Dim Sin
အပြစ်တော်...
နာကျည်းကြောက်ရွံ့ခြင်းတွေက အစွန်းတစ်ဖက်ကို တွန်းပို့၊
ထိုကောင်ငယ်လေးဟာ အမှောင်ထုထဲ သနားစဖွယ် ပုန်းခိုနေဖို့ ငြီးငွေ့လာခဲ့တယ်။
မကောင်းဆိုးဝါး တစ်ကောင်ရဲ့ ဝိဥာဥ်၊
ဒုစရိုက်ရဲ့ သားကောင်၊
အနက်ရောင် ပြင်းပြတဲ့ ဆန္ဒတစ်ခုမှာ
မှိုင်းညှို့ညှို့ အပြစ်တော်။
~~~~~~~~~~~~~~~
စားပွဲတစ်လုံး၊ မျက်နှာချင်းဆိုင်ထားတဲ့ ခုံနှစ်ခု။
အလင်းပျပျနဲ့ အခန်းအတွင်း လေထုဟာ ဖုန်နံ့တို့က နေရာယူထားသည်။
လက်ယာဘက်က အင်္ဂတေ နံရံအစား ရောင်ပြန်မှန်တစ်ချပ်။
ဒီ မှန်ကြည်တစ်ချပ်ကို အကာအကွယ်ယူလို့ သူ့ဖြစ်အင်ကို လှောင်ပြောင်နေမယ့် လူတစ်စုရှိနေမှာ မလွဲပင်။
သည်လောက် ရိုက်ချက်လေးက ဝမ်ရိပေါ်လို လူကို ယိမ်းယိုင်စေလိမ့်မယ်လို့ ထင်နေကြတာလား။
တကယ် ဦးနှောက်မရှိတဲ့လူတွေ။
ဒီ့မတိုင်ခင် ကြုံခဲ့ရတဲ့ လောကဓံတွေက အလကားမှ မဟုတ်တာ။
ဝမ်ရိပေါ် ဒီအခန်းအတွင်း ပိတ်လှောင်ခံထားရသည်မှာ နာရီ အနည်းငယ်ကြာလွန်ခဲ့ပြီ။
ဝတ်ကျေတန်းကျေ လာချပေးထားတဲ့ စျေးပေါပေါ ကော်ဖီမစ်တွေတောင် အေးစက်သွားခဲ့သလို ဝမ်ရိပေါ်ရဲ့ တည်တင်းတင်းမျက်နှာထားမှာလည်း မာကျောသထက် မာကျောလာလို့။
လက်ပတ်နာရီကို တစ်ချက်ကြည့်လို့ သုံးစက္ကန့်အတွင်း တစ်ဦးတစ်ယောက်မှ ရောက်မလာခဲ့လျှင် လမ်းနည်းတစ်ခုရှာလို့ ထွက်သွားမည်၊
အတွေးနဲ့အတူ ကုန်ဆုံးသွားတဲ့ နှစ်စက္ကန့်၊
ထိုင်နေလက်စကိုယ်ကို မတ်တပ်လိုက်စေဖို့ တစ်စက္ကန့်စာ အလိုမှာပဲ၊
အရှိန်နဲ့ ဖွင့်ဟလိုက်တဲ့ သံတံခါးချပ်၊
ဖိနပ်ကို တရွတ်ဆွဲလျှောက်ကာ မျက်နှာချင်းဆိုင်ခုံသို့ ဝင်ထိုင်လာသည့် လူကို ရိပေါ် အေးစက်စက် မျက်နှာထားဖြင့်သာ ကြည့်နေသည်။
ရိတ်သင်ထားခြင်းမရှိတဲ့ ပါးသိုင်းမွှေးတွေကြောင့် လူဟာ ကြည့်ရတာ ညစ်နွမ်းနွမ်း။
ဘယ်ဘက်ပါးပေါ်က ကန်လန့်ဖြတ် အမာရွတ်ဟာ အကျည်းတန်လှသည်။
ဖိုင်ထပ်တွေကို စားပွဲပေါ် တဖြန်းဖြန်းရိုက်လို့ ရိပေါ်ထံသို့ အကြည့်ဆုံစေကာ စကားစသည်။
သည်လူ ခက်ထန်တဲ့ စရိုက်တစ်ခုနဲ့
ဝမ်ရိပေါ်ကို ဆွဲချဖို့ ယုံကြည်မှုလွန်ကဲနေတဲ့ သည်လူရဲ့ အကြည့်တွေများ
"ဝမ်ရိပေါ်၊
ကျွန်တော်တို့ စလိုက်ကြရအောင် အဆင့်သင့်ပဲလား"
"အဆင်သင့်မဖြစ်ခင် အတင်းဆွဲခေါ်လာပြီး
အဆင်သင့်ဖြစ်တဲ့အထိ အကြာကြီး စောင့်ခိုင်းထားတာ ဆိုတော့
အင်းး အဆင်သင့်ဖြစ်ပြီ
အရင်ဆုံး လက်ထိပ်ချွတ်ပေး"
သံကွင်းတို့ဖြင့် ချုပ်နှောင်ခံထားရသည့် လက်တွေကိုမြှောက်ခါပြလို့ ပြောလာတဲ့ ရိပေါ် အပြောကြောင့် ခေါင်းတငြိမ့်ငြိမ့်နဲ့ ထိုစုံထောက်က ဖိနပ်တရွတ်ဆွဲပြီး ရိပေါ်နံဘေး လျှောက်လာကာ လက်ထိပ်အား ချွတ်ယူသွားသည်။
ဒီတရှပ်ရှပ် အသံဟာ ဝမ်ရိပေါ် ရဲ့ အာရုံတွေကို နောက်ကျိစေတဲ့ အဓိက အကြောင်းအရာပဲ။
"ကျွန်တော်တို့ ဝမ်ရိပေါ်ကို အခုလို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက Mrs .ဝမ် သေဆုံးတဲ့ အမှုနဲ့ ပတ်သတ်ပြီး သံသယ ရှိလို့ပါ။
အထက်က သမာရိုးက သေဆုံးမှုမျိုးနဲ့ အမှုပိတ်လိုက်ဖို့ ကြံစဥ်နေကြပေမယ့် ကျွန်တော်ကတော့ အမိန့်မချခင်ကာလ အတွင်း သက်သေတစ်ခုခု တွေ့ဖို့ ကြိုးစားကြည့်မှာ "
သူ့နေရာသူ ပြန်မသွားပဲ ထိုလူက စားပွဲပေါ် တက်ထိုင်လို့ ရိပေါ်နားနားသို့ တိုးကပ်ကာ လေသံတိုးတိုးဖြင့် ဆိုလာသည်။
မရေရာတဲ့ အလောင်းကစားပွဲ ၊
အနာတရများမယ့် တိုက်ပွဲတစ်ရပ်ကို ဆင်နွှဲဖို့ စိတ်အားထက်သန်နေသလို
လောင်းကြေးက သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီ။
"လိုရင်းကိုပြော"
"ဟုတ်ပြီ Mrs .ဝမ်သေဆုံးခဲ့တဲ့နေ့ ည ၇ နာရီ ဝန်းကျင်တုန်းက ဘာမှာ ရှိနေခဲ့တာလဲ"
"အိမ်မှာပဲ ရှိနေခဲ့တာ အဲ့နေ့ညက မနက်ဖြန် ကပွဲအတွက် အိမ်မှာ တောက်လျှောက်လေ့ကျင့်နေခဲ့တာ"
ဝမ်ရိပေါ် ရဲ့ ဖြေရှင်းချက်ကို မယုံကြည်သလို မျက်ခုံးတစ်ချက်ပင့် ပါးစောင်ထဲ လျှားထိုးထားရင်း ထိုစုံထောက်က မထီမဲ့မြင် တုံ့ပြန်လို့ ကာထားသည့်မှန်ချပ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ၏ မှတ်စုစာအုပ်ထဲတွင် မှတ်ထားသည့် ထွက်ဆိုချက်တစ်ချို့ကို ကြည့်ရင်း
"အဲ့နေ့ နေ့လည်က ဝမ်ရိပေါ်နဲ့ မိထွေးဖြစ်သူတို့က အကြီးအကျယ် ရန်ဖြစ်ခဲ့ကြတယ်လို့ သက်သေတစ်ချို့က ထွက်ဆိုကြတယ်။
အဲ့မတိုင်ခင်မှာလည်း အဖုအထစ်တွေ အများကြီး ရှိခဲ့တာဆိုတော့....."
"ကွေ့ပတ်မနေနဲ့။
ဟုတ်တယ်။
သူမကလည်း ကျွန်တော့ကို မုန်းသလို ကျွန်တော်က လည်း သူမကို မုန်းတယ် ။
ကျွန်တော်နှစ်ယောက် သင့်မြတ်လို့မရမယ့် ဆက်ဆံရေးမျိုးလေ စုံထောက်ကြီးက လိုရင်းကိုပဲ သေချာပြော "
နောက်ခုံကို မှီချလို့ စကားစဖြတ်ပြောလိုက်တော့ ဝေးကွာသွားသည့် ကိုယ်နှစ်ခုကြား ထိုစုံထောက်၏ ဒေါသမီးဟုန်းဟုန်တောက်နေသာ မျက်နှာပေးကို အရသာခံလို့ ကြည့်သည်။
"အဲ့တော့ မုန်းလို့ သတ်ပစ်လိုက်တာလား"
ဆူညံကွဲအက်နေသည့် ဟစ်ကြွေးသံတွေဟာ နားစည်ကို ပြင်းပြင်းထန်ထန် ထိခတ်လာတာမလို့ မူးဝေလာသည့် အာရုံ။
မျက်ဝန်းတွေထဲ စူးနစ်ကြည့်လို့ အနက်ဆုံးထိ တူးဖော်ကြည့်ဖို့ ကြိုးစားသည်။
ကုဋေမိုင်နှုန်းတွေ မစမ်းစစ်ကြည့်ပဲ ချောက်ကမ်းပါးနှုတ်ခမ်းအစွန်းပေါ်ကနေ ခုန်ချမိခါမှ အဆုံးမရှိ တွင်းနက်မှန်းသိလိုက်သလို အရှိန်ပြင်းပြင်း ရိုက်ချလိုက်မယ့် အထိအတွေ့တစ်ခုကို စောင့်ဆိုင်းနေမိသကဲ့သို့ ။
"ဖြေလေ!!"
အကြည့်တွေကို ကတုန်ကယင် လွှဲမိတဲ့အခါ ကျယ်လောင်စွာ အော်ဟစ်လိုက်တဲ့ အသံ။
ဖြန့်ကျဲလိုက်သည့် စာရွက်တွေဟာ ဦးတည်ရာမရှိ လေထုထဲတွင် ဝေ့လို့ဝဲပျံနေသည်။
အကြားအာရုံကြောတို့ဟာ မီးညှိခံလိုက်ရသည့် မီးပန်းတစ်လျှောက် တစ်ဖျောက်ဖျောက် မီးပွားတို့ လွင့်စင်ကုန်၏။
မီးခိုးရင့်ရောင် လွှမ်းလိုက်သည့် အသိစိတ်တွေ။
ချာချာလည်နေသည့် ဤရပ်ဝန်းအတွင်းမှ လွတ်မြောက်ဖို့သာ ဆန္ဒပြုရင်း။
'ဝမ်ရိပေါ် နင်က အိမ်မက်ဆိုးတွေက ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘူး။
သေမတတ် ကြိုးစားလဲ နင်က အတုအယောင်ပဲ'
အယောင်ယောင် အနန လက်တွေ့ဘဝမှာပါ နားနှစ်ဖက်ကို လက်ဖြင့် အုပ်မိုးထားမိသည်။
အသက်ငင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှုတ်ထွက်စကားတွေက ကျိန်စာတွေလို အသွေးအသားကိုတို့ အပိုင်းပိုင်း ခုတ်ထစ်နေသည်။
ခြောက်သွေ့အက်ကွဲလာတဲ့ လည်ချောင်းတစ်လျှောက် စိုစွတ်စေဖို့ အလုပ်တစ်ခုပေးတဲ့အခါ အစုံအဆန် လှုပ်ခတ်သွားတဲ့ လည်ဇလုတ်။
အရေပြားပေါ် မီးကျည်ခဲတို့ နေရာယူထားသလို ပူပြင်းတောက်လောင်နေသည့် ခံစားချက်နဲ့အတူ ချွေးသီးတို့က ပေါက်ပေါက်ကျလာသည်။
"ကပွဲ အတွက်ပြင်ဆင်နေတဲ့ နေရာမှ ရှိနေရမယ့် ဝမ်ရိပေါ်က ဘာလို့ အိမ်ပြန်ရောက်နေပြီး အဖေဖြစ်သူကို ဘာလို့ အစားသွားခိုင်းရတာလဲ!!!"
သွေးပြန်ကြောတွေ တဒုတ်ဒုတ်ခုန်နေတာကို ခံစားမိတယ်။
ယုတ်လျော့လာတဲ့ အခန်းလေထုမှာ အသက်မျှင်းမျှင်း ရှူဖို့တောင် အနိုင်နိုင်။
တစ်ခေါက် လွတ်ချလိုက်ရင် သူတကယ် ဖန်မှုန်လေးတွေကို အစိတ်စိတ် အမွှာမွှာ ဖြစ်ရတော့မယ်။
မျက်ဝန်းတွေကို ကူကယ်ရာမဲ့စွာ မှိတ်ချလိုက်တဲ့ အချိန်မှာပဲ
အသံတစ်ခုဟာ ပူပန်မှုတို့ရဲ့ နောက်ဆက်တွဲ။
"ဝမ်ရိပေါ် !!"
ဒုတိယ အကြိမ်မြောက်ကြားလိုက်ရသည့် သံတံခါးချပ်အား ဖွင့်လိုက်သံနှင့်အတူ
သောကရောက်နေသဖွယ် တုန်ရင်သောအသံမှာ ရိပေါ် အပူပင်ကင်းစွာ ပြိုလဲလို့ရခဲ့ပြီ။
"စုံထောက်ဟန် ဝမ်ရိပေါ်ရဲ့ အမှုနဲ့ ပတ်သတ်ပြီး ရှေ့နေဖြစ်တဲ့ ကျွန်တော်နဲ့ပဲ ဆက်ပြောသွားပါမယ်။"
"ရှောင်းကျန့်"
လက်ကောက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လာသည်။
တိုက်ရိုက် နာမတစ်ခုကို ရေရွတ်မိတော့ မကြာခင် အဆင်ပြေသွားတော့မယ်လို့ ယုံကြည်ရလောက်တဲ့အထိ အပူအပင် ကင်းစရာ အပြုံးမျိုးဖြင့် တုံ့ပြန်သည်။
" ဘာမှ မဖြစ်ဘူးနော်"
ထောက်ခံမိလား ငြင်းဆန်မိလား မမှတ်မိတော့ပေမယ့် သူကိုယ်တိုင်ဟာ စိတ်လိုလက်ရ ရှောင်းကျန့်ကိုယ်နောက် ပုန်းလျှိုနေမိတာပါပဲ။
"အခုအတွက် ဘာသက်သေမှ မရှိသေးတာမလို့ အာမခံနဲ့ ပြန်ခေါ်သွားပါ့မယ်။
ခွင့်ပြုပါဦး"
တင်းကျပ်ကျပ် ထပ်မံ ဆုပ်ကိုင် ခံလိုက်ရသည့် လက်ကောက်ဝတ်ကြောင့် နာကျင်သွားရပေမယ့် မငြီးငြူလိုက်ဖို့ ဝန်လေးမိတဲ့အခါ အံကို ဖိကြိတ်ထားလိုက်မိသည်။
"ရှောင်းကျန့် ! ရှောင်းကျန့်! အဲ့မှာရပ်"
လျှောက်လမ်းထက် ပျံ့လွင့်လာတဲ့ အမျိုးသမီးတစ်ျယာက်ရဲ့ အော်သံ။
ရှေ့က လူသား ခြေလှမ်းတွေကို တုံ့ဆိုင်းပစ်တော့ ရိပေါ်ပါ ခြေစုံ ရပ်မိရက်သား။
နီးကပ်လာတဲ့ ခြေသံနဲ့အတူ ခေါ်သံ အရင်းတည်ရာ ထို အမျိုးသမီးထံသို့ လည်ပြန်ကြည့်မိတော့ သူမှ အကြည့်တွေက ရိပေါ် နံဘေးက လူဆီသို့သာ မြဲမြံသည်။
"ခနလောက် အချိန်ပေးဦး။
ငါတို့ မေးချင်တာတွေ ရှိသေးတယ်"
နားအုပ်ရုံသာ ရှည်လျားတဲ့ ဆံပင်တွေကို အနောက်သို့ လှန်တင်စည်းနှောင်ထားသည်။
တွဲဖက်ဝတ်ဆင်ထားသည့် တီရှပ်တစ်ထည်နဲ့ ဂျင်းဘောင်းဘီ တစ်စုံက သူမရဲ့ နူးညံ့မှုတွေကို ပျောက်ကွယ်သွားဖို့ မစွမ်းသာဘူး။
ဘေးခန်းမှ အလောတကြီး ထွက်လာပေါ်ထောက်ရင် မှန်အကွယ်မှ ကြည့်နေကြသည့် အထဲက တစ်ယောက် ထင်ပါရဲ့။
"မေးစရာရှိရင် ငါ့ကိုမေး"
"ဟင့်အင်း ဝမ်ရိပေါ်ကိုပဲ မေးမှာ"
" မုယွမ် !!!"
"နင်က ဖြေရအောင် နင်တောင် မယုံကြည်ဘူးမလား သူက တရားခံမဟုတ်ဘူးဆိုတာ"
သူတို့နှစ်ယောက်ကြား အချင်းပွားရတဲ့ အကြောင်းအရာဟာ ရိပေါ်ကြောင့် ဖြစ်ပေမယ့် သူမက ရိပေါ်ကို အရေးတယူရှိဟန်မပြု။
အလုံးစုံသောအာရုံကို ကို ရှောင်းကျန့်ထံသို့ စိုက်ရောက်စေကာ ရိပေါ်ကတော့ စွပ်စွဲစရာ သပ်သပ်သာ။
"ဘာလို့မယုံရမှာလဲ။
ငါ သူ့ကို ယုံကြည်တယ် ။"
တုံ့ပြန်စရာ စကားတို့မရှိတော့သလို အံ့သြတကြီး တိတ်ဆိတ်သွားခဲ့သည်။
ဇဝေဇဝါဖြစ်သွားသလို ၊
နှမြောတသ ဖြစ်သလို ၊
နောက်ဆုံး လက်သင့်မခံနိုင်စွာ သူမ နှုတ်ထွက်စကားတို့က
"ရှောင်းကျန့် နင် အရင်ကနဲ့မတူတော့ဘူး"
ရှောင်းကျန့်ရဲ့ တစ်ဖန်မြန်ဆန်လာတဲ့ ခြေလှမ်းတွေရဲ့ ဦးတည်ရာက ထွက်ပေါက်ဆီသို့။
ကသောကပါး ဆွဲခေါ်ရာသို့ လိုက်ရင်း စပ်ဖျင်းဖျင်း ဖြစ်လာသဘ့် လက်ကောက်ဝတ်ကြောင့် အနည်းငယ် ရုန်းကန်မိတဲ့အခါ
လက်ထိပ်ဖြင့် တုတ်နှောင်ခံထားရတာမလို့ ပွန်းပဲ့နေသည့် ဒဏ်ရာ အချို့ကို ကြည့်ရင်း လက်ကို အသာပြန်ချပေးသည်။
"အခု အဆင်ပြေသွားပြီ အိမ်ပြန်လို့ရပြီ"
ရိပေါ်က ကားလမ်းမ ပေါ်က ဖြတ်သွားဖြတ်လာ ကားတွေကိုသာ တွေတွေလေး ငေးနေမိသည်။
"ကားပေါ်တတ် အိမ်ပြန်လိုက်ပို့ပေးမယ် "
ဖွင့်ပေးလာတဲ့ ကားတံခါးမှာ ရိပေါ်က လိမ်မာစွာ အလိုက်သင့်လေး တတ်ထိုင်လိုက်တော့ ရှောင်းကျန့်က တစ်ဖက် ကားမောင်းသူနေရာသို့ အပြေးသွား၏။
"ကြောက်နေခဲ့တာ"
ကားစက်အနှိုးမှာ ရိပေါ်က အသံတိုးလေးနဲ့ ဆိုမိတော့ အရှိန်ဖြေးဖြေးနဲ့ ထွက်ခွာစ ကားလေးဟာ လုံးဝ ရပ်တန့်သွားခဲ့သည်။
ခေါင်းကို တွင်တွင်ငုံ့ထားသည့် ဝမ်ရိပေါ်က စကားဆက်ဖို့ ကြိုးစားသည့် အခါ နွမ်းနယ်နေသည့် အသံလေးက အဆုံးသတ် အဖျားကို တုန်ခါစေသည်။
"ကျွန်တော်တို့ ဘဲလေးက ရင် လက်တွေကို အနောက်ကနေစကြလဲ သိလား"
တစ်ဖက်ဆီမှ ရှောင်းကျန့်က တိတ်ဆိတ်ခြင်းဖြင့် ရိပေါ် အဖြေကို စောင့်ဆိုင်းနေသည်။
"ကျွန်တော် အတွက်က အတောင်ပံ တွေပဲမလို့ ။
ဒီလက်တွေနဲ့အတူ ပျံသန်းကြရတယ်။
လက်တွေကို လက်ထိပ်လာခတ်လိုက်တဲ့ အချိန်မှာ တောင်ပံတွေကို သံကြိုးတွေနဲ့ ချုပ်နှောင်ထားသလို ခံစားရတယ်။
အရမ်းကြောက်နေခဲ့တာ နောက်တစ်ခေါက် ထပ်မပျံသန်းနိုင်တော့မှာကို "
ဝမ်ရိပေါ်လို ခေါင်းမာတဲ့ လူတစ်ယောက် ပြိုလဲခန်းဟာ အရမ်းကြည့်လိမ့်မယ်လို့ ရှောင်းကျန့် တွေးထင်ခဲ့ဖူးတယ်။
အခုတော့ မတူညီစွာ ဘာလို့ ရင်နာဖို့ကောင်းနေရတာပါလိမ့်။
နှစ်သိမ့်ဖို့ စကားလုံးတွေ စီလို့မရ။
နွေးထွေးသွားအောင် ရင်ခွင်ထဲ သိမ်းကြုံးဖက်လို့မရ။
နားခိုစရာ ပုခုံးတစ်ဖက် ငှားပေးလို့မရ။
ဒီအတိုင်း တစ်စုံတစ်ရာ မတတ်နိုင်ပဲ တစ်ယောက်သောရဲ့ ပူဆွေးခြင်းတွေကို ငေးမောရတာ သိပ်ကိုမှ ဝမ်းနည်းစရော ကောင်းလှသည်။
"ခုနက ပြောခဲ့တာလေ ယုံကြည်တယ်ဆိုတာ ။
မနေ့ကထိ မယုံကြည်ဆုံး မဟုတ်လား"
ရှောင်းကျန့်က စဥ်းစားဟန်ပြုပြီးမှ ပြန်အမှတ်ရသွားသလို ရိပေါ်ဘက်သို့ ပြန်ကြည့်လာသည်။
"မယုံကြည်နဲ့ ။
ဘယ်သူအပေါ်ကိုမှ ငဲ့ကွက်မနေချင်လို့"
အတန်ကြာရပ်တန့်နေခဲ့သည့် ကားကို ရှောင်းကျန့်က ပြန်လည် ထွက်ခွာစေသည်။
"ကိုယ့်အလုပ်ကိုယ် လုပ်ကြမယ်ဆို ဝမ်ရိပေါ်ရဲ့
အမှုသည်တစ်ယောက်ပေါ်ထားတဲ့ ယုံကြည်မှု မယုံကြည်မှုက ရှေ့နေဖြစ်တဲ့ ငါက ဆုံးဖြတ်ပါ့မယ်"
ကိုယ့်စကားနဲ့ကိုယ်ကြောင့် ပျက်ယွင်းသွားရသည့် ဝမ်ရိပေါ်၏ မျက်နှာက အင်တင်တင်။
ရှောင်းကျန့်ကို စကားအရာအရ ရိပေါ် တစ်ခါမှ အနိုင်မပိုင်းနိုင်ဖူးသေး။
"ဝမ်ရိပေါ် ဖုံးကွယ်ချင်သမျှ အမှန်တရား တစ်ခုချင်းစီကို ဖော်ထုတ်သွားမှာ"
"နောင်တရလိမ့်မယ်။
အမှန်တရားတစ်ခုသိရင် ရှောင်းကျန့် မြတ်နိုးတဲ့တစ်ခုကို ဖျက်စီးပစ်ပြီး တန်ကြေးပြန်ယူမှာ"
"အဟက် မြတ်နိုးတဲ့အရာတွေ က သိပ်များများစားစား မရှိဘူး။
ဝမ်ရိပေါ်ရော ဖုံးကွယ်ထားတာတွေ အများကြီးလား"
တရွေ့ရွေ့ကျော်တတ်လာသည့် လမ်းတိုင်တွေကိုသာ ရေတွက်နေမိသည်။
တစ်ခု၊
နှစ်ခု၊
သုံးခု၊
တစ်ဘဝလုံးစာ ဖုံးကွယ်ခဲ့တဲ့ မုသားတွေကို ကိန်းဂဏန်းတွေနဲ့ ဖော်ပြလို့ရပါ့မလား။
"မနေ့ကတည်းက ဘာမှ မစားရသေးဘူးဆိုတော့ တစ်ခုခုစားကြမလား"
"ကုမ္ပဏီကို မောင်း"
"ဒီနားမှာ စွတ်ပြုတ်ကောင်းတဲ့ဆိုင်းလေးရှိတယ် ဘယ်နားပါလိမ့်"
"ကုမ္ပဏီကို ပြန်မှာလို့"
"အော် ဒီမှာပဲ တွေ့ပြီ ကားပေါ်က ဆင်း"
ရိပေါ်ပြောသမျှကို နားမပါသလို ပြုမူနေသည့် ရှောင်းကျန့်ကြောင့် မကျေမနပ် မျက်စောင်းထိုးကြည့်လိုက်ပေမယ့်
ခုံခါးပတ်ဖြုတ်နေသည့် ရှောင်းကျန့်က ဂရုပင် မပြုမိ။
"ကုမ္ပဏီ ပြန်မယ်လို့ ဒီလောက်ပြောနေတာ ခင်များဘာလို့ မကြားချင်ယောင်ဆောင်နေတာလဲ"
ရန်ဆောင်သလို ရိပေါ် လေသံနဲ့ အပြောကြောင့် ရှောင်းကျန့်က မျက်မှောင်ကုတ်သည်။
"မနေ့ည က တစ်ညလုံး ဟိုဟာ အပိတ်ခံထားရတာ။
အခု စတူဒီယိုကို သွားပြီး အကထပ်ကျင့်မလို့လား။
ကိုယ့်ကို ဒုက္ခပေးလွန်းနေပြီ မဟုတ်လား"
"ဒီနေ့ Swan Queen ကြေညာရမှာပါ ။
ဘာကြောင့်နဲ့မှ အတိမ်းစောင်းမခံနိုင်ဘူး
လိုက်မပို့နိုင်ရင် အငှားကား ခေါ်ပေး "
ရှောင်းကျန့်က လေကို ပြင်းပြင်းရှုထုတ်လို့ မျက်နှာတွေကို လက်ဖဝါးတိူ့ဖြင့် ခပ်ကြမ်းကြမ်း ပွတ်ပစ်သည်။
"အရင်စား ပြီးမှ ပို့ပေးမယ်"
"ရှောင်းကျန့်!"
အော်သံ မဆုံးခင် ကားပေါ်မှ ဆင်းသွားသည့် ထိုလူကြောင့် ရိပေါ် စိတ်ဆိုးမာန်ဆိုးဖြင့် နောက်မှ ပြေးလိုက်လာသည်။
"အမဲစွတ်ပြုတ် နှစ်ပွဲ အမြန်လုပ်ပေးနော်"
"အမဲသား မစားဖူး "
"အမဲသား စား။
အားရှိအောင်။"
"ခင်များပြောတော့ ကိုယ့်အလုပ်ကိုယ်လုပ်မယ်ဆို ရူးနေတာလား"
ရိပေါ်ပြောတော့မှ သတိရသွားဟန်ဖြင့် လက်ဖျောက်တစ်ချက်တီးလာသည်။
အသိစိတ်ကပ်သွားလောက်ပြီ ထင်မိပေမယ့် တက်တက်စင်အောင် လွဲကြောင်း သက်သေပြသူက ရှောင်းကျန့်။
"မေ့တော့မလို့ အားရီ နံနံပင်လျှော့ထည့်ပေး"
"ရှောင်းကျန့် !!!"
ရိပေါ်၏ ဟိန်းနေသည့် အော်သံကြောင့် ဆိုင်အတွင်းမှ လူအချို့က ရိပေါ်တို့ ခုံဘက်သို့ လှည့်ကြည့်လာသည်။
"နံနံပင် များများထည့်လို့!!"
နောက်ဆက်တွဲ အသံကလည်း ကျိန်းသေပေါက် ရိပေါ်၏ အသံ သာ။
~~~~~~~~~~~~~
Clara သူမ၏ loker အကန့်ထဲက ပစ္စည်းအချို့ကို ရွေးထုတ်လို့ ထုတ်ပိုးနေသည်။
မနေ့က ကျူးလွန်မိခဲ့သည့် ဝမ်ရိပေါ် အား ကိုယ်ထိလက်ရောက် ထိခိုက်စေမှုအပေါ် တာဝန်ယူသည့် အနေဖြင့် သူမရွေးချယ်မှုက Onsra မှ ထွက်သွားရန်သာ။
အကယ်၍ Clara သာ တစ်ခုမှ စွန့်မလွှတ်ဘူးဆို ဘဲလေးလောကထဲ ဆက်ရှိနေနိုင်ဖို့ မသေချာဖြစ်သွားလိမ့်မည်။
အထုတ်တွေ ထုတ်ပိုးလို့ အပြီးမှာ ထိုအထုတ်တွေကို ဆွဲယူလို့ သူမအား လှောင်ပြောင်းကဲ့ရဲ့ နေသူအချို့ကို ကျောခိုင်းခဲ့ရင်း Onsra ကို နှုတ်ဆတ်ဖို့ ခြေလှမ်းတွေဟာ လေးလံနေသည်။
သူမ၏ အလုံးစုံသော ငယ်ရွယ်မှုတွေကို မြှုပ်နှံ့ခဲ့သည့် Onsra အား စွန့်ခွာရတော့မည်ဆိုသည့် အသိက ရူးသွပ်သွားစေနိုင်စွမ်းသည်။
"Clara !!!
ဒေါသတကြီး အော် အခေါ်ခံလိုက်ရသည့် မိမိနာမည်။
တစ်ကိုယ်လုံးလှည့်လို့ မကြည့်မိခင်မှာ ပူထူသွားသည့် ပါးတစ်ဖက်နှင့်အတူ ကိုယ်ဟာ မြေပြင်ပေါ်သို့ ပုံကျရက်သား။
"ကြောက်စရာကောင်းတဲ့ မိန်းမ
နင့်ရဲ့ သနားစရာ ပြဇာတ်ကို ဆက်မကနဲ့တော့၊
နင် စုန်းပညာတွေနဲ့ ပြုစားလိုက်တာမလား။
နင့်လို မိန်းမမျိုးက Swan Queen ဖြစ်လာစရာ အကြောင်းမှ မရှိတာ။"
ကြောက်စရာကောင်းသည့် လုချီရဲ့ အပြုအမူကြောင့် ကုမ္ပဏီအတွင်း ဖြတ်သွားဖြတ်လာ အားလုံးက ဝိုင်းအုံကြည့်လာသည်။
Clara ကတော့ နာကျင်နေသည့် ပါးကို အုပ်ကိုင်ထားရင်း လဲကျနေရာမှ ထဖို့ မေ့လျော့နေဆဲ။
"Swan Queen???"
"ရူးကြောင်ကြောင် လုပ်နေတာတွေ ရပ်လိုက်တော့။
နင့်က Swan Queen ဖြစ်ပြီး ငါက နင့်ရဲ့ ဒုတိယ အရံတဲ့လား
အားးး စိတ်တိုလွန်းလို့ နင့်ခြေထောက်တွေ တစ်စစိ ရိုက်ချိုးပစ်ချင်တယ် "
လုချီရဲ့ ခြောက်ခြားစရာ အပြောကြောင့် အားလုံးက တီးတိုးဝေဖန်လာသည်။
အခုအတွက်တော့ လူထုဟာ Swan Queen Clara ဘက်မှာ။
"ငါက Swan Queen လို့ပြောလိုက်တာလား။
တကယ်ကြီး ငါက Swan Queen ဖြစ်သွားတာလား
ဆရာဝမ်ရိပေါ် ကြေညာလိုက်တာလား ငါက Swan Queen လို့ "
ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလာသည့် Clara က မယုံကြည်နိုငိသလို၊
ဆောက်တည်ရာမရသလို
ရူးနှမ်းနေသော အသွင်ဖြင့် လုချီကိုယ်ကို လှုပ်ခါကို အက်ကြောင်းထပ်နေသော မေးခွန်းတစ်ခုကိုသာ မေးသည်။
"ဒီ ေ*ာက်ရူးမကတော့ "
အရှိန်နဲ့ ထပ်လွှဲမြှောက်လာသည့် လုချီရဲ့ လက်တစ်ဖက် Clara က ဖမ်းကိုင်လို့ ချုပ်ထားသည်။
"ရားး လွှတ်စမ်း နင်ကများ"
ရုန်းကန်းနေသည့် လုချီဆီသို့ တစ်လှမ်းချင်း တိုးကပ်သွားပြီး Clara က အောင်နိုင်သူတစ်ယောက်လို ဟန်ပါပါ ပြုံးသည်။
ယူကြုံးမရစွာ တဆတ်ဆန် နာကျည်းနေသည့် လုချီ၏ မျက်နှာကို စိမ်ပြေနပြေ ကြည့်နေရင်း
"အခုထိ အခြေအနေနဲ့ အချိန်အခါကို သဘောအမပေါက်သေးဘူးလား။
အခုအချိန်မှာ နင်က ငါ့ဆီက ခွင့်လွှတ်မှု ရဖို့ ဒူးထောက်ညွှတ်တွားပြီး တောင်းခံရင်တောင် ငါက
မ ပေး ဘူး"
နောက်ဆုံး ဝါကျကို တစ်လုံးချင်းစီပြောပြီးတိုင်း လက်ညိုးထောက်ထားသည့် နှာဖူးအား နောက်သို့ တွန်းပစ်သည့်အခါ
လုချီက မျက်သားတွေ နီရဲလာပြီး မျက်ရည်တို့ စီးကျလာသည်။
"နင့်လို လူမျိုးက တကယ်ကြောက်ဖို့ကောင်းတယ်"
ငိုကြွေးရင်း ပြောလာသည့် လုချီကို Clara က ပြုံးရင်းကြည့်နေသည်။
လှည့်ထွက်ပြေးသွားသည့် သိမ့်သိမ့်ခါနေသော ကျောပြင်က Clara အား အောင်မြင်ခြင်းတစ်ရပ်လို ပျော်ရွှင်မှုပေးနိုင်မှာ အမှန်။
ဒီနေ့အတွက် လူတစ်ရပ်အာ Clara ပြုမူသမျှအပေါ် အားပေးထောပနာပြုမည့် လူများသာ။
~~~~~~~~~~~~~~
" သခင်လေး ပြန်ရောက်တာ နောက်ကျလိုက်တာ ကျွန်တော် ရှေ့နေကြီး ကို အစောကြီးကတည်း ဆက်သွယ်ထားတာ"
ရိပေါ် ပြန်အလာကို ညလုံးပေါက် စောင့်နေပုံရသည့် အိမ်တော်ထိန်းမင်က ရိပေါ်ကို တွေ့တွေ့ချင်း အလောတကြီး ပြေးထွက်လာသည်။
ယိုင်နဲ့နေသာ ခြေထောက်တွေကို အထောက်အကူ ပြုဖို့ တုတ်ကောက်၊
ညိုမဲနေသော မျက်ကွင်းတွေကို ဘောင်ကွတ်ထားသည့် မှန်ချပ်တွေက မကာကွယ်စွမ်းပါ။
"အင်း အတူတူ အပြင်မှာ တစ်ခုခုစားနေကြတာ။
ပြီးတော့ ကုမ္ပဏီဝင်ပြီး swan queen ကြေညာနေတာမလို့ နောက်ကျနေတာ ။
ရွေးထားတဲ့တစ်ယောက်နဲ့ တွေ့တော့ မတွေ့ခဲ့ရဘူး ဒီနေ့ အရမ်းပင်ပန်းနေလို့ ။
ညနေစောင်းနေပြီး အိမ်တော်ထိန်းမင် လည်းနားတော့လေ "
စကားဆုံးအောင်ပြောဖို့တောင် မောပန်းလို့ နွမ်းလျစွာ အခန်းရှိရာဘက် လျှောက်လာသည့် ရိပေါ်ကြောင့် အိမ်တော်ထိန်းကြီးက လှေကားထစ်တွေကို တက်ဖို့ရာ ကူညီပေးသည်။
"ဒီနေ့ အကမကျင့်ပါနဲ့တော့ ကျွန်တော် လက်တွေကို ဆေးလိမ်းပေးမယ် နားလိုက်ပါ။"
ကုတင်ပေါ် ဖြန့်ခင်းထားသည့် စောင်တွေ လှပ်လိုက်လို့ ရိပေါ်ကို စောစော အိပ်စက်ဖို့ နားချသည်။
"မနားဘူး နောက်နေ့တွေ ဒီထက်ပင်ပန်းမှာမလို့ ဒီနေ့လောက်နဲ့ နားလိုက်လို့မဖြစ်ဘူး။
ပြီးတော့ မနက်ဖြန် swan lake အတွက်ပြပေးရမှာ"
ရိပေါ် ပစ်ပုံထားသည့် အဝတ်တွေကို လိုက်လံကောက်ယူနေရင်း အိမ်တော်ထိန်းကြီးက
"Swan Lake အတွက် မျှော်လင့်ချက် အရမ်းထား ထားတာပဲ။
စိတ်မပူပါနဲ့ သခင်လေး လုပ်နိုင်မှာပါ။
ဥက္ကဠကြီးက အမြဲ အောင်မြင်မှုတွေရခဲ့သလို သခင်လေးလည်း အောင်မြင်မှာပါ။
သွေးဆိုတာ လိမ်လို့မရဘူးလေ။"
"အ့"
en-point ရဲ့ကြိုးကို ဖရောင်တိုင်မီးတောက်ဖြင့် မီးမြှိုက်နေရင်း သတိမထားမိခင် လက်ညှိုးဟာ မီးတောက်ဖြင့် ထိတွေ့လိုက်ရတာကြောင့် ရုတ်တရက်အော်လိုက်မိသည်။
ခရမ်းပုတ်ရောင် သမ်းသွားသည့် လက်ညှိုးထိပ်ကို လက်သည်းဖြင့် စိတ်ပစ်လို့ နှစ်ဆသော နာကျင်မှုကြောင့် မျက်ရည်တို့ဝဲတတ်လာစေသည်။
အမာရွတ်ကို ဒဏ်ရာအသစ်နဲ့ ဖုံးကွယ် ။
"အင်း အကောင်းဆုံး တင်ဆက်ပြီး ပါးပါးရဲ့ ဆက်ခံသူနေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြသွားမှာ"
ဒဏ်ချက်အပြည့်နဲ့ ခြေဖျားတို့ ကိုယ်၏ ဖိအားကို့ ခံနိုင်ဖို့ ခြေဖျားထိပ် တိတ်အထပ်ထပ်ဖြင့် စည်းနှောင်စေပြီးမှ အပေါ်က point ကို ဆင်မြန်းသည်။
"Odile's coda "
အသံအချက်ပေးစနစ်နဲ့အတူ ရိပေါ်ရဲ့ အမိန့်ကြောင့် အခန်းတွင်း သံစဥ်တို့ ပျံ့နှံ့လာသည်။
ကကွက်တွေကို စတင်နေတဲ့အထိ အိမ်တော်ထိန်းကြီးက အခန်းအပြင်သို့ ထွက်မသွားသေး။
Odile ၏ ကကွက်တွေက ကြမ်းတမ်းသည်။
ကနေစဥ် မိမိ၏ စိတ်အမှောင်ဘက်ခြမ်းအား အမြဲ လှုံ့ဆော်ရသည်။
လေထုကိုဖိဆန်လို့ ခြေထိပ်ဖျားတွေ မီးပွင့်လုနီး ပူပြင်းလာသည့်အထိ ကိုယ်ကို ဝေ့ရမ်း နေစဥ် အနားမှာ ရပ်နေသည့် အိမ်တော်ထိန်းကြီးက ထူးဆန်းစွာ ပြုံးနေသလို ခံစားရသည်။
ချာချာလည်နေဆဲ ဖြစ်သည့် ကိုယ်အရှိန်ကို မသတ်နိုင်ပဲ ထိုနေရာကိုပဲ အခါခါကြည့်မိနေသည့် အခါ အိမ်တော်ထိန်းကြီးက မိမိထံ အရှိန်တစ်ခုဖြင့် ပြေးလာသလို အရိပ်တစ်ခုအား မြင်လိုက်တော့ ပစ်လဲကျလိုက်သည့်အခါ အောင့်မျက်မျက်ကျောပြင်။
လက်တွေ့တွင်တော့ အိမ်တော်ထိန်းကြီးက မူလနေရာတွင် ရပ်နေခြင်းဖြစ်ပြီး ရိပေါ်က အမြင်မှားနေခြင်းသာ။
"အား ထွက်မသွားသေးပဲ ဘာရပ်လုပ်နေတာလဲ"
မောပမ်းလှတာကြောင့် အသံတို့ဟာ အဖြတ်အတောက်မမှန်ကန်။
နှိမ့်ချည် မြင့်ချည် ရင်အစုံကြောင့် ခုန်ပေါက်နေသည့် နှလုံး အပြင်သို့ ပေါက်ထွက်လာမည် စိုးရသည်။
မခံမရပ်နိုင်အောင် အသက်ရှုဖို့ ခက်ခဲသည့် အမောဖောက်နေတာကြောင့် ရွေးချယ်စရာက ကြမ်းခင်းပေါ် လဲလျောင်းလိုက်
ရုံသာ။
"သခင်လေး ကျွန်တော် ပြောစရာ ကျန်နေသေးလို့ပါ"
"ထပ်ပြီး ဘာလဲ?
ပြော"
"ယုံချန် ပြန်လာတော့မယ်"
မို့မောက်လာလိုက် ပြေပြစ်သွားတဲ့ ရင်ဘက်ဟာ လှုပ်ရှားမှုမရှိတော့ Odile ရဲ့ သံဇဥ်က ခြောက်ခြားဖွယ်ရာ ထွက်ပေည်နေဆဲ။
ဝေ့သီနေသည့် ချွေးသီးတို့က နားထင်ကို ဖြတ်စီးသွားသည်။
ကျိန်းစပ်နေသည့် မျက်လုံးတွေကို မှိတ်ချလိုက်တာ မျက်ရည်ဝေ့ ခွင့်မပြုလိုလို့။
"ဟားး ဟားး ဟားး"
ရယ်လောင်စွာ ရယ်လိုက်ခြင်းမှန်ပေမယ့် မျက်နှာငယ်ပေါ်မှာ နာကျင်မှုကြောင့် ငိုမဲ့မဲ့။
ငိုကြွေးသလို မျက်နှာထားမျိုးပေမယ့် ရယ်သံတို့ဖြင့်သာ ဖုံးကွယ်စေသည်။
' လျှာဖျားက ဖန်တီးတဲ့ကဗျာတစ်ပုဒ်မှာ မျက်နှာဖုံးနဲ့ ဖြူစင် ခြင်းကြား။
မြင့်မြတ်လွန်းတဲ့ ပါရမီတွေနဲ့ မွေးဖွားခဲ့ပေမယ့် သက်တံရောင်လှေကားလို အထောက်အပံ့ကို မက်မောကြတဲ့ အတုအယောင်ကမ္ဘာ။
ရိုးသားခြင်းဆိုတာ မမြင်ရတဲ့ မီးခိုလို
ကောင်းကင်လွှာကို ဆုတ်ဖြဲလို့ အမြင့်ဆုံးထိ ပျံမည့် တောင်ပံတစ်စုံ ပျိုးထောင်ထားပါသည်။"
~~~~~~~~~~~~~~~
မနက်အစော ထမင်းစားခန်းအတွင်း မနက်စာစားနေတုန်း မြည်လာသည့် ဖုန်းသံကြောင့် အိမ်တော်ထိန်းကြီးအား ကိုယ်စားကိုင်စေသည်။
ရိပေါ် နံဘေးတွင် ရပ်၍ ဖုန်းပြောနေစဥ် ထိတ်လန့်ပြာလောင်သွားသလို အာမေဋိတ်ပြုလို့ ရိပေါ်ရှိရာထံ ပြေရခက်နေသလို လှမ်းကြည့်လာသည်။
"ဒီလောက်တုန့်ဆုတ်နေတာ ဘာကိစ္စမလို့တုန်း"
"သ သခင်လေး Clara ဆေးရုံတင်ထားရပါတယ်တဲ့"
အခြေအမြစ်မရှိသည့် သတင်းကြောင့် ရိပေါ် မျက်မှောင် တင်းနေအောင် ကုတ်ထားမိသည်။
ဒီအချိတ် လေ့ကျင့်နေရမယ့်သူ က ဘာကြောင့် ဆေးရုံပေါ် ရောက်နေရသလဲ။
"ကျွန်တော့်ကို ဖုန်းပေး"
အိမ်တော်ထိန်းကြီးလက်ထဲမှ ဖုန်းကို လုယူလို့ အကြောင်းစုံ နားထောင်ပြီး ရိပေါ် ထိုဆေးရုံသို့ အလောတကြီး ပြေးရသည်။
"အခြေအနေ ဘယ်လဲလို"
Clara အား တာဝန်ယူထားသည့် ဆရာဝန်က စိတ်မချမ်းမြေ့သလို ပြောဖို့အရေး တွန့်ဆုတ်နေသည်။
"မြန်မြန် ပြောစမ်းပါ"
"ပျက်စီး သွားပြီ။
သူမ ခြေချောင်းတွေက ကြေမွပြီး ပျက်စီးသွားပြီ။
ဘဲလေး ဆက်ကဖိူ့ အဖြစ်နိုင်တော့ဘူး"
ရိပေါ်က မယုံကြည်နိုင်သလို ခြေထောက်တွေကိ ဖုံးအုပ်ထားသည့် စောင်အား လှစ်ဟ ကြည့်မိသည့်အခါ ခြေလှမ်းတွေကို နောက်သို့ ဆုတ်မိသွားပြီ အသံကျယ်မထွက်စေရန် ပါးစပ်ကိုပါ လက်ဝါးဖြင့် ဖုံးအုပ်မိလိုက်သည်။
ဒီသွေးပျက်ဖွယ်ကောင်းတဲ့ ဆုံးရှုံးမှုအပေါ် Clara ရဲ့ ဝမ်းနည်ပူဆွေးမှုကို သိမြင်နားလည်နိုင်တဲ့အခါ ဝမ်ရိပေါ် ကိုယ်တိုင်ပင် တုန်လှုပ်ရသည်။
မနေ့က ထိ Swan Queen ဆိုတာ မြှောက်စားခဲ့ကြပေမယ့်လက်ရှိ ကုတင်ပေါ် လှဲလျောင်းနေချိန်တွင်တော့ ပန်းလေးတစ်စည်းတောင် အမှတ်တရ ပို့ပေးမယ့်လူမရှိပေ။
သက်တံ့ရောင် လှေကားနဲ့မှ အပေါ်စီးက မြင်ကွင်းကို မြင်နိုင်မည်ဟဘ ယူဆကြသူတွေပေါ့။
" သခင်လေး လုချီ ရောက်လာပါပြီ"
အခန်းအတွင်းသို့ ငိုယိုကာ ဝင်လာသည့် လုချီက သူမ မဟုတ်ကြောင်း အတန်တန် ငြင်းဆိုသည်။
"ကျွန်မ မဟုတ်ဘူး။
တကယ် ကျွန်မ မဟုတ်ဘူး။
ယုံပေးပါ ဆရာ"
ဖက်တွယ်လာသည့် ခြေသလုံးကို သူမ၏ လက်တွေအတွင်းမှ ရုန်းကန် ခါထုတ်လို့
"မနေ့က သူမနဲ့ ပြဿနာ တတ်ခဲ့ကြတယ်ဆို"
"တတ်ခဲ့ကြပေမယ့် သူ့ကို အခုလို ကျွန်မ မလုပ်ခဲ့ဖူး"
"ခြေထောက်တွေကို ချေမွှ ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပေမယ့် တကယ်လုပ်ဖို့ စိတ်ကူးမျိုးမရှိပါဘူး"
ရိပေါ် မေးသမျှကို တသွင်သွင် ငိုရင်းသာ သူမက ဖြေဆိုနေသည်။
"မင်း ဝမ်းသာသလို ခံစားရလား။
သူမရဲ့ ခြေထောက်တွေ ကြေမွသွားပြီ
သူမရဲ့ အိမ်မက်တွေ ပျက်စီးသွားပြီ
မင်း ပျော်သလို့ ခံစားရလား"
"ဟင်"
ရိပေါ်ရဲ့ အပြောကို အံ့အားသင့်ဟန်ဖြင့် မော့ကြည့်လာသည်။
တစ်ချက် တွေဝေသလို စဥ်းစားမိပြီးသွားကာမှ ကြမ်ပြင်ကို နှဖူး အကြိမ်ကြိမ်တိုက်ရင်း ထပ်မံ ငိုယိုလာသည်။
"ကျွန်မလုပ်တာမဟုတ်ဘူး။
ကျွန်မ မသိဘူး။
ကျွန်မ မသိဘူး"
"အခုအချိန် မင်းလုပ်ခဲ့တယ် မလုပ်ခဲ့ဖူးဆိုတဲ့ အမှန်တရားထက် ရင်ဆိုင်မယ် ရှောင်ပြေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုတယ်။
အခြေအနေရဲ့ အခွင့်ကောင်းမှာ မင်းက အချိန်အခါရဲ့ သားကောင် ဖြစ်ခဲ့ရပြီး။
ဒါ မင်းကိုယ်တိုင် ရေးဆွဲတဲ့ ကံကြမ္မာပဲ။
အော် သတင်းကောင်းတစ်ခု အသိပေးဖို့ မေ့တော့မလို ဒ၊တွေ အကုန် ရှင်းလင်းသွားတဲ့အချိန် မင်းက new swan queen ဖြစ်လာလိမ့်မယ်"
ကျန်ရစ်ခဲ့တယ့် လုချီက ဆက်လက်ငိုကြွေးနေရမလို ပျော်မြူးစွာ ဂုဏ်ယူလိုက်ရမလို့ ရူးကြောင်ကြောင် ဖြစ်ကျန်ခဲ့သည်။
Dim Sin...
'စေတန်ရဲ့ အလိုမှာ အသက်ချမ်းသာခွင့်အတွက် ပေးဆပ်ရမယ့် အပြစ်တော်'
TBC♡
Dim Sin
အျပစ္ေတာ္...
နာက်ည္းေၾကာက္႐ြံ႕ျခင္းေတြက အစြန္းတစ္ဖက္ကို တြန္းပို႔၊
ထိုေကာင္ငယ္ေလးဟာ အေမွာင္ထုထဲ သနားစဖြယ္ ပုန္းခိုေနဖို႔ ၿငီးေငြ႕လာခဲ့တယ္။
မေကာင္းဆိုးဝါး တစ္ေကာင္ရဲ႕ ဝိဥာဥ္၊
ဒုစရိုက္ရဲ႕ သားေကာင္၊
အနက္ေရာင္ ျပင္းျပတဲ့ ဆႏၵတစ္ခုမွာ
မွိုင္းညွို႔ညွို႔ အျပစ္ေတာ္။
~~~~~~~~~~~~~~~
စားပြဲတစ္လုံး၊ မ်က္ႏွာခ်င္းဆိုင္ထားတဲ့ ခုံႏွစ္ခု။
အလင္းပ်ပ်နဲ႕ အခန္းအတြင္း ေလထုဟာ ဖုန္နံ႕တို႔က ေနရာယူထားသည္။
လက္ယာဘက္က အဂၤေတ နံရံအစား ေရာင္ျပန္မွန္တစ္ခ်ပ္။
ဒီ မွန္ၾကည္တစ္ခ်ပ္ကို အကာအကြယ္ယူလို႔ သူ႕ျဖစ္အင္ကို ေလွာင္ေျပာင္ေနမယ့္ လူတစ္စုရွိေနမွာ မလြဲပင္။
သည္ေလာက္ ရိုက္ခ်က္ေလးက ဝမ္ရိေပၚလို လူကို ယိမ္းယိုင္ေစလိမ့္မယ္လို႔ ထင္ေနၾကတာလား။
တကယ္ ဦးႏွောက္မရွိတဲ့လူေတြ။
ဒီ့မတိုင္ခင္ ႀကဳံခဲ့ရတဲ့ ေလာကဓံေတြက အလကားမွ မဟုတ္တာ။
ဝမ္ရိေပၚ ဒီအခန္းအတြင္း ပိတ္ေလွာင္ခံထားရသည္မွာ နာရီ အနည္းငယ္ၾကာလြန္ခဲ့ၿပီ။
ဝတ္ေက်တန္းေက် လာခ်ေပးထားတဲ့ ေစ်းေပါေပါ ေကာ္ဖီမစ္ေတြေတာင္ ေအးစက္သြားခဲ့သလို ဝမ္ရိေပၚရဲ႕ တည္တင္းတင္းမ်က္ႏွာထားမွာလည္း မာေက်ာသထက္ မာေက်ာလာလို႔။
လက္ပတ္နာရီကို တစ္ခ်က္ၾကည့္လို႔ သုံးစကၠန့္အတြင္း တစ္ဦးတစ္ေယာက္မွ ေရာက္မလာခဲ့လွ်င္ လမ္းနည္းတစ္ခုရွာလို႔ ထြက္သြားမည္၊
အေတြးနဲ႕အတူ ကုန္ဆုံးသြားတဲ့ ႏွစ္စကၠန့္၊
ထိုင္ေနလက္စကိုယ္ကို မတ္တပ္လိုက္ေစဖို႔ တစ္စကၠန့္စာ အလိုမွာပဲ၊
အရွိန္နဲ႕ ဖြင့္ဟလိုက္တဲ့ သံတံခါးခ်ပ္၊
ဖိနပ္ကို တ႐ြတ္ဆြဲေလွ်ာက္ကာ မ်က္ႏွာခ်င္းဆိုင္ခုံသို႔ ဝင္ထိုင္လာသည့္ လူကို ရိေပၚ ေအးစက္စက္ မ်က္ႏွာထားျဖင့္သာ ၾကည့္ေနသည္။
ရိတ္သင္ထားျခင္းမရွိတဲ့ ပါးသိုင္းေမႊးေတြေၾကာင့္ လူဟာ ၾကည့္ရတာ ညစ္ႏြမ္းႏြမ္း။
ဘယ္ဘက္ပါးေပၚက ကန္လန့္ျဖတ္ အမာ႐ြတ္ဟာ အက်ည္းတန္လွသည္။
ဖိုင္ထပ္ေတြကို စားပြဲေပၚ တျဖန္းျဖန္းရိုက္လို႔ ရိေပၚထံသို႔ အၾကည့္ဆုံေစကာ စကားစသည္။
သည္လူ ခက္ထန္တဲ့ စရိုက္တစ္ခုနဲ႕
ဝမ္ရိေပၚကို ဆြဲခ်ဖိဳ႕ ယုံၾကည္မႈလြန္ကဲေနတဲ့ သည္လူရဲ႕ အၾကည့္ေတြမ်ား
"ဝမ္ရိေပၚ၊
ကြၽန္ေတာ္တို႔ စလိုက္ၾကရေအာင္ အဆင့္သင့္ပဲလား"
"အဆင္သင့္မျဖစ္ခင္ အတင္းဆြဲေခၚလာၿပီး
အဆင္သင့္ျဖစ္တဲ့အထိ အၾကာႀကီး ေစာင့္ခိုင္းထားတာ ဆိုေတာ့
အင္းး အဆင္သင့္ျဖစ္ၿပီ
အရင္ဆုံး လက္ထိပ္ခြၽတ္ေပး"
သံကြင္းတို႔ျဖင့္ ခ်ဳပ္ႏွောင္ခံထားရသည့္ လက္ေတြကိုျမႇောက္ခါျပလို႔ ေျပာလာတဲ့ ရိေပၚ အေျပာေၾကာင့္ ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ ထိုစုံေထာက္က ဖိနပ္တ႐ြတ္ဆြဲၿပီး ရိေပၚနံေဘး ေလွ်ာက္လာကာ လက္ထိပ္အား ခြၽတ္ယူသြားသည္။
ဒီတရွပ္ရွပ္ အသံဟာ ဝမ္ရိေပၚ ရဲ႕ အာ႐ုံေတြကို ေနာက္က်ိေစတဲ့ အဓိက အေၾကာင္းအရာပဲ။
"ကြၽန္ေတာ္တို႔ ဝမ္ရိေပၚကို အခုလို ေခၚလိုက္ရတဲ့ အေၾကာင္းအရင္းက Mrs .ဝမ္ ေသဆုံးတဲ့ အမႈနဲ႕ ပတ္သတ္ၿပီး သံသယ ရွိလို႔ပါ။
အထက္က သမာရိုးက ေသဆုံးမႈမ်ိဳးနဲ႕ အမႈပိတ္လိုက္ဖို႔ ႀကံစဥ္ေနၾကေပမယ့္ ကြၽန္ေတာ္ကေတာ့ အမိန့္မခ်ခင္ကာလ အတြင္း သက္ေသတစ္ခုခု ေတြ႕ဖို႔ ႀကိဳးစားၾကည့္မွာ "
သူ႕ေနရာသူ ျပန္မသြားပဲ ထိုလူက စားပြဲေပၚ တက္ထိုင္လို႔ ရိေပၚနားနားသို႔ တိုးကပ္ကာ ေလသံတိုးတိုးျဖင့္ ဆိုလာသည္။
မေရရာတဲ့ အေလာင္းကစားပြဲ ၊
အနာတရမ်ားမယ့္ တိုက္ပြဲတစ္ရပ္ကို ဆင္ႏႊဲဖို႔ စိတ္အားထက္သန္ေနသလို
ေလာင္းေၾကးက သူ႕ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုခ်င္းစီ။
"လိုရင္းကိုေျပာ"
"ဟုတ္ၿပီ Mrs .ဝမ္ေသဆုံးခဲ့တဲ့ေန႕ ည ၇ နာရီ ဝန္းက်င္တုန္းက ဘာမွာ ရွိေနခဲ့တာလဲ"
"အိမ္မွာပဲ ရွိေနခဲ့တာ အဲ့ေန႕ညက မနက္ျဖန္ ကပြဲအတြက္ အိမ္မွာ ေတာက္ေလွ်ာက္ေလ့က်င့္ေနခဲ့တာ"
ဝမ္ရိေပၚ ရဲ႕ ေျဖရွင္းခ်က္ကို မယုံၾကည္သလို မ်က္ခုံးတစ္ခ်က္ပင့္ ပါးေစာင္ထဲ လွ်ားထိုးထားရင္း ထိုစုံေထာက္က မထီမဲ့ျမင္ တုံ႕ျပန္လို႔ ကာထားသည့္မွန္ခ်ပ္ရွိရာဘက္သို႔ လွမ္းၾကည့္လိုက္သည္။
ထို႔ေနာက္ သူ၏ မွတ္စုစာအုပ္ထဲတြင္ မွတ္ထားသည့္ ထြက္ဆိုခ်က္တစ္ခ်ိဳ႕ကို ၾကည့္ရင္း
"အဲ့ေန႕ ေန႕လည္က ဝမ္ရိေပၚနဲ႕ မိေထြးျဖစ္သူတို႔က အႀကီးအက်ယ္ ရန္ျဖစ္ခဲ့ၾကတယ္လို႔ သက္ေသတစ္ခ်ိဳ႕က ထြက္ဆိုၾကတယ္။
အဲ့မတိုင္ခင္မွာလည္း အဖုအထစ္ေတြ အမ်ားႀကီး ရွိခဲ့တာဆိုေတာ့....."
"ေကြ႕ပတ္မေနနဲ႕။
ဟုတ္တယ္။
သူမကလည္း ကြၽန္ေတာ့ကို မုန္းသလို ကြၽန္ေတာ္က လည္း သူမကို မုန္းတယ္ ။
ကြၽန္ေတာ္ႏွစ္ေယာက္ သင့္ျမတ္လို႔မရမယ့္ ဆက္ဆံေရးမ်ိဳးေလ စုံေထာက္ႀကီးက လိုရင္းကိုပဲ ေသခ်ာေျပာ "
ေနာက္ခုံကို မွီခ်လိဳ႕ စကားစျဖတ္ေျပာလိုက္ေတာ့ ေဝးကြာသြားသည့္ ကိုယ္ႏွစ္ခုၾကား ထိုစုံေထာက္၏ ေဒါသမီးဟုန္းဟုန္ေတာက္ေနသာ မ်က္ႏွာေပးကို အရသာခံလို႔ ၾကည့္သည္။
"အဲ့ေတာ့ မုန္းလို႔ သတ္ပစ္လိုက္တာလား"
ဆူညံကြဲအက္ေနသည့္ ဟစ္ေႂကြးသံေတြဟာ နားစည္ကို ျပင္းျပင္းထန္ထန္ ထိခတ္လာတာမလို႔ မူးေဝလာသည့္ အာ႐ုံ။
မ်က္ဝန္းေတြထဲ စူးနစ္ၾကည့္လို႔ အနက္ဆုံးထိ တူးေဖာ္ၾကည့္ဖို႔ ႀကိဳးစားသည္။
ကုေဋမိုင္ႏႈန္းေတြ မစမ္းစစ္ၾကည့္ပဲ ေခ်ာက္ကမ္းပါးႏႈတ္ခမ္းအစြန္းေပၚကေန ခုန္ခ်မိခါမွ အဆုံးမရွိ တြင္းနက္မွန္းသိလိုက္သလို အရွိန္ျပင္းျပင္း ရိုက္ခ်လိဳက္မယ့္ အထိအေတြ႕တစ္ခုကို ေစာင့္ဆိုင္းေနမိသကဲ့သို႔ ။
"ေျဖေလ!!"
အၾကည့္ေတြကို ကတုန္ကယင္ လႊဲမိတဲ့အခါ က်ယ္ေလာင္စြာ ေအာ္ဟစ္လိုက္တဲ့ အသံ။
ျဖန့္က်ဲလိုက္သည့္ စာ႐ြက္ေတြဟာ ဦးတည္ရာမရွိ ေလထုထဲတြင္ ေဝ့လို႔ဝဲပ်ံေနသည္။
အၾကားအာ႐ုံေၾကာတို႔ဟာ မီးညွိခံလိုက္ရသည့္ မီးပန္းတစ္ေလွ်ာက္ တစ္ေဖ်ာက္ေဖ်ာက္ မီးပြားတို႔ လြင့္စင္ကုန္၏။
မီးခိုးရင့္ေရာင္ လႊမ္းလိုက္သည့္ အသိစိတ္ေတြ။
ခ်ာခ်ာလည္ေနသည့္ ဤရပ္ဝန္းအတြင္းမွ လြတ္ေျမာက္ဖို႔သာ ဆႏၵျပဳရင္း။
'ဝမ္ရိေပၚ နင္က အိမ္မက္ဆိုးေတြက ဘယ္ေတာ့မွ လြတ္ေျမာက္မွာ မဟုတ္ဘူး။
ေသမတတ္ ႀကိဳးစားလဲ နင္က အတုအေယာင္ပဲ'
အေယာင္ေယာင္ အနန လက္ေတြ႕ဘဝမွာပါ နားႏွစ္ဖက္ကို လက္ျဖင့္ အုပ္မိုးထားမိသည္။
အသက္ငင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ႏႈတ္ထြက္စကားေတြက က်ိန္စာေတြလို အေသြးအသားကိုတို႔ အပိုင္းပိုင္း ခုတ္ထစ္ေနသည္။
ေျခာက္ေသြ႕အက္ကြဲလာတဲ့ လည္ေခ်ာင္းတစ္ေလွ်ာက္ စိုစြတ္ေစဖို႔ အလုပ္တစ္ခုေပးတဲ့အခါ အစုံအဆန္ လႈပ္ခတ္သြားတဲ့ လည္ဇလုတ္။
အေရျပားေပၚ မီးက်ည္ခဲတို႔ ေနရာယူထားသလို ပူျပင္းေတာက္ေလာင္ေနသည့္ ခံစားခ်က္နဲ႕အတူ ေခြၽးသီးတို႔က ေပါက္ေပါက္က်လာသည္။
"ကပြဲ အတြက္ျပင္ဆင္ေနတဲ့ ေနရာမွ ရွိေနရမယ့္ ဝမ္ရိေပၚက ဘာလို႔ အိမ္ျပန္ေရာက္ေနၿပီး အေဖျဖစ္သူကို ဘာလို႔ အစားသြားခိုင္းရတာလဲ!!!"
ေသြးျပန္ေၾကာေတြ တဒုတ္ဒုတ္ခုန္ေနတာကို ခံစားမိတယ္။
ယုတ္ေလ်ာ့လာတဲ့ အခန္းေလထုမွာ အသက္မွ်င္းမွ်င္း ရႉဖို႔ေတာင္ အနိုင္နိုင္။
တစ္ေခါက္ လြတ္ခ်လိဳက္ရင္ သူတကယ္ ဖန္မႈန္ေလးေတြကို အစိတ္စိတ္ အမႊာမႊာ ျဖစ္ရေတာ့မယ္။
မ်က္ဝန္းေတြကို ကူကယ္ရာမဲ့စြာ မွိတ္ခ်လိဳက္တဲ့ အခ်ိန္မွာပဲ
အသံတစ္ခုဟာ ပူပန္မႈတို႔ရဲ႕ ေနာက္ဆက္တြဲ။
"ဝမ္ရိေပၚ !!"
ဒုတိယ အႀကိမ္ေျမာက္ၾကားလိုက္ရသည့္ သံတံခါးခ်ပ္အား ဖြင့္လိုက္သံႏွင့္အတူ
ေသာကေရာက္ေနသဖြယ္ တုန္ရင္ေသာအသံမွာ ရိေပၚ အပူပင္ကင္းစြာ ၿပိဳလဲလို႔ရခဲ့ၿပီ။
"စုံေထာက္ဟန္ ဝမ္ရိေပၚရဲ႕ အမႈနဲ႕ ပတ္သတ္ၿပီး ေရွ႕ေနျဖစ္တဲ့ ကြၽန္ေတာ္နဲ႕ပဲ ဆက္ေျပာသြားပါမယ္။"
"ေရွာင္းက်န့္"
လက္ေကာက္ကို ခပ္ဖြဖြ ဆုပ္ကိုင္လာသည္။
တိုက္ရိုက္ နာမတစ္ခုကို ေရ႐ြတ္မိေတာ့ မၾကာခင္ အဆင္ေျပသြားေတာ့မယ္လို႔ ယုံၾကည္ရေလာက္တဲ့အထိ အပူအပင္ ကင္းစရာ အၿပဳံးမ်ိဳးျဖင့္ တုံ႕ျပန္သည္။
" ဘာမွ မျဖစ္ဘူးေနာ္"
ေထာက္ခံမိလား ျငင္းဆန္မိလား မမွတ္မိေတာ့ေပမယ့္ သူကိုယ္တိုင္ဟာ စိတ္လိုလက္ရ ေရွာင္းက်န့္ကိုယ္ေနာက္ ပုန္းလွ်ိုေနမိတာပါပဲ။
"အခုအတြက္ ဘာသက္ေသမွ မရွိေသးတာမလို႔ အာမခံနဲ႕ ျပန္ေခၚသြားပါ့မယ္။
ခြင့္ျပဳပါဦး"
တင္းက်ပ္က်ပ္ ထပ္မံ ဆုပ္ကိုင္ ခံလိုက္ရသည့္ လက္ေကာက္ဝတ္ေၾကာင့္ နာက်င္သြားရေပမယ့္ မၿငီးျငဴလိုက္ဖို႔ ဝန္ေလးမိတဲ့အခါ အံကို ဖိႀကိတ္ထားလိုက္မိသည္။
"ေရွာင္းက်န့္ ! ေရွာင္းက်န့္! အဲ့မွာရပ္"
ေလွ်ာက္လမ္းထက္ ပ်ံ့လြင့္လာတဲ့ အမ်ိဳးသမီးတစ္်ယာက္ရဲ႕ ေအာ္သံ။
ေရွ႕က လူသား ေျခလွမ္းေတြကို တုံ႕ဆိုင္းပစ္ေတာ့ ရိေပၚပါ ေျခစုံ ရပ္မိရက္သား။
နီးကပ္လာတဲ့ ေျခသံနဲ႕အတူ ေခၚသံ အရင္းတည္ရာ ထို အမ်ိဳးသမီးထံသို႔ လည္ျပန္ၾကည့္မိေတာ့ သူမွ အၾကည့္ေတြက ရိေပၚ နံေဘးက လူဆီသို႔သာ ၿမဲၿမံသည္။
"ခနေလာက္ အခ်ိန္ေပးဦး။
ငါတို႔ ေမးခ်င္တာေတြ ရွိေသးတယ္"
နားအုပ္႐ုံသာ ရွည္လ်ားတဲ့ ဆံပင္ေတြကို အေနာက္သို႔ လွန္တင္စည္းႏွောင္ထားသည္။
တြဲဖက္ဝတ္ဆင္ထားသည့္ တီရွပ္တစ္ထည္နဲ႕ ဂ်င္းေဘာင္းဘီ တစ္စုံက သူမရဲ႕ ႏူးညံ့မႈေတြကို ေပ်ာက္ကြယ္သြားဖို႔ မစြမ္းသာဘူး။
ေဘးခန္းမွ အေလာတႀကီး ထြက္လာေပၚေထာက္ရင္ မွန္အကြယ္မွ ၾကည့္ေနၾကသည့္ အထဲက တစ္ေယာက္ ထင္ပါရဲ႕။
"ေမးစရာရွိရင္ ငါ့ကိုေမး"
"ဟင့္အင္း ဝမ္ရိေပၚကိုပဲ ေမးမွာ"
" မုယြမ္ !!!"
"နင္က ေျဖရေအာင္ နင္ေတာင္ မယုံၾကည္ဘူးမလား သူက တရားခံမဟုတ္ဘူးဆိုတာ"
သူတို႔ႏွစ္ေယာက္ၾကား အခ်င္းပြားရတဲ့ အေၾကာင္းအရာဟာ ရိေပၚေၾကာင့္ ျဖစ္ေပမယ့္ သူမက ရိေပၚကို အေရးတယူရွိဟန္မျပဳ။
အလုံးစုံေသာအာ႐ုံကို ကို ေရွာင္းက်န့္ထံသို႔ စိုက္ေရာက္ေစကာ ရိေပၚကေတာ့ စြပ္စြဲစရာ သပ္သပ္သာ။
"ဘာလို႔မယုံရမွာလဲ။
ငါ သူ႕ကို ယုံၾကည္တယ္ ။"
တုံ႕ျပန္စရာ စကားတို႔မရွိေတာ့သလို အံ့ၾသတႀကီး တိတ္ဆိတ္သြားခဲ့သည္။
ဇေဝဇဝါျဖစ္သြားသလို ၊
ႏွေျမာတသ ျဖစ္သလို ၊
ေနာက္ဆုံး လက္သင့္မခံနိုင္စြာ သူမ ႏႈတ္ထြက္စကားတို႔က
"ေရွာင္းက်န့္ နင္ အရင္ကနဲ႕မတူေတာ့ဘူး"
ေရွာင္းက်န့္ရဲ႕ တစ္ဖန္ျမန္ဆန္လာတဲ့ ေျခလွမ္းေတြရဲ႕ ဦးတည္ရာက ထြက္ေပါက္ဆီသို႔။
ကေသာကပါး ဆြဲေခၚရာသို႔ လိုက္ရင္း စပ္ဖ်င္းဖ်င္း ျဖစ္လာသဘ့္ လက္ေကာက္ဝတ္ေၾကာင့္ အနည္းငယ္ ႐ုန္းကန္မိတဲ့အခါ
လက္ထိပ္ျဖင့္ တုတ္ႏွောင္ခံထားရတာမလို႔ ပြန္းပဲ့ေနသည့္ ဒဏ္ရာ အခ်ိဳ႕ကို ၾကည့္ရင္း လက္ကို အသာျပန္ခ်ေပးသည္။
"အခု အဆင္ေျပသြားၿပီ အိမ္ျပန္လို႔ရၿပီ"
ရိေပၚက ကားလမ္းမ ေပၚက ျဖတ္သြားျဖတ္လာ ကားေတြကိုသာ ေတြေတြေလး ေငးေနမိသည္။
"ကားေပၚတတ္ အိမ္ျပန္လိုက္ပို႔ေပးမယ္ "
ဖြင့္ေပးလာတဲ့ ကားတံခါးမွာ ရိေပၚက လိမ္မာစြာ အလိုက္သင့္ေလး တတ္ထိုင္လိုက္ေတာ့ ေရွာင္းက်န့္က တစ္ဖက္ ကားေမာင္းသူေနရာသို႔ အေျပးသြား၏။
"ေၾကာက္ေနခဲ့တာ"
ကားစက္အႏွိုးမွာ ရိေပၚက အသံတိုးေလးနဲ႕ ဆိုမိေတာ့ အရွိန္ေျဖးေျဖးနဲ႕ ထြက္ခြာစ ကားေလးဟာ လုံးဝ ရပ္တန့္သြားခဲ့သည္။
ေခါင္းကို တြင္တြင္ငုံ႕ထားသည့္ ဝမ္ရိေပၚက စကားဆက္ဖို႔ ႀကိဳးစားသည့္ အခါ ႏြမ္းနယ္ေနသည့္ အသံေလးက အဆုံးသတ္ အဖ်ားကို တုန္ခါေစသည္။
"ကြၽန္ေတာ္တို႔ ဘဲေလးက ရင္ လက္ေတြကို အေနာက္ကေနစၾကလဲ သိလား"
တစ္ဖက္ဆီမွ ေရွာင္းက်န့္က တိတ္ဆိတ္ျခင္းျဖင့္ ရိေပၚ အေျဖကို ေစာင့္ဆိုင္းေနသည္။
"ကြၽန္ေတာ္ အတြက္က အေတာင္ပံ ေတြပဲမလို႔ ။
ဒီလက္ေတြနဲ႕အတူ ပ်ံသန္းၾကရတယ္။
လက္ေတြကို လက္ထိပ္လာခတ္လိုက္တဲ့ အခ်ိန္မွာ ေတာင္ပံေတြကို သံႀကိဳးေတြနဲ႕ ခ်ဳပ္ႏွောင္ထားသလို ခံစားရတယ္။
အရမ္းေၾကာက္ေနခဲ့တာ ေနာက္တစ္ေခါက္ ထပ္မပ်ံသန္းနိုင္ေတာ့မွာကို "
ဝမ္ရိေပၚလို ေခါင္းမာတဲ့ လူတစ္ေယာက္ ၿပိဳလဲခန္းဟာ အရမ္းၾကည့္လိမ့္မယ္လို႔ ေရွာင္းက်န့္ ေတြးထင္ခဲ့ဖူးတယ္။
အခုေတာ့ မတူညီစြာ ဘာလို႔ ရင္နာဖို႔ေကာင္းေနရတာပါလိမ့္။
ႏွစ္သိမ့္ဖို႔ စကားလုံးေတြ စီလို႔မရ။
ႏြေးေထြးသြားေအာင္ ရင္ခြင္ထဲ သိမ္းႀကဳံးဖက္လို႔မရ။
နားခိုစရာ ပုခုံးတစ္ဖက္ ငွားေပးလို႔မရ။
ဒီအတိုင္း တစ္စုံတစ္ရာ မတတ္နိုင္ပဲ တစ္ေယာက္ေသာရဲ႕ ပူေဆြးျခင္းေတြကို ေငးေမာရတာ သိပ္ကိုမွ ဝမ္းနည္းစေရာ ေကာင္းလွသည္။
"ခုနက ေျပာခဲ့တာေလ ယုံၾကည္တယ္ဆိုတာ ။
မေန႕ကထိ မယုံၾကည္ဆုံး မဟုတ္လား"
ေရွာင္းက်န့္က စဥ္းစားဟန္ျပဳၿပီးမွ ျပန္အမွတ္ရသြားသလို ရိေပၚဘက္သို႔ ျပန္ၾကည့္လာသည္။
"မယုံၾကည္နဲ႕ ။
ဘယ္သူအေပၚကိုမွ ငဲ့ကြက္မေနခ်င္လို႔"
အတန္ၾကာရပ္တန့္ေနခဲ့သည့္ ကားကို ေရွာင္းက်န့္က ျပန္လည္ ထြက္ခြာေစသည္။
"ကိုယ့္အလုပ္ကိုယ္ လုပ္ၾကမယ္ဆို ဝမ္ရိေပၚရဲ႕
အမႈသည္တစ္ေယာက္ေပၚထားတဲ့ ယုံၾကည္မႈ မယုံၾကည္မႈက ေရွ႕ေနျဖစ္တဲ့ ငါက ဆုံးျဖတ္ပါ့မယ္"
ကိုယ့္စကားနဲ႕ကိုယ္ေၾကာင့္ ပ်က္ယြင္းသြားရသည့္ ဝမ္ရိေပၚ၏ မ်က္ႏွာက အင္တင္တင္။
ေရွာင္းက်န့္ကို စကားအရာအရ ရိေပၚ တစ္ခါမွ အနိုင္မပိုင္းနိုင္ဖူးေသး။
"ဝမ္ရိေပၚ ဖုံးကြယ္ခ်င္သမွ် အမွန္တရား တစ္ခုခ်င္းစီကို ေဖာ္ထုတ္သြားမွာ"
"ေနာင္တရလိမ့္မယ္။
အမွန္တရားတစ္ခုသိရင္ ေရွာင္းက်န့္ ျမတ္နိုးတဲ့တစ္ခုကို ဖ်က္စီးပစ္ၿပီး တန္ေၾကးျပန္ယူမွာ"
"အဟက္ ျမတ္နိုးတဲ့အရာေတြ က သိပ္မ်ားမ်ားစားစား မရွိဘူး။
ဝမ္ရိေပၚေရာ ဖုံးကြယ္ထားတာေတြ အမ်ားႀကီးလား"
တေ႐ြ႕ေ႐ြ႕ေက်ာ္တတ္လာသည့္ လမ္းတိုင္ေတြကိုသာ ေရတြက္ေနမိသည္။
တစ္ခု၊
ႏွစ္ခု၊
သုံးခု၊
တစ္ဘဝလုံးစာ ဖုံးကြယ္ခဲ့တဲ့ မုသားေတြကို ကိန္းဂဏန္းေတြနဲ႕ ေဖာ္ျပလို႔ရပါ့မလား။
"မေန႕ကတည္းက ဘာမွ မစားရေသးဘူးဆိုေတာ့ တစ္ခုခုစားၾကမလား"
"ကုမၸဏီကို ေမာင္း"
"ဒီနားမွာ စြတ္ျပဳတ္ေကာင္းတဲ့ဆိုင္းေလးရွိတယ္ ဘယ္နားပါလိမ့္"
"ကုမၸဏီကို ျပန္မွာလို႔"
"ေအာ္ ဒီမွာပဲ ေတြ႕ၿပီ ကားေပၚက ဆင္း"
ရိေပၚေျပာသမွ်ကို နားမပါသလို ျပဳမူေနသည့္ ေရွာင္းက်န့္ေၾကာင့္ မေက်မနပ္ မ်က္ေစာင္းထိုးၾကည့္လိုက္ေပမယ့္
ခုံခါးပတ္ျဖဳတ္ေနသည့္ ေရွာင္းက်န့္က ဂ႐ုပင္ မျပဳမိ။
"ကုမၸဏီ ျပန္မယ္လို႔ ဒီေလာက္ေျပာေနတာ ခင္မ်ားဘာလို႔ မၾကားခ်င္ေယာင္ေဆာင္ေနတာလဲ"
ရန္ေဆာင္သလို ရိေပၚ ေလသံနဲ႕ အေျပာေၾကာင့္ ေရွာင္းက်န့္က မ်က္ေမွာင္ကုတ္သည္။
"မေန႕ည က တစ္ညလုံး ဟိုဟာ အပိတ္ခံထားရတာ။
အခု စတူဒီယိုကို သြားၿပီး အကထပ္က်င့္မလို႔လား။
ကိုယ့္ကို ဒုကၡေပးလြန္းေနၿပီ မဟုတ္လား"
"ဒီေန႕ Swan Queen ေၾကညာရမွာပါ ။
ဘာေၾကာင့္နဲ႕မွ အတိမ္းေစာင္းမခံနိုင္ဘူး
လိုက္မပို႔နိုင္ရင္ အငွားကား ေခၚေပး "
ေရွာင္းက်န့္က ေလကို ျပင္းျပင္းရႈထုတ္လို႔ မ်က္ႏွာေတြကို လက္ဖဝါးတိူ႕ျဖင့္ ခပ္ၾကမ္းၾကမ္း ပြတ္ပစ္သည္။
"အရင္စား ၿပီးမွ ပို႔ေပးမယ္"
"ေရွာင္းက်န့္!"
ေအာ္သံ မဆုံးခင္ ကားေပၚမွ ဆင္းသြားသည့္ ထိုလူေၾကာင့္ ရိေပၚ စိတ္ဆိုးမာန္ဆိုးျဖင့္ ေနာက္မွ ေျပးလိုက္လာသည္။
"အမဲစြတ္ျပဳတ္ ႏွစ္ပြဲ အျမန္လုပ္ေပးေနာ္"
"အမဲသား မစားဖူး "
"အမဲသား စား။
အားရွိေအာင္။"
"ခင္မ်ားေျပာေတာ့ ကိုယ့္အလုပ္ကိုယ္လုပ္မယ္ဆို ႐ူးေနတာလား"
ရိေပၚေျပာေတာ့မွ သတိရသြားဟန္ျဖင့္ လက္ေဖ်ာက္တစ္ခ်က္တီးလာသည္။
အသိစိတ္ကပ္သြားေလာက္ၿပီ ထင္မိေပမယ့္ တက္တက္စင္ေအာင္ လြဲေၾကာင္း သက္ေသျပသူက ေရွာင္းက်န့္။
"ေမ့ေတာ့မလို႔ အားရီ နံနံပင္ေလွ်ာ့ထည့္ေပး"
"ေရွာင္းက်န့္ !!!"
ရိေပၚ၏ ဟိန္းေနသည့္ ေအာ္သံေၾကာင့္ ဆိုင္အတြင္းမွ လူအခ်ိဳ႕က ရိေပၚတို႔ ခုံဘက္သို႔ လွည့္ၾကည့္လာသည္။
"နံနံပင္ မ်ားမ်ားထည့္လို႔!!"
ေနာက္ဆက္တြဲ အသံကလည္း က်ိန္းေသေပါက္ ရိေပၚ၏ အသံ သာ။
~~~~~~~~~~~~~
Clara သူမ၏ loker အကန့္ထဲက ပစၥည္းအခ်ိဳ႕ကို ေ႐ြးထုတ္လို႔ ထုတ္ပိုးေနသည္။
မေန႕က က်ဴးလြန္မိခဲ့သည့္ ဝမ္ရိေပၚ အား ကိုယ္ထိလက္ေရာက္ ထိခိုက္ေစမႈအေပၚ တာဝန္ယူသည့္ အေနျဖင့္ သူမေ႐ြးခ်ယ္မႈက Onsra မွ ထြက္သြားရန္သာ။
အကယ္၍ Clara သာ တစ္ခုမွ စြန့္မလႊတ္ဘူးဆို ဘဲေလးေလာကထဲ ဆက္ရွိေနနိုင္ဖို႔ မေသခ်ာျဖစ္သြားလိမ့္မည္။
အထုတ္ေတြ ထုတ္ပိုးလို႔ အၿပီးမွာ ထိုအထုတ္ေတြကို ဆြဲယူလို႔ သူမအား ေလွာင္ေျပာင္းကဲ့ရဲ႕ ေနသူအခ်ိဳ႕ကို ေက်ာခိုင္းခဲ့ရင္း Onsra ကို ႏႈတ္ဆတ္ဖို႔ ေျခလွမ္းေတြဟာ ေလးလံေနသည္။
သူမ၏ အလုံးစုံေသာ ငယ္႐ြယ္မႈေတြကို ျမႇုပ္ႏွံ႕ခဲ့သည့္ Onsra အား စြန့္ခြာရေတာ့မည္ဆိုသည့္ အသိက ႐ူးသြပ္သြားေစနိုင္စြမ္းသည္။
"Clara !!!
ေဒါသတႀကီး ေအာ္ အေခၚခံလိုက္ရသည့္ မိမိနာမည္။
တစ္ကိုယ္လုံးလွည့္လို႔ မၾကည့္မိခင္မွာ ပူထူသြားသည့္ ပါးတစ္ဖက္ႏွင့္အတူ ကိုယ္ဟာ ေျမျပင္ေပၚသို႔ ပုံက်ရက္သား။
"ေၾကာက္စရာေကာင္းတဲ့ မိန္းမ
နင့္ရဲ႕ သနားစရာ ျပဇာတ္ကို ဆက္မကနဲ႕ေတာ့၊
နင္ စုန္းပညာေတြနဲ႕ ျပဳစားလိုက္တာမလား။
နင့္လို မိန္းမမ်ိဳးက Swan Queen ျဖစ္လာစရာ အေၾကာင္းမွ မရွိတာ။"
ေၾကာက္စရာေကာင္းသည့္ လုခ်ီရဲ႕ အျပဳအမူေၾကာင့္ ကုမၸဏီအတြင္း ျဖတ္သြားျဖတ္လာ အားလုံးက ဝိုင္းအုံၾကည့္လာသည္။
Clara ကေတာ့ နာက်င္ေနသည့္ ပါးကို အုပ္ကိုင္ထားရင္း လဲက်ေနရာမွ ထဖို႔ ေမ့ေလ်ာ့ေနဆဲ။
"Swan Queen???"
"႐ူးေၾကာင္ေၾကာင္ လုပ္ေနတာေတြ ရပ္လိုက္ေတာ့။
နင့္က Swan Queen ျဖစ္ၿပီး ငါက နင့္ရဲ႕ ဒုတိယ အရံတဲ့လား
အားးး စိတ္တိုလြန္းလို႔ နင့္ေျခေထာက္ေတြ တစ္စစိ ရိုက္ခ်ိဳးပစ္ခ်င္တယ္ "
လုခ်ီရဲ႕ ေျခာက္ျခားစရာ အေျပာေၾကာင့္ အားလုံးက တီးတိုးေဝဖန္လာသည္။
အခုအတြက္ေတာ့ လူထုဟာ Swan Queen Clara ဘက္မွာ။
"ငါက Swan Queen လို႔ေျပာလိုက္တာလား။
တကယ္ႀကီး ငါက Swan Queen ျဖစ္သြားတာလား
ဆရာဝမ္ရိေပၚ ေၾကညာလိုက္တာလား ငါက Swan Queen လို႔ "
ၾကမ္းျပင္ေပၚမွ ကုန္း႐ုန္းထလာသည့္ Clara က မယုံၾကည္နိုငိသလို၊
ေဆာက္တည္ရာမရသလို
႐ူးႏွမ္းေနေသာ အသြင္ျဖင့္ လုခ်ီကိုယ္ကို လႈပ္ခါကို အက္ေၾကာင္းထပ္ေနေသာ ေမးခြန္းတစ္ခုကိုသာ ေမးသည္။
"ဒီ ေ*ာက္႐ူးမကေတာ့ "
အရွိန္နဲ႕ ထပ္လႊဲျမႇောက္လာသည့္ လုခ်ီရဲ႕ လက္တစ္ဖက္ Clara က ဖမ္းကိုင္လို႔ ခ်ဳပ္ထားသည္။
"ရားး လႊတ္စမ္း နင္ကမ်ား"
႐ုန္းကန္းေနသည့္ လုခ်ီဆီသို႔ တစ္လွမ္းခ်င္း တိုးကပ္သြားၿပီး Clara က ေအာင္နိုင္သူတစ္ေယာက္လို ဟန္ပါပါ ၿပဳံးသည္။
ယူႀကဳံးမရစြာ တဆတ္ဆန္ နာက်ည္းေနသည့္ လုခ်ီ၏ မ်က္ႏွာကို စိမ္ေျပနေျပ ၾကည့္ေနရင္း
"အခုထိ အေျခအေနနဲ႕ အခ်ိန္အခါကို သေဘာအမေပါက္ေသးဘူးလား။
အခုအခ်ိန္မွာ နင္က ငါ့ဆီက ခြင့္လႊတ္မႈ ရဖို႔ ဒူးေထာက္ၫႊတ္တြားၿပီး ေတာင္းခံရင္ေတာင္ ငါက
မ ေပး ဘူး"
ေနာက္ဆုံး ဝါက်ကိဳ တစ္လုံးခ်င္းစီေျပာၿပီးတိုင္း လက္ညိုးေထာက္ထားသည့္ ႏွာဖူးအား ေနာက္သို႔ တြန္းပစ္သည့္အခါ
လုခ်ီက မ်က္သားေတြ နီရဲလာၿပီး မ်က္ရည္တို႔ စီးက်လာသည္။
"နင့္လို လူမ်ိဳးက တကယ္ေၾကာက္ဖို႔ေကာင္းတယ္"
ငိုေႂကြးရင္း ေျပာလာသည့္ လုခ်ီကို Clara က ၿပဳံးရင္းၾကည့္ေနသည္။
လွည့္ထြက္ေျပးသြားသည့္ သိမ့္သိမ့္ခါေနေသာ ေက်ာျပင္က Clara အား ေအာင္ျမင္ျခင္းတစ္ရပ္လို ေပ်ာ္႐ႊင္မႈေပးနိုင္မွာ အမွန္။
ဒီေန႕အတြက္ လူတစ္ရပ္အာ Clara ျပဳမူသမွ်အေပၚ အားေပးေထာပနာျပဳမည့္ လူမ်ားသာ။
~~~~~~~~~~~~~~
" သခင္ေလး ျပန္ေရာက္တာ ေနာက္က်လိဳက္တာ ကြၽန္ေတာ္ ေရွ႕ေနႀကီး ကို အေစာႀကီးကတည္း ဆက္သြယ္ထားတာ"
ရိေပၚ ျပန္အလာကို ညလုံးေပါက္ ေစာင့္ေနပုံရသည့္ အိမ္ေတာ္ထိန္းမင္က ရိေပၚကို ေတြ႕ေတြ႕ခ်င္း အေလာတႀကီး ေျပးထြက္လာသည္။
ယိုင္နဲ႕ေနသာ ေျခေထာက္ေတြကို အေထာက္အကူ ျပဳဖို႔ တုတ္ေကာက္၊
ညိုမဲေနေသာ မ်က္ကြင္းေတြကို ေဘာင္ကြတ္ထားသည့္ မွန္ခ်ပ္ေတြက မကာကြယ္စြမ္းပါ။
"အင္း အတူတူ အျပင္မွာ တစ္ခုခုစားေနၾကတာ။
ၿပီးေတာ့ ကုမၸဏီဝင္ၿပီး swan queen ေၾကညာေနတာမလို႔ ေနာက္က်ေနတာ ။
ေ႐ြးထားတဲ့တစ္ေယာက္နဲ႕ ေတြ႕ေတာ့ မေတြ႕ခဲ့ရဘူး ဒီေန႕ အရမ္းပင္ပန္းေနလို႔ ။
ညေနေစာင္းေနၿပီး အိမ္ေတာ္ထိန္းမင္ လည္းနားေတာ့ေလ "
စကားဆုံးေအာင္ေျပာဖို႔ေတာင္ ေမာပန္းလို႔ ႏြမ္းလ်စြာ အခန္းရွိရာဘက္ ေလွ်ာက္လာသည့္ ရိေပၚေၾကာင့္ အိမ္ေတာ္ထိန္းႀကီးက ေလွကားထစ္ေတြကို တက္ဖို႔ရာ ကူညီေပးသည္။
"ဒီေန႕ အကမက်င့္ပါနဲ႕ေတာ့ ကြၽန္ေတာ္ လက္ေတြကို ေဆးလိမ္းေပးမယ္ နားလိုက္ပါ။"
ကုတင္ေပၚ ျဖန့္ခင္းထားသည့္ ေစာင္ေတြ လွပ္လိုက္လို႔ ရိေပၚကို ေစာေစာ အိပ္စက္ဖို႔ နားခ်သည္။
"မနားဘူး ေနာက္ေန႕ေတြ ဒီထက္ပင္ပန္းမွာမလို႔ ဒီေန႕ေလာက္နဲ႕ နားလိုက္လို႔မျဖစ္ဘူး။
ၿပီးေတာ့ မနက္ျဖန္ swan lake အတြက္ျပေပးရမွာ"
ရိေပၚ ပစ္ပုံထားသည့္ အဝတ္ေတြကို လိုက္လံေကာက္ယူေနရင္း အိမ္ေတာ္ထိန္းႀကီးက
"Swan Lake အတြက္ ေမွ်ာ္လင့္ခ်က္ အရမ္းထား ထားတာပဲ။
စိတ္မပူပါနဲ႕ သခင္ေလး လုပ္နိုင္မွာပါ။
ဥကၠဠႀကီးက အၿမဲ ေအာင္ျမင္မႈေတြရခဲ့သလို သခင္ေလးလည္း ေအာင္ျမင္မွာပါ။
ေသြးဆိုတာ လိမ္လို႔မရဘူးေလ။"
"အ့"
en-point ရဲ႕ႀကိဳးကို ဖေရာင္တိုင္မီးေတာက္ျဖင့္ မီးျမႇိုက္ေနရင္း သတိမထားမိခင္ လက္ညွိုးဟာ မီးေတာက္ျဖင့္ ထိေတြ႕လိုက္ရတာေၾကာင့္ ႐ုတ္တရက္ေအာ္လိုက္မိသည္။
ခရမ္းပုတ္ေရာင္ သမ္းသြားသည့္ လက္ညွိုးထိပ္ကို လက္သည္းျဖင့္ စိတ္ပစ္လို႔ ႏွစ္ဆေသာ နာက်င္မႈေၾကာင့္ မ်က္ရည္တို႔ဝဲတတ္လာေစသည္။
အမာ႐ြတ္ကို ဒဏ္ရာအသစ္နဲ႕ ဖုံးကြယ္ ။
"အင္း အေကာင္းဆုံး တင္ဆက္ၿပီး ပါးပါးရဲ႕ ဆက္ခံသူေနရာနဲ႕ ထိုက္တန္ေၾကာင္း သက္ေသျပသြားမွာ"
ဒဏ္ခ်က္အျပည့္နဲ႕ ေျခဖ်ားတို႔ ကိုယ္၏ ဖိအားကို႔ ခံနိုင္ဖို႔ ေျခဖ်ားထိပ္ တိတ္အထပ္ထပ္ျဖင့္ စည္းႏွောင္ေစၿပီးမွ အေပၚက point ကို ဆင္ျမန္းသည္။
"Odile's coda "
အသံအခ်က္ေပးစနစ္နဲ႕အတူ ရိေပၚရဲ႕ အမိန့္ေၾကာင့္ အခန္းတြင္း သံစဥ္တို႔ ပ်ံ့ႏွံ႕လာသည္။
ကကြက္ေတြကို စတင္ေနတဲ့အထိ အိမ္ေတာ္ထိန္းႀကီးက အခန္းအျပင္သို႔ ထြက္မသြားေသး။
Odile ၏ ကကြက္ေတြက ၾကမ္းတမ္းသည္။
ကေနစဥ္ မိမိ၏ စိတ္အေမွာင္ဘက္ျခမ္းအား အၿမဲ လႈံ႕ေဆာ္ရသည္။
ေလထုကိုဖိဆန္လို႔ ေျခထိပ္ဖ်ားေတြ မီးပြင့္လုနီး ပူျပင္းလာသည့္အထိ ကိုယ္ကို ေဝ့ရမ္း ေနစဥ္ အနားမွာ ရပ္ေနသည့္ အိမ္ေတာ္ထိန္းႀကီးက ထူးဆန္းစြာ ၿပဳံးေနသလို ခံစားရသည္။
ခ်ာခ်ာလည္ေနဆဲ ျဖစ္သည့္ ကိုယ္အရွိန္ကို မသတ္နိုင္ပဲ ထိုေနရာကိုပဲ အခါခါၾကည့္မိေနသည့္ အခါ အိမ္ေတာ္ထိန္းႀကီးက မိမိထံ အရွိန္တစ္ခုျဖင့္ ေျပးလာသလို အရိပ္တစ္ခုအား ျမင္လိုက္ေတာ့ ပစ္လဲက်လိဳက္သည့္အခါ ေအာင့္မ်က္မ်က္ေက်ာျပင္။
လက္ေတြ႕တြင္ေတာ့ အိမ္ေတာ္ထိန္းႀကီးက မူလေနရာတြင္ ရပ္ေနျခင္းျဖစ္ၿပီး ရိေပၚက အျမင္မွားေနျခင္းသာ။
"အား ထြက္မသြားေသးပဲ ဘာရပ္လုပ္ေနတာလဲ"
ေမာပမ္းလွတာေၾကာင့္ အသံတို႔ဟာ အျဖတ္အေတာက္မမွန္ကန္။
ႏွိမ့္ခ်ည္ ျမင့္ခ်ည္ ရင္အစုံေၾကာင့္ ခုန္ေပါက္ေနသည့္ ႏွလုံး အျပင္သို႔ ေပါက္ထြက္လာမည္ စိုးရသည္။
မခံမရပ္နိုင္ေအာင္ အသက္ရႈဖို႔ ခက္ခဲသည့္ အေမာေဖာက္ေနတာေၾကာင့္ ေ႐ြးခ်ယ္စရာက ၾကမ္းခင္းေပၚ လဲေလ်ာင္းလိုက္
႐ုံသာ။
"သခင္ေလး ကြၽန္ေတာ္ ေျပာစရာ က်န္ေနေသးလို႔ပါ"
"ထပ္ၿပီး ဘာလဲ?
ေျပာ"
"ယုံခ်န္ ျပန္လာေတာ့မယ္"
မို႔ေမာက္လာလိုက္ ေျပျပစ္သြားတဲ့ ရင္ဘက္ဟာ လႈပ္ရွားမႈမရွိေတာ့ Odile ရဲ႕ သံဇဥ္က ေျခာက္ျခားဖြယ္ရာ ထြက္ေပည္ေနဆဲ။
ေဝ့သီေနသည့္ ေခြၽးသီးတို႔က နားထင္ကို ျဖတ္စီးသြားသည္။
က်ိန္းစပ္ေနသည့္ မ်က္လုံးေတြကို မွိတ္ခ်လိဳက္တာ မ်က္ရည္ေဝ့ ခြင့္မျပဳလိုလို႔။
"ဟားး ဟားး ဟားး"
ရယ္ေလာင္စြာ ရယ္လိုက္ျခင္းမွန္ေပမယ့္ မ်က္ႏွာငယ္ေပၚမွာ နာက်င္မႈေၾကာင့္ ငိုမဲ့မဲ့။
ငိုေႂကြးသလို မ်က္ႏွာထားမ်ိဳးေပမယ့္ ရယ္သံတို႔ျဖင့္သာ ဖုံးကြယ္ေစသည္။
' လွ်ာဖ်ားက ဖန္တီးတဲ့ကဗ်ာတစ္ပုဒ္မွာ မ်က္ႏွာဖုံးနဲ႕ ျဖဴစင္ ျခင္းၾကား။
ျမင့္ျမတ္လြန္းတဲ့ ပါရမီေတြနဲ႕ ေမြးဖြားခဲ့ေပမယ့္ သက္တံေရာင္ေလွကားလို အေထာက္အပံ့ကို မက္ေမာၾကတဲ့ အတုအေယာင္ကမၻာ။
ရိုးသားျခင္းဆိုတာ မျမင္ရတဲ့ မီးခိုလို
ေကာင္းကင္လႊာကို ဆုတ္ၿဖဲလို႔ အျမင့္ဆုံးထိ ပ်ံမည့္ ေတာင္ပံတစ္စုံ ပ်ိဳးေထာင္ထားပါသည္။"
~~~~~~~~~~~~~~~
မနက္အေစာ ထမင္းစားခန္းအတြင္း မနက္စာစားေနတုန္း ျမည္လာသည့္ ဖုန္းသံေၾကာင့္ အိမ္ေတာ္ထိန္းႀကီးအား ကိုယ္စားကိုင္ေစသည္။
ရိေပၚ နံေဘးတြင္ ရပ္၍ ဖုန္းေျပာေနစဥ္ ထိတ္လန့္ျပာေလာင္သြားသလို အာေမဋိတ္ျပဳလို႔ ရိေပၚရွိရာထံ ေျပရခက္ေနသလို လွမ္းၾကည့္လာသည္။
"ဒီေလာက္တုန့္ဆုတ္ေနတာ ဘာကိစၥမလို႔တုန္း"
"သ သခင္ေလး Clara ေဆး႐ုံတင္ထားရပါတယ္တဲ့"
အေျခအျမစ္မရွိသည့္ သတင္းေၾကာင့္ ရိေပၚ မ်က္ေမွာင္ တင္းေနေအာင္ ကုတ္ထားမိသည္။
ဒီအခ်ိတ္ ေလ့က်င့္ေနရမယ့္သူ က ဘာေၾကာင့္ ေဆး႐ုံေပၚ ေရာက္ေနရသလဲ။
"ကြၽန္ေတာ့္ကို ဖုန္းေပး"
အိမ္ေတာ္ထိန္းႀကီးလက္ထဲမွ ဖုန္းကို လုယူလို႔ အေၾကာင္းစုံ နားေထာင္ၿပီး ရိေပၚ ထိုေဆး႐ုံသို႔ အေလာတႀကီး ေျပးရသည္။
"အေျခအေန ဘယ္လဲလို"
Clara အား တာဝန္ယူထားသည့္ ဆရာဝန္က စိတ္မခ်မ္းေျမ့သလို ေျပာဖို႔အေရး တြန့္ဆုတ္ေနသည္။
"ျမန္ျမန္ ေျပာစမ္းပါ"
"ပ်က္စီး သြားၿပီ။
သူမ ေျခေခ်ာင္းေတြက ေၾကမြၿပီး ပ်က္စီးသြားၿပီ။
ဘဲေလး ဆက္ကဖိူ႕ အျဖစ္နိုင္ေတာ့ဘူး"
ရိေပၚက မယုံၾကည္နိုင္သလို ေျခေထာက္ေတြကိ ဖုံးအုပ္ထားသည့္ ေစာင္အား လွစ္ဟ ၾကည့္မိသည့္အခါ ေျခလွမ္းေတြကို ေနာက္သို႔ ဆုတ္မိသြားၿပီ အသံက်ယ္မထြက္ေစရန္ ပါးစပ္ကိုပါ လက္ဝါးျဖင့္ ဖုံးအုပ္မိလိုက္သည္။
ဒီေသြးပ်က္ဖြယ္ေကာင္းတဲ့ ဆုံးရႈံးမႈအေပၚ Clara ရဲ႕ ဝမ္းနည္ပူေဆြးမႈကို သိျမင္နားလည္နိုင္တဲ့အခါ ဝမ္ရိေပၚ ကိုယ္တိုင္ပင္ တုန္လႈပ္ရသည္။
မေန႕က ထိ Swan Queen ဆိုတာ ျမႇောက္စားခဲ့ၾကေပမယ့္လက္ရွိ ကုတင္ေပၚ လွဲေလ်ာင္းေနခ်ိန္တြင္ေတာ့ ပန္းေလးတစ္စည္းေတာင္ အမွတ္တရ ပို႔ေပးမယ့္လူမရွိေပ။
သက္တံ့ေရာင္ ေလွကားနဲ႕မွ အေပၚစီးက ျမင္ကြင္းကို ျမင္နိုင္မည္ဟဘ ယူဆၾကသူေတြေပါ့။
" သခင္ေလး လုခ်ီ ေရာက္လာပါၿပီ"
အခန္းအတြင္းသို႔ ငိုယိုကာ ဝင္လာသည့္ လုခ်ီက သူမ မဟုတ္ေၾကာင္း အတန္တန္ ျငင္းဆိုသည္။
"ကြၽန္မ မဟုတ္ဘူး။
တကယ္ ကြၽန္မ မဟုတ္ဘူး။
ယုံေပးပါ ဆရာ"
ဖက္တြယ္လာသည့္ ေျခသလုံးကို သူမ၏ လက္ေတြအတြင္းမွ ႐ုန္းကန္ ခါထုတ္လို႔
"မေန႕က သူမနဲ႕ ျပႆနာ တတ္ခဲ့ၾကတယ္ဆို"
"တတ္ခဲ့ၾကေပမယ့္ သူ႕ကို အခုလို ကြၽန္မ မလုပ္ခဲ့ဖူး"
"ေျခေထာက္ေတြကို ေခ်မႊ ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ေပမယ့္ တကယ္လုပ္ဖို႔ စိတ္ကူးမ်ိဳးမရွိပါဘူး"
ရိေပၚ ေမးသမွ်ကို တသြင္သြင္ ငိုရင္းသာ သူမက ေျဖဆိုေနသည္။
"မင္း ဝမ္းသာသလို ခံစားရလား။
သူမရဲ႕ ေျခေထာက္ေတြ ေၾကမြသြားၿပီ
သူမရဲ႕ အိမ္မက္ေတြ ပ်က္စီးသြားၿပီ
မင္း ေပ်ာ္သလို႔ ခံစားရလား"
"ဟင္"
ရိေပၚရဲ႕ အေျပာကို အံ့အားသင့္ဟန္ျဖင့္ ေမာ့ၾကည့္လာသည္။
တစ္ခ်က္ ေတြေဝသလို စဥ္းစားမိၿပီးသြားကာမွ ၾကမ္ျပင္ကို ႏွဖူး အႀကိမ္ႀကိမ္တိုက္ရင္း ထပ္မံ ငိုယိုလာသည္။
"ကြၽန္မလုပ္တာမဟုတ္ဘူး။
ကြၽန္မ မသိဘူး။
ကြၽန္မ မသိဘူး"
"အခုအခ်ိန္ မင္းလုပ္ခဲ့တယ္ မလုပ္ခဲ့ဖူးဆိုတဲ့ အမွန္တရားထက္ ရင္ဆိုင္မယ္ ေရွာင္ေျပးမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ခ်ဖိဳ႕ လိုတယ္။
အေျခအေနရဲ႕ အခြင့္ေကာင္းမွာ မင္းက အခ်ိန္အခါရဲ႕ သားေကာင္ ျဖစ္ခဲ့ရၿပီး။
ဒါ မင္းကိုယ္တိုင္ ေရးဆြဲတဲ့ ကံၾကမၼာပဲ။
ေအာ္ သတင္းေကာင္းတစ္ခု အသိေပးဖို႔ ေမ့ေတာ့မလို ဒ၊ေတြ အကုန္ ရွင္းလင္းသြားတဲ့အခ်ိန္ မင္းက new swan queen ျဖစ္လာလိမ့္မယ္"
က်န္ရစ္ခဲ့တယ့္ လုခ်ီက ဆက္လက္ငိုေႂကြးေနရမလို ေပ်ာ္ျမဴးစြာ ဂုဏ္ယူလိုက္ရမလို႔ ႐ူးေၾကာင္ေၾကာင္ ျဖစ္က်န္ခဲ့သည္။
Dim Sin...
'ေစတန္ရဲ႕ အလိုမွာ အသက္ခ်မ္းသာခြင့္အတြက္ ေပးဆပ္ရမယ့္ အျပစ္ေတာ္'
TBC♡