{Unicode}
"အစီအစဥ်စတင်"
ယဲ့ထင်သည် ရန်ကျားလိ အသံကို ကြားလိုက်ရသည့် တစ်ခဏတွင် ခြေမခိုင်နိုင်တော့သလို ဖြစ်သွားခဲ့သည်။
ရန်ကျားလိ၏ လေသံသည် ကော်ဖတ်ပေါ်တွင် တိုက်ချွတ်ထားသည့် သဲကျောက်အလား ကြမ်းရှနေလှသည်။ ထိုအသံသည် အပ်တစ်ချောင်းအတိုင်း သူ့နှလုံးသားထဲ ထိုးစိုက်လာသည်။
နာကျင်လှပါ၏။
ယဲ့ထင်၏ အသံက အနည်းငယ် တုန်ရီနေပြီး
"ပေါင်ပေါင်း၊ ကိုယ် ရှိတယ်နော်။ ကိုယ်မင်းကို ချက်ချင်း လာကြိုပြီး အိမ်ပြန်ခေါ်ပါ့မယ်။ လိမ္မာတယ်နော်၊ မကြောက်ပါနဲ့"
ရန်ကျားလိ၏ မျက်ခမ်းစပ်က နီရဲနေပြီး ခေါင်းယမ်းလိုက်ကာ
"ငါ မကြောက်ပါဘူး။ မင်းက ငါ့ကို တစ်ချက် ခြောက်လိုက်တာနဲ့ လန့်သေသွားမယ့် သိုးလို့ တကယ် ထင်နေတာလား။ ငါလည်း ယောက်ျားပဲဟာ၊ ငါ ကြံ့ကြံ့ခံနိုင်တာပေါ့။ ဘာကိစ္စမှ မရှိဘူး။ မင်း စိတ်ပူ မနေနဲ့တော့"
လှောင်အိမ်နံဘေးတွင် ကုပ်ကုပ်ကလေး ထိုင်နေသည့် ဝမ်ယန်သည် သက်တော်စောင့်များ ညှစ်ကိုင်ထား၍ ခရမ်းရောင် ဖြစ်နေသော ရန်ကျားလိ၏ လည်ပင်း၊ ရောင်ကိုင်းသည်အထိ ချိုးလိမ်ခံထားရသော အရိုးအဆစ်နှင့် ချည်နှောင်ခံထားရ၍ ထုံထိုင်းနေပြီဖြစ်သော ခြေလက်များကို ကြည့်ရင်း နားမလည်စွာနှင့် ခေါင်းစောင်းသွားသည်။ သူ အဘယ်ကြောင့် လိမ်ညာ ပြောဆိုနေမှန်း နားမလည်ဟန် တူပါ၏။
ဖုန်းလိုင်းတစ်ဖက်မှ ယဲ့ထင်၏ နှလုံးသားသည် နာကျင်လွန်း၍ အသက်တောင် ရှူမရနိုင်လုနီးပါး ဖြစ်နေသည်။
သူသည် ရန်ကျားလိတစ်ယောက် ထိုကဲ့သို့ အတင်းကာရော တည်ငြိမ်ဟန် ဆောင်နေတာထက် ငိုယိုရင်း မိမိအား ကြောက်တယ်ဟု အော်ငေါက် ပြောဆိုနေမည်ကိုသာ ပိုလိုလားပါသည်။
သူ့ရန်ရန်က နာကျင်ရမည်ကို ဘယ်လောက်တောင် ကြောက်တတ်လိုက်သလဲ မည်သူတစ်ဦးမှ သူ့ထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မည် မဟုတ်ပေ။
ယဲ့ထင်သည် မိမိဘာသာ စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးနောက် နွေးထွေးသော လေသံနှင့် နှစ်သိမ့်ပေးသည်။
"ကိုယ်နဲ့ယဲ့ဖန် ညှိုနှိုင်းပြီးသွားပြီ။ သူမင်းကို ထပ်ထိတော့မှာ မဟုတ်ဘူး။ ပေါင်ပေါင်း၊ ကိုယ် အာမခံနိုင်ပါတယ်။ ကိုယ်မကြာခင် မင်းကို အိမ်ပြန်ခေါ်နိုင်တော့မှာ..."
သူ့စကား မဆုံးခင်မှာပဲ ရန်ကျားလိက ရုတ်တရက် ဝင်ပြောလာသည်။
"မင်းလေလံပြိုင်တာကို နှုတ်ထွက်ဖို့ သဘောတူလိုက်တာလား"
ယဲ့ထင်သည် စက္ကန့်အနည်းငယ်မျှ ရပ်တန့်သွားပြီး နွေးထွေးစွာ ပြုံးလိုက်သည်။
"ပရောဂျက်လေး တစ်ခုပဲဟာ၊ ကိစ္စ မရှိပါဘူး"
"ကိစ္စ ရှိတယ်!"
ရန်ကျားလိ၏ စိတ်ခံစားချက်များက မြှင့်တက်လာပြီး မျက်ခမ်းစပ်က သွေးလျှံကျလာတော့မတတ် ပို၍နီရဲလာကာ
"ဘာပဲဖြစ်ဖြစ် သူငါ့ကို တစ်သက်လုံး ပိတ်လှောင်မထားနိုင်သလို ငါ့ကိုလည်း မသတ်ပစ်နိုင်ပါဘူး။ မင်းကသူ့ကို ပေးလိုက်ပြီး ဘာလုပ်မှာလဲ! မင်း အဲ့ပရောဂျက်လေး အတွက်နဲ့ တစ်နှစ်နီးပါး အလုပ်ရှုပ်နေခဲ့တာလေ။ မင်းအရင်ကတောင် ငါ့ကို ပြောဖူးသေးတယ်။ ဒီပရောဂျက် အောင်မြင်သွားရင် မင်းကိုယ်တိုင်ရော ကုမ္ပဏီ အတွက်ရော အကျိုးအမြတ် အများကြီး ရှိလိမ့်မယ်ဆို။ မင်းပဲ စောက်ကိစ္စ မရှိချင်ယောင်ဆောင်နေ!"
ယဲ့ထင်က သက်ပြင်းချလိုက်ပြီး
"ဟုတ်ပါတယ်၊ ကိုယ်အဲ့ထဲမှာ အိုင်ဒီယာတွေ အများကြီး ထည့်သုံးခဲ့ပါတယ်"
"ဒါပေမဲ့ ပေါင်ပေါင်း၊ ဘယ်ပရောဂျက်မှ မင်းလောက် အရေးမကြီးနိုင်ပါဘူး။ အဲ့ဒီ ပရောဂျက်တွေ၊ အဲ့ဒီ ပိုက်ဆံတွေက မင်းရဲ့ ဘေးကင်းမှုနဲ့ ယှဥ်လိုက်ရင် ဘာမှ တန်ဖိုး မရှိတော့ဘူး။ ပိုက်ဆံက မရှိရင် ထပ်ရှာလို့ရတယ်။ ပရောဂျက်က မရှိတော့ရင်လည်း ထပ်ဖန်တီးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်ဆီမှာတော့ ရန်ရန်က တစ်ယောက်တည်းရှိတာ၊ ကိုယ် အဆုံးရှုံး မခံနိုင်ဘူး"
ရန်ကျားလိသည် ပြုံးလိုက်ရင်း ငိုမိသည်။ လက်မောင်းဖြင့် မျက်လုံးကို သုတ်လိုက်ရင်း တိုးတိုးလေး ညည်းညူသည်။
"ဒီလိုအချိန်မှာတောင် မဖွယ်မရာတွေ ပြောနိုင်သေးတယ်။ မင်း ဆေးမမှီတော့ဘူးပဲ..."
"ဆေးမမှီရင်လည်း မမှီဘူးပေါ့"
ယဲ့ထင်၏ နွေးနွေးထွေးထွေးရှိသော ပြုံးရယ်သံက ဖုန်းထဲမှတစ်ဆင့် ရန်ကျားလိကို နှစ်သိမ့်ပေးနေသလိုပင်။
"အများကြီး မစဥ်းစားပါနဲ့။ ကိုယ့်အတွေးတွေထဲမှာ နည်းလမ်းရှိပါတယ်။ ကိုယ်မင်းကို လာခေါ်မှာကို စောင့်နေနော်။ ဟုတ်ပြီလား"
ရန်ကျားလိသည် သဘောမတူနိုင်ဆဲ ဖြစ်နေပြီး နှာရှုံ့လျက် ခါးခါးသီးသီး ခေါင်းယမ်းလိုက်ကာ
"မင်း မလုပ်....."
စကားမဆုံးခင်မှာပဲ ယဲ့ဖန်သည် လှောင်အိမ်ထဲမှ လက်ကိုင်ဖုန်းကို ပြန်ယူလိုက်ပြီး တစ်သျှူးနှင့်သုတ်ကာ နားရွက်နား ကပ်လိုက်သည်။
သူ့မျက်နှာထက်တွင် အပြုံးပန်ဆင်ထားပြီး အကြည့်က အေးစက် မှုန်ဝေနေကာ
"ကြည့်ရတာ ငါ့ညီလေးက ဝံပုလွေ ဖြစ်တဲ့အပြင် ကြင်နာတတ်တဲ့သူလည်း ဖြစ်နေပြန်တာပဲ"
ယဲ့ထင်၏ အသံမှာ လျှပ်တစ်ပြက်အတွင်း မှုန်မှိုင်းသွားကာ
"ဒါတွေကို မင်းဂရုစိုက်စရာ မလိုပါဘူး။ ဒီတစ်ခေါက် လေလံပွဲမှာ ကွမ်ဟွေ့က နှုတ်ထွက်ပေးမယ်။ ငါခဏနေ ပရောဂျက်အဖွဲ့ကို နှုတ်ထွက်စာ ထုတ်ပြန်ဖို့ စီစဥ်ခိုင်းလိုက်မယ်။ ရန်ကျားလိ၊ မင်းငါ့ကို ပြန်ပေးရမယ်"
ယဲ့ဖန်၏ အပြုံးက မပျောက်ကွယ်သေးဘဲ
"ဒါပေမဲ့ မင်းလှည့်ကွက်တွေ ကစားဦးမှာကို ငါ သိပ်ကြောက်တာပဲကွာ။ မင်းရဲ့ နည်းလမ်းတွေကို ငါ ကြုံခဲ့ပြီးပြီလေ"
ယဲ့ထင်က ဒေါသထွက်လာပြီး
"မင်း ဘာဖြစ်ချင်တာလဲ"
ယဲ့ဖန်က လှောင်အိမ်ထဲတွင် ဒေါသထွက်ပြီး သူ့ကို စိုက်ကြည့်နေသည့် ရန်ကျားလိကို ကြည့်လိုက်သည်။ နံဘေးမှ တုတ်တစ်ချောင်း ယူလိုက်ပြီး လှောင်အိမ်ထဲ ထိုးထည့်လိုက်ကာ ခွေးကို စနောက်သလိုမျိုး ရန်ကျားလိအား စနောက် ဆော့ကစားနေသည်။
"ဒါမှမဟုတ် ဒီလိုလုပ်လိုက်လေ။ ရန်ကျားလိကို အရင် ငါ့ဆီမှာ ခဏနေခိုင်းလိုက်။ လေလံပွဲ မတိုင်ခင် ရှေ့တစ်ရက်မှာ မင်းတကယ် နှုတ်ထွက်သွားမှန်း အတည်ပြုပြီး ဘာလှည့်ကွက်မှ မရှိတော့ဘူးဆိုမှ ငါသူ့ကို လွှတ်ပေးလိုက်မယ်"
ယဲ့ထင်က သတိပေးသည်။
"ယဲ့ဖန်၊ မင်း ရောင့်တက်မလာနဲ့"
ယဲ့ဖန်က နှုတ်ခမ်းတွန့်လိုက်ပြီး တုတ်ဖြင့် ရန်ကျားလိ လည်ပင်းကို ထိုးလိုက်ကာ အသားလှီးနေသလို တစ်ချက်ဖြတ်လိုက်ပြီး
"ငါက ကြိုတင်ကာကွယ်ရုံ သက်သက်ပါကွာ။ ထပ်ပြောရရင်၊ ငါရောင့်တက်တယ် ဆိုရင်တောင် မင်းက ဘာလုပ်နိုင်လို့လဲ။ ငါ့ စကားလေး တစ်ခွန်းနဲ့တင် ဒီသိုးလေးက နားတစ်ဖက် လျော့သွားနိုင်တယ် မဟုတ်လား? မဟုတ်လည်း လက်လေးငါးချောင်းလောက် မရှိတော့တာ?"
တစ်ဖက်က ယဲ့ထင်သည် အချိန်အတော်ကြာ စကားမဆိုတော့ပေ။
အတန်ကြာမှ ယဲ့ထင်က ခံစားချက်များကို ချုပ်တည်းလိုက်ပြီး အတတ်နိုင်ဆုံး ပုံမှန်ကျအောင် ပြောလာသည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ။ မင်းရဲ့ နည်းလမ်းအတိုင်းပဲပေါ့။ ငါလေလံပွဲ မတိုင်ခင် ရှေ့တစ်ရက်ထိ စောင့်မယ်။ ဒါပေမဲ့ အဲ့ဒါမတိုင်ခင် ရန်ကျားလိ တစ်ခုခု ဖြစ်သွားရင် ငါမင်းရဲ့ အသက်ကိုယူမယ်၊ ကတိတည်ပါစေ"
ယဲ့ထင် ထိုစကားပြောရာတွင် တည်ငြိမ်ကာ လှိုင်းတံပိုးတို့ ရှိမနေသော်ငြား ထိုကဲ့သို့ တည်ငြိမ်လေလေ ကြောက်စရာကောင်းလေလေ ဖြစ်နေခဲ့သည်။
ယဲ့ဖန်သည်လည်း မထိန်းနိုင်စွာ တုန်ရီသွားပြီး မျက်လုံးများကို ကျဥ်းမြောင်းကာ ဖုန်းချပစ်လိုက်သည်။
ရန်ကျားလိသည် ယဲ့ဖန်က ယဲ့ထင်၏ အောင်မြင်မှုများကို ဝါးမျိုချင်နေမှန်း အလိုလို သိနေ၍ စိတ်ထဲတွင် ချက်ချင်းအလျင်း မုန်းတီးမှုတို့ ထကြွလာကာ မနီးမဝေးမှ ယဲ့ဖန်ကို ကြည့်လိုက်ရင်း မျက်လုံးထဲ ပြင်းထန်လှသော ရွံ့ရှာမုန်းတီးမှုတို့ လိမ့်ပတ်နေကာ
"ယဲ့ဖန်၊ ဒီလို ညစ်ပတ်စုတ်ပြတ်တဲ့ နည်းလမ်းနဲ့ ယှဥ်ပြိုင်တာ ခင်ဗျားကက တကယ်ကို စောက်ရမ်း သူရဲဘောကြောင်တဲ့သူပဲနော်"
ယဲ့ဖန်က အံ့သြစွာနှင့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"ဟုတ်လား"
ရန်ကျားလိသည် တစ်ကြိမ် ဆဲဆိုမိသည်နှင့် သည်းမခံနိုင်တော့ဘဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတော့သည်။
"ရေမြောင်းထဲက Amoeba ကောင်လိုပဲ ဘတ်တီးရီးယားတောင် ခင်ဗျား ခန္ဓာကိုယ်ထဲမှာ မကပ်ချင်လောက်ဘူး။ ခင်ဗျား မွေးတုန်းက အမှိုက်ခွဲခြားပစ်ဖို့ မသတ်မှတ်ထားသေးတာကို ဝမ်းသာရမယ်။ မဟုတ်ရင် ခင်ဗျားအမေက ခင်ဗျားကို အန္တရာယ်ရှိတဲ့ အမှိုက် စွန့်ပစ်ပုံးမှာ ညတွင်းချင်း သွားပစ်နေလောက်မယ်။ ခင်ဗျားရဲ့ အဆိပ်ရှိတဲ့ အစွယ်တွေ ထွက်လာပြီး သူများကို လိုက်ဟောက်မနေနိုင်အောင်လို့လေ၊ ထွီး"
ယဲ့ဖန်က မျက်ခုံးပင့်သွားကာ ရယ်လိုက်ပြီး ရန်ကျားလိရှေ့ ဒူးထောက်ကာ သက်ပြင်းချရင်း ခေါင်းခါသည်။
သူ၏ လက်ချောင်းက လှောင်အိမ်ထဲ ရောက်သွားပြီး ရန်ကျားလိ မျက်နှာပေါ် ထိုးလိုက်ကာ ပြုံးလျက်ဆိုသည်။
"ယဲ့ထင်က ဘာလို့ မင်းကိုအဲ့လောက်တောင် တန်ဖိုးထားနေမှန်း ငါသိသွားပြီ ထင်တာပဲ။ မင်းကသိပ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းနေတာကို။ စကားပြောတာတောင် အဲ့လောက် မာရေကျောရေ ဖြစ်နေတာ၊ ယဲ့ထင်နဲ့ အိပ်တဲ့အခါကျတော့လည်း၊ အဲ့လို အားနဲ့မာန်နဲ့ပဲလား။ ငါတောင် မင်းကို နည်းနည်း စိတ်ဝင်စားလာပြီ။ ဒါမှမဟုတ် မင်းငါ့ကို တစ်ခေါက် အပေါ်တက်ခိုင်းလိုက်လေ၊ အဲ့ဒါဆို ငါမင်းကို လှောင်အိမ်ကနေ လွှတ်ပေးဖို့ စဥ်းစားလို့ ရချင်ရလောက်မှာပေါ့"
ရန်ကျားလိသည် ပါးစပ်ဟကာ မေးရိုးကို အားသုံးလျက် ယဲ့ဖန်၏ လက်ချောင်းကို ပြင်းပြင်းထန်ထန် ကိုက်ပစ်လိုက်သည်။
ယဲ့ဖန်သည် လက်ချောင်းမှ စူးရှရှ နာကျင်မှုကိုသာ ခံစားလိုက်ရပြီး မျက်နှာက ဖြူဖျော့သွားကာ ကမန်းကတန်းနှင့် လက်ကိုထုတ်ပြီး တစ်ချက်ကြည့်လိုက်ရာ သွားရာကို ထင်းထင်းရှင်းရှင်းကြီး မြင်လိုက်ရသည်။ အပေါ်ဘက်တွင် သွေးစက်များ ထွက်နေပြီဖြစ်ပြီး အကယ်၍ သူသာ အချိန်မီ မထုတ်ဖြစ်ခဲ့လျှင် ရန်ကျားလိက သူ့ကို အမှန်တကယ် ပြတ်သွားအောင် ကိုက်ဖြတ်ချင်နေတာ ဖြစ်လောက်မည်။
ယဲ့ဖန်၏ အကြည့်က ပြောင်းသွားပြီး အေးစက်စက်ရယ်လျက် စကားဆိုသည်။
"ကောင်းတယ်ကွာ၊ တကယ် အောချစရာပဲ"
သူက လှောင်အိမ်တံခါးကို ဖွင့်လိုက်ပြီး ယုတ်မာစိတ်ကို နှိုးဆွခံလိုက်ရသည့်အတိုင်း ရန်ကျားလိ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာကို ပြင်းပြင်းထန်ထန် နှစ်ချက်ရိုက်ပြီးမှ လူကို လှောင်အိမ်ထဲ ပြန်ထိုးထည့်လိုက်ပြီး ဘုန်းခနဲ တံခါးကိုပိတ်သည်။
ထိုနေ့ညတွင် ယဲ့ဖန်က ရန်ကျားလိကို ညစာ မကျွေးပေ။ ၎င်းမှာ အေးစက် မာတောင့်နေသော ဂျာမနီထုတ် ပေါင်မုန့်အမည်းရောင် ဖြစ်ပေမယ့်လည်းပေါ့။
ယဲ့ဖန်သည် ရန်ကျားလိ၏ လှောင်အိမ်ရှေ့တွင် ခွေးစာပန်းကန်နှင့် ထည့်ထားသော ပင်လယ်စာ ဆန်ပြုတ်ကို တမင်သက်သက် ထားထားသေးသည်။
သို့သော် ယဲ့ဖန် မွေးထားသည့် ခွေးမှာ လာမသောက်လေဘဲ အဖတ်မတန်ဟု သဘောထားလျက် ပျင်းပျင်းရိရိနှင့် ကြမ်းပြင်ပေါ် လဲလျောင်းနေ၏။
မကြာသေးခင်က ယဲ့ဖန်က အသားနှင့် အရိုးများကို ရက်ရက်ရောရော ကျွေးထားပြီးဖြစ်၍ ၎င်းမှာ အလွန် ပြည့်တင်းနေခြင်းဖြစ်သည်။
ရန်ကျားလိသည် အေးစက်လာသော ဆန်ပြုတ်ကို ကြည့်နေရင်း ဂလုဟု တံတွေးမျိုချမိကာ ဝမ်းဗိုက်သည်လည်း ဆာလောင်လွန်း၍ အသံမြည်လာသည်။
ယဲ့ဖန် အိပ်ပျော်သွားပြီးနောက် သက်တော်စောင့်က သူ့ခြေလက်များကို ကြိုးဖြည်ပေးလိုက်ကာ လှောင်အိမ်ကို သော့ခတ်ပြီး သမ်းဝေလျက်နှင့် သွားအိပ်ကြသည်။
ရန်ကျားလိသည် ဘေးပတ်လည်တွင် လူရှိမရှိကို ကြည့်လိုက်ပြီး လည်ချောင်းထဲမှ ခပ်အုပ်အုပ် အသံ ထွက်လာပြီး ထိုပျင်းရိရိ ခွေးအား ခွေးအိမ်ထဲ ပြန်နှင်လွှတ်လိုက်သည်။ ပြီးနောက် ခက်ခက်ခဲခဲနှင့် အေးစက်တောင့်တင်းနေသည့် လက်ချောင်းကို လှောင်အိမ်အပြင် ထုတ်လိုက်ကာ ပန်းကန်အနားသတ်ကို ကုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲလိုက်သည်။ အလွန် တောင့်တင်းနေသော ကိုယ်ဟန်အနေအထားဖြင့် ဆန်ပြုတ်ပန်းကန် သေးသေးလေးကို သောက်လိုက်ရသည်။
ညချမ်းသည်ကား ပို၍ပို၍ နက်မှောင်လာသည်။ ရန်ကျားလိသည် လှောင်အိမ်ကို မှီထားသော်လည်း မအိပ်ခဲ့ပေ။
သူသည် သူ့လက်ထဲမှ အိတ်ဆောင်နာရီကို ညင်သာစွာ ပွတ်သပ်နေပြီး သူနှင့် ယဲ့ထင်၏ ပုံရိပ်များကို တစ်ပုံပြီးတစ်ပုံ ပြသနေသော အက်ကွဲကြောင်း ထပ်နေသည့် မျက်နှာပြင်ကို ကြည့်နေရင်း နှလုံးသားထဲတွင် ထိုပုံရိပ်လေးများ၏ အမှတ်ရစရာများက နွေဦးသမယ၏ ဝါးပင်များအတိုင်း ပြူထွက်လာခဲ့ကြသည်။ သူ့နှုတ်ခမ်းစွန်းက တစ်လျှောက်လုံး ကွေးတက်နေခဲ့ပြီး ပြုစားခံနေရသည့်အလား မျက်တောင်ပင် မခတ်ချင်တော့။
လရောင်က ကျော့မော့စွာ ဖြာကျလာပြီး သူ့မျက်နှာထက် ဖြူစင်လောက်အောင် စိမ့်ဝင်လာပေးသည်။ လရိပ်က နစ်မြှုပ်သွားသောအခါ အနည်းငယ် တောက်ပနေသော ကောင်းကင်မှာ ခပ်ဖြည်းဖြည်းချင်း လင်းလက်လာသည်။
အရုဏ်တက် အလင်းရောင်က သူ့ကိုယ်ပေါ် ဆိုက်ရောက်လာသောအခါ ရန်ကျားလိသည် အိတ်ဆောင်နာရီပေါ် ခပ်ဖွဖွ နမ်းလိုက်ပြီး ခေါင်းမော့လာသည်။
သူ့မျက်ခမ်းစပ်တွင် သွေးကြောနီများ စုရုံးနေပြီး စိုလဲ့လဲ့ အကြည်ရောင်တို့ လွင့်မျောနေသည်။ သို့သော် အကြည့်များမှာတော့ ရုတ်တရက် တည်ငြိမ်ခြင်းနှင့် ဆုံးဖြတ်ချက် ချထားခြင်းဆီသို့ ကူးပြောင်းသွားကာ တစ်ညတာ စဥ်းစားတွေးတောပြီးနောက် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်သည်။
မိုးလင်းသည်နှင့် ရန်ကျားလိသည် အထူးတလည် တိတ်ဆိတ် ငြိမ်သက်သွားပြီး အသံမထွက်တော့ဘဲ တိတ်တဆိတ် စောင့်ကြည့်နေသည်။
ယဲ့ဖန်သည်လည်း အတော်အလုပ် များနေပြီး နေ့ဘက်များဆို ပြန်မလာတော့ဘဲ တံခါးအပြင်တွင် စောင့်ကြပ်နေကြသည့် သက်တော်စောင့်များသာ ရှိသည်။ အခန်းထဲတွင်တော့ အမြဲလိုလို ကြက်သေသေနေတတ်သည့် ဝမ်ယန်ရှိပြီး လှောင်အိမ်ရှေ့ ဆိုဖာပေါ် ထိုင်ကာ တစ်နေ့လုံး ကြောင်အမ်းနေတတ်သည်။
ရန်ကျားလိသည် ရက်အနည်းငယ်မျှ သေချာ အာရုံစိုက်ကြည့်ပြီးနောက် ဝမ်ယန်၏ စိတ်အခြေအနေမှာ တည်ငြိမ်မှု မရှိကြောင်း သိရှိလိုက်ရသည်။
တစ်ခါတလေ ကြည့်လိုက်လျှင် နိုးကြားနေသေးပုံ ပေါ်သော်လည်း တစ်ခါတရံမှာတော့ စိတ်အခြေအနေမှာ လုံးလုံးလျားလျား ပုံမှန်မဟုတ်တော့ဘဲ လေ့ကျင့်သင်ကြားခံရ၍ ကြောက်လန့်နေသော ယုန်တစ်ကောင်လိုပင်။
ယဲ့ဖန် အိမ်ပြန်လာလျှင် ဝမ်ယန်က သေချာပေါက် မြန်မြန်ဆန်ဆန် ပြေးသွားပြီး လိလိမ္မာမ္မာနှင့် ကြမ်းပြင်ပေါ် ဒူးထောက်၍ ယဲ့ဖန်၏ သားရေဖိနပ်ကို သိမ်းဆည်းပြီး ဘီရိုထဲ ထည့်ပေးသည်။ ယဲ့ဖန်၏ အဝတ်များကိုလည်း ခေါက်ပိုးပေးခြင်း သို့မဟုတ် စင်ပေါ် ချိတ်ဆွဲပေးခြင်းတို့ ပြုမူတတ်သည်။ ညအိပ်ချိန်ရောက်တိုင်း ဝမ်ယန်သည် ယဲ့ဖန်၏ အိပ်ခန်းထဲ ဝင်သွားတတ်ကာ အခန်းမှာ နှစ်ထပ်တွင် ရှိပြီး တံခါးချပ်က ကာစီးထားသော်ငြား ရန်ကျားလိသည် အထဲမှ နာကျင်အော်ဟစ်ရင်း ခွင့်လွှတ်ပေးရန် တောင်းဆိုနေသော ငိုကြွေးသံများကို ခပ်ရေးရေးမျှ ကြားနိုင်ပါသေးသည်။
ရန်ကျားလိသည် ဝမ်ယန် ခန္ဓာကိုယ်ပေါ်မှ အနာရွတ်များနှင့် အပူလောင် ဒဏ်ရာများ၏ လာရာဇစ်မြစ်ကို သိပြီထင်ပါသည်။
ရန်ကျားလိသည် တိတ်ဆိတ်မှုကို ထိန်းသိမ်းထားပြီး ရံဖန်ရံခါ မျက်လွှာချလျက် ဇာတ်လမ်းများ ရေးဆွဲနေပုံပေါ်သည်။
ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ခံထားရသည်မှာ ရှစ်ရက်မြောက်သည့်နေ့တွင် ယဲ့ဖန် အလုပ်သွားသည့်နောက် ဝမ်ယန်သည် ထော့နဲ့ထော့နဲ့နှင့် ဆိုဖာရှိရာဆီ ရွေ့လာကာ ထိုင်ချလိုက်ပြီးနောက် ပြုမူနေကျအတိုင်း စိတ်အာရုံက ညှိုးကြွေနေတော့သည်။
ရန်ကျားလိသည် သူ့ကိုကြည့်ရင်း လက်ချောင်းက လှုပ်ယမ်းသွားကာ မကြုံစဖူး သူ့ဘက်က စတင်ပြီး ခေါ်လိုက်မိသည်။
"ဝမ်ယန်"
ဝမ်ယန်သည် ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။
ရန်ကျားလိ၏ နှုတ်ခမ်းများက ပင့်ဟသွားပြီး စကားဆိုသည်။
"ငါ ရေသောက်ချင်တယ်၊ ငါ့ကို ရေတစ်ခွက်လောက် ထည့်ပေးပါ"
.
.
.
.
.
ဒီဘာသာပြန်သူလေးကိုရော ဘာသာမြန်မြန် ပြန်နိုင်အောင်လို့ မိုတီပေးချင်ကြဝူးလား
4/3/2022(Fri)
×××
{Zawgyi}
"အစီအစဥ္စတင္"
ယဲ့ထင္သည္ ရန္က်ားလိ အသံကို ၾကားလိုက္ရသည့္ တစ္ခဏတြင္ ေျခမခိုင္ႏိုင္ေတာ့သလို ျဖစ္သြားခဲ့သည္။
ရန္က်ားလိ၏ ေလသံသည္ ေကာ္ဖတ္ေပၚတြင္ တိုက္ခြၽတ္ထားသည့္ သဲေက်ာက္အလား ၾကမ္းရွေနလွသည္။ ထိုအသံသည္ အပ္တစ္ေခ်ာင္းအတိုင္း သူ႔ႏွလံုးသားထဲ ထိုးစိုက္လာသည္။
နာက်င္လွပါ၏။
ယဲ့ထင္၏ အသံက အနည္းငယ္ တုန္ရီေနၿပီး
"ေပါင္ေပါင္း၊ ကိုယ္ ရိွတယ္ေနာ္။ ကိုယ္မင္းကို ခ်က္ခ်င္း လာႀကိဳၿပီး အိမ္ျပန္ေခၚပါ့မယ္။ လိမၼာတယ္ေနာ္၊ မေၾကာက္ပါနဲ႔"
ရန္က်ားလိ၏ မ်က္ခမ္းစပ္က နီရဲေနၿပီး ေခါင္းယမ္းလိုက္ကာ
"ငါ မေၾကာက္ပါဘူး။ မင္းက ငါ့ကို တစ္ခ်က္ ေျခာက္လိုက္တာနဲ႔ လန္႔ေသသြားမယ့္ သိုးလို႔ တကယ္ ထင္ေနတာလား။ ငါလည္း ေယာက္်ားပဲဟာ၊ ငါ ႀကံ့ႀကံ့ခံႏိုင္တာေပါ့။ ဘာကိစၥမွ မရိွဘူး။ မင္း စိတ္ပူ မေနနဲ႔ေတာ့"
ေလွာင္အိမ္နံေဘးတြင္ ကုပ္ကုပ္ကေလး ထိုင္ေနသည့္ ဝမ္ယန္သည္ သက္ေတာ္ေစာင့္မ်ား ၫွစ္ကိုင္ထား၍ ခရမ္းေရာင္ ျဖစ္ေနေသာ ရန္က်ားလိ၏ လည္ပင္း၊ ေရာင္ကိုင္းသည္အထိ ခ်ိဳးလိမ္ခံထားရေသာ အရိုးအဆစ္ႏွင့္ ခ်ည္ေနွာင္ခံထားရ၍ ထံုထိုင္းေနၿပီျဖစ္ေသာ ေျခလက္မ်ားကို ၾကည့္ရင္း နားမလည္စြာႏွင့္ ေခါင္းေစာင္းသြားသည္။ သူ အဘယ္ေၾကာင့္ လိမ္ညာ ေျပာဆိုေနမွန္း နားမလည္ဟန္ တူပါ၏။
ဖုန္းလိုင္းတစ္ဖက္မွ ယဲ့ထင္၏ ႏွလံုးသားသည္ နာက်င္လြန္း၍ အသက္ေတာင္ ရႉမရႏိုင္လုနီးပါး ျဖစ္ေနသည္။
သူသည္ ရန္က်ားလိတစ္ေယာက္ ထိုကဲ့သို႔ အတင္းကာေရာ တည္ၿငိမ္ဟန္ ေဆာင္ေနတာထက္ ငိုယိုရင္း မိမိအား ေၾကာက္တယ္ဟု ေအာ္ေငါက္ ေျပာဆိုေနမည္ကိုသာ ပိုလိုလားပါသည္။
သူ႔ရန္ရန္က နာက်င္ရမည္ကို ဘယ္ေလာက္ေတာင္ ေၾကာက္တတ္လိုက္သလဲ မည္သူတစ္ဦးမွ သူ႔ထက္ ပိုၿပီး ရွင္းရွင္းလင္းလင္း သိႏိုင္မည္ မဟုတ္ေပ။
ယဲ့ထင္သည္ မိမိဘာသာ စိတ္တည္ၿငိမ္ေအာင္ အတတ္ႏိုင္ဆံုး ႀကိဳးစားခဲ့ၿပီးေနာက္ ေနြးေထြးေသာ ေလသံႏွင့္ ႏွစ္သိမ့္ေပးသည္။
"ကိုယ္နဲ႔ယဲ့ဖန္ ၫွိုႏိႈင္းၿပီးသြားၿပီ။ သူမင္းကို ထပ္ထိေတာ့မွာ မဟုတ္ဘူး။ ေပါင္ေပါင္း၊ ကိုယ္ အာမခံႏိုင္ပါတယ္။ ကိုယ္မၾကာခင္ မင္းကို အိမ္ျပန္ေခၚႏိုင္ေတာ့မွာ..."
သူ႔စကား မဆံုးခင္မွာပဲ ရန္က်ားလိက ရုတ္တရက္ ဝင္ေျပာလာသည္။
"မင္းေလလံၿပိဳင္တာကို ႏႈတ္ထြက္ဖို႔ သေဘာတူလိုက္တာလား"
ယဲ့ထင္သည္ စကၠန႔္အနည္းငယ္မ်ွ ရပ္တန္႔သြားၿပီး ေနြးေထြးစြာ ၿပံဳးလိုက္သည္။
"ပေရာဂ်က္ေလး တစ္ခုပဲဟာ၊ ကိစၥ မရိွပါဘူး"
"ကိစၥ ရိွတယ္!"
ရန္က်ားလိ၏ စိတ္ခံစားခ်က္မ်ားက ျမႇင့္တက္လာၿပီး မ်က္ခမ္းစပ္က ေသြးလ်ွံက်လာေတာ့မတတ္ ပို၍နီရဲလာကာ
"ဘာပဲျဖစ္ျဖစ္ သူငါ့ကို တစ္သက္လံုး ပိတ္ေလွာင္မထားႏိုင္သလို ငါ့ကိုလည္း မသတ္ပစ္ႏိုင္ပါဘူး။ မင္းကသူ႔ကို ေပးလိုက္ၿပီး ဘာလုပ္မွာလဲ! မင္း အဲ့ပေရာဂ်က္ေလး အတြက္နဲ႔ တစ္ႏွစ္နီးပါး အလုပ္ရႈပ္ေနခဲ့တာေလ။ မင္းအရင္ကေတာင္ ငါ့ကို ေျပာဖူးေသးတယ္။ ဒီပေရာဂ်က္ ေအာင္ျမင္သြားရင္ မင္းကိုယ္တိုင္ေရာ ကုမၸဏီ အတြက္ေရာ အက်ိဳးအျမတ္ အမ်ားႀကီး ရိွလိမ့္မယ္ဆို။ မင္းပဲ ေစာက္ကိစၥ မရိွခ်င္ေယာင္ေဆာင္ေန!"
ယဲ့ထင္က သက္ျပင္းခ်လိုက္ၿပီး
"ဟုတ္ပါတယ္၊ ကိုယ္အဲ့ထဲမွာ အိုင္ဒီယာေတြ အမ်ားႀကီး ထည့္သံုးခဲ့ပါတယ္"
"ဒါေပမဲ့ ေပါင္ေပါင္း၊ ဘယ္ပေရာဂ်က္မွ မင္းေလာက္ အေရးမႀကီးႏိုင္ပါဘူး။ အဲ့ဒီ ပေရာဂ်က္ေတြ၊ အဲ့ဒီ ပိုက္ဆံေတြက မင္းရဲ့ ေဘးကင္းမႈနဲ႔ ယွဥ္လိုက္ရင္ ဘာမွ တန္ဖိုး မရိွေတာ့ဘူး။ ပိုက္ဆံက မရိွရင္ ထပ္ရွာလို႔ရတယ္။ ပေရာဂ်က္က မရိွေတာ့ရင္လည္း ထပ္ဖန္တီးလို႔ရတယ္။ ဒါေပမဲ့ ကိုယ့္ဆီမွာေတာ့ ရန္ရန္က တစ္ေယာက္တည္းရိွတာ၊ ကိုယ္ အဆံုးရႈံး မခံႏိုင္ဘူး"
ရန္က်ားလိသည္ ၿပံဳးလိုက္ရင္း ငိုမိသည္။ လက္ေမာင္းျဖင့္ မ်က္လံုးကို သုတ္လိုက္ရင္း တိုးတိုးေလး ညည္းၫူသည္။
"ဒီလိုအခ်ိန္မွာေတာင္ မဖြယ္မရာေတြ ေျပာႏိုင္ေသးတယ္။ မင္း ေဆးမမွီေတာ့ဘူးပဲ..."
"ေဆးမမွီရင္လည္း မမွီဘူးေပါ့"
ယဲ့ထင္၏ ေနြးေနြးေထြးေထြးရိွေသာ ၿပံဳးရယ္သံက ဖုန္းထဲမွတစ္ဆင့္ ရန္က်ားလိကို ႏွစ္သိမ့္ေပးေနသလိုပင္။
"အမ်ားႀကီး မစဥ္းစားပါနဲ႔။ ကိုယ့္အေတြးေတြထဲမွာ နည္းလမ္းရိွပါတယ္။ ကိုယ္မင္းကို လာေခၚမွာကို ေစာင့္ေနေနာ္။ ဟုတ္ၿပီလား"
ရန္က်ားလိသည္ သေဘာမတူႏိုင္ဆဲ ျဖစ္ေနၿပီး ႏွာရႈံ႔လ်က္ ခါးခါးသီးသီး ေခါင္းယမ္းလိုက္ကာ
"မင္း မလုပ္....."
စကားမဆံုးခင္မွာပဲ ယဲ့ဖန္သည္ ေလွာင္အိမ္ထဲမွ လက္ကိုင္ဖုန္းကို ျပန္ယူလိုက္ၿပီး တစ္သ်ွူးႏွင့္သုတ္ကာ နားရြက္နား ကပ္လိုက္သည္။
သူ႔မ်က္ႏွာထက္တြင္ အၿပံဳးပန္ဆင္ထားၿပီး အၾကည့္က ေအးစက္ မႈန္ေဝေနကာ
"ၾကည့္ရတာ ငါ့ညီေလးက ဝံပုေလြ ျဖစ္တဲ့အျပင္ ၾကင္နာတတ္တဲ့သူလည္း ျဖစ္ေနျပန္တာပဲ"
ယဲ့ထင္၏ အသံမွာ လ်ွပ္တစ္ျပက္အတြင္း မႈန္မိႈင္းသြားကာ
"ဒါေတြကို မင္းဂရုစိုက္စရာ မလိုပါဘူး။ ဒီတစ္ေခါက္ ေလလံပြဲမွာ ကြမ္ေဟြ့က ႏႈတ္ထြက္ေပးမယ္။ ငါခဏေန ပေရာဂ်က္အဖြဲ႔ကို ႏႈတ္ထြက္စာ ထုတ္ျပန္ဖို႔ စီစဥ္ခိုင္းလိုက္မယ္။ ရန္က်ားလိ၊ မင္းငါ့ကို ျပန္ေပးရမယ္"
ယဲ့ဖန္၏ အၿပံဳးက မေပ်ာက္ကြယ္ေသးဘဲ
"ဒါေပမဲ့ မင္းလွည့္ကြက္ေတြ ကစားဦးမွာကို ငါ သိပ္ေၾကာက္တာပဲကြာ။ မင္းရဲ့ နည္းလမ္းေတြကို ငါ ႀကံဳခဲ့ၿပီးၿပီေလ"
ယဲ့ထင္က ေဒါသထြက္လာၿပီး
"မင္း ဘာျဖစ္ခ်င္တာလဲ"
ယဲ့ဖန္က ေလွာင္အိမ္ထဲတြင္ ေဒါသထြက္ၿပီး သူ႔ကို စိုက္ၾကည့္ေနသည့္ ရန္က်ားလိကို ၾကည့္လိုက္သည္။ နံေဘးမွ တုတ္တစ္ေခ်ာင္း ယူလိုက္ၿပီး ေလွာင္အိမ္ထဲ ထိုးထည့္လိုက္ကာ ေခြးကို စေနာက္သလိုမ်ိဳး ရန္က်ားလိအား စေနာက္ ေဆာ့ကစားေနသည္။
"ဒါမွမဟုတ္ ဒီလိုလုပ္လိုက္ေလ။ ရန္က်ားလိကို အရင္ ငါ့ဆီမွာ ခဏေနခိုင္းလိုက္။ ေလလံပြဲ မတိုင္ခင္ ေရ႔ွတစ္ရက္မွာ မင္းတကယ္ ႏႈတ္ထြက္သြားမွန္း အတည္ျပဳျပီး ဘာလွည့္ကြက္မွ မရိွေတာ့ဘူးဆိုမွ ငါသူ႔ကို လႊတ္ေပးလိုက္မယ္"
ယဲ့ထင္က သတိေပးသည္။
"ယဲ့ဖန္၊ မင္း ေရာင့္တက္မလာနဲ႔"
ယဲ့ဖန္က ႏႈတ္ခမ္းတြန္႔လိုက္ၿပီး တုတ္ျဖင့္ ရန္က်ားလိ လည္ပင္းကို ထိုးလိုက္ကာ အသားလွီးေနသလို တစ္ခ်က္ျဖတ္လိုက္ၿပီး
"ငါက ႀကိဳတင္ကာကြယ္ရံု သက္သက္ပါကြာ။ ထပ္ေျပာရရင္၊ ငါေရာင့္တက္တယ္ ဆိုရင္ေတာင္ မင္းက ဘာလုပ္ႏိုင္လို႔လဲ။ ငါ့ စကားေလး တစ္ခြန္းနဲ႔တင္ ဒီသိုးေလးက နားတစ္ဖက္ ေလ်ာ့သြားႏိုင္တယ္ မဟုတ္လား? မဟုတ္လည္း လက္ေလးငါးေခ်ာင္းေလာက္ မရိွေတာ့တာ?"
တစ္ဖက္က ယဲ့ထင္သည္ အခ်ိန္အေတာ္ၾကာ စကားမဆိုေတာ့ေပ။
အတန္ၾကာမွ ယဲ့ထင္က ခံစားခ်က္မ်ားကို ခ်ဳပ္တည္းလိုက္ၿပီး အတတ္ႏိုင္ဆံုး ပံုမွန္က်ေအာင္ ေျပာလာသည္။
"ဟုတ္ၿပီ၊ ဟုတ္ၿပီ။ မင္းရဲ့ နည္းလမ္းအတိုင္းပဲေပါ့။ ငါေလလံပြဲ မတိုင္ခင္ ေရ႔ွတစ္ရက္ထိ ေစာင့္မယ္။ ဒါေပမဲ့ အဲ့ဒါမတိုင္ခင္ ရန္က်ားလိ တစ္ခုခု ျဖစ္သြားရင္ ငါမင္းရဲ့ အသက္ကိုယူမယ္၊ ကတိတည္ပါေစ"
ယဲ့ထင္ ထိုစကားေျပာရာတြင္ တည္ၿငိမ္ကာ လိႈင္းတံပိုးတို႔ ရိွမေနေသာ္ျငား ထိုကဲ့သို႔ တည္ၿငိမ္ေလေလ ေၾကာက္စရာေကာင္းေလေလ ျဖစ္ေနခဲ့သည္။
ယဲ့ဖန္သည္လည္း မထိန္းႏိုင္စြာ တုန္ရီသြားၿပီး မ်က္လံုးမ်ားကို က်ဥ္းေျမာင္းကာ ဖုန္းခ်ပစ္လိုက္သည္။
ရန္က်ားလိသည္ ယဲ့ဖန္က ယဲ့ထင္၏ ေအာင္ျမင္မႈမ်ားကို ဝါးမ်ိဳခ်င္ေနမွန္း အလိုလို သိေန၍ စိတ္ထဲတြင္ ခ်က္ခ်င္းအလ်င္း မုန္းတီးမႈတို႔ ထႂကြလာကာ မနီးမေဝးမွ ယဲ့ဖန္ကို ၾကည့္လိုက္ရင္း မ်က္လံုးထဲ ျပင္းထန္လွေသာ ရြံ႔ရွာမုန္းတီးမႈတို႔ လိမ့္ပတ္ေနကာ
"ယဲ့ဖန္၊ ဒီလို ညစ္ပတ္စုတ္ျပတ္တဲ့ နည္းလမ္းနဲ႔ ယွဥ္ၿပိဳင္တာ ခင္ဗ်ားကက တကယ္ကို ေစာက္ရမ္း သူရဲေဘာေၾကာင္တဲ့သူပဲေနာ္"
ယဲ့ဖန္က အံ့ၾသစြာႏွင့္ သူ႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"ဟုတ္လား"
ရန္က်ားလိသည္ တစ္ႀကိမ္ ဆဲဆိုမိသည္ႏွင့္ သည္းမခံႏိုင္ေတာ့ဘဲ ၾကမ္းၾကမ္းတမ္းတမ္း ေျပာဆိုေတာ့သည္။
"ေရေျမာင္းထဲက Amoeba ေကာင္လိုပဲ ဘတ္တီးရီးယားေတာင္ ခင္ဗ်ား ခႏၶာကိုယ္ထဲမွာ မကပ္ခ်င္ေလာက္ဘူး။ ခင္ဗ်ား ေမြးတုန္းက အမိႈက္ခြဲျခားပစ္ဖို႔ မသတ္မွတ္ထားေသးတာကို ဝမ္းသာရမယ္။ မဟုတ္ရင္ ခင္ဗ်ားအေမက ခင္ဗ်ားကို အႏၲရာယ္ရိွတဲ့ အမိႈက္ စြန္႔ပစ္ပံုးမွာ ညတြင္းခ်င္း သြားပစ္ေနေလာက္မယ္။ ခင္ဗ်ားရဲ့ အဆိပ္ရိွတဲ့ အစြယ္ေတြ ထြက္လာၿပီး သူမ်ားကို လိုက္ေဟာက္မေနႏိုင္ေအာင္လို႔ေလ၊ ထြီး"
ယဲ့ဖန္က မ်က္ခံုးပင့္သြားကာ ရယ္လိုက္ၿပီး ရန္က်ားလိေရ႔ွ ဒူးေထာက္ကာ သက္ျပင္းခ်ရင္း ေခါင္းခါသည္။
သူ၏ လက္ေခ်ာင္းက ေလွာင္အိမ္ထဲ ေရာက္သြားၿပီး ရန္က်ားလိ မ်က္ႏွာေပၚ ထိုးလိုက္ကာ ၿပံဳးလ်က္ဆိုသည္။
"ယဲ့ထင္က ဘာလို႔ မင္းကိုအဲ့ေလာက္ေတာင္ တန္ဖိုးထားေနမွန္း ငါသိသြားၿပီ ထင္တာပဲ။ မင္းကသိပ္ကို စိတ္ဝင္စားစရာ ေကာင္းလြန္းေနတာကို။ စကားေျပာတာေတာင္ အဲ့ေလာက္ မာေရေက်ာေရ ျဖစ္ေနတာ၊ ယဲ့ထင္နဲ႔ အိပ္တဲ့အခါက်ေတာ့လည္း၊ အဲ့လို အားနဲ႔မာန္နဲ႔ပဲလား။ ငါေတာင္ မင္းကို နည္းနည္း စိတ္ဝင္စားလာၿပီ။ ဒါမွမဟုတ္ မင္းငါ့ကို တစ္ေခါက္ အေပၚတက္ခိုင္းလိုက္ေလ၊ အဲ့ဒါဆို ငါမင္းကို ေလွာင္အိမ္ကေန လႊတ္ေပးဖို႔ စဥ္းစားလို႔ ရခ်င္ရေလာက္မွာေပါ့"
ရန္က်ားလိသည္ ပါးစပ္ဟကာ ေမးရိုးကို အားသံုးလ်က္ ယဲ့ဖန္၏ လက္ေခ်ာင္းကို ျပင္းျပင္းထန္ထန္ ကိုက္ပစ္လိုက္သည္။
ယဲ့ဖန္သည္ လက္ေခ်ာင္းမွ စူးရွရွ နာက်င္မႈကိုသာ ခံစားလိုက္ရၿပီး မ်က္ႏွာက ျဖဴေဖ်ာ့သြားကာ ကမန္းကတန္းႏွင့္ လက္ကိုထုတ္ၿပီး တစ္ခ်က္ၾကည့္လိုက္ရာ သြားရာကို ထင္းထင္းရွင္းရွင္းႀကီး ျမင္လိုက္ရသည္။ အေပၚဘက္တြင္ ေသြးစက္မ်ား ထြက္ေနၿပီျဖစ္ၿပီး အကယ္၍ သူသာ အခ်ိန္မီ မထုတ္ျဖစ္ခဲ့လ်ွင္ ရန္က်ားလိက သူ႔ကို အမွန္တကယ္ ျပတ္သြားေအာင္ ကိုက္ျဖတ္ခ်င္ေနတာ ျဖစ္ေလာက္မည္။
ယဲ့ဖန္၏ အၾကည့္က ေျပာင္းသြားၿပီး ေအးစက္စက္ရယ္လ်က္ စကားဆိုသည္။
"ေကာင္းတယ္ကြာ၊ တကယ္ ေအာခ်စရာပဲ"
သူက ေလွာင္အိမ္တံခါးကို ဖြင့္လိုက္ၿပီး ယုတ္မာစိတ္ကို ႏိႈးဆြခံလိုက္ရသည့္အတိုင္း ရန္က်ားလိ၏ လည္ပင္းကို ဆုပ္ကိုင္လိုက္ၿပီး သူ႔မ်က္ႏွာကို ျပင္းျပင္းထန္ထန္ ႏွစ္ခ်က္ရိုက္ၿပီးမွ လူကို ေလွာင္အိမ္ထဲ ျပန္ထိုးထည့္လိုက္ၿပီး ဘုန္းခနဲ တံခါးကိုပိတ္သည္။
ထိုေန့ညတြင္ ယဲ့ဖန္က ရန္က်ားလိကို ညစာ မေကြၽးေပ။ ၄မွာ ေအးစက္ မာေတာင့္ေနေသာ ဂ်ာမနီထုတ္ ေပါင္မုန္႔အမည္းေရာင္ ျဖစ္ေပမယ့္လည္းေပါ့။
ယဲ့ဖန္သည္ ရန္က်ားလိ၏ ေလွာင္အိမ္ေရ႔ွတြင္ ေခြးစာပန္းကန္ႏွင့္ ထၫ့္ထားေသာ ပင္လယ္စာ ဆန္ျပဳတ္ကို တမင္သက္သက္ ထားထားေသးသည္။
သို႔ေသာ္ ယဲ့ဖန္ ေမြးထားသည့္ ေခြးမွာ လာမေသာက္ေလဘဲ အဖတ္မတန္ဟု သေဘာထားလ်က္ ပ်င္းပ်င္းရိရိႏွင့္ ၾကမ္းျပင္ေပၚ လဲေလ်ာင္းေန၏။
မၾကာေသးခင္က ယဲ့ဖန္က အသားႏွင့္ အရိုးမ်ားကို ရက္ရက္ေရာေရာ ေကြၽးထားၿပီးျဖစ္၍ ၄မွာ အလြန္ ျပည့္တင္းေနျခင္းျဖစ္သည္။
ရန္က်ားလိသည္ ေအးစက္လာေသာ ဆန္ျပဳတ္ကို ၾကည့္ေနရင္း ဂလုဟု တံေတြးမ်ိဳခ်မိကာ ဝမ္းဗိုက္သည္လည္း ဆာေလာင္လြန္း၍ အသံျမည္လာသည္။
ယဲ့ဖန္ အိပ္ေပ်ာ္သြားၿပီးေနာက္ သက္ေတာ္ေစာင့္က သူ႔ေျခလက္မ်ားကို ႀကိဳးျဖည္ေပးလိုက္ကာ ေလွာင္အိမ္ကို ေသာ့ခတ္ၿပီး သမ္းေဝလ်က္ႏွင့္ သြားအိပ္ၾကသည္။
ရန္က်ားလိသည္ ေဘးပတ္လည္တြင္ လူရိွမရိွကို ၾကည့္လိုက္ၿပီး လည္ေခ်ာင္းထဲမွ ခပ္အုပ္အုပ္ အသံ ထြက္လာၿပီး ထိုပ်င္းရိရိ ေခြးအား ေခြးအိမ္ထဲ ျပန္ႏွင္လႊတ္လိုက္သည္။ ၿပီးေနာက္ ခက္ခက္ခဲခဲႏွင့္ ေအးစက္ေတာင့္တင္းေနသည့္ လက္ေခ်ာင္းကို ေလွာင္အိမ္အျပင္ ထုတ္လိုက္ကာ ပန္းကန္အနားသတ္ကို ကုတ္လိုက္ၿပီး ျဖည္းျဖည္းခ်င္း ဆြဲလိုက္သည္။ အလြန္ ေတာင့္တင္းေနေသာ ကိုယ္ဟန္အေနအထားျဖင့္ ဆန္ျပဳတ္ပန္းကန္ ေသးေသးေလးကို ေသာက္လိုက္ရသည္။
ညခ်မ္းသည္ကား ပို၍ပို၍ နက္ေမွာင္လာသည္။ ရန္က်ားလိသည္ ေလွာင္အိမ္ကို မွီထားေသာ္လည္း မအိပ္ခဲ့ေပ။
သူသည္ သူ႔လက္ထဲမွ အိတ္ေဆာင္နာရီကို ညင္သာစြာ ပြတ္သပ္ေနၿပီး သူႏွင့္ ယဲ့ထင္၏ ပံုရိပ္မ်ားကို တစ္ပံုၿပီးတစ္ပံု ျပသေနေသာ အက္ကြဲေၾကာင္း ထပ္ေနသည့္ မ်က္ႏွာျပင္ကို ၾကၫ့္ေနရင္း ႏွလံုးသားထဲတြင္ ထိုပံုရိပ္ေလးမ်ား၏ အမွတ္ရစရာမ်ားက ေနြဦးသမယ၏ ဝါးပင္မ်ားအတိုင္း ျပဴထြက္လာခဲ့ၾကသည္။ သူ႔ႏႈတ္ခမ္းစြန္းက တစ္ေလ်ွာက္လံုး ေကြးတက္ေနခဲ့ၿပီး ျပဳစားခံေနရသည့္အလား မ်က္ေတာင္ပင္ မခတ္ခ်င္ေတာ့။
လေရာင္က ေက်ာ့ေမာ့စြာ ျဖာက်လာၿပီး သူ႔မ်က္ႏွာထက္ ျဖဴစင္ေလာက္ေအာင္ စိမ့္ဝင္လာေပးသည္။ လရိပ္က နစ္ျမႇဳပ္သြားေသာအခါ အနည္းငယ္ ေတာက္ပေနေသာ ေကာင္းကင္မွာ ခပ္ျဖည္းျဖည္းခ်င္း လင္းလက္လာသည္။
အရုဏ္တက္ အလင္းေရာင္က သူ႔ကိုယ္ေပၚ ဆိုက္ေရာက္လာေသာအခါ ရန္က်ားလိသည္ အိတ္ေဆာင္နာရီေပၚ ခပ္ဖြဖြ နမ္းလိုက္ၿပီး ေခါင္းေမာ့လာသည္။
သူ႔မ်က္ခမ္းစပ္တြင္ ေသြးေၾကာနီမ်ား စုရံုးေနၿပီး စိုလဲ့လဲ့ အၾကည္ေရာင္တို႔ လြင့္ေမ်ာေနသည္။ သို႔ေသာ္ အၾကည့္မ်ားမွာေတာ့ ရုတ္တရက္ တည္ၿငိမ္ျခင္းႏွင့္ ဆံုးျဖတ္ခ်က္ ခ်ထားျခင္းဆီသို႔ ကူးေျပာင္းသြားကာ တစ္ညတာ စဥ္းစားေတြးေတာၿပီးေနာက္ တစ္စံုတစ္ခုကို ဆံုးျဖတ္ခ်က္ ခ်လိုက္ပံုေပၚသည္။
မိုးလင္းသည္ႏွင့္ ရန္က်ားလိသည္ အထူးတလည္ တိတ္ဆိတ္ ၿငိမ္သက္သြားၿပီး အသံမထြက္ေတာ့ဘဲ တိတ္တဆိတ္ ေစာင့္ၾကည့္ေနသည္။
ယဲ့ဖန္သည္လည္း အေတာ္အလုပ္ မ်ားေနၿပီး ေန့ဘက္မ်ားဆို ျပန္မလာေတာ့ဘဲ တံခါးအျပင္တြင္ ေစာင့္ၾကပ္ေနၾကသည့္ သက္ေတာ္ေစာင့္မ်ားသာ ရိွသည္။ အခန္းထဲတြင္ေတာ့ အၿမဲလိုလို ၾကက္ေသေသေနတတ္သည့္ ဝမ္ယန္ရိွၿပီး ေလွာင္အိမ္ေရ႔ွ ဆိုဖာေပၚ ထိုင္ကာ တစ္ေန့လံုး ေၾကာင္အမ္းေနတတ္သည္။
ရန္က်ားလိသည္ ရက္အနည္းငယ္မ်ွ ေသခ်ာ အာရံုစိုက္ၾကည့္ၿပီးေနာက္ ဝမ္ယန္၏ စိတ္အေျခအေနမွာ တည္ၿငိမ္မႈ မရိွေၾကာင္း သိရိွလိုက္ရသည္။
တစ္ခါတေလ ၾကည့္လိုက္လ်ွင္ ႏိုးၾကားေနေသးပံု ေပၚေသာ္လည္း တစ္ခါတရံမွာေတာ့ စိတ္အေျခအေနမွာ လံုးလံုးလ်ားလ်ား ပံုမွန္မဟုတ္ေတာ့ဘဲ ေလ့က်င့္သင္ၾကားခံရ၍ ေၾကာက္လန္႔ေနေသာ ယုန္တစ္ေကာင္လိုပင္။
ယဲ့ဖန္ အိမ္ျပန္လာလ်ွင္ ဝမ္ယန္က ေသခ်ာေပါက္ ျမန္ျမန္ဆန္ဆန္ ေျပးသြားၿပီး လိလိမၼာမၼာႏွင့္ ၾကမ္းျပင္ေပၚ ဒူးေထာက္၍ ယဲ့ဖန္၏ သားေရဖိနပ္ကို သိမ္းဆည္းၿပီး ဘီရိုထဲ ထည့္ေပးသည္။ ယဲ့ဖန္၏ အဝတ္မ်ားကိုလည္း ေခါက္ပိုးေပးျခင္း သို႔မဟုတ္ စင္ေပၚ ခ်ိတ္ဆြဲေပးျခင္းတို႔ ျပဳမူတတ္သည္။ ညအိပ္ခ်ိန္ေရာက္တိုင္း ဝမ္ယန္သည္ ယဲ့ဖန္၏ အိပ္ခန္းထဲ ဝင္သြားတတ္ကာ အခန္းမွာ ႏွစ္ထပ္တြင္ ရိွၿပီး တံခါးခ်ပ္က ကာစီးထားေသာ္ျငား ရန္က်ားလိသည္ အထဲမွ နာက်င္ေအာ္ဟစ္ရင္း ခြင့္လႊတ္ေပးရန္ ေတာင္းဆိုေနေသာ ငိုေႂကြးသံမ်ားကို ခပ္ေရးေရးမ်ွ ၾကားႏိုင္ပါေသးသည္။
ရန္က်ားလိသည္ ဝမ္ယန္ ခႏၶာကိုယ္ေပၚမွ အနာရြတ္မ်ားႏွင့္ အပူေလာင္ ဒဏ္ရာမ်ား၏ လာရာဇစ္ျမစ္ကို သိၿပီထင္ပါသည္။
ရန္က်ားလိသည္ တိတ္ဆိတ္မႈကို ထိန္းသိမ္းထားၿပီး ရံဖန္ရံခါ မ်က္လႊာခ်လ်က္ ဇာတ္လမ္းမ်ား ေရးဆြဲေနပံုေပၚသည္။
ေခြးေလွာင္အိမ္ထဲ ပိတ္ေလွာင္ခံထားရသည္မွာ ရွစ္ရက္ေျမာက္သည့္ေန့တြင္ ယဲ့ဖန္ အလုပ္သြားသည့္ေနာက္ ဝမ္ယန္သည္ ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ ဆိုဖာရိွရာဆီ ေရြ့လာကာ ထိုင္ခ်လိုက္ၿပီးေနာက္ ျပဳမူေနက်အတိုင္း စိတ္အာရံုက ၫွိုးေႂကြေနေတာ့သည္။
ရန္က်ားလိသည္ သူ႔ကိုၾကည့္ရင္း လက္ေခ်ာင္းက လႈပ္ယမ္းသြားကာ မႀကံဳစဖူး သူ႔ဘက္က စတင္ၿပီး ေခၚလိုက္မိသည္။
"ဝမ္ယန္"
ဝမ္ယန္သည္ ျဖည္းျဖည္းခ်င္း ေခါင္းေမာ့လာသည္။
ရန္က်ားလိ၏ ႏႈတ္ခမ္းမ်ားက ပင့္ဟသြားၿပီး စကားဆိုသည္။
"ငါ ေရေသာက္ခ်င္တယ္၊ ငါ့ကို ေရတစ္ခြက္ေလာက္ ထည့္ေပးပါ"
.
.
.
.
.
ဒီဘာသာျပန္သူေလးကိုေရာ ဘာသာျမန္ျမန္ ျပန္ႏိုင္ေအာင္လို႔ မိုတီေပးခ်င္ၾကဝူးလား
4/3/2022(Fri)
×××