထားတဲ့အိမ္ေတာ္အတြက္ အထူးတလည္ခံစားခ်က္တို႔ ဒါမွမဟုတ္ခ်စ္ျခင္းတရားတုိ႔ရွိမေနပံုေပ။

ဒီေတာ့သူဘာလုပ္သင့္လဲ?

ေျခကုန္လက္ပန္းက်မႈေၾကာင့္ ေနရာမွာမွီေနတဲ့က်င္ရႊင္က စတင္ျပီးဟုိဟိုသည္သည္စိတ္တုိ႔ပ်ံ႕လြင့္လာသည္။

ခုနက သူအရမ္းဆႏၵမေစာဘဲ ကိစၥေတြကုိျဖည္းျဖည္းခ်င္းလုပ္ေဆာင္သင့္ေၾကာင္းေတြးေနမိသည္။ တစ္ခဏၾကာျပီးေနာက္ သူေတြးမိတာက ရွဲန္းရွန္ကအခုအရမ္းေကာင္းေနေပမဲ့ ေဆးေသာက္ေနရဆဲျဖစ္ကာ ဒါကုိတစ္ခ်ိန္လံုးမေသာက္သင့္ေၾကာင္း၊ ထုိအရာကအမ်ားၾကီးေသာက္ရင္မေကာင္းေၾကာင္း...

ေတြးရင္းေတြးရင္းနဲ႔ က်င္ရႊင္ကဆက္မထုိင္ေနႏုိင္ေတာ့ပင္။

သူေရခ်ိဳးကန္ထဲကေန တြားသြားကာထြက္လုိက္ျပီး ေရလဲဝတ္ရံုကုိသာမန္ကာလွ်ံကာ ပတ္ကာ ေရခ်ိဳးခန္းအျပင္ကုိေျပးထြက္သြားသည္။

ရွန္ရိက်င္းက ျပတင္းေပါက္ေရွ႕ရပ္ကာ ဖုန္းေျပာေနဆဲပင္။ အသံကုိၾကားေတာ့ သူက်င္ရႊင့္ကုိလွည့္ၾကည့္လုိက္၏။

သုိ႔ေသာ္ ရွည္လ်ားတဲ့ပံုရိပ္က အေနာက္မလွည့္ႏုိင္ေသးခင္မွာပဲ သူ႔ခါးက လူငယ္ေလးဖက္တာကုိခံလုိက္ရသည္။

ရွန္ရိက်င္းက တဒဂၤေလာက္တန္႔သြားျပီးေနာက္ လက္ေျမွာက္ကာ လူငယ္ေလးရဲ႕စိုစြတ္ေနတဲ့ဆံပင္ေတြကုိ ထိကုိင္လုိက္၏။လူငယ္ေလးက အထူးတလည္အေရးတၾကီးျဖစ္ေနတာမ်ိဳး ရွိပံုမရတာကုိျမင္ေတာ့ ဖုန္းေျပာေနရင္းျဖင့္ လူငယ္ေလးကို ေရခ်ိဳးခန္းထဲဆီျပန္ေခၚသြားကာ သူ႔ဆံပင္ေတြကုိ တဘက္တစ္ထည္နဲ႔သုတ္ေပးလိုက္၏။

တစ္ခဏေလာက္ လက္တစ္ဖက္နဲ႔သုတ္ေပးေနရင္း ေနာက္ဆံုးမွာေတာ့ ရွန္ရိက်င္းက ဖုန္းတစ္ဖက္ျခမ္းရွိၾကီးၾကပ္သူကုိ ညႊန္ၾကားခ်က္တခ်ိဳ႕ေပးျပီးဖုန္းခ်လိုက္သည္။

"ဘာမွားေနလို႔လဲ"

သူဖုန္းေျပာျပီးျပီးခ်င္း ရွန္ရိက်င္းကဖုန္းကုိေဘးပစ္တင္လုိက္ကာ လူငယ္ေလးရဲ႕ဆံပင္ကိုလက္ႏွစ္ဖက္လံုးနဲ႔ စတင္သုတ္ေပးလိုက္သည္။

"မင္းဘာလို႔ထြက္လာတာလဲ"

"ကၽြန္ေတာ္ ခင္ဗ်ားကုိဖက္ခ်င္လာလို႔" က်င္ရႊင္ေျပာလုိက္၏။

အခုသူပင္ပန္းေနေသာ္ျငား သူ႔မ်က္လံုးေတြက လံုးဝိုင္းေတာက္ပေနဆဲပင္။

ဘယ္အာလာပသလႅာပကမွ အေဖာ္လုပ္ေပးတာနဲ႔ေပ်ာ္ေအာင္လုပ္ေပးတာထက္ ပုိအေရးမၾကီးဘူးလို႔သူခံစားရ၏ : " ကၽြန္ေတာ္က ခင္ဗ်ားနဲ႔မွ ဘာအေၾကာင္းအရင္းမရွိဘဲ ခ်စ္စရာေကာင္းေအာင္ျပဳမူတာေနာ္ ရွဲန္းရွန္"

"..."

ရွန္ရိက်င္းက ဒီလိုအေျဖမ်ိဳးကုိမေမွ်ာ္လင့္ထားပံုရေလသည္၊ သူတဒဂၤေလာက္မင္သက္သြားတာကို ပကတိမ်က္စိျဖင့္ပင္ျမင္ႏုိင္ေလ၏။

အဲ့ေနာက္ သူကလူငယ္ေလးကုိ ထုိင္ခ်ရန္ဆြဲလုိက္သည္...ပံုစံကေတာ့ သူကဆိုဖာေပၚမွာထုိင္ေနျပီး လူငယ္ေလးကသူ႔ေပါင္ေပၚမွာထိုင္ေနတာပင္။

က်င္ရႊင့္ေျခေထာက္မွေရစက္ေလးေတြက ရွန္ရိက်င္းရဲ႕ေဘာင္းဘီကုိ ေရကြက္ေတြျဖစ္သြားေစသည္။

ေနာက္ပုိင္း က်င္ရႊင္ကအရမ္းပင္ပန္းလြန္းလို႔မလႈပ္ႏုိင္ေတာ့ေပ။

[ဒါဒါ : ကဲ ကားျဖတ္သြားျပန္ပါျပီ]

သူက အသံုးမက်တဲ့သူလုိမ်ိဳး ေနာက္တစ္ေခါက္ေရခ်ိဳးဖို႔သြားတဲ့လမ္းမွာတင္ အိပ္ေပ်ာ္သြားေတာ့သည္။

ဒီေနရာရွိအိပ္ရာက အိမ္ကဟာေလာက္ေတာ့မၾကီးေပ။

ညလယ္ေခါင္မွာ အိပ္ေပ်ာ္ေနတဲ့လူငယ္ေလးက မသိစိတ္အေလ်ာက္အိပ္ရာတစ္ဖက္ျခမ္းဆီ လွိမ့္သြားေပမဲ့ ရွည္လ်ားသြယ္လ်တဲ့လက္ေမာင္းတစ္ဖက္ရဲ႕ျပန္ဆြဲေခၚျခင္းခံလုိက္ရသည္။

အိပ္ေပ်ာ္ေနတဲ့လူငယ္ေလးက သူ႔နံေဘးမွာလဲေလ်ာင္းရင္း မသိစိတ္အရ သူ႔ပံုစံကုိႏွစ္ၾကိမ္ေလာက္ညွိလုိက္ကာ ေနာက္ဆံုးေတာ့ ေျခေထာက္တစ္ဖက္ကုိ *ေခါင္းအံုးေဘးလူရဲ႕ေျခသလံုးထက္တင္လိုက္ေတာ့သည္။ အဲ့ေနာက္ သူေက်နပ္ကာ လႈပ္ရွားတာရပ္သြားေတာ့၏။

သုိ႔ေပမဲ့သိပ္မၾကာခင္ ေျခေထာက္က တစ္ဖက္လူရဲ႕ညင္ညင္္သာသာမတာကုိ ခံလုိက္ရျပီး ေနာက္ဆံုးမွာေတာ့ တစ္ဖက္လူရဲ႕ေပါင္ကိုဖိကာ ကုိယ္တစ္ဝက္ခြထားတဲ့ပံုစံအျဖစ္ေျပာင္းသြားေတာ့သည္။

[*ခင္ပြန္းသည္ ဒါမွမဟုတ္ ဇနီးသည္ကုိဆိုလိုသည္]

[ဒါဒါ : ရွဲန္းရွန္က ခုိးေၾကာင္ခုိးဝွက္နဲ႔ခ်စ္စရာၾကီး!!!]

✵✵✵✵✵✵✵✵✵✵✵✵✵✵✵

//Unicode//

Chapter 77 : ကျွန်တော်က ခင်ဗျားနဲ့ကျမှ ချစ်စရာကောင်းအောင်ပြုမူတာပါနော်
____________________

သူတို့အဘိုးရှန်ကိုသွားရောက်နှုတ်ဆက်ကာ စာကြည့်ခန်းထဲကနေ ထွက်လာပြီးနောက် ရှန်ရိကျင်းက ကျင်ရွှင့်ကိုသူ့အခန်းဆီအနားယူဖို့ခေါ်မသွားခဲ့ပေ။

အဲ့အစား သူက ကော်ရစ်တာရှည်ကြီးဆီဦးဆောင်သွားကာ ကွေ့လိုက်ပြီး နောက်ကော်ရစ်တာဆီရောက်သွားသည်။

ရှန်မိသားစုခြံဝင်းက ဧရိယာအတော်ကြီးမားပြီး အတွင်းဘက်ဖွဲ့စည်းပုံကလည်း ရှုပ်ထွေးသည်။ အပြင်ဘက်ကနေ ဘာမှမမြင်နိုင်သော်ငြား အတွင်းပိုင်းဖွဲ့စည်းပုံက ရဲတိုက်အိုကြီးအငွေ့အသက်တို့ပေးစွမ်းနေ၏။

သူတို့က ခွဲခြားထားတဲ့ကော်ရစ်တာကို အဆုံးထိလျှောက်သွားကြပြီး ကြီးမားတဲ့အပြင်ဘက်လသာဆောင်ဆီရောက်သွားကြသည်။

လသာဆောင်တစ်ခုလုံးက မုခ်ခုံးပါအဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး ထူထဲတဲ့သဘာဝပေါက်ပင်နဲ့အတူ အမျိုးမျိုးသောအိုးစိုက်အပင်တွေဖြင့် ပြည့်နေသည်။ အကြည့်တစ်ချက်နဲ့တင် အပူပိုင်းဒေသဥယျာဉ်နဲ့ဆင်တူ၏။

ဒါ့အပြင် အပန်းဖြေအနားယူရန်အတွက် ကျောခင်းလို့ရတဲ့ကုလားထိုင်တွေ၊ ထီးတွေလည်းရှိပြီး သဘာဝပေါက်ပင်တွေကြား အတွင်းကျကျမှာ ပုန်းကွယ်တည်ရှိနေသည်။

ဒီထက်ပိုပြီးအံ့သြစရာကောင်းတာကတော့ မင်းလှဲချလို့ရတဲ့ကုလားထိုင်ပေါ်မှာထိုင်ဖို့ ဒီပန်းပင်တွေကို ဖြတ်သန်းသွားတဲ့အချိန် အပြင်ဘက်ရှိ သေသပ်သန့်ရှင်းတဲ့မြက်ခင်းပြင်၊ တေးဂီတရေပန်းနဲ့ နှင်းဆီဥယျာဉ်တို့ကို မြင်တွေ့နိုင်သည်။

[ဒီလိုရေပန်းပါ]

သူ့အမြင်အာရုံထဲမှာတော့ အနီ၊အစိမ်းတို့ဖြင့် ဝေဝေဆာဆာရှိနေတဲ့နှင်းဆီပင်အုပ်လိုက်ကြီးပင်။ ဝေးကွာတဲ့နေရာမှာတော့ သစ်ပင်ကြီးတွေရဲ့အရိပ်က ယိမ်းထိုးနေပြီး ရှည်လျားဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အစောင့်အရှောက်တစ်ခုလိုမျိုး ဥယျာဉ်ကြီးကိုကာကွယ်ပေးထားသည်။ အနည်းငယ်ပိုဝေးတဲ့ဆီမှာတော့ အဆုံးမရှိကောင်းကင်ပြာနဲ့ အဖြူရောင်တိမ်တိုက်တို့ပင်။

ဒီရှုထောင့်ကနေဆို ရှန်မိသားစုက မြို့ထဲမှာတည်ရှိနေတာမဟုတ်ဘဲ လှပတဲ့ကျေးလက်ဒေသမှာရှိနေသလိုမျိုးပင်။

မြို့ကြီးက စတီးနဲ့သံသစ်ပင်တွေကြား အချိန်အတော်ကြာဖြတ်သန်းသွားလာခဲ့သူတွေဆိုရင် ဒီမြင်ကွင်းကိုမြင်လိုက်ရချိန် လန်းဆန်းမှုနဲ့ပျော်ရွှင်မှုတို့ကို ရုတ်ခြည်းခံစားသွားရလိမ့်မည်။

ကျင်ရွှင်တောင်မှ မနေနိုင်ဘဲ လတ်ဆတ်တဲ့လေတို့ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်မိသည်။

သို့တစေ သူအံ့သြသွားရတာက ရှန်ရိကျင်းက သူ့အားဒီနေရာခေါ်လာပေမဲ့ ရှုခင်းတစ်ခုတည်းကြည့်ဖို့ရန်မဟုတ်ပေ။

သစ်ပင်ပန်းမန်တွေနဲ့ ဖုံးအုပ်ထားတဲ့လေသာဆောင်ထက်မှာ ကျင်ရွှင်က ကုလားထိုင်ပေါ်လဲလျောင်းမနေရဘဲ Mr.ဗီလိန်ရဲ့လက်မောင်းတွေကြား ချောင်ပိတ်မိနေသည်။

ရှန်ရိကျင်းက သူ့အားပြောလာသည် : "ခုနက အန်တီယန်ရှေ့မှာ ရှောင်ရွှင်ပြောလိုက်တာက...အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"

အဖက်ခံထားရတဲ့ကျင်ရွှင်က ချက်ချင်းပြုံးလိုက်ကာ
" ကျွန်တော်က အရမ်းတော်တယ်မလား"

"အင်း" ရှန်ရိကျင်းကလည်းပြုံးလာ၏။

ကျင်ရွှင့်မျက်နှာပေါ်ရှိအပြုံးက တောက်ပရှုမောဖွယ်ကောင်းကာ နွေဦးလေပြည်လေးလိုဖြစ်နေပြီး အပြင်ဘက်ရှိနှင်းဆီချုံတွေထက်တောင်မှ ပိုကျက်သရေရှိတင့်တယ်လှပလှသည်။

သူက အနည်းငယ်ရှင်းပြလိုက်၏ : "ကျွန်တော်သူတို့ကိုမကြိုက်ဘူး ဒါကစကားနဲ့တိုက်ခိုက်တာပဲဆိုရင်တောင်မှ ဘာကြောင့်လဲ! ကျွန်တော်တို့ကစကားပြန်ပြောရမှာ ပျင်းနေတာနဲ့ပဲ သူမကကျွန်တော်တို့ကိုအနိုင်ကျင့်လို့ရတယ်တဲ့လား?"

"ကိုယ်သိတယ်"

လူငယ်လေးကို တင်းကျပ်စွာပွေ့ဖက်ထားရင်း သူမထိန်းနိုင်ဘဲ နဖူးပြင်ပေါ်နမ်းလိုက်ကာ
"မင်းပြောချင်တာမှန်သမျှ ပြောလို့ရတယ်။ မင်းဘာပြောပြောအမြဲမှန်တယ်"

"....အမ်း"

ရှန်ရိကျင်းဆီကနေ ဒီလိုမျိုးအဖက်ခံနေရရင်း ကျင်ရွှင်က ခုနကဒေါသကြောင့် ထပ်ပြီးစိတ်အနှောင့်အယှက်မဖြစ်နိုင်တော့ပေ။

သူက ထိန်းချုပ်လို့မရနိုင်စွာရှက်သွေးဖြာလာသည်...ရှဲန်းရှန်ရဲ့ကောင်းမွန်လွန်းတဲ့အသံကြောင့်ပေါ့။

သူကအမြဲတမ်း ရှဲန်းရှန်ရှေ့မှာဆို ရှက်သွေးဖြာနေတဲ့အချက်နဲ့ပတ်သက်ပြီး ကျင်ရွှင် အမှန်တရားကိုရှာဖွေရန် စမ်းသပ်မှုတစ်ခုလုပ်ခဲ့သည်။

လက်ရှိရင်းနှီးကျွမ်းဝင်တဲ့အပြုအမူတွေကြောင့် အူလှိုက်သည်းလှိုက် ရှက်ရွံ့မှုအချို့အပြင် ရှက်သွေးဖြာနေရတဲ့အခြားအကြောင်းအရင်းက ရှဲန်းရှန်ကအရမ်းမြှူဆွယ်လို့ပဲ။

အခုလိုမျိုးပေါ့

သူက ရှန်ရိကျင်းလက်မောင်းထဲမှာ ကိုယ်တစ်ဝက်မှီကာ သူ့ရဲ့ပြုံးယောင်သန်းနေတဲ့မျက်ခုံးကိုကြည့်ရင်း၊ နီးကပ်လှတဲ့အကွာအဝေးကနေ သူ့အသံကိုနားထောင်လျက် သူ့ရဲ့သိသိသာသာအလိုလိုက်တဲ့လေသံကို ခံစားမိနေစဉ်မှာ...

သူဘာမှမခံစားရမှ ထူးဆန်းနေမှာပေါ့!

ကျင်ရွှင်က မသိစိတ်အလျောက် ပူလောင်နေတဲ့သူ့နားရွက်တွေကို လှုပ်လိုက်မိသည်။

ပြောရမယ်ဆိုရင် ဒါကတကယ်ပဲသူ့ပြဿနာမဟုတ်ဘူးလို့...!

"ဒါပေမဲ့..." ဒါကိုပြောနေရင်း ကျင်ရွှင်က ရုတ်တရက်ဆိုသလိုသတိရသွားသည် : "အဲ့မစ္စယန်က ဆန်ကုန်မြေ...ရှန်ပေါ်ဟန်ရဲ့အမေဖြစ်နေသေးတယ်။ သူက ခင်ဗျားကုမ္ပဏီကို ရှုပ်ဖို့ကြိုးစားလိမ့်မယ်"

သူဒီအကြောင်းကိုအကြမ်းဖျင်းပဲသိထားသည်၊ မူရင်းစာအုပ်ထဲမှာ မူလကိုယ်က စီးပွားရေးသူလျှိုအနေနဲ့အပို့ခံလိုက်ရပေမဲ့ ဆန်ကုန်မြေလေးgongနဲ့အခြားသူတွေက မူလကိုယ်တစ်ယောက်တည်းကိုသာပို့လောက်တဲ့အထိ မရိုးရှင်းမှန်း ကျင်ရွှင်ခန့်မှန်းမိသည်။

သူတို့သူလျှိုအများကြီးပို့ခဲ့လောက်ပြီး ကုမ္ပဏီတွင်းရှိလူအများအပြားနဲ့ဆက်သွယ်ခဲ့လောက်ပေမဲ့ ရိဝေ့က မလှုပ်ခတ်နိုင်တဲ့ကျောက်သားတိုင်ကြီးလိုပင်။ နောက်ဆုံးမှာတော့ ဆန်ကုန်မြေလေးgongက မျက်နှာလှလှလေးရှိတဲ့မူလကိုယ်ကို ပို့ခဲ့သည်။

သူကအခုချိန်မှာ ဘာအချက်အလက်မှ ခိုးဦးမှာမဟုတ်ပေမဲ့ ကျင်ရွှင်စိုးရိမ်မိဆဲပင် : "အဲ့လူတွေကို စောင့်ကြည့်ထားဖို့လိုလိမ့်မယ်နော်"

"အင်း"

ဒါကိုကြည့်မယ်ဆိုရင် ရှန်ရိကျင်းက ဟိုးကတည်းက မူမမှန်တဲ့တစ်ခုခုကိုရှာတွေ့ပြီးပုံပင်။

သူပြောလိုက်၏ : "သူတို့က ကိုယ့်နားကလူတွေကို ဝယ်ဖို့ကြိုးစားနေခဲ့ကြတာ၊ သူတို့အောင်အောင်မြင်မြင်လဲအချို့ကိုဝယ်နိုင်ခဲ့တယ်လေ အဘိုးနောက်ကလိုက်လို့ ခက်ခဲတဲ့အချိန်တွေကို တူတူဖြတ်ကျော်ခဲ့ကြတဲ့ ရှန်အုပ်စုထဲကဝန်ထမ်းဟောင်းတွေပါအပါအဝင်ပေါ့"

ဒါကိုပြောနေချိန် ရှန်ရိကျင်းရဲ့လေသံက အထူးတလည်အတက်အကျမျိုး ပါရှိမနေ။

ဒါက ရိုးရှင်းစွာနဲ့ ရှင်းပြမှုတစ်ခုသာဖြစ်သည်။

ဒီသစ္စာဖောက်မှုအပေါ် သူကသဘောထားကြီးပေးထားပုံပေါ်ပြီး ဒါကို စီးပွားရေးနယ်ပယ်ထဲမှ လုပ်ပိုင်ခွင့်အကျိုးရလဒ်တွေအတွက် ပြိုင်ပွဲတစ်ခုအနေဖြင့်နားလည်ထားပုံပင်။

ရှဲန်းရှန်က အရမ်းကိုဆင်ခြင်နိုင်စွမ်းရှိသေးတာ ရှင်းလင်းလွန်းလှပြီး ထိုအထဲမှာ ဘာကိုယ်ရေးကိုယ်တာခံစားချက်မှမပါဝင်နေသလို အပုပ်ချထားတာမျိုးလည်းမရှိပေ။

ကျင်ရွှင်က စိတ်သက်သာရာရသွားပေမဲ့ စိတ်နှလုံးပူဆွေးမှုကိုတော့ တချို့တလေခံစားနေရသည်။

--ဘယ်သူကမှ သစ္စာဖောက်ခံရပြီး ပုန်ကန်ခံရတာကို ခံစားလို့ကောင်းမှာမဟုတ်ပေ၊ ရှဲန်းရှန်ရဲ့ရန်သူတွေက အမြဲတမ်းသူ့သွေးသားရင်းဆွေမျိုးတွေဖြစ်နေတာကို ထည့်မပြောနဲ့ဦး။

ဒါကိုတွေးမိသွားတော့ ကျင်ရွှင်ကမနေနိုင်ဘဲ တစ်ဖက်လှည့်ကာ သူ့အားဖက်လိုက်မိသည်။

သူ့မေးသွယ်သွယ်ကို တစ်ဖက်လူရဲ့ပခုံးပေါ် နားခိုထားရင်း ကျင်ရွှင်ပြောလိုက်၏
" ခင်ဗျားရဲ့နှလုံးသားထဲမှာ သိနေသရွေ့ အဆင်ပြေပါတယ် ရှဲန်းရှန်"

သူ့အသံက ညင်သာနေကာ ဒါကိုပြောနေစဉ် ရှန်ရိကျင်းရဲ့နားရွက်နားကပ်ကာမှီနေတာမို့ အသံက အရမ်းလည်းမကျယ်သလို တိုးလည်းမတိုးပေ၊ ကြားရတာအလွန်နူးညံ့လှ၏။

ကျင်ရွှင်က လေးလေးနက်နက်ပွင့်ပွင့်လင်းလင်းပြောလိုက်သည် : "ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်နေပါစေ ကျွန်တော်ခင်ဗျားနဲ့ရှိနေမှာပါ"

"ကျင်ရွှင်"

လည်ပင်းအဖက်ခံထားရတဲ့လူက တစ်ခဏလောက်တောင့်တင်းသွားပြီးနောက် သူ့လက်မောင်းတွေက တဖြည်းဖြည်းတင်းကျပ်လာကာ လူငယ်လေးရဲ့ခါးကျဉ်ကျဉ်ကို အားအများကြီးမသုံးရဲဘဲ ရစ်ပတ်ထားသည်။

သူဆန္ဒရှိနေတာက တစ်ဖက်လူကို သူ့အသွေးအသားထဲ နစ်ဝင်သွားအောင်ထိုးထွင်းထားချင်ပေမဲ့လည်း ဒါကထိုသူကိုနာကျင်သွားစေမှာအား ကြောက်ရွံ့နေသလိုပင်။

အဆုံးမှာတော့ ရှန်ရိကျင်းက နည်းလည်းမနည်း များလည်းမများတဲ့အားတစ်ခုဖြင့် လူငယ်လေးကိုဖက်ထားရုံသာတတ်နိုင်သည်။

ပွေ့ဖက်ထားမှုက အလွန်ရှည်ကြာလှ၏။

ဒီနေ့ကတိမ်ထူတဲ့နေ့ဆိုပေမဲ့ ကောင်းကင်ကကြည်လင်နေပြီး အပူချိန်က သိပ်မမြင့်သလို နေရောင်ကလည်းအနေတော်ပင်။

ရှန်ရိကျင်းက အပြင်ဘက်မှနှင်းဆီဥယျာဉ်ကြီးကိုကြည့်ပြီး ဗြုန်းစားကြီးပြောလာသည်
"မိသားစုအိမ်တော်က မတိုင်မီက ဒီလိုမျိုးမဟုတ်ဘူး"

ကျင်ရွှင် : "ဟမ်?"

ရှဲန်းရှန်ဘာလို့ရုတ်တရက်ကြီးဒါကိုပြောလာမှန်း သူနားမလည်ပေမဲ့ ကျင်ရွှင်က စူးစမ်းသိလိုစိတ်အသင့်အတင့်ကိုပြလိုက်ဆဲပင်
"ဘာနဲ့တူတာလဲဟင်"

"အိမ်တော်ဟောင်းက တကယ်ကို ရဲတိုက်အိုတစ်လုံးနဲ့တူတယ်"

"......"

ပွေ့ဖက်ထားတဲ့ပုံစံက ကျင်ရွှင့်အား ရှန်ရိကျင်းမျက်နှာကိုမမြင်ရအောင်လုပ်ထားသည်။

သူ့နှလုံးသားထဲမှာ အနည်းငယ်စိုးထိတ်လာမိသည်။ ဘာလို့လဲဆိုတော့ ရှဲန်းရှန်က စိတ်ပညာရှင်ရှေ့မှာတောင် အတိတ်ကိုတစ်ခါမှမထုတ်ဖော်ခဲ့ဖူးတာကြောင့်ပင်။

သို့ပေမဲ့ အခုတစ်ဖက်လူက တကယ်ကြီးအဲ့အကြောင်းကိုအရင်စပြောလာတော့ ကျင်ရွှင်ကဘယ်လိုလုပ်စိတ်မလှုပ်ရှားဘဲနေနိုင်မှာလဲ?

သူမလှုပ်ရဲတော့ဘဲ ဆက်မေးလိုက်သည် : "နန်းတော်?...နောက်ပြီးတော့ရော?"

"အဲ့နောက် ကိုယ်အရမ်းငယ်သေးတဲ့အချိန်မှာ အဘိုးက ဒီအိမ်ကိုဖြိုခဲ့တယ်"

"...ဒါက ဖြိုပြီးတော့ ပြန်ဆောက်ထားတာလား"

"အင်း"

ရှန်ရိကျင်းအသံက ဝမ်းနည်းမှုပျော်ရွှင်မှုတို့ မပါရှိပေ၊ သူ့မှတ်ဉာဏ်တွေကို ရိုးရိုးရှင်းရှင်းပြန်ရှင်းပြနေသလိုပဲ။

သူဆက်ပြောလိမ့်မယ်လို့ ကျင်ရွှင်ထင်ခဲ့မိပေမဲ့ သူဆက်ပြောမလာခဲ့။ အတိတ်မှာတုန်းကလိုပဲ ရှဲန်းရှန်က စကားနည်းနည်းလေးပြောနေဆဲပင်။

ကျင်ရွှင့်နှုတ်ခမ်းတွေတွန့်လိမ်သွားကာ ထပ်မေးကြည့်ဖို့ကြိုးစားလိုက်သည် : "...ဒါဆို ဘာလို့ဒါကိုဖြိုခဲ့တာလဲဟင်"

သို့သော် ရှန်ရိကျင်းက ဒီတစ်ကြိမ်တော့မဖြေလာခဲ့။

သူက သူ့ကိုဖက်ရုံသာဖက်ထားသည်။

စေ့စေ့စပ်စပ်ဖြင့် သူက လူငယ်လေးရဲ့သွယ်လျနွေးထွေးတဲ့ခန္ဓာကိုယ်ကို တင်းကျပ်စွာဖက်တွယ်ထား၏။

အချိန်တစ်ခုကြာညောင်းပြီးနောက်။

"လမ်းသွားလျှောက်ကြမလား" ရှန်ရိကျင်းက ရုတ်တရက်ကြီးကမ်းလှမ်းလာကာ သူ့အသံက ပုံမှန်အတိုင်းတူညီနေဆဲပင် : "ကိုယ်အရင်က မင်းကိုမခေါ်သွားရသေးတဲ့နေရာတွေအများကြီးရှိသေးတယ်"

ကျင်ရွှင်လည်း ထိုမေးခွန်းနောက်ဆက်မလိုက်တော့ဘဲ ပြတ်ပြတ်သားသားခေါင်းညိတ်လိုက်၏ : "အိုး ကောင်းတာပေါ့"

ရှန်မိသားစုဥယျာဉ်က အမှန်ကိုအရမ်းကြီးမားလှ၏။ အပြင်ဘက်ရေကူးကန်ကြီးအပြင် ကိုယ်ပိုင်ဘတ်စ်ကတ်ဘောကွင်းနဲ့တင်းနစ်ကွင်းတို့တောင်မှရှိ၏။

နေ့လည်စာမစားခင် အချိန်တိုလေးမှာ ဘာမှလုပ်စရာမရှိတာကြောင့် ကျင်ရွှင်က ရှန်ရိကျင်းနဲ့အတူ ဘတ်စ်ကတ်ဘောကစားလိုက်သည်။

သူကလေးတုန်းက ဘတ်စ်ကတ်ဘောကစားဖို့အိပ်မက်မက်ခဲ့ဖူးသည်။ သူကူးပြောင်းလာပြီးနောက်မှာ မကြာခဏဆိုသလို တက္ကသိုလ်ကျောင်းတွင်းမှလူတွေကစားတာအား ကြည့်ခဲ့သည်။ သို့ပေမဲ့ မတိုင်ခင်က ကျင်ရွှင်တစ်ခါမှဘောလုံးကိုမထိကိုင်ဖူးပေ။ သူက စည်းမျဉ်းတွေနဲ့အလွန်ရင်းနှီးနေသော်ငြား သူမလွဲဧကန်တောင့်တင်းနေကာ ဝင်ကစားဖို့အစမပြုရဲမှာသေချာသလောက်ပင်။

ဒါပေမဲ့ရှဲန်းရှန်ရှေ့မှာတော့...

ရှန်ရိကျင်းက သူဘယ်သူဆိုတာနဲ့ သူ့အကြောင်းအားလုံးသိတာမို့ ရှက်နေစရာဘာအကြောင်းမှမရှိပေ။

ရှဲန်းရှန်ရဲ့အရပ်ကြောင့် သူဟာကျောင်းတက်နေစဉ်မှာ ဘတ်စ်ကတ်ဘောအဖွဲ့ရဲ့ အကြိမ်ပေါင်းများစွာ ရွေးချယ်ခြင်းခံခဲ့ရသည်။ သူက နှစ်များစွာအတည်ကစားလာခဲ့ပြီးဖြစ်တာကြောင့် ကျင်ရွှင့်ကိုကစားဖို့သင်ပေးတာက မလွယ်ကူဘူးဆိုတာမဖြစ်နိုင်ပေ။

လွတ်လပ်တဲ့ကွင်းပြင်ထဲမှာ ရှန်ရိကျင်းက ပထမဆုံး ပစ်ချက်အကြောင်းနဲ့ စိုက်ထုတ်ရတဲ့ခွန်အားအကြောင်းပြောပြကာ အဲ့ဒါပြီးနောက် ကျင်ရွှင်ကသူနဲ့အတူလေ့ကျင့်ရမဲ့အချိန်ပင်။

အနည်းဆုံးတော့ ကျင်ရွှင်ကအရပ်မပုတဲ့အတွက် လက်ကောက်ဝတ်နည်းပညာကိုတတ်ကျွမ်းပြီးနောက်မှာ လက်နှစ်ဖက်နဲ့အတူ အတန်ငယ်လေ့ကျင့်ပြီးနောက် သုံးမှတ်တန်ပစ်ချက်ကို အောင်အောင်မြင်မြင်ပစ်သွင်းနိုင်ခဲ့သည်။

ဘတ်စ်ကတ်ဘောက နောက်ခံဘုတ်ပြားကိုထိသွားကာ ဘန်းခနဲမြည်သွားပြီးနောက် အကြိမ်ရေအနည်းငယ်လှည့်ပတ်နေပြီး နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင်ဝင်သွား၏။

ပြောစရာမလိုအောင်ကိုပဲ ဒီလိုအောင်မြင်မှုမျိုး...ကျင်ရွှင်က အတော်လေးမိမိုက်တယ်လို့ခံစားမိသည်။

သူက တက်တက်ကြွကြွ ပြေးသွားကာ ရှန်ရိကျင်းကိုဖက်လိုက်ပြီးနောက် တစ်ဖက်လူသူ့အတွက်ကောက်ပေးထားတဲ့ဘောလုံးကိုယူလိုက်ပြီး အခြားရှုထောင့်အောက်ကနေ ပစ်သွင်းကြည့်လိုက်သည်။

ဒီတစ်ခေါက်ကလည်း ချောမွေ့စွာပန်းဝင်သွား၏။ ကျင်ရွှင်က ခေါင်းလှည့်ကာ ရှန်ရိကျင်းကို ပျော်ရွှင်စွာကြည့်လိုက်ပြီး သူ့အပြုံးကလည်းကြီးမားလွန်းရာ နှုတ်ခမ်းထောင့်ကနားရွက်တက်ချိတ်ခါနီးထိပင်။ သူ့ညွှန်းဆိုမှုကတော့ : ကြည့်ဦး ရှှဲန်းရှန် ကျွန်တော်ကအရမ်းတော်တာပဲနော်!

နောက်ခံဘုတ်ပြားအောက်မတ်တပ်ရပ်နေရင်း သူ့အတွက်ဘောလုံးကောက်ဖို့တာဝန်ကျတဲ့ရှန်ရိကျင်းက လက်မထောင်ပြကာပြောလာသည် : " အချင်းချင်းပြိုင်ပြီးဆော့ကြည့်ရအောင်လေ?"

ကျင်ရွှင် : "ကောင်းတယ်!"

ကျင်ရွှင်က လိုလိုလျားလျားတုံ့ပြန်လိုက်၏ သို့ရာတွင် ကွင်းထဲမှာဒီတိုင်းပစ်တာကလွယ်သလောက် အချင်းချင်းပြိုင်ကစားတာကတော့ မလွယ်ကူလှဘူး။

သူက ရှန်ရိကျင်းဆီကနေ ဘောလုံးလုယူနိုင်လောက်တာပဲရှိတာကိုထည့်မပြောနဲ့ဦး။ တကယ်လို့သူဘောလုံးရသွားရင်တောင်မှ ဘောလုံးနဲ့အရှေ့ကိုပြေးသွားတဲ့အချိန် ဒါမှမဟုတ်လှမ်းပစ်လိုက်တဲ့အချိန် လွယ်လင့်တကူအတားခံလိုက်ရသည်။

သူ့ရဲ့တိကျတဲ့အတွက်အချက်စွမ်းရည်က ထပ်ပြီးအသုံးမကျတော့သလိုခံစားမိသည် အဓိကက ဘာကြောင့်လဲဆိုတော့ သူက တစ်ဖက်လူရဲ့နည်းဗျူဟာကိုမတွက်ချက်နိုင်သလို သူ့ခန္ဓာကိုယ်ကလည်း အချိန်မီမတုံ့ပြန်နိုင်ပေ။

ကွင်းထဲမှာ ပွဲအနည်းငယ်ဆော့ပြီးနောက် သူခြေကုန်လက်ပန်းကျကာ ဟောဟဲလိုက်လာသည်။ အဆုံးမှာတော့ သူကအသက်ရှူရန်အတွက် ရှန်ရိကျင်းရဲ့ခါးကိုသာမြဲမြဲကိုင်ထားရ၏။

"အရမ်းခက်လွန်းတယ် ကျွန်တော်...မလုပ်နိုင်ဘူး..." ကျင်ရွှင်က စကားကိုတောင်ကောင်းကောင်းမပြောနိုင်တော့ချေ။

ဒီရိုးရှင်းတဲ့လှုပ်ရှားမှုတွေက စစ်တုရင်ကစားတာလိုမျိုး စိတ်ပိုင်းဆိုင်ရာသက်သက်အလုပ်တွေထက် အများကြီးပိုခက်တယ်!

ရှန်ရိကျင်းက ဘောလုံးကိုပစ်ထုတ်လိုက်ကာ တစ်ဖက်ကိုလှည့်ပြီး သူ့အားထောက်ကူပေးထားရင်း လူငယ်လေးကိုသူ့ကိုယ်ပေါ်မှီကာ အသက်ပေးရှူထားလိုက်သည်။

"ရှောင်ရွှင်က အရမ်းတော်ပြီးသားပါ"

ကျင်ရွှင်က သူ့သံသယကိုဖော်ထုတ်လိုက်သည် : "...တကယ်လား"

"အင်း" ရှန်ရိကျင်းက မျက်ဝန်းထဲမှာကွယ်ဝှက်ထားတဲ့အပြုံးတစ်ခုနဲ့အတူ အတည်ပြုပေးလိုက်သည် : "အရမ်းကိုမြင့်မားတဲ့ဦးနှောက်ရှိတယ်လေ"

"အွန်း" ကျင်ရွှင်ကညည်းလိုက်၏။ ရုတ်တရက် အရင်တစ်ခေါက်က သူ့ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်ထားတာကို သတိရသွားကာ မနေနိုင်ဘဲပြောလိုက်မိ၏ : "ရှဲန်းရှန် အနာဂတ်မှာလေ ခင်ဗျားလေ့ကျင့်ခန်းလုပ်ရင် ကျွန်တော့်ပါခေါ်သွားပေးစမ်းပါ။ ကျွန်တော်လေ့ကျင့်ခန်းကောင်းကောင်းလုပ်ရမယ်!"

"ဟုတ်ပါပြီ" ထုံးစံအတိုင်းပဲ ရှန်ရိကျင်းမှာ ဘာမှတ်ချက်မှမရှိပေ။

ဘတ်စ်ကတ်ဘောကွင်းအပြင်ဘက်မှာ ယန်နျန့်ကျောင်းရဲ့ကားက ကားသွားတဲ့လမ်းကနေ ဖြတ်ကျော်သွားသည်။

ကားထဲမှာထိုင်နေတဲ့လူက သဘာဝကျစွာပဲ ဘတ်စ်ကတ်ဘောကွင်းထဲမှာ တစ်ဦးကိုတစ်ဦးဖက်ထားတဲ့လူနှစ်ယောက်ကို မြင်လေ၏။

ကားမောင်းနေတဲ့ချီဇီမင်က မအောင့်အည်းထားနိုင်ဘဲ သက်ပြင်းချလိုက်သည် : "ကျစ် သခင်လေးကျင်းနဲ့သခင်လေးကျင်ရွှင်က အချင်းချင်းကို တကယ်ကိုချစ်ကြတာပဲ။ သူက ဒီလိုမျိုးအင်အားကြီးသူတစ်ယောက်ဆိုတာသာငါသိခဲ့ရင် သူ့ကိုဆွဲထားဖို့အာ့ရှောက်ကိုပြောခဲ့မှာ..."

သူစကားပြောလို့မပြီးသေးခင် အနောက်ခုံရှိယန်နျန့်ကျောင်းက သူ့အားစိမ်းစိမ်းဝါးဝါးစိုက်ကြည့်လာသည်။

ယန်ကျင်ရွှင်ရဲ့တော်လွန်းနေမှုက သူမရဲ့အသိအမြင်ကို ချိုးဖျက်သွားကာ ရုတ်ခြည်းသတင်းတွေကြားသိလိုက်ရတဲ့ယန်နျန့်ကျောင်းကို ပိုလို့တောင်စိတ်ဓာတ်ကျသွားစေသည်။

...သူမတွေးခဲ့တာက တာ့ရှောက်ရယ်က အလှကြောင့်ရှုပ်ထွေးသွားပြီး ဘာမိသားစုနောက်ခံမှမရှိတဲ့တစ်ယောက်ကို သာမန်ကာလျှံကာလက်ထပ်လိုက်တယ်ပေါ့

ဒီလိုမျိုးဖြစ်နေလိမ့်မယ်လို့ သူမထင်မထားခဲ့ဘူး...!

လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဈေးကွက်ကတဖြည်းဖြည်းအပြောင်းအလဲဖြစ်လာပြီး ချမ်းသာတဲ့မိသားစုစီးပွားရေးလုပ်ငန်းအများအပြားက ညတွင်းချင်းပြိုကွဲသွားခဲ့ကြသည်။

နယ်ပယ်ဟောင်းတွေက တင်းကျပ်ကျဆင်းလာကာ အလားအလာအရှိဆုံးဖြင့်ထွက်ပေါ်လာတဲ့နယ်ပယ်ကတော့ အဆင့်မြင့်နည်းပညာပင်။

အရည်အချင်းရှိလူသားအရင်းအမြစ်ကို ပိုပြီးဖမ်းဆုပ်နိုင်တဲ့နေရာမှာ ဦးဆောင်နေတဲ့ဘယ်သူမဆို အနိုင်ရလိမ့်မယ်။

ယန်နျန့်ကျောင်းက အစောပိုင်းနှစ်တွေမှာ ဒါကိုသတိမပြုမိခဲ့။ ရှန်ရိကျင်းအိမ်ပြန်ရောက်လာပြီး ရိဝေ့နည်းပညာကို ဖန်တီးဖို့ဦးဆောင်မှုယူလိုက်တဲ့အချိန်ကျမှ ဒါကသူမကိုနိုးထသွားစေသည်။

အဲ့နောက် သူမဈေးကွက်ကို ပိုနားလည်လာလေလေ နည်းပညာရဲ့အလားအလာကောင်းမှုကို သူမပိုနားလည်လာလေလေပင်။ ဒါပေမဲ့ကံမကောင်းစွာနဲ့ သူမဒါကိုသဘောပေါက်သွားချိန် အတော်နောက်ကျသွားခဲ့ပြီ။

--ရိဝေ့နည်းပညာက အကြီးမားဆုံးပြည်တွင်းကုမ္ပဏီဖြစ်လာပေမဲ့ သူမအပြင်ဘက်မှာ ရန်ပုံငွေမတည်ထားတဲ့ကုမ္ပဏီလေးတွေကတော့ အခုထိတရားဝင်မစတင်ရသေးဘူး

မူလကတော့ AI chipကနေ ရိဝေ့ကိုကျော်တက်သွားချင်ခဲ့ပေမဲ့ မမျှော်လင့်ထားတာကတော့ ရှန်ရိကျင်းရှာတွေ့ထားခဲ့တဲ့တစ်စုံတစ်ယောက်က သူမဆွယ်ယူလို့မရနိုင်တဲ့သူဖြစ်နေတယ်လေ!

အချင်းချင်းဖက်တွယ်ကာ ပူးကပ်ပြီးစကားပြောနေကြဆဲဖြစ်တဲ့ ဘတ်စ်ကတ်ဘောကွင်းရှိလူနှစ်ယောက်ကိုကြည့်ရင်း ယန်နျန့်ကျောင်းက ဒီအချိန်မှာ သူမသားအတွက် ပိုပိုပြီးမကျေမချမ်းဖြစ်လာရသည်။

ဒီလိုအရေးကြီးတဲ့အချက်အလက်မျိုးကို ရှန်ပေါ်ဟန်ကဘာလို့သူမကိုမပြောပြခဲ့ရတာလဲ!

မိသားစုနောက်ခံရှိတဲ့လက်ထပ်မဲ့ပါတနာတစ်ယောက်ကိုရှာတာထက်စာရင် အရေးပါထင်ရှားလာတဲ့နယ်ပယ်မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ယန်ကျင်ရွှင်လိုအရည်အချင်းရှိကျောင်းသားက ပိုကောင်းတာပေါ့လို့..

ဒီနှစ်တွေမှာ အရည်အချင်းက ဘာအရာထက်မဆို ပိုပြီးအရေးကြီးတယ်!

"မြန်မြန်လုပ် ကုမ္ပဏီကိုအစည်းအဝေးအတွက်သွားရမယ်! ကိစ္စကဘယ်လောက်တောင်အလောတကြီးနိုင်လဲဆိုတာ နင်မမြင်နိုင်ဘူးလား? နင်ကနောက်ပြောင်ဖို့စိတ်ရှိနေသေးတယ်ပေါ့!"

သူတစ်ခဏလောက်ဘတ်စ်ကတ်ဘောကစားလိုက်သည်။ နေ့လည်ဘက်သူအားသွားတဲ့အချိန်မှာ ရှန်ရိကျင်းက တင်းနစ်ကစားရန်ကျင်ရွှင့်ကိုအဖော်လုပ်ပေးလာသည်။

သူအရင်က တင်းနစ်ကစားဖူးတယ်...ဂိမ်းစက်နဲ့လေ။

ဂိမ်းစက်နဲ့ကစားတဲ့အချိန်မှာ ရိုးရှင်းပုံပေါ်ပြီး လက်တွေ့အမှန်ကစားတဲ့အခါမှာလည်း မခက်ခဲပေ။ ပွဲပြီးသွားတဲ့နောက်မှာ သူ့လက်မောင်းတွေက နာကျင်လွန်းလို့လုံးဝမ,မတင်နိုင်တော့သလို ကျင်ရွှင်ခံစားနေရသည်။ ရေခွက်ကိုင်တာတောင် သူတုန်ယင်နေ၏။

ဒါ့အပြင် ဒီနေ့ သူတို့တွေရှန်မိသားစုခြံဝင်းကို အတွင်းရောအပြင်ပါလျှောက်ပတ်ကြည့်ကြသေးသည်။ ကျင်ရွှင့်ခြေထောက်နှစ်ဖက်လုံးအမှန်ကို နာကျင်နေသည်။

ဒီအခိုက်မှာ သူအိပ်ယာပေါ်ခြေပစ်လက်ပစ်လဲလျောင်းပြီး ရှန်ရိကျင်းကို သူ့လက်မောင်းတွေ၊ပခုံးတွေနဲ့ပေါင်တွေကို ပွတ်သပ်ခွင့်ပေးထားရသည်။

ရှဲန်းရှန်ရဲ့လက်တွေက အတန်ငယ်ပြင်းထန်ပေမဲ့ သူ*latic acidတွေ စုစည်းများပြားလာမှန်း ကျင်ရွှင်သိတာကြောင့် ခပ်မြန်မြန်ကုသရန်အနှိပ်ခံဖို့လိုလေသည်။

[*ပြင်းထန်စွာကိုယ်လက်လှုပ်ရှားမှုပြုစဉ် ကြွက်သားများ၌ဖြစ်ပေါ်လာသောအရာ]

နာကျင်သော်ငြားလည်း သူအံကြိတ်ကာသည်းခံထား၏။

ရှန်ရိကျင်းက အနားယူဖို့အကြံပေးလာတုန်းက ဘယ်သူကသူ့ကိုငြင်းခိုင်းလို့လဲ?

သူကသည်းခံနေရင်း မကြာခဏဆိုသလို မျက်နှာရှုံ့မဲ့ကာ နာကျင်မှုကိုသက်သာစေရန် ရံဖန်ရံခါ သူ့ခြေထောက်ကိုလှုပ်ရမ်းနေ၏။

ကျင်ရွှင်က အိပ်ရာပေါ်မှာခဏလောက်လှိမ့်နေပြီးနောက် ရှန်ရိကျင်းက သူ့ကိုကောက်ချီကာ ရေချိုးခန်းထဲခေါ်သွားသည်။

"ရေနွေးနွေးလေးချိုးလိုက်ရင် ပိုသက်သာသွားလိမ့်မယ်"

ကျင်ရွှင် : "အိုကေ ဝူးဝူးဝူး"

ရေချိုးကန်ထဲရှိရေက အဆင်သင့်ဖြစ်နေပြီ။

ရှန်ရိကျင်းက သူ့ကိုရေချိုးခန်းထဲမှာထားခဲ့ပြီး အလုပ်ဖုန်းမြည်တာကြောင့်ထွက်သွားသည်။

ပိတ်ရက်တွေမှာတောင်မှ ရှဲန်းရှန်ကအလုပ်ကနေလုံးဝကြီးမနားနိုင်ပေ။ ကျင်ရွှင်က ဒါကိုကျင့်သားရနေပြီဖြစ်တာမို့ သူ့ဘာသာအဝတ်တွေချွတ်ကာ ရေချိုးကန်ထဲဝင်လိုက်၏။

သူတို့ယနေ့ည အဓိကအိမ်တော်မှာနေဖြစ်ကြသည်။ ရှဲန်းရှန်အခန်းထဲရှိရေချိုးကန်က အိမ်ကရေနွေးနဲ့နှိပ်နယ်ပေးတဲ့ဟာလိုမျိုးမဟုတ်ပေ၊ ဒါက ရိုးရှင်းတဲ့ ခေတ်ဟောင်းစတိုင်ထောင့်မှန်စတုဂံပုံရေချိုးကန်ပင်။ သိပ်မကြီးပေမဲ့ ကံကောင်းစွာဖြင့် အထဲမှာထိုင်လိုက်တဲ့အချိန်တော့ ပခုံးထိမြုပ်လေသည်။

ရေစိမ်နေရင်း ဖော့ဂုဏ်သတ္တိအောက်မှာ သူအများကြီးနေလို့ပိုကောင်းလာ၏။

ကျင်ရွှင်က စိတ်အေးသက်သာစွာ ရေချိုးကန်နံရံကိုမှီနေရင်း မျက်နှာကြက်ရှိ ငွေ့ရည်ဖွဲ့နေတဲ့မြူခိုးတို့ကိုကြည့်လိုက်သည်။

ပတ်ဝန်းကျင်အပြောင်းအလဲကြောင့်လားသူမသိပေမဲ့ ညအခါမှာ ကျင်ရွှင်ကဒီနေရာမှာရှိနေခြင်းအား ကျင့်သားမရသေးပေ။

နေ့လည်တုန်းက ရှန်ရိကျင်းက သူ့အားအိမ်တော်အကြောင်းပြောခဲ့တာကို သတိရသွားပြီး မိန်းမောစွာဖြင့် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိသည်။

ဒေါက်တာလီတစ်ခါကပြောဖူးတယ် ရှဲန်းရှန်ရဲ့အဓိကပြဿနာက တစ်ခါမှသူ့အတိတ်အကြောင်းကိုမပြောတာတဲ့။

ဆယ်စုနှစ်နှစ်ခုနီးပါး ရှည်ကြာတဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုထဲမှာ ရုန်းကန်ခဲ့ပြီးနောက် ရှန်ရိကျင်းက မရေမတွက်နိုင်တဲ့စိတ်ရောဂါအထူးကုဆရာဝန်တွေပြောင်းခဲ့သည်။

သို့ပေမဲ့ အစောပိုင်းစိတ်ရောဂါအထူးကုပညာရှင်အများစုက မယုံကြည်ရလောက်တာကြောင့်ရော၊ လက်များစွာရဲ့ကုသခြင်းခံခဲ့ရတာကြောင့်ရော ရှန်ရိကျင်းက နောက်ပိုင်းအချိန်တွေမှာ သူ့ကိုကိုင်တွယ်တဲ့ဆရာဝန်ထက်တောင်မှ ပိုကျွမ်းကျင်လုနီးနီးပင်။

စိတ်ကုထုံးက သူ့ကိုမကယ်တင်နိုင်တော့ဘူးဆိုတာ သိသွားတာကြောင့်ထင်သည်၊ ဟိုးအရင်ကတည်းက သူ့ပြဿနာတွေကို တစ်ပါးသူတွေရှေ့ ခွဲခြမ်းစိတ်ဖြာပြဖို့ငြင်းဆန်ကာ အဲ့အကြောင်းကိုတစ်ခါလေးတောင်ထပ်မဟလာခဲ့တော့။

သူ့ခံစားချက်တွေကိုတည်ငြိမ်စေရန် ဆေးတစ်ခုတည်းကိုမှီဝဲရမဲ့ဘဝကို သူလက်ခံခဲ့သည်။

သူက ခံစားချက်ကင်းမဲ့တာလည်းဖြစ်နိုင်သလို စိတ်ကြွစိတ်ကျနေချိန် အိပ်မပျော်တဲ့ညတို့ကုန်ဆုံးရတာလည်းဖြစ်နိုင်တယ်။ ရှန်ရိကျင်းက ဒါကိုကျင့်သားရနေခဲ့တာ။

သူက ကုသမှုကိုလက်လျော့လိုက်ကာ မည်သူ့ကိုမှ ထပ်ပြီးစကားမပြောတော့ရန်ရွေးချယ်ခဲ့သည်။

ဒါ့ကြောင့်မို့ လျို့ဝှက်ချက်အားလုံးက သူ့နှလုံးသားထဲမှာ သူ့ခံစားချက်တွေနဲ့အတူတစ်ပါတည်း နက်နက်ရှိုင်းရှိုင်းမြှုပ်နှံခံလိုက်ရ၏။

ဒါကအချိန်အတော်ကြာနေခဲ့ပြီး အပြင်လူတွေထိတွေ့ဖို့မပြောနဲ့ ရှန်ရိကျင်းကိုယ်တိုင်တောင်မှ ဒီအကြောင်းအရာကိုတွေးဖို့ သူ့ကိုယ်သူမသိမ်းသွင်းနိုင်သေးတာလည်း ဖြစ်နိုင်သည်။

...ဒီတော့ ရှဲန်းရှန်ကအတိတ်မှာဘာတွေများကြုံတွေ့ခဲ့ရတာလဲ?

ရှန်ရိကျင်းက ထိုအရာကိုသူကိုယ်တိုင်လည်းမပြောသလို အပြင်လူတွေကိုလည်းပြောခွင့်မပြုတာကြောင့် ဒေါက်တာလီသာမကဘဲ ကျင်ရွှင်တောင်မှထိုအကြောင်းကိုမသိပေ။

သူမမေးရဲသလို ဒီအကြောင်းကိုသူ့မိသားစုဆီကလည်း မစုံစမ်းရဲဘူး။

ဒါက ရှန်ရိကျင်းကို လှုံ့ဆော်မိသွားမှာသူကြောက်သည်။

တကယ်တမ်းတော့ ဒေါက်တာလီက ရှဲန်းရှန်ရဲ့အတိတ်ကိုအလွယ်တကူ ထိတွေ့ရန် သူ့အားမထောက်ခံခဲ့ပေ။

သေချာတာပေါ့ တကယ်လို့သူသာအတိတ်အကြောင်းမကြာခဏပြောရင် ဒါကကုသမှုကိုအကူအညီရကောင်းရလိမ့်မည်။

ယနေ့ ဒီအိမ်တော်ကြီးအကြောင်းရှဲန်းရှန်ရဲ့ရုတ်ခြည်းထုတ်ပြောလာမှုက ကျင်ရွှင့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာစေသည်။

သို့သော်ငြားလည်း ယနေ့သူတို့ခြံဝင်းတစ်ပတ်လျှောက်ပတ်ခဲ့ပေမဲ့ ရှဲန်းရှန်ကြည့်ရတာ ဒီပြန်တည်ဆောက်ထားတဲ့အိမ်တော်အတွက် အထူးတလည်ခံစားချက်တို့ ဒါမှမဟုတ်ချစ်ခြင်းတရားတို့ရှိမနေပုံပေ။

ဒီတော့သူဘာလုပ်သင့်လဲ?

ခြေကုန်လက်ပန်းကျမှုကြောင့် နေရာမှာမှီနေတဲ့ကျင်ရွှင်က စတင်ပြီးဟိုဟိုသည်သည်စိတ်တို့ပျံ့လွင့်လာသည်။

ခုနက သူအရမ်းဆန္ဒမစောဘဲ ကိစ္စတွေကိုဖြည်းဖြည်းချင်းလုပ်ဆောင်သင့်ကြောင်းတွေးနေမိသည်။ တစ်ခဏကြာပြီးနောက် သူတွေးမိတာက ရှဲန်းရှန်ကအခုအရမ်းကောင်းနေပေမဲ့ ဆေးသောက်နေရဆဲဖြစ်ကာ ဒါကိုတစ်ချိန်လုံးမသောက်သင့်ကြောင်း၊ ထိုအရာကအများကြီးသောက်ရင်မကောင်းကြောင်း...

တွေးရင်းတွေးရင်းနဲ့ ကျင်ရွှင်ကဆက်မထိုင်နေနိုင်တော့ပင်။

သူရေချိုးကန်ထဲကနေ တွားသွားကာထွက်လိုက်ပြီး ရေလဲဝတ်ရုံကိုသာမန်ကာလျှံကာ ပတ်ကာ ရေချိုးခန်းအပြင်ကိုပြေးထွက်သွားသည်။

ရှန်ရိကျင်းက ပြတင်းပေါက်ရှေ့ရပ်ကာ ဖုန်းပြောနေဆဲပင်။ အသံကိုကြားတော့ သူကျင်ရွှင့်ကိုလှည့်ကြည့်လိုက်၏။

သို့သော် ရှည်လျားတဲ့ပုံရိပ်က အနောက်မလှည့်နိုင်သေးခင်မှာပဲ သူ့ခါးက လူငယ်လေးဖက်တာကိုခံလိုက်ရသည်။

ရှန်ရိကျင်းက တဒင်္ဂလောက်တန့်သွားပြီးနောက် လက်မြှောက်ကာ လူငယ်လေးရဲ့စိုစွတ်နေတဲ့ဆံပင်တွေကို ထိကိုင်လိုက်၏။လူငယ်လေးက အထူးတလည်အရေးတကြီးဖြစ်နေတာမျိုး ရှိပုံမရတာကိုမြင်တော့ ဖုန်းပြောနေရင်းဖြင့် လူငယ်လေးကို ရေချိုးခန်းထဲဆီပြန်ခေါ်သွားကာ သူ့ဆံပင်တွေကို တဘက်တစ်ထည်နဲ့သုတ်ပေးလိုက်၏။

တစ်ခဏလောက် လက်တစ်ဖက်နဲ့သုတ်ပေးနေရင်း နောက်ဆုံးမှာတော့ ရှန်ရိကျင်းက ဖုန်းတစ်ဖက်ခြမ်းရှိကြီးကြပ်သူကို ညွှန်ကြားချက်တချို့ပေးပြီးဖုန်းချလိုက်သည်။

"ဘာမှားနေလို့လဲ"

သူဖုန်းပြောပြီးပြီးချင်း ရှန်ရိကျင်းကဖုန်းကိုဘေးပစ်တင်လိုက်ကာ လူငယ်လေးရဲ့ဆံပင်ကိုလက်နှစ်ဖက်လုံးနဲ့ စတင်သုတ်ပေးလိုက်သည်။

"မင်းဘာလို့ထွက်လာတာလဲ"

"ကျွန်တော် ခင်ဗျားကိုဖက်ချင်လာလို့" ကျင်ရွှင်ပြောလိုက်၏။

အခုသူပင်ပန်းနေသော်ငြား သူ့မျက်လုံးတွေက လုံးဝိုင်းတောက်ပနေဆဲပင်။

ဘယ်အာလာပသလ္လာပကမှ အဖော်လုပ်ပေးတာနဲ့ပျော်အောင်လုပ်ပေးတာထက် ပိုအရေးမကြီးဘူးလို့သူခံစားရ၏ : " ကျွန်တော်က ခင်ဗျားနဲ့မှ ဘာအကြောင်းအရင်းမရှိဘဲ ချစ်စရာကောင်းအောင်ပြုမူတာနော် ရှဲန်းရှန်"

"..."

ရှန်ရိကျင်းက ဒီလိုအဖြေမျိုးကိုမမျှော်လင့်ထားပုံရလေသည်၊ သူတဒင်္ဂလောက်မင်သက်သွားတာကို ပကတိမျက်စိဖြင့်ပင်မြင်နိုင်လေ၏။

အဲ့နောက် သူကလူငယ်လေးကို ထိုင်ချရန်ဆွဲလိုက်သည်...ပုံစံကတော့ သူကဆိုဖာပေါ်မှာထိုင်နေပြီး လူငယ်လေးကသူ့ပေါင်ပေါ်မှာထိုင်နေတာပင်။

ကျင်ရွှင့်ခြေထောက်မှရေစက်လေးတွေက ရှန်ရိကျင်းရဲ့ဘောင်းဘီကို ရေကွက်တွေဖြစ်သွားစေသည်။

နောက်ပိုင်း ကျင်ရွှင်ကအရမ်းပင်ပန်းလွန်းလို့မလှုပ်နိုင်တော့ပေ။

[ဒါဒါ : ကဲ ကားဖြတ်သွားပြန်ပါပြီ]

သူက အသုံးမကျတဲ့သူလိုမျိုး နောက်တစ်ခေါက်ရေချိုးဖို့သွားတဲ့လမ်းမှာတင် အိပ်ပျော်သွားတော့သည်။

ဒီနေရာရှိအိပ်ရာက အိမ်ကဟာလောက်တော့မကြီးပေ။

ညလယ်ခေါင်မှာ အိပ်ပျော်နေတဲ့လူငယ်လေးက မသိစိတ်အလျောက်အိပ်ရာတစ်ဖက်ခြမ်းဆီ လှိမ့်သွားပေမဲ့ ရှည်လျားသွယ်လျတဲ့လက်မောင်းတစ်ဖက်ရဲ့ပြန်ဆွဲခေါ်ခြင်းခံလိုက်ရသည်။

အိပ်ပျော်နေတဲ့လူငယ်လေးက သူ့နံဘေးမှာလဲလျောင်းရင်း မသိစိတ်အရ သူ့ပုံစံကိုနှစ်ကြိမ်လောက်ညှိလိုက်ကာ နောက်ဆုံးတော့ ခြေထောက်တစ်ဖက်ကို *ခေါင်းအုံးဘေးလူရဲ့ခြေသလုံးထက်တင်လိုက်တော့သည်။ အဲ့နောက် သူကျေနပ်ကာ လှုပ်ရှားတာရပ်သွားတော့၏။

သို့ပေမဲ့သိပ်မကြာခင် ခြေထောက်က တစ်ဖက်လူရဲ့ညင်ညင်သာသာမတာကို ခံလိုက်ရပြီး နောက်ဆုံးမှာတော့ တစ်ဖက်လူရဲ့ပေါင်ကိုဖိကာ ကိုယ်တစ်ဝက်ခွထားတဲ့ပုံစံအဖြစ်ပြောင်းသွားတော့သည်။

[*ခင်ပွန်းသည် ဒါမှမဟုတ် ဇနီးသည်ကိုဆိုလိုသည်]

[ဒါဒါ : ရှဲန်းရှန်က ခိုးကြောင်ခိုးဝှက်နဲ့ချစ်စရာကြီး!!!]

Continue Reading

You'll Also Like

126K 17.6K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
262K 23.3K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest
1.2M 89.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
231K 22.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...